အခန်း (၁၄၇၃-၁၄၇၄)
Vol. 111 Ch. 1473-1474
အခန်း (၁၄၇၃) လောဘ၏ ပေးဆပ်မှု
ဌာနချုပ်မှ ခေါင်းဆောင်များ အားလုံး ပင်လယ်မြို့တွင် စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။
တစ္ဆေသင်္ဘောသည် မိနစ်ပိုင်း အတွင်း ပေါ်လာတော့မည် ဖြစ်သောကြောင့် သူတို့ လျင်မြန်စွာ လှုပ်ရှားခဲ့ကြသည်။
ရောက်ရောက်ချင်းပင် ရဲကျန့်နှင့် ဘုရင်အဖွဲ့အစည်းမှ လူများ တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။ ရဲကျန့်က အသာစီးရနေပြီး ဘုရင်တစ်ပါးကို မြေကြီးပေါ်တွင် ဖိနှိပ်ကာ ထိုးနှက်နေလေသည်။ ဘုရင်က ခံနိုင်ရည် ရှိသော်လည်း အခြေအနေ မကောင်းလှပေ။ တစ်ယောက်ချင်း တိုက်ခိုက်ပါက ရဲကျန့် အနိုင်ရမည်မှာ သေချာသလောက် ရှိနေသည်။
ထို့ကြောင့် ခေါင်းဆောင်များသည် ချက်ချင်း ဝင်မပါဘဲ ဘေးမှ စောင့်ကြည့်နေကြသည်။ အခြား ဘုရင်များ လာရောက် ကူညီမည်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
သို့သော် ဘုရင်များ ပေါ်မလာဘဲ ထွက်ပြေးရန် ကြိုးစားသော အဖွဲ့ဝင် ၃ ဦးသာ ပေါ်လာခဲ့သည်။
ထိုအဖွဲ့ဝင်များသည် စွမ်းရည်မြင့်သူများ ဖြစ်ကြပြီး ခေါင်းဆောင်တစ်ဦးကို တားဆီးနိုင်စွမ်း ရှိကြသည်။ သို့သော် ယခု သူတို့ ရင်ဆိုင်ရသည်မှာ ခေါင်းဆောင် အားလုံး ဖြစ်နေသည်။ လီယန်၏ အဖွဲ့၊ ဟဲယင်အာ၏ မျက်နှာမဲ့လူ အပါအဝင် လျိုစန်း၊ ဝမ်ချာလင်း၊ လင်းပေ၊ ကျိုးဒန်၊ လုကျီဝမ်၊ လီလဲ့ဖိန် နှင့် ဟဲယွဲ့လျန် တို့ ပါဝင်သည်။ ဘုရင်အဖွဲ့အစည်း တစ်ခုလုံး ရောက်လာလျှင်တောင် ယှဉ်နိုင်မည် မဟုတ်ပေ။
"စောစောက ၃ ယောက်ကို ရှင်းပစ်လိုက်ပြီ... တစ်ယောက် သေပြီး ၂ ယောက် အရှင်ဖမ်းမိတယ်... လျိုစန်း စစ်ဆေးမေးမြန်းနေတယ်... ကြည့်ရတာ သူတို့ဘက်က စစ်ကူ လာမယ့်ပုံ မပေါ်ဘူး... သင်္ဘော ပေါ်လာခါနီးပြီ ဆိုတော့ ငါတို့နဲ့ ထိပ်တိုက် မတွေ့ချင်ကြဘူး ထင်တယ်... ရဲကျန့်နဲ့ တိုက်နေတဲ့ ဘုရင်က လောဘကြီးသွားတာ... ရဲကျန့်ကို သတ်ပြီးမှ သွားမယ် ဆိုပြီး တွက်လိုက်တာ... အခုတော့ ပိတ်မိသွားပြီ..."
လင်းပေက ခေါင်းတုံးကို ပွတ်သပ်ရင်း သုံးသပ်ပြလေသည်။
"စစ်ကူ မလာဘူး ဆိုတော့ ဘုရင်တစ်ပါးကို အပိုင် ဖမ်းလို့ ရပြီပေါ့..."
