← Chapters

အခန်း (၈၇၇-၈၇၈)

Vol. 52 Ch. 877-878

အခန်း (၈၇၇-၈၇၈)

Vol. 52 Ch. 877-878

အခန်း (၈၇၇) ကစားသမားများကို စောင့်ကြည့်နေသော လျှို့ဝှက်ဆန်းကြယ်သူ

တစ်လကြာပြီးနောက် ရှေ့ဆောင်ပါတီသည် ရှေးဟောင်းဧကရာဇ်ပါတီနှင့် မျိုးဆက်ပါတီတို့၏ တိုက်ခိုက်မှုများကို ကာကွယ်ရင်း ဘလက်စတားစစ်တပ် နှင့်အတူ တန်ပြန်တိုက်ခိုက်နေခဲ့သည်။ ပါတီသုံးခုစလုံးသည် ရန်သူ၏ ခံစစ်စည်းပေါက်များကို ထိုးဖောက်ရန် ကြိုးစားနေကြသဖြင့် ကြယ်မြေပုံ ပေါ်တွင် နယ်မြေလိုင်းများမှာ မညီမညာ ဖြစ်နေသည်။

ယခုအချိန်တွင် ရှေးဟောင်းဧကရာဇ်ပါတီ၏ နယ်စပ်အနီးရှိ ကိုလိုနီဂြိုဟ်တစ်လုံး ကျူးကျော်ခံနေရသည်။ ရှေ့ဆောင်ပါတီနှင့် ဘလက်စတားစစ်တပ် ရေယာဉ်အုပ်စုသည် ဂြိုဟ်၏ ကာကွယ်ရေးရေယာဉ်အုပ်စုနှင့် ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားနေသည်။ တစ်ချိန်တည်းမှာပင် ဂြိုဟ်ပေါ်ရှိ မြို့ကြီးများသည် ကောင်းကင်မှ တိုက်ခိုက်ခံနေရပြီး သူတို့၏ အကာအကွယ်ဒိုင်းများ ဗုံးကြဲခံရကာ ဖြစ်ပေါ်လာသော အပေါက်များမှတစ်ဆင့် လေကြောင်းချ သေတ္တာ များကို ပစ်လွှတ်လိုက်သည်။

အမိုးခုံးပုံစံ အလင်းဖန်သားပြင်သည် ဤကိုလိုနီဂြိုဟ်၏ မြို့တော်ကို လွှမ်းခြုံထားပြီး ကောင်းကင်မှ အဆုံးမရှိသော တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိအောင် လုပ်ဆောင်ပေးထားသည်။ ရောင်စုံ ပေါက်ကွဲမှုများကို အလင်းဖန်သားပြင် မျက်နှာပြင်ပေါ်တွင် မြင်တွေ့ရပြီး အကာအကွယ်ဒိုင်းသည် မတည်မငြိမ် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။

ပြည်တွင်းစစ်ပွဲ ဖြစ်ပွားရသည့် အကြောင်းရင်းများစွာကို ထည့်သွင်းစဉ်းစားပြီး ဒေသခံစစ်တပ်သည် မြေအောက်ခိုလှုံရာနေရာအားလုံးကို ပိတ်ထားလိုက်ပြီး အရပ်သားများ ဝင်ရောက်ခွင့်ကို တားမြစ်ထားသည်။ မြို့သူမြို့သားအများစုသည် မိမိတို့၏ အိမ်များတွင် တုန်လှုပ်နေကြရုံသာ တတ်နိုင်ပြီး မြို့၏ မြေပြင်တပ်ဖွဲ့များသည် စုဝေးကာ ကောင်းကင်ကို မော့ကြည့်နေကြသည်။

ခရက်

မြို့၏ အကာအကွယ်ဒိုင်းသည် နောက်ဆုံးတွင် တိုက်ခိုက်မှုလှိုင်းများကို မခံနိုင်တော့ဘဲ လူတိုင်း၏ မျက်စိရှေ့တွင် အက်ကွဲလာသည်။

နောက်တစ်ခဏတွင် ဥက္ကာခဲများကဲ့သို့ အပေါ်မှ ဆင်းသက်လာသော ထူထပ်သိပ်သည်းသည့် အနက်ရောင်အစက်များကို ကောင်းကင်တွင် မြင်တွေ့ရသည်။

မြို့၏ လေကြောင်းရန်ကာကွယ်ရေး အမြောက်များသည် လေကြောင်းချ သေတ္တာများဆီသို့ ချက်ချင်း ပစ်ခတ်လိုက်ရာ လေထုထဲတွင် ပေါက်ကွဲမှု ဘောလုံးများကို မြင်တွေ့ရသည်။

လေကြောင်းချ သေတ္တာ အစိတ်အပိုင်းတစ်ခုသည် ကောင်းကင်တွင် ပျက်စီးသွားသော်လည်း အများအပြားသည် မြို့ထဲသို့ ဆင်းသက်နိုင်ခဲ့ကြသည်။

ကစားသမားစစ်တပ်သည် လေကြောင်းချ သေတ္တာများထဲမှ ထွက်လာပြီး စတင်လှုပ်ရှားလိုက်ကြသည်။

သူတို့တစ်ဦးစီတွင် လက်နက်ကိုင်ဆောင်ထားသော ရန်လိုသည့် ပစ်မှတ်အားလုံးကို စကင်န်ဖတ်ခြင်းနှင့် ညွှန်ပြနိုင်သည့် ထောက်လှမ်းရေးကိရိယာတစ်ခု ပါရှိသည်။ ဆင်းသက်လာသော စစ်တပ်သည် ထိုကဲ့သို့သော မစ်ရှင်များကို အလွန် ကျင့်သားရနေပြီဖြစ်ပြီး မြို့ထဲရှိ ရန်သူများကို စတင်ရှင်းလင်းလိုက်သည်။

မြို့၏ ထောင့်တိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကစားသမားများသည် မြေပြင်တပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်ကြသည်။ အရေအတွက်အရ အားနည်းချက်ရှိသော်လည်း ကစားသမားများအားလုံးနီးပါးသည် အဆင့် ဘီ စူပါများ ဖြစ်ကြပြီး ရန်သူအများစုမှာ သာမန်စစ်သားများ ဖြစ်ကြသည်။

အဆင့် ဘီ စူပါများသည် စကြဝဠာတွင် အလယ်အလတ်အဆင့် တိုက်ခိုက်ရေးသမားများ ဖြစ်ကြပြီး သူတို့အားလုံးတွင် စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်ရေးစွမ်းအား ရှိသည်။ အဆောက်အဦးတစ်ခုကို ဖျက်ဆီးခြင်းသည် ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူပြီး ကစားသမားများသည် သာမန် အဆင့် ဘီ စူပါများ မဟုတ်ကြပေ။ သူတို့သည် ပစ်ခတ်ခံရမည်ကို မကြောက်ဘဲ မည်သည့်စိုးရိမ်မှုမှမရှိဘဲ တိုက်ခိုက်နိုင်သည်။

ဤဂလက်ဆီ ကြေးစားစစ်သား များသည် သေမင်းကို မကြောက်ဘဲ ပြင်းထန်သော ပစ်ခတ်မှုများကို ခံနိုင်ရည်ရှိစွာ ရှေ့သို့ တက်လာနိုင်သည်ကို သိရှိလိုက်ရသောအခါ မြေပြင်တပ်ဖွဲ့များ အလွန်အံ့သြသွားကြသည်။ သူတို့သည် သူတို့၏ ဖွဲ့စည်းပုံများကို အလွယ်တကူ ဖြတ်ကျော်ပြီး တပ်ဖွဲ့များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ကြသည်။

မြေပုံမှ ကြည့်လျှင် ကစားသမားစစ်တပ်ကို ကိုယ်စားပြုသော အနက်ရောင်အစက်များသည် မြို့အနှံ့ လျင်မြန်စွာ ဖြတ်သန်းသွားပြီး ရန်သူများကို ကိုယ်စားပြုသော အနီရောင်အစက်များ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

မြို့လယ်တွင် အစိုးရအဆောက်အဦးကို ကစားသမား ခုနစ်ဖွဲ့က တိုက်ခိုက်ပြီးဖြစ်သည်။

အစိုးရအဆောက်အဦး၏ အခန်းတစ်ခန်းတွင် ရှေးဟောင်းဧကရာဇ်ပါတီ အဆင့် ဘီ စူပါတစ်ဦးသည် မျက်လုံးများပြူးကျယ်လျက် ထိတ်လန့်တကြား ဒူးထောက်နေသည်။ သူ့ရှေ့ရှိ လူပုဂ္ဂိုလ်သည် သူ့လည်ချောင်းမှ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ရာ သွေးများ နေရာအနှံ့ ပြန့်ကျဲသွားသည်။

သူ့ခန္ဓာကိုယ်မှ အသက်ဓာတ် ကုန်ဆုံးသွားပြီး သူ့သွေးအိုင်ထဲသို့ လဲကျသွားသည်။

"ဒီကောင်ရဲ့ အဆင့်က တော်တော်မြင့်တယ်။ ငါ့သွေးအမှတ် က ၃၇ ရာခိုင်နှုန်းပဲ ကျန်တော့တယ်။" ဓါးရူးက သူ့ဓားပေါ်ရှိ သွေးများကို ခါချလိုက်သည်။

သူ ယခုဝတ်ဆင်ထားသော ငွေရောင်သံချပ်ကာသည် ဝှက်ထားသော ယန္တရားလက်နက်မျိုးစုံ ပါဝင်သည့် တိုက်ခိုက်ရေးယန္တရားပညာရှင် ပစ္စည်းကိရိယာ ဖြစ်သည်။

