← Chapters

အခန်း (၁၈၅၇-၁၈၅၉)

Vol. 99 Ch. 1857-1859

အခန်း (၁၈၅၇-၁၈၅၉)

Vol. 99 Ch. 1857-1859

အခန်း (၁၈၅၇) - နောက်ထပ် မိန်းမစိုး စုန်းပြူးတစ်ကောင်.....

~ဖုန်းတစ်ဖက်ခြမ်းမှ အန်းကျူပရင့်စ်၏ အသံမှာ ညှို့ဓာတ်ပြင်းပြင်းဖြင့် ထွက်ပေါ်လာလေ၏။

"အိုကေလေ... ချစ်သူ... ရှင် ကတိပေးပြီးပြီနော်... စကားပြန်ရုပ်လို့ မရဘူးရှင့်"

ယဲ့ဖန်သည်လည်း ဘာရွန်အင်ဒရူး၏ အိမ်တော်ထဲသို့ ဝင်ရောက်ရန် မစောင့်နိုင်တော့သဖြင့် ချက်ချင်းပင် ပြန်ပြောလိုက်၏။

"စိတ်ချပါ... ကိုယ် ကတိမဖျက်ပါဘူး"

"နောက်ကျရင် အချိန်နဲ့ လိပ်စာ လှမ်းပို့ပေးလိုက်... ကိုယ်တို့ အဲ့ဒီမှာ ဆုံပြီး အတူတူ ဝင်ကြတာပေါ့"

"ကောင်းပြီလေ... သဘောတူလိုက်ကြတာပေါ့"

အန်းကျူပရင့်စ်က ချက်ချင်း သဘောတူလိုက်ပြီး ပါတီပွဲကျင်းပမည့် အချိန်နှင့် ချိန်းဆိုမည့် နေရာလိပ်စာကို ယဲ့ဖန်ထံသို့ စာတိုပေးပို့လိုက်တော့၏။

ယဲ့ဖန်သည် စကားဆက်မပြောတော့ဘဲ ဖုန်းချလိုက်သည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် ရှားပါးလှသော 'ဂရက်ဖ်' စိန်ရောင်စုံနာရီ ရှိရာ ညွှန်းကိန်းကို ကြည့်ကာ ဖူမာကျန်းဝူဘက်သို့ လှည့်ပြောလိုက်လေ၏။

"ဒီည ကိုယ့်မှာ ကိစ္စလေး ရှိနေလို့... မင်း ဟိုတယ်မှာပဲ အရင်နားနေလိုက်... အားတဲ့အချိန်ကျရင် နေရာတစ်ခုကို သွားပြီး နာရီတစ်လုံးအကြောင်း စုံစမ်းပေးနော်"

ထိုသို့ မှာကြားပြီးနောက် နာရီရှိရာ တည်နေရာ ညွှန်းကိန်းကို ဖူမာကျန်းဝူအား ပြောပြလိုက်ပြီး ဂရုစိုက်ရန်ပါ သတိပေးလိုက်၏။

ဖူမာကျန်းဝူသည် အချိန်ဖြုန်းနေမည့်သူ မဟုတ်ပေ။ အချက်အလက်များကို မှတ်သားပြီးသည်နှင့် တစ်ပြိုင်နက် မြို့ထဲသို့ ဝင်ကာ သူမ၏ အလုပ်ကို စတင် လုပ်ဆောင်တော့၏။

ယဲ့ဖန်သည် ဟိုတယ်သို့ ပြန်လာခဲ့သည်။ ရရှိထားသော 'အာရှ၏ ပုလဲ' ကို သေချာစွာ သိမ်းဆည်းလိုက်ပြီး၊ တစ်ခဏမျှ အနားယူလိုက်၏။ အန်းကျူပရင့်စ်နှင့် ချိန်းဆိုထားသော အချိန်နီးကပ်လာမှသာ သင့်လျော်သော ဝတ်စုံတစ်စုံကို လဲလှယ်ဝတ်ဆင်ပြီး ချိန်းဆိုရာ နေရာသို့ ထွက်လာခဲ့လေ၏။

သူတို့နှစ်ဦး ဆုံတွေ့ကြသောအခါ... အန်းကျူပရင့်စ်သည် ကိုယ်ကျပ် ဂါဝန်တစ်ထည်ကို သေသပ်စွာ ဝတ်ဆင်ထားပြီး ထူးခြားစွာ လှပနေသည်ကို တွေ့မြင်လိုက်ရသည်။

