← Chapters

အခန်း (၁၀၉၀-၁၀၉၂)

Vol. 73 Ch. 1090-1092

အခန်း (၁၀၉၀-၁၀၉၂)

Vol. 73 Ch. 1090-1092

အခန်း (၁၀၉၀) - လူပါးဝတယ်ဆိုတာ အတိုင်းအတာ ရှိသင့်တယ်ဆိုတာ နတ်ဘုရားတွေလည်း အတူတူပဲ

ချီဟုန်ပေါ်သည် ဆွံ့အနေပြီး သူ့မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရချေသည်။ သူသည် ဤဖျော့တော့သော မီးတောက် တစ်ပိုင်းတစ်စကို အားကိုး၍ မိုးကိုဒူးနှင့်တိုက်မတတ် မောက်မာဝင့်ကြွားနေခဲ့ခြင်း ဖြစ်သည်။

သူ့အမြင်တွင်မူ သူ၏လက်ထဲ၌ ဤမီးတောက်ရှိနေသရွေ့ ကျိန်စာနတ်ဘုရားမမှလွဲ၍ ဤနေရာရှိ မည်သူမျှ သူ့အား ယှဉ်နိုင်မည် မဟုတ်ချေ။ သို့သော် သူ အိပ်မက်၌ပင် ထည့်သွင်းမစဉ်းစားခဲ့ဖူးသော အရာတစ်ခုမှာ ရွှယ်အန်းသည် လေတစ်ချက် မှုတ်ထုတ်လိုက်ရုံဖြင့် သူ၏ မီးတောက်ကို ငြှိမ်းသတ်လိုက်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ မည်သို့မျှ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

ရှေးယခင်ခေတ်များဆီကတည်းက ဤမီးတောက်ကို လေတစ်ချက်မှုတ်ရုံဖြင့် ငြှိမ်းသတ်နိုင်သူဟူ၍ မရှိခဲ့ဖူးပေ။ ကောင်းကင်မီးနတ်ဘုရား မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သော သူ၏ဖခင်ရင်းပင်လျှင် ထိုသို့ လုပ်ဆောင်နိုင်စွမ်း မရှိပါချေ။

ဆန်းကြယ်မီးတောက်ဟူသည် သဘာဝအလျောက် ဖြစ်ပေါ်လာသော နတ်ဘုရားမီးတောက်ဖြစ်ပြီး အလွန်တရာ အစွမ်းထက်လှပေသည်။ သာမန်လူများသည် ထိုမီးတောက်ကို ထိတွေ့ရန် မဆိုထားနှင့် အနားကပ်လျှင်ပင် ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ပြာကျသွားနိုင်လေသည်။

ဒီလူက... တကယ်တမ ဘယ်သူမို့လို့လဲ...

မျက်စိတစ်မှိတ်အတွင်း၌ပင် မရေမတွက်နိုင်သော အတွေးများသည် ချီဟုန်ပေါ်၏ ခေါင်းထဲသို့ ဝင်ရောက်လာပြီး သူ့ကို ကြမ်းပြင်ပေါ်တွင် ကြောင်တောင်တောင် ထိုင်လျက်သားဖြင့် စကားမပြောနိုင်အောင် ဆွံ့အစေခဲ့၏။ ထိုအချိန်တွင် ရွှယ်အန်းက လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။

"ဒါက... မင်း ပြောတဲ့ ဝှက်ဖဲဆိုတာလား"

ချီဟုန်ပေါ်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး အသိစိတ် ပြန်ဝင်လာကာ တုန်ရီနေသော အသံဖြင့် ပြန်မေးလိုက်သည်။

"မင်း... မင်းက ဘယ်သူလဲ၊ ငါ့ရဲ့ မီးတောက်ကို ဘယ်လိုလုပ် ငြှိမ်းသတ်နိုင်ရတာလဲ"

"မင်းရဲ့ မီးတောက် ဟုတ်လား"

ရွှယ်အန်းသည် ဂရုမစိုက်သည့်ဟန်ဖြင့် ရယ်မောလိုက်ပြီးနောက် သူ၏ လက်ဝါးကို ဖြန့်ကာ လက်ညှိုးကို ကွေး၍ပြလိုက်သည်။

ဘုန်း!

လူအုပ်ကြီး တစ်ခုလုံး အံ့အားသင့် တုန်လှုပ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ လက်ညှိုးထိပ်တွင် ဖျော့တော့သော အပြာရောင် မီးတောက်လေးတစ်ခု ဖြည်းညှင်းစွာ စတင် ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။

"မင်းက ဒါကို မင်းရဲ့ မီးတောက်လို့ ခေါ်တာလား"

ရွှယ်အန်းက တည်ငြိမ်စွာ မေးလိုက်သည်။ ချီဟုန်ပေါ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

ရွှယ်အန်း၏ လက်ချောင်းထိပ်တွင် ကခုန်နေသော အပြာရောင် မီးတောက်သည် ချီဟုန်ပေါ် ကိုင်တွယ်ခဲ့စဉ်ကနှင့် ကွာခြားလှပေသည်။ အနီးကပ် ရှိနေသော်လည်း မည်သူမျှ အပူဒဏ်ကို မခံစားရပေ။

ဤအရာက မည်သည့်အဓိပ္ပာယ်ဆောင်သည်ကို ချီဟုန်ပေါ် တစ်ဦးတည်းသာ အသိဆုံးဖြစ်သည်။

သူ မီးတောက်ကို ထုတ်ဖော်ခဲ့စဉ်က ထိန်းချုပ်နိုင်စွမ်း မလုံလောက်မှုကြောင့် အပူချိန်များ ယိုစိမ့်ထွက်လာခဲ့ရသည်။ သို့သော် ရွှယ်အန်း၏ လက်ထဲတွင်မူ ထိုမီးတောက်သည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်နေပြီး အပူချိန် အနည်းငယ်မျှပင် လွတ်ထွက်လာခြင်း မရှိပေ။ ဤသည်မှာ ရွှယ်အန်းသည် ဤမီးတောက်ကို လုံးဝဥဿုံ ထိန်းချုပ်ထားနိုင်ကြောင်း ပြသနေခြင်း ဖြစ်သည်။

ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

ချီဟုန်ပေါ်သည် ဤမီးတောက်တစ်ပိုင်းတစ်စကို စုစည်းနိုင်ရန် တစ်နှစ်တိတိ အချိန်ကုန်ခံခဲ့ရပြီး သူ့ဖခင်နှင့် ကောင်းကင်မီးနတ်ဘုရား မျိုးနွယ်စုမှ အကြီးအကဲများ၏ အကူအညီဖြင့်သာ အနိုင်နိုင် အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း သိထားသင့်ပေသည်။

သို့သော် ရွှယ်အန်းသည် မီးတောက်ကို မြင်လိုက်ရသည့် အချိန်မှ ယခုအချိန်အထိ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်မျှသာ ကြာမြင့်သေးသည်။ သူ ဘယ်လိုလုပ်ပြီး အောင်မြင်သွားရတာလဲ...

ဤမေးခွန်းများသည် ချီဟုန်ပေါ်၏ စိတ်ထဲတွင် ဝေဝါးနေပြီး သူ့မျက်နှာကို ဖြူလိုက်နီလိုက် ဖြစ်စေသော်လည်း အဆုံးတွင် သူ၏ အကြည့်များက တည်ငြိမ်သွားလေသည်။

"ကျွန်တော်... အရှုံးပေးပါတယ်"

ထိုရိုးရှင်းသော စကားလုံးသုံးလုံးသည် လူအုပ်ကြီး၏ မျက်နှာထားများကို ပြောင်းလဲသွားစေခဲ့သည်။ ပုယန်ရု၊ ရွမ်ကျင်းရှိုနှင့် အခြားအမျိုးသမီးများမှာ တုန်လှုပ်သွားကြသည်။

"သခင်... သခင်လေးချီ..."

