← Chapters

ကျွန်တော်မိစ္ဆာပညာရပ်တွေကို ကျင့်ကြံခဲ့တယ်

Vol. 21 Ch. 224

ကျွန်တော်မိစ္ဆာပညာရပ်တွေကို ကျင့်ကြံခဲ့တယ်

Vol. 21 Ch. 224

“တောင်တစ်သိန်းတောင်တန်းကမွန်းစတားတစ်ကောင်လား”

စန်းစုန့် ဆေးညွှန်းစာအုပ်ကိုစိတ်၀င်တစားဖတ်ရှုနေခြင်းဖြစ်သော်လည်း ထိုအကြောင်းကြားသောအခါ မော့ကြည့်လိုက်မိသည်။

“သူက မွန်းစတားတစ်ကောင်လား”

အဇူရာတိမ် ၆ဖော်လုံး ကြောင်အသွားခဲ့ကြသည်။

ချင်းယွင်ကျိ ခပ်တိုးတိုးရေရွတ်လိုက်၏။

“မွန်းစတားတစ်ကောင်ဖြစ်မယ်လို့တော့ ထင်တာပဲ”

ထိုအချိန်က ဟူတလီသည် သာမန်သားရဲတစ်ကောင်ပုံသာ ဖြစ်နေသောကြောင့် ချင်းယွင်ကျိ ထိုကိစ္စကိုသိပ်အရေးမထားခဲ့မိပေ။

စန်းစုန့်ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။

“ဒီကိစ္စကို ဟိုမွန်းစတားအိုကြီးတွေသိသွားရင် ပြဿနာရှိလာနိုင်တယ် အဲ့ဒီမွန်းစတားအိုကြီးတွေက တောင်တစ်သိန်းတောင်တန်းထဲမှာ ပုန်းနေတာကြာလှပြီ ဘယ်တော့မှလည်း လူလုံးထွက်မပြကြဘူး သူတို့က ကမ္ဘာကြီးရဲ့ကိစ္စတွေအပေါ် ဂရုမစိုက်ဘူးဆိုပေမယ့် သူတို့ကို သွားစော်ကားရင်တော့ အလွတ်ပေးမှာမဟုတ်ဘူး”

“တကယ်တော့ အဆင်ပြေမှာပါ” ကျန်းယန် ခေါင်းခါပြလိုက်၏။

“အဲ့မွန်းစတားအိုကြီးတွေလာရှာရင် ကျွန်တော်သူတို့ကို သိမ်းသွင်းလိုက်မယ်”

ဤတစ်ခေါက် ဟူတလီကိုမွန်းစတားခန်မထဲခေါ်သွားတုန်းက သူလည်းအကျိုးအမြတ်များစွာ ရရှိခဲ့သည်။

ထိုအကျိုးအမြတ်များဖြင့်ဆိုလျှင် ထိုမွန်းစတားအိုကြီးများ ပြဿနာရှာနိုင်လိမ့်မည် မဟုတ်ပေ။

“ဆရာ တောင်တစ်သိန်းတောင်တန်းဆိုတာ တကယ်ပဲ ဘာကြီးလဲ” ကျန်းယန် စိတ်ဝင်တစားမေးလိုက်၏။

“မွန်းစတားတွေက တကယ်ကြီး တည်ရှိနေသေးတာလား မိစ္ဆာသားရဲတွေကိုရော မွန်းစတားတွေအဖြစ်သတ်မှတ်လို့ရလား”

“မိစ္ဆာသားရဲတွေက မွန်းစတားတွေမဟုတ်ဘူး” စန်းစုန့် ချင်းယွင်ကျိအစား ဖြေပေးလိုက်သည်။

သူလေးနက်သောအမူအရာဖြင့် ဆက်ပြောလိုက်၏။

“မိစ္ဆာသားရဲတစ်ကောင်က အသိဉာဏ်နိုးထလာမယ်ဆိုရင်တောင် အဲ့ဒီမွန်းစတားအိုကြီးတွေက အဲ့ဒီမိစ္ဆာသားရဲတွေကို သူတို့လူအဖြစ် အသိအမှတ်ပြုမှာမဟုတ်ဘူး

