အခန်း (၁၈၅၄-၁၈၅၆)
Vol. 99 Ch. 1854-1856
အခန်း (၁၈၅၄) - အာရှ၏ ပုလဲ လက်ဝယ်ပိုင်ပိုင်
~ယဲ့ဖန်သည် ဟွမ်ရှုချိုင်၏ ရင်ဘတ်ပေါ်သို့ ခြေထောက်တင်ကာ ဖိနင်းထားလိုက်ပြီး... နာကျင်မှု ခလုတ်များကို သူ၏ အတွင်းအားဖြင့် တမင်သက်သက် ဖိနှိပ်လိုက်၏။
"အ့... အား..."
ဟွမ်ရှုချိုင်၏ နှုတ်ဖျားမှ ဝက်သတ်သံကဲ့သို့ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။
ပြင်းထန်လှသော နာကျင်မှုကြောင့် ဟွမ်ရှုချိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်မရနိုင်အောင် တဆတ်ဆတ် တုန်ခါနေရှာသည်။
သို့သော် ယဲ့ဖန်က ခြေထောက်ကို ဖယ်ရှားပေးခြင်း မရှိဘဲ၊ ဆက်လက်၍သာ ဖိနင်းထားလိုက်သေး၏။
မကြာမီမှာပင် ဟွမ်ရှုချိုင်၏ နဖူးပြင်တစ်ခုလုံး အေးစက်သော ချွေးသီးချွေးပေါက်များဖြင့် ဖုံးလွှမ်းသွားတော့၏။ သူ၏ အသံများပင် တုန်ရီနေတော့၏။
"ကျွန်... ကျွန်တော် ဖွင့်ပေးပါ့မယ်"
ထိုအခါမှ ယဲ့ဖန်သည် ခြေထောက်ကို ဖယ်ပေးလိုက်ပြီး၊ ဟွမ်ရှုချိုင်အား ဗီရိုဆီသို့ သွားခွင့် ပြုလိုက်လေ၏။
လက်ဖက်ခြောက်ဘူးများကို ရုံးခန်းအတွင်းရှိ သာမန် ဗီရိုတစ်ခုထဲတွင် ထည့်သိမ်းထားခြင်း ဖြစ်ပြီး၊ အပြင်ဘက် သော့ခလောက်မှာလည်း ထွေထွေထူးထူး ဆန်းပြားလှသည် မဟုတ်ပေ။ သူခိုးဘုရင်ထံမှ သော့ဖွင့်ပညာ အနည်းငယ် သင်ယူထားသော ယဲ့ဖန်ကို မဆိုထားနှင့်၊ သော့ဖွင့်နည်း အခြေခံလောက် နားလည်သူဆိုလျှင်ပင် လွယ်ကူစွာ ဖွင့်နိုင်မည့် အနေအထား ဖြစ်သည်။
သို့သော် ဤသော့ကို ဖွင့်လိုက်ပြီးနောက်တွင်မူ... အတွင်း၌ မီးခံသေတ္တာငယ် တစ်လုံး ရှိနေလေ၏။
ထိုမီးခံသေတ္တာကတော့ အနည်းငယ် လက်ဝင်မည့်ပုံ ပေါက်၏။
မျက်နှာပြင်ပေါ်တွင် စကားဝှက်သော့ ပါရှိရုံသာမက၊ အတွင်းပိုင်းတွင် လက်ဗွေရာ စစ်ဆေးသည့် စနစ်ပါ ထပ်မံ ပါရှိနေသေးသည်။
သော့နှစ်ဆင့်လုံး ပွင့်သွားသောအခါ... လက်ရာမြောက်လှသည့် ပိုးသားသေတ္တာလေး တစ်ခု ထွက်ပေါ်လာလေ၏။
ယဲ့ဖန်သည် ပိုးသားသေတ္တာကို ကိုင်ပင် မကြည့်ရသေးသော်လည်း၊ သူ၏ 'ရတနာရှာဖွေရေး စနစ်' လမ်းညွှန်ချက်အရ ဒါသည် သူ ရှာဖွေနေသော ပစ်မှတ် ဖြစ်ကြောင်း အတိအကျ အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။
“အာရှ၏ ပုလဲ”
ဟွမ်ရှုချိုင်ကတော့ ပိုးသားသေတ္တာကို ထုတ်ယူလိုက်ချိန်တွင် ခေတ္တမျှ တုံ့ဆိုင်းနေမိသည်။
"ကျွန်တော် တကယ် နောက်နေတာ မဟုတ်ဘူးနော်... ကျွန်တော့်နောက်က ဆရာကြီးက ဒီပစ္စည်းကို အရမ်း စိတ်ဝင်စားနေတာ"
"ဒီမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ သူ အတိအကျ မသိရင်တောင်မှ... ဒီပစ္စည်း ပျောက်သွားပြီဆိုတာ သိတာနဲ့ သဲလွန်စရှာဖို့ ရူးသွပ်မတတ် လုပ်တော့မှာ..."
