← Chapters

ဦးနှောက်ပျက်နေတာလား

Vol. 30 Ch. 297

ဦးနှောက်ပျက်နေတာလား

Vol. 30 Ch. 297

ထိုအရာကို ကြားလိုက်ရတော့ မဟာချန်အရှင်သခင်များအံ့သြဝမ်းသာဖြစ်သွားကြ၏။

ဝူထုံတောင်က ကျင့်ကြံသူများသည် အလွန် မာနကြီးကြကြောင်း လူတိုင်း သိထားကြသည်။

မထင်မှတ်ဘဲ ချင်းဖုန်းတာအိုသခင်၏ တပည့်ဖြစ်ပါလျက်နှင့် ထန်ယွမ်က အလွန်နှိမ့်ချနေ၏။

ယခင်က ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်နှင့် တွေ့လျှင် ဆရာသခင် ပေးသနားထားသော ရတနာကို အားကိုးပြီး အသက်လွတ်အောင် ပြေးမည်ဟု ပြောခဲ့သော်လည်း၊ ယခု တကယ်တမ်း တွေ့ကြုံရသောအခါ လက်တစ်ဖက်တည်းနှင့် သတ်ဖြတ်နိုင်သည်ဟု ပြောဆိုလိုက်သည်။

"မင်း ဒီမှာ လာပြီး လေကြီးလေကျယ် ပြောနေတာကို မင်းဆရာက သိရဲ့လား"

ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်သည် လက်ပိုက်ပြီး ရပ်နေ၏။ ဒေါသထွက်ခြင်း မရှိဘဲ ရယ်မောလိုက်သည်။

ထန်ယွမ်သည် သူ၏ညာလက်မောင်းကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အသံထဲတွင် အေးစက်မှု ပိုမို ပြင်းထန်လာပြီး မျက်ခုံးပင့်ကာ မေးလိုက်၏။

"စမ်းကြည့်ချင်လား"

စကားဆုံးသည်နှင့် ရုတ်တရက် အနီရောင်အလင်းတန်း သုံးခုသည် သူ၏ခါးမှ ပျံသန်းထွက်ပေါ်လာသည်။

လက်မအရွယ်အစားရှိပြီး ကြာစေ့ပုံသဏ္ဍာန် ဖြစ်သော်လည်း ကြည်လင်တောက်ပနေကာ အတွင်း၌ မီးတောက်များ တောက်လောင်နေသည်။

နောက်တစ်ခဏတွင် ကြာစေ့များသည် သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွား၏။

ဂြွတ်ခနဲ မြည်အောင် သူသည် ကြာစေ့များကို ပြင်းထန်စွာ ကိုက်ဝါးချေမွပစ်လိုက်၏။

တခဏချင်းတွင် ထန်ယွမ်၏ဆံပင်များသည် မီးတောက်များ လွှမ်းခြုံထားသကဲ့သို့ ရိုင်းစိုင်းစွာ ကခုန်လာပြီး သူ၏အကြည့်များကလည်း အဆပေါင်းများစွာ ပိုမို ကြမ်းတမ်းလာသည်။

ကျန်ရှိနေသော ကြာစေ့နှစ်စေ့ပါးစပ်ထဲ ဝင်သွားသည်နှင့် တပြိုင်နက် သူ၏ဖြူဖွေးသော ဝတ်စုံအောက်ရှိအရေပြားများ ရုတ်တရက် ကွဲအက်သွားပြီး ထိုအက်ကြောင်းများထဲတွင် မီးတောင်ချော်ရည်ကဲ့သို့ အရည်များ ပွက်ပွက်ဆူလာကာ အရေပြားတစ်ခုလုံး သွေးရောင် ပြောင်းသွားသည်။

သူ့ပတ်ဝန်းကျင်ရှိ လေထုအခြေအနေသည် ချက်ချင်းပင် ကြမ်းတမ်းပြင်းထန်လာ၏။

ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကြောင့် မြင်ကွင်းရှိ အရာအားလုံးသည် တွန့်လိမ်ကုန်သည်။

သူနှင့် အနီးဆုံးတွင် ရှိနေသော မဟာချန် အရှင်သခင်များသည် သူ၏လျှံကျလာသော အရှိန်အဝါကို ခုခံရန်အတွက် တာအိုဝိညာဉ်များကိုပင် ထုတ်သုံးလိုက်ရသည်။

ထန်ယွမ်သည် ခြင်္သေ့ဧကရာဇ်ကို ဂရုမစိုက်သလို ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားကာ ကြမ်းကြုတ်သောအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

သူသည် လက်ကိုဆန့်ထုတ်ပြီး တစ်ဖက်လူကို လက်ညှိုးကွေးကာ ခေါ်လိုက်လေ၏။

"လာစမ်းပါ"

"ရှူး..."

