← Chapters

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း (၅၈၃) - အားနည်းလွန်းတယ်

~နဂါးဟိန်းသံကြီးက လောက တစ်ခုလုံးကို တုန်ခါသွားစေသည်။

ယင်ယန်ကျွင်းသည် ကောင်းကင်ဘုံလူသား နဝမအလွှာသာ ရှိသေးသည်။ ထျန်းကျီဘုံ ပညာရှင်များပင် မခံနိုင်သော နဂါးဟိန်းသံကို သူက ဘယ်လိုလုပ် ခံနိုင်ပါ့မည်လဲ။

"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက် ဟုတ်လား။ ဒီကောင်စုတ်က ဒီလို အပြင်းစား စွမ်းအားကို ပိုင်ဆိုင်ထားတာလား"

ယင်ယန်ကျွင်းသည် လျင်မြန်စွာ သက်သာလာသော်လည်း နားစည်နှင့် ခေါင်းထဲမှ နာကျင်မှုများက ရှိနေဆဲပင်။ ထို့အပြင် ရင်ဘတ်ကို အထိုးခံထားရသဖြင့် နာကျင်မှုက တစ်ကိုယ်လုံး ရိုက်ခတ်နေ၏။

ယင်ယန်ကျွင်း၏ ကျင့်ကြံခြင်းအဆင့် မြင့်မားနေ၍သာ ကံကောင်းသွားသည်။ သို့မဟုတ်ပါက သူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ယင်ယန်ကျွင်း၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေ၏။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဖုန်းဝူချန်ကို မြွေဆိုး တစ်ကောင်အလား စိုက်ကြည့်နေသည်။

ယင်ယန်ကျွင်း၏ ဒဏ်ရာက မပြင်းထန်သော်လည်း မသေးလှပေ။ သူ့အရှိန်အဝါသည် ကောင်းကင်ဘုံလူသား နဝမအလွှာမှ အဋ္ဌမအလွှာ အထွတ်အထိပ်သို့ ကျဆင်းသွားသည်။

"ကောင်လေး... ငါ့ကို သတ်ဖို့ အခွင့်ကောင်းကို မင်း လက်လွှတ်လိုက်ပြီ။ အခု မင်း အလှည့်ရောက်ပြီ"

ယင်ယန်ကျွင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"ရွှစ်"

"ဝုန်း"

ယင်ယန်ကျွင်း အော်ဟစ်လိုက်ချိန်မှာပင် ဖုန်းဝူချန်၏ ပုံရိပ်သည် သရဲ တစ်ကောင်အလား ရုတ်တရက် ပေါ်လာပြီး ယင်ယန်ကျွင်း၏ ဝမ်းဗိုက်ကို ထိုးနှက်လိုက်ရာ ယင်ယန်ကျွင်း ထပ်မံ လွင့်စင်သွားရသည်။

"နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ပဲ"

ယင်ယန်ကျွင်း၏ နှလုံးသား တုန်လှုပ်သွားသည်။

ယင်ယန်မိသားစု၏ မျိုးဆက် တစ်ယောက်အနေဖြင့် ယင်ယန်ကျွင်းသည် နဂါးမျိုးနွယ်၏ နတ်ဘုရား သိုင်းကွက်များကို ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်၏။

"မင်း စကားများလွန်းတယ်"

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။

ဒီလက်သီးချက်က ယင်ယန်ကျွင်း၏ ဒဏ်ရာကို ပိုမို ဆိုးရွားသွားစေသည်။

"လွန်လွန်းတယ်"

ယင်ယန်ကျွင်း အံကြိတ်လိုက်၏။

ယင်ယန်ကျွင်းသည် ဖုန်းဝူချန်က နဂါးမျိုးနွယ် ဖြစ်ကြောင်း မေ့နေပုံရသည်။ နဂါးမျိုးနွယ်၏ အစွမ်းအစကို သူ ကောင်းကောင်း သိထားလျက်နှင့် နေရာရွှေ့ပြောင်းခြင်း သိုင်းကွက်ကို သတိမထားမိခြင်းမှာ ဆန်းကြယ်လှသည်။

"ဝှစ်"

ယင်ယန်ကျွင်း ကိုယ်ကို တည်ငြိမ်အောင် မလုပ်ရသေးခင်မှာပင် ဖုန်းဝူချန်၏ ပုံရိပ်သည် ထပ်မံ ပေါ်ထွက်လာသည်။

ပြင်းထန်သော စွမ်းအားများ ပါဝင်နေသည့် လက်သီးချက်သည် ယင်ယန်ကျွင်းထံသို့ လေပွေမုန်တိုင်း

တစ်ခုအလား ဝင်ရောက်လာသည်။

"ချီးပဲ"

အန္တရာယ်ကို အာရုံခံမိလိုက်သဖြင့် ယင်ယန်ကျွင်း ကျိန်ဆဲလိုက်၏။

"ဝုန်း"

"အွတ်"

ယင်ယန်ကျွင်း သတိထားနေသော်လည်း သူ့တုံ့ပြန်မှုက နှေးကွေးလွန်းသဖြင့် ဖုန်းဝူချန်၏ တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ပေ။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ယင်ယန်ကျွင်း သွေးအန်ကာ အမည်းရောင် အလင်းတန်း အလား လွင့်စင်သွားတော့သည်။

‘ဒီကောင်စုတ်ရဲ့ တိုက်ခိုက်စွမ်းရည်က ဘာလို့ ဒီလောက် မြင့်မားနေတာလဲ’

ယင်ယန်ကျွင်း ဒေါသတကြီး တွေးလိုက်မိသည်။

သူ့ကျင့်ကြံခြင်းအဆင့်က ဖုန်းဝူချန်ထက် မြင့်မားသော်လည်း ဖုန်းဝူချန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက သာမန် နဂါးမျိုးနွယ်များထက် ပိုမို သန်မာကြောင်း သူ မသိခဲ့ပေ။

ယင်ယန်ကျွင်း၏ စွမ်းအားသည် သွမ့်မိုမင်နှင့် ယှဉ်နိုင်သည်။

အကယ်၍ ဖုန်းဝူချန်က သွမ့်မိုမင်ကို ဒဏ်ရာရအောင် လုပ်နိုင်လျှင် ယင်ယန်ကျွင်းကိုလည်း ဒဏ်ရာရအောင် လုပ်နိုင်မည်မှာ သေချာသည်။

ယင်ယန်ကျွင်းနှင့် သွမ့်မိုမင်တို့သည် ဖုန်းဝူချန်ထက် စွမ်းအားကြီးသော်လည်း... နဂါးဟိန်းသံ၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် သူတို့ အားနည်းသွားရခြင်း ဖြစ်၏။

