အခန်း (၅၁၉-၅၂၀)
Vol. 39 Ch. 519-520
အပိုင်း ၅၁၉ - ထိပ်သီးစီရင်သူ
လု အင်မော်တယ်စံအိမ်သို့ ပြန်ရောက်သောအခါ အိမ်တော်တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေသည်ကို တွေ့မြင်နိုင်ပြီး လူအများသည် အုပ်စုလိုက် စုဝေးကာ နတ်ဆိုး လိုဏ်ဂူ အတွင်း လုရှောင် ပျောက်ဆုံးသွားမှု အကြောင်း ပြောဆိုနေကြသည်။
"ဒါက လုယောင် အတွက် လက်စားချေတာ အစပဲ ရှိသေးတယ်”
နေ့လယ်ပိုင်းတွင် သခင်မယုသည် မီးဖိုချောင်၌ အလုပ်ရှုပ်နေသော်လည်း လန်ရီကို မကြာခဏ လှမ်းမေးနေသည်။
"သားလေး ပြန်ရောက်ပြီလား"
သူမ မေးလိုက်ချိန်မှာပင် အပြင်ဘက်မှ ယွမ်ရှောင်၏ အသံ ထွက်ပေါ်လာသည်။
"ကျွန်တော် ပြန်ရောက်ပါပြီ"
ယွမ်ရှောင့်ကို မထိမခိုက် မြင်လိုက်ရမှ လန်ရီ သက်ပြင်းချနိုင်တော့သည်။
"အခြေအနေ ဘယ်လိုလဲ"
"ပြဿနာ သိပ်မရှိပါဘူး"
"အားလုံးက လုရှောင်အကြောင်း တီးတိုး ပြောနေကြတယ်"
"ငါ သတ်လိုက်တာ”
လန်ရီက ခေါင်းညိတ်၍ နားလည်သွားပြီး ထိုကိစ္စကို ဆက်မမေးတော့ဘဲ ယွမ်ရှောင်နှင့်အတူ သခင်မယု ရှိရာသို့ သွားလိုက်သည်။
ဟင်းပွဲများ ပြင်ဆင်ထားသော ထမင်းစားပွဲတွင် သူမက စိုးရိမ်တကြီး ပြောသည်။
"ရှောင်လုလည်း နတ်ဆိုး လိုဏ်ဂူထဲမှာ ဒုက္ခရောက်သွားတယ်လို့ ကြားတယ်။ အဲဒီနေရာက အရမ်း အန္တရာယ်များလွန်းတယ်။ အမေ ထင်တာတော့ စီရင်သူ စာမေးပွဲ မဖြေဘဲ နေလိုက်တာက ဘာမှ မဖြစ်ပါဘူး။ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် နေရတဲ့ ဘဝက အကောင်းဆုံး ဖြစ်နိုင်တယ်"
"အမေ၊ ဒီနေ့ နေ့လယ် ကျွန်တော် အပြင်ခေါ်သွားပေးမယ်။"
"ဘာသွားကြည့်စရာ ရှိလို့လဲ။ အမေက ဘာမှမှ မမြင်ရတာ။ အလကား ဖြစ်နေမှာပါ။ ပြီးတော့ သူများတွေ အတင်းပြောတာ ကြားရရင် သား စိတ်ဆင်းရဲရုံပဲ ရှိမှာ"
သူမက ခြံဝင်းထဲမှ မထွက်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့် အလျင်အမြန် ငြင်းဆန်သည်။
"လမ်းလျှောက်ရုံပါပဲ၊ ကျွန်တော် ပြောတာ နားထောင်ပါ"
"အမေ၊ ဒီတစ်ခါတော့ သူ့စကား နားထောင်လိုက်ပါ"
လန်ရီက ညင်သာစွာ ဝင်ပြောသည်။
"ကဲ၊ ဟုတ်ပါပြီ။ ရီလေးရော လိုက်မှာလား"
ယွမ်ရှောင် ခဏမျှ စဉ်းစားလိုက်ပြီး လိမ်ပြောလိုက်သည်။
"သူက နည်းနည်း နေမကောင်းဖြစ်ပြီး ဒဏ်ရာအသေးစားလေးတွေ ရထားလို့ပါ။ ရက်နည်းနည်းလောက် နားဖို့ လိုတယ်"
"ဒဏ်ရာရတယ်။ ဒါဆို အမေ သူ့ကို ပြုစုပေးသင့်တာပေါ့"
သူမက စိုးရိမ်တကြီး ပြောသည်။
"သူ အနားယူဖို့ပဲ လိုတာပါ"
ထမင်းစားပြီးနောက် ယွမ်ရှောင် သူမကို အပြင်ခေါ်သွားရန် ပြင်ဆင်၍ ထွက်ခွာကာနီးတွင် လန်ရီကို ပြောလိုက်သည်။
"ငါ လျူမူနဲ့ ထပ်ပြောခဲ့တယ်။ ရုပ်ရည်ကို အနည်းငယ် ပြောင်းလဲပေးနိုင်တဲ့ သာမန်ကာလျှံကာ မျက်နှာဖုံးတစ်ခု ရှာပေးမယ်လို့ ပြောတယ်။ ခဏလောက် ထပ်စောင့်ပါဦး"
"သိပါပြီရှင်။ ညီမ မလောပါဘူး"
