← Chapters

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း ၆၁၆ - ယွမ်မန်လီ၏ သတင်းအစအနနှင့် ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်

“ဟားဟားဟား... ကောင်းတယ်... သိပ်ကို ကောင်းတယ်... ငါ့ရဲ့ အမြုတေမင်ကျုံးရဲ့ တပည့်ပီသပါပေတယ်...”

မဟာအကြီးအကဲမင်သည် အားရပါးရ ရယ်မောလိုက်ပြီး လော့ချန်ကို ပိုမို၍ သဘောကျလာကာ ဆက်ပြောလိုက်သည်။

“လော့ချန်... မင်းက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားရတာဆိုတော့ မွေးရာပါ အားနည်းချက် ရှိနေတယ်... ဒါကြောင့် ကျင့်ကြံတဲ့အခါမှာ ပိုပြီးတော့ အရှိန်အဟုန်ပြင်းပြင်းနဲ့ အစွမ်းကုန် ကြိုးစားရမယ်... လုံးဝ ရပ်တန့်မသွားစေနဲ့... တကယ်လို့ မင်းသာ သွေးကြောနိုးကြားမှုနယ်ပယ်မှာတင် တကယ့် ဓားဆန္ဒကို နားလည်နိုင်ပြီး ဓားဆန္ဒအဆင့်ဓားသမား တစ်ဦး ဖြစ်လာမယ်ဆိုရင်... ဒါဟာ မင်းကို မဟာသန်မာသူ ဖြစ်လာဖို့၊ လူသားအမြုတေနယ်ပယ်ကို တက်လှမ်းဖို့နဲ့ အဲဒီထက် မြင့်မားတဲ့ နယ်ပယ်တွေအထိ ရောက်ရှိနိုင်ဖို့ အလားအလာတွေ ပေးစွမ်းနိုင်လိမ့်မယ်...”

“ဟုတ်ကဲ့ပါ... လော့ချန် အမြဲ မှတ်သားထားပါ့မယ်...”

လော့ချန်က ပြန်လည်ဖြေကြားလိုက်သည်။ မဟာအကြီးအကဲမင်က မပြောလျှင်ပင် လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ်၌ ရှိနေစဉ်မှာတင် စစ်မှန်သော ဓားဆန္ဒကို ဖော်ထုတ်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်၏။ ဤသို့ ပြုလုပ်နိုင်မှသာ သူသည် နယ်မြေအုပ်စုစာရင်းကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အရည်အချင်း ရှိလာမှာ ဖြစ်သည်မဟုတ်ပါလော။

ထိုစကားကို ကြားရသည့်အခါ အကြီးအကဲချင်းချိုင်၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ရှေးယခင်ကတည်းက သွေးကြောနိုးကြားမှုနယ်ပယ်တွင် တကယ့် ဓားဆန္ဒကို နားလည်နိုင်ခဲ့သူတိုင်းမှာ များသောအားဖြင့် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ကြသည်ချည်း ဖြစ်၏။ သို့သော်လည်း ၎င်းကို လုပ်ဆောင်နိုင်ရန်မှာမူ အလွန်ပင် ခက်ခဲလှပေသည်။

ဓားဆန္ဒအစပျိုးအဆင့်မြင့်ဓားသမားနှင့် ဓားဆန္ဒအဆင့်ဓားသမားတို့မှာ ကြည့်ရသည်မှာ ခြေတစ်လှမ်းစာသာ ခြားသော်လည်း အမှန်တကယ်တွင်မူ ကွာခြားချက်မှာ မိုးနှင့်မြေပမာ ကွာလှမ်းလှပေသည်။

မဟာသန်မာသူအဆင့်ရှိသော ဓားသမားအများအပြားပင်လျှင် တကယ့် ဓားဆန္ဒကို နားလည်နိုင်ခြင်း မရှိကြရာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတစ်ဦးအတွက်မူ ပြောနေစရာပင် မလိုတော့ပေ။ သို့သော်လည်း အကြီးအကဲချင်းချိုင်သည် မဟာအကြီးအကဲမင် ပြောဆိုသော စကား၏ ဆိုလိုရင်းကို နားလည်ပေသည်။

ကျင့်ကြံမှုလမ်းစဉ်တွင် ခြေတစ်လှမ်း အရင်လှမ်းနိုင်သူသည် အမြဲတမ်း ရှေ့က ပြေးနေနိုင်မှာ ဖြစ်၏။ မွေးရာပါ အားနည်းချက်ရှိသော လော့ချန်အတွက်မူ ၎င်းမှာ ပို၍ပင် မှန်ကန်လှပေသည်။ အသုံးမကျသည့်သိုင်းဝိညာဉ်ဖြင့် ကြီးမားသော အောင်မြင်မှုများ ရရှိလိုလျှင် ပုံမှန်စည်းကမ်းများကို ရိုက်ချိုးပြီး အံ့ဖွယ်ရာများကို ဖန်တီးရန် လိုအပ်ပေသည်။

“ဒါကတော့ နောင်မှာ မင်း သုံးရမယ့် အထောက်အထားတံဆိပ်ပြားပဲ... ငါ့ရဲ့ တိုက်ရိုက်တပည့် ဆိုတဲ့ အဆင့်အတန်းကို ကိုယ်စားပြုတယ်... ဒီနေ့ကစပြီး တစ်ဂိုဏ်းလုံးမှာ ဘယ်သူမှ မင်းကို ရန်မစရဲတော့ဘူး... ဂိုဏ်းချုပ်နဲ့ အဖိုးကြီး အချို့ကလွဲရင် မင်း ဘယ်သူ့ကိုမှလည်း ဂါရဝပြုနေစရာ မလိုတော့ဘူး...”

မဟာအကြီးအကဲမင်သည် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်ပြီး လော့ချန်ထံသို့ ဝေ့ယမ်းကာ ပစ်ပေးလိုက်သည်။

လော့ချန် လှမ်းဖမ်းလိုက်သည်။

တံဆိပ်ပြားမှာ လက်သုံးချောင်းခန့် ကျယ်ပြန့်ပြီး အပေါ်တွင် ဝေဝါးလှသော မြူခိုးများ လွင့်မျောနေကာ မိုးကြိုးတိမ်တိုက်တစ်ခုအလား ရှိနေတော့သည်။ အတွင်း၌ မိုးကြိုးလျှပ်စီးများ ဝင်းလက်နေပြီး ‘မင်ကျုံး’ ဟူသော စာလုံးနှစ်လုံးအဖြစ် ပေါ်ထွက်နေသဖြင့် အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။

“အတွင်းထဲကို ချီစွမ်းအင်တွေ ထည့်လိုက်စမ်း...”

မဟာအကြီးအကဲမင်က ဆိုလိုက်သည်။

လော့ချန်လည်း ခိုင်းသည့်အတိုင်း လုပ်ဆောင်လိုက်သည်။

“ဝုန်း...”

ချီစွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် တံဆိပ်ပြားပေါ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဝေဝါးလှသော မီးလျှံတစ်ခုအဖြစ် စုစည်းသွားကာ တံဆိပ်ပြားအထက်တွင် လွင့်မျောနေတော့သည်။

ထိုမီးလျှံကို မြင်ရသည့်အခါ လော့ချန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားတော့သည်။ ထိုမီးလျှံနှင့် သူ၏ကြားတွင် ထူးခြားလှသော ဆက်နွယ်မှုတစ်ခု ရှိနေသည်ဟု သူ ဝေဝါးစွာ ခံစားလိုက်ရသည်။

“ဝှစ်...”

မဟာအကြီးအကဲမင်က လက်ဝှေ့ယမ်းလိုက်ရာ ထိုမီးလျှံမှာ ချက်ချင်းပင် ပျံသန်းသွားခဲ့ပြီး သူ၏ လက်ဖဝါးအထက်တွင် အသာအယာ ခုန်ပေါက်နေတော့သည်။

“ဆရာ... ဒါက ဘာလဲဟင်...”

လော့ချန် မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

မဟာအကြီးအကဲမင်သည် အဖြူရောင်ကျောက်စိမ်းဆီမီးခွက် တစ်ခုကို ထုတ်ယူလိုက်ပြီး ထိုမီးလျှံကို အတွင်းသို့ ထည့်သွင်းလိုက်ကာ ဆိုလိုက်သည်။

“ဒါက မင်းရဲ့ အသက်ဝိညာဉ်မီးလျှံပဲ... မင်း ဒီတံဆိပ်ပြားကိုကိုယ်မှာ ဆောင်ထားသရွေ့တော့ ဒီမီးလျှံက မင်းရဲ့ အသက်ဓာတ် အခြေအနေကို ဖော်ပြနေလိမ့်မယ်... ဒါ့အပြင် မိုင်ပေါင်း တစ်သိန်းအတွင်းမှာ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု စကားပြောလို့ ရသလို သတင်းပေးပို့ဖို့လည်း အဆင်ပြေစေတယ်...”

