← Chapters

အခန်း (၂၁၄)

Vol. 22 Ch. 214

အခန်း (၂၁၄)

Vol. 22 Ch. 214

အခန်း။ ၂၁၄

သူ၏ ခန့်မှန်းချက်ကို ပိုမိုခိုင်မာစေရန်အတွက် ဝမ်လေ့သည် သိမ်းငှက်ကို ကြည့်ကာ ညွှန်ကြားလိုက်သည်။

"သိမ်းငှက်... သိမ်းငှက်ကြီးကို နည်းနည်း ထပ်နှိမ့်လိုက်ပါဦး။ အနီးကပ်ကြည့်ပြီး သတင်းအချက်အလက်တွေ ထပ်စုံစမ်းကြည့်စမ်း။ ဒါပေမဲ့ သတိထားနော် တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားရတာနဲ့ ချက်ချင်း ပြန်ဆုတ်ခဲ့"

"နားလည်ပါပြီ"

သိမ်းငှက်သည် ခေါင်းညိတ်ပြပြီးနောက် ကောင်းကင်ယံရှိ သိမ်းငှက်ကြီးကို ခြံဝင်းဆီသို့ အမြန်ချဉ်းကပ်ရန် ထိန်းချုပ်လိုက်သည်။ ရန်သူ ရိပ်မိမသွားစေရန်အတွက် သိမ်းငှက်ကြီးသည် အတောင်ပံခတ်သံပင် မထွက်အောင် အလွန်တိတ်ဆိတ်စွာ ပျံသန်းနေသည်။

သိမ်းငှက်ကြီး နီးကပ်လာသည်နှင့်အမျှ ခြံဝင်းအတွင်းရှိ အခြေအနေအားလုံးမှာ ကွင်းကွင်းကွက်ကွက် မြင်လာရတော့သည်။ ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ သစ်သီးခြံများ၊ ငါးကန်များနှင့် ကစားကွင်းလေး...

မြေပြင်ပေါ်ရှိ စိုက်ခင်းများတွင် ခရမ်းချဉ်သီး ခရမ်းသီးနှင့် သခွားသီးကဲ့သို့သော ရင်းနှီးပြီးသား ဟင်းသီးဟင်းရွက်များကို စနစ်တကျ စိုက်ပျိုးထားသည်။ သစ်သီးခြံထဲတွင်လည်း မက်မွန်ပင်နှင့် သစ်တော်သီးပင်များမှာ သိပ်သည်းစွာ ရှိနေပြီး အချို့အပင်များတွင် ရဲရဲနီနေသော အသီးများမှာ တွဲလောင်းခိုနေကြသည်။

ကစားကွင်းဘက်သို့ တစ်ချက်ကြည့်လိုက်ရာ စုံလင်လှသော ကစားနည်းကိရိယာများကို တွေ့ရသည်။ ဤဆင့်ကဲဇွန်ဘီများကပင် သယ်ဆောင်လာပေးခြင်းလော မသိနိုင်သော်လည်း ဤကစားကွင်းလေးမှာ ထိုမိန်းကလေးငယ်နှင့် အလွန်ပင် လိုက်ဖက်လှသည်။

ဤမြင်ကွင်းများကို ကြည့်ရင်း သိမ်းငှက်၏ ရင်ထဲတွင် မချိတင်ကဲဖြစ်ကာ သက်ပြင်းချမိတော့သည်။ ကမ္ဘာပျက်ကပ်ကြီးအတွင်း၌ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးရှိနေခြင်းမှာ တကယ့်ကို နိဗ္ဗာန်ဘုံတစ်ခုပင်။

ကမ္ဘာပျက်ပြီးနောက်ပိုင်း ဒီလောက် ကောင်းမွန်သော ပတ်ဝန်းကျင်မျိုးကို မည်သည့်နေရာတွင်မှ ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။ ကျန်းဟိုင်အခြေစိုက်စခန်းမြို့တော်တွင်ပင်လျှင် ဘေးကင်းလုံခြုံမှု အနည်းငယ်ရှိရုံသာ တတ်နိုင်ကြသည်။ အခြေစိုက်စခန်းရှိ ဆင့်ကဲပြောင်းလဲသူများပင်လျှင် ဤကဲ့သို့သော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များကို နေ့တိုင်း စားခွင့်မရကြချေ။ အဘယ်ကြောင့်ဆိုသော် အခြေစိုက်စခန်းအတွင်း ပြန်လည်ဖော်ထုတ်ထားသော မြေနေရာအားလုံးကို ဆန်နှင့် ဂျုံကဲ့သို့သော အဓိက သီးနှံများ စိုက်ပျိုးရန်အတွက်သာ အသုံးပြုရသောကြောင့်ပင်။

