← Chapters

အခန်း (၁၅၄၁-၁၅၄၅)

Vol. 93 Ch. 1541-1545

အခန်း (၁၅၄၁-၁၅၄၅)

Vol. 93 Ch. 1541-1545

အပိုင်း(၁၅၄၁)

“ရွာသူကြီးဆိုလိုတာက---”

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်သည် မူလအမရရွာသူကြီးဘက်သို့ လှည့်ကြည့်လိုက်ကာ မျက်မှောင် ကြုတ်သည်။ သူသည် သူမ၏လေသံထဲမှတစ်ဆင့် မူရအမရသိုင်းကို မည်သူကမှမရရှိနိုင်ကြောင်း သေချာလွန်းသော ပုံစံမျိုးဖြစ်နေကြောင်း သိလိုက်ရသည်။

“စောင့်ကြည့်လေ နင် နားလည်လာလိမ့်မယ်”

မူအမရရွာသူကြီးသည်လည်း အသေးစိတ်ရှင်းပြမနေချေ။ သို့သော် သူမ၏ပုံစံက စိတ်အေးပေါ့ပါးနေမှုမျိုးမရှိပေ။

“လူငယ်ခေါင်းဆောင် ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ခေါင်းဆောင်ကလွဲပြီး အဲဒီအမူလမအရနန်းတော်ကို ဘယ်သူမှဝင်နိုင်ဘူး”

သူမ၏မျက်ဝန်းထဲမှ နက်နဲသောအလင်းနှင့် သူမ၏လေသံထဲတွင် ပြင်းထန်သောယုံကြည့်မှုမျိုး ရှိနေသည်။

ဝမ်ချောင်၊ လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးတို့ အားလုံးက သံသယဝင်နေကြသည်။ သို့သော် အဝေးမှအရာအားလုံးက ပေါ်လွင်လာပြီဖြစ်သည်။

နောက်ထပ်သိုင်းပညာရှင် ဒုတိယတစ်အုပ်က‌ မူလအမရနန်းတော်သို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင် အံအားသင့်စရာကောင်းစွာပင် ရုတ်တရက်နန်းတော်နှင့် ပေအနည်းငယ်အကွာတွင် ရပ်လိုက်ကြသည်။ သူတို့၏မျက်လုံးကလည်း အရာင်ပျောက်သွားပြီး လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေကြသည်။

“ဘာတွေဖြစ်နေတာလဲ”

အခြားသောသူများသည်လည်း တစ်စုံတစ်ရာ မူမမှန်နေကြောင်း ချက်ချင်း သိလိုက်ကြသည်။ ထိုအရာက ပုံမှန်အဖြစ်အပျက်မျိုး မဟုတ်ပေ။ မူလအမရသိုင်းသည် သိုင်းပညာလောကမှ သိုင်းပညာရှင်များကို ရူးသွပ်သွားစေနိုင်သည်။ ထို့ကြောင့် ရွှေရောင်အကာအကွယ်အလွှာထဲသို့ပင် မရောက်သေးခင်အပြင်ဘက်တွင် ရပ်တန့်နေစရာ အကြောင်းမရှိပေ။

“လူနည်းနည်းခေါ်ပြီး သွားကြည့်လိုက်”

ကျောက်တုံးတံတား၏ အခြားတစ်ဖက်က ယင်နက်ဘိုးဘေးက ရုတ်တရက် လက်ကိုယမ်းလိုက်သည်။ အခြားသော ဘိုးဘေး၅ယောက်မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များသည်လည်း ချက်ချင်းလိုလို အသိပြန်ဝင်ပြီး ထိုနေရာသို့ စိုက်ကြည့်ကြသည်။

ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်သည်လည်း ဂိုဏ်းသားအနည်းငယ် လွှတ်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုလူများက တံတားကိုကျော်ဖြတ်ကာ ချိန်းကြိုးနားသို့ ရောက်ရှိသွားပြီးသည်နှင့် လူအုပ်၏အာရုံစိုက်ရာဖြစ်လာသည်။

တစ်ခဏခန့်ကြာပြီးနောက် ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်နှင့် ဘိုးဘေး၅ယောက်ဂိုဏ်းမှ အဖွဲ့သားများက အကာအကွယ်အလွှာအနားသို့ ရောက်သွားသည်နှင့် သူတို့သည်လည်း အတူညီသော ဦးတည်ရာဘက်မှ ချည်းကပ်ကြည့်ရန် ကြိုးစားကြသည်။ သူတို့သည် အကွာအကွယ်အလွှာနှင့် ၃ပေ ၂ပေ ၁ပေခန့်အကွာသို့ ရောက်သွားသည်။

