← Chapters

အခန်း (၅၁၇-၅၁၈)

Vol. 39 Ch. 517-518

အခန်း (၅၁၇-၅၁၈)

Vol. 39 Ch. 517-518

အပိုင်း ၅၁၇ - မင်းရဲ့ ကံကြမ္မာကို ငါ ဆုံးဖြတ်မယ်

နတ်ဆိုး လိုဏ်ဂူ၏ လျှို့ဝှက်ထောင့်တစ်နေရာတွင် စာမေးပွဲကို ကြီးကြပ်နေသော စီရင်သူများအနက် လီချန်ရှင်း အမည်ရှိ အမျိုးသမီး တစ်ဦးသည် လက်ထဲတွင် အစီအရင် မြေပုံတစ်ခုကို ဆုပ်ကိုင်ထားကာ စေ့စေ့စပ်စပ် ကြည့်ရှုနေရင်း မျက်နှာ ရှုံ့တွသွားသည်။ ထိုအချိန်တွင် လိုဏ်ဂူ၏ ဝင်ပေါက်သည် အလင်းရောင်များဖြင့် လက်ခနဲ ဖြစ်သွားကာ သံချပ်ကာ ဝတ်ဆင်ထားသော အမျိုးသား နှစ်ဦး ပျံသန်းဝင်ရောက်လာပြီး သူတို့၏ အရှိန်အဝါက တောင်တန်းကြီးများသဖွယ် ကြီးမားခန့်ညား၍ တပ်မှူး ယွမ်ကန် နှင့် လုချန်ဖုန်း ဖြစ်ကြသည်။

"တပ်မှူးယွမ်၊ ဒုတပ်မှူးလု"

လီချန်ရှင်းက အလျင်အမြန် နှုတ်ဆက်လိုက်ပြီး အသံ လေးနက်နေသည်။

"အခြေအနေ တစ်ခု ရှိနေပါတယ်"

"ပြောစမ်း"

"လုယောင်ကို စောင့်ကြည့်ခိုင်းထားတာလေ။ ဒါကို ကြည့်ပါဦး"

သူမသည် မြေပုံကို ယွမ်ကန်နှင့် လုချန်ဖုန်းတို့ထံ ကမ်းပေးလိုက်သည်။

"အပြာရောင် နံပါတ်တွေက ဖြေဆိုသူတွေကို ကိုယ်စားပြုပြီး အနီရောင် အစက်တွေက တိုကင်တွေကို ကိုယ်စားပြုပါတယ်။ လုယောင်က နံပါတ်တစ် ဖြစ်ပြီး တိုကင် ၁၃၀ ကျော် စုဆောင်းထားပါတယ်။ ဒုတိယလိုက်တဲ့သူထက် ၈၀ တောင် ပိုများနေပါတယ်"

မြေပုံပေါ်ရှိ အပြာရောင် အစက်တစ်စက်၏ ပတ်လည်တွင် အနီရောင် အစက်များ ထူထပ်စွာ စုဝေးနေသည်ကို သူတို့ ကြည့်လိုက်ကြသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လုချန်ဖုန်း သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်နေသည်။

"ဒီအယောင်ဆောင်ကောင်က ဆယ်နှစ်ကြာမှ ပြန်ရောက်လာတာ တကယ် ထူးဆန်းတယ်။ စီရင်သူ အရည်အချင်း ပြည့်မီဖို့အတွက် သီးသန့်ရည်ရွယ်ပြီး ဒီတိုကင်တွေကို ရှာဖွေဖို့ လျှို့ဝှက်နည်းလမ်းတချို့ သင်ယူလာတာ ဖြစ်ရမယ်"

ယွမ်ကန်က ထင်ကြေးပေးလိုက်သည်။

"မြေပုံ ပေးပြီး ပြန်တော့။ ဒီနေရာက ကိစ္စတွေကို ငါ ရှင်းလိုက်မယ်"

လုချန်ဖုန်းက ယွမ်ကန်၏ အတွေးကို ထောက်ခံခြင်း မပြုဘဲ လီချန်ရှင်းကို တိုက်ရိုက် ပြောလိုက်သည်။

လီချန်ရှင်း ခေါင်းညိတ်ပြီး မြေပုံကို လွှဲပြောင်းပေးလိုက်ချိန်တွင် အခြား အကြောင်းအရာ တစ်ခု ခေါင်းထဲ ဝင်လာသည်။

"ဒါနဲ့ ရှောင်လုက အဆင့်သတ်မှတ်ချက်မှာ အရင်တုန်းက နံပါတ်နှစ် မဟုတ်ဘူးလား"

"ဟုတ်တယ်လေ။ သူက ကြွားလုံးထုတ်တာ သိပ်များတယ်၊ တိုကင် ဘယ်လောက် စုမိပြီလဲ"

"တစ်ခုမှ မရှိပါဘူး"

"တစ်ခုမှ မရှိဘူး"

လုချန်ဖုန်းက ခေတ္တ တန့်သွားပြီး မြေပုံကို ကြည့်လိုက်ရာ လုရှောင်၏ အပြာရောင် အစက်ကလေးသည် ဖြည်းညှင်းစွာ ရွေ့လျားနေသော်လည်း ပတ်ဝန်းကျင်တွင် အနီရောင် အစက် တစ်စက်မျှ မရှိကြောင်း တွေ့လိုက်ရ၏။

