← Chapters

ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်ကို သတ်ဖြတ်ခြင်း

Vol. 30 Ch. 299

ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်ကို သတ်ဖြတ်ခြင်း

Vol. 30 Ch. 299

သဏ္ဍာန်မဲ့နေမင်းကြီးသည် ခြင်္သေ့ဧကရာဇ်၏ ဦးခေါင်းခွံထဲသို့ လုံးဝ ဝင်ရောက်သွား၏။

"ဂါး"

ယခုတစ်ခေါက် ၎င်း၏အော်သံမှာ အနည်းငယ် အက်ကွဲနေပြီး မျက်လုံးအတွင်းမှ ရွှေရောင်အလင်းတန်းများက ပတ်ဝန်းကျင်ကိုကစဉ့်ကလျားလိုက်လံကြည့်ရှုနေ၏။

ရွှေရောင်အလင်းတန်း ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ တောင်တန်းများနှင့် ချောက်ကမ်းပါးများသည် ပြင်းထန်စွာ ပေါက်ကွဲပျက်စီးသွားကြသည်။

ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် ရှန်းယီ၏ ရှေ့တွင် တည်ငြိမ်စွာနေရာယူလိုက်၏။

၎င်း၏ ခန္ဓာကိုယ်ကို အသုံးပြုကာ ရွှေရောင်အလင်းတန်းကို ပိတ်ဆို့ထားလိုက်သည်။

တဖြောက်ဖြောက် အက်ကွဲသံများနှင့်အတူ ရွှေရောင်ခန္ဓာကိုယ်၏ ညာလက်မောင်း ကြေမွသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အက်ကြောင်းများ ထပ်မံ ဖုံးလွှမ်းသွားပြန်သည်။

သို့သော် ၎င်းသည်တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ ခြင်္သေ့ဧကရာဇ်ထံသို့ ချက်ချင်း ခုန်ဝင်တိုက်ခိုက်လိုက်လေ၏။

ပြိုင်ဘက်၏နောက်ခြေတစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး စုတ်ပြဲသံနှင့်အတူ ရက်စက်စွာ ဆွဲဖြုတ်ပစ်လိုက်သည်။

ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်သည် စုတ်ပြတ်နေသောအဝတ်အစားများ ဝတ်ဆင်ထားသည့် အဘိုးအိုထံသို့ ကမူးရှူးထိုး ပြေးသွားသည်။

သို့သော်လည်း ခါးတွင်ရစ်ပတ်ထားသော နက်မှောင်သည့် သံကြိုးများဖြင့် တင်းကြပ်စွာချည်နှောင်ခံလိုက်ရပြီး တောင်ထိပ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသည်။ ၎င်း၏ဦးခေါင်းခွံအတွင်းမှ လီမီးလျှံကိုထုတ်ပစ်ရန် ကြိုးစားရင်း နာကျင်စွာ အော်ဟစ်ကာ စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်ကို လှိမ့်နေရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

ရွှေရောင်ခန္ဓာကိုယ်က ထပ်ကြပ်မကွာ လိုက်ပါလာသော်လည်း သံကြိုးများက ၎င်းထံသို့ပါ လှမ်းလာနေသည်။

ထို့ကြောင့် ခြေလှမ်းတန့်လိုက်ပြီး လေထဲတွင် ဂရုမစိုက်သလို ရပ်တန့်နေလိုက်သည်။

"ကျွန်မကို အချိန်နည်းနည်းလောက် ထပ်ပေးပါ..."

အားချင်းက မျက်ရည်များကို သုတ်လိုက်ရာ သူမ၏အသံတွင် ငိုသံပါနေပြီ ဖြစ်သည်။

ယခုအခါ အစီအရင်သည် တစ်ဖက်တည်းပိုင် မဟုတ်တော့ကြောင်း ထင်ရှားနေ၏။

"လောစရာ မလိုပါဘူး၊ ဖြည်းဖြည်းလုပ်ပါ"

ရှန်းယီ၏အသံမှာ ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။

သို့သော် အားချင်း မမြင်နိုင်သော နေရာတွင် ရွှီဝမ်ယွင်ဖြစ်စေ၊ ထန်ယွမ်ဖြစ်စေ၊ အစီအရင်ကို အသည်းအသန်လုယူထိန်းချုပ်ရန် ကြိုးစားနေသောအဘိုးအိုပင်ဖြစ်စေ သူတို့အားလုံး၏ မျက်နှာထားများမှာ ယခုအချိန်တွင် ဗလာသက်သက်ဖြစ်နေကြ၏။