နတ်ဆိုးဖိနှိပ်ခြင်းမြို့တော်တုန်းက တည်ငြိမ်အေးဆေးသော ပုံစံနှင့် လုံးဝ မတူတော့ဘဲ အလွန် မာနထောင်လွှားနေသည်။

ရွှီဝမ်ယွင်သည် သူမ၏တာအိုဝိညာဉ်ကို ထုတ်သုံးလိုက်ပြီး လက်ထဲမှဓားရိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

စစ်မှန်သောဉာဏ်ကြီးရှင်တစ်ဦးနှင့် သူမကြားက ကွာခြားချက်ကို ပထမဆုံးအကြိမ် အမှန်တကယ် ခံစားလိုက်ရခြင်း ဖြစ်သည်။

သူမထံ လှိမ့်ဝင်လာသော မီးတောက်လှိုင်းများကပင် သူမကို အသက်ရှူရခက်ခဲစေသည်။

ရွှီဝမ်ယွင်သည် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသော ရှန်းယီကို သတိလက်လွတ် မေးလိုက်မိ၏။

"ဒီလို ရတနာအကူအညီနဲ့ဆို သူ ရွှေမျက်လုံး ခြင်္သေ့ဧကရာဇ်ကို နိုင်မှာလား"

"..."

ရှန်းယီ သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေဖို့တောင် စိတ်မပါတော့ပေ။မျှော်လင့်ထားသည့်အတိုင်း ရွှေမျက်လုံး ခြင်္သေ့ဧကရာဇ်က ဖြည်းညှင်းစွာ ပြောလိုက်၏။

"မင်း ဦးနှောက်ပျက်နေတာလား"

ဤမျှထိစွမ်းအားကြီးမားသော အရှိန်အဝါကို ရင်ဆိုင်နေရပါလျက်နှင့် ခြင်္သေ့ဧကရာဇ်သည် တုံ့ပြန်မှု အနည်းငယ်မျှမရှိဘဲ လက်ပိုက်လျက်ပင် ရပ်နေဆဲပင်။

သူ၏မျက်နှာထားတွင် လှောင်ပြောင်မှု အရိပ်အယောင်များပင် ပေါ်လာ၏။

"ဒီဧကရာဇ်ကသာ မင်းကို တကယ်အတည်တကျ တိုက်ခိုက်ချင်ရင် ဘာလို့ ဒီလောက်အားထုတ်နေရဦးမှာလဲ၊ ငတုံးရဲ့"

"..."

ထန်ယွမ်၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း တောင့်ခဲသွား၏။

ဘေးနားရှိ အရှင်သခင်များသည်လည်း ခေတ္တမျှ ကြောင်အသွားပြီးနောက် မျက်နှာပျက်သွားကြသည်။

ထန်ယွမ်ကို သပ်ရပ်စွာကာကွယ်ပေးထားသော အစီအရင်သည် ချက်ချင်း ပြန့်ကျဲသွားပြီး အရပ်မျက်နှာ အသီးသီးသို့ ပျံသန်း ထွက်ပြေးကြသည်။

သို့သော် နောက်ကျသွားပြီ ဖြစ်သည်။

အစီအရင်ဗဟိုချက် အတုမှသံကြိုးများစွာ ထွက်ပေါ်လာပြီး လူအချို့၏ခြေထောက်များကို တိုက်ရိုက် ရစ်ပတ်လိုက်၏။

ထို့နောက် စပါးအုံးမြွေကြီးများကဲ့သို့ပင် သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ တွားတက်သွားပြီး အောက်သို့ ပြင်းထန်စွာ ဆွဲချလိုက်တော့သည်။

"ဖြည်းဖြည်းပေါ့၊ ငါ့မှာ စိတ်ရှည်သည်းခံမှု အများကြီး ရှိပါတယ်"

ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်က သူ့နောက်က လူတစ်ယောက်ကို ဂရုမစိုက်သလို ညွှန်ကြားလိုက်သည်။