ထိုနေရာသို့ ရောက်သည့်အခါ မဟာအကြီးအကဲမင်၏ မျက်နှာမှာ တည်ကြည်သွားခဲ့ပြီး လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။

“ဂိုဏ်းအတွင်းမှာတော့ မင်းကို ဘယ်သူမှ မနှိပ်စက်စေရဘူးလို့ ငါ အာမခံနိုင်တယ်... ဒါပေမဲ့ ဂိုဏ်းပြင်ပကို ရောက်သွားတဲ့အခါမှာတော့ အရာအားလုံးကို မင်းကိုယ်တိုင်ပဲ ရင်ဆိုင်ရလိမ့်မယ်... တကယ့် သန်မာသူ ဆိုတာ သူတစ်ပါးရဲ့ အကူအညီနဲ့ ဖြစ်လာတာ မဟုတ်ဘူး...”

“ဟုတ်ကဲ့ပါ...”

လော့ချန်က ခေါင်းညိတ်လိုက်သည်။

ခေတ္တမျှသာ ကူညီပေးနိုင်သော်လည်း တစ်သက်လုံး ကူညီပေးရန်မှာ မဖြစ်နိုင်ကြောင်း သူ မည်သို့ နားမလည်ဘဲ ရှိပါမည်နည်း။ တံဆိပ်ပြားကို သိမ်းဆည်းလိုက်ပြီးနောက် လော့ချန်သည် တစ်စုံတစ်ခုကို သတိရသွားကာ မေးမြန်းလိုက်သည်။

“ဆရာ... စီနီယာအစ်မ ယွမ်မန်လီကကော ဂိုဏ်းထဲမှာ အသက်ဝိညာဉ်မီးလျှံ ချန်ထားခဲ့တာ ရှိလား...”

ထိုစကားကြောင့် မဟာအကြီးအကဲမင်နှင့် အကြီးအကဲချင်းချိုင်တို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။

အကြီးအကဲချင်းချိုင်က ဆိုလိုက်သည်။

“အဓိကတပည့်တိုင်းက ဂိုဏ်းထဲမှာ အသက်ဝိညာဉ်မီးလျှံ ချန်ထားခဲ့ကြတာပဲ... သတင်းပေးပို့ဖို့ အဆင်ပြေရုံတင်မကဘဲ သူတို့ရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း ဂိုဏ်းက တတ်နိုင်သမျှ ကာကွယ်ပေးထားလို့ပဲ... ယွမ်မန်လီက ထိပ်သီးအဓိကတပည့် ၁၀ ဦးထဲက တစ်ယောက်ဆိုတော့ သူမလည်း ချန်ထားခဲ့တာပေါ့...”

လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး မေးမြန်းလိုက်သည်။

“ဒါဆိုရင် စီနီယာအစ်မ ယွမ်မန်လီက...”

အကြီးအကဲချင်းချိုင်သည် ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက် ပြောလိုက်သည်။

“တကယ်တော့ ဒီကိစ္စကို ငါတို့တွေက တတိယလူကို မပြောပြဖို့ ဆုံးဖြတ်ထားတာ... ဒါပေမဲ့ မင်းက စိတ်ဓာတ်တည်ငြိမ်သူဖြစ်သလို ယွမ်မန်လီကိုယ်တိုင် ဂိုဏ်းကို ခေါ်လာတဲ့သူဆိုတော့... မင်းကို ပြောပြလည်း ကိစ္စမရှိပါဘူး...”

စကားပြောနေစဉ်မှာပင် အကြီးအကဲချင်းချိုင်၏ လက်ဖဝါးအထက်တွင် အဖြူရောင်ကျောက်စိမ်းဆီမီးခွက်တစ်ခု ပေါ်ထွက်လာတော့သည်။

ဆီမီးခွက်၏ အလယ်တွင် အသက်ဝိညာဉ်မီးလျှံတစ်ခု ရှိနေပြီး ထိုမီးလျှံမှာ လေထဲက ဆီမီးတိုင်အလား တုန်ခါနေကာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတော့သည်။

“ဒါ... ဒါက...”

လော့ချန်က ရေရွတ်လိုက်သည်။ အကြီးအကဲချင်းချိုင်က ဆက်ပြောလိုက်သည်။

“ဒါက ယွမ်မန်လီရဲ့ အသက်ဝိညာဉ်မီးလျှံပဲ... သူ အသက်ရှင်နေသေးတယ်လို့ ယူဆလို့ရတယ်... ဒါပေမဲ့ အသက်ဝိညာဉ်မီးလျှံရဲ့ အခြေအနေအရဆိုရင် သူ့ရဲ့ လက်ရှိအခြေအနေက တကယ်ကို ဆိုးရွားနေပုံပဲ... အန္တရာယ်ကနေကင်းဝေးပါ့မလားဆိုတာတော့ မသိရသေးဘူး...”

လော့ချန်သည် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“သူ ဘယ်မှာလဲဆိုတာ စုံစမ်းလို့ ရမလား...”

အကြီးအကဲချင်းချိုင်က ခေါင်းအသာအယာ ခါယမ်းလိုက်ပြီး ဆိုသည်။

“ငါကိုယ်တိုင် ကူးယွမ်မြို့ကို သွားခဲ့ပေမဲ့ သူ့ရဲ့ သဲလွန်စကို ရှာမတွေ့ခဲ့ဘူး... အသက်ဝိညာဉ်မီးလျှံကလည်း ပြန်လည် တုံ့ပြန်မှု မရှိဘူး... သူက တာယွဲ့မင်းဆက်ရဲ့ နယ်နိမိတ်အတွင်းမှာ မရှိတော့ဘဲ တစ်နေရာရာမှာ ဒဏ်ရာကုသနေတာလည်း ဖြစ်နိုင်တာပဲ...”

“စိတ်အေးအေးထားပါ... ယွမ်မန်လီက ကြယ်ဆယ်ပွင့် အပြာရောင်ဖီးနစ်သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့သူဆိုတော့ ကံကြမ္မာကောင်း ရှိတဲ့သူပဲ... ဒီဘေးဒုက္ခကနေ သေချာပေါက် လွတ်မြောက်မှာပါ...”

မဟာအကြီးအကဲမင်က စကားတစ်ခွန်း ဝင်ပြောလိုက်ပြီး လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။

“ဒါထက် မင်းကော... ဒီတစ်ခါ မင်း ဖန်တီးလိုက်တဲ့ မုန်တိုင်းက မင်းသားတန်းရဲ့ သိက္ခာကို မြေလှန်ပစ်လိုက်သလိုပဲ... တခြားသူတွေကို ထားဦး... အဋ္ဌမမင်းသား ကျင်းမင်ကတော့ မင်းကို သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူး...”

“ငါကတော့ ဂိုဏ်းထဲက အကြီးအကဲတွေကို မင်းကို အန္တရာယ် မပြုအောင် တားဆီးပေးထားနိုင်ပေမဲ့ တပည့်အချင်းချင်း တိုက်ခိုက်တာကိုတော့ ငါ အများကြီး ဝင်မစွက်ဖက်နိုင်ဘူး... ကျင်းမင်ရဲ့ ကိစ္စကိုတော့ မင်းကိုယ်တိုင်ပဲ ဖြေရှင်းရလိမ့်မယ်...”

“ဟုတ်ကဲ့... ကျွန်တော် သိပါတယ်...”

လော့ချန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ အစကတည်းက ကျင်းမင်ကို ရင်ဆိုင်ရန်အတွက် သူတစ်ပါးအပေါ်တွင် မျှော်လင့်ချက် ထားခဲ့သည် မဟုတ်ပေ။

ဤသည်ကို မြင်ရသည့်အခါ အကြီးအကဲချင်းချိုင်၏ မျက်ဝန်းထဲ၌ ထူးခြားလှသော အလင်းတန်းများ ဝင်းလက်လာပြီး မေးမြန်းလိုက်သည်။

“လော့ချန်... မင်း ဂိုဏ်းကို ပြန်ရောက်တာနဲ့ ကျင်းမင်ကို စိန်ခေါ်မယ်ဆိုတော့... သူ့ကို အနိုင်ယူဖို့ ဘယ်လောက်အထိ ယုံကြည်မှု ရှိလို့လဲ...”

လော့ချန်က ပြုံးလျက် ဆိုလိုက်သည်။

“၁၀၀ ရာနှုန်း ယုံကြည်မှု ရှိပါတယ်...”

“ရာနှုန်းပြည့်တောင်လား...”

လော့ချန်၏ အဖြေကြောင့် ထိုသူနှစ်ဦးစလုံးမှာ အံ့အားသင့်သွားကြရသည်။

အကြီးအကဲချင်းချိုင်က လေးနက်စွာ ဆိုလိုက်သည်။

“ကျင်းမင်ကို လျှော့မတွက်နဲ့ဦး... သူ့ရဲ့ နောက်ကွယ်မှာ မင်းသားတန်းတင်မကဘဲ တော်ဝင်မိသားစုနဲ့ တော်ဝင်မြို့တော် လင်းမိသားစုရဲ့ ထောက်ခံမှုတွေလည်း ရှိနေတာ... သူ့ရဲ့ အခြေခံအင်အားက သာမန်မဟုတ်သလို ဖုချန်လိထက်လည်း အများကြီး ပိုပြီး သန်မာတယ်... လျှို့ဝှက်ချက်တွေလည်း အများကြီး ရှိဦးမှာပဲ... မင်းက ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားပြီး ဓားဆန္ဒအစပျိုးအဆင့်မြင့်ဓားသမား ဖြစ်နေပေမဲ့ သူ့ကို သေချာပေါက် အနိုင်ရမယ်လို့တော့ မပြောနိုင်သေးဘူး...”

