← Chapters

အခန်း (၁၅၃၁-၁၅၃၅)

Vol. 92 Ch. 1531-1535

အခန်း (၁၅၃၁-၁၅၃၅)

Vol. 92 Ch. 1531-1535

အပိုင်း (၁၅၃၁)

“ဝုန်း”

ဝမ်ချောင်က အရှေ့ဘက်သို့ ခုန်ဝင်လိုက်သည်။ အခြားသောသူများ၏ စောင့်ကြည့်နေမှုအောက်တွင်မူ အဆင့်လွန် ကျွမ်းကျင်ပညာရှင်နှစ်ယောက်က ဥက္ကာတုံးကြီးများအလား အချင်းချင်း ဝင်တိုက်သွားသည်။

ဗုန်း!

သိပ်သည်းသော စွမ်းအင်နှင့်အတူ အံ့အားသင့်ဖွယ်ကောင်းသော အားလှိုင်းများက အပြင်ဘက်သို့ ပေါက်ကွဲထွက်လာသည်။

လေထဲတွင် မြေပြင်အထက် မီတာ၄၀၊ ၅၀ခန့်အမြင့်တွင် သမင်အမရနှင့် ဝမ်‌ချောင်တို့က အချင်ချင်း ကြမ်းတမ်းစွာ ထိပ်တိုက်ရင်ဆိုင်ကြသည်။ တစ်ယောက်ကရွှေ ရောင်ဖြစ်ပြီး တစ်ယောက်က အဖြူရောင်ဖြစ်သည်။ မျက်စိကျိန်းဖွယ် တောက်ပနေသော အလင်းတန်းက သာလွန်မြင့်မြတ်နေကြသလိုမျိုးပင် ထင်ရသည်။ သူတို့၏အလင်းတန်းက မျက်စိကျိန်းလွန်းသဖြင့် အောက်မှသိုင်းအညာရှင်များက မျက်လုံးကို မနည်းဖွင့်နေရသည်။

“အမရတွေက သမင်နောက်ကို လိုက်တယ်”

“အသက်ကွပ်မျက်ခြင်း”

သမင်အမရနှင့် ဝမ်ချောင်တို့၏ အော်ဟစ်သံက လူတိုင်း၏နားထဲတွင် ဟိန်းထွက်သွားသည်။ လေထဲတွင်လည်း သမင်တစ်ကောင်၏ အော်သံလိုအသံက စတင်ကာထွက်လာလေပြီး တိမ်စိုင်များက စတင်ကာစုစည်းလာသည်။

ဂျိမ်း!

တုတ်ခိုင်သော ရွှေလက်မောင်း၆ဘက်က ရုတ်တရက် ထွက်ပေါ်လာပြီးနောက်တွင် ဝမ်ချောင့်ကိုအရပ်မျက်နှာအနှံ့မှ လက်သီးဖြင့် လှမ်းထိုးသည်။

“အမရတွေက သမင်နောက်ကို လိုက်တယ်!”

ထိုကြီးများသောလက်မောင်း၆ဖက်က အမရသမင်နောက်ကို လိုက်တယ်ကို ကိုယ်စားပြုသည်။ မူလအမရဝင်္ကမ္ဘာကို ချိုးဖြတ်သောအခါ အမရသမင်သည် လက်မောင်းတစ်ဖက်ကိုသာ အသုံးပြုခဲ့သည်။ သို့သော် ဝင်္ကမ္ဘာ၏ အခုခံကာကွယ်အလွှာကို ဆုတ်ဖြဲနိုင်စွမ်းရည်ရှိနေခဲ့ပြီး အသာစီးရနေခဲ့သည်။ ထို့ကြောက် လက်မောင်း၆ဖက်၏အင်အားက မည်မျှကြောက်စရာကောင်းမှန်း သိနိုင်သည်။

စုန့်ယွမ်ယွီကပင် ထိုတိုက်ကွက်က အမရများအတွက်စီ ရင်ချက်များ ချမှတ်နေသည်ဟုပင် ခံစားမိလာသည်။

လူတိုင်း၏မျက်ဝန်းထဲတွင်း စိုးရိမ်ပူပန်မှုများကို မြင်နိုင်သည်။ မူလမရသည် အင်အားကြီးမားလွန်းသည်။ ဆိတ်အမရထက် ကြောက်မက်ဖွယ်ကောင်းလွန်း၏။ ဝမ်ချောင်ကသာ ရှုံးသွားခဲ့သော် အဆုံးသတ်ရပေလိမ့်မည်။

သို့သော် စုန့်ယွမ်ယွီနှင့် သမင်အမရတို့က ဝမ်ချောင့်ကို အထင်သေးမိသွားသည်။

ဝမ်ချောင်၏ခန္ဓာကိုယ်ပေါ်တွင် သိမ်မွေ့နယ်မြေ၏ ပူပြင်းကြိမ်းတောက်သော အားလှိုင်းနှင့် ကြောက်မက်ဖွယ်ကောင်းလွန်းသော စွမ်းအားလှိုင်းများက ပေါက်ထွက်လာကာ လွှမ်းခြုံထားသည်။ ဝမ်ချောင်၏စွမ်းအင်ကာ ကြောက်စရာကောင်းလွန်းသော အမြင့်အထိ ထိုးတက်သွားသည်။

ပို၍အရေးကြီးသည်မှာ သူသည် သမင်အမရနှင့် တိုက်ခိုက်နေချိန်တွင် ဝမ်ချောင်က သူ၏စိတ်ကို သူ့၏ဝမ်းဗိုက်ထဲတွင် ဝှက်ထားသည့် အသူရာစစ်တုရင် အပိုင်းအစလေးထဲသို့ ထည့်သွင်းကာ ပြိုင်ဘက်ကင်းဓါးကျွမ်းကျင်ပညာရှင် စုကျန်းချွမ်နှင့် အတွေးများဖလှယ်ခဲ့ပြီး ရရှိခဲ့သည့်အရာကိုသာ အာရုံစိုက်လိုက်သည်။

မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းမှ မဟာယင်ယန်သိုင်းကဲ့သို့ ကျယ်ပြောသောကောင်းကင်မြေကမ္ဘာသိုင်း၊ မဟာဖျက်ဆီးခြင်းသိုင်းများသည်လည်း လူတစ်ယောက်၏စွမ်းအင်ကို မြင့်မားပေးနိုင်သည်။ ‘နတ်ဘုရားနှင့် နတ်ဆိုးသုတ်သင်ခြင်းသိုင်း’ကလည်း သဘာသကျကျပင် ကိုယ်ပိုင်စွမ်းရည်များရှိ၏။ ဒီသိုင်းသည် မူလအမရသိုင်းပြီးလျှင် ဒုတိယနေရာရှိသေးသော်လည်း တိုက်ခိုက်ခြင်းစွမ်းအား သီးသန့်ချင်းယှဉ်သောအခါ ထိုသို့အဆင့်လွန်သိုင်းက ကျော်လွန်ရန် ခက်သည်။

ထိုအဆင့်လွန်သိုင်းကိုပင် ကျော်လွန်နိုင်လေသည်။

‘နတ်ဘုရားနှင့် နတ်ဆိုးသုတ်သင်ခြင်းသိုင်း’က လောက၏ကြောက်စရာအကောင်းဆုံး ဓါးသိုင်းဖြစ်သည့်တိုင်အောင် လူတစ်ယောက်က ဓါးကိုလွှဲယမ်းနေပြီး စွမ်းအားကို ထုတ်ပြနိုင်ရုံလောက် ရိုးရှင်းကာတပ်မက်ခြင်းမရှိချေ။ ထိုကိုယ်ပိုင် ကြောက်မက်ဖွယ်ကောင်းသော ဓါးသိုင်းကလည်း ပါဝင်နေသေးသည်။ သို့သော် ဝမ်ချောင်သည် အမြဲအစေ အနိမ့်စားနားလည်သဘောပေါက်မှု အဆင့်တွင်သာ ရပ်နေခဲ့သည်။ ထို့ကြောင့် သူသည် ထိုအဆင့်လွန်ဓါးသိုင်းကို သုံးနိုင်ခြင်းမရှိခဲ့ချေ။

သို့သော် ထိုအချိန်က ထိုအချိန်သာဖြစ်လေသည်။ ယခုက ယခုသာဖြစ်လေသည်.။

“အသက်ကွပ်မျက်ခြင်း”

ဒါဟာ ဝမ်ချောင်က ထိုစစ်တုရင်အပိုင်းအစလေးကြောင့် ရှိခဲ့ပြီး နားလည်သဘောပေါက်ခဲ့သော သိုင်းလည်းဖြစ်သည်။ ဝမ်ချောင်အပင် စီနီယာစုက သူ၏စိတ်ဆန္ဒနှင့် နတ်ဘူရားနှင့်နတ်ဆိုးသုတ်သင်ခြင်းသိုင်းများကို ချန်ထားပေးခဲ့မည်ဟု မထင်ထားမိပေ။

ဂျိမ်း!!

ဖျက်ဆီးခြင်းစိတ်ဆန္ဒက အချိန်နှင့်အာကာသကို ကျော်လွန်ပြီး ဝမ်ချောင်၏ခန္ဓာကိုယ်ထဲမှ မြောက်တက်လာသည်.။ ထိုသို့သန့်စင်ကာသိမ်မွေ့သည့် ဓါးစိတ်ဆန္ဒက ခြောက်ခြားဖွယ်ကောင်းသော စွမ်းအင်ဖြင့် ပေါင်းစပ်ထားလေပြီး မည်သူ့ကိုမဆို ကြောက်ရွံ့မှုဖြင့် တုန်ယင်စေနိုင်သည်။

ထိုဓါးသည် အသက်ကို ယူဆောင်ရန်သာ ဖြစ်တည်နေခြင်းဖြစ်သည်။ ဓါး၏လမ်းကြောင်းက သတ်ဖြတ်ခြင်းလမ်းစဉ် ဖြစ်သည်။

စစ်သားတစ်ယောက်သည် ကြမ်းတမ်းရန်လိုအပ်သည်။

ဓါး၏လမ်းကြောင်း အထွတ်အထိပ်ကလည်း သက်ဖြတ်ခြင်းလမ်းကြောင်းဖြစ်ပြီး ရှင်သန်ရန်ဖြစ်သည်။ ပြင်းထန်သိပ်သည်းလွန်းသော သတ်ဖြတ်မှုများကသာ ဓါး၏လမ်းကြောင်း၏ စွမ်းအားအပြည့်ကို ထုတ်ပြနိုင်သည်။

လောကသက်ရှိတွေအားလုံး ကွပ်မျက်ခံတဲ့အခါ ကျန်တဲ့ဘယ်သူတွေက ထပ်ပြီးကွပ်မျက်ခံရသင့်လဲ….

ဝမ်ချောင်က သူ၏စိတ်ကို အသက်ကွပ်မျက်ခြင်းဓါးစိတ်ဆန္ဒနှင့် ပေါင်းစပ်လိုက်သောအခါ ရုတ်တရက် စုကျန်းချွမ်က မည်သည့်အတွက်ကြောင့် ထိုဓါးသိုင်းအား လက်ဆင့်ကမ်ပေးရန် ငြင်းဆန်ခဲ့သည့်အကြောင်းပြချက်ကို နားလည်သွားသည်။ ထိုဓါးသိုင်းသည် လွန်ကဲလွန်းစွာ သတ်ဖြတ်မှုအပေါ် အလေးထားသည်။

အခြားသောဘုရင်များ၊ အရှင်သခင်များကလည်း ထိုသိုင်းကို အသုံးပြုရန် မလိုအပ်နိုင်ပေ။

သက်ရှိတွေအားလုံးကို သတ်ဖြတ်နေတဲ့အရှင်သခင်တစ်ပါးက ဘယလိုများဉာဏ်ပညာရှိတဲ့ အရှင်သခင်တစ်ပါး ဖြစ်နိုင်မှာလဲ…

နယ်စပ်မှ မဟာဗိုလ်ချုပ်ကြီးများက ထိုသို့သောစွမ်းအားမျိုးကို ထုတ်ပြနိုင်စွမ်း ရှိသည်။

ဗုန်း ဗုန်း ဗုန်း!

ဝမ်ချောင်စိတ်ထဲ ထိုကိစ္စပေါ်လာသည်နှင့် ဝမ်ချောင်၏ဓါးချီနှင့် ထိုသမင်အမရတို့၏ တိုက်ကွက်ကကြမ်းတမ်းစွာ ထိပ်တိုက်ရင်ဆိုင်သည်။

ဓါးကနှစ်ချောင်း ကွဲထွက်သွားသည်။ တစ်ခုချင်းစီတိုင်းက သမင်အမရ၏ အမရများက ‘သမင်နောက်ကိုလိုက်တယ်’ကို ရင်ဆိုင်သည်။

သမင်အမရကလည်း ရက်စက်သော်လေသံနှင့် အော်သည်။

“ကောင်စုတ်လေး မင်းမလုပ်…”

သူသည်“မင်းမနိုင် နိုင်ဘူး”ဟု အော်ပြောတော့မည့်အချိန်တွင် …. တစ်ခဏခန့်ကြာပြီးနောက် ဖျက်ဆီးခြင်းဓါးစိတ်ဆန္ဒက သူ၏စိတ်ကို ရိုက်ချသည်။

ထိုဖျက်ဆီးခြင်းဓါးစိတ်ဆန္ဒသည် စွမ်းအင်အမျှင်ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲကာ သမင်အမရ၏စိတ်ထဲကို ထိုးသွင်းကာ သတ်ဖြန်ရန်ကြံစည်သည်။

ထိုသမင်အမရ၏ မျက်နှာက အံ့အားသင့်မှုများနှင့် တောင့်ခဲသွားလေသည်။ သူသည်ပင် စကားကို ဆုံးအောင်မပြောနိုင်ခဲ့ပေ။

သူသည်လည်း သူဟာ ဝမ်ချောင်၏ဓါးသိုင်းကို တွန်းလှန်နိုင်ခဲ့မည်ဟုထင်ခဲ့သည်။ သို့သော် ထိုဓါးက ထိုမျှအထိ ကြောက်စရာကောင်းမည်ဟု မထင်ထားပေ။ ဓါးချီတစ်ခုတည်ကို တားမြစ်ခြင်းက မလုံလောက်ပေ။ ကြမ်းတမ်းသောဓါးစိတ်ဆန္ဒကို တားဆီးရန် လိုအပ်နေသေးသည်။

သမင်အမရ၏စိတ်မှ သိသာထင်ရှားသော ပမာဏတစ်ခုကလည်း ထိုဓါးစိတ်ဆန္ဒ၏ စားသုံးခြင်းကို ခံရလေသည်။

သမင်အမရ၏နှလုံးသားက တုန်ယင်သွားသည်။ သူသည်လည်း ဝမ်ချောင်အပေါ် အခြားသောထင်မြင်ချက်များအားလုံးကို ချက်ချင်းလိုလိုဘေးသို့ ဖယ်ထုတ်လိုပြီး ကြမ်းတမ်းသောတိုက်ပွဲကို ရင်ဆိုင်သည်။

“မျိုးမစစ်ကောင်… မင်း ဘာပဲဖြစ်ဖြစ် သေရမှာပဲ!”

