← Chapters

ဒါက အခွင့်အရေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်လောက်တယ်မလား။

Vol. 14 Ch. 228

ဒါက အခွင့်အရေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်လောက်တယ်မလား။

Vol. 14 Ch. 228

နာတယ်။

အရမ်းနာတယ်။

ဒါက အရမ်းနာလွန်းတယ်။

ကျီကျောက်သည် သူ့တစ်ကိုယ်လုံး မီးလောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။

သူမသည် အကူအညီတောင်းရန် မသိစိတ်က ပါးစပ်ကို ဖွင့်ဟလိုက်သောအခါတွင် သူမ၏ လည်ချောင်းထဲသို့ မီးခိုးငွေ့များ အလုံးအရင်း ဝင်ရောက်လာခဲ့သည်။ လည်ချောင်းတစ်ခုလုံး ပူလောင်နာကျင်သွားသဖြင့် အကူအညီတောင်းရန် မဖြစ်နိုင်တော့ပေ။

ကျီကျောက်သည် အစွမ်းကုန် ကြိုးစားပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် သူမရှေ့မှာ ဟုန်းဟုန်းတောက်နေတဲ့ မီးတောက်တစ်ခုကို မြင်တွေ့လိုက်ရသည်။ အဆိုပါ မီးတောက်သည် ကောင်းကင်ယံသို့တိုင် ဟုန်းဟုန်းတောက်လောင်နေပြီး ညကောင်းကင်ယံ တစ်ခုလုံးကို လင်းထိန်သွားစေသည်။

ကျီကျောက်သည် အသိစိတ်ပျောက်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားသည်။

“အာ့ထောင်၊ ဒီကို မလာနဲ့။”

ရုတ်တရက်ဆိုသလို ကျောက်လန်ဟွာ၏ စူးရှာစွာ အော်ဟစ်သံကိ သူမ ကြားလိုက်ရပြီး ကျီကျောက်တစ်ယောက် ထိတ်လန့်တကြား မျက်လုံးပြူးကျယ်သွားသည်။

ကျောက်လန်ဟွာသည် သူမ၏ လက်ထဲတွင် ထုပ်ပိုးထားသော ကလေးတစ်ဦးနှင့် အတူ မီးထဲတွင် ရပ်နေပြီး မကြာမီတွင် ပြင်းထန်သော မီးတောက်များက သူမကို လောင်ကျွမ်းသွားခဲ့သည်။

“အမေ”

ကျီကျောက်သည် စိုးရိမ်တကြီးနဲ့ ရှေ့ကို ပြေးသွားချင်ပေမယ့် အိမ်ခေါင်ပေါ်မှ ထုပ်တန်းက ရုတ်တရက် ပြုတ်ကျလာခဲ့သည်။

ဘုန်း…

သူမရှေ့မှ မီးတောက်က ပိုမိုပြင်းထန်လာခဲ့သည်။

ကျီကျောက်သည် မြေကြီးပေါ်တွင် စိတ်ပျက်အားငယ်စွာ ဒူးထောက်လဲကျသွားကာ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။

မီးက တစ်ညလုံး တောက်လောင်နေပြီး မိုးလင်းတဲ့အထိ မငြိမ်းသွားခဲ့ဘူး။

ရှန်းမိသားစု အိမ်ခြံဝင်းသည် အပျက်အစီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဘယ်လို အဖြစ်ဆိုးမျိုးလဲ။ တာ့ရှန်တို့မိသားစုက ဘယ်သူ့ကို စော်ကားမိတာလဲ။ ဘာဖြစ်လို့ သူတို့အိမ်မှာ ရုတ်တရက် မီးထလောင်ရတာလဲ။”

“ဟုတ်တယ်၊ သူတို့ တစ်မိသားစုလုံး မီးထဲပါသွားတယ်လို့ကြားတယ်…”