လော့ချန်သည် အလွန်ပင် တည်ငြိမ်နေဆဲ ဖြစ်၏။ သူ၏ လျှို့ဝှက်ချက်မှာ ၉၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်တင် မဟုတ်ပေ။ ဖုချန်လိနှင့် တိုက်ပွဲတွင် သူ၏ နဂါးကျင့်စဉ်ကိုပင် ထုတ်ဖော်ရန် အချိန်မရလိုက်သည်မဟုတ်ပါလော။

ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံခဲ့မှုကြောင့် သူ၏ နဂါးကျင့်စဉ်မှာ ဒုတိယအဆင့်သို့ ချိုးဖျက်ရန် နီးစပ်နေပြီ ဖြစ်ရာ ၎င်းကို ထုတ်ဖော်လိုက်လျှင် တိုက်ခိုက်မှုစွမ်းအားမှာ နှစ်ဆမက တိုးတက်လာမှာဖြစ်သဖြင့် ကျင်းမင်ကို အနိုင်ယူရန်မှာ အလွန်လွယ်ကူလှပေသည်။

သူ ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် မဟာအကြီးအကဲမင်က ပြင်းထန်စွာ နှာခေါင်းရှုံ့လျက် ဆိုလိုက်သည်။

“သူ့ရဲ့ အခြေခံအင်အားက ဘာအရေးပါလို့လဲ... အပြင်ပစ္စည်းတွေကို အတင်းအကျပ် သုံးပြီး မြှင့်တင်ထားတဲ့ အစွမ်းပဲလေ... ဘာမှ ပြောနေစရာ မလိုပါဘူး...”

“လော့ချန်... ဒါကတော့ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ပဲ... ငါ အရင်က ဂွီရွှီတောင်တန်းရဲ့ နယ်မြေတစ်ခုမှာ စွန့်စားခဲ့တုန်းက တိုက်ဆိုင်စွာ ရရှိခဲ့တဲ့ ခန္ဓာကိုယ်ကျင့်စဉ် လျှို့ဝှက်ကျမ်း တစ်စောင်ပဲ... မင်းက ခန္ဓာသန့်စင်မှုအထွတ်အထိပ်အဆင့်ကို ရောက်နေတာဆိုတော့ ဒီ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကိုသာ ကျင့်ကြံမယ်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ်အင်အားက သေချာပေါက် နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းသွားလိမ့်မယ်... အဲဒီကျရင် ဓားဆန္ဒကို မသုံးလျှင်တောင် ခန္ဓာကိုယ်အင်အား သက်သက်နဲ့တင် ကျင်းမင်ကို အနိုင်ယူဖို့ လုံလောက်သွားလိမ့်မယ်...”

မဟာအကြီးအကဲမင်က လက်ကို ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော စာအုပ်တစ်အုပ်သည် လော့ချန်၏ လက်ထဲသို့ ကျရောက်လာတော့သည်။

လော့ချန်သည် ထိုစာအုပ်ကို ပင့်မယူလိုက်ရာ အပေါ်တွင် ခန့်ညားလှသော စာလုံးကြီးငါးလုံးဖြင့် “ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်” ဟု ရေးသားထားသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းကို ကိုင်ထားရုံဖြင့်ပင် ထုံကျင်ကျင် ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး မိုးကြိုးတစ်ဆုပ်စာကို ကိုင်ထားရသကဲ့သို့ ရှိနေသဖြင့် ဤကျင့်စဉ်မှာ အမှန်တကယ်ပင် ထူးခြားလှကြောင်း သူ သိလိုက်ရသည်။

“နောက်ပြီး... ဒီတစ်ခါ မင်းနဲ့ ဖုချန်လိ တိုက်ပွဲတုန်းက မဟာအကြီးအကဲရှီဟွမ် ဆီကနေ ငါ မိုးကြိုးမီးလျှံရွှေကျောက် တစ်တုံး အနိုင်ရခဲ့တယ်... အဲဒီထဲမှာ ပါဝင်တဲ့ မိုးကြိုးမီးလျှံအနှစ်သာရတွေက မင်းရဲ့ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည် ကျင့်ကြံမှုအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာဖြစ်သလို ခန္ဓာကိုယ်ကို သန့်စင်ဖို့နဲ့ စိတ်ဝိညာဉ်ကို စုစည်းဖို့အတွက်လည်း အကျိုးကျေးဇူး အများကြီး ရှိတယ်... သိမ်းထားလိုက်တော့...”

စကားပြောနေစဉ်မှာပင် မဟာအကြီးအကဲမင်သည် သူ၏ လက်ငါးချောင်းကို ဖြန့်လိုက်ရာ စူးရှလှသော အလင်းတန်းများ ဝင်းလက်နေသည့် ဖန်သားပြင်အလား ပြောင်လက်နေသော ကျောက်စိမ်းတုံးတစ်ခု သူ၏ လက်ဖဝါးအထက်တွင် ပေါ်ထွက်လာတော့သည်။

၎င်းမှာ မဟာအကြီးအကဲရှီဟွမ်ဆီမှ အနိုင်ရရှိခဲ့သော မိုးကြိုးမီးလျှံရွှေကျောက်ပင် ဖြစ်၏။

“ဝှစ်...”

မိုးကြိုးမီးလျှံရွှေကျောက်မှာ လော့ချန်၏ လက်ထဲသို့ တိုက်ရိုက် ကျရောက်လာတော့သည်။

အခန်း ၆၁၆ ပြီးပါပြီ။

အခန်း ၆၁၇ - ကြီးမားလှသော ဆုလာဘ်နှင့် ကြယ်ဆယ်ပွင့် ဝိညာဉ်အဆင့်

မိုးကြိုးမီးလျှံရွှေကျောက်...

လော့ချန်သည် မိုးကြိုးမီးလျှံရွှေကျောက်ကို လှမ်းဖမ်းလိုက်ရာ လက်ဖဝါးမှာ အနည်းငယ် လေးလံသွားသဖြင့် တစ်ခဏမျှ မှင်တက်မိသွားတော့သည်။

ဤ မိုးကြိုးမီးလျှံရွှေကျောက်မှာ လက်သီးဆုပ်ခန့်သာ ရှိသော်လည်း ၎င်း၏အလေးချိန်မှာမူ မထင်မှတ်ထားလောက်အောင်ပင် အနည်းဆုံး ပေါင်တစ်သောင်းခန့် ရှိနေသည်။ ဝိညာဉ်စွမ်းအားဖြင့် စုံစမ်းခြင်းမပြုလျှင်ပင် ၎င်း၏အတွင်း၌ ပေါက်ကွဲနိုင်စွမ်းရှိသော စွမ်းအင်များ ကိန်းဝပ်နေသည်ကို ခံစားနေရပေသည်။

ကျောက်စိမ်းတုံးတစ်ခုကို ကိုင်ထားရသကဲ့သို့ မဟုတ်ဘဲ အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့် မီးတောင်တစ်ခုကို ကိုင်ထားရသကဲ့သို့ပင် ရှိနေတော့သည်။

ခုနစ်ရွက်မီးလျှံမြက်မှာ ကြယ်ခုနစ်ပွင့် ဝိညာဉ်ဆေးပင် ဖြစ်ရာ ဤမိုးကြိုးမီးလျှံရွှေကျောက်၏ တန်ဖိုးမှာ ခုနစ်ရွက်မီးလျှံမြက်နှင့် တန်းတူရှိနေသဖြင့် အနည်းဆုံး ကြယ်ခုနစ်ပွင့်အဆင့်ရှိ ရတနာတစ်ခု ဖြစ်မှာ သေချာလှပေသည်။

ဤသည်က လော့ချန်၏ စိတ်ထဲတွင် မထင်မှတ်ဘဲ ဝမ်းသာပီတိ ဖြစ်သွားစေတော့သည်။

ကြယ်ခုနစ်ပွင့်အဆင့်ရှိ ရတနာများ၏ တန်ဖိုးမှာ ကုဋေပေါင်းများစွာ ရှိနေသဖြင့် သူ၏ပိုင်ဆိုင်မှုအားလုံးထက်ပင် ပို၍တန်ဖိုးရှိပေသည်။ ၎င်းကို သူ့အား ဒီအတိုင်း ပေးအပ်လိုက်ခြင်းမှာ လူသားအမြုတေနယ်ပယ် သန်မာသူပီသလှပြီး လက်ဆောင်ပေးရာတွင်လည်း အလွန်ပင် ရက်ရောလှပေသည်။

ထိုအချိန်တွင် အမြုတေမင်ကျုံးသည် ဘေးနားရှိ အကြီးအကဲချင်းချိုင်ကို ရုတ်တရက် ကြည့်လိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။

“ချင်းချိုင်... တစ်ဖက်လူက မင်းကို ဆရာလို့ ခေါ်နေမှတော့ မင်းအနေနဲ့လည်း လက်ဆောင်တစ်ခုခု ပေးသင့်တယ် မဟုတ်ဘူးလား...”