ပြင်ပမြို့ပြများရှိ ရှင်သန်ကျန်ရစ်သူများမှာ ဝမ်းဗိုက်ပြည့်အောင်ပင် မနည်းကြိုးစားနေရချိန်တွင် ဒီလောက်အဖိုးတန်သော မြေနေရာကို ဟင်းသီးဟင်းရွက်စိုက်ရန် အသုံးချနိုင်ဖို့ဆိုသည်မှာ စိတ်ကူးယဉ်အိပ်မက်သာ ဖြစ်ပေလိမ့်မည်။

သို့သော် သိမ်းငှက်တစ်ယောက် အတွေးလွန်နေစဉ်မှာပင် သူထိန်းချုပ်ထားသော အနက်ရောင်သိမ်းငှက်ကြီး၏ အမြင့်မှာ တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့သည်။

အောက်ဘက်ရှိ ကစားကွင်းအတွင်း ကျောက်လင်းနှင့် စကားပြောနေသော ကျိရုရွှယ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ အကြောင်းရင်းမရှိဘဲ တစ်စုံတစ်ခုက သူမအား စောင့်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် သူမ စိတ်ထဲတွင် မသက်မသာ ဖြစ်သွားရသည်။

ဟုတ်တယ်... တစ်စုံတစ်ယောက်က ငါတို့ကို ချောင်းကြည့်နေတာပဲ။

ကျိရုရွှယ်သည် သူမ၏ ဗီဇအာရုံကို အကြွင်းမဲ့ယုံကြည်သည်။ ယခင်ဘဝတွင်လည်း ဤကဲ့သို့ ခံစားချက်မျိုး ပေါ်လာတိုင်း ရန်သူတစ်ဦးဦးက သူမအား အရိပ်ထဲမှနေ၍ စောင့်ကြည့်နေလေ့ရှိသည်။

သူမ၏ မျက်နှာအမူအရာမှာ ခဏမျှ ပြောင်းလဲသွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ထိန်းလိုက်သည်။ ကျိရုရွှယ်သည် ဘာမှမဖြစ်သကဲ့သို့ ကျောက်လင်းနှင့် ဆက်လက်စကားပြောနေသော်လည်း တိတ်တဆိတ်တွင်မူ သူမ၏ စိတ်စွမ်းအင်များကို ဒီရေအလား ဖြန့်ကျက်လိုက်ပြီး အရိပ်ထဲတွင် ပုန်းအောင်းနေသော အမည်မသိရန်သူကို စတင်ရှာဖွေလေတော့သည်။

ဘာမှမသိရှာသော ကျောက်လင်းကမူ ထူးခြားမှုကို သတိမထားမိဘဲ ကျိရုရွှယ်ကို ပျော်ပျော်ရွှင်ရွှင် ဆက်လက်စကားပြောနေဆဲပင်။ ကျိရုရွှယ်ကလည်း စိတ်မပါတပါဖြင့်သာ ပြန်လည်ထူးပေးနေသည်။

ခဏအကြာတွင် ကျိရုရွှယ်၏ မျက်ဝန်းများထဲတွင် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားပြီး ထူးဆန်းသောအရာကို နောက်ဆုံးတွင် သူမ ရှာဖွေတွေ့ရှိသွားသည်။ တစ်စုံတစ်ခုက သူမကို အရိပ်ထဲကနေ စောင့်ကြည့်နေသည်မှာ ယခုတော့ သေချာသွားပြီဖြစ်သည်။

အနက်ရောင် သိမ်းငှက်ကြီးတစ်ကောင်...