ယင်ယန်ကျွင်း၏ ကောင်းကင်ဘုံလူသား နဝမအလွှာ စွမ်းအားသည် ဖုန်းဝူချန်၏ ပဉ္စမအလွှာ စွမ်းအားအောက်တွင် နိမ့်ကျသွားသည်။

ယင်ယန်ကျွင်းက အသုံးမကျတာ မဟုတ်ပေ။

ဖုန်းဝူချန်က အလွန်အမင်း စွမ်းအားကြီးနေသည်သာ။ ထို့အပြင်၊ နဂါးဟိန်းသံ နတ်ဘုရား သိုင်းကွက်ကလည်း အလွန် အစွမ်းထက်နေလေ၏။

ဒီလက်သီးချက်က ယင်ယန်ကျွင်းကို ဒဏ်ရာအပြင်းအထန် ရသွားစေပါသည်။ သူ့မျက်နှာ ဖြူလျော်သွားရသည်။

"ယင်ယန်မိသားစုရဲ့ အင်အားက ဘာမှ မဟုတ်ပါလား။ ဒီလောက်နဲ့ နတ်ဘုရား လက်နက်ကို လိုချင်နေတာလား။ မင်းက ယင်ယန် ပုံရိပ်ယောင် သိုင်းကွက်နဲ့ ပုန်းအောင်းပြီး စောင့်ကြည့်နေခဲ့တာ... တကယ်တော့ နတ်ဆိုးမျိုးနွယ် ရောက်နေတာကို မင်း.. သိနေတာပဲ။ မဟုတ်ရင် စောစောကတည်းက လှုပ်ရှားပြီးလောက်ပြီ"

ဖုန်းဝူချန်က အေးစက်စွာ ထုတ်ဖော်လိုက်၏။

"ကောင်စုတ်လေး... နဂါးမျိုးနွယ် ဖြစ်တာနဲ့ ယင်ယန်မိသားစုကို စော်ကားရဲတယ်ပေါ့"

ယင်ယန်ကျွင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့မျက်နှာပေါ်မှ သွေးကြောများ ထောင်ထနေ၏။

ယင်ယန်ကျွင်းကို အဓိက ဒေါသထွက်စေတာက ဖုန်းဝူချန်ရဲ့ အထင်သေးသော အကြည့်တွေပင်။

"သေပေတော့..."

ယင်ယန်ကျွင်းက ဒေါသတကြီး ဟိန်းဟောက်ပြီး ဖုန်းဝူချန်ဆီသို့ ပြေးဝင်လာသည်။

"နဂါးမျိုးနွယ် ဟုတ်လား"

ကျန်းကျွင့်လန်နှင့် အခြားသူများ အံ့သြသွားကြသည်။

"သူပြောတာ ရှောင်ရှောင့်ကို မဟုတ်ဘူး... ခန်းမသခင်ကို ပြောနေတာပါ"

လွမ်ရှန်းက တုန်တုန်ယင်ယင်နှင့် ဝင်ရောက် ပြောလိုက်၏။

"ခန်းမသခင်က နဂါးမျိုးနွယ်လား။ ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဟွမ်ယန်တို့တတွေ မယုံကြည်နိုင် ဖြစ်နေကြသည်။

"အစ်ကိုကြီးဖုန်းက နဂါးမျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို ဆက်ခံထားရုံပါပဲ။ နဂါးမျိုးနွယ်ရဲ့ အရှိန်အဝါ ရှိနေလို့ ယင်ယန်ကျွင်းက အထင်မှားသွားတာ"

ဟု လင်ရှောင်ရှောင်က ရှင်းပြလိုက်၏။

"ဪ... အဲဒါကြောင့်ကိုး"

ကျန်းကျွင့်လန်တို့ ခေါင်းညိတ်လိုက်ကြသော်လည်း၊ အံ့သြနေဆဲပါပဲ။

"ဝုန်း... ဝုန်း... ဝုန်း"

"ဝီ... ဝီ"

ဒေါသထွက်နေသော ယင်ယန်ကျွင်းသည် ဖုန်းဝူချန်နှင့် အသေအကြေ တိုက်ခိုက်နေ၏။ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေပြီး လေဟာနယ်ကြီး တုန်ခါနေ၏။

ယင်ယန်ကျွင်း ဒဏ်ရာရနေသော်လည်း သူ့စွမ်းအားက ကြောက်စရာ ကောင်းနေဆဲပင်။

ဒေါသကြောင့် ယင်ယန်ကျွင်းသည် ခံစစ်ကို မေ့လျော့ပြီး တိုက်စစ်သက်သက်သာ ဆင်နွှဲနေ၏။

"မင်းရဲ့ စွမ်းအားတွေ ကျဆင်းနေပြီ။ နတ်ဘုရား လက်နက်ကို ဘယ်လို ယူမှာလဲ ပြောစမ်းပါဦး"

ပြင်းထန်သော တိုက်ပွဲကြားတွင် ဖုန်းဝူချန်က တည်ငြိမ်စွာ မေးလိုက်၏။

"မင်းရဲ့ နဂါးဟိန်းသံသာ မရှိရင် ငါ့ကို ယှဉ်နိုင်မယ် ထင်နေလား"

ယင်ယန်ကျွင်းက မေးရိုးများ တင်းမာနေအောင် အံကြိတ်လိုက်၏။

"ဒါက အားနည်းသူတွေရဲ့ ဆင်ခြေပဲ"

"မင်း"

ယင်ယန်ကျွင်း ဒေါသထွက်လွန်း၍ ရင်ဘတ်ကွဲမတတ် ဖြစ်သွားသည်။

"ဝုန်း... ဝုန်း... ဝုန်း"

ဒေါသထွက်နေသော ယင်ယန်ကျွင်း၏ တိုက်ခိုက်မှုများ ပိုမို ကြမ်းတမ်းလာသည်။ အသိစိတ် လွတ်သွားသကဲ့သို့ ဖြစ်နေပြီး မျက်လုံးများ နီရဲနေ၏။

"ဟာကွက်တွေချည်းပဲ"

ဖုန်းဝူချန်က အထင်သေးစွာ ပြောလိုက်၏။

"ခွပ်"

ဖုန်းဝူချန်၏ လက်သီးက ယင်ယန်ကျွင်း၏ ညာဘက်ပါးကို ထိုးနှက်လိုက်၏။

"နှေးလိုက်တာ"

"ခွပ်"

ယင်ယန်ကျွင်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး ဖုန်းဝူချန်က နောက်တစ်ကြိမ် ထပ်ထိုးလိုက်၏။

"နှေးတယ်... ဒါ ကောင်းကင်ဘုံလူသား နဝမအလွှာရဲ့ အမြန်နှုန်းလား"