ပေ ၂၀ ကျော်မြင့်သော ရွှေရောင်ကိုယ်ခန္ဓာသည် ထူးထူးခြားခြား ကြောက်မက်ဖွယ် ကောင်းလှသည်တော့ မဟုတ်ပေ။

နတ်ဆိုးတစ်ထောင်ဂူတွင် ဟွမ်ယွမ်အဆင့် အရှင်သခင်ဆိုသည်မှာ ပြောပလောက်သော အရာမဟုတ်ပေ။

သို့သော်ယခုအခါ နှစ်ဖက်စလုံးသည် ပြင်းထန်စွာ ဒဏ်ရာရထားကြသော်လည်း သူတို့ထံမှ ရက်စက်ကြမ်းကြုတ်၍ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေဆဲ ဖြစ်သည်။

သူတို့သည် ကောင်းကင်ယံမှ စိုက်ကြည့်နေကြသော မြေပြင်ပေါ်တွင်လူးလှိမ့်နေသည့် ရွှေရောင်မျက်လုံးခြင်္သေ့ဧကရာဇ်မှာ သတ်ဖြတ်ရန် စောင့်ဆိုင်းနေသည့် သိုးတစ်ကောင်အလားဖြစ်နေ၏။

တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော စိတ်ဓာတ်ခွန်အားပင်။

ရှန်းယီ၏ခန္ဓာကိုယ်သည် ဒေါင်းနီအလင်းများ ဖုံးလွှမ်းသွားပြီး အသားများလျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာသည်။

သူသည် နတ်ဆိုးအမြုတေတစ်ခုကို ထပ်မံထုတ်ယူကာ ခန္ဓာကိုယ်ထဲသို့ ဖိသွင်းလိုက်ပြီး ကုန်ခမ်းလုနီးပါး ဖြစ်နေသော တာအိုဝိညာဉ်ကို ဖြည့်တင်းလိုက်၏။

ဂရုမစိုက်သလို ပြုမူနေသော ဤလုပ်ရပ်ကြောင့် သူ့ခန္ဓာကိုယ်ပေါ်မှ ကြောက်မက်ဖွယ် ဒဏ်ရာများသည် ပုံရိပ်ယောင်သက်သက်သာ ဖြစ်နေသကဲ့သို့ ထင်မှတ်ရစေသည်။

"ဒီလောကကြီးမှာ ဘယ်လိုများ..."

ထန်ယွမ်သည် အနက်ရောင်မြူခိုးများ၏တိုက်စားမှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း တံတွေးကို အလိုအလျောက် မျိုချလိုက်မိ၏။ သူ၏ နောက်ဆုံးစကားလုံးနှစ်လုံးကို ပြန်မြိုချလိုက်ရသည်။

သူ့ဆရာ ပြောဖူးသည်မှာ သူသည် အပေါ်ယံတွင် တည်ငြိမ်ပုံရသော်လည်း တကယ်တမ်းတွင် စိတ်လိုက်မာန်ပါလုပ်တတ်သော အရူးတစ်ယောက် ဖြစ်သည် ဟူ၏။

သို့သော် ယခုမှသာ စစ်မှန်သောရူးသွပ်မှု၏ အဓိပ္ပာယ်ကို သူအမှန်တကယ် နားလည်သွားခဲ့၏။

ထန်ယွမ်သည် လေးစားအားကျစွာဖြင့် ခေါင်းခါလိုက်ပြီး ပိန်လှီသောအဘိုးအိုဘက်သို့ လှည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ခင်ဗျားက လူသားကျင့်ကြံသူလေ၊ ဘယ်အင်အားစုကမို့လို့ ကျားကိုကူညီပြီး လူဆိုးလုပ်ရဲရတာလဲ။ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ဘူးလား၊ ဒါမှမဟုတ် ချက်ချင်းမရပ်တန့်ချင်သေးတာလား"