သမင်အမရ၏မျက်လုံးက မှေးကျဉ်းသွားပြီး‌ေနောက် သူ၏နှလုံးသားအတွင်းတွင် သတ်ဖြတ်လိုစိတ်ဆန္ဒများက ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းတွင်ပင် လက်မောင်း၆ဖက်ကလည်း ဝမ်ချောင့်အား အရပ်မျက်နှာအနှံ့မှ တိုက်ကွက်မိုးများကို လွှတ်ထုတ်သည်။

လကမောင်းများ၏ တိုက်ကွက်တစ်ကွက်ချင်းစီတိုင်းက တောင်တန်းများကိုပင် ဖြိုချပစ်နိုင်သည်။ ထိုတိုက်ကွက်များက မြန်ဆန်ကာ ကြမ်းတမ်းရက်စက်လေပြီး နေရာများကို ဆက်တိုက်ဆိုသလို ပြောင်းလဲနေတတ်သည်။

မြေပြင်မှ သိုင်းပညာရှင်များသည်လည်း ထိုတိုက်ကွက်များကိုမြင်ပြီး မျက်နှာများက ဖြူစုတ်ကာ ကြောက်ရွံ့သလိုဖြစ်ကာ တံတွေးများမြိုချနေကြသည်။

စုန့်ယွမ်ယွီ၊ ရှန့်ကွမ်းထင်၊ ရေနတ်ဘိုးဘေး နှင့် ဒဏ္ဉာရီတစ္ဆေဘိုးဘေးတို့ကလည်း တည်ငြိမ်သောမျက်နှာထားများ ဖြစ်နေကြသည်။ သူတို့၏မျက်ဝန်းထဲတွင် နက်ရှိုင်းသောကြောက်ရွံမှုများကို မြင်နိုင်၏။

သမင်အမရသည် မယုံနိုင်စရာကောင်းလောက်အောင် အင်အားကြီးမားသည်။ သူ၏လက်မောင်းတစ်ဖက်ချင်းစီတိုင်းက ကိုင်တွယ်ရခက်ခဲသည်။ သို့သော် ဝမ်ချောင်က ၆ဖက်လုံးကို ရင်ဆိုင်နေရသည်။

“လာ… မင်းမှာ စွမ်းရည်ဘယ်လောက်ရှိလဲ ငါကြည့်မယ်!!”

မျက်စိကျိန်းလောက်အောင်တောက်အသော ဓါးချီအလင်းတန်းများက လေထုကို ထိုးခွဲသွားပြီး သမင်အမရ၏ရွှေရောင်စွမ်းအင်ကို ရိုက်ချသည်။

ဝမ်ချောင်၏အသံက ပြင်းထန်သောတိုက်ခိုက်လိုစိတ် ဆန္ဒများနှင့်ပြည့်နှက်ရင်း လေထုကိုထိုးခွဲကာ မြည်ဟည်းသွားသည်။

သန်မာလေလေကောင်းလေလေ…

ဒါဟာ ဝမ်ချောင်၏အကျင့်စရိုက်မှ ထူးခြားသောဘက်ခြမ်း ဖြစ်သည်။ သမင်အမရ၏ ပြင်းထန်သိပ်သည်းသော စွမ်းအင်များကို ကြုံတွေ့ရလျှင် သာမန်လူတစ်ယောက်ဆိုပါက သင့်အား ကြောက်သွားလောက်ပေသည်။ သို့သော် ဝမ်ချောင်၏ တိုက်ခိုက်လိုစိတ်ဆန္ဒကိုမူ မလှုံ့ဆော်နိုင်ပေ။

ဘမ်း!!

ခမ်းနားသောဓါးချီက လေထဲတွင်ပေ၂၀၊ ၃၀ခန့်အထိရှည်လျားသေား အက်ကြောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ကြီးမားသော ရွှေရောင်လက်မောင်းကြီးကို ရိုက်ချသည်။ လေထုကပင် ဟိန်းဟောက်သံကို ထုတ်လွှတ်သည်။

ပထမအလင်းတန်းက မပျောက်ကွယ်သေးခင်တွင် ဒုတိယအလင်းတန်းက ရှေ့သို့တိုးဝင်လာသေးသည်။

ထို့နောက် တတိယ၊ စတုတ္ထ၊ ပဉ္စမ…

ဝမ်ချောင်၏ ဓါးချီအလင်းတန်းများက အဆုံးစမဲ့သော အလင်းနှင့်တူသည်။ ဘယ်သောအခါမှ မကုန်ဆုံးသွားဘဲ ကောင်းကင်ဘုံကိုပင် ဆုတ်ဖြဲလိုသော စိတ်ဆန္ဒတစ်ခုချင်းစီတိုင်းကို သယ်ဆောင်ထားသည်။

ထိုခြောက်ခြားဖွယ်ကောင်းသော ဓါးချီများက ကြီးမားသော အမရလက်မောင်းကြီးများကို ဝင်ဆောင့်တိုက်လေသည်။ ပေါက်ကွဲသံတစ်ခုချင်းစီတိုင်းကလည်း ထိုသိုင်းပညာရှင်များနှင့် အနက်ရောက်ဝတ်စုံနှင့်လူများအား ကြောက်ရွံ့မှုများဖြင့် ဖြူဖျော့သွားစေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ ဒီကလေးက ဒီလောက်ထိအင်အားကြီးနေရတာလဲ!”

အားလုံးထဲတွင် အံ့ဩဆုံးက ဝမ်ချောင်ကို မကြာခဏဆိုသလို ကောင်စုတ်လေး ကောင်လေးဟုခေါ်ခေါ်နေတက်သော တိုက်ခိုက်နေကြ ရေနတ်ဘိုးဘေးဖြစ်သည်။ သူသည်လည်း တိုက်ပွဲမစခင်က ဝမ်ချောင်ကို အခွင့်အရေးများ မရှိလောက်ဟု ထင်ထားပြီးသား ဖြစ်သည်။ သူဟာ ဝမ်ချောင့်ကို အငြိုးထား၍ မဟုတ်လေဘဲ အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးများ၏ခေါင်းဆောင်ကပင် အင်အားကြီးမားလွန်းသောကြောင့် ဖြစ်သည်။

ယခင်ကသူ၏တိုက်ပွဲက သူအားဒီလောကမှ အမြင်များကို ပြောင်းပြန်လှန်ပစ်လိုက်သလို ဖြစ်သွားသည်။

သို့သော် အချိန်အနည်းငယ်သာ ကြာသေးသည်။ ဝမ်ချောင်ကမူ လုံးဝပြောင်းလဲသွားသလိုဖြစ်သွားပြီး သူ၏ခွန်အားက မယုံနိုင်စရာကောင်းသော အမြင့်သို့ပင် ထိုးတက်သွားသည်။

ဝမ်ချောင်သည် အစပိုင်းတွင်ကတည်းက သူ့၏ကြောက်စရာကောင်းသော ကျင့်ကြံခြင်းအဆင့်ကို ဖော်ပြထားခဲ့လျှင် ရေနတ်ဘိုးဘေးကမူ သူ့ကို ပြဿနာမရှာရဲလောက်ပေ။ အနောက်လိုက်ဖမ်းရန်မဆိုထားဘိ။ အလွန် အဝေးဆုံးမှသာ နေပေလိမ့်မည်။

စုန့်ယွမ်ယွီသည်လည်း တစ်ဖက်သူကြောင့် အတော်လေး မင်သက်နေသည်။ စုန့်ယွမ်ယွီနှင့် ရှန့်ကွမ်းထင်တို့က သူတို့၏ မျက်လုံးက ဆက်တိုက်ဆိုသလို လင်းလက်တောက်ပလာသည်။

ကောင်းကင်ကိုပင် လှုပ်ခါစေသော တိုက်ပွဲက သူတို့ကိုယ် ဆွံ့အသွားစေလေသည်။ သူတို့က သူတို့၏ နားလည်းနိုင်လည်စွမ်းကိုပင် ကျော်လွန်နေသေး၏။

ဗုန်း ဗုန်း ဗုန်း!

ပေါက်ကွဲသံများက ဆက်တိုက်ဆိုသလိုပင် ထွက်လာသည်။ ဝမ်ချောင်နှင့် သမင်အမရတို့က တစ်ချိန်တည်းတွင်ပင် လှုပ်ရှားနေသည်။ သူတို့၏ တိုက်ကွက်များက ဆက်တိုက်ဆိုသလိုပင် ပြောင်းနေသည်။ သမင်အမရ၏ အမရသိုင်းများက အင်အားကြီးမားသည်။ သို့သော် နတ်ဘုရားနှင့် နတ်ဆိုးသုတ်သင်ခြင်း သိုင်းကလည်း အာမနည်းပါချေ။

သမင်အမရနှင့် အချိန်အားသာချက်က ဝမ်ချောင်၏ ထိတွေ့ကိုင်တွယ်၍ရသော စိတ်စွမ်းအင်နှင့် ဓါး၏ တိုက်ခိုက်လိုစိတ် ဆန္ဒများတို့ဖြင့် လက်ရည်ညီနေသည်။

ထိုသို့ဖြင့် သူတို့၏ တိုက်ပွဲကြားဖြစ်ပေါ်လာသော အားလှိုင်းများက တစ်သုတ်ပြီးတစ်သုတ် လွင့်စင်နေကာ ထိုအလည်နယ်မြေကြီးတစ်ခုလုံးကို မုန်တိုင်းအောက် မြုပ်စေသည်။

လေထုက ကြမ်းတမ်းစွာတိုက်ခတ်လွန်းသဖြင့် လေးလံသော တောင်တန်းများပင် ရွေ့လျားနေသလိုထင်ရပြီး ကျောက်သားနံရံထဲသို့ ဖောက်ဝင်သွားသည်။

အဝေးမှ သိပ်သည်းသော မြူထုကပင် ပါးလျှလာသည်။ တံတားပေါ်တွင် ထွန်းလင်းနေသော မီးအိမ်၏ ၉၀ % ကျော်ကျော်ခန့်က ငြိမ်းကုန်ပြီဖြစ်ပြီး ကျန်သော မီးအိမ်များကလည်း တံတား၏ ဟိုးဘက်အစွန်းနား တွင်သာကျန်ရစ်တော့သည်။ ထိုမီးအိမ်များ၏ မီးကလည်း အားနည်းနေပြီးမှိတ်တုတ် မှိတ်တုတ် လင်းလတ်နေကြသည်။

သမင်အမရက တိုက်ခိုက်လေလေ အံ့အားသင့်လေလေဖြစ်သည်။ သူသည် လှုပ်ရှားမှုတိုင်းတွင် အင်အားများကို အကုန်လုံးထည့်သုံးထားသည်။ သို့သော် ဝမ်ချောင်ကို အသတ်နိုင်သေးပေ။

“နိမ့်ကျတဲ့သေမျိုး မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲ။ ငါကြည့်မယ်”

သမင်အမရက ဒေါသထွက်သွားသည်။ သူသည် ထိုမျှ အင်အားကြီးမားသော ရန်သူကို ပထမဦးဆုံး အကြိမ်ကြုံဖူးခြင်းဖြစ်သည်။ သူ၏ လက်အောက်ငယ်သားများ အာလုံးအရှေ့တွင် သူ၏ဂုဏ်သိက္ခာများအားလုံးကို လုယက်တိုက်ခိုက်နေသောကြောင့် သူဟာအလွန်အမင်း ဒေါသထွက်နေသည်။ သို့သော် တစ်ခဏခန့်ကြာပြီးနောက် သမင်အမရသည်လည်း မြေပြင်ထံမှ ထူးဆန်းသောစွမ်းအင်လှုပ်ခတ်မှုတစ်မျိုးကို ခံစားမိလိုက်သည်။ သူဟာအောက်ဘက်သို့ ပြန်ကြည့်ပြီးနောက် သူ၏မျက်နှာက ချက်ချင်းလိုလို တင်းမာသွားလေသည်။

******

အပိုင်း (၁၅၃၂)

“အသုံးမကျတဲ့ဟာတွေ!”

မြေပြင်ထံမှ ပုံရိပ်တစ်ခုက လျှောက်လမ်းထဲမှ ခြေလှမ်းလာရင်း အေးစက်သောအသံဖြင့်ပြောသည်။ ထိုအမျိုးသားသည် ရွှေနီရောက်မျက်နှာဖုံး ဝတ်ဆင်ထားသည့် မျက်နှာဖုံးတပ်ထားသော လူ၃ယောက်ထဲမှ ‌ခေါင်းဆောင်ဖြစ်သည်။ သူဟာ ဝင်ပါရန် ဆုံးဖြတ်လိုက်လေသည်။

“အဆုံးသတ်မှာတော့ မင်းက ငါ့ရဲ့အကူအညီကို လိုတာပဲမဟုတ်လား”

ဆိတ်အမရနှင့် သမင်အမရတို့သည် ဆယ်ကျောက်သက်တစ်ယောက်ကိုပင် မကိုင်တွယ်နိုင်ပေ။ ကျားအမရကမူ စိတ်မရှည်ဖြစ်လာသည်။

“နောက်ဆုတ်”

အေးစက်သောအသံက မိုးကြိုးသွားကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးကို ဟိန်းထွက်သွားသည်။ လူတိုင်း၏နားစည်ကပင် အူသွားသလိုခံစားရ၏။ သမင်အမရက မည်သို့မှအတုန့်ပြန်ဘဲ နောက်မဆုတ်နိုင်သေးခင် ကျားအမရက ရွှေနီရောင်လင်းတန်းဖြင့် ပေါက်ကွဲလာသည်။ သူ၏ကိုယ်ထဲမှ ကြယ်တာရာစွမ်းအင်အားလှိုင်းများအလား လိမ့်ကာ ဝင်ရောက်လာသည်။ ကျားအမရသည် ဝမ်ချောင်နှင့်ရင်ဆိုင်ရန်အလို့ငှာ လေထဲသို့ ခုန်တက်လိုက်သည်။

“ချောင်အာ…သတိထား”

“သူ့ကိုတား”

အန္တရာယ်ကို အာရုံခံမိသည့် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီး၊ စုန့်ယွမ်ယွီ၊ ရှန့်ကွမ်းထင်၊ ရေနတ်ဘိုးဘေး၊ ဒဏ္ဉာရီလာတစ္ဆေဘိုးဘေးနှင့် အရိုးနတ်ဆိုးဘိုးဘေးတို့ အားလုံး၏မျက်နှာက ဖြူဖျော့သွားကြသည်။ သူတို့သည်လည်း မြေပြင်မှခုန်တက်ကာ ကျားအမရထံသို့သွားသည်။ မရေမတွက်နိုင်သော ကြယ်တာရာစွမ်းအင်များက တစ်ဖက်လူထံ ဝင်ရောက်သွားသည်။ ဝမ်ချောင်သည် သူတို့ဘက်တွင် အင်အားအကြီးဆုံးဖြစ်သည်။ ဝမ်ချောင်သည် ဆိတ်အမရနှင့် တိုက်ပွဲပြီးကာစ ဖြစ်သည်။ ထို့အပြင် သမင်အမရကိုလည်း ရင်ဆိုင်တိုက်ခိုက်နေရသေးလေသည်။ ထို့ကြောင့် သူသည်လည်းကျားအမရနှင့် အတိုက်ခိုက်နိုင်တော့ပေ။ ဝမ်ချောင်ကသာ ရှုံးသွားခဲ့လျှင် သူတို့ထဲက မည်သူကမှ အခြေအနေမကောင်းနိုင်ပေ။

ထို့ကြောင့် မည်သူကမှ မည်သည့်စကားမျှမဆိုကြတော့လေဘဲ တူညီသောဘက်ခြမ်းမှ တစ်ပြိုင်တည်းလိုလိုလှုပ်ရှားရန် ဆုံးဖြတ်လိုက်ကြသည်။

ဗုန်း ဗုန်း ဗုန်း

ကြမ်းတမ်းသောလေပြင်းနှင့် ကြယ်တာရာစွမ်းအင်အားလှိုင်းများက မြူထုကို ဖယ်ရှားပစ်လိုက်သည်။ ၁စက္ကန့်ခန့်ကြာပြီးနောက် တိုက်ကွက်များအားလုံးက ကျားအမရ၏ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သို့သော် ရလဒ်များကမူ အားလုံးမျှော်လင့်ထားသည်နှင့် ခြားနားလေသည်။

ဗုန်း

ရွှေအိုရောင်အလင်းက ပေါက်ထွက်လာပြီးနောက်တွင် သမင်အမရက ထုတ်လွှတ်လိုက်သော အရာများအားလုံးထက် အင်အားကြီးမားလွန်းသော ပေါက်ကွဲမှုစွမ်းအားတစ်ရပ်က လွင့်ပျံလာသည်။ ထိုတိုက်ကွက်တစ်ကွက်ထဲပင် မီးတောင် ထပေါက်သည်နှင့် တူပြီး သိုင်ပညာရှင်များအာလုံးက လေတွင်လွင့်နေသော သစ်ရွက်များအလား လွင့် ထွက်သွားလေပြီး မြေပြင်ပေါ်သို့ ပြုက်ကျ စေသည်။