သို့သော် ယဲ့ဖန်ကို မြင်လိုက်ရသည်နှင့် သူမသည် သခင်ကို တွေ့သော ကြောင်ပေါက်လေးတစ်ကောင်အလား ဖြစ်သွားရှာ၏။ ဘေးပတ်ဝန်းကျင်မှ လူအများ၏ အကြည့်များကို ဂရုမစိုက်ဘဲ ယဲ့ဖန်အနားသို့ တိုးကပ်လာကာ ချွဲနွဲ့စွာဖြင့် ဖက်တွယ်ထားတော့၏။

သူမ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် သူ့ကို လွမ်းဆွတ်နေကြောင်း ယဲ့ဖန် ရိပ်မိလိုက်သဖြင့် မငြင်းဆန်တော့ပေ။ သူမ စိတ်ကျေနပ်သည်အထိ ခေတ္တမျှ ဖက်တွယ်ခွင့် ပြုလိုက်ပြီးနောက် ဘာရွန်အင်ဒရူး၏ အိမ်တော်ဆီသို့ အတူတူ ထွက်ခွာလာခဲ့ကြလေ၏။

ယခုတစ်ကြိမ်တွင်မူ အန်းကျူပရင့်စ် ပါလာသောကြောင့် ဖြစ်တန်ရာ၏။ သူတို့၏ ကားသည် အိမ်တော်ဝင်းအတွင်းသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။ တံခါးစောင့်နေသော သက်တော်စောင့်များကလည်း အံ့ဩစရာကောင်းလောက်အောင် ယဉ်ကျေးပျူငှာနေကြသည်ကို တွေ့ရလေ၏။

ယဲ့ဖန်သည် ထိုအဖြစ်အပျက်ကို မြင်သောအခါ ခေါင်းကိုသာ ယမ်းလိုက်မိတော့၏။

'ကျွန်က သခင်တူတာပဲ'

ဤသက်တော်စောင့်များ၏ ပြုမူပုံကို ကြည့်ရုံဖြင့် အင်ဒရူးဆိုသော လူက အန်းကျူပရင့်စ် အမုန်းခံရလောက်အောင် ဘာကြောင့် လုပ်ဆောင်ခဲ့သလဲ ဆိုသည်ကို နားလည်ရန် မခက်ခဲပေ။

ထို့အပြင် လူချင်း မတွေ့ဖူးသေးသော်လည်း၊ ထိုလူသည် ဆက်ဆံရ လွယ်ကူမည့်သူ မဟုတ်ကြောင်း ယဲ့ဖန်၏ ဆဌမ အာရုံက ကြိုတင် သတိပေးနေသယောင် ရှိ၏။

အမှန်တရားသည် သူ တွေးထင်ထားသည့်အတိုင်းပင် ဖြစ်ပျက်လာခဲ့သည်။

ကားသည် အိမ်တော်၏ ကားပါကင်သို့ ရောက်ရှိလာသောအခါ၊ ဗီလာအပြင်ဘက်၌ စုဝေး စကားပြောနေကြသော လူတစ်စုကို လှမ်းမြင်လိုက်ရသည်။ ထိုလူအုပ်ထဲတွင် လင်းတနှာခေါင်း၊ တြိဂံပုံ မျက်လုံးများဖြင့် အမျိုးသား တစ်ဦးကို တွေ့လိုက်ရ၏။ ထိုလူသည် ခရမ်းရောင် ဝတ်စုံကျပ်ကျပ်ကို ဝတ်ဆင်ထားပြီး အလွန်အမင်း ကြွားဝါသော ပုံစံပေါက်နေသည်။ သူက ခါးလေး တွန့်လိမ်တွန့်လိမ် လုပ်ကာ ယဲ့ဖန်တို့ ရှိရာသို့ လျှောက်လာလေ၏။

"အိုး.. အန်းကျူလေးပါလား... ရောက်လာပြီကိုး"

"ကားပေါ်က ဆင်းလာတာ မင်း မဟုတ်ဘူး ထင်ပြီး... ဒီနေ့ မလာတော့ဘူးတောင် ထင်နေတာ"

"ဟီးဟီး... ဘေးက အာရှသားက ဘယ်သူတုန်း... ကောလာဟလတွေ ထွက်နေတဲ့ ရည်းစားဆိုတာ ဒါလား... တို့အင်ပါယာရဲ့ အလှတရားမျိုး မရှိပါဘူးအေ"

ထိုလူ ပေါ်လာသည်နှင့် တစ်ပြိုင်နက်... ယောကျာ်း တစ်ယောက်အပေါ် လူတွေ အမုန်းဆုံး ဖြစ်စေနိုင်မည့် အချက်အလက်များ အားလုံး စုဝေးပါဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။