ဝုန်း

ရုတ်တရက် ဘိုးဘေး၅ယောက်မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များနှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်းပညာရှင်များအားလုံးက သတိပေးချက် အလျဉ်းမရှိလေဘဲ တောင့်ခဲသွားသည်။ သူတို့၏မျက်လုံးကပင် အာရုံစူးစိုက်မှု ပျောက်သွားပြီး ငေးငိုင်သွားသည်။

“ဒါကဘာလဲ”

ယင်နက်ဘိုးဘေးက တစ်ဖန် ထပ်ပြီးတုန်ယင်သွားသည်။ သူ၏မျက်နှာတွင် အံ့အားသင့်မှုက အထင်းသား ပေါ်ထွက်နေသည်။

တစ်ကြိမ်ဆိုလျှင် တိုက်ဆိုင်ခြင်းဖြစ်သည်။ သိုသော် အစောပိုင်း မည်သည့်အဖွဲ့အစည်းကမှ မဟုတ်သည့် ကျွမ်းကျင်ပညာရှင်များက အင်အားအရာတွင် လိုအပ်ချက်ကြောင့်ဟု ပြောနိုင်သေးသည်။ သို့သော် ဘိုးဘေး၅ယောက်မဟာမိတ်နှင့် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များကမူ တူညီသောကံကြမ္မာကို ရင်ဆိုင်လိုက်ရကတည်းက ရှင်းလင်းစွာပင် အင်အားလိုအပ်ချက်ကြောင့်ဟု ရှင်းပြ၍ရသော အရာမျိုး မဟုတ်တော့ပေ။ တစ်ချိန်တည်းတွင်ပင် ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်မှ ဂိုဏ်သားများကို အနားသို့သွားရန် အမိန့်ပေးခဲ့သောသူဖြစ်သည့် တုအရှင် ရှန့်ကွမ်းထင်ကပင် မျက်မှောင် ကြုတ်သည်။

“ရွာသူကြီး ဘာတွေဖြစ်နေတာလဲ”

ဝမ်ချောင်က ရုတ်တရက် မေးလိုက်သည်။

“ဟွန့်…သူတို့က မူလအမရမျိုးဆက်ကို အရမ်းကိုရိုးရိုးရှင်းရှင်း သတ်မှတ်ထားကြတာလေ။ မူလအမရမရှင်က ဒီဂူရဲ့အတွင်းပိုင်းမှာ မူလအမရနန်းတော်ကို ချန်ထားရစ်ခဲ့တာ။ နောက်ပြီး နှစ်တစ်ထောင်ကျော်တောင်ကြာခဲ့ပြီ။ ငါတို့မူလအမရရွာသားတွေနဲ့ မျိုးဆက်၆ဆက် တပည့်ဂိုဏ်သားတွေ အားလုံးကလည်း ဒီနေရာကို ကာကွယ်ဖို့ အရာအားလုံးကို နှစ်မြုပ်ထားခဲ့တယ်။ အနက်ရောင်ဝတ်စံနှင့် လူတွေက အဲလောက် အင်အားစိုက်ထုတ်ပြီး ရောက်လာနိုင်တယ်”

“ဒါကို ဒီသိုင်းပညာရှင် အနည်းငယ်လောက်က အလွယ်တကူဝင်လို့ ဘယ်ရပါ့မလဲ”

မူလအမရရွာသူကြီးက အေးစက်စွာပြောသည်။ ထိုစကားက ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်နှင့် မိစ္ဆာလမ်းကြောင်းလျှောက်သော သိုင်းပညာရှင်များကို အလန့်တကြားဖြစ်သွားစေသည်။

“အတိုချုံးပြောရရင် လူငယ်ခေါင်းဆောင်ကလွဲပြီး ဘယ်သူကမှ မူလအမရနန်းတော်ထဲကို မဝင်နိုင်ဘူး”

ဝမ်ချောင်က ဘာစကားမှ မပြောတော့ပေ။ သူ၏မျက်နှာတွင် အဓိပ္ပါယ်နက်နဲသော အကြည့်မျိုးက ပေါ်လာသည်။ ထိုအချိန်တွင်အဝေးမှ အခြေအနေက အပြောင်းအလဲဖြစ်လာသည်။ အချို့သောအင်အားပိုကြီးသည့် သိုင်းပညာရှင်များ၏ စွဲလမ်းစိတ်ကြောင့် မောင်းနှင့်ခံရရင် ငေးငိုင်နေသော အခြေအနေမျိုးက လွတ်မြောက်ရန် ကြိုးစားနိုင်ခဲ့သည်။

“လမ်းဖယ်”

“မူလအမရသိုင်းက ငါ့အပိုင်ပဲ။ ငါကလောကရဲ့နံပါတ်တစ်ဖြစ်လာမှာ ငါ့ကို ဘယ်သူမှမတားနိုင်ဘူး”

