← Chapters

မဟာကံကြမ္မာ

Vol. 21 Ch. 225

မဟာကံကြမ္မာ

Vol. 21 Ch. 225

အတန်ကြာမှ ချင်းယွင်ကျိ အသိပြန်၀င်လာခဲ့သည်။ သူခါးသက်သက်ပြုံးလ်ိုက်ကာ ပြောလိုက်၏။

“ကောင်စုတ်လေး ငါတကယ်ဘာပြန်ပြောရမလဲ မသိတော့ဘူး မင်းလုပ်ရပ်တွေက ငါမျှော်လင့်ထားတာထက် အများကြီးပိုနေတယ်”

ဤနေရာရှိ စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ကပင် ကမ္ဘာကြီးထဲထွက်ပေါ်ခဲ့မည်‌ဆိုလျှင် သွေးချောင်းစီးတိုက်ပွဲများကိုဖြစ်စေနိုင်သည့် အပင်မျိုး ဖြစ်သည်။

သို့သော် ဤနေရာတွင်တော့ အပင်ရာချီရှိနေခဲ့၏။

အကယ်၍ အခြားဂိုဏ်းများသာ ဤကိစ္စကိုသိသွားခဲ့မည်ဆိုလျှင် အားကုန်သုံး၍ အဇူရာတိမ်ဂိုဏ်းကိုရှင်းပစ်ဖို့ ကြိုးစားကြပေလိမ့်မည်။

ထိုအရာက အမတရတနာအနည်းငယ်သာ မဟုတ်ပေ။ မရေတွက်နိုင်သောလူများကို အမတနယ်ပယ်သို့ တက်လှမ်းအောင်လုပ်ပေးနိုင်သည့် ဆေးပင်များ ဖြစ်ကြသည်။

ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“ဆရာ ဒီကိစ္စထဲမှာ မင်ယွဲ့ ချင်းရှုနဲ့ဟူတလီတို့ပါတယ်ဆိုပေမယ့် ကျွန်ဝောာ်သူတို့ကို မိစ္ဆာပညာရပ်သုံးပြီး မှတ်ဉာဏ်တွေဖျောက်ထားတယ်

ဆိုတော့ သူတို့အားလုံးဘာကိုမှ မှတ်မိမှာမဟုတ်ဘူး

ဒီကိစ္စကိုသိတာ ဆရာနဲ့ကျွန်တော်နှစ်ယောက်ပဲရှိတယ်”

ချင်းယွင်ကျိ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။

“ကောင်းတယ် ဒီကိစ္စကိုဘယ်သူ့ကိုမှအသိပေးလို့ မဖြစ်ဘူး”

ကျန်းယန်ပြုံးကာပြောလိုက်သည်။

“ဒီစိတ်ဝိညာဉ်ဆေးပင်တွေအပြင် ကျွန်တော်ရေကန်ထဲက ကျောက်တုံးအတော်များများနဲ့‌ေရ‌ေတွကိုလည်း ယူလာခဲ့သေးတယ် ဆရာ ဆရာ့ကျင့်ကြံခြင်းက နက်ရှိုင်းတယ်ဆိုတော့ တစ်ချက်လောက်ကြည့်ကြည့် ဒီကျောက်တုံးတွေနဲ့ရေတွေထဲမှာ ထူးခြားတာတစ်ခုခုရှိနေလား”

သူရေကန်ထဲက ယူလာသောပစ္စည်းများကို ချင်းယွင်ကျိရှေ့တွင် ချပေးလိုက်၏။

ချင်းယွင်ကျိတစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အမူအရာပြောင်းလဲသွားခဲ့ပြန်သည်။

သူလေးလေးနက်နက်ကြည့်ကာ ပြောလိုက်၏။

“သူတို့က သာမန်လို့ထင်ရပေမယ့် အဲ့တာတွေအပေါ်မှာ ကြောက်စရာအရှိန်အဝါတစ်ခုရှိနေတယ် ကြောက်မက်ဖွယ်တည်ရှိမှုအချို့သုံးတဲ့ပစ္စည်းမလို့ ဒါမျိုးအရှိန်အဝါကျန်နေတာ ဖြစ်နိုင်တယ်”

“အဲ့လိုပဲနေမှာပါ” ကျန်းယန်လည်း ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော်စားပွဲပေါ်မှာတွေ့လာတာတွေလည်းရှိသေးတယ် ကြည့်ရတာ အမတ မိစ္ဆာ မွန်းစတားနဲ့ တစ္ဆေဆိုတဲ့တည်ရှိမှုကြီးလေးခုက အဲ့ဒီနေရာမှာထိုင်ကြီး ကိစ္စတွေအပေါ် လောင်းကြေးထပ်ကြပုံပေါ်တယ် အဲ့ဒီအပေါ်က အတုံးလေးတွေက လောင်းကြေးအတုံးလေးတွေနဲ့ တူတယ်”