မွန်းစတားက မွန်းစတားပဲ

ဒီကမ္ဘာကြီးထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက မွန်းစတားတွေ တကယ်တည်ရှိခဲ့တယ်

နောက်တော့ လူသားမျိုးနွယ်က ပိုပိုအားကောင်းလာပြီး မွန်းစတားတွေကဆုတ်ပေးရင်း ဆုတ်ပေးရင်းနဲ့ အ‌ဆုံးမှာ တောင်တစ်သိန်းတောင်တန်းထဲထိ ရောက်သွားခဲ့တာ

နောက်‌ေတာ့ အဲ့ဒီနယ်မြေက သူတို့ရဲ့ နိဗ္ဗာန်ဘုံဖြစ်လာခဲ့တယ်

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် သူတို့အဲ့ဒီမှာတကယ်ရှိသေးလား မရှိတော့ဘူးလား ဘယ်သူမှမသိတော့ဘူး

လွန်ခဲ့တဲ့ နှစ်လေးထောင်တုန်းကတော့ စွမ်းအားကြီးဂိုဏ်းကြီးတစ်ဂိုဏ်းက သူတို့ကို သွားစော်ကားခဲ့မိလို့ တစ်ဂိုဏ်းလုံး အမြစ်ပြတ်ရှင်းခံခဲ့ရဖူးတယ်

ကံကောင်းတာက အဲ့ဒီမွန်းစတားတွေက တောင်တန်းထဲမှာပဲနေတာ ဘယ်တော့မှအပြင်ထွက်မလာကြဘူး သူတို့ကိုတစ်ယောက်ယောက်က စော်ကားမိတဲ့အခါမှသာ ထွက်လာလေ့ရှိတယ်

မွန်းစတားတွေက စွမ်းအားကြီးတယ်ဆိုပေမယ့် သူတို့ကိုစော်ကားမှသာ ထွက်လာတာဆိုတော့ သူတို့အကြောင်းဘယ်သူမှလည်း သိပ်စိတ်မ၀င်စားတော့ဘူး

အဲ့ဒီလိုနဲ့ တောင်တစ်သိန်းတောင်တန်းက တားမြစ်နယ်မြေတစ်ခု ဖြစ်လာတော့တာပဲ”

(Translation note- ရှေ့ပိုင်းတွေမှာ အကုန်လုံးကို Beast လို့ပဲ ရေးထားပြီး အခုမှ monster လို့ပြောင်းသွားပြီး monster နဲ့ Beast က မတူဘူးလုပ်ထားလို့ ဒီနေရာကစပြီး Beast ကိုသားရဲ monster ကို မွန်းစတားပဲ ပြန်ပါတော့မယ် mtl မလို့ သည်းခံပေးကြပါကုန်)

ကျန်းယန်လည်း တုန်လှုပ်သွားခဲ့၏။

မွန်းစတားများသည် ထိုမျှကြောက်စရာကောင်းခြင်းပေလော။

စန်းစုန့်ဟူတလီကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ဒီကျားကတော့ လူသားအသွင်ကိုဒီလောက်မြန်မြန်ပြောင်းနိုင်ပြီး အဆင့်ကဒီလောက်နိမ့်နေသေးတယ်ဆိုတော့ မွန်းစတားနယ်မြေမှာ အဆင့်နိမ့်တဲ့မွန်းစတားတစ်ကောင်ပဲ ဖြစ်ရမယ် ငါကြားဖူးတာတော့ မွန်းစတားတစ်ကောင်က ပိုသန်မာလေလေ အသွင်ပြောင်းဖို့ ပိုခက်လေလေတဲ့ ငါတို့ တောင်တစ်သိန်းတောင်တန်းကိုလူလွှတ်ပြီး ဒီအကြောင်း သတင်းပေးသင့်လား ဒါမှမဟုတ် ဒီကျားကိုပဲ ပြန်ပို့လိုက်သင့်လား မဟုတ်ရင် အနာဂတ်မှာ ပြဿနာတွေဖြစ်လာနိုင်တယ်”

