← Chapters

အခန်း (၅၇၄-၅၇၆)

Vol. 39 Ch. 574-576

အခန်း (၅၇၄-၅၇၆)

Vol. 39 Ch. 574-576

အခန်း (၅၇၄) - လျှို့ဝှက်ဆန်းကြယ် လူငယ်

~"အစ်ကိုကြီးဖုန်း... ဘာဖြစ်လို့လဲ"

ဖုန်းဝူချန် ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်လိုက်ရသောအခါ လင်ရှောင်ရှောင်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"ဘာမှ မဟုတ်ပါဘူး... တစ်ခုခုကို သတိရသွားလို့ပါ။ ဆက်သွားကြစို့"

ဖုန်းဝူချန်က ခေါင်းခါရင်း ပြောလိုက်၏။

"ဆရာ တစ်ခုခုကို အာရုံခံမိသွားတာပဲ"

ကျန်းကျွင့်လန်က မျက်မှောင်ကြုတ်ကာ ဟွမ်ယန်နှင့် အကြည့်ချင်း ဖလှယ်လိုက်၏။

ဘာဖြစ်မှန်း မသိကြသော်လည်း ဟွမ်ယန်တို့ တစ်သိုက် သတိဝီရိယ ပိုရှိလာကြသည်။

"ခန်းမသခင်... ဒီလမ်းကြောင်းကြီးက နည်းနည်း ကြောက်စရာမကောင်းလွန်းဘူးလား။ ကျောက်တုံးတွေတောင် နီရဲနေတာပဲ"

ခွမ်းကျန့်က အသက်ကို ဝဝရှူရင်း အောက်သို့ ငုံ့ကြည့်လိုက်၏။ လမ်းကြောင်းတစ်ခုလုံး နီရဲနေပြီး နံရံများမှာ မီးလောင်ထားသကဲ့သို့ တောက်ပနေ၏။

"အောက်ဘက်က မီးစွမ်းအင်တွေ ပိုကြမ်းတမ်းတယ်ကွ။ ငါတို့ အောက်ရောက်ရင် မီးလောင်ပြီး သေမသွားလောက်ပါဘူးနော်"

ဟု လွမ်ရှန်းက တံတွေးမျိုချရင်း စိုးရိမ်တကြီး ပြောလိုက်၏။

ဖုန်းဝူချန်နှင့် အဖွဲ့သားများ ရှေးဟောင်း မြို့ပျက် လမ်းကြောင်းထဲသို့ ဝင်ရောက်သွားပြီးနောက်... အရိပ်တစ်ခု တိတ်တဆိတ် ပေါ်လာသည်။

"ဒီကောင်လေးက ဘယ်သူလဲ။ ထျန်းကျီဘုံ အဆင့်တောင် ငါ့ကို သတိမထားမိတာကို သူက အာရုံခံမိတယ်တဲ့လား။ ဒီကောင်က တော်တော်လေး လျှို့ဝှက်နက်နဲတာပဲ... သာမန်လူတွေ သူ့ကျင့်ကြံခြင်းအဆင့်ကို ရိပ်မိမှာ မဟုတ်ဘူး။ စိတ်ဝင်စားစရာပဲ"

လျှို့ဝှက်ဆန်းကြယ် ပုံရိပ်ပိုင်ရှင်က အံ့သြစွာ ရေရွတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပေါ်လာသည်။

ထိုသူသည် ရုပ်ရည်ချောမောသော လူငယ်တစ်ဦးဖြစ်ပြီး တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ရာထူးဂုဏ်ရှိန် ကြီးမားသူတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။

သူ့ကျင့်ကြံခြင်းအဆင့်ကို ခန့်မှန်း၍ မရသော်လည်း အင်ပါယာ အစွန်းရောက် ဂိုဏ်းချုပ်နှင့် အကြီးအကဲများပင် သူ့ကို သတိမထားမိကြသည်ကို ထောက်ရှုလျှင်... သူ့စွမ်းအားသည် အလွန် နက်ရှိုင်းမည်မှာ သေချာသည်။

"လင်ရှောင်ရှောင်..."

လျှို့ဝှက်ဆန်းကြယ် လူငယ်က တိုးတိုးလေး ရေရွတ်လိုက်ပြီး မြို့ပျက်လမ်းကြောင်းထဲသို့ လိုက်ပါ ဝင်ရောက်သွားသည်။

ဒီလူငယ်က လင်ရှောင်ရှောင်ကို သိနေသည်ပင်။

လင်ရှောင်ရှောင်၏ အစစ်အမှန် နောက်ခံသည် တိုက်ကြီးပေါ်တွင် လျှို့ဝှက်ချက် တစ်ခုဖြစ်ပြီး မည်သူမျှ မသိရှိကြပေ။ သို့သော် ဒီလူငယ်က သိနေသည်ဆိုလျှင်... သူ့နောက်ခံက အလွန် ကြောက်မက်ဖွယ် ကောင်းမည်မှာ အသေအချာပင်။

မြို့ပျက် လမ်းကြောင်းအတွင်းတွင်... ဖုန်းဝူချန်တို့ ဝင်ရောက်လာသည်ကို အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက သတိထားမိလိုက်၏။

'ဒီကောင်လေးပဲ... အင်ပါယာ အစွန်းရောက် ဂိုဏ်းက ရတနာသိုက် တွေ့ပြီဆိုတာ သူ တကယ် သိနေတာပဲ'

ထိုသူက စိတ်ထဲတွင် တွေးလိုက်သော်လည်း မျက်နှာအမူအရာ မပြောင်းလဲဘဲ နေလိုက်၏။ ဂိုဏ်းချုပ်နှင့် အကြီးအကဲများကမူ မည်သည့်အရာကိုမျှ မသိရှိကြပေ။

လမ်းကြောင်းထဲသို့ ဝင်ရောက်လာသည်နှင့် ဖုန်းဝူချန်သည် ကမ္ဘာပျက် စွမ်းအား အနည်းငယ်ကို ထုတ်ဖော်ကာ နံရံထဲသို့ ထည့်သွင်းလိုက်၏။ သူ့ခြေလှမ်းများကမူ ရပ်တန့်မသွားပေ။

ရတနာသိုက် ဝင်ပေါက်သည် မြို့ပျက်၏ အောက်ခြေတွင် ရှိကြောင်း ထင်ရှားနေ၏။ ရှေ့က လူသွားထားပြီးသားမို့ ဖုန်းဝူချန်တို့အနေဖြင့် နောက်က လိုက်သွားရုံသာ ရှိသည်။

အန္တရာယ်ရှိလျှင် ရှေ့ကလူတွေ အရင် ခံစားရမည် ဖြစ်သဖြင့် ဖုန်းဝူချန်တို့ စိုးရိမ်စရာ မလိုပေ။

