← Chapters

သူက အရမ်းတော်တယ်။

Vol. 14 Ch. 227

သူက အရမ်းတော်တယ်။

Vol. 14 Ch. 227

ကျီကျောက်သည် ကျောက်လန်ဟွာက သူမနှင့် ရှန်းယောင်တို့ နေ့ခင်းအလင်းရောင်ရှိနေသည့်အချိန်တွင် ထိုသို့သော ကိစ္စရပ်ကို လုပ်ဆောင်နေတယ်လို့ အထင်လွဲသွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

“အမေ အဲ့လို မဟုတ်ဘူး။ ရှန်းယောင်နဲ့ သမီး၊ သူက…”

“ကလေး၊ နင် ဘာဖြစ်လို့ အရမ်းစိတ်ပူနေတာလဲ” ကျောက်လန်ဟွာက သူမ၏ ဒေါသကို ဖြေဖျောက်ရန် ကျီကျောက်၏ လက်ကို အလျင်အမြန် ပုတ်လိုက်သည်၊ “ငါက နင့်အကြောင်း မသိလို့လား။ နင်က အရမ်းစိတ်ပျော့လွန်းတယ်။ စန်းလန်က အပြင်ပိုင်းမှာ အမြဲ အေးစက်ပေမယ့် စိတ်ထားကတော့ ကောင်းပါတယ်။ အခု နှစ်တို့နှစ်ယောက် အတူရှိပြီး ဆက်ဆံရေးကောင်းလာတော့ ငါ အရမ်းပျော်တယ်။ ဒါပေမယ့် ငါ နင့်အတွက် တကယ် စိတ်မကောင်းဘူး။ နင်က ငယ်သေးတယ်။”

ကျောက်လန်ဟွာသည် ရွာရှိ အခြားသော ယောက္ခမများနှင့် မတူကွဲပြားသည်။ သူမသည် ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့သော မြေးများကို နှစ်သက်သော်လည်း သူမ၏ ချွေးမကို ပိုချစ်ပါသည်။

အမျိုးသမီးတွေဟာ အသက် ( ၁၈ ) နှစ်လောက်မှ ကလေးမွေးတာ အကောင်းဆုံးပဲလို့ သူမ တစ်ခါက ကြားခဲ့ဖူးသည်။ ဒီလိုသာဆို သူမရဲ့ ကျန်းမာရေးအတွက် ပိုကောင်းလိမ့်မည်။ နောက်ပိုင်းတွင် သူမသည် ဤကိစ္စကို စိတ်ထဲမှာ မှတ်သားထားခဲ့သည်။ ထို့ကြောင့် အကြီးဆုံးမရီးရှန်း မိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာပြီး နှစ်နှစ်ကြာ ကိုယ်ဝန်မဆောင်နိုင်သေးသောအခါတွင် သူမ လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။ သူမက အကြီးဆုံးမရီးရှန်းကိုပင် နှစ်သိမ့်ပေးခဲ့သေးသည်။

သူမက အကြီးဆုံးမရီးရှန်းက စိတ်အေးအေးထားဖို့ အမြဲအကြံပေးတယ်။ ကြည့်ပါဦး၊ သူ့အကြီးဆုံးချွေးမက အရမ်းအလုပ်ကြိုးစားတယ်။ သူမ အသက် ( ၂၃ ) နှစ်ရှိပြီဖြစ်ကာ ကိုယ်ဝန်လည်း ရှိနေပြီမို့ သူမ စိတ်မပူတော့ဘူး။

ကလေးမွေးပြီးကာစ ဒုတိယမရီးရှန်းသည်လည်း မနှစ်ကပင် အသက် ( ၂၀ ) ရှိနေပြီ ဖြစ်သောကြောင့် သူမ သိပ်စိတ်မပူပေ။

သူမ အစိုးရိမ်ဆုံးမှာ တရုတ်နှစ်သစ်ကူးပြီးနောက် အသက် ( ၁၆ ) နှစ်သာ ရှိသေးသော ကျီကျောက်ကို ဖြစ်သည်။