လန်ရီက အလိုက်သိသော ဇနီးသည် ပုံစံဖြင့် ပြုံးလျက် နှုတ်ဆက် ကျန်ရစ်သည်။
နေ့လယ်ခင်း အချိန်တွင် ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ်၏ ဝင်ပေါက်၌ လူစည်ကားနေ၍ ကောင်းကင်ပျံသန်းမြို့တော်မှ အင်မော်တယ် အများအပြား စုဝေးရောက်ရှိနေကြပြီး နှစ်စဉ်ကျင်းပသော စီရင်သူ စာမေးပွဲ ရလဒ်များကို စောင့်မျှော်နေကြသကဲ့သို့ လုရှောင် ပျောက်ဆုံးမှု အကြောင်းကိုလည်း တီးတိုး ပြောဆိုနေကြသည်။
"လုမိသားစုက နတ်ဆိုး လိုဏ်ဂူကို ပြောင်းပြန်လှန် ရှာခဲ့ပေမယ့် ဘာမှ မတွေ့ဘူးလို့ ကြားတယ်"
"ထူးဆန်းလိုက်တာ။ တစ်ယောက်ယောက်က သူမကို နှုတ်ပိတ်ဖို့ သတ်လိုက်တာများလား"
"ပေါက်ကရတွေ။ ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ်ရဲ့ စောင့်ကြည့်မှုအောက်မှာ စံအိမ်သခင်ကြီးရဲ့ ချစ်သမီးလေးကို ဘယ်သူက သတ်ရဲမှာလဲ။ ဒါက မျိုးနွယ်တစ်ခုလုံး သေလမ်းရှာတာနဲ့ အတူတူပဲလေ"
"လုယောင်လိုမျိုး အာကာသဟင်းလင်းပြင်ကြောင့် တခြားတစ်နေရာကို လွင့်ပါသွားတာရော မဖြစ်နိုင်ဘူးလား"
"အဲဒါ အဖြစ်နိုင်ဆုံးပဲ"
မဟာတာအို ကောင်းကင်နယ်မြေတွင် လူမှုအဆင့်အတန်း ခွဲခြားမှုသည် ထင်ရှားပြတ်သားလှကာ အားကြီးသူနှင့် အားနည်းသူအကြား ကွာဟချက်သည် ချောက်ကမ်းပါးကြီးသဖွယ် ကြီးမားပြီး အာဏာရှိသူများ၏ မျိုးဆက်များသည် ကြီးမားသော အကာအကွယ်ကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် ဤကိစ္စသည် လုပ်ကြံသတ်ဖြတ်မှု တစ်ခု ဖြစ်ကြောင်း ယုံကြည်ရန် လူအများအတွက် ခက်ခဲနေခြင်း ဖြစ်၏။
"သူတို့ နတ်ဆိုး လိုဏ်ဂူထဲမှာ ရှာနေကြတုန်းပဲ။ ဒါပေမဲ့ စီရင်သူ စာမေးပွဲကိုတော့ သက်ရောက်မှု မရှိပါဘူး။ ရလဒ်တွေ ကြေညာတော့မယ်"
"ဘယ်မိသားစုက သားသမီးတွေ အရာရှိ ဖြစ်လာမလဲ ဆိုတာ ကြည့်ကြတာပေါ့"
သာမန် ပြည်သူများသည် အရာရှိကြီးများ၏ သားသမီးများကို သိပ်ပြီး အာရုံစိုက်လေ့ မရှိကြပေ။ သူတို့က စီရင်သူ ဖြစ်လာမည်မှာ သေချာသလောက် ရှိသောကြောင့် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း သာမန် ပြည်သူများအနက် ထူးချွန်စွာ ထိုးဖောက်ပြီး စီရင်သူ ဖြစ်လာကာ ဘိုးဘေးများအတွက် ဂုဏ်ယူစရာ ဖြစ်စေသူ အနည်းငယ်ကိုသာ သူတို့က အမှန်တကယ် စိတ်ဝင်စားကြသည်။
" သား ဘာလို့ အမေ့ကို ဒီခေါ်လာတာလဲ"
လူအုပ်ကြားထဲတွင် ယွမ်ရှောင်က ကာကွယ်ပေးထားသော်လည်း ဤမျှ စည်ကားသော နေရာမျိုးသို့ မရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၍ သခင်မယု စိတ်မသက်မသာ ဖြစ်နေသည်။
"စိတ်မပူပါနဲ့၊ ခဏလေး ထပ်စောင့်လိုက်ပါဦး"
"ဘာကို စောင့်နေရမှာလဲ"
"အမေ့ကို ပြောပြဖို့ မေ့နေတာ။ ဒီမနက် ကျွန်တော်က ဆရာရဲ့ ထောက်ခံချက်နဲ့ စီရင်သူ စာမေးပွဲ ဝင်ဖြေခဲ့တယ်"
သခင်မယု ကြောင်အသွားပြီး သူ့လက်မောင်းကို အလျင်အမြန် လှမ်းဆွဲလိုက်သည်။
"သား ဒဏ်ရာရလာသေးလား"