ကျားအမရက ဝမ်ချောင်ရှိရာသို့ ပျံသန်းသွားပြီဖြစ်သည်။

“မကောင်းတော့ဘူး”

ဝမ်ချောင်သည်လည်း အောက်ဘက်မှ အခြေအနေကို သတိထားမိလေသည်။ သူဟာ အောက်ဘက်သို့ တစ်ချက်သာ လှည့်ကြည့်ရန် အချိန်ရခဲ့သည်။ ထို့နောက် ရွှေနီရောက်ကျားလက်သည်းနှစ်ခုက သူ၏မျက်လုံးထဲတွင် ကြီးမားသည်ထက်ကြီးမားလာပြီး လျှင်မြန်စွာဖြင့် တိုးဝေ့ဝင်ရောက်လာကာ သူ၏ ကြယ်တာရာစွမ်းအင် အကာအကွယ်အလွှာကို ရိုက်ချလိုက်ကြောင်း မြင်လိုက်ရသည်။

ဗုန်း

ထိုတစ်ချက်ထဲနဲ့တင် ဝမ်ချောင်၏ခိုင်မာသော နတ်ဘုရားနှင့် နတ်ဆိုးသုတ်သင်ခြင်း ကြယ်တာရာ စွမ်းအင်နှင့် ဓါးချီများက ပျက်ဆီးသွားကြောင်းမြင်လိုက်ရ၏။

ဝမ်ချောင်သည်လည်း ထိုမျှကြောက်မက်ဖွယ်ကောင်းသော အင်အားမျိုးကို မရင်ဆိုင်ခဲ့ဖူးချေ။ ထိုမျှဖောက်ခွဲမှု စွမ်းအားပြင်းထန်ပြီး ဖျက်ဆီးခြင်း အရှိန်အဝါပြည့်နက်နေသော စွမ်းအင်မျိုးက ကြောက်စရာကောင်းလွန်းသည်။ စုန့်ယွမ်ယွီနှင့် ရေနတ်ဘိုးဘေးတို့ကပင် မဆိုထားဘိ ဒုတိယမျိုးဆက် ဆက်ခံသူ သို့မဟုတ် ဆိတ်အမရ သမင်အမရတို့ကပင် ထိုအမျိုးသားနှင့် မယှဉ်နိုင်ပေ။

သူတို့ကြားမှ ကွာဟချက်က သာမန်တိုင်းတာမှု မျိုးနှင့်ပင် စီရင်ချက်ချ၍ မရတော့ပေ။

“အား”

ဝမ်းချောင်က ဆိုးရွားစွာ အော်ဟစ်လိုက်သည်။ သူ၏ နို့နှစ်ဖြူရောင်ဓါးချီက ကွဲကြေသွား၏။ သူ၏ ရင်ဘက်ကလည်း တုန်ယင်သွားပြီး သွေးကို အန်ထုတ်လိုက်ရပြီး လေထဲတွင် လည်ထွက်သွားသည်။ ထို့နောက် ပြင်းထန်သော အားနှင့် မြေပေါ်သို့ ပြုတ်ကျသွားသည်။ ထိုသို့ပြုတ်ကျသွားပြီး သူဟာ မီတာအနည်းငယ် အနောက်ဘက်သို့ တရွတ်ဆွဲကာ လွင့်သွားသေးသည်။ ထို့နောက် ချောက်ကမ်းပါး အနားသို့ ရောက်သွားပြီးမှသာ ရပ်သွားသည်။ သူ၏ အခေါင်းက အစွန်းနားတွင် ရောက်နေသေး၏။ အားအနည်းကပင် သူ့ကို ချောက်ကမ်းပါးအတွင်းသို့ ကျသွားစေနိုင်သည်။

ဝှစ်

ထိုသက်ရောက်မှုက ဝမ်ချောင်အား သွေားထပ်အန်စေပြန်၏။ သူ၏ရင်ဘက်က အဝတ်များစုတ်ပြဲသွားပြီး သွေးများစိုရွဲနေပြီး ထိုတစ်ချက်တည်းကပင် ဝမ်ချောင်၏ စိတ်စွမ်းအင်နှင့် အံ့ဩစရာအင်အားကို ထိုးကျသွားစေသည်။ ထိုဖြစ်စဉ်က ဝမ်ချောင်နှင့် တိုက်ခိုက်နေခဲ့သော သမင်အမရကလည်း သံမဏိကို ပူတုန်းလာမထုပေ။(အလစ်တိုက်တာကို ပြောချင်တာပါ) ထိုအစား သူက ပေ ၁၀ ကျော်အကွားအဝေးသို့ ပြန်ဆုတ်သွားပြီး ဒီရလဒ်ကို မျှော်လင့်ထားသလိုမျိုး တည်ငြိမ်နေသေးသည်။

ဝှစ်

သမင်အမရက နောက်ပြန်ဆုတ်သွားချိန်တွင် ကျားအမရတလည်း သူ၏ နေရာကို အစားထိုးဝင်ရောက်ရန် ရှေ့တက်လာသည်။ ထို့နောက် တစ်ချိန်တည်းတွင်ပင် သူတို့နှစ်ယောက်က နေရာပြောင်းလိုက်ကြ၏။ သူတို့၏အနက်ရောင်ဝတ်ရုံက တဖျက်ဖျက် လွင့်နေသည်။

“သူတို့ကို သက် ငါတို့ဒီကို လာရတဲ့ရည်ရွယ်ချက်ကို ရအောင်ယူပြီးရင် သွားမယ်”

ကျားအမရက ကျောဘက်သို့ လက်ပို့လိုက်ပြီး သူကမျက်နှာကလည်း ကြမ်းတမ်းသော ရွှေနီရောင်မျက်နှာဖုံးကို တပ်ဆင်ထားသည်။ သို့သော် သူ၏မျက်လုံးကမူ သိုင်းပညာရှင်များကို ကျော်ကြည့်သည်။ ထို့နောက် အနောက်ဘက်မှ ကျောက်တံတားနှင့် ချိန်းကြိုးကို ဒီနောက်ဆုံးတွင် ရွှေရောင်အလင်းများအုပ်နေသော အဆောက်အဦးထံသို့ ကြည့်သည်။ မူလအမရ နန်းတော်ဖြစ်သည်။

တစ်ချိန်လုံး ကြံစည်လာခဲ့ပြီးနောက်တွင် သူတို့၏ စီမံကိန်းအားလုံးက အဆုံးသတ်မည့်အချိန်ကျရောက်၍လာလေပြီ။

ထိုသိုင်းပညာရှင်အားလုံးကို သက်ပြီး သူတို့၏တည်ရှိဆိုသော သဲလွန်စကို ဖြတ်ဆီးပြီးသည်နှင့် မူလအမရ နန်းတော်ကို ဝင်ရောက်ကာ ရတနာကို ယူနိုင်သည်။ ထို့နောက် သူတို့၏တာဝန်ဟာ ပြီးပြည့်စုံစွာ ပြီးမြောက်သွားပေမည်။ ထိုအချိန်မှ စတင်လေပြီ သူတို့သည်လည်း တဖန်ပြန်လည်ပြီး တစ္ဆေများအလား ဒီလောကမှ ပျောက်ကွယ်သွားမည်ဖြစ်ကာ ဒီလောကမှ မည်သူကမှ သူတို့၏သဲလွန်စကို ရှာနိုင်လိမ့်မည် မဟုတ်ပေ။

“သတ်”

ကျားအမရ၏ကို အမိန့်ကို ရရှိသည့်အနေနှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သော အသံကြီးက ဟိန်းထွက်လာသည်။ အနက်ရောင်ဝတ်ရုံနှင့် လူများကလည်း သိုင်းပညာရှင်များ၏ လူအုပ်ထဲသို့ ဝင်ရောက်သည်။ လုဝံမီးတောက်၊ ကျွီပိုင်မီးတောက်၊ မာရာမီးတောက်များက ထိုနယ်မြေတစ်ခုလုံးတစ်ခုလုံးအနှံ့ လွင့်စင်သည်။ မည်သည့် ကြယ်တာရာစွမ်းအင်ကမှ မကျန်ရစ်တော့လောက်အောင် စားသုံးခံရလေသည်။

သူတို့၏ လေဟာနယ်ရွေ့လျားမှုသိုင်းကို အသုံးပြုပြီး တစ္တေများအလား လှည့်လည်ရင်း လမ်းကြောင်းတစ်လျှောက် သတ်ဖြတ်ကုန်သည်။

“ဇွတ်”

သွေးများက လေထဲသို့ ပတ်ဖြန်းပြီး သိုင်းပညာရှင်များကလည်း အော်ဟစ်ကြသည်။ တိုက်ခိုက်ရန် ကြိုးစားကြသည့်တိုင်အောင် အချိန်မီ မတုန့်ပြန်နိုင်ကြပေ။

သို့သော် သူတို့ဟာ တိုက်ခိုက်သည်ဖြစ်စေ နောက်ဆုတ်သည်ဖြစ်စေ တူညီသော ရလဒ်ကိုသာ ရရှိကြသည်။

ခွပ်ခွပ်ခွပ်

သိုင်းပညာရှင်များကလည်း ပေါင်ပင်များအလား ခုတ်ဖြတ်ခံရရင်း သွေးအိုင်ထဲသို့ ပြုတ်ကျသည်။

“ထိန်းထား နောက်ဆုတ်ရင် သေတာပဲ”

“ဒီမျိုးမစစ်တွေ ငါတို့ သေရမယ်ဆိုရင်တောင်မှ သူတို့ကို ရအောင်ဆွဲချသွားမယ်”

လူတစ်ယောက်သည် ချောင်ပိတ်ခံရသောအခါ ပြင်းထန်သော စွမ်းအားများနှင့် ပေါက်ကွဲလာတက်သည်။ ထိုသိုင်းပညာရှင်များ၏ အရေအတွက်က ထိုကျလာသည်နှင့် ထိုသိုင်းပညာရှင်များကလည်း သူတို့၏ အသက်အတွက်ဆို သည့်အတွေးကို ပင်ဘေးဖယ်ထားလိုက်သည်။ သူတို့၏ မျက်ဝန်းက သွေားဆာလောင်မှု အပြည့်ဖြင့် နီရဲလာတော့သည်။

ချွင်ချွင်ချွင်

လက်နက်ချင်းနှင့် ကြယ်တာရာစွမ်းအင်များက တိုက်ရိုက်တွေ့ဆုံသည်။ ထိုတိုက်ပွဲက ဘိုးဘေး ၅၀၀ မဟာမိတ်နှင့် ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်မှ သိုင်းပညာရှင်များ၏ ဝင်ရောက်ပါဝင်မှုကြောင့် ပို၍ပြင်းထန်လာသည်။

“ချောင်အာ ဘယ်လိုနေလဲ”

ထိုအချိန်တွင် မိစ္စာဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က ဝမ်ချောင်၏ ဘေးသို့ရောက်သွားသည်။ သူတို့နှစ်ယောက်သည်လည်း သွေးများနှင့် ဝမ်းချောင်ကိုကြည့်ရင်း သူတို့၏ဆန့်ထုတ်ထားသော လက်များကပင်တုန်ယင် နေသည်။

ဝမ်ချောင်သည် သူတို့၏ အစိုးရိမ်ဆုံးသောသူ၊ အာရုံအစိုက်ရဆုံးသောသူ ဖြစ်သည်။ မိစ္စာဧကရာဇ်လူအိုကြီးမန်အတွက် အထူးတလည်ပင်ဖြစ်သေး၏။ ဝမ်ချောင်သည် သူ၏ အမွေအနှစ်ကို ဆက်ခံထားသော တပည့်အရင်းမဟုတ်ချေ။ ဒီတော့ ဒီလိုအေးစက်ကာ ရက်စက်သော လောကာထဲမှ သူ၏ တစ်ဦးတည်းသော ဆွေမျိုးလည်းဖြစ်လေသည်။

“ဆရာ ငါအဆင်ပြေတယ်”

ထိုသို့ပြောပြီးသည်နှင့် ဝမ်ချောင်က ပြင်ထန်လွန်းသော နာကျဉ်မှုကို တောင့်ခံရင်း သူ၏မျက်လုံကို ဖွင့်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုချင်းဆီတိုင်းကို သူ၏ စိတ်ဖြင့် ပို့လွှတ်ကာ စစ်ဆေးကြည့်လိုက်သည်။ ကျားအမရ၏ရိုက်ချက်က သူ၏ဓါးချီကို ပျက်ပြားစေရုံလောက် မဟုတ်ပေ။ သိမ်မွေ့နယ်မြေမှ ခြောက်ခြားဖွယ်ကောင်းသော စွမ်းရည်များက ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီးနောက်တွင် သူ၏သွေးကြောများအား ဒဏ္ဏာရီကြိတ်ချေသလို ကြိတ်ချေနေခဲ့သည်။ ဝမ်ချောင်သည်လည်း ဒီတိုက်ပွဲတွင် ရှုံးသွားသည်။ အဆုံးသက်တွင် သူဟာ အားနည်းလွန်းသည်။

နတ်ဓါးက သူ့ကို သိမ်မွေ့နယ်မြေသို့ ရောက်စေခဲ့သည့်တိုင်အောင် သူ့အားအင်အားကြီးမားလွန်းသော စိတ်၊ သမင်အမရနှင့် တိုက်ခိုက်နိုင်ခဲ့သော်လည်း သူဟာ ကျားအမရထက် အဆင့်နိမ့်နေသေးသည်။

“စိတ်အေးအေးထား ငါတိုက်နိုင်သေးတယ်။ ဟွန်း အဲဒီလူရမ်းတွေက ငါ့ကို သတ်ဖို့ မလွယ်ပါဘူး”

ဝမ်ချောင်သည် သူ၏ကြယ်တာရာစွမ်းအင်များကို သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ လည်ပတ်လိုက်သည်။ သူ၏မျက်လုံးကလည်း ကျားအမရထံသို့ ပိုထားပြီး တိုက်ခိုက်လိုစိတ်များပြင်းထန်လာ၏။ အခြေအနေက မည်သို့ ဖြစ်နေစေကာမူ ဝမ်ချောင်သည် အလွယ်တကူ လက်လျှော့တက်သူမျိုး မဟုတ်ပေ။

ထိုအချိန်တွင် ဝမ်ချောင်ဟာ သူ၏ဒဏ်ရာတွင်ထွက်နေသော သွေးများက လက်မောင်း တောက်လျှောက်စီးပြီး မူလအမရ ဓါးထဲသို့ ဝင်ရောက်သွားသည့်ဖြစ်ရပ်ကို သတိမထားမိချေ။

အကြောင်းမူကား ထိုသွေးက ဓါးကတဆင့် မြေပြင်ပေါ်သို့ မကျသွားချေ။ ထို့အစား မူလအမရကစုတ်ယူပြီး အပြောင်ရှင်းပစ်လိုက်သည်။

မူလအမရဓါး၏ အပေါ်ယံမျက်နှာပြင်တွင် ခရမ်းရောင်လျှပ်စီးတန်းများ လတ်လာသည်။ သို့သော် ထိုလျှပ်စီးတန်းက အားနည်းလွန်းသည့်အပြင် တိုက်ပွဲကလည်း ပြင်းထန်းလွန်းနေပြီး ကျယ်လောင်လွန်းနေသောကြောင့် လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ကပင် သတိမထားမိကြပေ။

ထိုအချိန်တွင် ကျားအမရသည် သူ့ကိုသူ အထင်ကြီးလွန်းနေပုံရသည်။ ဝမ်ချောင် ဒဏ်ရသွားပြီးနောက် ချက်ချင်း အသေသက်ရန် အပြေးမလာခဲ့ပေ။ သူသည်လည်း ဝမ်ချောင်က ထိုသို့ အခြေအနေမျိုးတွင်ပင် သူ့ကို မယှဉ်နိုင်ခဲ့ကတည်းက ဒဏ်ရာရသွားကတည်းက သူ့ကို ပို၍မယှဉ်နိုင်လောက်ဟုထင်နေပုံရသည်။

