← Chapters

အခန်း (၅၁၅-၅၁၆)

Vol. 39 Ch. 515-516

အခန်း (၅၁၅-၅၁၆)

Vol. 39 Ch. 515-516

အပိုင်း ၅၁၅ - လက်မဝက်

ယွမ်ယန်ကို တိုက်ပွဲတွင် ဒဏ်ရာရစေခြင်းက ယွမ်ရှောင်ကို စာမေးပွဲမှ ထုတ်ပယ်ရန် လုံလောက်သော အကြောင်းပြချက် မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူရဲကောင်းစီရင်သူ၏ မျိုးဆက် ဖြစ်သောကြောင့် ဥပဒေအရ ဦးစားပေးအခွင့်အရေးများပင် ရှိနေသည်။ စာရွက်စာတမ်းကိစ္စ ပြီးဆုံးသောအခါ အမှတ်စဥ် တစ်ဟု ရေးထိုးသော ကျောက်စိမ်းပြားတစ်ချပ် လက်ခံရရှိလိုက်ပြီး ဆယ်နှစ်တာ ပျောက်ကွယ်၍ ပြန်လည်ရောက်ရှိလာသည်နှင့် တပြိုင်နက် အာဏာရှိသူများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သော အကြောင်းအရင်းကို လူအများ နားမလည်ကြချေ။ သူက ကိုယ်ပိုင်ကမ္ဘာအတွင်း ရောက်ရှိနေသည့်အလား အရာရာ လျစ်လျူရှုထားကာ စာရင်းသွင်းပြီး တိတ်ဆိတ်စွာ ကျင့်ကြံနေလိုက်သည်။ တစ်နာရီအကြာတွင် ဖြေဆိုသူများ၏ စာရွက်စာတမ်းများကို စစ်ဆေးပြီးသွားကာ လိုအပ်သော အရည်အချင်းများနှင့် ကိုက်ညီ၍ အပြစ်အနာဆာရှိသူ အချို့ပင် ကောင်းကောင်း ဖုံးကွယ်ထားကြ၏။

"ပထမဆုံး စစ်ဆေးမှာက ရုပ်ရည်သွင်ပြင်နဲ့ ကိုယ်ဟန်အမူအရာပဲ။ ယောကျ်ားလေးတွေ ငါနဲ့လိုက်ခဲ့။ မိန်းကလေးတွေ စီရင်သူ လီနဲ့ လိုက်သွား"

ထို့နောက် လုချန်ဖုန်းက အေးစက်စက် အမျိုးသမီးတစ်ယောက်နှင့်အတူ ရှေ့ထွက်လာကာ ကြေညာလိုက်ပြီး ယောကျ်ားလေး ခြောက်ဆယ်ကျော်ကို အခန်းလွတ်တစ်ခုထံ ခေါ်ဆောင်သွားခဲ့သည်။ ကောင်းကင်ရုံးတော်က အင်မော်တယ်များ၏ ဟန်ပန်အမူအရာကို မည်သည့်အကြောင်းအရင်းကြောင့် ထည့်သွင်းစဥ်းစားသည်ကို မသိရသော်လည်း ယွမ်ရှောင်က ဂရုမစိုက်ချေ။ အခန်းအတွင်း ရောက်သောအခါ ဖယောင်းတိုင်များ အလိုလို လင်းထိန်လာကာ လူငယ်များ တန်းစီလျက် နေရာယူထားကြကာ လုချန်ဖုန်းနှင့် အခြားစစ်ဆေးသူနှစ်ယောက် ရပ်နေကြ၏။ သူ၏ လက်ထဲတွင် စာရွက်အလွတ်နှင့် စုတ်တံတစ်ချောင်း ကိုင်ထား၍ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်သောကြောင့် ဖြေဆိုသူများ စိုးရိမ်တကြီး လှမ်းကြည့်နေကြသည်။

"ရုပ်ရည်သွင်ပြင်ကို အခု စစ်ဆေးမယ်။ ငါ အမိန့်ပေးမယ်။ အဝတ်အစားတွေ အကုန်ချွတ်လိုက်"