"ခန်းမသခင်... ရှေးဦး ကမ္ဘာဦး အရှိန်အဝါက အောက်ခြေကနေ ထွက်နေတာ။ ရတနာသိုက်က အောက်ဆုံးမှာ ရှိလိမ့်မယ်ဗျ"

ချီဟွမ်က သတိထားရင်း ပြောလိုက်၏။

ကျန်းကျွင့်လန်က လေးလေးနက်နက် ပြောလိုက်၏။

"ဒီလမ်းကြောင်းက လုံခြုံမှုရှိတယ်။ အင်ပါယာ အစွန်းရောက် ဂိုဏ်းက လူတွေကလွဲရင် ဘယ်သူမှ မရောက်ဖူးသေးဘူး"

"ရှေးဦး ကမ္ဘာဦး အရှိန်အဝါက ပြင်းထန်ပေမဲ့ နတ်ဘုရား လက်နက်ရဲ့ အရှိန်အဝါကိုတော့ မခံစားရဘူး။ အစ်ကိုကြီးဖုန်း... အစ်ကိုကြီးရော ခံစားရလား"

ဟု လင်ရှောင်ရှောင်က မေးလိုက်၏။

ရတနာမြေပုံတွင် 'ရှေးဦး စက်ကွင်းလက်နက်' ရှိကြောင်း ဖော်ပြထားသည်။ အကယ်၍ တကယ် ရှိပါက ၎င်း၏ အစွမ်းထက်သော အရှိန်အဝါကို ခံစားရမည် ဖြစ်၏။

"နတ်ဘုရား လက်နက်မှာ ဝိညာဉ်ရှိတယ်။ သူ့ကိုယ်ပိုင် အသိစိတ် ရှိတယ်။ ငါတို့ အာရုံမခံနိုင်ဘူးဆိုရင်... တစ်ခုခုနဲ့ ချိပ်ပိတ်ထားတာ ဖြစ်မယ်။ ဒါမှမဟုတ် လက်နက်ကိုယ်တိုင်က သူ့အရှိန်အဝါကို ဖုံးကွယ်ထားတာ ဖြစ်မယ်။ ပြီးတော့ ဒီနေရာက အပူလှိုင်းတွေ ဖုံးလွှမ်းနေတာဆိုတော့ အာရုံမခံနိုင်တာ ဆန်းတော့ မဆန်းပါဘူး"

ဖုန်းဝူချန်က ရှင်းပြလိုက်၏။

'ဒီကောင် တကယ် ဝင်လာတာပဲ'

ဖုန်းဝူချန်က စိတ်ထဲတွင် တွေးလိုက်၏။ တစ်စုံတစ်ယောက် ဝင်ရောက်လာကြောင်း သူ သိရှိပြီးသား ဖြစ်၏။

"ရှေးဦး ကမ္ဘာဦး စွမ်းအား..."

လမ်းကြောင်းအတွင်း ဖုန်းဝူချန် စွမ်းအားထည့်သွင်းခဲ့သော နေရာကို ဖြတ်ကျော်လာစဉ် လျှို့ဝှက်ဆန်းကြယ် လူငယ်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

"ဒီကောင်လေးက ငါ့ကို စောင့်ကြည့်နေတာလား။ သူက ရှေးဦး ကမ္ဘာဦး စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဒီအရှိန်အဝါအရဆိုရင် ထိပ်ဆုံး (၅) မျိုးထဲက တစ်ခုပဲ ဖြစ်ရမယ်"

လူငယ်၏ နှုတ်ခမ်းထောင့်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာပြီး မျက်လုံးများတွင် လောဘရိပ်များ သန်းနေ၏။

"ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုပဲ... အားစိုက်ထုတ်စရာ မလိုဘဲ တွေ့လိုက်ပြီ၊ ဟီးဟီးဟီး…"

လူငယ်က အေးစက်စွာ ရယ်မောလိုက်၏။

သူ ဒီကို ရောက်လာရခြင်း အကြောင်းရင်းမှာ ရတနာသိုက်ကြောင့်ပင် ဖြစ်၏။

'နဂါးမျိုးနွယ် ဘိုးဘေးတွေ ပြောတာ မမှားဘူး။ ရှေးဦး ကမ္ဘာဦး စွမ်းအားတွေ အများကြီး သူတို့လက်ထဲ ရောက်သွားပုံရတယ်။ ကြည့်ရတာ ရှေးဦး ကမ္ဘာဦး စွမ်းအား ရဖို့က ငါထင်သလောက် မလွယ်ကူတော့ဘူး'

ဖုန်းဝူချန်က စိတ်ထဲတွင် တွေးတောနေမိသည်။

လမ်းကြောင်းသည် အဆင့်ဆင့် ခွဲခြားထားပြီး အောက်ရောက်လေ ရှေးဦး ကမ္ဘာဦး အရှိန်အဝါ ပိုပြင်းထန်လေ ဖြစ်၏။

သဲကန္တာရ၏ အပူချိန်ကလည်း ပိုမို ဆိုးရွားလာသည်။

ဖုန်းဝူချန်နှင့် အဖွဲ့သားများ၏ မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ ကျနေပြီး အဝတ်အစားများ ရွှဲနစ်နေကြသည်။

လင်ရှောင်ရှောင် တစ်ယောက်တည်းသာ ချွေးတစ်စက်မှ မထွက်ဘဲ ပုံမှန်အတိုင်း ရှိနေ၏။ သူမ၏ ရေခဲစွမ်းအင်ကိုပင် အသုံးမပြုထားပေ။ သူမအနေဖြင့် ဒီလောက် အပူချိန်ကို ဂရုစိုက်စရာ မလိုပေ။

"ငါ့မှာ ဘာလို့ ရေခဲစွမ်းအင် မရှိရတာလဲကွာ"

တောက်ဟွမ်က လင်ရှောင်ရှောင်ကို ကြည့်ရင်း အားကျစွာ ညည်းတွားလိုက်၏။

"ရောက်ခါနီးပါပြီ... နည်းနည်း သည်းခံကြပါ"

ချီဟွမ်က မောပန်းစွာ ပြောလိုက်၏။ ကောင်းကင်ဘုံလူသား ပထမအလွှာ ဖြစ်သည့် သူပင် လဲကျလုမတတ် ဖြစ်နေလျှင်... တောက်ဟွမ်တို့ဆို ပြောစရာပင် မလိုတော့ပေ။

"အစ်ကိုကြီးဖုန်း... ထျန်းကျီဘုံ အရှိန်အဝါကို ခံစားမိတယ်"

လင်ရှောင်ရှောင်က ရုတ်တရက် ပြောလိုက်၏။

ထိုအခါ၊ ဖုန်းဝူချန်က ခေါင်းညိတ်ပြီး လေးလေးနက်နက် ပြောလိုက်၏။

"သူတို့ ငါတို့အောက်တည့်တည့်မှာ ရှိနေတယ်။ ဒါပေမယ့် ဆင်းလာတဲ့ လမ်းတစ်လျှောက်လုံး ဘာအန္တရာယ်မှ မရှိတာ ထူးဆန်းနေတယ်။ တကယ်လို့ နတ်ဘုရား လက်နက် ရှိနေရင် ဒီလောက် လွယ်ပါ့မလား။ အားလုံး သတိထားကြ"