ရွမ်ကျင်းရှိုသည် သခင်လေးကိုယ်တိုင် အရှုံးပေးလိုက်သည်ကို မယုံကြည်နိုင်သည့်ဟန်ဖြင့် တွေဝေစွာ ရေရွတ်လိုက်မိသည်။ ထိုအချိန်တွင် ချီဟုန်ပေါ်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"မိတ်ဆွေ... ခင်ဗျားရဲ့ အင်အားက လေးစားမှုရဖို့ လုံလောက်ပါတယ်၊ ကျွန်တော် ခင်ဗျားကို မယှဉ်နိုင်ပါဘူး၊ အခု ကျွန်တော် အရှုံးပေးပါတယ်၊ အရင်က ဖြစ်ခဲ့တာတွေကို သရေပဲလို့ သတ်မှတ်ပြီး ကျေအေးလိုက်ကြရအောင်၊ ကျွန်တော့်ရဲ့ ကောင်းကင်မီးနတ်ဘုရား မျိုးနွယ်စုကလည်း ဝင်ပါမှာ မဟုတ်တော့ဘူး၊ ဘယ်လိုသဘောရလဲ"

"သရေလို့ သတ်မှတ်မယ် ဟုတ်လား"

ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

"ဟုတ်ပါတယ်"

ချီဟုန်ပေါ်က ခေါင်းညိတ်လိုက်ပြီး ရွှယ်အန်း လက်ထဲမှ အပြာရောင် မီးတောက်ကို နှမြောတသ သဘောဖြင့် ကြည့်ကာ ဆက်ပြောလိုက်သည်။

"အဲ့ဒီ မီးတောက်ကို ကျွန်တော့်ရဲ့ တောင်းပန်မှု လက်ဆောင်အဖြစ် ယူလိုက်ပါ၊ ပြီးတော့ ခင်ဗျားအနေနဲ့ ကောင်းကင်မီးနတ်ဘုရား မျိုးနွယ်စုရဲ့ မိတ်ဆွေဖြစ်ခွင့်ကို ရရှိပါလိမ့်မယ်"

လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ လူအများအပြားက ရွှယ်အန်းကို အားကျသောအကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ကောင်းကင်မီးနတ်ဘုရား မျိုးနွယ်စု၏ မိတ်ဆွေဖြစ်ခွင့်နှင့် မီးတောက်သခင်လေး၏ တောင်းပန်မှု၊ ယခုတွင် ဝတ်ရုံဖြူနှင့် လူငယ်သည် အမှန်တကယ်ပင် နာမည်တစ်လုံး ရရှိသွားခဲ့လေသည်။

သူ လက်ခံလိုက်လောက်တယ်...

ချီဟုန်ပေါ်၏ မျက်နှာပေါ်တွင်လည်း ဂုဏ်ယူသော အရိပ်အယောင်များ ပေါ်လာသည်။ သူသည် ရွှယ်အန်းအပေါ် ကြောက်ရွံ့စိတ် အနည်းငယ် ဝင်ရောက်စပြုနေပြီ ဖြစ်သည်။ ရွှယ်အန်း၏ အင်အားအစစ်အမှန်ကို သူ မခန့်မှန်းနိုင်သောကြောင့် ဤအချိန်ဆွဲသည့် နည်းလမ်းကို သုံးလိုက်ခြင်း ဖြစ်သည်။

သူသာ ဒီကနေ အရင်လွတ်မြောက်သွားပြီး မျိုးနွယ်စုဆီ ပြန်ရောက်သွားရင် ဒီကိစ္စတွေကို အဖေ့ဆီ တိုင်ပြောလို့ ရပြီ၊ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်အတွင်း ကောင်းကင်မီးတောက်ကို စုစည်းနိုင်တဲ့ လူတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် ဖခင်နဲ့ အကြီးအကဲတွေက ဘာမဆို ပေးဆပ်ပြီး လာကြလိမ့်မယ်ဆိုတာ ငါ ယုံကြည်တယ်၊ အဲ့ဒီအချိန်ကျရင် ငါ့လက်စားချေတဲ့ အလှည့်ပဲ...

အစမှအဆုံးတိုင်အောင် ရွှယ်အန်း လက်မခံဘဲ ငြင်းပယ်လိမ့်မည်ဟူသော ဖြစ်နိုင်ချေကို ချီဟုန်ပေါ် လုံးဝ ထည့်မတွက်ထားခဲ့ပေ။ သူ့အမြင်တွင် မေးစရာပင် မလိုလောက်အောင် သေချာနေသောကြောင့် ဖြစ်သည်။ သို့သော် ထိုအချိန်၌ပင် ရွှယ်အန်းက လှောင်ပြောင် ရယ်မောလိုက်လေသည်။

"နားထောင်လို့တော့ ကောင်းသားပဲ၊ ဒါပေမဲ့ ငါက ပြောတဲ့စကားကို အမြဲတည်တယ်လေ၊ မင်းကို သတ်မယ်လို့ ပြောထားပြီးမှတော့ မင်း သေကို သေရမှာပေါ့"

"ဟေ..."

ချီဟုန်ပေါ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ရွှယ်အန်းကို ဒေါသတကြီး ကြည့်လိုက်သည်။

"ရွယ်အန်း... မင်း ကျေးဇူးကန်းမနေနဲ့၊ ငါက ကောင်းကင်မီးနတ်ဘုရား မျိုးနွယ်စုရဲ့ ဂုဏ်သရေရှိ သခင်လေးကွ၊ ပြီးတော့ မင်းကိုလည်း တောင်းပန်ပြီးပြီလေ၊ မင်းက ဘာထပ်လိုချင်သေးတာလဲ"

ရွှယ်အန်း၏ အပြုံးသည် အေးစက်သွားပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"မင်း နားမလည်တဲ့ အချက်တစ်ချက် ရှိပုံရတယ်"

"အဲ့ဒါက ငါကို စပြီး ဆန့်ကျင်လိုက်တဲ့ အချိန်ကစပြီး မင်းရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းက မင်းလက်ထဲမှာ မရှိတော့ဘူး ဆိုတာပဲ"

ထိုသို့ ပြောပြီးသည်နှင့် ရွှယ်အန်းသည် ချီဟုန်ပေါ် တုံ့ပြန်သည်ကိုပင် မစောင့်တော့ဘဲ ခြေထောက်ကို မြှောက်ကာ ချီဟုန်ပေါ်ကို မြေကြီးပေါ်သို့ ကန်ချလိုက်လေသည်။

ချီဟုန်ပေါ်သည် ရုန်းကန်ရန် ကြိုးစားသော်လည်း ထိုအချိန်တွင် ရွှယ်အန်းက သူ၏ ဦးခေါင်းကို ခြေထောက်ဖြင့် ဖိနင်းထားလိုက်သည်။ ချီဟုန်ပေါ်သည် ရူးသွပ်လုမတတ် ဒေါသထွက်သွားပြီး ဤအရှက်ရဖွယ် အနေအထားမှ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားလေတော့သည်။