ထိုသတ္တဝါသည် သူမ၏ ဦးခေါင်းထက်တွင် ဝဲပျံနေသည်။ ကောင်းကင်ယံတွင် လွင့်မျောနေသော အနက်ရောင်တိမ်တိုက်တစ်ခုအလား အသံတစ်ချက်မျှ မထွက်ဘဲ ရှိနေသဖြင့် တကူးတက မော့မကြည့်ပါက သတိထားမိရန် မလွယ်ကူပေ။

ဤသိမ်းငှက်ကြီးမှာ ဖြစ်နိုင်ချေအရှိဆုံး သံသယရှိသူပင်။

ကျိရုရွှယ်သည် ၎င်းကို သေသေချာချာ အကဲခတ်လိုက်သည်။ ထိုသိမ်းငှက်ကြီးမှာ ခြံဝင်းအထက်တွင်သာ ဝဲလည်နေပြီး ဤနေရာကို အထူးစိတ်ဝင်တစား ရှိနေသည့်အလား ပြုမူနေခြင်းမှာ အလွန်ပင် ထူးဆန်းလှသည်။

ဒီအနက်ရောင် သိမ်းငှက်ကြီးက သေချာပေါက် ဗီဇပြောင်းသားရဲပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူ ဘာကို လိုချင်နေတာလဲ။

ငါနဲ့ ကျောက်လင်းကို စားချင်နေတာလား။

သိမ်းငှက်ကြီး၏ အပြုအမူကြောင့် ကျိရုရွှယ် ဝေခွဲမရ ဖြစ်နေရသည်။ သူမ၏ ခေါင်းပေါ်တွင် ဝဲပျံနေခြင်းမှာ သူမတို့အား စားသောက်ရန် ရည်ရွယ်ခြင်းမှတစ်ပါး အခြားအကြောင်းပြချက် ရှိနိုင်မည် မဟုတ်ဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် ဤခြံဝင်းမှာ တောအုပ်တစ်ခု မဟုတ်ပေ။ ဤနေရာကို ရောက်လာပြီဆိုလျှင်တော့ ပြန်ထွက်သွားဖို့ဆိုတာ...

နေဦး... တစ်ချက်လောက် စဉ်းစားကြည့်ရအောင်။

ရုတ်တရက် ကျိရုရွှယ်၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားသည်။

သာမန်အားဖြင့် သိမ်းငှက်များသည် အစာပေါများသော တောအုပ်များတွင်သာ ကျက်စားလေ့ရှိသည်။ ထိုသို့ဆိုလျှင် ဤသိမ်းငှက်ကြီးသည် သူမနှင့် ကျောက်လင်း နှစ်ဦးတည်းကို စားရန်အတွက်သာ ဤခြံဝင်းအထက်တွင် အချိန်အကြာကြီး အဘယ်ကြောင့် ဝဲပျံနေရတာလဲ။ သူမနှင့် ကျောက်လင်း နှစ်ယောက်ပေါင်းလျှင်ပင် ၁၀၀ ကီလိုဂရမ်တောင် ပြည့်မည်မဟုတ်ချေ။

ထို့ပြင် ထိုသိမ်းငှက်ကြီးမှာ အလွန်နီးကပ်သော အကွာအဝေးသို့ ရောက်ရှိနေသော်လည်း အလျင်စလို တိုက်ခိုက်ခြင်း မပြုဘဲ ခြံဝင်းအတွင်းရှိ အခြေအနေအရပ်ရပ်ကို စူးစမ်းလေ့လာနေသည့်အလား ပြုမူနေသည်။

ယခင်ဘဝမှ အတွေ့အကြုံများအရ ရင့်ကျက်လှသော ကျိရုရွှယ်သည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။

ဒီသိမ်းငှက်ကြီးက သံသယဖြစ်စရာ ကောင်းလွန်းတယ်။

ကျိရုရွှယ်သည် ဗီဇပြောင်းသားရဲများကို ချုပ်ကိုင်စေခိုင်းနိုင်သော ဆင့်ကဲပြောင်းလဲသူအချို့အကြောင်းကို ရုတ်တရက် သတိရလိုက်သည်နှင့် အရာအားလုံးမှာ ရှင်းလင်းသွားတော့သည်။ တစ်ဖက်လူမှာ သာမန်တောရိုင်း ဗီဇပြောင်းသားရဲ မဟုတ်ဘဲ ဆင့်ကဲပြောင်းလဲသူတစ်ဦး၏ စာချုပ်ချုပ်ဆိုထားသော အိမ်မွေးသားရဲ ဖြစ်နိုင်ခြေ အလွန်များနေသည်။