ဟဲယင်အာက ပြောလိုက်သည်။
"သဘာဝလွန် ဖိုရမ်က လူတွေ အများကြီး သေသွားတယ်... အာဝူတောင် ပါသွားတယ်... ဒါကြောင့် ရဲကျန့် ဒီလောက် ဒေါသထွက်နေတာကိုး... သူတို့က ရက်စက်လွန်းတယ်... အားနည်းတဲ့သူတွေကိုပဲ ရွေးတိုက်တယ်... ငါတို့နဲ့ တည့်တည့် မရင်ဆိုင်ရဲဘူး..."
လုကျီဝမ်က အက်ရှရှ အသံဖြင့် ပြောဆိုလိုက်သည်။
"လောဘကြီးရင် ပြန်ပေးဆပ်ရတတ်တယ်..."
ဝမ်ချာလင်းသည် အဆောက်အအုံဘက်သို့ လျှောက်သွားလိုက်သည်။
"အဲဒီ ဘုရင် သေချာပေါက် သေသွားအောင် ငါ လုပ်ရမယ်... ရဲကျန့် တစ်ယောက်တည်း စိတ်မချဘူး... ယန်ကျန့်ကို ငါ ကတိပေးထားတယ်... ဘုရင်တစ်ပါးကို သတ်ပေးမယ် လို့... ဒါမှ အရင်ကိစ္စတွေ ကျေအေးမှာ..."
"ငါတို့ ဝင်မပါဘူး... ရဲကျန့် သဘောတူမှ ရမယ်... သူက ကိုယ်တိုင် လက်စားချေချင်နေတာ... မင်း ဝင်ပါရင် ကြိုက်မှာ မဟုတ်ဘူး..."
လုကျီဝမ်က သတိပေးလိုက်သည်။
"ဒီလောက်ကြာတာတောင် မသေသေးဘူး ဆိုတော့ အဲဒီ ဘုရင်က မာကျောသားပဲ... တစ်ခုခု ထူးခြားတာ ရှိနိုင်တယ်... ငါ အခွင့်အရေး စောင့်နေတာ..."
ဝမ်ချာလင်းသည် အမှောင်ထု လွှမ်းခြုံထားသော အဆောက်အအုံထဲသို့ ဝင်ရောက်သွားလေသည်။ ရဲကျန့်နှင့် ဘုရင်၏ တိုက်ပွဲကို ဝင်မစွက်ဖက်ဘဲ ဘုရင် ထွက်ပြေးရန် ကြိုးစားချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ထိုအချိန်တွင်...ရဲကျန့်သည် တိုက်ခိုက်မှုကို ရပ်တန့်လိုက်လေသည်။ မုန်တိုင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း သူ၏ မျက်နှာသည် ပုံမှန်အတိုင်းပင် ဖြစ်နေသည်။ အစားထိုးအရုပ် ရှိနေသရွေ့ သူ မောပန်းခြင်း မရှိပေ။
သူ ရပ်တန့်လိုက်ရခြင်းမှာ ရန်သူ ပျောက်ဆုံးသွားသောကြောင့် ဖြစ်သည်။ မြေကြီးပေါ်တွင် တွန့်လိမ်နေသော အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
ရဲကျန့်၏ တိုက်ခိုက်မှုကို ဘုရင်တစ်ပါးပင် ခံနိုင်ရည် မရှိပေ။ တစ်ယောက်ချင်း တိုက်ခိုက်လျှင် မည်သူမျှ သူ့ကို မယှဉ်နိုင်ပေ။ လူများလျှင်လည်း ဒဏ်ရာများကို လွှဲပြောင်းပေးနိုင်လေသည်။
ထို့ကြောင့် သူ့ကို သတ်ဖြတ်ရန် အလွန် ခက်ခဲလှသည်။
"ဒီလောက်ပဲလား... စောစောကတော့ စကားကြီးစကားကျယ် ပြောနေပြီး... ၅ မိနစ်တောင် မခံဘူး... မြေကြီးထဲ ဝင်သွားပြီ... ဒီလောက် အစွမ်းအစနဲ့ ငါ့ကို လာလုပ်ကြံရဲတယ်... အမှိုက်ကောင်..."
