သူ့စွမ်းအားအနည်းငယ်ကိုသာ အသုံးပြုခြင်း
Vol. 21 Ch. 221
“အတိအကျပဲ” ချင်းယွင်ကျိ အသာအယာပြုံးလိုက်သည်။
ထို့နောက် ရုတ်ချည်းဆိုသလို လုံး၀နက်မှောင်နေသော အခြေမဲ့အနက်ရောင်ကောင်းကင်ကြီးတစ်ခု ထိုးတက်လာကာ ကျိုးကျွင်းချန်းကို ဝါးမြိုသွားခဲ့၏။
ကျိုးကျွင်းချန်း ကြမ်းကြုတ်စွာ အော်ဟစ်လိုက်လေသည်။ ထိုအခါ သူ့ကိုယ်မှမီးတောက်များထွက်ပေါ်လာခဲ့ပြီး ထိုမီးတောက်များက မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ကြီးတစ်ခုလုံးကိုဖုံးအုပ်သွားကာ ၇မိုင် ၈မိုင် ပတ်ပတ်လည်က သူ့မီးတောက်ပင်လယ်ကြီး၏ပိုင်နက်ဖြစ်သွားခဲ့၏။
နက်မှောင်နေသောကောင်းကင်ကြီးနှင့်မီးတောက်ပင်လယ်ကြီးက ထိပ်တိုက်ရင်ဆိုင်တွေ့ကာ အားပြိုင်နေခဲ့ကြသည်။
မီးတောက်များက အနက်ရောင်ကမ္ဘာကြီးကိုလောင်ကျွမ်းသွားအောင် ရှို့ပစ်ဖို့ ကြိုးစားနေသလို အနက်ရောင်ကမ္ဘာကြီးကလည်း မီးတောက်များကိုဝါးမြိုပစ်ဖို့ ကြိုးစားနေခဲ့၏။
ချင်းယွင်ကျိနှင့်ကျိုးကျွင်းချန်းတို့တိုက်ပွဲက ပိုမိုပြင်းထန်လာခဲ့ပြီး အနက်ရောင်ကမ္ဘာကြီးနှင့်မီးတောက်ကမ္ဘာကြီးနှစ်ခုလုံးက လျင်မြန်စွာ ပြန့်ကားလာခဲ့ပြီး မကြာခင်တွင် မိုင်လေးငါးဆယ်အထိ ဖုံးလွှမ်းသွားခဲ့သည်။
ထိုမျှနှင့်ရပ်မသွားဘဲ ထိုတိုက်ပွဲက အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့၏။
ကမ္ဘာကြီးနှစ်ခုပြန့်ကားနေရင်း သူတို့ပတ်ပတ်လည်ရှိ ကောင်းကင်နှင့်မြေပြင်နိယာမများအားလုံးက ဖရိုဖရဲဖြစ်ကုန်ကြသည်။ ကမ္ဘာကြီးနှစ်ခု၏ တိုက်စားမှုကိုခံရသော နိယာမများကဖရိုဖရဲဖြစ်ကုန်ကြပြီး မိုင်တစ်ထောင်ပတ်ပတ်လည်တွင် မိုးကြိုးများလျှပ်စီးများဖြင့် ပြည့်နှက်လာပြီး ကြောက်စရာကောင်းသော မုန်တိုင်းကြီးများလည်း တိုက်ခတ်လာခဲ့သည်။
တိုက်ပွဲသည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးနှင့် မဝေးသောနေရာတွင်ဖြစ်ပွားနေခြင်းဖြစ်သောကြောင့် မကြာခင်တွင် ထိုတိုက်ပွဲ၏ အဟုန်က ကုန်းမြေတိုက်ကြီးဆီ ရိုက်ခတ်လာခဲ့၏။
အဇူရာတိမ်ကုန်းမြေတိုက်ကြီးတောင်ပိုင်းတွင် မြေပြင်က ပြင်းထန်စွာ လှုပ်ခါလာခဲ့သည်။ တောင်များ အဆောက်အအုံများက ပြင်းထန်စွာ လှုပ်ခါကုန်ကြပြီး သတ္တဝါငယ်လေးများက ကြောက်လန့်တကြားထွက်ပြေးကုန်ကြကာ မြင်ကွင်းမှာ ကမ္ဘာပျက်ခါနီး မြင်ကွင်းလိုပင်။
ထို့နောက် ကောင်းကင်နှင့်မြေပြင်နိယာမများက ကြမ်းတမ်းရှုပ်ထွေးစွာ ယမ်းခါလာခဲ့၏။
ကုန်းမြေတိုက်ကြီးပေါ်တွင် လေမုန်တိုင်းများတိုက်ခတ်လာပြီး မိုးထိအောင်မြင့်သောလှိုင်းလုံးကြီးများက မြစ်များ ပင်လယ်များမှ ထိုးတက်လာခဲ့ကြသည်။