သို့သော် ရွှယ်အန်း၏ ခြေထောက်သည် ပေါင်ချိန် တစ်ထောင်မျှ လေးလံနေပြီး သူ မည်မျှပင် ရုန်းကန်ပါစေ အနည်းငယ်မျှပင် လှုပ်ရှားသွားခြင်း မရှိချေ။

"မင်းက သူများတွေရဲ့ ခေါင်းကို နင်းရတာ ကြိုက်တယ်မလား၊ အခု ပြန်အနင်းခံရတော့ ဘယ်လိုခံစားရလဲ"

ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ချီဟုန်ပေါ်၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နှက်လာသည်။ သူသည် ယခင်က ဤကဲ့သို့ အခြေအနေမျိုး တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။ ဒေါသအိုး ပေါက်ကွဲသွားသဖြင့် ချီဟုန်ပေါ်သည် အသိစိတ် လွတ်သွားပြီး ရွှယ်အန်းကို ရူးသွပ်စွာ ဆဲဆိုလေတော့သည်။

" #¥%@... မင်း သိပ်ပြီး မောက်မာမနေနဲ့၊ မင်းသာ ငါ့ကို သတ်ရဲရင် ငါ့အဖေနဲ့ အကြီးအကဲတွေ ပြီးတော့ ကောင်းကင်မီးနတ်ဘုရား မျိုးနွယ်စု တစ်ခုလုံးက မင်းကို ဘယ်တော့မှ လွှတ်ထားမှာ မဟုတ်ဘူး၊ မင်း မသေခင် နှစ်ပေါင်းသန်းချီပြီး ခံစားရစေမယ်ကွ"

ထိုရူးသွပ်စွာ ဆဲဆိုသံကို ကြားသောအခါ ရွှယ်အန်းသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းပါးစပ်က သိပ်မသန့်ပါလား၊ လူပါးဝတယ်ဆိုတာ အတိုင်းအတာ ရှိသင့်တယ်၊ နတ်ဘုရား ဖြစ်လာရင်လည်း အတူတူပဲ၊ ဒီလောက် ရိုးရှင်းတဲ့ သဘောတရားကိုတောင် နားမလည်မှတော့ စောစောစီးစီး သေလိုက်တာက ပိုကောင်းပါလိမ့်မယ်"

"မလုပ်နဲ့..."

ချီဟုန်ပေါ်သည် ရွှယ်အန်းထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်မိသည်။ ထိုအရာက သူ၏ ပွက်ပွက်ဆူနေသော ဦးနှောက်ကို အေးစက်သွားစေပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။ သို့သော် အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ရွှယ်အန်းသည် ခြေထောက်ကို အားစိုက်လိုက်လေသည်။

ဘုန်း!

ချီဟုန်ပေါ်၏ ဦးခေါင်းသည် ပေါက်ကွဲထွက်သွားပြီး ရိုက်ခွဲခံလိုက်ရသော ဖရဲသီးတစ်လုံးကဲ့သို့ သွေးသံရဲရဲ အစိုင်အခဲများအဖြစ် ပြန့်ကျဲသွားလေသည်။ သွေးများမှာ နေရာအနှံ့ စီးဆင်းသွားပြီး သူ၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်သွားသည်။

သို့သော် ထိုအချိန်၌ပင် လေထုထဲ၌ ဂယက်များ ထလာပြီး ချီဟုန်ပေါ်၏ ဝိညာဉ်သည် အလောင်းကောင်ထဲမှ ခုန်ထွက်လာကာ အလင်းတန်းဖြူ တစ်ခုအဖြစ် ပြောင်းလဲပြီး ဂယက်များကြားသို့ ထွက်ပြေးရန် ကြိုးစားလေသည်။

"ပြေးဖို့ ကြိုးစားနေတာလား"

ရွှယ်အန်းသည် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ စိမ်းပြာရောင် ကောင်းကင်မီးတောက်သည် လေထဲတွင် ပျံသန်းနေသော ဝိညာဉ်ကို သွားရောက် ရိုက်ခတ်လိုက်လေသည်။

ဝုန်း!

စိမ်းပြာရောင် မီးတောက်များသည် ပြင်းထန်စွာ တောက်လောင်သွားသည်။

လေထုထဲမှ အဆုံးမရှိသော ကြောက်ရွံ့မှုနှင့် နာကြည်းမှုများ ပြည့်နှက်နေသည့် စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသော်လည်း မကြာမီပင် တိတ်ဆိတ်သွားလေသည်။ မြေကြီးပေါ်တွင် ကျန်ရစ်ခဲ့သော ချီဟုန်ပေါ်၏ ခန္ဓာကိုယ်မှလည်း မီးတောက်များ ထွက်ပေါ်လာပြီး ခဏအတွင်း၌ပင် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

ထိုကဲ့သို့ပင် ကောင်းကင်မီးနတ်ဘုရား မျိုးနွယ်စု၏ သခင်လေး ချီဟုန်ပေါ်၏ ဝိညာဉ်သည် လုံးဝဥဿုံ ပျက်စီးသွားခဲ့ရလေသည်။

ရွှယ်အန်းသည် ကောင်းကင်စင်မြင့်ထက်သို့ ရောက်ရှိလာသည့် အချိန်မှ ယခုအချိန်အထိ နာရီဝက်သာ ကြာမြင့်သေးသော်လည်း အတော်ဆုံးသော မျိုးဆက်သစ် လူငယ်ပါရမီရှင် အများအပြားကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ကျောက်စိမ်းစားသောက်ပွဲတော်တွင် ရှိနေခဲ့ကြသော တစ်ချိန်က ဂုဏ်ယူဝင့်ကြွားခဲ့ကြသည့် အထက်တန်းလွှာ မျိုးနွယ်စုများမှ သခင်လေးများသည် ကျုံးအန်းအန်းမှလွဲ၍ အားလုံး သေဆုံးကုန်ကြပြီ ဖြစ်သည်။

သွေးများ စွန်းထင်းနေသော ကောင်းကင်စင်မြင့်ထက်တွင် ရွှယ်အန်းသည် လူသားများအကြားသို့ ရောက်ရှိနေသော နတ်ဘုရားတစ်ပါးကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်နေလေတော့သည်။

အခန်း (၁၀၉၁) - နတ်ဘုရားနှင့် တိုက်ပွဲ

အားလုံး၏ အကြည့်တို့သည် တစ်နေရာတည်းတွင် စုပြုံနေကြသည်။

လူများစွာသည် မျက်စိရှေ့မှောက်တွင် ဆက်တိုက် ဖြစ်ပျက်နေသော အပြောင်းအလဲများကြောင့် အာရုံများ ထုံထိုင်းသွားလောက်အောင်ပင် တုန်လှုပ်နေကြလေသည်။

ရွှယ်အန်းက ခေါင်းမော့လိုက်ပြီး အမြင့်ဆုံးနေရာတွင် ထိုင်နေသော ကျိန်စာနတ်ဘုရားမကို ကြည့်ကာ ဖျော့တော့စွာ ပြောလိုက်လေသည်။

"သူတို့ အားလုံးကို ငါသတ်လိုက်တာ မြင်ရတော့ မင်းပျော်နေလား"

ကျိန်စာနတ်ဘုရားမ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသော်လည်း သူမသည် နှုတ်ခမ်းကို ကွေးညွတ်ကာ တခစ်ခစ် ရယ်မောလိုက်လေသည်။

"ခစ်ခစ်... ကျွန်မက ဘာကိစ္စ ပျော်ရမှာလဲ"

"ဘာလို့လဲဆိုတော့ ငါသူတို့ကို သတ်သတ်၊ သူတို့က ငါ့ကို သတ်သတ်၊ အကျိုးရှိမှာက မင်းပဲမို့လို့လေ၊ မဟုတ်ဘူးလား"

"ရှင် တော်တော် ဉာဏ်ကောင်းတာပဲ"

ကျိန်စာနတ်ဘုရားမ၏ အပြုံးသည် ပို၍ အေးစက်ခက်ထန်လာလေသည်။

"ဒါပေမဲ့ အရမ်း ဉာဏ်ကောင်းလွန်းလို့ နင့်ကို ငါသတ်ချင်လာပြီ"

ရွှယ်အန်းကလည်း ပြုံးလိုက်လေသည်။

"ဓားကို ငှားပြီး လူသတ်တယ်၊ ပြီးတော့ အဲဒီဓားကိုပါ ဖျက်ဆီးပစ်တယ်၊ မင်းရဲ့ နည်းဗျူဟာက တော်တော် ရက်စက်တာပဲ၊ ဒါပေမဲ့ ဝမ်းနည်းစရာက..."