ထိုအခြေအနေက ဝမ်ချောင်အား အသက်ရှူချောင်သွားစေသည်။ အလွန်အမင်း ကောင်းမွန်သော အခွင့်အရေးမျိုး ပေးလိုက်သည်။

“ချောင်အာ စကားမပြောနဲ့ ဒဏ်ရာတွေ ကုပေးမယ်”

ဝမ်ချောင်က ကြယ်တာရာစွမ်းအင်များကို ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ လှည့်ပတ်လိုက်သည်။ မိစ္စာဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ကလည်း သူ၏ ပုခုံးပေါ်သို့ လက်များကို တင်ပြီး သူတို့၏ ကိုယ်ပိုင် ကြယ်တာရာစွမ်းအင်များကို ပို့လွှတ်ကာ ထောက်ပံ့ကူညီပေးသည်။ သို့သော် ထိုအခိုက်အတန့်တွင်

ဂျိန်း

အကန့်အသတ်မဲ့သောစွမ်းအင်က ပြင်းထန်သော အပျက်စွမ်းအားများနှင့်အတူ မြေပြင်တစ်ခုလုံးအနှံ့ ပျံသန်းလာရင်း ဝမ်ချောင်၏ ကိုယ်ထဲသို့ တိုးဝင်သွားသည်။

ထိုကဲ့သို့ မြောက်များလွန်းသော ကျယ်တာရာစွမ်းအင်များက ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည့် အခိုက်အတန့်တွင်သူ၏ ခြေလက်များ တစ်ခုလုံးအနှံ့စတင်ကာ လည်ပတ်ပြီး ဆဲလ်တိုင်းတွင်းသို့ ဝင်ရောက်သည်။ ထိုအသက်စွမ်းအင်က အတွင်းဒဏ်ရာများကို ကုသမှုအား ကူညီပေးလိုက်သည်။

မိစ္စာဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ အကူအညီနှင့်ပင် ဝမ်ချောင်က ကျားအမရရိုက်ချက်ဒဏ်မှ သက်သာရန် လိုအပ်ပေလိမ့်မည်။ သို့သော် ထိုကြယ်တာရာစွမ်းအင်များ ပြည့်နှက်နေသော စွမ်းအင်မျိုး၏ ကူညီမှုကြောင့် ပျက်ဆီးနေသော ဝမ်ချောင်၏သွေးကြောများက ချက်ခြင်း ပြန်လည်ကောင်းမွန်လာသည်။ သူ၏ ဒဏ်ရာရထားသော ကိုယ်တွင်းအင်္ဂါများကလည်း အသက်စွမ်းအင်ဖြင့် ပြည့်နှက်လာသည်။

တစ်ခဏခန့်သာကြာသေးသည် ဝမ်ချောင်၏ ဒဏ်ရာအများစုက သက်သာလာသည်။ ကျန်သော ဒဏ်ရာများကလည်း သက်သာနေသည့် လမ်းတွင်ဖြစ်သည်။

“စုန့်ယွမ်ယွီ”

မိစ္ဆာဧကရာဇ်လူအိုကြီးမန်နှင့် ဝူရှန်းရွာသူကြီးတို့ကလည်း ကြယ်တာရာစွမ်းအင်အရင်းအမြစ်ရှိရာသို့ လှည့်ကြည့်လိုက်ပြီး အံ့အားသင့်မှုများဖြင့် တုန်ယင်သွားသည်။ အနီးအနားတွင် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်အရှင် ရှိနေသည်။ တစ်ဖက်မှ မဟာမိတ်၏ကျွမ်းကျင်ပညာရှင်တိုင်းက ဝင်္ကပါကြီးတစ်ခုလုံးကို ဝင်ရောက်ကာ သူတို့၏ အရှင်၊ တုအရှင်တို့နှင့် ပူးပေါင်းကာ အနက်ရောင်ဝတ်စုံများနှင့် လူများကို တိုက်ခိုက်ရင်ဆိုင်လေသည်။

******

အပိုင်း (၁၅၃၃)

ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်အရှင်နှင့် တုအရှင်တို့က မင်သက်ဖွယ်ကောင်းသော အင်အားမျိုးကို ပိုင်ဆိုင်ထားသည့်တိုင်အောင် သူတို့သည် လက်ရှိအခြေအနေကို ထိန်းထားရန် ခက်ခဲသည်။ သူတို့ဟာ အကောင်းဆုံး လုပ်ထားပြီးလေပြီ။ သို့သော် အနက်ရောင်ဝတ်စုံနှင့် လူများ၏ထပ်ခါတလဲလဲ တွန်းထုတ်ခံနေရသေးသည်။ ဖြောင့်မတ်မှန်ကန်ခြင်း မဟာအမိတ်မှ တပည့်ဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် လဲကျနေကြ၏။ စုန့်ယွမ်ယွီနှင့် ရှန့်ကွမ်းထင်တို့၏မျက်နှာက ဖြူစုတ်နေကြ၏။ သူတို့၏ကြယ်တာရာစွမ်းအင်များက မှေးမှိန်နေကြ၏။ သူတို့နှစ်ယောက်သည်လည်း စွမ်းအားအများကြီး ကုန်ဆုံးနေလေပြီ။

“မိစ္ဆာဧကရာဇ်… မျိုးနွယ်ခြားနယ်မြေတို့ရဲ့အရှင်…. ငါ့ကို ကျေးဇူးတင်ဖို့လိုဘူး… ရှေးခတ်အချိန်ကတည်းက ဖြောင့်မတ်မှန်ကန်ခြင်းနဲ့ ဆိုးယုတ်တဲ့သူတွေက ဆန့်ကျင်ဘက်မှာ ရပ်တည်ကြတယ်၊ ငါက မင်းကို… ကယ်ချင်စိတ် မရှိသေးဘူး၊ ဒါပေမဲ့ ငါတို့သာ အခုအတူတွဲမလုပ်ရင် ငါတို့အားလုံး အသတ်ခံရမှာပဲ၊ ငါတို့ ဒီနေရာက ထွက်သွားပြီးတာနဲ့ ကိုယ့်လမ်းကိုယ် လျှောက်မယ်”

စုန့်ယွမ်ယွီ၏မျက်နှာက အေးစက်ပြီး တင်းမာသည်။ သို့သော် သူသည် တုံ့ဆိုင်းမနေဘဲ လှုပ်ရှားလိုက်သည်။

ဗုန်း! ဗုန်း! ဗုန်း!

မြေကမ္ဘာက တစ်အုန်းအုန်အသံများကကို ထုတ်လွှတ်နေချိန်တွင် ထာဝရနွေဦးကြယ်တာရာစွမ်းအင်က မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့၏ကိုယ်ထဲသို့ စီးကြောင်းနှစ်ခုအသွင် ပြောင်းကာ ဝင်ရောက်လာသည်။

သူတို့နှစ်ယောက်သည် ယခင်က အတူအကွပူးပေါင်းကာ သိမ်မွေ့နယ်မြေကို ဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့် ပါးကုရှီတုကို ရင်ဆိုင်နိုင်ခဲ့၏။ သို့သော် ထိုအခြေအနေကလည်း ကြီးမားသောတန်ကြေးကို ပေးဆပ်ခဲ့ရကာ သူတို့၏ခန္ဓာကိုယ်က အတွင်းဒဏ်ရာများကို ရထားကြသည်။

သူတို့နှစ်ယောက်သည် အင်အားများကုန်ဆုံးပြီး ကုစားရန်ကြိုးစားနိုင်သေးသည်။ သို့သော် သာမန်အခြေအနေမျိုးနှင့်ဆိုလျှင် သူတို့အနေဖြင့် ကုစားရန် အချိန်အနည်းငယ်သာ လိုလောက်သည်။ သို့သော် ယခုအခါ စုန့်ယွမ်ယွီ၏အကူအညီကြောင့် ချက်ချင်းလိုလို သက်သာသွားသည်။

စွမ်းအင်များကို ပြန်လည်ဖြည့်တင်းခြင်းနှင့် ကုစားခြင်းတို့ ပတ်သက်လာသောအခါ စုန့်ယွမ်ယွီ၏ထာဝရနွေဦးစွမ်းရည်က ဒုတိယနေရာဟုပြောလျှင် မည်သူကမှ မည်သည့်သိုင်းပညာကမှ ပထမနေရာဟုမပြောရဲပေ။

“ဟွန်း…. အခုထိစိတ်ပျက်အားငယ်စရာ ကောင်းလောက်အောင် အားနည်းနေတုန်းလား”

စုန့်ယွမ်ယွီက ဝမ်ချောင်၏ဒဏ်ရာများကို ကုသပေးနေရင်း အကောင်းဆုံး ကြိုးစားနေချိန်တွင် သမင်အမရက ဆိတ်အမရ၏ဘေးတွင် ရပ်နေရင်း သူ၏အေးစက်နေသော မျက်လုံးများက တောက်ပနေ၏။

ဘမ်း!!

သူဟာ ရုတ်တရက် ဝမ်ချောင့်ကိုတိုင်ခိုက်ရန် ခုန်ဝင်လာသည်။ သမင်အမရ၏လှုပ်ရှားမှုက လူတိုင်း၏မျက်နှာကို ဖြူစုတ်စေပြီး ပြင်းထန်သောဖိအားကို ခံစားရသည်။

“ကွမ်းထင် သူ့ကို တား…!!”

စုန့်ယွမ်ယွီက ရုတ်တရက် အမိန့်ပေးသည်။

ဖီ…!!

ရှန့်ကွမ်းထင်က ရှေ့သို့ ခုန်တက်လိုက်ချိန်တွင် လေထုကပင်ရုတ်တရက် ဟိန်းဟောက်သည်။ လေထဲတွင်ပင် စကြဝဠာခုတ်ထွင်ခြင်းသိုင်းက သမင်အမရ၏ စွမ်းအင်မုန်တိုင်းဒဏ်ကို တောင့်ခံလိုက်သည်။

“ဒဏ္ဉာရီစွမ်းအင်တွေက တစ်သားတည်းဖြစ်သွားမယ်”

“ယန်ရမ်နတ်သိုင်း”

တစ်ချိန်တည်းလိုလို မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့် ဝုရှန်းရွာသူကြီးတို့လည်း လေထဲသို့ခုန်တက်သည်။ ရှန့်ကွမ်းထင်က လောက၏ထပ်တန်းအဆင့် သိုင်းပညာရှင်များထဲမှ ကျွမ်းကျင်ပညာရှင်ဖြစ်သည်။ သို့သော် သူသည်လည်း သမင်အမရကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ခြင်းမရှိပေ။

“ဟား… ဟား နိမ့်ကျတဲ့ပုရွက်ဆိတ်တွေက နတ်တစ်ပါးကို ရင်ဆိုင်ရဲတယ်!”

ဆိတ်အမရ၏မျက်ဝန်းက အေးစက်သောအလင်းများဖြင့် တောက်ပလာသည်။ သူသည်လည်း ဝမ်ချောင်ကို တိုက်ခိုက်ရန် ခုန်ဝင်လာသည်။

ဆိတ်အမရသည် ဝမ်ချောင်နှင့် တိုက်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်။ ယခုအချိန်တွင်ပင် ခြောက်ခြားဖွယ်ကောင်းလွန်းသော နတ်ဘုရားနှင့် နတ်ဆိုးသုတ်သင်ခြင်းသိုင်းမှ စွမ်းအားများက ခန္ဓာကိုယ်ထဲတွင် စီးဝင်နေသေးပြီး သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးနေသေးသည်။ သို့‌သော် ဆိတ်အမရ၏ ဒေါသကို ပို၍သာဆိုးလာသည်။

နတ်တစ်ပါးအတွက် ပုရွက်ဆိတ်တစ်ကောင်၏ အနိုင်ယူမှုကို ခံရချိန်တွင် သူ၏လူပေါင်းများစွာကလည်း ကြည့်ရှုနေကြသေးသည်။ ထိုအခြေအနေတွင် ဆိတ်အမရ၏မာနကို ဖျက်ဆီးသလိုဖြစ်နေသည်။

ဝါး…!!

ထိုဆိတ်အမရက ကြီးမားသောရွှေရောင်ဆိတ်ကြီးအဖြစ် ပြောင်းလဲလိုက်ချိန်တွင် လေထုအတွင်း ဟိန်ဟောက်သံများက အော်ထွက်လာကာ ထိုဟိန်းဟောက်သံများဖြင့် ပြည့်သွားသည်။ သို့သော် ထိုရွှေ‌ေရာင်ဆိတ်ကြီးသည် ထင်ထားသလောက် တောက်ပမနေပေ။ ထိုသို့အရေးကြီးဆုံးသောအချိန်တွင် မိစ္ဆဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့ကပင် ထိုမျက်နှာဖုံးနှင့်လူနှစ်ယောက်ကို မယှဉ်နိုင်တော့‌ပေ။

“ရေနတ်ဘိုးဘေး၊ ဒဏ္ဉာရီတစ္ဆေဘိုးဘေး ခင်ဗျားတို့ ဝင်မပါသေးဘူးလား”

ထိုအချန်တွင် ဝမ်ချောင်က ရေနတ်ဘိုးဘေးတို့၏ အဖွဲ့ကိုလှမ်အော်သည်။

“စုန့်ယွမ်…ဒီအဖိုးကြီးကို အမိန့်မပေးရဲဘူးမဟုတ်လား…”

ရေနတ်ဘိုးဘေးက အံကိုကြိတ်ပြီး ပြောသည်။

သို့သော် ဒေါသက ဒေါသသာဖြစ်သည်။ မိစ္ဆာဘိုးဘေး၃ယောက်သည်လည်း တုန့်ဆိုင်း မနေဘဲ လေထဲသို့ ခုန်တက်ကာ ဆိတ်အမရကို ရင်ဆိုင်သည်။

“နဂါးနတ်က လမင်းကို ရစ်ပတ်တယ်”

“ဒဏ္ဍာရီတစ္ဆေလှည့်လည်သွားလာခြင်း”

“မဟာအရူးနတ်ဆိုးသိုင်း”

အနက်ရောက်မြူခိုးများက လိမ့်တက်လာသည်။ ထို့နောက်များက ငိုငြီးသည်။ မစ္ဆာအလောင်း ဆိုးယုတ်သော အနံ့၏ယင်စွမ်းအား၏ ရက်စက်သောစွမ်းအင်အမျိုုးစုသော အရာများက စတင်ကာ စုဝေးလာပြီးနောက်တွင် မိစ္ဆာလမ်းကြောင်းလျှောက်သော ဘိုးဘေး ၃ ယောက်၏ ဆိုးယုတ်မှုက မြေကြီးထဲမှ ထိုးထွက်လာပြီး သိုင်းပညာထဲသို့ ပေါင်းစည်းသည်။

“ကုန်းကုန်းနတ်သိုင်း”

အခြားသော ဦးတည်ရာတစ်ဖက်က ပေါ်ထွက်လာသည်။ ထိုသို့ အန္တရာယ်များသော အခိုက်အတန့်တွင်ပင် အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာပြီး ထုတ်နိုင်သမျှသော သိုင်းပညာများကို ထုတ်သုံးလိုက်သည်။

ဝမ်ချောင်၏ မျက်လုံးထဲတွင် အထီးကျန်တိတ်ဆိတ်ဘိုးဘေးက အင်အားအများစုကိုသာ ထိန်းသိမ်းထားနိုင်သူ ဖြစ်သည်။ သူသည်လည်း တိုက်ပွဲ၏ အစပိုင်းတွင် ဝင်ရောက်ပူးပေါင်းခဲ့သေးသည်။ ထိုသို့ဖြင့်အနက်ရောင် ဝတ်စုံနှင့် လူများ၏ သတ်ဖြတ်မှုကို ရင်ဆိုင်ရာတင် အဓိက ကြိုးကိုင်သူအဖြစ် ပါဝင်ခဲ့သေးသည်။

ဗုန်း! ဗုန်း! ဗုန်း!