“မတော်တဆမှုလို့ ခရိုင်အစိုးရရုံးကတော့ ပြောတာပဲ…”

“ရှန်းမိသားစုက မဟုတ်တာ တစ်ခုခုလုပ်ခဲ့တာ ဖြစ်နိုင်လောက်လား။”

“မဖြစ်နိုင်ဘူး။ တာ့ရှန်နဲ့ လန်ဟွာတို့က အဲ့လိုလူမျိုးတွေ မဟုတ်ဘူး။”

“ဒါက ကျီအာ့ထောင်နဲ့ ပတ်သက်လောက်တယ်လို့ မင်းတို့ထင်လား။”

“ဒါက ဖြစ်နိုင်လောက်တယ်။”

“ကျီအာ့ထောင်တစ်ယောက်တည်း ဒီမီးဘေးကနေ လွတ်မြောက်ခဲ့တာလို့ ငါကြားတယ်…”

“ဒါက ထူးဆန်းလွန်းတယ်မလား။”

“နင်လည်း ထူးဆန်းတယ်လို့ထင်တယ်မလား။”

ကျီကျောက်သည် လူတော်တော်များများပြောနေတာကိုကြားပေမယ့် သူမရဲ့ ဘက်ကနေ ပြောပေးနေတဲ့သူ တစ်ယောက်မှ မရှိဘူး။

နှစ်သစ်ကူး၏ ဒုတိယမြောက်နေ့တွင် ရှန်းမိသားစု၏ ခြံဝင်းအတွင်းရှိ လေထုသည် ဆိုးရွားနေဆဲဖြစ်သည်။

ရှန်းယောင်သည် သတိလစ်နေသော ကျီကျောက်အနားတွင် ရှိနေပြီး ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့နေသော သူ့မျက်လုံးများတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။ ရှန်းယောင်သည် ကျီကျောက်၏ နဖူးကို စမ်းကြည့်လိုက်ပေမယ့် ပူနေတုန်းပါပဲ။

“ငါတို့ အာ့ထောင်ကို ဒီအတိုင်း ကိုယ်အပူကြီးနေခွင့်မပေးသင့်ဘူး” ကျောက်ဟန်ဟွာသည် ကျီကျောက်၏ မျက်နှာမှ ချွေးများကို လက်ကိုင်ပုဝါဖြင့် သုတ်ရင်း ပြောလိုက်သည်၊ “စန်းလန်၊ မင်းအဖေတို့တွေ ပြန်မလာသေးဘူးလားဆိုတာကို တစ်ချက် ထွက်ကြည့်လိုက်ပါဦး။”

ရှန်းယောင် မနေ့ညက အိမ်ပြန်ရောက်သောအခါ ကျီကျောက်အား မြေကြီးပေါ်တွင် သတိလစ်လျက် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

ရှန်းတာ့ရှန်က ရှန်းတာ့လန်ကို ရထားလုံးပြင်ခိုင်းပြီး သမားတော်ပင့်ဖို့ ခရိုင်မြို့ပေါ် အမြန် တက်သွားခဲ့သည်။

သို့သော် ယခုအချိန်သည် နှစ်သစ်အချိန်အခါဖြစ်သဖြင့် ခရိုင်မြို့ကို အစောင့်အကြပ် ထူထပ်စွာ ချထားနိုင်သည်။ သမားတော်ပင့်ပြီး ပြန်လာဖို့ အချိန်အနည်းငယ် ကြာမြင့်နိုင်သည်။

“မြင်းခွာသံ မကြားရသေးဘူး” ရှန်းယောင်က အသာ ခေါင်းခါလိုက်သည်၊ “အမေ၊ အမေ အခန်းကိုပြန်ပြီး အနားယူသင့်တယ်။ ကျွန်တော် အာ့ထောင်ကို ဂရုစိုက်လိုက်ပါ့မယ်။”