လုချန်ဖုန်းက နောက်ဆုံးတွင် ရှိနေသော ယွမ်ရှောင်ထံ အေးစက်စွာ စိုက်ကြည့်နေပြီး ချက်ချင်း အမိန့်ပေးလိုက်၏။ အဝတ်အစားများကို ချက်ချင်း ချွတ်လိုက်သောအခါ ယွမ်ရှောင်အနားရှိ ယောကျ်ားလေးများ အားလုံး ကိုယ်လုံးတီး ဖြစ်ကုန်သည်။ အချို့ကျင့်ကြံသူများက တားမြစ်ပညာရပ်များ ကျင့်ကြံတတ်ပြီး ခန္ဓာကိုယ်အထက်တွင် သက်သေများ ကျန်ရစ်သောကြောင့် ဤစစ်ဆေးခြင်းမှာ စီရင်သူ ဖြစ်လာရန် စာမေးပွဲ၏ အစိတ်အပိုင်းတစ်ခု ဖြစ်၏။ ကောင်းကင်ရုံးတော်တွင် စီရင်သူအခန်းကဏ္ဍက လေးနက်ပြီး အပေါ်ယံအားဖြင့် ဖြောင့်မတ်မှန်ကန်သော အသွင်အပြင်ရှိကြောင်း သေချာရပေလိမ့်မည်။ ဤစာမေးပွဲက တိုက်ခိုက်ရေးစွမ်းအားနှင့် ပါရမီကို စစ်ဆေးခြင်းသာ မဟုတ်ဘဲ အကျင့်စာရိတ္တနှင့် နောက်ခံကဲ့သို့ အရေးကြီးအချက်များကိုပါ ထည့်သွင်း စဥ်းစား၏။ အားလုံးက ကိုယ်လုံးတီး ဖြစ်နေသော်လည်း ရင်ကော့၍ အရှေ့သို့သာ စိုက်ကြည့်နေသဖြင့် အနေခက်စရာ မဖြစ်ပေ။ အနက်ရောင် သားရဲလေးကမူ ယွမ်ရှောင်၏ အဝတ်အစားများအကြား လုံလုံခြုံခြုံ ပုန်းအောင်းနေခဲ့သည်။

"ငြိမ်ငြိမ်နေကြ"

စစ်ဆေးသူသုံးယောက်က အစွန်ဆုံးမှ စတင်၍ တစ်ယောက်ချင်းစီကို စေ့စေ့စပ်စပ် စစ်ဆေးကာ လေးနက်စွာ အမှတ်ပေးနေကြသည်။ လုချန်ဖုန်းက အမှတ်ပေးရန် တာဝန်ယူထားပြီး ကျန်နှစ်ယောက်မှာ ဖြေဆိုသူများကို ခေါင်းအစ ခြေအဆုံး ဂျောင်ကျိုဂျောင်ကြား မကျန် စစ်ဆေးကြ၏။

"တော်တော်သေးတာပဲဟ လခွမ်း"

ဖြေဆိုသူတစ်ယောက် အလှည့်တွင် စစ်ဆေးသူများက မနေနိုင်ဘဲ ရယ်မောလိုက်မိကြပြီး ခန္ဓာကိုယ်အချိုးအစား တိုင်းတာသော မှတ်တမ်း၌ တစ်လက်မဟု ရေးသားလိုက်ကြ၏။

"ဟေ့ကောင်တွေ သေချာစိတ်ထည့်ထား။ ဒီအချိုးအစားတွေက အထက်တန်းလွှာ အင်မော်တယ်မိန်းမတွေဆီ ရောက်သွားတတ်တယ်။ မင်းတို့ရဲ့ အနာဂတ် သကြားမေမေတွေတောင် ရလာနိုင်တယ်နော်"

စစ်ဆေးသူတစ်ယောက်က အသေအချာ မှတ်တမ်းတင်ရင်း အားပေးလိုက်၏။

"အဝတ်အစားပြန်ဝတ်ပြီး ဥပဒေစာမေးပွဲအတွက် ပြင်ဆင်ကြ"

လုချန်ဖုန်းက စာရွက်အထပ်လိုက် ကိုင်ပြီး ခပ်ပြတ်ပြတ် အမိန့်ပေးကာ အခန်းအပြင်သို့ ထွက်ခွာသွားသောအခါ လျူမူ၊ ယွမ်ကန်နှင့် စီရင်သူ တပ်မှူးများ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

"အားလုံး အောင်မြင်တယ်။ ရှေ့ဆက်လို့ ရပါပြီ"

သူက စာရွက်များကို လျူမူထံ ပေးအပ်ကာ ကြေညာလိုက်သော်လည်း ယွမ်ရှောင်၏ အချိုးအစားကိုမူ လက်မဝက်ဟု လိမ်ညာ ထည့်သွင်းထားသည်။ သူမက မျက်မှောင်ကြုတ်လိုက်သော်လည်း အရေးမပါသောကြောင့် ရှည်ရှည်ဝေးဝေး ​ပြောမနေဘဲ ဖြေဆိုသူများကို ခေါ်ဆောင်သွားတော့သည်။