ထိုကျွမ်းကျင်ပညာရှင်များသည်လည်း သူတို့၏ကြယ်တာယာစွမ်းအင်တိုင်းကို စုစည်းလိုက်ပြီး စွမ်းအင်လက်ဖဝါးပုံစံ၊ စွမ်းအင်လက်သီးပုံစံ၊ ဆေးလ်ဗား ဓါးချီပုံစံ အမျိုးမျိုးပြောင်းလဲယူကာ မူလအမရနန်းတော် ပတ်ဝန်းကျင်မှ အကာအကွယ်အလွှာကို ရိုက်ချရန် ကြိုးစားသည်။

ဗုန်း ဗုန်း ဗုန်း

အကာအကွယ်အလွှာပေါ်တွင် မရေအတွက်နိုင်သော တိုက်ကွက်များက ပေါက်ကွဲလျက်ပေါ်လာသည်။ သို့သော် တစ်ခဏခန့်ကြာပြီးနောက် အကာအကွယ်အလွှာအတွင်းမှ ပြန်ထွက်လာသော သိပ်သည်းသည့် ရွှေရောင်စွမ်းအင်မုန်တိုင်းကြောင့် အထိတ်တလန့် အော်ဟစ်သံများအဖြစ်သာ ပြောင်းလဲသွားသည်။ ထိုရွှေရောင်မုန်တိုင်းသည် ငေးငိုင်သောသိုင်းပညာရှင်များကို လစ်လျူရှုလေသည်။ သို့သော်တိုက်ခိုက်ခဲ့သော သိုင်ပညာရှင်များအားလုံးကိုမူ တိုက်ခိုက်ခဲ့ကာ လွင့်ထွက်သွားအောင် တွန်းထုတ်ပစ်လိုက်သည်။ ထို့နောက် သူတို့၏အနောက်ဘက်တွင် ရှိနေသည်မှာ အောက်ခြေမဲ့နေသည်ဟု ထင်ရသည့် အလွန်အမင်းနက်ရှိုင်းသော အသူရာချောက်ကြီးဖြစ်သည်။

“အား”

ထိုခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သော သူများက အောက်ဘက်သို့ ထိုးကျသွားချိန်တွင် ချောက်ကမ်းပါးကြီးတစ်ခုလုံးနှင့် အော်ဟစ်သံများက ပဲ့တင်ထပ်သည်။ သူတို့က ရုန်းကန်ရန် ကြိုးစားသည်။ သို့သော် သူတို့၏ အားထုတ်မှုမျာက အလဟဿသာ ဖြစ်နေ၏။

တစ်ခဏခန့်ကြာပြီးနောက် သိုင်းပညာရှင်များသည် မြူအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။ သို့သော် သူတို့၏ အဝေးမှ အော်ဟစ်သံမျာကို ဖျော့တော့စွာ ကြားနိုင်သေး၏။

ထိုသိုင်းပညာရှင်များက ပြုက်ကျသွားပြီးသည်နှင့် အဝေးမှ ဆိုးယုတ်သော အနက်ရောင်စွမ်းအားတစ်တန်းက ရွှေရောင်အကာအကွယ်အလွှာကို ရင်ဆိုင်ရန် ကြိုးစားသည်

ဘမ်းး

ထိုဆိုးယုတ်သော စွမ်းအင်သည် အကာအကွယ်အလွှာကို ဝင်တိုက်လိုက်သောအခါ သတ္ထုချင်း ထိခိုက်သံကိုသာ ထွက်ပေါ်လာစေသည်။ သို့သော် အကာအကွယ်လွှာကို အနည်းငယ်သာ တုန်ယင်သွားစေသည်။ သို့သော် တစ်ခဏခန့်ကြာပြီးယုံနှင့် အပေါ်ယံမျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်၍ ရှေးကျသော သင်္ကေတများက တစ်ဖျတ်ဖျတ်လက်ကာ ထွက်ပေါ်လာသည်။ နောက်ထပ် သိပ်သည်းသောစွမ်းအင်ကလည်း ထိုမိစ္ဆာစွမ်းအင်ကို လွှင့်ထွက်စေခဲ့ပြီးနောက် မြန်ဆန်သော အရှိန်နှုန်းနှင့် ပြန်လည် ရောက်ရှိလာသည်။

“အား”

တံတားတစ်ဖက်ခြမ်းမှ အနက်ရောင် ပုံရိပ်ကလည်း အော်ဟစ်ပြီးဘေးဘက်သို့ ရှောင်သည်။ သူသည်လည်း ကြောက်မက်ဖွယ်ကောင်းသော ရိုက်ချက်ကို ရှောင်ရုံသာ ရှောင်လိုက်နိုင်သည်။

သူ၏အနောက်ဘက် မီတာ ၂၀ ၃၀ ခန့်အကွာသို့ ကျော်ဖြတ်၍ ဝင်ရောက်သွားသော အသံစွမ်းအင်က ကျောက်သားနံရံကို ရိုက်ချမိသွားသည်။