ရဲကျန့်သည် မြေကြီးပေါ်ရှိ အရိပ်ကို တံတွေးနှင့် ထွေးလိုက်လေသည်။
သို့သော် သူ၏ ဒေါသ မပြေသေးပေ။ သူ၏ တပည့်များစွာ သေဆုံးခဲ့ရသည် မဟုတ်ပါလော။ ဘုရင်တစ်ပါးနှင့် အဖွဲ့ ၃ ဖွဲ့ကို သတ်ဖြတ်လိုက်ရုံဖြင့် မလုံလောက်သေးပေ။
"မင်းကို အိုးထဲ ထည့်ပြီး နေ့တိုင်း လက်ဝှေ့ထိုးမယ်..."
ရဲကျန့်သည် မြေအိုးဟောင်းလေးကို ထုတ်ယူလိုက်ပြီး အရိပ်ကို သိမ်းဆည်းရန် ပြင်ဆင်လိုက်လေသည်။
သို့သော် ထိုအချိန်တွင်...
မြေကြီးပေါ်ရှိ အရိပ်သည် ရုတ်တရက် မျက်လုံး ပွင့်လာခဲ့လေသည်။
ပြင်းထန်သော တိုက်ခိုက်မှုများကို ခံခဲ့ရသော်လည်း သူ မသေသေးပေ။ အသိစိတ် ရှိနေသေးပြီး လှုပ်ရှားနိုင်စွမ်း အနည်းငယ် ပြန်လည်ရရှိလာခဲ့သည်။
ရဲကျန့် ရပ်တန့်လိုက်ချိန်တွင် သူသည် ချက်ချင်း ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။
အရိပ်သည် မြေကြီးပေါ်တွင် လျင်မြန်စွာ ရွေ့လျားသွားပြီး နံရံတစ်လျှောက် တက်ကာ မျက်တောင်တခတ် အတွင်းမှာပင် ထိုအထပ်မှ ပျောက်ကွယ်သွားလေသည်။ အဆောက်အအုံ၏ အမှောင်ထုထဲတွင် ပြန်လည် ပုန်းအောင်းသွားလေသည်။
"သေစမ်း... ရဲကျန့်က ထင်ထားတာထက် ပိုကြမ်းတာပဲ... စောစောက ဓားချက်နဲ့ မသေတာ နှမြောစရာပဲ... ဒီနေရာမှာ နေလို့ မဖြစ်တော့ဘူး... ထွက်ပြေးမှ ရမယ်..."
'လူသတ်သမား' ဘုရင်သည် ကြောက်လန့်တကြား ထွက်ပြေးနေရလေသည်။ ရဲကျန့် ထပ်မံ ဖမ်းမိပါက သေချာပေါက် သေဆုံးရတော့မည် ဖြစ်သည်။
သူသည် အဆောက်အအုံမှ အမြန်ဆုံး ထွက်ခွာပြီး ပင်လယ်မြို့ထဲတွင် ပုန်းအောင်းရန် ကြိုးစားလိုက်လေသည်။ သို့သော် လမ်းကြားတစ်ခုတွင် အဘိုးအိုနှင့် အဘွားအို တစ်စုံက ပိတ်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။
ထိုအဘိုးအိုနှင့် အဘွားအိုသည် တွန့်လိမ်နေသော မျက်နှာများနှင့် အသက်မဲ့နေသော ပုံစံရှိပြီး အဖြူအမည်း အရောင်များ ဖြစ်နေလေသည်။ သူတို့သည် လက်ချင်းချိတ်ကာ လမ်းကို ပိတ်ဆို့ထားလေသည်။
"ဘုရင်တစ်ပါးကို သတ်ဖို့ မလွယ်ဘူး ဆိုတာ ငါ သိတယ်... မင်း ထွက်ပြေးလာမယ် ဆိုတာလည်း ငါ တွက်ထားပြီးသား..."
ဝမ်ချာလင်းသည် အဘိုးအိုနှင့် အဘွားအို၏ အနောက်မှ ထွက်ပေါ်လာလေသည်။
"ဒါပေမဲ့ ဒီလောက်ပါပဲ... အဘိုး၊ အဘွား... သူ့ကို ဆွဲဖြဲပစ်လိုက်ပါ..."
