← Chapters

အခန်း (၁၅၃၆-၁၅၄၀)

Vol. 92 Ch. 1536-1540

အခန်း (၁၅၃၆-၁၅၄၀)

Vol. 92 Ch. 1536-1540

အပိုင်း(၁၅၃၆)

ဗုန်း! ဗုန်း! ဗုန်း!

အဝါရောင်မာဖလာစစ်သည်တော်နှင့် အခြားသော အနက်ရောင်ဝတ်စုံနှင့်လူများသည် ဝမ်ချောင်၏ ဓါးကြောင့် လွင့်ထွက်သွားပြီး ကျောက်သားနံရံကို ဆောင့်တိုက်မိကြသည်။ စုန့်ယွမ်ယွီနှင့် အခြားသောသိုင်းပညာရှင်များကလည်း သူတို၏အနီးနားရှိ အနက်ရောင်ဝတ်စုံနှင့်လူများကို ရင်ဆိုင်တိုက်ခိုက်နေကြသည်။

သို့သော်ထိုအချိန်တွင် သမင်အမရ၏ပန်းတိုင်က ပြည့်သွားသေးသည်။ အခြားသောအနက်ရောင်ဝတ်စုံနှင့် ခေါင်းဆောင််နှစ်ယောက်က အတူပူးပေါင်းလာကြခြင်းအားဖြင့် ပထမမျိုးဆက်ဆက်ခံသူကို နောက်တန်းမှ ထိန်းထားလိုက်နိုင်သည်။

“ဝမ်ချောင်…!”

စုန့်ယွမ်ယွီက ရုတ်တရက်အော် သည်။ သူနှင့်အခြားသော သိုင်းပညာရှင်များ၏မျက်နှာက ဖျော့တော့နေသည်။

အ‌ခြေအနေက သူတို့ဘက်မှ အခွင့်သာနေခဲ့ရာမှ ချက်ချင်းဆိုသလို ပြင်းထန်သွားပြန်သည်။

သမင်အမရ၏ ဗျုဟာက သူတို့အား အလွန်အမင်း အားနည်းလွန်းသော အနေအထားမျိုးသို့ ရောက်ရှိသွားစေကာ ဘာမှအတတ်နိုင်အောင် ဖြစ်စေသည်။

“ဟွန့် … အရေအတွက်အားသာချက်နဲ့ အနိုင်ကျင့်ဖို့ ကြိုးစားတယ် အဲလောက် မလွယ်ဘူး”

သမင်အမရ၏အကြံက အောင်မြင်သလိုမျိုးထင်ရချိန်တွင် ဝမ်ချောင်၏မျက်လုံးက အေးစက်စွာလက်သွားသည်။

ခြိမ်းးးး

အဝေးမှ တိုက်ပွဲနယ်မြေအတွင်းရှိ အင်အားအကြီးဆုံး တိုက်ခိုက်သူဖြစ်သည့် ပထမမျိုးဆက်ဆက်ခံသူက ရုတ်တရက် စတင်ကာလှုပ်ရှားသည်။

ရုတ်တရက် ပထမျိုးဆက်ဆက်ခံသူသည် တစ်ပြိုင်တည်းလိုလို ဘေးနှစ်ဘက်လုံးကို တိုက်ခိုက်လိုက်ပြီး မျက်စိကျိန်းလောက်အောင် တောက်ပသော ဓါချီက ကျားအမရထံ ထုတ်လွှတ်ပေးလိုက်သည်။ ထိုအချိန်အတွင် ရွှေရောင်ဓါးအလက်သောင်းကျော်က ဆိတ်အမရနှင့် သမင်အမရတို့ထံ ကျိုုင်းကောင်အုပ်အလား ဝင်တိုးသွားသည်။

“ဘာ…”

ဆိတ်အမရနှင့် သမင်အမရတို့က မျက်စိပြူးသွားသည်။ ပထမမျိုးဆက်ဆက်ခံသူသည် သေပြီးသားဖြစ်သည်။ ထို့ကြောင့် သမင်အမရသည်လည်း သူဟာ ထိုသို့တုံ့ပြန်နိုင်မည်ဟု မထင်ထားမိပေ။

“မျိုးမစစ် !!”

သမင်အမ၏စိတ်ထဲတွင် ဝမ်ချောင်၏မျက်နှာက ရုတ်တရက်ပေါ်လာပြီးနောက် သူဟာ ချက်ချင်းဆိုသလို ဆဲရေးသည်။ သူသည် ခေါင်းကိုပင် လှည့်ကြည့်စ ရာမလိုလောက်အောင် ဝမ်ချောင်၏လုပ်ရပ်ဖြစ်မှန်း သိနိုင်သည်။ ဝမ်ချောင်က သူ၏ကြိုးစားအားထုတ်မှုများကို အလဟဿဖြစ်အောင် လုပ်လိုက်ခြင်းဖြစ်သည်။

သူဟာ မည်သို့ပင်တွေးတောနေစေကာမူ နေမင်းတမျှတောက်ပလွန်းသည့် မရေမတွက်နိုင်သော ဓါးပေါင်းမြောက်များစွာက သူနှင့် ဆိတ်အမရတို့ထံသို့ မြန်ဆန်လွန်းသောအရှိန်နှုန်းဖြင့် တိုးဝင်လာလေပြီဖြစ်သည်။

ဝီ…..!

လေထုကပင် စူးရှစွာအော်ဟစ်သည်။ သမင်အမရသည် ‘အမရများက သမင်နောက်ကိုလိုက်တယ်’ဆိုသော သိုင်းကို အကြွင်းမဲ့ အကန့်အသတ်သို့ တွန်းပို့လိုက်ပြီးချိန်တွင် သူနှင့် ဆိတ်အမတို့က ထိုဓါးအုပ်၏ဝိုင်းရံခြင်းကို ခံလိုက်ရလေသည်။

ဗုန်း! ဗုန်း! ဗုန်း!

ပေါက်ကွဲသံများ ဒေါသတကြီးအော်ဟစ်သံများကိုသာ ကြားနေရသည်။ အင်အားအကုန် သုံးထားသောကြောင့် ထိုနှစ်ယောက်အနေဖြင့် ရွှေရောင်ဓါးထောင်ကျော်ကို တားနိုင်ခဲ့သော်လည်း ဝမ်ချောင်၏ပန်းတိုင် ပြည့်သွားသည်။

“ပြိင်ဘက်အပေါ် အခွင့်အရေးကောင်းပဲ”

ဝမ်ချောင်သည် ထိုနှစ်ယောက်ကို ပထမမျိုးဆက်ဆက်ခံသူ၏ မူလအမရဓါးဝင်္ကမ္ဘာက ထိန်းထားသည့်အချိန်ကို အခွင့်ကောင်းယူပြီး ရှေ့ဆီသို့ခုန်ထွက်သွားလိုက်သည်။ သူကိုယ်တိုင်ကပင် မရောက်သွားသေးခင် မရပ်တန့်နိုင်သော ဓါးချီအလင်းတန်းက သူ၏ရှေ့မှကြိုတင်ကာ တိုးဝင်သွားပြီဖြစ်သည်။

ထို့ကြောင့်အခြားသောသူများက ထိုဓါးချီကို မြင်လိုက်ချိန်တွင် ဖြစ်စဉ်ကြီးတစ်ခုလုံး၏ နောက်ကွယ်မှ ကြံစသည်သူဖြစ်သည့် သမင်အမရကို ထိမှန်သွားချိန်ဖြစ်သည်။

ထိုဓါးချီ၏အရှေ့လေထုကပင် အားလှိုင်းများကဲ့သို့လှုပ်ခတ်နေပြီး မှန်လားချောမွေ့သည့် မျက်နှာပြင်ကို ချန်ထားရစ်လေသည်။

အမရ၃ပါးထဲတွင် ဆိတ်အမရက အားအနည်းဆုံးဖြစ်ပြီး ကျားအမရက အင်အားအကြီးဆုံးဖြစ်သည်။ သမင်အမရအတွက်ကမူ သူသည် အလယ်နေရာမျိုးတွင် ဖြစ်သည်။ သူသည် အကိုင်တွယ်ရ အခက်ဆုံးလဲ ဖြစ်နေသေးပြန်သည်။ ဝမ်ချောင်ကသာ လျှင်မြန်စွာ မတုံ့ပြန်ခဲ့လျှင် သူ၏အကြံက အောင်မြင်ကောင်း အောင်မြင်နိုင်လောက်သည်။

“ပုရွက်ဆိတ်လို နိမ့်ကျတဲ့ကောင်… ဒီအတွက်ပေးဆပ်ရမယ်”

သမင်အမရ၏မျက်လုံးက ဒေါသများဖြင့် တောက်လောင်လာသည်။ သူသည်လည်း ဒီစီမံကိန်းတွင် ဖြစ်နိုင်ချေတိုင်းကို ထည့်တွက်ထားသည်။ သို့သော်ဝမ်ချောင်က ချွင်းချက်ဖြစ်နေသည်။

ဝမ်ချောင်၏နတ်ဘုရားနှင့် နတ်ဆိုးသုတ်သင်ခြင်းသိုင်းက အင်အားကြီးမားသော်လည်း သူသည်အလုံးစုံ ကျွမ်းကျင်နေခြင်းမဟုတ်လေချေ။ ထို့ကြောင့် ယခင်တိုက်ပွဲထဲတွင် သူတို့ဟာယှဉ်နိင်သေးသည်။

ဒါကိုဘာလို…. အခုချိန်မှာမှ သမင်အမရကကိုသူ့က ကြောက်နေရမှာလဲ….

ဘမ်းးးး !!!

သမင်အမရ၏အနောက်ဘက်မှ ရွှေရောင်တိမ်စိုင်များက လိမ့်တက်လာပြီး ရွှေရောင်လက်မောင်းများက ထွက်လာသည်။ သမင်အမရ၏ ခန္ဓာကိုယ်ထက်ပင် ကြီးမားနေသေးပြီး သူသည်လည်း မိုကြိုးတမျှလျှင်မြန်ဆန်သည့် အရှိန်နှုန်းနှင့် ဝမ်ချောင့်ကို လက်သီးဖြင့်လှမ်းထိုးသည်။

ဗုန်း! ဗုန်း! ဗုန်း!

ကြယ်တာရာစွမ်းအင် နို့နှစ်ဖြူရောင်အလင်းတန်းက နတ်ဘုရားများကို တစ်ကြိမ်ပြီးတစ်ကြိမ် သုတ်သင်နိုင်သည်။ ထိုကဲ့သို့သောပုံစံမျိုးဖြင့် လက်မောင်း၃ဖက်ကို ရင်ဆိုင်နေခဲ့သည်။ သူတို့၏တိုက်ပွဲက အာကာသပြင်ကိုပင် လှီးဖြတ်နေသလိုမျိုးဖြစ်နေသည်။ ထိုနေရာကြီးတစ်ခုလုံးကို ဝေဝါးကာ ပုံပျက်ပန်းပျက် ဖြစ်နေသေးသည်။

“ကောင်လေးမင်းရဲ့အသက်ကို အပ်စမ်း ”

သမင်အမရက အော်ဟစ်လိုက်သည်။ သူသည်လည်း သူ၏လှုပ်ရှားမှုတိုင်းကို အသုံးပြုပြီး ဝမ်ချောင်ကို သတ်တော့မည့်အချိန်တွင်…..

ဟစ်….!

လေထုကိုထိုးခွဲကာ ဝင်ရောက်လာသည့် ခရမ်းရောင်မိုးကြိုးတန်းက ဖျတ်ခနဲလက်ပြီး သမင်အမရ၏ ခန္ဓာကိုယ်အတွင်းတွင် တိုးဝင်သွားသည်။

“မကောင်းတော့ဘူး!”

သမင်အမရ၏မျက်နှာက ဖြူစုတ်သွားသည်။ သူ၏ခန္ဓာကိုယ်ကိုကလည်း ဖြူစုတ်သွားပြီး ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။ သူ၏ချောမွေ့လွန်းသော လှုပ်ရှားမှုများက သေးငယ်သော အခိုက်အတန့်တစ်ခုတွင် ရပ်တန့်သွားပြီးနောက်တွင် သူ၏ကြယ်တာရာစွမ်းအင်များက အမှီမလိုက်နိုင်ကြတော့ချေ။ ထိုသို့ဖြင့် ယာယီအားဖြင့် အားနည်းချက်များ ပေါ်လာသည်။

ဘမ်းးးးး

တစ်ခဏခန့်ကြာပြီးနောက် တစ်လောကလုံးက နေ့အလားလင်းထိန်သွားသည်။ နတ်ဘုရားနှင့် နတ်ဆိုးသုတ်သင်ခြင်းသိုင်းမှ ဓါးချီများက ကောင်းကင်ဘုံကိုပင် ထိုးဖောက်၍ မြန်ဆန်သောအရှိန်နှုန်းနှင့်အတူ ပြန်လည်ပြီး ဆင်းသက်လာသည်။

ယခင်နှင့်အတူညီသည်မှာ ထိုမျက်စိကျိန်းဖွယ်တောက်ပသော ဓါးချီသည် ခရမ်းရောင်အရိပ်နှင့် စွန်းထင်းနေသည်။ တစ်ခဏခန့်ကြာပြီးနောက် ထိုပေါင်းစပ်မှုတိုက်ကွက်က သမင်အမရ၏ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည်။

ဝုန်း!!!

သမင်အမရသည် ကျည်ဆန်ကြီးတစ်ခုအလား အနောက်ဘက်မှ ကျောက်သားနံရံနှင့် ဝင်ဆောင့်တိုက်မိသွားသည်။

“ဒါက….”

ဝမ်ချောင်က မျက်လုံးပြူးသွားပြီး တစ်စုံတစ်ရာက ထူးဆန်းသည်ဟု ခံစားရသည်။ သမင်အမရသည် သူမျှော်လင့်ထားသည်ထက် မြန်ဆန်လွန်းစွာ ရှုံးသွားသည်။

ထို့အပြင် ဝမ်ချောင်က သူ၏မူလအမရဓါးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာက ခြားနားနေမှန်း သိလိုက်သည်။

ဝမ်ချောင်သည် မူလအမရဓါးကိုယူခဲ့ချိန်က မူလအမရသိုင်းကဲ့သို့ စွမ်းအင်ပေါင်းများစွာကို သယ်ဆောင်နိုင်ပြီး ထိုမူလအမရသိုင်းမှ စွမ်းအင်များနှင့် တူညီသော စွမ်းအားများကို ထုတ်နိုင်ခဲ့ရုံသာ လုပ်နိုင်ခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင်မူ ဝမ်ချောင်သည်လည်း ဓါးအတွင်းမှနောက်ထပ် နက်ရှိုင်းစွာမြုပ်နေသော စွမ်းအားတစ်ရပ်ကို တွေ့လိုက်သည်။

ထို့အပြင် ထိုစွမ်းအားကလည်း သာမန်အဆင့်မြင့်စွမ်းအင်လောက် မရိုးရှင်းပေ။

ဝုန်းးး

ဝမ်ချောင်သည် သူ၏စိတ်စွမ်းအင်တစ်မျှင်ကို မူလအမရဓါးထဲသို့ ပို့လွှတ်ကြည့်လိုက်သည်။ အတွင်းအနက်ပိုင်းတွင် ဝမ်ချောင်ဟာ ရှေးဟောင်းစွမ်းအင်များ ပြည့်နှင်နေသောအမိုးခုံးကြီးတစ်ခုကို မြင်လိုက်ရသည်။ ထိုအမိုးခုံးကြီး၏အတွင်းတွင် အနက်ရောင်စကားလုံးများက ပျံသန်းကူးခတ်နေသေးပြီး ငှက်စည်းတံဆိပ် ကျမ်းစာပိုဒ်ထက်ပင် ပို၍ရှေးကျသော စာပိုဒ်မှစာသားများ ဖြစ်ပေါ်လာသည်။

ဝမ်ချောင်ပင် ထိုစကားလုံးများကို အရင်ကမမြင်ဖူးချေ။

“ကံကြမ္မာကျောက်တုံး… ဒီစကားလုံးတွေကို ဘာသာပြန်”

