← Chapters

အခန်း (၁၅၂၁-၁၅၂၅)

Vol. 91 Ch. 1521-1525

အခန်း (၁၅၂၁-၁၅၂၅)

Vol. 91 Ch. 1521-1525

အခန်း_ ၁၅၂၁

ပါးကုရှီတုကပင် ရှေ့သို့အပြေးတက်ကာ သူ၏လုပ်ကြံသတ်ဖြတ်မှုကို အင်အားနှစ်ဆ ထပ်ထုတ်ပြီး မစတင်နိုင်သေးခင် အနောက်ဘက်မှ ဟိန်းေဟာက်သံလို ဒေါသတကြီးအော်သံမျိုးက ထွက်ပေါ်လာသည်။ ကျယ်လောင်လွန်းသဖြင့် အာကာသပြင် ကာရံထားသော အလွှာပါးပါးကိုပင် ကွဲအက်သွားစေပုံပေါ်သည်။

"ပါးကုရှီတု မင်းလုပ်ရဲလား"

ဝမ်ချောင်၏ခန္ဓာကိုယ်တစ်ခုလုံးက သွေးနီရောင်ပြောင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးက သတ်ဖြတ်လိုစိတ် ဆန္ဒများနှင့်ပြည့်နှက်နေသည်။

ချိန်း

ဝမ်ချောင်သည် သူ၏ဓါးကို ခပ်ကြမ်းကြမ်း လွှဲရမ်းလိုက်သည်။ ဝမ်ချောင်အတွေးကို တုံ့ပြန်လာသလိုမျိုး ဓါးကတုန်ခါသွားသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်က သူ၏ကြယ်တာယာစွမ်းအင်နှင့် အသစ်စက်စက်စွမ်းအင်တစ်မျိုးက လေးစားဖွယ်ကောင်းသော နိယာမတစ်မျိုးနဲ့ပေါင်းစပ်ပြီး ကြယ်တာယာစွမ်းအင် ထွက်လာကြောင်း သတိမထားမိသေးပေ။

ကြောက်မက်ဖွယ် ကောင်းသောဒေါသနှင့် စိတ်ဆန္ဒကိုခံစားမိသည့် ပါးကုရှီတု၏မျက်နှာက တင်းမာသွားသည်။ သူ၏မျက်လုံးထဲတွင် ထိတ်လန့်မှုကို မြင်နိုင်သည်။ ပါးကုရှီတုသည်လည်း အများကြီး တွေးတော့ရန် အချိန်မရှိတော့သည့်အလျောက် ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်တို့ကို လက်လျော့လိုက်ပြီးခဏ မြေကမ္ဘာသွေးဒယ်စောက်အိုးများထဲမှ ရှိသမျှ စွမ်းအင်အားလုံးကို အရစုစည်း၍ ဝမ်ချောင်ကိုလှည့်ကာ ရင်ဆိုင်လိုက်ရသည်။ ဒယ်စောက်အိုး၃ခုက လုံးဝရှင်းလင်းသွားသည်။

ပါးကုရှီတု၏ညာလက်က ချိပ်စည်းတဆိပ်တစ်ခု ထုတ်ဖော်လိုက်ပြီး ဒယ်စောက်အိုး၃ခုက တအုန်းအုန်း တဒိုင်းဒိုင်းအသံများနှင့် ခပ်အုပ်အုပ် ညည်းညူသံများကိုပင် ထွက်စေသည်။ ပတ်ဝန်းကျင်မှ လေထုကလည်း ဟိန်းဟောက်သော အသံများနှင့် အရှေ့သို့ တိုးဝင်သွားသည်။

တစ်ခဏခန့် ကြာပြီးနောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးက ဖြစ်ပေါ်လာသည်။ ဖျက်ဆီးခြင်းစွမ်းအားတန်း နှစ်တန်းကလဲ ဥက္ကာတုံးကြီးများအလား အချင်းချင်း ဝင်ဆောင့်တိုက်သည်။

"အင်အားကြီးလိုက်တာ"

ပါးကုရှီတု၏ပခုံးကလည်း တောင်ကြီးတစ်လုံးက ဖိထားသလိုမျိုး ပြင်းထန်သွားပြီး မျက်နှာက ဖျော့တော့သွားသည်။

သူသည်လည်း ဝမ်ချောင်၏တိုက်ကွက်က ပိုပိုပြီးအင်အား ကြီးမားလာကြောင်း မြင်နိုင်သည်။ မူလအမရဓါးသည် ရိုက်ချက်တစ်ချက် ထုတ်ချိန်တိုင်း အင်အားများက ပိုတိုးလာတတ်ပြီး တားဆီးရန်အတွက် အလွန်အမင်း ခက်ခဲလာပြန်သည်။

ခရက်

တစ်ချိန်တည်းတွင်ပင် သူ၏နားအတွင်း ကွဲအက်သံလိုအသံမျိုးက ဟိန်းထွက်လာလေရာ ပါးကုရှီတုအား အလန့်တကြားဖြစ်ပြီး အံ့ဩသွားစေသည်။ ဝမ်ချောင်၏ဓါးချက် တစ်ချက်ချင်းစီတိုင်းက မြေကမ္ဘာသွေးဒယ်စောက်အိုးတစ်ခုကို ကွဲအက်ကြောင်းရာတစ်ခု ပေါ်ထွက်နေစေသည်။ ထိုအက်ကြောင်းရာများက ကြီးသည်ထက် ကြီးလာသည်။ ပါးကုရှီတုအနေနှင့် လက်မခံနိုင်ဆုံး ကထိုပျက်စီးမှုက ပြန်မပြင်နိုင်ခြင်း ဖြစ်သည်။

ထိုအဆင့်မြင့်စတေးခြင်းပစ္စည်းများက မြေကမ္ဘာဂိုဏ်းမှမျိုးဆက်၁၁ဆက် လက်ဆင့်ကမ်းပေးလာခဲ့ခြင်းဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာကြာအောင် ပြီးပြည့်စုံစွာ တည်ရှိနေခဲ့ကာ သူ၏လက်အတွင်းမှာမှ ပြန်လည်ပြင်ဆင်၍မရသော ပျက်စီးမှုမျိုးဖြစ်လာသည်။ ပါးကုရှီတုအနေနှင့်လက်မခံနိုင်ပေ။

"မြေကမ္ဘာသွေးဒယ်စောက်အိုးကျိန်စာ"

ပါးကုရှီတုသသည် ဝမ်ချောင့်ကို အရိုးထဲစွဲသည်အထိ မုန်းသည်။ သူသည် ယခုအခါမြေကမ္ဘာဂိုဏ်း၏ အင်အားကြီးမားသော တားမြစ်ကျိန်စာကို သုံးရန် ချက်ချင်းရွေးချယ်လိုက်သည်။

လူတစ်ယောက်၏အဆီအနှစ်သွေးနှင့် ဝိညာည်တစ်ပိုင်းတစ်စကို ထုတ်ပေးရမည့် တန်ကြေးအတွက်ကမူ မြေကမ္ဘာသွေးဒယ်စောက်အိုးကို နောက်ထက်တစ်ဆင့်အထိ အဆင့်မြင့်နိုင်သွားစေသည်။

ထိုကျိန်စာကို အသုံးပြုပြီးနောက်တွင် သူသည် ၃လှမ်း၅လှမ်းခန့်အထိ အနားယူရန်လိုအပ်သည်။

1521 02

သူ၏စိတ်ကလည်း ပြန်လည်ပြင်ဆင်၍ မရလောက်အောင်ပျက်ဆီး သွားမည်ဖြစ်သည်။ ထိုစတေးခံပစ္စည်းကိုယ်တိုင်ကပင် အနည်းဆုံးတစ်နှစ်လုံးလုံး အင်အားများ ထိုးကျသွားမည်ဖြစ်သည်။

သို့သော် ပါးကုရှီတုကမူထိုကဲ့သို့ အထိအခိုက်များကို ဂရုမစိုက်နိုင်တော့ပေ။ အနည်းဆုံး သူဟာ ဝမ်ချောင့်ကို ရှင်းလင်းနိုင်သမျှ တန်သည်ဟုဆိုရပေမည်။ ပို၍ဆိုးသည်မှာ သူသည် ယခုဝမ်ချောင့်ကို မတားနိုင်တော့ပါက သူ၏မြေကမ္ဘာသွေးဒယ်စောက်အိုး၃ခုလုံးက ဖျက်ဆီးခံရမည်ဖြစ်သည်။

ဆွစ်

ပါးကုရှီတုက လျှာကို ကိုက်ချလိုက်သည်။ သူ၏အဆီအနှစ်သွေးကို သန့်စင်သောကြယ်တာယာစွမ်းအင်များနှင့် ပေါင်းစပ်လိုက်ပြီးနောက် မြေကမ္ဘာသွေးဒယ်စောက်အိုး၃ခုထံ ထွေးထုတ်လိုက်သည်။

"မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် ဒီဘုရင်ကမင်းကို သေခိုင်းမယ်"

ပါးကုရှီတုက ဝမ်ချောင့်ကို စိုက်ကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ဒေါသမီးများက တောက်လောင်လာသည်။ သို့သော် သူက မြေကမ္ဘာသွေးကျိန်စာကို အသက်သွင်းရန်အလို့ငှာ အပေါ်ယံမှသွေးကြောများနှင့် ဆက်သွယ်ရပေမည်။ ထိုအခါမှသာ ဝမ်ချောင်ကို အပြည့်အဝ ဖျက်ဆီးနိုင်မှာဖြစ်ပြီး သူကိုယ်တိုင်ကလည်း ကစဥ့်ကလျားများ ဖြစ်သွားမည်ဖြစ်သည်။

ဝုန်း

သတိပေးချက်အလျဥ်းမရှိဘဲ မြေကမ္ဘာသွေးဒယ်စောက်အိုး၃ခု၏အရှိန်အဝါက ဝရုန်းသုန်းကား ဖြစ်လာသည်။ ပါးကုရှီတုက ထွေးထုတ်လိုက်သော သွေးများကလည်း အတွင်းသို့ စိမ့်မဝင်နိုင်ခဲ့ချေ။ ပါးကုရှီတုသည် မြေကမ္ဘာသွေးဒယ်စောက်အိုးများနှင့် ခိုင်မာလွန်းသောဆက်သွယ်မှုတစ်ခုကို ဖွဲ့စည်းထားသောကြောင့် သူတို့၏ပြင်းထန်သောစွမ်းအားကို ချေးငှားယူကာ အမှောင်အလင်းကောင်းကင်ဘုံကို တက်လှမ်းခဲ့ပြီး သိမ်မွေ့နယ်မြေနှင့်တူညီသောစွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်ခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင် ဒယ်စောက်အိုး၃ခုလုံးက သူ၏ထိန်းချုပ်မှုအောက်မှ လွတ်သွားသည်။ မြေကမ္ဘာဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်ပေါင်းများစွာက ထည့်သွင်းထားသည့် သင်္ကေတများနှင့် လက္ခဏားများအားလုံးကလည်း လုံဝအသုံးမဝင်သလိုမျိုး ဖြစ်သွားသည်။

မြေကမ္ဘာသွေးဒယ်စောက်အိုး၃ခု၏ အကူအညီ မရှိတော့သောမခါ ပါးကုရှီတု၏ခန္ဓာကိုယ်က ရုတ်တရက် ရှင်းလင်းသွားသလို ခံစားရသည်။ သူက မတုံ့ပြန်နိုင်သေးခင် သိမ်မွေ့နယ်မြေသို့ ခြေလှမ်းတစ်ဝက်ခန့် ဝင်ရောက်နေသော ကျင့်ကြံခြင်းအဆင့်သို့ ပြန်လည်ထိုးကျသွားသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ပါးကုရှီတုက အလန့်တကြားထအော်ပြီး အလျင်အမြန် နောက်ဆုတ်သည်။ သူ၏မျက်နှာကလည်း တစ္ဆေတစ်ကောင်းအလား ဖြူဆုပ်နေသည်။ သူ၏မင်းမူနိုင်ကာ မာနာကြီးလွန်းသော ပြုမူပုံများကပင် ပျောက်သွားသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ မူလအမရဓါးက ဘယ်လိုဖြစ်ပြီး ဒီလိုစွမ်းအင်မျိုး ဖြစ်နိုင်မှာလဲ"

ပါးကုရှီတု၏စိတ်က လှုပ်ခါသွားပြီး သူကမူလအမရဓါးအား မကောင်းဆိုးဝါးတစ်ခုလိုမျိုး ကြည့်သည်။

သူသည်လည်း မူလအမရဓါးနှင့်ပက်သက်၍ သတင်းအချက်အလက်များကို အများကြီး စုစည်းထားသည်။ သို့သော်ထိုဓါးက စတေးခြင်းပစ္စည်းကိရိယာများ၏ဆက်သွယ်မှုကို ဖျက်ဆီးနိုင်မည်ဟု မထင်ထားမပေ။

ပါးကုရှီတုကလည်း နတ်ဓါး၏ ထိုဘက်ခြမ်းကို မသိထားပါပေ။

မူလအမရဓါး၏ စွမ်းအင်ကာရိုးရှင်းစွာပင် လွန်ကဲလွန်းအားကြီးသည်။ မြေကမ္ဘာဂိုဏ်း၏ စတေးခြင်း လက်နက်ကိုပင် ကျော်နေ၏။

ပထမဦးဆုံးအကြိမ် ပါးကုရှီတုသည်လည်း သူဟာ ဝမ်ချောင်နှင့်မူလအမရဓါးကို မနိုင်နိုင်တော့သလို ခံစားလိုက်ရသည်။ သူ၏စိတ်အတွင်း ကြောက်လန့်မှုများက စတင်ကာ ပြည့်နှက်လာသည်။

ဒီလိုနတ်ဓါးမျိုးက ဘယ်လိုများ တည်ရှိနေတာပဲ။ ဒီဓါးနဲ့သာဆိုရင် ငါ့ရဲ့စတေးခြင်းပစ္စည်းတွေက အသုံးမဝင်တော့ဘူး။ ငါ ထွက်သွားရမယ်။

ပါးကုရှီတုသ ည်မူလအမရဓါးအပေါ် ကြောက်ရွံ့စိတ်များ ကြီးစိုးလာသည်။ သူက အမြဲတစေ ထိုဓါးကို လိုချင်နေခဲ့သေးသည်။ သို့သော် ယခုအခါစတင်ကာ တုန့်ဆိုင်းလာသည်။ ယခင်ကဆိုလျှင် သူ့အနေနှင့် ဝမ်ချောင်၊ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်တို့ ပူးပေါင်းကာ တိုက်ခိုက်လျှင်ပင် မကြောက်ရွံ့ခဲ့ပေ။ သို့သော် မြေကမ္ဘာသွေးဒယ်စောက်အိုးများက ထိုဓါး၏ဖိနှိပ်မှုအောက်သို့ ရောက်သွားသည်။ သူ့အနေဖြင့် ထိုသိမ်မွေ့နယ်မြေသို့ ခြေလှမ်းတစ်ဝက်ခန့် ဝင်ရောက်နေသော ကျွမ်းကျင်ပညာရှင်၃ယောက်ကို ရင်မဆိုင်နိုင်တော့ချေ။

1521 03

"ပါးကုရှီတု မင်းက လွတ်နိုင်မယ်လို့ထင်တာလား"

ဝမ်ချောင်က အော်သည်။ သူ၏စူးရှသော မျက်ဝန်းများက ပါးကုရှီတု၏စိတ်ဆန္ဒကို တန်းမြင်နှင့်ပြီးသား ဖြစ်သည်။ သို့သော် ပါးကုရှီတုသည်လည်း အမြဲတစေပြုံး၍ အနောက်ဘက်တွင် ဓါးဝှက်ထားတတ်သောသူမျိုး ဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင်အတွက်ဖြစ်စေ မဟာထန်အတွက်ဖြစ်စေ ဝမ်ချောင်သည် ထိုလူကို လွှတ်ပေး၍မရပေ။