"အကုန်လုံး ဥပဒေခန်းမထဲကို လိုက်လာကြ"

ဥပဒေခန်းမသည် သိသိသာသာ ကျယ်ဝန်းပြီး ၎င်းအလွန်၌ မဟူရာ နတ်ဆိုးလှိုဏ်ဂူ ရှိ၏။ ဖြေဆိုသူတစ်ယောက်စီက အနည်းဆုံး မေးခွန်းတစ်ထောင်ခန့် ပါဝင်သည့် မေးခွန်းစာရွက်များ တင်ထားသော စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံးတွင် နေရာယူကြရသည်။ အားလုံးက ကျောက်စိမ်းပြားပေါ်မှ အမှတ်စဥ်အတိုင်း နေရာယူလိုက်ကြပြီးနောက် လျူမူသည် စစ်ဆေးသူများဘက် လှည့်ကာ အမိန့်ပေးလိုက်သည်။

"အမှတ်စဥ်တွေကို ပြောင်းပစ်စမ်း။ ဘယ်သူ့အဖြေလွှာဆိုတာ ဖုံးကွယ်ထားရမယ်"

"ခင်ဗျား ဘာလုပ်ချင်နေတာလဲ။ တမင်သက်သက် ရှုပ်ထွေးအောင် လုပ်နေတာလား"

ယွမ်ကန်က စောဒကတက်လိုက်သော်လည်း သူမသည် တင်းမာပြတ်သားစွာ တုံ့ပြန်၏။

"ဒီလုပ်ရပ်က ကောင်းကင်ပျံသန်းမြို့တော်ရဲ့ ပြည်သူတွေအမြင်မှာ စာမေးပွဲ ဖြောင့်မတ်မှန်ကန်တယ်ဆိုတာ သိစေဖို့ပဲ။ ဘာကို စိုးရိမ်နေတာလဲ တပ်မှူးယွမ်"

ကောင်းကင်ဥပဒေစာမေးပွဲတွင် စီရင်သူများက လာဘ်စား၍ အမှတ်ပေးတတ်သော အချက်ကြောင့် ကောင်းကင်ပျံသန်းမြို့တော်အတွင် ကန့်ကွက်သူ တစ်နေ့တခြား များပြားလာသည်။ သူမ၏ အမိန့်ကြောင့် လူငယ်အများစုမှာ စိုးရိမ်ပူပန်ဟန်ဖြင့် မျက်နှာထားများ ပြောင်းလဲကုန်၏။

"အပြင်ရောက်တာနဲ့ ဒီမိန်းမအကြောင်း မကောင်းသတင်း ဖြန့်ပစ်မယ်။ ရာထူးကနေ လွင့်ထွက်သွားအောင် လုပ်ကြစို့"

အပြာရောင်ဝတ်ရုံနှင့် မိန်းကလေးတစ်ယောက်က လုရှောင်နှင့် တီးတိုးတိုင်ပင်နေခြင်းပင်။

"စိတ်ပျက်စရာကောင်းတယ်။ ဒီကောင်မက တော်တော်လေး မိုးခါးရေ သောက်ချင်နေတာပဲ"

လုရှောင်က လျူမူကို စက်ဆုပ်ရွံရှာစွာ ကြည့်၍ ကဲ့ရဲ့နေသည်။

"အဘိုးကြီးလျူက အရင်ဆုံး အရေးယူမှာပဲ။ ငါတို့မိသားစုအားလုံးက တစ်လှေတည်း စီးနေကြလို့ နေ့တိုင်း မျက်နှာချင်းဆိုင်နေရတယ်။ ဒီကောင်မ ပြဿနာရှာလွန်းတယ်"

"သောက်ရူးမ"

မရိုးဖြောင့်သော ထိုမိန်းကလေးများက မည်မျှ ပြစ်တင်ရှုံ့ချနေပါစေ၊ ဥပဒေစာမေးပွဲကမူ ယနေ့တွင် တရားမျှတစွာ ကျင်းပနိုင်ခဲ့လေသည်။

အပိုင်း ၅၁၆ - လက်ဦးမှု

ပထမအဆင့်သည် ကောင်းကင်ဥပဒေ ၃,၀၀၀ ကို တစ်လုံးမှ မမှားစေဘဲ၊ ပုဒ်ဖြတ်ပုဒ်ရပ် တစ်ခုမှ မလွဲစေဘဲ စေ့စပ်သေချာစွာ အလွတ်ရွတ်ဆိုရခြင်း ဖြစ်ကာ ထို့နောက် မေးခွန်း ၁၀၀ ဆက်တိုက် ဖြေဆိုရသည်။ ပြင်းထန်သော အခြေအနေကို ကြည့်ခြင်းအားဖြင့် ဤအပိုင်းသည် စီရင်သူ စာမေးပွဲ၏ အဓိက အနှစ်သာရ ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာ၍ နောက်ဆက်တွဲ စမ်းသပ်ချက်အဖြစ် ပါလာမည့် နတ်ဆိုးနက် လှိုဏ်ဂူသည် ပါရမီနှင့် တိုက်ခိုက်ရေး စွမ်းရည်များကို ပြသရန် သက်သက်သာ ဖြစ်၏။

