← Chapters

အခန်း (၁၅၂၆-၁၅၃၀)

Vol. 92 Ch. 1526-1530

အခန်း (၁၅၂၆-၁၅၃၀)

Vol. 92 Ch. 1526-1530

1526 01

အခန်း _ 1526

“ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် အဆုံးအစမဲ့မူလအမရသိုင်းက အဲဒီမှာ ဝှက်ထားတာပဲ”

“မူလအမရသိုင်း မူလအမရသိုင်း မြန်မြန်လေး သွားယူရအောင်”

“ဟား ဟား မူလအမရသိုင်းက ဒီတစ်ကြိမ်က ငါ့အပိုင်ပဲ။ ငါ့ကို တိုက်ခိုက်လုရဲတဲ့သူတိုင်း သေရမယ်”

“ဘေးဖယ်နေ လောကနံပါတ်တစ်သိုင်းက ငါ့အပိုင်ပဲ”

ဝမ်ချောင်တစ်ယောက်တည်းကသာ အခြေအနေကို နားလည်သောသူ မဟုတ်ပေ။ မျက်စိကျိန်းအောင် တောက်ပသောမူလအမရနန်းတော်က အထက်တွင် ဆင်းသက်လာခဲ့ကတည်းက အချို့သောသိုင်းပညာရှင်များသည်လည်း အနက်ရောင်ဝတ်စုံနှင့်လူများကို ချက်ချင်းဆိုသလို ဘေးဖယ်လိုက်ပြီး သိုင်းပညာများကိုသုံးကာ အပြေးသွားကြသည်။

ဝှစ်

သိုင်းပညာရှင်များက ကျောက်တံတားကို ကျော်ဖြတ်ပြီးနောက် သူရူးများအလား ချိန်းကြိုးများပေါ်သို့တက်သည်။

သို့သော် ထိုလူများက မူလအမရနန်းတော်ပတ်ဝန်းကျင်မှ ရွှေရောင်အလင်းကို ထိလိုက်မိသည့် အခိုက်အတန့်တွင် အလင်းက တောက်လောင်လာသည်။ အချို့သောစည်းတံဆိပ်က ပွင့်သွားသလိုမျိုး ခြောက်ခြားဖွယ်ကောင်းလွန်းကာ မရပ်တန့်နိုင်သည့်စွမ်းအားက ပြန့်လာ၏။

“ အား..! “

ယခုအခြေအနေတွင် ရှင်သန်နိုင်ခဲ့သော ကျွမ်းကျင်ပညာရှင်တိုင်းက ပုံမှန်မဟုတ်သော အင်အားမျိုးကို ပိုင်ဆိုင်ထားသည့် ကျွမ်းကျင်ပညာရှင်များဖြစ်သည်။ သို့သော် ထိုလူများသည်လဲ ရွှေရောင်အလင်း၏တိုက်ကွက်အောက်တွင် ကျိုးပြတ်သော စွန်များအလား လွင့်ထွက်ကုန်ပြီး အနောက်ဘက်ရှိ ချောက်ကမ်းပါးအတွင်းသို့ ကျသည်။

သူတို့၏စူးရှသောအော်သံများက အဝေးသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားရန်အလို့ငှာ စက္ကန့်အနည်းငယ်ခန့်သာ ကြာသည်။

“ဟွန့် အရူးတွေ”

လျှောက်လမ်းအဝတွင် ရပ်နေသော ကျားမျက်နှာဖုံးနှင့်လူက အေးစက်စွာ ရယ်လိုက်သည်။ အရှေ့ဘက်သို့ အပြေးထွက်သွားသောသူများ၏ ကံကြမ္မာကိုကြည့်ကာ လှောင်သည်။

သူတို့သည် ဤစီမံကိန်းအတွက် ရက်အတန်ကြာအောင် ပြင်ဆင်ထားခဲ့ရသည်။ မူလအမရနန်းတော်က ကျူးကျော်သူများကို တားမြစ်ရန် စည်းတံဆိပ်တစ်ခုမှ မရှိနေခဲ့လျင် သူတို့၏အရှေ့မှထိုသိုင်းပညာရှင်များကို အမှန်တကယ် ဝင်ရောက်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ။ သူတို့အားလုံးကို သတ်! တစ်ယောက်မှ ရပ်မနေစေနဲ့”

သူ၏မျက်လုံးက အေးစက်ပြီးရက်စက်သည်။ ကျားမျက်နှာဖုံးနှင့်လူက အင်္ကျီလက်ကို တစ်ချက်ဝှေ့ရမ်းလိုက်ပြီး အရှေ့မှသိုင်းပညာရှင်တိုင်းကို သတ်ပစ်ရန် အမိန့်ထုတ်လိုက်သည်။

“ သတ်! “

အနက်ရောင်ဝတ်စုံနှင့်သူများက အနည်းငယ်မျှမတုံ့ဆိုင်းတော့ပဲ လျှောက်လမ်းထဲမှ သတ်ဖြတ်လိုစိတ်အန္ဒကို ဖောက်ခွဲထုတ်လွှတ်ကြရင်း သိုင်းပညာရှင်အဖွဲထံ ပြေးလာသည်။

သိုင်းပညာရှင်များက အရေအတွက်များလွန်းသည့်တိုင်အောင် အနက်ရောင်ဝတ်စုံနှင့်လူများ၏ဟိန်းဟောက်သံက ထိုလူများအပေါ် အကြွင်းမဲ့ အသာစီးသလိုမျိုး ဖြစ်နေသည်။

ဝေါင်း! အာဝူး

1526 02

အနက်ရောင်ဝတ်စုံနှင့်လူများက အမျိုးမျိုးပုံသဏ္ဍာန် ယူလိုက်ကာ ပြောင်းလဲလိုက်ချိန်တွင် သားရဲဆန်သောဟိန်းသံများက ထွက်လာပြီး လူကိုယ်တစ်ပိုင်းများ သို့အဟုတ် အရှိန်အဝါကြီးမြတ်သည့် အနက်ရောင်မီးတောက်အစူးတောင်များအဖြစ် ပြောင်းသွားသည်။ ခြိမ်းခြောက်နိုင်လောက်အောင် မြန်ဆန်လွန်းသောအရှိန်အောက်တွင် သိုင်းပညာရှင်များထံ ခုန်အုပ်လာသည်။

အလုံးအရင်းနှင့်သတ်ဖြတ်မှုက စတင်လေသည်။

“သတ်”

“သတိထား တိုက်ခိုက်ကြတော့မယ်”

သိုင်းပညာရှင်များသည် ချောက်ကမ်းပါးကို ကျောပေးထားကြသည်။ ထို့ကြောင့် သူတို့၏ မျက်လုံးများက နီရဲသွားပြီးနောက် အနက်ရောင်ဝတ်စုံလူများနှင့် တိုက်ခိုက်ကြသည်။

လက်နက်ချင်း ထိခတ်သံများက ထွက်ပေါ်လာသည်။

ထိုအခိုက် ကျား,ကျားချင်းရန်စောင်ရင်း ဝရုန်းသုန်းကား ဖြစ်ကုန်၏။

စွပ် စွပ် စွပ်!

လူ့ဝံတစ်ပိုင်း၏ အနက်ရောင်မီးတောက်အဆိုရာက သိုင်းပညာရှင်အုပ်ထဲသို့ သိုးအုပ်ထဲသို့ ရောက်နေသောဝံပုလွေများအလား ပြုမူကာ ဓါးများက အသွေးအသားများကို လှီးဖြတ်ပြီး ဟိုနေရာဒီနေရာ အနှံ့လွင့်စင်ကာ ကျကုန်၏။

အနက်ရောင်ဝတ်စုံနှင့်လူများက အဘက်ဘက်မှလာသော တိုက်ကွက်များကို တောင့်ခံထားရန်အတွက် ခြောက်ခြားဖွယ်ကောင်းလွန်းသော အသွင်အပြင်၏ခွန်အားကိုသာ လိုအပ်သည်။

သူတို့သည်လည်း အခြားသောလက်နက်များကို အသုံးပြု၍ခုခံရန်မလိုအပ်ပေ။ ထို့ကြောင့် သူတို့၏ လက်ချောင်းများကိုသာ အရှေ့ဘက်သို့ ထိုးထုတ်ကာ လက်သည်းများအသွင် ပြောင်းလဲရင်း သိုင်းပညာရှင်များ၏ကြယ်တာရာစွမ်းအင်ကို ချိုးဖြတ်ရန်အသုံးပြုကာ ခန္ဓာကိုယ်ကို သွေးအလိမ်းလိမ်းထနေသည့် အပေါက်များ ဖြစ်သွားစေ၏။

ထိုသို့ဖြင့်သိုင်ပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့လဲကျကာ ခန္ဓာကိုယ်များက တဆက်ဆက်တုန်နေသည်။ အခြားသောသိုင်းပညာရှင်များက အနက်ရောင်မီးတောက်များ၏လွှမ်းခြုံမှုကို ခံထားရလေပြီး ငယ်သံပါအောင် အော်ဟစ်နေကြသည်။

“ဟွန်း ရိတ်သိမ်းမှုက အခုမှစမှာ”

ဝါးဦးထုပ်နှင့်လူတစ်ယောက်က ရုတ်ချည်း အရှေ့ဘက်သို့ ခုန်တက်လိုက်သည်။ ဝါးဦးထုပ်၏အောက်ဘက်တွင် ပါးလျကာတင်းမာသည့်အပြုံးက သိသာထင်ရှားစွာ ပေါ်လာသည်။

ချွင်

သူဟာ အရှေ့ဘက်သို့ ခုန်အုပ်လိုက်သည့်အခိုက်အတန့်တွင် သူ၏ဆေးဗာလ်ဓါးကလည်း ဓါးအိမ်ထဲမှထွက်ပြီးသား ဖြစ်သည်။ ထိုဆေးဗာလ်က လျှပ်စီးလက်သကဲ့သို့ ဖျတ်ခနဲလက်လာပြီးနောက် လူတစ်ယောက်၏အတွင်းပိုင်းအထိ အေးစိမ့်တက်သွားစေသော ခံစားချက်မျိုး ပေးစွမ်းသည်။

ဘမ်း!

ဝါးဦးထုပ်နဲ့လူက လေထဲတွင် ပျောက်ကွယ်သွားချိန်တွင် လေထုက ပေါက်ကွဲသွားသည်

“လေဟာနယ်ကြီးရွေ့လျားမှု “

ဝါးဦးထုပ်နှင့်လူ၏ရွေ့လျားမှုသိုင်းက သူ့အား လျှပ်စီးကဲ့သို့မြန်ဆန်စေပြီး ရွေ့လားနိုင်စေသည်။ ထိုအရာက မြန်ဆန်လွန်းသဖြင့် အမြန်နှုန်းဖြင့် လိုက်မမှီနိုင်အောင် ဖြစ်စေသည်။ နောက်ပိုင်းတွင် ကျန်ခဲ့သမျှက ဖျော့တော့သော အဖြူရောင်အစင်းကြောင်များဖြစ်ပြီး လေထုကိုတိုးဝင်ကာ ပျံ့နှံ့သွားသည်။

ဘမ်း! ဘမ်း ဘမ်း!

သူ၏ဓါးက တစ်ဖန်ပြီးတစ်ဖန် လက်သည်။ တိုက်ကွက်အောက်သို့ ရောက်နေသော သိုင်းပညာရှင်တိုင်းက တောင့်ခဲသွားပြီးနောက်တွင် သစ်သားတိုင်များအလား ကျိုးကြေကုန်ကာ သွေးများ ပန်းထွက်ကုန်သည်။

အခြားသောဝါးဦးထုပ်နှင့် လူနှစ်ယောက်ကလည်း စတင်ကာ လှုပ်ရှားနေကြပြီဖြစ်သည်။

ဒီတာဝန်ကို အမြန်ဆုံးပြီး ပြီးတစ်သုတ်ထဲနဲ့ အဆုံးသတ်သွားစေရန်အလို့ငှာ သမင်မျက်နှာဖုံးနှင့်လူကလည်း အခြားသော အမရနှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ ဒီအခိုက်အတန့်တွင် အမရ၃ပါး အတူပေါင်းနေသော ခက်ခဲရှားပါးလွန်းသည့် အခိုက်အတန့်မျိုးဖြစ်လေပြီး ဝါးဦးထုပ်နှင့်လူ၃ယောက်သည်လဲ သတိမမဲ့ရဲဘဲ အင်အားအပြည့် စိုက်ထုတ်ထားကြသည်။

1526 03

အနက်ရောင်ဝတ်စုံနှင့်လူများ အားလုံးနီးပါးက လှုပ်ရှားနေကြခြင်းဖြစ်သည်။ လေထုကလဲ အော်ဟစ်သံများနှင့် ပဲ့တင်ထပ်နေ၏။ သိုင်းပညာရှင်များသည်လည်း ဒီရေကို မလှန်နိုင်လေတော့ဘဲ ကြီးမားသည့်အရှုံးကိုခံရသည်။

“ဝင်္ကမ္ဘာပုံစံကိုယူ”

ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်အရှင် စုန့်ယွမ်ယွီ၏ မျက်ဝန်းကလည်း တောက်ပလာပြီး အမိန့်ကိုပေးလိုက်သည်။ သူ၏အသံက လေးနက်ကာခိုင်မာပြီး အလွန်အမင်း တည်ကြည်လေသည်။ ဝရုန်းသုန်းကားအခြေအနေတွင်ပင် သူဟာ သူ၏လူများ၏နှလုံးသားကို တည်ငြိမ်မှု၊ယုံကြည်မှုအပြည့် ဖြည့်ပေးနိုင်သေးသည်။

ပတ်ဝန်းကျင်မှ သိုင်းပညာရှင်များကပင် အလိုလျောက်ပင် ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်နားတွင် လာရောက်စုစည်းမိသွားသည်။

ဝုန်း

ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်မှ ကျွမ်းကျင်ပညာရှင်ကလည်း အဖွဲ့ ၃ဖွဲ့ ခွဲသည်။ တစ်ဖွဲ့တွင် ဝင်္ကမ္ဘာအသေး တစ်ခုစီဖွဲ့စည်းထားသည်။ ထိုသို့ဖြင့် ဝင်္ကမ္ဘာအသေးများက ပေါင်းစည်းသွားပြီးနောက်တွင် ဝင်္ကမ္ဘာကြီးတစ်ခုဖြစ်သွားသည်။ ထိုဝင်္ကမ္ဘာများအားလုံး ကစွမ်းအင်များဖြင့် လှုပ်ခါနေလေပြီး အင်အားစုကြီးတစ်ခုက အတူပေါင်းစည်းသွားသကဲ့သို့ ကြီးမားလာသည်။

အာဝူး...!

အနက်ရောင်ဝတ်စုံနှင့်လူများက ရှေ့သို့တက်လာချိန်တွင် စုန့်ယွမ်ယွီဘက်သို့ ရောက်လာကာ သတ်ဖြတ်မှုကို စတင်လေသည်။

အနက်ရောင်ဝတ်စုံနှင့်လူများထဲမှ လူဝံတစ်ပိုင်း များ၏ဆံပင်များကဖရိုဖရဲဖြစ်နေပြီး မျက်နှာများက ကြမ်းတမ်းခက်ထန်သည်။ လူ့ဝံတစ်ပိုင်းတစ်ယောက်ဆိုလျှင် ကြမ်းတမ်းစွာ အော်ဟစ်ရင်းမှ စုန့်ယွမ်ယွီထံခုန်အုပ်သည်။

“မဟာမိတ်အရှင် သတိထား!”