"သေစမ်း..."
လူသတ်သမားသည် ဌာနချုပ်မှ ခေါင်းဆောင်များ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိလိုက်ရလေသည်။ သူသည် ချက်ချင်း လမ်းကြောင်းပြောင်းကာ ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။
ရဲကျန့်သည်လည်း ရန်သူ ထွက်ပြေးသွားသည်ကို သိရှိလိုက်သဖြင့် ဒေါသတကြီး အော်ဟစ်ကာ တစ္ဆေနယ်မြေကို ဖြန့်ကျက်ပြီး လိုက်ဖမ်းလေသည်။
သို့သော် မကြာမီ...
အဆောက်အအုံ၏ ထောင့်တစ်နေရာမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာလေသည်။
ရဲကျန့် ရောက်ရှိသွားချိန်တွင် တွေ့လိုက်ရသူမှာ လူသတ်သမား မဟုတ်ဘဲ ရင်းနှီးနေသော သူတစ်ယောက် ဖြစ်နေလေသည်။
"ဝမ်ချာလင်း... မင်း ဘာလုပ်တာလဲ... ငါ့ရန်သူကို ငါ့ဘာသာ ရှင်းမယ်... မင်း အကူအညီ မလိုဘူး..."
ရဲကျန့် ဒေါသတကြီး ပြောလိုက်သည်။
ဝမ်ချာလင်းသည် မျက်မှန်ကို ပင့်တင်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
"အချိန်ဆွဲနေရင် ပြဿနာ တက်လိမ့်မယ်... ငါ မင်းကို ကူညီပြီး ရှင်းပေးလိုက်တာ... ဒီဘုရင်က သတ်ရခက်တယ်... လွတ်သွားရင် ငါတို့ နာလိမ့်မယ်... မင်း လက်စားချေချင်ရင် နောက်မှ အခွင့်အရေး ရှိပါသေးတယ်..."
သူ၏ အနောက်တွင် ရပ်နေသော တစ္ဆေအဘိုးအိုနှင့် အဘွားအို၏ လက်ထဲတွင် အလောင်းကောင် တစ်ဝက်စီ ကိုင်ထားလေသည်။ ထိုအလောင်းကောင်သည် အသားအရေသာ ရှိပြီး အတွင်း၌ အမည်းရောင် အရိပ်များဖြင့် ပြည့်နှက်နေလေသည်။
ဝမ်မိသားစု၏ ပထမမျိုးဆက် တစ္ဆေများက လူသတ်သမားကို ဆွဲဖြဲပစ်လိုက်သဖြင့် သူ၏ ပုံစံ ပျက်ယွင်းသွားခြင်း ဖြစ်သည်။ တစ္ဆေအစိတ်အပိုင်းများ ကွဲထွက်သွားပြီး မူလအသွင်သို့ ပြန်ရောက်သွားခြင်း ဖြစ်သည်။
နောက်ထပ် အကြိမ်အနည်းငယ် ဆွဲဖြဲခံရပါက သာမန် အလောင်းကောင် ဖြစ်သွားနိုင်လေသည်။
"မင်းက သူ ငါ့လက်ထဲက လွတ်သွားမယ် ထင်လို့လား" ရဲကျန့် မေးလိုက်သည်။
"ကြိုတင်ကာကွယ်တာပါ... စိတ်မဆိုးပါနဲ့..." ဝမ်ချာလင်းက ပြောလိုက်သည်။
"ဒါပေမဲ့ သူ မသေသေးဘူး... အသက်ရှင်နေတုန်းပဲ... ဒီနည်းနဲ့ သတ်ဖို့ ခက်တယ်... သူ့အသိစိတ်ကို ဖျက်ဆီးပစ်မှ ရမယ်..."
"ဒါဆို ငါ လုပ်မယ်..."