"ပါးစပ်ပိတ်ထားစမ်း"

ယင်ယန်ကျွင်းက ဟောက်လိုက်၏။

"ခွပ်... ခွပ်"

ဖုန်းဝူချန်က ဆက်တိုက် ထိုးနှက်ကန်ကျောက်လိုက်၏။

"မင်းရဲ့ လှုပ်ရှားမှုတွေက ထပ်နေပြီ... အားနည်းလွန်းတယ်"

"ဘာ... မင်း.. ငါ့ကို အားနည်းတယ်လို့ ပြောတာလား"

ယင်ယန်ကျွင်း ထပ်မံ ဒေါသထွက်သွားပြန်သည်။

သို့သော် ဖုန်းဝူချန်က အခွင့်အရေးကို လက်လွတ်မခံဘဲ ဆက်တိုက် တိုက်ခိုက်လိုက်၏။

"ခွပ်... ခွပ်... ခွပ်"

ဟာကွက်များ ပြည့်နှက်နေသော ယင်ယန်ကျွင်းကို ဖုန်းဝူချန်က အသက်ရှူချိန်မရအောင် တိုက်ခိုက်နေ၏။

ကျန်းကျွင့်လန်တို့ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ကောင်းကင်ဘုံလူသား နဝမအလွှာ၊ ယင်ယန်မိ မိသားစုဝင် တစ်ယောက်က ဖုန်းဝူချန်ရှေ့မှာ ဒီလောက် အားနည်းနေတာလား။

"အား..."

"ဝီ... ဝီ"

ယင်ယန်ကျွင်းက အရူး တစ်ယောက်လို အော်ဟစ်လိုက်၏။ ထိုအချိန်တွင် သူ့အရှိန်အဝါ ပြောင်းလဲသွားသည်။

မီးတောင်ပေါက်ကွဲသကဲ့သို့ ပြင်းရှသော စွမ်းအားများ ထွက်ပေါ်လာပြီး လေဟာနယ်တွင် အက်ကြောင်းများ ပေါ်လာသည်။

"ယင်ယန် သွေးမျိုးဆက်..."

သွေးဆာပြီး ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကို ခံစားမိလိုက်သောအခါ ဖုန်းဝူချန်၏ မျက်နှာ တည်သွားတော့သည်။

အခန်း (၅၈၄) - ပြင်းထန်သော တိုက်ပွဲကြီး

~"ယင်ယန်ကျွင်းရဲ့ အရှိန်အဝါက ပိုမြင့်တက်လာတယ်... အရမ်းမြန်တာပဲ"

"သူ့စွမ်းအားက တိုးနေတုန်းပါလား။ ဒါ ဘယ်လို စွမ်းအားမျိုးလဲ"

"ရှေးဟောင်း အရှိန်အဝါပဲ... ဒါ ရှေးဟောင်း စွမ်းအားတစ်မျိုးပဲ"

ချီဟွမ်နှင့် အခြားသူများ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပေါ်လာပြီး မျက်နှာများ ဖြူလျော်သွားကြသည်။

"ဒါ ယင်ယန်မိသားစုရဲ့ သွေးမျိုးဆက် စွမ်းအားပဲ"

လင်ရှောင်ရှောင်နှင့် ကျန်းကျွင့်လန်တို့၏ မျက်နှာထား လေးနက်သွားသည်။ သူတို့နှစ်ဦးစလုံး ယင်ယန် သွေးမျိုးဆက်အကြောင်း ကောင်းကောင်း သိထားကြသည်။

"လူထူးဆန်းပဲ... ဒဏ်ရာအပြင်းအထန် ရထားတာတောင် သွေးမျိုးဆက် စွမ်းအားကို ထုတ်သုံးလိုက်တာနဲ့ ချက်ချင်း ပြန်ကောင်းသွားတာလား"

ဟော့မင်က ထိတ်လန့်တကြား အော်ဟစ်လိုက်ရင်း သူ့ခန္ဓာကိုယ်က အလိုအလျောက် တုန်ယင်နေ၏။

"ဒီလောက် ဒဏ်ရာနဲ့ ဒီစွမ်းအားကို ခံနိုင်ပါ့မလား။ သူက ကိုယ့်အသက်ကို တန်ဖိုးမထားတာပဲ"

တောက်ဟွမ်လည်း ပါးစပ်အဟောင်းသား ဖြစ်နေ၏။

"ယင်ယန်ကျွင်းက အသိစိတ်လွတ်နေပြီ။ ခံနိုင်မခံနိုင် သူ ဂရုစိုက်တော့မှာ မဟုတ်ဘူး။ ငါတို့ စိုးရိမ်ရမှာက ဆရာ သူ့ကို နိုင်ပါ့မလား ဆိုတာပဲ"

ကျန်းကျွင့်လန် မျက်မှောင်ကြုတ်နေလေ၏။

ယင်ယန်မိသားစုအကြောင်း

ကြားဖူးသော်လည်း ယင်ယန်မိသားစုဝင် တစ်ယောက်နှင့် ထိပ်တိုက်တွေ့ဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။

ကောင်းကင်ယံထက်မှ ဖုန်းဝူချန်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး မျက်နှာထား လေးနက်သွားသည်။

‘ယင်ယန်မိသားစုက ရှေးဦး ကမ္ဘာဦးခေတ်ကတည်းက တည်ရှိခဲ့တာ။ သူတို့အင်အားက နဂါးမျိုးနွယ်လောက် မကြီးမားပေမဲ့ သူတို့ရဲ့ သွေးမျိုးဆက် စွမ်းအားကတော့ နဂါးမျိုးနွယ်နဲ့ ရင်ဘောင်တန်းနိုင်တယ်။ တခြား ရှေးဦး အင်အားစုတွေထက် သာလွန်တယ်

သူ ဦးနှောက်ထဲ၌၊ တွက်ချက်လိုက်မိသည်။

ယင်ယန်ကျွင်းထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင် စွမ်းအင် အလွှာ တစ်ခု ဖြစ်ပေါ်လာသည်။ စွမ်းအားများက အလွန် ကြမ်းတမ်းပြီး အစွမ်းထက်လှသည်။

ဖုန်းဝူချန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ နီညိုရောင် အလင်းတန်းများ ဖြာထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း ယင်ယန်ကျွင်း၏ အကာအကွယ်လွှာရှေ့သို့ ရောက်ရှိသွားကာ ပြင်းထန်စွာ ထိုးနှက်လိုက်၏။

"ဝုန်း"

"ဝီ... ဝီ"

လက်သီးနှင့် ဒိုင်း ထိတိုက်မိချိန်တွင် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ အရိုင်းဆန်စွာ ရိုက်ခတ်သွားသည်။ ထိုစွမ်းအင်များသည် အသားကို လှီးဖြတ်နိုင်သော လေပွေများအဖြစ် ပြောင်းလဲသွားသည်။