အင်ပါယာ အစွန်းရောက် ဂိုဏ်းက ရတနာသိုက်ကို ဘယ်လို ဖွင့်လိုက်သလဲ ဆိုတာကို ဖုန်းဝူချန် အစကတည်းက စူးစမ်းချင်နေခဲ့သည်။ ယခု ဆင်းလာသော လမ်းတစ်လျှောက်လုံး ဘာမှ မကြုံရတော့ ပိုပြီး သံသယ ဝင်လာရသည်။

‘ရှေးဦး နတ်ဘုရား လက်နက်နဲ့ ပတ်သက်တဲ့ နေရာတစ်ခုက ဒီလောက် ရိုးရှင်းပါ့မလား။’

အောက်ဆုံးအလွှာတွင် အင်ပါယာ အစွန်းရောက် ဂိုဏ်းချုပ်နှင့် အကြီးအကဲများ ရောက်ရှိနေကြပြီ ဖြစ်၏။

ပေ (၁၀၀) ပတ်လည်လောက် ကျယ်ဝန်းသော ဂူတစ်ခု ဖြစ်ပြီး လူထွင်းဂူတစ်ခု ဖြစ်ပုံရသည်။ တစ်ချက်ကြည့်ရုံဖြင့် အကုန်မြင်နိုင်သည်။

"ဂိုဏ်းချုပ်... လူလာနေတယ်"

ပထမ အကြီးအကဲက လေးလေးနက်နက် ပြောလိုက်၏။ သူတို့ ပတ်ဝန်းကျင်ကို သေချာ မလေ့လာရသေးခင်မှာပင် လူလာနေသည်ကို အာရုံခံမိလိုက်ခြင်း ဖြစ်၏။

"ဘယ်သူလဲ... ထွက်ခဲ့စမ်း"

ဂိုဏ်းချုပ် 'ကျိုးရွှမ်ထုန်း' အေးစက်စွာ အော်ဟစ်လိုက်၏။

"ဂိုဏ်းချုပ်ကျိုး... ကျွန်တော့်ကို မေ့သွားပြီလား"

ဖုန်းဝူချန်၏ တည်ငြိမ်အေးဆေးသော အသံ ထွက်ပေါ်လာပြီး လင်ရှောင်ရှောင်၊ ချီဟွမ်တို့နှင့်အတူ ပေါ်ထွက်လာသည်။

"မင်း..."

ကျိုးရွှမ်ထုန်းက ဖုန်းဝူချန်ကို မြင်လိုက်ရသောအခါ အံ့သြသွားပြီး မျက်နှာ မည်းမှောင်သွားသည်။

"အပြင်က လူတွေကို မင်းတို့ ဘာလုပ်လိုက်လဲ"

အကြီးအကဲတစ်ယောက်က ဒေါသတကြီး မေးလိုက်၏။ သူက ဖုန်းဝူချန်တို့ကို ဝါးစားတော့မည့်ဟန်ဖြင့် ကြည့်နေ၏။

"ဘာလုပ်လိုက်တယ် ထင်လဲ"

ကျန်းကျွင့်လန်က ရှေ့ထွက်လာပြီး အေးစက်စွာ ပြန် မေးလိုက်ခြင်းပါ။

အသံကြားသည်နှင့် ကျိုးရွှမ်ထုန်းနှင့် အကြီးအကဲများ၏ မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ ကျန်းကျွင့်လန်ကို မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားများ ရပ်တန့်မတတ် ဖြစ်သွားကြသည်။

"သ... သခင်လေးကျန်း..."

ကျိုးရွှမ်ထုန်းတို့ တစ်သိုက် ကြောက်လန့်တုန်လှုပ်သွားကြသည်။

"ဂိုဏ်းချုပ်ကျိုး... ခင်ဗျားက အရင် ကတိဖျက်တာလေ... ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။ ရတနာသိုက်ကို တစ်ယောက်တည်း ပိုင်ဆိုင်ချင်တာတော့ မလွယ်လောက်ဘူး"

ဖုန်းဝူချန်က အေးစက်စွာ ပြုံးရင်း ပြောလိုက်၏။

အခန်း (၅၇၅) - ထောင်ချောက်ထဲ သက်ဆင်းခြင်း

~ကျန်းကျွင့်လန် ရောက်လာသည်ကို မြင်သောအခါ ကျိုးရွှမ်ထုန်းနှင့် အခြားသူများ တော်တော်လေး လန့်သွားကြသည်။ ဖုန်းဝူချန်က ကျန်းကျွင့်လန်ကို သိနေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

ကျန်းမိသားစု၏ အရှိန်အဝါဆိုသည်မှာ အင်ပါယာ အစွန်းရောက် ဂိုဏ်း လက်လှမ်းမီသည့် အရာ မဟုတ်ပေ။

“ညီလေးရယ်... နားလည်မှုလွဲနေကြတာပါ။ တကယ်ကို နားလည်မှုလွဲနေတာပါ”

ကျိုးရွှမ်ထုန်းက အတင်းပြုံးပြီး ပြောလိုက်၏။

“ကျွန်တော်တို့က ရတနာ တကယ်ရှိမရှိ မသေချာသေးလို့ လာစစ်ဆေးကြည့်တာပါ။ သေချာပြီဆိုမှ လူလွှတ်ပြီး အကြောင်းကြားမလို့ပါပဲ။ ကြည့်ပါဦး... ကျွန်တော်တို့လည်း အခုမှ ရောက်တာလေ။ ညီလေးတို့နဲ့ တိုက်ဆိုင်သွားတာပါ”

ကျန်းကျွင့်လန် ရှိနေသဖြင့် ကျိုးရွှမ်ထုန်း မောက်မာရဲတော့ပေ။

“နားလည်မှုလွဲတာ ဟုတ်လား။ ဟွန့်... ဖြစ်နိုင်ပါ့မလား”

ဖုန်းဝူချန်က ကျိုးရွှမ်ထုန်းကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်၏။

“ရှင် ပြောတာကို ယုံမယ်များ ထင်နေလား။ အပြင်ကလူတွေ အကုန်ပြောပြီးသွားပြီ”

လင်ရှောင်ရှောင်က အေးစက်စွာ ပြောလိုက်၏။

“ကျိုးရွှမ်ထုန်း... ဟန်ဆောင်မနေပါနဲ့တော့။ တခြားလူတွေ ခင်ဗျားအကြောင်း မသိပေမဲ့ ကျွန်တော်ကတော့ သိတယ်ဗျ”

