← Chapters

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇-၅၇၉)

Vol. 39 Ch. 577-579

အခန်း (၅၇၇) - အခင်းအကျင်း ဖြိုခွင်းခြင်း (၁)

~ဖုန်းဝူချန်သည် အခင်းအကျင်းကို မဖျက်ဆီးဘဲ ထွက်ခွာချင်လျှင် အလွယ်တကူ ထွက်ခွာနိုင်သည်။ အင်ပါယာ အစွန်းရောက် ဂိုဏ်းက သူ့ကို မတားဆီးနိုင်သလို၊ မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်ကလည်း သူ့ကို ဒုက္ခပေးမည် မဟုတ်ပေ။

သူတို့၏ ရည်ရွယ်ချက်က ရတနာသိုက်သာ ဖြစ်၏။

သို့သော် ဖုန်းဝူချန်တွင် တိကျသော ရည်ရွယ်ချက် ရှိသည်။ ထိုအရာမှာ 'ရှေးဦး စက်ကွင်းလက်နက်' ပင် ဖြစ်၏။

ဒီလူအုပ်ထဲတွင် ဖုန်းဝူချန် တစ်ယောက်တည်းသာ ရှေးဦး အခင်းအကျင်းကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။

ဂူထဲရှိ အခင်းအကျင်းသည် သေးငယ်သော်လည်း အလွန် အစွမ်းထက်ပြီး ကာကွယ်ရေး အခင်းအကျင်း ဖြစ်သောကြောင့် ၎င်း၏ စွမ်းအားကို လျှော့တွက်၍ မရပေ။

"ကျွန်တော် အခင်းအကျင်း အကြောင်း နားလည်တယ် ဆိုပေမဲ့ ကျွန်တော်က လူငယ်လေးပဲ ရှိပါသေးတယ်။ ရှေ့ဆောင်တွေ ချန်ထားခဲ့တဲ့ အခင်းအကျင်းတွေကို ဖျက်ဆီးနိုင်မယ်လို့ အာမ မခံရဲပါဘူး။ အခင်းအကျင်း ပညာရှင်ကြီးတွေတောင် ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး"

ဖုန်းဝူချန်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ အေးဆေးစွာ ပြောလိုက်၏။

"မင်းက ရှေ့ဆောင်တွေရဲ့ အခင်းအကျင်းကို သုံးပြီး နောက်ထပ် အခင်းအကျင်း တစ်ခု တည်ဆောက်နိုင်တယ် ဆိုကတည်းက မင်းမှာ ဖျက်ဆီးနိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတာ သက်သေပြပြီးသားပဲ"

ကျိုးရွှမ်ထုန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ ဖုန်းဝူချန်၏ စကားကို သူ လုံးဝ မယုံကြည်ပေ။

"ခင်ဗျား အခင်းအကျင်း အကြောင်း နားမလည်တော့ ရှင်းပြလည်း အလကားပဲ"

ဖုန်းဝူချန်က ခေါင်းခါလိုက်၏။

"မင်း..."

ကျိုးရွှမ်ထုန်း ဒေါသထွက်သွားသော်လည်း အောင့်အီးသည်းခံလိုက်ရသည်။ ယခုအချိန်သည် ဒေါသထွက်ရမည့် အချိန် မဟုတ်ပေ။

"အားလုံး လမ်းကြောင်းအဝင်ဝကို ပြန်ဆုတ်နေကြ။ ကျွန်တော် အခင်းအကျင်းကို ဖျက်ဆီးနိုင်မလား မသေချာဘူး။ တကယ်လို့ မတော်တဆ အခင်းအကျင်း ပွင့်သွားရင် ကျွန်တော့်ကို အပြစ်မတင်နဲ့"

ဖုန်းဝူချန်က သတိပေးလိုက်၏။

သူတို့သည် အခင်းအကျင်း အကြောင်း နားမလည်ကြသဖြင့် ဖုန်းဝူချန် ပြောသည့်အတိုင်း လမ်းကြောင်းအဝင်ဝသို့ ပြန်ဆုတ်သွားကြသည်။

ဖုန်းဝူချန်သည် အစစ်အမှန်ယွမ်များကို ထုတ်ဖော်လိုက်ရာ သူ့လက်ဖဝါးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် လက်ဖဝါးကို မြေကြီးပေါ် ဖိကပ်လိုက်ရာ ရွှေရောင်အလင်းတန်းများ ပြန့်နှံ့သွားပြီး (၃) မီတာ အချင်းရှိသော ရွှေရောင် အခင်းအကျင်းဝိုင်းကြီး ပေါ်လာသည်။

ဖုန်းဝူချန်သည် မျက်လုံးကို မှိတ်ပြီး ဂူထဲရှိ အခင်းအကျင်းကို သေချာ စစ်ဆေးလိုက်၏။

"ဒီကောင်လေးက နောက်ထပ် အခင်းအကျင်း တစ်ခု ထပ်လုပ်နေတာလား"

အကြီးအကဲတစ်ယောက်က သံသယဖြင့် မေးလိုက်၏။

"ရတနာ လိုချင်ရင် ပါးစပ်ပိတ်ထား။ ခန်းမသခင်ကို အနှောင့်အယှက် မပေးနဲ့"

ချီဟွမ်က ရုတ်တရက် အော်ဟစ်လိုက်၏။

"ကောင်စုတ်လေး... မင်းက ဘယ်သူမို့လို့ ငါ့ကို လာအော်ရတာလဲ။ ကောင်းကင်ဘုံလူသား ပထမအလွှာလောက်နဲ့ ငါ့ရှေ့မှာ ရိုင်းစိုင်းရဲတယ်ပေါ့"

အကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်၏။

"ဝုန်း"

ဖုန်းဝူချန်က ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်ရာ အပြာရောင် မီးတောက်တစ်ခု သူ့လက်ဖဝါးတွင် တောက်လောင်လာသည်။ ထိုမီးတောက်သည် အကြီးအကဲ၏ ခန္ဓာကိုယ်ကို ချက်ချင်း ကူးစက်လောင်ကျွမ်းသွားပြီး မီးခိုးများ အူထွက်လာသည်။

"မီးအဆိပ်လား"

အကြီးအကဲ၏ မျက်နှာ ပျက်သွားသည်။

"အား..."