"ရှောင်လုက နောက်ဆုံးအဆင့်လား"

ယွမ်ကန်၏ မျက်နှာထားက ထူးဆန်းသွားသည်။

သူမ၏ ငယ်ရွယ်မှုကြောင့် အသန်မာဆုံး မဖြစ်နိုင်လျှင်တောင် စာမေးပွဲ၏ ကနဦး အပိုင်းများဖြစ်သော အမူအရာနှင့် ရေးဖြေ စာမေးပွဲများအတွက် အများဆုံး အမှတ် ၇၀ ပေးထားရာ အနည်းဆုံး ၆၈ မှတ်လောက် ရသင့်သည်။

သို့သော် ရေးဖြေစာမေးပွဲတွင် ခိုးချမည့် အစီအစဉ်က ပျက်စီးသွားခဲ့ပြီး လုရှောင်သည် နတ်ဆိုးနက် လိုဏ်ဂူမှာ နောက်ဆုံးအဆင့် ဖြစ်နေကာ အကယ်၍ စီရင်သူ မဖြစ်လာနိုင်ခဲ့လျှင် မျိုးရိုးမြင့် အမျိုးသမီး တစ်ယောက်အတွက် အတော်လေး အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။

လီချန်ရှင်း ထွက်ခွာသွားသောအခါ ယွမ်ကန် မျက်မှောင်ကြုတ်လိုက်၏။

"ဒါ ပုံမှန် မဟုတ်ဘူး"

"ငါတို့ လူခွဲပြီး ကိုယ်တိုင် သွားကြည့်ကြတာပေါ့။ ခင်ဗျားက ဟိုကောင်ကို သွားရှင်းလိုက်။ လုရှောင် ဘာတွေ အရူးထနေလဲဆိုတာ သွားကြည့်လိုက်မယ်"

လုချန်ဖုန်း ပြောလိုက်သည်။

"မြေပုံက တစ်ခုတည်း ရှိတာလေ"

ယွမ်ကန်က ထောက်ပြသည်။

"ခင်ဗျား ယူသွားလိုက်၊ လုရှောင် ဘယ်မှာလဲဆိုတာ ကျုပ် သိတယ်"

ပြောပြီးသည်နှင့် လုချန်ဖုန်း၏ မျက်နှာ တင်းမာသွားပြီး ထွက်ခွာလိုက်သည်။

"စိတ်မပူပါနဲ့၊ ဒါက ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ်ပါ။ ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ပါဘူး"

"ခင်ဗျားဘက်က သပ်သပ်ရပ်ရပ် ရှင်းခဲ့နော်"

"ထမင်းစား ရေသောက်ပဲ"

ယွမ်ကန် အေးစက်စွာ ပြုံးပြီး မြေပုံကို ကိုင်လျက် ယွမ်ရှောင်၏ ပတ်ပတ်လည်တွင် ဝန်းရံထားသော အနီရောင် အစက်များကို အာရုံစိုက်ပြီး အဖြူရောင် အလင်းတန်းအသွင် ပြောင်းလဲကာ လျင်မြန်စွာ လိုက်ဖမ်းတော့သည်။

ဝုန်း

တောင်ကြီးတစ်လုံး၏ ပတ်လည်တွင် ပူပြင်းသော မီးတောင်ချော်ရည်များ ဝန်းရံထားပြီး သွေးရောင် မီးခိုးငွေ့များကို မှုတ်ထုတ်နေသော အနီရောင် ပါးစပ်ပေါက်ကြီး တစ်ခုနှင့် တူနေသည်။ ၎င်းကိုယ်တိုင်က နတ်ဆိုး ပါးစပ်ပေါက်ကြီး၏ လျှာသဖွယ် ဖြစ်နေပြီး အချိန်မရွေး မျိုချခံရမည့် အန္တရာယ်နှင့် ကြုံနေရ၏။ တောင်ထိပ်တွင် အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ဦး ရပ်တန့်ပြီး ထိုင်ချလိုက်ကာ ယွမ်ရှောင်ပင် ဖြစ်သည်။

"ဒီမှာ နတ်ဆိုးတွေ အများကြီးပဲ။ ဒါပေမယ့် ငါ့ရဲ့ ဓားအော်ရာက အလွှာကိုးသန်းမှာပဲ ရပ်တန့်နေပြီး အကန့်အသတ် တစ်ခု ရောက်နေပုံပဲ။ ဒီအကြောင်း ဆရာ့ကို မေးကြည့်ရမယ်"

သူသည် စီရင်သူ တိုကင် အမြောက်အမြားကို အင်အား သက်သက်ဖြင့် စုဆောင်းထားခဲ့သည်။

"စီရင်သူ တိုကင်ပြား ၁၃၀ ကျော်ပြီဆိုတော့ နောက်ဆုံး အမှတ် ၃၀ က အမှတ်ပြည့် ရလောက်ပြီ။"