ယဲ့ထျန်းဝေက ရှေ့ထွက်လာပြီး ပြောလိုက်၏။

“ယဲ့... ယဲ့ထျန်းဝေ”

ယဲ့ထျန်းဝေကို မြင်လိုက်ရသောအခါ ကျိုးရွှမ်ထုန်းတို့ မျက်နှာ ထပ်ပျက်သွားပြန်သည်။

ဒီ ဖုန်းဝူချန် ဆိုသည့်ကောင်က ဘယ်သူနည်း။ ကျန်းကျွင့်လန်ကို သိရုံတင်မက၊ အနောက်ဘက်ဒေသ၏ ထိပ်တန်း ပါရမီရှင်ကိုပါ သိနေသည်လား။

ယဲ့ထျန်းဝေ ပါလာခြင်းက သူတို့အတွက် မျှော်လင့်မထားသော ကိစ္စဖြစ်၏။

ထို့ကြောင့် ကျိုးရွှမ်ထုန်းမှာ ဆင်ခြေပေးစရာ လမ်းမရှိတော့ပေ။

“ဂိုဏ်းချုပ်ကျိုး... ခင်ဗျားရဲ့ လှုပ်ရှားမှုတိုင်းကို ကျွန်တော် သိနေတယ်။ ရတနာသိုက် ပွင့်သွားတဲ့ အချိန်ကတည်းက ကျွန်တော် သိပြီးသား”

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်၏။

“မင်း ရတနာမြေပုံမှာ ဉာဏ်ဆင်ခဲ့တာလား”

ကျိုးရွှမ်ထုန်း၏ မျက်နှာ မည်းမှောင်သွားသည်။

ဖုန်းဝူချန် ယန်ဟွမ် သဲကန္တာရကို ရောက်လာနိုင်သည်ကို ကြည့်လျှင် ရတနာမြေပုံမှာ တစ်ခုခု လုပ်ထားမှန်း ကျိုးရွှမ်ထုန်း ရိပ်မိလိုက်၏။

“ဟုတ်တယ်။ အစကတည်းက ခင်ဗျားတို့ကို ကျွန်တော် မယုံခဲ့ဘူး။ ရတနာမြေပုံ ပေးလိုက်တာက ကျွန်တော့်အစား ရတနာရှာခိုင်းမလို့ပဲ။ အဲဒါမှ ကျွန်တော့်အချိန်တွေ အများကြီး သက်သာမှာလေ”

ဖုန်းဝူချန်က ပခုံးတွန့်ပြီး ပြောလိုက်၏။

“ဂိုဏ်းချုပ်... ဒါ ယန်ဟွမ် သဲကန္တာရပါ။ သူတို့ကလွဲရင် တခြား ဘယ်သူမှ မရှိဘူး။ သူတို့ကို သတ်ပစ်လိုက်ရင် ကျန်းမိသားစုရော၊ ရှန်ဝူဂိုဏ်းရော ဘယ်သူလုပ်မှန်း သိမှာ မဟုတ်ဘူး”

အကြီးအကဲတစ်ယောက်က အသံတိတ် စကားပြောနည်းဖြင့် အကြံပေးလိုက်၏။

ဒါကိုကြားတော့ ကျိုးရွှမ်ထုန်း၏ မျက်လုံးထဲတွင် လူသတ်အရှိန်အဝါများ ဖြတ်ပြေးသွားသည်။

“ငါ မင်းရဲ့ ရတနာမြေပုံကို ကိုယ်တိုင် စစ်ဆေးခဲ့တာ။ ဘာအမှတ်အသားမှ မပါဘူး။ မင်း တစ်ခုခု လုပ်ခဲ့ရင် ငါ မသိဘဲ ဘယ်နေမလဲ”

“ခင်ဗျားရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ရှင်းပြရ ခက်လိမ့်မယ်”

ဖုန်းဝူချန်က လှောင်ပြောင်လိုက်၏။

“ကောင်စုတ်လေး”

ဖုန်းဝူချန်၏ စကားကြောင့် ဒေါသထွက်သွားသော ကျိုးရွှမ်ထုန်းဆီကနေ ကြောက်မက်ဖွယ် လူသတ်အရှိန်အဝါများ ထွက်ပေါ်လာပြီး ဂူတစ်ခုလုံး လွှမ်းခြုံသွားသည်။

“မင်းတို့က သေလမ်းရှာနေတာပဲ။ သခင်လေးကျန်း... ခင်ဗျား မလာသင့်ဘူး။ ဒီမှာ ခင်ဗျားတို့ကို သတ်လိုက်ရင်တောင် ကျန်းမိသားစုက သိမှာ မဟုတ်ဘူး”

အကြီးအကဲက အေးစက်စွာ ပြောလိုက်၏။ ကြောက်မက်ဖွယ် စွမ်းအားများကြောင့် ဂူတစ်ခုလုံး တုန်ခါသွားပြီး ကျောက်နံရံများတွင် အက်ကြောင်းများ ပေါ်လာသည်။

“ဟုတ်မဟုတ် စမ်းကြည့်လိုက်လေ”

ကျန်းကျွင့်လန်က မကြောက်မရွံ့ ပြန်ပြောလိုက်၏။

“ဒီမှာ တိုက်ခိုက်ရင် ရတနာကို ဘယ်သူမှ ရလိုက်မှာ မဟုတ်ဘူး”

ဖုန်းဝူချန်က သတိပေးလိုက်၏။

“ငါ့ကို တားနိုင်မလား ကြည့်ကြသေးတာပေါ့”

ကျိုးရွှမ်ထုန်းက မထီမဲ့မြင် ပြောပြီး အရှိန်ပြင်းစွာ ပြေးဝင်လာသည်။

“ခင်ဗျား လုပ်ရဲလို့လား”

ကျန်းကျွင့်လန်က အော်ဟစ်လိုက်၏။

“ဘာကြောက်ရမှာလဲ။ သခင်လေးကျန်း... ဒါ ကြယ်တာရာနယ်မြေ မဟုတ်ဘူးကွ”

ကျိုးရွှမ်ထုန်းက ပြန်အော်လိုက်၏။

“အစ်ကိုကြီးဖုန်း... သတိထား”

လင်ရှောင်ရှောင်က စိုးရိမ်တကြီး အော်ဟစ်ပြီး ဖုန်းဝူချန်ရှေ့ကို ရောက်အောင် သွားရန် ကြိုးစားလိုက်၏။

သို့သော် ထျန်းကျီဘုံ ပညာရှင် ဖြစ်သည့် ကျိုးရွှမ်ထုန်း၏ အမြန်နှုန်းက လျင်မြန်လွန်းလှသဖြင့် လင်ရှောင်ရှောင် အချိန်မမီလိုက်ပေ။

“ကျွန်တော် မပါဘဲ ခင်ဗျားတို့ ရတနာ ရှာတွေ့မှာ မဟုတ်ဘူး”