"သူ့ရဲ့ စွမ်းရည်နဲ့ဆိုရင်... မကြာခင် ခင်ဗျားတို့ကို ရှာတွေ့..."
ယဲ့ဖန်သည် သူ့စကားဆုံးအောင်ပင် စောင့်မနေတော့ဘဲ၊ ပိုးသားသေတ္တာကို လှမ်းယူလိုက်တော့၏။
ထို့နောက် ဟွမ်ရှုချိုင်၏ ခန္ဓာကိုယ်မှ သွေးကြောပေါက် အချို့ကို လက်ဖြင့် ထိုးနှက်လိုက်လေ၏။
ယဲ့ဖန်၏ လှုပ်ရှားမှုအပြီးတွင်... သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးစီးဆင်းမှုနှုန်းမှာ ရုတ်တရက် မြန်ဆန်လာကြောင်း ဟွမ်ရှုချိုင် ခံစားလိုက်ရသည်။
တက်တူးနှင့်လူ၏ လက်ချက်ကြောင့် ရရှိထားသော ဒဏ်ရာများမှ သွေးများသည် ရေပိုက်ခေါင်း ဖွင့်ချလိုက်သကဲ့သို့ တရဟော စီးကျလာပြီး၊ သွေးထွက်လွန်မှုက လျင်မြန်စွာ ဖြစ်ပေါ်လာတော့၏။
သူ၏ မျက်နှာထားသည် ထိတ်လန့်မှုကြောင့် ပျက်ယွင်းသွားပြီး ယဲ့ဖန်ကို ကြောက်ရွံ့တကြား မော့ကြည့်လိုက်မိ၏။
"ခင်... ခင်ဗျား ကျွန်တော့်ကို ဘာလုပ်လိုက်တာလဲ"
"ပုလဲကို ယူပြီး မင်းကို ပြန်ပေးလိုက်တာလေ"
"ဘာလို့... ဘာလို့ ကျွန်တော့်သွေးတွေ ဒီလောက် အများကြီး ရုတ်တရက် ထွက်လာရတာလဲ"
တစ်ချိန်တည်းမှာပင် သူသည် အလွန်အမင်း ကြောက်လန့်သွားပြီး သွေးတိတ်စေရန် ရှေးဦးသူနာပြုသေတ္တာကို ရှာဖွေဖို့ ပြင်လိုက်သည်။
သို့သော် ယဲ့ဖန်က သူ့ကို ထိုအခွင့်အရေး ပေးပါ့မလား။
ဟွမ်ရှုချိုင်တစ်ယောက် ရှေးဦးသူနာပြုသေတ္တာကို လှန်လှောရှာဖွေရန် ပြင်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ယဲ့ဖန်က သူ့ဖင်ကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်တော့၏။
ဝုန်း...။
ဟွမ်ရှုချိုင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီးနောက်၊ ယဲ့ဖန်က သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ သူကုန်းထလိုက်တိုင်း ယဲ့ဖန်က နောက်ထပ် တစ်ချက် ထပ်ကန်သည်။
ကြောင်က ကြွက်ကို ကစားသကဲ့သို့ပင်။
ဟွမ်ရှုချိုင်ခမျာ သွေးထွက်လွန်ပြီး ခွန်အားများ ကုန်ခမ်းလာကာ၊ မတ်တပ်ရပ်ဖို့ပင် အားမရှိတော့ဘဲ ယိုင်နဲ့နဲ့ ဖြစ်လာမှသာ ယဲ့ဖန်က အေးစက်စက် ပြုံးလိုက်လေ၏။
"မင်းက ဒီလောက်တောင် အပြစ်တွေ ကျူးလွန်ထားပြီးမှ... လွတ်မြောက်ရာလမ်း ရှိသေးတယ်လို့ ထင်နေတာလား"
"မင်းရဲ့ သွေးတွေ စီးကျနေတာကို ထိုင်ကြည့်ရင်း... မင်းရဲ့ အသက်ဓာတ်တွေ တစ်စတစ်စ ပျောက်ဆုံးသွားတာကို ခံစားလိုက်စမ်း... မင်း လက်ချက်နဲ့ သေသွားရတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ သေခါနီး စိတ်ပျက်အားငယ်မှုကို ကိုယ်ချင်းစာကြည့်ပေါ့ကွာ"
"မလုပ်... မလုပ်ပါနဲ့"
ဟွမ်ရှုချိုင်သည် ထိုကဲ့သို့သော စိတ်ပျက်အားငယ်မှုကို ကိုယ်တိုင် မကြုံတွေ့လိုသဖြင့် ကပျာကယာ တောင်းပန်လိုက်သည်။