"စွမ်းအားက တော်တော် ခိုင်မာတာပဲ"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း တွေးလိုက်၏။

"ကောင်စုတ်လေး... မင်းက ကောင်းကင်ဘုံလူသား ပဉ္စမအလွှာလောက်နဲ့ ငါ့ကို ယှဉ်နိုင်မယ် ထင်နေလား။ ထွက်သွားစမ်း"

ယင်ယန်ကျွင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ပိုမို ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာသည်။

ဖုန်းဝူချန်၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။ အလွန် ကြမ်းတမ်းသော စွမ်းအင်များ ပေါက်ကွဲထွက်လာသည်ကို သူ အာရုံခံမိလိုက်၏။

"ဝုန်း"

"ဝီ... ဝီ"

အကာအကွယ်လွှာမှ အဖြူရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဖျက်ဆီးခြင်း စွမ်းအားများ အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားသည်။ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် နေရာလပ် အက်ကြောင်းများစွာ ဖြစ်ပေါ်လာပြီး လေထုကြီးတစ်ခုလုံး ပြိုကျတော့မတတ် တုန်ခါသွားသည်။

ကံကောင်းသည်မှာ ဖုန်းဝူချန်က လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ခြင်း ဖြစ်၏။ စွမ်းအင်များ ပေါက်ကွဲမထွက်ခင်မှာပင် 'နေရာရွှေ့ပြောင်းခြင်း' သိုင်းကွက်ကို အသုံးပြုပြီး ရှောင်တိမ်းလိုက်၏။

သို့မဟုတ်ပါက ချီလင် ချပ်ဝတ်နှင့် သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှု ရှိသည့်တိုင် ထိုကြောက်မက်ဖွယ် စွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

အကယ်၍ ယင်ယန်ကျွင်းသာ အစကတည်းက သွေးမျိုးဆက် စွမ်းအားကို ထုတ်သုံးခဲ့လျှင် သူ့တိုက်ခိုက်စွမ်းရည်သည် အနည်းဆုံး ကောင်းကင်ဘုံလူသား နဝမအလွှာ အထွတ်အထိပ် သို့မဟုတ် ထျန်းကျီဘုံ တစ်ဝက်အဆင့်အထိ ရောက်ရှိသွားနိုင်သည်။

နှမြောစရာ ကောင်းသည်မှာ ယင်ယန်ကျွင်းသည် မောက်မာလွန်းပြီး ရန်သူကို လျှော့တွက်ခဲ့သဖြင့် ယခုကဲ့သို့ ဒဏ်ရာအပြင်းအထန် ရရှိသွားခြင်း ဖြစ်၏။

"နဂါးမျိုးနွယ် ဖြစ်နေတော့ကော ဘာဖြစ်လဲ။ ငါ့ကို စော်ကားရင် သေလမ်းပဲ ရှိတယ်"

ယင်ယန်ကျွင်းက အရူး တစ်ယောက်လို အော်ဟစ်လိုက်၏။ သူ လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

"ဖြောင်း"

အော်ဟစ်ပြီးနောက် ယင်ယန်ကျွင်းက လက်ဝါးနှစ်ဖက်ကို ရိုက်ခတ်လိုက်ရာ ကြောက်မက်ဖွယ် စွမ်းအင်များ စုစည်းလာသည်။

"မြေကမ္ဘာအဆင့် အဆင့်နိမ့် သိုင်းကွက်... ဝိညာဉ်ခွဲ လက်ဝါး"

ယင်ယန်ကျွင်းက အညှိုးကြီးစွာ ဟစ်အော်လိုက်ပြီး ညာလက်ကို ကောင်းကင်သို့ မြှောက်ကာ အားကုန် ရိုက်ချလိုက်၏။

"ဝီ... ဝီ"

ယင်ယန်ကျွင်း လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်ယံထက်တွင် ပေပေါင်း ရာချီသော အဖြူရောင် လက်ဝါးရိပ်ကြီး တစ်ခု မိုးကြိုးပစ်ချသကဲ့သို့ ကျဆင်းလာသည်။ နတ်ဘုရား၏ လက်ဝါးတော်အလား ကြီးမားသော အရှိန်အဝါဖြင့် ဖိချလာသည်ပင်။

"ပြင်းလိုက်တဲ့ စွမ်းအား"

ကျန်းကျွင့်လန်နှင့် အခြားသူများ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပေါ်လာသည်။

ဖုန်းဝူချန်လည်း အင်အားချန်မထားရဲတော့ပေ။ ကမ္ဘာပျက် စွမ်းအားကို အကုန်ထုတ်သုံးလိုက်ရာ နက်မှောင်သော နီညိုရောင် အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်သွားသည်။ လေဟာနယ် တစ်ခုလုံးကို လင်းထိန်သွားစေပြီး လွှမ်းမိုးနိုင်စွမ်း ရှိသော အရှိန်အဝါများက လူတိုင်း၏ စိတ်နှလုံးကို ဖမ်းစားထားသည်။

"လောကပျက် ကောင်းကင်ဘုံအပြစ်ဒဏ် ဓားချက်"

ဖုန်းဝူချန်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်၏။

"ရွှစ်"

"ဝီ... ဝီ"

ပေပေါင်း ရာချီ ရှည်လျားသော နက်မှောင်သော အနီရောင် စွမ်းအင် ဓားချက်ကြီး တစ်ခု လေထုကို ခွဲဖြတ်ကာ ထွက်ပေါ်လာသည်။ လေဟာနယ် တစ်ခုလုံးကို စစ်ခင်းတော့မည့်အလား ကြီးမားသော အရှိန်အဝါများ ပါဝင်နေ၏။

ဓားချက် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် မည်းနက်သော အက်ကြောင်းများ ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။

"ဝုန်း"

"အွတ်"

ကောင်းကင်ယံထက်တွင် တောက်ပပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်နှစ်ခု ထိတိုက်မိကြသည်။ ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဖျက်ဆီးခြင်း စွမ်းအားများ ရိုက်ခတ်သွားသည်။ ပေါက်ကွဲမှုအရှိန်ကြောင့် နှစ်ယောက်စလုံး သွေးအန်ကာ ပစ်လွင့်ထွက်သွားကြသည်။

"ခန်းမသခင်"

"ဆရာ"

ကျန်းကျွင့်လန်နှင့် အခြားသူများ စိုးရိမ်တကြီး အော်ဟစ်လိုက်ကြသည်။

"ဝီ... ဝီ"