သူမ၏ ပထမဆုံး တုံ့ပြန်မှုသည် ရလဒ် အကြောင်း မဟုတ်ဘဲ ဒဏ်ရာရ၊ မရ ဆိုသည့် အချက်သာ ဖြစ်ကာ စစ်မှန်သော မိခင်မေတ္တာပင်။
"ကျွန်တော် ဒဏ်ရာ မရပါဘူး"
ယွမ်ရှောင်က သူမ၏လက်ကို ဖွဖွလေး ကိုင်လိုက်ပြီး အားပေးသည်။
"ရပါတယ်၊ သား အကောင်းဆုံး ကြိုးစားခဲ့ရင်ပဲ လုံလောက်ပါပြီ"
သူမသည် သားဖြစ်သူ ထပ်မံ ပျောက်ဆုံးသွားမည်ကို ကြောက်ရွံ့သဖြင့် ရလဒ်ကို စိတ်မပူရန် ထပ်ကာတလဲလဲ ပြောနေသည်။
နောက်ဆုံးတွင် ဆူညံနေသော လူအုပ်ကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားကာ သံချပ်ကာ ဝတ်ဆင်ထားသော စီရင်သူ တစ်စုသည် ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ် အတွင်းမှ ထွက်ပေါ်လာကြသောကြောင့် ဖြစ်သည်။ သူတို့ထံမှ တင်းမာသော အာဏာစက် အရှိန်အဝါများ ထွက်ပေါ်နေကာ ဦးဆောင်လာသူမှာ ကောင်းကင်ကာကွယ်သူ လျူချောင် ဖြစ်ပြီး သူနှင့်အတူ လျူမူမူ၊ ယွမ်ကန်၊ အခြား တပ်မှူးများနှင့် လုချန်ဖုန်းတို့လည်း ပါဝင်ကြ၏။
"တစ်ရက်တာ စစ်ဆေးမှုနဲ့ အမှတ်ပေးမှုတွေ ပြီးဆုံးပြီးတဲ့နောက်၊ ဒီနှစ်မှာ အရည်အချင်း ပြည့်မီတဲ့ စီရင်သူ ၃၀ကို ကျွန်တော်တို့ ရွေးချယ်ခန့်အပ်ပါမယ်"
ပါဝင်သူ ၁၀၀အနက် ၇၀ မှာ သတ်မှတ်ချက် မပြည့်မီ၍ ပြုတ်ကျန်ခဲ့သဖြင့် အင်မတန် ရက်စက်သော ရလဒ်ပင်။
လျူချောင်က အမိန့်ပေးလိုက်သည်။
"ရလဒ်တွေကို ထုတ်ပြန်လိုက်"
"ဟုတ်ကဲ့"
လုချန်ဖုန်း၏ မျက်နှာထားက သက်သောင့်သက်သာ မရှိလှသော်လည်း စာလိပ်တစ်ခုကို ကိုင်ဆောင်လျက် အလင်းရောင် ထွက်နေသော သင်ပုန်းကြီးထံ တိုးကပ်သွားသည်။ နောက်ဆုံး အမှတ်များကို ကောင်းကင်ကာကွယ်သူနှင့် တပ်မှူး ၅ ဦးတို့ ပေါင်းစပ် တွက်ချက်ထားခြင်း ဖြစ်ကာ ယွမ်ကန် သူ့ကို စာလိပ် ကမ်းပေးချိန်တွင် ထူးဆန်းသော မျက်နှာထား ဖြစ်နေသည်ကိုသာ သတိထားမိလိုက်ပြီး ရလဒ်အကြောင်း မသိပေ။
စုဝေးနေသော ပရိသတ်ကြီး၏ မျက်လုံးများသည် သူ့လက်ထဲရှိ စာလိပ်သို့ ရောက်သွား၍ တိတ်ဆိတ်ငြိမ်သက်နေသည်။
လုချန်ဖုန်းက လေကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ခုန်တက်ကာ စာလိပ်ကို ရမှတ်ပြ သင်ပုန်းတွင် ချိတ်ဆွဲလိုက်သည်။
စာလိပ်သည် ရွှမ်းခနဲ ပြန့်ကျသွားပြီး အထက်မှ အောက်သို့ ရွှေရောင်ဖြင့် ရေးထိုးထားသော နာမည်များ တောက်ပလာကာ ထိပ်ဆုံးရှိ နာမည်က အထင်ရှားဆုံးဖြစ်၍ စာမေးပွဲ၏ ထိပ်သီး ပညာရှင်ကို ဖော်ပြနေသည်။ နှစ်စဉ် စီရင်သူ စာမေးပွဲ၏ ထိပ်ဆုံး သုံးယောက်သည် အထူး အခွင့်အရေးများ ရရှိကြပြီး ပထမရသူသည် လူတိုင်း၏ အာရုံစိုက်မှု ဗဟိုချက် ဖြစ်လာသည်မှာ မလွဲဧကန်ပင်။ လုချန်ဖုန်းသည် ပထမရရှိကာ တရားဝင် ပွဲထွက်လာခဲ့ပြီး ဆယ်နှစ်အတွင်း တပ်မှူးလောင်း အဆင့်သို့ ဒုံးပျံစီးသကဲ့သို့ တဟုန်ထိုး တက်လှမ်းနိုင်ခဲ့၏။
"ဒီနေ့ ကောင်းကင်ပျံသန်းမြို့တော်ရဲ့ ထိပ်သီး ပညာရှင်က..."