မီးအဆိပ် ရိုက်ခတ်သွားသည်နှင့် အကြီးအကဲသည် နာကျင်စွာ အော်ဟစ်လိုက်၏။ ဘေးနားမှ လူများလည်း ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။

"စတုတ္ထအဆင့် ဆေးပညာရှင်လေး ဖြစ်ပြီးတော့... နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရဲရင် မီးအဆိပ်ရဲ့ အရသာကို သေချာ မြည်းစမ်းခိုင်းလိုက်မယ်"

ဖုန်းဝူချန်က ရက်စက်စွာ ပြောလိုက်၏။ သူ့အကြည့်များက မီးအဆိပ်သင့်နေသော အကြီးအကဲအပေါ်တွင် စူးစိုက်နေ၏။

"သူက မီးအဆိပ်ကို ထိန်းချုပ်နိုင်တယ်"

ကျိုးရွှမ်ထုန်းနှင့် အခြား ထိပ်သီးများ ထိတ်လန့်သွားကြသည်။

ပြောပြီးသည်နှင့် ဖုန်းဝူချန်သည် အခင်းအကျင်းကို ဆက်လက် စစ်ဆေးနေလိုက်၏။

မီးအဆိပ် ပျောက်ကွယ်သွားသောအခါ အကြီးအကဲမှာ ကြောက်လန့်တုန်လှုပ်နေပြီး မျက်နှာ ဖြူလျော်ကာ အသံပင် မထွက်ရဲတော့ပေ။

"ဒီကောင်လေးက သာမန် မဟုတ်ဘူး။ ဆေးပညာရှင်တွေရဲ့ မီးအဆိပ်ကိုတောင် ထိန်းချုပ်နိုင်တယ်။ အဲဒီမီးတောက်ရဲ့ အရှိန်အဝါက..."

အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ အကြီးအကဲတစ်ဦးက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။

အမှောင်ထဲတွင် ပုန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ် လူငယ်လည်း အလွန် အံ့အားသင့်သွားသည်။

‘စောစောက မီးတောက်က နဂါးမျိုးနွယ်ရဲ့ မီးပဲ။ မဟုတ်ဘူး... နဂါးမျိုးနွယ်ရဲ့ မီးက မီးအဆိပ်ကို မထိန်းချုပ်နိုင်ဘူး။ ဒီအပြာရောင် မီးတောက်က နဂါးမျိုးနွယ်ရဲ့ မီးထက် ပိုအစွမ်းထက်တယ်။ သူက နဂါးမျိုးနွယ်ပဲ။ ငါ ထင်မထားခဲ့မိဘူး’

လျှို့ဝှက်ဆန်းကြယ် လူငယ်သည် သိသိသာသာ တုန်လှုပ်သွားသည်။

"ငါ ထင်မထားခဲ့မိဘူး... ဒါပေမယ့် နဂါးမျိုးနွယ်က လူတစ်ယောက် ဘာလို့ တိုက်ကြီးပေါ် ရောက်နေတာလဲ။ သူက နတ်ဘုရား လက်နက်ကို လာရှာတာများလား။ နတ်ဘုရား လက်နက်အကြောင်း သိတဲ့လူ သိပ်မရှိဘူး။ အင်ပါယာ အစွန်းရောက် ဂိုဏ်းက အရူးတွေဆို ပိုတောင် မသိကြသေးဘူး။ သူက ရတနာ သက်သက်အတွက် လာတာ ဖြစ်မယ်"

လျှို့ဝှက်ဆန်းကြယ် လူငယ်သည် ဖုန်းဝူချန်ကို တိတ်တဆိတ် စောင့်ကြည့်နေပြီး သူ့မျက်နှာထားမှာ လေးနက်လာရသည်။

ဂူအတွင်းတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ထူးဆန်းသော အငွေ့အသက်များ လွှမ်းခြုံနေ၏။

ဖုန်းဝူချန်က မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ့အသံက ထက်ရှ၍ လေးနက်နေ၏။

"ရှေးဦး အခင်းအကျင်း ဆိုတာ တကယ်ပဲ အရာအားလုံး ပါဝင်နေတာပဲ။ ဒီလို ကာကွယ်ရေး အခင်းအကျင်းတောင်မှ ကြောက်စရာ ကောင်းနေတယ်"

ထိုအခါ၊

"ဆရာ... ဒါ ဘယ်လို

အခင်းအကျင်းမျိုးလဲ"

ဟု ကျန်းကျွင့်လန်က မေးလိုက်၏။

"ဆရာတဲ့လား"

ကျန်းကျွင့်လန်၏ ခေါ်ဝေါ်မှုကြောင့် ကျိုးရွှမ်ထုန်းနှင့် အခြားသူများ အလွန် အံ့အားသင့်သွားကြသည်။

"ကာကွယ်ရေး အခင်းအကျင်း အသေးစား (၁၀၀) ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အစွမ်းထက် ကာကွယ်ရေး အခင်းအကျင်းကြီး တစ်ခုပဲ။ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် ပညာရှင်တောင် ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး"

ဖုန်းဝူချန်က ရှင်းပြလိုက်၏။

"နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်တောင် မဖျက်ဆီးနိုင်ဘူး ဟုတ်လား"

အားလုံး ထိတ်လန့်သွားကြသည်။

"ကံကောင်းတာက ဒါ ချိပ်ပိတ် အခင်းအကျင်း မဟုတ်တာပဲ။ အကယ်၍ ချိပ်ပိတ် အခင်းအကျင်းသာ ဖြစ်ခဲ့ရင်... အခင်းအကျင်း ပွင့်သွားတာနဲ့ ကျွန်တော်တို့ အားလုံး ဒီထဲမှာ ပိတ်မိသွားမှာ"

ဖုန်းဝူချန်က ပြောလိုက်၏။

ဒါက အကောင်းဆုံး သတင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ထိုအခါ၊ အကြီးအကဲ တစ်ယောက်က

"ဒီလောက် အစွမ်းထက်တဲ့ အခင်းအကျင်းကို မင်း ဖျက်ဆီးနိုင်မလား"ဟု မေးလိုက်၏။

ခဏနားပြီးနောက် ဖုန်းဝူချန်က ဆက်ပြောသည်။

"အခင်းအကျင်း ဘယ်လောက်ပဲ အစွမ်းထက်ထက်... သူ့ရဲ့ ဗဟိုချက်ကို ရှာတွေ့ရင် ဖျက်ဆီးလို့ ရတယ်။ ဒါပေမယ့် အစွမ်းထက်တဲ့ အခင်းအကျင်းရဲ့ ဗဟိုချက်က အရမ်း လျှို့ဝှက်ပြီး ရှာရခက်တယ်။ ပြီးတော့ ဖျက်ဆီးဖို့အတွက် စွမ်းအား အများကြီး လိုအပ်တယ်"

"ခန်းမသခင်... အခင်းအကျင်းရဲ့ ဗဟိုချက်ကို ရှာတွေ့ပြီလား"

နျဲ့ကျုံးက စိတ်အားထက်သန်စွာ မေးလိုက်၏။

ဖုန်းဝူချန်က နျဲ့ကျုံးကို မဖြေဘဲ ကျိုးရွှမ်ထုန်းတို့ဘက် လှည့်ကာ ပြောလိုက်၏။

"အခင်းအကျင်း ဗဟိုချက်ကို ဖျက်ဆီးဖို့ စွမ်းအားက ခင်ဗျားတို့ဆီက လာရမယ်။ အခင်းအကျင်းကို ဖျက်ဆီးနိုင်ခြင်း ရှိမရှိက ခင်ဗျားတို့ စွမ်းအားအပေါ် မူတည်တယ်"