“အဲ့ဒါတော့ မဖြစ်ဘူး” ကျောက်လန်ဟွာက အမြန် ခေါင်းခါပြီး ငြင်းဆိုလိုက်သည်၊ “ငါ အာ့ထောင်ကို ကောင်းကောင်း ဂရုစိုက်ပေးရမယ်။ ဒါပေမယ့် စန်းလန်၊ သိပ်စိတ်မပူနဲ့။ အာ့ထောင်က အမြဲကံကောင်းတယ်။ သူမ သေချာပေါက် အဆင်ပြေလိမ့်မယ်။ သူမ အိပ်မက်ဆိုး မက်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။”

အိပ်မက်ဆိုး မြင်မက်တာကနေ သူမ ဘာဖြစ်လို့ ရုတ်တရက် အဖျားကြီးသွားရတာလဲ။

ရှန်းယောင်တစ်ယောက် နှုတ်ခမ်းမဲ့နေ၏။ သူသည် ကျီကျောက်၏ ညာလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးတွေက စိုးရိတ်စိတ်များ ပြည့်နှက်လျက်ရှိသည်၊ “အာ့ထောင်၊ ကိုယ့်ကို မခြောက်ပါနဲ့၊ ဟုတ်ပြီလား။”

တစ်ညလုံး မေ့မြောနေသော ကျီကျောက်သည် မိုးစင်စင်လင်းချိန်တွင် နောက်ဆုံးတော့ နိုးလာခဲ့သည်။

အဟွတ်… အဟွတ်…

ကျီကျောက်သည် ဝမ်းနည်းပူဆွေးစွာ အကြိမ်ပေါင်းများစွာ ချောင်းဆိုးခဲ့သည်။ သူမ၏ မျက်လုံးတွေကို အားတင်းပြီး ဖွင့်ကြည့်လိုက်သည်နှင့် ရှန်းယောင်၏ မျက်တွင်းချောင်နေတဲ့မျက်နှာက သူမရှေ့မှာ ပေါ်လာခဲ့သည်။

“ရှန်းယောင်၊ ရှင်… အဟွတ်၊ အဟွတ်၊ အဟွတ်…”

“အာ့ထောင် နိုးလာပြီလား” သူမ နိုးလာသည်ကို မြင်လိုက်သည်နှင့် ရှန်းယောင်၏ ထုံထိုင်းနေတဲ့ အကြည့်တွေက လင်းလက်လာခဲ့သည်။ သူက ကျီကျောက်၏ နဖူးကို အမြန်လှမ်းပြီး စမ်းသပ်ကြည့်လိုက်သည်။ အဆုံးမှာတော့ ကံကောင်းထောက်မစွာဖြင့် သူမ ကိုယ်မပူတော့ဘူး။

ရှန်းယောင်သည် သူမကို ကုတင်ခေါင်းရင်းမှာ အလျင်အမြန် မှီထိုင်နိုင်ရန် ကူညီဖေးမပေးပြီး ရေခွက်ထဲ ရေအနည်းငယ်လောင်းထည့်ကာ အအေးခံပြီးနောက် သူမကို ကမ်းပေးလိုက်သည်။

ကျီကျောက်သည် ရေခွက်ကိုယူကာ ညင်သာစွာ မော့သောက်လိုက်သည်။ ထို့နောက် သူမသည် သူ့ကို နာခံမှုရှိစွာ ပြုံးပြလိုက်သော်လည်း မျက်ရည်များက သူမ၏ ပါးပြင်ပေါ် စီးကျလာတာကိုတော့ မတားဆီးနိုင်ခဲ့ပေ။

“ဘာလို့ ငိုတာလဲ။ ဘာဖြစ်လို့လဲ” သူမ ငိုနေတာကိုမြင်တော့ ရှန်းယောင်က စိုးရိမ်တကြီး နှစ်သိမ့်ပေးဖို့ ကြိုးစားရင်း သူမ၏ ပါးပြင်ပေါ်က မျက်ရည်များကို ကိုးရိုးကားရားနဲ့ သုတ်ပေးလိုက်သည်။

