အခန်း (၁၄၇၇-၁၄၇၈)
Vol. 111 Ch. 1477-1478
အခန်း (၁၄၇၇) ဆိုးရွားသော အခြေအနေ
ယန်ကျန့်သည် တစ္ဆေဘတ်စ်ကား လုံးဝ မပျက်စီးမီ အချိန်မီ လွတ်မြောက်လာနိုင်ခဲ့သည်။ အန္တရာယ်ရှိသော နေရာနှင့် ဝေးကွာသွားမှသာ သူ၏ တစ္ဆေစွမ်းအားများ ပြန်လည် နိုးထလာခဲ့သည်။ သို့သော် အပြည့်အဝ ပြန်လည် သက်ဝင်လာခြင်း မရှိသေးပေ။
တစ်စုံတစ်ရာသော စွမ်းအားက မြို့တော်တစ်ခုလုံးကို လွှမ်းမိုးထားသကဲ့သို့ ခံစားရသည်။
တစ္ဆေဘတ်စ်ကားနှင့် တစ္ဆေသင်္ဘောတို့ တိုက်မိမှုသည် မြို့တော်တစ်ခုလုံးကို သက်ရောက်မှု ရှိစေခဲ့သည်။ သာမန်လူများ မခံစားနိုင်သော်လည်း တစ္ဆေဆရာများ အနေဖြင့် ထင်ရှားစွာ ခံစားသိရှိနိုင်သည်။
"ကံကောင်းလို့ နောက်ဆုံး စက္ကန့်ပိုင်းမှာ တံခါးပွင့်သွားတာ... မဟုတ်ရင် သေပြီ..."
ယန်ကျန့် သက်ပြင်းချလိုက်ပြီး ဟဲယင်အာ ရှိရာဘက်သို့ ကြည့်လိုက်သည်။ သူမ ဝိညာဉ်ခေါ်ပေးလိုက်၍သာ လွတ်မြောက်လာခြင်း ဖြစ်သည်။
မိမိ၏ အမှားလည်း ပါဝင်သည်။ တိုက်မိချိန်တွင် တံခါးဖွင့်ထားသင့်သည်။ သို့သော် တိုက်မိချိန်တွင် ထိန်းချုပ်မှု လွတ်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"ခေါင်းဆောင်တွေ ဝိုင်းကူရင်တောင် မရနိုင်တဲ့ တံခါးကို ဝိညာဉ်အဘိုးကြီးက အလွယ်တကူ ဖြုတ်ပစ်လိုက်တာ... ကြောက်စရာ ကောင်းလိုက်တာ..."
ဝိညာဉ်အဘိုးကြီးသည် အချိန်တိုအတွင်း ပျောက်ကွယ်သွားသော်လည်း သူ၏ စွမ်းအားကို လျှော့တွက်၍ မရပေ။
အခြား ခေါင်းဆောင်များလည်း စိတ်သက်သာရာ ရသွားကြသည်။
"ယန်ကျန့် လွတ်လာပြီ... ဘာမှ မဖြစ်တော့ဘူး..."
လုကျီဝမ် ပြောလိုက်သည်။
"ငါ ပြောသားပဲ... မလောင်းသင့်ပါဘူး လို့... ဟဲယင်အာ မကယ်ရင် ယန်ကျန့် သေပြီ..."
ဝမ်ချာလင်းက ဝေဖန်လိုက်သည်။
"ယန်ကျန့် တံခါးကို တိုက်နေကတည်းက ငါ သိလိုက်ပြီ... သူ့စွမ်းအားတွေ ပိတ်မိနေတယ် ဆိုတာ... ဒါကြောင့် ချက်ချင်း ကယ်ထုတ်လိုက်တာ..."
ဟဲယင်အာ ရှင်းပြသည်။
"စွန့်စားမှ အကျိုးရှိတာပါ... ယန်ကျန့် စွန့်စားလို့ သင်္ဘော ထိခိုက်သွားပြီ... ဦးပိုင်း ပေါက်ထွက်သွားပြီ..."