“မလိုပါဘူး” ကျန်းယန် လက်ကာပြကာ ပြောလိုက်၏။

“ကျွန်တော်တို့သူ့ကိုပြန်မပို့ဘူး ဒီကိစ္စကိုမသိချင်ယောင်ပဲ ဆောင်ထားမယ် မွန်းစတားတွေတံခါးလာခေါက်မှ ရင်ဆိုင်ကြတာပေါ့”

သူဟူတလီကိုကြည့်လိုက်ကာ

“မင်းရဲ့တောင်တစ်သိန်းတောင်တန်း…အဲ့ဒီမှာ ပစ္စည်းကောင်းလေးတွေ ရှိလောက်တယ်မလား”

စန်းစုန့်ဆွံ့အသွားခဲ့သည်။

ထိုကောင်သည် မွန်းစတားများ၏ရတနာများကိုခိုးဖို့ပင် ကြံနေခဲ့သေး၏။

ချင်းယွင်ကျိ ဟူတလီကိုတစ်ချက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ငါတို့ဒီကိစ္စကို ကျန်းယန်အကြံပေးတဲ့အတိုင်း ဖြေရှင်းကြတာပေါ့ မွန်းစတားတွေရောက်လာတဲ့အခါမှ ဖြေရှင်းကြမယ် ကောင်းပြီ ကျန်းယန်တို့လည်း ပင်ပန်းလာတာဆိုတော့ နားသင့်ပြီ

မကြာခင် အခြားဂိုဏ်းကြီးတွေက တုန့်ပြန်လာမှာ သေချာတယ် အဲ့ဒီအချိန်ကျ ဘယ်လိုတုန့်ပြန်မလဲ ငါတို့ဆွေးနွေးဖို့လိုတယ် အို့ ဂျူနီယာညီလေး အဲ့ဒီကလေးကို လန်ကျားအထွတ်အမြတ်မြေဆီ ပြန်ပို့ပေးလိုက် သူ့ကိုလန်ကျားအထွတ်အမြတ်မြေနား ချပေးပြီး ပြန်ခဲ့ လန်ကျားအထွတ်အမြတ်မြေထဲ ကိုယ်တိုင်၀င်မသွားနဲ့”

သူသည် တန်ချိုး‌ရွှေကို သတ်ခဲ့သောကြောင့် လင်းယွင်ကျိကို လန်ကျားအထွတ်အမြတ်မြေထဲ၀င်ခိုင်းခြင်းက အန္တရာယ်များလွန်းလှသည်။

လင်းယွင်ကျိ ခေါင်းညိတ်ပြလိုက်ကာ ကုန်းရှို့ပင်းကိုခေါ်ပြီး လန်ကျားအထွတ်အမြတ်မြေဆီ ဦးတည်သွားခဲ့၏။

အခြားသူများလည်း အသီးသီးထွက်ခွာသွားခဲ့ကြသည်။

သူတို့တွင် မေးခွန်းများစွာရှိနေသော်လည်း သူတို့စီနီယာအစ်ကိုကြီးက လျှို့ဝှက်ဆောင်ရွက်လိုပုံပေါ်နေသောကြောင့် ဘာမှမမေးကြတော့ပေ။

စန်းစုန့်လည်း ချင်းရှုကိုခေါ်ပြီး ကျန်းယန်၏ဗီလာဆီ ထွက်ခွာသွားခဲ့၏။

လူတိုင်းထွက်သွားသောအခါမှ ချင်းယွင်ကျိ ကျန်းယန် ကိုသူ့ဘေးနားဆွဲခေါ်လိုက်ပြီး မေးလိုက်သည်။

“ဘယ်လိုဖြစ်သွားလဲ”

သူသိချင်သောကိစ္စများစွာ ရှိနေခဲ့၏။

ကျန်းယန် ပြုံးကာ သူယူလာသောပစ္စည်းများကိုတစ်ခုပြီးတစ်ခုထုတ်ပြပြီး ပြောလိုက်လေသည်။

“ဆရာ ကျွန်တော်အစကနေစပြောရလိမ့်မယ်”