ရလဒ်မှာ ရှင်းလင်းနေပြီ ဖြစ်သော်လည်း ဤအခြေအနေအတိုင်း ဆက်သွားနေပါက ပြဿနာများ မလွဲမသွေ ပေါ်လာနိုင်သည်။

မည်သို့ပင်ပြောစေ ဤနေရာက နတ်ဆိုးတစ်ထောင်ဂူဖြစ်လေ၏။

"ငါက လူသားမျိုးနွယ်ကျင့်ကြံသူ မဟုတ်ဘူး၊ ငါ့နောက်မှာ ဘယ်အင်အားစုမှလည်း မရှိဘူး"

စုတ်ပြတ်နေသော အဘိုးအိုသည် အစီအရင်ကို ဆက်လက်ထိန်းချုပ်ထားရင်း အောက်ဘက်ရှိ ရွှီချင်းအာကို လှမ်းကြည့်လိုက်၏။ ကြောက်မက်ဖွယ်မျက်နှာတွင် လှောင်ပြောင်သရော်သည့် အရိပ်အယောင် ပေါ်လာသည်။

"ငါက အစီအရင်တွေနဲ့ရှုပ်နေချင်သေးတဲ့ စွန့်ပစ်ခံ အလောင်းကောင်တစ်ကောင်ပါကွာ။ ဘယ်သူ့အတွက်အစီအရင် ဆောက်ပေးရတယ်ဆိုတာ ဂရုမစိုက်ဘူး"

ထိုစကားကို ကြားသောအခါ ဓားကို ကိုင်ထားသော ရွှီဝမ်ယွင်က တုန်လှုပ်စွာဖြင့် မေးလိုက်၏။

"ရှင်က ရွှီမိသားစုဝင်လား"

အဘိုးအို၏မျက်နှာတွင် အထင်သေးမှု ပိုမိုနက်ရှိုင်းလာသည်။

"အဲဒါက ငါ့အတွက်တော့ လက်လှမ်းမမီနိုင်လောက်အောင် မြင့်မားလွန်းပါတယ်"

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်ကဆိုလျှင် ထိုမျိုးရိုးနာမည်ကို အသိအမှတ်ပြုရန် သူ ဆန္ဒရှိကောင်း ရှိပေလိမ့်မည်။ သို့သော် ရွှမ်ကွမ်းဂူတွင် ဒုက္ခဆင်းရဲခံစားခဲ့ရပြီးနောက် ရွှီမိသားစုထံမှ မည်သည့်သတင်းစကားမျှ မရရှိခဲ့ပေ။

သူ အရာအားလုံးကို စွန့်လွှတ်ခဲ့သည်မှာ ကြာပြီဖြစ်လေ၏။

ရွှမ်ကွမ်းဂူနောက် လိုက်ပါရခြင်းက အဆင်ပြေပါသည်။ ရွှမ်ကွမ်းဂူမှ လူများ နတ်ဆိုးလက်ချက်ဖြင့်သေဆုံးသွားပြီး နတ်ဆိုးများက သူ့ကို အသုံးချချင်လျှင်လည်း ပြဿနာ မဟုတ်တော့ပေ။

"..."

ပိန်လှီသော အဘိုးအိုသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လက်ရှိလုပ်ဆောင်နေသော အလုပ်ကို အာရုံစိုက်လိုက်၏။

ဤတစ်ကြိမ်က ယခုနှစ်အတွင်း သူတွေ့ကြုံရဖူးသမျှအတော်ဆုံးပြိုင်ဘက်ပင်... ပြိုင်ဘက်မှာ အလွန်ငယ်ရွယ်နေသေးရာ သူ့စိတ်ထဲတွင်ခါးသီးမှု အနည်းငယ် ဖြစ်ပေါ်လာသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

အခြေအနေ တည်ငြိမ်သွားပြီ ဖြစ်ကြောင်းအားချင်း အာရုံခံမိပုံရပြီးတုန်ရီနေသော လက်ဖဝါးများ တဖြည်းဖြည်း တည်ငြိမ်လာ၏။

အခြားသူများအဖို့ ဤမြင်ကွင်းသည် ထူးခြားမှု မရှိသလို ထင်ရသော်လည်း၊သူတို့နှစ်ဦး၏ မျက်လုံးထဲတွင်မူ အလွန်ဗျူဟာမြောက်သောယှဉ်ပြိုင်မှုတစ်ခုကဲ့သို့ အစီအရင်လမ်းကြောင်းများဖြင့်ပြည့်နှက်နေသည်။