လေဟာနယ်ရွေ့လျားမှုသိုင်း

ဝမ်ချောင်သည် ချက်ချင်းဆိုသလို အနက်ရောင်ဝတ်စုံနှင့်လူများထံမှ သင်ယူထားသောသိုင်းကို သုံးပြီး ပါးကုရှီတုနောက်ကို ချက်ချင်းလိုက်ကာ ဓါးကို လက်နှစ်ဖက်လုံးတွင်ကိုင်ပြီး ခုတ်ရမ်းပစ်လိုက်သည်။

ဗုန်း ဗုန်း ဗုန်း

ကြယ်တာယာစွမ်းအင်အားလှိုင်းများက အပြင်ဘက်သို့ အားလှိုင်းများအဖြစ် ပြောင်းလဲကာပျံ့နှံ့ သွားပြီးနောက် ကြမ်းတမ်းသော လေပြင်းတိုက်ခတ်ကာ ဟိန်းဟောက်သံများ အော်ဟစ်လိုက်သည်။ သိပ်သည်းသော မြူထုများထဲတွင် ဝမ်ချောင်နှင့်ပါးကုရှီတုက ကြမ်းတမ်းသည့် တိုက်ပွဲကိုရင်ဆိုင်နေကြသည်။ သူတို့၏ ခြေထောက်အောက်မှ ချိန်းကြိုးကလည်း တဆက်ဆက် တုန်ခါနေ၏။ သူတို့နှစ်ယောက်စလုံးအား အချိန်မရွေး ချောက်ကမ်းပါးထဲသို့ ပစ်ချမည်ဟု ခြိမ်းခြောက်နေသည်။

ဝမ်ချောင်က ပါးကုရှီတုကို တိုက်ကွက်အမျိုးများ ထုတ်သုံးနေသလို ပါးကုရှီတုကမူ တွန်းလှန်နိုင်ခြင်းမျိုးပင် မရှိတော့ပေ။

ဝမ်ချောင်၏မူလအမရဓါးက ပါးကုရှီတု၏မြေကမ္ဘာသွေးဒယ်စောက်အိုးကို ၁၀ကြိမ်မက ခုတ်ပိုင်းပြီး သတ္ထုချင်း ထိခတ်သံများက ထွက်ပေါ်လာသည်။ တစ်ကြိမ်ချင်းစီတိုင်းတွင် ဓါးခုတ်ရာတစ်ချက်ပြီးတစ်ချက်က ပြည့်နှက်လာသည်။

သူ တိုက်ကွက်တစ်ကွက်ချင်းစီတိုင်းက သူ၏မြေကမ္ဘာသွေးဒယ်စောက်အိုးပေါ်သို့ ဖိအားများကို လွှတ်ထုတ်လေပြီး တိုက်ကွက်များစွာ ပြည့်နှက်လာပြီးနောက်တွင် ဒယ်စောက်အိုးများ၏ပေါ်တွင် သိသာထင်ရှားလွန်းသော အက်ကြောင်းရာများက ပြည့်နှက်လာသည်။ အချို့ကဆိုလျှင် လက်တစ်ချောင်းစားမျှ ကြီးမားလေသည်။ သူသည် အချိန်မရွေး ကွဲကြေသွားတော့မည့် ပုံသဏ္ဍာန်မျိုး ခံစားရသည်။

"မျိုးနွယ်ခြားနယ်မြေတွေရဲ့ဘုရင် မင်းက သူရူးပဲ"

ပါးကုရှီတု၏ဆံပင်များက သူ၏အနောက်ဘက်တွင် ခပ်ကြမ်းကြမ်း ရမ်းခါနေသည်။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း အံအားသင့်မှုဒေါသများဖြင့် တောက်လောင်နေသည်။ ဝမ်ချောင်သည် သူ့အားရူးသွပ်စွာ တိုက်ခိုက်နေသည်။

တစ်ဖက်သူကို ဝိုင်းထားသော ကြယ်တာယာစွမ်းအင်၏အနီရင့်ရောင် စက်ကွင်းတစ်ခုကလည်း ရူးသွပ်စွာနှင့်အော်ဟစ်ကာ ဝိုင်းပတ်နေစေသည်။

ဝမ်ချောင်၏ပခုံးတစ်ဖက်တစ်ချက်စီတွင်လည်း မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းကို ကိုယ်စားပြုသော မျက်စိကြိမ်းအောင် တောက်ပလွန်းသည့် နေနှင့်လတစ်စင်းစီရှိသည်။ ယခုအခါ ဝမ်ချောင်သည် အင်အားလုံးဝပြည့်ဝသွားပြီး ဖြစ်သည်။ မဟာယင်ယန်ကောင်းကင်ကျမ်းစာသိုင်းကလည်း ကြမ်းတမ်းဆုံးဘက်ခြမ်းကို ထုတ်ပြနိုင်သွားသည်။ ပတ်ဝန်းကျင်မှ စွမ်းအင်များက သူ့ဆီ ဆွဲစုပ်ခံနေရသည်။ ပါးကုရှီတု၏အနက်ရောင်စွမ်းအင်များကပင် ဆွဲယူခံရမည့် လက္ခဏာပြလာသည်။

မြေကမ္ဘာသွေးဒယ်စောက်အိုးများ၏ အကာအကွယ်စွမ်းအင် မရှိတော့သောအခါ ပါးကုရှီတုသည်လည်း ဝမ်ချောင်၏ မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းမှ မင်းမူလွန်းသောစွမ်းအားများဒဏ်ကို တွန်းလှန်ရန်ခက်ကြောင်း သိလာသည်။

"ပါးကုရှီ ကံကြမ္မာကို လက်ခံလိုက်"

ဝမ်ချောင်၏အသံက အေးစက်သည်။ ခံစားချက်ကများလည်း ကင်းမဲ့၏။ ရုတ်တရက် အနောက်ဘက်မှလာသော အားလှိုင်းများနှင့်အလင်းတန်းများ ရောနေသော ကြယ်တာယာစွမ်းအင်များအကြားတွင် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့်ဝူရှန်းရွာသူကြီးတို့ကလည်း အတူတကွပူးပေါင်း၍ တိုက်ခိုက်လိုက်ကြသည်။ ဘာစကားမှမဆိုပဲ လှုပ်ရှားလိုက်ခြင်းဖြစ်သည်။

ဗုန်း ဗုန်း ဗုန်း

ပါးကုရှီတု၏ကြယ်တာယာစွမ်းအင်က ထိပ်တန်းအဆင့်အရည်အချင်းရှိသော ကျွမ်းကျင်ပညာရှင်၃ယောက်၏ ပူးပေါင်းတိုက်ကွက်အောက်တွင် လျင်မြန်စွာ ကုန်ဆုံးလာသည်။ သူသည်လည်း စကားပြောရန်အချိန်ပင် မရှိတော့ပေ။ ထိုအခြေအနေက အဆုံးသတ်ရန် ဝေးကွာနေသေးသည်။ ပါးကုရှီတုကလည်း အစောတလျင် ရပ်တန့်ပြီး ခုခံရန်ကြိုး စားလိုက်သည်။ ရုတ်တရက် နောက်ထပ် ဟိန်းသံထွက်လာသည်။

1521 04

"ကုန်းကုန်းနတ်သိုင်း"

လေထဲတွင်ကြီးမားသော လေဝဲကြီးတစ်ခုက ဖြစ်တည်လာပြီးနောက်တွင် ဖျက်ဆီးခြင်းစွမ်းအားများကို ပေါင်းစပ်၍ ထိုလေဝဲကို ဗဟိုပြုကာ၃ခွခက်ရင်းကြီးက သိသားထင်ရှားစွာပုံစံ ပေါ်လာသည်။

ထိုသို့အရေးကြီးသည့် အခိုက်အတန့်မျိုးမှာ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ရိုက်ချလိုက်သည်။

ချောက်ကမ်းပါးပေါ်တွင် ချိန်းကြိုးက နှစ်ကြိုးသာရှိပြီး လှုပ်ရှားတိုက်ခိုက်ရန်အတွက် နေရာက ကျဥ်းလွန်းနေလေရာ အချိန်ကိုက်လှုပ်ရှားပြီး ရှုထောင့်မှန်ရန်လည်း လိုအပ်သည်။

အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည်လည်း အစောပိုင်းက မထွက်လာရန် ရွေးချယ်ခဲ့သည်။ သူ၏ရေအခြေပြုသိုင်းစွမ်းအင်များကို စုစည်းပြီးအချိန်ကိုက် လှုပ်ရှားရန် စောင့်နေခဲ့ခြင်း ဖြစ်လေသည်။

ဗုန်း

လက်ရှိခေတ်မှအင်အားအကြီးဆုံး ကျွမ်းကျင်ပညာရှင်၃ယောက်က ပူးပေါင်းတိုက်ခိုက်မှုများဟာ ပေါင်းစပ်သွားခဲ့ကာ ပါးကုရှီတု၏ကြယ်တာယာစွမ်းအင် အကာအကွယ်လွှာကို ပေါက်ကွဲသံနှင့်အတူ ကွဲကြေသွားစေလေသည်။

ပါးကုရှီတုကဲ့သို့ စွမ်းရည်ရှိသောသူမျိုးကပင် ထိုပူးပေါင်းသော ရိုက်ချက်မျိုးကို တောင့်မခံနိုင်ခဲ့ပေ။

ဖက် ဖက် ဖက်

ပါးကုရှီတု၏ခန္ဓာကိုယ်က တုန်ယင်သွားပြီးနောက် အနောက်ဘက်သို့ ယိုင်ထိုးသွားသည်။ အသက်ရှူလမ်းကပင် နွမ်းလျလာပြီးနောက်တွင် သွေးများက သူ၏လည်မြိုသို့ ပြန်လည် ဆန်တက်လာလို ခံစားရသည်။

သို့သော် သူဟာ ပြန်လည်မြိုချလိုက်သည်။

ကျွမ်းကျင်ပညာရှင်၃ယောက်တည်းသာဆိုလျှင် ပါးကုရှီတုအနေဖြင့် တောင့်ခံနိုင်လောက်သေးသည်။

သို့သော် ဝမ်ချောင်၏အင်တိုက်အားတိုက် ပြန်လည်တိုက်ခိုက်မှုကမူ ထိုကုလားအုပ်၏ကျောပေါ်မှ ကောက်ရိုးမျှင်ကို ဆွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။

******

1522 01

အခန်း _ ၁၅၂၂

"ပါးကုရှီတု ဒါကိုယူလိုက် နတ်ဘုရားနဲ့နတ်ဆိုးသုတ်သင်ခြင်းသိုင်း"

ဝမ်ချောင်က ဒေါသတကြီး အော်ဟစ်သည်။ သူ၏မျက်လုံးက ကြယ်စင်များအလား တောက်ပနေသည်။ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ဝူရှန်းရွာသူကြီးနှင့်အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က ပါးကုရှီတုကိုဝိုင်းကာ တိုက်ခိုက်နေသည့်အချိန်တွင် ဝမ်ချောင်သည်လည်း ရှေ့ဘက်သို့ ခုန်ပျံလိုက်ပြီး သူပိုင်ဆိုင်ထားသည့် သိုင်းများထဲမှ အသန်မာဆုံးတစ်ခုကို ထုတ်သုံးလိုက်သည်။

ထိုသိုင်းသည် သူအကျွမ်းကျင်ဆုံး မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်း သိုင်းမဟုတ်လေဘဲ နောက်ထပ် အဆင့်လွန်သိုင်းတစ်မျိုး ဖြစ်သည်။

ချိန်း

ထိုလေထုကို လျှပ်စီးကဖြတ်ပြေးသွားပြီး ဖျက်ခနဲလက်သွားသလိုမျိုး ဖြစ်သွားသည်။ တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်သည်လည်း မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်း၏ စွမ်းအားများအားလုံးအား မူလအမရဓါးထံသို့ ပို့လွှတ်လိုက်ခြင်းအားဖြင့် ထိုဓါးအား ဖော်ပြရန်ခက်ခဲလောက်အောင် သိပ်သည်းပြီး ကြောက်မက်ဖွယ် ကောင်းလွန်းလှသည့် စွမ်းအင်အလုံးကြီးတစ်လုံး ရအောင် ဖန်တီးလိုက်သည်။

ဗုန်း

ဝမ်ချောင်၏အရှိန်အဝါက ရုတ်ချည်း ပြောင်းလဲသွားသည်။ အစပိုင်းက ကြီးမားကာ ခိုင်ခံ့သောတောင်တန်းကြီးတစ်လုံးကဲ့သို့ ဖြစ်နေခဲ့ရာက ပို၍ပင်ထက်ရှကာ ပို၍ပင်ကြောက်စရာကြောင်းသောအသွင်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။ သူသည် ဆန့်ကျင်လာသမျှ အရာအားလုံးကို ခုတ်ထွင်ရှင်းလင်းနိုင်သော ပြိုင်ဘက်ကင်းဓါး ဖြစ်သွားသည်။

မဟုတ်ဘူး...ဖြစ်သွားပုံပေါ်တာ မဟုတ်တော့ဘူး...

ဝမ်ချောင်သည် ထိုအခိုက်အတန့်တွင် အမှန်တကယ်ပင် မှင်သက်ဖွယ်ကောင်းလွန်းသော ထက်ရှသည့်ဓါးတစ်လက် ဖြစ်သွားသည်။

ဘမ်း

အမှန်တကယ် အချိန်အတွင်းတွင် ဝမ်ချောင်သည် ထိုထက်ရှသောဓါးနှင့်တစ်သားတည်းအဖြစ် ပေါင်းစပ်လိုက်ပြီး နို့နှစ်ဖြူရောင်ဓါးအား မီတာ၃၀ကျော်ကျော်ခန့်ထိ ရှည်လျားသွားစေသည်။ နေရောင်ထက်ပင် တောက်ပလာသေးသည်။ ထိုဓါးက ပါးကုရှီတုအား ကြောက်မက်ဖွယ်ကောင်းလွန်းသော အရှိန်နှုန်းနှင့်အတူ ခုတ်ချပစ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် သန့်စင်သော ဓါးစိတ်ဆန္ဒကိုသာ ထုတ်ဖော်ထားသည်။ ထိုဓါးစိတ်ဆန္ဒက မည်သည့်အရာကိုမဆို သုတ်သင်ရှင်းလင်းနိုင်သည်။

"ဒါက ဘယ်လိုဓါးသိုင်းလဲ"

ပါးကုရှီတုကိုပင် မဆိုထားနှင့် ဝူရှန်းရွာသူကြီး နှင့်မိစ္ဆာဧကရာဇ်လူအိုကြီးမာန်တို့ကပင် ကြောင်သွားစေသည်။ ဝမ်ချောင် ယခုထုတ်လွှတ်ထားသော ဓါးစိတ်ဆန္ဒအသစ်က ရိုးရှင်းစွာပင် ကြောက်စရာကောင်းလွန်းစွာ ဝိညာည်ထဲထိတိုင် ချိန်ရွယ်နိုင်သည်။ ဓါး၏လမ်းကြောင်းက လောကရှိအရာများအားလုံးကို သုတ်သင်မည့် လမ်းကြောင်း ဖြစ်သွားသည်။ လောကနှင့်ပင် ကိုယ်တိုင်အတူ ပေါင်းစပ်သွားသလို ဖြစ်သွား၏။ သက်ရှိများအားလုံး၏အဆုံးသတ်ရာလည်း ဖြစ်သည်။

ဓါးကို မြင်သောမည်သူကမဆို သူတို့၏ ဝိညာည်၏အနက်ရှိုင်းဆုံးအပိုင်းမှလာသည့် ကြောက်ရွံ့မှုကို ခံစားကြရလိမ့်မည်။

