← Chapters

အမွေးဖြူနတ်ဆိုးဧကရာဇ်အား ပြန်လည်ပုံဖော်ခြင်း

Vol. 30 Ch. 300

အမွေးဖြူနတ်ဆိုးဧကရာဇ်အား ပြန်လည်ပုံဖော်ခြင်း

Vol. 30 Ch. 300

"မိတ်ဆွေကျင့်ကြံသူရှန်း ၊ ဒီနေရာက ကြာကြာနေဖို့ မသင့်တော်ဘူးဗျ။ ခင်ဗျား ဘယ်လိုသဘောရလဲ"

ထန်ယွမ် သည် ပတ်ဝန်းကျင်ကို သတိထားကြည့်ရှုရင်း ညှိနှိုင်းလိုသော လေသံဖြင့် မေးလိုက်၏။

သူသည် ထိုလူငယ်ကို မိမိနှင့် တန်းတူအဆင့်အတန်းဟု အမှန်တကယ် သတ်မှတ်ထားခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယခင်တိုက်ပွဲတွင် ရုတ်တရက်ပေါ်ထွက်လာသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် ရှန်းယီကို ကာကွယ်ရုံသက်သက် မဟုတ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသောကြောင့်ပင်။

သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ပြေပြစ်ချောမွေ့လှသည်။

၎င်းတို့သည် စီနီယာဂျူနီယာ ဆက်ဆံရေးမျိုး မဟုတ်ဘဲ နှစ်ပေါင်းများစွာ ဘေးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်ဟောင်းများပမာ ဖြစ်နေသည်။

"ခင်ဗျားတွေ့ထားတဲ့ ဂူဗိမာန်ထဲ ဝင်လို့ မရတော့ဘူးလား" ရှန်းယီက လှမ်းကြည့်ရင်း မေးလိုက်၏။

"မူလက ချွတ်ယွင်းချက်တစ်ခု ရှိပေမယ့် စောစောက ရွှီမိသားစုလူတွေ ပြန်ပြုပြင်လိုက်ပုံရတယ်"

ထန်ယွမ်သည် အံကြိတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်၏။

"နတ်ဆိုးတစ်ထောင်ဂူက အစီအရင်ပညာရှင် ဘယ်နှယောက်လောက် ခေါ်ထားလဲ မသိဘူး။ ဒီတစ်ယောက်တည်းဆိုရင်တော့ ကိစ္စမရှိပေမယ့် တခြားလူတွေပါ ရှိနေရင်တော့ မလွယ်ဘူး"

ဤနေရာသည် နတ်ဆိုးတစ်ထောင်ဂူ၏ နယ်မြေဖြစ်ပြီး ပုံမှန်ဖွင့်လှစ်ထားသော ဂူဗိမာန်များအတွက် နတ်ဆိုးများသည် လူသားကျင့်ကြံသူများထက်ပိုမိုပြည့်စုံသော သတင်းအချက်အလက်များ ရှိထားမည်မှာ သေချာသည်။

အကယ်၍ သူတို့က အစီအရင်ပညာရှင်များကို အသုံးပြုပြီး အခြားချွတ်ယွင်းချက်များကိုပါ ပိတ်ဆို့လိုက်မည်ဆိုလျှင်၊မသေမျိုးဂိုဏ်းနှင့် မဟာချန်တို့သည် နတ်ဆိုးများကို ထိပ်တိုက်ရင်ဆိုင်ရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိတော့မည် မဟုတ်ပေ။ ဤအခြေအနေသည် ဖိအားများကို အဆပေါင်းများစွာ တိုးမြင့်လာစေမည် ဖြစ်သည်။

"..."

မဟာချန် အရှင်သခင်အချို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြရာ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်မဲ့မှုများကို အသီးသီး တွေ့မြင်နေရသည်။

နောက်တစ်ခဏတွင် တောင်းပန်လိုစိတ် အနည်းငယ်ပါဝင်သော ထန်ယွမ်၏ အသံကို ကြားလိုက်ရ၏။

"ကျုပ်ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် စွေ့သစ်သား ရှာဖို့ ခင်ဗျားတို့ကို ဦးဆောင်ပေးနိုင်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ကျုပ်ဆရာကို ဒီခရီးစဉ်အကြောင်းအမှန်အတိုင်း သတင်းပို့ပြီး မဟာချန်အတွက် အချိန်ရအောင် ကြိုးစားပေးပါ့မယ်"