ဒုန်း

အရွယ်အစားအမျိုးမျိုးသော ကျောက်တုံးများက အောက်ဖက်သို့ ပြုက်ကျသည်။ အရှိန်အဝါကြီးမြက်သော ထိုစွမ်းအင်က သူတို့အောက်ဘက်ရှိမြေပြင်ကိုပင် တသိမ့်သိမ့်တုန်ကာ ငြီးငြူသံလိုမျိုး ခပ်အုပ်အုပ် အသံမျိုးကို ထွက်ပေါ်စေသည်။

“မျိုုးမစစ်ကောင်”

ယင်နက်ဘိုးဘေးသည်လည်း အထက်မှ ကျလာသော ကျောက်သားပုံကိုကြည့်နေရင်း လက်သီးစုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ မျက်နှာက တင်းမာသွားပြီးနောက် လှောင်သံလိုမျိုး အော်လိုက်သည်။ သူသည်လည်း ထိုအကာကွယ်လွှာဟာ မည်မျှအင်အားကြီးမားကြောင်း စမ်းသပ်ကြည့်ရုံသာဖြစ်သည်။ လူအများက အနီးကပ်သွားသော်လည်း မကျော်ဖြတ်နိုင်ကြောင်း မြင်သောအခါ သိချင်စိတ်ပြင်းပြလာခဲ့၍လည်း ဖြစ်သည်။ မမျှော်လင့်ထားစွာပင် သူ၏ ကိုယ်ပိုင်တိုက်ကွက်နှင့် ပြန်ခံလုနီးပါး ဖြစ်သွားသည်။

သူကသာ လျှင်မြန်စွာ မတုန့်ပြန်နိုင်ခဲ့လျှင် သူ၏ကိုယ်ပိုင်တိုက်ကွက်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားပေလောက်မည်။

“လောင်ဝူ ဒီမူလအမရနန်းတော်နဲ့ ပတ်သက်ပြီး ထူးဆန်းနေတာရှိတယ်”

ယင်နက်ဘိုးဘေးစိတ်ထဲသို့ စိတ်စွမ်းအားလှိုင်းတစ်ရပ်က ဝင်ရောက်လာသည်။ အရိုးနတ်ဆိုးဘိုးဘေးကလည်း သူ၏ ထင်မြင်ချက်ကို ထုတ်ပြောရန် ရွေးချယ်လိုက်၏။ သူသည် မျက်စိကျိန်းမတက်တောက်ပသော မူလအမရနန်းတော်ကြီးအား စူးစမ်းစစ်ဆေးနေသလိုမျိုး ကြည့်နေသည်။

အခြားသောသူများကလည်း အတော်လေး ကြောက်နေကြသည်။ ယင်နက်ဘိုးဘေးသည် ဘိုးဘေး၅ယောက်မဟာမိတ်ထဲတွင် အင်အား အကြီးဆုံးသူ မဟုတ်ပေ။ သို့သော် သူသည် အတော်ဆုံး ကျွမ်းကျင်ပညာရှင်များထဲမှ တစ်ယောက်ဖြစ်သည်။ အရိုးနတ်ဆိုးဘိုးဘေးတို့ထက် အနည်းငယ်သာ အားနည်း၏။

ယင်နက်ဘိုးဘေး၏ အင်အားအပြည့် ရိုက်ချက်ကို ထိုမူလအမရနန်းတော်က တားမြစ်ခဲ့သည့်အပြင် ကြီးမားသော အင်အားအဖြစ် ပြန်ချဲ့ပြီးနောက် ပြန်ကန်ထွက်စေခဲ့သည်။ ထို့ကြောင့် သူတို့၏ စိတ်ကလည်း အင်အားကြီးမားသော ခုခံမှုကြောင့် တုန်ယင်သွားကြသည်။

ထိုအချက်တစ်ခုတည်းကပင် မူလအမရ နန်းတော်သည်။ မည်သည့်သိုင်းပညာရှင်ကိုမဆို တုန့်ဆိုင်းစေသော ထိုးဖောက်ရခက်သည့် ခံတပ်ကြီးတစ်ခုအဖြစ် မြင်နိုင်စေသည်။

အနည်းဆုံးသိုင်းပညာရှင်များ၏ ၉၀% ခန့်က ထိုအကာအကွယ်လွှာကို ကျော်ဖြတ်သွားရန် မဖြစ်နိုင်ပေ။

“မူလအမရနန်းတော်ရဲ့ပတ်ဝန်းကျင်က စည်းတံဆိပ်က အင်းအားကြီးလွန်းတယ်။ ငါတို့အင်အားသုံးပြီး တောက်လျှောက်ဖောက်ဝင်မယ်ဆိုရင် မအောင်မြင်ရုံတင်မကဘဲ အပြင်းအထန် ဒဏ်ရာရသွားနိုင်တယ်”