အရိုင်းဆန်စွာ ရိုက်ခတ်သွားသော စွမ်းအင်လှိုင်းများကြောင့် သဲကန္တာရတစ်ခုလုံး တုန်ခါသွားသည်။ အဝေးမှ ကြည့်နေသော လင်ရှောင်ရှောင်တို့ပင် ယိမ်းထိုးသွားကြသည်။ ကြောက်မက်ဖွယ် လေစီးကြောင်းများက သဲမုန်တိုင်းထက် (၁၀) ဆမက ပြင်းထန်သော သဲလှိုင်းများကို ဖြစ်ပေါ်စေသည်။

ဖုန်းဝူချန်သည် မြေကမ္ဘာအဆင့် အလယ်အလတ်အဆင့် သိုင်းကွက်ကို ထုတ်သုံးခဲ့သော်လည်း ယင်ယန်ကျွင်းက သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။ ဒါက ယင်ယန် သွေးမျိုးဆက်၏ စွမ်းအားကို ပြသနေခြင်း ဖြစ်၏။

"ကောင်စုတ်လေး... မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့"

ယင်ယန်ကျွင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လေထဲ၌၊ လက်သင်္ကေတများကို ထပ်မံ ရေးဆွဲ လိုက်၏။

"မြေကမ္ဘာအဆင့် အလယ်အလတ်အဆင့် သိုင်းကွက်... ယင်ယန် ဝိညာဉ်ခွဲ ဓားချက်"

ယင်ယန်ကျွင်းက ထပ်မံ ကြွေးကြော်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ၊ ပေပေါင်း ရာချီ ရှည်လျားသော ကြောက်မက်ဖွယ် စွမ်းအင် ဓားချက်ကြီး တစ်ခု ထွက်ပေါ်လာတော့သည်။

"ချွင်"

ဖုန်းဝူချန်က လေဟာနယ်ထဲသို့ လက်လှမ်းလိုက်ရာ နဂါးနတ်ဘုရား ဓား ပေါ်လာသည်။ ဓားချီများ လှိုင်းလုံးများအလား ထွက်ပေါ်လာသည်။

နဂါးနတ်ဘုရား ဓား၏ စွမ်းအားသည် လက်သီး လက်နက်များထက် များစွာ သာလွန်ပေသည်။

"အဆင့်မြင့် ဝိညာဉ် လက်နက် ဟုတ်လား။ ဟွန့်... ဂူထဲမှာ အင်မော်တယ် လက်နက်တွေ အများကြီး ရခဲ့တာ မဟုတ်ဘူးလား။ ဘာဖြစ်လို့လဲ။ ငါ့ကို အထင်ကြီးလွန်းနေတာလား"

ယင်ယန်ကျွင်းက ဟိန်းဟောက်လိုက်၏။

"ဝင်္ကပါ ဓားသိုင်းကွက်... ကိုးထပ် ကောင်းကင် ဝင်္ကပါ ဖျက်ဆီးခြင်း"

ဖုန်းဝူချန်က လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ဓားပုံစံ ပြုလုပ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ကောင်းကင်ထိ မြင့်မားသော ဓားချီများ အရိုင်းဆန်စွာ ရိုက်ခတ်သွားသည်။

သူ့အောက်ခြေတွင် သွေးရောင် အခင်းအကျင်း တစ်ခု ပေါ်လာပြီး ထူးဆန်းသော သွေးရောင် အမှတ်အသားများ ထွက်ပေါ်လာသည်။ သွေးရောင် အလင်းတန်းများက ဖုန်းဝူချန်ကို ရစ်ပတ်ထားပြီးနောက် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

ဖုန်းဝူချန်၏ အော်သံနှင့်အတူ သွေးရောင် အလင်းတန်းများသည် ကြီးမားသော သွေးရောင် ဓားကြီးအဖြစ် ပြောင်းလဲသွားပြီး ခန့်ညားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

"ရွှစ်"

"ဝီ... ဝီ"

သွေးရောင် ဓားကြီးသည် နားကွဲမတတ် ကျယ်လောင်သော လေခွဲသံနှင့်အတူ ပစ်လွှတ်လိုက်၏။ လျှပ်စီးလက်သကဲ့သို့ လျင်မြန်ပြီး မှန်းဆ၍ မရနိုင်သော တိုက်ခိုက်မှု စွမ်းအားများ ပါဝင်နေ၏။

"ဝုန်း"

"အွတ်"

ကြောက်မက်ဖွယ် စွမ်းအင်နှစ်ခု ထပ်မံ ထိတိုက်မိကြပြန်သည်။ ပိုမို ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး နှစ်ယောက်စလုံး သွေးအန်ကာ လွင့်စင်သွားကြပြန်သည်။

"ဝီ... ဝီ"

ပြင်းထန်သော တိုက်ပွဲကြောင့် မိုးနှင့်မြေကို ဖျက်ဆီးနိုင်သော စွမ်းအင်များ ထွက်ပေါ်လာသည်။

ရက်စက်ကြမ်းကြုတ်သော ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်အပြီးတွင် ဖုန်းဝူချန် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။ ချီလင် ချပ်ဝတ်ကလည်း သိပ်အထောက်အကူ မဖြစ်တော့ပေ။ သူ့အရှိန်အဝါများ သိသိသာသာ လျော့ကျသွားသည်။

ယင်ယန်ကျွင်းသည်လည်း ပိုမို ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည်။ သွေးမျိုးဆက် စွမ်းအားကို ထုတ်သုံးထားသော်လည်း ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်အပြီးတွင် သူ့အရှိန်အဝါများ သိသိသာသာ ကျဆင်းသွားသည်။

"ကောင်စုတ်လေး... မင်းမှာ ဘာစွမ်းအားကြီးတဲ့ သိုင်းကွက်တွေ ကျန်သေးလဲ။ အကုန်ထုတ်သုံးစမ်း"

ယင်ယန်ကျွင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သွေးမျိုးဆက် စွမ်းအားကို ဖိအားပေး၍ ထပ်မံ ထုတ်ယူလိုက်ကာ လက်သင်္ကေတများ

ဖော်ဆောင်လိုက်၏။

"မင်း သေပြီမှတ်... မြေကမ္ဘာအဆင့် အလယ်အလတ်အဆင့် သိုင်းကွက်... ယင်ယန် ဆန်းကြယ် ကောင်းကင် လက်ချောင်း"

ယင်ယန်ကျွင်းက ထပ်မံ အော်ဟစ်လိုက်ပြီး နောက်ဆုံးလက်ကျန် သွေးမျိုးဆက် စွမ်းအားများကို လက်ချောင်းထိပ်တွင် စုစည်းလိုက်ရာ တောက်ပသော အဖြူရောင် အလင်းတန်းများ ဖြာထွက်လာသည်။