အမှန်တကယ် အချိန်အတွင်းတွင် သူတို့၏ တိုက်ပွဲက လေထဲတွင်ဖြစ်ပွားသည်။

ဆိတ်အမရအတွက်ပင်ဖြစ်စေ သမင်အမရအတွက်ပင်ဖြစ်စေ သူတို့နှစ်ယောက်လုံးက သေမျိုးသိုင်းပညာရှင်များက မျော်လင့်ထားသည်ထက် အင်အားကြီးမားသည်။ လူအများစုက အထွဋ်အထိပ် မဟာဗိုလ်ချုပ်ကြီးအဆင့်က အင်အားအကြီးဆုံးဟု သတ်မှတ်နေကျဖြစ်သည်။ သို့သော် ထိုနှစ်ယောက်ကမူ သိုင်းပညာရှင် ပုဂ္ဂိုလ်ကြီးများအထက်တွင် ကျယ်ပြောသောလောကကြီးက တည်ရှိနေကြောင်း ဖော်ပြနေခြင်းဖြစ်သည်။

သို့သော်ဝမ်ချောင်၏ ယခင် တိုက်ပွဲများကလည်းသက်ရောက်မှုရှိသည်။ ဒဏ်ရာအပြင်းအထန်ရထားသော ဆိတ်အမရနှင့် အင်အားအများကြီး ကုန်ဆုံးနေသော သမင်အမရတို့က အထွဋ်အထိပ်အခြေအနေမျိုးတွင် မဟုတ်ကြတော့ချေ။

သို့သော်ယခုအခါ ဝမ်ချောင်က တိုက်ပွဲကို အထူးတလည် အာရုံစိုက်မနေတော့ချေ။ သိုင်းပညာရှင်များက ပြင်းထန်သော စွမ်းအင်များကို သယ်ဆောင်ထားသည်။ သူတို့ဟာ မျက်နှာဖုံးနှင့် လူနှစ်ယောက်ထက် အင်အားနည်းလျှင်ပင် အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းနိုင်သေးသည်။

ဝမ်ချောင်၏ အာရုံစိုက်မှုကို ထိုက်တန်သည့် လူတစ်ယောက်သာရှိသည်။ ကျားအမရသာ ဖြစ်သည်။ ကျားအမရက ဝမ်ချောင်အား အခြားသော အမရနှစ်ယောက်နှင့် မတူဘဲ ထူးဆန်းသော ခံစားမှုကို ပေးစွမ်းသည်။

ဗဟိုပြင်ကျယ်ထဲမှ သိုင်းပညာရှင်များသည် သူတို့တစ်ဘဝလုံး တိုက်ခိုက်ရင်း ကြီးပြင်းလာကြသည့်တိုင်အောင် ကျားအမရသည် ကလေးတစ်ယောက်နေသည်ဟုသာ တွေးလောက်သည်။

ဝမ်ချောင်သည်လည်း ကျားအမရက အင်အားကြီးမားလွန်းသဖြင့် ဒီအဖွဲ့က အင်တိုက်အားတိုက် ကြိုးစားအားထုတ်သော်လည်း နောက်ဆုံးတွင် ဘာမှမရနိုင်ဘဲ အဆုံးသက်တွင် သေဆုံးရမည်ဟုသာ ခံစားမိလာကြသည်။

ဝမ်ချောင်သည်လည်း ကျားအမရဟာ ကျောဘက်သို့ လက်ကို ပို့ထားသည်။ သူ၏ ရွှေရောက်မျက်နှာဖုံးအောက်တွင်ပေါ်နေသော မျက်လုံးနှစ်လုံးက တိုက်ပွဲကို အာရုံစိုက်ထားခြင်းမရှိကြောင်း မြင်နိုင်သည်။ ထို့ကြောင့် သူက မူလအမရ နန်းတော်ကိုသာကြည့်နေသည်။ နန်းတော်ကို ဝိုင်းပတ်ထားသော စည်းတံဆိပ်များကို ချိုးဖောက်ရနေမည်ဟု စဉ်းစားတွေးတောနေပြီး မှိတ်တုတ်မှိတ်တုတ် လင်းလတ်နေသည်။

“ဘယ်လိုနည်းနဲဖြစ်ဖြစ် ငါ သူ့ကို အနိုင်ယူရမယ်…”

ဝမ်ချောင်က မူလအမရဓါးကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားသည်။ သူတို့သည် အချိန်အနည်းငယ်သာ ရှိသည်။ ကျားအမရက မူလအမရနန်တော်ထံမှ အာရုံပြန်ပြောင်းလာကြောင်း မြင်ချိန်တွင် သူသည်လည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာပြီဖြစ်ပြီး သူတို့အားလုံးက သေဆုံးသွားကြပေလိမ့်မည်။

“အနက်ရောင်ဝတ်စုံနဲ့ လူက အင်အားကြီးမားလွန်းတယ်… ငါတို့ အတူပူးပေါင်းရင်တောင်မှ သူတို့ကို မယှဉ်နိုင်ဘူး၊ ဒီအတိုင်းဆက်ဖြစ်နေပြီးမှ ရှန်သန်နိုင်မှာပဲ၊ သိုင်းပညာလောကက ထိပ်တန်းသိုင်းပညာရှင်တွေအားလုံးက တစ်ရက်ထဲနှင့် သေသွားတာကတော့ မယုံနိုင်စရာကောင်းလွန်းတယ်”

ထိုအချိန်တွင် ကောရန်ချန်းဟန်က ဝမ်ချောင်၏နံဘေးတွင်ရောက်လာသည်။ သူ၏ရင်ဘတ်ကလည်း နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး သူ၏မိုးပြာရောင်ဝတ်စုံက သွေးများ စိုရွှဲနေသည်။ သူသည်လည်းဒဏ်ရာ အပြင်းအထန်ရထားပုံပေါ်သည်။ ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်သည် ဒီတိုက်ပွဲထဲတွင် အများကြီးဆုံးရှုံးသွားသည်။ ကောရန်ချန်းဟန်သည်လည်း ဝမ်‌ချောင်က တိုက်ပွဲ၏ အဓိကသော့ချက်ဖြစ်ကြောင်း သိနေသည်။ ဝမ်ချောင်၏လက်ချောင်းများက လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ထို့နောက် ပြန်ဖြေလိုက်သည်။

“ ဟွန်…. စိတ်အေးအေးထား…”

ဝမ်ချောင်သည်လည်း အရှေ့ကိုဆက်ကြည့်သည်။ သူသည်လည်း အချိန်ကမည်မျှ အန္တရာယ်များမှန်းသိသည်။ သို့သော် သူသည်လည်း မတတ်နိုင်ပေ။

“သူတို့က အင်အားအရမ်းကြီးပေမဲ့လည်း ငါတို့အများကြီးကို သတ်ဖို့… အဲလောက်မလွယ်ဘူး”

“အာ…”

ကောရန်ချန်းဟန်က ထိုစကားလုံးများကြောင့် ပဟေဠိဖြစ်သွားသည်။ ဝမ်ချောင်က မရှင်းပြပေ။ သူ၏စိတ်စွမ်းအင်ကိုသာ လေထိုကို ထိုးခွဲကာ ဟိန်းဟောက်စေပြီးလျက် အဝေးရှိယဇ်ပုလ္လင်အထက်အစွန်းနားရှိ တစ်စုံတစ်ရာနှင့်ဆက်သွယ်လိုက်သည်။ အချိန်ကထိုမျှအထိ ကုန်လွန်သွားပြီးနောက် ဝမ်ချောင်၏ ‘မီးခဲကို အသက်ဝင်စေခြင်း’စွမ်းရည်က နောက်ဆုံးတွင် အဆုံးတိုင်ပြီးမြောက်သွားပြီဖြစ်သည်။ ဝမ်ချောင်သည် နောက်ဆုံးတွင် ပထမမျိုးဆက် ဆက်ခံသူ၏ စွမ်းအားကို သုံးနိုင်သွားပြီဖြစ်သည်။

“ပထမမျိုးဆက် ဆက်ခံသူ ထွက်လာခဲ့”

ထိုနေရာတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသော ကျယ်လောင်သည့် အော်ဟစ်သံကြီးက ထွက်လာသည်။

ဝမ်ချောင်၏အသံကို တုံ့ပြန်သည်လားမသိ ချိန်းကြိုး၏အဆုံးနားတွင်ရှိနေသော ပထမမျိုးဆက် ဆက်ခံသူက ရုတ်တရက် တုန်သွားသည်။ သေးငယ်သော လှုပ်ရှားမူလေးကပင် မြေကမ္ဘာတစ်ခုလုံးကို အုပ်အော်သောင်းနင်းဖြစ်သွားစေခြင်းနှင့် တုံ့ပြန်သည်.။ ဖုန်တိမ်စိုက်များသည်လည်း မြေပြင်အထက် ပေတစ်ဝက်ခန့်အထိ မြောက်တက်သွားသေးသည်။

တစ်ချိန်ထဲတွင်ပင် ဆိတ်အမရ၊ သမင်အမရ။ ထို့အပြင်ကျားအမရက တစ်စုံတစ်ရာကို အာရုံခံမိသလို ဖြစ်သွားသည်။ ပထမမျိုးဆက် ဆက်ခံသူ၏ဦးတည်ရာဘက်က ပြောင်းလာချိန်တွင် ပထမျိုးဆက် ဆက်ခံသူရှိရာဘက်သို့ ကြည့်လိုက်ပြီးနောက် သူတို့အားလုံးက မျက်နှာများ ဖြူစုတ်သွားကြသည်။

ကျားအမရသည်ပင် ကြောင်သွားသည်။ သူ၏ဖွင့်ထားသောမျက်လုံးကလည်း ဟန်ချက်များပျက်သွားပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ဝုန်း!!

လှုပ်ခါမှုက ပြင်းထန်လာသည်။ တစ်ခဏခန့်ကြာပြီးနောက်တွင် ဆက်ခံသူ၏ခန္ဓာကိုယ်အတွင်းသို့် ပြင်းထန်သိပ်သည်းလွန်းသော စွမ်းအင်များက ဖြတ်စီးသွားပြီးနောက်တွင် ယဇ်ပုလ္လင်အပေါ်သို့ စီးဝင်သည်။ ထို့နောက် အသူရာချောက်ကမ်းပါးထဲသို့ စီးဆင်းသွားသည်။

ချွင်! ချွင်! ချွင်!

လူတိုင်း၏နားတွင် သတ္ထုချင်းထိခတ်သံက ကျယ်လောင်စွာဟိန်ထွက်လညသည်။ စက္ကအနည်းငယ်ခန့် ကြာပြီးနောက်တွင် သေနေပြီဟုထင်ရသော ပထမမျိုးဆက် ဆက်ခံသူက ပြင်းထန်သောစွမ်းအင်များဖြင့် ပေါက်ကွဲလျက် လျှင်မြန်စွာ ခုန်တက်လာသည်။

ဗုန်း !!

ဆက်ခံသူက ညွှတ်နေသောခေါင်းကို မော့လိုက်သောအခါ သူ၏ခန္ဓာကိုယ်အတွင်းက ပြင်းထန်သိပ်သည်းသော စွမ်းအင်များက ပေါက်ထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအနှံ့ ပြန့်သွားသည်။ ပတ်ဝန်းကျင်မှလေထုကပင် ဟိန်းဟောက်၏။ သူ၏ခန္ဓာကိုယ်ကပင် ဝါးကာ မမြင်နိုင်အောင်ဖြစ်သွားသည်။

“ဘာဖြစ်သွားတာလဲ”

“ဘာဖြစ်တာလဲ”

အားလုံးသည်လည်း သူတို့၏အပေါ်သို့ တောင်တန်းကြီး ကဖိချလာသောဖိအားမျိုးကို ရုတ်တရက် ရလိုက်သည်။ သူတို့အားလုံးသည်လည်း အထတ်တလန့်ဖြစ်လျက် အဖြစ်အပျက်ကို နားမလည်နိုင်သလို စိတ်ရှုပ်သွားကြသည်။

ကျာအမရ၏မျက်နှာက မည်းမှောင်သွားသည်။ သူဟာ မူလအမရနန်တော်၏ တဖျတ်ဖျတ်တောက်ပနေသော ရွှေရောင်အဆောက်အဦးထံမှ အကြည့်ကို လွှဲလိုက်လေသည်။ အင်အားအကြီးဆုံး ခေါင်းဆောင်၃ယောက်ကပင် ပြင်းထန် သိပ်သည်းလွန်းသောဖိအားကို ခံစားမိနေကြသည်။

******

အပိုင်း (1534)

ကျားအမရက နိုးထလာသော ပထမျိုးဆက် ဆက်ခံသူထံမှ အကြည့်ကိုလွှဲပြီး ဝမ်ချောင့်ထံသို့ အာရုံစိုက်သည်။

“ကောင်လေး မင်းက သေချင်နေတာပဲ!”

ကျားအမရ၏မျက်လုံးက အေးစိမ့်လာသည်။ သတ်ဖြတ်လိုစိတ်ဆန္ဒများက သူ၏တစ်ကိုယ်လုံးကို လွှမ်းမိုးလား၏။ သူဟာ အစပိုင်းတွင် ကြောင်အသွားသော်လည်း ကျားအမရ၏ကျင့်ကြံခြင်းအဆင့်က သူ့အား ဝမ်ချောင်ဟာ ပထမမျိုးဆက် ဆက်ခံသူနှင့် ဆက်သွယ်မှုရှိနေကြောင်း ခပ်မြန်မြန် နားလည်လိုက်ချေသည်။

“ဒီတစ်ကြိမ်မှာ ခန္ဓာကိုယ်နှင့် ဝိဉာဉ်ကို ဖျက်ဆီးပေးမယ်”

ကျားအမရသည် လေထဲသို့ ခုန်တက်လိုက်ပြီး ဝမ်ချောင့်ထံသို့ ကြောက်မက်ဖွယ်ကောင်သော အရှန်အဟုန်နှင့်အတူ ဝင်ရောက်လာသည်။

ဝုန်း!!!

လေထုက တင်းကြပ်သွားသည်။ ဝမ်ချောင်တွင် မဆိုထားဘိ နံဘေးက ကောရန်ချန်းဟန်ကပင် သေခြင်း၏ရနံ့ကို ရလိုက်သည်။

ကျားအမရ၏ခွန်အားမျိုးနှင့်ဆိုလျှင် ထိုတိုက်ကွက်က သူတို့နှစ်ယောက်လုံးကို သေစေနိုင်သည်။

“ပထမမျိုးဆက်!!”

ဝမ်ချောင်က ရုတ်တရက် အော်သည်။

ချွင်! ချွင်! ချွင်!

ဝမ်ချောင်၏အမိန့်ပေးသံကို တုံ့ပြန်သည့်အနေဖြင့် မရေမတွက်နိုင်သော ပျက်ဆီးနေသည့်ဓါးပေါင်းများစွာက လေထုကိုထိုးခွဲကာ ပျံသန်းပြီး ဥက္ကာတုံးများ ကမ္ဘာမြေပေါ်သို့ကျသည့်အလား မြောက်တက်လာကာ ပထမမျိုးဆက် ဆက်ခံသူကို ဝိုင်းပတ်သည်။ ထိုဓါားများက ပထမဦးဆုံးစပေါ်လာသောအခါ သာမန်သတ္ထုဓါးသာ ဖြစ်သည်။ သို့သော် အမှန်တစ်ကယ်အချိန်အတွင်းတွင်မူ အရှိန်အဝါပြောင်းသွားပြီး နေမင်းထက်ပင် တောက်ပလာသေးသည်။

ဘမ်း!!

တစ်ခဏခန့်ကြာပြီးနောက် ပထမမျိုးဆက် ဆက်ခံသူ၏ ခန္ဓာကိုယ်က ယဇ်ပုလ္လင်ထံမှ ပျောက်သွားသည်။ လေထဲတွင် မျက်စိကျိန်းဖွယ်တောက်ပနေသော စွမ်းအင်လုံးကြီးကို မရေမတွက်နိုင်သော ရွှေရောင်ဓါးထောင်ကျော်က ဝန်းရံလျက် ကျားအမရထံ တိုးဝင်သွားသည်။

ဗုန်း!!!