စုတ်ပြတ်ပြီးပိန်လှီသော အဘိုးအိုက ပြန်မဖြေပေ။ သူ့မျက်လုံးများက ဝါးတားတား ဖြစ်နေပြီး ဒေါသထွက်ခြင်း၊ စိတ်ဆိုးခြင်း မရှိဘဲ ထုံထိုင်းနေသော ပုံစံဖြင့် လက်ဝါးကို မြှောက်လိုက်သည်။

သူ့လက်ချောင်းထိပ်များ လှုပ်ရှားလိုက်သည်နှင့် သံကြိုးများသည် အသက်ဝင်လာသကဲ့သို့ လိုက်ပါ လှုပ်ရှားလာပြီး ထူထဲသော အနက်ရောင် မြူခိုးများက လူအုပ်စုကို ဝါးမြိုသွားသည်။

ထန်ယွမ် အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ပေါ်မှမီးတောက်များ အဆပေါင်းများစွာ ပြင်းထန်လာပြီး အနက်ရောင် မြူခိုးများနှင့် တိုက်မိကာ စူးရှသော မြည်သံများ ထွက်ပေါ်လာသည်။

ကြာစေ့သုံးစေ့ကို မျိုချပြီးနောက် သူ၏ အရှိန်အဝါသည် ရွှေမျက်လုံး ခြင်္သေ့ဧကရာဇ်ထက် မနိမ့်ကျသော်လည်း အသာစီးမရနိုင်ဘဲ ဖြစ်နေသည်။

"ဒီလိုဖြစ်ဖို့အတွက် သဘာဝရတနာဘယ်နှခုတောင် သုံးစွဲထားရသလဲ"

အားချင်း အံ့သြတကြီး ပါးစပ်ဟသွား၏။ သာမန် နဂါးချုပ်နှောင်တစ္ဆေအစီအရင် သည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ဤမျှ လွှမ်းမိုးစွာ ဖိနှိပ်နိုင်သည့် အစွမ်းသတ္တိ မရှိပေ။

"သူတို့က အကောင်းဆုံး မြေနေရာတွေကို ပိုင်ဆိုင်ထားပြီးတော့ ဘယ်လိုသုံးရမလဲမသိကြဘူးလေ... သဘာဝကျပါတယ်၊ သူတို့ဘဝတွေက ယုံနိုင်စရာမရှိလောက်အောင် ဖြုန်းတီးလွန်းတယ်"

ရွှီဝမ်ယွင်၏မျက်လုံးများ လှုပ်ရှားသွား၏။

"ငါတို့ အခွင့်ကောင်းယူပြီး ထွက်ပြေးကြမလား၊ ဒါမှမဟုတ် သွားကူညီကြမလား"

"နဂါးချုပ်နှောင်အစီအရင်က ဖိနှိပ်ရုံပဲ တတ်နိုင်တာ၊မသတ်နိုင်ဘူး။ ဒါကြောင့် နတ်ဆိုးလှုပ်ရှားလာတဲ့အထိ စောင့်သင့်တာပေါ့။ ထန်ယွမ် သေလုမျောပါးတိုက်ခိုက်နေတာကို အခွင့်ကောင်းယူပြီး တံငါသည် ပုံစံမျိုးကြားက အကျိုးအမြတ် ရယူနိုင်တယ်"

အားချင်းသည် ရှန်းယီနှင့် လိုက်ပါလာသည်မှာ အချိန်အတန်ကြာပြီဖြစ်၍ ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး လူငယ်လေးကို လှည့်ကြည့်ကာ မေးလိုက်၏။

"အဲဒါ အစ်ကိုကြီးရှန်းရဲ့ အစီအစဉ်လား"

ထိုအရာကို ကြားလျှင်၊ရှန်းယီ အားချင်းကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်၏။

ပြီးခဲ့သောအကြိမ်ဂူဗိမာန်တွင် ဤကောင်မလေးက ရှန့်မောင်နှမနှစ်ယောက်ကို တားဆီးရန်ပြေးထွက်ခဲ့သည် သူမှတ်မိနေသေး၏။ ယခု မည်သည့်နေရာကနေ ဤလိုအတွေးမျိုးဝင်ရောက်လာသနည်း။

သူ အကြည့်လွှဲလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

"မင်း ဒီအစီအရင်ကို ဖျက်ဆီးနိုင်လား"