နောက်ထပ်စိတ်စွမ်းအင် အားလှိုင်းတစ်ရပ်လုံးကလည်း သူတို့နှစ်ယောက်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ ဒဏ္ဍာရီလာတစ္ဆေဘိုးဘေးက မှတ်ချက်ချ၏။

“ဒီလိုဆိုမှတော့ ငါတို့ ဘာလို့လူတစ်ချို့ကို မေးခွန်းမထုတ်ရမှာလဲ။ ဒီလိုဆိုရင် အချိန်ကုန်သက်သာတယ်”

“အချိန်ကုန်သက်သာတယ်။ အင်အားလည်း မကုန်တော့ဘူး”

ဒဏ္ဍာရီလာဘိုးဘေးသည် ဝမ်ချောင်၏ အနောက်တွင်ရပ်နေသော မူလအမရရွာသူကြီးကို မည်းမှောင်သော အကြည့်မျိုးပေးသည်။ ယင်နက်ဘိုးဘေးနှင့် အရိုးနတ်ဆိုးဘိုးဘေးတို့ကလည်း ခေါင်းကို လှည့်ကြည့်လိုက်သည်။ သူတို့၏စွမ်အင်က စတင်ကာ ငြိမ်းအေးလာသည်။ တိတိကျကျပြောရသော် မူလအမရနန်းတော်ကို ပြင်နိုင်သောသူက ထိုမူလအမရ ရွာသူကြီးဖြစ်လောက်သည်ဟုထင်နေသည်။

သူမကသာ မူလအမရနန်းတော်ကို အတက်မှ ဆင့်ခေါ်ရမည့်နည်းလမ်းမျိုးကို သိနေခဲ့လျှင် အကာအကွယ်လွှာကို ကျော်ဖြတ်ရမည့် နည်းလမ်းကို သိနေလောက်သည်။

“ဟွန့်”

မူလအမရရွာသူကြီးက သူမကို ကြည့်လာသည့် ဒဏ္ဍာရီတစ္ဆေဘိုးဘေးကို နှာခေါင်းရှုံ့ကာပြောသည်။ တစ်ဖက်သူ၏ အတွေးကိုလည်းသူမက သိသည်။

“ငါတို့ မူလအမရရွာသားတွေက အနိုင်ကျင့်လို့ရလောက်အောင် အားနည်းနေလိမ့်မယ်လို့ နင်တို့က ထင်နေတာလား”

ဝုန်း

မူလအမရရွာသူကြီးကသူတို့ကို အေးစက်စွာကြည့်ပြီးနောက် စူးရှစွာ လေချွန်လိုက်သည်။

ရွှီ ရွှီ

တစ်ခဏခန့်ကြာပြီးနောက်တွင် မူလအမရ နံဘေးဘက်ရှိနံရံနားရှိ လျှောက်လမ်းထဲမှ ဖြူဖွေးအပ်ချဉ်မျှင်များက ထွက်လာသည်။

ဘမ်း

နောက်ထပ်အဖြူရောင် ပင့်ကူမျှင်တစ်ကြိုးက ထွက်ပေါ်လာပြီးနောက် တွင် အမွှေးများထူပိန်းနေသော အစိမ်းရောင် သတ္တဝါကြီးတစ်ကောင်က ကြောက်မက်ဖွယ်ကောင်းသည့် မြန်ဆန်သည့် အရှိန်မျိုးကို အပ်ချည်မျှင်များကတစ်ဆင့် ရောက်ရှိလာလေသည်။

ဝုန်း

တစ်ခဏခန့်ထပ်ကြာပြီးနောက်တွင် ထိုကြီးမားသော သတ္တဝါကြီးသည် မူလအမရ ရွာသူကြီး၏ နောက်ကွယ်မှနေ၍ လမ်းကြောင်း၏ အမှောင်ထုအတွင်းမှ တောက်ပသော ကြယ်စင်များအလား ပေါ်ထွက်လာသည်။

“အမှောင်အရိပ်ပင့်ကူပဲ”

လူအုပ်သည်လည်း ထိုသတ္တဝါကို မှတ်မိသည်။ ကိုယ်တိုင်ခံစားတွေ့ကြုံခဲ့ဖူးသော လူများဆိုလျှင် ချက်ချင်းလိုလို တုန်ရင်သွားကြပြီးနောက် အလိုလျှောက်ပင် နောက်ဆုတ်မိလိုက်ကြသည်။

******

အပိုင်း(၁၅၄၂)

အမှောင်အရိပ်ပင့်ကူ၏ ပင့်ကူမျှင်များက ဖော်ပြရန်ခက်ခဲသော ချည်မျှင်များက ဖော်ပြရန်ခက်ခဲလောက်အော် ထက်ရှသည်။ ထို့အပြင် ကြမ်းတမ်းမာကျောလွန်သဖြင့် ဆေလ်ဗာဓါးကပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များကိုသာ အသုံးပြုပြီး အဖြူရောင်ပင့်ကူမျှင်များကို လောင်ကျွမ်းပစ်စေနိုင်သည်။ သို့သော် မည်သည့်သိုင်းပညာရှင်ကမှ ထိုသို့ထူးဆန်းသော သိုင်များကို မတတ်ထားပေ။

