← Chapters

တာအိုလမ်းကြောင်း

Vol. 21 Ch. 226

တာအိုလမ်းကြောင်း

Vol. 21 Ch. 226

“ဆရာဒီတစ်ခေါက်ကျွန်တော် အမတခန်းမထဲက အမတပညာရပ်ငါးခုရခဲ့တယ် ဂျူနီယာညီမလေးရထားတဲ့ ထိုက်ယင်ပညာရပ်ကိုပါထည့်ပေါင်းရင် ၆ခုပေါ့ ကျွန်တော်အားလုံးကို ကျောက်စိမ်းပြားတွေထဲ ထည့်ရေးထားတယ် ဆရာနဲ့ဆရာဦးလေးတွေလည်း လေ့လာကြည့်လို့ရတာပေါ့

ပြီးတော့ အမတပညာရပ်တွေအပြင် မိစ္ဆာပညာရပ် မွန်းစတားပညာရပ် တစ္ဆေပညာရပ်တွေလည်းရှိသေးတယ် အဲ့တာတွေအကုန်လုံးက အဇူရာတိမ်ဂိုဏ်းရဲ့ အုတ်မြစ်တွေပဲ”

ချင်းယွင်ကျိ ခေါင်းယမ်းကာ ပြုံးပြလိုက်၏။

“ဆရာအဲ့တာတွေကိုမလိုပါဘူး မင်းစီနီယာဦးလေးတွေကိုသာ လေ့လာခိုင်းလိုက်ပါ”

သူသည် သူနှင့်အသင့်တော်ဆုံးလမ်းစဉ်ကို တွေ့ရှိပြီးသူဖြစ်သောကြောင့် အခြားလမ်းစဉ်များကိုလေ့လာကြည့်ရန် မလိုတော့ပေ။

လင်းယွင်ကျိနှင့်အခြားသူများကတော့ သူတို့တာအိုလမ်းစဉ်ကို တိတိကျကျမသတ်မှတ်ရသေးသောကြောင့် လိုကောင်းလိုနိုင်ပေသည်။

ချင်းယွင်ကျိတခဏတွေးတောပြီးနောက် ပြောလိုက်၏။

“မိစ္ဆာပညာရပ် မွန်းစတားပညာရပ်နဲ့ တစ္ဆေပညာရပ်တွေကိုတော့ ကျမ်းစာတိုက်ထဲမထည့်နဲ့ လူတိုင်းကမင်းလို ကံကြမ္မာမျိုးစုံရထားတာမဟုတ်ဘူး သူတို့ကိုကျင့်ကြံခွင့်ပေးလို့ မဖြစ်ဘူး

သူတို့လျှောက်ကျင့်ကြံရင် ပြဿနာကြီးတွေဖြစ်သွားနိုင်တယ်

မင်းဟာမင်းသိမ်းထားတာအကောင်းဆုံးပဲ သင့်တော်တဲ့လူတွေ့မှ မင်းကိုယ်တိုင်ပေးလိုက်ပေါ့”

ကျန်းယန် ချင်းယွင်ကျိ၏ ဆိုလိုရင်းကိုနားလည်သွားပြီး ခေါင်းညိတ်ပြလိုက်၏။

“ဒါဆို မိစ္ဆာပညာရပ်တွေကိုရောဆရာ တစ်ချက်လောက်ကြည့်ချင်သေးလား”

ချင်းယွင်ကျိ ပြုံးကာ ပြောလိုက်သည်။

“မင်းက ဝိညာဉ်အခြေတည်အဆင့်ကိုရောက်နေပြီဆိုတော့ ငါမင်းကို နောက်တစ်ဆင့်ရဲ့ကျင့်ကြံပုံကို ပြောပြမယ်”

“ကျင့်ကြံသူတိုင်းက အမတလမ်းစဉ်ကိုလျှောက်လှမ်းပြီး အုတ်မြစ်တည်ဆောက်ဖို့ တာအိုမျိုးစေ့တစ်ခုလိုကြတယ်

အဲ့ဒီတာအိုမျိုးစေ့က ကြားခံအဖြစ်ဆောင်ရွက်ပေးပြီး ငါတို့ကို ကောင်းကင်နဲ့မြေပြင်နိယာမတွေနဲ့ ချိတ်ဆက်ပေးတာ