ယဲ့ဖန်သည် သူ့ကို စကားပြောခွင့် မပေးတော့ဘဲ၊ နောက်ထပ် ခြေထောက်ဖြင့် အားပါပါ ကန်ကျောက်လိုက်ပြီး အသံအကပ် သွေးကြောပေါက်ကိုပါ ပိတ်လိုက်တော့၏။
ဟွမ်ရှုချိုင် သေလုမြောပါး ဖြစ်နေမှသာ ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့သည် သူတို့ လာရောက်ခဲ့သည့် ခြေရာလက်ရာများကို ရှင်းလင်းလိုက်ကြသည်။ ထို့နောက် ကျောင်းရှိ ကြိုးဖုန်းကို အသုံးပြုကာ ရဲစခန်းသို့ ဆက်သွယ်လိုက်ကြ၏။
"သခင်... ကျွန်မ အရင်က ကြားဖူးတယ်... မြောက်ပိုင်းမြန်မာပြည်က ငွေလိမ်ဂိုဏ်းတွေရဲ့ နောက်ကွယ်က ဆရာကြီးက အတော်လေး အာဏာကြီးတယ်တဲ့... ပြီးတော့ အဲ့ဒီမှာ ဝရမ်းပြေးတွေလည်း အများကြီး ရှိတယ်... သူတို့ကသာ ကျွန်မတို့ကို ပစ်မှတ်ထားလာရင် အတော်လေး ပြဿနာတက်နိုင်တယ်နော်"
ထိုအချိန်ကျမှ ဖူမာကျန်းဝူသည် စိတ်မထိန်းနိုင်တော့ဘဲ သတိပေးလိုက်မိသည်။
"ကျွန်မတို့ ကြိုတင် ပြင်ဆင်ထားသင့်လား"
သို့သော် ယဲ့ဖန်က ခေါင်းခါလိုက်ပြီး လုံးဝ ဂရုစိုက်ပုံ မရပေ။
"သူတို့က ရပ်ကွက်လူမိုက် အဆင့်လောက်ပါပဲကွာ"
"ဒီလူတွေက ဖော့ခ်စီးတီးမှာ လူအများ မသိအောင် ဒီလိုကျောင်းမျိုး ဖွင့်ထားနိုင်တယ်ဆိုတော့... သူတို့မှာ သေချာပေါက် အဆက်အသွယ်တွေ၊ အာဏာတွေ ရှိနေမှာပဲ"
ဖူမာကျန်းဝူကတော့ စိုးရိမ်နေဆဲပင်။
ယဲ့ဖန်က သူမ၏ ပါးလေးကို ဆွဲညှစ်လိုက်ပြီး ပြုံးကာ ပြောလိုက်လေ၏။
"မင်းသခင်ရဲ့ အမိန့်ကိုပဲ နားထောင်စမ်းပါ"
"မင်းသခင်ကို ယုံလိုက်... ဒီ နေမဝင်အင်ပါယာထဲက အဲ့ဒီ ငွေလိမ်ကောင်တွေရဲ့ ကျောထောက်နောက်ခံက တော်ဝင်မိသားစုသာ မဟုတ်ရင်... သူတို့ ဒီမှာ ဘယ်လောက်ပဲ အာဏာကြီးကြီး မင်းသခင်လောက်တော့ စွမ်းမှာ မဟုတ်ပါဘူး
အခန်း (၁၈၅၅) - ဘဏ်ဓားပြတိုက်ရင် ဘယ်လောက်ရမှာမို့လို့လဲ
~"သခင်က... တကယ်ကြီးတာပဲနော်"
ဖူမာကျန်းဝူသည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး ရုတ်တရက် ထပြောလိုက်လေ၏။
"...."
ယဲ့ဖန်၏ ခေါင်းပေါ်တွင် မေးခွန်းထုတ်သည့် သင်္ကေတများ ပျံဝဲသွားသကဲ့သို့ ဖြစ်သွားရတော့၏။
'ငါပြောနေတာက နေမဝင်အင်ပါယာထဲက ငါ့ရဲ့ အာဏာနဲ့ အဆက်အသွယ်တွေကို ပြောနေတာလေ... ဒီကောင်မလေး ဘာတွေ လျှောက်တွေးနေတာလဲ... စကားကို ဒီလိုပြောရင် ရဲဖမ်းသွားတတ်တယ်ဆိုတာ မသိဘူးလား'
သို့သော် ထိုအချိန်၌ပင် ဖူမာကျန်းဝူသည် ယဲ့ဖန်၏ မျက်နှာထားကို သတိပြုမိသွားပုံရသည်။ သူမက ကပျာကယာ ထပ်ဖြည့်ပြောလိုက်လေ၏။
"သခင်ကလည်း... အရမ်းကြီး လျှောက်မတွေးပါနဲ့... ကျွန်မ ပြောချင်တာက အများကြီးပါ"
"ဥပမာ... သခင့်ရဲ့ ခွန်အားတွေ... သခင့်ရဲ့ အရွယ်အစားတွေ... ပြီးတော့ သခင့်ရဲ့ လက်သီးတွေလေ..."