ကျိုးဒန် ထောက်ခံလိုက်သည်။
"သင်္ဘော ပျက်စီးသွားရင် အရင်လို မောင်းလို့ ရတော့မှာ မဟုတ်ဘူး... ဘုရင်အဖွဲ့အစည်း အတွက် အခက်တွေ့စေမှာ သေချာတယ်..."
လုကျီဝမ် သုံးသပ်ပြသည်။
"နှမြောစရာပဲ... ဘတ်စ်ကားလေး ပျက်စီးသွားပြီ... စစ်ပြီးရင် လျှောက်လည်မလို့ စိတ်ကူးထားတာ..."
ကျိုးဒန် ညည်းညူလိုက်သည်။
ဘတ်စ်ကားသည် သံတိုသံစပုံ ဖြစ်သွားပြီး သင်္ဘောကြီးသည်လည်း ရပ်တန့်နေလေသည်။
"အန္တရာယ် မပြီးသေးဘူး... တစ္ဆေတွေ ကျန်သေးတယ်... တိုက်ပွဲ ပြီးရင် တစ္ဆေတွေ နိုးထလာလိမ့်မယ်... ပင်လယ်မြို့ တစ်ခုလုံး ဒုက္ခရောက်လိမ့်မယ်..."
ယန်ကျန့် ရောက်ရှိလာပြီး သတိပေးလိုက်သည်။
"နောက်ထပ် ပြဿနာ ရှိသေးတယ်... စောစောက တိုက်မိမှုကြောင့် တစ္ဆေနယ်မြေတွေ အကုန် ပျက်စီးသွားပြီ... ဘုရင်အဖွဲ့အစည်းက လူတွေလည်း ပင်လယ်မြို့ထဲ ရောက်နေကြပြီ... အတွင်းရော အပြင်ရော ရန်သူတွေ ဝိုင်းနေပြီ..."
လင်းပေ သတင်းပို့လိုက်သည်။
"တစ္ဆေပန်းချီကား နယ်ပယ်လည်း ပျက်သွားပြီ... လူတွေကို မရွှေ့ပြောင်းနိုင်တော့ဘူး..." ဟဲယွဲ့လျန် ဖြည့်စွက်ပြောလိုက်သည်။
"ပြဿနာတွေက တစ်ခုပြီး တစ်ခု လာနေပါလား..." ကျိုးဒန် ခေါင်းကိုက်နေလေသည်။
"ယန်ကျန့်... မင်းမှာ အစီအစဉ် ရှိလား..." လုကျီဝမ် မေးလိုက်သည်။
ယန်ကျန့် ခဏ စဉ်းစားပြီး ပြောလိုက်သည်။
"တိုက်ပွဲ ပြီးရင် ငါတို့ စွမ်းအားတွေ ပြန်ရလာလိမ့်မယ်... သင်္ဘောပေါ်က တစ္ဆေတွေလည်း နိုးထလာလိမ့်မယ်... ပထမဆုံး အနေနဲ့ သင်္ဘောပေါ်က ဆင်းလာတဲ့ တစ္ဆေတွေကို ရှင်းရမယ်..."
"ငါ ရေလွှမ်းမိုးခြင်း စီမံကိန်း စလိုက်မယ်... တစ္ဆေရေကန်နဲ့ သင်္ဘောကို ဖုံးလွှမ်းလိုက်မယ်... တစ္ဆေ တစ်ဝက်လောက် ရေကန်ထဲ ကျသွားလိမ့်မယ်... ကျန်တဲ့ တစ္ဆေတွေကို မင်းတို့ ရှင်းရမယ်..."
"ဘုရင်အဖွဲ့အစည်း က ငါတို့ကို ဒီတိုင်း ကြည့်နေမှာ မဟုတ်ဘူး... အခွင့်ကောင်း စောင့်ပြီး တိုက်ခိုက်လိမ့်မယ်... ငါတို့ ရင်ဆိုင်ရမယ့် တကယ့် ရန်သူက လူတွေ ဖြစ်နေတယ်..."