"ကျိုးရွှမ်ထုန်း၊ အကြီးအကဲ (၃) ယောက်... ခင်ဗျားတို့က ဓာတ်ကြီးငါးပါး နေရာတွေမှာ အဆင်သင့် ပြင်ထားကြ။ ကျန်တဲ့လူတွေက ခင်ဗျားတို့ (၄) ယောက်ဆီ စွမ်းအားတွေ လွှဲပြောင်းပေးရမယ်။ ကျွန်တော် ဗဟိုချက်ကို ရှာတွေ့တာနဲ့ ခင်ဗျားတို့ စွမ်းအားနဲ့ ဖျက်ဆီးပစ်ရမယ်။ ကြိုပြောထားမယ်နော်... ကာကွယ်ရေး အခင်းအကျင်းရဲ့ စွမ်းအားက အရမ်း ပြင်းတယ်။ တကယ်လို့ ဗဟိုချက်ကို မဖျက်ဆီးနိုင်ရင်... ကျွန်တော်တို့ အားလုံး အခင်းအကျင်းရဲ့ စွမ်းအားအောက်မှာ ပျက်စီးသွားမှာပဲ"

ဖုန်းဝူချန်က သတိပေးလိုက်၏။

"အခင်းအကျင်းကို ဖျက်ဆီးနိုင်မယ်ဆိုရင်... ငါတို့ အစွမ်းကုန် ကြိုးစားမှာပေါ့"

ကျိုးရွှမ်ထုန်းက အာမခံလိုက်၏။

ဖုန်းဝူချန်သည် ဂူအလယ်တွင် ရပ်နေပြီး ကျိုးရွှမ်ထုန်းနှင့် အခြားသူများက သူ့ပတ်လည်တွင် နေရာယူလိုက်ကြသည်။

"ဆန်းကြယ် တာအို ကျင့်စဉ်"

ဖုန်းဝူချန်သည် အစစ်အမှန်ယွမ်များကို ထုတ်ဖော်လိုက်ပြီး လက်သင်္ကေတများကို လျှပ်ပြက်သလို လျင်မြန်စွာ ရေးဆွဲသည်။ တစ်ဆက်တည်း၌၊ လက်ဝါး နှစ်ဖက်ကို ပူးကပ်ကာ ကျယ်လောင်စွာ မာန်သွင်းလိုက်၏။

"ဝီ... ဝီ"

အော်သံအဆုံးတွင် အပြာရောင် အလင်းတန်းများ တောက်ပနေသော အခင်းအကျင်း ပုံစံတစ်ခု ဂူကြမ်းပြင်ပေါ်တွင် ဖြစ်တည်လာပြီး ကြောက်မက်ဖွယ် ရှေးဟောင်း အရှိန်အဝါများ ရစ်ဝဲလာသည်။

"ဒါ ရှေးဟောင်း အခင်းအကျင်းလား"

အကြီးအကဲတစ်ယောက်က ကြောက်ရွံ့စွာ အော်ဟစ်လိုက်၏။

"အခင်းအကျင်းရဲ့ စွမ်းအားက အရမ်း ကြောက်စရာ ကောင်းတာပဲ။ ရှေးဦး ကာကွယ်ရေး အခင်းအကျင်းက တကယ်ပဲ အစွမ်းထက်တာပဲ"

ကျိုးရွှမ်ထုန်းလည်း အံ့သြတကြီး ဖြစ်နေ၏။ သူ့ကျင့်ကြံခြင်းအဆင့်နှင့်ပင် ဤအခင်းအကျင်း၏ စွမ်းအားကို မှန်းဆ၍ မရနိုင်ပေ။

"ကြောက်စရာကောင်းလိုက်တဲ့ ကာကွယ်ရေး အခင်းအကျင်း"

ကျန်းကျွင့်လန်နှင့် အခြားသူများလည်း အံ့သြထိတ်လန့်နေကြသည်။

လျှို့ဝှက်ဆန်းကြယ် လူငယ်က နှုတ်ခမ်းများ လှုပ်ရွကာ ရေရွတ်လိုက်၏။

"ဒီလောက် ကြောက်စရာ ကောင်းတဲ့ ရှေးဦး အခင်းအကျင်းကို ဒီကောင်လေးက တကယ် ဖျက်ဆီးနိုင်မလား။ ဗဟိုချက်ကို ရှာတွေ့ရင်တောင်မှ... သူတို့ စွမ်းအားနဲ့ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး"

အခင်းအကျင်း အတွင်းတွင် ဖုန်းဝူချန်၏ လက်များသည် ဆန်းကြယ်သော ပုံစံများအဖြစ် ပြောင်းလဲသွားပြီး လှုပ်ရှားမှုများက ပုံရိပ်ယောင်များအဖြစ် ကျန်ရစ်ခဲ့သည်။

ဖုန်းဝူချန်၏ စိတ်ထဲတွင် ကြယ်များသဖွယ် တောက်ပနေသော အခင်းအကျင်း ပုံစံများ အသက်ဝင်လာသည်။ မျဉ်းကြောင်းများစွာဖြင့် ယှက်နွယ်နေပြီး အရာအားလုံး ပါဝင်နေသည့် ပုံစံမှာ အလွန် ခမ်းနားထည်ဝါလှသည်။

ဖုန်းဝူချန်သည် ဤရှုပ်ထွေးသော အခင်းအကျင်း ပုံစံများကြားမှ ဗဟိုချက်ကို ရှာဖွေရမည် ဖြစ်၏။ ၎င်းသည် အလွန် ခက်ခဲသော အလုပ်ဖြစ်၏။

အားလုံးက ဖုန်းဝူချန်ကို အသက်အောင့်ကာ စောင့်ကြည့်နေကြသည်။

"ဗဟိုချက်... တွေ့ပြီ"

အချိန်အတော်ကြာပြီးနောက် ဖုန်းဝူချန်က ရုတ်တရက် မျက်လုံးဖွင့်ပြီး အော်ဟစ်လိုက်၏။ သူ့မျက်နှာပေါ်တွင် ဝမ်းသာသော အမူအရာ ပေါ်လာသည်။

'သဘောပေါက်ပြီ... ဒါကြောင့် ငါ ရှာမတွေ့ခဲ့တာကိုး။ ဒီ ပုံရိပ်ယောင် အခင်းအကျင်းက အခင်းအကျင်းရဲ့ ဗဟိုချက် ဖြစ်နေတာပဲ။ ပုံရိပ်ယောင် အခင်းအကျင်းကို ဗဟိုချက်အဖြစ် သုံးထားတာ... ရိုးရှင်းမနေဘူး။ ကံကောင်းလို့ ငါ ပုံရိပ်ယောင် အခင်းအကျင်းရဲ့ လှည့်စားမှုကို မခံလိုက်ရတာ... မဟုတ်ရင် တကယ် ရှာတွေ့မှာ မဟုတ်ဘူး'

ဖုန်းဝူချန်က ရှေ့ဆောင်များ၏ အခင်းအကျင်း ပညာရပ် ကျွမ်းကျင်မှုကို စိတ်ထဲတွင် လေးစားမိသွားသည်။

"မြန်မြန်... စွမ်းအားတွေ ပေးကြပါ"

ဖုန်းဝူချန်က ယုံကြည်မှုအပြည့်ဖြင့် အော်ဟစ်လိုက်၏။

အခန်း (၅၇၈) - အခင်းအကျင်း ဖြိုခွင်းခြင်း (၂)