ဒါပေမယ့် ငါတို့အမတလမ်းစဉ်တွေအပေါ် လျှောက်လှမ်းရတဲ့ အကြောင်းအရင်းက တာအိုမျိုးစေ့ကြောင့်တော့ မဟုတ်ဘူး တကယ်တော့ တာအိုနှလုံးသားကြောင့်ပဲ”

“တာအိုနှလုံးသားဆိုတာ ဘာလဲ”

“အရိုးရှင်းဆုံးပြောရရင် တာအိုနှလုံးသားဆိုတာ မင်းဘာလုပ်ချင်လဲ မင်းဘာလို့ အမတလမ်းစဉ်ကိုလျှောက်လှမ်းရတာလဲလို့မေးခြင်းတစ်မျိုးပဲ”

ကျန်းယန်ကြောင်သွားခဲ့၏။

ထိုမေးခွန်းသည် သူတပည့်များကိုမေးသောမေးခွန်းနှင့်အတူတူသာ မဟုတ်ပါလော။

ချင်းယွင်ကျိ သူ့အတွေးကိုဖောက်မြင်နေဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။

“မင်းတပည့်တွေကိုပေးတဲ့အိမ်စာကလည်း တာအိုနှလုံးသားအပေါ် အခြေခံထားတဲ့ မေးခွန်းမျိုးပဲ တကယ်လို့ သူတို့သာ သူတို့နှလုံးသားကိုကောင်းကောင်းနားလည်သွားခဲ့ရင် အမတလမ်းစဉ်ပေါ်မှာ ပိုမြန်မြန်လျှောက်လှမ်းနိုင်လိမ့်မယ်”

“မင်းဘာလို့အရင်က အဇူရာတိမ်ဂိုဏ်းကို၀င်ပြီး အမတလမ်းစဉ်ကိုလျှောက်လှမ်းချင်လဲဆိုတာ မှတ်မိလား”

“ဒါပေါ့ ကျွန်တော်မှတ်မိတယ်” ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။

“မသေမျိုးဖြစ်ချင်လို့”

ချင်းယွင်ကျိလည်း မှတ်မိပေသည်။ ထိုစဉ်ကတော့ သူ့အဖြေကို သူအလေးအနက်မထားခဲ့ပေ။

ထိုပန်းတိုင်က စိတ်ကူးထားတာထက် အများကြီးပိုပြီး ခက်ခဲ၏။

ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်၏ သက်တမ်းက နှစ်တစ်ထောင်ကျော်ရှိပြီး ထိုအရာက သေမျိုးများအတွက်ဆိုလျှင် မသေမျိုးသာ ဖြစ်သည်။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဆိုလျှင် ပိုပြီးတောင် အသက်ရှည်သေး၏။ သို့သော် ထိုအရာကလည်း မသေမျိုးဖြစ်နေခြင်း မဟုတ်သေးပေ။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်လည်း အမတနယ်ပယ်ကိုမတက်လှမ်းနိုင်လျှင် နောက်ဆုံးတွင် သေဆုံးသွားရမည်သာ။

ထိုအခြေအနေတွင် မသေမျိုးဆိုတာ မည်သည့်အရာကိုခေါ်ခြင်း ဖြစ်ပါဦးမည်နည်း။

အရင်ကတော့ ကျန်းယန် စနောက်နေသည်ဟုသာ သူထင်ခဲ့သော်လည်း အခုတော့ ထိုအဖြေနှင့်ပတ်သက်ပြီး သူစတင်လေးနက်လာခဲ့မိသည်။

ကျန်းယန် လုပ်ဆောင်ပြခဲ့သောအရာများအရ သူသာ အဆင့်မြင့်တည်ရှိမှုများ၏ သတ်ဖြတ်ခြင်းကိုမခံရပါက သူ့အတွက် ဟိုးအမြင့်ကြီးထိတက်လှမ်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပေ။

“မင်းရည်မှန်းချက်က အတော်လေးမြင့်မားတယ် အဲ့တာကြောင့် မင်းရဲ့တာအိုနှလုံးသားကလည်း ပိုပြီး ခိုင်မြဲတယ်” ချင်းယွင်ကျိ ပြုံး၍ ပြောလိုက်၏။