ကျန်းယန်စကားကိုကြားသောအခါ ချင်းယွင်ကျိ ခန္ဓာကိုယ်ပင်တုန်ရီသွားခဲ့ပြီး သူကျန်းယန်ကိုပြူးကျယ်နေသောမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့၏။

“ဆရာ ဘာဖြစ်လို့လဲ”

“ဟားဟားဟားဟား” ချင်းယွင်ကျိ အားရပါးရရယ်မောလိုက်လေသည်။

သူခံစားလိုက်ရသောပျော်ရွှင်မှုက ကျန်းယန်တွင် မူလအပျက်အဆီးရွှေအမြုတေရှိသည်ဟု သိခဲ့တုန်းကထက်ပင် ပိုသေး၏။

“ကောင်စုတ်လေး ငါခန့်မှန်းတာသာမမှားရင် အဲ့တာတွေအကုန်လုံးက …ကံကြမ္မာတွေကွ” ချင်းယွင်ကျိ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ပြီးတော့ ဒီကျင့်ကြံခြင်းကမ္ဘာရဲ့ကံကြမ္မာပဲမဟုတ်ဘူး အမတ မိစ္ဆာ မွန်းစတား တစ္ဆေ မျိုးနွယ်စုအားလုံးရဲ့ ကံကြမ္မာတွေကွ မင်းတော့ မဟာကံကြမ္မာကြီးကိုရလိုက်တာပဲ”

“အမတ မိစ္ဆာ မွန်းစတား တစ္ဆေ အားလုံးရဲ့ကံကြမ္မာတွေအကုန်လုံးက မင်းလက်ထဲမှာရောက်နေပြီလို့ ပြောလို့ရတယ်”

ထိုကဲ့သို့သော မဟာကံကြမ္မာမျိုးကို ရရှိထားသော ကျန်းယန်၏ အနာဂတ်က ဘယ်လောက်ထိမြင့်သွားမလဲ သူတောင်မခန့်မှန်းနိုင်တော့ပေ။

အလွယ်ပြောရလျှင် ကျန်းယန်သည် အနာဂတ်တွင် ကြုံတွေ့လာရသမျှအခက်အခဲများကို အလွယ်တကူကျော်ဖြတ်နိုင်တော့မည်ဟု ဆိုလိုနေခြင်း ဖြစ်၏။

ချင်းယွင်ကျိ ဆက်ပြောလိုက်သည်။

“ဒီလိုတပည့်မျိုးတစ်ယောက်ရှိနေတာက…အနာဂတ်မှာ ဂိုဏ်းတည်ထောင်သူငါ့ကိုတွေ့ရင်တောင် သူငါ့ကိုတလေးတစားဆက်ဆံရတော့မှာကွ”

ကျန်းယန် သူ့ဆရာကိုအံ့အားသင့်နေဟန်ဖြင့် ကြည့်လိုက်သည်။

“အဲ့တာက တကယ်ကြီး ကံကြမ္မာလား” သူတွေးလိုက်၏။

သူဘာထူးခြားတာကိုမှ မခံစားမိသေးပေ။ ထိုကံကြမ္မာဆိုသောအရာက သူ့ဆီဘယ်လိုအရာတွေကို ယူဆောင်လာပေးပါမည်နည်း။

“ကောင်စုတ်လေး အခုကစပြီး အဇူရာတိမ်ဂိုဏ်းကိုမင်းလက်ထဲအပ်လိုက်ပြီ မင်းကြိုက်တာသာလုပ်တော့” ချင်းယွင်ကျိ ကျန်းယန်ပုခုံးကိုဆုပ်ကိုင်လိုက်ကာ လေးလေးနက်နက်ပြောလိုက်သည်။

“မင်းမှာတောင်းဆိုချင်တာတစ်ခုခုရှိရင် ပြော တကယ်လို့ မင်းဆရာကိုတစ်ခုခုလုပ်စေချင်တာရှိရင်‌လည်း ပြောသာပြောလိုက် အခြားစီနီယာဦးလေးတွေအကုန်လုံးကိုလည်း မင်းအမိန့်ကိုနာခံခိုင်းလိုက်မယ်”

“ဆရာ ဒါဆိုကျွန်တော်အားနာမနေတော့ဘူးနော်” ကျန်းယန် ပြုံး၍ ပြောလိုက်၏။

“အားနာနေစရာမလိုဘူး လုံး၀မလိုဘူး” ချင်းယွင်ကျိလည်း အားရပါးရရယ်မောကာ ပြန်ပြောလိုက်လေသည်။