"ဒါက ဘာရွန်အင်ဒရူး လေ"

အန်းကျူပရင့်စ်က မိတ်ဆက်ပေးရင်း မျက်လုံးများကို အပေါ်သို့ လှန်ပြလိုက်သည်ကို မြင်သောအခါ ယဲ့ဖန် ခေါင်းခါလိုက်မိပြန်သည်။

'ဒီလူ့ကို အပြင်လူတွေက ဘာလို့ ဒီလောက် မုန်းနေကြတာလဲ ဆိုတာ နားလည်ပါပြီ'

'ပုံစံက မိန်းမလိုလို ဘာလိုလိုနဲ့..... ဝတ်ထားတာကလည်း မျောက်ရှုံးအောင် ဆန်းကြယ်နေတာပဲ... ငါတို့ နဂါးနိုင်ငံမှာဆိုရင်တော့... ဒီလို ရွံစရာကောင်းတဲ့ အချက်တွေ စုနေတဲ့ လူကို သောက်သုံးမကျတဲ့ မိန်းမစိုး စုန်းပြူးလို့ပဲ ခေါ်ကြတယ်'

ယဲ့ဖန်သည် စကားပြောရာတွင် ဟန်ဆောင်ဖုံးကွယ်မနေတော့ဘဲ၊ နေမဝင်အင်ပါယာ၏ ရုံးသုံးဘာသာစကားဖြင့် တိုက်ရိုက်ပင် ပြောချလိုက်တော့၏။

"ကျွန်တော် နားလည်သွားပြီ... ဘာလို့ အပြင်မှာ လူတွေက ဒီမြို့စားကို အရမ်း မုန်းနေကြတာလဲ ဆိုတာလေ"

"ပုံစံက မိန်းမလိုလို ဘာလိုလိုနဲ့... အခြောက်စတိုင်လ် ဖမ်းထားလိုက်တာများ... ဝတ်ထားတာကလည်း ကြောင်တောင်တောင်နဲ့... ကျွန်တော်တို့ နဂါးနိုင်ငံမှာဆိုရင်တော့... ဒီလို ရွံစရာကောင်းတဲ့ အချက်တွေ စုဝေးနေတဲ့ ကောင်မျိုးကို 'သောက်သုံးမကျတဲ့ မိန်းမစိုး' လို့ပဲ ခေါ်ကြတယ်ဗျ"

ယဲ့ဖန်၏ စကားသံ ဆုံးသွားသည်နှင့် တပြိုင်နက် အန်းကျူပရင့်စ်ရော ဘာရွန်အင်ဒရူးပါ ကြောင်အမ်းသွားကြရှာ၏။

ထိုနေရာတွင် စကားလက်ဆုံ ကျနေကြသော ချောမောလှပသည့် အမျိုးသား အမျိုးသမီးများအားလုံးလည်း ရုတ်တရက် တိတ်ဆိတ်သွားကြလေ၏။

ခဏကြာမှ ဘာရွန်အင်ဒရူး သတိပြန်ဝင်လာသည်။ သူ့မျက်နှာကြီး မည်းမှောင်သွားပြီး စူးရှစွာ အော်ဟစ်မေးမြန်းလိုက်တော့၏။

"ဘာ... မင်း ဘာပြောလိုက်တာလဲ"

ထိုအခါမှ ပတ်ဝန်းကျင် အခြေအနေသည် ပုံမှန် ပြန်ဖြစ်သွားသယောင် ရှိ၏။

လူအများက မကြားချင်ယောင်ဆောင်ကာ စကားဆက်ပြောနေကြသော်လည်း နားစွင့်နေကြသည်မှာ အသိသာကြီးပင်။

အန်းကျူပရင့်စ်က ယဲ့ဖန်၏ အနောက်မှ အင်္ကျီစကို တိတ်တဆိတ် လှမ်းဆွဲလိုက်လေ၏။

'အရမ်းကြီး ခေါင်းမာမနေနဲ့လေ' ဟု အသံတိတ် သတိပေးနေသကဲ့သို့။

သို့သော် ယဲ့ဖန်က လုံးဝ ဂရုမစိုက်ပေ။

"ခင်ဗျားရဲ့ အကြိုက်က တော်တော်လေး ထူးခြားတယ်လို့ ပြောတာပါ"

"အဝတ်အစားကလည်း ဆန်းကြယ်... ပုံစံကလည်း ခြောက်ခြောက်... မိန်းမ ပုံစံပေါက်နေတာလေ... ကျွန်တော်တို့ဆီက ဒဏ္ဍာရီလာ မိန်းမစိုးကြီးတွေနဲ့ တော်တော်တူတာပဲ"

ယဲ့ဖန်သည် ပြောပြောဆိုဆိုနှင့် ဘာရွန်အင်ဒရူး ဒေါသထွက်မလာခင် လက်ဦးမှု ရယူလိုက်ပြန်သည်။ သူက ခုမှ သတိရသွားသည့် ပုံစံဖြင့်...