“မင်းစိတ်ဝိညာဉ်လက်နက်တွေနဲ့ ဆယ်နှစ်လုံးလုံးမရပ်မနားဆက်သွယ်တာကို တွေ့ခဲ့ရတဲ့နောက် ငါမင်းရဲ့တာအိုနှလုံးသားနဲ့ပတ်သက်ပြီး စိတ်မပူမိတော့ဘူး မင်းတာအိုနှလုံးသားခိုင်မြဲသွားတာနဲ့ နောက်တစ်ဆင့်က မဟာတာအိုကိုရှာဖွေဖို့ပဲ

ရွှေအမြုတေအဆင့်နဲ့ဝိညာဉ်အခြေတည်အဆင့်က အခြေခံအားဖြင့် ကွဲပြားမှုမရှ်ိဘူး နှစ်ခုလုံးက စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းရတာပဲ

ကွဲပြားမှုက နတ်ဝိညာဉ်အဆင့်မှာမှ စပေါ်လာတာ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် နတ်ဝိညာဉ်အဆင့်ကိုရောက်သွားတယ်ဆိုတာက သူ့ရဲ့ ကောင်းကင်နဲ့မြေပြင်နိယာမတွေကို နားလည်နိုင်စွမ်းက နောက်တစ်ဆင့်ကိုရောက်သွားတာ အဲ့ဒီအခါ မင်းကစိတ်သက်သက်နဲ့ ကောင်းကင်နဲ့မြေပြင်နိယာမတွေကို ထိန်းချုပ်နိုင်လိမ့်မယ် အဲ့ဒီစွမ်းအားက ဝိညာဉ်အခြေတည်အဆင့်ထက် အများကြီးသာလွန်တယ်”

“မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားက နက်ရှိုင်းတယ်ဆိုရင်တောင် နတ်ဝိညာဉ်အဆင့်တစ်ယောက်နဲ့ရင်ဆိုင်ရရင် မင်းမှာ အနိုင်ရနိုင်တဲ့အခွင့်အရေးလုံး၀မရှိဘူး”

“ဒါပေါ့ မင်းကအခုတိုက်ပွဲကွင်းပြင်ထဲမှာမဟုတ်တော့ စိတ်ဝိညာဉ်လက်နက်တွေသုံးပြီး မင်းကိုယ်မင်းတော့ ကာကွယ်နိုင်မှာပါ”

ချင်းယွင်ကျိ ကျန်းယန်ကိုတစ်ချက်ကြည့်ကာ ဆက်ပြောလိုက်၏။

“နတ်ဝိညာဉ်အဆင့်မှာ မင်းကမင်းရဲ့ကိုယ်ပိုင်သက်စောင့်ရတနာကို စတင်ထုလုပ်ရတယ် အခြားရတနာတွေကဘယ်လောက်ပဲစွမ်းအားကြီးကြီး မင်းကိုယ်တိုင်ပျိုးထောင်ထားတဲ့ ရတနာလောက်တော့ မင်းရဲ့တာအိုနဲ့ လိုက်ဖက်ညီနိုင်မှာမဟုတ်ဘူး မင်းတာအိုရဲ့ခွန်အားနဲ့ မင်းရတနာကိုသွန်းလုပ်ထားတဲ့ ပစ္စည်းတွေရဲ့ စွမ်းအားက သက်စောင့်ရတနာရဲ့ စွမ်းအားကိုဆုံးဖြတ်ပေးလိမ့်မယ်”

“ငါတို့အဇူရာတိမ်ဂိုဏ်းတည်ရှ်ိခဲ့တာ နှစ်ငါးထောင်ရှိသွားပြီ နတ်ဝိညာဉ်အဆင့်တွေလည်း အများကြီးရှိခဲ့တယ် အဲ့တာကြောင့် ငါတို့မှာ စိတ်ဝိညာဉ်ရတနာတွေအများကြီး ရှိနေတာ

သက်စောင့်ရတနာကိုထုလုပ်ပြီးတော့ မဟာတာအိုကိုတည်ဆောက်ပြီးတာနဲ့ တာအိုပိုင်နက်ဖြစ်ပေါ်လာအောင် တာအိုနဲ့ပေါင်းစပ်ပြီးရင် တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်ပြီပဲ