"ငါက ဓားမဟုတ်သလို၊ မင်းကလည်း ဓားကို ကိုင်နိုင်တဲ့သူ မဟုတ်နေတာပဲ"

ကျိန်စာနတ်ဘုရားမက နှာခေါင်းရှုံ့လိုက်လေသည်။

"ဒါဆို နင်က ဘာဖြစ်ချင်တာလဲ"

ရွှယ်အန်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်များ ကြီးထွားလာလေသည်။

"ငါပြောပြီးသားပဲ၊ ဒီနေ့ ငါ လူသတ်ပွဲ ကျင်းပမယ်လို့၊ အဲဒါကတော့... မင်းတို့ ထျန်ကျောက် နတ်ဘုရားတွေကို မျိုးဖြုတ်ပစ်ဖို့ပဲ"

ဝုန်း...

အကယ်၍ ရွှယ်အန်း၏ ယခင်လုပ်ရပ်များသည် လူများကို တုန်လှုပ်စေရုံသာ ဖြစ်ခဲ့လျှင် ယခု စကားသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး အားလုံး မျက်လုံး ပြူးကျယ်သွားကြသည်။

ထျန်ကျောက်နတ်ဘုရားတွေကို မျိုးဖြုတ်ပစ်မယ်...

ဤသိူ့ စကားမျိုး ပြောထွက်ဖို့ဆိုတာ သတ္တိရော စွမ်းရည်ပါ အလွန် ရှိမှသာ ဖြစ်နိုင်ပေမည်။ ထျန်ကျောက်နယ်ပယ်သည် နတ်ဘုရားနယ်ပယ်များကြားတွင် အဆင့်နိမ့်သည် ဆိုသော်လည်း စွမ်းအားကြီးသော နတ်ဘုရားများ၊ ဘုရင်များ ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သည်။

သို့သော် ဤဝတ်ရုံဖြူလူငယ်သည် ထျန်ကျောက်နတ်ဘုရားများကို မျိုးဖြုတ်ပစ်မည်ဟု ပြောရဲသည်မှာ အလွန်တရာ မောက်မာလွန်းရာ ရောက်နေသည်။

ရွှယ်အန်းကို အထင်ကြီးနေသော ကျုံးအန်းအန်းလျှင် မျက်နှာပျက်သွားပြီး တိတ်တဆိတ် ခေါင်းခါလိုက်မိသည်။

ရွှယ်အန်း ပြသခဲ့သော စွမ်းရည်သည် ကြည့်ရှုသူများကို တုန်လှုပ်စေရန် လုံလောက်ပြီး ဤနယ်ပယ်၏ လူငယ်မျိုးဆက်သစ်များကြားတွင် အသန်မာဆုံး ဖြစ်လောက်သည်ဟု ကျုံးအန်းအန်း ထင်မြင်မိသည်။ ချီဟုန်ပေါ်ပင် သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရသည် မဟုတ်ပါလား။

သို့သော် ထျန်ကျောက်နတ်ဘုရားများသည် နှစ်ပေါင်းများစွာ တည်ရှိနေသော ကျော်ကြားသည့် နတ်ဘုရားများ ဖြစ်ကြပြီး သာမန်ကျင့်ကြံသူများ ယှဉ်ပြိုင်ရဲသည့် အရာမဟုတ်ပေ။

ဒီလူငယ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေပြီ...ဟုတောင် ကျုံးအန်းအန်း တွေးလိုက်မိသည်။

ကျိန်စာနတ်ဘုရားမကမူ ဟာသတစ်ခု ကြားလိုက်ရသကဲ့သို့ ကြောင်သွားပြီးနောက် သရော်သော အမူအရာဖြင့် ရယ်မောလိုက်လေသည်။

"ထျန်ကျောက်နတ်ဘုရားတွေကို မျိုးဖြုတ်မယ်? လူငယ်လေး... မင်းဘာပြောနေလဲဆိုတာ မင်းသိရဲ့လား၊ မင်းနဲ့ ရွယ်တူချင်းတွေကို အနိုင်ယူနိုင်ရုံနဲ့ ဘာမဆို လုပ်နိုင်ပြီလို့ မထင်လိုက်နဲ့၊ ငါ့မျက်လုံးထဲမှာတော့ မင်းက သာမန်ထက် သန်မာတဲ့ သေမျိုးတစ်ယောက်ပဲ၊ မင်းကို သတ်ဖို့ ငါ့အတွက် လက်တစ်ဖက်တည်းနဲ့ လုံလောက်တယ်"

ထိုစကားဆုံးသောအခါ ကျိန်စာနတ်ဘုရားမ၏ လေသံတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေသည်။

ရွှယ်အန်းက မတုန်လှုပ်ဘဲ ဖျော့တော့စွာ ပြောလိုက်သည်။

"ပြောလို့ ပြီးပြီလား၊ ပြီးရင်တော့ ထျန်ကျောက်နတ်ဘုရားတွေရဲ့ ကျဆုံးခန်းက မင်းကနေ စလိုက်ကြတာပေါ့"

ကျိန်စာနတ်ဘုရားမက ဒေါသတကြီး ရယ်မောလိုက်သည်။

"ကောင်စုတ်..."

သူမ စကားမဆုံးခင်မှာပင် ရွှယ်အန်းသည် ခြေတစ်လှမ်း လှမ်းလိုက်ရာ ပုံရိပ်လက်ခနဲ ဖြစ်သွားပြီး ကျိန်စာနတ်ဘုရားမ၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားကာ လက်သီးဖြင့် ထိုးချလိုက်လေသည်။

ဤလက်သီးချက်သည် ပြင်းထန်လွန်းလှသဖြင့် ဖြတ်သန်းသွားသော လေထုကို ဖိသိပ်ပေါက်ကွဲသွားစေပြီး ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။

သို့သော် ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ကျိန်စာနတ်ဘုရားမသည် အထင်သေးသော အမူအရာဖြင့် သူမ၏ ဝတ်ရုံလက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်လေသည်။

ဘုန်း...