ကျိုးရွှမ်ထုန်း၏ တိုက်ခိုက်မှု ရောက်လာသော်လည်း ဖုန်းဝူချန်က မကြောက်မရွံ့ဘဲ တည်ငြိမ်စွာ ပြောလိုက်၏။

ဖုန်းဝူချန်၏ စကားကြောင့် ကျိုးရွှမ်ထုန်း၏ လက်ဝါးသည် ဖုန်းဝူချန် မျက်နှာနား ရောက်ခါနီးတွင် ရပ်တန့်သွားသည်။

“ဒီဂူထဲမှာ ရှေးဦး အရှိန်အဝါတွေပဲ ရှိတယ်။ ဘယ်ကလာလဲဆိုတာ ခင်ဗျားတို့ ရှာမတွေ့ဘူးမလား။ ရတနာက သူ့အလိုလို ထွက်လာမှာ မဟုတ်ဘူး”

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်၏။

ဖုန်းဝူချန်၏ လုပ်ရပ်ကြောင့် ကျန်းကျွင့်လန်တို့ တစ်သိုက် ချွေးစေးများ ပြန်ကုန်ကြသည်။ ဖုန်းဝူချန် ဘယ်ကနေ ယုံကြည်မှုတွေ ရနေမှန်း သူတို့ နားမလည်နိုင်ပေ။

ကံကောင်း၍ ကျိုးရွှမ်ထုန်း ရပ်သွားခြင်းဖြစ်၏။ သို့မဟုတ်ပါက လင်ရှောင်ရှောင် အချိန်မမီလိုက်လျှင် ဖုန်းဝူချန် သေချာပေါက် သေသွားမည်။

“ရတနာ နေရာကို ငါတို့ သိပြီးသားလေ။ ရှာမတွေ့မှာ ပူနေတာလား”

အကြီးအကဲတစ်ယောက်က ဒေါသတကြီး ပြောလိုက်၏။

“ဂိုဏ်းချုပ်... ဒီကောင် လှည့်စားနေတာ။ သတ်ပစ်လိုက်ပါ”

နောက်တစ်ယောက်က ထောက်ခံလိုက်၏။

ဖုန်းဝူချန်က လက်ကာပြလိုက်သည်။

“ကျွန်တော် မပါဘဲ ခင်ဗျားတို့ နောက်ထပ် (၁၀) နှစ်လောက် ရှာရင်တောင် တွေ့မှာ မဟုတ်ဘူး”

ကျိုးရွှမ်ထုန်းက လက်ဝါးကို ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်၏။

“ရတနာရှာတာက အန္တရာယ်များတယ်။ မြို့ပျက်ထဲ ဝင်ကတည်းက တစ်ခုခု မှားနေသလို ခံစားရတယ်။ အခု အောက်ဆုံး ရောက်တော့ ပိုပြီး သံသယ ဝင်လာတယ်။ ဒီနေရာက ရတနာ ရှိတဲ့ နေရာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အတုပဲ ဖြစ်မယ်။ ဒါမှမဟုတ် သေစေနိုင်တဲ့ အန္တရာယ်တွေ ရှိနေတဲ့ နေရာ ဖြစ်မယ်”

“ရှေးဦး အရှိန်အဝါ ရှိနေတာကို ကြည့်ရင် ရတနာ ရှိတာ သေချာတယ်”

ဖုန်းဝူချန်က ပြောလိုက်၏။

“မင်း ဘာလုပ်နိုင်လဲ။ မပြောရင် အခုချက်ချင်း အကုန်သတ်ပစ်မယ်”

ကျိုးရွှမ်ထုန်းက ခြိမ်းခြောက်လိုက်၏။

“အခုမှ လှုပ်ရှားချင်ရင်တော့ နောက်ကျသွားပြီ”

လင်ရှောင်ရှောင်က အေးစက်စွာ ပြောပြီး ဖုန်းဝူချန်ဘေးနား ရောက်လာသည်။ လိုအပ်လျှင် အကာအကွယ် ဖန်တီးရန် အသင့်ပင်။

“ကျွန်တော့်မှာ နည်းလမ်း ရှိတယ်လို့ မပြောပါဘူး။ ရတနာ ရှာပေးနိုင်တယ်လို့ပဲ ပြောတာ။ ယူသွားနိုင်မယ်လို့ အာမ မခံဘူး”

ဖုန်းဝူချန်က ပခုံးတွန့်လိုက်၏။

ပြောပြီးသည်နှင့် ဖုန်းဝူချန်က ဂူနံရံဘက် လျှောက်သွားပြီး ကျောက်တုံး တစ်တုံးကို လက်ဝါးနှင့် ဖိလိုက်၏။ အားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

နောက်တစ်နေရာ ပြောင်းပြီး နောက်ထပ် ကျောက်တုံး တစ်တုံးကို ဖိလိုက်ပြန်သည်။ အားလှိုင်း ထပ်ထွက်လာသည်။

ဂူပတ်ပတ်လည် လှည့်ပြီး စမ်းသပ်လိုက်တိုင်း အားလှိုင်းများ ထွက်ပေါ်နေ၏။

“မြင်လား... ဒီနေရာကို အခင်းအကျင်းနဲ့ ကာကွယ်ထားတာ။ ဂူ တစ်ခုလုံးကို အခင်းအကျင်းက လွှမ်းခြုံထားတယ်။ ခင်ဗျားတို့ အင်အားနဲ့ဆိုရင် ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ အတင်းဖျက်ဆီးရင် အခင်းအကျင်း ပွင့်သွားပြီး အကုန်သေကုန်ကြလိမ့်မယ်။ ဒါပေမယ့် အခင်းအကျင်း မဖျက်ဆီးရင်လည်း ရတနာ ရှာတွေ့မှာ မဟုတ်ဘူး”

ဖုန်းဝူချန်က ရှင်းပြလိုက်၏။

“အခင်းအကျင်း ဟုတ်လား”

အင်ပါယာ အစွန်းရောက် ဂိုဏ်းသားတွေ အံ့သြသွားကြသည်။ အခုမှပဲ ဂူထဲမှာ အခင်းအကျင်း ရှိမှန်း သတိထားမိကြသည်။

“မဆိုးဘူး ခန်းမသခင်... တစ်ချက်ကြည့်တာနဲ့ အခင်းအကျင်း ရှိမှန်း သိတယ်”

ရွှယ်ဖုန်းက လက်မထောင်ပြလိုက်၏။ တခြားလူတွေကတော့ သတိတောင် မထားမိကြပေ။

ကျိုးရွှမ်ထုန်းက ဖုန်းဝူချန်ကို စိုက်ကြည့်ပြီး မေးလိုက်၏။

“အခင်းအကျင်းကို ဘယ်လို ဖျက်မလဲ သိလား”

“ဒါက ရှေးဟောင်း သတ်ဖြတ်ခြင်း အခင်းအကျင်းပဲ။ ပွင့်သွားတာနဲ့ ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး။ ကျွန်တော် မဖျက်နိုင်ပါဘူး”