တစ်ခဏခန့်ကြာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်နှစ်ရပ်က ထိပ်တိုက်ရင်ဆိုင်သည်။ ထိုစွမ်းအင်နှစ်ရပ်လုံးသည် သိုင်းပညာရှင်တိုင်း၏ အကြံဖြစ်ဆုံးသော စိတ်ကူးများထဲထက်ပင် အင်အားကြီးမားလွန်းသည်။ ထိုစွမ်းအင်နှစ်ခုက အချင်းချင်း ဝင်တိုက်မိသွားသည်။ ထိုအခိုက်အတန့်တွင် အချိန်နှင့်အာကာသပြင်က ခဲသွားပုံရပြီး ကမ္ဘမြေကြီးတစ်ခုလုံးက တိတ်သွားသည်။

သို့သော် တစ်ခဏခန့်သာကြာသေးသည်။ ကြယ်တာရာစွမ်းအင် အားလှိုင်းတစ်ရပ်လုံးက ထိုနယ်မြေတစ်ခုလုံးကို ဖြတ်သန်းသွားသည်။

ဘမ်း!!!

မြေပြင်မှသိုင်းပညာရှင်များထဲမှ တစ်ယောက်က အချိန်မှီမတုံ့ပြန်နိုင်ခဲ့သောကြောင့် ရိုက်မိသွားသည်။ ကိုယ်မှအရိုးများအားလုံး ကွဲကျေသွားစေပြီး သူဟာ သွေးအန်လိုက်ရသည်။ ထို့နောက် အဝတ်အိတ်တစ်ခုအလား မြေပြင်ပေါ်သို့ လဲကျသွားပြီး ခန္ဓာကိုယ်ကလည်း သေဆုံးသွားသည်။

မြေပြင်မှ ၁၀မီတာခန့်အမြင့်အကွာတွင်…

ဗုန်း!!

မြေပြင်မှစွမ်းအင်အားလှိုင်းတစ်ရပ်က ကျောက်သားနံရံကို ဖြတ်သန်းသွားပြီးနောက်တွင် အလွန်ရှည်လျားသော မြောင်းကြီးကိုချန်ထားရစ်ခဲ့ကာ မရမတွက်နိုင်သော ကျောက်သားအပိုင်းအစများကို မြေပြင်ပေါ်သို့ ပြုက်ကျသွားစေသည်။

“နောက်ဆုတ်… နောက်ဆုတ်!”

မြေကမ္ဘာထဲတွင် အထိတ်တလန့်အော်သံများက ပြည့်နှက်သွားသည်။ ပထမမျိုးဆက်ဆက်ခံသူနှင့် ကျားအမရတို့အကြားမှ တိုက်ပွဲက ကြောက်စရာကောင်းလွန်းသည်။ နောက်ပိုင်းတွင် ကျန်ရစ်ခဲ့သော ကြယ်တာရာစွမ်းအင်များက သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖြတ်နိင်လေသည်။ အင်ပါယာသိုင်းနယ်မြေအတွင်းမှ ကျွမ်းကျင်ပညာရှင်တစ်ယောက်ကိုမူ အပြင်းအထန် ဒဏ်ရာရနိုင်သည်။ တိုက်ပွဲနယ်မြေနှင့် နီးကပ်သော မည်သူကမဆို သေဆုံးမည်မှာ သေချာသည်။

လေထဲမှတိုက်ပွဲကစတင်ကာ စလာပြီဖြစ်သည်။ ပထမမျိုးဆက်ဆက်ခံသူ၏ အမိန့်အောက်တွင် မရေမတွက်နိုင်သော ရွှေရောင်ဓါးများက ခမ်းနားထည်ဝါလွန်းသော မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျားအမရကို ဟိန်းဟောက်ပြီး ဝိုင်းထားသည်။

ဘမ်း!

ထိုဓါချီက တစ်လောကလုံးကို ဖြူစုတ်သွားစေလိုက်သည်.။ ကျားအမရ၏ကြယ်တာရာစွမ်းအင် အကာအကွယ်အလွှာကလည်း ချက်ချင်းဆိုသလို ကွဲကြေသွားလေပြီး ပြင်းထန်သောပေါက်ကွဲမှုကြောင့် ကျားအမရကို လွင့်ထွက်အောင် လုပ်လိုက်နိုင်သည်။

ဗုန်း! ဗုန်း! ဗုန်း!!

ကျားအမရ၏ခန္ဓာကိုယ်က ပြင်းထန်သောကြယ်တာရာစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ သို့သော် သူသည်လည်း ပထမမျိုးဆက်ဆက်ခံသူ၏ မရပ်မတန့်နိုင်သော တိုက်ကွက်ကြောင့် ၁၀မီတာခန့်အထိ လွင့်ထွက်သွားလေသည်။

ကျားအမရ၏မျက်နှာက တင်းမာသွားသည်။ လက်ရှိခေတ်တွင် သိုင်းပညာများက ဆုတ်ယုတ်နေပြီဖြစ်သည်။ သိုင်းပညာရှင်များအနေဖြင့် သူတော်စင်အထွတ်အထိပ် မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိနိုင်ခြင်းကပင် အလွန်အမင်းရှားပါးလေသည်။

မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိနေသော စုန့်ယွမ်ယွီကဲ့သို့‌သော လူနည်းစုများကပင် အလွန်အလွန်ရှားပါးသည်။

သိုင်းပညာရှင်တစ်ယောက်က အခြားသောသူများထက်သာလွန်နေပြီး အကန့်အသတ်ကို ကျော်ဖြတ်၍ ပို၍နက်နဲကာအဆင့်မြင့်သော သိမ်မွေ့နယ်မြေသို့ ဝင်ရောက်နိုင်ခြင်းသည် ပြိုင်ဘက်ကင်းပါရမီရှင်ဟု သတ်မှတ်နိုင်ကာ ဒုတိယမျိုးဆက်ဆက်ခံသူ၊ ဆိတ်အမရနှင့် သမင်အမရတို့ကဲ့သို့သော တူညီသောအဆင့်တွင်ရှိသော သိုင်ပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ သို့သော် ကျားအမရ၏အဆင့်ကမူ လောကမှသိုင်းပညာရှင်များ၏ ၉၉% ထက်ပင် သာလွန်လွန်းသောအဆင့်တွင်ဖြစ်သည်။ ဝမ်ချောင်ကဲ့သို့ ပါရမီကြီးပြီး ဖော်ပြရန်ခက်ခဲသော နားလည်သဘောပေါက်နိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားသောသူမျိုးကပင် ကျားအမရကို မယှဉ်နိုင်ပေ။

သို့သော် ပထမျိုးဆက်ဆက်ခံသူကမူ ရှင်းလင်းစွာပင် ထိုနိမ့်ကျသော ကဏ္ဏများ‌အောက်တွင် ရှိမနေပေ။ မူလအမရအရှင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခြင်းခံခဲ့ရသောသူ တပည့်တစ်ယောက်ပီပီ သူသည်လည်း တိုင်းတာရန်ခက်ခဲလွန်းသည့် အင်အားမျိုးကို ပိုင်ဆိုင်ထားပြီး မြေအောက်နန်းတော်အတွင်း လျှောက်လမ်းနယ်မြေ၏ လမ်းလျှောက်အလောင်းကောင် ၆ကောင်ထဲတွင်ပင် အင်အားကြီးမားဆုံး ဖြစ်နေသည်။ ပို၍ဆိုးသည်မှာ နွေဦးနှင့် ဆောင်းဦးခေတ်က,ကတည်းက ပထမမျိုးဆက်ဟာ သိုင်းပညာရှင်များ၏ ရွှေရောင်ခေတ်ကို ပိုင်ဆိုင်ခဲ့သူဖြစ်သည်။ ထိုအခိုက်အတန့်တွင် ကျားအမရက သူဟာ တည်ငြိမ်အောက် မထိန်းနိုင်တော့ကြောင်း သိလိုက်သည်။

ဘမ်း

ကျားအမရကပင် မတွန်းလှန်နိုင်ခဲ့ပေ။ ပထမမျိုးဆက် ဆက်ခံသူသည်လည်း သူ့အပေါ် မျက်စိကျလာသည်။ သူဟာကျောဘက်မှ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီးနောက်တွင် ဓါးထောင်ကျော်က စတင်ကာမြည်ဟည်းသံများ ထုတ်လွှတ်သည်။ သူ၏အနောက်ဘက်တွင် ဓါးစိတ်ဆန္ဒကစတင်ကာ လွှမ်းမိုးလာသည်။ တစ်ခဏခန့် ကြာပြီးနောက်တွင် မီတာ၃၀ကျော်ခန့်ရှည်လျားသေား နို့နှစ်ဖြူရောင် ဓါးချီက လေထဲသို့ ထိုးတက်သွားသည်။

ထိုဓါးချီက ပေါ်လာသည့်အခိုက်အတန့်တွင် ပထမမျိုးဆက်ဆက်ခံသူ၏ အနောက်ဘက်က အာကာသပြင်ထဲတွင်လည်း မူလအမရမျိုးဆက်၏ ခမ်းနားထည်ဝါလွန်းသော အထပ်ပေါင်းများစွာရှိသည့် ကောင်းကင်ဘုံနန်းတော်ကြီးက ပေါ်ထွက်လာချေသည်။

သို့သော် အခြားသော လမ်းလျှောက်အလောင်းကောင် မျိုးဆက်၅ဆက်နှင့် အတူညီသည်မှာ ပထမမျိုးဆက်ဆက်ခံသူ၏ ထိုနန်တော်ကြီးက ကောင်းကင်ဘုံတွင် အမှန်တစ်ကယ် တည်ရှိနေပုံရသည်။ ဂရုတစိုက် ကြည့်မည်ဆိုပါက ၂၉ထပ်ပင် မြင့်ကြောင်းမြင်ရမည်ဖြစ်သည်။ တစ်ထပ်ချင်းစီတိုင်းကလည်း ခမ်းနားထည်ဝါလွန်းပြီး မျက်စိကျိန်းဖွယ်တောက်ပနေသည့် ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။

ဗုန်း!!

ဆက်ခံသူ၏တိုက်ကွက်က မယုံနိုင်စရာကောင်းလောက်အောင် ပြင်းထန်သည့်အရှိန်နှုန်းကို ထည့်သွင်းထားသည်။ ထို့ကြောင့် အမှန်တကယ် အချိန်အတွင်းတွင် လေထုကို လှီးဖြတ်သွားပြီးနောက်တွင် ကျားမအရကို ချက်ချင်းလိုလို ရိုက်ချလိုက်သည်။

ဗုန်းးး

ထိုဓါးချီက ကျားအမရကို အနောက်ဘက်ရှိနံရံထဲသို့ တစ်ဖြောင့်တည်း ဝင်ရောက်သွားစေသည့်အပြင် ဖုန်များကိုပင်အလုံးလိုက် ထလာစေသေးသည်။ ဖျက်ဆီးခြင်းစွမ်းအားပြင်းထန်သည့် သက်ရောက်မှုက နံရံတွင်ကြီးမားသော အပေါက်ကြီးကို ပေါ်ထွက်လာစေ၏။ ကျောက်သားများကိုလည်း အထက်မှ ပြုက်ကျစေသေး၏။

“အားးးးး”

မြေပြင်မှအလန့်တကြား အော်ဟစ်သံများက ပြည့်နှက်လာသည်။ အနက်ရောင်ဝတ်စုံနှင့်လူများကမူ ကြောင်တောင်တောင်ဖြစ်သွားကာ ဆွံ့အသွားကြသည်။ ဆိတ်(စိတ်)အမရနှင့် သမင်အမရတို့ကပင် တစ်စုံတစ်ရာက ထူးဆန်းနေမှန်း သိလိုက်သည်။ သူတို့ ကလှည့်ကြည့်လိုက်သောအခါ အံ့အားသင့်မှုများဖြင့် မျက်နှာများက တောင့်ခဲသွားကြသည်။ (ဆိတ်အမရက စိတ်အမရနဲ့ အတူတူပါပဲ။ ဆိတ်မျက်နှာဖုံးဝတ်ထားတဲ့ စိတ်ဝိဉာဉ်ကို တိုက်ခိုက်တဲ့သူပါ။)

ကျားအမရသည်သူတို့နှစ်‌ယောက်ထက် အင်အားကြီးမားလွန်းသည်။ ထိုစီမံကိန်းတွင် အင်အားအကြီးဆုံး အဖွဲဝင်အဖြစ်လည်း ပါဝင်သည်။ သို့သော် ကျားအမရကသာ ပထမမျိုးဆက်ဆက်ခံသူကို မယှဉ်နိင်ခဲ့လျှင်ပင်မည်သူကမှ မယှဉ်နိုင်တော့ပေ။

“ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဘာလို့ ဒီဆက်ခံသူက ဒီလောက်ထိ အင်အားကြီးနေတာလဲ”

“အဲဒီမှာဘာတွေဖြစ်နေတာလဲ… ပထမမျိုးဆက်ဆက်ခံသူက သေသွားပြီးသား မဟုတ်ဘူးလား၊ ငါတို့ ဝင်လာခဲ့တဲ့အချိန်က သူ့ရဲ့ဝိဉာဉ်ကတောင် ပျောက်နေပြီလေ၊ ဘာလို့သူက တိုက်ခိုက်နေသေးတာလဲ”

သူတို့နှစ်ယောက်သည် တိုက်ပွဲအသီးသီးတွင် အာသာစီးရနေသည်။ သို့သော် ထိုအခိုက်အတန့်တွင် ပင်စိတ်မအေးနိုင်ဖြစ်သွားသည်။

ဆိတ်အမရနှင့် သမင်အမရတို့ကလည်း မသက်မသာဖြစ်နေကြလျှင် အခြားသော လက်အောက်ငယ်သားများဆိုလျှင် ပို၍ပင်ဆိုးလောက်သေးသည်။

“အခုပဲ”

အခြားသောသူများနှင့်မတူညီစွာ ဝမ်ချောင်က နောက်ဆုတ်လိုသည့် လက္ခဏာမရှိချေ။ ကြောက်ရွံ့ရိုသေဖွယ် ကောင်းလွန်းသော ပုဂ္ဂိုလ်နှစ်ယောက်အကြားမှ တိုက်ပွဲကြောင့်ဖြစ်လာသည့် စွမ်းအားလှိုင်းများက သူ့အပေါ်အနည်းငယ်သာ ခြိမ်းခြောက်နိုင်သည်။ သူ၏မျက်လုံးကလက်နေရင်း သူဟာဆိတ်အမရနှင့် သမင်အမရကို ကြည့်သည်။

ဝမ်ချောင်သည် ကျားအမရကို ရင်ဆိုင်နိုင်လောက်အောင် လုံလောက်သောအင်အားမျိုးကို ပိုင်ဆိုင်ထားလေသည်။ သို့သော် သူဟာ ဆိတ်အမရနှင့် သမင်အမရတို့ကို ရင်ဆိုင်ရန် လုံလောက်သည်ထက် ပိုသည်။

ဘမ်း!!