"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာထန်"

သူတို့က ရိုသေစွာဖြင့် အရိုအသေပြုလိုက်ကြသော်လည်း အရှင်သခင်များ၏ မျက်နှာထားများမှာ ကောင်းမွန်မလာခဲ့ပေ။

သူတို့လိုအပ်သော စွေ့သစ်သား ပမာဏမှာ သတ်မှတ်ထားပြီး ဖြစ်သည်။

မည်သည့်အခြေအနေကြောင့်မှ ပြောင်းလဲသွားမည် မဟုတ်ချေ။ မဟာချန်၏အမိန့်ကို နာခံရန် သူတို့သာ ကျန်ရစ်ခဲ့တော့သည်။ အချိန်အနည်းငယ် ဆွဲထားနိုင်လျှင်ပင် ထူးထူးခြားခြား အပြောင်းအလဲ ရှိလာမည် မဟုတ်ပေ။

အထူးသဖြင့် နတ်ဆိုးဧကရာဇ်တစ်ပါး နတ်ဆိုးတစ်ထောင်ဂူတွင် ကျဆုံးသွားပြီးနောက် ဖြစ်သည်။

နောက်တစ်ခါ ဝင်ရောက်လာလျှင် ယနေ့ထက် အဆပေါင်းမရေမတွက်နိုင်အောင် ပိုမိုအန္တရာယ်များလာဖွယ် ရှိသည်။

"ခင်ဗျားတို့ရဲ့အခက်အခဲကို ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ တကယ်ကို ဘာမှလုပ်လို့ မရတော့ဘူး။ ကျုပ်အစွမ်းကုန် ကြိုးစားရင်တောင် စူးစမ်းရှာဖွေစရာ ဂူဗိမာန်မရှိတော့ဘူး။ နတ်ဆိုးဧကရာဇ်တွေရဲ့အသိုက်အမြုံဆီကိုလည်း ကျုပ် ခေါ်သွားပေးလို့ မဖြစ်နိုင်ဘူးလေ..."

ထန်ယွမ်က စိတ်ရှည်လက်ရှည်ဖြင့် နှစ်သိမ့်စကား ဆိုလိုက်၏။ထို့နောက် လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"သွားကြစို့"

ထိုအချိန်တွင် ရှန်းယီက ရုတ်တရက်မေးလိုက်သည်။

"နတ်ဆိုးဧကရာဇ်ရဲ့ဂူဗိမာန် ဟုတ်လား"

"မိတ်ဆွေကျင့်ကြံသူရှန်း မသိသေးတာတွေ ရှိပါသေးတယ်"

ထန်ယွမ် ရပ်တန့်လိုက်ပြီး ရှင်းပြလေ၏။ "စွေ့သစ်သားက ဂူဗိမာန်တွေထဲမှာပဲ ရှိတာပါ။ ဒါပေမဲ့ တချို့ဂူဗိမာန်တွေကျတော့ အစီအရင် လုံးဝပျက်စီးသွားပြီး ကမ္ဘာလောကကြီးဆီ ပွင့်ဟနေတာမျိုးတွေ ရှိတယ်။ အဲဒီလိုနေရာတွေကို အကြမ်းကြုတ်ဆုံး နတ်ဆိုးတွေက သိမ်းပိုက်ထားကြတယ်"

"အဲဒီအထဲက အားအနည်းဆုံးကောင်တောင် အမှတ် ၂၀ ဂူဗိမာန်ကို သိမ်းပိုက်ထားတာ"

"ကျုပ်ဆရာ ချင်းဖုန်းတာအိုသခင်ဆိုရင် အရမ်းစွမ်းအားကြီးတယ်။ နတ်ဘုရားအသွင်ပြောင်း နောက်ဆုံးအဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ ဒါပေမဲ့ သူ ကိုယ်တိုင်လှုပ်ရှားရင်တောင် သေချာပေါက် နိုင်မယ်လို့ အာမမခံရဲဘူး"

ထိုအရာကိုကြားလျှင် ရှန်းယီသည် ရှစ်မျက်နှာစားသောက်ခန်းမတွင် တွေ့ခဲ့ရသော နုပျိုသော ကျင့်ကြံသူကို ပြန်လည်အမှတ်ရသွား၏။