ထိုအချိန်မှာပင် အနိုင်အရှုံးဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။အားချင်းလက်ထဲမှ အစီအရင်ဖြိုခွဲကျောက်တုံးသည် ရုတ်တရက် ကွဲကြေသွားပြီး အမှုန့်အဖြစ် ပြောင်းလဲကာ လက်ချောင်းများကြားမှ လွင့်မျှောသွားခဲ့၏။

စုတ်ပြတ်နေသော အဘိုးအို၏မျက်ဝန်းများတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွား၏။

သူ တိတ်ဆိတ်စွာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။

ထို့နောက် တုန်ရီနေသော လက်များဖြင့် ရင်ခွင်ထဲမှ စုတ်ပြတ်နေသော စာလိပ်ဟောင်းတစ်ခုကို ထုတ်ယူလိုက်၏။ သူ့လက်ချောင်းထိပ်များ တုန်လှုပ်နေသည်မှာ ဖျက်ဆီးပစ်ရမည်ကို တွန့်ဆုတ်နေသကဲ့သို့ပင်။

သို့သော် နောက်ဆုံးတွင် သူသည် ဒေါသတကြီးဖြင့် အောက်သို့ ပစ်ချလိုက်သည်။

ချက်ချင်းပင် သူ့တစ်ကိုယ်လုံးကို အနက်ရောင်မြူခိုးများ ဝါးမျိုသွားတော့သည်။

အစီအရင်တိုက်ပွဲများတွင်လည်း တန်ပြန်သက်ရောက်မှု ရှိစမြဲပင်။

မျက်တောင်တစ်ခတ်အတွင်း ရွှေရောင်ခန္ဓာကိုယ်သည် ထွက်ပေါ်လာခဲ့၏။

ကမ္ဘာမြေကြီးကိုတုန်ခါသွားစေသော အင်အားဖြင့် ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်၏ ဦးခေါင်းကို ရက်စက်စွာ ရိုက်ခွဲပစ်လိုက်လေ၏။

[နတ်ဘုရားအသွင်ပြောင်းအဆင့် ရွှေမျက်လုံးခြင်္သေ့အား သတ်ဖြတ်ပြီးဆုံး - စုစုပေါင်းသက်တမ်း ၇၀၀၀၀ နှစ်။ ကျန်ရှိသော သက်တမ်း ၂၃၀၀၀ နှစ်။ စုပ်ယူခြင်းပြီးဆုံး။]

ရှန်းယီသည် ၎င်း၏အလောင်းကို သိုလှောင်ရတနာ ထဲသို့ ပေါ့ပေါ့ပါးပါးပင် သိမ်းဆည်းလိုက်၏။

သူ့ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားပြီ ဖြစ်သည်။

တိုက်ပွဲမစမီက အခြေအနေနှင့် ဘာမှ မခြားနားတော့ပေ။

သူသည် မြေကြီးပေါ်တွင် ထိုင်လျက် အမောဖြေနေသော မိန်းကလေးထံသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး လမ်းတွင်ကောက်ယူလာသော စာလိပ်ကို ပေးလိုက်သည်။

"ကျေးဇူးပဲ"

အားချင်းသည် ပစ္စည်းကို ကြောင်တောင်တောင်ဖြင့် ယူလိုက်၏။

သူမ ချက်ချင်း မစစ်ဆေးဘဲ ရင်ခွင်ထဲသို့ ထည့်လိုက်သည်။

သူမ ယခုလေးတင်မြင်တွေ့ခဲ့ရသော မြင်ကွင်းသည် သူမကို အကြီးအကျယ် တုန်လှုပ်စေခဲ့ကြောင်း ထင်ရှားသည်။ သီးခြားနေထိုင်သော မိသားစုမှလူငယ်လေးတစ်ဦးအနေဖြင့် ဤသည်မှာ သူမ တစ်ခါမှ မကြုံဖူးသော အတွေ့အကြုံပင်။