အလန့်တကြား အော်သံများကိုကြားရသည့် အနက်ရောင်ဝတ်စုံနှင့်လူများက လူ့ဝံတစ်ပိုင်းအသွင် ပြောင်းလဲသောအခါ သူတို့၏ ခန္ဓာကိုယ်က အလွန်အမင်း ကြမ်းတမ်းလာကာ ကြယ်တာရာစွမ်းအင်များကိုပင် ရင်ဆိုင်နိုင်သည်။ ထို့ကြောင့် မြောက်များလှစွာသောသိုင်းပညာရှင်များက သတ်ဖြတ်ခံခဲ့ရသည်။

သို့သော် စုန်ယွမ်ယွီက တည်ငြိမ်ကာ တည်ကြည်နေသည်။ အထိတ်တလန့်ဖြစ်သည့် အမူအရာမျိုးကို မမြင်ရပေ။

ဗုန်း

အနက်ရောင်ဝတ်စုံနှင့်လူက ခုန်အုပ်လာချိန်တွင် သူ၏ကိုယ်ပေါ်မှအစိမ်းရောင်အလင်းက လင်းလက်လာသည်။ စုန့်ယွမ်ယွီကပင် ဘာမှမလုပ်ရသေးခင် ထိုသားရဲပုံသဏ္ဍာန် လူကိုယ်တစ်ပိုင်းကလည်း သူနှင့်၃ပေအကွာတွင် မမြင်ရသော အတားအဆီးတစ်ခုကို ဝင်တိုက်မိလိုက်သလိုမျိုး ရုတ်တရက် ရပ်သွားသည်။

ဗုန်း

စုန့်ယွမ်ယွီက လှုပ်ရှားမှု ကင်းမဲ့နေသေးသည်။ သူ၏လက်က ကျောဘက်တွင် တင်ထားသေးသည်။ သို့သော် သူ၏ဝတ်ရုံက ဖျက်ခနဲလှုပ်သွားသေးသည်။ အစိမ်းရောင်ကြယ်တာရာစွမ်းအင်က ထိုးထွက်သွားပြီးနောက်တွင် အနက်ရောင်လူ့ဝံတစ်ပိုင်း၏ကိုယ်ပေါ်မှ မွှေးညှင်းပေါင်တိုင်းကို ထိုးဖောက်ကာ ဝင်ရောက်သွားသည်။

ခရက် ခရက်!

လူ့ဝံတစ်ပိုင်း၏ကိုယ်ပေါ်မှ အသွင်ပြောင်းထားသော မွှေးညှင်းပေါက်တိုင်းဟာ သစ်ရွက်များ၊နွယ်ပင်များ ပေါက်ထွက်လာပြီးနောက်တွင် သွေးရောင်ပန်းများ ပွင့်လာသည်။

သူ၏ပေါ်နေသော အရေပြားများကပင် အနက်ရောက်မှအစိမ်းရောင် ဖြစ်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

1526 04

ထိုအနက်ရောင်ဝတ်စုံနှင့်လူက သူ့ကိုယ်သူ ခက်ခက်ခဲခဲ ပြန်ငုံ့ကြည့်ပြီးနောက်တွင် စုန့်ယွမ်ယွီ၏ထူးမခြားနားမျက်နှာကို ပြန်ကြည့်သည်။

ခရက်

တစ်ခဏခန့်ကြာပြီးနောက် ထိုလူ့ဝံတစ်ပိုင်း၏ ကြမ်းတမ်းသော မရပ်တန်ုနိုင်သော ခန္ဓာကိုယ်ကြီးကလည်း စုန့်ယွမ်ယွီ၏အရှေ့တွင်ပင် သစ်ပင်တစ်ပင်အဖြစ် ပြောင်းကာ ရပ်လျက်သား တန့်သွားသည်။

သို့သော် သူ၏ အသက်စွမ်းအင်များ အားလုံးကပျောက်ကွယ်သွားပြီဖြစ်သည်။

လူ့ဝံတစ်ပိုင်း

ထိုမျှကြယ်တာရာစွမ်းအင်ပေါင်းများစွာနှင့် အလားအလာများကို စတေးပြီးနောက်တွင် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် အရှိန်နှုန်းက အများကြီးမြင့်တက်လာကာ မကောင်းဆိုးဝါး ဖြစ်သွားနိုင်သည်။

ထိုကဲ့သို့သောရုပ်ပိုင်းဆိုင်ရာ အင်အားတိုးတက်မှုမျိုးက စုန့်ယွမ်ယွီ၏ထာဝရနွေဦးမန်ဒြာကြောင့် အလွယ်တကူ ကိုင်တွယ်ခံရနိုင်သည်။

“မျိုးမစစ်”

ဝါးဦးထုပ်နဲ့လူတစ်ယောက်က ထိုအခြေအနေကို မြင်ပြီးနောက် မျက်နှာက အေးစက်သွားသည်။ သူသည်လည်း စုန်ယွမ်ယွီနှင့်ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ် အဖွဲများရှိရာသို့ ချက်ချင်းလိုလိုပြေးလာ၏။ သူ၏အနောက်ဖက်တွင်အနက်ရောင် လေဝဲကပင် လှုပ်ခတ်၍ ကျန်ရစ်သည်။

“စကြဝဠာခုတ်ထွင်ခြင်းသိုင်း”

ထိုအခိုက်အတန့်တွင် ယုံကြည်မှုရှိပြီး စိတ်အေးပေါ့ပါးသော အသံတစ်သံက ထွက်လာသည်။ တုမဟာမိတ်အရှင်ရှန့်ကွမ်းထင်ကလည်း ရှေ့ဘက်သို့ လှမ်းတက်လိုက်ပြီး လက်သီးဖြင့်ထိုးသည်။ သူ၏လက်သီးက မယုံနိုင်စရာ ကောင်းလွန်းသော အရှိန်နှုန်းကိုသယ်ဆောင်ထားပြီး ရှန့်ကွမ်းထင်၏တိုက်ကွက်သည် ဝါးဦထုပ်နှင့်လူ၏အရှေ့ ထံသို့ နီးကပ်လွန်းစွာ ရောက်လာသည်။

ချိမ်း

မြေကမ္ဘာကလှုပ်ခါကာ ကြယ်တာရာစွမ်းအင်များက ဟိန်းဟောက်သည်။ ရှန့်ကွမ်းထင်၏လက်သီးထဲမှ နေမင်းထက်ပင်တောက်ပကာ မျက်စိကြိမ်းစေသည့် အဖြူရောင်အလင်းက လက်လာသည်။

ရှန့်ကွမ်းထင်၏သိုင်းပညာကို ရင်ဆိုင်ရသောအခါ အာကာသပြင်ကပင် အလိုလိုတုန်ခါသွားပြီး မရေမတွက်နိုင်သော အစိမ်းနုရောင်များက ပေါ်ထွက်လာကာ ဖန်သားအလား ပြောင်းလဲသွားသည်။

တစ်ချိန်ထဲတွင်ပင် ဝါးဦးထုပ်နဲ့လူ၏ကြယ်တာရာစွမ်းအင်ကိုလည်း ဓါးများဖြင့် ခုတ်ထွင်လိုက်သလိုမျိုး ဖျက်ဆီးပစ်လိုက်သည်။

“စကြဝဠာခုတ်ထွင်ခြင်းသိုင်း”

တစ်ဦးချင်းတိုက်ခိုက်မှုနှင့် ပက်သက်လာချိန်တွင်ဖြစ်စေ၊သိုင်းပညာများများကို ကွဲကြေသွားအောင် လုပ်ချိန်တွင်ဖြစ်စေ ၊ ကြယ်တာရာစွမ်းအင်များကို ထိုးဖောက်ဝင်ရောက်ခြင်းဖြစ်စေ၊ လောကရှိ မည်သည့်သိုင်းကမှ စကြဝဠာခုတ်ထွင်ခြင်းသိုင်းကို မယှဥ်နိုင်ပေ။

စုန့်ယွမ်ယွီ၏ဆရာကျသော ထာဝရနွေဦးမန်ဒြာက အလွန်အမင်းသိပ်သည်းသော ကြယ်တာရာစွမ်းအင်များနှင့် ပြိုင်ဘက်ကင်းသောခုခံမှုကို ပိုင်ဆိုင်ထားလျှင်ပင် ရှန့်ကွမ်းထင်က ချိုးဖျက်နိုင်သည့်အတိုင်းအတာကို အံတုနိုင်သော ခုခံမှုမျိုးကို မပေးနိုင်ပေ။ အခြားသောသူများဆိုလျှင် ပို၍ပင်ဆိုးသေးသည်။

“ဖြောင့်မတ်မှန်ကန်ခြင်းအဖွဲ့က တပည့်ဂိုဏ်းသားတိုင်း ငါ့ရဲ့အမိန့်ကိုနာခံ တိုက်ခိုက်!”

စုန့်ယွမ်ယွီ၏အမူအရာက အေးစိမ့်လာပြီးနောက်တွင် သူဟာ တိုက်ခိုက်ရန် အမိန့်ကို ပေးလိုက်သည်။

“သတ်”

ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ် ကျွမ်းကျင်ပညာရှင်များထဲမှ အကြီးအကဲစစ်ခုန်းရန်ကျားကဲ့သို့ အကြီးအကဲများကလည်း လှုပ်ရှားကြကာ ဒေါသတကြီးအော်ဟစ်ရင်း အရှေ့ဘက်သို့ ခုန်တက်သည်။

ဘမ်း

စုန့်ယွမ်ယွီက အရှေ့ဘက်သို့ ဖနောင့်တစ်ချက် ပေါက်လိုက်ပြီး ထာဝရနွေဦး ကြယ်တာရာစွမ်းအင်များအား မြေကမ္ဘာကိုထိုးခွဲကာ ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ၏ ကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။

******

1527 01

အခန်း_1527

ထာဝရနွေဦးကြယ်တာရာစွမ်းအင်သည် ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များ၏ လျက်မြန်စွာ ကုန်ဆုံးသွားသောစွမ်းအားများက အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိစေခြင်းအားဖြင့် ဒဏ်ရာများကိုပင် တစ်ချိန်ထဲတွင် ကုစားပေးသည်။

ဗုန်း ဗုန်း ဗုန်း

စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက်တွင် ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်၏ဝင်္ကမ္ဘာက အနက်ရောင်ဝတ်စုံနှင့်လူများနှင့် ဝင်တိုက်သည်။

သူတို့၏ခေါင်းအထက်တွင်လဲ အလင်းများက လက်သည်။ ပေါက်ကွဲမှုများကလည်း ဖြစ်ပေါ်လာသည်။ ကြယ်တာရာစွမ်းအင်များက အနက်ရောင်ဝတ်စုံနှင့်လူများ၏ ကိုယ်ထဲသို့ ဝင်ရောက်၏။

အနက်ရောင်ဝတ်စုံနှင့်လူ ၇ယောက်၊၈ယောက်ကစုန့်ယွမ်ယွီ၏ ထာဝရနွေဦးမန်ဒြာကြောင့် ချက်ချင်းလိုလို ဖိသတ်ခံရပြီး အော်သံများက ထွက်လာသည်။

"သေချင်နေတာပဲ"

တစ်ချိန်ထဲလိုတွင်ပင် ရှန့်ကွမ်းထင်က အေးစက်သော မျက်ဝန်းနှင့်အတူ တိုက်ပွဲထဲသို့ ဝင်လာသည်။

လျှောက်လမ်း၏ဘယ်ဘက်ခြမ်းတွင် ရှန့်ကွမ်းထင်နှင့်စုန့်ယွမ်ယွီတို့ကို ဘေးဖယ်ထားလိုက်သော် ဘိုးဘေး၅၀၀မဟာ မိတ်ကလည်း အနက်ရောင်ဝတ်စုံများနှင့်လူများ၏ ကျူးကျော်တိုက်ခိုက်ခံနေကြသည်။ သို့သော် ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်နှင့် မတူညီသည်မှာ ဘိုးဘေး၅၀၀မဟာမိတ်က ဝင်္ကမ္ဘာမရှိသလို ဗျူဟာများကိုလည်း ထုတ်မသုံးထားပေ။ သူတို့၏တိုက်ခိုက်သော နည်းလမ်းပုံစံကလည်း အင်အားကိုသုံးပြီး သေဆုံးခြင်းနှင့်တိုက်ခိုက်သကဲ့သို့ ဖြစ်နေသည်။

အာဝူး....!

ကောင်းကင်ကို လှုပ်ခါစေသော ဟိန်းသံတစ်ချက်က ထွက်လာသည်။ နဂါးနက်ကြီးက အရှေ့ဘက်သို့ ခုန်အုပ်လိုက်ပြီး သူ၏ရှည်လျားသောအမြီးကြီးကို အနက်ရောင်ဝတ်စုံနှင့် လူ၁၀ယောက်ခန့်ကို ဖြတ်ရိုက်လိုက်ခြင်းအားဖြင့် လေထဲသို့ မြောက်တက်သွားစေသည်။

ဘုန်း!

အနက်ရောင်နဂါးလက်သည်းကြီးက ခုတ်ချလိုက်ပြီးနောက်တွင် အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်၏ ကြောက်လန့်မှုများ ပြည့်နှက်နေသော မျက်နှာကို လစ်လျူရှု၍ သူ၏ကြယ်တာရာစွမ်းအင်အလွှာကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခွဲခြေ၍ ခန္ဓာကိုယ်ကို အသားအပိုင်းအစများအဖြစ် ပြောင်းလဲသွားစေသည်။

"ဟွန်း မင်းတို့က ဒီအဖိုးကြီးကို သတ်နိုင်မဲ့စွမ်းရည် ဘယ်လိုရှိလဲကြည့်ဦးမယ်"

ရေနတ်ဘိုးဘေး၏အေးစက်သောအသံက ချိုင့်ဝှမ်းနယ်မြေတစ်ခုလုံး ပဲ့တင်ထွက်နေသည်။ သူ၏အနောက်ဘက်တွင် ချောက်ကမ်းပါးရှိသည်။

ဘိုးဘေး၅၀၀မဟာမိတ်ကလည်း ကျင်းထဲကြပ်ထဲအနေအထား ရောက်ရှိနေခဲ့ပြီးသား ဖြစ်သည်။ ချောင်ပိတ်ခံရသော သားရဲကောင်ကပင် တိုက်ခိုက်သေးလေရာ ရေနတ်ဘိုးဘေးကဲ့သို့မိ စ္ဆာလမ်းကြောင်း လျှောက်သောခေါင်းဆောင်ဖြစ်သူက ပို၍ပင်ဆိုးသေးသည်။

ရေနတ်ဘိုးဘေးက သူ၏သတ်ဖြတ်မှုကို စတင်သည်နှင့်အမျှ ဝင်္ကမ္ဘာကြီးက လှုပ်ခါသည်။ နောက်ထပ်ကြီးမားသောစွမ်းအင် မုန်တိုင်းကြီးတစ်ခုက ဖြစ်ပေါ်လာသည်။

ဝေါင်း!

နဂါးနက်ကြီး၏အနောက်တွင် မီတာ၃၀မှ၄၀ခန့်အထိမြင့်သော အရိုးနတ်ဆိုးကြီးရှိသည်။ သူ၏ခန္ဓာကိုယ်ထဲမှ အနက်ရောင်မီးခိုးများက လှိမ့်ထွက်လာသည်။

"အရိုးနတ်ဆိုး၏ဒေါသ"

မြေပြင်မှ မြင့်တက်လာသောအရိုးများက ရုတ်ချည်းလိုလို မြောက်တက်လာပြီးနောက်တွင် ကြီးမားသောအရိုးနတ်ဆိုး၏ညာလက်တွင် လာရောက်ပေါင်းစပ်သည်။ ထို့နောက် အရိုးထောင်ပေါင်းများစွာက ကြီးမားသော လက်သီးလုံးကြီးအဖြစ် စုစည်းကာ ပေါင်းစပ်လာပြီးနောက်တွင် မြေကြီးကို ရိုက်ချလိုက်သည်။

1527 02

ချိမ်း!