အခန်းတစ်ခုလုံး အလောင်းများ ပြည့်နေပြီး မြစ်တောင်ကြားကလပ် အဖွဲ့ဝင်များနှင့် သူ့အသင်းဖော်များသည် သူ့ဘေးတွင် ရှိနေသည်။ သူတို့သည် အခန်းထဲရှိ လူတိုင်းကို ရှင်းလင်းရန် အတူတကွ လုပ်ဆောင်ခဲ့ကြပြီး ယခုအခါ သူတို့၏ စစ်ပွဲအကြွင်းအကျန်များကို ရှာဖွေရင်း သူတို့၏ ပစ္စည်းကိရိယာများ၏ ခိုင်ခံ့မှု ကို ပြုပြင်နေကြသည်။

တံခါးအပြင်ဘက်တွင် ပြင်းထန်သော ပစ်ခတ်သံများကို ကြားနိုင်သည်။ သူတို့ သတ်ဖြတ်လိုက်သော ဤ အဆင့် ဘီ အရာရှိသည် အတော်လေး အရေးပါပုံရပြီး ရန်သူ့တပ်ဖွဲ့ အများအပြား သူတို့ရှိရာသို့ ရောက်လာကြသည်။ မေပယ်မွန်း သည် တံခါးအပြင်ဘက်တွင် စောင့်ကြပ်နေပြီး ပြန်လည်ပစ်ခတ်ရန် သူမ၏ ယန္တရားထောင်ချောက်များနှင့် လျှပ်စစ်သံလိုက် အမြောက်စင်ကို အသုံးပြုနေသည်။ အဆင့် ဘီ ယန္တရားပညာရှင် တစ်ဦး၏ ခံစစ်သည် သာမန်စစ်သားများ ကျော်လွှားနိုင်မည့်အရာ မဟုတ်ပေ။ သူတို့အားလုံး စင်္ကြံထောင့်တစ်နေရာတွင် ဖိနှိပ်ခံထားရပြီး ရှေ့သို့ တက်လာရန် ကြိုးစားမှု အနည်းငယ်သည် အလောင်းများ ပြည့်နေသော မြေပြင်ဖြင့် အဆုံးသတ်သွားသည်။

မေပယ်မွန်းသည် ပုံမှန်အားဖြင့် မြစ်တောင်ကြားကလပ်နှင့် ကစားရသည်ကို နှစ်သက်ပြီး ဓါးရူးသည်လည်း ယုံကြည်စိတ်ချရသော ယန္တရားပညာရှင်တစ်ဦးကို ခေါ်ဆောင်လာရန် ဆန္ဒရှိသည်။ သူတို့နှစ်ဦးတွင် အတော်လေး ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။

ဗားရှင်း ၃.၀ တွင် ယန္တရားပညာရှင်များသည် အဆင့်မြင့် ဖိသိပ်မှု နည်းပညာ နှင့် ထိတွေ့လာရသောအခါ အဖွဲ့ဖွဲ့ရန် လူကြိုက်အများဆုံး ရွေးချယ်စရာ ဖြစ်လာခဲ့သည်။ ယန္တရားပညာရှင်များသည် သူတို့၏ စက်ယန္တရားများကို ဖြည်းဖြည်းချင်း တည်ဆောက်စရာ မလိုတော့ဘဲ သူတို့၏ ပြင်ဆင်မှု အရှိန်အဟုန် များစွာ တိုးတက်လာသည်။ ဒန်ဂျင် တိုက်ခိုက်ခြင်း ဖြစ်စေ၊ မစ်ရှင် ပြီးမြောက်ခြင်း ဖြစ်စေ မည်သည့်အဖွဲ့တွင်မဆို ယန္တရားပညာရှင် တစ်ဦး ပါဝင်လေ့ရှိသည်။ သေချာသည်မှာ ယန္တရားပညာရှင် တစ်ဦးစီတွင် မတူညီသော ပစ္စည်းကိရိယာ အစုံအလင် ရှိပြီး မတူညီသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်သည်။

မိစ္ဆာဓါး သည် သူ့ကျန်းမာရေး ပြန်လည်ကောင်းမွန်စေရန် သွေးရည်ကြည် ထိုးသွင်းလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒီမြို့ထဲမှာ အဆင့် ဘီ ရန်သူ ဘယ်နှယောက်လောက် ရှိမလဲဆိုတာ ငါ သိချင်တယ်။"

"ငါတို့ အများစုကို ရှင်းလင်းပြီး ဖြစ်သင့်တယ်။" ဓါးရူးက တိုက်ပွဲမြေပုံကို ကြည့်လိုက်သည်။ "မြို့ထဲက စစ်သားတွေ အများစု သုတ်သင်ခံလိုက်ရပြီ။ ဟောက်ထျန်းနဲ့ ကျန်တဲ့သူတွေက အောက်ထပ်မှာ အဆင့် ဘီ လေးယောက် သတ်ပြီးသွားပြီ။"

"ကံကောင်းလိုက်တာ။ ငါတို့ လမ်းတစ်လျှောက် နှစ်ယောက်ပဲ သတ်နိုင်ခဲ့တယ်။" မိစ္ဆာဓါးက မနာလိုစွာ ပြောလိုက်သည်။

အဆင့် ဘီ စူပါများသည် သူတို့အား အတွေ့အကြုံအမှတ် များစွာ ပေးစွမ်းနိုင်သော လက်ရွေးစင်မွန်းစတား များ ဖြစ်ကြသည်။ ထို့အပြင် အဆင့် ဘီ လက်ရွေးစင်တိုင်းတွင် နာမည်တစ်ခု ရှိပြီး မစ်ရှင်အတွက် အပိုဆုလာဘ်များ ပေးလိမ့်မည်။ အတွေ့အကြုံအမှတ်အပြင် သူတို့သည် ရှေ့ဆောင်ပါတီထံမှ အပိုဆုကြေးငွေ ရယူနိုင်မည်ဖြစ်ပြီး ကစားသမားအားလုံး အဆင့် ဘီ ရန်သူများကို သတ်ဖြတ်ရန် အလွန် စိတ်အားထက်သန်နေကြသည်။

ပထမတန်းစား အဖွဲ့တစ်ခုအတွက် အဆင့် ဘီ လက်ရွေးစင်တစ်ဦးကို တစ်ကိုယ်တော် တိုက်ခိုက်ရန် မဖြစ်နိုင်သော်လည်း ငါးဦးပါ အဖွဲ့တစ်ဖွဲ့သည် သာမန် အဆင့် ဘီ စူပါတစ်ဦးကို အလွယ်တကူ အနိုင်ယူနိုင်သည်။ အဆင့် ဘီ မီနီဘော့စ် ရန်သူတစ်ဦးကို ကိုင်တွယ်ရန် ခက်ခဲလျှင်ပင် ကစားသမားများ၏ စွမ်းဆောင်နိုင်ရည်အတွင်း ရှိနေဆဲဖြစ်သည်။

ကြယ်စနစ် အဆင့် လူမှုအဖွဲ့အစည်း တစ်ခုတွင် ကပ်ဘေး အဆင့် စူပါ ဆယ်ယောက် သို့မဟုတ် အယောက်နှစ်ဆယ်သာ ရှိမည်ဖြစ်ပြီး သူတို့သည် အဓိက တိုက်ပွဲများတွင်သာ ပေါ်လာလိမ့်မည်။ ထို့ကြောင့် သန်းပေါင်းများစွာသော အဆင့် ဘီ ကစားသမားများသည် အခြား ကိုလိုနီဂြိုဟ်များတွင် အခြေခံအားဖြင့် ပြိုင်ဘက်ကင်းနေကြသည်။

မကြာမီ ဤမြို့ရှိ စစ်တပ်သည် လုံးဝ သုတ်သင်ခံလိုက်ရပြီး ကစားသမားများသည် အာကာသယာဉ်ပေါ်သို့ ပြန်တက်သွားကြကာ စစ်မြေပြင်အသစ်တစ်ခုသို့ ပို့ဆောင်ခံလိုက်ရသည်။

…

"နောက်ထပ် ကိုလိုနီဂြိုဟ် သုံးလုံး ဘလက်စတားစစ်တပ်ရဲ့ မသေမျိုးတွေလက်ထဲ ကျရောက်သွားပြီ။"

ရှေးဟောင်းဧကရာဇ်ပါတီ၏ အထက်လူကြီးများသည် ကြယ်မြေပုံကို ကြည့်နေကြပြီး သူတို့၏ ဖြူဖျော့သော မျက်နှာများပေါ်တွင် စိုးရိမ်ပူပန်မှုများကို တွေ့မြင်နေရသည်။

"ဘလက်စတားစစ်တပ်ရဲ့ မသေမျိုးတွေက အရမ်းကြောက်စရာကောင်းတယ်၊ သူတို့ကို တားဆီးဖို့ မဖြစ်နိုင်ဘူး" အရာရှိတစ်ဦးက ပြောသည်။ "အခုအချိန်အထိ သူတို့ သိမ်းပိုက်လိုက်တဲ့ ကိုလိုနီဂြိုဟ် စုစုပေါင်း ၂၁ လုံး ရှိပြီ။"

ရန်သူတွင် စစ်သင်္ဘော ယာဉ်တန်း တစ်ခုသာ ရှိလျှင် သူတို့ ဤမျှ ခေါင်းကိုက်မည် မဟုတ်ပေ။ ရှေးဟောင်းဧကရာဇ်ပါတီသည် မသေမျိုးများအပေါ် လုံးဝ အားကိုးရာမဲ့ ဖြစ်နေသည်။