“ဆောရီးနော်... ငါက အဲ့လိုပဲ... နည်းနည်း ပွင့်လင်းတတ်လို့... မကြိုက်ရင်လည်း တခြားဟာ ပြောင်းပြောပေးမယ်လေ”

အခန်း (၁၈၅၈) - အန်းကျူပရင့်စ်၏ ကာကွယ်မှု

~ဘာရွန်အင်ဒရူးမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာ တစ်ခုလုံး မီးခဲကဲ့သို့ နီရဲလာပြီးမှ ပြာနှမ်းသွားရလေ၏။ သူသည် စိတ်မထိန်းနိုင်တော့ဘဲ လွှတ်ခနဲ ပြောလိုက်မိ၏။

"ရိုင်းစိုင်းလိုက်တာ"

"အန်းကျူလို မင်းသမီးလေးက မင်းလို ရိုင်းစိုင်းတဲ့ လူကို ဘယ်လိုလုပ် ရည်းစားတော်ထားတာလဲ... အန်းကျူက မင်းရဲ့ ဘယ်နေရာကို ကြိုက်သွားလဲဆိုတာ ငါစဉ်းစားလို့ကို မရဘူး"

ယဲ့ဖန်ကတော့ ထိုစကားကို ဂရုစိုက်ပုံ မရပေ။

"အမှန်အတိုင်း ပြောရရင်တော့... အန်းကျူက ကျွန်တော့်ရဲ့ ရိုးသားပွင့်လင်းမှုကို အကြိုက်ဆုံးပဲ"

"ဒါ ကျွန်တော့်ရဲ့ အားသာချက်လေ"

"ကျွန်တော်တို့ စတွေ့တုန်းကဆို သူ့ကို ပြောလိုက်တာ...ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းသမားပဲ... မင်းလောက် လှတဲ့ နိုင်ငံခြားသူ တစ်ခါမှ မတွေ့ဖူးဘူးလို့ ပြောလိုက်တာနဲ့ သူ ကျွန်တော့်ကို ကြွေသွားတော့တာပဲ"

ယဲ့ဖန် တစ်ယောက် ပေါက်ကရတွေ လျှောက်ပြောနေခြင်းသာ ဖြစ်ချေသည်။

သို့သော် အန်းကျူပရင့်စ်က သူ့ကို ကူညီလိုသည်မှာ ထင်ရှားလှ၏။ ထိုစကားကို ကြားသောအခါ သူမက ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်လေ၏။

"ဟုတ်တယ်... တကယ်ပြောတာ"

"ယဲ့ဖန်ရဲ့ ရိုးသားပွင့်လင်းတာကို ငါ အချစ်ဆုံးပဲ"

"ယောက်ျားပီသတယ်လို့ ငါထင်တယ်"

အင်ဒရူး၏ မျက်နှာထားမှာ ပို၍ပင် ကြည့်ရဆိုးလာတော့၏။

"ဒါက ယောက်ျားပီသတာတဲ့လား... ဒါက တောသားတွေ ပြောတဲ့ စကားလေ... ရိုင်းလိုက်တာမှ လွန်ရော"

"နင့်အကြိုက်ကလည်း ဆန်းကြယ်လွန်းပါရဲ့ဟာ"

"ကောင်းနိုးရာရာတွေ စားဖူးပြီးမှ ဒီလို အညတရ အမှိုက်တွေကို စားချင်နေတာလား"

ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖန်၏ စိတ်ထဲတွင် မကျေနပ်မှုများ လှိုက်တက်လာရ၏။

'ဒီလူကတော့ ငါ့ကို လူပါးဝလာပြီ'

သို့သော် သူ ပြန်လည်မချေပရသေးမီမှာပင် အန်းကျူပရင့်စ်၏ လှပသော မျက်နှာလေးမှာ ရုတ်ချည်း အေးစက်သွားတော့၏။

"အင်ဒရူး... နင် ဘယ်သူ့ကို အမှိုက်လို့ ပြောတာလဲ"

"ယဲ့ဖန်က ငါရော ငါ့အဖေပါ သဘောကျတဲ့သူနော်... အင်ဒရူး... နင် လေးစားမှုရှိပါ... သဘောပေါက်လား"