ရိုက်ခံရသောအခါမြေကြီးက တသိမ့်သိမ့်တုန်သည်။ မြေပြင်က အတွင်းဘက်သို့ ကျွံကျသွား၏။ ထိုသို့ဖြင့် လုံးဝကွဲအက်ကာ ပြိုလဲကျမည့် အရိပ်အရောင်မျိုးကို ပြသသည်။

အနက်ရောင်ဝတ်စုံနှင့်လူများက စူးရှစွာအော်ဟစ်သည်။ လူ့ဝံတစ်ပိုင်းနှင့် အနက်ရောင်မီးတောက်အဇူရာများဟာ အရိုးနတ်ဆိုးဘိုးဘေး၏ရိုက်ချက်ကို တောင့်မခံနိုင်ကြဘဲ ကြေမွကာ သေကုန်ကြရသည်။

သေဆုံးခြင်းစွမ်းအင်က ရှေ့သို့ဆက်လက်ပြီးတိုးဝင်သွားကာ အနက်ရောင်ဝတ်စုံနှင့်လူများ၏ ကိုယ်ထဲသို့ စိမ့်ဝင်သည်။

ထိုအနက်ရောင်ဝတ်စုံနှင့်လူများသည်လဲ အရိုးဖြူကလွဲပြီး ဘာမှမကျန်ရစ်တော့သည်အထိ အစားသောက်ခံလိုက်ရပြီး မြေပေါ်တွင် ပုံလျက်သားကျသည်။

"မျိုးမစစ်တွေ"

ဝါးဦးထုပ်လူ၃ယောက်နှင့်အတူယှဥ်နိုင်သော အနက်ရောင်လူများထဲမှ ကျွမ်းကျင်ပညာရှင်များသည်လဲ အရိုးနတ်ဆိုးဘိုးဘေးတို့ထံသို့ ချည်းကပ်လာကြသည်။

တိုက်ပွဲကပြင်းထန်လာသည်။ ကြယ်တာရာစွမ်းအင်များ၏ထိခတ်သံများ၊ အော်ဟစ်သံများက အဆုံးအစမဲ့စွာ ပေါ်ထွက်နေသည်။ အချိန်တိုအတွင်းတွင် အနက်ရောင်မြူထုက လေထဲတွင် ရစ်ဝဲနေပြီး မြေပြင်ကလည်း အလောင်းများ ပုံလာသည်။

စုန့်ယွမ်ယွီ၊ရှန့်ကွမ်းထင်၊ရေနတ်ဘိုးဘေး။ အရိုးနတ်ဆိုးဘိုးဘေး။ ဒဏ္ဍာရီတစ္ဆေဘိုးဘေး၊ဖြောင့်မတ်မှန်ကန်ခြင်းနှင်မိစ္ဆာလမ်းကြောင်းမှ အကြီးအကဲများနှင့် မည်သည့်အဖွဲ့ကမှ မဟုတ်သည့်သိုင်းပညာရှင်အားလုံးက အတူတကွပူးပေါင်းထားကြသည့်တိုင်အောင် အနက်ရောင်ဝတ်စုံနှင့် လူများသည်လည်း သိုင်းပညာလောကမှ အင်အားစုများထက် အင်အားကြီးမားလွန်းနေသေးသည်။

သူတို့၏သိုင်းပညာက ရက်စက်ကာကြမ်းကြုတ်ပြီး တောမီးကဲ့သို့ တောက်လောင်နိုင်သည်။ ထို့ကြောင့် ဒီလောက၏ သိုင်းပညာလောကထဲမှ ခြားနားသောလမ်းကြောင်းတစ်ခုထဲသို့ ဖြစ်နေသည်။

ဖြောင့်မတ်မှန်ကန်သောလမ်းကြောင်းနှင့် ဆိုးယုတ်သည့်လမ်းကြောင်းဘက်မှ ကျွမ်းကျင်ပညာရှင်များသည်လဲ အချင်းချင်း တိုက်ခိုက်နေကြဖြစ်သည်။ သို့သော် ယခုလိုမျိုး နက်နဲသည့်သိုင်းမျိုးကို ရင်ဆိုင်ရသည့်အခါ ကိုယ့်ကိုယ်ကိုယ် မခုခံနိုင်အားပေ။

"ငါတို့ဝင်ပါရမဲ့အချိန်ပဲ"

ချွင်!

ဝမ်ချောင်က ရုတ်တရက် အရှေ့ဘက်သို့ ခြေလှမ်းတက်လိုက်ပြီး မူလအမရဓါးကို မြှောက်လိုက်ပြီး သိပ်သည်းလွန်းသောစွမ်းအားများက ဓါးအတွင်းမှ စိမ့်ထွက်လာပြီးနောက်တွင် ဝမ်ချောင်ပထမမျှော်လင့်ထားသည်ထက် အင်အားကြီးမားလာသည်။

ပါးကုရှီတုနှင့်တိုက်ပွဲပြီးနောက်တွင်ဝမ်ချောင်သည် မူလအမရဓါးကိုအသုံးပြုရာတွင် ပို၍ကျွမ်းကျင်လာပြီး အကောင်းဆုံးသောအသုံးပြုနည်းအား တဖြည်းဖြည်းချင်းစီ နားလည်လာသည်။

"အနက်ရောင်ဝတ်စုံနှင့်လူတွေကအရိုးကို ကပ်တွယ်နေတဲ့လောက်တွေလိုပဲ။ ဒါပေမဲ့ ငါတို့အနေနဲ့ ပြန်လည်တိုက်ခိုက်ရမယ့်အချိန်ပေါ့"

ဝမ်ချောင်က အနက်ရောင်ဝတ်စုံနှင့် လူများကိုကြည့်နေရင်းမှ သူ၏မျက်ဝန်းထဲတွင် ကြမ်းတမ်းသောအလင်းက လက်လာသည်။

သူသည် စိတ်ရှည်မှုအဆုံးသို့ ရောက်ရှိနေလေပြီး သို့မဟုတ်လျှင်လည်း သူသည်ဆက်လက်ပြီး စိတ်ရှည်ပေးရန် မလိုအပ်တော့ပေ။ သူ၏စွမ်းအားက ပြန်ရလာပြီဖြစ်သည်။ သူ၏ကျန်းမာရေးကလည်း ပြန်ကောင်းသွားသည်။ လက်ထဲတွင်လည်း နတ်ဓါးကရှိနေ၏။ ထို့ကြောင့် ကြောက်စရာ မရှိတော့ပေ။

"ဆရာ ငါ ဒါကိုဆရာ့ကိုပေးမယ်။ ငါပလ္လင်ဆီကနေ ရလာတာ။ ကျန်တဲ့ကိစ္စတွေကို ငါနဲ့လွှဲထားလိုက်"

1527 03

ဝမ်ချောင်က သူပလ္လင်ထံမှအရယူလာသော ဘူးသီးခြောက်ပုံသဏ္ဍာန်ပုလင်းလေးကို ပစ်ပေးလိုက်ပြီးနောက်တွင် မရပ်တန့်နိုင်သော စစ်နတ်ဘုရားတစ်ပါးအလား တိုက်ပွဲထဲသို့ ဝင်သွားသည်။

သူက ဝင်ရောက်လိုက်သည့်အခိုက်အတန့်တွင်ပင် မြေကမ္ဘာက တသိမ့်သိမ့်တုန်သည်။ ခန္ဓာကိုယ်က ထွက်လာသောစွမ်းအင်မုန်တိုင်းကလည်း ပြန့်လာသည်။

ဘမ်း!

သူ၏မျက်ဝန်းထဲတွ င်အေးစက်သောအလင်းက ဖျက်ခနဲလက်သည်။ ဝမ်ေချာင်သည် လိမ်တွန့်နေသောလျှပ်စီးတန်း အသွင်ပြောင်းလဲကာ ပျောက်သွားသည်။

ဗုန်း ဗုန်း ဗုန်း!

ပေ၁၀၀ခန့်အကွာတွင်ဆံချည်တစ်မျှင်လောက် ပါးလျလွန်းသောခရမ်းရောင်အလင်းက ရုတ်ချည်း ပေါ်လာသည်။

ဗုန်း ဗုန်း ဗုန်း!

မူလအမရဓါးကလေထဲတွင် ရှည်လျားသောစက်ဝိုင်းခြမ်းကြီးတစ်ခုကို ဖန်တီးလိုက်ပြီးနောက်တွင် လမ်းကြောင်းတွင် ရှိနေသော အနက်ရောင်ဝတ်စုံနှင့် လူများအားလုံးကိုပေါက်ကွဲသွားစေသည့် ဖောက်ခွဲမှုများကို ထုတ်လွှတ်သည်။

ထိုအခိုက်အတန့်တွင်ပင် အနက်ရောင်ဝတ်စုံနှင့် လူ၁၀ယောက်ကျော်ကျော်ခန့်က ဆုံးရှုံးသွားသည်။ ဒါဟာအစသာရှိသေးသည်။

"အား..!"

သိုင်းပညာရှင်များကိုသတ်ဖြတ်ပြီး ဖြောင့်မတ်မှန်ကန်ခြင်းလမ်းကြောင်းနှင့် မိစ္ဆာလမ်းကြောင်းမှ ကျွမ်းကျင်ပညာရှင်များကို အထိတ်တလန့် အော်ဟစ်နေစေခဲ့သော အနက်ရောင်ဝတ်စုံနှင့်လူများက ရုတ်တရက် ထအော်ကြရသည်။ သူတို့၏ခန္ဓာကိုယ်က ထိန်းချုပ်ရန်ခက်ခဲစွာ တုန်ယင်လာပြီးနောက်တွင် ခန္ဓာကိုယ်ထဲမှ ကြယ်တာရာစွမ်းအင်များကိုပင် မထိန်းချုပ်နိုင်တော့ပေ။

ဗုန်း!

သူတို့၏စွမ်းအင်များက ပင်လယ်ထဲသို့ ရောနှောကာ မြုပ်သွားသောမြစ်များအလား စီးထွက်ကုန်သည်။

မာရမ်မီးတောက်ဖြင့် ရစ်ပတ်ထားသော အနက်ရောင်မီးတောက်အဇိုရာကပင် သူတို့၏ကြယ်တာရာစွမ်းအင်အား ခန္ဓာကိုယ်ထဲမှဖောက်ထွက်၍ ဝမ်ချောင်၏ကိုယ်ထဲသို့ စီးဝင်မှုကို မတားနိုင်ပေ။

ခွပ် ခွပ်

အနက်ရောင်ဝတ်စုံနှင့်လူများ၏ခန္ဓာကိုယ်က စတင်ကာကျုံ့လာပြီး မြေပြင်ပေါ်သို့ပြုတ်ကျလာသည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်ကလဲ အဆင့်များအားလုံးကို ဝမ်ချောင်က စုပ်သွားသည်။

မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်း

ယခုအခါဝမ်ချောင်သည် သူ၏စွမ်းအားများ ပြန်ရသွားပြီဖြစ်သည်။ နံပါတ်တစ်မိစ္ဆာသိုင်း၏ အရှိန်အဝါကိုလည်း တစ်ဖန်ပြန်လည်ပြီး ထုတ်ပြနိုင်သွားပြီဖြစ်သည်။ သူ၏ခွန်အားကလည်း အဆင့်တစ်သို့ထပ်တက်သည်။

ဂျိမ်း!

ဝမ်ချောင်၏ပတ်ပတ်လည်တွင် ကြီးမားသောမုန်တိုင်းကြီးက ဟိန်းဟောက်နေပြီးပြင်းထန်သော ဆွဲစုပ်အားကို ထုတ်လွှတ်ထားသည်။

မူလအမရဓါးပြင်းထန်သောအရှိန်အဝါ၏ အကူအညီကြောင့် ဝမ်ချောင်သည် မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းအား သိမ်မွေ့နယ်မြေသို့ တွန်းတင်လိုက်နိုင်သည်။ ထို့ကြောင့် စွမ်းအားကလည်း သိသိသာသာမြင့်သွားသည်။

ခွပ် ခွပ် ခွပ်!

အနက်ရောင်ဝတ်စုံနှင့်လူများက အော်ဟစ်နေချိန်တွင် သူတို့၏ ခန္ဓာကိုယ်က မီးခိုးများထွက်ရင်း ညှိုးနွမ်းကာ ပြုတ်ကျသည်။

"မျိုးမစစ်!"

လေဟာနယ်ကြီးခြေလှမ်းသိုင်းကို အသုံးပြုကာ ချိုင့်ဝှမ်းနယ်မြေထဲတွင်တစ္ဆေတစ်ကောင်အလား သွားရင်း လမ်းကြောင်းတွင် ရှိသမျှအရာအားလုံးကို သတ်ဖြတ်နေသော တတိယမြောက်ဝါးဦးထုပ်နှင့်လူက ရုတ်တရက် ခေါင်းကိုလှည့်ကြည့်ပြီး မျက်လုံးက အေးစက်သွားသည်။

1527 04

"ဟွန့်..မင်းပဲ မင်းက တကယ် ထွက်လာရဲတယ်"

တတိယမြောက်ဝါးဦးထုပ်နှင့်လူ၏မျက်လုံးက ကောက်ကျစ်သောစူးရှမှုဖြင့် ပြည့်နှက်သွားသည်။ သူသည်လည်း ဝမ်ချောင်က အတွင်းပိုင်းသို့ ရောက်လာသည်ကို သတိထားမိပြီးသား ဖြစ်သည်။

သို့သော် အမရ၃ပါးကရှိနေသောကြောင့် ဝါးဦးထုပ်နှင့်သူများကိုပင် မိုက်ရူးရဲဆန်စွာ မလှုပ်ရှားရဲခဲ့ပေ။ သို့သော် ယခုအခါ တိုက်ခိုက်ရာတွင်မူ ခြားနားသော အခြေအနေတစ်ခု ဖြစ်သွားလေပြီ။

ဒီတစ်ကြိမ်တွင် ဝမ်ချောင်က သူ၏ဖမ်းဆုတ်မှုအောက်မှ မလွတ်စေရပေ။

"မင်းသေချင်နေရင်လည်း ငါက ဆန္ဒကိုဖြည့်ပေးမယ်"

ချွင်!

ပိန်ပါးသောဝါးဦးထုပ်နှင့်သူက လေဟာနယ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်နှင့် စူးရှသော အပူတပြင်းအော်ဟစ်သံက ထွက်ပေါ်လာသည်။

အား..

ဆေဗာလ်ဓါးတစ်လက်အလားထက်ရှသော ပါးလျသည့်ကြာပွတ်တစ်ချောင်းက လေဟာနယ်၏အတွင်းဘက်ပိုင်းမှ ပေါ်ထွက်လာလေပြီး ဝမ်ချောင်ရှိရာလေထုကို ဖြတ်ရိုက်သည်။

တတိယမြောက်ဝါးဦးထုပ်နှင့်လူ၏သတ္ထုကြာပွတ်က အင်အားကြီးမားသော ကြယ်တာရာထိုးဖောက်ခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သိုင်းပညာရှင်၏ ကြယ်တာရာစွမ်းအင်ကို ထိုးဖောက်ပြီး နှစ်ခြမ်းဆွဲဖြတ်လိုက်သည်။

"ဟွန့်"

ဝမ်ချောင်က ရုတ်တရက်ပြုံးသည်။ သူ့အနေဖြင့် ထိုအနက်ရောင်ဝတ်စုံနှင့်လူက ပထမဦးဆုံးအကြိ မ်ဆုံဖူးခြင်းလည်း မဟုတ်သလို သူ့အား မြေအောက်မြစ်ထဲတွင် လိုက်ဖမ်းခဲ့သောသူကို ကောင်းကောင်း ရင်းနှီးနေသည်။

ထိုအချိန်က ဝမ်ချောင်သည် အလွန်အားနည်းနေသည်။ အားနည်းလွန်း၍ ကျင့်ကြံခြင်း သွေဖယ်နေပြီး အချိန်မရွေး သေသွားတော့မလို အနေအထားတွင်ဖြစ်နေပြီး တိုက်ပွဲကိုရှောင်ခဲ့ရသည်။ သို့သော် ထိုအချိန်က ထိုအချိန်ဖြစ်သည်။ ယခုက ယခုဖြစ်သွားသည်။

ပါးကုရှီတုကပင် သူ့လက်ထဲတွင် သေသွားလေရာ ဝါးဦးထုပ်နှင့်လူဆိုရင် ထည့်တွေးရန်ပင် မလိုအပ်ပေ။

"ဒါက ငါလိုချင်တာပဲ"

ဝမ်ချောင်၏နှုတ်ခမ်းကကော့တက်ကာ တွန့်လိုက်သည်။ သူသည် အရှေ့ဘက်သို့ ဆန်တက်လာပြီးနောက်တွင် တိုက်ခိုက်လိုက်သည်။

ဘမ်း!

ဝမ်ချောင်က မပျောက်သေးသည့်တိုင်အောင် သူ၏သိပ်သည်းလွန်းသော စိတ်စွမ်းအင်များကို ဦးဆောင်ပို့လွှတ်လိုက်သည်။ ထိုစိတ်စွမ်းအင်က ပုန်းနေသော တတိယမြောက် ဝါးဦးထုပ်နှင့်လူထံ ခပ်ပြင်းပြင်းရိုက်ချသည်။

လေဟာနယ်ချင်းယှဥ်သည့်သိုင်းက ဝမ်ချောင်ရထားသော ရွေ့လျားမှုသိုင်းထက် ပို၍မြန်ဆန်သည်။ ဆိုလိုသည်မှာဝမ်ချောင်သည် တစ်ဖက်သူကို အရှိန်နှုန်းဖြင့် ယှဥ်ပြိုင်နိုင်မည်မဟုတ်ပေ။

သို့သော် ကံဆိုးသည်မှာ တတိယမြောက်ဝါးဦးထုပ်နှင့်လူအတွက် ထိုမျှထိ ဒုက္ခခံရန်မလိုအပ်ပေ။

သု၏ထိတွေ့ကိုင်တွယ်၍ရသော စိတ်စွမ်းအင်များက သိမ်မွေ့ နယ်မြေအဆင့်မှ သိုင်းပညာရှင်တစ်ယောက် ဆိုသော အတိုင်းအတာကို ကျော်သွားလေသည်။ ထို့ကြောင့် တတိယမြောက်ဝါးဦးထုပ်၏လေဟာနယ်ကြီးခြေလှမ်းကလဲ သူ့ကို ရင်ဆိုင်ရန် မဖြစ်နိုင်တော့ပေ။

"အား.."