နတ်ဘုရားနှင့်နတ်ဆိုးသုတ်သင်ခြင်းသိုင်း

မူလအမရဓါး၏အကူအညီကြောင့် ဝမ်ချောင်သည် နောက်ဆုံးတွင် မူလအမရသိုင်း၏အောက်မှ အဆင့်လွန်သိုင်းကို မှန်ကန်စွာ အသုံးပြုနိုင်သွားသည်။

"မကောင်းတော့ဘူး"

ချောက်ခြားဖွယ်ကောင်းသောဓါးချီကို မြင်လိုက်သည့် ပါးကုရှီတု၏မျက်နှာက ဖြူဖျော့သွားပြီး အလျင်စလို နောက်လှည့်သည်။ သူသည်လည်း သူ၏မြေကမ္ဘာသွေးဒယ်စောက်အိုးကို လှမ်းခေါ်လိုက်ပြီး တတ်နိုင်သမျှ ခုခံခိုင်းလိုက်သည်။ ပါးကုရှီတုသ ည်အလွန်အမင်း လျင်မြန်စွာတုံ့ပြန်သည်။ သို့သော် ထိုဓါးကို အထင်သေးမိသွားသည်။

ဗုန်း

1522 02

နို့နှစ်ဖြူရောင်အလင်းတန်းက မြေအောက်လောကကြီးအား နေ့အလား လင်းထိန်သွားစေသည်။ ထိုကဲ့သို့ ဖော်ပြရန်ခက်ခဲလွန်းသည့် အရှိန်န်နှုန်းဖြင့် လေထုကို ဖြတ်တောက်၍လာသောဓါးချီ၏ ရွေ့လျားမှုက အနောက်ဘက်တွင် မီတာ၁၀ကျော်ရှည်သည့် တူးမြောင်းရာအရှည်ကြီးကိုပင် ချန်ထားရစ်ခဲ့သေးသည်။

ပါးကုရှီတုသည် မြေကမ္ဘာသွေးဒယ်စောက်အိုး၏ အင်အားအပြည့်ကို ထုတ်သုံးရန်ပင် အချိန်မရှိသေးခင်တွင် ဝမ်ချောင်၏ဓါးက ခုတ်ဖြတ်လာပြီး လမ်းကြောင်းကို ချဲ့ထွင်လိုက်သည်။ ထိုဓါးချီက လေထုကို လျင်မြန်စွာထိုးခွဲပြီးနောက် မြန်လွန်းစွာ ရောက်ရှိလာသည်။ မြန်လွန်းသဖြင့် လိုက်မမှီနိုင်အောင် ဖြစ်သွားစေသည်။

ဆွစ်! ပေါ့ပ်

ထက်ရှသောဓါးက အသွေးအသားကို ခုတ်ဖြတ်လိုက်သောအခါ ပါးကုရှီတုသည်လည်း တုန်ယင်သွားသည်။ ထိုဓါးသည်သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီဖြစ်သည်။ ဖျက်ဆီးခြင်းဓါးချီက ဖောက်ထွက်ကာ ဝင်ရောက်လာသည်နှင့်အမျှ သူ၏သွေးကြောတောက်လျှောက် ဖောက်ဝင်လေပြီး အမျှင်သောင်းကျော်အဖြစ် ခွဲထုတ်ပစ်လိုက်သည်။

ဓါးချီက မည်သည့်နေရာကိုသွားစေကာမူ ပါးကုရှီတု၏ဆဲလ်တိုင်းက သေသည်။ သူ၏တစ်ကိုယ်လုံးက ဖြူဆုတ်သွားသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ပါးကုရှီတုက မျက်လုံးပြူးနေသည်။ သူသည်ပင် သူ၏အရှေ့မှလောက,ကဖြူဖွေးသွားကြောင်း ခံစားလိုက်ရသည်။ မည်သည့်အရောင်မှပင်မရှိသော ဆောင်းနှင်းကဲ့သို့ဖြစ်သည်။ ထိုတိုက်ကွက်တစ်ခုတည်းကပင် ပါးကုရှီတုအပေါ် ကုသ၍ မရနိုင်လောက်သော ဒဏ်ရာရသွားစေသည်။

"အား..!!"

ဆိုးရွားသော ငယ်သံပါအောင် အော်ဟစ်သံက ထွက်ပေါ်လာသည်။ ပါးကုရှီတုသည်လည်း နတ်ဘုရားနှင့်နတ်ဆိုးသုတ်သင်ခြင်း၏ ပြင်ထန်လွန်းသော အရှိန်အဝါအောက်တွင် မှို့သွပ်အရုပ်အလား လွင့်ထွက်သွားသည်။

ချိန်း

လေထုကိုထိုးခွဲလာသည့်ဓါးချီ၏ ခမ်းနားထည်ဝါသော အလင်းတန်းက ပါးကုရှီတုကိုလည်း သွေးနံ့တွေတောက် လျှောက်သယ်ဆောင်လာပြီး မြူထုကိုဖောက်ဖျက်ကာ သယ်ဆောင်ပေးပြီး နံရံတွင် ဝင်ဆောင့်တိုက်လေသည်။ ထိုနံရံသည် အခြားတစ်ဖက်ခြမ်းမှ လျှောက်လမ်းနံရံဖြစ်သည်။

သက်ရောက်မှုက ပြင်းထန်လွန်းသဖြင့် ထိုနံရံကပင် ကွဲအက်ပြီးပတ်ဝန်းကျင်က မြေသားများပင် ရမ်းခါ၍သွားသည်။ ထို့နောက် ပါးကုရှီတု၏ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီးနောက်တွင် သိသိသာသာ ထင်ရှားလာသော ကွဲအက်ကြောင်းရာကြီးတခုက ပေါ်ထွက်လာသေးသည်။ မြောက်များလှစွာသော အရိုးများကလည်း ထိုဝင်ဆောင့်တိုက်မှုကြောင့်ကျိုးကြေကုန်လေသည်။

"ငါပြေးရမယ်"

ပါးကုရှီတုတွင် တိုက်ခိုက်လိုစိတ်ဆန္ဒများ ပျောက်ဆုံးသွားပြီဖြစ်သည်။ သူ၏မျက်နှာက ကြောက်ရွံ့ မှုများနှင့်ပြည့်နှက်နေ၏။ သူသည် ယခင်က ထိုမျှကြောက်စရာကောင်းသောဓါးချီမျိုးကို မကြုံတွေ့ဖူးချေ။ ထိုဓါးချီ၏အကြွင်းအကျန်များက သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသေးပြီး အမှန်တကယ် အသက်ရှိနေသလိုမျိုး သူ၏ဆဲလ်တိုင်းကို လုယူပစ်နေသည်။

အချိန်တစ်ခဏခန့် ကုန်ဆုံးရုံဖြင့် ပါးကုရှီတု၏ဒဏ်ရာများက ပို၍ပင်ဆိုးလာသေးသည်။

ပါးကုရှီတုကြောက်ရွံ့စေဆုံးက ထိုဓါးချီကို တား၍မရနိုင်ခြင်းဖြစ်သည်။ သူ၏လေးစားဖွယ်ကောင်းသော အနက်ရောင်ကြယ်တာယာအနက်ရောင် စွမ်းအားများကပင် သူ၏ထိုစွမ်းအား၏ချီတက်မှုကိုပင် မတားနိုင်တော့ပေ။

ဘမ်း

ပါးကုရှီတုက နံရံကို ညာဘက်လက်ဖြင့် ရိုက်လိုက်ပြီးနောက် လမ်းကြောင်းအတွင်းသို့ ပြေးဝင်သွားသည်။

"ပါးကုရှီတု မင်းက ဘယ်ကိုပြေးနိုင်မယ်လို့ ထင်နေတာလဲ"

သူ၏အနောက်ဘက်မှ အေးစက်သော အသံကထွက်ပေါ်လာသည်။ ထိုအသံက ထိုနေရာတစ်ခုလုံးကို ပဲ့တင်ထွက်သွားသည်။ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးနှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက သူ့ကို တစ်ပြိုင်တည်းတိုက်ခိုက်၍ သူတို့၏လေးစားဖွယ်ကောင်းသော ကြယ်တာယာစွမ်းအင်များက ဟိန်းဟောက်ကာ အရှေ့ဘက်သို့ တိုးဝင်လာပြီး ပါးကုရှီတုထံသို့ ဥက္ကာပျံများအလား တိုးဝင်လာဆောင့်တိုက်လိုက်သည်။

1522 03

"အား..!"

ပါးကုရှီတုက အော်ဟစ်လိုက်ချိန်တွင် သူ၏အသံစွမ်းအင်များ အားလုံးက လျင်မြန်စွာ အားနည်းကုန်သည်။ သူသည် လေထဲတွင် ငြိမ်းတော့မည့် ဖယောင်းတိုင်ကဲ့သို့ ရမ်းခါနေကာ ပျောက်ကွယ်မတတ်ဖြစ်လာသည်။

"မဟုတ်ဘူး"

ပါးကုရှီတု၏ကျောက နံရံနှင့်ကပ်နေသည်။ သူ၏အဝတ်အစားကစုတ်ပြဲနေပြီး သွေးများက စိုရွှဲနေသည်။ တစ်ချိန်က အလွန်အမင်း တည်ငြိမ်ကာ ကျော့ရှင်းလွန်းသောမျက်ဝန်းတစ်စုံက ယခုအခါ ခြောက်ခြားမှု၊ကြောက်ရွံ့မှုများ ပြည့်နှက်ကာ ပြူးကျယ်နေသည်။

တစ်ချက်လေး အတွက်အချက် မှားသွားရုံနှင့်အားလုံးကို ဆုံးရှုံးလိုက်ရစေသည်။

မူလအမရဓါးသည် အင်အားကြီးမားလွန်းသဖြင့် စတေးခြင်းလက်နက်များကို အမှန်တကယ် ရင်ဆိုင်နိုင်သည်။ ထိုအချက်ကသူမမျှော်လင့်ထားဖူးသော အချက်ဖြစ်နေသည်။ မြေကမ္ဘာသွေးဒယ်စောက်အိုး၃ခု ၏ အကာအကွယ် မရှိသည့်အခါ ပါးကုရှီတုကပင် ကျွမ်းကျင်ပညာရှင်၄ယောက်ကို တပြိုင်ထဲ ရင်မဆိုင်နိုင်ပါပေ။

ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်တို့ကတင် သိမ်မွေ့နယ်မြေသို့ ဝင်ရောက်ခါစ ချွီတီပါးကို ရင်ဆိုင်ခဲ့ဖူးပြီးသားဖြစ်သည်။ ယခုအခါ ဝူရှန်းရွားသူကြီးနှင့်အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့ကပင် ပါဝင်နေသေးသည်။ ကားကုရှီတုအနေဖြင့် ရှင်သန်ရန် အခွင့်အရေးမရှိတော့ပေ။

ဘမ်း

ဓါးချီနို့နှစ်ဖြူရောင်အလင်းတန်းက အမှောင်ထုကို နေ့အလား တစ်ဖန်ပြန်လည်လင်းထိန်သွားစေသည်။ ခြောက်ခြားဖွယ်ကောင်းလွန်းသော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။

ပါးကုရှီတုသည် မျက်လုံးကိုပင် အုပ်ချိန်မရလိုက်ခင် ဖြူဖွေးမှု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ ထို့နောက် အရာအားလုံးက အမှောင်ကျသွားသည်။ သူသည် ဘာကိုမှမမြင်ရတော့ပေ။

ခွပ်

ဓါးချီက တစ်ကွဲတပြားစီဖြစ်သွားချိန်တွင် မြေပေါ်သို့ ခေါင်းတစ်လုံးက ပျက်ကျကာ လိမ့်သွားသည်။ ပါးကုရှီတု၏ခေါင်းမဲ့သော အလောင်းကြီးက မြေပေါ်သို့ ဖြည်းဖြည်းချင်း ထိုးကျသည်။ ၁၀ပေခန့်နက်သော ကြောက်မက်ဖွယ်ကောင်းသည့် တွင်းပေါက်ကြီးကလည်း သူ၏အနောက်ဘက်ရှိ နံရံတွင်ချိုင့်ဝင်နေသေးသည်။

လေပြင်းက ဖြတ်တိုက်သောအခါ မြူထဲမှပုံရိပ်အများစုက လျှောက်ထွက်လာသည်။ ထိုမြူထဲမှ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက အမြန်ဆုံးဖြစ်သည်။ ပါးကုရှီတုအနားရောက်သောအခါ သက်ပြင်းကိုချသည်။

"သူ နောက်ဆုံးတော့ သေသွားပြီ"

အရှေ့ပိုင်းတူရကီများ၏ မြေကမ္ဘာဂိုဏ်းဆရာသည် အန္တရာယ်များလွန်းသည်။ သူတို့၄ယောက်နှင့်တတိယမျိုးဆက်က်ခံသူတို့ ပူးပေါင်းခဲ့သည့်တိုင်အောင် သူဟာ ချုံခိုတိုက်ခိုက်ရဲပြီး ဝမ်ချောင့်ကို ဖမ်းသွားရဲသေးသည်။ ကျန်သောသူများကလည်း မတိုက်ခိုက်ရဲအောင် ဖြစ်ရသည်။ သို့သော်အဆုံးသတ်တွင် ထိုပြိုင်ဘက်ကင်းသော အရှေ့ပိုင်းတူရကီကျွမ်းကျင်ပညာရှင်သည်လည်း သူတို့၄ယောက်လက်ထဲတွင် သေသွားရသည်။

ပြောင်းပြန်ဆန်သောအခြေအနေမျိုးက ပြင်းထန်လွန်းသဖြင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက မယုံကြည်နိုင်အောင် ဖြစ်နေသေးသည်။ အမှောင်အလင်းတန်း ကောင်းကင်ဘုံကဲ့သို့သော အဆင့်ကိုရောက်ရှိနေသောလူမျိုးက သေသွားသည်။

"အခြေအနေက ဘယ်လိုလဲ"

ဝူရှန်းရွာသူကြီးက တောင်ဝှေးကို ဆုပ်ကိုင်ရင်း ရောက်လာသည်။

"အဆင်ပြေပါတယ်"

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ခေါင်းခါသည်။

" ဒါပေမယ့် ဒီကောင်က တကယ်ကို သေသွားတာပဲ ပါးကုရှီတုသားမရှိရင် မြေကမ္ဘာဂိုဏ်းက အချိန်တစ်ခုကြာတဲ့အထိ ဝရုန်းသုန်းကားဖြစ်သွားမှာ။ နောက်ဆုံးတစ်ကြိမ်က အစ်ရှီနီရှီတုက သူ့ရဲ့အဆင့်လွန်စွမ်းရည်ကိုသုံးပြီး မြေကမ္ဘာသွေးဒယ်စောက်အိုးကို အပေါ်ယံကို ရောက်အောင်ပို့နိုင်ခဲ့တယ် ဒါပေမဲ့ ဒီတစ်ကြိမ်တော့ မြေကမ္ဘာဂိုဏ်းက အဲလောက်ထိ ကံမကောင်းနိုင်တော့ဘူး"

1522 04

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ပြောသည်။ သူက ပါးကုရှီတုနံဘေးမှ ဒယ်စောက်အိုးလေး၃ခုကို ကြည့်သည်။ ထိုဒယ်စောက်အိုးလေး၃ခုက အရှေ့မြောက်ပိုင်း၏ အင်အားကြီးမားဆုံး စတေးခြင်းလက်နက်ဖြစ်သည်။ သို့သော် ယခုအခါ ကွဲအက်ရာများ ပြည့်နှက်နေသည်။ တစ်ချို့ကဆိုလျှင် လုံးဝတစ်ဝက်ခန့် နက်သည်အထိ ကွဲကြေနေသေး၏။ တစ်ချက်ကြည့်ရုံဖြင့် ပျက်စီးမှုက တုန်ယင်စေလောက်သည်။

ထိုဒယ်စောက်အိုးလေးများသည် စွမ်းအားတစ်ဝက်ခန့် ကုန်ဆုံးသွားသည်။ ပြန်လည်ပြင်ဆင်ရန်အလို့ငှာ နှစ်ရာကျော်လောက် ချိန်ယူရလောက်သည်။