ဒဏ္ဍာရီလာတစ္ဆေဘိုးဘေး၏ မျက်နှာကတင်းမာသွားသည်။

‘ဒီမိန်းမက…’

ယင်နက်ဘိုးဘေးသည်လည်း စိတ်ထဲတွင် ဒေါသထွက်သွား၏။ သူသည်လည်း ထိုမူအမရရွာသားများက ထိုအနက်ရောင်ဝတ်စုံနှင့်လူများကို ယှဉ်ရာတွင် ရှုံးနိမ့်ခဲ့သည့်တိုင်အောင် အလွန်ကိုတွယ်၍မရမှန်းကို ဝန်ခံရပေမည်။

သူတို့သည် ဒီနေရာမှ ထောင်ချောက်များကို ကျွမ်းကျင်သောသူများဖြစ်သည်။ သူတို့သည် အမျိုးမျိုးသော မကောင်းဆိုးရွားများကို ထိန်းချုပ်နိုင်စွမ်းအားကလည်း ဘိုးဘေး၅ယောက်မဟာမိတ်အား ဘာမှမလုပ်ပေးနိုင်အောင် စဉ်းစားရခက်စေသည်။

ရှန့်ကွမ်းထင်က ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သည်။ ရှင်းလင်းစွာပင် သူသည်လည်း အလားတူအကြံရှိခဲ့ခြင်း ဖြစ်သည်။

“ထားလိုက်တော့ လွှတ်ပေးလိုက်ပါ”

ရှန့်ကွမ်းထင်၏နားထဲတွင် ရင်းနှီးနေသောအသံကို ကြားရသဖြင့် တအံ့တ ဩလှည့်ကြည့်သောအခါ ၁၀နှစ်ကျော်လုံးလုံး သူနှင့်အတူ ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့သော မိတ်ဆွေထံမှဖြစ်ကြောင်း သိလိုက်သည်။

“မင်းမမြင်နိုင်သေးဘူးလား။ ဝမ်ချောင်ကလွဲပြီးဘယ်သူကမှ မူလအမရနန်းတော်ထဲကို မဝင်နိုင်ဘူး။ အရာအားလုံးက သူ့အတွက် ဖန်တီးပေးထားသလိုဖြစ်နေတာ”

စုန့်ယွမ်ယွီက အရှေ့ဘက်သို့ စိုက်ကြည့်ရင်း ပြောသည်။ ရှန့်ကွမ်းထင်က မျက်မှောင်ကျုံ့ပြီး သူ၏မျက်နှာတွင် လက်သင့်မခံလိုသေးသော အကြည့်ကိုလည်း မြင်နိုင်သေးသည်။ တစ်ခဏခန့်ကြာပြီးနောက် သူသည် ဝမ်ချောင်၏လက်ထဲမှ မူလအမရဓါးနှင့် ဝမ်ချောင်၏ အနောက်ဘက်တွင်ရပ်နေသော မူလအမရရွာသူကြီးကို ကြည့်ပြီးနောက်တွင် ချက်ချင်းလိုလိုနားလည်သွားသည်.။

စုန့်ယွမ်ယွီကကျောဘက်သို့ လက်ပို့ထားပြီး အေးစက်စွာပြောသည်။

“သူ့ကြောင့်သာမဟုတ်ရင် ငါတို့ထဲက ဘယ်သူကမှ အဲဒီအနက်ရောင်ဝတ်စုံနဲ့လူတွေကို နိုင်ခဲ့မှာ မဟုတ်ဘူး။ ဒါကိုကျေးဇူးကြွေးပြန်ပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့ နောက်ပြီး ---ငါတို့ ဆန္ဒရှိပြီး ကြိုးစားပြီးအရယူချင်ရင်တောင်မှ မနိုင်,နိုင်ဘူး”

ဝမ်‌ချောင်ပင်ဖြစ်စေ မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ဖြစ်စေ သာမန်သိုင်ပညာရှင်မျိုး မဟုတ်ပေ။ ဝမ်ချောင်ဟာ အင်အားအများကြီး ကုန်ဆုံးခဲ့ပုံရသော်လည်း သူ့တွင် အင်အားတစ်ဝက်ခန့် ရှိသေးလျှင်ပင် ဒီနေရာမှမည်သူကမှ သူ့ကို ယှဉ်နိုင်ဦးမည်မဟုတ်ပေ။ သူတို့က အစစ်အမှန် တိုက်ခိုက်ခဲ့သော် ဖြောင့်မတ်မှန်ကန်ခြင်း မဟာမိတ်သည်လည်း ဒုက္ခအလိမ်းလိမ်းရောက်ရင်း အဆုံးသတ်ရပေလိမ့်မည်။