ဝမ်ချောင်က တုံ့ဆိုင်းမနေဘဲ ကံကြမ္မာကျောက်တုံးကိုဆင့်ခေါ်လိုက်သည်.။

“ဆင့်ခေါ်သူအနေနှင့် ကံကြမ္မာစွမ်းအင်အမှတ် (၂)သောင်းကို သုံးရပါမယ် ဘာသာပြန်မှုစတင်ပါပြီ”

“ဘာသာပြန်ခြင်းဖြစ်စဉ်….. ဒါကအင်အားကြီးတဲ့ ရှေးဟောင်းစည်းတံဆိပ်ပဲ”

နောက်ဆုံးတွင် ကံကြမ္မာကျောက်တုံးက ခံစားချက်မဲ့ကာ အေးစက်သောအသံမျိုးဖြင့် ဘာသာပြန်ပေးလိုက်သည်။

“စည်းတံဆိပ်ကိုယ်ပိုင်စကားလုံးတွေက…. ‘မိုးကြိုးစွမ်းအား :ဆက်လက်ပြီးဘာသာပြန်နေ…’ ”

“မိုကြိုးစွမ်းအား ဟုတ်လား”

ဝမ်ချောင်ကပင် တစ်ခဏခန့်ကြောင်သွားသည်။ သို့သော် ဝမ်ချောင်က ဆက်လက်ပြီး မတွေးတောနိုင်သေးခင် ကြီးမားသောရွှေရောင် လက်သီးကြီးတစ်လုံးက ဝမ်ချောင့်ကို လာထိုးသည်။ ထို့အပြင် လက်မောင်က ယခင်လက်မောင်းများထက် တုတ်ခိုင်ပြီး သန်မာသည်။

“လက်သီးချက်၃ခု”

နီးကပ်လာသော လက်မောင်းတစ်ခုကို မြင်ရသောအခါ ဝမ်‌ချောင်က တစ်ချက် ရှောင်လိုက်သည်။ သူသည် ချက်ချင်းဆိုသလိုပင် နတ်ဘုရားနှင့် နတ်ဆိုးသုတ်သင်ခြင်းသိုင်း၏ ဒုတိယအကွက်ကို ထုတ်သုံးလိုက်သည်။

နတ်ဆိုးနတ်ဘုရားသုတ်သင်ခြင်း

ဝမ်ချောင်၏အနောက်ဘက်မှ ကောင်းကင်ကိုပင်လှုပ်ခါနိုင်သော ဓါးချီ၃စင်းက ထွက်လာသည်။ ထိုဓါးချီ၃တန်းကပေါ်လာသည့် အခိုက်အတန့်တွင်ပင် တစ်လောကလုံးကထူခြားစွား အော်ဟစ်ငိုညည်းရသည်။ ဝမ်ချောင်၏ ခြေထောက်အောက်ဘက်ရှိ အာကာသပြင်ကစတင်ကာ ရှုံ့တွလာလေပြီး မရေအတွက်နိုင်သော နတ်ဘုရားနှင့် နတ်ဆိုးအလောင်းများ ပုံနေသောမြင်ကွင်းကို ထုတ်ပြသည်။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည် လောကမှ ကြောက်စရာအကောင်းဆုံးသော ပျက်သုဉ်းခြင်း နတ်ဆိုးတစ်ပါးကဲ့သို့ ထင်ရသည်။ သူသည် ကြောက်စရာကောင်းဆုံး‌သော တည်ရှိမှုအသွင်ဖြစ်သွားသည်။

“ ဘာ…”

သမင်အမရက အလန့်တကြားဖြင့် မျက်နှာကဖြူစုတ်သွားသည်။ သူသည်လည်း ဝမ်ချောင်ထို့ကဲ့သို့ တိုက်ကွက်သုံးသည်အား မြင်ဖူးသည်။ သို့သော် အကြောင်းပြချက်များကြောင့်လားမသိ ထိုအကွက်သည်ယခင်က အကွက်များတိုင်းထက် အင်အားကြီးမားလွန်းနေပြီး ကြောက်စရာ ကောင်းလွန်းနေသည်ဟု ခံစားနေရသေးသည်။

ဓါးချီ၃စင်းက ပေါင်းစပ်သွားလေပြီ။ ဆိတ်အမရ၏ရွှေရောင် လက်မောင်းကလည်း မဆင်းသက်လာနိုင်သေးခင် ထိုတိုက်ကွက်စွမ်းအားကြောင့် သုတ်သင်ရှင်းလင်း ခံလိုက်ရသည်။ ဓါချီကမူ သက်ရောက်ခံရခြင်းမရှိလေဘဲ သမင်အမရထံသို့ တစ်ဖြောင့်တည်း ထိုးဖောက်ဝင်ရောက်သွားလေပြီး သူ၏ခန္ဓာကိုယ်က အဝေးရှိကျောက်သားနံရံထဲသို့ ထိုးကပ်သွားစေသည်။ ထိုသို့ဖြင့် သံရိုက်ထားသကဲ့သို့ ထိုနေရာတွင် ကပ်သွားသည်။

ဝှစ်!!!

သမင်အမရ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီးနောက်တွင် သူ၏ပါးစပ်မှ ရွှေရောင်စွန်းထင်းသွားသော ကြေးနီရောင်သွေးများက စီးကျလာသည်။ သူ၏ကြယ်တာရာစွမ်းအင်များကလည်း လျှင်မြန်စွာ မှေးမှိန်ပျောက်ကွယ်လာပြီး အရှိန်အဝါက ထိုးကျသည်။ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့ရသည့်အပြင် ယခုတိုက်ကွက်ကလည်း သမင်အမရအပေါ် ပြင်းထန်သည့်ထိုးနှက်ချက်ကြီး ဖြစ်သွားစေသည်။

“ချီဓာတ်..”

ဝမ်ချောင်သည် သမင်အမရကို လက်ဗလာဖြင့် ဖိနှိပ်ထားသောအခါ ရှန့်ကွမ်းထင်၊ စုန့်ယွမ်ယွီ၊ ရေနတ်ဘိုးဘေးနှင့် အခြားသောသူများအားလုံးကလည်း အတူတကွပူးပေါင်းကာ ဆိတ်အမရကို တိုက်ခိုက်နေချိန်ဖြစ်သည်။

ပုရွက်ဆိတ်မြောက်များစွာပေါင်းလျှင် ဆင်တစ်ကောက်ကိုတောင် သေအောင် ကိုက်သတ်နိုင်သေးသည်။ ဆိတ်အမရသည်လည်း သူ၏ယခင်တိုက်ပွဲများအတွင်းတွင် သိမ်မွေ့နယ်မြေမှ စွမ်းအင်များကို အမြောက်အများသုံးကာ ကုန်ခမ်းလုနီးပါးဖြစ်နေသည်။ သူသည် ယခုအခါ အဝိုင်းခံလိုက်ရသည်။ သူသည်လည်း ရန်သူများကိုရင်ဆိုင်ရန် ပြင်ပြင်းထန်ထန် ဖိအားပေးခံနေရပြီး သူ၏အရှိန်နှုန်းက သိသာနေသည်။

“မင်းသောက်ကျိုးနည်း ပုရွက်ဆိတ်ကောင်… ဟမ်! နတ်ဘုရားတွေကကို ဖီဆန်ရဲတာလား။. ငါ မင်းတို့ကို အစိပ်အမွှာဖြစ်အောင် ဆုတ်ဖြဲပစ်မယ်”

ဆိတ်အမရက သူ၏ပတ်ဝန်းကျင်မှ ဆင်းသက်လာသော တစ်ကွက်ပြီးတစ်ကွက်ကို ရင်ဆိုင်ကာ ဒေါသတကြီး အော်ဟစ်နေသည်။

ဒီတာဝန်က သူ၏တာဝန်ဘယ်သောအခါမှ မဟုတ်ခဲ့ပေ။ သူသည် ဒီနေရာရောက်လာသည်မှာ သမင်အမရက သူ့ကို ဆင့်ခေါ်ခဲ့သောကြောင့် ဖြစ်သည်။ အဖွဲအစည်းအတွင်းတွင် ဆိတ်အမရသည် ထောင်လွှားပြီး သူ၏လက်အောက်မှသူများကလည်း သူ့ကို ရိုသေကြောက်ရွံ့ကြသည်။ ထို့ကြောင့် မည်သည့်သေမျိုးကမှ ဒီအဆင့်ထိရောက်အောင် သူ့ကို ဖိအားမပေးနိုင်ခဲ့ဘူးပေ။

ဗုန်း!!!

ပုံရိပ်တစ်ခုက သူ၏နံဘေးမှ ဖြတ်ပျံသွားပြီးနောက်တွင် သူ၏အနောက်ဘက်ရှိ ကျောက်နံရံထဲသို့ ဆောင့်ဝင်သွားသည်။

“သမင်အမရ…!!”

ဆိတ်အမရသည်လည်း ဝမ်ချောင်က သမင်အမရကို လွင့်ထွက်သွားစေအောင် လုပ်နိုင်ကြောင်း မြင်သောအခါ သူ၏ခန္ဓာကိုယ်က ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားသည်။

“ဒီလူရမ်းကားကောင်ကတော့”

ဆိတ်အမရသည် ဝမ်ချောင်ကို တစ်ချက်ကြည့်သည်။ တစ်ဖက်သူက အချိန်ကြာလာသည်နှင့်အမျှ အင်အားကြီးသသည်ထက် ကြီးမားလာနေကြောင်း မြင်ရသောအခါ သူ၏မျက်နှာကလည်း ဖြူဖျော့လာသည်။

******

အပိုင်း (1537)

ထိုအခြေအနေက အနက်ရောင်ဝတ်စုံနှင့်လူများအတွက် အလွန်အမင်း တင်းမာနေသော အနေအထားမျိုးဖြစ်နေသည်။ အထူးသဖြင့် သမင်အမရနှင့် ဆိတ်အမရတို့ကို ဝမ်ချောင်နှင့် စုန့်ယွမ်ယွီ၏အဖွဲ့တို့က ဖိနှိပ်ထားသောအားဖြင့် အောက်ဘက်မှ အနက်ရောင်ဝတ်စုံနှင့်လူများ၏ တိုက်ခိုက်လိုစိတ်ဆန္ဒကို ထိုးကျစေသည်။

“အားးးး !!”

ဖြောင့်မတ်မှန်ကန်ခြင်းအဖွဲ့မှ ကျွမ်းကျင်ပညာရှင်များနှင့် ဆိုးယုတ်သော လမ်းစဉ်လျှောက်သည့် ကျွမ်းကျင်ပညာရှင်များက အတူတကွပူးပေါင်းပြီး အနက်ရောင်ဝတ်စုံနှင့်လူများကို အုံလိုက်ကျင်းလိုက် တိုက်ခိုက်သတ်ဖြတ်နေလေသည်။

ထိုသို့ဖြင့်မြေပြင်တွင် သွေးမြစ်ကပင် စီးဆင်းနေပြီဖြစ်သည်။ ကျွီပိုင်မီးတောက်နှင့် မာရာမီးတောက်တို့ကပင် သိုင်းပညာရှင်များကို မတားနိုင်တော့ပေ။

“သူတို့ကိုသတ် !!”

“ဒီမျိုးမစစ်တွေကို ခုတ်သတ်ကြစမ်းပါ !!”

“မကြောက်နဲ့ သူတို့က ကြိုးအစွန်းကို ရောက်နေပြီ၊ သခင်လေးဝမ် ရှိနေသေးသမျှ ဒီကောင်တွေ ငါတို့ကို မယှဉ်နိုင်ပါဘူး”

ဝမ်ချောင်သည်လည်း ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်နှင့် ဆိုးယုတ်သောလမ်းကြောင်းလျှောက်သည့် ကျွမ်းကျင်ပညာရှင်များအားလုံးဟာ ဒီတိုက်ပွဲ၏ အချက်အချာကျသော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ထားမည်ဟု မထင်ထားမိပေ။ သို့သော် စစ်မှန်သည့်အဖြစ်အပျက် ဖြစ်လေသည်။ ထိုအခါ သူသည် မျက်နှာဖုံးနှင့်လူ၃ယောက်ကို ရင်ဆိုင်ပြီးသည်နှင့် တိုက်ပွဲတွင် အသာစီးရထားသည်။ လမ်းကြောင်းနှစ်ခုလုံးမှ သိုင်းပညာရှင်များသည်လည်း လှုံ့ဆော်ခံရလေပြီး အင်တိုက်အားတိုက် တိုက်ခိုက်နိုင်စွမ်းရည် ရှိလာသည်။

ထိုအချိန်တွင် ဝါးဦးထုပ်နှင့်လူများကမူ ဆိုးရွားစွာ အော်ဟစ်နေကြသည်။ သူတို့သည်လည်း ဒီစီမံကိန်းအတွက်သူတို့၏ လူပေါင်းများစွာကို ထုတ်သုံးလာသည်။ သို့သော် ထိုသိုင်းပညာရှင်များကြောင့် ကြီးမားစွာအထိနာပြီး ဆုံးရှုံးမှုကို ခံနေရလေသည်။ ထိုအခြေအနေက သူတို့ပြန်သွားပြီးသည်နှင့် အရယ်ခံရတော့ပေမည်။

“မျိုးမစစ်ကောင် !!”

အခြားတစ်နေရာမှ တိုက်ပွဲအကြီးဆုံးနေရာမှ ကျားအမရသည်လည်း ထိုအဖြစ်အပျက်များကိုမြင်ပြီး ဒေါသထွက်နေကာ တုန်လှုပ်နေပြီမှာ ကြာပြီးဖြစ်သည်။

သမင်အမရသည် အနည်းငယ် ဒဏ်ရာရသွားသည်။ စိတ်အမရကလည်း လှောင်ပိတ်ခံထားရသည်။ သူ၏မြေပြင်မှလူများကလည်း အလားလုံးက သုတ်သင်ခံရနီးပါးဖြစ်နေသည်။ ထိုအပြင် သူ့ထံသို့ တိုက်ကွက်တစ်ကွက်ပြီးတစ်ကွက် ထုတ်ကာတိုက်ခိုက်နေသော ပထမျိုးဆက် ဆက်ခံသူကလည်း ရှိနေသေး၏။ အရာအားလုံးက ကျားအမရကို အလွန်အမင်း ဒေါသထွက်လာစေသည်။ သူ၏မျက်လုံးကမူ နီလာသည်။ ကျားအမရက အကြံအစည်တစ်ခုကို တွေးတောနေချိန်တွင်….

ချွင်! ချွင်! ချွင်!

ဓါးထောင်ပေါင်းများစွာက အော်ဟစ်ပြီး ရွှေရောင်အလင်းတန်းဖြင့် တောက်ပလာချိန်တွင် ပထမမျိုးဆက် ဆက်ခံသူက တစ်ဖန်ထပ်ပြီး တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။ ကျားအမရသည်လည်း သူ၏ ကြယ်တာရာစွမ်းအင်များအားလုံးကို ခိုင်မာသည့်ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ထိုတိုက်ကွက်ကို နောက်သို့ဆုတ်ရန် တွန်းအားပေးခံရသေးသည်။

ပထမမျိုးဆက် ဆက်ခံသူ၏ တိုက်ကွက်များက အရာအားလုံးကို ဖယ်ရှားရှင်းလင်းနိုင်ပုံရပြီး အင်အားကြီးမားလွန်းသည်။ ထို့အပြင် အာရုံအပြည့် စူးစိုက်ထားပြီး အဆုံးအစမဲ့နေသေးပုံရ၏။ ထိုတိုက်ပွဲတွင် သူဟာ တိုက်ခိုက်သည့်ဘက်တွင်သာ အမြဲတစေရှိနေတတ်ပြီး သူ၏ကြီးမားသော ဟာကွက်ကိုပင် ထုတ်ပြမိနေခြင်းကိုပင် ဂရုမစိုက်နိုင်တော့ပေ။

အမှန်တိုင်းပြောရသော် သူ့အနေဖြင့် ထို့ကဲ့သို့သောကိစ္စမျိုးကို စိုးရိမ်ရန်အလိုအပ်ပေ။ အကြောင်းမူကား သူဟာလွန်ခဲ့သော နှစ်ထောင်ကျော်ခန့်က သေဆုံးသွားပြီးသားဖြစ်သည်။ ကျားအမရကမူ စိုးရိမ်စရာများနေသည်။

ထိုအရာသာမကသေးလေပဲ ပထမမျိုးဆက်ဆက်ခံသူ များက ကျားအမရကို ဆိုးဆိုးရွားရွားဒဏ်ရာရစေခြင်း မရှိသေးသော်လည်း ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံနေရခြင်းက သူ၏သိမ်မွေ့နယ်မြေမှ စွမ်းအင်များကို ကုန်ဆုံးလာသည်။ သူသာ ထိုအတိုင်း ဆက်ဖြစ်ခွင့်ပြုလိုက်ပါက အချိန်တစ်ခုကြာပြီးသည်နှင့် သေဆုံးသွားမည်ဖြစ်သည်။

ဘမ်း!!