ထိုလက်သီးချက်သည် အတင်းအဓမ္မ ရပ်တန့်ခြင်း ခံလိုက်ရပြီး ရွှယ်အန်းသည် ကြီးမားသော စွမ်းအားတစ်ခုကြောင့် ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားရလေသည်။

ကျိန်စာနတ်ဘုရားမသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး အထက်စီးမှ ရွှယ်အန်းကို ငုံ့ကြည့်ကာ မောက်မာစွာ ပြောလိုက်လေသည်။

"လူနဲ့ နတ်ဘုရား ကြားက ကွာခြားချက်က ဘာကို ဆိုလိုလဲဆိုတာ မင်းနားမလည်သေးပါဘူး၊ မင်းရဲ့ လက်သီးချက်က ချီးကျူးစရာ ကောင်းပေမယ့် ငါ့မျက်လုံးထဲမှာတော့ ကလေးကစားစရာလိုပဲ ရယ်စရာ ကောင်းနေတယ်"

နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူများစွာက ရွှယ်အန်းကို အပြစ်တင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ရွှယ်အန်း၏ စွမ်းဆောင်ရည်သည် လွှမ်းမိုးမှု ကြီးမားလွန်းခဲ့ပြီး ပါရမီရှင်များစွာကို သတ်ဖြတ်ခဲ့ကာ နတ်ဘုရားများကိုပင် မျိုးဖြုတ်မည်ဟု ကြေညာခဲ့သည်။ ထိုလုပ်ရပ်များသည် မနာလိုဝန်တိုမှုနှင့် အမုန်းတရားများကို ဖိတ်ခေါ်ခဲ့သည်မှာ သဘာဝဖြစ်သည်။

ယခုတွင် လမ်းတစ်လျှောက် အတားအဆီးမရှိ တိုက်ခိုက်လာသော ရွှယ်အန်းသည် နတ်ဘုရားမ ရှေ့တွင် အရေးနိမ့်သွားသည်ကို မြင်လိုက်ရသဖြင့် ထိုလူများသည် ဝမ်းသာအားရ ဖြစ်နေကြလေသည်။

ချူရှောင်ယွင်မှာ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

"သခင်ကြီး..."

ကျိန်စာနတ်ဘုရားမသည် ခေါင်းလှည့်ကာ ချူရှောင်ယွင်ကို ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

"ချူရှောင်ယွင်၊ နင်က ပြင်ပလူတွေနဲ့ ပေါင်းပြီး ကိုယ့်ဂိုဏ်းကို ပြန်တိုက်ခိုက်ရဲမှတော့ ဒီနေ့ နင်လည်း ပေးဆပ်ရလိမ့်မယ်၊ သူ့ကိစ္စ ပြီးတာနဲ့ နင့်အလှည့်ပဲ"

ယခင်ကဆိုလျှင် ချူရှောင်ယွင်သည် ကျိန်စာနတ်ဘုရားမကို ကျားတစ်ကောင်အလား ကြောက်ရွံ့သဖြင့် ဆောင်းတွင်းမှ ပုစဉ်းရင်ကွဲကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေမိမည် ဖြစ်သည်။ သို့သော် ယနေ့တွင် ကြောက်ရွံ့နေရုံဖြင့် အရာမထင်ကြောင်း သူမ နားလည်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ကျိန်စာနတ်ဘုရားမ၏ စကားကို ကြားသောအခါ သူမ၏ မျက်လုံးများ အေးစက်သွားလေသည်။

"ဂိုဏ်း ဟုတ်လား၊ ဟား... ရှင်က ကျွန်မကို တပည့်တစ်ယောက်လို ဘယ်တုန်းက ဆက်ဆံဖူးလို့လဲ၊ ကျွန်မ ခန္ဓာကိုယ်ထဲက သွေးမျိုးဆက်ကို လိုချင်လို့သာ မဟုတ်ရင် ကျွန်မကို သတ်ပစ်တာ ကြာပြီမလား"

"သေချင်နေတာပဲ"

ပုံမှန်တွင် လိမ္မာယဉ်ကျေးသော တပည့်မလေးက လူအများရှေ့တွင် သူမကို ပြန်ပြောရဲသည်ကို တွေ့လိုက်ရသဖြင့် ကျိန်စာနတ်ဘုရားမ ဒေါသထွက်သွားပြီး မျက်လုံးများ အရောင်လက်သွားကာ မီးခိုးရောင် အလင်းတန်းတစ်ခု ချူရှောင်ယွင်ထံသို့ ပစ်လွှတ်လိုက်လေသည်။

ပုပ်သိုးသော အငွေ့အသက်များ ပါဝင်နေသည့် မီးခိုးရောင် အလင်းတန်းကို မြင်လိုက်ရသဖြင့် အားလုံး၏ မျက်နှာများတွင် ကြောက်ရွံ့မှုများ ပေါ်လာပြီး နောက်ဆုတ်လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကျိန်စာနတ်ဘုရားမ၏ အမှတ်တံဆိပ်ဖြစ်သော ကျိန်စာအလင်းတန်း ဖြစ်ကြောင်း သိထားကြသောကြောင့်ဖြစ်သည်။

ဤအရာသည် အလွန် ကိုင်တွယ်ရ ခက်ခဲသည်။ တစ်ကြိမ် ထိမိသည်နှင့် အရိုးထဲ စွဲနေသော လောက်ကောင်များကဲ့သို့ ဖယ်ရှားပစ်ရန် ခက်ခဲလှသည်။ ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ၎င်းကို ဖယ်ရှားရန် အရေခွံတစ်လွှာ ဆုံးရှုံးရပေမည်။

ထို့ကြောင့်ပင် ကျိန်စာနတ်ဘုရားမသည် နတ်ဘုရားအသစ် ဖြစ်သော်လည်း မြင့်မြတ်သော အဆင့်အတန်းကို ရရှိထားခြင်း ဖြစ်သည်။ ထျန်ကျောက်နယ်ပယ်မှ အခြား နတ်ဘုရားများပင်လျှင် ဤကဲ့သို့သော ထူးဆန်းသည့် တိုက်ခိုက်နည်းကို ရင်ဆိုင်ရလျှင် လမ်းဖယ်ပေးကြရသည်။

ချူရှောင်ယွင်သည် ထိုအရာကို နားလည်သော်လည်း နောက်ဆုတ်ရန် လမ်းမရှိတော့သဖြင့် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှိသမျှ နတ်ဘုရားစွမ်းအားများကို စုစည်းကာ ခုခံရန် ပြင်ဆင်လိုက်လေသည်။

သို့သော် ထိုအချိန်တွင် ပုံရိပ်တစ်ခု သူမရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ဝင်လာသော ကျိန်စာအလင်းတန်းကို ခန္ဓာကိုယ်ဖြင့် ကာကွယ်လိုက်လေသည်။

"သခင်ကြီး..."

ချူရှောင်ယွင်က အံ့သြတကြီး အော်ဟစ်လိုက်မိသည်။ နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် တီးတိုးပြောဆိုသံများ ထွက်ပေါ်လာသည်။

"ဒီတစ်ခါတော့ ဒီကောင် သေချာပေါက် သေပြီ"

"ဟုတ်တယ်၊ ကျိန်စာနတ်ဘုရားမရဲ့ ကျိန်စာအလင်းတန်းကို ခန္ဓာကိုယ်နဲ့ရင်းပြီး ကာကွယ်ရဲတယ်ဆိုတော့ သေခြင်းတရားဆိုတာ ဘာလဲ သူ မသိလို့နေမှာ"

ထိုသို့ ပြောဆိုသံများကြားတွင် ကျိန်စာနတ်ဘုရားမ၏ မျက်နှာပေါ်၌ ကျေနပ်သော အရိပ်အယောင်များ ပေါ်လာလေသည်။

သူမ၏ ကျိန်စာအလင်းတန်း ထိမှန်ပြီးနောက် မည်သူမျှ ဘာမှမဖြစ်ဘဲ မနေနိုင်ပေ။ နတ်ဘုရားဘုရင်ပင် မလွတ်ကင်းနိုင်လျှင် ဤလူငယ်အတွက် ဆိုဖွယ်ရာ မရှိတော့ပေ။

သို့သော် ရွှယ်အန်း သေပြီ သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရသွားပြီဟု အားလုံး ထင်မှတ်လိုက်ချိန်တွင် မီးခိုးရောင် အလင်းတန်းများ ဝန်းရံခံထားရသော ရွှယ်အန်းသည် ပြုံးလိုက်လေသည်။

"ဒါက မင်းရဲ့ ကျိန်စာစွမ်းအားလား၊ အိုမင်းခြင်း၊ ယိုယွင်းခြင်း၊ ပုပ်သိုးခြင်း၊ အားနည်းခြင်း... တော်တော် စုံသားပဲ ဒါပေမဲ့ ဝမ်းနည်းစရာက..."