စီရင်သူ စာမေးပွဲ၏ နတ်ဆိုး လိုဏ်ဂူ အပိုင်းအတွက် အမှတ် ၃၀ ကို အဆင့်အလိုက် ခွဲဝေပေးခြင်း ဖြစ်ကာ ပထမရသူက ၃၀ မှတ်၊ ဒုတိယရသူက ၂၉ မှတ် စသဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ စီရင်သူ တိုကင် ၁၃၃ ခု စုဆောင်းပြီးနောက် ဆက်လက် ရှာဖွေရန် မလိုအပ်တော့ဟု ယူဆပြီး သူသည် တောင်ထိပ်တွင် နေရာယူကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ရှေ့တွင် အလင်းတန်း တစ်ခု တောက်ပလာပြီး တောင့်တင်းသန်မာသော သက်လတ်ပိုင်း စီရင်သူ တစ်ဦး ထွက်ပေါ်လာ၍ ကြမ်းတမ်းသော မျက်လုံးများဖြင့် ယွမ်ရှောင့်ကို စိုက်ကြည့်နေ၏။

"မင်္ဂလာပါ တပ်မှူးယွမ်"

"မင်း ဘာလို့ ဆက်မသွားဘဲ ရပ်နေတာလဲ"

ယွမ်ကန်က မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် မေးလိုက်သည်။

ယွမ်ရှောင်က ယွမ်ကန်လက်ထဲရှိ အစီအရင် မြေပုံကို ကြည့်ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ခင်ဗျား ကျုပ်ကို စောင့်ကြည့်နေတာလား"

"ကင်းလှည့်နေတာ"

ယွမ်ရှောင် ပြုံးလိုက်ပြီး စုဆောင်းထားသော စီရင်သူ တိုကင် အများအပြားကို ထုတ်ပြလိုက်သည်။

" စီရင်သူ တိုကင် ၁၃၃ ခု စုပြီးပါပြီ။ အရင်တုန်းက အဖြစ်အပျက်တွေကို အခြေခံရရင် ဒါက နတ်ဆိုး လိုဏ်ဂူမှာ ပထမရဖို့ သေချာသလောက် ရှိနေပြီ။ ဒါကြောင့် ရပ်လိုက်တာ ကောင်းမယ်လို့ တွေးလိုက်တာ"

"မင်း ရပ်လိုက်ပြီဆိုရင် ဘာလို့ အပြင်မထွက်သေးတာလဲ"

ယွမ်ကန်က လိုဏ်ဂူ၏ တောက်ပနေသော ဝင်ပေါက်သို့ လက်ညှိုးထိုးပြလိုက်သည်။

"နောက်ထပ် ရှာသင့် မရှာသင့် စဉ်းစားနေလို့ပါ"

ယွမ်ရှောင်၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် လုံးဝ မတွေ့ရပေ။

ခဏတာ တိတ်ဆိတ်ပြီးနောက် ယွမ်ကန်၏ မျက်နှာထား အေးစက်သွားသည်။

"မင်းက သေမင်းကို လုံးဝ မမှုတဲ့ပုံပဲ"

"သေမင်း"

ယွမ်ရှောင် နားမလည်သလို ဖြစ်သွားသည်။

"ခင်ဗျား ဘာကို ဆိုလိုတာလဲ မသိဘူး။ ကျုပ်က စီရင်သူ တစ်ယောက် ဖြစ်ချင်လို့ တိုကင်တွေ ရဖို့ အများကြီး ကြိုးစားခဲ့ရတာ။ ဘာကိစ္စ သေမင်းနဲ့ ရင်ဆိုင်ရမှာလဲ"

"လူငယ်လေး၊ မင်းက ကောင်းကင်ပျံသန်းမြို့တော်က အရာတစ်ခုကို လိုချင်တပ်မက်ရဲတယ်ပေါ့။ မင်းကို ရူးမိုက်တယ်လို့ ခေါ်ရမလား"

ယွမ်ကန်၏ ကြောက်မက်ဖွယ် အရှိန်အဝါသည် မရေမတွက်နိုင်သော တောင်တန်းကြီးများကဲ့သို့ ယွမ်ရှောင်၏ ခေါင်းပေါ်သို့ ကျဆင်းလာသည်။

ယွမ်ရှောင်က မားမားမတ်မတ် ရပ်လျက် အံ့ဩမှုနှင့် ဒေါသ ရောပြွမ်းနေသော အသံဖြင့် ယွမ်ကန်ကို မေးခွန်းများ ဆက်တိုက် မေးလိုက်သည်။

"ခင်ဗျားက ခြိမ်းခြောက်နေတာလား။ ကျုပ်က စီရင်သူ နေရာကို တရားမျှတစွာ ရယူခဲ့တာ။ မိသားစုက ဒီတာဝန်ကို မျိုးရိုးစဉ်ဆက် ထမ်းဆောင်ခဲ့တယ်။ ဒီနေရာက စီရင်သူ စာမေးပွဲ ကျင်းပရာ လေးနက်တဲ့ နေရာလေ။ တပ်မှူး တစ်ယောက် အနေနဲ့ ခင်ဗျားက စည်းမျဉ်းတွေကို ချိုးဖောက်ပြီး စီရင်သူ တိုကင်တွေကို လုယူဖို့ ဗြောင်ကျကျ ကြံစည်နေတာလား။ ခင်ဗျား ယူပြီးရင်ရော ဘယ်သူ့ကို ပေးမလို့လဲ"