ယင်ယန်ကျွင်း စုစည်းလိုက်သော စွမ်းအားသည် ယခင် စွမ်းအင် ဓားချက်များထက် ပိုမို ကြောက်မက်ဖွယ် ကောင်းနေ၏။

တောက်ပသော အဖြူရောင် အလင်းတန်းသည် ဥက္ကာပျံ တစ်ခုအလား ပျံသန်းလာသည်။ အသံထက် မြန်သော အမြန်နှုန်းနှင့် ကြောက်မက်ဖွယ် စွမ်းအင်များ ပြည့်နှက်နေ၏။

"လူယုတ်မာ... ဒါကို ဘာနဲ့ ခုခံမလဲ ကြည့်ကြသေးတာပေါ့"

ယင်ယန်ကျွင်းက ရက်စက်စွာ ဟိန်းဟောက်လိုက်၏။

အခန်း (၅၈၅) - ယင်ယန်ကျွင်းအား သတ်ဖြတ်ခြင်း

~ယင်ယန်ကျွင်း၏ တိုက်စစ်သည် ကာကွယ်ခြင်းထက် တိုက်ခိုက်ခြင်းက အကောင်းဆုံးနည်းလမ်း ဟူသော သဘောတရားကို အခြေခံထားရာ အရှိန်အဝါ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဖုန်းဝူချန်ကို အနည်းငယ် ဖိနှိပ်ထားနိုင်သည်။

ယင်ယန်မိသားစု၏ မြေကမ္ဘာအဆင့် သိုင်းကွက်သည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ယင်ယန်ကျွင်း ထုတ်လွှတ်လိုက်သော စွမ်းအင်လက်ချောင်းသည် ဖုန်းဝူချန်၏ ကိုးထပ် ကောင်းကင် ဝင်္ကပါ ဖျက်ဆီးခြင်း ထက်ပင် သာလွန်သည်။

လက်ချောင်းတစ်ချောင်းတည်း၏ စွမ်းအားသည် မိုးနှင့်မြေကို ထိုးဖောက်နိုင်စွမ်း ရှိသည်။

ထိုမျှ ကြီးမားသော စွမ်းအားဖြင့် ဖုန်းဝူချန်ကို သတ်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခု ဖြစ်၏။

ယင်ယန်ကျွင်းတွင် ထိုယုံကြည်ချက် အပြည့်အဝ ရှိသည်။

"မင်း... အင်မော်တယ် ကျင့်စဉ် ကို မြင်ဖူးလား"

ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်၏။ သူ့အကြည့်များသည် ယင်ယန်ကျွင်းအပေါ်တွင် စူးစိုက်နေ၏။

ဖုန်းဝူချန် စကားပြောလိုက်သည်နှင့် တပြိုင်နက် နဂါးနတ်ဘုရား ဓားမှ ပိုမို ကြောက်မက်ဖွယ်ကောင်းသော ဓားချီများ ထွက်ပေါ်လာသည်။

"အင်မော်တယ် ကျင့်စဉ်လား"

ဖုန်းဝူချန်၏ စကားကို ကြားသောအခါ ဒေါသထွက်နေသော ယင်ယန်ကျွင်းသည် ရုတ်တရက် တောင့်တင်းသွားပြီး ဖုန်းဝူချန်ကို မှင်သက်စွာ ကြည့်နေမိသည်။

ဖုန်းဝူချန်ထံမှ ရိုက်ခတ်လာသော ကြောက်မက်ဖွယ် ဓားချီကို ခံစားမိလိုက်သောအခါ ယင်ယန်ကျွင်း၏ မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားသည်။

"ဒါက... အင်မော်တယ် ကျင့်စဉ်ပဲ"

ယင်ယန်ကျွင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဖုန်းဝူချန်ကို ထိတ်လန့်တကြား ကြည့်လိုက်၏။

"ဝီ... ဝီ"

ကမ္ဘာပျက် စွမ်းအားများ နဂါးနတ်ဘုရား ဓားထဲသို့ စီးဝင်သွားပြီး ဖျက်ဆီးခြင်း စွမ်းအား ပါဝင်သော နီညိုရောင် ဓားချီများ ပေါက်ကွဲထွက်လာသည်။

လေဟာနယ်မှာ တရကြမ်း.. သိမ့်ခါသွားပြီး ပေပေါင်း သောင်းချီသော နေရာလပ် တစ်ခုလုံး သွေးရောင်လွှမ်းသွားသည်။ ဖုန်းဝူချန်ကို ဗဟိုပြု၍ သွေးရောင် ကမ္ဘာ တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ထင်ရသည်။

သို့သော် အကြောက်စရာ အကောင်းဆုံးမှာ ဖျက်ဆီးခြင်း စွမ်းအား မဟုတ်ဘဲ... လွှမ်းမိုးနိုင်စွမ်း ရှိသော ဧကရာဇ် ဘုရင် တစ်ပါး၏ အရှိန်အဝါမျိုး ပါဝင်နေခြင်း ဖြစ်၏။ အားလုံးကို ဒူးထောက် အညံ့ခံစေလိုသော အရှိန်အဝါမျိုး ဖြစ်၏။

ထိုကြောက်မက်ဖွယ် အရှိန်အဝါအောက်တွင် ယင်ယန်ကျွင်း၏ ရင်ထဲ၌ ကြောက်ရွံ့မှုများ လှိုင်းထလာသည်။

"ဒါ... ဒါ တကယ်ပဲ အင်မော်တယ် ကျင့်စဉ်ပဲ"

ယင်ယန်ကျွင်း၏ ခန္ဓာကိုယ် တုန်ယင်လာသည်။

"ဝိညာဉ်ချေမှုန်း ဓားသိုင်း... ဝိညာဉ်ချေမှုန်း..နတ်ငိုသရဲအော်သံ"

ဖုန်းဝူချန်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်၏။ သူ့မျက်လုံးများတွင် အေးစက်ပြီး ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။ သူ့ထံသို့ တိုးဝင်လာသော အဖြူရောင် အလင်းတန်းကို စူးစိုက်ကြည့်ပြီး နဂါးနတ်ဘုရား ဓားကို တင်းကျပ်စွာ ကိုင်ကာ အပေါ်စီးမှ ခုတ်ချလိုက်၏။

"ဝုန်း"

"အွတ်"

ဖျက်ဆီးခြင်း ဓားချီများ ပါဝင်နေသော နဂါးနတ်ဘုရား ဓားသည် အဖြူရောင် အလင်းတန်းကို ထိမှန်သွားသည်။ ယင်ယန်ကျွင်း သွေးအန်ကာ တုန်ခါသွားသည်။ မြေကမ္ဘာအဆင့် အလယ်အလတ်အဆင့် သိုင်းကွက်သည် အင်မော်တယ် ကျင့်စဉ်၏ စွမ်းအားကို မယှဉ်နိုင်ပေ။