ရဲကျန့်သည် ရှေ့သို့ တိုးလာလိုက်သည်။ သူ၏ ကျောဘက်မှ အရုပ်အလောင်း ခေါင်းလေး ထွက်ပေါ်လာပြီး ကွဲနေသော အလောင်းကောင်ကို စိုက်ကြည့်နေလေသည်။ ထို့နောက် ရဲကျန့်၏ ပခုံးပေါ် မေးတင်ကာ နားနားကပ်ပြီး တစ်စုံတစ်ရာ ပြောဆိုနေလေသည်။
အခန်း (၁၄၇၄) ဘတ်စ်ကားနှင့် သင်္ဘော
"လူသတ်သမား ဘုရင်ကို ရဲကျန့် ရှင်းလိုက်ပြီ... ဒါပေမဲ့ သေမသေတော့ မသေချာဘူး... အဲဒီကောင်က တော်တော် မာကျောတယ်... ပြီးတော့ ဘုရင်အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်တွေက ထူးဆန်းနေတယ်... အခုတလော သူတို့ဘက်က အမှားတွေ ဆက်တိုက် လုပ်နေတယ်... လူတွေလည်း ဆုံးရှုံးနေတယ်..."
ဝမ်ချာလင်းသည် အဆောက်အအုံ အတွင်းမှ ထွက်လာရင်း အခြေအနေကို ပြောပြလိုက်လေသည်။
"သူတို့က လောဘကြီးတာ... သဘာဝလွန် ဖိုရမ်ကို ရှင်းပြီးတာနဲ့ ရဲကျန့်ကိုပါ သိမ်းကြုံးရှင်းပစ်ချင်နေတာ... သင်္ဘော မကမ်းကပ်ခင် ငါတို့ အင်အားကို လျှော့ချချင်နေတာလေ... ဒါ ပုံမှန်ပဲ မဟုတ်လား..."
ဟဲယင်အာက ပြန်ပြောလိုက်သည်။
"မဟုတ်ဘူး... သူတို့က လူသတ်သမား ဘုရင်ကို စတေးလိုက်သလိုပဲ... ရဲကျန့် နာမည်ကြီးတာ ကြာလှပြီ... ဘုရင်တစ်ပါးတည်းနဲ့ သူ့ကို ယှဉ်နိုင်မယ် ထင်နေတာလား... တစ်ယောက်ချင်း တိုက်ရင် ဘယ်သူ နိုင်မလဲ ဆိုတာ မသေချာဘူး..."
ဝမ်ချာလင်းက ခေါင်းခါလိုက်သည်။
"အဖွဲ့ ၃ ဖွဲ့လည်း ပါတယ်လေ... ဒီအင်အားနဲ့ ဆိုရင် ခေါင်းဆောင်တစ်ယောက်ကို နိုင်နိုင်ပါတယ်..."
လင်းပေက ဝင်ပြောလိုက်သည်။
"ဒါပေမဲ့ ဒီနေရာက ပင်လယ်မြို့လေ... ငါတို့ ပိုင်နက်ထဲမှာ... တာတုန်းမြို့နဲ့လည်း မဝေးဘူး... တိုက်ပွဲ စတာနဲ့ စစ်ကူ ရောက်လာမှာပဲ... ငါသာ ဆိုရင် ဘုရင် ၃ ပါးလောက် မပါဘဲ ရဲကျန့်ကို သွားမတိုက်ဘူး... အခုလို စစ်ကူ ရောက်လာရင် ရှုံးမှာ သေချာတယ်..."
"မင်း ပြောတာ ဟုတ်တယ်... ဘုရင်အဖွဲ့အစည်းက မူမမှန်ဘူး... သူတို့က အသာစီး ရနေတာ... ဒါပေမဲ့ အခုတလော ဆက်တိုက် ရှုံးနိမ့်နေတယ်... ဘုရင်တွေလည်း သေကုန်ပြီ..."
လုကျီဝမ်လည်း သံသယ ဝင်လာလေသည်။
သင်္ဘော ကမ်းကပ်ရန် မိနစ်ပိုင်းသာ လိုတော့သည်။ ဤအချိန်တွင် ဘုရင်တစ်ပါးနှင့် အဖွဲ့ ၃ ဖွဲ့ကို စေလွှတ်ပြီး ရဲကျန့်ကို တိုက်ခိုက်ခိုင်းခြင်းသည် မိုက်မဲလွန်းရာ ကျပေသည်။
"သူတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းနေတာ ဖြစ်နိုင်တယ်... တစ်မိနစ် အတွင်း ရဲကျန့်ကို သတ်ပြီး ပြန်မယ်လို့ တွက်ထားတာ နေမှာ... ဒါပေမဲ့ လက်တွေ့မှာ ရဲကျန့်က ထင်ထားတာထက် ပိုကြမ်းနေတော့ မနိုင်ဘဲ ပိတ်မိသွားတာ... ပြီးတော့ ငါတို့ ရောက်လာတော့ အကုန် သေကုန်တာပေါ့..."