အားချင်းသည် လည်ပင်းမှ ခြောက်သွေ့နေသော သွေးစများကိုထိလိုက်ပြီး ဝတ်ရုံစများ လွင့်ပျံနေဆဲဖြစ်သော အနက်ရောင်ဝတ် လူငယ်လေးကို ကြည့်လိုက်သည်။ဤသွေးစက်များက သူ့သွေးစက်များဟုတ်မဟုတ် သူမ မသေချာပေ။

"ကျွန်မ နည်းနည်း ကြောက်နေတယ်..." သူမ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။

"ဒါဆို ဆက်လိုက်အုံးမလား" ရှန်းယီက သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ ခံစားချက်ကို နားလည်ပေးလိုက်သည်။

သူကိုယ်တိုင်ပင် အမြုတေစွမ်းအင်စုစည်းအဆင့် တွင် ရှိစဉ်က နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် ရင်မဆိုင်ခဲ့ရဖူးပေ။

"အာ... လိုက်မှာပါ"

ရွှီချင်းအာသည် မသိစိတ်ဖြင့် ခေါင်းငြိမ့်လိုက်သော်လည်း မိန်းမောတွေဝေနေဆဲပင်။

"ဒါဆို သူတို့ကို အရင်လွှတ်ပေးလိုက်တော့"

ရှန်းယီက အနက်ရောင်မြူခိုးများ၏ ဝါးမျိုခြင်းကို ခံနေရဆဲဖြစ်သော လူအချို့ကို ကြည့်ပြီး သူမကို ညင်သာစွာ သတိပေးလိုက်၏။

"ဪ"

အားချင်းသည် မြေကြီးပေါ်မှ ကပျာကယာ ထလိုက်ပြီး လက်ဟန်ဖြင့် ဂါထာမန္တန်စတင်ရွတ်ဆိုလိုက်၏။ ယခုအချိန်တွင် အမြုတေစုစည်းခြင်းအဆင့် ကျင့်ကြံသူမျှသာ ဖြစ်သော သူမသည် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အသက်ကို လက်ထဲတွင် ဆုပ်ကိုင်ထားမိကြောင်း သတိမပြုမိလိုက်ပေ။

"အဟွတ်၊ အဟွတ်၊ အဟွတ်"

ဟွမ်ယွမ် အရှင်သခင် အများအပြားသည် နောက်ဆုံးတော့ ချုပ်နှောင်မှုမှ လွတ်မြောက်လာကြလေ၏။

ထန်ယွမ်သည်လည်း လည်ပင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လျက် မြေကြီးပေါ်တွင် ဒူးထောက်ကျသွားသည်။

အနက်ရောင်ပြာမှုန့်များကို အော့အန်ထုတ်နိုင်ရန် အချိန်အတော်ကြာ ယူလိုက်ရလေ၏။ရေငြိမ်းသတ်ခံလိုက်ရသော မီးတောက်တစ်ခုကဲ့သို့ ဖြစ်နေရှာသည်။

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း"

ထန်ယွမ်သည် အသက်ကို ဝဝရှူပြီးနောက် အောက်ဘက်ရှိ လူငယ်ထံသို့ လက်သီးဆုပ်ကာ အရိုအသေပြုလိုက်၏။

သို့သော် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်က သူ့ကို ဂရုမစိုက်ဘဲ မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

ရှန်းယီကသာ ခေါင်းငြိမ့်ပြလိုက်ရာ သူ့အမြင်တွင် ယဉ်ကျေးမှု ရှိသည်ဟု ယူဆရပေမည်။

အမှန်တကယ်တော့ ဤအရာက သူသာ ယဉ်ကျေးသည်ဟု ယူဆသော အရာမျှဖြစ်သည်။

ကျိုးကြောင်းဆီလျော်စွာ တွေးကြည့်မည်ဆိုလျှင် နတ်ဘုရားအသွင်ပြောင်းအဆင့် ရှိသူတစ်ဦးအပေါ် ဟွမ်ယွမ်အဆင့်အရှင်သခင်က ဤကဲ့သို့ သဘောထားမျိုးပြသခြင်းသည် ကြီးလေးသော ရိုင်းပျမှုပင် ဖြစ်သည်။

သို့သော် ရှန်းယီ၏ယခင်က ကြမ်းတမ်းသော အပြုအမူကို ထည့်သွင်းစဉ်းစားလိုက်သည့်အခါ၊ထန်ယွမ်သည် သူ့ဆရာ၏ စီနီယာအစ်ကိုကို ထူးဆန်းစွာ ပြန်လည်အမှတ်ရသွား၏။