ပင်ပန်းခက်ခဲသော်လည်း ယွမ်ရှောင်သည် ယခင်က ဤအရာမျိုးကို ဖြတ်သန်းဖူးသည့်အတွက် လေ့ကျင့်ပုံကို ကောင်းကောင်း သိထားပြီး ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ကိုသာ တစိုက်မတ်မတ် လိုက်နာရန် ဖြစ်သည်။

အားလုံးသည် အဖြေများကို အသည်းအသန် ရေးသားနေကြကာ သုံးနာရီခန့် ကြာသောအခါ ကောင်းကင်ဥပဒေ စာမေးပွဲ ပြီးဆုံးသွား၍ စီရင်သူများက စာရွက်များကို လိုက်လံကောက်ယူကြပြီး လျူမူ အရင်ဆုံး တံဆိပ်ခတ်နှိပ်လိုက်သည်။

"နတ်ဆိုး စမ်းသပ်မှုအတွက် ပြင်ဆင်ကြ။ ကောင်းကင်ဥပဒေ စာမေးပွဲ ရလဒ်တွေနဲ့ ယာယီ စီရင်သူ စာရင်းကို ညနေ နေမဝင်ခင် ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ် ဝင်ပေါက်က သင်ပုန်းမှာ ကြေညာလိမ့်မယ်"

စာမေးပွဲကို ခက်ခဲစွာ ဖြေဆိုခဲ့ရပြီးနောက် ပြိုင်ပွဲဝင် ၁၀၀ အနက် အများစုမှာ နဖူးမှ ချွေးများ ပြန်နေကြပြီ ဖြစ်ကာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး စိန်ခေါ်မှုဆီသို့ ချဉ်းကပ်လာသည်နှင့်အမျှ စိုးရိမ်ပူပန်မှုများကို အတိုင်းသား မြင်တွေ့နေရသည်။

ဝါရင့် စီရင်သူများ၏ ဦးဆောင်မှုဖြင့် သူတို့သည် နတ်ဆိုးနက် လှိုဏ်ဂူ ဝင်ပေါက်ရှေ့တွင် ရပ်နေကြပြီး ရှေ့ကို လှမ်းမျှော်ကြည့်လိုက်လျှင် တွင်းနက်ကြီး၏ ပါးစပ်ပေါက်နှင့် တူသော မီးခိုးမဲများ ဖုံးလွှမ်းနေသည်ကို တွေ့နိုင်သည်။

သေမျိုးလောက မှ နတ်ဆိုးထောင်များနှင့် မတူဘဲ ၎င်းသည် အခြားဒေသများမှ သတ္တဝါပေါင်းစုံကို ဆွဲယူထားသော ဟင်းလင်းပြင် ဇုန်တစ်ခု ဖြစ်ပြီး ခန့်မှန်းမရနိုင်သော အခြေအနေများ ရှိနေသဖြင့် ခြေတစ်လှမ်း မှားလိုက်သည်နှင့် အခြား ဟင်းလင်းပြင် တစ်ခုအတွင်းသို့ ပျောက်ဆုံးသွားနိုင်သည်။

ထို့ကြောင့်လည်း အရေးပါသော စမ်းသပ်မှု တစ်ခုအဖြစ် သတ်မှတ်ထားခြင်း ဖြစ်၏။

"မင်းတို့ မရောက်ခင် တစ်နာရီ ကြိုပြီး သတ္တဝါတွေ အများဆုံး သွားလာလေ့ရှိတဲ့ နေရာတွေမှာ စီရင်သူ တိုကင် ၁,၀၀၀ ကို ချထားပြီးပြီ။ လိုဏ်ဂူထဲမှာ တစ်နာရီကြာ နေပြီးရင် အချိန်မီ ပြန်လာကြ။ တိုကင် အရေအတွက်က ရလဒ်ကို အဆုံးအဖြတ် ပေးလိမ့်မယ်"