“ရှန်းယောင်… ဝူးဝူး… အရမ်းနာတယ်…” ကျီကျောက်သည် သူမ၏ ဦးခေါင်းကို လက်မောင်းနှစ်ဖက်ထဲ နစ်မြှုပ်ထားကာ ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေခဲ့သည်။

သူမ အရမ်းနာကျင်နေတယ်။

ထိုအိပ်မက်သည် နောက်ထပ် ကြိုတင်နိမိတ်တစ်ခု ဖြစ်နိုင်ပေသည်။

ရှန်းယောင်အပါအဝင် ရှန်းမိသားစုဝင်တိုင်း မီးထဲတွင် အသက်ဆုံးရှုံးခဲ့ကြရသည်။

မီးလောင်ထားတဲ့ သူမ၏ ခန္ဓာကိုယ် အရေပြား တစ်လက်မစီတိုင်းရဲ့ ခံစားချက်က ဖော်မပြနိုင်လောက်အောင် နာကျင်ပေသည်။

ကျီကျောက်သည် သူမ၏ မျက်ရည်များ ခမ်းခြောက်သွားသည်အထိ အချိန်အတော်ကြာအောင် ငိုကြွေးခဲ့သည်။

“မင်း အိပ်မက်ဆိုး ထပ်မက်ပြန်ပြီလား” ရှန်းယောင်သည် သူမကို မျက်နှာသစ်ပေးခဲ့သည်။ ထို့နောက် သူမ၏ နူးညံ့ပျော့ပျောင်းတဲ့ ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးသည်၊ “အာ့ထောင်၊ စိတ်မပူပါနဲ့။ ကိုယ် မင်းဘေးမှာ ရှိနေပေးမယ်။”

“အင်း”

ကျီကျောက်သည် အားတက်သရော ခေါင်းညိတ်ပြီး သူ့ခါးကို ဖက်တွယ်လိုက်သည်။ ကျီကျောက်သည် သူမ၏ မျက်လုံးတွေကိုမှိတ်ပြီး ရှန်းယောင်၏ တည်ငြိမ်ပြီး ပြင်းထန်တဲ့ နှလုံးခုန်သံကို နားထောင်နေခဲ့သည်။ သူမ၏ နှလုံးသားထဲတွင် ကြွင်းကျန်ရစ်နေသော ဝမ်းနည်းမှုတို့သည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

“အာ့ထောင် နိုးပြီလား” ကျောက်လန်ဟွာသည် ယာဂုပန်းကန်ကို အိမ်ထဲ ယူလာပေးခဲ့သည်။

“နင် ဗိုက်ဆာနေပြီလား။ အမေ နင့်အတွက် ယာဂုချက်လာပေးတယ်။ နည်းနည်းလောက် သောက်ကြည့်ပါလား။”

“ကျေးဇူးပါ အမေ” ကျီကျောက်သည် နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်။ သူမသည် ပါးစပ်ကို ကျင်းပြီးနောက် ယာဂုကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

နွေးထွေးသော စီးကြောင်း တစ်ခုက သူမ၏ လည်ချောင်းမှတစ်ဆင့် ဗိုက်ထဲသို့ စီးဆင်းသွားခဲ့သည်။

ဤအခိုက်အတန့်တွင် သူမ လုံးဝ နိုးကြားလာခဲ့သည်။

သူမ၏ အိပ်မက်ထဲမှ မီးလောင်မှုက ယခု မဖြစ်ပွားသေးဘူး။

“ဘာဖြစ်လို့လဲ” သူမ၏ မိန်းမောတွေဝေနေသော အမူအရာကိုမြင်တေ့ ရှန်းယောင်သည် ခပ်ဖွဖွ မျက်မှောင်ကြုတ်ကာ စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်သည်။