တကယ်ကို အမှန်ပဲ အရာအားလုံးက အားနည်းချက်ရှိတယ်။ ပါးကုရှီတုက သူ့ရဲ့အကြံအစည်ကြီးမားမှုတွေ ညဏ်ပညာနဲ့ခွန်အားတွေကြောင့်အရှေ့ မြောက်ပိုင်းမှ ကျော်ကြားနေခဲ့တာ။ ဒါပေမဲ့ မြေကမ္ဘာဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင်က ဆယ်ကျော်သက်လေးတစ်ယောက်ရဲ့လက်ထဲမှာ သေသွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ပါးကုရှီတု မင်းက လူမှားပြီး ရန်စမိတာပဲ။

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ခံစားချက်အပြည့်နှင့် သက်ပြင်းချသည်။ ဒီတိုက်ပွဲတွင် ပါးကုရှီတုက သူတို့၄ယောက်၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် ရှုံးသွားသည်ဟု ထင်ရသည်။ သို့သော် အထီးကျန်တိတ်ဆိတ်ဘိုးဘေးကသာ မဟာထန်၏မျိုးနွယ်ခြားဘုရင်များ၏လက်တွင် ရှုံးသွားကြောင်း နားလည်နေသည်။ သူ့ကြောင့်သာမဟုတ်လျင် သူတို့၃ယောက်သည် နိုင်ဖို့အခွင့်အရေးပင် မရှိပေ။

အမှန်တိုင်းဆိုရသော် ဝမ်ချောင်က ယဇ်ပလ္လင်ပေါ်သို့ ချိန်းကြိုးတောက်လျှောက် တက်မသွားခင်အထိ အခြေအနေများက ပါးကုရှီတု၏ဆုပ်ကိုင်မှုအောက်ထဲတွင် ခိုင်မြဲစွာရှိနေခဲ့သေးသည်။

တတိယမျိုးဆက်ဆက်ခံသူက ချောက်ကမ်းပါးထဲသို့ ကျသွားခြင်းက အထီးကျန်တိတ်ဆိတ်ဘိုးဘေးကိုပင် သူ့ဘာသာသူ ထွက်သွားရန် တွေးမိစေသေးသည်။

ဝမ်ချောင်က ယဇ်ပလ္လင်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီးနောက် ဓါးကိုဆွဲထုတ်နိုင်မှသာ အခြေအနေက သိသာသာပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

******

1523 01

အခန်း_၁၅၂၃

ထိုအချိန်တွင် ဝမ်ချောင်သည် သူ၏စွမ်းအား၃ပုံ၁ပုံကို အသုံးပြုနိုင်သေးသည်။ ပထမမျိုးဆက်ဆက်ခံသူနှင့်နတ်ဓါးတို့၏ပူပေါင်းတိုက်ခိုက်မှုကို ခံနေရသေးသည်။ ပို၍ဆိုးသည်မှာ သူ့၏ခန္ဓာကိုယ်ထဲတွင် ပါးကုရှီတု၏ အမှောင်လမင်းမီးတောက်ကိုလည်း သယ်ထားရသေးသည်။

ထို့ကြောင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက သူဟာ ထိုသို့လုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုလူငယ်သည် ပြိုင်ဘက်ကင်းသော အလားအလာမျိုးကို ပိုင်ဆိုင်သည်ဟု ထင်ရသည်။ သို့သော် သူ မလုပ်နိုင်သော အရာမျိုးလည်း မရှိပုံရသည်။ လောကမှ မည်သူကမှ ရင်မဆိုင်ရဲသည့်တည်ရှိမှုမျိုး ဖြစ်သည်။

"ပြီးသွားပြီ"

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက သက်ပြင်းကိုချသည်။ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က ရောက်လာ၏။ သူသည် ပါးကုရှီတုအလောင်းကို တစ်ချက်မှပင် မကြည့်ချေ။ မူလအမရ ရတနာသိုက်၏အဆုံးထိ ဝင်ရောက်နိုင်ခဲ့သော တူရကီတို့၏အရှင်က မထူးခြားသလိုမျိုးပင်ဖြစ်သည်။

"ဒီနေရာက အကြာကြီး နေလို့ရတဲ့နေရာမဟုတ်ဘူး ချောင်အာ မင်း မူလအမရသိုင်းကို ရပြီလား"

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က ဝမ်ချောင့်ကို လှည့်ကြည့်ပြီး ပြောသည်။

"မရဘူး။ ဒါပေမဲ့ စီနီယာကျိုး ရှာနေတဲ့ မူလဝင်္ကမ္ဘာနတ်ကျမ်းပိုဒ်စာကတော့ ရလာတယ်"

ဝမ်ချောင်က နတ်ဓါးကို လက်တစ်ဖက်က ကိုင်ရင်း ခမ်းနားထည်ဝါသောငန်းတစ်ကောင်အလား တရွေ့ရွေ့လှမ်းရင်း ဆင်းလာသည်။

"ဘာ"

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ဝူရှန်းရွာသူကြီးတို့ကအံ့ဩတကြီး တုန်လှုပ်သွားသည်။ သူတို့၏မျက်နှာက တင်းမာသွား၏။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးကပင် အံ့အားတကြီး လှည့်ကြည့်လာသည်။

မူလအမရအရှင်သည် ကြီးမြတ်သည့်အကာအကွယ်လွှာကို ဖန်တီးထားပြီး ပထမမျိုးဆက်ဆက်ခံသူနှင့်နတ်ဓါးကိုပင် ထိုနေရာအား စောင့်ကြပ်ခိုင်းထားသည်။ ထိုပြင် ထိုနေရာကလည်း ရတနာသိုက်ရဲ့အဓိကနေရာ ဖြစ်နေသေးသည်။

ဒါကို ဘာလို့မူလအမရ သိုင်းကမရှိတာလဲ။

ပို၍ဆိုးသည်မှာ သူတို့သည်လည်း ဝမ်ချောင်က ယဇ်ပလ္လင်ပေါ်သို့ ရောက်သွားမှန်း မြင်လိုက်ရသည်။ သူသည်လည်း နတ်ဓါးကိုရလိုက်သည်။ ထို့နောက် ပစ္စည်းအနည်းငယ် ရလာသည်။

"ဘာတွေဖြစ်နေလဲလို့ ငါလဲ မသေချာဘူး။ ဒါပေမဲ့ မူလအမရအရှင်ရဲ့ဒီရတနာသိုက်အပေါ် အကြံအစည်က အဲ့သလောက်ထိ မရိုးရှင်းနိုင်လောက်ဘူး။ ဖြစ်နိုင်တာက တခြားဂူတစ်ခုခုတော့ ရှိလောက်တယ်။ ဒါမှမဟုတ် ဒီထက်ပိုများတဲ့ခလုတ်တွေ၊စက်တွေ ရှိနေတာများလားပဲ အတိုချုပ်ပြောရင် အဲ့သည်လောက် မရိုးရှင်းဘူး"

ဝမ်ချောင်က တင်းမာစွာ ပြောသည်။ သူတို့၃ယောက်လုံး၏ မျက်မှောင်က ကြုတ်လာသည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးက တစ်ချက်ကြည့်သည်။ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့်ဝူရှန်းရွာသူကြီးတို့ကလည်း ဝမ်ချောင်က သူတို့ကို မလှည့်စားမှန်း သေချာနေသည်။ သူ့တွင်ရှိနေတာရော မရှိနေတာရော ဖြစ်လောက်သည်။

"ယဇ်ပလ္လင်ပေါ်မှာသာ မဟုတ်ရင် ပြသနာတော့ ရှိလောက်ပြီ"

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကလည်း အတော်လေး ဒုက္ခများသွားပြီး စတင်ကာ တွေးတောသည်။

မူလအမရအရှင်သည် အနာဂတ်ကို မြင်နိုင်သည်ဟု ပြောကြသည်။ ဝမ်ချောင်ကသာ ရှာမတွေလျင် ဆိုလိုသည်မှာ ထိုဒဏ္ဍာရီလာ ကျွမ်းကျင်ပညာရှင်က အခြားသောအကြံအစည်များ ထုတ်ထားပုံပေါ်သည်။

သို့သော် အကြီးမားဆုံးပြသနာကမူ သူတို့တွင် အချိန်အများကြီးမကျန်တော့ပေ။ မူလအမရသိုင်း မရှိသည့်အခါ မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းက သိုင်းအတွင်းပိုင်းမှ ပြစ်ချက်က ဆက်ရှိနေပေလိမ့်မည်။

ဘမ်း

1523 02

ထိုအချိန်တွင်မြေကမ္ဘာက ရုတ်ချည်းလှုပ်ခါသွားပြီးနောက် လျှောက်လမ်းအတွင်းမှလာနေသော ခြေလှမ်းသံများကို ကြားရသည်။

"!!!"

သူတို့၄ယောက်လုံးကလည်း ထိုဆူညံသံများကြောင့် တုန်ယင်သွားရသည်။ ဒါဟာ ရတနာ၏အတွင်းပိုင်းနေရာဖြစ်ပြီး လမ်းလျှောက်အလောင်းကောင်များ၏ မျိုးဆက်၁၁ဆက်က စောင့်ကြပ်နေခြင်းဖြစ်ကာ ကျော်လွှားနိုင်ရန်ပင် အလွန်အမင်း ခက်ခဲသည်။ ဝမ်ချောင်နှင့်ပါးကုရှီတုကမူ လှည့်ကွက်များကို သုံးပြီးမှသာ ဒုတိယမျိုးဆက်ဆက်ခံသူကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုရောက်လာနေသော လူအရေအတွက်၏ အလွန်အမင်း ကျယ်လောင်နေသော အသံများအရ လူပမာဏကိုပင် မပြောနိုင်ပေ။

"ဘာတွေဖြစ်နေတာလဲ။ ဘာလို့လူတွေအများကြီးလဲ"

အထီးကျန်တိတ်ဆိတ်ဘိုးဘေး၏မျက်လုံးက မယုံကြည်နိုင်မှုဖြင့် ပြူးသွားသည်။ အခြားသောသူများကလည်း အလားတူပင်ဖြစ်သည်။ သို့သော် သူတို့သည် တုံ့ပြန်ရန် အချိန်မရှိသေးခင် များပြားလှသောအရှိန်အဝါများက လျင်မြန်စွာ ချည်းကပ်လာသည်။ အထိတ်တလန့်အော်သံများက သူတို့နားထဲတွင် ပြည့်နေ၏။

"ပြေးတော့"

"သူတို့လာနေပြီ ဘေးဖယ် ဘေးဖယ် မြန်မြန်"

"အား ငါသေတော့မယ်"

"လမ်းကဖယ်"

"မင်းက ဘာကိုကြောက်တာလဲ။ ငါတို့ ဒီလောက်အများကြီးလေ သူတို့ကို မကိုင်တွယ်နိုင်ဘူးလား"

"မင်းသေချင်ရင် သွားသေ ငါ့ရဲ့လမ်းကြောင်းကိုလာမပိတ်နဲ့"

"မကောင်းတော့ဘူး။ သူတို့လာနေပြီ"

အထိတ်တလန့်အော်သံများကြားတွင် မျက်နှာများက တစ္ဆေများကဲ့သို့ ဖြူစုပ်နေပြီးဖရိုဖရဲပုံစံနှင့် သိုင်းပညာရှင်တစ်ယောက်က လျှောက်လမ်းထဲ မှထွက်လာသည်။

သူ၏အနောက်ဘက်တွင်သိုင်းပညာရှင်များက အပြုံလိုက်ပါလာပြီး ဝမ်ချောင်တို့၏အဖွဲ့ နေ,နေသောနေရာထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ သုတို့၏နောက်တွင် နောက်ထပ်အများကြီးပင် ရှိနေသေးသည်။

ဝမ်ချောင်တို့အဖွဲ့ကပင် ထိုမြင်ကွင်းကြောင့် မှင်သက်သွားသည်။

"ဘာတွေဖြစ်နေတာလဲ"

ဝမ်ချောင်သည်လည်း သူ၏အရှေ့မှ ဝရုန်းသုန်းကားဖြစ်နေသော အခြေအနေကြောင့် စိတ်မအေးနိုင်ဖြစ်သွားပြီး မှင်သက်သွားသည်။ သူသည်လည်း ကြောက်လန့်နေသော သိုင်းပညာရှင်များကို ကြည့်ကာ ငေးငိုင်သွားသည်။

ထိုသိုင်းပညာရှင်များကရှင်းလင်းစွာပင် ဒီနေရာသို့ရောက်လာသည့် အင်အားမျိုးကို ပိုင်ဆိုင်ထားကြသည်။ ဒုတိယမျိုးဆက် ဆက်ခံသူသည်လည်း သူတို့အားလုံးကို ထိန်းထားနိုင်သေးသည်။

ဝမ်ချောင်ကို ပို၍အံ့အားသင့်စေသော အချက်ကလည်း ရောက်လာသည်။

ဝေါင်း

မိုးချိန်းသံအလား ကျယ်လောင်သော ဟိန်းသံကြီးက လျှောက်လမ်းတစ်ခုလုံးကို လှုပ်ခါသွားစေပြီး မျက်နှာကျက်ပေါ်မှ ဖုန်များအညစ်အကြေးများကို ကျလာစေသည်။

"ရေနတ်ဘိုးဘေး"

ဝမ်ချောင်၏မျက်လုံးက မှေးကျဥ်းသွားပြီး လွန်ကဲလွန်းစွာဆိုးယုတ်သော မိစ္ဆာစွမ်းအင်များကို မှတ်မိလိုက်သည်။

ဝမ်ချောင်သည်ပင် အရိုးနတ်ဆိုးဘိုးဘေးနှင့် ဒဏ္ဍာရီတစ္ဆေဘိုးဘေးတို့က သူ၏နောက်ဖက်တွင် ကပ်ပါနေကြောင်း သိနိုင်သည်။ ဘိုးဘေး၅၀၀မဟာမိတ်မှ ထိုမိစ္ဆာလမ်းကြောင်းလျှောက်သည့် ခေါင်းဆောင်၃ယောက်က တစ်ချိန်ထဲတွင် ရောက်လာသည်။

1523 03

"ဘေးဖယ်နေ။ ငါ့ရဲ့လမ်းမှာပိတ်နေတဲ့လူတိုင်း သတ်ခံရမယ်"

ရေနတ်ဘိုးဘေး၏ကြမ်းတမ်းသောအသံကြီးက ပဲ့တင်ထွက်လာသည်။

ဗုန်း ဗုန်း ဗုန်း

ထို့နောက် ခပ်ကြမ်းကြမ်းတိုက်မိသံများကိုလည်း ကြားရသည်။ ထို့နောက် စူးရှသောသံများက ကပ်ပါသည်။ ဝမ်ချောင်တို့၏အဖွဲ့သည်လည်း လျှောက်လမ်းထဲမှပျံသန်းကာ လွင့်ထွက်လာသောသိုင်းပညာရှင်များကို မြင်လိုက်ရသည်။

ထို့နောက် သိပ်မကြာခင်အချိန်တွင်ပင် အပေါ်မှပြုတ်ကျနေသော အနက်ရောင်မီးခိုးလုံးများအကြားတွင် ကြီးမားသော နဂါးနက်ကြီး၏ခေါင်းက လမ်းကြောင်းထဲမှ ထွက်လာသည်။ ရေနတ်ဘိုးဘေးကလမ်းကြောင်းထဲက ထွက်လာပြီးနောက်ဘက်တွင် အရိုးနတ်ဆိုးဘိုးဘေးနှင့်ဒဏ္ဍာရီလာတစ္ဆေဘိုးဘေးက ကပ်ပါသည်။