ဖုန်းဝူချန်က လက်ကာပြလိုက်၏။

ကျိုးရွှမ်ထုန်းက ခက်ထန်စွာဖြင့်၊

“မင်း မဖျက်နိုင်ရင် ရတနာ ရှာတွေ့မှာ မဟုတ်ဘူး။ ရတနာ မရရင် မင်းကို အရှင်ထားထားပြီး ဘာလုပ်ရမှာလဲ”

“အခင်းအကျင်းကို မဖျက်နိုင်ပေမဲ့... နောက်ထပ် အခင်းအကျင်းတစ်ခု တည်ဆောက်လို့ ရတယ်လေ။ ဒီရှေးဟောင်း အခင်းအကျင်းရဲ့ စွမ်းအားကို သုံးပြီး ခင်ဗျားတို့ကို သတ်ဖို့ နောက်ထပ် သတ်ဖြတ်ခြင်း အခင်းအကျင်းတစ်ခု ဖန်တီးလိုက်ရင်... လက်ဖဝါးလှန်သလောက်ပဲ လွယ်ကူသွားမှာပေါ့”

ဖုန်းဝူချန်က ယုတ်မာစွာ ပြုံးရင်း ပြန်ပြောလိုက်၏။

“သေစမ်း... ထောင်ချောက်ပဲ”

ကျိုးရွှမ်ထုန်း သဘောပေါက်သွားသည်။

ဖုန်းဝူချန် ဂူပတ်ပတ်လည် လျှောက်သွားသည်မှာ အခင်းအကျင်း ရှိကြောင်း ပြချင်၍ မဟုတ်ဘဲ... နောက်ထပ် အခင်းအကျင်းတစ်ခု တည်ဆောက်နေသည်ကိုး။

“သူ့ကို မြန်မြန်သတ်ကြစမ်း... အခင်းအကျင်း မဖွင့်နိုင်အောင် တားကြ၊ ကျန်တဲ့ လူတွေ အပြင်ထွက်ကြ”

ပထမ အကြီးအကဲက ကြောက်လန့်တကြား အော်ဟစ်လိုက်၏။

“နောက်ကျသွားပြီ”

ဖုန်းဝူချန်က အေးစက်စွာ ရယ်မောလိုက်ပြီး သူ့လက်ဝါးကို မြေကြီးပေါ် ရိုက်ချလိုက်၏။

“မဟာစက်ဝန်း ယမမင်း နတ်ဘုရား အခင်းအကျင်း... ပွင့်စေ”

အခန်း (၅၇၆) - ပုန်းအောင်းနေသော ကျွမ်းကျင်ပညာရှင်

~“မင်းတို့လည်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားရမှာ မဟုတ်ဘူး”

ကျိုးရွှမ်ထုန်းသည် ထောင်ချောက်ထဲသို့ သက်ဆင်းမိမှန်း သိလိုက်သည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ်မှ စွမ်းအားများကို အကုန်ထုတ်သုံးလိုက်တော့သည်။ ဖုန်းဝူချန် အခင်းအကျင်းကို စတင်အသက်သွင်းလိုက်သည့် အချိန်မှာပင် သူက တရကြမ်း တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

“နောက်ဆုတ်လိုက်”

လင်ရှောင်ရှောင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး အပြာရောင် အကာအကွယ်တစ်ခုကို ချက်ချင်း ဖန်တီးလိုက်၏။

“ကောင်မစုတ်... မင်းက ငါ့ကို တားနိုင်မယ် ထင်နေလား”

ကျိုးရွှမ်ထုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အပြာရောင် အကာအကွယ်ကို လက်ဝါးဖြင့် အားကုန် ရိုက်ချလိုက်၏။

“ဝုန်း”

“အွတ်”

ပြင်းထန်လှသော ရိုက်ချက်ကြောင့် ကျိုးရွှမ်ထုန်း၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူလျော်သွားသည်။ ထို့နောက် သွေးတစ်လုပ် အန်ထွက်လာပြီး အမည်းရောင် မျဉ်းကြောင်းတစ်ကြောင်းအလား နောက်သို့ လွင့်စင်သွားတော့သည်။

“ဘာ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကျိုးရွှမ်ထုန်း၏ ရင်ထဲတွင် ထိတ်လန့်မှုများ လှိုင်းထသွားသည်။

ထျန်းကျီဘုံ စတုတ္ထအလွှာ ရှိသည့် သူက ကောင်မလေးတစ်ယောက်၏ အကာအကွယ်ကို မဖျက်ဆီးနိုင်ဘူးတဲ့လား။

ရက်စက်သော တိုက်ခိုက်မှုအောက်တွင် ပြန်ကန်ထွက်လာသည့် စွမ်းအားများကြောင့် ကျိုးရွှမ်ထုန်း ဒဏ်ရာအပြင်းအထန် ရသွားသည်။

“ဂိုဏ်းချုပ်”

အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ ထိပ်သီးများမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်ကုန်ကြသည်။

“ဝုန်း... ဝုန်း... ဝုန်း”

“အွတ်... အွတ်... အွတ်”

ဂူထဲမှ ထွက်ပြေးရန် ကြိုးစားသော လူများသည်လည်း အကာအကွယ်မှ ပြန်ကန်ထွက်လာသော စွမ်းအားများကြောင့် သွေးအန်ပြီး ဒဏ်ရာရကုန်ကြသည်။

ထိုအပြာရောင် အကာအကွယ်သည် သူတို့ကို အတော်လေး ထိတ်လန့်သွားစေသည်။

ကံကောင်းသည်မှာ အကြီးအကဲ (၃) ယောက်သည် အချိန်မီ မပြေးလိုက်မိခြင်း ဖြစ်၏။ သို့မဟုတ်ပါက သူတို့လည်း ဒဏ်ရာရသွားမည်မှာ သေချာသည်။

“အခင်းအကျင်းရဲ့ အရသာကို ခံစားကြည့်လိုက်ကြပါဦး”

ဖုန်းဝူချန်က လှောင်ပြောင်လိုက်၏။ လင်ရှောင်ရှောင်တို့ အဖွဲ့သားများကမူ အခွင့်ကောင်းယူပြီး လမ်းကြောင်းထဲသို့ ပြန်ဆုတ်သွားကြပြီ ဖြစ်၏။

‘မဟာစက်ဝန်း ယမမင်း နတ်ဘုရား အခင်းအကျင်း’ သည် ဂူတစ်ခုလုံးကို လွှမ်းခြုံထားပြီး အင်ပါယာ အစွန်းရောက် ဂိုဏ်းသားများကို ပိတ်လှောင်ထားလိုက်၏။

“ဂျွတ်”