ကျန်းယန် ဆက်ပြောလိုက်၏။

“ဆရာ ဖန်ဆင်းခြင်းခန်းမကရခဲ့တဲ့အကျိုးအမြတ်တွေက ဒီလောက်ပဲ မဟုတ်ဘူး ကျွန်တော်မွန်းစတားခန်းမကိုသွားခဲ့သေးတယ် ကျွန်တော့်ရွှေအမြုတေက မွန်းစတားစွမ်းအားကိုစုပ်ယူပြီးတော့ သူ့သန့်စင်မှုအောက်မှာ ကျွန်တော့်ခန္ဓာကိုယ်က မယုံနိုင်စရာကောင်းအောင် သန်မာလာတယ် ပြီးတော့ ကျွန်တော် မွန်းစတားပညာရပ်တွေကို အမွေဆက်ခံခဲ့တယ်”

ချင်းယွင်ကျိ မျက်နှာပျော်ရွှင်မှုကြောင့် တောက်ပသွားကာ

“မင်းက မွန်းစတားမျိုးနွယ်ရဲ့ ကံကြမ္မာကိုရထားမှတော့ မွန်းစတားအမွေအနှစ်ကိုဆက်ခံရတာက သာမန်ပါပဲ”

“ပြီးတော့ ကျွန်တော်အမတခန်းမထဲကိုရောက်သွားပြီး အဲ့ဒီမှာ စာအုပ်တွေအများကြီးရခဲ့သေးတယ်” ကျန်းယန် ဆက်ပြောလိုက်၏။

“ဂျူနီယာညီမလေးလည်း အဲ့ဒီမှာ အမွေအနှစ်တစ်ခုရခဲ့တယ် သူက အခုထိုက်ယင်အမတပညာရပ်ကို ကျင့်ကြံနေပြီ ချင်းရှုလည်း လက်နက်သွန်းလုပ်ခြင်းနဲ့ပတ်သက်တဲ့ အမွေအနှစ်တွေရခဲ့တယ် ချင်းရှုမျှော်စင်ကို အဲ့ဒီအမွေအနှစ်တွေကိုသုံးပြီး အဆင့်မြှင့်ထားတာ”

ချင်းယွင်ကျိ ကျန်းယန်ပေးသောစာအုပ်များကို ကောက်ကိုင်လိုက်ကာ အံ့အားသင့်သွားခဲ့သည်။

စာရွက်အနည်းငယ်လှန်ကြည့်လိုက်ရုံဖြင့် ထိုစာအုပ်များက အဇူရာတိမ်ဂိုဏ်းအတွက် ဘယ်လောက်အဖိုးတန်မှန်း သူသိရှိသွားခဲ့၏။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဖြစ်သောသူပင် ထိုစာအုပ်ထဲမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

“နောက်ဆုံးအပိုင်းကတော့ ကျွန်တော် တစ္ဆေခန်းမထဲကိုသွားခဲ့တာပဲ အဲ့ဒီမှာရှိတဲ့ တစ္ဆေစွမ်းအားက အတော်လေးအားကောင်းတယ် အခြားခန်းမတွေထက် အများကြီးကိုပိုအားကောင်းတာ အဲ့ဒီမှာ တစ္ဆေကြာပန်းတစ်ပွင့်တောင် ပွင့်နေခဲ့တယ်”

သူတစ္ဆေကြာပန်းကို သူ့ဆရာစစ်ဆေးလို့ရအောင် ထုတ်ပြလိုက်၏။

ချင်းယွင်ကျိ ထိုအရာကိုမယူခဲ့ပေ။ ထိုအစား ကြာပန်းကိုတစ်ချက်သာကြည့်ပြီး လေးလေးနက်နက်ပြောလိုက်သည်။

“မင်းဒါကို မင်းကိုယ်တိုင်လေ့လာရမယ် ဘယ်သူ့ကိုမှပြလို့မဖြစ်ဘူး ဒီထဲမှာ ကြောက်စရာကောင်းလွန်းတဲ့ တစ္ဆေစွမ်းအားတစ်ခုရှိနေတယ် ငါတောင် ကြောက်စိတ်ကိုခံစားလိုက်ရတယ်”

“ဟုတ်ကဲ့ပါ ဆရာ” ကျန်းယန် တစ္ဆေကြာပန်းကို ပြန်သိမ်းထားလိုက်၏။

“ကျွန်တော် များပြားလွန်းတဲ့ တစ္ဆေစွမ်းအင်တွေကို စုပ်ယူနေရင်း ကျွန်တော့်ရွှေအမြုတေကပြောင်းလဲသွားပြီးတော့ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ဖြစ်လာခဲ့တာ”

ကျန်းယန် အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် ချင်းယွင်ကျိကိုပြောလိုက်သည်။