“အာ့ထောင် အမေက နင်နဲ့ စန်းလန်တို့အကြား ဝင်မစွက်ဖက်ချင်ဘူး။ နင်က အရမ်းငယ်သေးတယ်လို့ပဲ အမေထင်တယ်။ ဒါ့အပြင် နင် လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း ကျီမိသားစုမှာ ဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ်။ နင် အခုထိ ပိန်နေတုန်းပဲ။ နင့်ကျန်းမာရေးအတွက် အမေ စိတ်ပူတယ်” ကျောက်လန်ဟွာက ကျီကျောက်၏ လက်ကို ဆုပ်ကိုင်ထားပြီး ရိုးရိုးသားသား ပြောသည်၊ “အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အခါ၊ တကယ် မလွယ်ကူဘူး…။”

“အမေ” ကျောက်လန်ဟွာ၏ ငြီးတွားသံကို နားထောင်ရင်း ကျီကျောက်သည် ရင်ထဲ ထိသွားကာ ကူကယ်ရာမဲ့သွားသည်။

“အမေ စိတ်မပူပါနဲ့။ သမီး အခု ကိုယ်ဝန်မရနိုင်သေးတာတော့ သေချာတယ်။”

“ကောင်းတယ်၊ ကောင်းတယ်” ကျောက်လန်ဟွာသည် စိတ်သက်သာရာရစွာ သက်ပြင်းချပြးနောက် အံ့အားသင့်စွာ မျက်လုံးပြူးသွားခဲ့သည်၊ “အာ့ထောင်၊ နင် ဘာဖြစ်လို့ ဒီလိုပြောတာလဲ။”

“အမေ” ကျီကျောက်သည် ကျောက်လန်ဟွာ၏ အံ့အားသင့်သွားသည့်အမူအရာကြောင့် သူမ၏ ပခုံးကို ကူကယ်ရာမဲ့စွာ တွန့်ပြလိုက်သည်၊ “တကယ်တော့၊ ရှန်းယောင်နဲ့ သမီးတို့ အိမ်ထောင်ရေးကိစ္စကို မပြီးပြတ်သေးဘူး။ သမီး ဘယ်လိုလုပ်ပြီး ကလေးရနိုင်ပါ့မလဲ။”

တကယ်တော့ သူတို့နှစ်ယောက်သား လင်မယားအရာ မြောက်ဖို့ကို အထွေအထူး သိပ်မတွေးထားခဲ့ကြပေမယ့် လုပ်ဆောင်ဖို့ လုပ်ချိန်တိုင်း အချိန်အခါသင့်ပုံပေါ်ဘူး။ ထို့အပြင် အဲဒီအချိန်တိုင်း မတော်တဆမှု တစ်ခုမဟုတ်တစ်ခု အမြဲလိုလို ပေါ်လာတတ်သည်။

“ဘာဖြစ်လို့ နင်တို့ အိမ်ထောင်ရေးကိစ္စ မပြီးပြတ်သေးတာလဲ” ကျောက်လန်ဟွာက ပို၍ပင် စိုးရိမ်သွားခဲ့သည်။ သူမက ကျီကျောက်၏ လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။

ကျီကျောက်သည် နစ်နာသလို ခံစားရသည်။

ကျီကျောက်ကိုလည်း ကျောက်လန်ဟွာမှ လမ်းလွဲသွားစေခဲ့ပြီး သူမ၏ စိတ်ကူးစိတ်သန်းများကို အရိုင်းဆန်စေခဲ့သည်။

ကျီကျောက်သည် တိတ်တဆိတ် လက်မြှောက်ပြီး သူမ၏ ပူနွေးနေသော ပါးပြင်များကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူမသည် ကျောက်လန်ဟွာ၏ လက်ကို ဆုပ်ကိုင်ပြီး သူမကို ညင်သာစွာ နှစ်သိမ့်ပေးသည်၊ “အမေ၊ အမေ ဟိုဟိုဒီဒီ လျှောက်ပြီး အတွေးမလွန်ပါနဲ့။ ရှန်းယောင်… သူက အရမ်းတော်တယ်။”