ဝမ်ချာလင်း ထောက်ပြလိုက်သည်။
"အဲဒါ နောက်တစ်ဆင့်ပဲ..."
"ဘုရင်အဖွဲ့အစည်း ပေါ်လာတာနဲ့ တစ္ဆေတွေကို ထားခဲ့ပြီး သူတို့ကို အရင် တိုက်ရမယ်... ငါတို့ ဒီတစ်ခေါက် ခံနိုင်ရင် သူတို့ ရှုံးပြီ..."
"ရေလွှမ်းမိုးခြင်း စီမံကိန်း စလိုက်ရင် သူတို့လည်း ဒုက္ခရောက်မှာပဲ... သူတို့က ငါတို့ကို ရှင်းပြီးမှ သင်္ဘောကို ပြန်ယူဖို့ ကြံနေတာ... ဒါကြောင့် ပထမဆုံး တိုက်ပွဲမှာ နိုင်ဖို့ အရေးကြီးတယ်..."
"ဖြစ်နိုင်တယ်... သူတို့ကို နိုင်ရင် သင်္ဘောကိစ္စလည်း ရှင်းလို့ ရပြီ..."
လျိုစန်း သဘောတူလိုက်သည်။
"သင်္ဘောကို အရင် ရှင်း... သူတို့ကို မျှားခေါ်... ပြီးရင် သူတို့ကို ပြန်တိုက်... ပြီးမှ တစ္ဆေတွေကို ရှင်း... အစီအစဉ် ကျတယ်..." လီလဲ့ဖိန် ထောက်ခံလိုက်သည်။
"ဒါပေမဲ့ တစ်ချိန်တည်းမှာ တစ္ဆေရန်ရော၊ လူရန်ရော ခံရနိုင်တယ်... အစားထိုးအရုပ်တွေ ဆောင်ထားကြ... အမှားမခံနဲ့..."
ယန်ကျန့် သတိပေးလိုက်သည်။
"အခုပဲ သူတို့ကို ရှာပြီး သတ်လိုက်ရင်ရော..."
ဟဲယင်အာ အကြံပေးသည်။
"မဖြစ်ဘူး... သူတို့က ပုန်းနေမှာ... ငါတို့ အချိန်ဖြုန်းနေရင် တစ္ဆေတွေ ပျံ့နှံ့သွားလိမ့်မယ်..."
လျိုစန်း ငြင်းလိုက်သည်။
"သိပါတယ်... ငါက စိတ်လောနေလို့ပါ..." ဟဲယင်အာ စိတ်မရှည် ဖြစ်နေသည်။
"သူတို့နဲ့ တွေ့ရင် ချက်ချင်း အပြတ်ရှင်း... အချိန်ဆွဲမနေနဲ့... ငါတို့က လူနည်းတယ်..."
လုကျီဝမ် မှာကြားလိုက်သည်။
"တွေ့တာနဲ့ အသေသတ်မယ်... တစ်မိနစ်တောင် မကြာစေရဘူး..."
လင်းပေ ရက်စက်စွာ ပြုံးလိုက်သည်။
"သတိထား... သူတို့ဆီမှာ အလောင်းကောင် သံ တစ်ချောင်း ရှိတယ်... အဲဒီလူနဲ့ တွေ့ရင် သတိထား..."
ယန်ကျန့် ထပ်မံ သတိပေးလိုက်သည်။
အားလုံး စိုးရိမ်သွားကြသည်။ အလောင်းကောင် သံသည် အလွန် ကြောက်စရာ ကောင်းသော လက်နက် ဖြစ်သည်။
"ငါ အဲဒါကို ခိုးယူလိုက်ရင်ရော... ငါ့ဟာ ဖြစ်သွားမှာပေါ့..."