“ရှန်းယောင်၊ ကျွန်မ…”

“အာ့ထောင် နိုးလာပြီလား။ ကျွန်တော်တို့ သမားတော်ပင့်လာခဲ့ပြီ” ရှန်းတာ့လန်သည် အခန်းထဲသို့ သမားတော်အား အဆောတလျင် ပင့်လာခဲ့ပြီး စိုးရိမ်တကြီး မေးသည်။

နာရီဝက်လောက်ကြာတော့ သမားတော်က ကျီကျောက်ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ပြီးစီးသွားခဲ့သည်။

“သွေးခုန်နှုန်းက တည်ငြိမ်ပြီး အဖျားလည်း သက်သာသွားပြီ” သမားတော်က ခဏလောက် စဉ်းစားပြီး သူမကို သတိပေးလိုက်သည်၊ “မင်း လာမယ့်ရက်အနည်းငယ်အတွင်းမှာ အစားအသောက်ကို ပေါ့ပါးတာလေးတွေပဲ စားသင့်တယ်။ ခဏနေကျရင် မင်းရဲ့ အာရုံကြောတွေကို ငြိမ်သက်စေဖို့အတွက် ငါ ဆေးညွှန်းရေးပေးမယ်။ မင်း နှစ်ရက်လောက် ဆေးသောက်ပြီးရင် သက်သာသွားလိမ့်မယ်။”

“ကျေးဇူးပါ သမားတော်”

ကျီကျောက် နေကောင်းကြောင်း အတည်ပြုပြီးမှသာ ရှန်းယောင် စိတ်သက်သာရာရသွားခဲ့သည်။

“အဖေ၊ အမေ၊ အစ်ကိုကြီးတို့အားလုံး အခန်းထဲကိုပြန်သွားပြီး အနားယူကြပါဦး။ အာ့ထောင်ကို ကျွန်တော် ကောင်းကောင်း ဂရုစိုက်လိုက်ပါ့မယ်” ရှန်းယောင်သည် စိတ်သက်သာရာရသွားသော တခြားသူများကို လှည့်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

အခန်းထဲမှာ သူတို့နှစ်ယောက်ပဲ ကျန်တော့မှ ရှန်းယောင်သည် မိန်းမောနေတဲ့ ကျီကျောက်ဆီသို့ လှမ်းလာပြီး သူမ၏ ပါးပြင်လေးကို စိတ်နှလုံး ထိခိုက်နာကျင်စွာ အသာလေး ဖျစ်ညှစ်လိုက်သည်၊ “အာ့ထောင်၊ အဲဒီ အိပ်မက်ဆိုးက အရမ်းကြောက်ဖို့ကောင်းလား။”

“အင်း” ကျီကျောက်သည် မျက်လွှာချပြီး ညှိုးငယ်စွာ ပြန်ဖြေသည်။

ရှန်းယောင်သည် သူမဘေးတွင် ဝင်ထိုင်ကာ သူမအား ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်၊ “အာ့ထောင်၊ မကြောက်ပါနဲ့။ တစ်ခါတစ်လေမှာ တချို့အရာတွေက အဆုံးသတ်လို့ထင်ရပေမယ့် သေသေချာချာ ပြန်စဉ်းစားကြည့်ရင် ဒါက အခြားသော အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်မလား။”

အဆုံးသတ်၊ ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခု။

ကျီကျောက်သည် ဤစကားနှစ်လုံးကိုကြားပြီးနောက် အနည်းငယ် အာရုံပြန်ဝင်လာခဲ့သည်။

“ဟုတ်တယ်” ကျီကျောက်သည် ရှန်းယောင်၏ လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက် အပေါ်မော့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် ညကောင်းကင်ယံရှိ ကြယ်ပွင့်များကဲ့သို့ တောက်ပနေ၏…

“ဒါက အခွင့်အရေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်လောက်တယ်မလား။”

***

All Chapters