အကြီးအကဲချင်းချိုင်က မျက်ခုံးကို အသာအယာ ပင့်လိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။

“စောစောက မင်း ဘာလို့ ပြန်မပြောတာလဲလို့ ငါ တွေးနေတာ... တကယ်တော့ ငါ့ဆီက လက်ဆောင်ကို မျှော်လင့်နေတာကိုး... ဒါပေမဲ့ ငါက မင်းလိုမျိုး ကြွယ်ဝတဲ့သူ မဟုတ်တော့ မိုးကြိုးမီးလျှံရွှေကျောက် လိုမျိုး ရတနာတွေကို ဒီအတိုင်း ပေးဖို့တော့ မတတ်နိုင်ဘူး...”

စကားပြောနေစဉ်မှာပင် အကြီးအကဲချင်းချိုင်သည် အဖြူရောင်ကျောက်စိမ်းပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်ပြီး လော့ချန်ထံသို့ ပစ်ပေးလိုက်ကာ ဆိုသည်။

“လော့ချန်... ဒီထဲမှာ ဝိညာဉ်ဆေးလုံးငယ် ၁၀ လုံး ရှိတယ်... ဒါက မြေကမ္ဘာဝိညာဉ်ဆေးလုံးရဲ့ အနိမ့်စား အမျိုးအစားပဲ... ဒီဆေးလုံးက မြေကမ္ဘာဝိညာဉ်ဆေးလုံး လိုမျိုး စတုတ္ထနယ်ပယ်ကို ချိုးဖျက်တဲ့နေရာမှာ အထောက်အကူ မပြုနိုင်ပေမဲ့ သွေးကြောတွေကို သန့်စင်ပေးနိုင်ပြီး အခြေခံကို ခိုင်မာစေတယ်... အာနိသင်က သွေးကြောပွင့်ဆေးလုံးထက် အများကြီး သာလွန်တာဆိုတော့ နယ်ပယ်ကို ချိုးဖျက်တဲ့အခါမှာ မင်းအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ...”

ဝိညာဉ်ဆေးလုံးငယ်...

လော့ချန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားတော့သည်။

သူသည် စတုတ္ထနယ်ပယ်ကို ချိုးဖျက်ရန် လမ်းစအချို့ လိုအပ်နေသေးသဖြင့် မြေကမ္ဘာဝိညာဉ်ဆေးလုံးကို ရရှိလျှင်ပင် ယခုအချိန်တွင် အသုံးပြုနိုင်ဦးမည် မဟုတ်ပေ။

၎င်းနှင့် နှိုင်းယှဉ်လျှင်မူ ဤဝိညာဉ်ဆေးလုံးငယ်မှာ သူနှင့် အလွန်လိုက်ဖက်လှပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သို့ တက်လှမ်းရန် ကူညီပေးနိုင်မှာ ဖြစ်ပေသည်။

“ဆရာသခင်နှစ်ဦးကို ကျေးဇူးတင်ပါတယ်... လော့ချန် အနေနဲ့ ဆရာတို့ရဲ့ မျှော်လင့်ချက်တွေကို သေချာပေါက် အလဟဿ မဖြစ်စေရပါဘူး...”

လော့ချန်သည် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ပြီး ထိုသူနှစ်ဦးကို ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။

အမြုတေမင်ကျုံးက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဆိုလိုက်သည်။

“ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး မင်းမှာ ဘာသံသယပဲရှိရှိ ငါ့ကို အချိန်မရွေး မေးမြန်းနိုင်တယ်... ဒါပေမဲ့ ငါက ခန္ဓာကိုယ်ကျင့်စဉ်မှာပဲ ကျွမ်းကျင်တာဆိုတော့ ချီစွမ်းအင်နဲ့ ဆန္ဒနယ်ပယ်တွေနဲ့ ပတ်သက်ရင်တော့ မင်းရဲ့ ဆရာမချင်းချိုင်က ပိုပြီး ကျွမ်းကျင်လိမ့်မယ်... ဒီတစ်ခါ မင်း ဖန်တီးလိုက်တဲ့ မုန်တိုင်းက အတော်လေး ကြီးမားတာဆိုတော့ အပြင်ကို ထွက်သွားရင် သေချာပေါက် တည်ငြိမ်မှာ မဟုတ်ဘူး... မိုးကြိုးတောင်ကုန်းမှာပဲ အချိန်အနည်းငယ်လောက် ကျင့်ကြံရင်း အခြေအနေကို စောင့်ကြည့်လိုက်ပါဦး...”

“ဟုတ်ကဲ့ပါ...”

လော့ချန်လည်း ထိုသို့ပင် ဆုံးဖြတ်ထားပြီးသား ဖြစ်၏။ ဝိညာဉ်ဆေးလုံးငယ် ရှိနေပြီဆိုမှတော့ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သို့ တက်လှမ်းနိုင်မှာ ဖြစ်ပေသည်။ ၎င်းအပြင် ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကိုလည်း သေချာပေါက် ကျင့်ကြံရမည် မဟုတ်ပါလော။

အမြုတေမင်ကျုံးက ဆက်ပြောလိုက်သည်။

“ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို ကျင့်ကြံဖို့ဆိုရင် မိုးကြိုးချီစွမ်းအင်တွေနဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ လိုအပ်တယ်... မင်းရဲ့ နယ်ပယ်က နိမ့်လွန်းနေသေးတာဆိုတော့ မိုးကြိုးမီးလျှံရွှေကျောက် ထဲက အနှစ်သာရတွေကို သန့်စင်ဖို့ ခက်ခဲလိမ့်မယ်... မင်းရဲ့ ခန္ဓာကိုယ်ကလည်း တောင့်ခံနိုင်မှာ မဟုတ်သေးဘူး... ဒါကြောင့် လောလောဆယ်တော့ မသုံးတာ အကောင်းဆုံးပဲ...”

“ငါ့ရဲ့ မိုးကြိုးတောင်ကုန်းမှာ သဘာဝသံလိုက်ကျောက်တွေ ရှိနေတာဆိုတော့ ထွက်ပေါ်လာတဲ့ သံလိုက်စက်ကွင်းက မိုးကြိုးချီစွမ်းအင်တွေကို စုစည်းပေးနိုင်တယ်... အထူးသဖြင့် တောင်နောက်ဘက်မှာ မိုးကြိုးချီစွမ်းအင်တွေက အားအကောင်းဆုံးပဲ... မင်း အဲဒီကို သွားပြီး ကျင့်ကြံနိုင်တယ်... မင်းရဲ့ ရွှေခန္ဓာကိုယ်ထည် အခြေခံနဲ့ဆိုရင် သေချာပေါက် အလျင်အမြန် တိုးတက်လာမှာပဲ...”

“ကောင်းပါပြီ...”

လော့ချန်သည် ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည် ကျင့်ကြံမှုနှင့် ပတ်သက်သည့် မေးခွန်းအချို့ကို ထပ်မံမေးမြန်းပြီးနောက် နန်းတော်အတွင်းမှ ထွက်ခွာလာခဲ့တော့သည်။

လော့ချန် ထွက်ခွာသွားသည်ကို မြင်ရသည့်အခါ အမြုတေမင်ကျုံးက မေးမြန်းလိုက်သည်။

“ဘယ်လိုလဲ...”

အကြီးအကဲချင်းချိုင်က ဆိုလိုက်သည်။

“သိုင်းဝိညာဉ်ကို ထားဦး... သူက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ... အထူးသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ ငါ မြင်ဖူးသမျှ ပါရမီရှင် ဓားသမားတွေထဲမှာ သူက ထိပ်ဆုံးမှာ ရှိနေတာ... သူ့မှာ မပျက်စီးနိုင်တဲ့ ပြင်းထန်တဲ့ စွမ်းအားတွေ ရှိနေတယ်...”

အမြုတေမင်ကျုံးက ခေါင်းညိတ်လျက် ဆိုလိုက်သည်။

“အသုံးမကျတဲ့ သိုင်းဝိညာဉ်နဲ့တောင် ဒီအဆင့်အထိ ရောက်လာတာဆိုတော့ သူရဲ့စိတ်ဓာတ်က ကြီးမားတဲ့ နှိပ်စက်မှုတွေကို ကြုံတွေ့ခဲ့ရမှာ သေချာတယ်... ဒါကြောင့်လည်း သူရဲ့စိတ်ဓာတ်က သိပ်ကိုသန်မာနေတာပေါ့... ဒါကလည်း သူ ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်ကို နားလည်နိုင်တဲ့ အဓိကသော့ချက်လည်း ဖြစ်နိုင်တာပဲ... ဒါပေမဲ့...”