“ဒါပေမယ့် နင်တို့ အိမ်ထောင်ရေးကိစ္စကို လုံးလုံးလျားလျား မပြီးပြတ်သေးဘူးလို့ နင်ပြောခဲ့တယ်မလား” ကျောက်လန်ဟွာသည်လည်း စိတ်ရှုပ်ထွေးသွားသည်။ သူမရဲ့ တတိယသားက ဖြစ်နိုင်လား…။

“အမေ တကယ်တော့ ရှန်းယောင်က ကျွန်မက ငယ်သေးတယ်လို့ထင်နေတာ။ သူက အမေနဲ့ အတွေးတူတယ်။ သမီးကို စောစောစီးစီး ကိုယ်ဝန်ဆောင်ပြီး ကလေးမမွေးစေချင်ဘူး” ကျီကျောက်သည် ကျောက်လန်ဟွာ စိတ်ဓာတ်ကျနေတာကိုမြင်တော့ စကားများကို အမြန်စဉ်းစားလိုက်သည်၊ “သူက သမီး အသက် ( ၁၈ ) နှစ်ကျမှ သမီးတို့ရဲ့ အိမ်ထောင်ရေးကိစ္စကို ပြီးပြတ်အောင် လုပ်ဆောင်မယ်လို့ပြောခဲ့တယ်။”

“စန်းလန်က တကယ်ပဲ အဲ့လိုပြောလား။”

“တကယ်” ကျီကျောက်သည် ချက်ချင်းဆိုသလို အားတက်သရော ခေါင်းညိတ်လိုက်သည်။

“အဲ့လိုဆို ကောာင်းတယ်” ကျောက်လန်ဟွာက သက်ပြင်းချလိုက်မိသည်။

“စန်းလန်က စဉ်းစားတတ်တယ်။ သူ့ဇနီးသည်ကို ဘယ်လို ချစ်မြတ်နိုးရမှန်း သူသိတာပဲ။”

ကျီကျောက်သည် သက်ပြင်းချရင်း နောက်ဆုံးတော့ စကားခေါင်းစဉ်ကို ပြောင်းလဲလိုက်သည်။

“အမေ အာ့ထောင် အမေတို့တွေ ဘာပြောနေကြတာလဲ” မီးဖိုချောင်ထဲကို လမ်းလျှောက်ဝင်လာတဲ့ ရှန်းယောင်က ကျီကျောက်၏ မျက်နှာကို လှမ်းကြည့်လိုက်မိသည်။ ထို့နောက် သူက သိချင်စိတ်ပြင်းပြစွာ မေးလိုက်မိသည်၊ “အာ့ထောင် မင်း အဆင်ပြေရဲ့လား။”

မီးဖိုချောင်ထဲရှိ ဖယောင်းတိုင်မီး၏ အလင်းရောင်သည် မှိန်ဖျော့နေသော်လည်း ရှန်းယောင်သည် သူမ၏ နီမြန်းနေသောမျက်နှာကို မြင်နေရဆဲဖြစ်သည်။

“ကျွန်မ… ကျွန်မ အဆင်ပြေပါတယ်” ကျီကျောက်သည် အမြန်အကြည့်လွှဲပြီး စွပ်ပြုတ်ကို ဆက်သောက်လိုက်သည်။

“စန်းလန် နင်လည်း စွပ်ပြုတ်ကုန်အောင် သောက်လိုက်ဦး” ကျောက်လန်ဟွာက ပြုံးပြီး ရှန်းယောင်၏ လက်ထဲ အရိုးစွပ်ပြုတ်ပန်းကန်ကို ကမ်းပေးလိုက်သည်၊ “နင်က တကယ့်ကို ငါ့သားပဲ။ သူတစ်ပါးကို ဘယ်လို ဂရုစိုက်ချစ်မြတ်နိုးပေးရမှန်းသိတယ်။ ဘာပဲဖြစ်ဖြစ် အမေ့ရဲ့ မျက်လုံးထဲမှာ နင်က နင့်အစ်ကိုနှစ်ယောက်ထက် ပိုတော်တယ်၊ နင့်အဖေထက်တောင် ပိုတော်တယ်။”