လျူမူက ကြေညာပြီး တိုကင် အရေအတွက်သည် အမှတ်စုစုပေါင်း၏ သုံးဆယ်ရာခိုင်နှုန်းသာ ရှိပြီး အရာအားလုံး မဟုတ်ပေ။ သို့သော် ဥပဒေ စာမေးပွဲ အမှတ်ပေးမှု၏ ဓမ္မဓိဋ္ဌာန်ကျသော သဘောသဘာဝကြောင့် တိုကင်အရေအတွက်သည် ပါဝင်ယှဉ်ပြိုင်သူများအတွက် ထိန်းချုပ်နိုင်သော အချက်တစ်ခု ဖြစ်ပြီး တိုကင်များများ ရသူသည် အဆင့်ပိုမြင့်လေ့ ရှိသည်။

"ဆရာ၊ အမူအရာ စစ်ဆေးမှုတုန်းက ကျွန်တော် ဘယ်လို နေလဲ"

သူတို့ မထွက်ခွာခင် ယွမ်ရှောင်က တိုးတိုးလေး မေးလိုက်သည်။

" အဆင့်လေး၊ ၅ မှတ်"

လျူမူက ပြန်ဖြေလိုက် အမူအရာ စစ်ဆေးမှုက အမှတ် ၂၀ ပေးခြင်း ဖြစ်၍ ယွမ်ရှောင် ကြောင်သွားသည်။

"ကောင်းကင်ရုံးတော်မှာက အများပြည်သူ သိအောင် မကြေညာသရွေ့ ဒီလို တရားမဝင်တဲ့ အမှတ်တွေက အဓိပ္ပာယ် မရှိဘူး။ အဲဒါအတွက် စိတ်မပူနဲ့။ သူတို့ ကြိုက်သလို ရေးကြမှာပဲ"

"သဘောပေါက်ပါပြီ"

ယွမ်ရှောင် ခေါင်းညိတ်လိုက်သည်။

" ဥပဒေ စာမေးပွဲကော ဘယ်လိုလဲ"

"ပြဿနာ မရှိပါဘူး"

သူက ယုံကြည်မှုရှိရှိ ပြန်ဖြေသည်။

"နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ပြီးတာနဲ့ ကျယ်ပြောတဲ့ ကောင်းကင်က မင်းကို စောင့်ကြိုနေတယ်။ ရှေ့ဆက်သွားပါ"

လျူမူ၏ အကြည့်များ နူးညံ့သွားပြီး မျက်လုံးတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာသည်။

ထို့နောက် သူသည် အခြားသူများနှင့်အတူ နတ်ဆိုး လိုဏ်ဂူ ရှေ့တွင် နေရာယူကာ အမိန့်ကို စောင့်ဆိုင်းနေစဉ် နတ်ဆိုးနက် လိုဏ်ဂူ၏ မြူခိုးများသည် မျက်နှာကို ရစ်ဆိုင်းနေပြီး ကြောက်မက်ဖွယ် ကောင်းသော အလှတရား တစ်မျိုးကို ဖန်တီးနေသည်။

"ဟဲ့"

ယွမ်ရှောင် လှည့်ကြည့်လိုက်သောအခါ သစ်တောနတ်သမီးလေးပမာ တက်ကြွနေသော အစိမ်းရောင် ဝတ်စုံနှင့် လုရှောင်ကို တွေ့လိုက်ရသည်။

"လုယောက်၊ ငါ့မှာ ကျွန် တစ်ယောက် လိုနေတယ်။ နင် ငါနဲ့ လိုက်မလား။ ငါ့သူငယ်ချင်းတွေက ကောင်းကင်ပျံသန်းမြို့တော်မှာ အင်မော်တယ် မိသားစုကြီးတွေရဲ့ သားသမီးတွေပဲ။ နင့်ရဲ့ ရုပ်ရည်နဲ့သာဆိုရင် အဆင်ပြေတဲ့ သူတစ်ယောက်ယောက်က သဘောကျသွားရင် နင့်တစ်သက်လုံး အေးဆေးဖြစ်သွားပြီ"

အသက်အရွယ်တူ တက်ကြွသော မိန်းကလေးချင်း အတူတူ လန်ရီက ဖြူစင်ပြီး တရားမျှတသော်လည်း လုရှောင်ကမူ စိတ်ဓာတ်သိမ်ဖျင်းလှသည်။ ကျင့်ကြံခြင်း ဆိုသည်မှာ အတွင်းစိတ် ဖြောင့်မတ်မှုနှင့် မသက်ဆိုင်ဘဲ လူသားတွေ၏ ခွန်အားကို တိုးမြှင့်ပေးသော နည်းလမ်းသက်သက် ဖြစ်နေပုံရ၏။