အားလုံးက စူးစိုက်ကြည့်လိုက်ကြပြီး စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်သွားသည်။
"လုယောက်"
လူအများသည် ထိုနာမည်ကို အာမေဋိတ်သံဖြင့် အံ့ဩတကြီး ရေရွတ်လိုက်ကြပြီး လျူမူ၏ ပြုံးနေသော မျက်နှာကို ကြည့်လျှင် ကြိုတင်သိထားပေလိမ့်မည်။ မတရား အမှတ်လျှော့ခံရသည်မှလွဲ၍ သူ၏စွမ်းဆောင်ရည်သည် အပြစ်ပြောစရာ မရှိအောင် ပြည့်စုံခဲ့သည်။ လုယောင်ဆိုသော နာမည်တွင် နောက်ဆုံး ရမှတ်ကို ဖော်ပြထားကာ ၈၅ မှတ် ဖြစ်၏။ ဆိုလိုသည်မှာ လုချန်ဖုန်းသာ မတရားသဖြင့် ၁၅ မှတ် လျှော့မပစ်ခဲ့လျှင် သူသည် စီရင်သူ တစ်ယောက် အနေဖြင့် အမှတ်ပြည့် ရရှိခဲ့ပေလိမ့်မည်။
" သူတို့ ဘာလို့ သားနာမည်ကို အော်နေကြတာလဲ"
သခင်မယု မမြင်ရသော်လည်း အခြေအနေ၏ ထူးခြားမှုကို အာရုံခံမိနေသည်။
" ဘာလို့လဲဆိုတော့ အမေ့သားက အမှတ် ၈၅ နဲ့ အမြင့်ဆုံး ရမှတ်ရပြီး ဒီနှစ်ရဲ့ ထိပ်သီး စီရင်သူ ဖြစ်သွားလို့ပါ"
ယွမ်ရှောင်က စိတ်လှုပ်ရှားဖွယ် သတင်းကို ပြောပြ၍ သူမကို ပျော်ရွှင်စေချင်သည့် ရိုးရှင်းသော အကြောင်းပြချက်ပင်။
"သား နောက်မနေနဲ့နော်"
သူမ၏ အသံ တုန်ရီနေပြီး မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲလာကာ လက်တွေ့နှင့် မယုံကြည်နိုင်မှုအကြား ဗျာများနေသည်။
"ဂုဏ်ယူပါတယ် သခင်မယု"
"ခင်ဗျားရဲ့သားလေးက တကယ်ကို ဘိုးဘေးတွေအတွက် ဂုဏ်ယူစရာ ဖြစ်စေခဲ့ပြီ"
" ဂုဏ်သိက္ခာကြီးမားတဲ့ အင်မော်တယ်တွေရဲ့ သားသမီးတွေအကြားမှာ ဒီလိုအသက်အရွယ်နဲ့ ထိပ်ဆုံးနေရာ ရယူနိုင်တာ တကယ် ချီးကျူးစရာပါပဲ"
"မျိုးဆက် ခြောက်ဆက်တိုင်တိုင် စီရင်သူတွေ ဖြစ်ခဲ့တဲ့ သူရဲကောင်း မျိုးရိုးပါလား"
" ခင်ဗျားက သားသမီးတွေကို ကောင်းကောင်း ပျိုးထောင်ခဲ့တာပဲ။ ခင်ဗျားရဲ့ သားနှစ်ယောက်လုံး စီရင်သူတွေ ဖြစ်ကုန်ပြီ"
သူမသည် မနာလိုသော အကြည့်များကို မမြင်ရသော်လည်း လေးစားအားကျသော စကားသံများကိုမူ ပြတ်သားစွာ ကြားနေရသည်။
"တကယ်လားဟင်"
သူမက ငိုကြွေးပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားကာ ထပ်တလဲလဲ ရေရွတ်နေမိသည်။
"တကယ်ကို ကောင်းလိုက်တာ။ ယောကျ်ားရေ၊ တကယ်ကိုပဲ..."
မျက်ရည်များကြားမှ ရယ်မောလိုက်ပြီး သူမ၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် တောက်ပ လင်းလက်လာသည်။
အားလုံးကို ကြည့်ရင်း ယွမ်ရှောင်လည်း ပျော်ရွှင်မှုကို ခံစားလိုက်ရကာ မိဘများ စောစောစီးစီး ကွယ်လွန်သွားခဲ့သောကြောင့် အောင်မြင်မှုများကို ပြသခွင့် တစ်ခါမှ မရခဲ့ပေ။
"အဖေနဲ့အမေတို့ ဝိညာဉ်တွေများ စောင့်ကြည့်နေမယ်ဆိုရင် ဒီနေ့ အောင်မြင်မှုအတွက် ဂုဏ်ယူနေကြမှာပါ"
ကောင်းကင်ကို မော့ကြည့်ရင်း ယွမ်ရှောင် တီးတိုး ရေရွတ်ရင်း တမ်းတလိုက်သည်။
ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ်၏ တံခါးဝတွင် အချို့က အောင်မြင်မှုအတွက် ပျော်ရွှင်နေကြပြီး အချို့ကမူ ကျရှုံးသည့်အတွက် ဝမ်းနည်း ပူဆွေးနေကြသည်။
"စာမေးပွဲ အောင်တဲ့သူတွေ၊ ရှေ့ထွက်ခဲ့"
ယွမ်ကန်က ခံစားချက်မပါသော အသံဖြင့် ခေါ်လိုက်ရာ လူငယ် ၃၀ ထွက်လာပြီး အနား ကပ်သွားကြသည်။ သူ၏ ခံစားချက် ကင်းမဲ့သော အကြည့်သည် ယွမ်ရှောင်တွင် ခဏတာ ရပ်တန့်သွား၏။
"စီရင်သူ သံချပ်ကာ၊ စည်းမျဉ်း စာအုပ်နဲ့ ကိရိယာတွေ လာယူကြ"