လေဟာနယ်ထဲတွင် ပေါက်ကွဲသံက ထွက်ပေါ်လာပြီး အလန့်တကြားအော်ဟစ်သံက ကပ်ပါသည်။

1527 05

လေထုကို ခရမ်းရောင်လျှပ်စီးက ဖျက်ခနဲလက်သွားပြီးနောက်တွင် ဖျက်ဆီးခြင်းအရှိန်အဝါအပြည့်ဖြင့် တောက်ပနေသော တတိယမြောက်ဝါးဦးထုပ်နှင့်လူကို ရိုက်ချသည်။

ဘမ်း!

ပတ်ဝန်းကျင်မှ လူများသည်လဲ အဖြစ်အပျက်ကို နားလည်ရန် ကြိုးစားနေကြသည်။ တတိယမြောက်ဝါးဦးထုပ်နှင့်လူက ကျယ်လောင်စူးရှစွာ အော်ဟစ်ပြီး ခွေးသေတစ်ကောင်အလား လွင့်ထွက်သွားသည်။ သူဟာ သူ၏အနောက်ဘက်၁၀မီတာခန့်အကွာမှ ဂူနံရံကြီးနှင့် ဝင်ဆောင့်တိုက်သည်။

ကြီးမားသောတိမ်စိုင်လုံးကြီးများက ဆင်းသက်လာပြီးနောက်တွင် ကျောက်သားအပိုင်းအစများကလည်း ကပ်ပါလာသေးသည်။ ဝမ်ချောင်၏ ရိုက်ချက်တစ်ချက်ထဲမှ ကြောက်စရာကောင်းသော စွမ်းအားကတတိယမြောက် ဝါးဦးထုပ်နှင့်လူအား ဂူနံရံထဲသို့ ချိုင့်ဝင်သွားစေသည်။

"မျိုးမစစ်"

မီတာ၃၀ကျော်ခန့်မြင့်မားသော အဝါရောင်မာဖလာစစ်သည်တော်အဖြစ် ပြောင်းလဲထားသည့် ဝါးဦးထုပ်ခေါင်းဆောင်က ယခုအခါ သူ၏ခေါင်းကို ကြမ်းတမ်းစွာ လှည့်ကြည့်လာသည်။ သူဟာ တစ်ဖက်သို့ လှည့်လိုက်ရုံနှင့် သူ၏ပတ်ဝန်းကျင်မှ အရေမတွက်နိုင်သော ကျောက်သားများက ပြုတ်ကျသည်။ ကြယ်တာရာစွမ်းအင်များ အားလုံးကလဲ ကျောက်သားများအသွင် ပြောင်းသွားသည်။

သူ၏ခြေထောက်က အသက်မဲ့သောသိုင်းပညာရှင်များ၏ကြေမွနေသော အလောင်းပေါ်သို့ တက်နင်းပြီးလျှောက်လာသည်။ သူ၏မျက်လုံးကလည်း အေးစက်နေ၏။

******

1528 01

အခန်း_1528

ဝါးဦးထုပ်နှင့်ခေါင်းဆောင်က ပြိုင်ဘက်များထက် အင်အားကြီးမားလွန်းသည်။ ထို့ကြောင့် သေဆုံးသွားပြီးသည့်တိုင်အောင် မမြင်ရသောစွမ်းအားတစ်ရပ်က သေဆုံးပြီးသား သိုင်းပညာရှင်များ၏ခန္ဓာကိုယ်ထဲသို့ ဆက်လက်ပြီး တိုးဝင်နေသေးသည်။

သူတို့၏အရေပြား၊ဆံပင်မွှေး ၊လက်သည်းခွံနှင့်သွေးပြန်ကြောများထဲမှ သွေးများကပင် ကျောက်သားများ ဖြစ်နေသည်။

"ကောင်လေး မင်းက ကံနည်းနည်းတော့ ကောင်းသားပဲ"

ဝါးဦးထုပ်နှင့်လူခေါင်းဆောင်က နတ်ဘုရားတစ်ပါးအလား တစ်လှမ်းချင်း လျှောက်လာ၍ ကျယ်လောင်စွာလှ မ်းအော်ပြောသည်။

"ဒီလိုဖြစ်နေကတည်းက ငါကလည်း အနာဂတ်ပြဿနာတွေဆီကနေ ကာကွယ်ဖို့ မင်းကို အခုသတ်ပေးရတာပေါ့"

အကန့်အသတ်မဲ့သော ခွန်အားနှင့်ပြည့်နှက်နေသော ခန္ဓာကိုယ်ကြီးကိုရွေ့နေရင်း မြေကမ္ဘာက တသိမ့်သိမ်တုန်လာသည်။

သူ၏လှုပ်ရှားမှုတိုင်းက သူ၏ပြင်းထန်သော အရှိန်အဝါကို တောင့်မခံနိုင်သကဲ့သို့ ထိုနေရာကို တုန်လာစေသည်။

ချိမ်း

သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးနှင့် အပ်စပ်မှုမရှိသည်မှာ သူ၏မြန်ဆန်သောအရှိန်နှုန်းနှင့် ဖျတ်လက်မှုမျိုးဖြစ်သည်။ ထိုအဝါရောင်မာဖလာစစ်သည်တော်သည် ဝမ်ချောင့်ထံ ခုန်ဝင်လာသည်။

သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးက ရွှေရောင်အလင်းတန်းအဖြစ် ပေါက်ကွဲပြီး ဖျက်ဆီးခြင်းစွမ်းအားမုန်တိုင်းများကို သယ်ဆောင်လာသည်။

ချိမ်း

အဝါရောင်မာဖလာစစ်သည်တော်၏လက်သီးက လျင်မြန်စွာရွေ့လာသည်။ သို့သော် ဝမ်ချောင်၏တိုက်ကွက်က ပို၍ပင်မြန်သေးသည်။

ဝမ်ချောင်သည်လဲ သိုင်းပညာရှင်များကိုပင် သတ်ဖြတ်နိုင်ပြီး သူတို့၏ကြယ်တာရာစွမ်းအင်ကို ကျောက်သားအဖြစ် ပြောင်းလဲနိုင်သော ခြောက်ခြားဖွယ်ကောင်းလွန်းသော စွမ်းအင်များကို ရင်ဆိုင်ရချိန်တွင် နောက်တွန့်သွားမည့် လက္ခဏာကို မပြပေ။

ယခုအခါ သူသည် အင်အားအပြည့် ရှိနေပြီဖြစ်သည်။ အရင်ကထက်ပင် သန်မာနေသေး၏။

သူဟာ စုန့်ယွမ်ယွီကိုပင် လက်ရည်တူ ယှဥ်ပြိုင်တိုက်ခိုက်နိုင်သေး၏။

ထို့ကြောင့် ဝမ်ချောင့်အနေဖြင့် သူ၏စွမ်းအား အကုန်ထုတ်သုံးပြီး တစ်လက်မသော်မျှ နောက်မဆုတ်ရန် ဆုံးဖြတ်ချက်ချထားသည်။

"နတ်ဘုရားနဲ့နတ်ဆိုးသုတ်သင်ခြင်းသိုင်း"

ဝမ်ချောင်သည် ချက်ချင်းဆိုသလို ဗဟိုပြင်ကျယ်မှ အဆင့်လွန်ဓါးသိုင်းကို ထုတ်သုံးလိုက်သည်။ လေထုက ဝီကနဲမြည်ကာ ဝေဝါးသွားသည်။ တစ်ခဏခန့် ကြာပြီးနောက် ဝမ်ချောင်၏ကိုယ်အတွင်းမှ ကျယ်ပြောသောဓါးသစ်တစ်လက်က ဟိန်းထွက်လာသည်။

နို့နှစ်ဖြူရောင်အလင်းက တလောကလုံးကို ပြည့်နှက်သွားပြီးနောက်တွင် ပေ၁၀ကျော်ခန့်ရှည်လျားသော ဓါးချီအလင်းတန်းအသွင် ပြောင်းလဲ၍ ထိုလူထွားကြီးထံသို့ ဦးတည်သည်။

ဗုန်း

လေထဲတွင် အထွတ်အထိပ်ဗိုလ်ချုပ်ကြီးအဆင့်ကို ကျော်လွန်နေသော စွမ်းအင်နှစ်ခုက ထိပ်တိုက်တွေ့ဆုံကြသည်။

ခရက်!

ထိုအခိုက်အတန့်တွင် စကြဝဠာကြီးကပင် သူ့အလိုလို ဆုတ်ဖြဲခံရပုံပေါ်သည်။ ကြမ်းတမ်းသော လေပြင်းကလည်း အပြင်ဘက်သို့ ဟိန်းဟောက်ကာ ပေါက်ကွဲ၏။

အနက်ရောင်ဝတ်စုံနှင့်လူများ၊သိုင်းပညာရှင်များအားလုံးက ကြမ်းတမ်းသောအားလှိုင်းကြောင့် လွင့်ထွက်ကုန်သည်။

1528 02

သို့သော် လက်ရည်တူသောပြိုင်ပွဲဟု ဖြစ်သင့်သည့်အခိုက်အတန့်မျိုးတွင်ပင် နောက်ဆုံးရလဒ်က အားလုံးကို အံ့ဩသွားစေခဲ့သည်။

ဗုန်း

ခမ်းနားထည်ဝါသောအဖြူရောင်ဓါးချီက ထိုအဝါရောင်မာဖလာနှင့် စစ်သည်တော်၏ကိုယ်ပေါ်မှ ပြန့်ကျဲကာနီးပါးဖြစ်နေသည့် စွမ်းအင်များကို မရပ်တန့်နိုင်သော အရှိန်နှုန်းနှင့် ထိုးခွဲပစ်လိုက်သည်။

ဖျက်ခနဲလက်ပြီးနောက်တွင် အဝါရောင်မာဖလာစစ်သည်တော်၏ထူတုတ်ခိုင်သည့် ကျောက်သားလက်ကြီးတစ်ဖက်ကို ဖြတ်ရိုက်လိုက်နိုင်သည်။

"အား...!"

စူးရှသောအော်ဟစ်သံနှင့်အတူ ကျယ်လောင်လွန်းသောပေါက်ကွဲမှုက ထွက်ပေါ်လာပြီး ထိုစစ်သည်တော်က အနောက်ဘက်သို့ ယိုင်သွားသည်။ သူ၏ကျောက်သားမျက်နှာကြီးတွင် အံအားသင့်မှုဖြင့် ပြည့်သွားသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

တစ်ဖက်သူသည် အလွန်အမင်းဆိုးရွားစွာ ကြောက်ရွံ့နေခဲ့ပုံရသည်။ သူဟာ အနောက်ဘက်သို့ဆုတ်နေရင်းမှ သူ၏ဘေးဘက်သို့ ချထားသောကြီးမားသော ကျောက်တုံးလက်ကြီးကလည်း ကျောက်သားအပိုင်းအစများအသွင် ပြောင်းလဲကာ ပြုတ်ကျသည်။ သို့သော် သူဟာ နောက်ကျသွားသည်။

ထိုစစ်သည်တော်၏ခန္ဓာကိုယ် အခြားသောအစိတ်အပိုင်းများကလည်း ကွဲအက်ကြောင်းရာများ ပြည့်နှက်နေပြီးသည့်နောက်တွင် လျင်မြန်စွာ ပျက်စီးကျလာသည်။

ကျောက်သားပေါ်မှ ကွဲအက်ကြောင်းရာများကတစ်ဆင့် မရေမတွက်နိုင်သော အဖြူရောင်ဓါးချီမျှင်များက မြွေများအလား ခန္ဓာကိုယ်အနှံ့ သွားလာနေကြောင်း မြင်ရသေးသည်။

တိုက်ခိုက်ပြီးသွားသည့်တိုင်အောင် ခြောက်ခြားဖွယ်ကောင်းလွန်သေား ဓါးစိတ်ဆန္ဒနှင့် နတ်ဘုရားနှင့် နတ်ဆိုးသုတ်သင်ခြင်းသိုင်းမှ ဓါးချီများက သူ၏ခန္ဓာကိုယ်ထဲသို့ ဆက်လက်တိုးဝင်ကာ သွားလာပြီး ဖျက်ဆီးနေသေးသည်။

ထိုအရာပင်မကသေးပေ ဝမ်ချောင်၏ဓါးချီမှ အကြွင်းအကျန်များသည် ဝါးဦးထုပ်ခေါင်းဆောင်အား သူ၏ဒီစစ်သည်တော်ခန္ဓာကိုယ်ကို ပထမဦးဆုံးအကြိမ်အဖြစ် မထိန်းချုပ်နိုင်အောင် ဖြစ်သွားစေသည်။

ထိုဓါးသိုင်း၏ ဖျက်ဆီးခြင်းစွမ်းအားက မျှော်လင့်ထားသည်ထက် ပို၍ပြင်းထန်လွန်းသည်။

ဝုန်း

အဝါရောင်မာဖလာစစ်သည်တော်ကြီး၏ ကြီးမားသောခန္ဓာကိုယ်ကြီးက ယိုင်ကျသွားပြီး နောက်ဆုံးတွင်...

ဗုန်း!

နံရံကို ဝင်ဆောင့်တိုက်ကာ ဖုန်များ မြောက်တက်လာစေသည်။

"ဘာ...!!"

ထိုအခိုက်အတန့်တွင် အားလုံးက တိတ်ဆိတ်သွားကြသည်။ အခြားသောဝါးဦးထုတ်နှင့်လူနှစ်ယောက်ကလည်း ထိုမြင်ကွင်းကြောင့် မျက်နှာများ ဖြူစုတ်သွားကာ မယုံကြည်နိုင်မှုသာ ပြည့်နှက်သွားသည်။

သူတို့၏ခေါင်းဆောင် အဝါရောင်မာဖလာစစ်သည်တော်သည် သူတို့၏အဖွဲ့အစည်းမှ ထိပ်တန်းအဆင့် သိုင်းကို ကျွမ်းကျင်ထားသည်။ မည်သို့ပင်ဆိုစေ ထိုသိုင်းက သူတို့၏ကြယ်တာရာစွမ်းအင်ကို ကျောက်သားအဖြစ် ပြောင်းလဲနိုင်သည်။ အမရအဆင့်သို့ ရောက်ရှိနေသူများနှင့်အထက်ကသာ ကျော်လွှားနိုင်၏။

သူတို့သည်လည်း သူတို့ယခင်က လိုက်ဖမ်းနေခဲ့သော ဖျက်ဆီးခြင်းကလေးက ယခုလောက်ကြောက်စရာကောင်းသော အင်အားမျိုးကို ပိုင်ဆိုင်ထားပြီး သူတို့၏ခေါင်းဆောင် အဝါရောင်မာဖလာစစ်သည်တော်ကိုပင် တစ်ချက်တည်းနှင့် ဖျက်ဆီးလိုက်နိုင်မည်ဟု မထင်ထားမိပေ။

"မဖြစ်နိုင်ဘူး။ ဒါဘယ်လိုဖြစ်နိုင်မှာလဲ..ဘာလို့ ဒီလောက်ထိ အင်အားကြီးနေတာလဲ "

ဒုတိယမြောက်ဝါးဦးထုပ်နှင့်လူကလည်း အံ့အားသင့်မှုကို ဖုံးကွယ်ရန်ခက်နေသည်။ သူတစ်ယောက်ထဲကသာ ဝမ်ချောင်နှင့် မတိုက်ခိုက်ခံ့ဖူးသောသူ ဖြစ်သည်။

သို့သော် ဝါးဦးထုပ်နှင့်လူ၃ယောက်လုံးကသာ အံ့အားသင့်နေခြင်း မဟုတ်ပေ။

1528 03

" သူပဲ "

ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်မှအဖွဲ့ကလည်း နောက်လှည့်ပြီး ဝမ်ချောင့်ကို မှတ်မိသွားသည်။

"အဲဒါကသခင်လေး ချင်းရန်တုမလား"

"မဟုတ်ဘူး။ ဒါကမိစ္ဆာဧကရာဇ်ရဲ့တပည့် သူလည်း ဒီမှာရောက်နေတယ်"