ယောကျာ်းတွေက ဘယ်လောက်ပဲ စိတ်သဘောထား နူးညံ့ပျော့ပြောင်းနေပါစေ၊ ဇနီးသည်တစ်ယောက်ကို လက်ထပ်ယူပြီးတာနဲ့ သူတို့ဟာ မြေခွေးတစ်ကောင်လိုမျိုး ရိုးရှင်းစွာ ပြောင်းလဲသွားသည်။

ရှန်းတာ့ရှန်သည်လည်း ထိုအတိုင်းဖြစ်ခဲ့ပြီး ရှန်းတာ့လန်နှင့် ရှန်းအာ့လန်တို့သည်လည်း သူကဲ့သို့ပင်။

စန်းလန်က အသိဉာဏ်အရှိဆုံးဖြစ်နေတုန်းပါပဲ။ အမျိုးသားတစ်ဦးသည် လိင်မှုကိစ္စများကိုပင် ခံနိုင်ရည်ရှိမည်ဆိုလျှင် သူ့စိတ်ဆန္ဒဟာ ခိုင်မာနေမည်မှာ သေချာပါသည်။

ရှန်းယောင်က သူ့အမေ သူ့ကို ငေးကြည့်နေတဲ့ အကြည့်တွေက နည်းနည်း ထူးဆန်းတယ်လို့ ခံစားရသည်။ သူ့အမေရဲ့ အကြည့်တွေက အဓိပ္ပါယ်ရှိပြီး အတော်လေး ကျေနပ်အားရစွာ ကြည့်နေတာကို ခံစားမိသလိုပါပဲ။

“ကောင်းပြီ၊ အမေ နင်တို့နှစ်ယောက်ကို မနှောင့်ယှက်တော့ဘူး။ စွပ်ပြုတ်နဲ့တင် မဝဘူးဆိုရင် အမေ နင်တို့အတွက် ဖက်ထုပ်တွေပါ ချန်ထားသေးတယ်။”

ကျောက်လန်ဟွာသည် မီးဖိုချောင်ထဲမှ ထွက်သွားစဉ် တေးသွားတစ်ခုကို ရွှင်မြူးစွာ တေးဆိုသွားခဲ့သည်။

ရှန်းယောင်က သူ့အမေ၏ နောက်ကျောကို စူးစိုက်ကြည့်နေမိသည်။

“အာ့ထောင် အခုလေးတင် မင်းနဲ့ အမေ ဘာတွေပြောနေတာလဲ။ အမေ ဘာဖြစ်လို့ ဒီလောက်ပျော်နေတာလဲ။”

ကျီကျောက်သည် စိတ်လှုပ်ရှားစွာ တံတွေးမျိုချကာ ခေါင်းယမ်းလိုက်သည်။

“ဟင့်အင်း၊ ဘာမှ မပြောပါဘူး။”

ရှန်းယောင်သည် ရုတ်တရက် သူမဆီသို့ လျှောက်လာခဲ့သည်။

ကျီကျောက်သည် ဤအခိုက်အတန့်တွင် သူ့နှလုံးခုန်သံကို မရပ်မနား ခံစားလိုက်ရသည်။

သူမ စိတ်လှုပ်ရှားမိသည်။

“အာ့ထောင် မင်း ကိုယ့်ကို ကြောက်နေတာလား။”

သူ နီးကပ်သွားသည်နှင့်အမျှ ရှန်းယောင်သည် သူမ၏ နဖူးမှ ချွေးများ စီးကျနေသည်ကို တွေ့လိုက်ရသည်။

သူ့နှလုံးသားက သူ့အလိုလို နာကျင်လာသည်။

နေဝင်ရီတရောအချိန်က အနမ်းက သူမကို ကြောက်လန့်သွားစေခဲ့တာလား။

“မဟုတ်… မဟုတ်ဘူး” ကျီကျောက်သည် အလျင်စလို ခေါင်းယမ်းလိုက်ပြီး သူမရဲ့ ရှက်ရွံ့မှုကို ဖုံးကွယ်ဖို့ မျက်လွှာချထားသည်။ သူမနှင့် အမေတို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကို ရှန်းယောင်အား တိုက်ရိုက် ပြောမထွက်နိုင်ဘူး။