ပထမမျိုးဆက်ဆက်ခံသူက တစ်ဖန်ထပ်ပြီး တိုက်ခိုက်လာချိန်တွင် ဓါးများကအော်ဟစ်ပြန်သည်။ ထို့နောက် ကျားအမရအား ကျောက်နံရံထဲသို့ တွန်းထုတ်လိုက်ပြန်သည်။

ခရက်!!

သူဟာ တစ်ဖန်ထပ်ပြီး လွင့်စင်သွားချိန်တွင် ကျားအမရက သူ၏သံမဏိလက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ လက်ချောင်းအဆစ်များက အော်ဟစ်သံများထွက်လာသည်။ ထို့နောက် သူ၏မျက်ဝန်းထဲတွင် အလွန်အမင်း အေးစက်သောအလင်းက လက်လာသည်။

“မင်းတို့… သောက်ကျိုးနည်း လူသားတွေ ဒီအသေကောင်နဲ့ ငါ့ကို တိုက်ခိုက်ခိုင်းလို့ရမယ် ထင်နေတာလား”

လူတိုင်း၏နားအတွင်း အေးစက်ကာကျယ်လောင်သော မိုးချုန်းသံလိုအသံက ပဲ့တင်ထပ်သွားသည်။

ဗုန်းးးးး….

ကျားအမရ၏ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သိပ်သည်းသော စွမ်းအင်များက ရုတ်ချည်းပေါက်ထွက်လာ၏။ ကျားအမရသည် ပထမမျိးဆက်ဆက်ခံသူ၏ ရူးသွပ်သော တိုက်ကွက်များကြောင့် တစ်ကြိမ်ပြီးတစ်ကြိမ် နောက်သို့ တွန်းပို့ခံနေရသည့်အပြင် သူ၏စွမ်းအင်များကလည်း ဆိုးဆိုးရွားရွား ထိခိုက်ဆုံးရှုံးလာသည်။

သို့သော် ထိုအခိုက်အတန့်တွင် သူခန္ဓာကိုယ်က မည်သို့မည်ပုံဖြစ်သွားမှန်းမသိ ယခင်ကထက်အများကြီး အင်အားကြီးသွားသည်။

ထိုရုတ်တရက်အပြောင်းအလဲက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။

ဝုန်း!!

ဝမ်ချောင်က မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး လှည့်ကြည့်လိုက်သည်။

ကျားအမရသည် ပထမမျိုးဆက် ဆက်ခံသူနှင့်ရင်ဆိုင်ပြီး နောက်ဖက်သို့ လွင့်ထွက်သွားခဲ့ရာမှ မျက်စိကျိန်းလောက်အောင် တောက်ပသော ရွှေရောင်အလင်းတန်းများ ခြံရံလျက်သားဖြစ်နေသည်။ ထိုအကာအကွယ်အလွှာ အလင်းတန်းက မာကြောလွန်းသဖြင့် ပထမမျိုးဆက်ဆက်ခံသူ၏ ဓါးချီကိုပင် တားနိုင်နေသည်။

ဓါးထောင်ပေါင်းများစွာက အကာအကွယ်အလွှာကို တိုက်ခိုက်သည်။ သို့သော်မီဖွားများသာ လက်လာ၏။ အမှန်တစ်ကယ် မထိုးဖောက်နိုင်ခဲ့ပေ။

ပထမမျိုးဆက်ဆက်ခံသူ၏ ခမ်းနားထည်ဝါသော ဓါးချီကပင် အနည်းငယ်သာ မှေးမှိန်အောင် လုပ်ဆောင်နိုင်သည်။ ထိုအရံအတားက တစ်ဖန်ပြန်လည်ပြီး လင်းထိန်လာသေး၏။

ဝမ်ချောင်က လှည့်ကြည့်လိုက်ချိန်တွင် သူသည် ကျားအမရ၏နဖူးထံမှ ထွက်နေသော လှုပ်ခတ်နေသည့် အားလှိုင်းသဲ့သဲ့ကို မြင်လိုက်သည်။ အားလှိုင်းများအလယ်တွင်သူက ရှုပ်ထွေးသော ပုဆိန်တစ်လက်ရှိနေကြောင်း ရှင်းလင်းစွာမြင်နေရသည်။

ထိုပုဆိန်လေးက အစွန်းဘက်များက နီရဲနေသည်။ အန္တရာယ်များသော အနီရောင်သန်းနေသည်ကလွဲပြီး ကျန်သောနေရာတိုင်းက ရွှေရောင်ဖြစ်သည်။

“မကောင်းတော့ဘူး”

ဝမ်ချောင်၏မျက်နှာက ဖြူဖျော့သည်။ သူသ ည်ထိုပုဆိန်ကို ယခင်ကမမြင်ဘူးပေ။ သို့သော် ထိုစွမ်းအင်လှိုင်းများကိုမူ မစိမ်းသက်ပေ။

“စတေးခြင်းလက်နက်”

ကျားအမရ၏ နဖူးမှထွက်လာသော သေးငယ်သည့်ပုဆိန်လေးက သူ့အား ပါးကုရှီတု၏ မြေကမ္ဘာဒယ်စောက်အိုးများကဲ့သို့ တူညီသောခံစားချက်ကို ပေးစွမ်းသည်။

ဝမ်ချောင်၏ နှလုံးသားက လေးလံလာပြီး မကောင်းသော ခံစားချက်များက ရလညသည်။

“ဆရာ၊ ရွာသူကြီး၊ အထီးကျန်တိတ်ဆိတ်ဘိုးဘေး၊ မဟာမိတ်အရှင်စုန့် အခြားအရာတွေအားလုံးကို လစ်လျှူရှုပြီး ကျားအမရကိုပဲ တိုက်ခိုက်တော့”

ဝမ်ချောင်က အော်လိုက်သည်။ သူသည်လည်း ဆိတ်အမရကို တွန်းထုတ်လိုက်ပြီးနောက် ကျားအမရဆီ အပြေးသွားသည်။

မိစ္ဆဧကရာဇ်လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီး၊ စုန့်ယွမ်ယွီ၊ ရေနတ်ဘိုးဘေးတို့က ဝမ်ချောင်၏ စကားလုံးများကြောင့် မျက်နှာထား တင်းမာသွားကြကာ ရန်သူတိုင်းကိုဘေးဘက်သို့ ဖယ်ပြီးကျာ်းအမရဆီ အပြေးလာသည်။

ဝမ်ချောင်၏ တုံ့ပြန်မှုက နှေးနေသည်ဟု ပြော၍မရပေ။ သို့သော် ကျားအမရကဲ့သို့ ကျွမ်းကျင်ပညာရှင်မျိုးကို ရင်ဆိုင်ရန် မလုံလောက်သေးပေ။

“ဘယ်သူကမှ ငါ့ကို ဒီလိုအတိုင်းအတာအထိ တွန်းအားမပေးခဲ့ဘူး။ မင်းတို့ပုရွက်ဆိတ်ကောင်တွေအားလုံး သေပေးရမယ်”

ကျားအမရက ဒေါသတကြီးအော်သည်။ သူ၏နဖူးမှ ရွှေရောင်ပုဆိန်က ပူကျိန်းတောက်လောင်လာသည်။

၇လက်မရှိသော အမရပုဆိန်

ထိုအရာသည် ကျားအမရ၏ ထိန်းချုပ်ခံလိုက်ရသည်မှာ ဆုအဖြစ် ရထားသည်မှာ သိပ်မကြာသေးသည့် အလွန်ပင်အင်အားကြီးလွန်းသော စတေးခြင်းလက်နက် ဖြစ်သည်။ အမျိုးမျိုးသောအကျိုးပြုမှုများကို လုပ်ဆောင်ခဲ့ပြီးနောက်တွင် ပြင်းထန်သော အားစိုက်ထုတ်မှုများကြောင့် သူသည်နောက်ဆုံးတွင် ထိုဆုလဒ်ကို ရလိုက်သည်။

သို့သော် ထိုစတေးခြင်းလက်နက်က အလွန်အမင်း အင်အားကြီးမားသော်လည်း သူသည် သိပ်မကြာခင်ကမှ ရရှိထားခဲ့ခြင်းဖြစ်ပြီး အပြည့်အဝမသန့်စင်ရသေးပေ။

ထိုစတေးခြင်းလက်နက်သည် မသန့်စင်ခင် စက္ကန့်ပိုင်းလောက်အသုံးပြု၍ မရချေ။ လက်နက်အနေဖြင့် အလွန်အမင်း အန္တရာယ်များလွန်းသော တန်ပြန်ဒဏ်ကို ခံရနိုင်သည်။ ထိုအတွက်ကြောင့်လည်း ကျားအမရက အသုံးပြုရန်ရည်ရွယ်ချက် မရှိခဲ့ပေ။ သို့သော်သူသည် ယခုမူ ဖိအားပေးခံရသည်။

ဗုန်း!!

ပထမမျိုးဆက်ဆက်ခံသူက နောက်ထပ်တိုက်ကွက်များကို ထုတ်လွှတ်လာသည်နှင့် ကျားအမရ၏မျက်လုံးက အေးစက်စွာလက်သွားသည်။ ၇လက်မအမရပုဆိန်က ရုတ်တရက် အရွယ်အစားဖောင်းကား ကြီးမားလာပြီးနောက် မီတာ၄၀ခန့်ရှည်လာသည်။ သူသည် အရှေ့ဘက်သို့ ယမ်းထုတ်လိုက်သည်။

လေထုကို မိုးကြိုးကပစ်ခတ်ကာ ထိုးဖောင်ဝင်ရောက်သွားသကဲ့သို့ တစ်လောကလုံးကို လှုပ်ခတ်သွားသည်။ ကျားအမရရှိရာနေရာ၏ ၁၀ပေဝန်းကျင်တစ်ခုလုံးက လှုပ်ခါသွားပြီးနောက်တွင် မှန်တစ်ချက် ကွဲအက်သွားသည့်အလား ဖြစ်သွားကာ အနက်ရောင်အစင်းကြောင်းများပင် ပေါ်လာသေးသည်။

အာကာပြင်က ကွဲအက်သွား၍ ကျားအမရက ပုဆိန်ကို ယမ်းလိုက်သည်။

ပထမမျိုုးဆက်ဆက်ခံသူ၏ မူလအမရဓါဝင်္ကမ္ဘာကို ချက်ချင်းလိုလိုကွဲကြေသွားပြီး ဓါးထောင်ကျော်က သတ်ပြစ်ခံရသည်။ အလင်းများအားလုံး ကွဲကြေသွားသည့်အချိန်တွင် သူတို့ဟာ ချောက်ကမ်းပါးထဲသို့ ပြုက်ကျသွားသည်။

“!!!”

ဝမ်ချောင်၊ မိစ္ဆဧကရာဇ်လူအိုကြီးမာန်နှင့် စုန့်ယွမ်ယွီ၏ မျက်နှာက တင်းမာသွားသည်။

“မင်းတို့အားလုံး ဘယ်လောက်လုပ်နိုင်လဲ ငါကြည့်မယ်!”

ကျားအမရက မျက်လုံကို မှေးကျဉ်းလိုက်ပြီး ပထမမျိုးဆ က်ဆက်ခံသူကို ကြည့်ကာ ပုဆိန်ကို ထပ်ယမ်းလိုက်သည်။

ခရက်! ခရက်! ခရက်!

ရေခဲတောင်ကွဲကြေသွားသလိုမျိုး နောက်ထပ် ဓါးထောင်ပေါင်းများစွာကလည်း ပုဆိန်ကြောင့် ကွဲကြေသွားပြန်သည်။

ပထမမျိုးဆက်ဆက်ခံသူက ထုတ်လွှတ်ထားသည့် နို့နှစ်ဖြူရောင် ဓါးချီကပင် ပေါက်ကွဲသွားသည်။

ပုဆိန်တစ်ချက်ယမ်းရုံနှင့်ပင် ကျားအမရက တိုက်ပွဲတစ်ခုလုံးကို ပြောင်းပြန်လှန်ပြီး ဆက်ခံသူကို ဖိနှိပ်နိုင်သည့် အင်အားမျိုးကိုထုတ်ပြသည်။

“ဟွန်း… မင်းတို့…ဘယ်နှစ်ချက်လက်ခံနိုင်လဲ ငါကြည့်ဦးမယ်!”

ထိုအချိန်တွင် ကျားအမရက ပါးစပ်ကိုဟလိုက်ပြီး သူ၏လျှာကိုကိုက်ကာ ထို၇လက်မ အမရပုဆိန်ပေါ်သို့ သွေးကိုပန်းထုတ်လိုက်သည်။ သူ၏သွေးများအားလုံးကို ပုဆိန် ကစုပ်ယူသွားသည်။

ကျားအမရ၏ အဆီအနှစ်သွေးဖြင့် အားဖြည့်ခံရသည့် ၇လက်မ အမရပုဆိန်သည် အရွယ်အစား ဖောင်းကားလာသည်။ ထို့အရာသာ မကသေးပေ။ ထိုပုဆိန်ကြီးထံမှ ပြန်းထန်သော အနီရောင်အစွန်းက သွေးနီရောင်ပြောင်းသွားသည်။

ဘုမ်း!!

