လမ်းပိတ်တဲ့ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်
Vol. 21 Ch. 220
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင် အပြင်ဘက်တွင် တာအိုပေါင်းစည်းခြင်းအဆင့်များ အဇူရာတိမ်ဂိုဏ်းကို တလေးတစားလိုက်ပို့ခဲ့ပြီး မြင်ကွင်းမှပျောက်ကွယ်သွားသောအခါမှ စိတ်သက်သာရာ ရသွားခဲ့ကြသည်။
ချင်းယွင်ကျိရှိနေစဉ်က သူတို့အားလုံး ဘယ်သူမှ အသက်ကောင်းကောင်းပင်မရှူဝံ့ခဲ့ကြပေ။
မည်းမှောင်နေသောအမူအရာများဖြင့် တာအိုပေါင်းစည်းခြင်းအဆင့်များ ပြောလိုက်ကြ၏။
“ဒီတစ်ခေါက် ငါတို့အေတာ်ကြီးအတွက်မှားသွားခဲ့တယ်”
သူတို့တွက်ကိန်းလွဲချော်ခဲ့ခြင်းကြောင့် ထိပ်တန်းဂိုဏ်းကြီးများ များစွာ ဆုံးရှူံးခဲ့ကြရသည်။
ဘုန်းတော်ကြီးကျင်းရှန် ခါးသက်သက်ပြုံးကာ ပြောလိုက်၏။
“ကိုယ်ေတာ်တို့ထဲက ဘယ်သူမှ ချင်းယွင်ကျိ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ရောက်နေလိမ့်မယ်လို့ ထင်မထားခဲ့ကြဘူးလေ မင်းတို့လန်ကျားအထွတ်အမြတ်မြေနဲ့ ၀မ်လင်းဂိုဏ်းက ချင်းယွင်ကျိက ကပ်ဘေးလည်းမဖြတ်ကျော်ဘူး အဇူရာတိမ်ဂိုဏ်းကနေလည်းထွက်သွားလို့မရဘူးလို့ ပြောခဲ့တယ်မဟုတ်လား မင်းတို့သတင်းအချက်အလက်က မှားနေခဲ့တာ”
၀မ်လင်းဂိုဏ်းမှ တာအိုပေါင်းစည်းခြင်းအဆင့်ကျင်ကြံသူ ခါးသက်နေသောအမူအရာဖြင့် ပြောလိုက်သည်။
“ချင်းယွင်ကျိက နှစ်ရာချီကြာတဲ့ထိ အဇူရာတိမ်ဂိုဏ်းထဲက ခြေတစ်လှမ်းတောင်မထွက်ဘဲ နေခဲ့တာ သူကပ်ဘေးဖြတ်ကျော်သွားမယ်လို့ ဘယ်သူကထင်ထားမှာလဲ ငါတို့နေရာမှာ မင်းတို့ဆိုရင်ရော သံသယရှိနေနိုင်ပါ့မလား”
လူတိုင်း အူကြောင်ကြောင်သာ ပြုံးလိုက်ကြ၏။
နှစ်ပေါင်းရာချီကြာအောင် ဂိုဏ်းထဲကဂိုဏ်းပြင်မထွက်ဘဲ နေခဲ့သူကို ဘယ်သူက သံသယ၀င်ပါမည်နည်း။
“အထူးသဖြင့် ကျန်းယန်ပဲ…”တစ်ယောက်ယောက် လေးလေးနက်နက်ပြောလိုက်သည်။
“ကျန်းယန်က အခုလောက်အစွမ်းထက်နေမယ်လို့ ဘယ်သူကထင်မှာလဲ စကားမစပ် တာအိုမိတ်ဆွေချင်းစုန့် မင်းတို့ရှို့ယိဘုရားကျောင်းက ချင်းရှုက ဘယ်လိုဖြစ်တာလဲ ဘာလို့သူကအဇူရာတိမ်ဂိုဏ်းနဲ့အတူတူရှိနေတာလဲ မင်းတို့ဘုရားကျောင်းက အဇူရာတိမ်ဂိုဏ်းနဲ့ ပူးပေါင်းနေတာလား”
လူတိုင်း၏ မေးခွန်းများနှင့်ရင်ဆိုင်လိုက်ရသောအခါ ချင်းစုန့် ဒေါသတကြီးပြောလိုက်၏။
“ငါသာ သူတို့နဲ့ပူးပေါင်းထားရင် ဘာလို့ဒီနေရာမှာမင်းတို့နဲ့ရပ်စောင့်နေတော့မှာလဲ ချင်းရှုက စန်းစုန့်ရဲ့တပည့်ပဲ သူ့စိတ်နေစိတ်ထားက အရမ်းထူးဆန်းတယ် သူကအခြားတပည့်တွေနဲ့လည်းအဆင်မပြေဘူး အရိုးသားဆုံးပြောရရင် ငါလည်းဒီကလေးဘာလို့အဇူရာတိမ်ဂိုဏ်းနဲ့ပူးပေါင်းသွားလဲ နားမလည်ဘူး ဒီကိစ္စကို ဘုရားကျောင်းက သေချာစုံစမ်းရမယ်”
၀မ်လင်းဂိုဏ်းမှ တာအိုပေါင်းစည်းခြင်းအဆင့် အသာအယာပြုံးကာ မေးလိုက်၏။