~"ဆန်းကြယ် တာအို ကျင့်စဉ်... ဝိညာဉ်မျက်လုံး ပွင့်စေ"

ဖုန်းဝူချန်၏ လက်များသည် နောက်တစ်ကြိမ် လှုပ်ရှားသွားပြီး ကျင့်စဉ်တစ်ခုကို အသုံးပြုကာ စိတ်ထဲရှိ အခင်းအကျင်း၏ ဗဟိုချက်ကို ပစ်မှတ်ထားလိုက်၏။

ရှေးဦး အခင်းအကျင်းသည် အရာအားလုံး ပါဝင်နေပြီး အမြဲ ပြောင်းလဲနေ၏။ ဖုန်းဝူချန်သည် အဓိက အချက်အချာကျသော ဗဟိုချက်ကို သေချာ ပစ်မှတ်ထားရမည်။ သို့မဟုတ်ပါက တစ်ကြိမ် လွဲချော်သွားသည်နှင့် ပြန်ရှာရန် အလွန် ခက်ခဲသွားလိမ့်မည်။

"ဝီ... ဝီ"

တစ်ချိန်တည်းမှာပင် ကျိုးရွှမ်ထုန်းနှင့် အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ ထိပ်သီးများသည် သူတို့၏ စွမ်းအားများကို အပြင်းအထန် ထုတ်ဖော်လိုက်ကြသည်။ ကြောက်မက်ဖွယ် စွမ်းအားများ ဂူတစ်ခုလုံး လွှမ်းခြုံသွားပြီး ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်လာသည်။

ကျိုးရွှမ်ထုန်းနှင့် အကြီးအကဲ (၃) ယောက်သည် တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး ဖုန်းဝူချန်ထံသို့ လက်ဝါးများဖြင့် စွမ်းအားများ ပေးပို့လိုက်ကြသည်။ အရောင်လေးမျိုး ကွဲပြားသော စွမ်းအားတန်းများသည် အရပ်လေးမျက်နှာမှ နေ၍ ဖုန်းဝူချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။

"ပျက်စီးစမ်း"

ကျိုးရွှမ်ထုန်းနှင့် အခြားသူများ၏ စွမ်းအားများကို ရရှိသည်နှင့် ဖုန်းဝူချန်သည် အခင်းအကျင်း၏ ဗဟိုချက်ကို ပစ်မှတ်ထားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ လက်ဝါးဖြင့် အပြာရောင် အခင်းအကျင်းကို ရိုက်ချလိုက်၏။

"ဝုန်း"

"ဝီ... ဝီ"

ကြောက်မက်ဖွယ် စွမ်းအင်များသည် အခင်းအကျင်းထဲသို့ ဝင်ရောက်သွားပြီး ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် ပုံရိပ်ယောင် အခင်းအကျင်းကို ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။ စူးရှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အခင်းအကျင်းကြီး တုန်ခါသွားကာ အတွင်းမှ ရက်စက်ကြမ်းကြုတ်သော ရှေးဦး စွမ်းအားများ ထွက်ပေါ်လာသည်။

"အခင်းအကျင်းရဲ့ စွမ်းအားတွေ ထွက်လာပြီ။ ကောင်လေး... မင်း တကယ်ပဲ ဖျက်ဆီးနိုင်ရဲ့လား"

အခင်းအကျင်း၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်သောအခါ ကျိုးရွှမ်ထုန်းက ထိတ်လန့်စွာ မေးလိုက်၏။

"ဒီစွမ်းအားတွေ ပေါက်ကွဲထွက်လာရင် ငါတို့ သေချာပေါက် သေမှာပဲ။ အစအနတောင် ကျန်မှာ မဟုတ်ဘူး"

အကြီးအကဲက ကြောက်လန့်တကြား အော်ဟစ်လိုက်၏။ သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး ဝိညာဉ်ထဲမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်တော့ပေ။

အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ ထိပ်သီးများအားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။ ယခုအချိန်တွင် သူတို့၏ အသက်သည် ဖုန်းဝူချန်၏ လက်ထဲတွင် ရှိနေ၏။

"အစ်ကိုကြီးဖုန်း"

လင်ရှောင်ရှောင်၏ မျက်နှာတွင် စိုးရိမ်မှုများ ပေါ်လာပြီး လက်ဖဝါးများ ချွေးစေးပျံနေ၏။

"ဆရာ"

ကျန်းကျွင့်လန်၏ မျက်နှာတွင်လည်း ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ ပြည့်နှက်နေ၏။

"ခန်းမသခင်... တောင့်ထားပါဦး"

ချီဟွမ်နှင့် အခြားသူများ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြပြီး ဖုန်းဝူချန်ကို တင်းမာစွာ ကြည့်နေကြသည်။

ဤမျှ ကြောက်မက်ဖွယ် အခင်းအကျင်း စွမ်းအားများ ပေါက်ကွဲထွက်လာလျှင် ဖြစ်လာမည့် အကျိုးဆက်ကို တွေးပင် မတွေးရဲကြပေ။

"ဒီကောင်လေးက သတ္တိကောင်းလှချည်လား။ ကျရှုံးမှာ မကြောက်ဘူးလား။ သူ့အသက်ကို တကယ် စွန့်ပစ်နေတာလား"

အမှောင်ထဲတွင် ပုန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ် လူငယ်သည်လည်း ဖုန်းဝူချန်၏ လုပ်ရပ်ကြောင့် ချွေးစေးပျံနေ၏။

ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် အလွန် မြင့်မားနက်ရှိုင်းသော်လည်း... သူပင် ကြောက်ရွံ့နေသည်ဆိုလျှင် အခင်းအကျင်း၏ စွမ်းအားက မည်မျှ ကြောက်စရာကောင်းကြောင်း သိသာလှသည်။

ဂူတစ်ခုလုံး တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး လူတိုင်း ကျောချမ်းနေကြသည်။

အခင်းအကျင်းကို ဖျက်ဆီးခြင်းသည် ဖုန်းဝူချန်အတွက် ဒေါသထွက်နေသော ခြင်္သေ့၏ နှုတ်ခမ်းမွှေးကို ဆွဲနှုတ်နေသကဲ့သို့ အန္တရာယ်များလှသည်။

"အားလုံး ပါးစပ်ပိတ်ထားကြပါ"

ဖုန်းဝူချန်က ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သဖြင့် ကျိုးရွှမ်ထုန်းနှင့် အခြားသူများ လန့်ဖျပ်ပြီး ငြိမ်ကျသွားကြသည်။

"စွမ်းအား... စွမ်းအား ထပ်လိုတယ်။ မလုံလောက်သေးဘူး... မလုံလောက်သေးဘူး"

ဖုန်းဝူချန်က အော်ဟစ်လိုက်၏။

"အားကုန် ထုတ်သုံးကြ"

ကျိုးရွှမ်ထုန်း အမိန့်ပေးလိုက်ပြီး တပြိုင်နက်၊ အားလုံးက သူတို့၏ စွမ်းအားများကို အကုန်အစင် ထုတ်ဖော်လိုက်ကြသည်။

