လိုရင်းတိုရှင်း ရှင်းပြပေးလေ။
Vol. 14 Ch. 222
“မင်္ဂလာနံနက်ခင်းပါ… အွင်း…။”
ကျီကျောက်၏ စကားမဆုံးခင် ရှန်းယောင်၏ မျက်နှာက မထင်မှတ်ဘဲ နီးကပ်လာပြီး သူမ၏ နှုတ်ခမ်းများကို နမ်းရှိုက်လာခဲ့သည်။
အချိန်ဘယ်လောက်ကြာသွားမှန်းပင် မသိလိုက်ရပြီးနောက် ကျီကျောက်သည် သူ့အင်္ကျီကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားလိုက်မိသည်။ သူမ၏ မျက်နှာမှာ နီမြန်းနေပြီး မောဟိုက်နေသည်။
“အာ့ထောင်” ရှန်းယောင်သည် သူမ၏ ပျော့ပျောင်းနူးညံ့သော အနက်ရောင်ဆံသားကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ့၏ နူးညံ့သိမ်မွေ့သော မျက်လုံးများတွင် တပ်မက်မှုများ ပြည့်နှက်နေပြီး သူ့အသံက ဆွဲဆောင်မှုအပြည့် ရှိနေသည်။
“ရှန်းယောင်” ကျီကျောက်သည် သူမ၏ နှုတ်ခမ်းကို ညင်သာစွာ ကွေးညွှတ်လိုက်ပြီး သူမ၏ လက်ဖြင့် သူ့လည်ပင်းကို ပွေ့ဖက်လိုက်သည်။ ထို့နောက် သူမသည် သူ့နှုတ်ခမ်းအနီးသို့ နီးကပ်စွာ ချည်းကပ်သွားခဲ့သည်။
ကျီကျောက်သည် အဝတ်အစားများကို ဖြတ်သန်းပြီး ရှန်းယောင်၏ စိတ်အားထက်သန်မှုကို ခံစားမိနေနိုင်သေးသည်။
“ရှန်းယောင် ရှင် ကျွန်မအပေါ် တစ်ဘဝလုံး ကောင်းပေးသွားနိုင်မလား” ကျီကျောက်၏ လက်တွေက သူ့ရဲ့ ကျယ်ပြန့်ပြီး တောင့်တင်းသော နောက်ကျောပေါ်သို့ ကျရောက်သွားပြီး သူမ၏ လှပသော မျက်ဝန်းတွေက တလက်လက် တောက်ပနေခဲ့သည်။
“အာ့ထောင် ဒီဘဝမှာ မင်းက ကိုယ့်အတွက် တစ်ဦးတည်းသောပါပဲ” ရှန်းယောင်က သူမ၏ မျက်လုံးတွေကို စူးစိုက်ကြည့်ကာ ကတိစကားဆိုသည်။
“ချစ်ရတဲ့သူကို ရှာတွေ့ပြီး အသက်ကြီးလာလို့ သေခြင်းတရားက ခွဲသွားသည့်အတိုင် အမြဲအတူရှိသွားချင်တဲ့ ဆန္ဒလေး ကျွန်မမှာ ရှိတယ်” ကျီကျောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူမ၏ အသံက ပို၍ နူးညံ့လာခဲ့သည်။
သူမ၏ လက်တွေက သူ့ရဲ့ သန်မာတဲ့ ခါးအောက်ပိုင်းကို ရောက်ရှိသွားသည်…။
သူမ၏ လက်ချောင်းထိပ်များသည် အေးခဲအေးစက်နေပြီး ထိတွေ့မှုမှာ အံ့အားသင့်ဖွယ်ရာပင်။
နှစ်ယောက်သား အပြန်အလှန် ကူညီပေးဖို့ လုပ်နေချိန်တွင် ခြံတံခါးအပြင်ဘက်မှ မြင်းခွာသံများ တဟုန်ထိုး ရောက်ရှိလာတာကို ကြားလိုက်ရသည်။
“ရှန်းကျန်း အခုချက်ချင်း ထွက်လာခဲ့စမ်း။”
အဆိုပါ စူးရှသောအသံသည် နားမခံသာအောင် ကျယ်လောင်လှသည်။