"ဘာကို လေးနက်တဲ့ နေရာလဲ။ ဒီနေရာက ငါ့နယ်မြေ၊ ယွမ်ကန်ရဲ့ ပိုင်နက်ပဲ။ ဒီနေရာမှာ ရှိတဲ့ မင်းတို့လို အောက်တန်းစားတွေရဲ့ ကံကြမ္မာကို ငါက ဆုံးဖြတ်တာ"

တစ်ဖက်လူကြောင့် သားဖြစ်သူ၏ တစ်နှစ်တာ အချိန် နစ်နာသွားရသည်ကို တွေးမိပြီး ယွမ်ကန်၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်လာသည်။ မိုးခြိမ်းသံကဲ့သို့ လှုပ်ရှားမှုနှင့်အတူ သူက ပြင်းထန်သော လက်သီးချက် တစ်ချက် ပစ်သွင်းလိုက်သောအခါ ဒဏ္ဍာရီလာ သားရဲကြီး တစ်ကောင် လေထုကို ထိုးဖောက်ကာ မီးမုန်တိုင်းများ ဖန်တီး၍ ယွမ်ရှောင်ထံသို့ တိုးဝင်လာသကဲ့သို့ ထင်မှတ်ရ၏။

"ယွမ်ကန်၊ ခင်ဗျားက ဥပဒေတွေကို ဗြောင်ကျကျ ချိုးဖောက်ရဲတယ်ပေါ့။ ဒီအတွက် ခင်ဗျား သေရမယ်"

ကြီးမားသော လက်သီးချက်ကြောင့် ယွမ်ရှောင် ရှေ့ရှိ ခရမ်းရောင် ရုန်းထီး သည် ပေါက်ကွဲ ပျက်စီးသွားကာ လက်သီး၏ အရှိန်ကြောင့် ကြယ်တံခွန် တစ်ခုကဲ့သို့ နတ်ဆိုးနက် လိုဏ်ဂူ၏ အောက်ဘက်ရှိ မီးတောင်ချော်ရည်များအတွင်း ပြုတ်ကျသွားသည်။ မီးတောင်ချော်ရည်များက ယွမ်ရှောင်ကို ဝါးမျိုလိုက်ချိန်တွင် ပွက်ပွက်ဆူ လောင်ကျွမ်းသံများ လေထုထဲ ပြည့်နှက်သွားပြီး အော်သံသဲ့သဲ့သာ ပဲ့တင်ထပ် ကျန်ရစ်သည်။

" မီးတောင်ချော်ရည်တွေက သူ့အရိုးတွေကိုတောင် ပြာကျသွားစေလောက်တယ်"

မီးတောင်ချော်ရည်များ အထက်တွင် ပျံဝဲရင်း ယွမ်ကန် စောင့်ကြည့်နေသော်လည်း မည်သည့်အသံမှ ထပ်မကြားရတော့ပေ။

လွန်ခဲ့သော ဆယ်နှစ်က လုယောင်သည်လည်း ဤမီးတောင်ချော်ရည်ထဲ၌ပင် ပြာကျသွားခဲ့ဖူးသောကြောင့် သေချာစေရန် ယွမ်ကန် ထပ်ရှာကြည့်သော်လည်း ဤကဲ့သို့ အခြေအနေမျိုးတွင် ကိုယ်တိုင်ပင် ကြာကြာ အသက်မရှင်နိုင်ပေ။

"စီရင်သူ တိုကင်တွေနဲ့ သူ့ကိုမှတ်သားတဲ့ သင်္ကေတက မီးတောင်ချော်ရည် အနက်ရှိုင်းဆုံး နေရာကို မြုပ်သွားပြီ"

သူက မြေပုံကို အတည်ပြုပြီးသောအခါ ယွမ်ရှောင်သည် လုယောင်ကဲ့သို့ပင် နိဂုံးချုပ်သွားပြီဟု စိတ်ချလက်ချဖြင့် ထွက်ခွာသွားသည်။

သူနှင့် လုချန်ဖုန်းတို့ နတ်ဆိုး လိုဏ်ဂူ ဝင်ပေါက်တွင် ဆုံကြသောအခါ အခြေအနေချင်း ဖလှယ်လိုက်ကြ၏။

"ဟိုအယောင်ဆောင်ကောင် ဘာဖြစ်သွားပြီလဲ"

လုချန်ဖုန်း၏ မျက်နှာသည် မီးခိုးများ ဖုံးလွှမ်းထားသကဲ့သို့ မည်းနက်နေသည်။

"ကိစ္စ ပြတ်သွားပြီ"

ယွမ်ကန်က အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။

"ငါ့ညီမလည်း ပျောက်သွားပြီ"