ထိုသိူ့ပြောနေရင်းဖြင့် ရွှယ်အန်းသည် လက်ကို လှန်လိုက်ရာ မီးခိုးရောင် အလင်းတန်းများသည် ဒီရေကျသကဲ့သို့ ပြန်ဆုတ်သွားပြီး သူ၏ လက်ဝါးပေါ်တွင် စုဝေးသွားလေသည်။ ရွှယ်အန်းသည် မီးခိုးရောင် အလင်းလုံးကို ကိုင်ထားကာ ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်လေသည်။

"အားနည်းလွန်းနေသေးတယ်..."

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် လက်သီးကို ရုတ်တရက် ဆုပ်လိုက်လေသည်။ မီးခိုးရောင် အလင်းတန်းသည် ဘာမှမကျန်အောင် ချေမှုန်းခြင်း ခံလိုက်ရလေသည်။

ကျိန်စာနတ်ဘုရားမမှာလည်း အနည်းငယ် ကြောင်သွားသည်။ သူမ၏ ကျိန်စာကို ရွှယ်အန်းကဲ့သို့ အရေးမစိုက်သော သူမျိုး တစ်ခါမှ မတွေ့ဖူးပေ။

ဘာဖြစ်နေတာလဲ၊ သူ့ဆီမှာ ကျိန်စာဒဏ်ကို ခံနိုင်ရည်ရှိစေတဲ့ အစွမ်းထက်အဆောင် တစ်ခုခု ရှိနေလို့များလား…

အခန်း (၁၀၉၂) - နတ်ဘုရား ပြန်လည်ရောက်ရှိလာခြင်း

ကျိန်စာနတ်ဘုရားမ၏ စိတ်ထဲတွင် အတွေးတစ်ချက် ဖြတ်သန်းသွားချိန်မှာပင် ရွှယ်အန်း၏ အသံသည် သူမ၏ နောက်ကျောဘက်ဆီမှ ထွက်ပေါ်လာလေသည်။

"ကစားပွဲစပြီ၊ ပျော်ရွှင်ပါစေလို့ မျှော်လင့်ပါတယ်"

ကျိန်စာနတ်ဘုရားမသည် ရွှယ်အန်းမှာ သူမ၏ ကျောနောက်တည့်တည့်တွင် ရပ်နေသည်ကို အာရုံခံမိလိုက်ရုံသာမက သူမ၏ လည်ပင်းပေါ်သို့ ကျရောက်နေသော သူ၏ ထွက်သက်လေနွေးနွေးကိုပါ ခံစားလိုက်ရသဖြင့် သူမ၏ ကြွက်သားများ တောင့်တင်းသွားလေသည်။ ဤအရာက ကျိန်စာနတ်ဘုရားမ၏ မွေးညင်းများကို ထောင်ထသွားစေသော်လည်း သူမ၏ တုံ့ပြန်မှုက အလွန်လျင်မြန်လှသည်။

လှပသော ခြေတံရှည်တစ်ဖက်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်သို့ ပိုင်းကန်ချက် ထွက်ပေါ်လာသည်။ ကျိန်စာနတ်ဘုရားမသည် ကိုယ်ခန္ဓာတိုက်ခိုက်မှုတွင် ကျွမ်းကျင်သူ မဟုတ်သော်လည်း သူမ၏ နတ်ဘုရားခန္ဓာကိုယ်မှ စွမ်းအားများသည် ထိုကန်ချက်ကို သေစေနိုင်လောက်သည့် အစွမ်းသတ္တိများ ပါဝင်စေခဲ့သည်။

သို့သော် မထင်မှတ်ထားသည့်အရာမှာ ကျိန်စာနတ်ဘုရားမ၏ ကန်ချက် လွဲချော်သွားခြင်းပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူမ၏ စိတ်ထဲ၌ အချက်ပေးခေါင်းလောင်းသံများ မြည်ဟီးလာပြီး နတ်ဘုရားစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကာ သူမ၏ ခန္ဓာကိုယ်သည် မှေးမှိန်ပျောက်ကွယ်သွားပြီး လေဟာနယ်ကို ဖြတ်သန်းကာ နေရာရွှေ့ပြောင်းရန် ကြိုးစားလိုက်သည်။

သို့သော် ထိုအချိန်၌ပင် လက်တစ်ဖက်သည် လေဟာနယ်ထဲသို့ တိုက်ရိုက် ထိုးဝင်လာပြီး ကျိန်စာနတ်ဘုရားမ၏ လည်ပင်းကို ဖမ်းဆုပ်ကာ အနောက်သို့ အားကုန် ဆောင့်ဆွဲလိုက်လေသည်။

ကျိန်စာနတ်ဘုရားမသည် အချည်းနှီးသာ ရုန်းကန်နေရပြီး အနောက်သို့ ပါသွားကာ ခါးကိုင်းသွားရလေသည်။ ထိုအချိန်မှာပင် ရွှယ်အန်းသည် သူ၏ ဒူးခေါင်းဖြင့် အပေါ်သို့ ပင့်တင် တိုက်ခိုက်လိုက်သည်။

ဂျွတ်!

အရိုးကျိုးသံသည် ကြောက်မက်ဖွယ်ကောင်းစွာ ပဲ့တင်ထပ်သွားသည်။ ထိုဒူးတိုက်ချက်သည် ကျိန်စာနတ်ဘုရားမ၏ ကျောရိုးဆစ်များကို တိုက်ရိုက် ရိုက်ချိုးပစ်လိုက်ပြီး အရှိန်ပြင်းထန်လွန်းလှသဖြင့် ရင်ဘတ်အရှေ့ဘက်သို့ပါ ဖောက်ထွက်သွားကာ သွေးများ ပန်းထွက်လာစေသည်။

ကျိန်စာနတ်ဘုရားမသည် နာကျင်မှုကြောင့် စူးဝါးစွာ အော်ဟစ်လိုက်ပြီး ရုန်းကန်ရန် ကြိုးစားသော်လည်း ရွှယ်အန်းက သူမကို အခွင့်အရေး မပေးချေ။ နောက်ထပ် ကန်ချက်တစ်ချက် ထပ်မံ ထွက်ပေါ်လာပြီး သူမ၏ ခြေထောက်နှစ်ဖက်လုံးကို ပေါက်ကွဲကြေမွသွားစေသည်။

ထို့နောက်တွင်တော့ ရွှယ်အန်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ စတင်လေတော့သည်။ ရွှယ်အန်းသည် မျိုးစုံလှသော အံ့မခန်း တိုက်ကွက်များကို ထုတ်ဖော်ပြသလိုက်ရာ ကျိန်စာနတ်ဘုရားမမှာ လူသားသဲအိတ် တစ်လုံးပမာ ဟိုဟိုဒီဒီ လွင့်စဉ်နေရပြီး အဆက်မပြတ် အော်ဟစ်နေရလေသည်။