မသေမျိုး စုစုပေါင်းအရေအတွက်သည် သူတို့၏ လူမှုအဖွဲ့အစည်းရှိ အဆင့် ဘီ အားလုံးထက် ပိုများနိုင်ပြီး ဤမသေမျိုးများကို သတ်၍ပင် မရနိုင်ပေ။

ရှေးဟောင်းဧကရာဇ်ပါတီ၏ အထက်လူကြီးများသည် ပြန်လည်ရှင်သန် နိုင်သော ကစားသမားများက သူတို့၏ ကိုလိုနီဂြိုဟ်များကို တစ်လုံးပြီးတစ်လုံး သိမ်းပိုက်နေသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ဘလက်စတားစစ်တပ်၏ မသေမျိုးများသည် ကွဲအက်ကြယ်စင်ကွင်း တွင် အမြဲတမ်း ကျော်ကြားခဲ့ပြီး ဤတစ်ကြိမ်တွင် ကိုယ်တိုင် ကြုံတွေ့ရမည့် အခွင့်အရေး ဖြစ်သည်။ ရှိနေသူအားလုံး မျှော်လင့်ချက်မဲ့နေသည်ဟု မခံစားဘဲ မနေနိုင်ကြပေ။

ထိုကဲ့သို့သော ရန်သူသည် အမှန်တကယ် အလွန်ကြောက်စရာ ကောင်းလွန်းသည်။ ထိုကဲ့သို့သော ဝှက်ဖဲ ကို ပိုင်ဆိုင်နိုင်သူ မည်သူမဆို စကြဝဠာတွင် နေရာတစ်ခု သေချာပေါက် ရှိပေလိမ့်မည်။

ဘလက်စတားစစ်တပ် ပါဝင်လာသဖြင့် ရှေးဟောင်းဧကရာဇ်ပါတီသည် မျှော်လင့်ချက် များစွာ မမြင်ရတော့ပေ။ သူတို့ ဆက်လက်တိုက်ခိုက်ပါက အနိုင်ရရန် မဖြစ်နိုင်တော့ဘဲ ရှေ့ဆောင်ပါတီသည် နောက်ထပ် တစ်နှစ်ခန့်အကြာတွင် အောင်ပွဲခံနိုင်ဖွယ် ရှိသည်။

သို့သော် သူတို့ လက်နက်ချရန်မှာလည်း မဖြစ်နိုင်ပေ။ မည်သူမျှ ကြယ်စနစ် အဆင့် လူမှုအဖွဲ့အစည်းတစ်ခုကို စွန့်လွှတ်လိုကြမည် မဟုတ်ပေ။ သူတို့သည် တစ်နှစ်ကြာအောင် တောင့်ခံထားပြီးဖြစ်ကာ ဆက်လက်တောင့်ခံခြင်းက အခြေအနေကို ပြောင်းပြန်လှန်ရန် အခွင့်အရေး ပေးကောင်း ပေးလိမ့်မည်။ သူတို့ ပြန်လည်တိုက်ခိုက်နေစဉ် ရှေးဟောင်းဧကရာဇ်ပါတီ၏ အထက်လူကြီးများသည် စစ်ကူရှာဖွေရန်နှင့် သူတို့၏ ဆုတ်ခွာမှုကို စီစဉ်ရန် ကြိုးစားနေကြသည်။

"အဲဒီကောင်စုတ် စက်စီလင်က ရှေ့ဆောင်ပါတီဘက် တကယ် ကူးပြောင်းသွားပြီး သူ့လက်အောက်ငယ်သားတွေ အကုန်လုံးကိုတောင် ခေါ်သွားတယ်။ သူက သစ္စာဖောက်တစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။" ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင် သွားကြိတ်လိုက်သည်။ "ရှေ့ဆောင်ပါတီကို ဘလက်စတားစစ်တပ် ကူညီဖို့ သူ တစ်ခုခု လုပ်ခဲ့ရမယ်။ မဟုတ်ရင် သူတို့ ရုတ်တရက် ဝင်ရောက်စွက်ဖက်တာအတွက် ရှင်းပြချက် မရှိဘူး။"

စက်စီလင်အကြောင်း ပြောလိုက်သည်နှင့် လူတိုင်း၏ မျက်နှာပေါ်တွင် မုန်းတီးသော အကြည့်တစ်ခု ပေါ်လာသည်။ သူ့သစ္စာဖောက်မှုသာ မရှိလျှင် သူတို့သည် ထိုကဲ့သို့သော သနားစရာကောင်းသည့် အခြေအနေသို့ ရောက်ရှိနေမည် မဟုတ်ပေ။

"ဒီသစ္စာဖောက်ကောင်စုတ်။ ငါတို့ သူ့ကို ဘယ်တုန်းကမှ ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ဘူး။ ငါတို့ သူ့ကို အာဏာရော စည်းစိမ်ဥစ္စာပါ ပေးခဲ့တယ်။ သူ ဘာကို မကျေနပ်နေတာလဲ၊ ပြီးတော့ ငါတို့ကို သစ္စာဖောက်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ။"

ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင် စားပွဲကို ရိုက်လိုက်ပြီး နှလုံးနာကျင်စွာ ပြောလိုက်သည်။ "သူက ငါတို့ရဲ့ စံနှုန်းတွေ မတူဘူးလို့ တကယ် လာပြောတယ်။ ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ။ သူ ဘာလုပ်ခဲ့လဲ ကြည့်ဦး။ သူ့ရဲ့ စံနှုန်းတွေလို့ ခေါ်တဲ့အရာအတွက် သူက သူ့ညီအစ်ကိုတွေ အများကြီးကို စတေးခဲ့တယ်။ သူ့လုပ်ရပ်တွေက အရမ်းမြင့်မြတ်တယ်လို့ သူ တကယ် ထင်နေတာလား။ ငါတို့က လူမှုအဖွဲ့အစည်း ကို အရမ်းကောင်းကောင်း အုပ်ချုပ်နေတာ၊ ပြီးတော့ ဒီလူမှုအဖွဲ့အစည်းက သူတစ်ယောက်တည်းကြောင့် တရားဝင် အုပ်စိုးသူတွေကို ဆုံးရှုံးရတော့မယ်။ တောက်"

ထိုစကားကို ကြားသောအခါ ဘေးမှ အထက်လူကြီးများသည် အားကိုးရာမဲ့သော အမူအရာများဖြင့် နားထောင်နေကြသည်။

အခြားသူများ ထိုစကားများကို ပြောပိုင်ခွင့် ရှိကောင်းရှိနိုင်သော်လည်း သူတို့တွင် ထိုအခွင့်အရေးမရှိကြောင်း သိကြသည်။ သူတို့အားလုံးသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူတို့၏ ရှေးဟောင်းဧကရာဇ်ပါတီ ဘာလုပ်ခဲ့သည်ကို အလွန်ရှင်းလင်းစွာ သိကြသည်။

သူတို့ မြင်တွေ့ရသည့် ပုံစံအရ သူတို့ခေါင်းဆောင်သည် ဒေါသကြောင့် ရူးသွပ်သွားပြီး သူ့ဒေါသကို ဖွင့်ထုတ်နေခြင်း ဖြစ်ရမည်။

ထိုအချိန်တွင် ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင် ရုတ်တရက် ကျိန်ဆဲတာ ရပ်လိုက်ပြီး သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ထို့နောက် သူ ရုတ်တရက် ပြန်လည်တည်ငြိမ်သွားပြီး ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ကာ သူ့လေသံသည် လုံးဝကွဲပြားခြားနားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

"လူတိုင်း အရမ်း စိတ်ပျက်နေကြပုံရတယ်။ ငါ အကူအညီတချို့ ပေးနိုင်မလား မသိဘူး။"

အထက်လူကြီးများအားလုံး ခေတ္တမျှ မှင်သက်သွားကြပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်ကြသည်။

သူတို့ခေါင်းဆောင်ရဲ့ စိတ်ကို ထိန်းချုပ်ခံနေရတာလား။

ကြယ်စနစ် အဆင့် လူမှုအဖွဲ့အစည်း တစ်ခု၏ ခေါင်းဆောင်ကို အခြားတစ်ယောက် ထိန်းချုပ်ခြင်းမှ ကာကွယ်ရန် ကပ်ဘေးအဆင့် မန်းမှုတ်ခြင်း နှင့် စိတ်စွမ်းအားဖြင့် ကာကွယ်ထားလေ့ရှိသည်။ အနည်းဆုံးတော့ လူအုပ်ကြီးရှေ့တွင် ကပ်ဘေးအဆင့် စူပါတစ်ဦးသည် ခြေရာလက်ရာမကျန် ကြယ်စနစ် အဆင့် လူမှုအဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးကို ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။

ဒါကို ဘယ်သူ လုပ်တာလဲ။

အဆင့် အေ အထက်ဆင့် တစ်ယောက် ဖြစ်နိုင်မလား။

"ခင်ဗျားက ဘယ်သူလဲ။" စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက သတိထားပြီး ပြောလိုက်ကာ ကပ်ဘေးအဆင့်များအားလုံး အမြန်လာရောက်ကြရန် မက်ဆေ့ခ်ျ ပို့လိုက်သည်။