အားချင်း ခဏတာ ကြောင်သွားပြီးနောက် ယုံကြည်မှုရှိရှိ အတည်ပြုလိုက်၏။

"ရပါတယ်"

ဤတစ်ကြိမ် မည်သည့်အရာကွာခြားကြောင်း သူမ မသိသော်လည်း အစ်ကိုကြီးရှန်းထံ၌ အကြောင်းပြချက် ရှိလိမ့်မည်။ အပြင်ထွက် သွားလာချိန်တွင် အခြေအနေပေါ်မူတည်၍ပြောင်းလွယ်ပြင်လွယ် ရှိရန်ကအဓိကကျလေ၏။

"မင်းကို ငါအကောင်းဆုံး ကာကွယ်ပေးပါ့မယ်"

ရှန်းယီ ခေါင်းငြိမ့်ပြပြီး လိုရင်းတိုရှင်း ပြောလိုက်၏။

"ကောင်းပြီ"

အားချင်းလက်ကို ဝှေ့ယမ်းလိုက်ရာ နက်မှောင်သော ကျောက်တုံးအချို့ သူမ၏ လက်ချောင်းများကြားတွင် ရောက်ရှိလာပြီး နေရာအချို့ဆီသို့ ပစ်လွှတ်လိုက်သည်။

လုပ်ဆောင်မှုတစ်ခုလုံးက အလွန်မြန်ဆန်လွန်းသဖြင့် ရွှီဝမ်ယွင် တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ သူတို့ ပုန်းအောင်းနေတာ ပေါ်သွားပြီဆိုတာကို သတိပြုမိလိုက်သည်။

ဘာကြီးလဲဟ။တစ်ယောက်က လုပ်ဖို့ အကြံပေးရဲတယ်၊ နောက်တစ်ယောက်ကလည်း ယုံရဲတယ်ပေါ့လေ။

ဟွမ်ယွမ်အရှင်သခင်နှစ်ယောက်က ကြမ်းကြုတ်တဲ့နတ်ဆိုးဧကရာဇ်ရှေ့မှာ အရမ်းအားနည်းတဲ့ အမြုတေအဆင့် ကျင့်ကြံသူလေးကိုဘယ်လိုလုပ် ကာကွယ်ပေးနိုင်မှာလဲ။ စောစောက နတ်ဘုရားအသွင်ပြောင်းရွှေခန္ဓာကိုယ် စီနီယာ ပါရင်တောင် လုံလောက်မှာ မဟုတ်ဘူး။

ထူးခြားမှုမရှိသော ကျောက်တုံးအချို့သည် ချက်ချင်းပင် နေရာကျမှန်သွား၏။

ထိုအခိုက်အတန့်တွင် စုတ်ပြတ်နေသော အဘိုးအို၏မျက်နှာထားတွင် နောက်ဆုံး၌ လှုပ်ရှားမှုတစ်ခု ပေါ်လာပြီး အသံအက်အက်ဖြင့် ပြောလိုက်သည်။

"ရွှီမိသားစုရဲ့အစီအရင်ဖြိုခွင်းကျောက်တုံးလား"

အစီအရင်ဖြိုခွင်းကျောက်တုံးဟု ခေါ်သော်လည်း ပစ်လိုက်ရုံဖြင့် အစီအရင်ကို ဖျက်ဆီးနိုင်သည်ဟု မဆိုလိုပေ။

ထိရောက်မှု ရှိစေရန်အတွက် အစီအရင်နှင့် အလွန် ရင်းနှီးကျွမ်းဝင်ပြီး ဖုံးကွယ်ထားသော အစီအရင်ဗဟိုချက်ကို ရှာဖွေနိုင်ရမည်။

သံကြိုးများထဲမှအနက်ရောင် မြူခိုးများသည် ခေတ္တမျှ ငြိမ်သက်သွား၏။

ထန်ယွမ် နောက်ဆုံးတွင် အသက်ရှူပေါက် ရသွားသည်။

အနက်ရောင် မြူခိုးများသည် သူ၏ညာဘက်ပခုံးတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး တဖြည်းဖြည်းပိုမို ခိုင်မာလာသည်။

အခွင့်အရေးကိုအရယူကာ သူသည် နတ်ဆိုးဧကရာဇ်နှင့် အဘိုးအိုထံသို့ နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ချလိုက်၏။