ဒါက… ဒါက ထုတ်ပြောဖို့ ခက်လွန်းတယ်။

သို့ပေမယ့် ကျီကျောက် မသိလိုက်တာက ဒီအချိန်မှာ သူမရဲ့ တုံ့ဆိုင်းနေခြင်းသည် ရှန်းယောင်အား သူ့ခန့်မှန်းချက် မှန်ကန်တယ်လို့ ထင်မြင်သွားစေခဲ့သည်။

“နောက်ကျနေပြီ။ မင်း အခန်းထဲကို ပြန်သွားပြီး စောစောအနားယူပါ” ရှန်းယောင်က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။

ကျီကျောက်က နာခံစွာ ခေါင်းညိတ်ပြပြီး သူတို့အခန်းထဲ ပြန်ဝင်သွားခဲ့သည်။

ဒါပေမယ့် သူမ စောင့်ဆိုင်းပြီး စောင့်ဆိုင်းနေပေမယ့် ရှန်းယောင်ကတော့ အခန်းထဲကို ပြန်မလာခဲ့ဘူး။

ကျီကျောက်သည် မူလက အပြင်ထွက်၍ ရှာဖွေချင်သော်လည်း သူမ အပြင်ထွက်ခါနီးတွင် သူမ၏ အမြင်အာရုံ မည်းမှောင်သွားပြီး မြေကြီးပေါ် မေ့လဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှန်းယောင်သည် ခြံတံခါးကို တွန်းဖွင့်ပြီး ညဘက် လမ်းလျှောက်ထွက်သွားသည်။

သူ့နှလုံးသား အနည်းငယ် နာကျင်နေသည်။

ဒါတွေအားလုံးက သူ့အမှားတွေပဲ။ ဒီနေ့ သူ အရမ်းမိုက်မဲပြီး အာ့ထောင်ကို ကြောက်လန့်သွားစေခဲ့တယ်။

အာ့ထောင်ရဲ့ အကြောက်တရားကို ပြေပျောက်သွားစေဖို့ သူ ဘာလုပ်သင့်လဲ။

ရှန်းယောင်သည် အတွေးများ ဟိုးရောက်ဒီရောက် တွေးတောနေရင်း မြေကမ္ဘာဘုရားကျောင်းအနီးသို့ပင် လမ်းလျှောက် ရောက်သွားခဲ့သည်။

ရှန်းယောင်သည် စိတ်အေးလက်အေး ဘုရားကျောင်းထဲသို့ လျှောက်ဝင်သွား၏။

လက်ရှိတွင် မြေကမ္ဘာဘုရားကျောင်း၏ ထက်ဝက်ကျော်ခန့်ကို ပြုပြင်ပြီးဖြစ်ကာ မြေကမ္ဘာဘုရား၏ ရုပ်ပွားတော်ကို ပင်မခန်းမရှိ ပုလ္လင်ပေါ်တွင် နေရာချထားသည်။

ရှန်းယောင်သည် မြေကမ္ဘာဘုရားအား သက်ဝင်ယုံကြည်စွာ ရှိခိုးကန်တော့၍ အမွှေးတိုင် ထွန်းညှိပူဇော်ခဲ့သည်။

အရင်တုန်းကတော့ သရဲတစ္ဆေနှင့် နတ်တွေကို မယုံကြည်ခဲ့ပေမယ့် အခု အာ့ထောင်၏ လွှမ်းမိုးမှုအောက်တွင် သူ ယုံကြည်စပြုလာသည်။

အကြောင်းတစ်ခုခုကြောင့်၊ မြေကမ္ဘာဘုရားထံ ဆုတောင်းပြီးနောက် ရှန်းယောင်သည် သူ့နှလုံးသားထဲတွင် ရှိနေသော စိတ်ပျက်အားငယ်မှုသည် အံ့ဖွယ်ကောင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

ရှန်းယောင် အိမ်ပြန်ရောက်တော့ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် သူ့ကို လုံးဝ ထိတ်လန့်သွားစေခဲ့သည်။

“အာ့ထောင်” ရှန်းယောင်သည် အမြန်ပြေးလာပြီး မြေကြီးပေါ်တွင် လဲလျောင်းနေသော ကျီကျောက်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။

“အဖေ၊ အမေ၊ အာ့ထောင် မေ့လဲနေတယ်။”

***

All Chapters