လုချန်ဖုန်း၏ မျက်နှာထားမှာ ဆိုးရွားစွာ ခက်ထန် သွားလေသည်။

အပိုင်း ၅၁၈ - သခင်ကြီးလု

ယွမ်ကန် အံ့အားသင့်သွားသည်။

"ငါ မီးတောင်ချော်ရည် မျက်နှာပြင်ပေါ်မှာ ဒါကို တွေ့ခဲ့တာ"

လုချန်ဖုန်းသည် နံပါတ်နှစ်ဟု ရေးထိုးထားသည့် ကျောက်စိမ်းပြား တစ်ခုကို ကိုင်ထားသည်။

"ဒီအရာက မီးတောင်ချော်ရည် မျက်နှာပြင်ပေါ်မှာ ဖြည်းဖြည်းချင်း မျောပါနေတာ။ အားလုံးက သူ့အလိုလို ရွေ့နေတယ်လို့ပဲ ထင်ပြီး ဂရုမစိုက်ကြဘူး"

"ဒါဆို လူက ပျောက်နေပြီး ဒါပဲ ကျန်ခဲ့တာပေါ့"

ယွမ်ကန်၏ အသံ တုန်ရီသွားသည်။

"ဟုတ်တယ်။ ငါတို့ ဘယ်လိုလုပ်ကြမလဲ အဘိုးကြီး။ ဒီကောင်မလေးက ငါ့အဖေရဲ့ အချစ်ဆုံးလေး၊ အခုတော့ ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ်ထဲမှာပဲ တစ်ခုခု ဖြစ်သွားခဲ့ပြီ"

လုချန်ဖုန်း၏ မျက်နှာက ဖြူဖျော့နေသည်။

"မြန်မြန်၊ အပြင်ထွက်ပြီး လူတစ်ရာလောက် ခေါ်လိုက်။ ဝိုင်းရှာကြမယ်"

ယွမ်ကန်က အလျင်စလို ပြောလိုက်သည်။

"စီရင်သူ စာမေးပွဲ မပြီးသေးဘူးလေ၊။ လူအများကြီးကို ဝင်လာခိုင်းမလို့လား"

"ဒီလိုအချိန်မျိုးမှာ စီရင်သူ စာမေးပွဲကို ဘယ်သူ ဂရုစိုက်နေမှာလဲ။ မင်းက အစ်ကိုတစ်ယောက်ရော ဟုတ်သေးရဲ့လား"

ယွမ်ကန်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျုပ်စိတ်တွေ နည်းနည်း ရှုပ်ထွေးသွားလို့ပါ"

လုချန်ဖုန်း အံကြိတ်ကာ နတ်ဆိုး လိုဏ်ဂူအပြင်ဘက်သို့ ပြေးထွက်သွားကာ အပြင်ရောက်သည်နှင့် အော်ပြောလိုက်သည်။

"လီချန်ရှင်း၊ စီရင်သူ အယောက်တစ်ရာ ချက်ချင်း ဆင့်ခေါ်လိုက်"

သူ၏ အော်သံကြောင့် ဥပဒေ ခန်းမဆောင်တွင် စာမေးပွဲ စာရွက်စာတမ်းများကို စီစဉ်နေသော လျူမူ အနှောင့်အယှက် ဖြစ်သွား၍ လုပ်လက်စကို ချထားပြီး အပြင်ထွက်ကာ လုချန်ဖုန်းကို ပြောလိုက်သည်။

"စီရင်သူ စာမေးပွဲ စစ်ဆေးနေတုန်းမို့ စစ်ဆေးရေးမှူးတွေကလွဲရင် ဘယ်သူမှ ဝင်ခွင့်မရှိဘူး"

"ငါ့ညီမ ပျောက်နေတယ်"

လုချန်ဖုန်း ဟောက်လိုက်သည်။

" ဘယ်လိုလုပ် ပျောက်သွားတာလဲ"

"ဒါပဲ ကျန်ခဲ့တယ်၊ လူအရိပ်အယောင်တောင် မတွေ့ရဘူး"

လုချန်ဖုန်းက ကျောက်စိမ်းပြားကို ထုတ်ပြပြီး အေးစက်စွာ ကြည့်သည်။ ဤအချိန်မျိုးတွင် သူသည် လျူမူကို သူ့အထက်လူကြီး အဖြစ် သဘောမထားတော့ပေ။

ထိုအချိန်တွင် အနားယူနေသော သခင်မကြီးသည် သတင်းကို ကြားသွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့၍ ယိုင်နဲ့နဲ့ လျှောက်လာပြီး မေးလိုက်သည်။

"အဲဒါ တကယ်လား"

"တကယ်ပါ။ စာမေးပွဲကို မေ့ထားလိုက်တော့။ ကျုပ်တို့ သူမကို ရှာဖို့ လိုတယ်"

"ရှာကြစမ်း"

မျက်လုံးများ နီရဲရောင်ရမ်းနေသော သခင်မကြီးက ပတ်ဝန်းကျင်ရှိ စီရင်သူများကို အမိန့်ပေးလိုက်သောအခါ ချက်ချင်း လှုပ်ရှားလာကြသည်။ လီချန်ရှင်းက လူစုရန် အချက်ပေးလိုက်ရာ ခဏအတွင်းမှာပင် အဖြူရောင် သံချပ်ကာဝတ် စီရင်သူ ၂၀၀ ကျော် စုဝေးရောက်ရှိလာပြီး နတ်ဆိုးလိုဏ်ဂူ အတွင်းသို့ ဝင်ရောက်သွားကြသည်။