“မင်းတို့က မင်းတို့ ဂိုဏ်းချုပ်ကိုအဇူရာတိမ်ဂိုဏ်းဆီလွှတ်ပြီး ချင်းရှုကိုပြန်ခေါ်ဖို့ စီစဉ်ထားတာလား”
ချင်းစုန့် ဆွံ့အသွားခဲ့ပြီး ဘာမှပြန်မပြောနိုင်တော့ပေ။
ချင်းယွင်ကျိသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ပညာရှင်တစ်ယောက်ဖြစ်သွားပြီဖြစ်သောကြောင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်မဟုတ်လျှင် ဘယ်သူက အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ သွားဝံ့ပါတော့မည်နည်း။
“ငါတို့လူတွေအားလုံးထွက်လာမှ ဒီတစ်ခေါက် ဘယ်လောက်ဆုံးရှုံးသွားသလဲ တွက်ကြတာပေါ့”
“ဟူးးး ဒီတစ်ခေါက်ကတကယ်ကို…”
နေ့၀က်ခန့်ကြာပြီးနောက် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲမှ လူများအားလုံး ထွက်လာခဲ့ကြ၏။
နောက်ဆုံးတွင် ထိုနေရာမှအသက်ရှင်လျက်ထွက်လာနိုင်ခဲ့သောကြောင့် သူတို့ပျော်လွန်း၍ မျက်ရည်များပင် ကျနေခဲ့ကြသည်။
ဂိုဏ်းကြီးများကြားထဲတွင်တော့ အဇူရာတိမ်ဂိုဏ်းကိုကျိန်ဆဲသံများ ဆူညံနေခဲ့၏။
သို့သော် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ပေါ်လာကြောင်း သိသွားသောအခါတွင်တော့ အတော်များများက တိတ်ဆိတ်သွားခဲ့ကြသည်။ လူနည်းစုကသာ အဓိပ္ပာယ်မရှိသော စကားများကို ဆက်အော်ဟစ်နေခဲ့ကြ၏။
ထိုစကားများမှာ
“ငါတို့မှာရော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေ မရှိလို့လား”
“ဘာလို့ ငါတို့ဂိုဏ်းတွေက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေက သူ့ကိုထွက်စိန်မခေါ်တာလဲ”
“သူတို့မှာက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ပဲရှိတာ ငါတို့ဂိုဏ်းတွေအားလုံးပေါင်းလိုက်ရင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေအများကြီးရှိတာ ဘာကြောက်စရာလိုလဲ”
ထိုရယ်စရာမှတ်ချက်များကို ကြားလိုက်ရသောအခါ တာအိုပေါင်းစည်းခြင်းအဆင့်များ ပြုံးသာပြုံးလိုက်မိကြသည်။
ဤကမ္ဘာကြီးပေါ်တွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ဘယ်နှစ်ယောက် ရှ်ိပါသနည်း။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၂ ယောက်ထွက်လာလျှင်ပင် ထိုအင်အားက ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဖျက်ဆီးရန် လုံလောက်သောပမာဏ ဖြစ်၏။
တာအိုပေါင်းစည်းခြင်းအဆင့်များ ဒီတစ်ခေါက်သူတို့၏ဆုံးရှုံးမှုများကို တွက်ချက်နေခဲ့သည်။
“ငါတို့၀မ်လင်းဂိုဏ်းက လူ ၈၇ ယောက်လွှတ်ခဲ့တာ အခု အသက်ရှင်လျက်ပြန်လာတာ ၂၀တောင်မရှိဘူး ကောင်းကင်ရတနာတွေကလည်း ဘာမှမရလုနီးနီးပဲ အတော်ဆိုးဝါးတယ်”
“ငါတို့မဟာနှင်းတောင်ဂိုဏ်းက ပိုတောင်ဆိုးသေးတယ် လန်ချင်းဖုန်းနဲ့တပည့်နည်းနည်းပဲ ပြန်လွတ်လာခဲ့တာ”
“ငါတို့ရှို့ယိဘုရားကျောင်းကတော့ သိပ်မဆိုးဘူး လူ၄၀ကျော် အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်”
….