"တော်ပါတော့... ဆက်ပြီး ရှင်းပြမနေနဲ့တော့... ရှင်းပြလေ ပိုဆိုးလေ ဖြစ်နေမယ်"
ယဲ့ဖန်သည် ပြောပြောဆိုဆိုနှင့် သူမ၏ ပါးလေးကို နောက်တစ်ကြိမ် လှမ်းဆွဲညှစ်လိုက်ပြန်သည်။
ဖူမာကျန်းဝူမှာ မျက်နှာလေး ရဲနေသော်လည်း ယဲ့ဖန် ဆွဲညှစ်သမျှကို ငြိမ်ခံနေရှာ၏။
ယဲ့ဖန် လက်ပြန်ရုတ်လိုက်သောအခါ သူမ၏ မျက်လုံးများက ယဲ့ဖန်လက်ထဲရှိ လက်ရာမြောက်လှသည့် ပိုးသားသေတ္တာလေးအပေါ်သို့ ကျရောက်သွားတော့၏။
"ဒါနဲ့... သခင်... အဲ့ဒါ ဘာကြီးလဲဟင်... ခုနက ဟိုတိရစ္ဆာန်ကောင် ပြောပုံအရဆိုရင် သခင်က ဒီပစ္စည်းကို လာယူတာလား"
ယဲ့ဖန် ကိုယ်တိုင်လည်း ဒဏ္ဍာရီလာ 'အာရှ၏ ပုလဲ' အစစ်အမှန်ကို မြင်ဖူးချင်နေသည်မှာ ကြာပြီ ဖြစ်သည်။ သူမ မေးလာသည်ကို အခွင့်ကောင်းယူ၍ ဖူမာကျန်းဝူကို ကားပေါ်သို့ ပြန်ခေါ်သွားပြီးနောက် ပိုးသားသေတ္တာကို ဖွင့်ပြလိုက်လေ၏။
ထိုအခိုက်အတန့်၌... အံ့အားသင့်သော အရိပ်အယောင်တစ်ခုက သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွား၏။
ဤ 'အာရှ၏ ပုလဲ' သည် သူ စိတ်ကူးယဉ်ခဲ့ဖူးသော ညအလင်းပုလဲကြီးများနှင့် လုံးဝ မတူကွဲပြားနေသည်။
ပထမဦးဆုံး အချက်အနေဖြင့်... လူတိုင်း ထင်မြင်ယူဆထားသလိုမျိုး လုံးဝန်းနေခြင်း မရှိပေ။ ထိုအစား ခရမ်းသီးအသေးစားလေး တစ်လုံး၏ ပုံသဏ္ဌာန် ရှိနေသည်။ အချင်းအားဖြင့် ( ၇ ) စင်တီမီတာခန့် ရှိပြီး၊ ကြည့်လိုက်သည်နှင့် ပြည့်ဖောင်းတင်းရင်းကာ ချောမွတ်နေသော ခံစားမှုကို ပေးစွမ်းနေ၏။
နောက်တစ်ချက်ကတော့ ပုလဲ၏ ပုံပန်းသဏ္ဌာန်ပင်။ သဘာဝ ပုလဲသား အပြင်၊ ကျွမ်းကျင်သော ပညာရှင်တစ်ဦးက အထူးတလည် ပုံဖော်ထားသကဲ့သို့ ရွှေကိုင်း ကျောက်စိမ်းရွက်များဖြင့် မြှုပ်နှံထားလေ၏။
ရွှေကိုင်း ကျောက်စိမ်းရွက်နှင့် ခရမ်းသီးပုံစံ ပုလဲတို့ ပေါင်းစပ်လိုက်သောအခါ... ရတနာသစ်ပင်မှ အသီးတစ်လုံး သီးပွင့်နေသကဲ့သို့ ကျက်သရေ ရှိလှပေသည်။
"ဒီပုလဲက... သိပ်လှတာပဲနော်"
ဖူမာကျန်းဝူလည်း ယဲ့ဖန်ကဲ့သို့ပင် ခံစားလိုက်ရသည်။ 'အာရှ၏ ပုလဲ' ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသောအခါ မနေနိုင်ဘဲ ရေရွတ်လိုက်မိတော့၏။
"ပြီးတော့ အရမ်းလည်း ကြီးတာပဲ... ကျွန်မ အရင်က မြင်ဖူးသမျှ ပုလဲတွေထက် အများကြီး ပိုကြီးတယ်"
"သူ့မှာ... ကမ္ဘာကျော်တဲ့ နာမည်တစ်ခု ရှိတယ်... 'အာရှ၏ ပုလဲ' တဲ့"
ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။
"အာရှ၏ ပုလဲ..."