ကျားအမရကသူ၏လက်ဖြင့် စည်းတံဆိပ်ကိုထုတ်ဖော်လိုက်ပြီးနောက် လက်ညှိုးကိုညွှန်လိုက်သည်။ ၇လက်မအမရပုဆိန်သည်လည်း တောက်ပသောအလင်းများခြံရံလျက် ပေ၁၀၀ကျော်ခန့်မြင့်မားပြီး ကြီးမားသည့် ပုဆိန်ဓါးသွားကြီးအဖြစ် ပြောင်းလဲသွားကာ ပထမမျိုးဆက်ဆက်ခံသူထံသို့ ခုတ်ယမ်းပြီး ကြားထဲမှလေထုများအားလုံးကို ဖယ်ရှားသည်။ တူညီသောအခိုက်အတန့်တွင်ပင် ဆက်ခံသူက သူ၏ဓါးသိုင်းနှင့် အင်အားတိုင်းကို စုစည်းလိုက်ကာ ကိုယ်ပိုင်တိုက်ကွက်ကို ထုတ်လွှတ်သည်။

ထိုသို့ဖြင့် တိုက်ကွက်နှစ်ခုကဆုံသောအခါ ကောင်းကင်ဘုံကိုပင်လှုပ်ခါစေသော ပေါက်ကွဲသံကြီး ထွက်လာစေသည်။ သို့သော် ယခင်ကတိုက်ပွဲတွင် မင်းမူနိုင်သောဓါးချီက ယခုအခါ ကျားအမရ၏ ၇လက်မအမရပုဆိန်ကြောင့် ခုတ်ထွင်ရှင်းလင်းခြင်းကို ချက်ချင်းလိုလို ခံလိုက်ရသည်။

ကြမ်းတမ်းသော သတ္ထုခြင်းထိခတ်သံသည့်အသံမျိုး ထွက်ပေါ်လာပြီးနောက်တွင် ကြီးမားသောပုဆိန်ကြီး၏ စွမ်းအင်များကြောင့် ဓါး၆ထောင်မှ ၇ထောင်ကျော်ခန့်က ပျက်ဆီးသွားသည်။

ပထမမျိုးဆက်ဆက်ခံသူ ကိုယ်တိုင်ကလည်း ခြောက်ခြားဖွယ်ကောင်းလွန်းသော စွမ်းအင်များကြောင့် ပေ၁၀ခန့်အကွာသို့ လွင့်ထွက်သွားစေသည်။

ဘမ်းးးးး

ထိုဆက်ခံသူက ဖနောင့်ကို ပေါက်လိုက်သည်။ သူသည်လည်း လေထဲတွင်ပင် ရှိနေသေးချိန်တောအတွင်း သက်ရောက်မူကို ပြန်ထိန်းလိုက်နိုင်သည်။ ထိုအကွက်က ဆိတ်အမရကိုဖြစ်စေ၊ သမင်အမရကိုပင်ဖြစ်စေ မျက်နှာထားတင်းမာသွားစေသည်။

သူတို့သည်လည်း ကျားအမရ၏ ၇လက်မအမရပုဆိန်က မည်မျှအင်အားကြီးမှန်း သိသည်။ ကျားအမရသည် သိမ်မွေ့နယ်မြေမှ အမရတစ်ယောက်၏ အဖိုးတန်အဆီအနှစ်သွေးစက်ကိုပင် ထည့်သွင်းကာ အသက်သွင်းထားသေးသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ပထမမျိုးဆက်ဆက်ခံသူက ထိုတိုက်ကွက်ကို ခံနိုင်နေသေးသည်။ ထိုအခြေအနေက ကြောက်စရာကောင်းနေသေးသည်။

“မကောင်းတော့ဘူး”

သို့သော တစ်ခြားတစ်ဖက်ခြမ်းမှ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏ မျက်လုံးက တွန့်သွားသည်။

ပထမမျိုးဆက် ဆက်ခံသူသည် အဆုံးအစမဲ့သော အင်အားများကို ပိုင်ဆိုင်ထားပုံ ပေါ်သည်။ သူသည်လည်း ကျားအမရ၏ တိုက်ကွက်ကိုပင် ထိန်းနိုင်နေပုံပေါ်၏။ ထို့အပြင် ထိုအရာက ထိပ်တန်းအဆင့် စတေးခံလက်နက်ဖြစ်သည်။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏ အချက်အချာကျသော အာရုံခံနိုင်စွမ်းအားကတစ်ဆင့် ပထမမျိုးဆက် ဆက်ခံသူ၏ ကြယ်တာရာစွမ်းအင်များက ကျစ်ကျစ်လစ်လစ်နှင့် ကုန်ဆုံးလာနေကြောင်း သိလိုက်သည်။

ပထမမျိုးဆက် ဆက်ခံသူက ဒီတိုက်ကွက်ကို တားဖို့အတွက် မီးခဲအသက်ဝင်စေခြင်းက ပေးသောစွမ်းအင်အချို့ကို သုံးလိုက်ရသည်။

ဝမ်ချောင်သည်လည်း အဖြစ်အပျက်ကို ချက်ချင်းလိုလို နားလည်လိုက်လေသည်။

******

အပိုင်း (၁၅၃၈)

ဝမ်ချောင်သည် ပထမမျိုးဆက် ဆက်ခံသူကို နိုးထလာသည်အထိ အတင်းအင်အားသုံးခဲ့သည်။ ထိုကြောင့် လက်ရှိအခြေအနေကို သူ့ထက်ပိုပြီး မည်သူကမှ ပိုနားမလည်နိုင်ချေ။

ထိုဆက်ခံသူသည်သာ ကျားအမရကို ထိန်းချုပ်နိုင်သော တစ်ဦးတည်းသော လုပ်နိုင်စွမ်းရည်ရှိသူ ဖြစ်သည်။ သို့သော် ပထမမျိုးဆက်ဆက်ခံသူက ထိုအတိုင်း ဆက်ဖြစ်နေခဲ့သော် သူသည် သိပ်မကြာခင်အချိန်တွင် အသက်စွမ်းအင်များ ကုန်သွားလောက်သည်။ ထိုစဉ် ကျားအမရကကို တားနိုင်မည့် အခြားသောနည်းလမ်းများကို မတွေးနိုင်ခဲ့လျှင် အားလုံးက သေဆုံးရပေလိမ့်မည်။

“ဟား ဟား မင်းလိုနိမ့်ကျတဲ့ လူသားကောင်လေး မင်းတို့မှာ ငါတို့ကို ရင်ဆိုင်ဖို့ ဘာတွေရှိနေသေးလဲ ငါကြည့်ဦးမယ်”

ဆိတ်အမရကလည်း အဖြစ်အပျက်ကို နားလည်ပြီး ကျယ်လောင်စွာ အော်ရီသည်။ သူ၏ ရီသံကို တုန့်ပြန်သည်လားမသိ ကျားအမရက ပုဆိန်ကို ထပ်ရမ်းပြသည်။ ထိုကျယ်ပြောကာ အကန့်အသတ်မဲ့သည့်စွမ်းရည်က ပထမမျိုးဆက် ဆက်ခံသူကို ဝိုင်းရံထားသောကြောင့် သူဟာ ဆန္ဒရှိလျှင်ပင် မပြေးနိုင်တော့ချေ။

ဗုန်း…!!

ထိုပုဆိန်က လွှဲယမ်းနေရင်းနှင့်ပင် အားကစားပြင်ကို တောက်လျှောက် ဆွဲဖြဲလာခဲ့ပုံပေါ်သည်။

ချွင်…!!

သတ္ထုချင်းထိခိုက်သံက ထွက်ပေါ်လာသည်။ ပထမမျိုးဆက် ဆက်ခံသူက ထုတ်ထားသမျှအားလုံးက ပျက်ဆီးခိုင်းပြီးနောက်တွင် ထိုထိုးနက်ချက်မှ ကျန်ရစ်သော ခွန်အားများအား ဆက်ခံသူအား မီတာ ၁၀ ကျော်ခန့်အကွာသို့ လွင့်ထွက်သွားစေသည်။ ဆက်ခံသူ၏ ကြယ်တာရာ စွမ်းအင်များက ထိုးကျနေသည်။ သူ၏ အသက်စွမ်းအင်ကလည်း လေတိုက်သည့် နေရာတွင် ဖယောင်တိုင်ကဲ့သို့ မှိတ်တုတ်မှိတ်တုတ် မျိုးနှင့် လင်းလက်လာသည်။

“အားးးးး….”

အောက်ဖက်မှ အော်သံများက ထွက်ပေါ်လာသည်။ ပထမမျိုးဆက် ဆက်ခံသူသည်။ ပြင်းထန်သောစွမ်းအားများ ထိုးကျမှုဒဏ်ကို လေထဲတွင် ဆက်မနေနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသည်။

“ဟွန်း…”

ထိုအချိန်တွင် ကျားအမရက အေးစက်စွာ လှမ်းအော်ဟစ်သည်။ ထိုအသံက မိုးချိန်းသံကဲ့သို့ ထင်ရ၏ သူ၏မျက်နှာက နောက်ဆုံးတွင် ဝမ်ချောင်နှင့် အခြားသော သိုင်းပညာရှင်များဘက်သို့ လှည့်ကာကြည့်လိုက်သည်။ သူ၏ထောင်လွှားသော အမူအရာက သူသည် ဒီလူများအာလုံကို သေသူအဖြစ် သတ်မှတ်ထားပုံရသည်။

“ဝုန်း !!”

ကျားအမရ၏ နှုတ်ခမ်းတွင် ရက်စက်သော အပြုံးက ပေါ်လာသည်။ ထို့နောက် လက်ဖြင့် သူသည် စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။ ၇လက်မ အမရ ပုဆိန်က လေထဲတွင်လွင့်မျောနေခဲ့ရာမှ ရုတ်တရက် အလင်းများ ပျောက်ကွယ်လေပြီး အောက်ဖက်သို့ မြန်ဆန်သော အရှိန်ဖြင့် ထိုးဆင်းသည်။

“မကောင်းတော့ဘူး”

အားလုံး၏မျက်နှာက ဖြူဖျော့သွားသည်။ ရှန်ကွမ်းထင်၊ရေနတ်ဘိုးဘေးနှင့် အရိုးနတ်ဆိုးဘိုးဘေးသည်လည်း သူတို့၏နှလုံးသားကလည်း မြောက်တက်လာသလို အန္တာရယ်ကလည်း ပြင်းထန်စွာလိမ့်တက်လာသည်။

အန္တရယ်ကိုခံစားလိုက်ရသည်။ သူတို့သည် ယခင်တိုက်ပွဲများအတွင်း ကြယ်တာရာစွမ်းအင်အမြောက်အများ ကုန်ဆုံးနေပြီးသားဖြစ်သည်။ ကျားအမရသည်လည်း သူတို့၏ ယခင်ပြိုင်ဘက်များထက် အင်အားအများကြီး ကြီးမားလွန်းသည်။ ထို့အပြင် သူဟာ စတေးခြင်းလက်နက်ကို အသုံးပြုနေခဲ့သေး၏။ ပထမမျိုးဆက် ဆက်ခံသူကဲ့သို့ လမ်းလျှောက်အလောင်းကောင်ကပင် ထိုတိုက်ကွက်ကို မခံနိုင်ခဲ့ပေ။ ထို့ကြောင့် ထိုပုဆိန်ရိုက်ချက် တစ်ချက်ကတင် သူတို့အားလုံးကို သတ်ရန် လုံလောက်လောက်သည်။

ဝုန်းးးးး !!

ကျားအမရက ဖော်ပြရန် ခက်ခဲလောက်အောင် မြန်ဆန်လွန်းသည့်အရှိန်နှုန်းနှင့် ပိုင်းချလိုက်ကာ သူ၏ပုဆိန်သည် မျက်တောင်တစ်ခတ် အချိန်အတွင်းတွင်ပင် မီတာ၂၀ကျော်ကျော်ခန့်ကို ဖြတ်သန်းသွားလာပြီးနောက် သူတို့၏ ခေါင်းအထက်တည့်တည့်တွင် ပေါ်လာသည်။ ထိုတိုက်ကွက်ကြောင့် သက်ရောက်ခံရသည့် နယ်မြေကဖော်ပြရန် ခက်ခဲလောက်အောင် ကျယ်ပြောလာပြီးနောက်တွင် အောက်ဘက်မှ သိုင်းပညာရှင်၃၀ကျော်ခန့်က ထိုပုဆိန်နှင့် သတ်ဖြတ်ခံရလုနီးပါး ဖြစ်လာသည်။ ထိုထဲတွင် စုန့်ယွမ်ယွီ၊ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်လည်း ပါသည်။ ထိုသို့ သတိပေးသူကမူ စက္ကန့်အနည်းငယ်ခန့်သာ အသက် ပိုရှင်နိုင်လောက်သည်။

“သွားပြီ ငါတို့ သေလောက်ပြီ”

သိုင်းပညာရှင်များက မျက်လုံးကို စိတ်ပျက်အားငယ်စွာ မှိတ်လိုက်ကြသည်။ သူတို့သည်လည်း အနက်ရောင်ဝတ်စုံနှင့် လူများကို တောင့်ခံကာ ထိန်းခဲ့သည်။ သို့သော် အဆုံသက်တွင် အလုံးအရင်းနှင့် သတ်ဖြတ်ခံရမှုမှာ မလွတ်မြောက်ခဲ့ပေ။

ယခုလို အထွဋ်အထိပ်တွင်ရှိနေသော ကျွမ်းကျင်သော ပညာရှင်များ၏ တိုက်ပွဲကို ဝင်ရောက်စွက်ဖက်နိင်စွမ်းပင် မရှိပါချေ။ သူတို့၏ အသက်ကို လက်မလျှော့နိုင်ခြင်းပင် မတက်နိုင်တော့ချေ။

ဝှစ်…!!

နေမင်ထက်ပင် အဆပေါင်းများစွာ တောက်ပသော ရွှေရောင် ကြယ်တာရာစွမ်းရည်က အောက်ဘက်သို့ ဆင်းသက်လာပြီး လမ်းကြောင်းရှိအရာအားလုံးကို သုတ်သင်၍ အာကာသပြင်ကို ဆုတ်ဖြဲပစ်ကာ အနက်ရောင်စင်းကြောင်းများကို ပြန့်နှံ့သွားစေသည်။ အချိန်ကပင် ရပ်တန့်သွားသလို ဖြစ်သွားသည်။

အနီးအနားမှ ဝမ်ချောင်က မော့ကြည့်လိုက်သည်။ သူ၏ ပိန်းပိတ်အောင် မဲမှောင်နေသော မျက်ဝန်းထဲတွင် တောက်ပသော ကြယ်တာရာစွမ်းအင်များက ထိန်လင်းနေသည်။ ဝမ်ချောင်သည် ကြီးမားသော ပုဆိန်ကြီးကို ရင်ဆိုင်ရသောအခါ တွန်းလှန်ရန်ခက်ခဲသော ဖိအားကို ခံစားရသည်။ ပူပြင်းကျိန်းတောက်လွန်းသော စွမ်းအင်ကပင် မသက်ရောက်လာသေးသည့် တိုင်အောင် ဝမ်ချောင်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ညဉ်းငြူကာ ကွဲထွက်မတက်ဖြစ်လာသလို ခံစားလိုက်ရ၏။ သူသည် အချိန်ပြည့် ရှင်းလင်းပစ်ခံရနိုင်သော ခံစားချက်မျိုးဖြစ်သည်။

ချွင်…!!

ပြင်းထန်သော သိပ်သည်းမှုအောက်တွင် ဓါးကတောက်ပစွာ အော်ဟစ်သည်။ မူလပအရဓါးက ရုတ်တရက်ဆိုသလို ပူပြင်းကျိန်းတောက်လာပြီးနောက် စွမ်းအင်များဖြင့် ပေါက်ကွဲသည်။ ထိုဓါးက ကြမ်းတမ်းစွာ လှုပ်ခါသွားပြီးနောက် ဝမ်ချောင် ဆုပ်ကိုင်ထားသော လက်အတွင်းမှ ရုန်းထွက်လုနီးပါးဖြစ်သွားသည်။

ဝမ်ချောင်သည် ရုတ်တရက် အပြောင်းအလဲကြောင့် ကြောင်တောင်တောင် ဖြစ်သွားသည်။ သူသည်လည်း မူလအမရဓါးအတွင်းရှိ စည်းတံဆိပ်က ပုံမှန်မဟုတ်သည်ကို ခံစားလိုက်ရ၏။ ရှေးဟောင်းစည်းတံဆိပ်သည် ဝမ်ချောင်၏ သွေးထဲမှ အချို့သော ထူးခြားသည့် စွမ်းအားကို စုတ်ယူလိုက်နိုင်ပုံရပြီး အလိုလျှောက် ကွဲကြေစေခြင်းအားဖြင့် ရှေးကျကာ အရှိန်အဝါကြီးမြတ်သည့် မိုးကြိုးစွမ်းများအောက် ဝမ်ချောင်၏ ကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။

ဝမ်ချောင်သည်လည်း သူ၏ ဝိဉာဉ်ကပင် အခြားသော လောကထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ ထိုလောကတွင် ကောင်းကင်က သုန်မှုန်နေပြီး မိုးကြိုးများက ဖြတ်သန်းတိုက်ခက်နေကာ မိုးချုန်းသံများကလည်း ထွက်ပေါ်နေသည်။ သားရဲခေါင်းနှင့် လူသားခန္ဓာကိုယ်ရှိသော သားရဲခေါင်းကြီးနှင့် လူသားခန္ဓာကိုယ် ကျောက်ဘက်တွင်လည်း တောင်ပံဖက်စုံရှိသော မကောင်းဆိုးဝါးကြီး တစ်ကောင်က ကြမ်းတမ်းစွာ ဟစ်အော်ရင်း ဝမ်ချောင်ရှိရာနေရာထဲသို့ လာပြီး ခန္ဓာကိုယ်ထဲသို့ တိုးဝင်သည်။

ထိုမိုးကြိုးမကောင်းဆိုးဝါးကြီးက ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲသို့ ခုန်ဝင်လိုက်သည့် အခိုက်အတန့်တွင် ဝမ်ချောင်၏စိတ်အတွင်းတွင် မရည်မတွက်နိုင်သော သတင်းအချက်အလက်ပေါင်းများစွာပေါ်လာသည်။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်က မူလအမရဓါးအတွင်းတွင် အလွန်အမင်း စွမ်းအားကြီးမားလွန်းသော ရှေးဟောင်းသိုင်းတစ်မျိုး ပါဝင်နေကြောင်း သိလိုက်သည်။

မိုးကြိုးသွားလာခြင်း

ဝမ်ချောင်၏ စိတ်ထဲတွင် အတွေးတစ်ခုက ပေါ်လာသည်နှင့် တုန့်ပြန်သည်လားမသိ သူ၏ ခန္ဓာကိုယ်ကလည်း အဆုံးအစမဲ့သော မိုးကြိုးစွမ်းအားများဖြင့် တောက်လောင်လာသည်။

ခရက်!!