အမြုတေမင်ကျုံးက လေသံပြောင်းလိုက်ပြီး ဆက်ပြောသည်။

“ဒါကလည်း ငါ စိုးရိမ်တဲ့ အချက်ပဲ... ပြင်းထန်လွန်းရင် ကျိုးပျက်လွယ်တတ်တယ်... သူရဲ့ မျက်ဝန်းထဲမှာ နောက်ဆုတ်ဖို့ဆိုတာ မရှိသလို နောက်လည်း ဆုတ်မှာ မဟုတ်ဘူး... ဒီလို စိတ်နေစိတ်ထားမျိုးက သူ့ကို အောင်မြင်မှုတွေ ပေးစွမ်းနိုင်ပေမဲ့ သူ့ကိုလည်း ဒုက္ခပေးနိုင်တယ်...”

အကြီးအကဲချင်းချိုင်သည် တစ်ဖက်လူက လွန်ခဲ့သော ဆယ်နှစ်က ကိစ္စရပ်များ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရှိသဖြင့် ခေါင်းခါယမ်းလျက် ဆိုလိုက်သည်။

“မထောင်လွှားတဲ့ ပါရမီရှင်ဆိုတာ သာမန်လူပဲ ရှိမှာပေါ့... ဓားသမားတွေဆိုရင် ပိုတောင် ဆိုးသေးတယ်... ဘယ်လို မဟာလူသားမျိုးကမှ အလောင်းတောင်တွေ၊ သွေးပင်လယ်တွေကြားကနေ ထွက်ပေါ်လာတာ မဟုတ်လို့လဲ... ဖန်လုံအိမ်ထဲမှာတော့ ဧရာမသစ်ပင်ကြီးတွေကို ပြုစုပျိုးထောင်လို့ မရဘူးလေ...”

“နောက်ပြီး အခုက အရာအားလုံးက မငြိမ်မသက်ဖြစ်နေတဲ့ အချိန်ပဲ... ကိုယ့်ကိုယ်ကိုယ်ပဲ ငြိမ်ငြိမ်လေး နေနေလို့ မရဘူး... တခြားသူတွေကို ထားပါဦး... သွေးဝိညာဉ်ဂိုဏ်းက တစ်ကျော့ပြန် ရောက်လာတာဆိုတော့ လူဘယ်လောက်တောင် သေကြဦးမလဲဆိုတာ မသိနိုင်ဘူး... မင်းနဲ့ ငါတောင်မှ လွတ်မြောက်နိုင်ပါ့မလား မသေချာဘူးလေ...”

သွေးဝိညာဉ်ဂိုဏ်းအကြောင်း ကြားရသည့်အခါ အမြုတေမင်ကျုံး၏ မျက်နှာပေါ်တွင် မှောင်ရိပ်များ ဖုံးလွှမ်းသွားခဲ့ပြီး ခေါင်းကို အသာအယာ ညိတ်လိုက်တော့သည်။

“ဝှစ်...”

နန်းတော်မှ ထွက်ခွာလာပြီးနောက် လော့ချန်သည် မိုးကြိုးတောင်ကုန်း၏ တောင်နောက်ဘက်သို့ တိုက်ရိုက် ဦးတည်သွားတော့သည်။ ယခုအခါ သူ၏ စိတ်ခံစားချက်မှာ အလွန်ပင် ကောင်းမွန်နေတော့သည်။

မိုးကြိုးမီးလျှံရွှေကျောက်နှင့် ဝိညာဉ်ဆေးလုံးငယ် ကဲ့သို့သော ရတနာများကို ရရှိခဲ့သည်တင်မကဘဲ အရေးကြီးဆုံးမှာ ယွမ်မန်လီ အသက်ရှင်နေသေးသည်ကို သိလိုက်ရခြင်းပင် ဖြစ်၏။

“ယွမ်မန်လီက ဘယ်မှာ ရှိနေမှာလဲ မသိဘူး...”

လော့ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။ တစ်ဖက်လူ၏ အသက်ဝိညာဉ်မီးလျှံမှာ အလွန်ပင် ဝေဝါးနေသဖြင့် အခြေအနေမှာ သေချာပေါက် ဆိုးရွားနေမည် ဖြစ်သည်။ ခဏမျှ စဉ်းစားပြီးနောက် လော့ချန်သည် ခေါင်းခါယမ်းလိုက်သည်။ ယခုအချိန်တွင် ဤသည်ကို စိုးရိမ်နေလည်း အပိုပင် ဖြစ်၏။ အစွမ်းကုန် ကြိုးစားပြီး အင်အားမြှင့်တင်ရန်သာ လိုအပ်ပေသည်။ လုံလောက်သော အစွမ်းရှိလာပြီဆိုလျှင် သူသည် တိုက်ရိုက်ပင် ကျိတော့ဂိုဏ်းသို့ သွားရောက်ပြီး တိုက်ရိုက်တပည့် ယွဲ့ထျန်ရှင်းကို ရှာဖွေနိုင်မှာ ဖြစ်ပေသည်။ ဤသို့ဖြင့် စိတ်ပူနေရခြင်းထက် ပို၍ ကောင်းမွန်ပေသည်။

“အရင်ဆုံး ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို ကျင့်ကြံရမယ်...”

လော့ချန်သည် အရှိန်ကို မြှင့်တင်လိုက်သည်။

“ဂျိမ်း...”

စောစောကပင် နေမင်းကြီး တောက်ပနေသော်လည်း မိုးကြိုးတောင်ကုန်း၏ တောင်နောက်ဘက်သို့ ရောက်ရှိသွားသည့်အခါ မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားတော့သည်။ မည်းမှောင်နေသော တိမ်တိုက်များမှာ တောင်ထိပ်ပေါ်သို့ ဖိနှိပ်ထားသကဲ့သို့ ရှိနေပြီး ပြင်းထန်လှသော မိုးကြိုးသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

လော့ချန်သည် လမ်းတစ်လျှောက် ပျံသန်းလာခဲ့ပြီး တောင်ကြားတစ်ခုတွင် ရပ်တန့်လိုက်သည်။

တောင်ကြားမှာ မိုင်အနည်းငယ်ခန့် ကျယ်ဝန်းပြီး အတွင်း၌ မည်းနက်နေသော ကျောက်တုံးများဖြင့် ပြည့်နှက်နေတော့သည်။ ဤ မည်းနက်နေသော ကျောက်တုံးများမှာ အမြုတေမင်ကျုံး ပြောဆိုသော မိုးကြိုးချီစွမ်းအင်များကို စုစည်းပေးနိုင်သည့် သံလိုက်ကျောက်များပင် ဖြစ်၏။

မင်အလား မည်းနက်နေသော တိမ်တိုက်များမှာ တောင်ကြားအထက်သို့ ဖိနှိပ်ထားခဲ့ပြီး လျှပ်စီးတန်းများမှာ အဆက်မပြတ် ကျဆင်းနေကာ လျှပ်စီးနဂါးများအလား တောင်ကြားအတွင်း၌ ကူးလူးပျံသန်းနေကြသဖြင့် တစ်ချက်ကြည့်ရုံဖြင့် မိုးကြိုးကမ္ဘာတစ်ခုအလား ရှိနေတော့သည်။

“ပြင်းထန်လှတဲ့ မိုးကြိုးချီစွမ်းအင်တွေပဲ... ဒီနေရာပဲ...”

လော့ချန်သည် ချီစွမ်းအင်များကို လှည့်ပတ်လိုက်ပြီး သင့်တော်သော နေရာတစ်ခုကို ရှာဖွေကာ ထိုင်ချလိုက်ပြီးနောက် ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်၏ ကျင့်စဉ်ကျမ်းကို ထုတ်ယူလိုက်သည်။

သူသည် နဂါးကျင့်စဉ်ကို ကိုးဆင့်မြောက်အထိ ကျင့်ကြံပြီး နဂါးအင်အားကို စုစည်းခဲ့ချိန်မှစ၍ ခန္ဓာကိုယ်ကျင့်စဉ်တစ်ခုကို ကျင့်ကြံရန် အမြဲတမ်း ရှာဖွေနေခဲ့ခြင်း ဖြစ်၏။ သို့မှသာ ရွှေခန္ဓာနယ်ပယ် အခြေခံကို အလဟဿ မဖြစ်စေမှာ မဟုတ်ပါလော။

သို့သော်လည်း သင့်တော်သော ကျင့်စဉ်ကို ရှာမတွေ့ဘဲ ရှိနေခဲ့ခြင်း ဖြစ်၏။

“ဒီ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်က ဘယ်လိုများ ရှိမလဲ မသိဘူး...”

လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ကျင့်စဉ်ကျမ်းကို ဖွင့်ကြည့်လိုက်သည်။

တစ်ခဏချင်းမှာပင် မိုးကြိုးလျှပ်စီးများဖြင့် ပေါင်းစပ်ထားသော ကြယ်ဆယ်ပွင့်မှာ လော့ချန်၏ မျက်ဝန်းထဲသို့ တိုးဝင်သွားခဲ့ပြီး ထူးခြားလှသော အရှိန်အဝါများ ပေါ်ထွက်လာတော့သည်။

“ကြယ်ဆယ်ပွင့်... ကြယ်ဆယ်ပွင့် ဝိညာဉ်အဆင့် ခန္ဓာကိုယ်ကျင့်စဉ် ပါလား...”

လော့ချန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားတော့သည်။

သူ သိထားသလောက်ဆိုလျှင် ရွှမ်ယွမ်ဂိုဏ်း၏ အားအကောင်းဆုံး ခန္ဓာကိုယ်ကျင့်စဉ်မှာ ကြယ်ရှစ်ပွင့် အဆင့်မြင့်ကျင့်စဉ်မျှသာ ရှိပေသည်။

သူသည် ဤ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို ကြယ်ရှစ်ပွင့် သို့မဟုတ် အများဆုံး ကြယ်ကိုးပွင့် အဆင့်မြင့်ကျင့်စဉ်ဟု ထင်ထားသော်လည်း ယခုမူ ကြယ်ဆယ်ပွင့် ဝိညာဉ်အဆင့် ကျင့်စဉ် ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

“ကြည့်ရတာ ဒီ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်က ဂိုဏ်းရဲ့ကျင့်စဉ် မဟုတ်ဘဲ ဆရာ့ရဲ့ ကိုယ်ပိုင်ကျင့်စဉ် ဖြစ်မှာပဲ... ဆရာပြောတဲ့ ဂွီရွှီတောင်တန်း ဆိုတာက ဘယ်မှာ ရှိနေတာလဲ မသိဘူး...”

လော့ချန်သည် မိမိ၏ အတွေ့အကြုံမှာ နည်းပါးနေသေးကြောင်း သိရှိသွားသည်။ ထို ဂွီရွှီတောင်တန်း ဆိုသည်ကို သူ တစ်ခါမျှ မကြားဖူးပေ။ လော့ချန်သည် ခေါင်းခါယမ်းလိုက်ပြီးနောက် ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်၏ ကျင့်ကြံမှုနည်းလမ်းများကို ဆက်လက်ဖတ်ရှုလိုက်သည်။

“မိုးကြိုးကို ခန္ဓာကိုယ်မှာ စုစည်းရမယ်... မိုးကြိုးကို ထိန်းချုပ်ရမယ်... သွေးကြောတွေကို နိုးကြားစေရမယ်... အစစ်အမှန်အဖြစ် ပြောင်းလဲရမယ်... မိုးကြိုးစွမ်းအား...”

အခန်း ၆၁၇ ပြီးပါပြီ။

အခန်း ၆၁၈ - မိုးကြိုးသန့်စင်ခြင်းအဆင့်နှင့် ကြီးမားသောဖြစ်ရပ်ကြီး

ကျင့်စဉ်တစ်ခုလုံးကို အသေအချာ ဖတ်ရှုပြီးနောက် အချိန်အတော်ကြာသည့်တိုင် လော့ချန်သည် ဝမ်းသာအားရ ဖြစ်သွားတော့သည်။

ဤ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်မှာ ကြယ်ဆယ်ပွင့် ဝိညာဉ်အဆင့် ခန္ဓာကိုယ်ကျင့်စဉ်ပီပီ အမှန်တကယ်ပင် သာမန်မဟုတ်ပေ။ ကျင့်ကြံသူသည် ရှေးဦးစွာ ကောင်းကင်မိုးကြိုးကို ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းကာ အရေပြား၊ အသား၊ ကြွက်သားနှင့် အရိုးတို့ကို သန့်စင်ရမည် ဖြစ်သည်။ ထို့နောက်တွင်မူ ကိုယ်တွင်းအင်္ဂါများကို ပြောင်းလဲစေကာ နောက်ဆုံးအဆင့်တွင် မိုးကြိုး၏ ကြမ်းတမ်းလှသော စွမ်းအားနှင့် ဖျက်ဆီးလိုသော ဆန္ဒကိုပါ မိမိကိုယ်တိုင် လွှမ်းမိုးထိန်းချုပ်နိုင်ရမည် ဖြစ်သည်။

ထိုစွမ်းအားများကို ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အတွင်း ပေါင်းစပ်လိုက်နိုင်ပါက အဆုံးစွန်တွင် ခန္ဓာကိုယ်မှာ မည်သည့်မိုးကြိုးကမျှ မထိခိုက်နိုင်ဘဲ လျှပ်စီးများကို မိမိ၏လက်ခြေကဲ့သို့ စိတ်ကြိုက်စေခိုင်းနိုင်သည့် အထွတ်အထိပ်နယ်ပယ်သို့ ရောက်ရှိသွားပေလိမ့်မည်။

ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို အဆင့်မြင့်ဆုံးအထိ ကျင့်ကြံအောင်မြင်သွားပါက မိမိ၏သွေးကြောဆန္ဒများကိုပင် ကောင်းကင်မိုးကြိုးအဖြစ် ပြောင်းလဲနိုင်ပြီး အမူအရာတိုင်းတွင် မိုးကြိုးစွမ်းအားများ ပါဝင်နေမည် ဖြစ်ရာ တိုက်ပွဲဝင်သည့်အခါ အလိုအလျောက် အရှုံးမရှိသည့် အနေအထားတွင် ရှိနေပေလိမ့်မည်။ သို့သော်လည်း ၎င်းမှာ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည် အောင်မြင်မှုအဆင့်သို့ ရောက်မှသာ ရရှိနိုင်မည့် အခြေအနေဖြစ်၏။

“ပထမအဆင့်ကို အရင်ကျင့်ကြံရမှာပေါ့...”

လော့ချန်သည် ခေါင်းခါယမ်းလိုက်ပြီး လှုပ်ရှားနေသော စိတ်အစဉ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်တွင် အဆင့်သုံးဆင့်ရှိပြီး အဆင့်တစ်ခုစီ၌ အလွှာကိုးလွှာစီ ရှိပေသည်။ အလွှာသုံးလွှာစီကို အောင်မြင်မှုအဆင့်ငယ်များအဖြစ် သတ်မှတ်ထားသည်။

ပထမအဆင့်မှာ 'မိုးကြိုးသန့်စင်ခြင်းအဆင့်' ဖြစ်၏။ အမည်နှင့်အညီ မိုးကြိုးချီစွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းကာ အရေပြား၊ အသား၊ ကြွက်သား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါများကို သန့်စင်ရမည် ဖြစ်သည်။ မိုးကြိုးချီစွမ်းအင်များ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်သွားပြီး အပြန်အလှန် လိုက်လျောညီထွေ ဖြစ်သွားကာ အရည်အသွေး ပြောင်းလဲသွားသည်အထိ ကျင့်ကြံရခြင်း ဖြစ်သည်။

ဤပထမအဆင့်မှာ ကြည့်ရသည်မှာ အရိုးရှင်းဆုံး ဖြစ်သော်လည်း အန္တရာယ်အရှိဆုံးလည်း ဖြစ်ပေသည်။ လော့ချန်သည် အမြုတေမင်ကျုံးက သူ့ကို ဘာကြောင့် တောင်နောက်ဘက်သို့ လာ၍ ကျင့်ကြံခိုင်းသလဲဆိုသည်ကို ယခုမှ သိလိုက်ရတော့သည်။

မိုးကြိုးသန့်စင်ခြင်း၏ အနှစ်သာရမှာ 'သန့်စင်ခြင်း' ပင် ဖြစ်၏။ လူတစ်ဦးကို မိုးကြိုးလျှပ်စီးများကြားတွင် ထည့်၍ သန့်စင်ခြင်း ဖြစ်သည်။ မိုးကြိုးဆိုသည်မှာ အစွန်းကုန် ကြမ်းတမ်းခြင်းနှင့် ဖျက်ဆီးခြင်းကို ကိုယ်စားပြုပေသည်။ ကောင်းကင်မြေကြီး၏ မိုးကြိုးများကို ဆွဲငင်၍ ကျင့်ကြံရခြင်းမှာ မည်မျှအန္တရာယ်များမည်ကို တွေးကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။ ၎င်းမှာ ဆီပူအိုးထဲတွင် ထည့်၍ ချက်ပြုတ်ခံရသကဲ့သို့ပင် ဖြစ်ရာ အနည်းငယ်မျှ မှားယွင်းသွားပါက ဒဏ်ရာပြင်းထန်ရုံတင်မကဘဲ ပြာကျသွားနိုင်ပေသည်။

ကျင့်စဉ်ကျမ်းပေါ်တွင်လည်း ဤကျင့်စဉ်မှာ ခန္ဓာကိုယ် မသန်မာသူများ မကျင့်ရ၊ ကြီးမားသော ဇွဲလုံ့လ မရှိသူများနှင့် မရဲရင့်သူများ မကျင့်ရဟု အလေးအနက် ရေးသားထားသည်။

“ဆီပူအိုးထဲ ဆင်းရသလိုမျိုးလား... ငါ စမ်းကြည့်ရမှာပေါ့...”