"မင်းတို့ စိတ်ပူစရာ မလိုပါဘူး။ ငါ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်ပါဘူး။ ငါ့အထောက်အထားကို မင်းတို့ကို ပြောပြဖို့ ရည်ရွယ်ချက် မရှိပါဘူး" ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင်က ခံစားချက်မဲ့စွာ ပြောလိုက်သည်။ "ဘလက်စတားစစ်တပ်ကို တိုက်ခိုက်ဖို့ မင်းတို့ကို အရင်းအမြစ်တွေနဲ့ လူအင်အား ငါ ထောက်ပံ့ပေးမယ်ဆိုတာပဲ မင်းတို့ သိထားဖို့ လိုတယ်။"

အထက်လူကြီးများ သံသယဖြစ်နေဆဲဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော် ဤအရာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူတို့ လိုက်လျောရန် ဆုံးဖြတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ရဲဘော်ရဲဘက်များ ထိန်းချုပ်ခံရမည်ကိုလည်း စိုးရိမ်နေကြသည်။ ဘာပဲဖြစ်ဖြစ် ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်သည် အမှန်တကယ်ပင် ထိုသို့လုပ်ဆောင်နိုင်စွမ်း ရှိသည်။

"ခင်ဗျား ဘာလိုချင်လို့လဲ။"

"စိတ်မပူပါနဲ့။ ငါ ဘာမှ မလိုချင်ပါဘူး။"

"ဒါဆိုရင် ဘာလို့ ကျွန်တော်တို့ကို ကူညီနေတာလဲ။"

"ငါ မင်းတို့ရဲ့ ဂူလာလ် လူမှုအဖွဲ့အစည်းကို ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ ဘလက်စတားစစ်တပ်ရဲ့ မသေမျိုးတွေကို စိတ်ဝင်စားတယ်။ ဒါ့အပြင် မင်းတို့ အချိန်ကြာကြာ အသက်ရှင်နိုင်လေ၊ သူတို့ကို ငါ ပိုလေ့လာနိုင်လေပဲ" 'ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင်' က ပြောသည်။ "ငါ့အကြံပြုချက်က မင်းတို့ကို အကျိုးကျေးဇူးတွေပဲ ပေးပါလိမ့်မယ်။ မင်းတို့ လက်ခံလား။"

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် တုံ့ဆိုင်းစွာ ခေါင်းညိတ်လိုက်ကြသည်။

"အရမ်းကောင်းတယ်၊ ငါ့လူတွေကို မင်းတို့ဆီ မကြာခင် ဆက်သွယ်ခိုင်းလိုက်မယ်။ ဟုတ်သားပဲ၊ ငါ မင်းတို့ကို အကြံပြုချက်တစ်ခု ပေးနိုင်တယ်။ မင်းတို့အားလုံး ဘလက်စတားစစ်တပ်ရဲ့ မသေမျိုးတွေကို ငှားရမ်းဖို့ ကြိုးစားကြည့်နိုင်တယ်။"

အားလုံး မှင်သက်သွားကြသည်။

"ဘလက်စတားစစ်တပ်က ကျွန်တော်တို့ရဲ့ ရန်သူလေ။ ခင်ဗျားက ကျွန်တော်တို့ကို ရန်သူဆီက အကူအညီတောင်းခိုင်းနေတာလား။ ဒါက ဘာသဘောလဲ။"

"သာမန် ယုတ္တိဗေဒက မသေမျိုးတွေနဲ့ သက်ဆိုင်ပုံ မရဘူး။ မစမ်းကြည့်ဘဲ မင်းတို့ ဘယ်လို သိမှာလဲ" 'ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင်' က စနောက်သော လေသံဖြင့် ပြောလိုက်သည်။

ထို့နောက် ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင် ရုတ်တရက် တုန်ခါသွားပြီး သူ့မျက်လုံးများ ငေးငိုင်သွားသည်။ ထို့နောက် ရုတ်တရက် သတိပြန်ဝင်လာသည်။

"ငါ့ကို ထိန်းချုပ်တဲ့လူ ထွက်သွားပြီလား။"

လူတိုင်း သက်ပြင်းချလိုက်ကြပြီး သူတို့ခေါင်းဆောင်ကို ကူညီရန် ရှေ့သို့ ချက်ချင်း တက်လာကြသည်။

"ခင်ဗျား ထိန်းချုပ်ခံရတုန်းက ဘာပြောခဲ့လဲဆိုတာ မှတ်မိသေးလား။"

"ငါ အကုန် မှတ်မိတယ်။ ငါ့ခန္ဓာကိုယ် ထိန်းချုပ်ခံထားရပေမယ့် ငါ့အာရုံတွေ ရှိနေတုန်းပဲ။"

ထိုအချိန်တွင် ကပ်ဘေးအဆင့် စူပါများ ရောက်ရှိလာပြီး ဖြစ်ပျက်ခဲ့သည်များကို ကြားသိရပြီးနောက် ခေါင်းဆောင်၏ အခြေအနေကို စတင်စစ်ဆေးကြသည်။

"ဘယ်လိုလဲ" ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင်က မေးလိုက်သည်။

"ခင်ဗျားရဲ့ စိတ်ကို ကာကွယ်ဖို့ အသုံးပြုထားတဲ့ မန်းမှုတ်ခြင်းတွေက ချက်ချင်း ပျက်စီးသွားတယ်။ ဒီမန်းမှုတ်ခြင်းတွေက ကပ်ဘေးအဆင့် စိတ်စွမ်းအားရှင် တစ်ယောက်ကို ဆယ်မိနစ်လောက် ကာကွယ်နိုင်စွမ်း ရှိတယ်။ ခင်ဗျားကို ထိန်းချုပ်ခဲ့တဲ့သူက သေချာပေါက် အဆင့် အေ အထက်ဆင့် တစ်ယောက်ပဲ။"

ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ အဆင့် အေ အထက်ဆင့် တစ်ဦးသည် ကြယ်စနစ် အဆင့် လူမှုအဖွဲ့အစည်းတစ်ခုအတွက် ကြီးမားသော အရေးပါမှု ရှိသည်။

ကွဲအက်ကြယ်စင်ကွင်းတွင် အဆင့် အေ အထက်ဆင့် ငါးဦးသာ ရှိပြီး ဆိုင်ကာ နှင့် အော်စတင် တို့သာ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိသည်။

သို့သော် ၎င်းသည် ဤနှစ်ဦး မဟုတ်ဘဲ အခြား ကြယ်ကွင်းပြင် တစ်ခုမှ အဆင့် အေ အထက်ဆင့် တစ်ဦး ဖြစ်နိုင်သည်။

လျှို့ဝှက်ဆန်းကြယ်သူ၏ စကားများကို တွေးမိပြီး လူတိုင်း ထူးဆန်းသော အကြည့်တစ်ခု မဖြစ်ပေါ်ဘဲ မနေနိုင်ကြပေ။

ထိုကဲ့သို့သော ထူးဆန်းသည့် နည်းလမ်းဖြင့် ထောက်ခံမှု ရရှိလိမ့်မည်ဟု တွေးမိလိုက်သည်။ ဤအရာသည် သူတို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးသော အရာဖြစ်သော်လည်း အနည်းဆုံးတော့ ယခု သူတို့တွင် မျှော်လင့်ချက်အချို့ ရှိနေပြီဖြစ်သည်။

တစ်ဖက်လူ ဘယ်သူလဲဆိုတာ သူတို့ မသိသော်လည်း သူသည်လည်း အဆင့် အေ အထက်ဆင့် တစ်ဦးဖြစ်သောကြောင့် ဘလက်စတားစစ်တပ်ကို မကြောက်သင့်ပေ။

"ဟုတ်သားပဲ၊ သူက ငါတို့ကို ငါတို့ရန်သူဆီက အကူအညီတောင်းခိုင်းခဲ့သေးတယ်။ ဒါက ဟာသ မဟုတ်ဘူးလား။ ဘလက်စတားစစ်တပ်က လှည့်ပြီး ငါတို့ကို ကူညီမယ်လို့ သူ ထင်နေတာလား။"

လူတိုင်း ဤအကြံပြုချက်ကြောင့် အလွန် စိတ်ရှုပ်ထွေးနေကြသည်။ ၎င်းသည် သိသာထင်ရှားစွာ အဓိပ္ပာယ်မရှိသော လုပ်ရပ်တစ်ခုဖြစ်ပြီး ထိုသို့လုပ်ဆောင်ရသည့် အကြောင်းရင်းကို သူတို့ အမှန်တကယ် နားမလည်ကြပေ။

ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင် ခေါင်းညိတ်လိုက်သည်။ "ငါတို့မှာ နောက်ဆုတ်ဖို့ လမ်းမှမရှိတော့တာ၊ ဘာလို့ မစမ်းကြည့်ရမှာလဲ။"

စာစဉ် (၅၂)၊ အခန်း (၈၇၇) ပြီးပါပြီ။

လင်းဆက်

+++++

အခန်း (၈၇၈) သံသယ

ရှေ့ဆောင်ပါတီ၏ အုပ်ချုပ်ရေးဂြိုဟ်သည် ကြယ်ဇုန် ၃ တွင် တည်ရှိပြီး ပါတီအတွင်းရှိ အထက်လူကြီးများသည် တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေကြသည်။

အစည်းအဝေးခန်းမတွင် ပါတီ၏ အထက်လူကြီးများ စုဝေးနေကြပြီး လေထုသည် ရှေးဟောင်းဧကရာဇ်ပါတီရှိ အစည်းအဝေးနှင့် လုံးဝ ကွဲပြားခြားနားနေသည်။ လူတိုင်း၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးများ ရှိနေပြီး ရှေ့ဆောင်ပါတီ၏ ခေါင်းဆောင်သည် ရောင်ခြည်များ တောက်ပနေသည်။