ပထမဆုံး တွေ့ဆုံစဉ်က တစ်ဖက်လူထံမှ ထွက်ပေါ်လာသော ခမ်းနားထည်ဝါသည့် အရှိန်အဝါသည် တကယ့်ကို ကြီးမားနက်ရှိုင်းလှသည်။

သူ့အဆင့်မှာ ဤမျှထိမြင့်နေခဲ့သည်ကိုး။

"နားလည်ပါပြီ"

ရှန်းယီ ခေါင်းငြိမ့်လိုက်၏။

"ကျွန်တော် အစစ်အမှန်ပုဂ္ဂိုလ်ကို အကူအညီတစ်ခု တောင်းချင်လို့ပါ"

"ပြောပါဗျာ၊ ကျုပ်အစွမ်းကုန် ကူညီပါ့မယ်"

ထန်ယွမ် အနည်းငယ် အံ့ဩသွားသော်လည်း ချက်ချင်း ပြန်ဖြေလိုက်၏။

သို့သော် မိတ်ဆွေကျင့်ကြံသူရှန်းက သူ့ကို နတ်ဆိုးဧကရာဇ်၏ဂူဗိမာန်သို့ လိုက်ပါစူးစမ်းပေးရန် ဖိတ်ခေါ်မည်လောဟု မနေနိုင်မထိုင်နိုင်တွေးတောမိလိုက်သေးသည်။

အကယ်၍ တစ်ဖက်လူကသာ ထိုသို့ တောင်းဆိုလာခဲ့လျှင် ထန်ယွမ်၏စိတ်ထားအရရော၊ အသက်ကယ်ခဲ့သည့် ကျေးဇူးကြွေးကြောင့်ပါ သူငြင်းပယ်နိုင်မည် မဟုတ်ပေ။ သို့သော် အနည်းငယ်တော့ စိတ်ရှုပ်စရာ ကောင်းပေလိမ့်မည်။

သူ့ကို အံ့အားသင့်စေသည်မှာ ရှန်းယီသည် ဘေးသို့ ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး "သူမကို အပြင်ခေါ်သွားပေးပါလား" ဟု ပြောလိုက်ခြင်းပင်။

"ဗျာ"

ရှန်းယီက သူမဘက်ကို ကြည့်လိုက်သည်ကို မြင်သောအခါ ရွှီဝမ်ယွင် ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။

"ဒါ ဘာသဘောလဲ"

သူမပြန်ဖို့ ငြင်းဆန်နေသည်လော။

"ဒါ ကိစ္စသေးသေးလေးပါ"

ထန်ယွမ်က သက်ပြင်းချလိုက်ပြီး သဘောတူကြောင်း ခေါင်းငြိမ့်ပြလိုက်၏။ ထို့နောက် အသံတိုးတိုးဖြင့် ထပ်ဖြည့်ပြောလိုက်၏။

"မိတ်ဆွေကျင့်ကြံသူကို ခြောက်ချင်လို့ ပြောတာတော့ မဟုတ်ဘူးနော်။ ဒါပေမဲ့ နတ်ဆိုးတစ်ထောင်ဂူရဲ့အခြေအနေက ပြောင်းလဲသွားပြီ။ အမြန်ဆုံး ထွက်ခွာတာ အကောင်းဆုံးပဲ"

ပြောပြီးသည်နှင့် သူသည် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ပြီးအရှိန်အဝါကို ထုတ်ဖော်ကာ ကောင်းကင်ယံသို့ ပျံတက်သွားလေ၏။

သူတို့နှစ်ယောက်က သူမအတွက် ဘာမှငြင်းခုံခွင့်မပေးဘဲ ဆုံးဖြတ်ချက်ချလိုက်ကြသည်ကို ရွှီဝမ်ယွင် ကြည့်နေမိသည်။

သူမ ပြန်ပြောရန် ပါးစပ်ဟလိုက်သော်လည်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ချလိုက်ရသည်။

ရှန်းယီ အလွန်နူးညံ့ခဲ့သောကြောင့် သူ့နည်းလမ်းများ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူမမေ့နေမိခဲ့ခြင်းဖြစ်နိုင်၏။

တည့်တိုးပြောရလျှင် သူသာ အားချင်းကို တကယ် ဒုက္ခပေးချင်ပါက သူမ အသက်ဖြင့်ရင်း၍ပင် မကာကွယ်နိုင်ပေ။ အားချင်းကို ကာကွယ်ပေးနိုင်ကြောင်း နတ်ဆိုးဧကရာဇ်တစ်ပါး၏အသက်ဖြင့် သက်သေပြခဲ့ပြီးမဟုတ်လော။