သူတို့ ဝတ်ဆင်ရမည့် သံချပ်ကာမှာ အင်မော်တယ် ရတနာ တစ်ပါးဖြစ်ပြီး ဓားယာဉ်များကိုလည်း ကိုင်တွယ် မောင်းနှင်ခွင့် ရှိကြသည်။
စီရင်သူ အသစ် ၃၀ ဦးစလုံးသည် စီရင်သူ သံချပ်ကာ တစ်စုံစီနှင့် သိုလှောင်အိတ်တစ်လုံးစီ လာရောက် ထုတ်ယူကြသည်။ ယွမ်ရှောင်က သိုလှောင်အိတ်အတွင်းသို့ ကြည့်လိုက်ရာ အမိန့်စာများ၊ စည်းမျဉ်း စာအုပ်နှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပစ္စည်းများစွာ ပါဝင်သည်ကို တွေ့လိုက်ရလေသည်။
အပိုင်း ၅၂၀ - ချောက်ချခြင်း
"အားလုံး နားထောင်စမ်း"
လုချန်ဖုန်းက အသံကို ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
"နောက်ငါးနှစ်လုံးလုံး၊ မင်းတို့အားလုံးက စီရင်သူ အလောင်းအလျာတွေ သက်သက်ပဲ ရှိသေးတယ်။ ဒီအချိန်အတွင်းမှာ အမှား တစ်ခုခု ကျူးလွန်ခဲ့ရင် မင်းတို့ရဲ့ အဆင့်အတန်းက အချိန်မရွေး ပြန်ရုပ်သိမ်းခံရနိုင်တယ်။ ကောင်းကင်ရုံးတော်အတွက် ကြီးကျယ်တဲ့ စွမ်းဆောင်မှုတွေ လုပ်နိုင်တဲ့သူတွေမှသာ စောစီးစွ တရားဝင် ဝင်ရောက်နိုင်ကြလိမ့်မယ်။ ငါးနှစ်ကြာလို့ မင်းတို့ ရာထူးတွေ တရားဝင် မဖြစ်မချင်း၊ ဒီ စီရင်သူလောင်း ၃၀ ဦးစလုံး ငါ့ခေါင်းဆောင်မှုအောက်မှာပဲ ရှိရမယ်"
"ဟုတ်ကဲ့"
ဖြေဆိုသူ အားလုံးက စည်းမျဉ်းများကို ကောင်းစွာ နားလည်သဘောပေါက်သဖြင့် သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။
"တပ်မှူးယွမ် ဖြည့်စွက်ပြောစရာ ရှိသေးလား"
လုချန်ဖုန်းက မေးလိုက်သည်။
ယွမ်ကန်က လည်ချောင်းရှင်း၍ ချောင်းဟန့်ပြီးနောက် စီရင်သူ ၃၀ ကို တင်းမာစွာ ကြည့်ပြီး ကြေညာလိုက်သည်။
"ဒီနေ့က စပြီး မင်းတို့ဟာ ကောင်းကင်ရုံးတော်ရဲ့ အာဏာကို ကိုယ်စားပြုတဲ့ အဆင့် ၉ စီရင်သူတွေ ဖြစ်သွားကြပြီ။ မင်းတို့က စံပြပုဂ္ဂိုလ်တွေ အနေနဲ့ ဦးဆောင်ရမယ်။ ကောင်းကင်ရုံးတော်ရဲ့ ဥပဒေတွေနဲ့ အမိန့်ပြန်တမ်းတွေကို လိုက်နာ စောင့်ထိန်းရမယ်။-+ ဘယ်လို အမှားမျိုးပဲ ဖြစ်ဖြစ် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ခံရလိမ့်မယ်"
"နားလည်ပါပြီ"
"စီရင်သူ သံချပ်ကာ ဝတ်ဆင်ပြီး တန်းစီကြ"
ဤသံချပ်ကာသည် ကောင်းကင်ရုံးတော်၏ အထင်ရှားဆုံး ဝတ်စုံများအနက် တစ်ခုဖြစ်ပြီး အဖြူရောင် အောက်ခံပေါ်တွင် ရွှေရောင် အဆင်တန်ဆာများဖြင့် မွမ်းမံထားကာ ခန့်ညားထည်ဝါပြီး လေးနက်ခိုင်မာမှုကို ပေါ်လွင်စေသည်။ ယွမ်ကန်ကဲ့သို့ ကြမ်းတမ်းသော အမျိုးသား တစ်ယောက်ပင်လျှင် ဤဝတ်စုံနှင့် ဂုဏ်သရေ ရှိနေပုံ ပေါက်နေရာ ယွမ်ရှောင် ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ လူအုပ်ကြီး၏ အားကျသော အကြည့်များအောက်တွင် သူတို့သည် သံချပ်ကာများကို တရားဝင် ဝတ်ဆင်လိုက်ကြပြီး ယခုမှစ၍ ကောင်းကင်ရုံးတော်၏ အာဏာကို ကိုယ်စားပြုကာ ၎င်း၏ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ပြီး အကာအကွယ်ကို ရယူကြတော့မည် ဖြစ်သည်။
သို့သော် အားလုံးက ထိုအခိုက်အတန့်ကို အံ့ဩငေးမောနေကြစဉ် မမျှော်လင့်ထားသော အဖြစ်အပျက် တစ်ခု ဖြစ်ပွားခဲ့သည်။ ယွမ်ရှောင် သံချပ်ကာ ဝတ်ဆင်နေစဉ် စက်လုံးပုံသဏ္ဍာန် အရာဝတ္ထု တစ်ခု ပြုတ်ကျသွားပြီး အင်မော်တယ် လူအုပ်ကြီး ရှေ့သို့ လိမ့်ဆင်းသွား၏။