ယဲ့ဖန်၏ မိတ်ဆက်စကားကြောင့် ဖူမာကျန်းဝူမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရှာ၏။
"နာမည်ကြီး ပစ္စည်းပဲ"
"ကျွန်မ ကြားဖူးတာတော့... အဲ့ဒီပုလဲက ဟိုးအဝေးကြီးက ပါရှန် ပင်လယ်ကွေ့ကနေ လာတာဆို... အိန္ဒိယက မဂိုဘုရင်တွေ၊ ပါရှန်မင်းသားတွေ အပါအဝင် အင်ပါယာ အုပ်စိုးသူ အဆက်ဆက် လက်ထဲမှာ ရှိခဲ့ဖူးတဲ့ ရှားပါး သဘာဝ ပုလဲကြီးတဲ့... နောက်ဆုံး ပိုင်ဆိုင်ခဲ့တဲ့ အုပ်စိုးသူ နှစ်ယောက်ကတော့ နဂါးနိုင်ငံ ချင် မင်းဆက်က ချန်လုံဧကရာဇ်နဲ့ စီရှီး မယ်တော်ကြီး တို့ပဲ... စီရှီးမယ်တော်ရဲ့ အသည်းစွဲ ရတနာလို့တောင် ပြောလို့ရတယ်... ဒီပုလဲရဲ့ တန်ဖိုးက ဖြတ်လို့မရဘူး... ရှားပါးပြီး လက်ရာမြောက်ရုံတင် မကဘူး... ခေတ်အဆက်ဆက် အုပ်စိုးသူတွေကိုပါ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ သမိုင်းဝင် ပစ္စည်းလေ"
"မဆိုးဘူးပဲ... မင်းက ဒီပုလဲအကြောင်း တော်တော်လေး သိထားတာပဲ"
ယဲ့ဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"အခုလက်ရှိ ဒီပုလဲရဲ့ ကာလတန်ဖိုးက ယွမ်ငွေ သန်း (၆၈၀) လောက် ရှိတယ်... ဒေါ်လာနဲ့ဆိုရင် သန်း (၈၀)... ဂျပန်ယန်းငွေနဲ့ဆိုရင် (၁.၄) ဘီလီယံလောက် ရှိမှာပေါ့"
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက... အာရှ၏ ပုလဲ ဂျပန်မှာ ပေါ်လာဖူးလို့ ဂယက်အကြီးကြီး ထသွားဖူးတယ်လေ... အဲ့ဒါကြောင့် ကျွန်မ ကြားဖူးတာပါ"
ဖူမာကျန်းဝူက ပုလဲကြီးကို နောက်တစ်ကြိမ် ပြန်ငေးကြည့်လိုက်ရင်း...
"သခင်... သခင် ပိုက်ဆံရှာတာက ဓားပြတိုက်တာထက်တောင် မြန်နေပါရောလား"
"ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ... ဒီလောက် များပြားတဲ့ ကြွယ်ဝချမ်းသာမှုကို ရလိုက်တယ်နော်"
ယဲ့ဖန်က ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်သည်။
"ပေါက်ကရ... ဘဏ်ဓားပြတိုက်တာက ဒီလောက် မြန်ပါ့မလား"
"ဘဏ်တစ်ခါ တိုက်ရင် ဘယ်လောက်ရမှာမို့လို့လဲ... ဒီ အာရှပုလဲ တစ်လုံးတည်းနဲ့တင် ဘဏ်ထဲက ပိုက်ဆံထက် အများကြီး ပိုတန်ဖိုးရှိနေပြီ"
"ဟုတ်သားပဲနော်"
ဖူမာကျန်းဝူ သဘောကျစွာ ရယ်မောလိုက်မိသည်။
ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ သူမ ဆက်မေးလိုက်လေ၏။
"ဒါနဲ့... သခင်... ကျွန်မတို့ နောက်ထပ် ဘယ်ကို ဆက်သွားကြမလဲ"
"ဒါပေါ့... သွားရမှာပေါ့"
ယဲ့ဖန်သည် စိတ်အာရုံကို စုစည်းလိုက်ပြီး ရတနာသုံးခု၏ လက်ရှိ တည်နေရာပြ မြေပုံကို ဖွင့်ကြည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဖော့ခ်စီးတီး တစ်ခုလုံး၏ သုံးဖက်မြင် မြေပုံ (3D Map) သည် သူ့စိတ်အာရုံထဲတွင် ပေါ်လာတော့၏။
ထို သုံးဖက်မြင် မြေပုံပေါ်တွင် တောက်ပသော ကြယ်ပွင့်လေး သုံးပွင့် လင်းလက်နေ၏။