"နင် မလေးစားတတ်ရင်လည်း ဆက်ပြောစရာ မရှိတော့ဘူး... ငါ ယဲ့ဖန်ကို ခေါ်ပြီး ပြန်တော့မယ်"

အန်းကျူပရင့်စ် စိတ်ဆိုးသွားမည်ကို ကြောက်ရွံ့သဖြင့် အင်ဒရူးခမျာ ပျာပျာသလဲ တောင်းပန်လိုက်ရရှာသည်။

"တောင်း... တောင်းပန်ပါတယ် အန်းကျူရယ်... ငါက အဲ့လိုသဘော ပြောတာ မဟုတ်ပါဘူး"

"မစ္စတာယဲ့ကို စနောက်လိုက်တာပါ"

"နင်က ငါ့ရဲ့ အထူးဧည့်သည်ပဲဟာ... နင့်အဖော်ကို ငါက မလေးမစား လုပ်ပါ့မလား"

အန်းကျူပရင့်စ်၏ မျက်နှာထားမှာ ဆီးနှင်းများ ဖုံးလွှမ်းထားသကဲ့သို့ အေးစက်နေဆဲပင် ဖြစ်ချေသည်။

"မရည်ရွယ်ရင် ပြီးတာပဲ"

"ယဲ့ဖန်က ငါ့ချစ်သူနော်... ဘယ်သူကမှ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်တာ ငါလက်မခံဘူး... ပြီးတော့ သူ့ကို လာနှိမ်တာမျိုးလည်း ငါခွင့်မလွှတ်ဘူး... သဘောပေါက်တယ်မလား"

"ပေါက်ပါတယ်... ပေါက်ပါတယ်"

အင်ဒရူး၏ မျက်နှာထားမှာ ပြန်လည်အရုပ်ဆိုးသွားရပြန်၏။

ထို့နောက် အခြေအနေမှာ အနည်းငယ် အနေရခက်စရာ ဖြစ်လာသည်ကို ခံစားမိလိုက်ပြီး၊ ဧည့်သည်များလည်း ပိုမို ရောက်ရှိလာပြီဖြစ်သဖြင့် သူက ထွက်သွားရန် ဆင်ခြေတစ်ခု ပေးလိုက်တော့၏။

"ဆောရီးပါ... တခြားဧည့်သည်တွေလည်း ရောက်နေပြီဆိုတော့ ငါ သွားဧည့်ခံလိုက်ဦးမယ်... ခွင့်ပြုပါဦး"

"နင်ပဲ ယဲ့ဖန်ကို လိုက်ပြလိုက်တော့နော်... တခြားသူငယ်ချင်းတွေကိုလည်း နှုတ်ဆက်လိုက်ဦး"

"အင်း"

အန်းကျူပရင့်စ်က ခေါင်းအသာညိတ်ပြလိုက်သည်။

ဘာရွန်အင်ဒရူး ဝိုင်ခွက်ကိုကိုင်ကာ ထွက်ခွာသွားပြီးနောက် သူမ၏ မျက်နှာထား ပြောင်းလဲသွားပြီး ယဲ့ဖန်အား တိုးတိုးလေး ပြောလိုက်ရှာသည်။

"ဆောရီးပါ မောင်ရယ်... မောင့်ကို စိတ်ညစ်အောင် လုပ်မိပြန်ပြီ"

သူမသည် သူ့အတွက်ကြောင့် ဘာရွန်အင်ဒရူးနှင့် တစ်ယောက်တစ်လှည့် စကားနိုင်လုကာ ကာကွယ်ပေးခဲ့သည်ကို တွေးမိပြီး ယဲ့ဖန်၏ ရင်ထဲတွင် ကြည်နူးသွားရလေ၏။ သူမ၏ နဖူးပြင်လေးကို ဖွဖွလေး နမ်းရှိုက်လိုက်ရင်း...

"ဘာလို့ အဲ့လို ပြောရတာလဲ"

"မင်းပြောသလိုပဲလေ... ဒီည ကိုယ်က မင်းရဲ့ အဖော်ပဲဥစ္စာ... ပြီးတော့ မင်းက ကိုယ့်ရဲ့ မိန်းကလေးလေ"

"ကိုယ့်ကြောင့် မင်း အပြောခံရတာက ကိုယ့်အကြိုက် ကောင်းတယ်ဆိုတာကို သက်သေပြနေတာပဲ မဟုတ်လား... ကိုယ့်မိန်းမက ရေပန်းစားတယ် ဆိုတဲ့ သဘောပေါ့"

"မောင်က အရမ်းကောင်းတာပဲ"