"ပုံရိပ်ဖော် စက်လုံး"
"ခွင့်ပြုပါဦး"
ယွမ်ရှောင်သည် သံချပ်ကာ အပြည့်အစုံ မဝတ်ရသေးဘဲ ထိုအရာကို ပြန်ကောက်ရန် အလျင်အမြန် ပြေးသွားသော်လည်း ၎င်းသည် အလိုအလျောက် ပွင့်သွားပြီး တောက်ပသွားကာ မြင်ကွင်းတစ်ခုအား ပုံရိပ်ဖော်ပြလိုက်တော့သည်။ ထိုမြင်ကွင်းသည် မီးခိုးများ လှည့်ပတ်နေပြီး မီးတောင်ချော်ရည်များ စီးဆင်းနေသော နေရာတစ်ခုကို ပြသနေ၍ တောင့်တင်းခိုင်မာသော စီရင်သူ တစ်ဦးသည် မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
"အဲဒါ တပ်မှူးယွမ် မဟုတ်ဘူးလား"
လူအုပ်ကြီးက အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။
ယွမ်ကန်သည် စီရင်သူ အသစ်စက်စက်ကို မည်သို့ ကိုင်တွယ်ရန် စဉ်းစားနေစဉ် ပုံရိပ်ဖော် စက်လုံး ပေါ်လာသဖြင့် မျက်နှာထား ချက်ချင်း ပြောင်းလဲသွားကာ လုယူချင်သော်လည်း လျူမူက သူ့ကို လမ်းပိတ်လိုက်သည်။
"ရှင် ဘာလုပ်မလို့လဲ"
သူမ ဝင်ရောက်ဟန့်တားလိုက်သဖြင့် စက်လုံးထဲမှ ယွမ်ကန်သည် စကားပြောခွင့် ရသွားပြီး အားလုံး ကြားလိုက်ရတော့သည်။
"ဘာ လေးနက်တဲ့ နေရာလဲ။ ဒီနေရာက ငါ့နယ်မြေ၊ ယွမ်ကန်ရဲ့ ပိုင်နက်ပဲ။ ဒီနေရာမှာ ရှိတဲ့ မင်းတို့လို အောက်တန်းစားတွေရဲ့ ကံကြမ္မာကို ငါက ဆုံးဖြတ်တာ"
ထိုမြင်ကွင်းသည် နတ်ဆိုး လိုဏ်ဂူ အတွင်းပိုင်း ဖြစ်ကြောင်း ထင်ရှားနေသည်။ သောင်းနှင့်ချီသော အင်မော်တယ် ပြည်သူများသည် မယုံကြည်နိုင်စရာ ကောင်းသော ထိုသက်သေကို အံ့အားသင့်စွာ တိတ်ဆိတ်ကြည့်ရှုနေကြပြီးနောက် စက်လုံးထဲမှ အဓိက ဇာတ်ကောင် နှစ်ဦးထံ လှည့်ကြည့်လိုက်ကြသည်။
"တောင်းပန်ပါတယ်"
ယွမ်ရှောင်က ထိတ်လန့်နေဟန်ဖြင့် စက်လုံးကို အလျင်အမြန် ကောက်ယူလိုက်သည်။
ယွမ်ကန်သည် ပါးရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ တပ်မှူးတစ်ယောက် အနေဖြင့် လူသစ်များကို လူသိရှင်ကြား ဆုံးမခဲ့ပြီး အမှား တစ်ခုခု လုပ်မိပါက ပြစ်ဒဏ် တိုးမြှင့်ခံရမည်ဟု ကြေညာခဲ့သော်လည်း လက်တွေ့၌ ကွာခြားနေ၏။
"ယွမ်ကန်၊ ခင်ဗျားက စီရင်သူ စစ်ဆေးမှု လုပ်နေတုန်း ဖြေဆိုသူ တစ်ယောက်ကို ချောင်းမြောင်း တိုက်ခိုက်ရဲတယ်ပေါ့"
"တပ်မှူးတစ်ယောက် အနေနဲ့ ခင်ဗျားက ကောင်းကင်ရုံးတော်ရဲ့ ဥပဒေတွေကို ဗြောင်ကျကျ ဖောက်ဖျက်ပြီး အာဇာနည် စီရင်သူတွေရဲ့ မျိုးဆက်ကို အောက်တန်းစားလို့ စော်ကားရဲတယ်"
"ယွမ်ကန် ၊ခင်ဗျားရဲ့ ယုတ်မာမှု သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ရှိနေပြီ။ ခင်ဗျား ဘယ်လို ရှင်းပြမလဲ"
ပုံရိပ်ဖော် စက်လုံးမှ အကြောင်းအရာများသည် ကောင်းကင်ပျံသန်းမြို့တော် တစ်ခုလုံးကို ဒေါသ ပေါက်ကွဲစေခဲ့သည်။
"ကောင်းကင်ကာကွယ်သူ၊ ခင်ဗျား ကျွန်တော်တို့ကို ရှင်းပြချက် ပေးရမယ်။ ယွမ်ကန် လုပ်သလိုမျိုး ကိစ္စတွေသာ ပုံမှန် ဖြစ်နေမယ်ဆိုရင် ဘယ်သူက သူတို့ သားသမီးတွေကို စာမေးပွဲ လာဖြေခိုင်းရဲတော့မှာလဲ"
သောင်းနှင့်ချီသော မျက်လုံးများသည် လျူချောင်ထံသို့ ရောက်ရှိလာသောအခါ ဖြစ်ပျက်သမျှကို ကြည့်နေရင်း မျက်နှာထား အေးစက်နေသည်။
"ယွမ်ကန်ကို ဖမ်းလိုက်"
"အစ်ကိုချောင်"
ယွမ်ကန်၏ မျက်နှာ ဖြူဖျော့သွားပြီး ရှုံ့တွနေသည်။
"သူ့ကို ခေါ်သွားစမ်း"
သူက အံကြိတ်ပြီး ခေါင်းငုံ့ကာ အခြား စီရင်သူများ၏ ဖမ်းဆီးမှုကို ခံယူလိုက်ရတော့သည်။