ဝမ်ချောင်သည် သူ၏ သန်းရာကျော်သော် ဆဲလ်များအတွင်းသို့ ကြမ်းတမ်းလွန်းသော မိုးကြိုးစွမ်းအားက ရုတ်ချည်းလိုလို အလုံးစုံဝင်ရောက်လာကာ သူ၏ အလားအလာကို လှုံဆော်ပြီး သူ့ကိုပင် တဖျက်ဖျက် တုန်ခါစေလာကြောင်း သိလိုက်သည်။ သူ၏မျက်လုံးကပင် တစ်ဖျက်ဖျက် စတင်ကာ လင်းလက်လာပြီး မီးပွားများပင် လင်းလက်လာသည်။ ထို့နောက် တောက်ပလွန်း‌သော အလင်းကိုပင် လွှတ်ထုတ်နေသည်။

ဝုန်း….

လျှပ်စီးက ဖျက်ခနဲ လက်ပြီးသည်နှင့် ဝမ်ချောင်က ပျောက်သွားသည်။

“အားလုံးပဲ ဘေးဖယ်နေ”

ဝမ်ချောင်၏ အသံက နတ်ဘုရားတစ်ပါးအသံနှင့် တူသည်။ တစ်ခဏခန့်ကြာပြီးနောက် …

ဂျိန်း…

ပြင်းထန်သိပ်သည်းသော အရှန်အဝါတစ်ရပ်က လောကရှိသေမျိုးများအားလုံးကို ဖယ်ရှားရှင်းလင်းနိုင်သော အရှိန်အဝါမျိုးဖြင့် လေထဲတွင် ထွက်လာသည်။

ခရက်….!!

လေထဲတွင် လျှပ်စီးလက်နေသည့် တိမ်ဆိုင်ကြီးများက ထွက်ပေါ်လာသည်။ ဖျက်ဆီးခြင်းစွမ်းအား အပြည့်နှင့် ပေါင်းစပ်ထားသော တောက်ပလွန်းသည့် လျှပ်စီးပေါင်းများစွာကလည်း ထိန်လင်းနေသေးသည်။ မည်သူကမှ မတုန့်ပြန်နိုင်သေးချိန်တွင် ကြမ်းတမ်းသော ခရမ်းရောင်မိုးကြိုးအလင်းတန်းများက ထိုးထွက်သွားလေပြီး ကျားအမရထံသို့ စတေးခြင်းပုဆိန်ကို ရင်ဆိုင်သည်။

ဂျိန်း…. !!

ပုဆိန်နှင့် မိုးကြိုးတို့ ထိတ်တိုက်ရင်ဆိုင်သည်။ သို့သော် တစ်ဖက်က ရိုက်ချပြီး ကြမ်းတမ်းသော ခရမ်းရောင် မိုးကြိုးကမူ ပုဆိန်၏ တိုက်ကွက်ကို ချိုးဖြတ်ပစ်၍ ရွှေရောင်အလင်းများကို တကွဲတပြားစီ ဖြစ်သွားစေလိုက်သည်။

“မဖြစ်နိုင်တာ”

“ဒါက ဘာလဲ ဘာလဲ”

သမင်အမရနှင့် ဆိတ်အမရတို့က ကြောင်တောင်တောင် ဖြစ်သွားသည်။ ကျားအမရသည်ပင် သူ၏ ဟန်အမူအရာကို ထိန်းရင် ခက်ခက်ခဲခဲကြိုးစားနေရသည်။ သူ၏မျက်နှာတွင် အထင်းသားပေါ်နေသည်။

ထိုတိုက်ကွက်ထဲတွင် မူလအမရ၏ အင်အားအားလုံး ပါဝင်သည်။ ပြိုင်ဘက်ကင်းခဲ့သည်ဟုထင်ရသော ပထမမျိုးဆက် ဆက်ခံသူကပင် တားနိုင်ခဲ့ပုံမရပေ။ သို့သော် ယခုမူ သူ၏ အင်အားအကြီးဆုံးတိုက်ကွက်ကို ပုရွက်သာသာ အကောင်တစ်ကောင်က ကွဲခြေပစ်လိုက်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

“သမင်အမရနှင့် ဆိတ်အမရတို့ မြန်မြန်လာပြီး ငါ့ကို ကူညီ”

ကျားအမရ၏ မျက်နှာကတင်းမာနေသည်။ သူ၏ သွေးအနီရောင်မျက်ဝန်းထဲတွင် တွန့်ဆုတ်မှုနှင့် ရူးသွပ်မှုများရှိနေသည်။ တစ်ခဏခန့် ကြာပြီးနောက်

ဝှစ်….

သူသည် အဆီအနှစ်သွေးတစ်လုပ် အန်ထုတ်လိုက်သည်။ အရင်ကထပ်ပိုပြီး ရွှေရောင်အလင်းဖြင့် တောက်ပလာသေးပြန်၏။ ခရမ်းရောင်မိုးကြိုးတန်းထံသို့ ပြင်းထန်သော အင်အားကိုသုံးကာ ခုတ်ပိုင်းပစ်လိုက်သည်။

ထိုသို့ အန္တရာယ်များသော အခိုက်အတန့်တွင် ဆိတ်အမရနှင့် သမင်အမရတို့၏ မျက်နှာများက တင်းမာနေသည်။ သူတို့၏နောက်ဆုံးလက်ကျန်အင်အားများကို အရသုံးကာ ဝမ်ချောင်က အသွင်ပြောင်းလဲထားသည့် ခရမ်းရောင်မိုးကြိုးတန်းဆီသို့ တိုးဝင်သွားသည်။

“အမရများက သမင်နောက်လိုက်တယ်”

“ရွှေရောင်ဆိတ်က ကောင်းကင်ဘုံကိုပင် ကွဲကျေစေတယ်”

ထိုသို့ဖြင့် သာမန်သိုင်းပညာရှင်များက စိတ်ကူးယဉ်နိုင်သည့် အတိုင်းအတာကို ကျော်လွန်နေသော ကြောက်စရာ ကောင်းလွန်းသည့် တိုက်ကွက်ကြီးသုံးကွက်က ဝမ်ချောင်ကို ရင်ဆိုင်လိုက်သည်။ ဒါဟာ သူတို့၏ နောက်ဆုံးလက်ကျန်အင်အား ဖြစ်သည်။ သူတို့၏အင်အားအကြီးဆုံး တိုက်ကွက်များလည်း ဖြစ်သည်။ ထို့ကြောင့် တစ်ချက်တည်းနှင့် ဝမ်ချောင်ကို ဖြတ်ဆီးပစ်နိုင်မည်ဟု ဆုံးဖြတ်ချက် ချထားသည်။

ဗုန်း! ဗုန်း! ဗုန်း!

အဆင့်လွန်စွမ်းအင်လေးခုက ထိပ်တိုက်ရင်ဆိုင်သောအခါ မြေအောက် လောကကြီးတစ်ခုလုံးပင် လှုပ်ခါပစ်ပြီး အာကာသပြင်ကိုပင် ကွဲအပ်ရာများဖြစ်စေသည့် တုန့်ခါမှုကြီး ဖြစ်သွားသည်။ တုန်ခါလှိုင်းများက ဆက်လက်ကာ ပြန့်နှံ့သွားချိန်တွင် သိုင်းပညာရှင်များ အနက်ရောင်ဝတ်စုံနှင့် လူများအားလုံး လေထဲသို့ မြောက်တက်ကုန်သည်။ သူတို့၏ ကိုယ်ပေါ်တွင်လည်း ပြင်းထန်သည့်ဒဏ်ရာများက ရရှိသွားကြပြီး သွေးအန်သွားကြသည်။

“အားးးး….”

အလွန်ကြီးမားသော ပေါက်ကွဲမှုအကြားတွင် လူတိုင်းသည်လည်းရုတ်တရက် စူးရှသောအသံ သုံးသံကို ကြားလိုက်ရသည်။ ထို့နောက် ပုံရိပ်သုံးခုက လွင့်ထွက်လာပြီး အဝေးရှိကျောက်နံရံကို ဆောင့်တိုက်သည်။

အမရသုံးပါး၏ ပူးပေါင်းအင်အားကပင် မင်းမူနိုင်လွန်းသော မိုးကြိုးစွမ်းအားကို ရင်ဆိုင်နိုင်စွမ်းရည် မရှိသောကြောင့် ရှုံးခဲ့သည်။

ထိုတစ်ချက်တည်ကပင် သူတို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေပြီး လွင့်ထွက်သွားစေသည်။ သို့သော် ဒါဟာ အဆုံးသတ်မဟုတ်ပေ။

ဆွစ်!!

လူတိုင်း၏ မျက်လုံးထဲတွင် မိုးပြာရောင် လျှပ်စီးက လက်လာသည်။ ထိုလျှပ်စီးက တောက်ပလွန်းသဖြင့် တစ်လောကလုံး၏ ကျန်သော အရောင်တိုင်းကို မှေးမှိန်သွားစေပုံရသည်။ အားလုံးသည်လည်း ကြီးမားသော ကပ်ဘေးနှင့် မြေငလျှင်ကြီးက စိတ်ထဲတွင်ပင် လှုပ်ခါလာသည်ဟု ခံစားလိုက်ကြရသည်။

ဖြစ်ပျက်သမျှအရာအားလုံးက သူတို့၏ နားလည်းနိုင်စွမ်းအား၊ စိတ်ကူးယဉ်နိုင်စွမ်းအားကို ကျော်လွန်နိုင်ပြီးရုံသာ ရှိသေးသည်။ သူတို့သည် ဘာဖြစ်နေမှန်းပင် မသိသေးပေ။

“မကောင်းတော့ဘူး”

သမင်အမရ၊ ဆိတ်အမရ၊ ကျားအမရတို့အားလုံးသည်လည်း ပြင်းထန်လွန်းသော မသက်မသာဖြစ်စိတ်ကို ခံစားကြရသည်။ သူတို့သည် ကြာရှည်စွာရှင်သန်ခဲ့သော တစ်ဘဝလုံးတွင် ထိုကဲ့သို့သော အနေအထားမျိုးကို မခံစားဖူးကြပုံပေါ်သည်။ မိုးပြာရောင်လျှပ်စီးတန်းကို ရင်ဆိုင်ရသောအခါ သူတို့၏ ခန္ဓာကိုယ်က ဆဲလ်တိုင်းက ကြောက်ရွံ့မှုဖြင့် တုန်လာ၏။ သူတို့၏ တစ်ကိုယ်လုံးကိုပင် ရေနစ်သလိုမျိုး မွမ်းသွားစေလောက်သည်။ အန္တရာယ်အားလှိုင်းများဖြင့် ခြိမ်းခြောက်လာသည်။

“သွားရအောင်”

သမင်အမရက သုံးယောက်တည်းပြန်ရန် ခပ်မြန်မြန်ဆုံးဖြတ်သည်။ မည်သူကမှ မတုန့်ပြန်နိုင်သေးခင် သူသည်လည်း လမ်းကြောင်းထံသို့ အပြေးသွားပြီး ထွက်ပြေးရန်သာ အားစိုက်လိုက်သည်။ ဆိတ်အမရ အနည်းငယ်နှေးသွားချိန်တွင် တစ်ခဏခန့် နှေးသော်လည်း သူသည် သိမ်မွေ့နယ်မြေမှ ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေသည်။ သမင်အမရကလည်း ထွက်ပြေးရန် ကြိုးစားသည်။ ဆိတ်အမရကလည်း တုန့်ဆိုင်းမနေဘဲ နောက်မှလိုက်သည်။ ကျားအမရအတွက်ကမူ သူသည် နောက်ဆုံးမှ လှုပ်ရှားသူဖြစ်သည်။ သူ၏ စိတ်ထဲတွင်လည်း အကြီးမားဆုံး တုန့်ဆိုင်းမှုရှိနေသည်။ သို့သော် သူဟာ အမြန်ဆုံးဖြစ်သည်။

တစ်ခဏခန့်အချိန်အတွင်းတွင်ပင် သူသည်။ သမင်အမရကိုပင် ကျော်ပြေးသွားသည်။

ထိုသို့ဖြင့် သိမ်မွေ့နယ်မြေမှ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် ၃ ယောက်လုံး၏ မာနကြီးသော အကျင့်စရိုက်များအရ ပြေးသည်ဆိုသော စကားလုံးက သူတို့၏ အဘိဌာန်တွင်ပင် မရှိခဲ့ပေ။

သို့သော် ဝမ်ချောင်၏တိုက်ကွက်က ကြောက်စရာကောင်းလွန်းသည်။ သူဟာ မြေပြင်အောက်ဘက် မီတာ ၁၆၀၀၀ ခန့်နက်သော မြေအောက် ဂူအတွင်းတွင် မိုးကြိုးစွမ်းအားကို ထိုမျှမြောက်များစွာ ထုတ်သုံးနိုင်ခြင်းက ရိုးရှင်းစွာပင် လွန်ကဲလွန်းနေခြင်း ဖြစ်သည်။

ထိုအရာသာမကသေးလေဘဲ သူတို့ ၃ ယောက်လုံးသည်လည်း ဝမ်ချောင်၏ ကိုယ်အတွင်းမှ အလွန်းအမင်း‌ ရှေးကျလွန်းသော စွမ်းအားကို ခံစားမိလေသည်။

ထိုစွမ်းအင်သည် ဒီခေတ်ပေါ်သို့ ကူးပြောင်းပေးခြင်း ခံရသည်။ ထိုစွမ်းအင်ဟာ သူတို့၏ အကြီးမားဆုံးသော ရန်သူကြီးကဲ့သို့ သူတို့နှလုံးသား အနက်ရှိုင်းဆုံးအပိုင်းတွင် အလွန်အမင်း နက်လွန်းသည့် ကြောက်ရွံ့မှု တစ်မျိုးကို ချန်ရစ်ထားလေသည်။

******

အပိုင်း (၁၅၃၉)

“ဟမ်… မင်းတို့က တကယ် ပြေးတာလား”

မျက်နှာဖုံးတပ်ထားသော လူ၃ယောက်၏စိတ်ထဲတွင် ဝမ်ချောင်၏စိတ်စွမ်းအင်အသံက ဟိန်းထွက်လာသည်။ သူတို့၃ယောက်သည် မကောင်းသောခံစားချက်ကြောင့် တုန်ယင်သွားသည်။ သူတို့သည် လမ်းကြောင့်းထဲသို့ အမှန်တစ်ကယ် မပြေးဝင်နိုင်သေးခင် အပေါ်ဘက်တွင် ရစ်ခွေနေသော မိုးကြိုးတိမ်စိုင်များအတွင်းမှ အရေမတွက်နိုင်သော မိုးကြိုးတန်းပေါင်းများစွာက သူတို့၃ယောက်ကို ဝိုင်းလိုက်ပြီးဖြစ်သည်။

ဗုန်း! ဗုန်း! ဗုန်း!