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ပြိုင်ပွဲသည် ဆုံးရှူံးမှုရေတွက်သောပွဲအဖြစ်ပြောင်းလဲသွားခဲ့၏။
လူတိုင်းက ဆုံးရှုံးမှုများအကြောင်းရေတွက်နေရင်း သူတို့အကြည့်များက တစ်ကိုယ်တည်းထီးထီးကြီးရပ်နေရသော လန်ကျားအထွတ်အမြတ်မြေမှ တပည့်အနည်းငယ်ဆီ ရောက်ရှိသွားခဲ့သည်။
ဆုံးရှုံးမှုများအကြောင်းပြောကြကြေးဆိုလျှင် ဘယ်သူက လန်ကျားအထွတ်အမြတ်မြေလောက် ဆိုးပါဦးမည်နည်း။
သူတို့တပည့်အားလုံးနီးပါးသေဆုံးသွားခဲ့ရကာ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ကိုပင် ဆုံးရှုံးခဲ့ရသေး၏။
လူတိုင်းဆိုးဆိုးဝါးဝါးဆုံးရှုံးခဲ့ရသော်လည်း လန်ကျားအထွတ်အမြတ်မြေ၏အခြေအနေကို မြင်လိုက်ရသောအခါ သူတို့က အခြေအေနအများကြီးပိုကောင်းသလို ခံစားလိုက်ရသည်။
ထို့နောက် တပည့်များကို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲတွင် ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေးစိတ်မေးလိုက်ကြ၏။
ကျန်းယန်က ခံတပ်များအားလုံးကိုဖျက်ဆီးသည့်အကြောင်း ကြားသောအခါ ဘုန်းတော်ကြီးကျင်းရှန် အေးစက်စက်ပြောလိုက်သည်။
“ဒီကိစ္စမှာ ဒီတစ်ခေါက် တိုက်ပွဲကွင်းပြင်ထဲက ရတနာတွေအများဆုံးရရှိသွားတဲ့အဖွဲ့တွေက သံသယဖြစ်စရာ ကောင်းတယ်”
သူတို့သည် သူတို့ဒေါသများဖွင့်ထုတ်စရာ ပစ်မှတ်ကို တွေ့ရှိသွားခဲ့ချေပြီ။
“တိုက်ပွဲကွင်းပြင်ထဲ ၀င်ခဲ့တဲ့လူတိုင်းကိုစစ်ဆေးကြည့် ဒီတစ်ခေါက် အကျိုးအမြတ်တွေအများကြီးရခဲ့တဲ့လူတွေရဲ့ အသိစိတ်ပင်လယ်ကိုပါ နတ်အာရုံနဲ့စစ်ဆေးရမယ် သံသယရှိစရာလူတွေ့ရင် အားလုံးကိုသတ်ပစ်”
ဤသို့ဖြင့် တိုက်ပွဲကွင်းပြင်အပြင်ဘက်တွင် ပဋိပက္ခတစ်ခု စတင်ဖြစ်ပေါ်လာခဲ့၏။
ကောင်းကင်ရတနာများစွာရရှိထားသူများ တစ်ယောက်ချင်း ရှင်းလင်းခံနေရသည်ကိုမြင်သောအခါ ပါချင်းယန်တို့မျက်နှာများ ဖြူဖျော့သွားခဲ့သည်။
နောက်ဆုံးတွင် သူတို့ငါးယောက်လည်း ထိုအဖွဲ့ထဲတွင်ပါ၀င်ခဲ့သည် မဟုတ်ပါလော။
သို့သော် ကံကောင်းထောက်မပြီး ကျန်းယန်ကိုယုံကြည်ခဲ့၍သာ ကြိုတင်ပြင်ဆင်မှုများ လုပ်ထားနိုင်ခဲ့ခြင်း ဖြစ်၏။
အခုအချိန်တွင် လူတိုင်း ဂိုဏ်းကြီးများ၏မျက်နှာအစစ်အမှန်ကို မြင်လိုက်ကြရသည်။ သူတို့သည် သူတို့ဆက်ဆံသူများက တိုက်ပွဲကွင်းပြင်ထဲတွင် ဘာမှယူမလာနိုင်သောအခါ အခြားသူများ၏ ရတနာများကို ပေါ်တင်ပင် လုယက်နေခဲ့ကြ၏။