ဝမ်ချောင်က လျှပ်စီးလက်သကဲ့သို့ ဆိတ်အမရထံ ခုန်ဝင်သွားသည်။ အနောက်ဘက်တွင် အလင်းတန်းအရှည်ကြီးကို ချန်ထားရစ်ခဲ့သည်။ သူဟာ ခုန်ဝင်သွားသည့်အချိန်တွင် ဝမ်ချောင်သည် အပူကိုခံစားမိလိုက်သည်။ ထို့နောက် မူလအမရဓါးထဲမှ ကြမ်းတမ်းသောစွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြောင်း ခံစားမိလိုက်သည်။

ထိုပြင်ထန်သောစွမ်းအားများသည် ဝမ်ချောင်၏ ခွန်အားကို တိုးတက်လာစေပြီး သူ၏စိတ်ကိုလည်း အင်အားတက်ကြွလာစေသည်။

“မကောင်းတော့ဘူး အဲဒီကလေးပဲ”

ဆိတ်အမရသည် အလွန်အမင်း အာရုံခံနိုင်စွမ်းအား ထက်ရှသည်။ သူသည်လည်း သိမ်မွေ့နယ်မြေမှ စွမ်းအားများကို အသုံးမပြုပြီးကို စုန့်ယွမ်ယွီနှင့် ရေနတ်ဘိုးဘေးတို့ကို ရင်ဆိုင်နေချိန်တွင် ရုတ်တရက် ဝမ်ချောင်၏အရှိန်အဝါက ချည်းကပ်လာကြောင်း သိလိုက်သည်။ ယခုအချိန်အထိပင် သူသည်လည်း ထိုနိမ့်ကျသောလူသားတစ်ယောက်က ထုတ်လွှတ်လိုက်သည့် တိုက်ကွက်ကြောင့် ထွက်လာသောစွမ်းအားများဒဏ်ကို ခံနေရသေးသည်။ သူသည်လည်း ထိုစွမ်းအားကို အတော်လေး တွန်းထုတ်နေသည်။

ဝုန်း!!

သူသည်လည်း တွန်းထုတ်ရန် အချိန်မရှိတော့ချေ။ ဆိတ်အမရက စုန့်ယွမ်ယွီနှင့် ရေနတ်ဘိုးဘေးတို့ကို ကြယ်တာရာစွမ်းအင်များဖြင့် အနောက်ဘက်တွင် လွင့်ထွက်သွားစေလိုက်သည်။ ထို့နောက် သူကိုယ်တိုင်ကမူ ဝမ်ချောင့်ထံသို့ လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်သည်။

“ဆိတ်အမရ ပျံသန်းခြင်းဖနောင့်”

ဆိတ်အမရက အော်ဟစ်လိုက်ချိန်တွင် ရွှေရောင်မီးတောက်များနှင့် တောက်လောင်နေသော ကြီးမားသည့်ရွှေရောင် ဆိတ်ခွာကြီးတစ်ဖက်က ဖျက်ဆီးခြင်းစွမ်းအင်များကို သယ်ဆောင်၍ ဝမ်ချောင့်ထံသို့ ဖနောင့်ပေါက်လိုက်သည်။

သို့သော် ထိုခွာက မဆင်းသက်လာသေးခင် ဒုတိယနှင့် တတိယခွာများကလည်း ပေါ်လာသည်။ အားလုံးကလည်း မင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့် ရွေ့လျားလာ၏။

ဆိတ်အမရ၏ပျံသန်းခြင်းဖနောင့်၏ ချိတ်ဆက်မှုက ဆိတ်ခွာဖနောင့်ဖြစ်သည်။ ဆိတ်အမရ၏လက်ထဲတွင် ထိုသိုင်းပညာက သိမ်မွေ့နယ်မြေအဆင့်အောက်မှ မည်သည့်သိုင်းပညာရှင်ကို ဖုန်ဖြစ်သွားရန်လုံလောက်သည်။

သို့သော ဆိတ်အမရသည် ဝမ်ချောင်၏အင်အားကို အထင်သေးမိသွားပြန်သည်။

ဘမ်း!!

ကောင်းကင်ဘုံတစ်ခုလုံးက ခုတ်ထွင်ခံရသလို ပေါက်ကွဲသံကြီး ထွက်လာပြီးနောက်တွင် ဗဟိုပြင်ကျယ်ထဲမှ လောကနံအပါတ်(၁)ဓါးသိုင်းဖြစ်ပြီး မဟာသိုင်း၁၀မျိုးထဲတွင် တိုက်ခိုက်နိုင်စွမ်းအား အမြင့်ဆုံးဟု သတ်မှတ်၍ရသောသိုင်းက တစ်ဖန်ပြန်လည်ပြီး သူ၏အရှိန်အဝါကို ထုတ်ပြပြန်သည်။

ဝုန်း!!

ဝမ်ချောင်၏တိုက်ကွက်က လေထုတစ်ခုလုံးကိုထိုးခွဲသွားကာ မိတာ၁၀ကျော်ခန့်မှ ဆိတ်အမရထံ တိုးဝင်ရင်း လမ်းကြောင်းတစ်ခုလုံးကို ရှင်းလင်းသွားသည်။ ထိုကြီးမားလွန်းလှသော ခွာကြီးများကလည်း ထိုစွမ်းအင်နှင့်ရင်ဆိုင်ရသည်နှင့် မြူမှုန်များအလား လွင့်စင်သွားကြသည်။

“အားးးးးးး……”

ဆိတ်အမရက သူ၏ရင်ဘတ်ကိုကိုင်ပြီး နောက်ဆုတ်လိုက်ရသည်။ သူ၏ရင်ဘတ်မှ ရွှေရောင်ရောနေသည့် ကြေးနီရောင်သွေးများက စိမ့်ထွက်လာသည်။ သာမန်လူများ၏သွေးနှင့် ခြားနားသော သွေးတစ်မျိုးဖြစ်နေသည်။

“မင်း…မင်း… မင်း.. မင်း… မင်း…မင်းက ငါ့ရဲ့ခန္ဓာကိုယ်ကို ထိခိုက်အောင်လုပ်ရဲတယ်… ကောင်လေး ငါမင်းကို သတ်မယ်!!

ဆိတ်အမရ၏ရွှေရောင်မျက်နှာဖုံးက ကွာကျသွားပြီးနောက် သူ၏ ပိန်းပိတ်အောင်မှောင်မည်းနေသည့် ဆံပင်များက ပြေလျော့ကာ ဖရိုဖရဲဖြစ်သွားသည်။ သူ၏မျက်နှာကလည်း မုန်းတီးမှုကြောင့် ရှုံ့မဲ့နေ၏။ ဝမ်ချောင့်ကို ဒေါသတကြီး ကြည့်သည်။

ထိုအချိန်တွင် ဆိတ်အမရ၏မျက်လုံးကမူ ရူးသွပ်မှုကြောင့် နီသွားသည်။

******

အပိုင်း(1535)

ဗုန်း ဗုန်း ဗုန်း

ဆိတ်အမရက အံကိုကြိတ်လိုက်ပြီး ဝမ်ချောင်ရှိရာနေရောသို့ ရူးသွပ်နေသော သားရဲတစ်ကောင်ကဲ့သို့ ခုန်ဝင်လာသည်။ ကြယ်တာရာစွမ်းအင်များက လှိမ့်ထွက်သွား၏။ သူသည် သိမ်မွေ့နယ်မြေရှိ အဆင့်မြင့်မားသော စွမ်းအင်များကိုလည်း လက်သီးတစ်ချက်ထဲသို့ အပြည့်ထပ်ထည့်၍ ဝမ်ချောင့်ကို ထိုးသည်။

လေထဲတွင်‌ပေါက်ကွဲသံများက အဆုံးအစမဲ့လောက်အောင် ပေါက်ကွဲထွက်လာသည်။

ထောင်လွှားလွန်းသော အမရများထဲမှ ဆိတ်အမရသည်လည်း လူပေါင်းများစွာ၏အရှေ့တွင် တစ်ခါမှ သွေးမထွက်ခဲ့ဘူးချေ။ သို့သော် ဝမ်ချောင်၏ဓါးက သူ၏ရင်ဘတ်ကို ထိုးခွဲပစ်လိုက်ပြီး နက်ရှိုင်းသောဒဏ်ရာကို ချန်ထားရစ်နိုင်ခဲ့သည်။ ထိုအခြေအနေက သူ၏ရူးသွပ်မှုကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားသည်။

သူ၏ထိုရူးသွပ်မှု၏ လှုံ့ဆော်မှုက ယာယီအားဖြင့် ဆိတ်အမရ၏ စွမ်းအားကို အမြင့်တစ်ခုသို့ တက်သွားစေခဲ့သည်။ သူ၏ သိုင်းများကလည်း ပို၍ပင်အားကြီးမားကာ ပို၍ပင်ခမ်းနားလာပြီး သူ၏အနားတွင် ဝိုင်းထိန်းနေသူအားလုံးကို ခြောက်ခြားသွားစေသည်။

“ပြောင်မြောက်တဲ့ အခွင့်အရေးပဲ”

အံ့အားသင့်စရာကောင်းစွာဖြင့် ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် ပျော်သွားသည်။ ဆိတ်အမရထံမှ ထွက်လာသော တိုက်ခိုက်လိုစိတ်ဆန္ဒက လူအများကြီးကို ဒုက္ခများစေသည်။ အချို့သောသူများဆိုလျှင် တမင်တကာပင် အဝေးမှနေ၍ ရွေးချယ်လောက်သည်။ သို့သော် ဝမ်ချောင်ကမူ ပြောင်မြောက်သော အခွင့်အရေးဟုသာထင်လိုက်သည်။

“မဟာမိတ်အရှင် စုန်၊ ရေနတ်ဘိုးဘေး ငါတို့အတူပေါင်းပြီး ဆိတ်အမရကို သတ်ရအောင်”

ဝမ်ချောင်၏ အသံက ထွက်လာသည်။

“ဆိုးယုတ်တဲ့ကောင်တွေ ဟမ် မင်းတို့ကို မင်းတို့ဘာထင်နေ။လဲ မင်းက ဒီအဖိုးကြီးကို ဘာထင်နေတာလဲ”

ရေနတ်ဘိုးဘေးက ရုတ်တရက် ထအော်သည်။ သူသည် သိုင်းပညာ လောကမှ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ထို့အပြင် မိစ္ဆာလမ်းကြောင်း လျှောက်သောသူများကလည်း အမြဲတစေ အကျိုးအကြောင်း မသိတက်ချေ။ အခြားသောသူများ၏ စကားကို နားထောင်ခြင်းမရှိဘဲ သူတို့လုပ်ချင်ရာကိုသာ လုပ်ကြသည်။

အဆင့်နိမ့် အဖွဲ့ဝင်များကသာ ထိုသို့ဖြစ်နေကြလေရာ သူတို့၏ ခေါင်းဆောင်များကလည်း ချွင်းချက် မဟုတ်ပေ။

ရေနတ်ဘိုးဘေးကသာ သူ၏ အသက်တစ်ဝက်ပင်မရောက်သေးသည့် ကလေး၏ စကာကို နားထောင်မည်ဆိုပါက သူ၏ဂုဏ်သိက္ခာပင် ကျန်တော့မည် မဟုတ်ပေ။

“ရတယ်လေ”

သူ့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်ကလည်း သူ၏ အဖြေကြောင့်လည်း ဒေါသမထွက်သွားပေ။ ထို့အစား ပြုံးပင်ပြုံးပြလိုက်သေးသည်။

“ရေနတ်ဘိုးဘေး ခင်များရဲ့ ဘိုးဘေး ၅၀၀ မဟာမိတ်က အင်အားအကုန်မသုံးမှန်း ငါသိတယ်။ အခြားသူတွေကရော ခင်ဗျားတို့ရဲ့ စိတ်နေသဘောထားအရ ခင်ဗျားတို့က ငါတို့ကို ဒီအနက်ရောင် လူတွေကို ထိန်းထားခိုင်းပြီး ထွက်ပြေးဖို့ အခွင့်အရေးချောင်းချင်နေတာ ဒီလိုဆိုမှတော့လဲ… မဟာမိတ်အရှင်စုန့် ဘိုးဘေး ၅၀၀ မဟာမိတ်ကို လျစ်လျူရှုရအောင်။ ငါတို့အတူပူးပေါင်းပြီး သမင်အမရကို အတူရင်ဆိုင်မယ်။ ဒီတာဝန်ကိုတော့ ဘိုးဘေး ၅၀၀ မဟာမိတ်ကို လွှဲထားလိုက်ရအော။င် ငါသေချာတယ် ဒီဆိတ်အမရဲ့ အမရကလည်း ဘိုးဘေး ၅၀၀ မဟာမိတ်အဖွဲ့ဝင်ကို သတ်ပြီး ငါ့တို့ကို လာပြီး ရင်ဆိုင်လိမ့်မယ်”

ဝမ်ချောင်၏ စကားက ရေနတ်ဘိုးဘေး၏ မျက်နှာကို ရှက်ရွံ့သွားစေသည်။ စုန့်ယွမ်ယွီကသာ ထိုသို့ပြောခဲ့လျှင် ဂရုထားမည်မဟုတ်ပေ။ အကြောင်းမူကား စုန့်ယွမ်ယွီက ထိုသို့လုပ်နိုင်မည်ဟု မယုံကြည်သောကြောင့်ဖြစ်သည်။ သို့သော် ထိုကောင်စုတ်လေးကမူ ထိုသို့ လုပ်နိုင်နေသည်။

“မျိုးမစစ်ကောင်”

ရေနတ်ဘိုးဘေး၏ နှလုံးသားက မုန်းတီးမှုများဖြင့် ပြည့်နှက်သွားသည်။ သူသည် ဝမ်ချောင်ကို ဘာမှ မလုပ်နိုင်ပေ။

“ကောင်းပြီ ဒီအဖိုးကြီးက လာပေးမယ်”

ရေနတ်ဘိုးဘေးကလည်း ချက်ချင်းဆိုသလို ဆိတ်အမရဆီ ခုန်ဝင်သွားသည်။

ထိုအချိန်တွင် ဆိတ်အမရကမူ သူ၏ ဗိုက်ထဲတွင် ဒေါသများက ပေါက်ကွဲထွက်လာသည်ဟာ ခံစားရသည်။ သူသည်လည်း ဒေါသထွက်ပြီး ရူးသွပ်လာသည်။ သို့သော်သူဟာ မကန်းသေးပေ။ နားလည်း ကြားရသေးသည်။ ဝမ်ချောင်နှင့် အခြားသောသူများက သူ၏ မျက်စိရှေ့တွင်ပင် သူ့ကို သက်ပစ်ရန် ညှိနှိုင်းနေခြင်းက သူ့ကို ပြင်းထန်သည့် အရှက်ခွဲခြင်းဖြစ်သည်။

“ငါ့အတွက် သေကြစမ်း”

ဆိတ်အမရက ပြင်းထန်းစွာ ထိုသုံးယောက်ကို လက်သီးဖြင့် ထထိုးသည်။ အဆင့်မြင့်သော စွမ်းအင်များက ဆူနာမီ လှိုင်းလုံးကဲ့သို့ ပြင်းထန်လာသည်။

ဗုန်း

သို့သော် ထိုအခိုက်အတန့်တွင် သူတို့၃ယောက်က မတူညီသော ဦးတည်ရာဘက်မှ ခုန်ဝင်လိုက်သည်။ ကြိုတင်ပြင်ဆင်ထားသလိုမျိုးပင် ခုန်အုပ်လိုက်သည်။

သူ ငါးအစာဟပ်ပြီ။

စုန့်ယွမ်ယွီ၏ မျက်လုံးကအရောင်များဖြင့် လက်သွာသည်။ သူသည်လည်း ဆိတ်အမရ၏ ဖောက်ခွဲမှုပြင်းထန်သော ဒေါသများမှတဆင့် ဆိတ်အမရဟာ ထောင်ချောက်ထဲသို့ ကျသွားမည်ဖြစ်ကြောင်းသိသွားသည်။

ဗုန်း

ဓါးချီတစ်တန်းက ဆိတ်အမရ၏ နောက်ကျောကို လှီးဖြတ်လိုက်ပြီးနောက်တွင် နက်ရှိင်းသော ဒဏ်ရာကြီးကို ချန်ထားရစ်လိုက်လေရာ ဆိတ်အမရကို နာကျဉ်စွာ အော်ဟစ်စေလေသည်။

တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် လေးကြိမ်…

စုန့်ယွမ်ယွီ၊ ဝမ်ချောင်၊ ရေနတ်ဘိုးဘေးတို့က ဖော်ပြရန်ခက်ခဲသော ပေါင်းစပ်တစ်မျိုးနှင့် အတူပူးပေါင်းလုပ်ဆောင်ကာ ဆိတ်အမရ၏ ဒေါသကြောင့် ထွက်ပေါ်လာသည့် ယာယီအားနည်းမှုကို အခွင့်ကောင်းယူပြီး သူ့အား ဆက်တိုက်ဆိုသလို ခုခံသည့်အနေအထားအဖြစ်တွန်းပို့လိုက်သည်။