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လူအများအပြား၏ သွားချင်းရိုက်ခတ်သံများကိုပင် ကြားနေရသည်။ အခြေအနေမှာ ဤသို့ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

လွန်ခဲ့သော အချိန် ခဏလေးအထိ မောက်မာဝင့်ကြွားနေခဲ့သော ကျိန်စာနတ်ဘုရားမသည် ယခုအခါတွင် ရွှယ်အန်း၏ လူသားသဲအိတ် ဖြစ်သွားခဲ့ရလေသည်။ ဤကဲ့သို့ ရုတ်တရက် ကျဆင်းသွားမှုသည် ဂုဏ်ပြုရန် လာရောက်ကြသော ဧည့်သည်များကိုသာမက ကျိန်စာမြို့တော်မှ လူများကိုပါ မယုံကြည်နိုင်အောင် ဖြစ်စေခဲ့သည်။

သို့သော် လက်တွေ့အမှန်တရားမှာ မျက်စိရှေ့မှောက်တွင် ရှိနေသည်။ လေထဲတွင် ဟိုဟိုဒီဒီ လွင့်စဉ်နေသော လူပုံစံပင် မပေါက်တော့သည့် အသားတုံးကြီးသည် အစောလေးကမှ တက်ကြွဝင့်ကြွားနေသော နတ်ဘုရားမ ဖြစ်ပေသည်။

အစပိုင်းတွင် အော်ဟစ်သံအချို့ကို ကြားနေရသေးသော်လည်း ယခုအခါတွင် အော်သံများပင် ထွက်မလာတော့ချေ။

ဒါက... နတ်ဘုရားမ အရှင်လတ်လတ် ရိုက်သတ်ခံလိုက်ရတာများလား...

ဤအတွေးသည် လူအများအပြား၏ စိတ်ထဲတွင် ဝင်ရောက်လာပြီး ကြက်သီးမွေးညင်းများ ထသွားစေသည်။

ထိုအချိန်တွင် ရွှယ်အန်းသည် ပုံပျက်ပန်းပျက် ဖြစ်နေသော ကျိန်စာနတ်ဘုရားမ၏ ခန္ဓာကိုယ်ကို ဆွဲကိုင်၍ လေထဲသို့ ပျံတက်သွားပြီးနောက် တံတောင်ဆစ်ဖြင့် ရိုက်ချကာ မြေကြီးပေါ်သို့ တည့်တည့်မတ်မတ် ဆောင့်ချလိုက်လေသည်။

မူလတွင် ပြန့်ပြူး၍ ခိုင်ခံ့လှသော ကောင်းကင်စင်မြင့်၏ မျက်နှာပြင်သည် ရွှယ်အန်း၏ ရက်စက်ကြမ်းကြုတ်သော ပြုမူမှုကြောင့် အဆုံးတွင် အက်ကွဲသွားပြီး ဝမ်းနည်းဖွယ် မြည်သံနှင့်အတူ ပြိုကွဲပျက်စီးသွားလေသည်။ နက်ရှိုင်း၍ အောက်ခြေမမြင်ရသော တွင်းနက်ကြီးတစ်ခုသည် ကောင်းကင်စင်မြင့်၏ အလယ်တည့်တည့်တွင် ပေါ်ပေါက်လာသည်။

လူတိုင်း ပါးစပ်အဟောင်းသား ငေးကြည့်နေမိကြသည်။ အတန်ကြာသောအခါ ရွမ်ကျင်းရှိုသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။

"အစ်မပု၊ ဆရာ... ဆရာသခင် တကယ် သေသွားပြီလားဟင်"

ပုယန်ရုသည်လည်း ကြောင်အမ်းနေလေသည်။ ရွှယ်အန်း ဤမျှလောက်အထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။ သူမ၏ ဆရာသခင်ကိုပင် ဤကဲ့သို့ အနိုင်ယူနိုင်ခဲ့သည်။

ဒါပေမဲ့ ဆရာသခင်က တကယ်ပဲ ဒီလောက်လွယ်လွယ်နဲ့ ရှုံးနိမ့်သွားမှာလား...

ပုယန်ရု၏ စိတ်ထဲတွင် သံသယအချို့ ဝင်လာသည်။ ထိုအချိန်၌ပင် ရက်စက်၍ နာကြည်းမှုများ ပြည့်နှက်နေသော ရယ်သံတစ်သံသည် တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာလေသည်။

"ကောင်းတယ်၊ နင် ငါ့ ဒေါသကိုဆွနိုင်ခဲ့ပြီပဲ၊ လူငယ်လေး... နင်က ငါ့ကို ဒီလိုဆက်ဆံရဲတဲ့ ပထမဆုံးလူပဲ၊ ငါ မင်းကို စမ်းသပ်ပစ္စည်း တစ်ခုအဖြစ် လုပ်ပစ်ပြီး ထာဝရ နာကျင်ခံစားရအောင် လုပ်ပစ်မယ်"

ဤစကားသံသည် လူများစွာ၏ မျက်နှာကို ဝမ်းသာအားရ ဖြစ်သွားစေသည်။

"ဆရာသခင်၊ ဆရာသခင် မသေဘူးဟေ့"

ရွမ်ကျင်းရှိုက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

သူ၏ စကားသံဆုံးသည်နှင့် ပုယန်ရုသည် လက်ကိုမြှောက်ကာ သူ့ပါးကို ဖြတ်ရိုက်လိုက်ပြီး ဆူငေါက်လိုက်သည်။

"ပေါက်ကရတွေ မပြောစမ်းနဲ့၊ ငါတို့ရဲ့ ဆရာသခင်က အထွတ်အထိပ် နတ်ဘုရားတစ်ပါးလေ၊ ဘယ်လိုလုပ် သေမှာလဲ"

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..."

ရွမ်ကျင်းရှိုသည် ပါးကိုအုပ်ရင်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် အလင်းတန်းများသည် တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော မီးခိုးရောင် အငွေ့အသက်များ လှိမ့်ဝင်လာလေသည်။ ထိုအငွေ့များသည် လူတိုင်းကို အသည်းအသန် ရှောင်တိမ်းစေခဲ့သည်။ ရွှယ်အန်း တစ်ယောက်တည်းသာ အလယ်ဗဟိုတွင် တိတ်ဆိတ်စွာ ရပ်နေပြီး အေးစက်စွာ ကြည့်ရှုနေသည်။

မီးခိုးရောင် အငွေ့များ ပြင်းထန်စွာ လှုပ်ရှားလာသည်နှင့်အမျှ ကောင်းကင်စင်မြင့်သည် စတင် တုန်ခါလာလေသည်။

ရုတ်တရက်ပင် မြေပြင်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီးနောက် တွင်းနက်ကြီးထဲမှ အလင်းရောင်များ တောက်ပစွာ ဖြာထွက်လာသည်။ မီးခိုးငွေ့များသည် တစ်နေရာတည်းသို့ စုစည်းသွားပြီး လူသားပုံသဏ္ဌာန်တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ဤဖြစ်စဉ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် လျင်မြန်စွာ ဖြစ်ပျက်သွားပြီး အမျိုးသမီးတစ်ဦး၏ ပုံသဏ္ဌာန် ပေါ်ပေါက်လာလေသည်။