ဝမ်ချောင်သည် တစ်ချိန်က သခင်လေးချင်းရန်တုဆိုသော နောက်ခံကိုသုံးကာ ဖြောက့်မတ်မှန်ကန်ခြင်းမဟာမိတ်နှင့် အချိန်တစ်ခုကြာအောင် နေခဲ့ဖူးသည်။ လူအများစုက သူ၏ရုပ်ရည်ကို ရင်းနှီးလွန်းနေသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ "

စုန့်ယွမ်ယွီနှင့်ရှန့်ကွမ်းထင်တို့က ဝမ်ချောင်ကို သတိထားမိလိုက်ကြသည်။

မဟာမိတ်အရှင်နှင့် တုမဟာမိတ်အရှင်တို့သည် အမျိုးမျိုးသော စမ်းသပ်မှုများကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဘယ်သောအခါမှ မယိမ်းယိုင်သွားသောအနေအထားမျိုးနှင့် တည်ငြိမ်နေခဲ့ကြသူများ ဖြစ်သည်။ သို့သော် ဝမ်ချောင်က ကောင်းကင်မှ ဖြေးညှင်းစွာ ဆင်းသက်လာကြောင်း မြင်ပြီးနောက် အားလုံး၏မျက်နှာက တင်းမာသွားသည်။

စုန့်ယွမ်ယွီ၊ ရှန့်ကွမ်းထင်နှင့်ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်နှင့် ကျွမ်းကျင်ပညာရှင် အားလုံးသည်လည်း ဝါးဦးထုပ်နှင့်လူ၃ယောက်၏စွမ်းအားကို တွေ့ကြုံခံစားဖူးကြသည်။ ထိုအဝါရောင်မာဖလာစစ်သည်တော်ဆိုလျင် ဖော်ပြရန်ခက်ခဲလောက်အောင် သန်မာသည်။

စုန့်ယွမ်ယွီကပင် တိုက်ခိုက်ခဲ့သည့်အချိန်တွင်ပင် သူဟာ အလွန်အမင်း အားနည်းသောအနေအထားသို့ ရောက်ရှိခဲ့သည်။ ထာဝရနွေဦးမန်ဒြာ၏ပြောင်မြောက်သော ခုခံနိုင်စွမ်းရည်နှင့် ကြာရှည်သောတိုက်ပွဲကို တိုက်ခိုက်နိုင်စွမ်းရည်အပြင် လေးစားဖွယ်ကောင်းလွန်းသော အင်အားဖြစ်နိုင်စွမ်းရည်ကြောင့်သာ မဟုတ်ပါက သူကပင် ရှုံးသွားလောက်သည်။

"ဒီကလေးက ဘယ်အချိန်က ဒီလောက်ထိ သန်မာသွားတာလဲ"

ရေနတ်ဘိုးဘေးနှင့်အပေါင်းအဖော်များကလည်း အဖြစ်အပျက်ကို သတိထားမိသွားသည်။ ရေနတ်ဘိုးဘေးသည်လည်း သူ၏တိုက်ပွဲကို အလွန်အမင်း ကြမ်းတမ်းကာ ရင်ဆိုင်နေရသည်။ သူသည် ဝါးဦးထုပ်နှင့်လူများနှင့် အဆင့်တူသော ကျွမ်းကျင်ပညာရှင်အချို့ကို လက်ဗလာနှင့်ရင်ဆိုင်နေရသည်။ လူ့ဝံတစ်ပိုင်းများ၊ အနက်ရောင်မီးတောက်အဇူရာများကလည်း ဝိုင်းဝန်းကာ တိုက်ခိုက်နေသေးသည်။

အနက်ရောင်ဝတ်စုံနှင့်သူများသည် ဖော်ပြရန် ခက်ခဲလောက်အောင် သန်မာလွန်းသည်။ သူတို့၏အမည်မသိရသော သိုင်းပညာက ဗဟိုပြင်ကျယ်နှင့် စိမ်းသက်လွန်းနေသည်။ ထို့အပြင် အဆုံးအစမမဲ့သော ထိပ်တန်းအဆင့်ကျွမ်းကျင်ပညာရှင်များက ပြည့်နှက်နေသေးပုံ ရသေးသည်။

ထို့ကြောင့် ဘိုးဘေး၅၀၀မဟာမိတ်ဖြစ်စေ ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်အတွက်ပင်ဖြစ်စေ ထိန်းနိုင်တုန်းသာ ထိန်းထားနိုင်သည်။ ထို့ကြောင့် ဝမ်ချောင်ဟာ ထိုဝါးဦးထုပ်နှင့်လူများထဲမှ အင်အားအကြီးဆုံးသူကို တစ်ချက်ထဲနှင့် အနိုင်ယူလိုက်ကြောင်း မြင်လိုက်သောအခါ မှင်သက်သွားကြသည်။

ဒါဟာ စစ်နတ်ဘုရားတစ်ပါး၏ လွှမ်းမိုးနိုင်စွမ်းအား ပြင်းထန်သော ခွန်အားမျိုးဖြစ်သည်။ တိုက်ပွဲနယ်မြေတစ်ခုလုံးကိုပင် အဆုံးအဖြတ်ပေးနိုင်သည်။ ထိုအခြေအနေက လူတိုင်းကို မနာလိုကြီးကာ လေးစားမိစေသည်။ ထိုထဲတွင် အတည်ငြိမ်းဆုံး၊အသက်ရောက် မခံရဆုံးသူက ဝမ်ချောင် ဖြစ်သည်။

နတ်ဘုရားနှင့်နတ်ဆိုးသုတ်သင်ခြင်းသိုင်း

ထိုသိုင်းသည် မဟာထန်၏စစ်နတ်ဘုရား စုန့်ကျန်းချန်ထံမှ အမွေဆက်ခံထားသည့်သိုင်း ဖြစ်သည်။ အခြားသောလောကမှ ကျုးကျော်သူသောင်းကျော်ကို ရင်ဆိုင်အံတုခဲ့ချိန်တွင် ထိုသိုင်းကိုသုံးပြီး မြို့ကိုထိန်းထားနိုင်ခဲ့သည့် ဖြောင့်မတ်သောဓါးသိုင်းလည်း ဖြစ်သည်။

ထိုသိုင်းက ကျင့်ကြံရန် အလွန်ခက်သည်။ အလွန့်အလွန်ခက်၏။ အဓိကနားလည်သဘောပေါက်မှု အဆင့်ကြီးတစ်ခုမရှိလေဘဲကျင့်ကြံပါက ဆယ်စုနှစ်ပေါင်းများစွာ ကြာလောက်သည်။

ဝမ်ချောင်က ထိုသိုင်းကို ရပြီးချိန်ကတည်းက သူသည်လည်း အနိမ့်စား နားလည်သဘောပေါက်မှု အဆင့်တွင် တစ်နေခဲ့သည်။ အစစ်အမှန်သိုင်းနယ်မြေနှင့် နက်နဲသောသိုင်းမြေအဆင့်၏ သာမန်အဆင့်များတွင်ပင် အနိမ့်စား နားလည်သဘောပေါက်မှုက လုံလောက်သည်ထက် သာလွန်နေခဲ့သည်။ သို့သော် အထွတ်အထိပ် ခိုရာစန်းသိုင်းနယ်မြေမှ သိမ်မွေ့နယ်မြေတစ်ပိုင်းသို့ ဝင်ရောက်ရာတွင် လိုအပ်ချက်က သိသာထင်ရှားလာသည်။

1528 04

သာမန်အခြေအနေမျိုးတွင်ဆိုလျင် ဝမ်ချောင်သည်လည်း ထိုအဓိကအဆင့်ကြီးတစ်ဆင့်လုံးကို နားလည်သဘောပေါက်ရန် ဆယ်စုနှစ်ပေါင်းများစွာ လိုအပ်လောက်သည်။ သို့သော် မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းနှင့် အဆုံးအစမဲ့ကာ တိုင်းတာရန်ခက်ခဲလွန်းသော မူလအမရဓါးတို့ပေါင်းစပ်ပြီး အတူရရှိလာခဲ့သည့် မူလအမရသိုင်း၏ ပထမတစ်လွှာကို ထည့်ထားလိုက်သော် ဝမ်ချောင်ဟာ သူ၏ကြယ်တာရာစွမ်အင်များအား နတ်ဘုရားနှင့်နတ်ဆိုးသုတ်သင်ခြင်း ကြယ်တာရာစွမ်းအင်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

သူသည် နတ်ဘုရားနှင့်နတ်ဆိုးသုတ်သင်ခြင်းသိုင်းမှာ ကျင့်ကြံရန်အခက်ခဲဆုံးဟု ဖော်ပြထားသည့် ကဏ္ဍကိုပင် လုံးဝကျော်လွှားလိုက်နိုင်သည်။ သူသည် ပထမဦးဆုံးပကြိမ်အဖြစ် နတ်ဘုရားနှင့်နတ်ဆိုးသုတ်သင်ခြင်းသိုင်းအား အဓိကနားလည်သဘောပေါက်မှုအဆင့်မှ စွမ်းအားမျိုးကို သုံးနိုင်သွားသည်။

ဗဟိုပြင်ကျယ်၏မဟာသိုင်းကျင့်စဥ်တစ်ခုချင်းစီတိုင်းက တမူထူးခြားမှုများရှိသည်။ မဟာယင်ယန်သိုင်းက အင်အားကြီးမားသည်။ ထိုသိုင်းက လူတစ်ယောက်၏အင်အားကို တိုးမြှင့်ပြီး ပြိုင်ဘက်၏ ကြယ်တာရာစွမ်းအင်ကို စုပ်ယူခြင်းမျိုးဖြစ်သည်။

အစစ်အမှန် တိုက်ခိုက်မှုစွမ်းအားချင်းယှဥ်သော် နတ်ဘုရားနှင့် နတ်ဆိုးသုတ်သင်ခြင်းသိုင်း တစ်ခုထဲကသာ ဝမ်ချောင်၏မြောက်လွန်းများသော ကြယ်တာရာစွမ်းအင်များကို ကောင်းကောင်း အသုံးပြုနိုင်စေသည်။

"ဒီလိုဆိုရင်"

ဝမ်ချောင်သည် မြေပြင်သို့တည်ငြိမ်စွာ ဆင်းသက်ပြီးနောက် သူ၏ခန္ဓာကိုယ်က တောက်ပသော စွမ်းအင်နှင့်ပြည့်နှက်နေသည်။ သူ၏မျက်လုံးက လဲကျသွားသော အဝါရောင်မာဖလာစစ်သည်တော်ကို ကြည့်ချိန်တွင် အံ့အားသင့်မှုက စွန်းထင်းလာသည်။

သူသည် ထိုသိုင်းနှင့်သိပ်မရင်းနှီးသေးပေ။ ထို့ကြောင့် အတွင်းပိုင်းမှ အလုပ်လုပ်ပုံကိုလဲ ကောင်းမွန်စွာ မဖမ်းဆုပ်နိုင်သေးပေ။ သို့သော် သူဟာ သုံးလေလေ အရှိန်အဝါကို ထုတ်နိုင်လေလေဖြစ်လာသည်။

"ဟွန့် ဆူးတစ်ချောင်းက ပေါ်လာပြီ။ ကြည့်ရတာ ဖျက်ဆီးခြင်းကလေးပဲ"

သမင်မျက်လုံး၃လုံးနှင့်လူကလည်း ရုတ်တရက် ပြောသည်။ သူ၏မျက်လုံးကလည်း အေးစက်ကာ လင်းလက်လာသည်။

သူသည် တိုက်ပွဲတစ်ခုလုံးကို တောက်လျှောက်ကြည့်နေခဲ့သောကြောင့် စုန့်ယွမ်ယွီနှင့်ရေနတ်ဘိုးဘေးတို့က လုံးဝဖိနှိပ်ခံနေရမှန်း မြင်နိုင်သည်။ သို့သော် ဝမ်ချောင်ဟာ ဝါးဦးထုပ်နှင့်လူ၃ယောက်ထဲမှ၂ယောက်ကို အနိုင်ပိုင်းလိုက်သည်။ ထိုထဲတွင် အင်အားအကြီးဆုံးသူကပင် မထိန်းနိုင်ခဲ့ပေ။

သမင်မျက်လုံး၃လုံးနှင့်သူသည် ဝမ်ချောင်ကို ယခင်ကမြင်ဖူးသည်။ ထိုအချိန်က မူလအမရဝင်္ကမ္ဘာထဲတွင်ဖြစ်ပြီး သူဟာ တစ်ဖက်သူကိုဖမ်းနိုင်ရန် အခိုက်အတန့်သာ လိုခဲ့သည်။ သို့သော် ဝါးဦးထုပ်နှင့်လူက တောက်လျောက် လိုက်ဖမ်းနေခဲ့သည့်ဝမ်ချောင်က ဒီနေရာတွင်ပေါ်လာပြီး အင်အားအကြီးဆုံးသူကို တစ်ချက်ထဲနှင့် အနိုင်ယူလိုက်မည်ဟု မထင်ထားမိပေ။

သမင်မျက်လုံး၃လုံးနှင့်သူက အရှေ့ဘက်သို့ တက်တော့မည့်အချိန်တွင် ရွှေရောင်မျက်လုံး ကျားမျက်နှာဖုံးနှင့်လူက ခံစားချက်ကင်းမဲ့သောအသံနှင့် ပြောသည်။

"စိတ်အမရ မင်းသွား! အဝါရောင်မာဖလာစစ်သည်တော် ကဒီတာဝန်ကို ပြီးမြောက်အောင် မလုပ်နိုင်မှတော့ သူ့အတွက် အဲဒီကောင်လေးကို သွားသတ်ပေးလိုက်"

သူတို့၃ယောက်သည် ဘေးဘက်သို့ ခြေစုံရပ်ကာ ကြည့်နေခဲ့ခြင်းဖြစ်သည်။ ဒါဟာ သူတို့၏အဆင့်အတန်းတွင် ရှိနေခဲ့သောသူအနေဖြင့် ရှိသင့်သောမာနာမျိုးကြောင့် ဖြစ်သလို တစ်ချိန်ထဲတွင်ပင် ဖျက်ဆီးခြင်းကလေးကဲ့သို့ ဆူးညှောင့်ပေါ်ထွက်လာသောအခါ သူက အချိန်မှီကိုင်တွယ်ရန် စောင့်ကြည့်ခြင်းလဲဖြစ်သည်။

"နားလည်ပြီ ဟွန်း...ပုရွက်ဆိပ်လေးပါပဲ ငါ အဆုံးသတ်လိုက်မယ်"

ဦးချို၄ချောင်းပါသော ဆိတ်မျက်နှာဖုံးနှင့်လူ 'စိတ်အမရ'ဆိုသောသူက ဝမ်ချောင့်ကို ကြည့်ပြီးခပ်တိုးတိုးရယ်သည်။ သူဟာ အရှေ့ဘက်သို့ခြေတစ်လှမ်း လှမ်းသည်။ မျက်လုံးထဲတွင် လှောင်ပြောင်သောအကြည့်မျိုးက ပေါ်လာသည်။

ထို့နောက် သူတို့ခန္ဓာကိုယ်က ရုတ်တရက် တလောကလုံးကိုပင် အရောင်အဝါ ဖျော့တော့ပျောက်ကွယ်စေသော အရှိန်အဝါမျိုးကို လွှတ်ထုတ်လိုက်သည်။

သူ၏ပတ်ဝန်းကျင်ရှိ ပေ၁၀၀ဝန်းကျင်တစ်ခုလုံးရှိ လေထုက စတင်ကာ တွန့်လိမ်ရှုံ့တွလာသည်။

******

အခန်း _ 1529

..