"အစ်ကိုကြီးဖုန်းကို အင်မော်တယ် ကျင့်စဉ် ထုတ်သုံးအောင် ဖိအားပေးတာ... တော်တော် မိုက်မဲတာပဲ"

လင်ရှောင်ရှောင်က အောင်နိုင်သူ အပြုံးဖြင့် ပြောလိုက်၏။ သူမ၏ လှပသော မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေ၏။

"ကောင်းလိုက်တာ... ယင်ယန်ကျွင်း ရှုံးပြီဟေ့"

ဟု ကျန်းကျွင့်လန်လည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

"ခန်းမသခင်... သတ်လိုက်ပါ"

ချီဟွမ်နှင့် အခြားသူများ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ ယခင်က စိုးရိမ်ပူပန်မှုများ လွင့်စင်ပျောက်ကွယ်သွားပြီ ဖြစ်၏။

တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ အဖြူရောင် အလင်းတန်းသည် နဂါးနတ်ဘုရား ဓား၏ ခုတ်ပိုင်းမှုအောက်တွင် ထိပ်မှ အဆုံးထိ ကွဲရှသွားပြီး ယင်ယန်ကျွင်း၏ စွမ်းအားများ ပျက်စီးသွားတော့သည်။

"ဝီ... ဝီ"

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ လေဟာနယ်တွင် ဆက်တိုက် ဖြစ်ပေါ်နေ၏။

"ရွှစ်"

အဖြူရောင် အလင်းတန်းကို ဖျက်ဆီးပြီးနောက် ကြောက်မက်ဖွယ် ကောင်းသော နက်မှောင်သည့် အနီရောင် ဓားချီသည် ဖျက်ဆီးခြင်း အငွေ့အသက်များနှင့်အတူ ယင်ယန်ကျွင်းထံသို့ တရှိန်ထိုး ဝင်ရောက်လာသည်။ ယင်ယန်ကျွင်း ပျာသွားသည်။

"မဖြစ်နိုင်ဘူး... ဒါ ဘယ်လိုမှ မဖြစ်နိုင်တာ"

ယင်ယန်ကျွင်းက မယုံနိုင်စွာ ရေရွတ်လိုက်၏။ သူ လှုပ်ရှား၍ မရတော့ပေ။

ကောင်းကင်ဘုံလူသား ပဉ္စမအလွှာသာ ရှိသေးသော ဖုန်းဝူချန်က ယင်ယန်မိသားစု၏ ပါရမီရှင် တစ်ယောက်ကို ကြောက်လန့်သွားစေလောက်အောင် စွမ်းအားကြီးမားလိမ့်မည်ဟု ယင်ယန်ကျွင်း လုံးဝ ထင်မထားခဲ့ပေ။

"ဒီကောင်က ဘယ်သူလဲ။ နဂါးမျိုးနွယ်က ဘာလို့ သူတို့ လူတစ်ယောက်ကို အင်မော်တယ် ကျင့်စဉ် သင်ပေးထားရတာလဲ"

စဉ်းစားလေ ယင်ယန်ကျွင်း ပိုကြောက်လေ ဖြစ်လာသည်။

"ဝုန်း"

"ဒုတ်"

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ် ဓားအလင်းတန်းသည် ယင်ယန်ကျွင်းကို ဝင်ဆောင့်လိုက်၏။

ကြီးမားသော တောင်ကြီး တစ်လုံးက ပုရွက်ဆိတ်လေး တစ်ကောင်ကို ဖိချလိုက်သကဲ့သို့ ဖြစ်နေ၏။ မိုးမြေသိမ့်သိမ့်တုန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ယင်ယန်ကျွင်း သွေးအန်ကာ လွင့်စင်သွားတော့သည်။

နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ် စွမ်းအင်များက သူ့ကို ဝါးမြိုသွားလေသည်။

ယင်ယန်ကျွင်း သေ၊ မသေ မသိရသေးပေ။

ပေါက်ကွဲမှုအရှိန်ကြောင့် ဖုန်းဝူချန် ကိုယ်တိုင်လည်း လွင့်စင်သွားရသည်။

ဓားအလင်းတန်း၏ စွမ်းအားသည် အလွန် အားပြင်းလှသည်။

ဒီဓားချက်က ယင်ယန်ကျွင်းကို အနိုင်ယူဖို့ လုံလောက်ပါသည်။

ထိပ်တိုက်တွေ့ဆုံမှုတွင် ဖုန်းဝူချန်က အနိုင်ရရှိသွားပြီး သူကိုယ်တိုင်မှာမူ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။

အားလှိုင်းများသည် လေဟာနယ်တွင် (၅) မိနစ်ခန့် ကြာအောင် ဆက်လက် ဖြစ်ပေါ်နေပြီးမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင် ငြိမ်သက်သွားပြီး ဖုန်မှုန့်များ ကင်းစင်သွားသောအခါ အားလုံး၏ အကြည့်များက အဝေးရှိ ယင်ယန်ကျွင်းထံသို့ ရောက်ရှိသွားကြသည်။

ယင်ယန်ကျွင်း အသက်ရှင်နေသေးသော်လည်း သူ့အရှိန်အဝါသည် သေလုမျောပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။

ယင်ယန်ကျွင်းသည် အသက်ကို မနည်းရှူနေရပြီး မျက်နှာ ဖြူလျော်ကာ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေ၏။ ဒဏ်ရာ အလွန် ပြင်းထန်လှသည်။ လေထဲတွင် ယိမ်းထိုးနေပြီး ပြုတ်ကျလုမတတ် ဖြစ်နေ၏။

ဖုန်းဝူချန်နှင့် တိုက်ပွဲတွင် ယင်ယန်ကျွင်း အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ရသည်ပင်။

"မင်းမှာ... ဒီလောက် စွမ်းအားကြီးတဲ့... အင်မော်တယ် ကျင့်စဉ် ရှိနေလိမ့်မယ်လို့... ဘယ်သူ ထင်မှာလဲ"

ယင်ယန်ကျွင်းက မနည်း အားယူပြီး ပြောလိုက်၏။ သူ့မျက်လုံးများက ဖုန်းဝူချန်ကို စူးစိုက်ကြည့်နေပြီး အသံမှာ တိုးလွန်း၍ မကြားရသလောက်ပင်။

စကားပြောပြီးနောက် ယင်ယန်ကျွင်းသည် ဆက်လက် တောင့်မထားနိုင်တော့ဘဲ မျက်လုံးများ မှေးမှိန်သွားကာ အောက်သို့ ပြုတ်ကျသွားတော့သည်။

"ခန်းမသခင်... သူ့ကို သတ်လိုက်ပါ"