သူတို့၏ စစ်တပ်သည် အသာစီးရနေသဖြင့် သူတို့ မပျော်ရွှင်ဘဲ မနေနိုင်ကြပေ။

"ရှေးဟောင်းဧကရာဇ်ပါတီနဲ့ မျိုးဆက်ပါတီတို့ ပြန်ဆုတ်နေရပြီး နိုင်ငံသားတွေကလည်း အုပ်စိုးသူတွေကို ဖြုတ်ချဖို့ ကျွန်တော်တို့ကို တောင်းဆိုနေကြတယ်။ အခြေအနေက လောလောဆယ် ကျွန်တော်တို့ဘက်မှာ အားသာနေတယ်" တိုက်ပွဲအခြေအနေကို ခွဲခြမ်းစိတ်ဖြာရန် တာဝန်ရှိသော စစ်ဦးစီးမှူးက ပြောသည်။

ရှေ့ဆောင်ပါတီ ခေါင်းဆောင်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ရှိနေသော်လည်း ပြောလိုက်သည်။ "ဒီလိုအချိန်မှာ ကျွန်တော်တို့ ပိုသတိထားရမယ်၊ ရန်သူက အသည်းအသန် ပြန်လည်တိုက်ခိုက်လာမှာကို ကာကွယ်ရမယ်။"

အခြေအနေ ကောင်းမွန်နေပုံရသော်လည်း ရှေးဟောင်းဧကရာဇ်ပါတီ လက်နက်ချရန် မဖြစ်နိုင်ကြောင်း သူ သိသည်။ ရှုံးနိမ့်ခြင်း၏ ရလဒ်သည် အမြစ်ပြတ် သုတ်သင်ခံရခြင်း ဖြစ်လိမ့်မည်။

လူတိုင်း အခြေအနေကို သိရှိနေချိန်တွင် အတွင်းပိုင်း ဆက်သွယ်ရေးစက် မြည်လာပြီး ထောက်လှမ်းရေး ဝန်ထမ်းထံမှ အရေးပေါ် မက်ဆေ့ခ်ျတစ်ခု ဖြစ်သည်။

ထောက်လှမ်းရေး ဝန်ထမ်း၏ ပုံရိပ် ပေါ်လာပြီး သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခု ရှိနေသည်။

"လူကြီးမင်း၊ ရှေးဟောင်းဧကရာဇ်ပါတီက ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။"

"ချက်ချင်း ပို့လိုက်။" ရှေ့ဆောင်ပါတီ ခေါင်းဆောင် မျက်ခုံးပင့်လိုက်သည်။

မကြာမီ ရှေးဟောင်းဧကရာဇ်ပါတီ၏ ကြေညာချက်သည် ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး ရှိနေသူအားလုံး စတင်ဖတ်ရှုလိုက်ကြသည်။

ကြေညာချက်၏ ပထမပိုင်းတွင် ရှေးဟောင်းဧကရာဇ်ပါတီသည် သူတို့က ဂူလာလ် လူမှုအဖွဲ့အစည်း၏ တရားဝင် အုပ်စိုးသူများ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားပြီး အာဏာသိမ်းယူရန် လက်နက်ကိုင် တပ်ဖွဲ့များကို အသုံးပြုသည့်အတွက် ရှေ့ဆောင်ပါတီကို ဝေဖန်ထားသည်။ ထို့နောက် သူတို့က ရှေ့ဆောင်ပါတီသည် သစ္စာဖောက်များ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားပြီး နိုင်ငံသားများအား ရှေ့ဆောင်ပါတီကို ငြင်းပယ်ရန် တောင်းဆိုထားသည်။ သူတို့သည် ဂလက်ဆီမှ အကူအညီများကိုလည်း စတင်ငှားရမ်းနေကြသည်။

အများပြည်သူ ကြေညာချက်၏ အသေးစိတ်အချက်အလက်များသည် အလွန် သာမန်ဖြစ်သည်။ သူတို့သည် တရားဝင် အုပ်စိုးသူများအဖြစ် သူတို့၏ အဆင့်အတန်းကို ထိန်းသိမ်းရန်နှင့် သူတို့၏ ပြိုင်ဘက်များကို ဖိနှိပ်ရန် ကြိုးစားနေကြသည်။ သူတို့သည် ထိုကဲ့သို့သော နည်းဗျူဟာကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးဖြစ်ကာ ရှေ့ဆောင်ပါတီ၏ အထက်လူကြီးများသည် အလွန် ကျင့်သားရနေပြီဖြစ်သည်။ သူတို့ အနိုင်ရပြီးနောက် သမိုင်းကို သူတို့ ရေးသားကြမည်ဖြစ်ပြီး ယခု သူတို့ကို သစ္စာဖောက်များဟု ခေါ်ဆိုနေခြင်းသည် အသုံးဝင်မည် မဟုတ်ပေ။

သူတို့ မြင်တွေ့ရသည့် ပုံစံအရ ရှေးဟောင်းဧကရာဇ်ပါတီသည် ဂလက်ဆီမှ အကူအညီ ရယူရန် ကြိုးစားခြင်းသည် လုံးဝ အသုံးမဝင်ပေ။ ဤသည်မှာ ပြည်တွင်းစစ်ပွဲသာ ဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ်နှင့် မဆန့်ကျင်ပေ။ သူတို့ဘက်တွင် ဘလက်စတားစစ်တပ် ရှိနေသဖြင့် ကွဲအက်ကြယ်စင်ကွင်းရှိ မည်သူမျှ ကြယ်စနစ် လူမှုအဖွဲ့အစည်း တစ်ခုအတွက် ဘလက်စတားစစ်တပ်ကို ဆန့်ကျင်မည် မဟုတ်ပေ။

အတိုင်းအတာတစ်ခုရှိသော ကြေးစားအဖွဲ့များသည် သူတို့ကို ကူညီမည် မဟုတ်ဘဲ အခြား လူမှုအဖွဲ့အစည်းများသည် ဘေးမှ ကြည့်နေရုံသာ တတ်နိုင်မည်ဖြစ်သည်။ သွေးစွန်းကုန်းမြေပင်လျှင် ဤမျှသေးငယ်သော ကိစ္စရပ်အတွက် သူတို့၏ အမည်ခံ မဟာမိတ်ကို ဆန့်ကျင်မည် မဟုတ်ပေ။ ထို့ကြောင့် ရှေးဟောင်းဧကရာဇ်ပါတီသည် မည်သည့်အကူအညီမှ ရှာဖွေရန် မဖြစ်နိုင်ပေ။ ဤသည်မှာ ဘလက်စတားစစ်တပ်ထံမှ အကူအညီ ရယူခြင်း၏ အစွမ်းထက်သော အကျိုးသက်ရောက်မှု ဖြစ်သည်။ သူတို့သည် ရန်သူအား မည်သည့်ထောက်ခံမှုမှ ရှာမတွေ့နိုင်အောင် တားဆီးနိုင်ခဲ့သည်။

ရှေ့ဆောင်ပါတီ ခေါင်းဆောင်သည် အဆုံးထိ ဖတ်ပြီးနောက် မှင်သက်သွားသည်။

"ခဏနေဦး... ရှေးဟောင်းဧကရာဇ်ပါတီက ဘလက်စတားစစ်တပ်ဆီက အကူအညီ ရယူဖို့ ကြိုးစားနေတာလား။"

ရှေ့ဆောင်ပါတီ ခေါင်းဆောင် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သူ တစ်ခုခု မှားဖတ်မိသည်ဟု ထင်လိုက်သည်။

ရှေးဟောင်းဧကရာဇ်ပါတီက ဘလက်စတားစစ်တပ်ကို အမှန်တကယ် ငှားရမ်းချင်နေပြီး သူတို့ကို ကူညီရန် ဘလက်စတားစစ်တပ်ကို စည်းရုံးဖို့ ကြိုးစားနေသည်ကို တွေးကြည့်လိုက်လျှင်...

ရှေ့ဆောင်ပါတီ၏ အထက်လူကြီးများအားလုံး ဇဝေဇဝါ အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့ရန်သူဆီက အကူအညီတောင်းတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဘလက်စတားစစ်တပ်သည် ပြည်ပအကူအညီ ဖြစ်လျှင်ပင် သူတို့သည် အလုပ်အကိုင် စာချုပ် လက်မှတ်ထိုးပြီးဖြစ်သည်။ သူတို့က စာချုပ်ကို ဘာကြောင့် လူသိရှင်ကြား ဖောက်ဖျက်ကြမည်နည်း။ ဒါက သူတို့ရဲ့ ကိုယ်ပိုင် ဂုဏ်သတင်းကို ဖျက်ဆီးရာ မရောက်ဘူးလား။ ထို့အပြင် ဘလက်စတားစစ်တပ်သည် အဆင့် အေ အထက်ဆင့် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး သူတို့သည် ရှေ့ဆောင်ပါတီကို ကူညီရန် ဆုံးဖြတ်ပြီးပြီဖြစ်ရာ သူတို့၏ စကားကို ဘာကြောင့် ရုတ်တရက် ပြန်ရုတ်သိမ်းကြမည်နည်း။

မင်းက ဘလက်စတားစစ်တပ်ကို မင်းဘက် ပါလာအောင် ကြိုးစားပြီး ဆွဲဆောင်ချင်ရင်တောင် တိတ်တဆိတ် လုပ်သင့်တယ် မဟုတ်လား။ ဘလက်စတားရဲ့ လက်ရှိ အဆင့်အတန်းနဲ့ဆိုရင် သူက သူ့စကားကို ဗြောင်ကျကျ ပြန်ရုတ်သိမ်းပါ့မလား။ ပိုက်ဆံကြောင့် သူက ကတိဖျက်မယ်လို့ မင်း ထင်နေတာလား။ အဲဒါ မဖြစ်နိုင်ဘူး!