ကျိုးဒန် ကြံစည်နေလေသည်။
အခန်း (၁၄၇၈) ရေကန်ထဲမှ ထွက်ပေါ်လာသူများ
အခြေအနေသည် ခေတ္တမျှ ငြိမ်သက်သွားခဲ့လေသည်။
တစ္ဆေဘတ်စ်ကားသည် တစ္ဆေသင်္ဘောကို တားဆီးနိုင်ခဲ့သော်လည်း အလဲလဲ အကွဲကွဲ ဖြစ်သွားခဲ့သည်။ သို့သော် တစ္ဆေစွမ်းအားချင်း ပဋိပက္ခက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
မည်သူမဆို ကြည့်လိုက်လျှင် ဘတ်စ်ကား ရှုံးနိမ့်သွားပြီဟု ထင်မြင်ကြပေလိမ့်မည်။
သို့သော် ခေါင်းဆောင်များ အနေဖြင့် ရည်မှန်းချက် အောင်မြင်ခဲ့ပြီ ဖြစ်သည်။ သင်္ဘောကို ဖျက်ဆီးပစ်ရန် မလိုအပ်ပေ။ ရပ်တန့်သွားစေရန်နှင့် ဘုရင်အဖွဲ့အစည်းက အလွယ်တကူ မထိန်းချုပ်နိုင်ရန်သာ လိုအပ်ခြင်း ဖြစ်သည်။
"တစ္ဆေစွမ်းအား ပဋိပက္ခက လျော့နည်းလာပြီ... ငါ့စွမ်းအားတွေ ပြန်ရလာနေပြီ... ဒီလောက် မြန်မြန် ပြန်ကောင်းလာလိမ့်မယ် မထင်ထားဘူး..."
ယန်ကျန့်သည် သူ့ကိုယ်သူ ပြန်လည် ဆန်းစစ်ကြည့်လိုက်လေသည်။ ယာဉ်မောင်းခြင်းကြောင့် ပိတ်မိနေသော စွမ်းအားများသည် ပြန်လည် လှုပ်ရှားလာပြီ ဖြစ်သည်။ သို့သော် အပြည့်အဝ ပြန်မကောင်းသေးပေ။
အခြား ခေါင်းဆောင်များသည် ယန်ကျန့်လောက် ထိခိုက်မှု မရှိခဲ့ပေ။
ကောင်းကင်မှ စက္ကူပြာများ ပြန်လည် ကျဆင်းလာနေသည်။ ဟဲယွဲ့လျန်၏ နယ်ပယ်သည် ပြန်လည် အသက်ဝင်လာပြီ ဖြစ်သည်။
"ဒီအတိုင်း ဆိုရင် ၁၅ မိနစ်လောက် နေရင် ပဋိပက္ခ ပြီးဆုံးသွားလိမ့်မယ်... ငါတို့ ကြိုတင် ပြင်ဆင်ထားသင့်တယ်..."
လုကျီဝမ် ပြောလိုက်သည်။
"စောင့်နေစရာ မလိုပါဘူး... အခုပဲ စလိုက်ရအောင်... ငါ့ရဲ့ တစ္ဆေရေကန် စွမ်းအားကို သုံးလို့ ရနေပြီ... ရေလွှမ်းမိုးခြင်း စီမံကိန်း စတင်ဖို့ လုံလောက်ပါတယ်..."
ယန်ကျန့် အေးစက်စွာ ပြောလိုက်သည်။
"ရေကန်ထဲက တစ္ဆေတွေကို လွှတ်ထုတ်လိုက်... သူတို့ ငါတို့ကို ဒုက္ခပေးသလို ငါတို့လည်း ပြန်ပေးရမယ်..."
လျိုစန်း ထောက်ခံလိုက်သည်။
"ရေကန်က အကျယ်ကြီးလေ... တစ္ဆေတွေ လွှတ်လိုက်ရင် ပြန်ဖမ်းဖို့ မလွယ်ဘူး... လူတွေ အများကြီး သေလိမ့်မယ်..."