တစ်စုံတစ်ယောက်က ခြံဝင်းကို ချောင်းကြည့်နေတာလား။

သူတို့က ဒီနေရာကို ဘယ်လိုများ ရှာတွေ့သွားတာလဲ။

ချင်းရွှေခြံဝင်းမှာ ဆင်ခြေဖုံးရပ်ကွက်တွင်ရှိပြီး ပတ်ဝန်းကျင်၌ မည်သည့်အရာမှ မရှိပေ။ ရည်ရွယ်ချက်ရှိရှိ လာရောက်သူမှလွဲ၍ မည်သူမျှ ဤလမ်းကို ဖြတ်သန်းသွားလာမည် မဟုတ်ချေ။ ထို့နောက် ကျိရုရွှယ်သည် အဖြေတစ်ခုကို ရှာတွေ့သွားသည့်အလား မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။

ငါ နားလည်သွားပြီ။

"ကုန်တင်ကားပဲ"

ကျိရုရွှယ် ချက်ချင်းပင် အဖြေရှာတွေ့သွားသည်။ သူမဖေဖေသည် နေ့စဉ် ဇွန်ဘီရုပ်သေးများကို စေခိုင်း၍ ဗီဇပြောင်းသားရဲအသားများကို ကျန်းနန်မြို့ထဲသို့ ကုန်တင်ကားဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။ ရန်သူသည် ထိုကားနောက်သို့ တောက်လျှောက် လိုက်ပါလာခြင်း ဖြစ်ရမည်။ သိမ်းငှက်ကြီးမှာ အလွန်မြန်ရုံတင်မက ကောင်းကင်ယံ၌ ပျံသန်းနေခြင်းဖြစ်ရာ သတိထားမိရန် အလွန်ခဲယဉ်းလှသည်။

ဆိုလိုသည်မှာ ဤသိမ်းငှက်ကြီးကို ထိန်းချုပ်နေသော ဆင့်ကဲပြောင်းလဲသူသည် ကျန်းနန်မြို့ထဲတွင် ပုန်းအောင်းနေခြင်း ဖြစ်နိုင်သည်။ ကျန်းနန်မြို့ဟု ဆိုလိုက်သည်နှင့် ကျိရုရွှယ်၏ စိတ်ထဲတွင် ကိုယ်ယောင်ဖျောက်အဖွဲ့ကို ချက်ချင်း ပြေးမြင်မိသွားသည်။ သူမသည် ထိုအဖွဲ့ကို မြို့ထဲသို့ ပြန်လွှတ်ကာ သဲလွန်စဖျောက်ရန် ကြိုးစားခဲ့သော်လည်း အမှန်တကယ်တွင်မူ ထိုအဖွဲ့၏ လှုပ်ရှားမှုများမှာ လူမိသွားခဲ့ပုံရသည်။

ကျိရုရွှယ်၏ ထက်မြက်လှသော ဦးနှောက်က အခြေအနေအရပ်ရပ်ကို အချိတ်အဆက် မိမိ တွက်ချက်လိုက်သည်။ ကျန်းဟိုင်အခြေစိုက်စခန်းမှ လူသစ်များ ထပ်မံစေလွှတ်လိုက်ခြင်း ဖြစ်ရမည်။ ထိုသူများသည် ကိုယ်ယောင်ဖျောက်အဖွဲ့၏ မသင်္ကာဖွယ်ရာများကို ရိပ်မိသွားပြီး မြို့ထဲသို့ လိုက်လာကြကာ ဖေဖေမောင်းနှင်သော ကုန်တင်ကားနောက်မှတစ်ဆင့် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုတင် သိမ်းငှက်ကြီး ခြံဝင်းအထက်တွင် ဝဲပျံနေခြင်းမှာ သေချာပေါက် ခြံဝင်း၏ အင်အားကို စူးစမ်းနေခြင်းပင်။ ကျိရုရွှယ်၏ ရင်ထဲတွင် အေးစက်စွာ လှောင်ပြုံးလိုက်မိသည်။ လက်ရှိခြံဝင်း၏ အင်အားကို သာမန်ဆင့်ကဲပြောင်းလဲသူ အနည်းငယ်မျှဖြင့် တုန်လှုပ်အောင် မလုပ်နိုင်သည်မှာ သေချာလှသည်။