ခြံထဲမှာ နှင်းများကို လှဲကျင်းနေတဲ့ ရှန်းတာ့ရှန်သည် စိတ်ရှုပ်ထွေးစွာ မျက်ခုံးပင့်လိုက်သည်။ သူက ချက်ချင်းဆိုသလို တံခါးမင်းတုံးကို ဖြုတ်ပြီး ခြံတံခါးအပြင်ဘက်တွင် ရပ်နေသော အမျိုးသမီးကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
“မင်း ဘယ်သူလဲ။”
လှပစွာ ဝတ်စားဆင်ယင်ထားသော အမျိုးသမီးသည် တံခါးကို ရုတ်တရက် တွန်းဖွင့်ကာ သူမ၏ ဆူဖြိုးသော တင်ပါးကို ယိမ်းနွဲ့လျက် ရှန်းမိသားစုအိမ်ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။ သူမက နှာခေါင်းရှုံ့ပြီး “ရှန်းကျန်း မြန်မြန် ထွက်လာခဲ့” ဟု အော်လိုက်သည်။
“မင်း ဘာဖြစ်လို့ ဒီလောက်တောင် သောင်းကျန်းရတာလဲ” ရှန်းတာ့ရှန်က ဒေါသတကြီး အော်လိုက်သည်။
“မင်း အခြားသူရဲ့ အိမ်ထဲကို ဘယ်လို ဝင်လာဝံ့တာလဲ။”
“ယောကျာ်းက ယောကျာ်းလိုပဲ ပြုမူနေထိုင်သင့်တယ်။ မင်းအိမ်မှာ ဇနီးတစ်ယောက်ရှိနေပြီးသားဖြစ်ရက်နဲ့ ငါတို့ ဖုန်ယွဲ့အပျော်ဂေဟာက မိန်းမပျိုဖန့်တျဲ့ကို ဘာဖြစ်လို့ ပိုးပန်းချင်ရတာလဲ” ပုလဲဆံထိုးနဲ့ အမျိုးသမီးက ဒေါသထွက်နေတဲ့ ရှန်းတာ့ရှန်အား လျစ်လျူရှုထားခဲ့သည်။၊ အဲဒီအစား သူမက လှောင်ပြောင်အော်ဟစ်ပြောဆိုနေခဲ့သည်၊ “ရှန်းကျန်း နင့်ကိုယ်နင် ယောကျာ်းလို့ သတ်မှတ်နေတုန်းပဲလား။”
ဆယ့်ငါးမိနစ်အကြာတွင် ရှန်းတာ့ရှန်နှင့် ကျောက်လန်ဟွာတို့သည် စိတ်ရှုပ်ထွေးသော မျက်နှာများဖြင့် ခုံတန်းလျားပေါ်တွင် ထိုင်နေသော အမျိုးသမီးကို ကြည့်လိုက်ကြသည်။
“ရှင် ဘယ်သူလဲဆိုတာ မေးလို့ ရမလား။ ရှင် ကျွန်မရဲ့ ဒုတိယသားကို ဘာဖြစ်လို့ ရှာနေတာလဲ။”
“ဒီနေ့က နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့ပဲ။ ယုတ္တိကျကျပြောရမယ်ဆိုရင် ကျွန်မ ရှင်တို့ရဲ့ ဖိတ်ကြားချက်မရှိဘဲ ရှင်တို့အိမ်ကို မလာသင့်ဘူး” ဖုန်ယွဲ့အပျော်ဂေဟာရဲ့ အပျော်မယ်ခေါင်းဆောင်က နှာခေါင်းရှုံ့ရယ်မောပြီး ဆက်ပြောလာခဲ့သည်၊ “ဒါပေမယ့် ရှင်တို့ရဲ့ ဒုတိယသားက ကျွန်မတို့ ဖုန်ယွဲ့အပျော်ဂေဟာရဲ့ မိန်းမပျိုဖန့်တျဲ အနှစ်နှစ် အလလ စုဆောင်းထားတဲ့ သူမရဲ့ ငွေတွေကို လိမ်လည်လှည့်စားပြီး ယူသွားခဲ့တယ်လေ။ ဖန့်တျဲရဲ့ အမေအနေနဲ့ ကျွန်မ ဒီအကြောင်းကို လာမေးဖို့ကလွဲလို့ ရွေးချယ်စရာ မရှိဘူး။”
“အာ့လန် မင်း ဘာလုပ်ထားတာလဲ” စားပွဲထိပ်တွင် ထိုင်နေသော ရှန်းတာ့ရှန်သည် မှင်ကဲ့သို့ မည်းမှောင်နေသော မျက်နှာထား ရှိသည်။ သူ့ရဲ့ ထူထဲနေသော မျက်ခုံးများကို ကြုတ်ထားသည်မှာ မျက်ခုံးနှစ်ခုကြား ယင်ကောင်များကို သတ်ပစ်နိုင်လောက်အောင်ပင် ရှိ၏။