လော့ချန်သည် အများကြီး တွေးမနေတော့ဘဲ မိုးကြိုးသန့်စင်ခြင်း၏ ကျင့်ကြံမှုနည်းလမ်းအတိုင်း လက်ဟန်များပြုလုပ်ကာ ထိုင်ချလိုက်သည်။ အရာအားလုံး အသင့်ဖြစ်သည်နှင့် သူ၏ ကာကွယ်ရေးချီစွမ်းအင်များကို ရုပ်သိမ်းလိုက်တော့သည်။ တစ်ခဏချင်းမှာပင် သူ၏ခန္ဓာကိုယ်မှ ထူးခြားသော အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

ချက်ချင်းဆိုသလိုပင် တောင်ကြားတစ်ခုလုံးရှိ မိုးကြိုးများမှာ တစ်စုံတစ်ခုကို ခံစားလိုက်ရသကဲ့သို့ လှုပ်ရှားလာပြီး စတင်စုစည်းလာတော့သည်။

“ဂျိမ်း...”

မရေမတွက်နိုင်သော လျှပ်စီးနဂါးများ ပေါ်ထွက်လာပြီး အရပ်မျက်နှာအနှံ့မှ လော့ချန်ထံသို့ ကျရောက်လာသဖြင့် မှောင်မိုက်နေသော တောင်ကြားမှာ နေ့ခင်းဘက်အလား လင်းထိန်သွားတော့သည်။

“ဘုန်း...”

တစ်ခဏချင်းမှာပင် မိုးကြိုးလျှပ်စီး လေးငါးခုမှာ လော့ချန်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။ သူ၏ဝတ်စုံမှာ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ခါသွားကာ မျက်မှောင်ကို တင်းတင်းကြုတ်လိုက်မိသည်။

“တကယ်ကို ပြင်းထန်လွန်းတယ်... သာမန်လူဆိုရင် တောင့်မခံနိုင်ဘဲ ချက်ချင်းပဲ အသတ်ခံလိုက်ရမှာပဲ...”

လော့ချန်သည် တစ်ကိုယ်လုံးရှိ ချွေးပေါက်ပေါင်း ကုဋေကုဋာမှာ မိုးကြိုးများ၏ သန့်စင်ခြင်းကို ခံနေရသဖြင့် ထုံကျင်ခြင်းနှင့် စူးရှသော နာကျင်မှုများကို ခံစားနေရသည်။ ဆီပူအိုးထဲတွင် ထည့်ကြော်ခံရသကဲ့သို့ပင် ရှိနေသဖြင့် သွေးများပင် အန်ထုတ်မိတော့မည့်အလား ရှိနေတော့သည်။

ဤအခိုက်အတန့်တွင် အမြုတေမင်ကျုံးက သူ့ကို ဘာကြောင့် အလေးထားပြီး အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားသော်လည်း တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့သလဲဆိုသည်ကို သူ နားလည်သွားတော့သည်။

သူ၏ခန္ဓာကိုယ်အင်အားနှင့်ပင် စောစောက မနည်းတောင့်ခံလိုက်ရခြင်း ဖြစ်ရာ အခြားသော သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများသာဆိုလျှင် ချက်ချင်းပင် ဒဏ်ရာပြင်းထန်သွားမှာ သေချာလှပေသည်။

ကံကောင်းသည်မှာ လော့ချန်သည် ရွှေခန္ဓာနယ်ပယ်သို့ ရောက်ရှိထားသလို နဂါးကျင့်စဉ်၏ နဂါးအင်အားကိုလည်း အခြေခံထားသူ ဖြစ်၏။ ၎င်းအပြင် မိုးကြိုးဆန္ဒကိုလည်း နားလည်ထားသဖြင့် မိုးကြိုး၏ ဂုဏ်သတ္တိများကို အလျင်အမြန်ပင် ရင်းနှီးသွားခဲ့ပြီး ကြီးမားသော ဇွဲလုံ့လဖြင့် တောင့်ခံထားလိုက်သည်။ သူသည် ကျန်ရှိနေသော စိတ်အာရုံဖြင့် ခန္ဓာကိုယ်အတွင်း၌ ရမ်းကားနေသော မိုးကြိုးချီစွမ်းအင်များကို ထိန်းချုပ်ကာ တစ်ကိုယ်လုံးရှိ အရေပြားလွှာများကို သန့်စင်လိုက်တော့သည်။

အကယ်၍ သူသည် မိုးကြိုးချီစွမ်းအင်များကို အရေပြားလွှာများအတွင်းသို့ သန့်စင်ထည့်သွင်းနိုင်ပြီး အရေပြားမှ အလင်းတန်းများ ထွက်ပေါ်လာသည့် အဆင့်သို့ ရောက်ရှိသွားမည်ဆိုလျှင် မိုးကြိုးသန့်စင်ခြင်းအဆင့်၏ အစပျိုးမှုကို ရရှိသွားပြီဟု ဆိုနိုင်ပေသည်။

လော့ချန်သည် သာမန်တောတောင်များထဲတွင် ကျင့်ကြံနေခြင်းဖြစ်လျှင် မိုးကြိုးချီစွမ်းအင်များ၏ အရည်အသွေးမှာ မမြင့်မားရုံတင်မကဘဲ ထိန်းချုပ်ရန်လည်း ခက်ခဲလိမ့်မည် ဖြစ်၏။ သို့သော်လည်း ဤမိုးကြိုးတောင်ကုန်းတွင် မိုးကြိုးချီစွမ်းအင်များကို စုစည်းပေးနိုင်သော သံလိုက်ကျောက်များ ရှိနေသလို အမြုတေမင်ကျုံး၏ စေ့စပ်လှသော စီရင်ထုံးများကြောင့် မိုးကြိုးချီစွမ်းအင်များမှာ အဆက်မပြတ်ရှိနေပြီး အလွန်ပင် စင်ကြယ်လှပေသည်။ ဤတောင်ကြားသည် ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို ကျင့်ကြံရန်အတွက် အကောင်းဆုံးသော နေရာတစ်ခုပင် ဖြစ်တော့သည်။

“ဂျိမ်း... ဂျိမ်း... ဂျိမ်း...”

မိုးကြိုးလှိုင်းတစ်ခု ပြီးဆုံးသွားသည်နှင့် ပိုမိုပြင်းထန်သော မိုးကြိုးလှိုင်းများ ထပ်မံကျရောက်လာပြီး လော့ချန်၏ တစ်ကိုယ်လုံးကို မိုးကြိုးလျှပ်စီးများဖြင့် ဖုံးလွှမ်းလိုက်တော့သည်။ ပြင်းထန်စင်ကြယ်လှသော မိုးကြိုးချီစွမ်းအင်များမှာ သူ၏အရေပြားလွှာများကို အဆက်မပြတ် သန့်စင်ပေးနေတော့သည်။

“လာစမ်း...”

လော့ချန်၏ စိတ်အာရုံပင်လယ်အတွင်း၌ ရွှေရောင်လှိုင်းများ ပြင်းထန်စွာ လှုပ်ရှားနေခဲ့ပြီး ခန္ဓာကိုယ်၏ နာကျင်မှုကြောင့် သူ၏စိတ်ဓာတ်မှာ ပိုမို၍ပင် ခိုင်မာလာတော့သည်။ သူသည် စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်၏ နာကျင်မှုများကို မေ့ပျောက်အောင် ကြိုးစားကာ တည်ငြိမ်လှသော မြေကမ္ဘာကြီးအလား၊ နက်ရှိုင်းလှသော လျှို့ဝှက်ချက်များအလား အဆင့်အတန်းသို့ ရောက်ရှိရန် ကြိုးစားနေတော့သည်။

ကောင်းကင်ယံထက်တွင် လူရိပ်တစ်ခု ရပ်နေခဲ့ပြီး ၎င်းမှာ အမြုတေမင်ကျုံးပင် ဖြစ်၏။

သူသည် အဆုံးမဲ့သော မိုးကြိုးလျှပ်စီးများကြားတွင် ကျင့်ကြံနေသည့် လော့ချန်ကို ကြည့်ကာ မျက်ဝန်းထဲ၌ အလင်းတန်းများ ဝင်းလက်နေတော့သည်။

ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်၏ အန္တရာယ်ကို သူ သေချာပေါက် သိရှိပေသည်။ လော့ချန် ကျင့်ကြံသည့်နေရာတွင် တစ်စုံတစ်ခု မှားယွင်းသွားမည်ကို စိုးရိမ်သဖြင့် အကြီးအကဲချင်းချိုင်ကို ပို့ဆောင်ပြီးနောက် ဤနေရာသို့ လိုက်ပါလာခဲ့ခြင်း ဖြစ်၏။

လော့ချန်သည် ကျင့်ကြံမှု စတင်သည်နှင့် ဤမျှပြင်းထန်လှသော မိုးကြိုးချီစွမ်းအင်များကို ဆွဲသွင်းကာ ခန္ဓာကိုယ်ကို သန့်စင်နေသည်ကို မြင်ရသည့်အခါ သူပင်လျှင် အံ့အားသင့်သွားမိသည်။