လီလဲ့ဖိန်က အေးဆေးစွာ သုံးသပ်ပြလေသည်။
"ထားလိုက်ပါတော့... ဒီကိစ္စကို နောက်မှ ဆွေးနွေးကြမယ်... သင်္ဘော ပေါ်လာဖို့ တစ်မိနစ်ပဲ လိုတော့တယ်... အားလုံး အဆင်သင့် ပြင်ထားကြ..."
လုကျီဝမ်က အမိန့်ပေးလိုက်လေသည်။
"ငါ့နယ်ပယ်က ပင်လယ်မြို့ တစ်ခုလုံးကို လွှမ်းခြုံထားပြီးပြီ... သင်္ဘော ပေါ်လာတာနဲ့ ချက်ချင်း သိရလိမ့်မယ်..."
ဟဲယွဲ့လျန်က ပြောလိုက်သည်။
ကောင်းကင်မှ စက္ကူပြာများ ကျဆင်းလာနေသည်။ တစ္ဆေပန်းချီကား၏ စွမ်းအားသည် မြို့တော်တစ်ခုလုံးကို လွှမ်းမိုးနေပြီ ဖြစ်သည်။
"ကောင်းပြီ... အခွင့်အရေးကို စောင့်ကြမယ်... ယန်ကျန့်ဆီက သတင်းကောင်း ကြားရဖို့ မျှော်လင့်တယ်... ပြီးတော့ သတိထားကြ... ဘုရင်အဖွဲ့အစည်းက လူတွေ ပင်လယ်မြို့ထဲ ရောက်နေပြီ... သင်္ဘောကို တားရင်း သူတို့ရဲ့ တိုက်ခိုက်မှုကိုပါ ကာကွယ်ရမယ်..."
ခဏအကြာတွင်...
ပင်လယ်မြို့လယ်ခေါင် တစ်နေရာ၌ ပြင်းထန်သော တစ္ဆေစွမ်းအား လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာလေသည်။ ဟဲယွဲ့လျန်၏ နယ်ပယ်ကိုပင် ဆုတ်ဖြဲပစ်လိုက်လေသည်။
"ပေါ်လာပြီ... တစ္ဆေသင်္ဘော ပဲ..."
ဟဲယွဲ့လျန်က အော်ဟစ်လိုက်သည်။
"ငါလည်း ခံစားမိတယ်..."
အခြား ခေါင်းဆောင်များလည်း သတိထားမိကြသည်။
"သွားကြစို့..." လုကျီဝမ်က ပြောလိုက်သည်။
ခေါင်းဆောင်များ အားလုံး ပျောက်ကွယ်သွားကြလေသည်။
ပင်လယ်မြို့၏ စည်ကားသော လမ်းမတစ်ခုပေါ်တွင်...
အေးစက်သော လေထုတစ်ခု ဖြတ်သန်းသွားပြီးနောက် လမ်းမီးတိုင်များနှင့် ဆိုင်ခန်းမီးများသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ငြိမ်းသွားကြလေသည်။
"ဘာဖြစ်တာလဲ... မီးပျက်တာလား..."
"ဘာလို့ ရုတ်တရက် အေးလာတာလဲ..."
လူများ ထိတ်လန့်သွားကြသည်။
"ဟိုမှာ ကြည့်စမ်း... ဘာကြီးလဲ..."
လမ်းမကြီး အထက် ကောင်းကင်ယံတွင် ဧရာမ သင်္ဘောဟောင်းကြီး တစ်စင်း ပေါ်လာလေသည်။ ထိုသင်္ဘောသည် ဝေဝါးနေပြီး သရဲတစ္ဆေ သင်္ဘောတစ်စင်းကဲ့သို့ ဖြစ်နေသည်။
"စိတ်ကူးယဉ် ပုံရိပ်လား... ဓာတ်ပုံ ရိုက်ထားကြ..."