“အဖေ” ရှန်းအာ့လန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်၊ “ကျွန်တော်နဲ့ မိန်းမပျိုဖန့်တျဲကြားမှာ ဘာမှ မရှိပါဘူး။”
“ထွီ…”
ဖုန်ယွဲ့အပျော်ဂေဟာ အပျော်မယ်ခေါင်းဆောင်အမျိုးသမီးကြီးက ဒေါသတကြီး တံတွေးထွေးလိုက်သည်။ သူမက ခါးထောက်ပြီး အေးစက်သော လေသံဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်သည်၊ “မင်းနဲ့ ဖန့်တျဲက ဘာမှ မဆိုင်ဘူးဆိုရင် ဒီနှစ်တစ်လျှောက်လုံး စုဆောင်းထားတဲ့ သူ့ပိုက်ဆံအားလုံးကို နင့်ကို ပေးမှာလား။ ငါ နင့်ကိုပြောမယ်၊ တကယ်လို့ ဒီနေ့ နင် ဖန့်တျဲရဲ့ စုဆောင်းငွေတွေကို မလွှဲပေးဘူးဆိုရင် ငါတို့ ဒီကိစ္စကို ဒီမှာတင် ပြီးသွားမှာ မဟုတ်ဘူး။”
ကျီကျောက်နှင့် ရှန်းယောင်တို့ ပင်မအခန်းဆီသို့ အပြေးအလွှားရောက်သွားသောအခါတွင် အပျော်မယ်ခေါင်းဆောင်အမျိုးသမီးကြီး၏ ကြမ်းတမ်းသော အကြည့်ကို တွေ့လိုက်ရသည်။
နှစ်ယောက်သား တစ်ချိန်တည်းမှာ မျက်မှောင်ကြုတ်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့တစ်ယောက်ချင်းစီရဲ့ မျက်လုံးထဲမှာ ရှုပ်ထွေးမှုတွေ၊ သံသယစိတ်များကို မြင်နိုင်ပေသည်။
“အဖေ၊ အမေ” ရှန်းယောင်က သူ့မိဘတွေကို နှုတ်ဆက်ပြီး ဒုတိယအစ်ကို၏ နံဘေးနားသို့ လျှောက်သွားကာ တိုးတိုးလေး မေးလိုက်သည်၊ “ဒုတိယအစ်ကို ဘာဖြစ်နေတာလဲ။”
“စန်းလန် ဒါက ရှင်းပြရမယ်ဆိုရင် အရှည်ကြီးပဲ။”
“ဒါဆို လိုရင်းတိုရှင်းပြောပြလေ” ရှန်းယောင်က သူ့မျက်လုံးတွေကို ကျဉ်းမြောင်းပြီး အေးစက်စွာ ပြောလိုက်သည်၊ “ဒုတိယအစ်ကို ဒီနေ့ နှစ်သစ်ကူးပြီး ပထမဆုံးနေ့ဆိုတာကို မမေ့ပါနဲ့။ မိသားစုဝင်အားလုံး ပျော်ရွှင်ရမယ့်နေ့တစ်နေ့ဖြစ်သင့်ပေမယ့် အခုတော့ ဒီလို ဖြစ်လာခဲ့ပြီ။”
“ဘာပဲဖြစ်ဖြစ် နင် ဒီနေ့ ဖန့်တျဲရဲ့ ပစ္စည်းတွေကို လွှဲမပေးဘူးဆိုရင် ငါ ထွက်သွားမှာ မဟုတ်ဘူး” အပျော်မယ်ခေါင်းဆောင်အမျိုးသမီးကြီးက မျက်နှာတင်းတင်း လေသံမာမာနှင့် စကားဆိုသည်။
“မိန်းမပျိုဖန့်တျဲက သူ့ပစ္စည်းတွေ ကျွန်တော့်ကို တစ်ခါမှ မပေးခဲ့ဘူးလို့ ကျွန်တော်ပြောထားပြီးသားပဲ” ရှန်းကျန်းက မျက်မှောင်ကြုတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်၊ “ခင်ဗျား ယုံချင်ယုံ မယုံချင်နေ၊ ကျွန်တော် မိန်းမပျိုဖန့်တျဲရဲ့ စုဆောင်းထားတဲ့ ပစ္စည်းတွေကို တစ်ခါမှ မမြင်ဖူးဘူး။”