“မျိုးမစစ်ကောင် ဘာတွေဖြစ်နေတာလဲ။ ဆိုးယုတ်သူတွေက စတင်လှုပ်ရှားနေပြီ။ မူလအမရနန်းတော်က ဒီနေရာမှာတင် ရှိနေတာ။ ဒါပေမဲ့ ဘယ်သူကမှ မဝင်နိုင်ဘူး”

လူအုပ်က အုပ်အော်သောင်းနင်းဖြစ်နေသည်။ ဖြောင့်မတ်မှန်ကန်ခြင်း လမ်းကြောင်းလျှောက်သောသူများနှင့် ဆိုးယုတ်သော လမ်းကြောင်းလျှောက်သူများ အားလုံးက အင်အားအားလုံးကို အကုန်သုံးကာ ကြိုးစားသည့်တိုင်အောင် မူလအမရနန်းတော်ထဲသို့ မဝင်နိုင်ပေ။

“သခင်သွားပါ”

မူလအမရရွာသူကြီးက ရုတ်တရက် ပြောသည်။

“ငါ့တို့ရဲ့မူလအမရမျိုးဆက်က မူလအမရဓါးကိုပိုင်ဆိုင်တဲ့သူကပဲ နန်းတော်ထဲကို ဝင်နိုင်တယ်ဆိုတဲ့ နှုတ်မိန့်ကိုရရှိထားခဲ့ပြီးသား။ ဒီနေရာမှာ လူငယ်ခေါင်းဆောင်ကပဲ မူလအမရမျိုးဆက်ရဲ့ အစစ်အမှန်ဆက်ခံသူ ဖြစ်လာလိမ့်မယ်”

မူလအမရရွာသူကြီးက ဝမ်ချောင့်ကို ကြည့်သည်။

“အစစ်အမှန်ဆက်ခံသူ ဟုတ်လား”

ဝမ်ချောင်ကပင် ထိုစကားများကြောင့် မျက်ခုံးပင့်သွားသည်။ သူ၏မျက်လုံးထဲတွင် မေးခွန်းထုတ်လိုသောအကြည့်များ ပေါ်လာ၏။

“ဒါကို ငါလည်းမသိဘူး။ ငါတို့မူလအမရရွာသားတွေက ဒီအခိုက်အတန့်အတွက်ပဲ အတိအကျတည်ရှိနေကြတာ”

မူလအမရရွာသူကြီးက တင်းမာစွာပြောသည်။ သူမက မူလအမရဓါးကို ကြည့်၏။ သူမသည်လည်း ဝမ်ချောင်က ထိုဓါးကိုသုံးပြီး ကျားအမရကိုအနိုင်ယူခဲ့သည်အား ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရသည့်တိုင်အောင် ဝမ်ချောင်ကကိုင်ထားသည့် ထိုဓါးကိုမြင်ချိန်တိုင်းလိုလို အိမ်မက်မက်နေသလို ခံစားနေရသည်။

“ဒီလိုအခိုက်အတန့်မျိုုးကို ကယ်ရောက်ရှိလာလိမ့်မယ်လို့ ငါတကယ်ကို မတွေးခဲ့ဖူးတာ။ ငါတို့မူလအမရမျိုးဆက်က လူတွေအားလုံးရဲ့ ကံကြမ္မာကို ကြိုးကိုင်နိုင်တဲ့သူက အခုပေါ်လာ‌ပြီပဲ”

မူလအမရရွာသူကြီးက ခပ်တိုးတိုးရေရွတ်သည်။ သူမသည်လည်း ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်းရန် အတတ်နိုင်ဆုံး ကြိုးစားနေသည့်တိုင်အောင် သူမ၏လက်ချောင်းများ၏ တုန်ယင်မှုကိုမရပ်တန့်နိုင်ချေ။ သူမ၏မျိုးဆက်ကသာ သူတို့အမှန်တကယ် ကျော်ဖြတ်ခဲ့ရသည့် အကြောင်းအရာကို နားလည်လောက်သည်။ သူတို့သည်လည်း ထိုဓါးကိုမျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ကာကွယ်ရန်ကြိုးစားခဲ့သည်။ တစ်လောကလုံးထံမှ ကာကွယ်ထားရသည်။

ဝမ်ချောင်သည်လည်း မူလအမရရွာသူကြီး၏ လေသံအရ တစ်စုံတစ်ရာကို နားလည်လိုက်ပုံရသည်။ သူ၏စိတ်အစဉ်တွင် မရေမတွက်နိုင်သောအတွေးများက ဖြတ်ပြေးသွားသည်။ သို့သော် သိပ်မကြာခင်တွင် တည်ငြိမ်သွားလေသည်။