ထိုအခိုက်တွင် အဇူရာတိမ်ဂိုဏ်းသို့ပြန်နေသောကျန်းယန်တို့လည်း တုန်လှုပ်မှုကြောင့် ဖြူဖျော့ကုန်ကြ၏။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နှစ်ယောက်ကြားကတိုက်ပွဲက အခုလောက်ထိ ပြင်းထန်နေလိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြမိပေ။
မကြည်မသာမျက်နှာထားဖြင့် လင်းယွင်ကျိ ကောင်းကင်ဒဏ္ဍာရီကိုပြောလိုက်သည်။
“စီနီယာကျွန်တော်စီနီယာ့ကိုဒီနေရာက ကောင်းကင်နဲ့မြေပြင်နိယာမတွေကို တည်ငြိမ်အောင်လုပ်ပေးဖို့ ဒုက္ခပေးရဦးမယ် မဟုတ်ရင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးရဲ့တောင်ပိုင်းက ပျက်ဆီးသွားရလိမ့်မယ် ကျွန်တော်လည်း အဇူရာတိမ်ဂိုဏ်းကိုပြန်ပြီး ၀င်္ကပါကိုအသက်သွင်းဖို့ လိုသေးတယ်”
“သွားပါ” ကောင်းကင်ဒဏ္ဍာရီ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် လင်းယွင်ကျိ ကျန်းယန်တို့ကိုခေါ်ကာ အဇူရာတိမ်ဂိုဏ်းဆီ ထွက်ခွာလာခဲ့လေသည်။
ဂိုဏ်းထဲရောက်သည်နှင့် လင်းယွင်ကျိ အလျင်အမြန်အမိန့်ပေးလိုက်၏။
“မင်းတို့သက်ဆိုင်ရာတောင်ထွတ်အသီးသီးဆီပြန်ပြီး ၀င်္ကပါကိုအသက်သွင်းကြ ကျန်းယန် တောင်ထွတ်တွေဆီကို စိတ်ဝိညာဉ်ကျောက်တုံးခွဲပေးလိုက် အနည်းဆုံး တောင်ထွတ်တစ်ခုကို စိတ်ဝိညာဉ်ကျောက်တုံး ၁၀သန်းလိုတယ်”
ကျန်းယန် အလျင်အမြန်ပင် ရရှိလာသော စိတ်ဝိညာဉ်ကျောက်တုံး သန်း၃၀၀ကိုထုတ်ကာ တောင်ထွတ်တစ်ခုကို သန်း ၃၀ ဆီခွဲပေးလိုက်သည်။
လင်းယွင်ကျိ၏ လေးနက်နေပုံကြောင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀သန်းဖြင့် မလောက်မှာစိုးပြီး သူပိုပေးခဲ့ခြင်း ဖြစ်၏။
မကြာခင်တွင် အဇူရာတိမ်ဂိုဏ်းတစ်ခုလုံးသည် စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖုံးလွှမ်းခြင်းကို ခံလိုက်ရလေသည်။
ကျယ်ပြည့်လှဟော စိတ်ဝိညာဉ်စွမ်းအားများက ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့၏။
ရုတ်ချည်းဆိုသလို များစွာသော စိတ်ကူး၍မရအောင်စွမ်းအားကြီးသည့်စွမ်းအားများ ဂိုဏ်းထဲတွင် နိုးထလာခဲ့လေသည်။ ထိုအဖြစ်က အိပ်ပျော်နေသော စွမ်းအားကြီးနဂါးကြီးတစ်ကောင် ရုတ်တရက်မျက်လုံးဖွင့်လိုက်သလိုပင်။
ထိုစွမ်းအားများနိုးထလာသည်နှင့် ကုန်းမြေတိုက်ကြီးတစ်ခုလုံး တုန်ခါလာခဲ့၏။ သက်ရှိတိုင်းက အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ကောင်းကင်ကိုဖုံးအုပ်ထားသော အဆုံးမဲ့အောင် စွမ်းအားကြီးပြီး ထည်ဝါလွန်းသည့် အရာကြီးတစ်ခုကို ခံစားမိလိုက်ကြသည်။