အန္တရာယ်ကိုခံစားမိသော သူတို့၃ယောက်ကလည်း သူတို့၏ အင်အားများကို စုစည်းကာ နောက်ဆုံးသော တိုက်ကွက်တစ်ကွက်ကိုထုတ်သည်။ သို့သော် မိုးကြိုးစွမ်းအား၏အရှေ့တွင်အရာအားလုံးက အလဟဿသာဖြစ်သည်။

ခရက်…

ဟစ်…

မိုးကြိုးတန်းများက ဆိတ်အမရ၊ သမင်အမရ၊ ကျားအမရတို့ကို ဖြတ်သန်းသွားချိန်တွင် ၃ ယောက်လုံးက စူးရှစွာအော်ဟစ်ပြီနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ သို့သော် ဒါဟာအဆုံးသတ်မဟုတ်ပေ။

အမရ ၃ ပါးကို ပစ်ခက်ကာပြုတ်ကျစေပြီးနောက်တွင်ပင် အင်အားကြီးမားလွန်းသော မိုးကြိုးတန်းများက ရုတ်တရက် မြေပြင်ပေါ်သို့ပင် ဆင်းသတ်သွားစေပြီး မြွေထောင်ကျော်အလား မြေပြင်မျက်နှာပြင်ပေါ်တွင် ကူးလူးတွားသွားလေသည်။

ဘန်း! ဘန်း! ဘန်း!

အနက်ရောင်ဝတ်စုံနှင့် လူများအားလုံး၏ မျက်နှာက ကြောက်ရွံ့မှု အပြည့်ဖြင့် မော့ကြည့်လိုက်ရင်းမှ ဖျက်ဆီးခြင်းမိုးကြိုးစွမ်းအားများကြောင့် ဖုန်မှုန့်ဖြစ်သွားကြသည်။ ကျားအမရကပင် ထိုတိုက်ကွက်ကို တောင်မခံနိုင်လေရာ သူတို့ကဲ့သို့ သာမန်အနက်ရောင်ဝတ်စုံနှင့် လူများကဲ့သို့ဆိုလျှင် ပို၍ပင်ဆိုးသေးသည်။

“ဘာလို့ ဒီလိုတွေ ဖြစ်လာတာလဲ”

ကျရှုံးသွားသော အမရများနှင့် အနက်ရောင်ဝတ်စုံနှင့် လူများ၏ သေဆုံးမှုများက ဝါးဦးထုပ်နှင့်လူများအားလုံး၏ မျက်လုံးအတွင်း ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုကို ပေါ်ထွက်လာစေသည်.

သူတို့သည်လည်း ဒီအချိန်အတောအတွင်း အလှည့်‌အပြောင်းများ ရှိခဲ့သေးသည့်တိုင်အောင် တစ်ချိန်လုံးလိုလို သူတို့က ထိန်းချုပ်နိုင်လေခဲ့သည်။ သူတို့ဟာ ပထမဦးဆုံးအကြိမ်အဖြစ် ထိုသုံးယောက်လုံးက စစ်မှန်သည့် ကပ်ဘေးကို ရင်ဆိုင်နေရပေမည်။

“ရပ်တော့…!!”

ဝါးဦးထုပ်နှင့် လူ၏ မျက်လုံးက မိုးပြာရောင် လျှပ်စီးများဖြင့် လင်းလက်လာသည်။ သူ၏ခန္ဓာကိုယ်ကလည်း ပြင်းထန်လွန်းသော ကြောက်ရွံ့စိတ်ဖြင့် တုန်ရင်နေသည်။ သူသည်လည်း ရှောင်ရှားလိုသည်။ သို့သော် လျှပ်စီးက မြန်လွန်းလေသည်။

ဘုမ်း!!

အလင်းက ဖျက်ခနဲ လက်သွားသည်။ အခြားတစ်ဖက် ဝါးဦးထုပ်နှင့် လူက တုန်သွား၏။ သူသည် မိုးကြိုး အပစ်ခံရပြီးနောက်တွင် သူ၏ အသက်မဲ့နေသော ခန္ဓာကိုယ်က ရပ်၍ကျန်ရစ်သည်။

ခွပ်! ခွပ်! ခွပ်!

ကွဲအပ်နေသော မိုးကြိုးတန်းက ဒုတိယမြောက် ဝါးဦိးထုပ်နှင့်လူကို ဖြတ်သန်းသွားပြီးနောက်တွင် အဝါရောက်မာဖလာစစ်သည်တော်ထံသို့ ရောက်သွားပြီးနောက် မရေမတွက်နိုင်သော မိုးကြိုးမြွေများအသွင် ဆက်ပြောင်းသွားသည်။ နောက်ဆုံးတွင် အလင်းက ပျောက်ကွယ်သွားပြီးနောက် ဝမ်ချောင်က စုန့်ယွမ်ယွီ၊ရေနတ်ဘိုးဘေးတို့၏ အရှေ့တွင် သူ၏ပြေကျနေသောဆံပင်များနှင့် မြေပြင်ကို ထိုးစိုက်သည့် ဓါးပေါ်သို့ လက်တင်လျှက်သား ပေါ်လာသည်။

မည်သည့်အချိန်ကမှန်းမသိ သူ၏ဆံပင်စည်းကြိုးက ပျောက်သွားသည်။ သူ၏ပိန်းပိတ်အောင် မည်းမှောင်နေသော ဆံပင်များအား အောက်ဘက်သို့ စင်းကျလာစေပြီး သူ၏မျက်နှာကို ဖုံးကွယ်ထားသည်။

သူ၏နောက်ဖက်မှ အလုံးစုံသုတ်သင်ခံရခြင်းမရှိသေးသော အနက်ရောင်ဝတ်စုံနှင့်လူများကလည်း မိုးကြိးပစ်ခံရသောရုပ်ထုများအလား တောင့်ခဲရပ်နေသည်။ သူတို့အတွက်မူ အချိန်က ရပ်နေပုံရသည်။

တိတ်ဆိတ်…

အကြွင်းမဲ့တိတ်ဆိတ်သွားသည်။

အားလုံးသည်လည်း ဝမ်ချောင်၏ အနောက်ဘက်မှ တောင့်ခဲ့နေသောအနက်ရောင် ဝတ်စုံနှင့်လူများကိုကြည့်ရင်း မယုံနိုင်သလို ကြည့်နေကြသည်။

သူတို့သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရင်း တစ်ယောက်ချင်းစီကို စစ်ဆေးကြည့်သည်။ အသေးစိတ်အချက်အလက်အချို့ကို လွဲချော်သွားမည်ကို စိုးရိမ်ကြ၏။ အချိန်အပင် နှေးကွေးစွာ ကျော်ဖြတ်နေသည်ဟု ထင်ရစေသည်။ လူတစ်ယောက်ကပင် ရုတ်တရက် တံတွေးမြုချလိုက်သည်။ ထိုအရာက အချက်ပြမှု တစ်ခုကဲ့သို့ဖြစ်သွား၏။ အနက်ရောင်ဝတ်စုံနှင့်လူများက ဟပ်ထိုးလဲကျသည်။ သူတို့၏ ကျောပေါ်မှ ဓါးချက်တစ်ချက်စီက ပေါ်ထွက်လာပြီးနောက် ရုတ်တရက် သွေးများအဖြစ် ပြောင်းလဲကာ ပေါက်ကွဲသွားသည်။

လူအုပ်၏မယုံကြည်နိုင်လောက်သော စောင့်ကြည့်မှုအောက်တွင် ပို၍များပြာသေူ အနက်ရောင်ဝတ်စုံနှင့်လူမျာက လဲကျပြီး သွေးအိုင်အဖြစ်ပြော င်းလဲကာ သေကုန်သည်။

ဘမ်း!!

လူအုပ်သည်လည်း ထိုမြင်ကွင်းကြောင့် ပေါက်ကွဲသည်။ သူတို့၏မျက်နှာများက မယုံနိုင်မှုများက ပြည့်နှက်သွား၏။ စုန့်ယွမ်ယွီ၊ရေနတ်ဘိုးဘေးတို့၏ မျက်နှာက တွန့်သွားသည်။

တစ်ချက်

တစ်ချက်ထဲ

ဝမ်ချောင်သည် ဆိတ်အမရ၊ သမင်အမရ၊ ကျားအမရနှင့် အနက်ရောင်သူများအားလုံးကို သက်လိုက်နိုင်သည်။ ထိုကိစ္စက မယုံနိုင်စရာကောင်းလွန်းသည်။

ယခုသူတို့၏အရှေ့တွင် ရပ်နေသော လူငယ်၏ ပုံရိပ်က အလွန်အမင်းကျယ်ပြောကာ မင်းမူနိုင်သော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဘယ်လောက်တောင် ကြောက်စရာကောင်းလောက်တဲ့ အင်အားလဲ”

ရေနတ်ဘိုးဘေးသည်လည်း သူ၏ မျက်လုံးထဲမှ အင်အားသင့်မှုကို ဖုံးကွယ်ရန်ခက်ခဲကြောင်း သိလိုက်သည်။ သူသည်လည်း ယခင်က ဝမ်ချောင်ကို တစ်ကြိမ်ထက်ပိုပြီး အကွက်ချပြီး ကြံစဉ်ခဲ့ဖူးသည်။ သူ၏ မျက်လုံးထဲတွင် ကောင်လေးက မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကို လက်စားချေရန်အလို့ငှာ သူအသုံးပြုနိုင်သော အရာမျိုးဖြစ်နေသည်။ ထို့အပြင် သူ၏အကြံအစည်ကို ဖျက်ဆီးခဲ့ဖူးသော ဂျူနီယာလေးတစ်ယောက်သာဖြစ်သည်။

သို့သော်ယခုအခါ ဝမ်ချောင်ထုတ်ပြလိုက်သော အင်အားက သူ့ကိုပင် မယုံနိုင်လောက်အောင် ဖြစ်သွားစေသည်။ သူကိုယ်တိုက်ပင် သူ၏ ကိုယ်တွေ့မြင်သောကြောင့်သာမဟုတ်လျှင် လောကတွင် ထိုမျှအင်အားကြီးမားလွန်းသော လူတစ်ယောက်က ရှိမည်ဟု မယုံကြည်နိုင်လောက်ပေ။

“သူက… အင်အားကြီးလွန်းတယ် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အင်အားလဲ”

အားလုံးကပင် အလွန်အမင်း မှင်သက်နေကြသည်။ မည်သို့ပင်ဆိုစေ ရေနတ်ဘိုးဘေးကပင် အလွန်အမင်း ကြောင်အသွားလေသည်။ သူတို့၏မျက်လုံးထဲတွင်မူ ဝမ်ချောင်ကနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။ သို့သော် ထိုကဲ့သို့သောစွမ်းအားမျိုးက ကုန်းမြေပေါ်သို့ ဆင်းသက်လာသည်။

သို့သော် ထိုအခိုက်အတန့်တွင်ပင် ..,

ခွပ်

ဝမ်ချောင်၏ ကိုယ်က တုန်သွားပြီး ဒူးကလည်းနူးညံ့သွားသည်။ သူသည် အင်အားများအားလုံး ကုန်ဆုံးသွားသကဲ့သို့ ခြေနှစ်လှမ်းခန့်ပင် ယိုင်သွားပြီး လဲကျလုနီးပါးဖြစ်သွားသည်။ ထိုအချိန်တွင်ပင် ဝမ်ချောင်၏ဆံပင်ရှည်က ဘေးဘက်သို့ လွင့်သွားသောအခါ သူ၏ဖြူစုတ်နေသောမျက်နှာက ပေါ်ထွက်လာသည်။

စုန့်ယွမ်ယွီနှင့် ရှန့်ကွမ်းထင်တို့သည်လည်း ထိုမြင်ကွင်းကြောင့် သက်ရောက်ခံရပုံ ပေါ်သည်။ သို့သော် ရေနတ်ဘိုးဘေးနှင့် အပေါင်းအဖော်များ၏မျက်ဝန်းထဲတွင် တောက်ပမှုကိုမြင်ရသည်။

“ချောင်အာ… ဘယ်လိုနေလဲ”

အလင်းက တစ်ချက်လက်ပြီးနောက် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က ဝမ်ချောင့်၏နံဘေးသို့ ချက်ချင်းရောက်သွားကာ ထူမပေးလိုက်သည်။ တစ်ချိန်တည်းတွင်ပင် အထီးကျန်တိတ်ဆိတ်ဘိုးဘေးကလည်း အနားသို့လာသည်။ သူ၏စူးရှသော အကြည့်ဖြင့် လူအုပ်ကိုသတိပေးသည်။

အနက်ရောင်ဝတ်စုံနှင့်လူများက အားလုံးသေသွားပြီဖြစ်ပြီး အမရ၃ပါးကိုလည်း ဝမ်ချောင်က အနိုင်ယူလိုက်သည်။ ထို့ကြောင့်ပြင်ပရန်စွယ်များကို ဖယ်ရှားပြီးသား ဖြစ်သွားခဲ့ပြီး အတွင်းပိုင်းရန်စွယ်သာ ကျန်သည်။ လူအများ၏နှလုံးသားက ကာကွယ်ရန်ခက်သည်။ ထို့ကြောင့် ဒီလိုအခြေအနေမျိုးတွင် ဝမ်ချောင်ကို တစ်စုံတစ်ရာလုပ်ချင်လာမည်ကို စိုးရိမ်ရသည်။

ရေနတ်ဘိုးဘေးနှင့် အပေါင်းအဖော်များသည်လည်း မိစ္ဆာဧကရာဇ်လူအိုကြီးမာန်နှင့် အခြားသောနှစ်ယောက်ကို ဂရုစိုက်ပုံမရချေ။ သူတို့ဟာ သူတို့၏မျက်ဝန်းအနက်ရှိုင်းဆုံးအပိုင်းထဲတွင် တုံ့ဆိုင်းမှုများ ရှိနေသည်။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်သည် ကိုင်တွယ်၍ ခက်ပြီးသားဖြစ်သည်။ သို့သော် ဝူရှန်းရွာသူကြီးလည်း ရှိနေသည်။ ထို့အပြင် ကိုယ့်ကိုစ္စကို ဂရုမစိုက်သောအခြား ငကြောက်ကောင် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့ကလည်း ပါနေသေးပြန်၏။ ထိုသို့ဖြင့် မိစ္ဆာလမ်းကြောင်းလျှောက်သော ဘိုးဘေး၃ယောက်စလုံးက အတူအကွသွားလျှင်ပင် အားသာချက်ရရှိချင်မှ ရရှိပေလိမ့်မည်။

လူအုပ်ကလည်း အထီးကျန်တိတ်ဆိတ်ဘိုးဘေးအပြင် ရေနတ်ဘိုးဘေးတို့အဖွဲ့၏ တုံ့ပြန်မှုကို မြင်သည်နှင့် လေထုအခြေအနေက ထူးဆန်းသွားသည်။

“ဆရာ… ငါ အဆင်ပြေတယ်”

ဝမ်ချောင်က ခေါင်းကို မော့လာချိန်တွင် အားလုံး၏နားအတွင်းက ငယ်ရွယ်ကာမာနကြီးသော အသံမျိုးက ထွက်လာသည်။ သူ၏မျက်နှာက ဖျော့တော့နေ၏။ အသက်ရှုနှုန်းက အလွန်အမင်း ဖျော့တော့နေ၏။ သို့သော် သူ၏မျက်လုံးကမူ ရေနတ်ဘိုးဘေးကို ရင်ဆိုင်အကွက်ချချိန်တိုင်းကလို တောက်ပနေသည်။

“ဘာလဲ… ရေနတ်ဘိုးဘေး ငါက အားနည်းနေကတည်းက ငါ့ကို တစ်ခုခုလုပ်မဲ့ ပြီးပြည့်စုံတဲ့အခွင့်အရေးတစ်ခုလို့ ခင်ဗျားကထင်တာလား”