ထူထဲသောမီးလှိုင်းများသည် ဆူနာမီကဲ့သို့ လွှမ်းခြုံသွားသည်။

"ဝေါင်း"

ရွှေမျက်လုံး ခြင်္သေ့ဧကရာဇ်သည် နောက်ဆုံးတွင် သူ့ကိုယ်သူရစ်ပတ်ထားသော လက်များကို ဖြည်လိုက်ပြီး အဘိုးအိုကို ကြမ်းတမ်းစွာ ဆွဲမကာကိုက်တစ်ရာခန့် အမြင့်သို့ ပျံတက်သွားသည်။ လျင်မြန်စွာ တုံ့ပြန်ခဲ့သော်လည်း သူ၏နက်မှောင်သော ရွှေရောင်အမွေး အလွှာတစ်လွှာ မီးလောင်ကျွမ်းသွားသည်။

သူ ဒေါသတကြီးဖြင့် အဝေးကို လှမ်းကြည့်လိုက်၏။

သူ့မြင်ကွင်းထဲ ဝင်လာသည်မှာ လေထဲတွင် လွင့်ပျံနေသောအနက်ရောင်ဝတ်စုံနှင့် ချောမောသော လူငယ်လေးတစ်ဦး ဖြစ်သည်။

ထိုလူငယ်သည် လေထဲတွင် ရပ်လျက်ကြည်လင်သော မျက်လုံးများဖြင့် အောက်ဘက်မှ မြင်ကွင်းကို တည်ငြိမ်စွာ ကြည့်ရှုနေသည်။

ရှန်းယီက အလစ်ဝင်တိုက်ခဲ့ခြင်းမဟုတ်ပေ။

ဤအရာက စွမ်းအားအပြည့်ရှိသော နတ်ဆိုးဧကရာဇ်တစ်ပါး၏ရှေ့တွင် သူပထမဆုံးအကြိမ် ရပ်တည်ဖူးတာ ဖြစ်လိမ့်မည်။

သူ ထင်ထားသလောက် ဖိအားမများပေ။

"..."

ရွှေမျက်လုံး ခြင်္သေ့ဧကရာဇ်က အဘိုးအိုကို လွှတ်ချလိုက်ပြီးလက်သည်းများကို ဖြည်းညှင်းစွာ ထုတ်လိုက်၏။

လူငယ်လေး၏ တည်ငြိမ်သော အမူအရာက အခြေအနေကို သူ နားမလည်နိုင်အောင် ဖြစ်စေသည်။

"တာအိုရောင်းရင်းက ကျုပ်ကို ကူညီပြီး အစီအရင်ကို ဖျက်ဆီးပေးနေတာပဲ။ ကျုပ်ထန်ယွမ် လွတ်မြောက်တာနဲ့ ဆရာသခင် ချင်းဖုန်းတာအိုသခင်ကိုသက်သေထားပြီး ဒီနတ်ဆိုးကို သတ်ဖြတ်ပါ့မယ်လို့ ကတိပြုပါတယ်"

ထန်ယွမ်သည်လည်း အဝေးမှ နောက်ထပ် လူတစ်ယောက်ကို သတိထားမိလိုက်သည်။မူလက သူတို့နောက်ကို မသမာသော ရည်ရွယ်ချက်ဖြင့် လူတစ်ယောက် လိုက်လာသည်ဟု သူ ထင်မှတ်ခဲ့သည်။

သို့သော် ထိုသူက ယခုနေရာတွင် လှည့်ကွက်ရှိကြောင်းကိုသိပြီး သူတို့အားတောက်လျှောက် ကာကွယ်ပေးလာခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

အပြစ်ရှိစိတ် ခံစားလိုက်ရသဖြင့် သူအလျင်အမြန် အော်ဟစ်ပြောဆိုလိုက်၏။ဂိုဏ်းကြီးများမှ ဟွမ်ယွမ်အရှင်သခင် အများအပြားမှာမူ အနက်ရောင် မြူခိုးများ ဖုံးလွှမ်းခြင်း ခံထားရပြီ ဖြစ်သည်။ လှုပ်ရှားသံများကို ကြားရသောအခါ သူတို့အားလုံး ရုန်းကန်ကြပြီး မပီမသအသံများ ထွက်ပေါ်လာ၏။

All Chapters