စီရင်သူ စာမေးပွဲ ကျင်းပနေစဉ်အတွင်း ဤမျှ ရုတ်ရုတ်သဲသဲ ဖြစ်ခြင်းမျိုး မကြုံဖူးပေ။ လွန်ခဲ့သော ဆယ်နှစ်၊ လုယောင် ပျောက်ဆုံးသွားစဉ်က စာမေးပွဲ ပြီးဆုံးသည်အထိ လှုပ်ရှားမှု မရှိသလောက်ပင် ဖြစ်ခဲ့ပြီး လုအန်း နှင့် လျူမူ အပါအဝင် လူအနည်းငယ်ကသာ အချိန်အတော်ကြာမှ ဝင်ရောက် ရှာဖွေခဲ့ကြခြင်း ဖြစ်၏။

သို့သော် ယခု စီရင်သူ တပ်ဖွဲ့ တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေပြီး ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ် တစ်ခုလုံး ရှုပ်ထွေးကာ စီရင်သူများသည် တာဝန်များကို စွန့်ခွာ၍ လိုဏ်ဂူအတွင်း ဝင်ရောက်ရှာဖွေကြသဖြင့် နာရီဝက် အတွင်းမှာပင် ရှာဖွေသူ တစ်ထောင်ခန့် ရှိသွားပြီ ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ အရိပ်အယောင်ကိုပင် မတွေ့ရသဖြင့် သခင်မကြီး မြေပြင်ပေါ် လဲကျသွားကာ မျက်နှာတစ်ခုလုံး သရဲတစ္ဆေကဲ့သို့ ဖြူဖျော့လာပြီး မျက်ရည်များ စီးကျလျက် ငိုကြွေးလေတော့သည်။

"ရှာမတွေ့ရင် နင်တို့အားလုံး အေးဆေးနေရမယ် မထင်နဲ့"

ပူဆွေးသောက အကြားမှ သခင်မကြီးက ကြမ်းတမ်းသော စကားလုံးများဖြင့် ခြိမ်းခြောက်နေဆဲပင်။

ထိုအခိုက် ကြီးမားသော အရှိန်အဝါ နှစ်ခု ရောက်ရှိလာကာ ခေါင်းဆောင်သူမှာ အဖြူရောင် ဝတ်စုံ၊ ဆံပင်နက်နက်၊ မျက်ခုံးဖြူဖြူနှင့် ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး ဖြစ်ပြီး တိမ်တိုက်များကြားမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်သည်။ သို့သော် သူက မျက်မှောင် ကြုတ်ထားပြီး မျက်လုံးများက မုန်တိုင်းထန်နေသော ပင်လယ်ပြင်ကဲ့သို့ တင်းမာပြင်းထန်နေသည်။

"သခင်ကြီးလု"

အင်မော်တယ်အားလုံးက သူ့ကို လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

" တွေ့ပြီလား"

သခင်ကြီးလုက သခင်မကြီးကို တွဲထူပေးရင်း မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် မေးလိုက်သည်။

"သခင်ကြီးလု၊ စီရင်သူ ၁,၅၀၀ နတ်ဆိုး လိုဏ်ဂူထဲ ဝင်သွားပါပြီ။ အခုထိ သတင်းအစအန မရသေးပါဘူး"

"လျူချောင်"

သခင်ကြီးလုက သူနှင့်အတူ ရောက်ရှိလာသော အရပ်ရှည်ရှည်၊ ဆံပင်အနက်ကို စုစည်းထားပြီး ကျောက်စိမ်းရောင် စူးရှသော မျက်လုံးများ ပိုင်ဆိုင်ထားသည့် လျူမူနှင့် အနည်းငယ် ဆင်တူသော အမျိုးသားဘက်သို့ လှည့်ကြည့်လိုက်သည်။

သူသည် လျူမူ၏ အစ်ကိုဖြစ်ပြီး လက်ရှိတွင် ကောင်းကင်ပျံသန်းမြို့တော်၌ ရာထူးကြီးမားသော ကာကွယ်သူအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဂုဏ်သိက္ခာကြီးမားသော အဆင့် ၇ ကောင်းကင်အရာရှိ ဖြစ်သည်။

"သခင်ကြီးလု၊ ကျွန်တော် ဒီမှာ ရှိပါတယ်"

လျူချောင်က မျက်မှောင်ကြုတ်လျက် ရှေ့တိုးလာသည်။

"နောက်ထပ် တစ်ထောင် ထပ်လွှတ်လိုက်"

သခင်ကြီးလု၏ အသံက နက်ရှိုင်းနေပြီး မျက်နှာထားက ရှုံ့မဲ့နေကာ ဤကဲ့သို့ စိုးရိမ်စိတ်ကို ထုတ်ပြခြင်းအရ သမီးဖြစ်သူကို မည်မျှ တန်ဖိုးထား ချစ်ခင်ကြောင်း ပြသနေသည်။