သို့သော် အခင်းအကျင်း ဖြစ်ပေါ်လာပြီး စက္ကန့်ပိုင်း အကြာမှာပင် ရုတ်တရက် ကြွပ်ဆတ်သော အက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး အခင်းအကျင်းကြီး ပျက်စီးသွားတော့သည်။

“အခင်းအကျင်း ပျက်သွားပြီ”

ကျန်းကျွင့်လန် အံ့သြတကြီး အော်ဟစ်လိုက်၏။

“ရှေးဟောင်း အခင်းအကျင်းရဲ့ တုံ့ပြန်မှုကြောင့်များလား”

ဟွမ်ယန်က မျက်လုံးပြူးကာ မေးလိုက်၏။

“မဖြစ်နိုင်ဘူး... ခန်းမသခင် တည်ဆောက်ထားတဲ့ အခင်းအကျင်းက ချက်ချင်း ပျက်စီးသွားတာလား”

တောက်ဟွမ်နှင့် အခြားသူများ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ဖုန်းဝူချန်၏ မျက်နှာ တည်သွားပြီး စိတ်ထဲတွင် တွေးလိုက်၏။

‘သူ မဟုတ်ဘူး’

“ခန်းမသခင်... ဘာ... ဘာဖြစ်တာလဲ”

လွမ်ရှန်းက မေးလိုက်၏။

ဂူထဲတွင် အခင်းအကျင်း ရုတ်တရက် ပျက်စီးသွားသည်ကို မြင်သောအခါ အင်ပါယာ အစွန်းရောက် ဂိုဏ်းသားများလည်း အံ့သြနေကြသည်။ မည်သူမျှ ဘာဖြစ်မှန်း မသိကြပေ။

ဖုန်းဝူချန်၏ အကြည့်များက အင်ပါယာ အစွန်းရောက် ဂိုဏ်းသားများဆီသို့ ရောက်ရှိသွားသည်။

‘ဘယ်သူက အခင်းအကျင်းကို ဖျက်ဆီးလိုက်တာလဲ’

ဖုန်းဝူချန်သည် လက်သည်ကို ရှာဖွေရန် ကြိုးစားသော်လည်း ထိုသူမှာ အတော်လေး ပုန်းလျှိုးကွယ်လျှိုး နေတတ်ပုံရသည်။ ဖုန်းဝူချန် ရှာမတွေ့ပေ။

ဖုန်းဝူချန် ပြောသည့် ‘သူ မဟုတ်ဘူး’ ဆိုသည်မှာ သူ အာရုံခံမိသော လျှို့ဝှက်ဆန်းကြယ် လူငယ်ကို ရည်ညွှန်းခြင်း ဖြစ်၏။

ထိုလူငယ် မဟုတ်လျှင် အင်ပါယာ အစွန်းရောက် ဂိုဏ်းထဲမှ တစ်ယောက်ယောက် ဖြစ်ရမည်။ ဒီလူတွေထဲတွင် အလွန် ကြောက်စရာ ကောင်းသော ပုဂ္ဂိုလ် တစ်ယောက် ပုန်းအောင်းနေ၏။

ဖုန်းဝူချန်တောင် သတိမထားမိဘဲ အခင်းအကျင်းကို ဖျက်ဆီးနိုင်သည် ဆိုခြင်းက ထိုသူ၏ ကျင့်ကြံခြင်း အဆင့် အလွန် မြင့်မားကြောင်း ပြသနေ၏။

“အစ်ကိုကြီးဖုန်း... ဘယ်သူက အခင်းအကျင်းကို ဖျက်လိုက်တာလဲ”

လင်ရှောင်ရှောင်က မေးလိုက်၏။ ဂူထဲတွင် ရှေးဟောင်း အခင်းအကျင်း စွမ်းအင် အပြောင်းအလဲ မရှိသည်ကို ကြည့်လျှင် ဖုန်းဝူချန်၏ အခင်းအကျင်းက သူ့အလိုလို ပျက်စီးသွားခြင်း မဖြစ်နိုင်ကြောင်း သူမ သိသည်။

ထို့ကြောင့် တစ်ယောက်ယောက်က တိတ်တဆိတ် ဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း လင်ရှောင်ရှောင် ရိပ်မိလိုက်၏။

“အစ်ကိုလည်း မသိဘူး။ သူ့ကို ငါ မမြင်နိုင်ဘူး။ ဒါပေမယ့် သူတို့ထဲက တစ်ယောက်က အရမ်း စွမ်းအားကြီးပြီး တော်တော်လေး လျှို့ဝှက်ထားတယ်။ ကျိုးရွှမ်ထုန်းတို့တောင် သိမယ်မထင်ဘူး။ အားလုံး သတိထားကြပါ”

ဖုန်းဝူချန်တောင် မသိနိုင်ဘူးဆိုလျှင် ထိုသူက ဘယ်လောက်တောင် လျှို့ဝှက်ထားသလဲ ဆိုတာ ခန့်မှန်း၍ ရသည်။

“အသံမထွက်ဘဲ အခင်းအကျင်းကို ဖျက်ဆီးလိုက်တာလား”

ကျန်းကျွင့်လန်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး အင်ပါယာ အစွန်းရောက် ဂိုဏ်းသားများကို တစ်ယောက်ချင်းစီ လိုက်ကြည့်နေမိသည်။

“ပုန်းနေတဲ့ ပညာရှင်လား”

ဟွမ်ယန်တို့ ထိတ်လန့်သွားကြသည်။

“ဒဏ်ရာရတဲ့သူတွေကို ဖယ်လိုက်ရင်... ဒဏ်ရာမရတဲ့သူ (၃) ယောက်ပဲ ကျန်တယ်။ အဲဒီထဲက တစ်ယောက်ပဲ ဖြစ်ရမယ်”

ဖုန်းဝူချန်က အကြီးအကဲ (၃) ယောက်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။

လိန်မူချန်က စိုးရိမ်တကြီး မေးလိုက်၏။

“ခန်းမသခင်... တကယ်လို့ ပုန်းနေတဲ့ ပညာရှင် ရှိနေရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ အင်အားနဲ့ ရတနာကို လုယူနိုင်ပါ့မလား”

“အခြေအနေကို စောင့်ကြည့်ကြတာပေါ့”

ဖုန်းဝူချန်က လေးလေးနက်နက် ပြောလိုက်၏။

“ဘာစောင့်နေကြတာလဲ... သူတို့ကို သတ်ကြလေ”

ဏ်ရာပြင်းထန်နေသော ကျိုးရွှမ်ထုန်းက ရုတ်တရက် အော်ဟစ်လိုက်ခြင်းပင်။

အခင်းအကျင်း ရုတ်တရက် ပျက်စီးသွားသည်ကို သူတို့ နားမလည်သော်လည်း ယခုအချိန်တွင် စဉ်းစားနေရန် အချိန်မရှိပေ။