ထိုအခိုက်တွင် ကောင်းကင်ထက်ရှိမြင်ကွင်းကလည်း ရုတ်တရက်ပြောင်းလဲသွားခဲ့၏။
ကောင်းကင်တွင်အဖြူရောင်တိမ်များဖြင့် ပြည့်နှက်နေပြီး ထိုတိမ်များက ရှေ့နောက်ပြေးနေကာ ကြိုမမြင်ရသော ဘယ်လိုကပ်ဘေးကိုမဆို တုန့်ပြန်ဖို့ အသင့်စောင့်နေသလိုပင်။
အဇူရာတိမ်ကုန်းမြေတိုက်ကြီးတောင်ပိုင်းတွင် ချင်းယွင်ကျိ ၀င်္ကပါအသက်၀င်လာတာကို သတိထားမိသွားခဲ့လေသည်။
သူအသာအယာပြုံးလိုက်ကာ ကျိုးကျွင်းချန်းကိုပြောလိုက်၏။
“အခုအဇူရာတိမ်ကုန်းမြေတိုက်ကြီးလုံခြုံသွားပြီဆိုတော့ နောက်ဆုံးေတာ့ ငါစွမ်းအားအပြည့်နဲ့တိုက်ခိုက်လို့ရပြီ ငါဒီအခိုက်အတန့်ကိုစောင့်နေခဲ့ရတာ နှစ်ပေါင်းများစွာကြာသွားခဲ့ပြီ အခုက ဖွင့်ထုတ်ပစ်ရမယ့် အချိန်ပဲ”
“မင်းရှိသမျှအကုန်ထုတ်ပြီး လာခဲ့စမ်းပါ” ကျိုးကျွင်းချန်း လှောင်ပြောင်လိုက်သည်။
သူတို့နှစ်ယောက်လုံးသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ ဖြစ်နေလေရာ ဘာကြောက်စရာလိုပါမည်နည်း။
ချင်းယွင်ကျိ မောက်မာစွာရယ်မောလိုက်ကာ လူ့လက်နှစ်ဖက်ကို အကျယ်ကြီး ဖြန့်လိုက်၏။ ရုတ်ချည်းဆိုသလို အနက်ရောင်ကမ္ဘာကြီးက ကြမ်းတမ်းစွာ ကျယ်ပြန့်လာခဲ့ပြီး မိုင်လေးငါးဆယ်မှ မိုင်တစ်ရာ ထိုမှ မိုင်နှစ်ရာ ထိုမှ မိုင်သုံးရာလေးရာထိ ပြန့်ကားသွားခဲ့သည်။
အကွာအဝေးတိုးလာသည်နှင့် ထိုကမ္ဘာထဲရှိအမှောင်ထုက အရောင်ဖျော့လာခဲ့ပြီး နောက်ဆုံးတွင် အဇူရာတိမ်ဂိုဏ်းအပျက်အဆီးနယ်မြေထဲတွင် တွေ့ရသော မီးခိုးရောင်အဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုအဖြစ်ကိုမြင်သောအခါ ကျိုးကျွင်းချန်း၏သူငယ်အိမ်များ မှေးကျဉ်းသွားခဲ့သည်။
ချင်းယွင်ကျိ၏ကမ္ဘာထဲတွင် များစွာသော ပုံရိပ်ကြီးများတည်ရှိနေခဲ့၏။ ပုံရိပ်တစ်ခုချင်းစီက ပေထောင်ချီမြင့်မားကာ မီတာပေါင်းဒါဇင်နှင့်ချီအောင် တုတ်ခိုင်ပြီး တစ်ယောက်မှ လူသားနှင့်မတူကြပေ။
ကျိုးကျွင်းချန်း တုန်လှုပ်သွားခဲ့သည်။ ထိုကမ္ဘာထဲရှိ အရာများက ဘယ်လိုအရာများ ဖြစ်နိုင်ပါသနည်း။
ရုတ်တရက် ထိုဧရာမပုံရိပ်ကြီးများသည် သူတို့မျက်လုံးများကို ဖွင့်လိုက်ကြ၏။
မျက်လုံးကြီးများက အိမ်တစ်လုံးအရွယ်အစားလောက်ရှိပြီး ကြက်သွေးရောင် တောက်နေခဲ့သည်။
ထိုပုံရိပ်ကြီးများ မျက်လုံးဖွင့်လိုက်သည်နှင့် မီးခိုးရောင်ကမ္ဘာကြီးက ဝုန်းဒိုင်းကြဲသွားခဲ့၏။
“ဂါးးးးး”
ဧရာမပုံရိပ်ကြီးတစ်ခုထံမှ နားကွဲလုမတတ်ကျယ်လောင်သောဟိန်းသံကြီးထွက်ပေါ်လာပြီး မြေပြင်ကိုခြေတစ်ချက်ဆောင့်လိုက်လေရာ ကြောက်မက်ဖွယ်စွမ်းအားကြီးတစ်ခုထွက်ပေါ်လာပြီး ကျိုးကျွင်းချန်း၏ မီးတောက်ကမ္ဘာကြီးဆီ ပြေး၀င်သွားခဲ့လေသည်။