ခြေတစ်လှမ်းလွဲမှားသွားခြင်းက မြေကို ပြိုစေနိုင်သည်။ ဆိတ်အမရသည် ယခုအခါ ဒီရေကို ပင် ပြောင်းပြန်လှန်၍ မရတော့ဘဲ ပိတ်မိသွားလေသည်။

ဇွတ် ဇွပ် ဇွပ်

ဆိတ်အမရ၏ ခန္ဓာကိုယ်က သွေးများပန်းထွက်လာသည်။ ပြင်းထန်သည့် ရိုက်ချက်နှင့် ခုက်ချက်တစ်ချက်ချင်းဆီတိုင်းက သွေးများကို ပန်းထွက်စေသည်။ တစ်ခဏခန့်သာ ကြာသေးသည်။ ဆိတ်အမရ၏ ခန္ဓာကိုယ်က သွေးအလိမ်းလိမ်းဖြစ်လာပြီး ကြယ်တာရာစွမ်းအင်များက ခပ်မြန်မြန်ထိုးကျလေသည်။

ဝမ်ချောင် အနေဖြင့် ဆိတ်အမရကို ဖိနှိပ်ရန် လွယ်သည်။ သို့သော်သူ၏ ခန္ဓာကိုယ်ကို ဒဏ်ရာအများကြီးလုပ်ရန် ခက်ခဲသေးပြန်၏။ သို့သော် သူ၏အကျိုးအကြောင်း ပျောက်ဆုံးသွားခြင်းက ထိုသုံးယောက်ထက်ပင် ထိုးကျသွားစေသည်။ ထိုသို့ဖြင့် အရှုံးက အချိန်တစ်ခုသာ လိုတော့သည်။

အခြားတစ်ဖက်ခြမ်းမှ သမင်အရသည် ရှန့်ကွမ်းထင်၊ ဒဏ္ဍာရီလာတစ္ဆေဘိုးဘေး၊ အရိုးနတ်ဆိုးဘိုးဘေးတို့နှင့် ရင်ဆိုင်နေချိန်တွင် ဆိတ်အမရ၏ အခြေအနေကို ရှင်းလင်းစွာသိလိုက်သည်။

သမင်အမရသည် ဆိတ်အမရထက် အင်အားပိုကြီးသည်။ သူနှင့် ရှန့်ကွမ်းထင်တို့၏ တိုက်ပွဲက တစ်ဖက်သက် ရိုက်နှက် ဖိနှိပ်ခြင်းမျိုးသာ ဖြစ်လေသည်။ သို့ရာတွင် သူသည်လည်း ဝမ်ချောင်နှင့် စုန့်ယွမ်ယွီတို့က ဆိတ်အမရကို ရင်ဆိုင်ပြီးသည်နှင့် သူဟာ နောက်ထပ် ပစ်မှတ်ဖြစ်ကြောင်းနားလည်သည်။

“အနူးညံ့ဆုံး ဖဲချက်တွေကို စိပ်ပြီးမာကျောမှုကို လျစ်လျူရှမယ်”

ဝမ်ချောင်၏ ဘက်ခြမ်းမှ ဗျူဟာ အစပိုင်းက အားနည်း သော ဆိတ်အမရကို ရင်ဆိုင်ပြီးမှ သမင်အမရကို ရင်ဆိုင်ရန်ဖြစ်လေသည်။

သို့သော် သူအာရုံစိုက်နေသော တိုက်ပွဲက ကျားအမရနှင့် ပထမမျိုးဆက် ဆက်ခံသူအကြားမှ တိုက်ပွဲဖြစ်နေသည်။

ဘမ်း

ခမ်းနားထည်ဝါသော ဓါးချီနှင့် ပေါင်းစပ်ထားသော ထိုဓါးပျံသောင်းကျော်သည်။ လောကကြီးတစ်ခုလုံးကို ဆုတ်ဖြဲပစ်နိုင်သလိုမျိုး ကျားအမရကို ခုက်ပိုင်းပစ်နေသည်။ ထိုဓါးချီကို ကျားအမရက ကပ်သီးလေး ရှောင်ရှားပြီးသည်နှင့် သူသည် အနောက်ဘက်မှ နံရံနှင့် ဝင်တိုက်မိသွားကာ ကျယ်လောင်သော အသံကြီးကို ထွက်ပေါ်လာစေသည်။

ထိုသို့ဖြင့် ပေ၆၀ နီးပါးခန့်ရှည်ပြီး ၁ ပေခန့်ကျယ်ကာ ၂ပေခန့် နက်သည့် အစင်းကြောင်းရာကြီးက နံရံတွင်ပေါ်ထွက်လာကာ ကျောက်သားများက မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ ပြင်းထန်သော အရှိန်အဟုန်က အနက်ရောင်ဝတ်စုံနှင့် သူများကို ကြောက်ရွံ့သွားစေသည်။ ကျားအမရက အော်ဟစ်သည်။ သူ၏ နှာဖူးမှ သွေးများစီးကျနေသည်။

အမြဲတစေတစ်စုံတစ်ယောက်ထက်ပိုသာသော သူက ရှိနေခဲ့သည်။ ကျားအမရသည်လည်း ဝမ်ချောင်နှင့် အခြားသောသူများ၏ ပတ်ပတ်လည်တွင် ကြမ်းတမ်းစွာ လှုပ်ရှားသွားလာရဲချိန်တွင် သူသည်ပထမ မျိုးဆက်ဆက်ခံသူနှင့် မယှဉ်နိုင်ပေ။

ဘုန်းဘုန်းဘုန်း

ဓါးချီတစ်စင်းပြီး တစ်စင်းက ထွက်ပေါ်လာကာ ကျားအမရကို တိုက်ခိုက်ရင်း အသက်မရှူနိုင်အောင်ဖြစ်စေသည်။

ကျားအမရသည်လည်း အရှန်နှုန်းအရပင်ဖြစ်စေ ခွန်အားအရပင်ဖြစ်စေ အားသာချက်ပင် မရှိတော့ပေ။ ပထမမျိုးဆက် ဆက်ခံသူ၏ ဓါးသိုင်းက လျှင်မြန်ချောမွေ့စွာ ရောက်ရှိလာချိန်တွင် ကျားအမရကမူ တစ်ကွက်ကိုသာ တားနိုင်သည်။ သူသည် ကျန်သော တစ်ကွက်ကို မတားနိုင်တော့ပေ။

ထိုသို့ဖြင့် ကျားအမရသည်လည်း ပေါက်ကွဲသံများနှင့် အတူ ဆက်ခံသူ၏ တိုက်ကွက်များအကြား အာကာသပြင်ထဲတွင် ဝရုန်းသုန်ကားဖြစ်နေကာ တစ်ကြိမ်ပြီးတစ်ကြိမ် ရိုက်မိနေကာ တိုက်မိနေသည်။

သူ့၏မျက်နှာကပင် ဖြူဆုတ်လာသည်။ သူ၏ အသက်ရှူနှုန်းကလည်း အမောတကောဖြစ်လာသည်။ သွေးများကလည်း အဝတ်ထဲမှ စိမ့်ထွက်နေပြီဖြစ်သည်။ ယခင်က ကျားအမရ အနေဖြင့် မကြုံဖူးသော အတွေ့အကြုံပင်ဖြစ်သည်။

ပထမမျိုးဆက်ဆက်ခံသူ၏ ပေါ်ပေါက်မှုက တိုက်ပွဲတစ်ခုလုံကို ပြောင်းလဲစေနိုင်သည်.။

“ဆိတ်အမရ သူတို့ကို မေ့ထားလိုက် လာငါ့ကို ကူညီပြီး ကျားအမရနဲ့ အတူ ပထမမျိုးဆက်ဆက်ခံသူကို ရင်ဆိုင်ကြစို့”

သမင်အမရ၏ အသံက ဟိန်းထွက်လာချိန်တွင် သူ၏ ကြယ်တာရာစွမ်းအင်အားလှိုင်းများကလည်း ချက်ချင်းဆိုသလို လူအုပ်ကို အနောက်ဘက်သို့ တွန်းထုတ်လိုက်သည်။

“အဝါရောင် မာဖလာစစ်သည်တော် မင်းတို့အားလုံး ငါပြောတာနားထောင်စမ်း မင်းတို့ အတက်နိုင်ဆုံးသွားပြီး အဲဒီဖျက်ဆီးခြင်းကလေးနဲ့ အဲဒီသိုင်းပညာရှင်ခေါင်းဆောင်တွေကို ထိန်းထား”

သမင်အမရက ပထမမျိုးဆက်ဆက်ခံသူကို ရင်ဆိုင်ရန် ခုန်ဝင်သွားသည်။

“ အမရတွေက သမင်နောက်ကို လိုက်တယ်”

ရွှေရောင် တိမ်ဆိုင်များက ပေါ်ထွက်လာပြီးနောက်တွင် ကြီးမားသော လက်ခြောက်ဖက်ကလည်း အတွင်းမှ ဖောက်ထွက်လာကာ ပထမမျိုးဆက်ဆက်ခံသူကို ရင်ဆိုင်သည်။

“မကောင်းတော့ဘူး”

ထိုရုတ်တရက် ပြောင်းလဲမှုကြောင့် အားလုံး၏ မျက်နှာက တင်းမာသွားသည်။

သမင်အမရသည် အားလုံးမျော်လင့်ထားသည့်အတိုင်း အခြေအနေကို လျှင်မြန်စွာဖမ်းဆုပ်မိလိုက်၏။ သူသည်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ပထမမျိုးဆက် ဆက်ခံသူကို ကိုင်တွယ်နိုင်ပြီးသည်နှင့် ဝမ်ချောင်တို့ဟာ စိုးရိမ်စရာမလိုတော့မှန်းသိနေသည်။ သူ၏ စီရင်ချက်ကလည်း လုံးဝမှန်ကန်သည်။

သမင်အမရ၏ သတိပေးချက်က ဆိတ်အမရကို သတိပြန်ဝင်သွားစေသည်။

ဗုန်း

သူဟာ ဝမ်ချောင်၏ ဓါးချက်တစ်ချက်ကို ရင်ဆိုင်ပြီးနောက် စုန့်ယွမ်ယွီ၏ လက်ဝါးရိုက်ချက်ကို ရင်ဆိုင်လိုက်ရလေသည်။

ဗွက်

သူဟာသွေးအန်လိုက်သည်။ သို့သော် ထိုပြင်းထန်သော ဒဏ်ရာကြောင့် သူသည် သမင်အမရ၏ နောက်မှ လိုက်ကာ ပထမမျိုးဆက် ဆက်ခံသူကို သွားရောက်တိုက်ခိုက်သည်။

“သူတို့ကိုတား”

ဝမ်ချောင်၏ မျက်နှာက ဖြူစုတ်သွားသည်။ သမင်အမရ၏ အကြံကသာ အောင်မြင်သွားခဲ့သော် သူတို့အားလုံးက အဆုံသတ်ရပေလိမ့်မည်။ ပထမမျိုးဆက် ဆက်ခံသူဟာ တစ်ချိန်တည်းပင် သိမ်မွေ့နယ်မြေမှ သိုင်းပညာရှင်သုံးယောက်ကို ရင်ဆိုင်နိုင်စွမ်းမရှိကြောင်း ဝမ်ချောင်ကလွဲ၍ မည်သူကမှ မသိနိုင်ပေ။

ခွပ် ခွပ် ခွပ်

ဝမ်ချောင်၊ စုန့်ယွမ်ယွီ၊ ရေနတ်ဘိုးဘေး၊ ဒဏ္ဍာရီလာတစ္ဆေဘိုးဘေး မိစ္ဆာဧကရာလူအိုကြီးမာန်နှင့် ကျန်သောသူတိုင်းက သမင်အမရနဲ့ဆိတ်အမရကို ဝိုင်းရန်ကြံစည်သည်။

သို့သော် သူတို့ကလည်း မဝိုင်းနိုင်သေးခင် မြေပြင်မှ ဖောက်ခွဲသံများက ထွက်ပေါ်လာသည်။

လူတစ်ယောက်က ထအော်သည်။

“ဟွန်း ထွက်သွားဖို့ မတွေးနဲ့”

ကြီးမားသော အဝါရောင် မြေသားလက်ကြီးတစ်လုံးက မြေသားထဲမှ ထိုးထွက်သွားသည်.

အဝါရောက်မာဖလာစစ်သည်တော်က လှုပ်ရှားလိုက်သည်နှင့် အမျှ ဝါးခမောက်ဆောင်းထားသော လူ၃ ယောက်၊ အနက်ရောင်ဝတ်စုံနှင့် များအားလုံး ကလည်း လှုပ်ရှားကြသည်။ သူတို့သည်လည်း ဝမ်ချောင်တို့၏ အဖွဲ့ကို တားရန်ကြိုးစားသေးသည်။

သူတို့သည်လည်း ဝမ်ချောင်တို့၏ အဖွဲ့ကို အတက်နိုင်ဆုံးတားရန်ကြိုးစားသည်။

သူတို့၏မျက်လုံက ဝမ်ချောင်ကို မြင်သော အခါ ဝါးဦးထုပ်နှင့် လူသုံးယောက်က ရှင်းရှင်းလင်းလင်းကို ကြောက်နေသည်။ ဝမ်ချောင်၏ ယခင်က တိုက်ကွက်များကလည်း သူတို့၏ နှလုံးသားထဲတွင် အရိပ်ဆိုးများကို ချန်ရစ်နိုင်ခဲ့သည်။

သို့သော် ယခုအခါ ထိုကိစ္စများကို စိုးရိမ်နေချိန်မဟုတ်ချေ။

“မြေကမ္ဘာရဲ့ဒေါသ”

“လေဟာနယ်ကြီးချေလှမ်း”

“အသူရာချောက်အစွန်း”

ဝါးဦးထုပ်နှင့် လူသုံးယောင်အပြင် အလားတူသော အင်အားမျိုးကို ပိုင်ဆိုင်ထားသည့် အခြားသော သိုင်းပညာရှင် ၇ယောက် ၈ ယောက်ခန့်က ဝမ်ချောင်တို့ ရှိရာဘက်သို့ တိုးဝင်လာသည်။

သူတို့သည် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်နှင့် ဆိုးယုတ်သောလမ်းကြောင်း လျှောက်သည့် ကျွမ်းကျင်ပညာရှင်များက ပြင်းထန်သော တိုက်ပွဲကို ရင်ဆိုင်နေခဲ့ရာမှ ထိန်းချုပ်ပေးမည့် မရှိသောအခါ အခြားသော အနက်ရောင်ဝတ်စုံနှင့် သူများအားလုံးက လွင့်ထွက်ကုန်သည်။

“အား”

လေထဲတွင် အော်ဟစ်သံများက ထွက်ပေါ်လာသည်။ အနက်ရောင်ဝတ်စုံနှင့် လူပေါင်းများစွာက သေဆုံးကြ၏။

သို့သော် ယခုအချိန်က ဝါးဦးထုပ်နှင့် ၃ယောက်၏ မျက်မှောင်ကိုပင် မကျုံ့စေနိုင်တော့ပေ။ ထိုသာမန်အဖွဲ့ဝင်များက အရေးမကြီးပေ။ သူတို့က မည်မျှသေဆုံးစေကာမူ ဒီတာဝန်ကို ပြီးမြောက်သမျှ အဆင်ပြေနိုင်သည်။

“သေချင်နေတာပဲ”

အနက်ရောက်ဝတ်စုံနှင့် လူများအားလုံးက သူ့ဆီပြေးဝင်လာကြောင်းမြင်သောအခါ ဝမ်ချောင်က ချက်ချင်းဆိုသလို ဓါးကိုလွှဲယမ်းပစ်လိုက်သည်။

******

All Chapters