သေရေးရှင်ရေး အခြေအနေတွင် ဖုန်းဝူချန်ကို ယုံကြည်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။ မည်သူမျှ အင်အား ချန်မထားရဲကြတော့။

"ဝီ... ဝီ"

စွမ်းအားများ ပိုမို ကြီးမားလာပြီး အခင်းအကျင်း၏ ဗဟိုချက်ကို ပြင်းထန်စွာ ရိုက်ခတ်နေ၏။ ဂူ၏ တုန်ခါမှုသည်လည်း ပိုမို ပြင်းထန်လာသည်။ အကယ်၍ ကြောက်မက်ဖွယ် အခင်းအကျင်းကသာ ထောက်မထားပါက ဂူကြီး ပြိုကျသွားပြီ ဖြစ်၏။

သို့သော် ဖုန်းဝူချန်နှင့် အခြားသူများ မသိသည်မှာ... မြေပြင်အထက် ရှေးဟောင်း မြို့ပျက်ကြီး၏ ပတ်ဝန်းကျင် ပေပေါင်း သောင်းချီသော သဲကန္တာရကြီးသည် မျက်စိရှေ့မှောက်တွင်ပင် ပြိုကျ နစ်မြုပ်နေခြင်း ဖြစ်၏။ ကြောက်မက်ဖွယ် ကောင်းလှသော မြင်ကွင်းကြီးပင်။

"နောက်တစ်ခါ... မလောက်သေးဘူး။ အခင်းအကျင်းရဲ့ စွမ်းအားတွေက ဗဟိုချက်မှာ စုစည်းလာပြီ။ မြန်မြန်လုပ်ကြ... မဟုတ်ရင် ငါတို့ အကုန်သေကုန်လိမ့်မယ်"

ဖုန်းဝူချန်က ထပ်မံ အော်ဟစ်လိုက်၏။

"ဘာ"

ဖုန်းဝူချန်၏ စကားကို ကြားသောအခါ ကျိုးရွှမ်ထုန်းနှင့် အခြားသူများ၏ မျက်နှာ ထပ်မံ ပျက်သွားပြီး နှလုံးခုန် ရပ်မတတ် ဖြစ်သွားကြသည်။

"မှော်ရတနာတွေကို ထုတ်သုံးကြ"

ကျိုးရွှမ်ထုန်းက အလျင်အမြန် အော်ဟစ်လိုက်၏။

"ကျွန်တော်တို့လည်း ကူညီမယ်"

ကျန်းကျွင့်လန်က အော်ဟစ်လိုက်ပြီး အားလုံးက စွမ်းအားများကို ထုတ်ဖော်ကာ နေရာယူလိုက်ကြသည်။ ဖုန်းဝူချန်အား အခင်းအကျင်း ဖျက်ဆီးရန်အတွက် စွမ်းအားများ ပံ့ပိုးပေးလိုက်ကြသည်။

ကြီးမားသော စွမ်းအားလှိုင်းများသည် ဖုန်းဝူချန်မှတစ်ဆင့် အခင်းအကျင်းထဲသို့ ဝင်ရောက်သွားပြီး ဗဟိုချက်ကို တိုက်ခိုက်လိုက်ကြ၏။

အခင်းအကျင်းမှ တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး ဖုန်းဝူချန်နှင့် အခြားသူများကို လွှမ်းခြုံသွားရာ မည်သူ့ကိုမျှ မမြင်ရတော့ပေ။

"ဝီ... ဝီ"

ပြင်းထန်သော တုန်ခါမှုကြောင့် ပေပေါင်း သောင်းချီသော သဲကန္တာရကြီးသည် လုံးဝ ပြိုကျသွားပြီး အောက်ခြေမရှိသော ချောက်နက်ကြီး ဖြစ်သွားသည်။

သဲကန္တာရ အစွန်းပိုင်းတွင် ကျင့်ကြံနေသူများသည် မြေကြီးတုန်ခါမှုကို ခံစားလိုက်ရပြီး သဲများ အရူးအမူး ခုန်ပေါက်နေသည်ကို တွေ့လိုက်ရသည်။

"ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအင်..."

"ဒါ သဲကန္တာရ အတွင်းပိုင်းက စွမ်းအင်ပဲ။ ဘာတွေ ဖြစ်ကုန်တာလဲ"

"အတွင်းပိုင်းမှာ အစွမ်းထက် ပုဂ္ဂိုလ်တွေ တိုက်ခိုက်နေကြတာများလား"

အစွန်းပိုင်းတွင် ကျင့်ကြံနေသူများ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာပြီး သဲကန္တာရထဲမှ အလျင်အမြန် ထွက်ခွာသွားကြသည်။

ဂူအတွင်းတွင် အားလုံးသည် စွမ်းအားကုန်နေကြပြီ ဖြစ်၏။ အစွမ်းထက် မှော်ရတနာများကိုလည်း ထုတ်သုံးထားပြီး စွမ်းအားများကို ဖုန်းဝူချန်ထံ ပေးပို့ထားကြသည်။

"မလောက်သေးဘူး... ပိုပြီး ကြီးမားတဲ့ စွမ်းအား လိုနေသေးတယ်"

ဖုန်းဝူချန်က ဟိန်းဟောက်လိုက်၏။

"ငါတို့ဂိုဏ်းက စွမ်းအားတွေ ကုန်သလောက် ရှိနေပြီ။ မင်း ဖျက်ဆီးနိုင်မှာလား၊ မဖျက်ဆီးနိုင်ဘူးလားဟ"

ကျိုးရွှမ်ထုန်းက စိုးရိမ်တကြီး အော်ဟစ်လိုက်၏။

"ဒီအဖိုးကြီး မခံနိုင်တော့ဘူး"

အကြီးအကဲ တစ်ယောက်က အံကြိတ်ရင်း ပြောလိုက်၏။

"ကောင်လေး... ဘယ်လောက် လိုသေးတာလဲ"

ပထမ အကြီးအကဲက မေးလိုက်၏။ သူ့မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေ၏။

"အခင်းအကျင်းရဲ့ စွမ်းအားတွေက ဗဟိုချက်မှာ စုစည်းနေပြီ။ ဗဟိုချက်ကို အစွမ်းထက် စွမ်းအားတစ်ခုက ကာကွယ်ထားလို့ ဖျက်ဆီးရ ခက်နေတယ်။ ကျွန်တော်တို့စွမ်းအား မလုံလောက်သေးဘူး။ တကယ်လို့ အခင်းအကျင်းကို မဖျက်ဆီးနိုင်ရင် အကုန်သေလိမ့်မယ်။ ဒီစွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်တောင် ခံနိုင်မှာ မဟုတ်ဘူး"

"ဘာ"

ဖုန်းဝူချန်၏ စကားကြောင့် အားလုံး၏ မျက်နှာ ပျက်သွားကြသည်။

ဖုန်းဝူချန်၏ စကားက သူတို့၏ ကြိုးစားမှုများ အရာမထင်တော့ကြောင်း ပြောပြနေသကဲ့သို့ပင်။