"မလိုဘူး

လုရှောင်လုသည် စတင်ကမ်းလှမ်းသည့်အတွက် သူ၏ စိတ်အားထက်သန်မှုကို မျှော်လင့်ခဲ့ခြင်း ဖြစ်သော်လည်း အေးစက်စက် ငြင်းပယ်မှုက ခေါင်းပေါ် ရေအေးတစ်ပုံး လောင်းချလိုက်သကဲ့သို့ ခံစားသွားစေသည်။

သူမက 'စောက်ရူး' ဟု ရေရွတ်ကာ သူငယ်ချင်းများ ရှိရာသို့ ပြန်လှည့်သွားသည်။

"လုရှောင်၊ သူ လက်ခံလိုက်လား"

အပြာရောင် ဝတ်စုံနှင့် မိန်းကလေးက မေးလိုက်သည်။

" နည်းနည်းလေးတောင် စိတ်မဝင်စားဘူး။ ဒီလို ညစ်ညမ်းနေတဲ့ ကမ္ဘာကြီးမှာ သူတစ်ယောက်တည်း ဖြူစင်တယ်လို့ ထင်နေတဲ့ ဘဝင်ရူး"

"ငါ သတိရပြီ" လိမ္မော်ရောင် ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်က ဝင်ပြောလိုက်ပြီး မျက်လုံးများ အရောင်လက်သွားသည်။

"သူက ဒီတစ်ခေါက် အရမ်း အရုပ်ဆိုးတဲ့ မိန်းမတစ်ယောက်နဲ့ အတူ ပြန်လာတယ်လို့ ကြားတယ်၊ ရုပ်ဆိုးလွန်းလို့ မျက်နှာတောင် မပြရဲဘူးတဲ့"

သူမက မျက်ခုံးပင့်သွားပြီး ယွမ်ရှောင် ထွက်ခွာသွားရာသို့ လှမ်းကြည့်လိုက်သည်။

"ကိုယ့်အထင်နဲ့ကိုယ် မြောက်ကြွကြွဖြစ်နေတဲ့ အချစ်ရူးလေးပေါ့။ တယ်ဆန်းပါလား"

"လုရှောင်။ နင် ဆိုရိုးစကားကို သိသားပဲ။ ကောင်းကောင်း ကျွေးတာ မစားရင် ကြမ်းကြမ်းကျွေးမှ ရမယ်တဲ့။ သူ့ကို နည်းနည်းလောက် ပညာပေးလိုက်ရင် မကောင်းဘူးလား"

"ကောင်းတာပေါ့။ ပျော်စရာလေး တစ်ခုလောက် ဖန်တီးပြီး ကောင်းကင်ပျံသန်းမြို့တော်ရဲ့ အမှောင်ဘက် အကြောင်း သူ့ကို ပြလိုက်ရအောင်"

လုရှောင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ချက်ချင်းပင် အကြံထုတ်လိုက်သည်။

"ဒီည စီရင်သူ စာမေးပွဲ ပြီးတာနဲ့ သူခေါ်လာတဲ့ ရုပ်ဆိုးမကို ဖမ်းဖို့ လူမိုက်တချို့ ခေါ်လိုက်။ ပြီးရင် သူ့ရှေ့မှာတင် စော်ကားခိုင်းလိုက်။"

တခြား မိန်းကလေးများက ထိုအကြံပြုကို ကြားပြီး အစပိုင်းတွင် ထိတ်လန့်သွားကြသော်လည်း ပို၍ တွေးမိလေလေ၊ ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလာလေ ဖြစ်နေသည်။

"နတ်ဆိုးနက် လိုဏ်ဂူကို ဖွင့်လိုက်"

ထိုအချိန်တွင် လျူမူ၏ အသံ ထွက်ပေါ်လာသည်။

ဝေါခနဲ အသံနှင့်အတူ ထူထပ်သော မီးခိုးများ ဖယ်ခွာသွားပြီး လမ်းကြောင်းပွင့်သွား၍ ပြိုင်ပွဲဝင်များ၏ မျက်လုံးများ စူးရှသွားကာ အားလုံး တပြိုင်နက်တည်း နတ်ဆိုးနက် လိုဏ်ဂူ အတွင်းသို့ ပြေးဝင်သွားကြသည်။ ဝင်လိုက်သည်နှင့် တပြိုင်နက် ဟင်းလင်းပြင်သည် ရေစီးကြောင်းကဲ့သို့ လိမ်ခေါက်သွားပြီး သူတို့ကို လိုဏ်ဂူ၏ နေရာအနှံ့အပြားသို့ ကွဲပြားစွာ ပို့ဆောင်လိုက်သည်။ နောက်လှည့်ကြည့်လိုက်လျှင်မူ သူတို့ကို ပြန်လမ်းပြပေးမည့် နတ်ဆိုးနက် လိုဏ်ဂူ ဝင်ပေါက်မှ စူးရှသော အလင်းတန်းကို မြင်တွေ့နိုင်၏။