သို့သော် ကျိုးရွှမ်ထုန်း၏ အော်သံက အရာမထင်ပေ။ အကြီးအကဲ (၃) ယောက်က မလှုပ်ရှားရဲကြ။ လင်ရှောင်ရှောင်၏ အကာအကွယ်ကို ကြောက်ရွံ့နေကြပုံရသည်။

“ဂိုဏ်းချုပ်... အဲဒီစွမ်းအားက အရမ်းကြောက်စရာကောင်းတယ်။ ကျွန်တော်တို့ မဖျက်ဆီးနိုင်ဘူး”

ပထမ အကြီးအကဲက ခေါင်းခါပြီး ပြောလိုက်၏။

“အသုံးမကျတဲ့ကောင်တွေ”

ကျိုးရွှမ်ထုန်း၏ မျက်နှာမှာ ဖြူလျော်နေပြီး လင်ရှောင်ရှောင်ကို အစိမ်းလိုက် ဝါးစားချင်စိတ် ပေါက်နေ၏။

ဒုတိယ အကြီးအကဲက ရုတ်တရက် ဝင်ပြောလိုက်၏။

“ကောင်လေး... ငါတို့က မင်းတို့ကို မသတ်နိုင်ဘူး။ မင်းတို့ကလည်း ငါတို့ကို ဘာမှမလုပ်နိုင်ဘူး။ ဒါဆို ခဏလောက် အငြိုးအတေးတွေ ဘေးဖယ်ထားပြီး ရတနာကို မျှယူကြမလား”

ဖုန်းဝူချန်က ပခုံးတွန့်လိုက်ကာ

“သဘောတူတယ်”

လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်ကို မတွေ့မချင်း သူက အားကုန်မသုံးချင်သေးပေ။

‘အဲဒီကောင်က အင်ပါယာ အစွန်းရောက် ဂိုဏ်းထဲမှာ အစွမ်းထက်တဲ့လူ ရှိနေမှန်း သိလို့ ဂူထဲ ဝင်ခွင့်ပေးလိုက်တာလား’

သူ တွက်ဆလိုက်၏။

“မင်းက အခင်းအကျင်း အကြောင်း နားလည်တယ်။ ငါတို့မှာ စွမ်းအားရှိတယ်။ ပူးပေါင်းပြီး ဒီအခင်းအကျင်းကို ဖျက်ဆီးကြမလား”

ပထမ အကြီးအကဲက မေးလိုက်၏။

“ကောင်းပြီလေ”

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်၏။

“သခင်လေးကျန်းကရော ဘယ်လိုသဘောရလဲ”

အကြီးအကဲက ကျန်းကျွင့်လန်ကို မေးလိုက်၏။

“ကျွန်တော်ကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ဉာဏ်မများနဲ့နော်။ ကျွန်တော် ကျန်းမိသားစုဆီ သတင်းပို့ပြီးပြီ။ အချိန်မရွေး စစ်ကူခေါ်ပြီး ခင်ဗျားတို့ကို သတ်လို့ရတယ်”

ကျန်းကျွင့်လန်က ပခုံးတွန့်ရင်း ခြိမ်းခြောက်လိုက်၏။

“သခင်လေးကျန်းက စိုးရိမ်လွန်းနေပါပြီ”

ကျိုးရွှမ်ထုန်းက ဒေါသကို မနည်းထိန်းရင်း ပြောလိုက်ရ၏။

တကယ်တော့ ကျန်းကျွင့်လန်က ဘာမှ မလုပ်ထားပေ။ အင်ပါယာ အစွန်းရောက် ဂိုဏ်းသားများကို ခြိမ်းခြောက်ရန်နှင့် ပုန်းနေသော ပုဂ္ဂိုလ်ကို သတိပေးရန် ပြောလိုက်ခြင်း ဖြစ်၏။

သို့သော် ကျန်းကျွင့်လန်၏ ခြိမ်းခြောက်မှုက ကျိုးရွှမ်ထုန်း၏ ဒေါသကို ပိုဆွပေးသလို ဖြစ်သွားသည်။ ရတနာရပြီးလျှင် သတ်ပစ်မည်ဟု ကျိုးရွှမ်ထုန်း ဆုံးဖြတ်လိုက်၏။

အားနည်းသူက သားကောင်ဖြစ်ရမည့် လောကကြီးတွင် ကျားကို တောပြန်လွှတ်ပေးလျှင် ဘာဖြစ်မည်ဆိုတာ ကျိုးရွှမ်ထုန်း ကောင်းကောင်း သိသည်။

ကျန်းကျွင့်လန်၏ နောက်ခံက ကြီးမားလွန်းသဖြင့် လွှတ်ပေးလိုက်လျှင် အင်ပါယာ အစွန်းရောက် ဂိုဏ်း ပျက်စီးသွားနိုင်သည်။

သို့သော် ကျိုးရွှမ်ထုန်း မသိသည်မှာ သူတို့ဂိုဏ်းထဲတွင် ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ယောက် ပုန်းအောင်းနေသည် ဆိုတာပင်။ ဖုန်းဝူချန်တို့ကို သတ်နိုင်လျှင်တောင် သူတို့အနေနှင့် ရတနာကို ရချင်မှ ရမည်။

ရတနာသိုက် ပွင့်လာခြင်းက လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ် (၂) ယောက်ကို ဆွဲဆောင်လိုက်သလို ဖြစ်သွားသည်။

တစ်ယောက်က လင်ရှောင်ရှောင်ကို သိနေ၏။ ဆိုလိုသည်မှာ သူ့နောက်ခံက လင်ရှောင်ရှောင်၏ နောက်ခံနှင့် ယှဉ်နိုင်သည်။

နောက်တစ်ယောက်က ဖုန်းဝူချန် သတိမထားမိဘဲ အခင်းအကျင်းကို ဖျက်ဆီးနိုင်၏ ။ ဒါက သူ့စွမ်းအား ဘယ်လောက်ကြီးမားလဲ ဆိုတာ ပြသနေ၏။

လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ် (၂) ယောက် ရှိနေသဖြင့် ဖုန်းဝူချန် ရတနာရရန်မှာ ကောင်းကင်ပေါ် တက်ရသကဲ့သို့ ခက်ခဲသွားရသည်။

“မင်းက အခင်းအကျင်း အကြောင်း နားလည်တယ်။ ငါတို့က နားမလည်ဘူး။ အခင်းအကျင်း ဖျက်ဖို့ မင်းအကူအညီ လိုတယ်။ ဒါပေမယ့် ဉာဏ်မများနဲ့နော်”

ကျိုးရွှမ်ထုန်းက ဖုန်းဝူချန်ကို သတိပေးလိုက်၏။

“အခင်းအကျင်း ပွင့်သွားရင် ငါတို့ အန္တရာယ်ရှိမယ်”

ဖျက်သင့် မဖျက်သင့် ၊ ဖုန်းဝူချန်က မျက်မှောင်ကြုတ်ပြီး စဉ်းစားနေ၏။

All Chapters