"သူပဲ"

ဆိတ်အမရက လှုပ်ရှားရုံသာ လုပ်ရသေးသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင်စုန့်ယွမ်ယွီနှင့် ရေနတ်ဘိုးဘေးတို့၏ကိုယ်က တင်းကြပ်သွားသည်။ သူတို့နှစ်ယောက်လုံးက အရပ်ရှည်ရှည်၊ပိန်ပိန်ပါးပါး မျက်နှာဖုံးနှင့်လူကို လှည့်ကြည့်ပြီး မျက်နှာက ဖျော့တော့ကုန်သည်။

သူတို့သည် ထိုဆိတ်အမရနှင့် ပထမဦးဆုံး တိုက်ခိုက်ဖူးချင်း မဟုတ်ပေ။ သူတို့သည် ဂူထဲတွင် တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် စုန့်ယွမ်ယွီပင်ဖြစ်စေ၊ ရေနတ်ဘိုးဘေးကပင်ဖြစ်စေ မယှဥ်နိုင်ခဲ့ပေ။

"ဒါက ပြဿနာပဲ အဲဒီကလေးက ထိန်းနိုင်မှာမဟုတ်ဘူး"

ရှန့်ကွမ်းထင်က ရုတ်တရက် ပြောသည်။ သူသည် မိစ္ဆာဧကရာဇ်၏တပည့်အပေါ် ကောင်းသောထင်မြင်ချက် မရှိပေ။ သို့သော် သူတို့အားလုံးကို ရှင်းထုတ်ပစ်ချင်နေသော လျို့ဝှက်ဆန်းကြယ်သည့် အင်အားကြီးမားသော အနက်ရောင်ဝတ်စုံနှင့်လူများကမူ အန္တရာယ်များလွန်းနေသည်။

သူတို့သည် အချင်းချင်းသဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ တစ်လှေထဲစီးသူများ ဖြစ်နေ၏။ ဝမ်ချောင်ကသာ ရှုံးသွားခဲ့သော် သူတို့အားလုံးကလည်း အသတ်ခံရပေလိမ့်မည်။ စုန့်ယွမ်ယွီက ဘာစကားမှ မပြောချေ။ သို့သော်သူ၏ မျက်လုံးထဲတွင် အဓိပ္ပါယ်ဖော်ရခက်သော အလင်းမျိုးက ရှိနေသည်။

"သေစမ်း အဲဒီမျိုးမစစ်က လာပြန်ပြီ"

အခြားတစ်ဖက်က ရေနတ်ဘိုးဘေးက ရှည်ရှည်ဝေးဝေးတွေးမနေပေ။ ရွှေရောင်မျက်နှာဖုံးနှင့် ဆိတ်အမရကအရှေ့သို့ တဖြေးဖြေးချင်းစီ လျှောက်လာသည်နှင့်အမျှ ရေနတ်ဘိုးဘေးကလည်း ချွေးစေများ ရွှဲလာသည်။

ဝမ်ချောင်က မူလအမရဓါးကို ဆွဲထုတ်သောအခါ မြေပြင်တစ်ခုလုံးက လှုပ်ပြီး အားလုံး၏အာရုံအား သူရှိရာဘက်သို့ဆွဲဆောင်ခဲ့သည်။ ရေနတ်ဘိုးဘေးသည် ထိုအချိန်က ထိုဆိတ်အမရနှင့်ဆုံခဲ့ခြင်း ဖြစ်သည်။

သူ၏ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် ရေနတ်ဘိုးဘေးအားတစ်ဖက်သတ် အရိုက်ခံရသည်ဆိုသောအခြေအနေမျိုးကို ကြုံဖူးခဲ့ခြင်း ဖြစ်သည်။ သူသည် မည်သို့မှပင် ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိခဲ့ဘဲ လှည့်ကွက်များကိုသာ ခံခဲ့ရ၏။ သူဟာ အထိုးခံလက်အိပ် ဖြစ်သွားခဲ့သည်အထိ အခြေအနေက ဆိုးသွားသည်။

ရေနတ်ဘိုးဘေးက သူ၏ နဂါးနက်ပုံသဏ္ဍာန်ဖြင့် ထိုလျှောက်လမ်းထဲမှ ပေါ်လာခဲ့သည်မှာလဲ ထိုဆိတ်အမရက နောက်မှ အမဲလိုက်နေခဲ့သောကြောင့် ဖြစ်သည်။ ရေနတ်ဘိုးဘေးသည် ထိုသူ့ထံမှ ယခင်က မည်သူ့ထံကမှ မခံစားဖူးခဲ့သည့် ခြောက်ခြားမှုနှင့်သေဆုံးခြင်းရနံ့ကို ရခဲ့သည်။

"ဒီကလေးတော့သေပြီ။ ငါတို့ထဲက ဘယ်သူကမှဆိတ်အမရကို ယှဥ်နိုင်မှာမဟုတ်ဘူး။ ဒီလူတွေရဲ့၈၀%က ဒီနေရာမှာ သေရတော့မှာပဲ။ သူတို့လှုပ်ရှားလိုက်ပြီဆိုတာနဲ့ ငါတို့ အခွင့်အရေးတစ်ခုကိုရှာပြီး ဖောက်ထွက်ဖို့ ကြိုးစားကြည့်မယ်"

..

သူ၏နံဘေးမှ စိတ်စွမ်းအင်အားလှိုင်းတစ်ရပ်က ရောက်ရှိလာသည်။ မိစ္ဆာလမ်းကြောင်းလျှောက်သော အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် အရိုးနတ်ဆိုးဘိုးဘေးသည်လည်း အတော်လေးကို စေ့စပ်အကဲခတ်နိုင်စွမ်းရည် ပြင်းထန်သော သူမျိုးဖြစ်သည်။ သူ၏အနေဖြင့် ဝမ်ချောင်သည် သေချာပေါက် ရှုံးမည်ဖြစ်သည်။

ဘမ်း!

အရပ်ရှည်ရှည်နှင့်ပိန်ပါးသော ဆိတ်အမရက မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့် ရုတ်တရက်အရှေ့ဘက်သို့ ခုန်ထွက်လာသောအခါ မြေကမ္ဘာက တသိမ့်သိမ့်တုန်သည်။ သူသည် ဝါးဦးထုပ်နှင့်လူက အသုံးပြုခဲ့သော လေဟာနယ်ကြီးခြေလှမ်းများထက်ပင် မြန်သေးသည်။

ဆိတ်အမရသည် သူ၏အထက်တွင်ပင် လေထုအားဖျော့တော့သော အမာရွတ်ရာတစ်ခု ချန်ထားရစ်ခဲ့သည်။ သူ၏သိပ်သည်းသော စွမ်းအင်များကလေထုကိုပင် ထိုးခွဲပြီး လမ်းဖယ်နိုင်သည်။

ဘားမ်!

အားလုံးသည် ထူးဆန်းသော အသံတစ်မျိုးကို ကြားလိုက်ရသည်။ ထို့နောက် ရွှေရောင်အလင်းက ရုတ်ချည်းပေါက်ကွဲသည်။ ချောက်ကမ်းပါး၏အထက်တွင် ကြီးမားသော ရွှေရောင်ဆိတ်ကြီးတစ်ကောင်က ပေါ်လာ၏။ ထိုရွှေရောင်ဆိတ်၏မျက်လုံးက ကျဥ်းမြောင်းပြီး ငွေရောင်ဖြစ်သည်။

ရက်စက်ပြီးနတ်ဘုရားတစ်ပါးက မြေကမ္ဘာပေါ် ဆင်းသက်လာသကဲ့သို့ ထင်ရသည့်စွမ်းအားမျိုးကိုလည်း လွှတ်ထုတ်ထားသည်။

ကောင်းကင်ဘုံက ဆင်းသက်လာသည်ဟု ထင်ရသောထိုရွှေရောင်ဆိတ်ကြီးက အောက်ဘက်သို့ ငုံ့ကြည့်သည်။ ဝမ်ချောင့်အား ပိတ်လှောင်ကာ ဥက္ကာပျံတစ်ခုအလား တိုးဝင်လာသည်။

"အား..."

ဝမ်ချောင်ကပင် မလှုပ်ရှားရသေးခင် ဖြောင့်မတ်မှန်ကန်ခြင်းနှင့် မိစ္ဆာလမ်းကြောင်းမှ သူများအပြင်အခြားသော သိုင်းပညာရှင်များအားလုံးကလည်း ခြောက်ခြားဖွယ်ကောင်းလွန်းသော ဖိအားဒဏ်ကို ခံစားမိလိုက်ကြပြီး ကြောက်ရွံ့ မှုဖြင့် တုန်ယင်ကာ အော်ဟစ်ကြသည်။

ဆိတ်အမရ၏တိုက်ကွက်က မရောက်လာသေးပေ။ သို့သော် ပြင်းထန်သောဖိအားနှင့် အလင်းတန်းတုန်ခါမှုကလည်း သူတို့အားလုံးကို လှုပ်ရှားမှုကင်းမဲ့စေသည်။ ခန္ဓာကိုယ်ကလည်း တဆတ်ဆတ်တုန်ခါနေကြ၏။ သူတို့၏သွေးကြောများက စတင်ကာကွဲအက်မှုကို ခံစားလာကြရပြီး ညည်းညူကုန်ကြသည်။

"လာ "

ဝမ်ချောင်က ချောက်ကမ်းပါးကြီးတစ်ခုလုံးကို ဆွဲချလာသလိုမျိုးထင်ရသည့် ဆိတ်အမရကိုကြည့်ရင်း သူ၏မျက်လုံးက ဖော်ပြရန်ခက်ခဲသော သတ်ဖြတ်လိုစိတ်ဆန္ဒများဖြင့် လင်းလက်လာသည်။

ထိုဆိတ်အမရရှင်းလင်းစွာက သိမ်မွေ့နယ်မြေတွင်ဖြစ်သည်။ သူ၏အင်အားကလည်း ဒယ်စောက်အိုး၃ခုက ကာပေးထားသောပါးကုရှီတု၏အထက်တွင် ဖြစ်သည်။ သို့သော် ဝမ်ချောင်သည် နောက်တွန့်လိုစိတ်မရှိပေ။

ဝမ်ချောင်သည် ဖြေးညှင်းစွားပင် မူလအမရဓါးထံမှအပူဒဏ်ကို ခံစားမိသည်။ ဖျက်ဆီးဖြင်းစွမ်းအင်က အဆုံးအစမဲ့သည့် မုန်တိုင်းတစ်ခုပုံသဏ္ဍာန်မျိုးဖြင့် ထိုးထွက်လှိမ့်ဝင်လာသည်။

ဝမ်ချောင်သည် ထိုကဲ့သို့သော လက်နက်မျိုးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထိုလက်နက်က ဓါးများဆိုသောကဏ္ဏဘက်မှ ပြောင်းလဲလာသည့် လက်နက်တစ်မျိုး ဖြစ်သည်။ နတ်ဓါးက ဝမ်ချောင် ၏စိတ်စွမ်းအင်နှင့် အမျိုးမျိုးသောသိုင်းများအား မယုံနိုင်စရာကောင်းသော အဆင့်သို့ ထိုးတက်သွားစေသည်။

"သိမ်မွေ့နယ်မြေက မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းက ဘယ်လောက်အင်အားကြီးသွားလဲဆိုတာကို ကြည့်ကြည့်ရမဲ့ အချိန်ပဲ"

ဝမ်ချောင်၏အနက်ရောင်ဆံပင်က လေတွင်ယိမ်းနွဲ့နေသည်။ သူ၏ခန္ဓာကိုယ်က အနည်းငယ် ပူလာသည်။ နတ်ဓါးသည် သူဟာ အင်အားမြှင့်တင်ခြင်းအားဖြင့် သူ၏စွမ်းအားများအား ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်သွားစေသည်အထိ ခြိမ်းခြောက်နိုင်သည်။

ဗုန်း!

ဝမ်ချောင်သည် ကျည်ဆံတစ်ခုကို အပေါ်ဘက်သို့ ထောင်ကာ ပစ်လွှတ်လိုက်သလိုမျိုး ဆိတ်အမရထံသို့ ခုန်ဝင်သွားလိုက်သည်။ ဝမ်ချောင်က လေထဲသို့ ခုန်တက်လိုက်သည်နှင့် တလောကလုံးက ဟိန်းဟောက်သည်။ လွန်ခဲ့သောနှစ်ထောင်ကျော်အတွင်းက ရတနာသိုက်၏ အမြူတေနေရာအတွင်းတွင် သိုလှောင်ထားသမျှ မြောက်များလွန်းသော မူလစွမ်းအင်တိုင်းဟာ မြေကမ္ဘာ၏အတွင်း ဟိုးအနက်ရှိုင်းဆုံး အပိုင်းတွင်ရှိနေသည့် စိတ်စွမ်းအင်များနှင့်အတူ ပေါင်းစပ်ပြီး ဝမ်ချောင့်ထံ တိုးဝင်လာသည်။

မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်း

နံပါတ်တစ်ဆိုးယုတ်သည့်သိုင်းက သူ၏အရှိန်အဝါဖြင့် တစ်လောကလုံးကို ကြောက်ရွံ့ရိုသေစေနိုင်သည်။ ထိုစွမ်းအားသည် အထွတ်အထိပ် အခြေအနေမှ မိစ္ဆာဧကရာဇ်လူအိုကြီးကပင် မပိုင်ဆိုင်နိုင်ခဲ့သော စွမ်းအားဖြစ်သည်။ သူဟာ လောကကို မင်းမူနေခဲ့သော အချိန်ကပင် ထိုစွမ်းအားကို မယှဥ်နိုင်လောက်ပေ။

"အား...!"

မရေမတွက်နိုင်သော လူပေါင်းများစွာက နောက်တွန့်ကုန်သည်။ အားလုံး၏မျက်နှာက ကြောက်ရွံ့မှုဖြင့် ပြူးကျယ်ကုန်ကြသည်။ ထိုအခိုက်အတန့်တွင် လေထဲတွင်ရွှေရောင်နေမင်းနှင့် အနီရောင်လတစ်စင်းက ပေါ်လာသည်။ ယခင်က အခြေအနေများထက် အဆပေါင်းများစွာကြီးမားပြီး လေထုတစ်ခုလုံးကို မင်းမူပစ်လိုက်သည်။

ရေနတ်ဘိုးဘေးနှင့် စုန့်ယွမ်ယွီတို့ကပင် ထိုမြင်ကွင်းကြောင့် ကြောင်ကုန်သည်။

မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းသည် အဆင့်လွန် မိစ္ဆာသိုင်းဖြစ်သည်။ အသက်သွင်းလိုက်သည်နှင့် ဝန်းကျင်အတွင်းတွင်ရှိသမျှ လူတိုင်း၏စွမ်းအားများကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ပြီး အသုံးပြုသူ၏ ကိုယ်အတွင်းသို့ ဆွဲသွင်းနိုင်သည်။

သို့သော် ထိုအခိုက်အတန့်အတွင် ဝမ်ချောင်၏ မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက မဟာဗိုလ်ချုပ်ကြီးအဆင့် အထွတ်အထိပ်ကို ကျော်လွန်နေ၏။ ပို၍မြင့်သော အဆင့်သို့ တက်လှမ်းနေနိုင်သေးလေရာ ဒီနယ်မြေမှ မည်သူ့အပေါ်မှ မသက်ရောက်စရာအကြောင်း မရှိပေ။

အကြောင်းမူကားထိုစွမ်းအင်က ဆိတ်အမရကိုသာ ပစ်မှတ်အဖြစ် သတ်မှတ်ထားသောကြောင့်ဖြစ်သည်။ ဝမ်ချောင်သည် ရှင်းလင်းစွာပင် မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းကို ကျွမ်းကျင်လွန်လွန်းသော အဆင့်သို့ ရောက်နေပြီဖြစ်လေသည်။ ထိုအဆင့်တွင် ဖြောင့်မတ်မှန်ကန်မှုနှင့်ဆိုးယုတ်မှုအကြား ခြားနားမှုပင် မရှိတော့ပေ။

"မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဘယ်လိုဖြစ်ပြီး မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းက ဒီလောက်ထိ အင်အားကြီးသွားတာလဲ"

ရေနတ်ဘိုးဘေး၊ဒဏ္ဍာရီတစ္ဆေဘိုးဘေးနှင့်အရိုးနတ်ဆိုးဘိုးဘေးတို့အားလုံးက ကြောင်အမှုအပြည့်ဖြင့် အော်ဟစ်ကြကာ ဝမ်ချောင့်၏ စွမ်းအားကြောင့် မှင်သက်ကုန်ကြသည်။

စုန့်ယွမ်ယွီနှင့် ရှန့်ကွမ်းထင်တို့ကပင် ထိုမြင်ကွင်းကြောင့် အများကြီး တုန်လှုပ်သွားသည်။

တစ်စက္ကန့်သာသာ,သာကုန်လွန် သွားသေးသည်။ ဖော်ပြရန်ခက်ခဲလောက်အောင် မြောက်မြားသည့် အမျက်ဒေါသပါဝင်နေသော သိုင်းကွက်နှစ်ကွက်က မျက်နှာချင်းဆိုင်အပြိုင် တိုးဝင်သွားသည့် ဥက္ကာတုံးကြီး နှစ်တုံးကဲ့သို့ ချောက်ကမ်းပါးအထက် ပေရာပေါင်းများစွာအမြင့်တွင် ရင်ဆိုင်မိသွားသည်။

"မဟာဖျက်ဆီးခြင်းသိုင်း"

ဝမ်ချောင် ကရုတ်တရက် အော်လိုက်သည်။ သူ၏အေးစက်သောအသံက မိုးချိန်းသံအလား ပေါက်ကွဲသည်။

ချိမ်း!