“အခု ဖန့်တျဲက သေသွားပြီ၊ နင်ပြောတာ အမှန် ဟုတ် မဟုတ် ဘယ်သူ သိမှာတဲ့လဲ” အပျော်မယ်ခေါင်းဆောင်အမျိုးသမီးကြီးက ဒေါသတကြီး ပြောသည်၊ “ဒါ့အပြင် နင်က ဖန့်တျဲ မသေခင် နောက်ဆုံး တွေ့ခဲ့တဲ့ ဖောက်သည်ပဲလေ။ နင် သူ့ပိုက်ဆံတွေ ယူသွားလားဆိုတာ ဘယ်သူသိမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် နင် ဒီနေ့ ဖန်တျဲ့ရဲ့ ပစ္စည်းတွေ ငါ့ကို မလွှဲမပေးမချင်း ငါ နင့်ကို လွှတ်ပေးမှာ မဟုတ်ဘူး။”
“မိန်းမပျိုဖန့်တျဲက သေပြီလား” အဆိုပါသတင်းကိုကြားတော့ ရှန်းကျန်းရဲ့ မျက်လုံးတွေက ထိတ်လန့်တကြား ပြူးကျယ်သွားခဲ့သည်၊ “ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”
“ဆက်ပြီး ဟန်ဆောင်နေလိုက်” အပျော်မယ်ခေါင်းဆောင်အမျိုးသမီးကြီးက လက်ပိုက်ထားပြီး သူမ၏ မျက်လုံးတွေက ပို၍ အေးစက်လာခဲ့သည်၊ “နင်က ဖန့်တျဲ မသေခင် နောက်ဆုံး လက်ခံခဲ့တဲ့ ဧည့်သည်ပဲ။ သူမမှာ ရည်ရွယ်ချက်ရှိနေတယ်ဆိုတာ နင် မသိဘဲ မနေဘူး။”
“ခင်ဗျား ယုံချင်ယုံ မယုံချင်နေ၊ ကျွန်တော် တကယ် မသိဘူး” ရှန်းကျန်းက ဆတ်ခနဲ အသိဝင်လာပြီး သူ့အကြည့်တွေက မည်းမှောင်လာခဲ့သည်၊ “ဒါ့အပြင် ကျွန်တော် မိန်းမပျိုဖန့်တျဲရဲ့ စုဆောင်းငွေတွေကိုလည်း တစ်ခါမှ မယူခဲ့ဖူးဘူး။ ခင်ဗျား မယုံဘူးဆိုရင် အာဏာပိုင်တွေဆီ သွားပြီး တိုင်ကြားလို့ရတယ်။ နောက်ပြီး ကျွန်တော့်မိသားစုကို ခင်ဗျားကို မကြိုဆိုဘူး။ ကျေးဇူးပြုလို့ အခုချက်ချင်း ထွက်သွားပေးပါ။”
ရှန်းကျန်း၏ သဘောထားသည် အထူးခိုင်မာသော်လည်း ဖုန်ယွဲ့အပျော်ဂေဟာ၏ အပျော်မယ်ခေါင်းဆောင်အမျိုးသမီးကြီးသည် အလွယ်တကူ ကိုင်တွယ်၍ ရနိုင်သူ မဟုတ်ပေ။
“အရမ်းကောင်းတယ်။ မင်းက ဖြောင့်ဖြူးသာယာတဲ့ လမ်းကို မလျှောက်ချင်မှတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။”
အပျော်မယ်ခေါင်းဆောင်အမျိုးသမီးကြီးသည် ဒေါသတကြီး ထွက်သွားခဲ့သည်။ သို့ရာတွင် သူမ မထွက်သွားခင် ပြန်ကြည့်တဲ့ အကြည့်တွေက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။
အဆိုပါ အမျိုးသမီး ထွက်ခွာသွားပြီးနောက် ရှန်းတာ့ရှန်က ဒေါသတကြီး စားပွဲကို ထုလိုက်သည်။
“ရှန်းကျန်း”
“အဖေ” ရှန်းအာ့လန်က မြေကြီးပေါ် အလျင်စလို ဒူးထောက်လိုက်ပြီး သူ့နှလုံးခုန်သံက မြန်ဆန်နေခဲ့သည်။
“မင်း ငါတို့ရှန်းမိသားစုရဲ့ မိသားစုစည်းမျဉ်းတွေကို မေ့သွားပြီလား။ အဲဒီအပျော်ဂေဟာတွေကို ဝင်ထွက်သွားလာဖို့ မင်းကို ဘယ်သူက သတ္တိပေးခဲ့တာလဲ” ရှန်းတာ့ရှန်သည် စူးရှသောအကြည့်ဖြင့် ကြိမ်းမောင်းလိုက်သည်။
“အဖေ၊ ကျွန်တော်...”