သူမသည် စဉ်းစားမနေတော့ဘဲ သူမ၏ စိတ်စွမ်းအင်ကို အသုံးချ၍ တိုက်ခိုက်လိုက်သည်။ မမြင်ရသော စိတ်စွမ်းအင်များသည် မြှားဦးချွန်များအသွင် ပြောင်းလဲသွားပြီး သိမ်းငှက်ကြီးထံသို့ ဒုန်းစိုင်း ပစ်လွှတ်လိုက်တော့သည်။ တစ်စက္ကန့်အတွင်းမှာပင် ထိုတိုက်ခိုက်မှုသည် သိမ်းငှက်ကြီး၏ ဦးနှောက်အတွင်းသို့ တိတ်ဆိတ်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။

ချက်ချင်းပင် ငြိမ်သက်စွာ ပျံသန်းနေသော သိမ်းငှက်ကြီးမှာ တုန်ရင်သွားပြီး ဟန်ချက်ပျက်ကာ ယိုင်ထိုးသွားတော့သည်။ သိမ်းငှက်သည် သူမြင်နေရသော မြင်ကွင်းများ ဝေဝါးသွားသည်ကို ခံစားလိုက်ရသောအခါ သိမ်းငှက်ကြီး အားကုန်နေပြီဟု ထင်မှတ်ကာ အလျင်အမြန် ပြန်ခေါ်လိုက်သည်။ မြို့ထဲမှ ဤနေရာအထိ ပျံသန်းလာရပြီး ခြံဝင်းအထက်တွင် အချိန်အတော်ကြာ ဝဲပျံနေခဲ့ရသဖြင့် ပင်ပန်းနေသည်မှာ သဘာဝကျသည်ဟု သူ ယူဆလိုက်ခြင်းဖြစ်သည်။

သိမ်းငှက်ကြီးမှာ သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းညှိပြီး အတောင်ပံခတ်လျက် မူလလမ်းကြောင်းအတိုင်း ပြန်လည်ပျံသန်းသွားသည်။ သိမ်းငှက်ကြီး ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျိရုရွှယ်က သိနားလည်စွာ ပြုံးလိုက်သည်။ ၎င်းမှာ သေချာပေါက် ဆင့်ကဲပြောင်းလဲသူ

တစ်ဦး၏ အိမ်မွေးသားရဲပင်။ အကယ်၍ ၎င်းမှာ တောရိုင်းသားရဲသာ ဖြစ်ပါက ဤကဲ့သို့ နာကျင်အောင် တိုက်ခိုက်ခံရချိန်တွင် ဒေါသတကြီး အော်ဟစ်ကာ ရမ်းသန်းတိုက်ခိုက်နေပေလိမ့်မည်။ ယခုမူ နာကျင်မှုကို အောင့်အည်းသည်းခံကာ ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားရန်သာ ကြိုးစားနေခြင်းဖြစ်သည်။

ထို့နောက် ကျိရုရွှယ်သည် မြေပြင်ပေါ်တွင် ပိုးကောင်လေးများကို ထိုးဆိတ်နေသော စာကလေး အချို့ကို ကြည့်လိုက်သည်။ မကြာမီမှာပင် သူမသည် စိတ်ဝိညာဉ်ဆက်သွယ်ခြင်းအတတ်ကို အသုံးပြု၍ စာကလေးတစ်ကောင်ကို ထိန်းချုပ်လိုက်ပြီး သိမ်းငှက်ကြီးနောက်သို့ အမြန်လိုက်ခိုင်းလိုက်တော့သည်။

သူမအနေဖြင့် ရန်သူ မည်သည့်နေရာတွင် ရှိနေသည်ကို သေချာပေါက် သိထားရန် လိုအပ်

သည်။

ခြံဝင်းကို လာချောင်းကြည့်ပြီးမှ ဒီအတိုင်း ပြန်ထွက်သွားဖို့ဆိုတာ……

All Chapters