"လုယောင်၊ ပုံရိပ်ဖော် စက်လုံးကို ပေးပါ"
လျူချောင်က တောင်းဆိုလိုက်၍ ယွမ်ရှောင် ရှေ့တိုးသွားသော်လည်း ပုံရိပ်ဖော် စက်လုံးကိုမူ လျူမူ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"လူကြီးမင်းများ ခင်ဗျာ၊ စီရင်သူ စာမေးပွဲ အတွင်း ကောင်းကင်ဥပဒေတွေကို အခုလို ချိုးဖောက်ခြင်းဟာ ကျွန်တော်တို့ ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ်ရဲ့ တာဝန် ဖြစ်ပါတယ်။ ကျွန်တော်တို့ သေချာ စုံစမ်းစစ်ဆေးပြီး အချက်အလက်တွေကို ပြန်လည် သုံးသပ်ကာ ကောင်းကင်ပျံသန်းမြို့တော်ရဲ့ ပြည်သူတွေ အားလုံးကို ရှင်းပြချက် ပေးနိုင်ဖို့ ပြစ်မှုတွေကို စီရင်ဆုံးဖြတ်ပါ့မယ်"
ထိုစကားကို ကြားလိုက်ရသောအခါ ယွမ်ကန်၏ မျက်နှာ ရှုံ့မဲ့သွားသည်။ ကောင်းကင်ရုံးတော် ဆိုသည်မှာ အနည်းဆုံး အပေါ်ယံအားဖြင့် ဥပဒေများနှင့် အမိန့်ပြန်တမ်းများဖြင့် အုပ်ချုပ်သော နေရာဖြစ်ကြောင်း သူက မည်သူ့ထက်မဆို ပိုသိသည်။ ယွမ်ရှောင်၏ ပါးနပ်သော လှည့်ကွက်က သူ့ကို လူသိရှင်ကြား တွင်းနက်ထဲ တွန်းပို့လိုက်ပြီ ဖြစ်သောကြောင့် အပြစ်ပေးခံရရုံသာမက ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ်၏ ပုံရိပ်ကို ကာကွယ်ရန်အတွက် စတေးခံရနိုင်သည်။
"ကောင်စုတ်လေး၊ မင်း တော်တော် သတ္တိရှိတာပဲ။ အားနည်းပြီး တစ်ကောင်ကြွက် ဖြစ်နေတာတောင် ကောင်းကင်ပျံသန်းမြို့တော်ရဲ့ အထက်အောက် အုပ်ချုပ်မှု စနစ် တစ်ခုလုံးကို ဆန့်ကျင်ရဲတယ်ပေါ့။ မင်း လက်စားချေလို့ ရသွားပြီ။ ဒါပေမဲ့ မင်းရော မင်းချစ်ခင်ရတဲ့ သူတွေရော အကုန်လုံး သေလမ်း မြင်နေပြီ"
သူက ယွမ်ရှောင့်ကို အေးစက်စွာ စိုက်ကြည့်လျက် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
အဖြစ်အပျက်များသည် ကောင်းကင်ကာကွယ်သူ တစ်ယောက် အနေဖြင့် လျူချောင်၏ မာနကို ထိခိုက်စေခဲ့သည်။ သူက လျူမူကိုသာ စိုက်ကြည့်ပြီး ခက်ထန်စွာ တီးတိုး ပြောလိုက်သည်။
"ဒါတွေ အကုန်လုံး နင် စီစဉ်လိုက်တာ မဟုတ်လား။ လုအန်းအတွက်နဲ့ နင် ရူးသွားပြီလား"
လျူမူက ပခုံးတွန့်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။
လျူချောင်ချောင် ထွက်ခွာရန် ပြင်လိုက်စဉ် အပြင်ဘက်ရှိ သူ့ကို အာရုံစိုက်နေသော လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။
"လုယောင်က အာဇာနည်ရဲ့ မျိုးဆက်လေ။ သူ့မှာ သြဇာအာဏာကြီးတဲ့ နောက်ခံ မရှိဘူး။ ဒီနေ့ သူက တန်ခိုးပါဝါကြီးတဲ့ ပုဂ္ဂိုလ်တချို့ကို ပြစ်မှားမိလိုက်ပြီ မဟုတ်လား။ ကျွန်တော် သိချင်တာက သူ ရုတ်တရက် တစ်ခုခု ဖြစ်သွားရင် ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ်ရဲ့ သိက္ခာကို ကျွန်တော်တို့ ယုံကြည်လို့ ရပါဦးမလား"
"ပေါက်ကရတွေ မပြောနဲ့။ သူက အဆင့် ၉ စီရင်သူ ဖြစ်သလို ကောင်းကင်ဥပဒေတွေနဲ့ ကာကွယ်ပေးထားတဲ့ တရားဝင် ကောင်းကင်အရာရှိ တစ်ယောက် ဖြစ်တယ်။ သူ့ကို ထိခိုက်အောင် လုပ်ရဲတဲ့ ဘယ်သူမဆို ပြစ်မှု ကျူးလွန်ရာ ရောက်တယ်"
လျူချောင်က တင်းမာစွာ ပြန်ဖြေသည်။
"အဲဒါတွေ ကျွန်တော်တို့ ဂရုမစိုက်ဘူး။ သူ သေသွားရင် ကျွန်တော်တို့က ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ်ကိုပဲ အပြစ်တင်မှာ"