ဝမ်ချာလင်း သတိပေးလိုက်သည်။
"ဘုရင်အဖွဲ့အစည်းက လူသေတာ ဂရုစိုက်မယ် မထင်ဘူး... သူတို့က ငါတို့ရဲ့ စီမံကိန်းကို မကြောက်လို့သာ သင်္ဘောကို ဒီအထိ မောင်းလာတာ... သူတို့မှာ တခြား ရည်ရွယ်ချက် ရှိလိမ့်မယ်..."
"ဘာရည်ရွယ်ချက်လဲ..." ဟဲယင်အာ မေးလိုက်သည်။
"ငါ့အထင်တော့ သူတို့က တစ္ဆေစွမ်းအားတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတာကို လိုချင်နေတာ... ဘယ်သူ့လက်ချက်နဲ့ ဖြစ်ဖြစ် သူတို့ ဂရုမစိုက်ဘူး..."
"ဘာလို့လဲ... သူတို့က တစ္ဆေကမ္ဘာကြီးထဲမှာ နေချင်လို့လား..."
ဟဲယင်အာ နားမလည်နိုင် ဖြစ်နေသည်။
"ဒါ ငါ့အထင်ပါ... သေချာတော့ မသိရဘူး..."
"ထားလိုက်ပါတော့... ငါ့ရေကန်ထဲက တစ္ဆေတွေကို လွှတ်ထုတ်လိုက်မှ ရေကန်က နေရာလွတ် ကျန်မှာ... ဒါမှ သင်္ဘောပေါ်က တစ္ဆေတွေကို ဖမ်းလို့ ရမှာ... အကျိုးဆက်ကို တွေးမနေနဲ့တော့... အခု အသက်ရှင်ဖို့က အဓိကပဲ..."
ယန်ကျန့် ပြောပြီးသည်နှင့် ခေါင်းဆောင်များ အားလုံး အနောက်သို့ ဆုတ်ခွာလိုက်ကြသည်။
မိနစ်အနည်းငယ် အကြာတွင်...
ယန်ကျန့်၏ ခြေထောက်အောက်မှ ရေများ စိမ့်ထွက်လာသည်။ ရေအိုင်ငယ်များမှ ရေကန်ကြီး အဖြစ် ပြောင်းလဲသွားလေသည်။
ရေကန်သည် နက်ရှိုင်းလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းမိုးသွားလေသည်။ ကားများ၊ အဆောက်အအုံများ ရေထဲ နှစ်မြုပ်သွားလေသည်။
ပင်လယ်မြို့ရှိ တစ္ဆေရေကန်သည် ကမ္ဘာအနှံ့ရှိ ရေကန်များနှင့် ဆက်သွယ်လိုက်လေသည်။
ရေကန်အောက်ခြေတွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေသော အလောင်းကောင်များ ရှိနေသည်။ ထိုအရာများသည် သာမန် အလောင်းကောင်များ မဟုတ်ဘဲ တစ္ဆေများ ဖြစ်ကြသည်။
ယန်ကျန့်သည် ရေလွှမ်းမိုးခြင်း စီမံကိန်းကို စတင်လိုက်လေသည်။
ရေကန်အောက်ခြေမှ ရေစီးကြောင်းများ ဖြစ်ပေါ်လာပြီး အလောင်းကောင်များကို ရေမျက်နှာပြင်ပေါ်သို့ တွန်းပို့လိုက်လေသည်။
အလောင်းကောင် တစ်ခုသည် နိုင်ငံခြားရှိ ရေကန်တစ်ခုတွင် ပေါ်လာသည်။ ကမ်းစပ်သို့ ရောက်သည်နှင့် မျက်လုံး ပွင့်လာပြီး နိုးထလာလေသည်။