အားကုန် ထုတ်သုံးခဲ့သော်လည်း မျှော်လင့်ချက်မဲ့လေပြီ။

"ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာကိုး။ တခါတလေကျရင် ယုံကြည်မှုလွန်ကဲတာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ တူတူပဲ"

အမှောင်ထဲတွင် ပုန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ် လူငယ်က ခေါင်းခါလိုက်၏။

အင်ပါယာ အစွန်းရောက် ဂိုဏ်းထဲတွင် ပုန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်ကလည်း မျက်မှောင်ကြုတ်ကာ တွေးလိုက်၏။

'ရှေးဦး အခင်းအကျင်းက တကယ်ပဲ ဒီလောက် ကြောက်စရာကောင်းတာလား။ လူအများကြီးရဲ့ စွမ်းအားနဲ့တောင် ဗဟိုချက်ကို မဖျက်ဆီးနိုင်ဘူးတဲ့လား'

"မြန်မြန်... ဗဟိုချက်ရဲ့ စွမ်းအားက ပိုပိုပြီး ကြီးမားလာပြီ။ မမြန်ရင် ငါတို့ လုပ်ခဲ့သမျှ သဲထဲရေသွန် ဖြစ်ကုန်တော့မယ်"

ဖုန်းဝူချန်က လက်လျှော့ချင်စိတ်ဖြင့် အော်ဟစ်လိုက်၏။

"ဘယ်လိုလုပ်ကြမလဲ... ငါတို့စွမ်းအားတွေ ကုန်ခါနီးပြီ။ ပိုပြီး ကြီးမားတဲ့ စွမ်းအား ဘယ်က ရနိုင်မှာလဲ"

အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ ထိပ်သီးတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"သွေးအဆီအနှစ်... သွေးအဆီအနှစ် စွမ်းအားကို သုံး"

ဖုန်းဝူချန်က အော်ဟစ်လိုက်၏။ သူ့အသံတွင် စိုးရိမ်မှုများ ပါဝင်နေသော်လည်း စိတ်ထဲတွင်မူ...

'ဒီကောင်က တကယ်ပဲ စိတ်ဓာတ်ကြံ့ခိုင်တာလား။ ခုထိ မလှုပ်ရှားသေးဘူး။ အခင်းအကျင်းရဲ့ စွမ်းအားကို ခံနိုင်မယ်လို့ သူ တကယ် ထင်နေတာလား'

"မြန်မြန်... သွေးအဆီအနှစ် စွမ်းအားကို ထုတ်ကြ"

ကျိုးရွှမ်ထုန်း မလိုလားသော်လည်း ရွေးချယ်စရာ မရှိတော့သဖြင့် အမိန့်ပေးလိုက်ရသည်။

အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ ထိပ်သီးများသည် နှမြောတသစွာဖြင့် သွေးအဆီအနှစ် စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။

"ဝီ... ဝီ"

သွေးအဆီအနှစ် စွမ်းအားများ ပေါင်းစပ်လိုက်သောအခါ ကြီးမားသော စွမ်းအားလှိုင်း တစ်ခု အခင်းအကျင်းထဲသို့ စီးဝင်သွားသည်။ ဖုန်းဝူချန်သည် ထိုစွမ်းအားများကို ထိန်းချုပ်ပြီး ဗဟိုချက်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ပြန်သည်။

"နောက်ထပ်.. "

ဖုန်းဝူချန်က အော်ဟစ်လိုက်၏။

သို့သော် ယခုအချိန်တွင် အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်အချို့ လဲကျကုန်ကြ၏။ သူတို့ မခံနိုင်တော့ပေ။

"လမ်းမရှိတော့ဘူးပဲ"

သူတို့ထဲတွင် ပုန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်က တိုးတိုးလေး ရေရွတ်လိုက်၏။

အကယ်၍ အခင်းအကျင်းကို မဖျက်ဆီးနိုင်ပါက သူတို့အားလုံး သေဆုံးသွားမည်မှာ သေချာသည်။

'ဒီကောင်စုတ်က တကယ် မလှုပ်ရှားတော့ဘူးလား။ ဒီမှာ အသေခံတော့မလို့လား'

ဖုန်းဝူချန်က စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။ သူ အသည်းအသန် ကြိုးစားနေခြင်းမှာ ထိုလူကို ဆွဲထုတ်ချင်၍ပင်။

အခန်း (၅၇၉) - ဘီလူးမျိုးနွယ်

~အင်ပါယာ အစွန်းရောက် ဂိုဏ်း၏ ထိပ်သီးများ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်သဖြင့် ကျန်းကျွင့်လန်နှင့် အခြားသူများ ထိတ်လန့်သွားကြသည်။

"ပြီးပြီ... ငါတို့စွမ်းအားတွေ အကုန်သုံးပြီးပြီ။ ဒါတောင် အခင်းအကျင်းကို မဖျက်ဆီးနိုင်ဘူး။ ဒီအခင်းအကျင်းက ဘယ်လောက်တောင် ကြောက်စရာကောင်းတာလဲ"

"ဂိုဏ်းချုပ်... ကျွန်တော် မခံနိုင်တော့ဘူး..."

"ကျွန်တော်ရောပဲ..."

တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်ကို ကြည့်ရင်း ကျိုးရွှမ်ထုန်း၏ မျက်နှာမှာ ကြည့်မကောင်းအောင် ဖြစ်နေ၏။ အလွန် ထိတ်လန့်နေပြီး ရတနာအပေါ် လောဘကြီးခဲ့မိသည့်အတွက် နောင်တရနေမိသည်။

"ငါတို့ တကယ် ဒီမှာ သေရတော့မှာလား။ ငါ ကောင်းကင်ဘုံလူသား အဆင့်ကိုတောင် မရောက်ရသေးဘူး"

ဟွမ်ယန်၏ မျက်နှာမှာ သရဲမြင်သော လူတစ်ယောက်အလား ဖြူလျော်နေ၏။

"ခန်းမသခင်ကော... သူလည်း မဖျက်ဆီးနိုင်တော့ဘူးလား"

တောက်ဟွမ်နှင့် အခြားသူများလည်း အလွန် စိုးရိမ်နေကြသည်။

"ခဏလေး... ကျွန်တော် ဦးလေးကို အခုချက်ချင်း ဆင့်ခေါ်လိုက်မယ်"

ကျန်းကျွင့်လန်က အလျင်အမြန် ပြောလိုက်၏။

"မလုပ်နဲ့... အချိန်မရှိတော့ဘူး"

ဖုန်းဝူချန်က အော်ဟစ်လိုက်၏။

"အားလုံး စိတ်မပူကြနဲ့... ကျွန်မရဲ့ အကာအကွယ်က တားဆီးနိုင်လောက်ပါတယ်"

လင်ရှောင်ရှောင်က အသံတိတ် စကားပြောနည်းဖြင့် အသိပေးလိုက်၏။

အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ အစွမ်းထက် ပုဂ္ဂိုလ်များ ဆက်တိုက် လဲကျသွားကြပြီး၊ ကျိုးရွှမ်ထုန်း အပါအဝင် (၆) ယောက်သာ ကျန်ရှိတော့သည်။ ထိုအချိန်တွင် မီးတောင်ပေါက်ကွဲသကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကြီးမားသော စွမ်းအားများ ဖုန်းဝူချန်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်လာသည်။

"ဒီစွမ်းအားက..."