စောစောက မြင်ကွင်းသည် သူမကို လုံးဝ ခြိမ်းခြောက်နိုင်ခဲ့၏။

"ဒေါ်လေး အပြင်က စောင့်နေမယ်"

ရွှီဝမ်ယွင်သည် တူမဖြစ်သူဘက်သို့ လှည့်လိုက်သည်။

"ဂရုစိုက်နော်"

ထိုသို့ပြောပြီးနောက် ခါးတွင်ချိတ်ထားသော သိုလှောင်အိတ်ကို ပေးအပ်လိုက်လေ၏။

"အင်း ဒေါ်လေး စိတ်မပူနဲ့"

အားချင်းက လှမ်းယူလိုက်ပြီး ရှန်းယီ၏ နောက်သို့ သွားရပ်လိုက်၏။

သူမသည် စောစောက အဘိုးအိုအကြောင်း တွေးနေဆဲဖြစ်ပုံရသဖြင့် သူမ၏ စိတ်အခြေအနေမှာ သိပ်မကောင်းလှပေ။

"ခင်ဗျားတို့လည်း ပြန်ကြတော့လေ"

ရှန်းယီက မဟာချန်၏အရှင်သခင်များကို ကြည့်ပြီး ပြောလိုက်သည်။

"အာ"

ဟိုဝမ်ဟိုင် အံ့ဩသွား၏။ တစ်ဖက်လူ၏ လေသံမှာ အနည်းငယ်ထူးခြားနေသည်ဟု ခံစားမိလိုက်သည်။

စီနီယာတစ်ယောက်က သာမန်ကျင့်ကြံသူများကို ပြောဆိုသော လေသံမျိုး မဟုတ်သလို၊ အထက်စီးဆန်သော သဘောထားမျိုးလည်း မပါဝင်ပေ။ သို့သော် ငြင်းဆန်၍မရနိုင်သော ခိုင်မာပြတ်သားမှုတစ်ခု ပါဝင်နေ၏။

"အမိန့်အတိုင်းပါ"

သူတို့ ဘာမှထပ်မပြောရဲတော့ဘဲ တာအိုဝိညာဉ်များကို ချက်ချင်းဆင့်ခေါ်ကာ ထန်ယွမ်၏ နောက်သို့ လိုက်ပါသွားကြသည်။

ဤနေရာတွင် သူတို့နှစ်ယောက်တည်း ကျန်ရစ်သောအချိန်တွင် ရှန်းယီသည် အားချင်းကို ပွေ့ချီကာနေရာမှ ပျောက်ကွယ်သွားပြီး အရှိန်အဝါများကို လုံးဝဖုံးကွယ်ရန် အစီအရင်ပြားကို ထပ်မံထုတ်ယူလိုက်သည်။

"အစ်ကိုကြီးရှန်း၊ ဘယ်သွားမလို့လဲ"

အားချင်း စိတ်ပြန်လည်စုစည်းကာ မေးလိုက်၏။

"ဒီမှာ ခဏလောက် နေကြတာပေါ့"

လုံလောက်သော အကွာအဝေးတစ်ခုသို့ ရောက်ရှိကြောင်းသေချာပြီးနောက် ရှန်းယီ ပြောလိုက်ပြီး အားချင်းကို တောနက်ထဲတွင် နေရာချပေးလိုက်သည်။

ထို့နောက် သူသည်သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ရပ်လျက် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်၏။

ပတ်ဝန်းကျင်ကို အကဲခတ်နေသလို ထင်ရသော်လည်း တကယ်တမ်းတွင် သူသည် စနစ်ဘောင်ကွက်ကို ဖွင့်ထားပြီး ဖြစ်သည်။

နတ်ဆိုးတစ်ထောင်ဂူအတွင်းတွင် သူသည် လမ်းပြအဖြစ် ဆောင်ရွက်ရမည်။

ချင်းဟွာသည် ဘာမှမသိနားမလည် ဖြစ်နိုင်သော်လည်း အမွေးဖြူနတ်ဆိုးဧကရာဇ် နှင့် ရွှေမျက်လုံးခြင်္သေ့ဧကရာဇ် တို့သည် သတင်းအချက်အလက် အချို့ သိထားသင့်သည်။