ထိုအခိုက်အတန့်တွင် အဓိကနယ်မြေအတွင်းမှ အလင်းတိုင်းက ပျောက်သွားပြီး အရာအားလုံးက အမှောင်ဆုံးသောညအဖြစ် ပြောင်းသွားသည်။ သို့သော် လေထဲမှ တဝုန်းဝုန်းပေါက်ကွဲသံများက မရပ်တန့်သွားခဲ့ဘဲ ကျယ်သည်ထက်သာ ကျယ်လာသည်။

ခြောက်ခြားဖွယ်ကောင်းလွန်းသော ကြယ်တာရာစွမ်းအင်နှစ်ရပ်က ရှေဦးမူလသားရဲကြီးနှစ်ကောင် ဒေါသတကြီးအော်ဟစ်ကာ ဝင်တိုက်သည်၊ တစ်ကောင်နှင့်တစ်ကောင် ကိုက်ခဲကာ ကြိတ်ခြေနေသည်ကဲ့သို့ ထင်ရသည်။

သူတို့ဟာ အထက်သို့ ကြည့်လိုက်ချိန်တွင် ကျားမျက်နှာဖုံးနှင့်လူအပြင် သမင်မျက်နှာဖုံးနှင့်လူ၏ မျက်နှာကပင် ဖြူစုတ်ကုန်သည်။ သူတို့သည်လည်း ဆိတ်အမရဟာ ဝမ်ချောင်ကို ကိုင်တွယ်ပြီး အခြားသော သိုင်းပညာရှင်တိုင်းကို ရှင်းရန် လုံလောက်သည်ထက် ပိုနေပြီဟု ယုံကြည်ထားသည်။

သူတို့သည်ပင် ဖျက်ဆီးခြင်းကလေးက ထိုမျှအတိုင်းအတာထိ ကြောက်စရာ ကောင်းလိမ့်မည်ဟု မထင်ထားဖူးပေ။ ဆိတ်အမရသည် တစ်ဖက်လူကို ကိုင်တွယ်ရန် အချိန်လုံလောက်သည်။

ဘမ်း!

ထိုသို့ထိပ်တိုက်ဆုံပြီး ရင်ဆိုင်နေရသော အခိုက်အတန့်မျိုးတွင်ပင် ဖြူဖျော့ကာ သွယ်လျသည့် လက်တစ်ဖက်က အရှေ့ဘက်သို့ ဆန့်ထုတ်လိုက်ပြီး ကြီးမားသောရွှေရောင်ဆိတ်၏ မေးကို အသာဖိကာ အပေါ်သို့မော့သည်။

"ဒါ ကဘာလဲ"

ရုတ်တရက် ဝမ်ချောင်၏ ရုတ်ချည်းဆန်သော လှုပ်ရှားမှုကြောင့် ဆိတ်အမရကပင် မှင်သက်သွားသည်။ သူသည် စိတ်ရှုပ်ထွေးသွား၍ မည်သို့မျှ မတုံ့ပြန်နိုင်ပေ။ သို့သော် တစ်ခဏခန့် ကြာပြီးနောက်တွင် သူသည်ဝမ်ချောင်၏ မတိုးလွန်းမကျယ်လွန်းဘဲ မင်းမူနိုင်လွန်းသော အရှိန်အဝါမျိုး စွန်းထင်းနေသည့်အသံတစ်မျိုးဖြင့် ပြောသံကို ကြားရသည်။

"ယင်နှင့်ယန်က လိုက်ဖက်ညီမှုအပြည့်နဲ့ လည်ပတ်နေတယ်။ မြစ်တစ်ရာက ပင်လယ်အဖြစ် ပေါင်းစည်းတယ်"

ဝမ်ချောင်၏မျက်လုံးက အေးစက်သောအလင်းဖြင့် လက်သွားသည်။ သူသည် မူလအမရသိုင်း၏ နားလည်သဘောပေါက်မှုကို မဟာယင်ယန်ဖန်တီးခြင်းသိုင်းနှင့် ပေါင်းစည်းလိုက်ပြီး ပူးပေါင်းစွမ်းအားကို လွှတ်ထုတ်လိုက်သည်။

ချိမ်း!

တစ်ခဏခန့်ကြာပြီးနောက်ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်က စတင်ပြီးပြောင်းပြန် လည်ပတ်သည်။ သူ၏ဒန်တျန်တွင် လေဝဲတစ်ခုပေါ်လာပြီး မူလဆိုသောသင်္ကေတက ထင်ရှားလားသည်။

ထိုအခြေအနေက ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်အရှုံးကို မဆုံးအဖြတ်နိုင်သေးသော အနေအထားအား အလှည့်အပြောင်း ဖြစ်သွားစေသည်။

ဘမ်း!

ဝမ်ချောင်၏ဘယ်လက် လက်ဖဝါးပတ်ဝန်းကျင်ရှိ အာကာသပြင်က အလိုလျောက် ပိကျသွားသည်။ ကောင်းကင်ကိုပင်ခုတ်ထွင်ကာ မြေကမ္ဘာကိုပင် ဖယ်ရှားပစ်နိုင်လောက်သည်ဟု ယူဆရသော ကြီးမားသည့် ရွှေရောင်ဆိတ်ကြီးက လေလျော့သွားသောပူပေါင်းကဲ့သို့ စတင်ကာကျုံ့လာသည်။ တောက်ပလွန်းသော သိမ်မွေ့အမရကြယ်တာရာစွမ်းအင်ကလည်း ဝမ်ချောင်၏ ကိုယ်ထဲကို စီးဝင်လာ၏။

"ဘာ....!"

ဆိတ်အမရ၏မျက်နှာက ချက်ချင်းဖြူစုပ်သွားသည်။ သူ၏ဟန်အမူအရာကလည်း ယုံကြည်မှုပင် ပျောက်သွားသည်။

ထိုဖျက်ဆီးခြင်းကလေးဟာ မှင်သက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်ပြနိုင်ပြီးသားဖြစ်သည်။ သို့သော် ဒါဟာ သူ့ကိုအနိုင်ယူရန် မလွယ်ကူစေပေ။ ပုရွက်ဆိတ်တစ်ကောင်သာသာ အကောင်လောက်က သူ၏စွမ်းအားကိုပင် ခိုးယူနိုင်စွမ်းရည် ရှိနေမည်ဟု မထင်ထားမိပေ။

မဟုတ်သေးဘူး....

ဒါက ခိုးယူတာမှမဟုတ်တာ။ ဒါကသူ့ရဲ့ စွမ်းအင်ကို ဝေလငါးတွေလိုမျိုး ဝါးမြိုပစ်နေတာ...

ဆိတ်အမရသည် မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့်စွမ်းအင်များ ဆုံးရှုံးနေပြီး ဝမ်ချောင်က အင်အားများ ဆက်တိုက်ပြည့်လာသည်။

သိမ်မွေ့နယ်မြေတွင် လူတစ်ယောက်၏ကြယ်တာရာစွမ်းအင်က အထိုးဖောက်ရန် ခက်ခဲသည့် ခံတပ်ကြီးနှင့်တူသည်။ မည်သည့် အပြင်အင်အားကမှလှုပ်ခါအောင် မလုပ်နိုင်ပေ။ အနည်းဆုံး သိုင်းပညာရှင်လောကမှ ၉၀%ခန့်က မလှုပ်ခါနိုင်ပေ။

သူသည်လည်း သိမ်မွေ့နှယ်မြေသို့ပင် မရောက်သေးသော ပုရွက်ဆိတ်အကောင်တစ်ကောင်က တောင်တန်းကဲ့သို့ လေးလံလွန်းသော သူ၏ကြယ်တာရာစွမ်းအင်များကို စုပ်ယူနိုင်မည်ဟု မထင်ထားမိပေ။

ထိုအခြေအနေကသူ၏ ဒီလောကအပေါ် နားလည်သဘောပေါက်မှုနှင့် လုံးဝကွဲထွက်နေလေသည်။

******

အခန်း_1530

..

"နတ်ဘုရားနဲ့နတ်ဆိုးသုတ်သင်ခြင်းသိုင်း"

ဝမ်ချောင်၏အေးစက်သောအသံက ထိုအဓိကနယ်မြေအတွင်း ဟိန်းထွက်သွားသည်။ သူ၏မျက်လုံးက စူးရှလာသည်။

ဝုန်း

ဘမ်း!

မူလအမရဓါးက အချိန်နှင့်အာကာသကိုပင် ကျော်ဖြတ်သွားပြီး ပို၍မြင့်မားသော ကြားခံနယ်မြေတစ်ခုမှ အကန့်အသတ်မဲ့သည့် ရွှေရောင်စွမ်းအင်များ စီးဝင်လာစေသည်။ ထိုသန့်စင်ပြီး တောက်လောင်နေသောစွမ်းအင်က မူလအမရဓါးကိုကျော်ကာ ခရီးဆက်၍ ဝမ်ချောင့်၏ကိုယ်ထဲ ဝင်သည်။

အခြားသောသူများက အာကာသ ဆုတ်ဖြဲကြောင်းကတစ်ဆင့် စီးဝင်လာကာ ဝမ်ချောင်၏ကိုယ်ထဲသို့ ဝင်နေသည့် ထိုရွှေရောင်အရေများက မည်သည့်အရာဖြစ်ကြောင်း သိတိထားမိရန် နှေးကွေးနေသော်လည်း မိစ္ဆာဧကရာဇ်ကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ကမူ ဖိအားများသွားကြသည်။

သိမ်မွေ့နယ်မြေရဲ့ စွမ်းအင်

သူတို့နှစ်ယောက်လုံးက ထိုစွမ်းအင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။ လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့သည်ယခင်က နှစ်ယောက်အတူပူးပေါင်းကာ သိမ်မွေ့နယ်မြေသို့တက်လှမ်း၍ ထိုစွမ်းအားကို ထုတ်သုံးပြီး ပါးကုရှီတုကို အနိုင်ယူခဲ့ဖူးသည်။ သို့သော် နှစ်ယောက်ပေါင်းအားကလည်း သူတို့ကို အင်အားကုန်ခမ်းစေကာ ယခုတိုက်ပွဲထဲကို မဝင်နိုင်အောင်ဖြစ်စေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်အနေဖြင့် ဝမ်ချောင်က ရန်သူတွေကို ရင်မဆိုင်နိုင်မည်ကို စိုးရိမ်ခဲ့ရသည်။

သူတို့သည်လည်း ဝမ်ချောင်က လေးစားဖွယ်ကောင်းမှန်း၊ထိုမျှထိ ကြောက်စရာကောင်းနေမည်ဟု မထင်ထားမိပေ။ သူသည် မည်သို့မည်ပုံဖြစ်မှန်းမသိ စိတ်အမရ၏သိမ်မွေ့ နယ်မြေကိုလည်း စုပ်ယူနိုင်သေးပြီး ထိုစွမ်းအင်ကိုပင် တဖန်ပြန်လည်သုံးကာ ပိုမြင့်သောကြားခံနယ်သို့သွားသည့် လျှောက်လမ်းကိုဖွင့်၍ စွမ်းအားကိုအရယူနိုင်လေသည်။

ဘုန်း!

ဝမ်ချောင်၏ကိုယ်ထဲမှ သိပ်သည်းလွန်းသောစွမ်းအင်က ပေါက်ထွက်လာသည်နှင့် လောကကြီးက တသိမ့်သိမ့်တုန်သွားသည်။ အမှန်တကယ် အချိန်အတွင်းတွင်ပင် နေမင်းကထုတ်လွှတ်ထားသော အလင်းရောင်ထက် အဆထောင်ကျော် တောက်ပလွန်းသော အဖြူရောင်ဓါးချီ တစ်မျှင်က ထွက်ပေါ်လာသည်။

ထိုဓါးချီမျှင်သည် လေထုကို ထိုးခွဲလာသည်နှင့်အမျှအာကာသပြင်ကိုပင် ကျော်ဖြတ်ပြီး စိတ်အမရဟု သူ့ကိုယ်သူရည်ညွှန်းသော ကြီးမားသည့်ဆိတ်ကြီးကို ထိုးခွဲလိုက်သည်။

ဘမ်း!

အားလုံးကအလန့်တကြား အော်ဟစ်နေချိန်တွင်စိ တ်အမရကလည်း အော်ဟစ်လိုက်ရသည်။ သူ၏ကြယ်တာရာစွမ်းအင်က ကွဲကြေကုန်ပြီး ရွှေရောင်ဆိတ်ကြီးကလည်း အရည်ပျော်လာသောနှင်းအလား ပျောက်သွားသည်။

အနောက်ဘက်မှနေ၍ အရပ်ရှည်ရှည်နှင့်ပိန်ပိန်ပါးပါးနှင့်လူတစ်ယောက်က ခွေးသေကောင်အလား လွင့်ထွက်လာပြီး မီတာ၃၀ကျော်ခန့်အကွာမှ ကျောက်သားနံရံကို ဝင်ဆောင့်တိုက်သည်။ ဂူနံရံကြီးက ချက်ချင်းချိုင့်ဝင်သွား၏။ မြေသားနှင့်ဖုန်လုံးများက မျက်နှာကျက်ပေါ်မှ ပြုတ်ကျသည်။

"အား....!"

နံရံထဲမှတဖြည်းဖြည်း လျှောဆင်းသွားသော စိတ်အမရ၏ ကွဲကြေနေသောအလောင်းက အနက်ရောင်ဝတ်စုံနှင့်လူများအားလုံးကို မျက်နှာဖြူဖျော့သည်အထိ ကြောက်လန့်သွားစေသည်။ ဝါးဦးထုပ်နှင့်လူ၃ယောက်ပင် ပါသေး၏။ အဝါရောင်မာဖလာစစ်သည်တော်၏ မျက်လုံးကပင် အလန့်တကြား ပြူးကျယ်နေသည်။

သူကသာ သူတို့၏အဖွဲ့အစည်းအတွင်းမှ အမရဟု ရည်ညွှန်းသုံးနှုန်းသော သူများ၏အဆင့်အတန်းကို နားလည်သည်။ သူတို့၏ပြင်းထန် သိပ်သည်းလွန်းသော ခွန်အားက အစစ်အမှန်အမရများ ဖြစ်စေသည်။ သူသည်ပင် ထိုစိတ်အမရကို မယှဥ်နိုင်သလိုခံ စားရသည်။

သူတို့နှစ်ယောက်အကြားမှ ကွာခြားချက်က ကြီးမားလေသည်။ သို့သော် သူ့ကိုအံ့အားသင့်စေသည်မှာ တစ်ချိန်လုံး သူတို့ကို အတင်းရှောင်တိမ်းစေပြီး မြို့တော်မှအနောက်မြောက်ပိုင်းထိ ထွက်ပြေးစေခဲ့သော ဝမ်ချောင်က အမရကို အနိုင်ယူနိုင်မည်ဟု မထင်ထားခဲ့ေချ။

ထိုစိတ်အမရသည် အမရ၃ပါးထဲတွင် အားအနည်းဆုံး ဖြစ်ကောင်းဖြစ်လောက်သည်။ သို့သော် သူသည်ဒီလောကမှ သေမျိုးစစ်သည်တော်များက မယှဥ်နိုင်သောတည်ရှိမှုမျိုး ဖြစ်နေပြန်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ဝါးဦးထုပ်ခေါင်းဆောင်၏စိတ်ထဲတွင်အံ့အားသင့်မှုများက ကြီးစိုးနေသည်။ သူသည် ပထမဦးဆုံးအကြိမ်အဖြစ် ဖျက်ဆီးခြင်းကလေးကို အထင်သေးမိသွားကြောင်း သိလိုက်သည်။

ဝါး...

အခြားတစ်ဖက်ဝမ်ချောင်သည် လေထဲတွင်အလုံးစုံ ကြိုးကိုင်နေရင်းမှ မြေပြင်ပေါ်သို့ ချောမွေ့ စွာဆင်းသက်လာသည်။

ဘမ်း!

"ဝမ်းသာစရာကြောင်းလိုက်တာ"

"အနက်ရောင်ဝတ်စုံနဲ့လူတွေကို သတ်"

"မိစ္ဆာဧကရာဇ်ရဲ့တပည့် မိစ္ဆာဧကရာဇ်ရဲ့တပည့်.."