'အာရှ၏ ပုလဲ' ကတော့ သူနှင့် တစ်နေရာတည်းတွင် ထပ်တူကျနေပြီး သူ့လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျန်ရှိနေသေးသည်က... 'ချီပိုင်ရှီ၏ ရှုခင်းပန်းချီကားချပ် (၁၂) ချပ်' နှင့် ရှားပါးလှသော 'ဂရက်ဖ် စိန်ရောင်စုံ နာရီ' (Graff Diamonds Hallucination Watch) တို့ ဖြစ်သည်။
မြေပုံအရ ကြည့်မည်ဆိုလျှင်... ချီပိုင်ရှီ၏ ပန်းချီကားချပ်များ ရှိရာနေရာက သူတို့နှင့် ပိုနီးကြောင်း ပြသနေသည်။
ယဲ့ဖန်သည် ဖုန်းထဲမှ GPS ကို ဖွင့်လိုက်ပြီး မြေပုံပေါ်ရှိ နေရာတစ်ခုကို ရှာဖွေလိုက်သည်။
"ဒီနေရာကို သွားကြမယ်"
"ဟုတ်ကဲ့ပါ"
ဖူမာကျန်းဝူက ဘာမှ ထပ်မမေးတော့ပေ။ ဖုန်းထဲမှ လမ်းညွှန်ပြသထားသော GPS ကို ကြည့်ပြီးနောက်၊ ကားစက်နှိုးကာ ယဲ့ဖန် ညွှန်ကြားသည့် နေရာဆီသို့ လိမ္မာစွာ မောင်းနှင်ထွက်ခွာ သွားလေတော့၏။
အခန်း (၁၈၅၆) - သူများပန်းခင်းထဲက ပန်းလှလှလေးကို မခူးဆွတ်နဲ့
~သို့သော်လည်း ဒီတစ်ခါတွင်တော့ ကားသည် လမ်းညွှန်ပြသထားသည့် နေရာသို့ မရောက်မီမှာပင် ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့ တားဆီးခြင်း ခံလိုက်ရလေ၏။
အကြောင်းမှာ ရှေ့သို့ ဆက်တိုးလိုက်သည်နှင့် တပြိုင်နက် ပုဂ္ဂလိက ပိုင်နက်ထဲသို့ ကျူးကျော်မိမည် ဖြစ်သောကြောင့်ပင်။
ထိုနေရာကား ဘာရွန် အဆင့်ရှိသည့် မြို့စားတစ်ဦး၏ အိမ်တော် ဖြစ်ချေသည်။
ယဲ့ဖန်၏ ကား အတားဆီးခံလိုက်ရချိန်၌ တံခါးဝတွင် စောင့်ကြပ်နေကြသော ကိုယ်ရံတော်များသည် အလွန် မောက်မာနေကြ၏။ သူတို့သည် စကားပင် လာမပြောဘဲ သူတောင်းစားကို မောင်းထုတ်သကဲ့သို့ လက်ကာပြနေကြသည်။
လှပချောမောသော ဖူမာကျန်းဝူ ကားပြတင်းပေါက်မှန်ကို ချလိုက်ပြီး ခေါင်းပြူကြည့်လိုက်မှသာ သူတို့၏ လေသံမှာ အနည်းငယ် ပြောင်းလဲသွားတော့၏။
"ဒါက ဘာရွန် အင်ဒရူး ရဲ့ နေအိမ်ပါ... ဘာရွန် အင်ဒရူး ရဲ့ ခွင့်ပြုချက် မရှိဘဲ ဘယ်သူမှ ဝင်ခွင့်မရှိပါဘူး"
ယဲ့ဖန်သည် ထိုနာမည်ကို ချက်ချင်းပင် မှတ်သားလိုက်၏။
ဘာရွန် အင်ဒရူး...။
ဖူမာကျန်းဝူမှာမူ အနည်းငယ် အံ့အားသင့်နေပုံ ရလေ၏။ ကားကို ပြန်လှည့်မောင်းထွက်လာပြီးနောက် သူမ မနေနိုင်တော့ဘဲ စပ်စုလိုက်မိတော့၏။
"သခင်... နေမဝင်အင်ပါယာရဲ့ မြို့စားမျိုးနွယ်တွေထဲမှာ ဘာရွန် ဆိုတဲ့ အဆင့်က အနိမ့်ဆုံး မဟုတ်လားဟင်"
"ဒီလောက် စည်ကားတဲ့ မြို့လယ်ခေါင်မှာ ဒီလောက်ကြီးမား ခမ်းနားတဲ့ အိမ်တော်ကြီးကို သူက ဘယ်လိုလုပ် ပိုင်ဆိုင်ထားရတာလဲ"
"နေမဝင်အင်ပါယာက မြို့စားတွေက တကယ်ပဲ ဒီလောက်အထိ ကြွယ်ဝချမ်းသာနေကြတာလား... ဘာရွန် အဆင့်လေး တစ်ယောက်ကတောင် ဒီလောက် အာဏာကြီးမားနေတာလား"
ယဲ့ဖန် ခေါင်းခါလိုက်လေ၏။
"ဒီ ဘာရွန် က နည်းနည်းတော့ ထူးခြားမယ့်ပုံပဲ"