အန်းကျူပရင့်စ်သည် ထိုစကားကို ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားသွားပြီး မျက်ဝန်းများတွင် ချစ်ရိပ်များ လွှမ်းခြုံသွားတော့၏။

"ကျွတ်... ကျွတ်... ကျွတ်... ဝမ်းကွဲရယ်... ယဲ့ဖန်ရယ်... နင်တို့ နှစ်ယောက်ကလည်း ရိုလွန်းအားကြီးနေပါပြီ"

ထိုအချိန်၌ပင် ရင်းနှီးနေသော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာ၏။

ယဲ့ဖန်နှင့် အန်းကျူပရင့်စ်တို့ အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြရာ... ဝုဖ်ဂန်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဒီလူက ဒီက အခြေအနေကို စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်တန်ရာ၏။

ဘာရွန်အင်ဒရူး ထွက်သွားသည်ကို မြင်လိုက်ရသည်နှင့် တပြိုင်နက်၊ ဝိုင်ခွက်တစ်ခွက်ကို ကိုင်ကာ လှောင်ပြောင်လိုသော အပြုံးဖြင့် လျှောက်လှမ်းလာတော့၏။

"လူတွေ ဒီလောက် ကြည့်နေတာတောင် နင်တို့က နမ်းနေကြတုန်းလား... ဒီမှာ ဇာတ်လမ်း လာရိုက်ပြနေကြတာလား"

"နင်နော်... စကားကို မဆင်မခြင်နဲ့"

အန်းကျူပရင့်စ်က ပြုံးရင်း လှမ်းဆူလိုက်သည်။

သို့သော် မလှမ်းမကမ်းမှ လူအများအပြား သူတို့ရှိရာသို့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်ကို သတိထားမိလိုက်သောအခါ သူမ၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားရှာ၏။ ထိုသူများအားလုံးမှာလည်း ဖော့ခ်စီးတီးမှ နာမည်ကျော် အထက်တန်းလွှာများ ဖြစ်ကြပေသည်။

သူမသည် ယဲ့ဖန်နှင့် ဆက်ပြီး ကြည်နူးမနေရဲတော့ချေ။

တစ်ချိန်တည်းမှာပင် သူမက ယဲ့ဖန်ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။

"မောင်... ဝုဖ်ဂန်းနဲ့ပဲ လိုက်ကြည့်လိုက်နော်... အန်းကျူ သူငယ်ချင်းတွေကို သွားနှုတ်ဆက်လိုက်ဦးမယ်"

ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်ကို စောင့်ဆိုင်းပြီးနောက်၊ သူမသည် စားပွဲထိုးထံမှ ဝိုင်ခွက်တစ်ခွက်ကို လှမ်းယူကာ လူအုပ်ကြီးရှိရာဘက်သို့ လျှောက်လှမ်းသွားတော့၏။

အခန်း (၁၈၅၉) - မိတ်ဆွေဟောင်းနှင့် ဆုံတွေ့ခြင်း

~အန်းကျူပရင့်စ် ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်... ဝုဖ်ဂန်းသည် ယဲ့ဖန်၏ ပခုံးကို လှမ်းဖက်လိုက်လေ၏။

"အမှန်အတိုင်း ပြောရရင်... ခင်ဗျား ရောက်လာလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး"

"ကျွန်တော့်အစ်မက ခင်ဗျားကို ဒီအထိ ခေါ်လာတယ်ဆိုကတည်းက... သူက ခင်ဗျားကို လက်ထပ်ချင်နေပြီလို့ ပြောလို့ရတယ်"

"ဒီလိုပွဲမျိုးက အဓိပ္ပာယ် အများကြီး ရှိတယ်ဗျ"

"ဖော့ခ်စီးတီးက အထက်တန်းလွှာတွေ၊ ဆယ်လီတွေ၊ မြို့စားတွေ အကုန်လုံးနီးပါး တက်ရောက်ကြတဲ့ပွဲလေ"

"ပြောရရင်တော့ ကျွန်တော့်အစ်မရဲ့ မိတ်ဆွေအသိုင်းအဝိုင်း တစ်ခုလုံး ရောက်နေတာပေါ့"

ယဲ့ဖန်သည် ပခုံးတစ်ချက် တွန့်ပြလိုက်ပြီး ဂရုမစိုက်ကြောင်း ပြသလိုက်လေ၏။

ဝုဖ်ဂန်းက ဆက်ပြောလိုက်၏။

"ဒါပေမဲ့ အဲ့ဒါတွေက အရေးမကြီးတော့ပါဘူး"

"ခင်ဗျားက အစ်မရဲ့ အဖေ... မြို့စားကြီးနဲ့တောင် တွေ့ပြီးပြီပဲဟာ"