ထို့နောက် သူကိစ္စများကိုအစမှစပြီး ရှင်းပြလိုက်၏။

သူသည် မိစ္ဆာမျိုးနွယ်မှလူတစ်ယောက်ဟူသောအချက်အလက်မှလွဲပြီး သူကိစ္စများအားလုံးကို ချင်းယွင်ကျိကို ပြန်ပြောပြလိုက်သည်။

သူဂုဏ်ယူရသောသူ့တပည့်ဖြစ်သောကြောင့် ချင်းယွင်ကျိကလည်း သူပြောသမျှကို စိတ်လှုပ်ရှားစွာနားထောင်နေခဲ့၏။

အထူးသဖြင့် ကျန်းယန် ဖန်ဆင်းခြင်းခန်းမထဲ၀င်သောနေရာတွင် သူပိုပြီးစိတ်လှုပ်ရှားလာခဲ့သည်။

“ကောင်းတယ် ကောင်းတယ် နှစ်သုံးထောင်သက်တမ်းရှိတဲ့ ကံကြမ္မာတွေ အားလုံးက ငါ့အဇူရာတိမ်ဂိုဏ်းပေါ် ကျရောက်လာပြီ အမြန်ပြော အမြန်ပြော မင်းဘယ်လို၀င်သွားသလဲ မင်းဆရာကိုအမြန်ပြောပြ”

ကျန်းယန် ခါးသက်သက်ပြုံးကာ ပြောလိုက်၏။

“ဆရာအဲ့ဒီကိစ္စက အတော်လေးထူးဆန်းတယ် ကျွန်တော်တို့ခန်းမရှေ့က ရုပ်ထုတွေကို အသက်၀င်အောင်လုပ်လိုက်ပြီးတော့ ကျွန်တော်တို့ကို ခန်းမထဲဆွဲသွင်းခံလိုက်ရတာ

ပြီးတော့ ကျွန်တော်က မိစ္ဆာခန်းမလို့ထင်ရတဲ့နေရာမှာပေါ်လာခဲ့တယ် ဆရာ ကျွန်တော်မိစ္ဆာပညာရပ်တွေကို ကျင့်ကြံခဲ့တယ်”

နောက်ဆုံးတွင် သူထိုကိစ္စကိုပါပြောပြလိုက်လေသည်။

“မိစ္ဆာပညာရပ်တွေကျင့်ကြံတာက ဘာမှကိစ္စကြီးကြီးမားမားမဟုတ်ပါဘူး” ချင်းယွင်ကျိ လက်ကာပြကာ ပြောလိုက်၏။

“ငါလည်းမိစ္ဆာပညာရပ်တွေ ကျင့်ကြံတယ်”

“ဘယ်လို…”

ကျန်းယန် ချင်းယွင်ကျိကိုတုန်လှုပ်စွာ ကြည့်လိုက်မိသည်။

ချင်းယွင်ကျိ ရယ်မောကာ ပြောလိုက်၏။

“ငါတို့ မိစ္ဆာလမ်းစဉ်အကြောင်းနောက်မှပြောကြတာပေါ့ အရင်ဆုံးငါ့ကိုကျန်တာတွေပြောပြ”

သူလေးလေးနက်နက်‌ဆက်ပြောလိုက်သည်။

“မိစ္ဆာခန်းမထဲ၀င်ပြီးတော့ ကျွန်တော့်ရွှေအမြုတေထဲကို မိစ္ဆာစွမ်းအင်တွေအများကြီး စီး၀င်လာတယ် တစ်ချိန်တည်းမှာပဲ ကျွန်တော့်စိတ်ထဲကိုလည်း မိစ္ဆာပညာရပ်တွေ၀င်လာခဲ့တာ

ကျွန်တော်အမွေဆက်ခံပြီးတဲ့အခါ မိစ္ဆာခန်းမထဲ ရှာကြည့်ခဲ့သေးတယ် ဒါပေမယ့် အသုံး၀င်တဲ့ပစ္စည်းတစ်ခုမှ မတွေ့ခဲ့ရဘူး

ပြီးတော့ ခန်းမထဲကပစ္စည်းမှန်သမျှက ပျက်ဆီးသွားရင်တောင် သူ့အလိုလိုပြန်ပြုပြင်နိုင်စွမ်းရှိနေတယ်