ဒါပေမဲ့ ဒီအရာရဲ့ ရည်ရွယ်ချက်က ငါတို့ကြား သွေးခွဲဖို့ဆိုရင် ဒါက အရမ်း ကြမ်းတမ်းတဲ့ နည်းလမ်း မဟုတ်ဘူးလား။

"ရှေးဟောင်းဧကရာဇ်ပါတီက တကယ် ရူးသွားပြီနဲ့ တူတယ်။" ရှေ့ဆောင်ပါတီ ခေါင်းဆောင်က ပါးစပ်လှုပ်ရမ်းလျက် ပြောလိုက်သည်။ "ဒါက ငါကြားဖူးသမျှထဲမှာ ရယ်စရာအကောင်းဆုံး ဟာသပဲ ဖြစ်လောက်တယ်။"

"ဟားဟားဟား..."

လူတိုင်း ရယ်မောခြင်းကို မထိန်းနိုင်ကြတော့ပေ။

…

မကြာမီ ရှေးဟောင်းဧကရာဇ်ပါတီ၏ ကြေညာချက်သည် ဂူလာလ် လူမှုအဖွဲ့အစည်း အနှံ့ ပျံ့နှံ့သွားသည်။

ရှေ့ဆောင်ပါတီ တစ်ဖွဲ့တည်း စိတ်ရှုပ်ထွေးနေသည် မဟုတ်ပေ။ မျိုးဆက်ပါတီပင်လျှင် လုံးဝ ဇဝေဇဝါ ဖြစ်နေသည်။

ငါ့အသင်းဖော်တွေက အရူးတွေလား။

ရှေးဟောင်းဧကရာဇ်ပါတီ အဖွဲ့ဝင်များသည် အလွန် အရှက်ရနေကြသည်။ သူတို့သည် လက်ရှိတွင် ရန်သူနှင့် တိုက်ခိုက်နေသော်လည်း သူတို့၏ အထက်လူကြီးများက ရန်သူထံမှ အကူအညီ ရယူရန် အမှန်တကယ် ကြိုးစားခဲ့ကြသည်။ ဒါက ဘယ်လို အူကြောင်ကြောင်နိုင်မှုမျိုးလဲ။

အထက်လူကြီးများသည် တိုက်ပွဲရလဒ်အပေါ် အဆိုးမြင်နေသည်ဟု အဓိပ္ပာယ်ကောက်ယူသူ များစွာ ရှိနေပြီး စိတ်ဓာတ်ရေးရာ အကြီးအကျယ် ထိခိုက်သွားသည်။

ဘလက်စတားစစ်တပ် ဘက်တွင် စစ်တပ်အဖွဲ့ဝင်များသည် မရယ်ဘဲ မနေနိုင်ကြပေ။

ငါတို့က လက်ရှိ စစ်တိုက်နေတာ။ ကျေးဇူးပြုပြီး ပိုလေးလေးနက်နက် ထားလို့ မရဘူးလား၊ ငါတို့ကို အဲဒီလို မစပါနဲ့လား။

လူတိုင်း ရှေးဟောင်းဧကရာဇ်ပါတီ၏ လုပ်ရပ်များကို ရယ်မောနေစဉ် ကစားသမားများသည် မတူညီသော မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိလိုက်သည်။

ရှေးဟောင်းဧကရာဇ်ပါတီ၏ အသနားခံချက်သည် သူတို့၏ အင်တာဖေ့စ်ပေါ်တွင် မစ်ရှင်တစ်ခု အမှန်တကယ် ဖြစ်လာခဲ့သည်။ ရှေးဟောင်းဧကရာဇ်ပါတီကို ကူညီရန် S အဆင့် မစ်ရှင်တစ်ခု။

ကစားသမားအားလုံး ထိုအရာကို တွေ့ရှိပြီးနောက် အံ့အားသင့်သွားကြသည်။

"ဒါဆို ဒါက အဖွဲ့အစည်း မစ်ရှင်စီးရီးတစ်ခု ဖြစ်နေတာကိုး။ ဒါက ငါတို့ ဘယ်ပါတီကို ကူညီသည်ဖြစ်စေ အသက်သွင်းနိုင်တဲ့ S အဆင့် မစ်ရှင်တစ်ခု ဖြစ်သင့်တယ်။"

"ဒါပေမဲ့ စစ်တပ်က ရှေ့ဆောင်ပါတီကို ထောက်ခံဖို့ ရွေးချယ်ထားပြီးပြီဆိုတော့ ငါတို့မှာလည်း သူတို့ကို ရွေးချယ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး။"

"အင်း၊ ငါတို့က အဖွဲ့အစည်းတစ်ခု အာဏာရလာအောင် ထောက်ခံပေးမယ်ဆိုရင် လူမှုအဖွဲ့အစည်း တစ်ခုလုံးရဲ့ ကံကြမ္မာကို အောင်မြင်စွာ ပြောင်းလဲနိုင်လိမ့်မယ်။ ငါတို့ ချမ်းသာမယ့် နည်းလမ်း ရှာတွေ့ပြီလို့ ငါ ထင်တယ်။"

"ငါတို့ ကွန်ပျူတာဇာတ်ကောင်တွေကို တခြားပါတီတစ်ခု ထောင်ခိုင်းပြီး အဲဒီပါတီကို ထောက်ခံပေးရင်ကော။ ပိုပျော်စရာကောင်းမလား။"

ဤမစ်ရှင်သည် ကစားသမားများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ပြီး သူတို့သည် ကိစ္စရပ်ကို ဆွေးနွေးရင်း သူတို့၏ ဖန်တီးနိုင်စွမ်းကို ပြသလာကြသည်။

သို့သော် ဤမစ်ရှင်အသစ်၏ လွှမ်းမိုးမှုသည် ထိုနေရာတွင် ရပ်တန့်သွားသည်။ ကစားသမား တစ်ဦးတစ်ယောက်မျှ လက်ခံရန် ရွေးချယ်မည် မဟုတ်ပေ။

ကစားသမားများသည် အရူးများ မဟုတ်ကြဘဲ ဤမစ်ရှင်ကို လက်ခံခြင်းသည် စစ်တပ်ကို ဆန့်ကျင်ရမည်ဟု ဆိုလိုကြောင်း သိကြသည်။ ၎င်းသည် အဖွဲ့အစည်းမှ ထွက်ခွာခြင်းနှင့် မတူညီပေ။ သူတို့သည် ဗားရှင်းသုံးခုကြာအောင် စစ်တပ်ထဲတွင် တိုက်ခိုက်ခဲ့ကြပြီး အဖွဲ့အစည်း ပါဝင်ကူညီမှုအမှတ်များစွာ စုဆောင်းထားသည်။ ထို့အပြင် ဘလက်စတားစစ်တပ်တွင် ကြီးထွားရန် အလားအလာသည်လည်း အလွန်မြင့်မားသည်။ ကြယ်စနစ် လူမှုအဖွဲ့အစည်း တစ်ခုတည်းက သူတို့ အဖွဲ့အစည်းကို သစ္စာဖောက်ရလောက်အောင် မတန်ပေ။

ထို့အပြင် ရှေးဟောင်းဧကရာဇ်ပါတီ အနိုင်ရမည့် အခွင့်အလမ်းများမှာ အလွန်နည်းပါးလွန်းသည်။ ထို့ကြောင့် ရှေ့ဆောင်ပါတီ မစ်ရှင်ကို ဆက်လက်ထိန်းသိမ်းထားခြင်းက သူတို့အတွက် များစွာ ပိုကောင်းပေလိမ့်မည်။ အထူးသဖြင့် နှစ်ခုစလုံးက S အဆင့် မစ်ရှင်များ ဖြစ်နေသောကြောင့် ဖြစ်သည်။

အလုပ်အကိုင် မစ်ရှင် တစ်လကြာပြီးနောက် ကစားသမားများသည် ပါတီသုံးခုအကြောင်း နားလည်လာကြသည်။ ရှေးဟောင်းဧကရာဇ်ပါတီသည် ကောင်းမွန်သော အရာမဟုတ်ဘဲ သူတို့ကို ကူညီခြင်းသည် အဓိပ္ပာယ်မရှိပေ။

ဆမ်းမားနိုက်ဖလားဝါးကို ဥပမာအဖြစ် ထား၍ ကွဲအက်ကြယ်စင်ကွင်းတွင် စွန့်စားရန် ဆန္ဒရှိသော ကစားသမားအရေအတွက် လျော့နည်းသွားသည်။ ထို့ကြောင့် ကစားသမားများသည် ရှေးဟောင်းဧကရာဇ်ပါတီက သူတို့အား ပေးအပ်သော အခွင့်အရေးကိုသာ စိတ်ဝင်စားကြပြီး မစ်ရှင်ကို အမှန်တကယ် ပြီးမြောက်ရန် စိတ်မဝင်စားကြပေ။