“ဆရာ ကျွန်တော့်အခြေတည်ဝိညာဉ်ကို တစ်ချက်ကြည့်ပေးပါဦး အဲ့တာကဘာတွေမှားနေတာလဲ”

“အို့”

ချင်းယွင်ကျိ သူ့နတ်အာရုံကို ဖြန့်ကာ ကျန်းယန်၏ခရမ်းနန်းတော်ထဲ ၀င်ကြည့်လိုက်သောအခါ စုတ်ပြဲနေသောအ၀တ်အစားများ၀တ်ဆင်ထားသည့် အခြေတည်ဝိညာဉ်ကို တွေ့လိုက်ရ၏။

သူအံ့အားသင့်သွားခဲ့ရပြန်သည်။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်အနေဖြင့် သူသည် ကျန်းယန်အ‌ေခြတည်၀ိညာဥ်၏အ၀တ်အစားများကိုဖောက်ထွင်း၍ မြင်နိုင်ပေသည်။

ထိုအ၀တ်စုတ်ထဲတွင် တာအိုအပိုင်းအစများ ပါ၀င်နေခဲ့၏။

တစ်နည်းအားဖြင့်ဆိုသော် ထိုကောင်စုတ်လေးသည် တာအိုပေါင်းစည်းခြင်းအဆင့်သို့ မရောက်သေးခင်မှာတင် ထိုမျှများပြားသော တာအိုပမာဏများကို နားလည်နေခဲ့ခြင်း ဖြစ်သည်။

ချင်းယွင်ကျိ မျက်ခုံးများတွန့်ကွေးသွားကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒီအခြေတည်ဝိညာဉ်က ငါတွေ့ဖူးသမျှထဲ သနားစရာအကောင်းဆုံးပဲ”

သူအရင်လိုပင် ကျန်းယန်ကိုပိုကြိုးစားအောင် လျှောက်ပြောနေခဲ့ခြင်း ဖြစ်သည်။

ကျန်းယန် အူကြောင်ကြောင်ပြုံးလိုက်ကာ

“ဒီအ၀တ်အစားတွေက နည်းနည်းတော့ စုတ်ပြတ်နေတယ်…ဆရာ ကျွန်တော်အဲ့တာကိုဘယ်လိုပြုပြင်လို့ရမလဲ”

ချင်းယွင်ကျိခေါင်းယမ်းလိုက်ကာ

“မင်းက တိကျတဲ့တာအိုမရှိတဲ့ ရွှေအမြုတေကိုကျင့်ကြံတာ အဲ့တာမှာ အကျိုးအပြစ်တွေရှိတယ်

ကောင်းတဲ့အပိုင်းကတော့ မင်းက အခြားတာအိုစွမ်းအားတွေကိုလည်း အသုံးပြုနိုင်တယ် ဆိုးတာကတော့ မင်းအခြေတည်ဝိညာဉ်ကအသုံးပြုနိုင်တဲ့ တာအိုစွမ်းအားက နည်းနည်းအားနည်းနေလိမ့်မယ် မင်းနားလည်လား”

“ဆိုတော့ မင်းကဒီအ၀တ်အစားတွေကို ပြုပြင်ဖို့အတွက် တာအိုတစ်ခုချင်းစီတိုင်းကို နက်နက်ရှိုင်းရှိုင်းနားလည်အောင် လုပ်ရမယ်”

“မင်းရဲ့နားလည်နိုင်စွမ်းကို အရှိန်မြှင့်မှရမယ် မဟုတ်ရင် မင်းနတ်ဝိညာဉ်အဆင့်ရောက်တဲ့အခါ ပြဿနာဖြစ်လာလိမ့်မယ်”

ထိုစကားကိုကြားသောအခါ ကျန်းယန် ကြက်သီးထသွားခဲ့၏။

ချင်းယွင်ကျိ သူ့ကိုကြင်ကြင်နာနာ နှစ်သိမ့်ပေးလိုက်သည်။

“ဒါပေမယ့် မင်းလောဖို့လည်းမလိုပါဘူး အခွင့်အရေးရရင် ဆရာမင်းကိုကူညီမှာပါ”

“ကျေးဇူးပါဆရာ” ကျန်းယန် ကျေးဇူးတင်စကားပြောလိုက်၏။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်၏ အမြင်က သာမန်တော့ မဟုတ်ပေ။ သူ့ဆရာ၏အကူအညီဖြင့်ဆိုလျှင် သူ့အ၀တ်အစားများကို ပြုပြင်နိုင်မှာ သေချာပေသည်။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ဆရာတစ်ယောက်ရှိနေခြင်းမှာ တကယ့် ကောင်းချီးပင်။

All Chapters