"သိပ်ကို ထူးဆန်းတာပဲ"

လုရှောင်သည် တငွေ့ငွေ့ လောင်ကျွမ်းနေသော မီးတောင်ချော်ရည် မြစ်တစ်စင်း အထက်တွင် ရောက်ရှိနေပြီး ပတ်ပတ်လည်တွင် မီးတောက်များ ဝန်းရံထားကာ လေထုက ပူပြင်းလွန်းပြီး မီးတောင်ချော်ရည်များ၏ ပေါက်ကွဲသံများ မရပ်မနား ထွက်ပေါ်နေသည်။

"ငါ အမူအရာ စစ်ဆေးမှုမှာ အမှတ်ပြည့် ရပေမယ့် ယုတ်မာတဲ့ လျူမူက စာမေးပွဲကို ရှုပ်အောင် လုပ်ထားတယ်။ အမှတ်ကောင်းကောင်းရဖို့ ခက်တယ်။ ဒါကြောင့် အခု စီရင်သူ တိုကင်တွေကိုပဲ အားကိုးရတော့မယ်"

လျူမူအကြောင်း တွေးမိသောအခါ သူမက နှုတ်ခမ်းကို ကိုက်ပြီး စိတ်ထဲတွင် အကြိမ်တစ်သန်းမက ကျိန်ဆဲလိုက်သည်။

"အဲဒီကောင်မ ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ်မှာ ငါ့လက်ထဲ ရောက်လာရင် ကောင်းကောင်း ပညာပြရမယ်"

သူမ၏ ဓားဝိညာဉ်ကို ဆင့်ခေါ်လိုက်ရာ ခြောက်ပေရှည်သော ဓားပျံအဖြစ် ပြောင်းလဲသွားပြီး ခြေထောက်အောက်တွင် ရောက်ရှိလာကာ စီရင်သူ တိုကင်ပြားများကို ရှာဖွေရန် အသင့်ဖြစ်သွားသည်။ ဓားအော်ရာ ကိုးသန်းဖြင့် ဖုံးအုပ်ထားသော ဓားဝိညာဉ်သည် ကျောက်စိမ်းကဲ့သို့ အစိမ်းရောင်ဖြစ်ကာ အသက်ဓာတ်များ ပေါက်ကွဲထွက်နေ၍ ၎င်းသွားလေရာရာ မီးတောင်ချော်ရည်များ အထက်တွင်ပင် စိမ်းလန်းစိုပြေသော အိုအေစစ်များကို ဖန်တီးပေးနိုင်ပုံ ရသည်။

"ဆယ်နှစ်ကြာအောင် ခက်ခက်ခဲခဲ ကျင့်ကြံပြီး မနက်ဖြန်ကျရင် ငါ စီရင်သူ အဖြစ် စတင်တော့မယ်။ နောက်ဆုံးတော့ သူများကို တရားဝင် နင်းချေနိုင်မယ့် အခွင့်အရေး ရတော့မယ်"

လုရှောင်သည် ကောင်းကင်သံချပ်ကာ ဝတ်ဆင်ထားမည့် ပုံစံကို တွေးရင်း မျှော်လင့်နေမိကာ ဤအတွေးနှင့်အတူ စိတ်ဓာတ်များ တက်ကြွလာပြီး သီချင်းတစ်ပုဒ်ကိုပင် စတင် ညည်းဆိုလိုက်သည်။

ထိုအခိုက်အတန့်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ခေါင်းကိုးလုံး ခရမ်းရောင် နဂါးကြီး တစ်ကောင်သည် အောက်ဘက်ရှိ မီးတောင်ချော်ရည်များအောက်မှ ရုတ်တရက် ထိုးထွက်လာကာ သူမကို ဝါးမျိုရန် မီးမုန်တိုင်း တစ်ခုကို ဖန်တီးလိုက်သည်။

"နတ်ဆိုးက ဒီလောက်တောင် မြန်တာလား"

သူမက အနည်းငယ် လန့်သွားသော်လည်း လျင်မြန်စွာ တုံ့ပြန်ပြီး လက်ထဲတွင် ဓားရှည်ဆုပ်ကိုင်၍ အားကုန် ထိုးစိုက်လိုက်သည်။ သို့သော် နဂါးသည် အနားသို့ ရောက်သည်နှင့် တပြိုင်နက် ပေါက်ကွဲသွားပြီး သောင်းနှင့်ချီသော ကြယ်များ ဝဲပျံနေသည့် စစ်တုရင်ခုံ တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူမကို ချက်ချင်းပင် ဖိချလိုက်၏။