ခွမ်းကျန့်က အော်ဟစ်လိုက်၏။

"ဟုတ်တယ်... သတ်ပစ်လိုက်"

ဟွိုမင်နှင့် အခြားသူများလည်း ထောက်ခံကြသည်။

"ဆရာ... မသတ်ပါနဲ့"

ကျန်းကျွင့်လန်က အလျင်အမြန် တားလိုက်၏။

"သူက ယင်ယန်မိသားစုကလေ... သူတို့အင်အားက နတ်ဘုရား ဧကရာဇ် နန်းတော်ထက် အများကြီး သာတယ်။ ကျွန်တော်တို့က နတ်ဘုရား ဧကရာဇ် နန်းတော်ကို ရန်စပြီးသား... အခု ယင်ယန်မိသားစုကိုပါ ရန်စလိုက်ရင် ကျွန်တော်တို့ ပြေးစရာ မြေမရှိတော့ဘူး"

ကျန်းကျွင့်လန်၏ စကားကြောင့် ချီဟွမ်နှင့် အခြားသူများ တိတ်ဆိတ်သွားကြပြီး မျက်နှာများ ဖြူလျော်သွားကြသည်။

ကျန်းကျွင့်လန် ပြောတာ အမှန်ပါပဲ။ နတ်ဘုရား ဧကရာဇ် နန်းတော် တစ်ခုတည်းနှင့်တင် သူတို့ ခေါင်းခဲနေရသည်...။

ယခု ယင်ယန်မိသားစုပါ ထပ်တိုးလာရင် ဘယ်လိုလုပ်မည်နည်း။

ဖုန်းဝူချန်မှာ အင်မော်တယ် လက်နက် စံအိမ်.. ရှိနေလျှင်တောင် ယင်ယန်မိသားစုကို ယှဉ်နိုင်မှာ မဟုတ်ပေ။

ဖုန်းဝူချန် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် အေးစက်စွာ ပြောလိုက်၏။

"သူ့ကို မသတ်ရင်လည်း နတ်ဘုရား လက်နက် သတင်းက ပေါက်ကြားသွားမှာပဲ။ ယင်ယန်မိသားစုက လာရှာကြမှာပဲ။ သတ်လိုက်ရင်လည်း ဖုံးဖိထားလို့ ရမှာ မဟုတ်ဘူး။ သတ်သတ် မသတ်သတ် ယင်ယန်မိသားစုနဲ့ ရင်ဆိုင်ရမှာပဲ။ ဒါဆို ဘာလို့ သူ့ကို အရှင်ထားရမှာလဲ။ ရန်သူဆိုတာ သေကို သေရမယ်"

"ဆရာ..."

ကျန်းကျွင့်လန် စကားမဆက်နိုင်တော့ပေ။

လင်ရှောင်ရှောင်က ပြတ်သားစွာ ပြောလိုက်၏။

"အစ်ကိုကြီးဖုန်း ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးဖုန်းဘက်က ရပ်တည်သွားမယ်"

ဖုန်းဝူချန်သည် အောက်သို့ ဆင်းသက်လာပြီး ယင်ယန်ကျွင်းဘေးနား ရောက်လာသည်။

"နောက်ဆုံး မှာစရာရှိရင် မြန်မြန်ပြော"

ထိုအခါ၊ ယင်ယန်ကျွင်းက အားနည်းစွာ ပြောလိုက်၏။

"မင်းလက်ချက်နဲ့ သေရတာ တကယ် မကျေနပ်ဘူး။ ဒါပေမယ့် ငါ ယင်ယန်မိသားစုဆီ သတင်းပို့ပြီးပြီ။ မင်း နဂါးမျိုးနွယ် ဖြစ်နေရင်တောင်... ဒီရန်ငြိုးက ဖြစ်ပြီးသွားပြီ"

"ငါ ပြောဖို့ မေ့နေတာ... ငါက နဂါးမျိုးနွယ် မဟုတ်ဘူး။ ယင်ယန်မိသားစုက နဂါးမျိုးနွယ်နဲ့ စာရင်းရှင်းတာ ငါနဲ့ ဘာဆိုင်လို့လဲ။ ပြီးတော့ ယင်ယန်မိသားစုက နဂါးမျိုးနွယ်ကို ယှဉ်နိုင်လို့လား"

ဖုန်းဝူချန်က မထီမဲ့မြင် ပြောလိုက်၏။

"မင်းက နဂါးမျိုးနွယ် မဟုတ်ဘူးပေါ့... ဒါဆိုရင်တော့ ယင်ယန်မိသားစု လိုက်သတ်တာကို ခံဖို့ ပြင်ထားပေတော့။ မင်းနဲ့ ပတ်သက်တဲ့ လူတွေ အကုန်လုံး အသတ်ခံရ..."

"ရွှပ်"

ယင်ယန်ကျွင်း စကားမဆုံးခင်မှာပင် ဖုန်းဝူချန်၏ နဂါးနတ်ဘုရား ဓားသည် ယင်ယန်ကျွင်း၏ နှလုံးသားကို ရက်စက်စွာ ထိုးဖောက်သွားသည်။ သွေးများ ပန်းထွက်လာသည်။

"ငါ့ကို ခြိမ်းခြောက်တာ အမုန်းဆုံးပဲ"

ဖုန်းဝူချန်က အေးစက်စွာ ပြောပြီး ဓားကို ဖြည်းညှင်းစွာ ပြန်ဆွဲထုတ်လိုက်၏။

"..."

ယင်ယန်ကျွင်း၏ မျက်လုံးများတွင် မကျေနပ်မှုများ ပြည့်နှက်နေပြီး လက်ကို မြှောက်ရန် ကြိုးစားသော်လည်း ပြန်ကျသွားသည်။

ယင်ယန်ကျွင်း သေဆုံးသွားတော့၏။

"ငါ လုပ်ချင်တာလုပ်ဖို့ ဘယ်သူ့မျက်နှာမှ ကြည့်စရာ မလိုဘူး"

ဖုန်းဝူချန်က မာန်ပါပါ ပြောလိုက်၏။

နတ်ဆိုးနဂါးဘုရား၏ မှတ်ဉာဏ်နှင့် အတွေ့အကြုံတွေ ရှိထားလေဂရာ ယင်ယန်မိသားစုအား သူ မမှုပါချေ။

"ရက်စက်ပြီး သွေးအေးလိုက်တာ... လူငယ်လေး... မင်း တော်တော် မောက်မာပါလား"

ယင်ယန်ကျွင်း သေဆုံးသွားပြီးနောက် လေဟာနယ်ထဲမှ အေးစက်သော အသံ တစ်ခု ထွက်ပေါ်လာခြင်းပင်။

All Chapters