သူသည် ပထမအဆင့်ဖြစ်သော မိုးကြိုးသန့်စင်ခြင်းကို စတင်ကျင့်ကြံစဉ်က မိုးကြိုးတစ်စင်းတည်းကိုသာ ဆွဲသွင်းဝံ့ခဲ့ခြင်း ဖြစ်၏။ ထိုစဉ်က ဆီပူအိုးထဲ ရောက်နေသကဲ့သို့ စိတ်ရောကိုယ်ပါ ပျက်စီးတော့မည့် ခံစားချက်မျိုးကို သူ ယခုထက်တိုင် မှတ်မိနေဆဲဖြစ်ပြီး သေမင်းတံခါးဝသို့ တစ်ခေါက် ရောက်သွားခဲ့သကဲ့သို့ပင် ဖြစ်၏။

လော့ချန်၏ လက်ရှိအခြေအနေမှာမူ သူ ကျင့်ကြံစဉ်ကထက် ဆယ်ဆမက ပို၍ အန္တရာယ်များလှပေသည်။ အမြုတေမင်ကျုံးသည် စောစောကပင် မနေနိုင်တော့ဘဲ ဝင်ရောက်တားဆီးရန် ပြင်ဆင်လိုက်မိသည်။

“ဒီလောက်အထိ ပြင်းထန်တဲ့ နာကျင်မှုကို သူက တောင့်ခံနိုင်ရုံတင်မကဘဲ စိတ်အာရုံကိုပါ ခွဲထုတ်ပြီး မိုးကြိုးသန့်စင်ခြင်း နည်းလမ်းအတိုင်း အရေပြားကို သန့်စင်နေနိုင်တာလား... ဒါက ရွှေခန္ဓာနယ်ပယ်ကို ရောက်နေတဲ့ ခန္ဓာကိုယ်ကျင့်ကြံမှု ပါရမီရှင်တစ်ယောက်ရဲ့ အစွမ်းပဲလား... ငါ ကြည့်တာ တကယ်ကို မမှားဘူးပဲ...”

မိုးကြိုးပင်လယ်ကြားက လော့ချန်ကို ကြည့်လျက် အမြုတေမင်ကျုံးသည် စိတ်ထဲမှပင် ခေါင်းညိတ်လိုက်မိသည်။

“ဟင်...”

ရုတ်တရက်ဆိုသလို အမြုတေမင်ကျုံး၏ မျက်ခုံးများ ပင့်တက်သွားခဲ့ပြီး အလွန်ပင် အံ့အားသင့်သွားရသည်။ လော့ချန်၏ တင်းတင်းကြုတ်ထားသော မျက်မှောင်များမှာ ယခုအခါ ဖြည်းဖြည်းချင်း ပြေလျော့လာသည်ကို သူ တွေ့ရှိလိုက်ရခြင်း ဖြစ်၏။

“စိတ်စွမ်းအားနဲ့ အရာအားလုံးကို ထိန်းချုပ်နိုင်တာပဲ... ခန္ဓာကိုယ်ရဲ့ နာကျင်မှုဆိုတာလည်း စိတ်စွမ်းအား တစ်မျိုးပဲလေ... သူက ဒီလောက်အထိ မြန်မြန်ဆန်ဆန်နဲ့ စိတ်စွမ်းအားနဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး တည်ငြိမ်တဲ့ အဆင့်ကို ရောက်သွားလိမ့်မယ်လို့ မထင်ထားဘူး...”

အမြုတေမင်ကျုံးသည် အံ့အားသင့်လွန်းသဖြင့် မှင်တက်သွားမိသည်။

သူသည် ဤအဆင့်သို့ ရောက်ရှိရန်အတွက် ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို အချိန်အတော်ကြာအောင် ကျင့်ကြံခဲ့ရပြီး တတိယအဆင့်သို့ ရောက်ခါနီးမှသာ နားလည်ခဲ့ခြင်း ဖြစ်၏။ လော့ချန်မှာမူ ကျင့်ကြံမှုစတင်ပြီး ၁၅ မိနစ်ပင် မပြည့်သေးသည်မဟုတ်ပါလော။

ဒါက ဘယ်လောက်တောင် ခိုင်မာတဲ့ ဇွဲလုံ့လနဲ့ ထိုးထွင်းသိမြင်မှုမျိုးလဲ။

“ဒီလို စိတ်ဓာတ်နဲ့ ထိုးထွင်းသိမြင်မှုမျိုးဆိုရင် ယွမ်လန်နယ်မြေအုပ်စုရဲ့ ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်လို့ ရနိုင်ရုံတင်မကဘဲ သူတို့ထက်တောင် သာလွန်နေဦးမှာပဲ... နှမြောစရာ ကောင်းတာကတော့...”

လော့ချန်၏ သိုင်းဝိညာဉ်အကြောင်းကို တွေးမိသည့်အခါ အမြုတေမင်ကျုံးသည် မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိပြီး နှမြောတသ ဖြစ်သွားမိသည်။ ၎င်းမှာ အဖိုးတန်လှသော ရတနာကြီးတစ်ခုပေါ်တွင် အက်ကြောင်းတစ်ခုကို တွေ့ရှိလိုက်ရသကဲ့သို့ပင် ဖြစ်၏။

သူသည် ခဏမျှ ထပ်မံစောင့်ကြည့်လိုက်ပြီး လော့ချန်တွင် မည်သည့်အန္တရာယ်မျှ မရှိတော့ကြောင်း သေချာသည့်အခါမှသာ ထွက်ခွာသွားတော့သည်။

“ဂျိမ်း... ဂျိမ်း... ဂျိမ်း...”

တောင်ကြားအတွင်း၌ ကျင့်ကြံမှုမှာ ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး စူးရှလှသော မိုးကြိုးလျှပ်စီးများမှာ လော့ချန်၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်နေသဖြင့် သူ၏ ဖြူစင်လှသော အရေပြားမှာ တဖြည်းဖြည်းနှင့် အရောင်ရင့်လာခဲ့ပြီး နောက်ဆုံးတွင် မည်းနက်သွားတော့သည်။

မိုးကြိုးချီစွမ်းအင်များ၏ သန့်စင်မှုကြောင့် လော့ချန်၏ အရေပြားချွေးပေါက်များမှတစ်ဆင့် ညိုမည်းနေသော သွေးပုပ်အချို့ စိမ့်ထွက်လာတော့သည်။

၎င်းတို့မှာ သူ၏အရေပြားလွှာ အနက်ရှိုင်းဆုံးနေရာရှိ အညစ်အကြေးများ ဖြစ်ကြပြီး မိုးကြိုးချီစွမ်းအင်များ၏ ဆေးကြောမှုအောက်တွင် တဖြည်းဖြည်းနှင့် သန့်စင်သွားခဲ့ရာ သူ၏အရေပြားလွှာတစ်ခုလုံးမှာ ပိုမို၍ ကျစ်လျစ်ခိုင်မာလာတော့သည်။

လော့ချန်သည် ရုတ်တရက် ခံစားချက်တစ်ခု ရရှိလိုက်သည်။ သူကိုယ်သူ မီးရဲရဲတောက်နေသော သံတုံးတစ်တုံးအလား ခံစားလိုက်ရပြီး မိုးကြိုးလျှပ်စီးများမှာမူ သံတူကြီးများ ဖြစ်ကြပေသည်။

သံတူကြီး ကျရောက်လာတိုင်း သူ၏ခန္ဓာကိုယ်ကို ထုနှက်နေပြီး ကိုယ်တွင်းအညစ်အကြေးများကို သန့်စင်ပေးနေခြင်း ဖြစ်၏။ အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်မှာ ပိုမို၍ စင်ကြယ်သန်မာလာသည်ကို ရှင်းလင်းစွာ ခံစားနေရပေသည်။

ဤသို့ဖြင့် ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။

စတုတ္ထမြောက်နေ့တွင်...

“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...”

ဝေးကွာလှသော ခေါင်းလောင်းသံ ငါးချက်သည် ရွှမ်ယွမ်ဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

ခေါင်းလောင်းသံကို ကြားရသည့်အခါ ရွှမ်ယွမ်ဂိုဏ်းရှိ တပည့်များနှင့် အကြီးအကဲများအားလုံးမှာ သူတို့၏ နေအိမ်များမှ ထွက်လာကြပြီး ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို စိုးရိမ်တကြီး မေးမြန်းနေကြတော့သည်။

ခေါင်းလောင်းသံ ငါးချက်ဆိုသည်မှာ ဂိုဏ်း၏ အရေးပေါ်ခေါင်းလောင်းသံ ဖြစ်သလို ဂိုဏ်းတစ်ခုလုံးကို ရိုက်ခတ်စေမည့် ကြီးမားသော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပေါ်လာသည့် အဓိပ္ပါယ် ဖြစ်ပေသည်။

အခန်း ၆၁၈ ပြီးပါပြီ။

All Chapters