ကျွန်တော်စမ်းသပ်ပြီးဖျက်ဆီးကြည့်ခဲ့သေးတယ် အားလုံးက သူ့အလိုလိုပြန်ကောင်းသွားတာချည်းပဲ”

ချင်းယွင်ကျိမျက်လုံးထဲတောင့်တနေသောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။

ထိုကဲ့သို့သော စွမ်းအားမျိုးက ဘယ်လောက်ကြောက်စရာကောင်းသောစွမ်းအားမျိုး ဖြစ်နိုင်ပါသနည်း။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ဖြစ်သော သူတောင် ထိုကဲ့သို့ မလုပ်နိုင်ပေ။

“မိစ္ဆာခန်းမထဲမှာ အရမ်းထူးဆန်းတဲ့နေရာတစ်နေရာလည်း ရှိတယ်” ကျန်းယန် ဆက်ပြောလိုက်သည်။

“သူ့မျက်နှာကျက်နားကို ကပ်လို့မရဘူး ကျွန်တော်ကပ်ဖို့ကြိုးစားတာနဲ့ အပေါ်ကအသံတွေကိုပဲ ကြားနေရတယ် အဲ့ဒီအသံတွေက အရမ်းဝေးတဲ့နေရာက ထွက်လာသလိုမျိုးပဲ တစ်ချက်တစ်ချက်တော့ ကျွန်တော်စကားလုံးနည်းနည်းကြားရတယ် ဒါပေမယ့် သူတို့ဘာကိုဆိုလိုနေလဲဆိုတာ နားမလည်ဘူး”

ကျန်းယန် မိစ္ဆာခန်းမ၏ဆန်းကြယ်မှုများကို မျှဝေနေခဲ့သည်။

ချင်းယွင်ကျိ မျက်မှောင်ကြုံ့သွားခဲ့၏။

“မိစ္ဆာခန်းမက မိစ္ဆာအရှင်တွေရှိတဲ့နေရာဆီလမ်းပြနေတာများလား ဒါဆိုရင်တော့ အနာဂတ်မှာငါတို့သတိထားဖို့လိုပြီ ပြီးတော့ရော မိစ္ဆာပညာရပ်တွေသင်ပြီးတော့ ထွက်လာတာလား”

“မဟုတ်ဘူး ကျွန်တော်ခန်းမလေးခုလုံးကို၀င်ကြည့်ခဲ့တယ်” ကျန်းယန် ရယ်မောလိုက်သည်။

ချင်းယွင်ကျိ သူ့ကိုထူးဆန်းစွာ ကြည့်လိုက်၏။

“သေချာရှင်းပြစမ်းပါ” ချင်းယွင်ကျိ ပြောလိုက်သည်။

“စွမ်းအားကြီးအားတစ်မျိုးကိုသုံးပြီး ကျွန်တော် ခန်းမတံခါးကိုဖွင့်ခဲ့တာ ပြီးတော့ ဉယျာဉ်တစ်ခုထဲကိုရောက်သွားတယ် ဆရာ အဲ့ဒီဉယျာဉ်ထဲမှာ စိတ်ဝိညာဉ်ဆေးပင်တွေ အများကြီးပဲ ဒါတွေက ကျွန်တော်အဲ့ဒီကယူလာတဲ့ စိတ်ဝိညာဉ်ဆေးပင်တွေပဲ တစ်ပင်ချင်းစီက အနည်းဆုံး သက်တမ်း ၃၀၀၀ကျော်ရှိတယ်” ကျန်းယန် ဂုဏ်ယူစွာပြောလိုက်ကာ စိတ်ဝိညာဉ်ဆေးပင်များကို ထုတ်ပြလိုက်၏။

ဂုဏ်သိက္ခာကြီးမားသော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဖြစ်သော ချင်းယွင်ကျိပင် သူ့ရှေ့က များစွာသော သက်တမ်း ၃၀၀၀ကျော်ဆေးပင်များကို‌ေတွ့လိုက်ရသောအခါ ငေးကြောင်သွားခဲ့လေသည်။

All Chapters