"အရေးအကြီးဆုံးကတော့... မင်း ရောက်လာတာကို မြင်လိုက်ရကတည်းက ဒီည ပွဲကတော့ ပျင်းစရာ ကောင်းတော့မှာ မဟုတ်ဘူးလို့ ငါ့စိတ်ထဲမှာ ခံစားနေရတယ်"

ယဲ့ဖန် ခါးသက်သက် ပြုံးလိုက်မိသည်။

"ခင်ဗျား ပြောတာက ကောင်းတဲ့သဘော မဆောင်သလိုပဲနော်... ကျွန်တော်ကပဲ ပြဿနာတွေ လိုက်ရှာနေတယ်လို့ ပြောချင်တာလား"

"ဟားဟား... ခင်ဗျား ရှိတဲ့ နေရာတိုင်းက ဘယ်တုန်းက အေးချမ်းဖူးလို့လဲ"

ဝုဖ်ဂန်းသည် ဘာမှ ဆက်မရှင်းပြတော့ဘဲ ရယ်မောကာ ယဲ့ဖန်၏ ပခုံးကို ပုတ်လိုက်လေ၏။

"သွားကြစို့... ခင်ဗျားကို မိတ်ဆွေဟောင်း တစ်ယောက်နဲ့ သွားတွေ့ပေးမယ်... ပြီးရင် လျှောက်ကြည့်ကြတာပေါ့"

ယဲ့ဖန်သည်လည်း သူရရှိထားသော ရတနာသတင်းအချက်အလက်များကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ရာ... 'ချီပိုင်ရှီ၏ ရှုခင်းပန်းချီကားချပ် (၁၂) ချပ်' မှာ ဗီလာအတွင်း၌ ရှိနေကြောင်း ညွှန်ပြနေသဖြင့် မငြင်းနေတော့ပေ။ ဝုဖ်ဂန်း ခေါ်ဆောင်ရာ ဗီလာအဝင်ပေါက်ဆီသို့ လိုက်ပါသွားလိုက်တော့၏။

ဗီလာထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ ကြောင်အမ်းသွားရချေသည်။

ဧည့်ခန်းမဆောင်ထဲတွင် ရင်းနှီးနေသော ပုံရိပ်အချို့ကို တွေ့လိုက်ရသောကြောင့်ပင်။

မွှေမွှေနှောက်နှောက် နေတတ်သည့် မီလီ...။

အာဂျိုင်းမိသားစုမှ အာဂျိုင်းဟန်ဆန်...။

ထို့အပြင် နေမဝင်အင်ပါယာ၏ တော်ဝင်အေးဂျင့် အစ္စဘယ်လ်လာ...။

သူတို့အားလုံးသည် တင့်တယ်ခန့်ညားသော ဝတ်စုံပြည့်များကို ဝတ်ဆင်ထားကြသော်လည်း၊ ပျင်းရိငြီးငွေ့နေသည့်ဟန်ဖြင့် ဖုန်းပွတ်သူကပွတ်၊ ဖဲရိုက်သူကရိုက်ကာ အချိန်ဖြုန်းနေကြသည်ကို တွေ့ရလေ၏။

အပြင်ဘက်မှ ဆူညံသံများကို မနှစ်သက်ကြကြောင်း သိသာထင်ရှားလှ၏။

'အာ... အန်းကျူ ပြောတာ တကယ်ပဲကိုး... ဒီ ဘာရွန်အင်ဒရူးက မင်းသားလေးရဲ့ ကစားဖော်ဆိုတာ အဟုတ်သားပဲ... ရာထူးမကြီးပေမယ့် ဩဇာကတော့ မသေးလှဘူး... အကုန်လုံး ရောက်နေကြပါလား'

ယဲ့ဖန် ကောက်ချက်ချရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သူနှင့် ဝုဖ်ဂန်းတို့ အခန်းထဲသို့ ဝင်လာသည်ကို မီလီ၊ အာဂျိုင်းဟန်ဆန်နှင့် အစ္စဘယ်လ်လာတို့ သတိထားမိသွားကြသည်။

သူ့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြပြီး နှုတ်ဆက်လာကြတော့၏။

"ဦး... ဒီမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး"

မီလီက ဦးစွာပထမ နှုတ်ဆက်လိုက်၏။

မူလက ပျင်းရိငြီးငွေ့စွာဖြင့် ဖုန်းပွတ်နေသော သူမသည် ယဲ့ဖန်ကို မြင်လိုက်ရသည့်အခါ ရတနာသိုက်ကြီးကို တွေ့လိုက်ရသကဲ့သို့ ဝမ်းသာအားရ ဖြစ်သွားရှာသည်။ ဖုန်းကို ကပျာကယာ သိမ်းဆည်းလိုက်ပြီး ဦးဆောင်ကာ ကြိုဆိုလိုက်တော့၏။