ဝမ်ချောင်၏မျက်လုံးကို ထက်ရှသောဓါးတစ်လက်အဖြစ် ခုတ်လိုက်သကဲ့သို့ ဖြစ်သွားပုံရသည်။

“အရှင့်သား ဓါးက ဘယ်နေရာက ရောက်လာတာလဲ….ဘယ်လိုက စကားလဲ။ ငါတို့ကမဟာမိတ်။ မဟာမိတ်ဆိုတာ အချင်းချင်းကိုကူညီသင့်တာလေ ဒီလူအိုကြီးက လမ်းကိုဖြတ်ပြီးတာနဲ့ နောက်ဆုံးတံတားကို ဖြတ်နိုင်သူမျိုးပါ”

ရေနတ်ဘိုးဘေးသည် နှလုံးသားက တုန်ယင်သွားလေပြီး အလျှင်အမြန်ခေါင်းငုံ့သည်။

ဝမ်ချောင်သည် ထိုအခိုက်အတန့်တွင်ပင် ဝမ်ချောင်က သူ၏ လမ်းကိုလာပိတ်ပါက နတ်များကိုပင် သတ်မည့်ပုံပေါ်သည်။ ရေနတ်ဘိုးဘေးသည်ပင် သူ့ထံမှ တိုက်ကွက်အနည်းငယ်ကိုပင် ခုခံနိုင်စွမ်းရည်မရှိနိုင်ပေ။

ဒါကိုရေနတ်ဘိုးဘေးက ဘယ်လိုအကြံအစည်ချရဲမှာလဲ။

အနည်းဆုံး ဝမ်ချောင်၏အဆင်အတန်းအင်အား ကုန်သွားတဲ့အထိတော့ စောင့်ရမှာပေါ့။

“ဟွန့် အဲသည်လိုပဲ မျှော်လင့်တယ်”

ဝမ်ချောင်က ရယ်မောလိုက်ပြီးနောက် ရေနတ်ဘိုးဘေးကိစ္စကို ဘေးဖယ်လိုက်သည်။

“ချောင်အာမင်းရဲ့အခြေအနေက အရမ်းဆိုးတယ်”

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏ စိုးရိမ်သောအသံက ဝမ်ချောင်၏ဘေးတွင် ပေါ်လာသည်။ မိစ္ဆာဧကရာဇ်လူအိူကြီးမာန်သည် သူ၏တပည့်ကို ကောင်းကောင်းသိသည်။ ယခုထုတ်ပြထားသောစွမ်းအားက ရေနတ်ဘိုးဘေးကို အရူးလုပ်ရန်လုံလောက်သည်။ သို့သော် သူ့အတွက် မဟုတ်ပေ။

ဝမ်ချောင်က အင်အားကြီးပုံ ပေါ်လေလေ သူ၏ခန္ဓာကိုယ် အခြေအနေက ဆိုးလေလေဖြစ်သည်။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က စိုးရိမ်သွားရသည်။

“ဆရာက ကောင်းကောင်းလေ့လာနိုင်တာပဲ ဒီမူလအမရဓါးက ငါထိန်းချုပ်နိုငိတာမျိုး မဟုတ်ဘူး၊ ဒီအကွက်က အရမ်းကို အင်အားကြီးလွန်းတယ်… ဒါပေမဲ့ ငါ့ရဲ စိတ်စွမ်းအားအင်နဲ့ ကြယ်တာရာစွမ်းအင် အမြောက်အများကိုလည်း စုပ်ယူသွားသေးတယ်။ ငါက အနည်းဆုံး၃လလောက်ကြာမှ ငါ ဒီဓါးကို ပြန်သုံးနိုင်မှာ”

ဝမ်ချောင်က တင်းမာစွာပြောသည်။

လူတစ်ယောက်၏ ခွန်အားအဆင့်ကို ကျော်လွန်စေသော စွမ်းအားမျိုးတိုင်းက ဆိုးရွားလွန်းသော တန်ကြေးတိုင်းကို ပေးဆပ်ရသည်။ ဒါဟာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်ကိုယ်တိုင်က နားလည်သောအရာမျိုးဖြစ်သည်။ ဝမ်ချောင်သည် မူလအမရဓါး၏ မိုးကြိုးသွားလာခြင်းကို သုံးခဲ့ပြီး အနက်ရောင်ဝတ်စုံနှင့်လူများအားလုံးကို တစ်သုတ်တည်း သတ်လိုက်သည်။

သို့သော် ထိုသို့တစ်သုတ်တည်း သတ်လိုက်နိုင်ခြင်းက သူ့အား အလွန်အမင်း အားနည်းသွားစေသည်။ လူအိုကြီးမာန်နှင့် ဝူရှန်းရွာသူကြီးတို့က မတွဲပေးထားပါက သူသည် မြေပြင်ပေါ်သို့ လဲကျသွားလောက်လေပြီ။

ဝမ်ချောင်က တစ်ခဏခန့် ရပ်တန့်ပြီးနောက် ထပ်ပြောသည်။

“ရေနတ်ဘိုးဘေးက ကောက်ကျစ်တဲ့မြေခွေးပဲ။ ဘာပဲဖြစ်ဖြစ် သူ့ကို ထွက်သွားစေလို့ မရဘူး”

“ဓါး”

မိစ္ဆာဧကရာဇ်က ဝမ်ချောင့်ကို ပြန်လည်အားပြည့်ရန် ကူညီပေးရုံသာရှိသေးသည်။ ထိုစကားလုံးများကို ကြားရပြီးနောက် အနည်းငယ် မျက်မှောင်ကျုံ့သည်။

“အကျိုးအမြတ်တွေစုလာတဲ့အခါ…ပြိုကွဲရတယ်”

သိုင်းပညာလောကမှ နောက်ကျောကို ဓါးနဲ့ထိုးတတ်သောကိစ္စကို သူ့ထပ်ပိုပြီး ဘယ်သူကမှ နားမလည်နိုင်ပေ။ သူတစ်ယောက်တည်းသာဆိုလျှင်လည်း သူသည်လည်း စုန့်ယွမ်ယွီ၊ ရေနတ်ဘိုးဘေးတို့နှင့် ရင်ဆိုင်နိုင်သည်။ သို့သော် ဝမ်ချောင်က ဒီနေရာတွင်ရှိနေသည်။

“ဆရာ စိတ်အေးအေးထား ငါ ကိုင်တွယ်နိုင်ပါတယ်”

ဝမ်ချောင်က တည်ငြိမ်စွာ ပြောသည်။

ဝုန်းးး

ဝမ်ချောင်က လက်ကို တစ်ချက်ယမ်းလိုက်သည်။ ထိုအခါ သူ၏လက်ဖဝါးပေါ်တွင် ယင်နှင့်ယန်ပုံရိပ်က ပေါ်ထွက်လာပြီးနောက်တွင် ကြီးမားသော ဆွဲစုပ်အားတစ်ခုကို ထုတ်လွှတ်၏။ မူလအမရအရှင်က ဤနေရာတွင်ချန်ထားရစ်ခဲ့သည့် စွမ်းအားများအားလုံးကလည်း မိုးပြာရောင်မြူထုအလား အနားသို့ဝိုင်းကာ စုစည်းလာပြီးနောက် ဝမ်ချောင်၏ခန္ဓာကိုယ်ထဲ့သို့ တိုးဝင်သည်။

မဟာယင်ယန်ကောင်းကင်သိုင်း

သာမန်သိုင်းပညာရှင်များဆိုလျှင် ဝမ်ချောင်ရရှိထားသော ဒဏ်ရာများထံမှ သက်သာရန် အတန်ကြာ အနားယူရလောက်သည်။ သို့သော် မဟာယင်ယန်ကောင်းကင်သိုင်း၊ ဝိဉာဉ်ဖွဲ့စည်းခြင်းသိုင်းကို ကျင့်ကြံထားသောလူအတွက်ကမူ တစ်ခဏသာ လိုအပ်လောက်သည်။ ထို့အပြင်ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းတွင်လည်း ထိတွေ့ကိုင်တွယ်၍ပင် ရလုနီးပါးဖြစ်နေသော မူလစွမ်းအင်များက သူ၏ဖြူစုတ်နေသောမျက်နှာကို တစ်ဖြေးဖြေးချင်းစီ သွေးရောင်ပြန်ပြေးစေသည်။

******

အပိုင်း (၁၅၄၀)

ရေနတ်ဘိုးဘေးက ချက်ချင်းလိုလို တစ်ချက်ခပ်အုပ်အုပ် အော်လိုက်သည်။ သူ၏နှလုံးသားက တုန်ယင်သွား၏။ ယခင်ကဆိုလျှင် အခွင့်အရေး ရှိကောင်းရှိလောက်သည်။ သို့သော် ယခုမူဝမ်ချောင်က စွမ်းအားများကို ပြန်ပြည့်နေပြီဖြစ်ပြီး အခွင့်အရေးက နည်းသွားသည်။

အဟွတ် အဟွတ်

ထိုအချိန်တွင် အဝေးမှ အချောင်းဆိုးသံ ထွက်လာသည်။ သာမန်အခြေအနေမျိုးတွင်ဆို လစ်လျူရှုနိုင်လောက်သည့် အချောင်းဆိုးသံသာ ဖြစ်ပေလိမ့်မည်။ သို့သော်ထိုအချိန်တွင် ထိုဦးတည်ရာဘက်က…. လူတိုင်းက ချက်ချင်းလိုလို လှည့်ကြည့်လိုက်သည်။ ဝမ်ချောင်ကပင် မျက်ခုံးပင့်ပြီး လှည့်ကြည့်သည်။

အချောင်းဆိုးသံက လျှောက်လမ်းဘက်မှ လာသည်။ အားနည်းစွာ တိုးလျလွန်းသောအသံက ကပ်ပါလာသည်။

“ဟွန်း မင်းက မင်းနိုင်ပြီလို့ ထင်နေတာမလား”

အရှိန်အဝါက အတော်လေး တိုးတိတ်သည်။ ထိုနေရာက ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဝမ်ချောင်၏လေးစားဖွယ်ကောင်းသော ရိုက်ချက်က အနက်ရောင်ဝတ်စုံနှင့်လူများအားလုံးကို သတ်နိုင်ခဲ့သည့်တိုင်အောင် ပိုက်ကွန်မှလွတ်သွားသော ငါးက ရှိနေသည်။

“ကျားအမရ”

ရေနတ်ဘိုးဘေး၏မျက်နှာက တင်းမာသွားသည်။ သူ၏မျက်ဝန်းတွင် ကြောက်ရွံ့မှုက ပေါ်လာ၏။ သူတို့သည် ကျားအမရ၏စွမ်းအားကို မြင်ခဲ့ပြီးဖြစ်ပြီး ယခုအခါ အလွန်အမင်း အင်အားနည်းပါးနေသည့်တိုင်အောင် အသက်ရှင်နေသေးခြင်းက လူအများ၏နှလုံးသားကို အေးစက်စေသည်။

ဘိုးဘေး၅၀၀မဟာမိတ်မှသူများသည် ဝမ်ချောင့်ကို မျက်စိကျနေရာမှ နောက်ပြန်ဆုတ်သွားသည်။ ရေနတ်ဘိုးဘေးနှင့် ဒဏ္ဍာရီတစ္ဆေဘိုးဘေးတို့ကပင် တိတ်တဆိတ် အော်ဟစ်လိုက်ကြပြီး သူတို့၏မျက်ဝန်းက စူးရှမှုများက ပျောက်သွားသည်။

“ဟွန်း အယုတ်တမာ ကျားအမရ ”

ဝမ်ချောက် သူတို့ကို တစ်ချက်လှောင်လိုက်ပြီးမှ မူလအမရဓါးကို လှမ်းကိုင်ပြီး အရှေ့သို့ တစ်လှမ်းချင်းစီ လှမ်းကာ လျှောက်သွားသည်။ သူဟာ ထိုလျှောက်လမ်းနှင့် မီတာတစ်ဆယ်ကျော်လောက် သွားပြီးနောက်တွင် ကျားအမရ၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။

သူ၏ရင်ဘတ်တွင် ကြီးမားသော ဒဏ်ရာကြီးတစ်ခုကရှိပြီး ကိုယ်ကို နှစ်ခြမ်းပိုင်းလုနီးပါး ဖြစ်နေသည်။ ကိုယ်တွင်းအင်္ဂါများကပင်ပေါ်နေ၏။ ကျားအမရသည် သေခါနီးဖြစ်သည်။ သို့သော် သူဟာ အသက်ရှိလေသည်။ ဝမ်ချောင်၏တိုက်ကွက်က နတ်ဘုရားများ နတ်ဆိုးများကိုပင် တိုက်ခိုက်နိုင်သည့်တိုင်အောင် တစ်ဖက်သူကို မသတ်နိုင်သေးပေ။

သူကလည်း ဝမ်ချောင်က နီးသည်ထက်နီးလာနေကြောင်းမြင်သည်။ သို့သော် သူ၏မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုက ရှိမနေဘဲ အပြုံးသာရှိသည်။

“အခုအရာအားလုံး မင်း ငါတို့ကို အနိုင်ယူလိုက်တာနဲ့ အရာအားလုံး ပြီးသွားပြီလို့ထင်နေမှာပဲ။ ကံဆိုးစွာနဲ့ မင်းတို့ ဘယ်သူကမှ ဒါကအစဆိုတာကို နားလည်မှာမဟုတ်ဘူး မင်းတို့အားလုံး သုံးရင်တောင်မှ မင်းတို့ဒီနေရာနေ လုံးဝအရှင်လတ်လတ် ထွက်သွားနိုင်မှာ မဟုတ်ဘူး”

ကျားအမရ၏အသံက ဖော်ပြရန်ခက်ခဲသော ခြောက်ခြားဖွယ်ကောင်းသည့် ခံစားချက်မျိုးနှင့် စွန်းထင်းနေသည်။

ဝါး

လူအုပ်၏မျက်နှာ ကတင်းမာသွားသည်။ အချို့သောသိုင်းပညာရှင်၏ မျက်နှာများက ဖြူဆုတ်ကုန်သည်။

“ဒီမျိုးမစစ်ကောင်က သူသေတော့မှာတောင် ငါတို့ကို ခြောက်နေသေးတယ်”

ရေနတ်ဘိုးဘေး၏အဖွဲ့က ဒေါသ ထွက်သွားသည်။

“ငါတို့ ဒီနေရာကနေ အရှင်လတ်လတ် ထွက်နိုင်မထွက်နိုင် ဆိုတာကို မင်းက ဆုံးဖြတ်ပေးရမဲ့သူမှမဟုတ်တာ”

ဝမ်ချောင်၏မျက်ဝန်းက တစ်ချက်လက်သွားပြီးနောက် အေးစက်စွာရယ်သည်။ ထို့နောက် မူလအမရဓါးကိုသုံးပြီး ကျားအမရ၏ အသက်စွမ်းအားကို အဆုံးသတ်ပေးလိုက်သည်။

မိစ္ဆဧကရာဇ်က ရုတ်တရက် အနားသို့လျှောက်လာပြီး မျက်နှာထား တင်းမာစွာမေးသည်။

“ချောင်အာ ဒီကိစ္စက ထင်သလောက်မရိုးရှင်းဘူး”

ဝူရှန်းရွာသူကြီးကလည်း အနားသို့ လျှောက်လာသည်။ သူက ထပ်ဖြည့်ပြောသည်။

“ဒီလူရမ်းကားကောင်က ခြိမ်းခြောက်တာ မဟုတ်လောက်ဘူး”

“အွန်း ငါသိတယ်”

ရေနတ်ဘိုးဘေးနှင့်မတူသည်မှာ သူသည်လည်း ကျားအမရက သေခါနီးစကားများနှင့် သူတို့ကို ခြောက်လိမ့်မည် မဟုတ်မှန်း နားလည်သည်။ သို့ သော်ဝမ်ချောင်အတွက် ထိုစကားလုံးများက မှန်မှန် မမှန်မှန် အရေးမကြီးတော့ချေ။