သူသည် ယခင်က မြို့စားများ၊ အာလ်များနှင့် များစွာ ထိတွေ့ဆက်ဆံဖူးခဲ့သည်။
ရိုးရိုးသားသား ပြောရလျှင်... အန်းကျူ၊ ဘတ်ကင်ဟမ် နှင့် အာဂျိုင်း တို့ကဲ့သို့သော ထိပ်တန်း မြို့စားကြီးများ၏ အိမ်တော်များပင်လျှင် ဤ ဘာရွန် အင်ဒရူး ၏ အိမ်တော်နှင့် ယှဉ်လျှင် သိပ်မကွာလှပေ။
အခြားသော အာလ် အဆင့်ရှိသူများ ဆိုလျှင်တော့ ဘာရွန် အင်ဒရူး၏ ခြေဖျားတောင် မီမည် မဟုတ်ချေ။
ထို ကိုယ်ရံတော်များ၏ မောက်မာသော အမူအရာကို ကြည့်ခြင်းအားဖြင့်... ဤ အင်ဒရူး ဆိုသူမှာ သာမန် မဟုတ်ကြောင်း ယဲ့ဖန် ခန့်မှန်းမိလိုက်သည်။
[ ဒီ ဘာရွန် (Baron) ဆိုတာက... ဥရောပ အထက်တန်းလွှာ လောကရဲ့ ဘွဲ့ထူး တစ်ခုဗျ။
အနောက်တိုင်းက မြို့စား၊ နယ်စား အဆင့်အတန်းတွေထဲမှာတော့ အနိမ့်ဆုံးလို့ ပြောလို့ရပေမယ့်... သာမန်လူတွေနဲ့ ယှဉ်ရင်တော့ တော်တော်လေး မြင့်မားတဲ့ ဂုဏ်ဒြပ် တစ်ခုပါပဲ။ ရှေးခေတ်တုန်းကဆိုရင် ဒီ ဘာရွန်အဆင့် ရှိသူတွေက ဘုရင်ဆီကနေ မြေယာတွေ တိုက်ရိုက်ရပြီး၊ ကိုယ့်နယ်မြေကို ကိုယ်အုပ်ချုပ်ခွင့်ရတဲ့ နယ်စားလေးတွေလေ။
နေမဝင်အင်ပါယာလို နိုင်ငံမျိုးမှာကျတော့... ဒီဘွဲ့က မိသားစုအလိုက် သွေးသား ဆက်ခံခွင့် ရှိနေတုန်းပဲ။ ဒါကြောင့်လည်း သူတို့ရဲ့ အိမ်တော်စောင့် ကိုယ်ရံတော်တွေက သာမန်လူတွေကို မျက်လုံးထဲတောင် မထည့်ဘဲ ဒီလောက် မောက်မာရဲကြတာပေါ့။
သူတို့ရဲ့ အဆင့်အတန်းတွေကို ပြောပြရရင်...
Duke (မြို့စားကြီး) က အမြင့်ဆုံးပါပဲ။
ပြီးရင် Marquess (နယ်စားကြီး)၊ Earl (နယ်စား)၊ Viscount (လက်ထောက်နယ်စား) ဆိုပြီး လာတာ။
နောက်ဆုံး အနိမ့်ဆုံးကျမှ Baron (နယ်စားလေး) ဆိုပြီး ရှိတာပါ။ ]
ဖူမာကျန်းဝူအား မြို့ထဲသို့ ကားပြန်မောင်းခိုင်းလိုက်ပြီးနောက်... ယဲ့ဖန်သည် အန်းကျူတေလာ ထံသို့ ချက်ချင်း ဖုန်းဆက်ကာ စုံစမ်းရန် ပြင်လိုက်တော့၏။
မထင်မှတ်ဘဲ ဖုန်းဝင်သွားသည်နှင့် တပြိုင်နက်... တစ်ဖက်မှ အန်းကျူတေလာ၏ စိတ်ကောက်နေသော အသံလေး ထွက်ပေါ်လာလေ၏။
"မောင်က ဖုန်းမဆက်တော့ဘူး ဆိုတော့... တို့ကိုများ ပစ်ထားခဲ့ပြီလားလို့ တွေးနေတာ"
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးကွာ"
ယဲ့ဖန် အနည်းငယ် အနေရခက်သွားရ၏။
"ကိုယ်တို့ နောက်ဆုံး တွေ့ခဲ့တာ ဒီလောက်ကြီးလည်း မကြာသေးပါဘူး... ဟုတ်တယ်မလား"
"ဘာလို့ ဒီမှာ လာထားခဲ့ရတာလဲ"
အန်းကျူတေလာ၏ အသံတွင် အလိုမကျမှုများ ပါဝင်နေဆဲပင်။
"ဘာပဲဖြစ်ဖြစ်... တို့ ဂရုမစိုက်ဘူး... ဒီည မောင် တို့နဲ့အတူ ရှိနေပေးရမယ်"
"ဒါမှမဟုတ်ရင်တော့... တို့ စိတ်ဆိုးမိလိမ့်မယ်နော်"
"ဒီည တို့ အရမ်းမုန်းတဲ့ ပါတီပွဲတစ်ခု ရှိတယ်... ဒါပေမဲ့ မသွားလို့ကလည်း မဖြစ်ဘူးလေ... မောင်သာ ပါလာမယ် ဆိုရင်တော့... တို့အတွက် အများကြီး အသက်ရှူချောင်သွားမှာပါ"