“လန်ဟွာ၊ ကြိမ်လုံး ယူလာခဲ့ပေး။”
“ယောကျာ်း၊ အာ့လန် ရှင်းပြတာကို အရင်ဆုံး နားထောင်ကြည့်လိုက်ပါဦး” ကျောက်လန်ဟွာက တိုးတိုးလေး အကြံပေးသည်၊ “ရှင့်ကလေးပြောတာကို အနည်းဆုံးတော့ ရှင် နားထောင်ကြည့်သင့်တယ်မလား။”
ဒေါသထွက်နေပြီဖြစ်သော ရှန်းတာ့ရှန်က ရှန်းအာ့လန်အား “မင်း ဖုန်ယွဲ့အပျော်ဂေဟာကို ဝင်ထွက်သွားလာဖူးလား” ဟု မေးလိုက်သည်။
“ဟုတ်ကဲ့” ရှန်းအာ့လန်က ရှုပ်ထွေးသောအကြည့်ဖြင့် ခေါင်းညိတ်သည်၊ “ဒါပေမယ့် အဲဒီတုန်းက အခြေအနေက နည်းနည်း ထူးခြားတယ်။ ကျွန်တော် တစ်ယောက်ယောက်က အကူအညီတောင်းလို့ သွားပေးရတာပါ။”
“မင်း ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အပျော်ဂေဟာကို ဝင်ထွက်သွားလာတာက ရှန်းမိသားစုစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပြီးသားဖြစ်နေပြီ” ရှန်းတာ့ရှန်က သူ့စကားကို ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်သည်။
“လန်ဟွာ ကိုယ့်ဆီ ကြိမ်လုံး ယူလာခဲ့ပေး။”
“ဒါက...” ကျောက်လန်ဟွာက တုံ့ဆိုင်းသွားသည်။
ရှန်းတာ့ရှန်သည် ကြိမ်လုံးယူရန် သူ့အခန်းသို့ သူကိုယ်တိုင် ပြန်သွားယူခဲ့သည်။
“အဖေ” ဒုတိယမရီးရှန်းက အလျင်စလို ပြောလာခဲ့သည်၊ “အဖေ၊ သမီးယောကျာ်းကို မရိုက်ပါနဲ့။”
“ဒုတိယချွေးမ၊ ဒီခွေးကောင်က အပျော်ဂေဟာလိုနေရာမျိုးကို ဝင်ထွက်သွားလာဝံ့တယ်။ ဒီနေ့ သူ့ကို မရိုက်ရင် သူ့အမှားကို သူ ဘယ်တော့မှ သဘောပေါက်မှာ မဟုတ်ဘူး။”
“အဖေ၊ သမီး သမီးယောကျာ်းကို ယုံတယ်။ သူ့မှာ ပြောရခက်တဲ့ တစ်စုံတစ်ခု ရှိရမယ်” ဒုတိယမရီးရှန်းက ကပျာကယာ ပြောသည်၊ “အရင်ဆုံး စိတ်အေးအေးထားပြီး သူ့ကို မရိုက်ပါနဲ့ဦး...၊ သူ ရှင်းပြတာကို အရင်နားထောင်ကြည့်ရအောင်ပါနော်။”
***