တာအိုပိုင်နက်ဆိုတာ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ရဲ့ အသန်မာဆုံး စွမ်းအားပဲ

တာအိုပိုင်နက်အတွင်းမှာ ပိုင်ရှင်ရဲ့တာအိုတစ်ခုပဲ တည်ရှိနိုင်တယ် အခြားတာအိုတွေအားလုံးက ပျောက်ကွယ်ပေးရတယ်

နတ်ဝိညာဉ်အဆင့်တစ်ယောက်အနေနဲ့ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ကို ရင်ဆိုင်ဖို့က ရွှေအမြုတေအဆင့်တစ်ယောက် နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို ရင်ဆိုင်ရတာထက်တောင် ပိုခက်သေးတယ်

မင်းအများကြီးဂရုစိုက်ရမယ် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်နဲ့သာ ကြုံခဲ့ရင် သူ့တာအို‌ပိုင်နက်ထွက်လာတာနဲ့ မင်းကကောင်းကင်နဲ့မြေပြင်နိယာမတွေအားလုံးကို သုံးမရတော့ဘူး မင်းစိတ်ဝိညာဉ်လက်နက်တွေကိုလည်း သုံးမရတော့အောင် ဖိနှိပ်ခံလိုက်ရလိမ့်မယ် အဲ့ဒီအခါ မင်းကျိန်းသေပေါက် ရှုံးပြီပဲ”

“ဆရာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကရော” ကျန်းယန် မေးလိုက်၏။

ချင်းယွင်ကျိ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဆိုတာက တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ကောင်းကင်ရဲ့အသိအမှတ်ပြုမှုကို ရယူတာပဲ ဒီလိုစဉ်းစားလို့ရတယ် ကပ်ဘေးဆိုတာ ကောင်းကင်ရဲ့အာဏာကိုလွှဲပြောင်းလက်ခံခြင်းတစ်မျိုးပဲ အဲ့ဒီအခါ မင်းရဲ့တာအိုစွမ်းအားကိုယ်တိုင်က ကောင်းကင်နဲ့မြေပြင်ရဲ့နိယာမဖြစ်သွားတယ်

တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ရဲ့ ပိုင်နက်က ကောင်းကင်နဲ့မြေပြင်ရဲ့အောက်မှာပဲ ရှိသေးတယ် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကတော့ သူ့ရဲ့ပိုင်နက်ကိုယ်တိုင်က ကိုယ်ပိုင်ကမ္ဘာတစ်ခုဖြစ်သွားတာ ရင်ဆိုင်တိုက်ခုိက်ရရင် တာအိုပေါင်းစည်းခြင်းအဆင့်အတွက် အခွင့်အရေးလုံး၀ မရှိဘူး”

ကျန်းယန်ပြုံးကာမေးလိုက်သည်။

“ဆရာ ဆရာအရင်တုန်းက တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်နဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို တိုက်ခိုက်နိုင်တယ်ဆို အဲ့တာကရော ဘာလို့လဲ”

ချင်းယွင်ကျိ ခေါင်းယမ်းကာပြုံးလိုက်၏။

“အကြောင်းပြချက်ကတော့ ငါကမိစ္ဆာလမ်းစဉ်ကို ကျင့်ကြံလို့ပဲ အင်း အဲ့တာက မိစ္ဆာလမ်းစဉ်ရယ်လို့တော့ မဟုတ်ပါဘူး ငါ့ကိုယ်ပိုင်စွမ်းအားတစ်မျိုးလို့ ပြောလို့ရတယ်

ငါမင်းကို နတ်ဝိညာဉ်အဆင့် တာအိုပေါင်းစည်းခြင်းအဆင့်နဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေအကြောင်း ရှင်းပြနေတယ်ဆိုတာက ငါ့တာအိုနဲ့ငါ့တာအိုပိုင်နက်ကို နားလည်စေချင်လို့ပဲ

လာ ငါမင်းကိုငါ့တာအိုပိုင်နက်ကိုကြည့်ဖို့ ခေါ်သွားပေးမယ်”

All Chapters