တစ္ဆေတစ်ကောင် လွတ်မြောက်လာခြင်း ဖြစ်သည်။
ကမ္ဘာအနှံ့တွင် ဤကဲ့သို့ ဖြစ်ပျက်နေလေသည်။ အိမ်သာခွက်ထဲမှ လက်တစ်ဖက် ထွက်လာခြင်း၊ ရေကူးကန်ထဲတွင် အလောင်းကောင်များ ပေါ်လာခြင်း စသည်ဖြင့် နေရာအနှံ့တွင် တစ္ဆေများ ပေါ်ထွက်လာကြလေသည်။
တစ္ဆေရေကန်ထဲမှ တစ္ဆေများ လျော့နည်းသွားသည်နှင့်အမျှ ရေကန်၏ စွမ်းအားသည် ပိုမို ကြီးမားလာလေသည်။ ပင်လယ်မြို့ရှိ ရေကန်သည် လျင်မြန်စွာ ကျယ်ပြန့်လာလေသည်။
ကံကောင်းသည်မှာ လူများကို ကြိုတင် ရွှေ့ပြောင်းထားပြီး ဖြစ်သည်။ သို့သော် ယန်ကျန့်သည် အတတ်နိုင်ဆုံး ထိန်းချုပ်ထားရသည်။
"တစ္ဆေတွေကို လွှတ်လိုက်ရုံပဲ... မြို့တွေကို ရေမလွှမ်းစေနဲ့... တစ္ဆေလောက ကိစ္စကို တစ္ဆေလောကသားတွေပဲ ရှင်းပါစေ..."
ယန်ကျန့်သည် သာမန်လူများကို မထိခိုက်စေလိုပေ။
"ရေကန်က ကြောက်စရာ ကောင်းလိုက်တာ... ဒါပေမဲ့ ဒီလောက်နဲ့ လုံလောက်ပါ့မလား..."
လျိုစန်း မေးလိုက်သည်။
"ရေကန် ရှင်းသွားပြီ ဆိုတော့ သင်္ဘောပေါ်က တစ္ဆေတွေကို ဖမ်းဖို့ အဆင်သင့် ဖြစ်နေပြီ... တစ္ဆေတွေ ဆင်းလာတာနဲ့ ရေကန်ထဲ ကျသွားလိမ့်မယ်... လွတ်လာတဲ့ ကောင်တွေကို မင်းတို့ ရှင်းရမယ်..."
"ကောင်းပြီ... အဆင်သင့် ပြင်ထားကြ..." လုကျီဝမ် အမိန့်ပေးလိုက်သည်။
ခေါင်းဆောင်များသည် သင်္ဘောကို ဝိုင်းရံကာ ခံစစ်စည်း ပြုလုပ်လိုက်ကြသည်။
ကျိုးဒန်သည် ဟဲယင်အာ ဘေးတွင် ကပ်နေပြီး မျက်နှာမဲ့လူလည်း အနီးနားတွင် ရှိနေလေသည်။
"မင်း ထွက်လာဖို့ အချိန်တန်ပြီ... ကျန်းရှန်ကွမ်..."
ယန်ကျန့်သည် ရေထဲမှ အလောင်းကောင် တစ်ခုကို ဆွဲတင်လိုက်လေသည်။
ရေထဲတွင် ခွေးဆိုးကြီး၏ အရိပ်နှင့် လူရိပ်တစ်ခု ပေါ်လာပြီး အလောင်းကောင်နှင့် ပေါင်းစပ်သွားလေသည်။
ကျန်းရှန်ကွမ် မျက်လုံး ပွင့်လာသည်။
သူ နိုးထလာပြီ ဖြစ်သည်။
"ယန်ကျန့် က ကျန်းရှန်ကွမ် ကို လွှတ်ပေးလိုက်တာလား..."
ခေါင်းဆောင်များ အံ့သြသွားကြသော်လည်း ကန့်ကွက်ခြင်း မရှိကြပေ။
ယခုအချိန်တွင် အင်အား တစ်ခုတိုင်းသည် အလွန် အရေးပါနေသောကြောင့် ဖြစ်သည်။