မိစ္ဆာလမ်းကြောင်းလျှောက်သော ဘိုးဘေး၃ယောက်ထဲမှ မည်သူကမှသာမန်ထောင်လွှားမှုမျိုးကို ပိုင်ဆိုင်ထားကြသည်မျိုး မဟုတ်ပေ။ ပြောရလျှင်သူတို့သည် သူတို့၏အနောက်မှ ခြောက်ခြားဖွယ်ကောင်းသော အရာတစ်ခုက လိုက်နေသလိုမျိုး ကြောက်လန့်နေကြသည်။

"မကောင်းတော့ဘူး။ ရှေ့ကချောက်ကမ်းပါးပဲ"

အစောပိုင်းက ဝင်လာခဲ့သောသိုင်းပညာရှင်များသည်လည်း သူတို့၏အရှေ့မှ အောက်ခြေမဲ့သည်ဟု ထင်ရသော ချောက်ကမ်းပါးကြီးကိုမြင်သွားကာ အလန့်တကြား အော်ဟစ်ကြသည်။ ထိုသို့ဖြင့်ရတနာသိုက်၏အတွင်းပိုင်းက ဝရုန်းသုန်းကား ဖြစ်ကုန်လေသည်။

သို့တိုင်အောင်နော က်ထပ်များပြားသော သိုင်းပညာရှင်များက နောက်ထပ် ဝင်ရောက်လာကြလေသည်။ သူတို့အားလုံးကလည်းအနောက်ဘက်မှ အမဲလိုက်နေသလိုမျိုး ပြုမူနေကြ၏။

အစောပိုင်းဆုံး ရောက်ရှိနေခဲ့သောသူများဖြစ်သည့် ဝမ်ချောင်၊မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ အထီးကျန်တိတ်ဆိတ်ဘိုးဘေးနှင့် ဝူရှန်းရွားသူကြီးတို့ကမူ ယာယီအားဖြင့် မေ့လျော့ထားခြင်း ခံရသည်။

ဝုန်း

နောက်ပိုင်းမှ ဝင်ရောက်လာသောသူများက အတွင်းပိုင်းသို့ ဝင်ရောက်လာသည်။ ထိုအခိုက်အတန့်တွင် နောက်ထပ်စွမ်းအင်လှိုင်းတစ်ခုက သူတို့၏စောင့်ကြည့်နေသောဝန်းကျင်ထဲသို့ ရောက်လာသည်။

"စုန်ယွမ်ယွီ"

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက ရုတ်တရက် အော်လိုက်သည်။

ထိူလူ၏အရှေ့မှရောက်ရှိနေခဲ့သော သိုင်းပညာလောကထဲမှ ကျွမ်းကျင်ပညာရှင်တစ်ယောက်အနေနဲ့ အထီးကျန်တိတ်ဆိတ်ဘိုးဘေးသည်လဲ စုန့်ယွမ်ယွီ၏စွမ်းရည်ကို ဖော်ပြရန် ခက်ခဲလောက်အောင် ရင်းနှီနေသည်။ အမှန်အတိုင်းပြောရသော် လောကရှိမည်သူကမှ စုန့်ယွမ်ယွီ၏ ထာဝရနွေဦးမက်ထရာမှ ထူးခြားသောစွမ်းအင်တစ်မျိုးကို မတုပနိုင်လောက်ပေ။

"တကယ်ပဲ ဘာတွေဖြစ်နေတာလဲ"

ချက်ချင်းဆိုသလို ဝမ်ချောင်၊မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊အထီးကျန်တိတ်ဆိတ်ဘိုးဘေးနှင့် ဝူရှန်းရွာသူကြီးတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

အခြားသောသိုင်းပညာရှင်များကို ဘေးဖယ်ထားလိုက်လျှင်ပင် ရေနတ်ဘိုးဘေး၊အရိုးနတ်ဆိုးဘိုးဘေး၊ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့်စုန့်ယွမ်ယွီတို့ကို ထိုသို့အထိတ်တလန့် ထွက်ပြေးစေသောမိစ္ဆာက သာမန်လူ မလုပ်နိုင်လောက်ပေ။

တစ်ခဏခန့်ကြပြီးနောက် လျှောက်လမ်းထံမှ တင်းမာသည့်အော်သံကိုကြားရသည်။

"ဝင်္ကမ္ဘာပုံစံယူ"

ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များက လျှောက်လမ်းအတွင်းမှ ထွက်လာသည်နှင့်အမျှ ညာဘက်ခြမ်းသို့ ရွေ့လျားသည်။ အခြားသောသူများနှင့်တူညီစွာ သူတို့က ပေါ်ထွက်လာသည်နှင့် အစီစဥ်တကျ ဖြစ်နေသည်။

ဘမ်း ဘမ်း ဘမ်း

1523 04

အဖြူရောင်အလင်းက လက်သည်။ လျှောက်လမ်းထဲမှ စွမ်းအင်မုန်တိုင်းနှစ်တန်းက ဝင်ရောက်လာပြီး ပိုင်ရှင်နှစ်ယောက်က ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်အဖွဲ့ရဲ့အရှေ့သို့ ဆင်းသက်လာသည်။

"အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ ခုနှစ်သွယ်သုတ်သင်ခြင်းဝင်္ကမ္ဘာကိုသုံး "

စုန့်ယွမ်းယွီနှင့် ရှန့်ကွမ်းထင်တို့က ဘေးချင်းယှဥ်ကာ ရပ်နေကြသည်။ သူတို့၏မျက်နှာက မမြင်ဖူးသော ပုံသဏ္ဍာန်မျိုးအတိုင်း တင်းမားနေသည်။ သူတို့၏မျက်လုံးများကလည်း ဝမ်ချောင်နှင့်မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကို တစ်စက္ကန့်ပင် ပြည့်အောင်မကြည့်ပဲ လျှောက်လမ်းကို ပြန်လည်အာရုံစိုက်သည်။

ဝမ်ချောင်၏နှလုံးသားက ချက်ချင်းလေးလံသွားသည်။

သူသည်လည်း စုန့်ယွမ်ယွီ၏ အကျင့်စရိုက်ကိုသိသည်။ ထိုလူတွင် ဖော်ပြရန်ခက်ခဲလောက်အောင် ခေါင်းမာလွန်းသောအမျိုးသား ဖြစ်သည်။ အနောက်မြောက်ပိုင်းသို့ရောက်ရှိကာ မြေကမ္ဘာထဲသို့ ထိုးဆင်းလာခဲ့သည့် လမ်းတောက်လျှောက် ထိုအမျိုးသားသည် ဝမ်ချောင်နှင့်မစ္ဆာဧကရာဇ်လူအိုကြီးမာန်ကို မည်သည့်နည်းလမ်းနှင့်မဆိုသတ်ဖြတ်ရန် ဆုံးဖြတ်ချက် ချထားပုံရသည်။

သို့သော် သူဟာ ဝမ်ချောင်ကိုမြင်သည်။ သို့သော် မရပ်တန့်သွားခဲ့ချေ။ ထိုသူက လျှောက်လမ်းကိုပင် ချက်ချင်းဦးပြန်လှည့်ကြည့်သည်။ ဆိုလိုသည်မှာထိုနေရာမှ ကြီးမားလွန်းသော အန္တရာယ်ကြီးက မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကို သတ်ရမည့်ကိစ္စထက် ပို၍အရေးကြီးနေပုံ ရသည်။

ဘမ်း

ဝမ်ချောင့်၏စိုးရိမ်မှုကို တုံ့ပြန်သည်လားမသိ လျှောက်လမ်းအတွင်းမှ ပေါက်ကွဲသံ ထွက်လာသည်။ ပြင်းထန်သော သိပ်သည်းသောစွမ်းအားတစ်ရပ်က ဝင်ရောက်လာသည်။

ဟိုးနောက်ဆုံးမှ ၁၀ယောက်ကျော်ကျော်ခန့်ရှိသော သိုင်းပညာရှင်များက စွမ်းအင်လှိုင်းဖြင့် မိသွားလေပြီးငယ်သံပါ‌ေအာင်‌ ေအာ်ဟစ်ရင်းလေထဲသို့ လွင့်ပါသွားသည်။

ခွပ် ခွပ်

ထိုသိုင်းပညာရှင်များကမြေပြင် သိုမဟုတ် လူအုပ်ထံသို့ ရောက်ရှိလာသည်နှ င့်ကြေမွ‌ေနကြသည်။ အသွေးအသားများက တစ်ပိုင်းတစ်စဖြစ်သည်အထိ ပေါက်ကွဲသွားကာ ခြေပြတ်လက်ပြတ်များ ဖြစ်ကုန်သည်။ အောက်ဘက်သို့ရောက်ခြင်း သို့မဟုတ် လူအုပ်ကို ထိသွားသည့်အခိုက်အတန့်တွင်ပင် အလောင်းက အ‌ေကာင်းအတိုင်း မကျန်ရစ်တော့ပေ။

"အား!"

လူအုပ်ကလည်း ကစဉ့်ကလျားဖြစ်ပြီး အလန့်တကြား ထအော်ကြသည်။ မရေမတွက်နိုင်သော သိုင်းပညာရှင်များ၏ မျက်နှာက ဖျော့တော့ကုန်ပြီး နောက်ဆုတ်ကုန်ကြသည်။ ထိုသို့ဖြင့် လေထဲတွင် အလွန်အမင်း ခြောက်ခြားဖွယ်ကောင်းကာ မသက်မသာဖြစ်စေသည့် အခြေအနေမျိုးကပေါ်ပေါက်လာသည်။

"ဟား ဟား မင်းတို့ထဲက ဘယ်သူကမှ အရှင်လတ်လတ်ထွက်သွားလို့မရဘူး"

အေးစက်ကာ ဆိုးယုတ်သည့်ရယ်သံ၊ ခံစားချက်ကင်းမဲ့သော အသံတစ်သံက လျှောက်လမ်းထဲမှ ထွက်လာသည်။

ဗုန်း

တစ်ခဏခန့်ကြာပြီးနောက် နောက်ထပ်အလောင်းတစ်လောင်းကလည်း လျှောက်လမ်းထဲမှထွက်လာကာ မသက်မသာဖြစ်နေသည့် လူအုပ်ကို လာရိုက်ပြန်သည်။

ချိန်း

ထိုသို့ဖြင့် အော်ဟစ်သံများက လုံးတက်နေသော ဖုန်မှုန့်များအကြား မရေမတွက်နိုင်သော လူပေါင်းများစွာကလည်း ထိုအလောင်းကြောင့် လွင့်ထွက်ကုန်၏။

ပေ၁၀၀ကျော်ကျော်ခန့် လွင့်ထွက်သွားပြီးနောက်တွင် ချောက်ကမ်းပါးထဲမှ ပြုတ်ကျမလိုဖြစ်ပြီးမှသာ အလောင်းကရပ်သွားသည်။

ဝမ်ချောင်သည် လျှောက်လမ်းအတွင်းက ဘယ်ဘက်ခြမ်းတွင် ရပ်နေခြင်းဖြစ်ပြီး အလောင်းက သူ့ကိုဖြတ်သန်းသွားသောအခါ ဝမ်ချောင်ကလည်း အလျံတညီးညီး တောက်လောင်နေသော စွမ်းအင်ကို ခံစားမိလိုက်သည်။ သို့သော် ဘာကိုမှ မခံစားမိတော့ပေ။

ထိုသို့လုပ်ထားသောသူသည် သူမျှော်လင့်ထားသည်ထက် အင်အားကြီးမားလွန်းပြီး ကြောက်စရာ ကောင်းနေပေသည်။

သို့ရာတွင် ဝမ်ချောင်က အလောင်းကို လှည့်ကြည့်လိုက်ပြီးနောက် သူ‌၏မျက်နှာက ဖြူဖျော့သွားရသည်။

******

အခန်း_၁၅၂၄

ဒုတိယမျိုးဆက် ဆက်ခံသူ

ဝမ်ချောင်၏မျက်လုံးက ပြူးကျယ်သွားပြီး ဟန်ချက်ပျက်သွားသည်။ လမ်းကြောင်းထဲမှ ပစ်ထုတ်လိုက်သောထိုအလောင်းက မျက်နှာကို မမြင်နိုင်လောက်အောင် ပျက်စီးနေသည့်တိုင်အောင် ဝမ်ချောင်သည်လည်း အနောက်ပိုင်းဟန်မင်းဆက်ဝတ်စုံကို အနည်ငယ်တော့ မှတ်မိနေသေးသည်။

ချွင်

လျှောက်လမ်းထဲမှဓါးတစ်လက်အလား ထက်ရှသည့်အလား အေးစက်သော အလင်းတန်းကဝင်ရောက်လာပြီးနောက် ပလ္လင်ပေါ်သို့ ပြုတ်ကျသည်။ ထိုအရာကို မြင်လိုက်ပြီးနောက် ဝမ့်ချောင့်နှလုံးသားကပို၍လေးလံသွားသည်။

ဒါကဒုတိယမျိုယဆက် ဆက်ခံသူရဲ့ဓါးပဲ

ဝမ်ချောင်သည်လည်း မြေအောက်နန်းတော်မှ ဖြတ်သန်းလာခဲ့သည့်အချိန်က ထိုဓါးနှင့်အလွန်ပင်နီးကပ်နေခဲ့သည်။ ထို့ကြောင့် ဓါး၏လက်ကိုင်က မည်သို့ပုံသဏ္ဍာန်ရှိကြောင်း ၊အပေါ်ယံက မည်သို့သောပုံစံဖြစ်ကြောင်း မှတ်မိနေခဲ့သည်။ အလောင်း၏မျက်နှာကို မြင်နိုင်ခဲ့ခြင်းက သူ့အားအခြေအနေအချို့ကို သေချာစေခဲ့လျှင် ယခုမူ ထိုဓါးကိုမြင်လိုက်ပြီးနောက် ပို၍သေချာသွားသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ဝမမ်ချောင်၏စိတ်က လှုပ်ခါသွားသည်။ သူသည် ရုတ်တရက် ထိုလူအုပ်က မည်မျှအထိ ကြောက်လန့်နေကြောင်း မြင်လိုက်သည်။ ထို့ပြင် သာမန်သိုင်းပညာရှင်များကလည်း ဒီနေရာသို့ အခက်အခဲမရှိ ဝင်ရောက်နိုင်ခဲ့ပုံကို နားလည်လိုက်သည်။

သူတို့ပဲ....

ဝမိချောင်၏စိတ်ထဲတွင် အတွေးတစ်ချက်က လက်သွားသည်။

ဒုတိယမျိုးဆက်ဆက်ခံသူက သိမ်မွေ့နယ်မြေသို့ ရောက်ရှိနေပြီးသားဖြစ်ပြီး မူလသိမ်မွေ့ နယ်မြေမှကျွမ်းကျင်ပညာရှင်များကပင် သူ့ကို ရင်မဆိုင်နိုင်အောင် ဖြစ်စေသည်။ လေးစားဖွယ်ကောင်းသော မူလအမရနတ်သိုင်းကို တတ်မြောက်ထားသည်။ ပြီးတော့ ဒီဂူများထဲတွင် ဒုတိယမျိုးဆက် ဆက်ခံသူကိုဖျက်ဆီးနိုင်သော အင်အားကြီးတစ်ခုသာ ရှိသည်။

သူတို့ပဲ!