"ဟုတ်ကဲ့ပါ"

လျူမူက မျက်လုံးလှန်ကြည့်ပြီး လူစုရန် အမိန့်ထုတ်လိုက်သော်လည်း စိတ်ထဲမှ မဲ့ကာရွဲ့ကာ ရေရွတ်လိုက်သည်။

"ကောင်းကင်ရုံးတော်ရဲ့ မင်းသမီး ပျောက်သွားရင်တောင် ရှင့်မိသားစုလောက် လှုပ်လှုပ်ရှားရှား ဖြစ်မှာ မဟုတ်ဘူး"

သခင်ကြီးလုသည် လူထပ်ခေါ်ရုံသာမက လျူချောင်နှင့်အတူ လိုဏ်ဂူထဲသို့ ကိုယ်တိုင် ဝင်ရောက်သွားချိန်တွင် စီရင်သူ စာမေးပွဲ ပြီးဆုံးရန် နီးကပ်နေပြီ ဖြစ်၍ ဖြေဆိုသူများက ကြောင်တောင်တောင် အမူအရာများဖြင့် အတွင်းမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြ၏။

"စီရင်သူ တိုကင်တွေ ဒီမှာ ပေးပါ"

လျူမူသည် ရှာဖွေမှုများနှင့် မသက်ဆိုင်သကဲ့သို့ သူမ၏ တာဝန်ကို ဆက်လက် လုပ်ဆောင်နေသည်။

ဖြေဆိုသူများ သူတို့၏ စာရွက်စာတမ်းများကို တစ်ယောက်ပြီး တစ်ယောက် အပ်နှံကြရင်း စီရင်သူ စာမေးပွဲသည် နိဂုံးချုပ်သွားလေသည်။

ယွမ်ကန်နှင့် လုချန်ဖုန်းတို့ကမူ ခေါင်းငိုက်စိုက်ကျလျက် မျက်နှာထား တင်းမာစွာဖြင့် နတ်ဆိုး လိုဏ်ဂူထဲမှ ထွက်လာကြသည်။

" ရှောင်လု ဘယ်မှာလဲ"

သခင်မကြီးက ဝမ်းနည်းပူဆွေးရင်း အော်မေးသည်။

"အမေ၊ ကျွန်တော်တို့ မတွေ့သေးပေမဲ့ စိတ်မပူပါနဲ့။ အဖေ ကိုယ်တိုင် ဝင်ရှာနေပါတယ်"

"ဒါဆို မင်းက ဘာလို့ ထွက်လာတာလဲ"

သခင်မကြီးက ငေါက်ငမ်းလိုက်သည်။

"အဖေက ကျွန်တော့်ကို ထွက်သွားခိုင်းလို့ပါ"

ပုံမှန်ဆိုလျှင် ညီမအပေါ် မျက်နှာသာပေးမှုသည် ပြဿနာ မရှိသော်လည်း ယခု ပြဿနာ တက်လာသောအခါ လုချန်ဖုန်းသည် မိဘများအကြား အပြစ်တင်ခံနေရသည်။

နတ်ဆိုး လိုဏ်ဂူ အတွင်းမှ စမ်းသပ်မှု ပြီးဆုံးသောအခါ ယွမ်ရှောင်နှင့် လုရှောင်မှလွဲ၍ ကျန်ရှိသော ပြိုင်ပွဲဝင် ၉၈ ဦးလုံး ပြန်လည် ထွက်ပေါ်လာကြပြီ ဖြစ်သည်။

ဤအချက်ကပင် စီရင်သူ စာမေးပွဲတွင် အန္တရာယ် အနည်းဆုံးသာ ဖြစ်ကြောင်း ညွှန်ပြနေကာ မတော်တဆ ထိခိုက်မှု ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။

"ငါတို့ ရှောင်လုကို တွေ့မယ်လို့ ထင်လား"

လုချန်ဖုန်းက ယွမ်ကန်ကို ခပ်တိုးတိုး မေးသည်။

"တကယ်တော့၊ မင်းအတွက် ဒါက အဆိုးချည်း မဟုတ်ပါဘူး"

ယွမ်ကန်က အသက်ပြင်းပြင်း ရှူပြီး လုချန်ဖုန်းကို လေးလေးနက်နက် ကြည့်လိုက်သည်။

"ပေါက်ကရတွေ မပြောစမ်းနဲ့"

"ပြီးတော့ ဟိုအယောင်ဆောင်ကောင်လည်း မရှိတော့ဘူး ဆိုတော့ မင်းအတွက် အနှောင့်အယှက် ပိုနည်းသွားတာပေါ့"

စကားဆုံးသောအခါ တခြားတစ်နေရာမှ တိုးတိုးတိတ်တိတ် အာမေဋိတ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။

"စီရင်သူ တိုကင်ပြား ၁၀၀ ကျော်တယ်ဟေ့"

"ဒါ ဘယ်သူလဲ"

"လုယောင်လား"