သူတို့၏ထိုအပြုအမူများကြောင့် ဂိုဏ်းငယ်များသည် သူတို့အပေါ်နက်နက်ရှိုင်းရှိုင်းမုန်းတီးသွားခဲ့ကြသည်။
ထိုအချိန်တွင် ချင်းယွင်ကျိတို့ကတော့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးနှင့်နီးကပ်လာခဲ့ကြ၏။
သူတို့ရောက်ခါနီးအချိန်တွင် ကုန်းမြေတိုက်ကြီးနား၌ ပုန်းေအာင်းေနေသာ ကျိုးကျွင်းချန်း ရုတ်တရက်ပေါ်ထွက်လာကာ သူတို့လှေပျံကို တားဆီးလိုက်လေသည်။
သူသည် အစကတော့ အဇူရာတိမ်ဂိုဏ်းမှလူများ ကုန်းမြေတိုက်ကြီးပေါ်မှ ထွက်မပြေးနိုင်စေရန် ဤနေရာတွင် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၏။ အခုလို တိုက်ပွဲကွင်းပြင်ကလူများပင် အန္တရာယ်ကင်းကင်းဖြင့် ပြန်လာနိုင်လိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့မိပေ။
လှေပျံထိပ်ဆုံးတွင်ရပ်နေသူကိုမြင်လိုက်ရသောအခါ သူအံ့အားတကြီးမေးလိုက်သည်။
“ချင်းယွင်ကျိလား မင်းကအဇူရာတိမ်ဂိုဏ်းကထွက်လာနိုင်တယ်လား”
“ထွက်နိုင်တယ်လေ အဲ့တာကထူးဆန်းလို့လား” ချင်းယွင်ကျိ လှေပျံပေါ်မှ ဆင်းလာခဲ့၏။
ကျိုးကျွင်းချန်း အားရပါးရရယ်မောလိုက်ကာ
“မထူးဆန်းတော့ပါဘူး လုံး၀မထူးဆန်းတော့ပါဘူး ဒါပေမယ့် မင်းထွက်လာပြီးမှတော့ အလုပ်ရှုပ်ခံပြီး ပြန်မနေပါနဲ့တော့ မင်းတို့အားလုံး၀မ်လင်းဂိုဏ်းကိုဧည့်သည်အဖြစ် လိုက်ခဲ့ကြ”
ရုတ်တရက်ဆိုသလို လှေပျံပေါ်သို့စွမ်းအားကြီးလှသောတာအိုစွမ်းအားကြီးတစ်ခု ကျရောက်လာခဲ့သည်။
“မင်းတို့အရင်ပြန်နှင့် ငါသူတို့ကိုခဏလောက်ရင်ဆိုင်လိုက်ဦးမယ်” ချင်းယွင်ကျိ ပြောလိုက်ပြီး လက်ဝေ့ယမ်း၍ လှေပျံကိုအဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ပို့ပေးလိုက်၏။
“ဟမ်” ကျိုးကျွင်းချန်း၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။
သူ့တာအိုဖိနှိပ်မှုအောက်တွင် ချင်းယွင်ကျိသည် လှုပ်ရှားနိုင်နေခြင်းလော။
ရုတ်တရက် ကျိုးကျွင်းချန်း သူနှင့်အဆင့်တူ တာအိုစွမ်းအားကြီးတစ်ခု ကောင်းကင်နှင့်မြေပြင်အောက်တွင်ပေါ်ထွက်လာသည်ကို သတိထားမိသွား၏။
သူလေးနက်သောအမူအရာဖြင့် ချင်းယွင်ကျိကိုကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့တာအိုက….မင်းကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုရောက်သွားပြီလား”