ဝှစ်

တစ်ခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏အတွေးများကို အဖြေပြန်ပေးလိုက်သကဲ့သို့ ကြီးမားသောလျှောက်လမ်းအတွင်းမှ လူတစ်အုပ်က ထွက်လာသည်။

အခြားသောသိုင်းပညာရှင်များနှင့်မတူသည်မှာ ထိုလူအုပ်၏မျက်နှာများကြမ်းတမ်းကာ ယုံကြည်မှုအပြည့်ရှိနေသော မျက်နှာထားမျိုးနှင့်ဖြစ်သည်။

"သတိထား"

"သူတို့ လိုက်လာပြီ"

အနက်ရောင်ဝတ်စုံနဲ့လူအုပ်ကို မြင်လိုက်ခြင်းက လူတသစ်အုပ်လုံးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။ မသက်မသာဖြစ်စေသော လေထုအခြေနေမျိုးတွင် သိုင်းပညာရှင်များသည် မျက်လုံးပြူးကျယ်ရင်း တံတွေးမြိုချကာကြည့်နေကြသည်။ သူတို့၏နှဖူးက ချွေးစေးများကစီးကျနေပြီး ပို၍ ကြောက်ရွံ့မှုကိုလဲအထင်းသား ဖော်ပြထားကြသည်။

ဝမ်ချောင်က ဘာစကားမှမဆိုပေ။ မျက်နှာက တင်းမာနေသည်။

ပြသနာက သိသာသည်။ အချိန်က ထိုမျှထိကုန်လွန်သွားပြီးနောက်တွင် အနက်ရောင်ဝတ်ထားသည့်လျှို့ဝှက်ဆန်းကျယ်သော အင်အားကြီးမားသောလူများက နောက်ဆုံးတွင် အတွင်းပိုင်းသို့ ရောက်ရှိလာပြီဖြစ်သည်။ ဝမ်ချောင်က ထိုလူများကို ပထမဦးဆုံးအကြိမ်တွေ့ ကြုံဖူးခြင်းဖြစ်မဟုတ်ပေ။ ထိုကြောင့် ထိုလူများ ကမည်မျှထိ ရက်စက်ပြီးကြမ်းတမ်းကြောင်း သိနေသည်။

သို့သော် အရေးကြီးဆုံးအချက်က သူတို့၏ကြောက်စရာကောင်းသောအင်အား ဖြစ်သည်။

ဒီနေရာကထွက်ဖို့ ပိုပြီးခက်တော့မယ်။

ဝမ်ချောင်က စိတ်ထဲတွင် တင်းမာစွာရေရွတ်သည်။

1524 02

ထိုအခိုက်အတန့်တွင်...

ဝုန်း

လျှောက်လမ်းထဲတွင် ကြီးမားသောစွမ်းအင်၃ခုက ပေါ်ထွက်လာပြီးနောက်တွင် အရောင်တောက်ပလွန်းသော နေမင်းကြီးတစ်ခုအလား ဖြောင့်မတ်ကာ မှင်သက်ဖွယ်ကောင်းသော အလင်းတန်းမျိုးအသွင် ဝင်ရောက်လာသည်။

ယခုလိုအမြူတေပတ်ဝန်းကျင်တွင် ေမြာက်များလှစွာသော ထောင်ချောက်များနှင့် အန္တရာယ်များရှိနေပြီး ထိုနေရာတွင် ကျော်နင်းနိုင်သောသူများက ကျွမ်းကျင်ပညာရှင်များ ဖြစ်သည်။ သို့သော် ထိုစွမ်းအင်၃ခုကပင် လူတိုင်းကို ပုရွက်ဆိတ်များအလား ခံစားရစေသည်။

ဗုန်း

မြေကမ္ဘာကလှုပ်ခါသွားချိန်တွင် ပုံရိပ်ကြီး၃ခုတစ်ခုက ယုံကြည်မှုရှိစွာ လျှောက်လာသည်။ သူတို့၏လှောင်ပြုံးများ ပြည့်နှက်နေသော မျက်ဝန်းတစ်စုံက ရွှေရောင်မျက်နှာဖုံးများအောက်မှ ထင်းထွက်နေ၏။ ထို့သို့ဖြင့် သေမျိုးလောကသို့ နတ်ဘုရားများ ဆင်းသက်လာသကဲ့သို့ပင် သူတို့ဟာ လျှောက်လမ်းထဲမှပေါ်ထွက်လာပြီးနောက်တွင် လူအုပ်၏အရှေ့သို့ ရောက်လာ၏။

ထို၃ယောက်က လွှတ်ထုတ်ထားသည့် မမြင်ရသောဖိအားက လေထုကိုပင် ခဲသွားစေပြီး အားလုံး၏ကိုယ်ပေါ်သို့ တောင်တန်းများအလား စီးကျလာသည်။

စုန့်ယွမ်ယွီ ရှန့်ကွမ်းထင် ရေနတ်ဘိုးဘေး အရိုးနတ်ဆိုးဘိုးဘေးနှင့် ဒဏ္ဍာရီလာတစ္ဆေဘိုးဘေးတို့ကပင် သတိအပြည့် ကပ်ထားကြသည်။ သူတို့သည် ပထမဦးဆုံးအကြိမ်အဖြစ် တောင့်တင်းနေသောအမူအရာမျိုးကို ပြသကြသည်။

လူ၃ယောက်ပဲ။

နတ်ဘုရားကဲ့သို့မျက်နှာဖုံးတပ်ထားပြီးရွှေအောင်အလင်းများနှင့်ထိုလူ၃ယောက်က ဝမ်ချောင် မိစ္ဆာဧကရာဇ်လူအိုကြီးမာန် ဝူရှန်းရွာသူကြီးနှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့အား အံ့အားသင့်မှုဖြင့် တုန်လှုပ်စေသည်။ ဝမ်ချောင်သည် ထို၃ယောက်ထဲမှ၁ယောက်နှင့် တိုးခဲ့ဖူးသည်။ ရွှေရောင်လက်တစ်စုံကို အသုံးပြုသည့် သမင်မျက်လုံး၃လုံး မျက်နှာဖုံးနှင့်အတူရှိနေသော လူက မူလအမရဝင်္ကမ္ဘာပတ်ဝန်းကျင်မှ အကာအကွယ်အလွှာကိုဆုတ်ဖြဲခဲ့သေးသည်။

ထိုလူ၏မျက်လုံးကစူးရှပြီးအေးစက်သည်။ သူ၏ခန္ဓာကိုယ်က ဖျက်ဆီးခြင်းစွမ်းအားပြင်းထန်သော အဆင့်မြင့်စွမ်းအားမျိုးနှင့်တောက်ပနေသည်။ သူသည်ရှင်းလင်းစွာပင် သိမ်မွေ့ နယ်မြေမှ ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင် ဖြစ်လေသည်။

တစ်ယောက်ယောက်က သိမ်မွေ့နယ်မြေသို့ ရောက်ရှိသွားသောအခါ ထိုသို့သောကျွမ်းကျင်ပညာရှင်အမြောက်အများ၏အထက်တွင် ရပ်တည်နိုင်သော တည်ရှိမှုမျိုးဖြစ်ပြီး အထွတ်အထိပ်မဟာဗိုလ်ချုပ်ကြီးများပင် ပါေသးသည်။

တစ်စုံတစ်ယောက်ဟာ ကောင်းကင်ဘုံတွင် ရပ်နေချိန်တွင်အခြားသောသူများက မြေကမ္ဘာပေါ်တွင် ရပ်နေချိန်ကဲ့သို့ဖြစ်သည်။ ဝမ်ချောင်တို့၏အဖွဲ့ကမူ အင်အားချင်းခြားနားမှုကို ကောင်းမွန်စွာနားလည်သည်။

သမင်မျက်လုံး၃လုံး မျက်နှာဖုံးတပ်ထားသောသူက တိုင်းတာရန်ခက်ခဲေသာ အင်အားမျိုးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူသည် ဒုတိယမျိုးဆက်ဆက်ခံသူထက် အားမနည်းနိုင်ပေ။ အခြားနှစ်ယောက်ကတော့....

တစ်ယောက်က အနက်ရောင်ဦးချို၄ခုထွက်နေသော ရွှေရောင်ဆိတ်မျက်နှာဖုံးကို တပ်ဆင်ထားသူဖြစ်ပြီး အခြားသောတစ်ယောက်ကမူ ရွှေနီရောင်ကျားမျက်နှာဖုံးများကို ဝတ်ဆင်ထားသည်။ သူတို့နှစ်ယောက်လုံးက မိစ္ဆာများကဲ့သို့ အရှိန်အဝါကြီးမြတ်ကာ လျှို့ဝှက်ဆန်းကြယ်သည်။

ဆိတ်မျက်နှာဖုံးနဲ့သူက မျက်လုံး၃လုံးပါ သမင်မျက်နှာဖုံးကို ဝတ်ဆင်ထားသူထက် အားနည်းသည်။ သို့သော် ကျားမျက်နှာဖုံးတပ်ထားသောသူကမူ ထိုနှစ်ယောက်လုံးထက် ပို၍ကြောက်မက်ဖွယ် ကောင်းလွန်းသည်ဟု ထင်သွားမိစေသည်။ အကန့်အသတ်မဲ့အောင် ကျယ်ပြောသောစွမ်းအင်ပင်လယ်ကြီးကို ပိုင်ဆိုင်ထားပုံရလေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် အလယ်မှသူ၏နေရာအရ ထိုကျားမျက်နှာဖုံးနှင့်လူသည် မြောက်များသောအင်အား ပိုင်ဆိုင်ထား၍ သမင်မျက်နှာဖုံးနှင့်လူထက် အဆင့်မြင့်ကြောင်း သိနိုင်သည်။

သမင်မျက်နှာဖုံးနှင့်လူသည် ကိုင်တွယ်ရခက်နေပြီးသားဖြစ်သည်။ ဝမ်ချောင်သည်ပင် ထို့ထက်အင်အားကြီးမားသောသူမျိုးက ပေါ်လာမည်ဟုမထင်ထားမိပေ။

ဝမ်ချောင်၏နှလုံးသားက လေးလံလာပြီးနောက် သူ၏မျက်နှာကလည်း ရှုံ့မဲ့လာသည်။

1524 03

"တစ်ယောက်မှ မလွတ်စေနဲ့"

ရွှေနီရောင်ကျားမျက်နှာဖုံးနှင့်လူက ရုတ်တရက် ထပြောသည်။ သိပ်သည်းသောစွမ်းအင်များက ထိုနေရာပေါ်သို့ ဖိချလာပြီးနောက်တွင် စုန့်ယွမ်ယွီ ရေနတ်ဘိုးဘေးနှင့်အခြားသော သိုင်းပညာရှင်လောကမှ ထိပ်တန်းကြီး၃ယောက်၏မျက်နှာက ဖြူဖျော့သွားသည်။

သူက ထိုသို့ပြောပြီးသည်နှင့် မရေမတွက်နိုင်သော အနက်ရောင်ဝတ်စုံနှင့်လူများက ထိုးထွက်လာသည်။ အသိသာဆုံးက ဝါးဦးထုပ်နှင့်လူ၃ယောက် ဖြစ်သည်။ သို့သော်သူတို့အပြင် အလားတူသောအင်အားမျိုးကို ပိုင်ဆိုင်ထားသောနောက်ထပ်လူ ၄ယောက်၅ယောက်ခန့် ရှိနေသည်။

"သွားပြီ ငါတို့တော့ သေပြီ"

"တကယ်ပဲ သူတို့က ဘယ်သူတွေလဲ ဘာလို့ဒီလိုလုပ်တာလဲ"

"မဟုတ်ဘူး။ ငါ ဒီမှာသေလို့မရဘူး။ တိုက်ခိုက်ရအောင်"

လူအုပ်ထဲတွင်ကြောက်ရွံ့ မှုနှင့် စိတ်ပျက်အားငယ်မှုက ပျံ့နှံ့နေသည်။ မရေမတွက်နိုင်သော သိုင်းပညာရှင်များကလည်း လျှောက်လမ်းတလျှောက် နောက်ဆုတ်ပြေးရန်ကြိုးစားသည်။

"မျိုးမစစ်ကောင် ဘယ်လိုနည်းနဲ့မဆို မင်းတို့ကို အောင်မြင်ခွင့်မရှိဘူး"

အတွင်းပိုင်းမှ အေးစက်သောလူကြီးတစ်ယောက်၏အော်ဟစ်သံက ပေါ်ထွက်လာသည်။ ထိုအသံက အလွန်အမင်းစူးရှကာ သိသာထင်ရှားလွန်းသည်။ လူအုပ်က လှမ်းကြည့်လိုက်သောအခါ ကျားမျက်နှာဖုံးနှင့် လူကလက်မောင်းကို လေထဲသို့မြောက်ထားကြောင်း မြင်ရသည်။ သူ၏လက်ချောင်းများက အသက်လတ်ပိုင်းအရွယ်ရှိသည့်လှပသောအမျိုးသမီးတစ်ယောက်၏လည်ပင်းကို ကုတ်ဆွဲထားသည်။

ထိုအမျိုးသမီး၏ဆံပင်များကရှုပ်ပွနေပြီး အမူအရာကလဲ အလွန်အမင်းနာကျင်နေပုံ ရသည်။ သို့သော် သူမ၏မျက်လုံးက မုန်းတီးမှုများ ပြည့်နှက်နေသည်။

သူမပဲ

ဝမ်ချောက်သည်အစပိုင်းတွင် သူမကိုမမှတ်မိပေ။ သို့သော် ရင်းနှီးကျွမ်းဝင်သော အဖြူရောင်ဝတ်စုံကြောင့် သူမဟာ မည်သူဖြစ်ကြောင်းချက်ချင်းသိလိုက်သည်။ ထိုကျားမျက်နှာဖုံးနှင့်လူက ဖမ်းမိထားသောအမျိုးသမီးကလည်း မူလအမရရွာသူကြီး ဖြစ်လေသည်။

သူမ ယခင်ကဝတ်ဆင်ထားသည့် ရွှေရောင်မျက်နှာဖုံးက ပျောက်ကွယ်သွားသည်မှာကြာပြီဖြစ်သည်။

သူမ၏အမောတကောဖြစ်နေသော အသက်ရှုသံအရ အလွန်အမင်း အားနည်းသော အခြေအနေမျိုးတွင်ရှိနေကြောင်း သိသာသည်။ သူမနှုတ်ခမ်းဖောင့်မှ သွေးများက စီးကျနေပြီး သူမသည် နှိပ်စက်ခံထားရပုံ ပေါ်သည်။

မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူမ ကသူတို့ရိုက်ချက်ကြောင့် ကျသွားတာပဲ။

ဝမ်ချောင်က မျက်ခုံးပင့်သည်။ သူမြေအောက်မြစ်ထဲတွင်ရှိနေချိန်က အသက်သွင်းခဲ့သောကြီးမားသည့်စက်ကိရိယာကြီး၏ ကောင်းကင်တံတိုင်း သုံးမြှောင့်ပုံ၏တုန်ခါပုံကို ကြားခဲ့ရသေးသည်။ သူ့ဘက်က ထိုသို့ကြိုးကိုင်ခံထားရသည့်တိုင်အောင် ထိုမျက်နှာဖုံးနှင့်လူ၃ယောက်၏ဖမ်းဆီးခြင်းကို ခံခဲ့ရလေ၏။ ကြည့်ရသည်မှာ သူမက သူတို့ကို တန်ကြေးကြီးကြီး ပေးဆပ်ခိုင်းခဲ့ပုံရသည်။

"ဟွန်း အရူးမ ! မင်းကို စကားထုတ်ပြောအောင် ငါတို့မှာနည်းလမ်းတွေ အများကြီးရှိတယ်"

ဂျိုလေးခုပါသောဆိတ်မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်နှင့်လူကအေးစက်ကာ ဆိုးယုတ်သောအသံနှင့် ပြောသည်။

"မင်းက မင်းရဲ့အဲဒီစက်တွေအားလုံးကိုသုံးပြီး ငါတို့ကို ရပ်တန့်ဖို့ ကြိုးစားကြည့်ရင်တောင်မှ အဆုံးသတ်မှာ။ ငါတို့က ဒီနေရာကို ရောက်လာသေးတာပဲ။ ငါတို့လိုချင်တဲ့အရာရဲ့တည်နေရာကို မင်းပါးစပ်က ထုတ်ပြောလာအောင် မလုပ်နိုင်ဘူးလို့ ထင်မနေနဲ့"

"လာ! ဖမ်းထားတဲ့ မူလအမရရွာသားတွေကို ခေါ်လာခဲ့စမ်း ! "

ဆိတ်မျက်နှာဖုံးနှင့်လူက အနောက်ဘက်သို့ လက်ဟန်အမူအရာပြလိုက်သည်။ ထိုအရာကြောင့် အနက်ဝတ်စုံနှင့်လူများကလည်း မူလအမရရွာသားများ၇ယောက်၊၈ယောက်ခန့်ကို ဆွဲခေါ်လာကြသည်။ အချို့ကမူအတော်လေး အသက်ကြီးသည်။

1524 04

ခရက်

အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်သည်စကားတစ်ခွန်းပင်မဆိုလေပဲ သူ၏ဆေးလ်ဗားဓါးကို လွှဲရမ်းချလိုက်ပြီး လူတစ်ယောက်ကို ခေါင်းဖြတ်ပစ်လိုက်သည်။ အလောင်းက မမျှော်လင့်ဘဲ ပြုတ်ကျသွားပြီး သွေးများက ပန်းထွက်လာသည်။

"မျိုးမစစ်ကောင်တွေ! နင်တို့မျိုးမစစ်တွေ! ငါ နင်တို့ကို ဒီအတိုင်း ထွက်သွားခွင့်မပေးဘူး!!"