ရှန်းယီကဲ့သို့ ကျင့်ကြံသူမျိုးသည် ဤကဲ့သို့သော ပုံစံမျိုးဖြင့် ပြုမူလေ့ရှိပေလိမ့်မည်။

"မိတ်ဆွေကျင့်ကြံသူရဲ့ နာမည်လေးများ သိခွင့်ရှိမလား"

ပထမဦးစွာ သူသည် မဟာချန် အရှင်သခင်များကို အနက်ရောင်မြူခိုးများ ဖယ်ရှားရာတွင် ကူညီပေးပြီးနောက် တောင်အောက်သို့ ပျံဆင်းလာခဲ့၏။

"ရှန်း"

ရှန်းယီသည် ဝူထုံတောင် နှင့် ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိလိုပေ။ လက်ရှိအချိန်တွင် ဝူထုံတောင်ကို ရင်ဆိုင်ရန် သူ လုံးဝ အင်အားမရှိသေး။

တစ်ဖက်လူသည် ဝူထုန်တောင် ဂိုဏ်းသားမဟုတ်သော်လည်း ထိုနေရာနှင့် ပတ်သက်ဆက်နွယ်မှု အချို့ ရှိနေသေး၏။

"ချင်းဖုန်းတာအိုသခင်ရဲ့ တပည့် ထန်ယွမ်ပါ"

ယခုချိန်ထိ ထန်ယွမ်သည် ထိပ်လန့်နေဆဲဖြစ်ကာ ခေါင်းခါလိုက်၏။

"ကျုပ်ဆရာပေးလိုက်တဲ့ အဖိုးတန်ဆေးသုံးလုံး သောက်ပြီးပြီမို့လို့ အခုတော်တော် ပင်ပန်းနေပြီ။ ကံကောင်းလို့ မိတ်ဆွေကျင့်ကြံသူရှန်း ကူညီပေးလို့ပေါ့၊ မဟုတ်ရင် ဒီနတ်ဆိုးကို နိုင်မှာမဟုတ်ဘူး။ ကျုပ် ခင်ဗျားကို အသက်ကြွေး တစ်ခု တင်သွားပြီ၊ နောင်တစ်ချိန်ကျရင် ပြန်ဆပ်ပါ့မယ်"

"ဟုတ်သားပဲ၊ ဒီလူတွေက မဟာချန်က အရှင်သခင်တွေပါ"

သူက လက်ကာပြလိုက်၏။ "ခင်ဗျားတို့လည်း မိတ်ဆွေကျင့်ကြံသူရှန်းကို ကျေးဇူးတင်သင့်တယ်။ သူသာ မရှိရင် မဟာချန်ရဲ့ဟွမ်ယွမ်အဆင့် ကျင့်ကြံသူအားလုံး နတ်ဆိုးတစ်ထောင်ဂူထဲမှာ သေကုန်ကြတော့မှာ"

"ရှန်း ကျွန်တော်တို့ ခင်ဗျားအပေါ် ဘယ်တော့မှ မမေ့နိုင်မယ့် ကျေးဇူးကြွေးကြီး တင်သွားပါပြီ"

ဟိုဝမ်ဟိုင်က ဦးဆောင်ကာ တောင်အောက်သို့ ဆင်းလာ၏။

"အခွင့်အရေးရရင် မဟာချန်ကို လာလည်ပါ။သိုင်းဘုံကျောင်းကို သတင်းပို့ပြီး အမြင့်ဆုံး ဂုဏ်ပြုမှုတွေနဲ့ ကြိုဆိုပါ့မယ်"

"ကြည့်ကြတာပေါ့"

ရှန်းယီ ခေါင်းငြိမ့်လိုက်ပြီး တောင်ထိပ်ဘက်သို့ လှမ်းကြည့်လိုက်၏။

အားချင်းက အစီအရင်ကို ထိန်းချုပ်လိုက်သည်နှင့် မူလကမြင်တွေ့နေရသော ချွတ်ယွင်းချက်သည်လည်း ပျောက်ကွယ်သွားတော့သည်။

All Chapters