လူအများစုသည် ကြောက်လန့်ခြင်း မရှိဘဲ စိတ်ဝင်တစား ဓာတ်ပုံ ရိုက်နေကြလေသည်။
သို့သော် မကြာမီ သင်္ဘောကြီးသည် ပိုမို ထင်ရှားလာပြီး အဆောက်အအုံများကို တိုက်ခိုက်မိလေသည်။ အဆောက်အအုံများ ပြိုကျပြီး မှန်ကွဲစများ ကျဆင်းလာသဖြင့် လူအများ ထိခိုက်ဒဏ်ရာ ရကြလေသည်။
"တကယ်ကြီးဟ... ထွက်ပြေးကြ..."
လူအုပ်ကြီးသည် ထိတ်လန့်တကြား ထွက်ပြေးကြလေသည်။
"သာမန်လူတွေကို ဖယ်ထုတ်လိုက်ပါ... ဒီမှာ နေရင် အန္တရာယ် ရှိတယ်..."
ခေါင်းဆောင်များ ရောက်ရှိလာကြပြီ ဖြစ်သည်။
ဟဲယွဲ့လျန်သည် ပတ်ဝန်းကျင်ရှိ လမ်းများကို ပန်းချီကား ကမ္ဘာထဲသို့ ထည့်သွင်းလိုက်လေသည်။ သို့သော် သင်္ဘော ရှိနေသော နေရာကိုမူ ထည့်သွင်း၍ မရနိုင်ပေ။ ထို့ကြောင့် အခြား နည်းလမ်းဖြင့် လူများကို ရွှေ့ပြောင်းရလေသည်။
"ကျန်တဲ့သူတွေကို ငါ တာဝန်ယူမယ်..."
လျိုစန်း၏ စက္ကူလူများ ထောင်နှင့်ချီ၍ ထွက်ပေါ်လာပြီး လူများကို ဘေးလွတ်ရာသို့ ခေါ်ဆောင်သွားကြလေသည်။
လူများ ရှင်းလင်းသွားချိန်တွင် သင်္ဘောကြီးသည် လက်တွေ့ကမ္ဘာထဲသို့ အပြည့်အဝ ရောက်ရှိလာလေပြီ။
ထိုအချိန်တွင် ခေါင်းဆောင်များသည် အခြား တစ်ဖက်သို့ လှမ်းကြည့်လိုက်ကြသည်။
အဆောက်အအုံ တစ်ခု၏ အပေါ်ဆုံးထပ်တွင် လူရိပ် ၂၀ ခန့် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ သူတို့သည် ဝေဝါးနေပြီး လက်တွေ့ကမ္ဘာနှင့် ကင်းကွာနေသကဲ့သို့ ရှိလေသည်။
"ဘုရင်အဖွဲ့အစည်းက လူတွေပဲ... ပေါ်လာကြပြီ..."
"သူတို့ကို သတ်ပစ်ရမယ်... ပြီးမှ သင်္ဘောကို ရှင်းမယ်..."
ဟဲယင်အာသည် ဝိညာဉ်ခေါ်ရန် ပြင်ဆင်လိုက်လေသည်။
"မလုပ်နဲ့ဦး... အဲဒါတွေက အစစ် မဟုတ်ဘူး... ပုံရိပ်ယောင်တွေပဲ... အစစ်တွေက တခြားနေရာမှာ ပုန်းနေကြတာ... သူတို့က အခြေအနေ စောင့်ကြည့်နေကြတာ... ငါတို့ကို အားကုန်စေချင်နေတာ..."
လင်းပေက တားမြစ်လိုက်လေသည်။
"ဟုတ်တယ်... အဆောက်အအုံ တစ်ခုလုံးက ပုံမှန် မဟုတ်ဘူး... ပင်လယ်မြို့မှာ အဲဒီ အဆောက်အအုံ မရှိဘူး... ပန်းချီဆရာ ဘုရင်က ဖန်တီးထားတာ ဖြစ်မယ်... အခု သွားတိုက်ရင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး..."