…

ဘလက်စတားစစ်တပ် ဌာနချုပ်တွင် ကြီးမားသော တပ်ဆင်ရေးလိုင်းသည် ဟန်ရှောင်း၏ အလုပ်ရုံကို ဖြတ်သန်းသွားပြီး ယန္တရားစစ်သား အမျိုးအစားများနှင့် ပစ္စည်းကိရိယာများကို မရပ်မနား ထုတ်လုပ်နေသည်။ ထုတ်လုပ်မှု အရည်အသွေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရန် တပ်ဆင်ရေးလိုင်းများတစ်လျှောက် ယန္တရားစွမ်းအား လျှပ်စီးကြောင်းများ ပြေးလွှားနေသည်ကို မြင်တွေ့နိုင်သည်။

အခြားဒေသတစ်ခုတွင် အသစ်ထုတ်လုပ်လိုက်သော ယန္တရားစစ်သားများနှင့် ပစ္စည်းကိရိယာများကို ပေးပို့ထားပြီး ယန္တရားလက်တံများစွာက ပစ္စည်းကိရိယာများကို ပြုပြင်မွမ်းမံနေကြသည်။

ဟန်ရှောင်းသည် သဘာဝကျစွာပင် သူ့ယန္တရားစစ်သားများ အားလုံးကို တတ်နိုင်သမျှ ပြုပြင်မွမ်းမံမည်ဖြစ်ပြီး ပြုပြင်မွမ်းမံထားသော ပစ္စည်းကိရိယာများ အားလုံးသည် သူတို့၏ အဆင့်များ တိုးတက်လာမည်ဖြစ်သည်။ အမြောက်စာ ယန္တရားစစ်သားများကိုပင် လိမ္မော်ရောင် အဆင့်သို့ မြှင့်တင်ထားသည်။

ဟန်ရှောင်း၏ အဆင့်တွင် သာမန် ယန္တရားစစ်သားတစ်ရုပ်သည် အမြောက်စာထက် မပိုသော်လည်း ဤယန္တရားစစ်သားများသည် ပိုက်ဆံဖြင့်ပင် ဝယ်ယူ၍မရနိုင်သော ထိပ်တန်းပစ္စည်းကိရိယာများ ဖြစ်ကြသည်။

ဟန်ရှောင်းသည် စက်တစ်လုံးရှေ့တွင် ရပ်နေပြီး သီချင်းတစ်ပုဒ်ကို ပျော်ရွှင်စွာ ညည်းရင်း ယန္တရားလက်ခံအိမ်အသစ်တစ်ခုကို ကိုယ်တိုင် တပ်ဆင်နေသည်။

သတ္တုမြည်သံများကို သူ့ပတ်ဝန်းကျင်တွင် ကြားနေရပြီး ဟန်ရှောင်းသည် အလုပ်ရုံထဲရှိ ပတ်ဝန်းကျင်ကို ကျင့်သားရနေပြီဖြစ်သည်။ စက်ယန္တရားများ ဖန်တီးခြင်းသည် သူ့အတွက် ပျော်ရွှင်မှုပုံစံတစ်ခု ဖြစ်သည်။ သူ့အင်အား တိုးတက်လာသည်နှင့်အမျှ ကြီးမြတ်သော ယန္တရားပညာရှင် ဟန်သည်လည်း ပစ္စည်းကိရိယာအသစ်များ ဖန်တီးသည့် လုပ်ငန်းစဉ်ကို နှစ်သက်လာသည်။

ဖီးလစ်၏ ပရိုဂျက်ရှင်းအသေးစားလေးကို ဟန်ရှောင်းရှေ့တွင် မြင်တွေ့ရပြီး သူက ကလေးဆန်သော အသံဖြင့် ဟန်ရှောင်းကို ပြောလိုက်သည်။ "ဆရာသခင်၊ ဟမ်း... ကျွန်တော် စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ပုဒ် တွေ့လိုက်တယ်။ ဖတ်ပြရမလား။"

"ကောင်းပြီ။" ဟန်ရှောင်း အာရုံမလွင့်သွားဘဲ သူ့ရှေ့ရှိ အလွိုင်းကို ထုနှက်ရာတွင် အာရုံစိုက်နေသည်။

"အဲဒါ ဂူလာလ် လူမှုအဖွဲ့အစည်းက သတင်းပါ။ ရှေးဟောင်းဧကရာဇ်ပါတီက အများပြည်သူ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ကျွန်တော်တို့ ကတိဖျက်ပြီး သူတို့ကို အစားထိုး ကူညီပေးလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဆရာသခင်၊ ဟမ်း... သူတို့ ဘာတွေ တွေးနေတယ်လို့ ထင်လဲ။"

"သူတို့က ဒီလို ကြေညာချက်မျိုး ထုတ်ပြန်လိမ့်မယ်လို့ တွေးမိတယ်။ ငါ့ကို အက်စ်ဂေါ့ဒ်လိုမျိုး ကိုယ်ကျင့်တရား မရှိတဲ့လူလို့ သူတို့ ထင်နေကြတာလား။" ဟန်ရှောင်း ရယ်မောလိုက်သည်။

"အမ်..." ဖီးလစ် မှင်သက်သွားပြီး သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ "အဲဒီလို မဟုတ်ဘူးလား။"

"... မင်းလည်း ဘယ်လို စနောက်ရမလဲဆိုတာ သင်ယူပြီးပြီပေါ့၊ ဟမ်။" ဟန်ရှောင်း ခေါင်းစဉ် ချက်ချင်း ပြောင်းလိုက်ပြီး ပြောလိုက်သည်။ "ရှေးဟောင်းဧကရာဇ်ပါတီ ဘာလို့ ဒီလိုလုပ်လဲဆိုတာ နားလည်ဖို့ ခက်ခဲပေမယ့် နားလည်ပေးလို့ ရမယ်လို့ ငါ ထင်ပါတယ်။ စက်စီလင်သာ မရှိရင် ရှေ့ဆောင်ပါတီနဲ့ ငါ ဘယ်တော့မှ အဆက်အသွယ်ရမှာ မဟုတ်ဘူး။ သူတို့... ဟမ်။"

ထိုအချိန်တွင် ဟန်ရှောင်း ရုတ်တရက် တောင့်တင်းသွားပြီး ရှေးဟောင်းဧကရာဇ်ပါတီ မစ်ရှင်များအကြောင်း တွေးမိလိုက်သည်။ ထို့နောက် သူ ကြည့်ရှုရန် ဖိုရမ်များကို ဖွင့်လိုက်သည်။

ကစားသမားများသည် ဖိုရမ်များတွင် ဤကိစ္စကို အမှန်တကယ် ဆွေးနွေးနေကြပြီး ကစားသမားများစွာသည် ရှေးဟောင်းဧကရာဇ်ပါတီ S အဆင့် မစ်ရှင်၏ ဖန်သားပြင်ဓာတ်ပုံကို ရိုက်ယူခဲ့ကြသည်။ သူ့ခန့်မှန်းချက် မမှားပေ။ ရှေးဟောင်းဧကရာဇ်ပါတီ၏ အကူအညီတောင်းခံမှုသည် ကစားသမားများကို မစ်ရှင်တစ်ခု အသက်သွင်းခွင့် ပေးခဲ့သည်။

ဟန်ရှောင်း မေးစေ့ကို ပွတ်သပ်လိုက်ပြီး စဉ်းစားခန်းဝင်သွားသည်။

၎င်းသည် ရှေးဟောင်းဧကရာဇ်ပါတီ၏ မျှော်လင့်ချက်မဲ့သော လှုပ်ရှားမှုတစ်ခုဟု ထင်ရသော်လည်း ဟန်ရှောင်းသည် ကိစ္စရပ်မှာ အလွန် ထူးဆန်းသည်ဟု မတွေးဘဲ မနေနိုင်ပေ။

"ဒါက ယုတ္တိမရှိတဲ့ အကူအညီတောင်းခံမှုပဲ။ ခံစားရတာက..." ဟန်ရှောင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ "ဒီအကူအညီတောင်းခံမှုက ကစားသမားတွေကို ပစ်မှတ်ထားတာပဲ။"

သူ သံသယလွန်ကဲနေခြင်း မဟုတ်သော်လည်း တိုက်ဆိုင်မှုများလွန်းနေသည်။ ရှေးဟောင်းဧကရာဇ်ပါတီ၏ လုပ်ရပ်များသည် လူတိုင်းအတွက် ဟာသတစ်ခုဟု ထင်ရသော်လည်း ကစားသမားများအတွက် ဟာသမဟုတ်ဘဲ မစ်ရှင်တစ်ခု အသက်သွင်းရန် နည်းလမ်းတစ်ခု ဖြစ်သည်။

ဒါက ကံတရားလား ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်လား။

ဟန်ရှောင်း ခေတ္တ တုံ့ဆိုင်းနေသည်။ သူ့တွင် သဲလွန်စ အလွန်နည်းပါးပြီး သူ့ခန့်မှန်းချက်ကို မသေချာပေ။ သို့သော် စိတ်ချရစေရန် အဆိုးရွားဆုံး အခြေအနေအတွက် သူ အမြဲတမ်း စီစဉ်ထားလေ့ရှိသည်။

ဤအရာအတွက် အကြောင်းရင်းတစ်ခု ရှိသည်။ သူ့ယခင်ဘဝတွင် အလားတူ အဆင့်တစ်ခု ရှိခဲ့သည်။ ကစားသမားများ စတင်ကြီးထွားလာပြီး စကြဝဠာထဲတွင် လှုပ်ရှားလာသောအခါ ဂလက်ဆီ အဖွဲ့အစည်းများစွာသည် ကစားသမားများကို အာရုံစိုက်လာကြပြီး သူတို့၏ စရိုက်လက္ခဏာများ၊ အထူးပြုချက်များနှင့် အလေ့အထများကို ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။