မူလအမရရွာသူကြီးက ရူးသွပ်သွားပုံရပြီး သူမ၏မျက်လုံးက ပြူးကျယ်လာပြီးနောက် ခပ်ကြမ်းကြမ်း ရုန်းကန်ကာ ကျိန်ဆဲသည်။

"နဲနဲလောက် ထပ်သတ်လိုက် လူကြီးတွေပါသတ်!"

သမင်မျက်နှာဖုံးနှင့်လူကလည်း အမိန့်ပေးသည်။ သူ၏အသံက ပို၍အေးစက်ပြီး ရက်စက်သေးသည်။

အနက်ရောင်ဝတ်စုံနှင့်လူ၄ယောက်က ချက်ချင်းဆိုသလို ထွက်လာသည်။ မူလအမရရွာသားတစ်ယောက်၏နံဘေးမှာ သွားရပ်သည်။

"မျိုးမစစ်တွေ နင်တို့မျိုးမစစ်တွေ ငါတို့သရဲတွေဖြစ်သွားရင်တောင် နင်တို့ကိုအလွှတ်မပေးဘူး"

မူလအမရရွာသားများက ကျိန်ဆဲကြသည်။ သူတို့၏မျက်လုံးက မုန်းတီးမှုဖြင့် တောက်လောင်နေကြကာ သူတို့ဟာ အသားကုန်အင်အားသုံး ရုန်းကန်သည်။ သို့သော် သူတို့၏စွမ်းအင်များက ပိတ်လှောင်ခံထားရလေရာ ထွက်ပြေးနိုင်စွမ်းရှိမရှိပေ။

ခရက်

မူလအမရရွာသား၃ယောက်က ထပ်ပြီးအသတ်ခံရသည်။ သူတို့ခန္ဓာကိုယ်များက မြေပြင်ပေါ်သို့ လိမ့်ကျပြီးနောက် သွေးအိုင်ထဲတွင်မြုပ်သွားသည်။

"အခုမင်းရဲ့အလှည့်ပဲ"

ဝါးဦထုပ်နဲ့လူ၃ယောက်နှင့်အတူရပ်နေသော ကျွမ်းကျင်ပညာရှင်တစ်ယောက်က အဖြူရောင်မုတ်ဆိတ်မွှေးနှင့်မူလအမရအကြီးအကဲထံသို့ လျှောက်သွားသည်။ သူဟာ အကြီးအကဲ၏လည်ပင်းထံသို့ ဓါးကိုလွှဲရမ်းလိုက်ပြီးနောက်တွင် ထက်ရှသောဓါးအစွန်းက သွေးများပန်းထွက်လာစေသည့် ဒဏ်ရာတစ်ခုကို ပေါ်ထွက်လာစေသည်။

"ဒုက္ခအများကြီး ခံနေစရာမလိုပါဘူး။ သူမက စကားမပြောကတည်းက မူလအမရရွာသားတွေအားလုံးကို သတ်လိုက်ရောပေါ့။ မူရအမရမျိုးဆက်ကလည်း ဒီလောကမှာ ထပ်ရှိနေစရာ မလိုတော့ဘူးလေ"

လွှမ်းမိုးမှုများ ပြင်းထန်ကာ မင်းမူလွန်းသော အရှိန်အဝါစွန်းထင်းနေသော တင်းမာကာထည်ဝါသည့် အသံတစ်သံက ထွက်လာသည်။ ပြောလိုက်သူက ကျားမျက်နှာဖုံးနှင့်သူဖြစ်သည်။

သူဟာ ကျောဘက်သို့ လက်တစ်ဖက်ပို့ထားပြီးထိုနေရာတွင် ရပ်ရုံသာရပ်နေသေးသည်။ သူ၏ထောင်လွှားကာ မင်းမူလွန်းသောပုံရိပ်ကြီးကပင် ကောင်းကင်ဘုံ၏ထောက်တိုင်ကဲ့သို့ ခံစားရစေသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ လွှတ်ထုတ်ထားသော စွမ်းအင်မုန်တိုင်းကလည်း ဖိနှိပ်စွမ်းအား ပြင်းထန်လွန်းသဖြင့် အသက်ရှုရန်ပင် ခက်ခဲစေသည်။

******

အခန်း_၁၅၂၅

"ဟုတ်ကဲ့"

အနက်ရောင်ဝတ်စုံနှင့်လူများက ဦးညွှတ်ပြီးနောက်

မူလအမရရွာသားများထံ လျှောက်သွားကာ အားလုံးကို ကွပ်မျက်ရန်ကြံစည်သည်။

"နောက်ပြီး ငါတို့နောက်ကနေ ပုရွက်ဆိတ်အချို့ လိုက်လာတဲ့ပုံပဲ။ စိတ်အမရပေါင်းပင်တွေကိုဖျက်ပြီး အမြစ်ကိုနှုတ် ဒီတာဝန်ကတော့ မင်းဆီပဲ လွှဲထားလိုက်တော့မယ်"

ကျားမျက်နှာဖုံးနှင့်လူက ဆက်ပြောသည်။ စကားလုံးများက ကုလားအုပ်၏ကျောပေါ်မှ ကောက်ရိုးအမျှင်ကို ဆွဲဖြတ်လိုက်သလို ဖြစ်လေသည်။

"သားရဲကောင် မင်းက သောက်ကျိုးနဲသားရဲကောင်ပဲ။ ဟမ်... ငါနင့်ကိုပြောမယ်...သူတို့ကို လွှတ်ပေးလိုက် ငါအားလုံးကို ပြောပြပေးမယ်! "

မူလအမရရွာသူကြီးက ဒေါသတကြီး ထအော်သည်။ သူမ၏ဟိတ်ဟန်အမူအရာက လုံးဝပျက်သွားပြီဖြစ်၏။

အနက်ရောင်ဝတ်စုံနှင့်လူများသည် အရက်စက်ဆုံးနှင့် ဆုံးဖြတ်ချက်အပြတ်သားဆုံး လုပ်ကြံသတ်ဖြတ်သူများ ဖြစ်သည်။ အမိန့်ပေးပြီးသည်နှင့်သူတို့သည်လည်း တစ်ယောက်ကိုမှ လွှတ်ပေးတော့မည်မဟုတ်ပေ။

ကျားမျက်နှာဖုံးနှင့်လူကအမိန့် ကိုဆက်ပြီးထိန်းထားသေးသမျှ မူလအမရရွာသားများသည်လည်း ဒီလောကမှ ပျောက်ကွယ်ရပေလိမ့်မည်။

"မျိုးမစစ်တွေ နင်တို့ထဲက ဘယ်သူမှ အဆုံးသတ် မကောင်းစေရဘူး"

စူးရှသောအသံကလေထုထဲတွင် ဟိန်းထွက်သွားသွားသည်။

ဝုန်း

တစ်ခဏခန့်ကြာပြီးနောက် ကျားမျက်နှာဖုံးနှင့်လူက ဒေါသတကြီးဖြစ်နေသော မူလအမရရွာသူကြီးကို အပေါ်ဘက်သို့ ပြန်လည်မြှောက်တင်လိုက်ပြီး သူ၏ရွှေရောင်မျက်နှာဖုံးနှင့် လက်မတစ်ဝက်ခန့်သာ ဝေးကွာသောနေရာသို့ အတင်းဆွဲကပ်လိုက်သည်။

"အရူးမ! နတ်တစ်ပါးကို ဆဲရေးနေတယ်ဟုတ်လား! ငါတို့အတွက် သေခြင်းကဘာအဓိပ္ပါယ်မှမရှိဘူး။ ငါသိချင်တာကိုပဲပြော!"

ကျားမျက်နှာဖုံးနှင့်လူက အေးစက်စွာ ပြောသည်။ သူပြောလိုက်ချိန်တွင် သူ၏ကိုယ်ထဲမှပြင်းထန်သော စိတ်စွမ်းအင်က ထိုးထွက်သွားပြီးနောက်တွင် မူလအမရရွာသူကြီး၏စိတ်နှင့် ဆက်သွယ်လိုက်လေသည်။

တစ်ခဏခန့်ကြာပြီး ကျားမျက်နှာဖုံးနှင့်လူက ထိုရွာသူကြီးအား မြေပြင်ပေါ်သို့ ကောက်ပစ်လိုက်သည်။

"ဟွန်း ငါသာ ဒါကို အစောကတည်းကသာ သိထားရင် ငါ ဒါတွေအားလုံး လုပ်မနေပါဘူး"

ဝုန်း

သူဟာ လက်ညှိုးတစ်ချောင်း ညွှန်လိုက်ပြီးနောက် အလင်းကလက်လာသည်။ အလွန်အမင်း သိပ်သည်းလွန်းသဖြင့် ရွှေရောင်အမှုန်အမွှား သေးသေးလေးပေါင်းများစွာ စုစည်းထားသည်ဟုထင်ရသော ရွှေနီရောင် ကြယ်တာယာ စွမ်းအင်ကြောင်းတစ်ခုက လေထဲတွင် ပေါ်ထွက်လာပြီးစတင်ကာ အသွင်အပြင် ပြောင်းလဲသည်။ မျက်တောင်တစ်ခတ်အချိန်အတွင်းတွင်ပင် အချင်းအားဖြင့်၂မီတာခန့်ရှိသော မူလအမရ သင်္ကေတတစ်ခုအဖြစ်ပုံပေါ်လာပြီး လေထဲတွင် ဖြေးညင်းစွားလှည့်ပတ်နေသည်။

ဝုန်း

ကျားမျက်နှာဖုံးနှင့်လူက လက်ကိုဆန့်ထုတ်လိုက်ပြီး မူလအမရပုံရိပ်ထံသို့ လှမ်းဖိထားလိုက်သည်။ ရုတ်တရက် လေထုကဖောင်းပွပြီး မြေပြင်က မြည်ဟည်းသည်။ မျက်နှာကျက်ပေါ်မှ ဖုန်မှုန့်များကျောက်သားများက ဆင်းသက်လာပြီးနောက်တွင် သိပ်သည်းသော မြူထုကလဲစတင်ကာ ပြေလျော့လာသည်။

ကျားမျက်နှာဖုံးနှင့်လူ၏လက်ဖဝါးက လေထဲမှာအချို့သော စည်းတံဆိပ်မျိုးကို ဖြည်လိုက်သလို ထင်ရသည်။ တစ်ခဏခန့်ကြာပြီးရုံနှင့် မျက်နှာဖုံးများ ဝတ်ထားသောလူ၃ယောက်နှင့်နီးကပ်သည့် မြေတစ်နေရာက ကွဲထွက်သွားလေပြီး လျှို့ဝှက်ဆန်းကြယ်သော ကြေးနီရောင်တိုင်ကြီးတစ်တိုင် ပေါ်ထွက်လာသည်။

ခပ်တိုတိုတိုင်တွင် ရှေးဟောင်းသင်္ကေတများ၊ သားရဲ့ပုံ ထွင်းတုထားသောပုံရိပ်များဖြင့် ပြည့်နှက်နေပြီးခမ်းနားထည်ဝါစွာ တည်ငြိမ်ပြီး လျို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါမျိုးကိုလွှင့်ထုတ်ထားလေသည်။

ကျားမျက်နှာဖုံးနှင့်လူက တဖြည်းဖြည်းချင်းစီ လျှောက်သွားသည်။ ထိုအခိုက်အတန့်တွင် ထိုတိုင်၏ ထိပ်ဆုံးတွင်မူလအမရသင်္ကေတ ကသယ်ဆောင်ထားသည့် စက်ဝိုင်းခြမ်းလေး တစ်ခုရှိကြောင်း အားလုံးက သတိထားမိလိုက်ကြသည်။ မျက်နှာဖုံးနှင့်သူက ထိုစက်ဝိုင်းခြမ်းကို ဘယ်ညာရွေ့လိုက်ပြီးနောက် ဖိချသည်။ သို့သော် ဘာမှဖြစ်မလာပေ။ အားလုံးကလဲ စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေကြသည်။

"ဆရာ"

ခေါင်းကို အသာလှုပ်ခါကာ ဝမ်ချောင်ကို လာတားသော မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကို ကြည့်သည်။

" မူလအမရရွာသားတွေဖြစ်ဖြစ် အနက်ရောင်ဝတ်စုံနဲ့သူတွေဖြစ်ဖြစ် သူတို့အားလုံးက ငါတို့အားလုံးကို ရန်လိုမှုနဲ့ဆက်ဆံတာ အနက်ရောင်ဝတ်စုံနဲ့သူတွေက ငါတို့ကို သတ်ချင်နေတယ်ဆိုတာအမှန်ပဲ။ ဒါပေမယ့် မူလအမရရွာသားတွေကလည်း ငါတို့ကို လွှတ်ပေးမှာမဟုတ်ဘူး။ ပိုဆိုးတာက သူတို့ရဲ့အပြုအမူတွေကို အခြေခံကြည့်ရရင် မူလအမရ ရတနာသိုက်က ကောင်းကင်ဘုံရဲ့လှိုင်ဂူထဲမှာ ဖွက်ထားပုံပဲ။ လှိုင်ဂူလိုဖြစ်နေတာ။ ဒါကြောင့် ငါတို့က မိုက်ရူးရဲဆန်တဲ့လှုပ်ရှားမှုမျိုးကို လုပ်လို့မရဘူး။ အရင်ဆုံး စောင့်ကြည့်ရအောင်"

ဝမ်ချောင်၊ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးနှင့်အ ထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့က ထိပ်တန်းအဆင့်ကျွမ်းကျင်ပညာရှင်များ ဖြစ်သည်။ သို့သော် သေမျိုးလောကမှ ကျွမ်းကျင်ပညာရှင်များ အဖြစ်သာ ဖြစ်သည်။

အနက်ရောင်ဝတ်စုံနှင့်၃ယောက်က မည်သည့်အဖွဲ့ကမှ မဟုတ်ပေ။ ထိုလူများနှင့် အကြိမ်ပေါင်းများစွာ ပက်ပင်းတိုးဖူးသော ဝမ်ချောင်ကမူ သူတို့၏မူလဇစ်မြစ်အကြောင်း များများစားစားမသိလေရာ တခြားသောသူများဆိုလျှင် ပို၍ပင်ဆိုးစေသည်။

ဝမ်ချောင်က ဘာစကားမှမပြောဘဲ မျက်မှောင်သာ ကြုတ်နေ၏။ သူ၏မျက်လုံးက အလိုလျောက်ပင် ပတ်ဝန်းကျင်ကိုအကဲခတ်နေသည်။

စုန့်ယွမ်ယွီ၊ရေနတ်ဘိုးဘေးအပါအဝင် အကုန်လုံးကလည်း သတိအပြည်ကပ်ကာ သတိကြီးသောအမူအရာမျိုး ဖြစ်နေကြသည်။ မည်သူကမှ မိုက်ရူးရဲမဆန်စွာ မလှုပ်ရှားရဲကြပေ။ ရှင်းလင်းစွာပင် အနက်ရောင်ဝတ်စုံနှင့် လူများကို အလွန်ကြောက်နေကြသည်။

အခြားတစ်ဖက်မှ ကျားမျက်နှာဖုံးနှင့်လူ၏ မျက်မှောင်ကလည်း ကျုံ့သွားပြီးအရှေ့မှ အခြေအနေကို စဥ်းစားနေသည်။ သို့သော် သူ၏မျက်ခုံးကတစ်စုံတစ်ရာကို နားလည်သလိုမျိုး ပြေလျော့သွားသည်။

"ဟွန်း.."