“အရာအားလုံးကို ကိုင်တွယ်နိုင်တဲ့ နည်းလမ်းကတော့ရှိမှာပဲ။ သူက ဘာကိုဆိုလိုဆိုလို ငါတို့ ဂရုစိုက်ဖို့ပဲလိုတယ်။ နောက်ပြီး အရာအားလုံး လုပ်ပြီးသွားတဲ့အခါ ကိစ္စတစ်ခုပဲ ကျန်တော့တယ်”

အနက်ရောင်ဝတ်စုံနှင့်လူများကို ရှင်းပြီးသွားလေသည်။ ထို့ကြောင့် သူတို့လုပ်နိုင်သမျှက မူလအမရသိုင်းကိုယူပြီး အဆုံးသတ်ခြင်းဖြစ်သည်။

ဝုန်း

ဝမ်ချောင်က လက်ကိုဖွင့်လိုက်သောအခါ လျှောက်လမ်းမှ ကျားအမရက ရွှေရောင်အလင်းတစ်ချက်လက်၍ မြေပြင်ပေါ်မှ မြောက်တက်လာသည်။

လူတိုင်းကလည်း မြင်သည်။ သို့သော် မည်သူကမျှစကားတစ်ခွန်းမှ မဆိုကြပေ။ ရေနတ်ဘိုးဘေးကပင် ငြင်းပယ်သည့်လေသံမျိုး မထုတ်ပေ။

ဝမ်ချောင်က ကျားအမရကို အနိုင်ယူလိုက်သည်။ ထို့ကြောင့် အနိုင်ရရှိလာသည့် အကျိုးကျေးဇူးများက သူ့အပိုင်ဖြစ်သည်။

တိုက်ပွဲက ပြီးဆုံးသွားသောကြောင့် အရာအားလုံးက တည်ငြိမ်သွားပြီ ဖြစ်သည်။ သို့သော် မျက်ဝန်းတစ်စုံကဝမ်ချောင့်ကို စိုက်ကြည့်နေကြောင်း မည်သူကမှမသိနိုင်ပေ။

ခွပ်

လူအုပ်က တိတ်ဆိတ်သွားသည်။ ဝမ်ချောင်၏အရှေ့တွင် ဒူးထောက်ချသံတစ်သံ ထွက်လာသည်။

“မူလအမရမျိုးဆက်က လူငယ်ခေါင်းဆောင်ကို ဂါရဝပြုပါတယ်”

အတော်လေးနွမ်းလျပုံပေါ်သော မျက်ဝန်းတစ်စုံကမူ မာနကြီးသောစိတ်ဖြင့် တောက်ပနေသေးသော မျက်ဝန်းတစ်စုံနှင့် သက်လက်ပိုင်းအရွယ် အမျိုးသမီးကြီးက ဝမ်ချောင်၏အရှေ့တွင် ဒူးထောက်သည်။

“လူငယ်ခေါင်းဆောင်ကို ဂါရဝပြုပါတယ်”

“လူငယ်ခေါင်းဆောင်ကို ဂါရဝပြုပါတယ်”

မနောက်ဘက်မှအခြားသော မူလအမရရွာသားများကလည်း အသက်လက်ပိုင်း အမျိးသမီးကြီး၏နောက်တွင် ဝင်ရောက်ဒူးထောက်ကြသည်။

ဆွစ်…

လူအုပ်က ပွက်လောရိုက်သွားသည်။ ဖြောင့်မတ်မှန်ကန်ခြင်းဘက်မှဖြစ်စေ ဆိုးယုတ်သည့်ဘက်မှဖြစ်စေ သိုင်းပညာရှင်များအားလုံးကလည်း မူလအမရရွာသားများကို အာရုံစိုက်လိုက်ကြသည်။ အထူးသဖြင့် အသက်လက်ပိုင်း အမျိုးသမီးကြီးကိုဖြစ်သည်။ သူတို့အားလုံးသည်လည်း သူမက ထိုလူများ၏ ခေါင်းဆောင်ဖြစ်မှန်း မှတ်မိနေကြသည်.။

တိတိကျကျပြောရသော် ယခင်က မူလအမရဝင်္ကမ္ဘာတွင်ဖြစ်စေ၊ မူလအမရဂူကပင်ဖြစ်စေ သူတို့အပိုင်ဖြစ်သည်။ သူတို့သည် နောက်ကွယ်မှ အရာအားလုံးကို ထိန်းချုပ်နေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် သူတို့သည်လည်း မူလအမရရွာသားများနှင့် တင်းကြပ်ကာ မကောင်းသော ဆက်ဆံရေးမျိုးရှိနေကြသည်။

သို့သော် အလှည့်အပြောင်းက ပြီးဆုံးပြီးနောက်တွင် ထိုလူများက ဝမ်ချောင်၏ရှေ့တွင်ဒူးထောက်ပြီး ခေါင်းဆောင်အဖြစ် သတ်မှတ်မည်ဟု မထင်ထားမိပေ။

“ဘာဖြစ်တာလဲ မိစ္ဆဧကရာဇ် လူအိုကြီးမာန်ရဲ့ တပည့်က အင်ပါယာခုံရုံးက မျိုးနွယ်ခြားနယ်မြေများရဲ့ဘုရင် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး မူလအမရရွာသားတွေနဲ့ ဆက်သွယ်မှုရှိနေတာလဲ”

လူတိုင်းကလည်း စိတ်ရှုပ်ထွေးစွာကြည့်ကြသည်။ ဝမ်ချောင်ကပင် အားလုံးနည်းတူ ကြောင်အနေသည်။

“ခေါင်းဆောင် ခင်ဗျား တစ်ခုခုများမှားတာလား၊ ငါကခင်ဗျားရဲ့ မူလအမရရွာသားတွေနဲ့လဲ အရင်က ပက်သက်မှုမျိုး မရှိပါဘူး”

ဝမ်ချောင်က မျက်မှောင် ကြုတ်သည်။

“မမှားဘူး”

မူလအမရရွာသားများ၏ အမျိုးသမီးခေါင်းဆောင်က ခေါင်းခါသည်။ သူက၏မျက်လုံးက ဝမ်ချောင်၏လက်ထဲမှ မူလအမရဓါးဆီ ရောက်သွားသည်။

“မူလအမရဓါးကို ဆွဲထုတ်နိုင်တဲ့ မည်သူကမဆို ငါတို့မူလအမရရွာသားတွေရဲ့ အစစ်အမှန် သခင်ပဲ၊ ဒါကမူလအမရရွာရဲ့ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပြီးလာတဲ့ စည်းမျဉ်းတစ်ခုပဲ၊ ကျောက်သားထဲမှာ ထွင်းထုထားသလိုမျိုးကို ခိုင်မာနေခဲ့တာ”

“နှစ်၁ထောင်ကျော်လုံးလုံး ဘယ်သူကမှဒီလက်နက်ဓါးကို မဆွဲထုတ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ အခုကပြောင်းသွားပြီ”

မူလပအရရွာသားများနှင့် ရွာသူကြီးက ဝမ်ချောင့်ကို စိတ်လှုပ်ရှားစွာကြည့်သည်။

“ဒလောက်အကြာကြီး စောင့်နေပြီးတဲ့နောက်မှာ ငါတို့ မူလအမရရွာသားတွေက အစစ်အမှန်သခင်ကို ပြန်ရပြီ”

“ဟုတ်တယ်… ဟုတ်တယ် မူလအမရဓါးကို ထုတ်နိုင်တဲ့သူက ငါတို့ရဲ့အစစ်အမှန်သခင်ပဲ”

အနောက်ဘက်မှ မူလအမရရွာသားတစ်ယောက်ကလည်း ဝင်ပြောကြသည်။ သူတို့၏မျက်နှာက အလားတူ စိတ်လှုပ်ရှားနေသည်။

ဝမ်ချောင်သည်လည်း မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးတို့နှင့်အတူ သံသယဝင်သောအကြည့်ချင်း ဖလှယ်လိုက်သည်။

သူတို့သည်လည်း မူလအမရရွာသားများ၏ ရက်စက်မှုကို ကြုံတွေ့ခဲ့ပြီးသားဖြစ်သည်။ သူတို့၏ မူလအမရဝင်္ကမ္ဘာက အရေမတွက်နိုင်သော လူပေါင်းများစွာကို သေဆုံးစေခဲ့သည်။ သို့သော် ယခုမူ သူတို့က ဝမ်ချောင်ကို သူတို့၏ သခင်အဖြစ် သတ်မှတ်မည်ဟု ဆိုလာသည်။ ထိုအခြေအနေက နားမလည်နိုင်စရာဖြစ်နေသည်။

“ခင်ဗျား အရင်ကပြောတော့ လွန်ခဲ့တဲ့ နှစ်ထောင်ကျော်တောအတွင်း ဘယ်သူကမှ ဒီဓါးကို မဆွဲထုတ်နိုင်ခဲ့ဘူးဖူးပေါ့ ဟုတ်လား။ မူလမရဂူက အဲဒီဆက်ခံသူတွေ အများကြီးရှိတာ ဘယ်သူကမှဓါးကို မဆွဲထုတ်နိုင်ခဲ့ဘူးလား”

“မဟုတ်ဘူး”

အသက်လတ်ပိုင်း အမျိုးသမီးကြီးက ခေါင်းခါသည်။

“မူလအမရသိုင်းရဲ့စမ်းသပ်စစ်ဆေးမှုတွေကို ကျော်ဖြတ်နိုင်ပြီး ထူးခြားလွန်းတဲ့ ပါရမီကြီးတဲ့သူတွေကပဲ မူလအမရအရှင်ရဲ့ ဆက်ခံသူဖြစ်လာနိုင်တာ၊ ဒါပေမဲ့ဓါး ကို ဆွဲထုတ်နိုင်တဲ့သူက မူလအမရရွာသားတွေရဲ့အစစ်အမှန်သခင်၊ နောက်ပြီး မူလအမရနန်းတော်ကြီးတစ်ခုလုံးရဲ့ သခင်ပဲ”

“!!!”

ဝမ်ချောင်ကပင် အံ့အားသင့်မှုကြောင့် မျက်ခုံးပင့်လိုက်သည်။

မူလအမရရွာသူကြီးပြောသော စကားအတိုးဆိုလျှင် ဓါးကို ဆွဲထုတ်ခြင်းက မူလအမရမျိုးဆက်အတွက် ထူးခြားတဲ့အဓိပ္ပာယ် ရှိနေလောက်သည်။ မူလအမရသိုင်း၏ ဆက်ခံသူ၆ယောက်ကပင် မဆွဲထုတ်နိုင်ခဲ့လောက်ပေ။

ဝမ်ချောင်၏စိတ်တွင်ထူးဆန်းသည့် ခံစားမှုတစ်မျိုးက နေရာဝင်ယူလာသည်။

ဗုန်း

ထိုအချိန်တွင် ဝမ်ချောင်၏ အတွေးယာဉ်ကြောကို နှောင့်ယှက်လိုက်သည့် ကျယ်လောင်သောပေါက်ကွဲသံက ထွက်လာသည်။

ဝမ်ချောင်က မော့ကြည့်လိုက်သောအခါ မူလအမရနန်းတော်ပတ်ဝန်းကျင်မှ ရွှေရောင်အကာစည်းအရှေ့မှ ပုံရိပ်အချို့ ရပ်နေကြောင်း မြင်ရသည်။ သူတို့က အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားနေကြသည်။

“ဒီမျိုးမစစ်က မူလအမရသိုင်းကို အရင်လိုချင်နေတာ”

လူတစ်ယောက်က အော်သည်။ ထို့နောက် လူအုပ်က အုပ်အော်သောင်းနင်း ဖြစ်သွားသည်။

သိသာစွာပင် ထိုလူများသည်လည်း ဝမ်ချောင်က ကျားအမရကို ရင်ဆိုင်လိုက်ပြီးနောက် မူလအမရနန်းတော်ထဲသို့ အပြေးသွားကာ ရတနာများ ရယူလိုနေသည်။

“မျိုးမစစ်တွေ ဟမ် ငါ့ဆီက ခိုးဖို့ကြိုးစားတဲ့ ကောင်တိုင်းကို ငါကသတ်ပြစ်မယ်”

မရေမတွက်နိုင်သော ပုံရိပ်ပေါင်းများစွာကလည်း နန်းတော်ထံသို့ အပြေးဝင်ကြသည်။

ထိုနေရာသို့ ရောက်လာသောသူတိုင်းက အလွန်အမင်း အင်အားကြီးမားသည်။ အမျိးမျိုးသောခါးသီးသည့် စစ်ဆေးမှုများကို ကျော်ဖြတ်ပြီးသားဖြစ်သည်။ အရာအားလုံးကလည်း အဆင့်လွန်မူလအမရသိုင်းကို အရယူလိုပြီးလောကမှ နံပါတ်တစ် ဖြစ်ရန်ဖြစ်သည်။

ပြောကြသည်မှာ အန္တရာယ်အတွင်းမှ ကံကောင်းမှုကို ရှာတွေ့နိုင်လေသည်။ လူအများစုကလည်း လောကမှ နံပါတ်တစ်ဖြစ်ရန် အသက်ဆုံးရှုံးလိုက်ရသည်။ ယခုအခါ ရတနာကသူတို့၏ အရှေ့တွင်ဖြစ်သည်။ မည်သူကမှ မယူချင်ဘဲ မနေချင်ပေ။

ဝှစ်

လေထဲတွင် အဝတ်ချင်းထိသံများက ထွက်ပေါ်လာပြီး လူတိုင်းက လှုပ်ရှားလိုက်ကြသည်။

“ချောင်အာ ဒီအခြေအနေက မကောင်းဘူး”

ဝူရှန်းရွာသူကြီးတို့က အနားသို့ လျှောက်လာသည်။ သူ၏မျက်ဝန်းထဲတွင်လည်း စိုးရိမ်ပူပန်သော အကြည့်ကရှိနေလေပြီး မူလအမရနန်းတော်ရှိရာသို့ ပြေးထွက်သွားသည့်လူအုပ်ကို ကြည့်သည်။

အခြားသောသူများနှင့် မတူညီသည်မှာ သူတို့နှစ်ယောက်သည် ဝမ်ချောင်နှင့် ထိုမျှအဝေးကြီး ထွက်လာခဲ့သည်မှာ လောက၏ နံပါတ်တစ်ဖြစ်ရန်အတွက်ကြောင့် ဖြစ်သည်။

မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ရှင်းလင်းစွာပင် အန္တရာယ်ကြီး ဖြစ်နေသည်။ မူလအမရဓါးက ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းမှ အမျိုးမျိုးသောစွမ်းအင်များကို ဖယ်ရှားပေးခဲ့သော်လည်း သွေဖယ်သည့် လက္ခဏာမျိုးကို သက်သာစေရုံသာ တတ်နိုင်သည်။ ရောဂါကို အရှင်းပျောက်အောင် မလုပ်ပေးနိုင်သေးပေ။

ရောဂါ၏ဇစ်မြစ်ကိုသာ မကုသပါက ဝမ်ချောင်သည်လည်း သေစေနိုင်သည့် အားနည်းချက်ရှိဦးမည် ဖြစ်သည်။ မူလအမရဓါးက အခိုးခံရချိန်ဖြစ်စေ၊ ပျောက်သွားခဲ့သည်ဖြစ်စေ ကြုံတွေ့ခဲ့ရသော ဝမ်ချောင်သည်လည်း ကျင့်ကြံခြင်းသွေဖယ်သည့် လက္ခဏာကို ကြုံတွေ့နေရဦးမည် ဖြစ်သည်။

ထို့ကြောင့် အရာအားလုံး၏ ဖြေရှင်းချက်က တစ်ခုတည်းသာရှိသည်။ မူလအမရသိုင်း ဖြစ်သည်။

“အသုံးမဝင်ဘူး။ မူလအမရသိုင်းကိုသာ ရဖို့လွယ်နေခဲ့ရင် ငါတို့မှာ သခင်တွေ အများကြီး ရှိနေလောက်ပြီ”

အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ရပ်လာသည်။ သူမ၏မျက်လုံးက အဝေးသို့သာကြည့်နေရင်း ပြောလိုက်သည်။

******

All Chapters