လက်ရှိ ဗားရှင်းအတွင်း၌ပင် ကစားသမားများကို အနီးကပ် အာရုံစိုက်နေသော အဖွဲ့အစည်းများစွာ ရှိသည်။

သူသည် ကွဲအက်ကြယ်စင်ကွင်းတွင် နှစ်ပေါင်းများစွာ လည်ပတ်ခဲ့ပြီး သူ့အဆင့်အတန်းနှင့်အတူ မည်သူမျှ သူ့ဝှက်ဖဲ အင်အားစုကို ခိုးယူရဲမည် မဟုတ်ပေ။ သို့သော် အခြား ကြယ်ကွင်းပြင်များရှိ ကစားသမားများ၏ အခြေအနေမှာ ကွဲပြားပြီး ကစားသမားများသည် အဖွဲ့အစည်းများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခြင်းသည် ထူးဆန်းသောကိစ္စ မဟုတ်ပေ။

ကစားသမားများကို စုဆောင်းချင်သူ သူတစ်ယောက်တည်း မဟုတ်ပေ။

ဟန်ရှောင်း ဤအရာအတွက် သိပ်စိတ်မပူပေ။ ကစားသမားများသည် ဗားရှင်းသုံးခုကြာအောင် သူတို့၏ အချိန်နှင့် အားထုတ်မှုကို စစ်တပ်ထဲတွင် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကာ အခြားသူတစ်ဦးက သူတို့ကို အလွယ်တကူ ခိုးယူနိုင်မည် မဟုတ်ပေ။ ထို့အပြင် သာမန် ကွန်ပျူတာဇာတ်ကောင်များသည် ကစားသမားများကို အထူးတပ်ဖွဲ့တစ်ခုအဖြစ်သာ သဘောထားကြလိမ့်မည်။ အခြား ကွန်ပျူတာဇာတ်ကောင်များတွင် အင်တာဖေ့စ် မရှိသဖြင့် ကစားသမားများထံမှ အတွေ့အကြုံ အများအပြား ရယူနိုင်မည် မဟုတ်ပေ။

သို့သော် တစ်စုံတစ်ယောက်က သူ့ဟင်းသီးဟင်းရွက်များကို တကယ် ခိုးယူချင်ပါက အလွန် စိတ်ပျက်စရာ ကောင်းပေလိမ့်မည်။

ငါ မူလက ဂူလာလ် လူမှုအဖွဲ့အစည်း မစ်ရှင်ကို လျစ်လျူရှုထားဖို့ စီစဉ်ခဲ့ပေမယ့် အခုတော့ အဲဒါကို အနီးကပ် အာရုံစိုက်ရမယ်နဲ့ တူတယ်။ တစ်ယောက်ယောက်က စစ်တပ်ရဲ့ ကစားသမားတွေကို မျက်စိကျနေပြီ။

အေးစက်သော အရောင်တစ်ခု ဟန်ရှောင်း၏ မျက်လုံးများကို ဖြတ်သန်းသွားသည်။

…

လျှို့ဝှက်ဆန်းကြယ်သော ရေယာဉ်အုပ်စုတစ်စုသည် ဂူလာလ် လူမှုအဖွဲ့အစည်း၏ နယ်စပ်သို့ ဝင်ရောက်လာသည်။ ဤသည်မှာ ရှေးဟောင်းဧကရာဇ်ပါတီ နယ်မြေဖြစ်ပြီး ရှေးဟောင်းဧကရာဇ်ပါတီ ရေယာဉ်အုပ်စု ရောက်ရှိနေပြီးဖြစ်သည်။

ပင်မသင်္ဘောကြီးတွင် ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင်သည် ကြယ်မြေပုံကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ "သူတို့ နောက်ဆုံးတော့ ရောက်လာပြီ။"

ထိုလျှို့ဝှက်ဆန်းကြယ်သော အဆင့် အေ အထက်ဆင့် သည် သူတို့အား စစ်ကူများ ထောက်ပံ့ပေးမည်ဟု ကတိပေးခဲ့ပြီး ဤရေယာဉ်အုပ်စုသည် ပထမဆုံး စစ်ကူအသုတ် ဖြစ်သည်။ ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင်သည် ရေယာဉ်အုပ်စုမှတစ်ဆင့် အဆင့် အေ အထက်ဆင့် ၏ အထောက်အထားကို ခန့်မှန်းချင်သော်လည်း စစ်ကူများ၏ အမှတ်တံဆိပ်ကို မြင်လိုက်ရသောအခါ အံ့သြမသွားဘဲ မနေနိုင်ပေ။

ဤသည်မှာ ကပ်ဘေးအဆင့် စူပါလေးဦး စီမံခန့်ခွဲသော ကွဲအက်ကြယ်စင်ကွင်းရှိ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သူတို့ထဲမှ တစ်ဦးသည် အဆင့် အေ အထက်ဆင့် မျိုးစေ့ပင် ဖြစ်သည်။ ရလဒ်အနေဖြင့် အဖွဲ့အစည်း၏ ကျော်ကြားမှုနှင့် အရွယ်အစားမှာ မသေးငယ်လှသော်လည်း သူတို့တွင် ကျောထောက်နောက်ခံ မရှိဟု လူအများက ယုံကြည်ထားကြသည်။

သို့သော် ဤအသံတိတ်နေသော အဖွဲ့အစည်းတွင် အမည်မသိ အဆင့် အေ အထက်ဆင့် တစ်ဦး နောက်ကွယ်တွင် ရှိနေပုံရသည်။

ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အဆင့် အေ အထက်ဆင့် က ဘယ်သူလဲ။ ကွဲအက်ကြယ်စင်ကွင်းထဲမှာ သူ့လက်အောက်ခံ အဖွဲ့အစည်း တစ်ခုထက်မက ရှိနေတာ ဖြစ်နိုင်မလား။

ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင်သည် သူ့ရင်ထဲရှိ သံသယများကို ဖိနှိပ်လိုက်ပြီး တစ်ဖက်လူကို ဆက်သွယ်လိုက်သည်။

ဒီလက်နက်ကိုင် အဖွဲ့အစည်းရဲ့ အကူအညီနဲ့ဆိုရင် သူတို့ရဲ့ အခြေအနေက အများကြီး ပိုကောင်းလာလိမ့်မယ်။

နှစ်ဖက်စလုံး၏ ပင်မသင်္ဘောကြီးများ တွေ့ဆုံကြပြီး ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင်၏ ပရိုဂျက်ရှင်းသည် ကပ်ဘေးအဆင့် ခေါင်းဆောင်လေးဦးနှင့် တွေ့ဆုံလိုက်သည်။

"ကျွန်တော်က ဂူလာလ် လူမှုအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပါ။ ကျွန်တော် ကျေးဇူး..."

"သစ္စာဖောက်တွေကို နှိမ်နင်းဖို့ ကျွန်တော်တို့ ခင်ဗျားကို ကူညီပါ့မယ်။ ကျွန်တော်တို့က အမိန့်ကို နာခံရုံမို့လို့ ကျေးဇူးတင်စရာ မလိုပါဘူး။" ထို အဆင့် အေ အထက်ဆင့် မျိုးစေ့က ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင်၏ စကားကို ဖြတ်ပြောလိုက်သည်။

ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင် ခဏကြာ စဉ်းစားပြီးနောက် မေးလိုက်သည်။ "အမိန့်ပေးနေတဲ့သူက ဘယ်သူလဲဆိုတာ သိချင်မိတယ်။"

ထိုအချိန်တွင် ဘေးနားရှိ အဖွဲ့ဝင်တစ်ဦး ရုတ်တရက် တုန်ခါသွားပြီး လျှို့ဝှက်ဆန်းကြယ်သော အဆင့် အေ အထက်ဆင့် ၏ ဝင်ရောက်ပူးကပ်ခြင်း ခံလိုက်ရသည်။ "ငါ ဘယ်သူလဲဆိုတာ ရှာဖို့ မကြိုးစားနဲ့၊ မဟုတ်ရင် ငါတို့ရဲ့ သဘောတူညီချက် ပျက်သွားလိမ့်မယ်။"

ရှေးဟောင်းဧကရာဇ်ပါတီ ခေါင်းဆောင် လန့်ဖျပ်သွားပြီး ချက်ချင်း သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော်တို့ ခင်ဗျားရဲ့ အကြံပြုချက်ကို လိုက်နာခဲ့ပေမယ့် ဘလက်စတားစစ်တပ်က ဘာတုံ့ပြန်မှုမှ မပြဘူး။"

"အဲဒီလိုလား။" လျှို့ဝှက်ဆန်းကြယ်သူ အံ့သြမသွားပေ။ "ကျရှုံးမှုက ရှောင်လွှဲလို့မရပါဘူး၊ ငါ သဘောပေါက်ထားတဲ့ အလေ့အထတွေက အမြဲတမ်း အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ငါ ပိုပြီး စောင့်ကြည့်လေ့လာပြီး စမ်းသပ်ဖို့ လိုတာပေါ့။"

လျှို့ဝှက်ဆန်းကြယ်သူ နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်းဝင်သွားသည်။ "ဒါပေမဲ့ ဘလက်စတားက ကံကောင်းရုံတင် မကဘဲ ငါ့လိုပဲ သူတို့ရဲ့ အလေ့အထတချို့ကို သဘောပေါက်ထားပုံရတယ်။"

စာစဉ် (၅၂)၊ အခန်း (၈၇၈) ပြီးပါပြီ။

လင်းဆက်

+++++

All Chapters