ကျားမျက်နှာဖုံးနှင့်လူက အေးစက်စွာ နှာခေါင်းရှုံ့သည်။ အနောက်ဖက်သို့ လက်တစ်ဖက် ဆန့်လိုက်သည်။ အနီးနားမှ မူလအမရရွာသူကြီးကလည်း မမြင်ရသောကြိုးများဖြင့် ဆွဲဆောင်ခံရသလို ဆွဲယူခံလိုက်ရပြီးနောက် ကျားမျက်နှာဖုံးနှင့်လူ၏လက်ထဲသို့ ရောက်လာသည်။

ဆွစ်

သွေးရောင်အလင်းက ဖျက်ခနဲလက်ပြီးနောက်တွင် ထိုမျက်နှာဖုံးနှင့်လူဟာ အမျိုးသမီး၏လက်မောင်းကို လက်နက်တစ်ချောင်းဖြင့် လှီးဖြတ်လိုက်ပြီး ကြေးနီရောင်တိုင်ပေါ်သို့ သွေးများကို စီးကျသွားစေလိုက်သည်။

ထိုသွေးနီရောင်ကသွးက တိုင်ထဲသို့ စိမ့်ဝင်သွားပြီးနောက်တွင် တစ်မိနစ်ခန့်ကြာပြီးမှသာ အပြည့်အဝစုပ်ယူခြင်း ခံရသည်။

ဝုန်း

ကြောကမက်ဖွယ်ကောင်းသော ပေါက်ကွဲသံက ထွက်ပေါ်လာပြန်သည်။ ကြေးနီရောင်တိုင်က မြေပြင်ထဲသို့ပြန်ဝင်သွားသည်။ ထို့နောက် မြေကမ္ဘာ၏အတွင်း အနက်ရှိုင်းဆုံးအပိုင်းမှ ကြီးမားသော ဆုတ်ဖြဲသံကြီးလိုလို ခုတ်ထွင်ခံရသည့်အသံကြီးလိုလို ကျယ်လောင်သည့်အသံမျိုးက ထွက်ပေါ်လာပြီး ဂီယာများ၏လည်ပတ်သံက အဖော်ပြု၍ ကပ်ပါလာသည်။

"ဘာတွေဖြစ်နေတာလဲ။ နောက်ထပ် စက်တွေက ဒီအောက်မှာ ရှိနေသေးတာလား"

သူတို့သည် အလန့်တကြားအော်ဟစ်ပြီး စတင်ကာ အနောက်ဘက်သို့ ဆုတ်ကြသည်။ သူတို့သည်လည်း သူတို့၏ခြေထောက်အောက်မှ စက်များအောက်သို့ ရောက်သွားမည်ကိုစိုးရိမ်နေကြသည်။

"ဒီလူတွေက ဘာကိုရှာနေတာလဲ။ မူလအမရသိုင်းအတွက်ပဲဆိုရင် ဒီလောက်ထိဒုက္ခခံဖို့ လိုအပ်လို့လား"

သိုင်းပညာရှင်များသည်လည်း အံ့အားသင့်ကာ စိတ်ရှုပ်နေကြသည်။

အနက်စောင်ဝတ်စုံနှင့်လူများက သူတို့အား လူထဲမှထင်းထွက်နေစေသည့် ထူးခြားသောခံစားချက်မျိုးကို ပေးစွမ်းသည်။ အနောက်ထဲတွင် ပုန်းနေသောဝမ်ချောင်က ဘာစကားမှ မဆိုပေ။ အခြားသောသူများနှင့် မတူညီသည်မှာသူ၏ ကြီးမားသောစိတ်စွမ်းအင်ကြောင့် သူသည်လည်း ထိုတိုင်က မြေအောက်ထဲသို့ ဝင်ရောက်သွားသည်နှင့်ပြင်းထန်သောစွမ်းအင်များ ထွက်လာနေကြောင်း ခံစားမိလိုက်သည်။ ထိုစွမ်းအင်က ချောက်ကမ်းပါး၏ အထက်အမြင့်တစ်နေရာေပါ်သို့ တက်သွားသည်။

ထိုလှုပ်ခတ်မှုက ပို၍သာဖျော့တော့လာပြီး ဖျော့တော့လာပြီး ဖျော့တော့သည်ထက် ဖျော့တော့သွားသည်။ အသံကလည်း တဖြည်းဖြည်းချင်းစီ ပျောက်ကွယ်သွားသည်။

ထို့နောက်အကြွင်းမဲ့ တိတ်ဆိတ်မှုက ကြီးစိုးလာ၏။ အားလုံးကလည်း တစ်စုံတစ်ရာဖြစ်ပျက်လာကြရန် စောင့်ဆိုင်းနေကြသည်။ အနက်ရောင်ဝတ်စုံနှင့်လူများကလဲ သိပ်သည်းသောမြူထုအထက်ဘက်သို့ ကြည့်သည်။ အချိန်က တဖြည်းဖြည်း ကုန်သွားသည်။ လေထုကပင် ခဲသွားပုံရသည်။

"ဒါက...."

ဝမ်ချောင်က ရုတ်တရက်တစ်စုံတစ်ရာကို အရင်ဦးဆုံး သတိထားမိလိုက်သည်။ တစ်ခဏခန့်ကြာပြီးနောက်...

ဝုန်း

အထက်ဘက်မှကြီးမားသော အရာကြီးတစ်ခုက ပြောင်းလဲသွားသလိုမျိုး အလွန်ကျယ်လောင်လွန်းသော အသံတစ်သံက ထွက်လာသည်။ ထိုအသံသည် တဖြည်းဖြည်းချင်းစီ ဆင်းသက်လာပြီးနောက်တွင် ခြောက်ခြားဖွယ်ကောင်းလွန်းသော ပေါက်ကွဲသံကြီးအဖြစ် ပြောင်းလဲသွားသည်။

"သူ့ကိုကြည့်"

လူတစ်ယောက်က ရုတ်တရက် ထအော်သည်။

ဝီ

လေထဲတွင်စူးရှသည့် လေချွန်သံလိုအသံမျိုးကထွက်လာပြီးနောက် မျက်စိကြိမ်းအောင် တောက်ပလွန်းသော ရွှေရောင်အလင်းတန်းက ထွက်လာသည်။ ထိုအလင်းတန်းက ကြီးသည်ထက်ကြီးလာနေပြီး မြေကမ္ဘာပေါ်သို့ ဥက္ကာတုံးကြီးဆင်းလာပုံနှင့် တူလေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုရွှေရောင်အလင်းတန်းက နှမ့်စေ့အရွယ်သာရှိကြောင်း မြင်ရမည်ဖြစ်သည်။ သို့သော် ထိုနှမ်းစေ့အရွယ်က လူအုပ်နှင့် မီတာ၈ထောင်၊၉ထောင်ခန့်ကွာတွင် ဖြစ်တည်နေသည်။

သို့သော် မျက်တောင်တစ်ခတ်အတွင်း အချိန်အတွင်းတွင် ထိုအလင်းတန်းက နဂိုအရွယ်အစား၏အဆ၁သောင်းခန့်ထိ ကြီးမားသွားပြီးနောက်တွင် ရွှေရောင်ထုလုံးချွန်ပုံသဏ္ဍာန်ကြီး ဖြစ်သွားသည်။

ထို့ပြင် ထိုဒုလုံးချွန်ကြီးအတွင်းတွင်လည်း တစ်စုံတစ်ရာ ရှိနေသေးပုံရသည်။

"မကောင်းတော့ဘူး"

"သတိထား"

ထိုတောက်လောင်နေသော ဥက္ကာတုံးကြီးက ဆင်းသက်လာချိန်တွင် ပူပြင်းကျိန်းတောက်နေသော အပူဒဏ်ကိုလည်း သယ်ဆောင်လာသေးပြီး အမှောင်ထုကိုလည်း နေ့အလား လင်းချင်းသွားစေသည်။

ချိန်း!

စက္ကန့်အနည်းငယ်အတွင်းတွင်ပင် ထိုကြီးမားသောရွှေ ရောင်ဒုလုံးချွန်ကြီးက ချောက်ကမ်းပါးအထက်တွင် မြောလွင့်နေသည့်ချိန်းကြိုး၏ အဆုံးသတ်နားတွင်ရှိနေသော ရွှေရောင်ယဇ်ပလ္လင်ကြီးပေါ်သို့ ဆင်းသက်သွားသည်။

ထိုအသူရာချောက်၏အမြင့် အထက်မှ ရွှေရောင်အလုံးကြီးတစ်လုံးက ဆင်းသက်လာပြီးနောက်တွင် ကျလာသောအရှိန်အရ ကြီးမားသောလှုပ်ခတ်မှုကြီးကိုပင် ဖြစ်ပေါ်လာစေခဲ့သေးလေသည်။

ခွပ် ခွပ် ခွပ် !

ချောက်ကမ်းပါးနားတွင် ရပ်နေသော သိုင်းပညာရှင်တစ်ယောက်က သတိလက်လွှတ်သွားပြီး သက်ရောက်မှုကြောင့် ရမ်းခါသွားသည်။

သိုင်းပညာရှင်လူအုပ်ကလည်း ချက်ချင်းဆိုသလို ကစဥ့်ကလျား ဖြစ်သွားသည်။

"ဒါကဘာလဲ"

ဗုန်း

ဝမ်ချောင်က သူ၏ကြယ်တာယာစွမ်းအင်ကို ဖြန့်ထုတ်လိုက်သည်။ သို့သော် သူ၏မျက်လုံးကမူ ထိုရွှေရောင်အလင်းလုံးကို အမြဲတစေ အာရုံစိုက်ထားသည်။ ပေါက်ကွဲမှုအားလှိုင်းများက ပျံ့နှံ့လာပြီး ဝမ်ချောင်သည် ထိုစွမ်းအားကို တွန်းလှန်ပြီး သက်ရောက်မှုနယ်မြေအတွင်းပိုင်းသို့ စူးစမ်းကြည့်သည်။

"ဘ ဘယ် ဘယ်လိုဖြစ်ပြီးတော့လဲ"

ဝမ်ချောင်က သူ့ကိုယ်သူစိတ်ပိုင်းဖြတ်ရန် ပြင်ဆင်ထားသည့်တိုင်အောင် အဝေးရှိယဇ်ပလ္လင်ပေါ်မှအလင်းလုံးကြီးကို မြင်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ် ကအံ့အားသင့်မှုဖြင့် တုန်လှုပ်သွားသည်။

ကျောက်တံတားကိုကျော်ဖြတ်ပြီး ချိန်းကြိုးနှစ်ခုကို ဆက်လက်ပြီး ဖြတ်သန်းကြည့်လိုက်သော်....ဝမ်ချောင်သည်ထိုနေရာတွင် ရွှေရောင်အလင်းလုံးကြီးကို မြင်ရသည်။ ထိုရွှေရောင်အလင်းလုံး၏အတွင်းတွင် ရှေးဟောင်းနန်းတော်ကြီးတစ်ခု ရှိနေသည်။ ထိုအရာကြီးက မျက်စိကျိ မ်းမတတ်တောက်ပသော အမိုးခုံးများ၊ရွှေရောင်နံရံများနှင့် ဒီလောကနှင့်မသက်ဆိုင်သည့် အလှတရားကို ထုတ်လွှတ်ထားသည်။

ဝမ်ချောင်သည်ပင် အချိန်နောက်ပြန်ရီးသွားပြီး နွေဦးနှင့်ဆောင်းဦးကာလမှရှေးခေတ်ကာလသို့ ရောက်သွားသလိုပင် ခံစားလိုက်ရလေသည်။ ထိုမျှပင်ခမ်းနားထည်ဝါကာ ထိုမျှထိ တည်ငြိမ်တိတ်ဆိတ်အေးချမ်းပြီး ငြိမ်းချမ်းမှုကို လွှတ်ထုတ်နေသော ခံစားချက်တစ်မျိုးက သူ၏နှလုံးသားအား လေးစားဖို့ ရိုကျိုးစိတ်များဖြင့် ပြည့်နှက်သွားသည်။

သို့သော် ဝမ်ချောင်၏အာရုံကလည်း နန်းတော်ထိပ်၏ အထက် ဆိုင်းဘုတ်တစ်ခုပေါ်တွင် ရေးသားထားသည့် ရှေးဟောင်းကျမ်းစာ ရွှေရောက်စကားလုံးများထံ ရောက်သွားသည်။

"မူလအမရနန်းတော်"

စကားလုံးများက မြင့်မြတ်မှု၊ ထောင်လွှားမှုများဖြင့် ရောင်ပြန်ဟပ်နေသော ဝံ့ကြွားကာတောက်ပသည့်ပုံစံများနှင့် တပ်ထားခြင်း ဖြစ်သည်။

တကယ်ကို မူလအမရနန်းတော်ပဲ

ဝမ်ချောင်၏ခန္ဓာကိုယ်က အံ့အားသင့်မှုဖြင့် တုန်လှုပ်သွားသည်။ သူ၏နှလုံးသားအတွင်း ဖော်ပြရန်ခက်ခဲသည့် ခံစားချက်တစ်ရပ်က ပေါ်ထွက်လာ၏။ သူ၏မူလအမရသိုင်းအား ရတနာသိုက်ထဲတွင် ရှာမတွေ့ခဲ့သောအခါ တစ်စုံတစ်ရာက ထူးဆန်းနေမှန်း သိလိုက်သည်။

ထိုထူးဆန်းမှုက ထင်သလောက် မရိုးရှင်းပုံရသည်။ ပထမမျိုးဆက်ဆက်ခံသူနှင့် မူလအမရဓါးတို့၏ စမ်းသပ်မှုနောက်ကွယ်တွင် တစ်စုံတစ်ရာက ပုန်းအောင်းလျက် ရှိနေသေးပုံ ရသည်။

သို့သော် ဒါဟာတွက်ချက်မှုသားလျှင်ဖြစ်ပြီး တစ်စုံတစ်ရာကတော့ဖြင့် အမှန်တကယ် ဖြစ်ပျက်နေခဲ့လိမ့်မည်ဟု မထင်ထားမိပေ။

အနက်ရောင်ဝတ်စုံနှင့်လူများကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်သည်ပင် မူလအမရ ရတနာသိုက်၏ အတွင်းပိုင်းက ကောင်းကင်ဘုံဂူကြီးကို ဖုံးကွယ်ထားသည်ဟု မထင်ထားမိပေ။ အစစ်အမှန်ရတနာကို ချောက်ကမ်းပါး၏ မြင့်မာလွန်းသော အထက်တစ်နေရာတွင် ဖုံးကွယ်ထားခြင်း ဖြစ်နေသည်။

ဒီအနက်ရောင်ဝတ်စုံနဲ့သူတွေ....သူတို့က ဒီနေရာရဲ့လျှို့ဝှက်ချက်ကို သိနေတာပဲ။

အလင်းက ဖျက်ကနဲလက်သွားပြီးနောက်တွင် ဝမ်ေချာင်သည်လည်း အနက်ရောင်ဝတ်စုံနှင့်လူများက မူလအမရအရှင်နှင့် ထူးခြားသောဆက်ဆံရေးမျိုး ရှိနေလောက်ကြောင်း ခံစားမိလိုက်သည်။

*******

All Chapters