"အသက်တံဆိပ်"

လုရှောင် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကာ နတ်ဆိုးများက တိုက်ခိုက်ခြင်း မဟုတ်ဘဲ လူသားတစ်ယောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိသာသည်။ စစ်တုရင်ခုံသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲရုံသာမက နူးညံ့သော အသားအရေကိုပါ လှီးဖြတ်သွားပြီး အစိမ်းရောင် ဝတ်စုံကို ချက်ချင်း အပိုင်းပိုင်းအစစ ဖြစ်သွားစေကာ ကျော့ရှင်းသော ခန္ဓာကိုယ်သည် သွေးအလိမ်းလိမ်း ဖြစ်သွား၏။

အာဏာနှင့် အခွင့်ထူးခံ ဘဝတွင် နေထိုင်ခဲ့သော လုရှောင်သည် ဤကဲ့သို့သော အဖြစ်မျိုး တစ်ခါမှ မကြုံဖူး၍ ပြင်းထန်သော နာကျင်မှုများအကြားတွင် ဦးနှောက်က ဗလာ ဖြစ်သွားသည်။

အဖြူရောင်ဝတ် လူငယ်တစ်ယောက် ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ဓားမြှောင်ကို ပစ်လွှတ်လိုက်ရာ လုရှောင်၏ နှလုံးသားကို ချက်ချင်းပင် ဖောက်ဝင်သွားကာ လျင်မြန်၊ တိကျပြီး ရက်စက်သော တိုက်ခိုက်မှု တစ်ခုပင်။

ဓား ထိမှန်သွားသည်နှင့် သူမ၏ ရင်ဘတ်သည် အပြာရောင် မီးခိုးငွေ့များအဖြစ် စတင် လောင်ကျွမ်းသွားပြီး နှလုံးသား စုတ်ပြတ်ကာ အသက်စွမ်းအားများသည် မြူခိုးများကဲ့သို့ လွင့်ပါးပျောက်ကွယ် ကုန်သည်။ အသက်ရှူမဝ ဖြစ်သွားပြီး နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့ကာ သရဲတစ္ဆေကဲ့သို့ ဖြူဖျော့သွားကာ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသော မျက်နှာတွင် မျက်လုံးများ ပြူးထွက်လာသည်။ ကြောက်လန့် တုန်ယင်စွာဖြင့် ငုံ့ကြည့်လိုက်သောအခါ သူမ၏ ရင်ဘတ်တွင် အပေါက်ကြီး တစ်ခု ရှိနေပြီး မီးခိုးများ ထွက်ကာ သွေးများ စီးကျနေသည်ကို တွေ့လိုက်ရသည်။

"နင်..နင်"

မျက်လုံးများတွင် မျက်ရည်များ စီးကျလာကာ ယွမ်ရှောင်ကို ကြည့်လိုက်သောအခါ သူက ပြုံးရုံသာ ပြုံးနေခဲ့သည်။

"စိတ်မကောင်းပါဘူး။ အခု နင် လူပျောက်စာရင်း ဝင်သွားပြီ။ နင့် မိဘတွေနဲ့ အစ်ကိုက နင့်ကို ဆယ်နှစ်လောက် လိုက်ရှာရမယ့် အလှည့်ပဲ"

သူမတွင် ခြိမ်းခြောက်ရန် ကျိန်ဆဲစကား ၁,၀၀၀ ခန့် ရှိသော်လည်း တစ်ခွန်းမှ ထွက်မလာနိုင်တော့ပေ။

“စောက်ကောင်မ၊ အင်မော်တယ် လမ်းစဉ် ဆိုတာ အခွင့်အရေးသမား ဖြစ်ဖို့နဲ့ အနိုင်ကျင့်ဖို့ သက်သက် မဟုတ်ဘူး။ စိတ်အနှောင့်အယှက် ဖြစ်တာနဲ့ ချက်ချင်း သတ်ပစ်တတ်တဲ့ ငါ့လို သေမင်းတွေလည်း ရှိတတ်တယ်"

ယွမ်ရှောင်က လုရှောင်၏အလောင်းကို အောက်ဘက်ရှိ မီးတောင်ချော်ရည်များအတွင်း သွေးအေးအေး ပစ်ချကာ ထွက်ခွာသွားလေသည်။

All Chapters