ယဲ့ဖန်သည် သူမ၏ စကားများထဲမှ သတင်းအချက်အလက် အချို့ကို ရိပ်မိလိုက်သည်။ ထို့ကြောင့် သူက အလောတကြီး မမေးမြန်းသေးဘဲ စပ်စုလိုက်လေ၏။
"စိတ်ရှုပ်စရာ ကောင်းတဲ့ ပါတီပွဲ ဟုတ်လား... ဘာကို ဆိုလိုတာလဲ"
"တကယ်ကို စိတ်ပျက်စရာ ကောင်းတဲ့ ပွဲတစ်ခုပါ... ဒါပေမဲ့ တို့ မတက်ရောက်လို့ မဖြစ်ဘူးလေ"
အန်းကျူတေလာသည် ဖုံးကွယ်ထားခြင်း မရှိပေ။
"တို့ တစ်ယောက်တည်း သွားရင်... အဲ့ဒီ စိတ်ပျက်စရာကောင်းတဲ့ လူရဲ့ နှောင့်ယှက်တာကို ခံရမှာ သေချာတယ်"
"နေဦး... သေသေချာချာ ရှင်းပြပါဦး"
ယဲ့ဖန် ဝင်ထောက်လိုက်သည်။
"အဲ့ဒီ စိတ်ပျက်စရာ ကောင်းတဲ့လူက ဘယ်သူလဲ... သူက ဘာလို့ မင်းကို လာနှောင့်ယှက်နေရတာလဲ... ပြီးတော့ အန်းကျူ မြို့စားကြီးရဲ့ မြေးမလေးကတောင် မျက်နှာသာ ပေးရလောက်အောင် အဲ့ဒီလူက ဘယ်လောက်တောင် အစွမ်းထက်နေလို့လဲ"
"အဲ့ဒါ ဘာရွန် အင်ဒရူး လေ"
အန်းကျူတေလာက သက်ပြင်းချသံ သဲ့သဲ့ဖြင့် ပြောလိုက်၏။
"သူ့မှာ ဘာအရည်အချင်းမှ မရှိသလို၊ သူ့မိသားစု နောက်ခံကလည်း သာမန်ပါပဲ... ဒါပေမဲ့ သူက လူဖြစ်ရတာ တကယ် ကံကောင်းလွန်းတယ်”
"သူက မင်းသားလေးရဲ့ ငယ်သူငယ်ချင်းလေ... သူတို့ကြားမှာ တော်တော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ ပြောကြတယ်... အဲ့ဒါကြောင့် နေမဝင်အင်ပါယာက အထက်တန်းလွှာတွေ အကုန်လုံးက မင်းသားလေးကို ထောက်ထားပြီး သူ့ကို မျက်နှာသာ ပေးထားရတာပေါ့"
"အဲ့ဒီလူက နှစ်တိုင်း ဒီလိုနေ့ ရောက်ရင် ပါတီပွဲ ကျင်းပလေ့ ရှိတယ်... ဖော့ခ်စီးတီးက ငယ်ရွယ်တဲ့ အထက်တန်းလွှာတွေကို ဖိတ်တာပေါ့... တို့က အန်းကျူ မိသားစုက ဖြစ်သလို၊ သူ လိုက်ပိုးပန်းနေတဲ့ မိန်းကလေးလည်း ဖြစ်နေတော့... ဖိတ်စာရင်းထဲမှာ ပါနေတာလေ"
ယဲ့ဖန် တစ်ယောက် အိပ်ချင်နေတုန်း ခေါင်းအုံး တည့်ပေးလိုက်သလို ခံစားလိုက်ရသည်။
သူက ဘာရွန် အင်ဒရူး ၏ အိမ်တော်ထဲသို့ ဘယ်လို ဝင်ရောက်ရမလဲ စဉ်းစားနေချိန်တွင်... အန်းကျူတေလာ သွားရမည့် ပါတီပွဲမှာ ထိုနေရာတွင် ဖြစ်နေသည် မဟုတ်ပါလော။
အန်းကျူတေလာ၏ စိတ်ညစ်ညူးနေသော အသံကို ကြားလိုက်ရသောအခါ... သူ ချက်ချင်းပင် သူရဲကောင်းကြီး တစ်ယောက်ပမာ ကြွေးကြော်လိုက်တော့၏။
"ဘာမှ ပြောမနေနဲ့တော့... ဒီည ပါတီပွဲကို ကိုယ် သေချာပေါက် လိုက်ခဲ့မယ်"
"တကယ်လို့ အဲ့ဒီ ဘာရွန် အင်ဒရူး ဆိုတဲ့လူက မျက်စိကန်းပြီး မင်းကို လာနှောင့်ယှက်နေတုန်းပဲ ဆိုရင်တော့... သူများ ပန်းခင်းထဲက ပန်းလှလှလေးကို မခူးသင့်ဘူး ဆိုတာက ဘာလဲဆိုတာ ကိုယ် သင်ခန်းစာ ပေးရတာပေါ့"
“ကိုယ့်ရဲ့ ရတနာလေးကို လက်ဖျားနဲ့တောင် လာထိရဲတယ် ပေါ့လေ... ဒီ ယဲ့ဖန် က ဓားမကိုင်နိုင်တော့ဘူးလို့များ သူ ထင်နေတာလား”