ရုတ်တရက် ပေါ်ထွက်လာသော ကြောက်မက်ဖွယ် စွမ်းအားကြောင့် ဂူထဲရှိ လူတိုင်း အံ့သြမှင်သက်သွားကြသည်။

ဤစွမ်းအားက သူတို့အတွက် ကောက်ရိုးတမျှင်တည်း။

'နောက်ဆုံးတော့ သူ လှုပ်ရှားလာပြီပေါ့။ သူပဲ ဖြစ်ရမယ်'

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း တွေးလိုက်၏။ လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်က စွမ်းအားကို ထုတ်သုံးလိုက်သည်နှင့် ဖုန်းဝူချန်က ထိုလူကို ချက်ချင်း အာရုံခံမိလိုက်၏။

ကြောက်မက်ဖွယ် စွမ်းအားသည် မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာပြီး အလွန်အမင်း ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်ကာ ချက်ချင်း ပြန်ပျောက်သွားသည်။

ကျိုးရွှမ်ထုန်းနှင့် အခြားသူများ အသိပြန်မဝင်ခင်မှာပင် စွမ်းအားများ ပျောက်ကွယ်သွားသဖြင့် ဘယ်သူ့လက်ချက်မှန်း မသိလိုက်ကြပေ။

"ပျက်စီးစမ်း"

ကြောက်မက်ဖွယ် စွမ်းအားများကို အခင်းအကျင်းထဲသို့ ပို့လွှတ်လိုက်ပြီး ဖုန်းဝူချန်က ကျယ်လောင်စွာ အော်ဟစ်ကာ လက်ဝါးဖြင့် အားကုန် ရိုက်ချလိုက်၏။

"ဝုန်း... ဝုန်း... ဝုန်း"

"ဝီ... ဝီ"

စွမ်းအားများသည် အခင်းအကျင်း၏ ဗဟိုချက်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ အခင်းအကျင်း၏ အပြာရောင် အလင်းတန်းများ ပိုမို တောက်ပလာပြီး အက်ကြောင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။

"ဂလွပ်"

ဖုန်းဝူချန်သည် အခင်းအကျင်း၏ ဗဟိုချက်ကို တစ်ရှိန်ထိုး တိုက်ခိုက်လိုက်ရာ ဗဟိုချက် ပျက်စီးသွားပြီး အခင်းအကျင်း စွမ်းအင်များ ပြန့်ကျဲသွားသည်။ နောက်ဆုံးတွင် အခင်းအကျင်းကြီး တစ်ခုလုံး ကြေမွသွားတော့သည်။

ကျယ်ပြောသော သဲကန္တာရကြီး ထပ်မံ တုန်ခါသွားပြန်သည်။ ပြိုကျနေသော ဧရိယာသည် ပေပေါင်း သောင်းချီမှသည် ခြောက်သောင်း၊ ခုနစ်သောင်းအထိ ကျယ်ပြန့်လာပြီး သဲကန္တာရ အစွန်းပိုင်းအထိ ရောက်ရှိလုနီးပါး ဖြစ်သွားသည်။

သဲကန္တာရ အပြင်ဘက်သို့ ရောက်ရှိနေသော ကျင့်ကြံသူများသည် ပြိုကျနေသော သဲကန္တာရကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

"ယန်ဟွမ် သဲကန္တာရကြီး... ပြိုကျသွားပြီ..."

"ဒီစွမ်းအားက အရမ်း ကြောက်စရာ ကောင်းတယ်။ ဘာတွေ ဖြစ်ကုန်တာလဲ"

"နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်တွေ တိုက်ခိုက်နေတာများလား။ မဟုတ်ရင် ဒီလောက် ပျက်စီးမှာ မဟုတ်ဘူး"

အိပ်မက်ဆိုး တစ်ခု မက်နေရသလိုပါပင်။

မိနစ်အနည်းငယ် ကြာပြီးနောက် တုန်ခါမှုများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သဲကန္တာရ နက်ရှိုင်းသော နေရာတွင် ရှေးဟောင်း မြို့ပျက်ကြီး လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်၏။

သို့သော် ရှေးဟောင်း မြို့ပျက်အောက်ရှိ ဂူသည် အခင်းအကျင်း ပျက်စီးသွားသည်နှင့် တပြိုင်နက် နေရာလပ် ပြောင်းလဲခြင်း ဖြစ်စဉ်ကို ကြုံတွေ့လိုက်ရတော့သည်။

အခင်းအကျင်း ပျောက်ကွယ်သွားပြီး ဂူထဲတွင် တည်ငြိမ်သွားသော်လည်း... ယခု ရောက်ရှိနေသော နေရာသည် ယခင် ဂူ မဟုတ်တော့ဘဲ အခြား နေရာ တစ်ခု ဖြစ်နေ၏။

အခင်းအကျင်း ပျက်စီးသွားပြီးနောက် ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် ယခင်နှင့် လုံးဝ မတူသော ဂူတစ်ခုသို့ ရောက်ရှိသွားကြသည်။

ဖုန်းဝူချန်နှင့် အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ ထိပ်သီးများသည် ကြောက်မက်ဖွယ် စွမ်းအား၏ သက်ရောက်မှုကို မခံလိုက်ရပေ။

သို့သော် ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် ပတ်ဝန်းကျင် အပြောင်းအလဲကို စိတ်မဝင်စားနိုင်ကြသေးပေ။ သူတို့၏ စိတ်အာရုံသည် စောစောက ကြုံတွေ့လိုက်ရသော ကြောက်မက်ဖွယ် စွမ်းအားအပေါ်တွင်သာ ရှိနေ၏။

ဖုန်းဝူချန်၏ အကြည့်သည် အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ ထိပ်သီး တစ်ဦးအပေါ်တွင် စူးစိုက်နေ၏။ ထိုကြောက်မက်ဖွယ် စွမ်းအားသည် ထိုလူထံမှ လာကြောင်း သူ သေချာသွားပြီ ဖြစ်၏။

"စောစောက စွမ်းအားက ဘာလဲ"

ကျိုးရွှမ်ထုန်းက အံ့သြတကြီး မေးလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ သူ ဘယ်က လာမှန်း မသိပေ။

"အားလုံး သတိထားကြ... တစ်ယောက်ယောက် ပုန်းနေတယ်"

ပထမ အကြီးအကဲက မျက်မှောင်ကြုတ်ကာ သတိပေးလိုက်၏။

"စောစောက စွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်ပဲ။ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် တစ်ယောက် ငါတို့ကြားထဲ ရောက်နေတယ်"

နောက်ထပ် အကြီးအကဲ တစ်ယောက်က ထိတ်လန့်တကြား ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ ထိပ်သီးများအားလုံး မျက်နှာပျက်သွားကြပြီး အလွန် ကြောက်လန့်သွားကြသည်။

"မင်း ဘယ်သူလဲ။ ဘာလို့ အင်ပါယာ အစွန်းရောက် ဂိုဏ်းသားတစ်ယောက်လို ဟန်ဆောင်ထားတာလဲ။ သူတို့ကို လှည့်စားနိုင်ပေမဲ့ ငါ့ကိုတော့ မရဘူး"

ဖုန်းဝူချန်က ကောင်းကင်ဘုံလူသား သတ္တမအလွှာရှိသော လူတစ်ယောက်ကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်၏။

ဖုန်းဝူချန်၏ စကားကြောင့် ကျိုးရွှမ်ထုန်းနှင့် အခြားသူများအားလုံး ထိုလူကို ကြည့်လိုက်ကြသည်။

"ထျန်းယန်.."