ဝမ်ချောင်၏မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပုံက သိုင်းပညာရှင် လူအုပ်ထဲမှလက်မောင်းများကို လေပေါ်သို့ မြှောက်တင်ပြီး သူတို့၏လက်နက်များကိုပင် ဝမ်းသာအားရ ပင့်မြှောက်က အော်ဟစ်အားပေးစေသည်။ အနက်ရောက်ဝတ်စုံနှင့်လူများသည် အင်အားကြီးလွန်းသည်။ ထို့ကြောင့်သူတို့ဟာ ဒီနေရာသို့ သတ်ဖြတ်ခံရရန် စောင့်ဆိုင်းနေရသော သိုးအုပ်များအလား ထွက်ပြေးခဲ့ရသည်။

အနက်ရောင်ဝတ်စုံနှင့်လူများသည် သူတို့ကိုတစ်သုတ်ထဲနှင့် အလုံးအရင်းသတ်ဖြတ်နိုင်ရန်အလို့ငှာ ဒီနေရာသို့ မောင်းသွင်းခဲ့ခြင်း ဖြစ်နေသည်။

သူတို့၏အထိတ်တလန့်ဖြစ်နေသော နှလုံးသားများကလဲ သူတို့ကိုကူညီပေးနိုင်သော မည်သူ့ကိုမဆို လိုအပ်နေသည်။

တစ်ဖက်က ထိုသို့သတ်ဖြတ်ရန် ကြိုးစားနေချိန်တွင် အခြားတစ်ဖက်၏ ခိုင်မာသောစိတ်ဓါတ်အင်အား ကထိုးကျနေပြီဖြစ်သည်။ အနက်ရောင်ဝတ်စုံနှင့်လူများ၏ တိုက်ခိုက်လိုစိတ်ဆန္ဒများက ယခုလိုထိုး ကျသွားချိန်တွင် မျက်နှာဖုံးနှင့်လူခေါင်းဆောင် နှစ်ယောက်၏ မျက်နှာဖုံးအောက်မှ မျက်နှာများက တင်းမာကုန်သည်။

"မျိုးမစစ်ကောင်"

ရွှေနီရောင်ကျားမျက်နှာဖုံးနှင့်လူက ဘာစကားမှမပြောသေးပေ။ သို့သော် ထိုအခိုက်အတန့်တွင် သမင်အမရက ရုတ်တရက်အရှေ့ဘက်သို့ ခြေတစ်လှမ်းလှမ်းသည်။ သူ၏မျက်လုံးက ဝမ်ချောင့်အပေါ်တွင်သာ ရှိနေသည်။

အမရဆိုသောဘွဲထူးနာမည်သည် သာလွန်မြင့်မားလွန်းသော အဆင့်အတန်းနှင့် ဂုဏ်သရေကို ကိုယ်စားပြုကာ အနက်ရောင်ဝတ်ရုံနှင့် လူတိုင်း၏ အထက်တွင် ရိုကျိုးစွာဆက်ဆံခံရသော တည်ရှိမှုမျိုးဖြစ်သည်။ အမရများ၏အရှေ့တွင် မည်သူကမှမတွန်းလှန်နိုင်ပေ။ ဝမ်ချောင်က ထိုအမရတစ်ပါးအား ထိုလူများစွာအရှေ့တွင် အနိုင်ယူလိုက်ခြင်းက ခွင့်မလွှတ်နိုင်သော အပြစ်မျိုးဖြစ်သည်။

"ငါ သူ့ကို သွားသတ်လိုက်မယ်.."

သမင်အမရက ရုတ်တရက်ပြောသည်။ သူ၏စကားလုံးက အနောက်ဘက်မှကျားအမရကို တိုက်ရိုက်ရည် ညွှန်းနေသည်။ ကျားအမရက ဘာစကားမှမပြောသေးပေ။ သို့သော်သူ၏ မျက်လုံးက အဓိပ္ပါယ်ဖော် ရခက်သော အလင်းဖြင့် တောက်လောင်နေသည်။

ဆိတ်၊သမင်၊ကျား ထိုအမရသုံးပါးသည် အဖွဲ့ဖြစ်သည်။ ၃ယောက်တစ်ဖွဲ့ထဲတွင်ကျား အမရက အင်အားအကြီးဆုံးဖြစ်ပြီး မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ကျားအမရက ရှိနေသောအခါ သမင်အမရသည်လည်း သူ၏ဦးဆောင်မှုနောက်သို့လိုက်ပြီး သူ၏ အသိအမှတ်ပြုမှုကိုရမှ လှုပ်ရှားနိုင်သည်။

အချိန်တစ်ခဏကြာပြီးနောက် ကျားအမရက ခေါင်းညိတ်လိုက်သည်။

"အွန်း"

"ဟွန့်"

ကျားအမရက အသိအမှတ်ပြုလိုက်သည်နှင့် သမင်အမရသည်လည်း တဖြည်းဖြည်းချင်း စလျှောက်လာသည်။ သူ၏အရှိန်နှုန်းကနှေးသည်။ လမ်းလျှောက်သော ခြေလှမ်းအကျယ်ကလည်း မချဲချေ။ ခြေလှမ်းအကွာအဝေးကလဲ မကျယ်ပေ။ သို့သော် ရှေ့တစ်လှမ်းချင်းစီတိုင်းက စွမ်းအင်မုန်တိုင်းကို ထုတ်လာသည်။

သမင်အမရကရှေ့သို့ လျှောက်နေချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းမှ အလွန်အမင်းအေးစိမ့်ကာ အကန့်အသတ်မဲ့သော စွမ်းအင်များကစတင်ကာ မြောက်တက်လာပြီး နယ်မြေတစ်ခုလုံးကို ဖြန့်ကျက်သည်။ အပူချိန်က လျင်မြန်စွာ ထိုးကျ၏။ နွေရာသီ၏ ပူပြင်းတောက်လောင်မှုနှင့် ဆောင်းတွင်းနှင့်မုန်တိုင်း အရှိန်အမြင့်ဆုံးအပိုင်း၏ ကွာခြားချက်ကဲ့သို့ ဖြစ်သည်။

ဝုန်း!

သမင်အမရ၏လှုပ်ရှားမှုက အောင်ပွဲခံနေသောလူအုပ်ကို တိတ်သွားစေသည်။ လူတိုင်းကလည်း သမင်အရ၏လှုပ်ရှားမှုကို ကြည့်ပြီးနောက် လေထုက တင်းကြပ်လာသည်။

သိုင်းပညာရှင်များက သတိကပ်ထားကြသည်။ ထို့နောက် ဝမ်ချောင်ကို လှည့်ကြည့်သည်။

ဝမ်ချောင်သည် သိုင်းပညာလောကမှ အဖွဲ့ဝင်မဟုတ်ပေ။ သူသည် မိစ္ဆာဧကရာဇ်၏တပည့်ပင်ဖြစ် နေသေးသည်။ သို့သော် ထိုအချက်ကို မည်သူကမှ ဂရုမစိုက်နိုင်တော့ပေ။ သူသည်သာ အင်အားကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးနှင့်လူ၃ယောက်ကို ရင်ဆိုင်အံတုနိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။

သူတို့၏အသက်များက ဝမ်ချောင်နှင့်တွဲချည်နေသည်။ သူကသာ သူတို့၏ မျှော်လင့်ချက် ဖြစ်သည်။

ထိုတိတ်ဆိတ်မှုအတွင်းမှ တုမဟာမိတ်အရှင် ရှန်ကွမ်းထင်က ရုတ်တရက် ပြောသည်။

"ငါ့အနေနဲ့အဆုံးသတ်မှာ ငါတို့အားလုံးကို ကယ်တင်ပေးမဲ့သူက ငါတို့ ရွံရှာစိတ်ရှုပ်နေခဲ့တဲ့ မိစ္ဆာဧကရာဇ်ကြီးရဲ့ တပည့်ဖြစ်နေမယ်လို့မထင်ထားဘူး"

သူ၏မျက်နှာသည် ခံစားချက်များ ကင်းမဲ့သော်လည်း သူ၏မျက်ဝန်းထဲမှ ရှုပ်ထွေးသောခံစားချက်ကို မြင်နိုင်သည်။

စုန့်ယွမ်ယွီပင်ဖြစ်စေ၊ရှန့်ကွမ်းထင်ပင်ဖြစ်စေ အလွန်အမင်း မာနကြီးသော ပုဂ္ဂိုလ်များဖြစ်သည်။ အခြားသောနေရာများဆိုလျင်လည်း သူတို့နှစ်ယောက်ကလည်း ဝမ်ချောင်နှင့် အနည်းငယ်သော်မျှ ပတ်သက်ရင်းနှီးချင်စိတ် ဆန္ဒမရှိလောက်ပေ။ သို့သော်အခုက သူတို့၏ဆုံးဖြတ်ချက်ကို လိုအပ်သောအခြေအနေမျိုး မဟုတ်တော့ချေ။

သူတို့ကပင် သူတို့ကိုယ်သူတို့ မတွေးလျှင် သူတို့၏အနားမှ ဖြောင့်မတ်မှန်ကန်ခြင်း တပည့်ဂိုဏ်းသားများကို ထည့်တွက်ရန် လိုအပ်လာသည်။

"ဒီနေရာတစ်ခုလုံးကိုအားလုံးရောက်လာစေအောင် ဝရုန်းသုန်းကား ဖြစ်သွားတဲ့ကိစ္စက သူကြောင့်ဖြစ်တာဖြစ်လိမ့်မယ်။ အဲဒီဓါးကလည်း ဒဏ္ဍာရီလာမူလအမရဓါးဖြစ်မယ်။ ဒါပေမဲ့သူက တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးပြီ… ဒါပေမဲ့ သူတစ်ယောက်တည်းနဲ့ အနက်ရောင်ဝတ်စုံနှင့် လူတွေအားလုံးကို အနိုင်မယူနိုင်လောက်ဘူး "

"ဒီကလေးက ငါတို့ရဲ့အကူအညီလိုတယ်"

ရှန့်ကွမ်းထင်က အသံပို့လွှတ်စကားပြောသော သိုင်းကတစ်ဆင့် စုန့်ယွမ်ယွီကို ဆက်သွယ်သည်။ ဝမ်ချောင်သည် ထိုစကားများကိုကြားခဲ့ပါက ကြောင်တောင်တောင်ဖြစ်ပြီး သံသယဝင်သွားလောက်သည်။

မည်သို့ပင်ဆိုစေ ထိုတောင်ပေါ်တွင် ရှန့်ကွမ်းထင်က သူ့ကိုသတ်ဖြတ်ရန် ဆုံးဖြတ်ချက်ချခဲ့သူ ဖြစ်သည်။

သို့သော် ယခုအ ခါသူကသာ ဝမ်ချောင်ကို ကူညီရန် အရင်ဦးဆုံး ကမ်းလှမ်းသောသူ ဖြစ်သည်။ ထို့ပြင် မိစ္ဆာလမ်းကြောင်းလျှောက်သော အဖွဲဝင်တစ်ယောက်အပေါ် မြင့်မားလွန်းစွာ ပေးထားသော ထင်မြင်ချက်လည်း ဖြစ်လောက်သည်။

"အွန်း"

စုန့်ယွမ်ယွီကပင် ညည်းသံနှင့်ပြန်ဖြေသည်။ သူ၏မျက်လုံးက လင်းလက်နေ၏။ သို့သော် ရှန့်ကွမ်းထင်အတွက်ကမူ ထိုရိုးရှင်းသော အသံပြုချက်က ခံစားချက်ပေါင်းများစွာ ပါဝင်နေသည်။

"ကလေး မင်းက တကယ် ကံကောင်းလွန်းတာပဲ"

ထိုအချိန်တွင် လူတိုင်း၏နားတွင် ကျယ်လောင်သော မိုးချိန်းသံကဲ့သို အသံကပဲ့တင်ထပ်သွားသည်။ သမင်အမရက ရုတ်တရက် လျှောက်လမ်းဝင်ပေါက်၏ အရှေ့ဘက် ပေ၁၀ကျော်အကွာတွင် ရပ်သွားသည်။ သူ၏မျက်နှာပေါ်မှ အေးစက်သော သတ္ထုမျက်နှာဖုံးက ခံစားချက်တိုင်းကို လုံးဝဖုံးကွယ်ထားလိုက်သည်။

သို့သော် သူ၏အသံထဲမှအေးစိမ့်ဓါတ်က အားလုံး၏နှလုံးသားကိုခဲစေသည်။

ဝမ်ချောင်က ပြုံးပြီးပြန်ငြင်းသည်။

"ဟွန့်..ဒါကငါ့ ရဲ့ကံမဟုတ်ဘူး ငါသာ မသေချင်ရင် ဒီလောကက ဘယ်သူကမှ ငါ့ကို မသတ်နိုင်ဘူး"

ပြန်လည်မွေးဖွားလာသူတစ်ယောက်အနေနှင့် သူဟာ သူ၏လေးဖွယ်ကောင်းလွန်းသော စွဲလမ်းစိတ်ကိုမှီခိုပြီး သေခြင်းကိုကျော် လွှားကာ ထိုအခွင့်အရေးကို အရဖမ်း၍ ပြန်လည်ရှင်သန်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ သူက သူ၏တာဝန်ပြီးမြောက်သမျှ သေနိုင်မည် မဟုတ်ပေ။ သူ၏အသက်ကိုလည်း မည်သူ့ကိုမှ ယူခွင့်မပေးနိုင်ပေ။

သို့သော် သမင်အမရက ဝမ်ချောင်၏အဓိပ္ပါယ်ကို နားလည်မှုလွဲသွားသည်မှာ ရှင်းလင်းလေသည်။

"ဟွန့်...အဲဒီလိုလား"

ရွှေရောင်မျက်နှာဖုံးအောက်ဘက်က စူးစမ်းသလိုကြည့်နေသော ထိုမျက်ဝန်းတစ်စုံထဲတွင် အေးစက်သောအလင်းက လက်သွားသည်။ ထို့နော က်သမင်အမရက တိုက်ခိုက်လိုက်သည်။

ဘမ်း!

လျှောက်လမ်း၏ပတ်ဝန်းကျင် ပေရာပေါင်းများစွာအတွင်းရှိလေထုက ကြီးမားသောလှိုင်းလုံးကြီးအလား အပေါ်ဘက်သို့ လိမ့်တက်သွားသည်။ သမင်အမရက တစ္ဆေတစ်ကောင်အလား ပျောက်သွားသည်။

"ချောင်အာ သတိထား!"

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က စိုးရိမ်တကြီး အော်သည်။

"ဆရာ စိတ်အေးအေးထား"

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ စိတ်ထဲတွင် စိတ်စွမ်းအား အားလှိုင်းတစ်ရပ်က ပဲ့တင်ထပ်လာသည်။ တစ်ခဏခန့်ကြာပြီးနောက် ဝမ်ချောင်ကလည်း ပျောက်သွားသည်။

အနက်ရောင်မျက်နှာဖုံးနှင့်လူများသည် နောက်တစ်ယောက်က အရှေ့တစ်ယောက်ထက် ပိုပြီးသန်မာနေတတ်သည်။ သမင်အမရသည်လည်း ရိုးရှင်းစွာပင် စိတ်အမရထက် ပိုသန်မာကာ အရှိန်နှုန်းကပိုမြန်သည်။ သို့သော် သမင်အမရက မည်မျှမြန်ဆန်စေကာမူ ဝမ်ချောင်ကသူ၏ ထိတွေ့ကိုင်တွယ်၍ရသော စိတ်စွမ်းအင်များအား ပင့်ကူပိုက်ကွန်ကြီးတစ်ခုလုံးအဖြစ် ဖြန့်ကျက်ထားပြီးသား ဖြစ်လေရာ မည်သည့်ဖုံးကွယ်သည့်သိုင်းကမှ သူ၏တည်ရှိမှုအောက်မှ မလွတ်နိုင်ပေ။

"တွေ့ ပြီ"

အားလုံးကသမင်အမရ၏ လက္ခဏာကို လိုက်လံရှာဖွေနေချိန်တွင် ဝမ်ချောင်က ရုတ်တရက် ခေါင်းကိုမော့ပြီး မျက်လုံးကို တစ်ဝက်ခန့်ပိတ်သည်။ သူ၏ မြင်နိုင်စွမ်းအားက သမင်အမရ၏ နေရာကို ရှာတွေ့လိုက်သသည်။

သမင်အမရကဝမ်ချောင်၏အထက်....မြေပြင်မှ မီတာ၃၀မှ၄၀ခန့်အကွာတွင် ရပ်နေသည်။

******

All Chapters