“အူးးးး”
ဒုတိယမြောက်ပုံရိပ်ကြီး၏ အဆုတ်ကွဲမတတ်အော်သံကြီးက ကျိုးကျွင်းချန်း၏ပိုင်နက်ဆီ ပြေး၀င်သွားခဲ့ပြန်၏။
ချင်းယွင်ကျိ ကျိုးကျွင်းချန်းကိုလက်နှစ်ချောင်းထောင်ပြကာ မောက်မာစွာ ပြောလိုက်သည်။
“ငါမင်းနဲ့ရင်ဆိုင်ဖို့ ငါ့ခွန်အားနှစ်ပုံကိုပဲထုတ်သုံးမယ် ကျန်တာကိုတော့ အခြားသူတွေအတွက် ချန်ထားမယ်”
ကျိုးကျွင်းချန်း ဒေါသတကြီးအော်ပြောလိုက်၏။
“ငါကြောက်မယ်ထင်နေတာလား ငါအဲ့ဒီမကောင်းဆိုးဝါးနှစ်ကောင်ကို ဘယ်လိုဖျက်ဆီးပစ်မလဲ စောင့်ကြည့်နေ”
ထိုအခိုက်တွင် ဧရာမပုံရိပ်ကြီးနှစ်ခုက သူ့မီးတောက်ကမ္ဘာထဲ ပြေး၀င်လာခဲ့ကြလေသည်။
ကျိုးကျွင်းချန်း ချက်ချင်း သူ့မီးတောက်စွမ်းအားများကို စုစည်း၍ ထိုပုံရိပ်များဆီ ပစ်လွှတ်လိုက်၏။ ထိုစွမ်းအားက တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ကို အလွယ်လေးသတ်ပစ်နိုင်သော စွမ်းအားမျိုးဖြစ်သည်။
သို့သော် ထိုမီးတောက်များ ဧရာမပုံရိပ်ကြီးနှစ်ခုပေါ် ကျရောက်သွားသောအခါတွင်တော့
ပထမတစ်ကောင်က မီးတောက်စွမ်းအားကိုလုံး၀လျစ်လျူရှုထားခဲ့၏။
ဒုတိယတစ်ကောင်ကတော့ ချက်ချင်း မီးလောင်ခံလိုက်ရပြီး မီးတောက်များက ကောင်းကင်တစ်ခွင်ပြည့်နှက်သွားခဲ့သည်။
ကျန်ရှိနေသေးသော ဧရာမပုံရိပ်ကြီးသည် သူ့လက်သည်းကြီးများကို မြှောက်ကာ ဟိန်းေဟာက်လုိက်ပြီး ဧရာမခြေထောက်ကြီးများဖြင့် မြေပြင်ကိုပေါက်လိုက်၏။
“ဂါးးးး”
ရုတ်ချည်းဆိုသလို ကျိုးကျွင်းချန်း၏မီးတောက်ကမ္ဘာတွင် အက်ကြောင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။
ကျိုးကျွင်းချန်းအမူအရာလည်း သိသိသာသာပြောင်းလဲသွားခဲ့၏။
ဒါက သူ့တာအိုကိုယ်တိုင်ပဲ!
ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ!
ဘာလို့သူကမီးေတာက်နိယာမရဲ့သက်ရောက်ခြင်းကိုမခံရတာလဲ ဘာလို့ သူ့ခွန်အားကဒီလောက်ကြီးနေရတာလဲ!
မီးလောင်ခံထားရသော ဘီလူးကြီးသည်တကိုယ်လုံး မီးတောက်များဖြင့်လွှမ်းခြုံခြင်းကို ခံနေခဲ့ရသည်။
ထိုစဉ် ထိုကောင်ကြီးသည် သူ့ပါးစပ်ကြီးကိုဟ၍ စုပ်ယူဟန်ပြုလုပ်လိုက်လေရာ သူ့ကိုယ်ကိုတောက်လောင်နေသော မီးတောက်များက သူ့ပါးစပ်ထဲသို့ စုပ်ယူခြင်းကို ခံလိုက်ရ၏။
“ရပ်လိုက်စမ်း!” ကျိုးကျွင်းချန်း ကြောက်လန့်တကြား အော်ပြောလိုက်လေသည်။
ထိုအရာက သူနှစ်ပေါင်းများစွာကြာအောင်ကျင့်ကြံထားရသော တာအိုစွမ်းအားဖြစ်လေရာ အဘယ်သို့ ထိုမကောင်းဆိုးဝါး၏ စုပ်ယူသွားခြင်းကို ခံနိုင်ပါမည်နည်း။