ကျိုးရွှမ်ထုန်း မျက်လုံးပြူးသွားသည်။

"မဖြစ်နိုင်တာ... စောစောက စွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်လေ။ ထျန်းယန်က ကောင်းကင်ဘုံလူသား သတ္တမအလွှာပဲ ရှိသေးတာ"

ပထမ အကြီးအကဲက ခေါင်းခါရင်း ပြောလိုက်၏။

အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ ထိပ်သီးများအားလုံး ထျန်းယန်ကို ကြောင်အမ်းအမ်း ကြည့်နေကြသည်။

"ဆရာ... သူမှန်း သေချာလား"

ဟု ကျန်းကျွင့်လန်က မေးလိုက်၏။

"မမှားနိုင်ဘူး။ ငါ မင်းတို့ကို စွမ်းအားတွေ ဆက်တိုက် ပေးခိုင်းတာက အခင်းအကျင်း ဖျက်ဆီးဖို့ သက်သက် မဟုတ်ဘူး... သူ့ကို ဆွဲထုတ်ချင်လို့ပဲ။ အရေးကြီးတဲ့ အချိန်ကျမှ သူ လှုပ်ရှားလာတာ"

ဖုန်းဝူချန်က လေးလေးနက်နက် ပြောလိုက်၏။

"ပါးနပ်တဲ့ ကောင်လေး... မင်းက အခင်းအကျင်း ဖျက်ဆီးတာကို အကြောင်းပြပြီး ငါ့ကို အကျပ်ကိုင်လိုက်တာကိုး။ ငါ့ကိုတောင် အာရုံခံမိတယ်ပေါ့"

ထျန်းယန်က နောက်ဆုံးတွင် စကားပြောလာသည်။ သူ့အသံတွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပါဝင်နေ၏။

ပြောရင်းဆိုရင်း ထျန်းယန်က လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ရုပ်သွင် ပြောင်းလဲသွားသည်။ အရပ်ရှည်ပြီး ကြွက်သားအဖုအထစ်များနှင့် သန်မာသော လူလတ်ပိုင်း အမျိုးသား တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

"သူပဲ"

အမှောင်ထဲတွင် ပုန်းအောင်းနေသော အခြား လျှို့ဝှက်ဆန်းကြယ် လူငယ်က ထိုလူကို မြင်လိုက်သည်နှင့် အံ့သြသွားသည်။

"ဒါ..."

ကျိုးရွှမ်ထုန်းနှင့် အခြားသူများ မျက်နှာ ဖြူလျော်သွားကြသည်။

"ခင်ဗျားပြောတဲ့ ထျန်းယန် ဆိုတဲ့လူက သူ့လက်ချက်နဲ့ သေလောက်ပြီ"

ဖုန်းဝူချန်က ပြောလိုက်၏။

"ဟားဟား၊ ဟုတ်တယ်... ထျန်းယန်ကို ငါ သတ်လိုက်တာ။ ရတနာ ရှာချင်လို့ သူ့ပုံစံ ဖန်တီးထားတာပဲ"

လူလတ်ပိုင်း အမျိုးသားက အေးစက်စွာ ရယ်မောရင်း ဝန်ခံလိုက်၏။

"အခင်းအကျင်းလည်း ပျက်ပြီ... ရတနာလည်း ပေါ်လာပြီဆိုတော့... ဒီအသုံးမကျတဲ့ ကောင်တွေက ငါ့အတွက် အသုံးမဝင်တော့ဘူး"

ထိုလူက ရက်စက်စွာ ပြုံးရင်း ပြောလိုက်၏။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ကျိုးရွှမ်ထုန်းနှင့် အခြား ထိပ်သီးများ၏ ခန္ဓာကိုယ်များ လေပေါ်သို့ မြောက်တက်သွားသည်။

"မင်း... မင်း ဘာလုပ်မလို့လဲ။ ရပ်လိုက်... ရပ်လိုက်"

ကျိုးရွှမ်ထုန်းက ကြောက်လန့်တကြား အော်ဟစ်လိုက်၏။

လူလတ်ပိုင်း အမျိုးသားက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ချက်ချင်းပင် ကျိုးရွှမ်ထုန်းနှင့် အခြားသူများ၏ ခန္ဓာကိုယ်များသည် သွေးမြူမှုန်များအဖြစ် ပေါက်ကွဲသွားကြသည်။

ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ကြောင့် ကျန်းကျွင့်လန်နှင့် အဖွဲ့သားများ ကြောက်လန့်တုန်လှုပ်သွားကြသည်။

"မင်းတို့ကိုတော့ မသတ်ဘူး... အခု ထွက်သွားကြ"

ထိုလူက ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်ကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်၏။

"မသတ်ဘူး ဟုတ်လား။ ဟွန့်... မသတ်ချင်တာလား၊ မသတ်နိုင်တာလား။ ခင်ဗျားရဲ့ နတ်ဘုရားအသွင်ပြောင်းဘုံ တတိယအလွှာ စွမ်းအားလောက်နဲ့ ရှောင်ရှောင်ရဲ့ နတ်ဘုရား အကာအကွယ်ကို မဖျက်ဆီးနိုင်သေးပါဘူး"

ဖုန်းဝူချန်က လှောင်ပြောင်လိုက်၏။ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် ရှေ့တွင် ကြောက်ရွံ့ခြင်း မရှိပေ။

အခင်းအကျင်း ပျက်စီးပြီး ရတနာ ပေါ်လာပြီ ဖြစ်ရာ ဖုန်းဝူချန်အနေဖြင့် လက်လျော့ပြီး ပြန်သွားမည် မဟုတ်ပေ။

ဖုန်းဝူချန်၏ စကားကြောင့် ထိုလူ၏ မျက်နှာ မည်းမှောင်သွားသည်။

"ရှင်က 'ဘီလူးမျိုးနွယ်' ကလား"

လင်ရှောင်ရှောင်က အေးစက်စွာ မေးလိုက်၏။

"ဟီးဟီးဟီး..မင်း ..ငါ့နောက်ကြောင်းကို ရိပ်မိတာ မဆန်းပါဘူး"

ထိုလူက မကောင်းဆိုးဝါးဆန်စွာ ရယ်မောရင်း ပြန်ပြောလိုက်၏။

All Chapters