ဟဲယွဲ့လျန်က ရှင်းပြလေသည်။
"သူတို့က ယုတ်မာတယ်... ငါတို့ကို သင်္ဘောနဲ့ရော၊ သူတို့နဲ့ပါ တပြိုင်တည်း တိုက်ခိုင်းနေတာ..." လျိုစန်းက ပြောလိုက်သည်။
"ငါ သွားပြီး အနှောင့်အယှက် ပေးလိုက်မယ်..."
လင်းပေက အဆောက်အအုံဘက်သို့ ထွက်သွားလေသည်။
ထိုအချိန်တွင် သင်္ဘောကြီးသည် ရှေ့ဆက် တိုးလာနေသည်။ အဆောက်အအုံများကို ဝင်တိုက်မိပြီး ပျက်စီးစေလေသည်။ သင်္ဘောပေါ်မှ အရာဝတ္ထုများ ပြုတ်ကျလာနေသည်။
"ဒုက္ခပဲ... သင်္ဘောက တစ္ဆေတွေကို လွှတ်ထုတ်နေပြီ... စောစောက အလောင်းကောင် တစ်ခု ပြုတ်ကျလာပြီး ရေမြောင်းထဲ ဝင်သွားတယ်..." လျိုစန်း သတိပေးလိုက်သည်။
"တစ္ဆေတွေ ပိုများလာတယ်..."
ခေါင်းဆောင်များ မျက်နှာပျက်သွားကြလေသည်။ သင်္ဘောကို မတားဆီးနိုင်ပါက တစ္ဆေများကို လိုက်ရှင်းနေရုံဖြင့် အချိန်ကုန်ပြီး မောပန်းသွားပေလိမ့်မည်။ ဒါက ဘုရင်အဖွဲ့အစည်း လိုချင်သော အခြေအနေပင် ဖြစ်သည်။
"ယန်ကျန့် ဘယ်ရောက်နေတာလဲ..."
လုကျီဝမ် စိတ်ပူလာလေသည်။
ထိုအချိန်တွင် သင်္ဘော၏ ရှေ့တည့်တည့် လမ်းမပေါ်တွင် ကားမီးရောင်များ လင်းလက်လာလေသည်။
"မီးရောင်လား..."
မှောင်မည်းနေသော ပတ်ဝန်းကျင်တွင် ကားမီးရောင်က ထင်ရှားနေလေသည်။
မီးရောင်အောက်တွင် ဘတ်စ်ကားဟောင်းကြီး တစ်စီး ပေါ်လာပြီး သင်္ဘောဆီသို့ ဖြည်းညှင်းစွာ မောင်းနှင်လာလေသည်။
"ဒါ တစ္ဆေဘတ်စ်ကား ပဲ..." ကျိုးဒန် မှတ်မိသွားလေသည်။
"ယာဉ်မောင်းခုံမှာ ထိုင်နေတာ... ယန်ကျန့် ပဲ... သူ ဘတ်စ်ကားကို မောင်းလာတာပဲ..."
အားလုံး အံ့အားသင့်သွားကြလေသည်။ ယန်ကျန့် ပျောက်သွားသည်မှာ ဘတ်စ်ကား သွားယူရန် ဖြစ်ကြောင်း သိလိုက်ရလေသည်။
"သဘောပေါက်ပြီ... သူက ဘတ်စ်ကားနဲ့ သင်္ဘောကို တားမလို့ပဲ... ဘတ်စ်ကားက တစ္ဆေတွေကို ဖိနှိပ်နိုင်တယ်... သင်္ဘောကိုလည်း ယှဉ်နိုင်လောက်တယ်..."
လျိုစန်း သဘောပေါက်သွားလေသည်။
"ဘတ်စ်ကားက သေးသေးလေးလေ... သင်္ဘောကို တားနိုင်ပါ့မလား..."
ဟဲယင်အာ သံသယ ဖြစ်နေလေသည်။
"မသိဘူး... စမ်းကြည့်မှ သိမှာ... တစ္ဆေစွမ်းအားချင်း ယှဉ်ရင် အရွယ်အစားက အဓိက မဟုတ်ဘူး..." ဝမ်ချာလင်းက မျှော်လင့်တကြီး စောင့်ကြည့်နေလေသည်။