ထိုအမျိုးသမီး ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည့်အခါ အလွန်အမင်း လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခုသည် ကွင်းပြင်တစ်ခုလုံးကို ခြိမ်းခြောက်သွားလေသည်။ အရှိန်အဝါသည် အလွန်တရာ အစွမ်းထက်လှသည်။ ၎င်းသည် ကောင်းကင်စင်မြင့် တစ်ခုလုံး၏ လေဟာနယ်ကိုပင် ခဲသွားစေပြီး ဝိညာဉ်စွမ်းအင် မုန်တိုင်းများပင် မလှုပ်ရှားနိုင်တော့ချေ။

ပုယန်ရုသည် ဒူးထောက်ကျသွားပြီး စိတ်လှုပ်ရှားစွာဖြင့် အကြိမ်ကြိမ် ဦးခိုက်ကာ ရေရွတ်လိုက်သည်။

"ကြိုဆိုပါတယ် နတ်ဘုရားမ၊ နေရာဌာနဆီသို့ ပြန်လည်ရောက်ရှိခြင်းအတွက် ဂုဏ်ပြုပါတယ်"

ပုယန်ရု၏ ဒူးထောက်လိုက်မှုသည် အစပြုခြင်းဖြစ်သွားပြီး ကွင်းပြင်ရှိ လူအားလုံးနီးပါး တဖွဲဖွဲ ဒူးထောက်လိုက်ကြလေသည်။ အမှန်တွင် လူအချို့သည် ဒူးမထောက်ချင်ကြသော်လည်း ကျိန်စာနတ်ဘုရားမထံမှ ထွက်ပေါ်လာသော အံ့မခန်း ဖိအားပေးမှုအောက်တွင် ဒူးထောက်ရန် ဖိအားပေးခံလိုက်ရပြီး ခေါင်းများပင် မမော့နိုင်အောင် ဖြစ်သွားကြသည်။

ပုယန်ရု၏ ကြိုဆိုသော စကားလုံးများသည် လူအများအပြားကို ထိတ်လန့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းနတ်ဘုရားများကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်များသာလျှင် နေရာဌာနသို့ ပြန်လည်ရောက်ရှိခြင်း ဟူသော တင်စားမှုကို ခံယူထိုက်သောကြောင့် ဖြစ်သည်။

ဒါဆိုရင်...

လူအများ၏ ရင်ထဲတွင် တုန်လှုပ်ချောက်ချား သွားကြသည်။

သူတို့ ထင်ထားသည့်အတိုင်းပင် ကျိန်စာနတ်ဘုရားမသည် အေးစက်စွာ ရယ်မောလိုက်သည်။

"ငါက အဆင့်တက်ဖို့ အခွင့်ကောင်းကို စောင့်နေမလို့ပဲ၊ ဒါပေမဲ့ နင်က သေချင်နေမှတော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့"

သူမ စကားပြောလိုက်သည်နှင့် သူမ၏ ဘုန်းတန်ခိုးအာဏာသည် ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ထွက်ပေါ်လာပြီး ကွင်းပြင်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားရာ လူတိုင်းကို အသက်ရှူရင်းပင် တုန်ရီသွားစေသည်။

"သူမက ရှေးဟောင်းနတ်ဘုရား အဆင့်ကို ရောက်သွားပြီပဲ၊ နတ်ဘုရားမက နောက်ဆုံးတော့ အင်မော်တယ်သခင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ"

ပုယန်ရုသည် မျက်ရည်များ စီးကျလျက် အော်ဟစ်လိုက်သည်။

သူမ၏ စကားသံသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ တုန်လှုပ်ဖွယ်ရာဖြစ်ပြီး လူတိုင်းကို အကြီးမားဆုံးသော လေးစားမှုဖြင့် ဦးညွှတ်စေကာ မလေးမစား မလုပ်ရဲအောင် ဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းနတ်ဘုရား အဆင့်ဆိုသည်မှာ လက်ရှိကမ္ဘာလောကတွင် ရှိနေသော နတ်ဘုရားများအကြား အမြင့်ဆုံးသော အင်အားကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။

ထိုအဆင့်သို့ ရောက်ရှိသွားသည်နှင့် ထာဝရအသက်ရှင်ခြင်းကို ရရှိပြီး ဒေသတစ်ခုကို အုပ်စိုးသော သူတစ်ယောက် အမှန်တကယ် ဖြစ်လာပေတော့မည်။

ယခုတွင် မည်သူမျှ ဝင်မပြောကြသော်လည်း လူအများက ရွှယ်အန်းကို သေမိန့်ချမှတ်ပြီး ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ရှေးဟောင်းနတ်ဘုရားအဆင့် ရောက်ရှိနေသူ တစ်ယောက်ကို ယှဉ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ကျိန်စာတိုက်ခြင်းတွင် ကျွမ်းကျင်သော ရှေးဟောင်းနတ်ဘုရား အဆင့်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

ဤမျှ ကွာခြားလှသော အင်အားကွာဟမှုသည် လူတိုင်း၏ အမြင်တွင် ရွှယ်အန်း အသက်ရှင်လွတ်မြောက်နိုင်မည့် မျှော်လင့်ချက်ကို ငြှိမ်းသတ်လိုက်ပြီ ဖြစ်သည်။ သို့သော် ထိုအခြေအနေမျိုးတွင်ပင် ရွှယ်အန်းသည် တိတ်ဆိတ်စွာ ရပ်နေဆဲဖြစ်ပြီး သူ၏ မျက်ဝန်းထဲမှ အလင်းရောင်များသည် တဖြည်းဖြည်း ပြင်းထန်လာလေသည်။

ထိုအချိန်တွင် ကျိန်စာနတ်ဘုရားမသည် ကျက်သရေရှိ၍ ခမ်းနားသော အသံဖြင့် ပြောလိုက်သည်။

"နင်ရဲ့ ကိုယ်ခန္ဓာစွမ်းရည်က မဆိုးဘူးပဲ၊ ပြီးတော့ တိုက်ကွက်တွေကလည်း တော်တော်လေး ထူးခြားတယ်၊ ဒါပေမဲ့ ဒီလောက်လေးနဲ့ နတ်ဘုရားတစ်ပါးကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား"

"နင် သိထားသင့်တာက... ခုနက မင်း တိုက်ခိုက်ခဲ့တာက ငါ့ရဲ့ ကိုယ်ပွား တစ်ခုပဲ ရှိသေးတယ်၊ ပြီးတော့ ဒ

ဒါကမှ ငါ့ရဲ့ စစ်မှန်တဲ့ နတ်ဘုရားခန္ဓာကိုယ် အစစ်ပဲ"

ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်သည်။

"အို... အဲ့ဒီတော့ ဘာဖြစ်လဲ။၊ကိုယ်ပွားတောင် အရိုက်ခံရသေးတာပဲ၊ နတ်ဘုရားခန္ဓာကိုယ်ကရော အရိုက်မခံရနိုင်ဘူးလို့ ပြောချင်တာလား"

အပြစ်အနာအဆာကင်းသော ကျိန်စာနတ်ဘုရားမ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"အမှန်တိုင်းပြောရရင် ဒီလိုအချိန်ရောက်နေတာတောင် မင်းက မောက်မာနေတုန်းပဲဆိုတော့ မင်းရဲ့ သတ္တိက ဘယ်လောက်တောင် ကြီးမားလဲဆိုတာ ငါ တကယ် သိချင်လာပြီ"

"စမ်းကြည့်လိုက်လေ..."

ရွှယ်အန်းက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

All Chapters