ယခင်က သူသည် နတ်ဆိုးသက်တမ်း မလုံလောက်မည်ကို စိုးရိမ်ခဲ့ပြီး စွမ်းရည်မြှင့်တင်ရန်အခွင့်အရေး လက်လွတ်သွားမည်ကို ပူပန်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ သူ့၌သုံးစွဲစရာ လုံလောက်စွာ ရှိနေပြီ ဖြစ်သည်။

သူသည် မူလအမြုတေ တစ်ခုနှင့် လဲလှယ်ရန် နတ်ဆိုးသက်တမ်း နှစ်ပေါင်း တစ်သောင်းကို တိုက်ရိုက် သုံးစွဲလိုက်၏။

[လက်ကျန် နတ်ဆိုးသက်တမ်း - ၂၅၆၀၀ နှစ် ]

ရှန်းယီ ခေတ္တမျှစဉ်းစားပြီးနောက် အမွေးဖြူနတ်ဆိုးဧကရာဇ်၏နတ်ဝိညာဉ်ကို ဦးစွာ ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သွေးပြောင်းလဲခြင်း နတ်ဆိုးဧကရာဇ်သည် ၎င်း၏ညီလေးဖြစ်ကြောင်း တစ်ခါက ပြောဖူးသောကြောင့် ရွှေမျက်လုံးခြင်္သေ့ဧကရာဇ်ထက် ပိုသိနိုင်ချေ ရှိသည်ဟု ယူဆမိသောကြောင့်ပင်။

နတ်ဆိုးမူလအမြုတေ ကို ပေါင်းစပ်လိုက်သည်နှင့်၊

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မှုန်ဝါးသော ကြိုးကြာဖြူအရိပ်တစ်ခု တဖြည်းဖြည်း ပုံပေါ်လာခဲ့၏။

[နှစ်သန်းပေါင်းများစွာသော ဘေးဒုက္ခများကို ခံစားခဲ့ရပြီးနောက် အတွင်းစိတ်မှ အငြိုးအတေးများကိုဖြေဖျောက်နိုင်ခဲ့ကာ သခင်၏ မြင့်မြတ်သောကျေးဇူးတရားကို နားလည်သဘောပေါက်သွားသဖြင့် ယခင်ဘဝမှ ဝိညာဉ်ကို ပြန်လည်တည်ဆောက်ခွင့် ပြုလိုက်သည်]

[နတ်ဆိုးဧကရာဇ် (လက်ကျန်) - အမွေးဖြူကြိုးကြာ]

ချင်းဟွာသခင်မ နှင့် ယှဉ်လျှင် အမွေးဖြူနတ်ဆိုးဧကရာဇ်၏ ဝိညာဉ်သည် ပြိုကွဲမည့် လက္ခဏာများ ပြသနေရုံသာမက မျက်နှာထားသည်လည်း အနည်းငယ် ဗလာဖြစ်နေသည်။

ရှန်းယီ ခဏတာဇဝေဇဝါ ဖြစ်သွားပြီးမှ အကြောင်းရင်းကို နားလည်သွားလေ၏။

နတ်ဆိုးသက်တမ်းနှစ်ပေါင်း တစ်သောင်းဆိုသည်မှာ ကြာမြင့်သည်ဟု ထင်ရသော်လည်း ၎င်းသည် လူသားမျိုးနွယ်၏ အမြင်ဖြင့် ကြည့်မှသာ ဖြစ်သည်။

အမွေးဖြူနတ်ဆိုးဧကရာဇ်အတွက်မူ နှစ်ပေါင်း လေးသောင်းနီးပါး ရှင်သန်ခဲ့ပြီး ဖြစ်သဖြင့် နတ်ဆိုးမူလအမြုတေ တစ်ခုတည်းမှာ ၎င်းအတွက် နည်းပါးလွန်းလှသည်။

သို့သော် ကိစ္စမရှိပါ၊ လမ်းမေးရန်အတွက်သာ လိုအပ်ခြင်း ဖြစ်သည်။

သူ့ရွှေရောင်ခန္ဓာကိုယ်နည်းစနစ်ကို မြှင့်တင်ရန် အသုံးပြုမည့် အချိန်ကျမှသာ အပြည့်အစုံ ဖြည့်စွက်ပေးလိုက်မည်။

All Chapters