လူအများက ပြင်းထန်စွာ အော်ဟစ်လိုက်ကြပြီး မဟာတာအိုနယ်မြေ တွင် ကျင့်ကြံနိုင်သူများသည် အရူးများ မဟုတ်ကြပေ။ ဤနေရာတွင် အရာရှိများနှင့် အရပ်သားများအကြား တင်းမာမှုသည် အလွန်အမင်း သိသာထင်ရှားလှ၍ သူတို့အားလုံးသည် သားကောင်များ ဖြစ်ကြပြီး ဤနေ့သည် သူတို့ ထုတ်ဖော် ပြောဆိုခွင့် ရသည့် နေ့ပင်။ ယွမ်ရှောင်က ရဲဝံ့စွာဖြင့် သက်သေအထောက်အထားကို ဖော်ထုတ်ပြီး အောက်ခြေလူတန်းစားများအတွက် ယွမ်ကန်ကို ဖြုတ်ချပေးခဲ့သောကြောင့် ပြည်သူများကလည်း လျစ်လျူရှုမနေခဲ့ပေ။
"သူ့မိသားစု တစ်ခုခု ဖြစ်သွားရင်၊ သူတို့ ဝိုင်းပယ်ခံရရင်၊ ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ်ရဲ့ အာဏာကို ကျွန်တော်တို့ ဘယ်လို ယုံကြည်ရတော့မလဲ"
သောင်းနှင့်ချီသော အင်မော်တယ် ပြည်သူများသည် ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ်၏ တံခါးပေါက်များကို ဝိုင်းလျက် မရပ်မနား အော်ဟစ်နေကြသည်။
လျူချောင်က စိတ်မရှည်တော့ဘဲ ကောင်းကင်အုပ်စိုး အင်မော်တယ်စံအိမ် ဘက်သို့ လှည့်ပြန်သွားပြီး ရှုပ်ထွေးနေသော ကိစ္စများကို ဖြေရှင်းရန် လျူမူမူကို ထားရစ်ခဲ့သည်။
သူမက လူအုပ်ကြီးကို ပြောလိုက်သည်။
"အားလုံးပဲ၊ ကျေးဇူးပြုပြီး စိတ်ချကြပါ။ လုယောင်က သေရေးရှင်ရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး စီရင်သူ စာမေးပွဲမှာ ထိပ်ဆုံး နေရာကို ရယူနိုင်ခဲ့တယ်။ သူ့ရဲ့ စွမ်းဆောင်ရည်က ထူးချွန်ပြောင်မြောက်ပါတယ်။ သူ့ရဲ့ ဆရာ အနေနဲ့ ထိုက်တန်တဲ့ တရားမျှတမှု ရရှိစေဖို့ ကျွန်မ ကြိုးစားသွားမှာပါ"
၎င်းကို ကြားတော့ လူအုပ်ကြီး စိတ်သက်သာရာ ရသွားကြသည်။
"လျူမူက တကယ် ယုံကြည်အားကိုးရတယ်"
"ဒါပေါ့"
"လူ့စိတ်ဆိုတာ ကြေးမုံပြင်လိုပါပဲ။ အားလုံးက ရှင်းရှင်းလင်းလင်း နားလည်ကြပါတယ်။"
ဒေါသထွက်နေသော လူအုပ်ကြီး နောက်ဆုံးတွင် ငြိမ်သက်သွားသည်ကို မြင်လိုက်ရမှ လျူမူ ဆက်ပြောလိုက်၏။
"တခြား ပြောစရာ မရှိတော့ရင်၊ အားလုံးပဲ လူစုခွဲပေးကြပါရှင်"
လူအုပ်ကြီး ထွက်ခွာသွားသည်နှင့် သူမက ယွမ်ရှောင်ထံ လျှောက်လာပြီး မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ကောင်းကင်ပျံသန်းမြို့တော်က အဆင့်မြင့် အင်မော်တယ်တွေ အမုန်းဆုံးအရာက ဘာလဲဆိုတာ သိလား"
"ပြည်သူ့ဆန္ဒကို အသုံးချပြီး သူတို့အလိုကို ဖီဆန်တာလေ"
"ဒါဆို ဘာလို့ ဆက်လုပ်နေတာလဲ"
"ကျွန်တော် လက်စားချေချင်တယ်။ ခဏလေးတောင် ထပ်မစောင့်နိုင်တော့ဘူး"
"နင်က လုယောက် မဟုတ်ဘူးနော်"
လျူမူက လေးနက်စွာ သတိပေးလိုက်သောအခါ ယွမ်ရှောင် ချက်ချင်း ပြန်မဖြေဘဲ စီရင်သူ သံချပ်ကာကို တိတ်တဆိတ် ဝတ်ဆင်လိုက်သည်။ ၎င်းကို ဝတ်ဆင်လိုက်သောအခါ ထူးခြားသော ငယ်ရွယ်နုပျိုသည့် အလှတရားသည် သူရဲကောင်းဆန်သော ကျက်သရေပါ ပေါင်းစပ်သွားပြီး ပြီးပြည့်စုံစွာ ထုဆစ်ထားသော နတ်စစ်သည်တော် တစ်ဦးသဖွယ် ဖြစ်သွား၏။
ဝတ်စုံကို သေချာ ပြင်ဆင်ပြီးနောက် သူသည် လျူမူကို ကြည့်ကာ တစ်လုံးချင်းပြောလိုက်လေသည်။
" အခု ဆရာ့ရှေ့မှာ ရပ်နေတာက မဟာတာအို ကောင်းကင်ရဲ့ အဆင့် ၉ စီရင်သူ၊ ကောင်းကင်ပျံသန်းမြို့တော်ရဲ့ အာဇာနည် စီရင်သူတွေရဲ့ မျိုးဆက်၊ ဆယ်နှစ်ကြာတဲ့အထိ အိပ်မက်တွေ မပျက်ပြယ်သေးတဲ့ လူငယ်လေး လုယောင်ပါ"