ယွမ်ကန်က သူ့နားသူ မယုံနိုင်အောင် ဖြစ်သွားပြီး လျူမူ ရှိရာဘက်သို့ မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ရာ အဖြူရောင် ဝတ်စုံနှင့် လူငယ်သည် ခြစ်ရာမျှ မရှိဘဲ စီရင်သူ တိုကင်များကို ကိုင်ဆောင်လျက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူငယ်က ခေါင်းလှည့်လာပြီး ယွမ်ကန်ကို အနည်းငယ်ပင် ပြုံးပြလိုက်သေး၏။

"ခင်ဗျား သူ့ကို ရှင်းလိုက်ပြီလို့ ပြောတယ် မဟုတ်ဘူးလား"

လုချန်ဖုန်းက အံ့အားသင့်သွားပြီး ယွမ်ကန်ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။

"မဖြစ်နိုင်ဘူး။ သူ မီးတောင်ချော်ရည် အနက်ထဲ ပြုတ်ကျသွားတာကို ငါ ကိုယ်တိုင် မြင်ခဲ့တာ"

"မင်းအမေ ပြုတ်ကျတာလား"

လုချန်ဖုန်း စိတ်ပျက်ဒေါသထွက်လွန်း၍ ဆဲရေးလိုက်မိသည်။ ညီမဖြစ်သူ ပျောက်နေချိန်တွင် ဤအယောင်ဆောင်ကောင်က အသက်ရှင်နေရုံသာမက စီရင်သူ တိုကင် ၁၀၀ ကျော်ကို လူသိရှင်ကြား လာအပ်ပြီး ရာစုနှစ်တစ်ခုစာ စံချိန်ကို ချိုးဖျက်လိုက်သည် မဟုတ်ပါလော။

"ဒီကောင်လေးက တစ်ခုခု လွဲနေတယ်"

ယွမ်ကန်က ယွမ်ရှောင့်ကို စားမတတ် ဝါးမတတ် စိုက်ကြည့်လိုက်ပြီး အသံက ရေခဲတမျှ အေးစက်နေသည်။

"ငါ့ညီမ ပျောက်နေတဲ့ ကိစ္စ အဖေကို ဘယ်လို ရှင်းပြရမလဲဆိုတာ အရင် စဉ်းစားစမ်းပါ"

လုချန်ဖုန်း ခေါင်းငိုက်စိုက်ကျသွားပြီး ရင်ထဲတွင် ဗြောင်းဆန်နေသည်။

ထိုအချိန်တွင် လျူမူလည်း တိုကင် အရေအတွက် အများအပြားကို ကြည့်ပြီး အံ့ဩနေသည်။

"ယန်နယ်ပယ်ကျင့်ကြံသူ တစ်ယောက် အနေနဲ့ နင် တကယ် သန်မာတာပဲ"

"မြှောက်လွန်းပါပြီဗျာ"

ယွမ်ရှောင်က နှိမ့်ချစွာ ပြန်ပြောသည်။

"မနှိမ့်ချနဲ့၊ ငါ နင့်ရဲ့ စာမေးပွဲ စာရွက်ကို ကြိုစစ်ပြီးပြီ။ နေ့လယ်ကျရင် နင့်အမေကို ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ် ရှေ့ ခေါ်လာခဲ့

သူမ၏ စကားကြောင့် ယွမ်ရှောင် စိတ်သက်သာရာ ရသွားသည်။

"ဒါဆို ကျွန်တော်ကို သွားခွင့်ပြုပါဦး"

လျူမူမူက ဘေးဘီကို ကြည့်ပြီး နားစွင့်နေသူ မရှိကြောင်း သေချာစေလိုက်ကာ တိုးတိုးလေး မေးသည်။

"လုရှောင် ပျောက်နေတယ်"

"ကျွန်တော် ကြားပါတယ်"

ယွမ်ရှောင်က ခေါင်းညိတ်ပြလိုက်သည်။

"နင် လုပ်လိုက်တာလား"

"ပေါက်ကရတွေ မပြောပါနဲ့ "

"သွားတော့၊ သွားတော့"

"ကျေးဇူးတင်ပါတယ်"

စကားအဆုံးတွင် ယွမ်ရှောင်သည် ရှုပ်ထွေးနေသော လူအုပ်ကြားမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။

ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ် အပြင်ဘက်သို့ ရောက်သည်နှင့် သူသည် ကြီးမားသော ရမှတ်ပြ သင်ပုန်းကြီး ရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်၏။ ညနေရောက်လျှင် မြို့ထဲရှိ ကျင့်ကြံသူ အားလုံး၏ စောင့်ကြည့်မှုအောက်၌ စီရင်သူ အသစ် စာရင်းကို ကြေညာတော့မည် ဖြစ်သည်။

"လုအိမ်တော်အတွက် ဂုဏ်ယူဝံ့ကြွားရမယ့် အခိုက်အတန့်ပဲ"

လက်ထဲတွင် စက်လုံးပုံသဏ္ဍာန် အရာဝတ္ထုတစ်ခုကို ဆုပ်ကိုင်ထားရင်း သူက မဲ့ပြုံးတစ်ချက် ပြုံးကာ စီရင်သူလုအန်း၏ အိမ်ရှိရာသို့ ပြန်သွားခဲ့လေသည်။

All Chapters