ထို့နောက်တွင်တော့ အာဂျိုင်းဟန်ဆန်...။

ဖဲကစားနေသော သူသည် ယဲ့ဖန် ဝင်လာသည်ကို မြင်သောအခါ တစ်ခဏမျှ ကြောင်အမ်းသွားပြီးမှ ပြုံးကာ ခေါင်းခါလိုက်လေ၏။

"အန်းကျူ ခေါ်လာတာလား"

"ဒါဆိုရင်တော့ ယဲ့ဖန်... မင်း ပြဿနာတက်ပြီ... ဒီည အန်းကျူနဲ့အတူ ဘာရွန်အင်ဒရူးရဲ့ ပါတီပွဲကို လာခဲ့တာက မင်းအတွက် အဆိုးရွားဆုံး ဆုံးဖြတ်ချက်ပဲ"

နောက်ဆုံးတွင်တော့ အစ္စဘယ်လ်လာ...။

သူမသည် ဖုန်းဖြင့် စာတိုပေးပို့နေရာမှ ယဲ့ဖန်ကို ပြုံးပြလိုက်လေ၏။

"ဘာရွန်အင်ဒရူးက မစ္စစ်အန်းကျူရဲ့ နောက်ကို တကောက်ကောက် လိုက်နေတာ ကြာပြီလေ..."

"ဒီနေ့ ရှင်က သူ့ကို တကယ် လာစိန်ခေါ်တာပဲ"

ယဲ့ဖန်၏ ပခုံးကို ဖက်ထားသော ဝုဖ်ဂန်းက သဘောကျစွာ ရယ်မောလိုက်လေ၏။

"ပြောသားပဲ... ခင်ဗျား ရှိတဲ့နေရာတိုင်းက မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားမှာပါလို့"

"ကြည့်လေ... သူတို့ ပြောတာတွေ ကြားတယ်မလား.. ကျွန်တော် ပြောတာနဲ့ ကွက်တိပဲ"

ထိုအခါ၊ ယဲ့ဖန်က မကျေမနပ်ဖြင့် စောင်းကြည့်လိုက်၏။

"ခင်ဗျားက သူများဒုက္ခရောက်မှာကို ပျော်နေတာလား"

"ပျော်တာ မဟုတ်ပါဘူးကွာ... မူလက ပျင်းစရာကောင်းနေတဲ့ ကော့တေးပါတီပွဲက ရုတ်တရက် စိတ်ဝင်စားစရာ ကောင်းသွားလို့ပါ"

ဝုဖ်ဂန်းကတော့ အသိတရားမဲ့စွာ ရယ်မောနေဆဲပင်။

အာဂျိုင်းဟန်ဆန်ကလည်း ဝင်ပြုံးလိုက်သည်။

"ဝုဖ်ဂန်း ပြောတာ မှန်တယ်... ဒီညကတော့ ပွဲစည်တော့မှာပဲ"

"ပါတီပွဲက ပျင်းစရာကောင်းမယ် ထင်နေတာ... မင်းရောက်လာမှတော့ အခြေအနေက ပြောရခက်သွားပြီ"

ဤအခြေအနေကို ကြားလိုက်ရသောအခါ အစ္စဘယ်လ်လာ အနည်းငယ် အံ့အားသင့်သွားရသည်။ ယဲ့ဖန်က ဝုဖ်ဂန်း၊ အာဂျိုင်းဟန်ဆန်တို့နှင့် ဤမျှ ရင်းနှီးနေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပေ။

ထို့အပြင် ဖော့ခ်စီးတီး၏ နာမည်ကျော် သခင်လေးနှစ်ယောက်က ယဲ့ဖန်ကို ရင်းနှီးစွာ စနောက်နေကြသည် မဟုတ်ပါလော။

သူမသည် ထိုလူငယ်နှစ်ယောက်ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်ပြီးနောက် ပြောလိုက်လေ၏။

"ဝုဖ်ဂန်းနဲ့ အာဂျိုင်းဟန်ဆန် ပြောတာ မှန်တယ်"

“ဒီပါတီပွဲက မူလကတော့ သာမန်ပါပဲ... ဒါပေမဲ့ ရှင် ရောက်လာတဲ့အတွက်ကြောင့်... အပြောင်းအလဲတွေ အများကြီး ဖြစ်လာတော့မယ် ထင်တယ်”

All Chapters