ဝမ်ချောင်သည် မူလအမရဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အရှေ့သို့တက်သည်။ သူ၏လှုပ်ရှားမှုက လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်သည်။ ယင်နက်ဘိုးဘေး ၊စုန့်ယွမ်ယွီနှင့် အခြားသောသူများအားလုံးက လှည့်ကြည့်သည်။

“ဒီကလေး”

ယင်နက်ဘိုးဘေးသည်ပင် မျက်ခုံးပင့်လိုက်သည်။ သူဟာ အကြောက်အလန့်မဲ့သော အမူအရာမျိုး ရှိနေသေးသည့်တိုင်အောင် သူ၏မျက်ဝန်းအတွင်းတွင်မူ ခြားနားသောခံစားချက်ကို မြင်နိုင်သည်။ ဝမ်ချောင်သည် ထိုမျှအင်အားကြီးကာ ကြောက်စရာကောင်းသော အင်အားမျိူးကို ပိုင်ဆိုင်ထားသောကြောင့် ယင်နက်ဘိုးဘေးကလည်း သူ့ကို နှုတ်ကိုသာသုံးပြီး အတိုက်အခံလုပ်ရဲသည်။ အမှန်တကယ် တိုက်ခိုက်မည်ဆိုလျှင် ယင်နက်ဘိုးဘေးသည် သတ္တိမရှိပါပေ။

ဝမ်ချောင်က အရှေ့ဘက်သို့ တရွေ့ရွေ့သွားနေချိန်တွင် အရာအားလုံးက တိတ်ဆိတ်နေသည်။ သူ၏လမ်းကြောတွင်ရှိသမျှသိုင်းပညာရှင်တိုင်းက အလိုအလျာက် လမ်းဖယ်ပေးသည်။ တစ်ခဏခန့်ကြာပြီးနောက် ဝမ်ချောင်သည် ကျောက်တံတားကို ကျော်ဖြတ်ပြီး သံချိန်းကြိုးကို ထပ်မံကျော်ဖြတ်ကာ မူလအမရနန်းတော်နားသို့ ရောက်သွားသည်။

သူ၏ အရှေ့သုံးပေခန့်အကွာတွင် သိုင်းပညာရှင်တိုင်းက ဝင်ချင်ကြသော မူအမရနန်းတော်ကြီးရှိသည်။ မရေမတွက်နိုင်သော လျို့ဝှက်ဆန်းကြယ်သော စကားလုံးများနှင့် သင်္ကေတများကလည်း ထိုရွှေရောင်အလင်း အကာအကွယ် အလွှာအတွင်းတွင် ရွှေ့လျားလျက်ရှိသည်။

အရာအားလုံးက အကြွင်းမဲ့ တိတ်ဆိတ်မှုအတွင်းတွင် ဖြစ်ပျက်သွားသော်လည်း ဝမ်ချောင်ကမူ တည်ငြိမ်မှုအောက်ဘက်တွင် အကန့်အသတ်မဲ့သော ဒေါသများက ဖုန်းကွယ်ထားကြောင်း ခံစားမိနိုင်သည်။ ထို့ပြင် ပြင်းထန်လွန်းသော စည်တံဆိပ်စွမ်းအင်

ရိုးရှင်းစွာပင် အချိန်၏ အောက်တွင်ဆုံးရှုံးသွားသော စွမ်းအားကြီးမားသော စွမ်းအင်များဖြစ်သည်။

အကာအကွယ်အလွှာကို အချိန်တစ်ခုကြာအောင် စောင့်ကြည့်နေပြီးနောက်တွင် ဝမ်ချောင်က တစ်ဖက်သို့ကျော်ကြည့်သည်။ ကျယ်ပြောကာ ခန်းနားထည်ဝါသော မူလအမရနန်းတော်က သေမျိုးလောက၏ အဆောက်အဦ်းတစ်ခုနှင့် မတူဘဲ ကောင်းကင်ဘုံမှ အဆောင်တစ်ခု ဖြစ်ပုံရသည်။

လွန်ခဲ့သော နှစ်၁၀၀၀ ကျော်ကျော်ခန့်က နွေဦးနှင့် ဆောင်းဦးခေတ်၏ ခန်းနားထည်ဝါသော ကြီးမားသည့် တည်ဆောက်ပုံမျိုးက လက်ရှိခေတ်မျိုးအထိ ပြီးပြည့်စုံစွာ အကောင်းအတိုင်း ကျန်ရစ်နေလိမ့်မယ်ဟု တွေးတောကြည့်ရန်ပင် ခက်ခဲသည်။

မူလအမရနန်းတော်သည်လည်း နှစ်ထောင်ကျော်လုံးလုံး အသူရာချောက်အပေါ်ဘက်တွင် ပုန်းကွယ်လျက်သား ရှိနေခဲ့ခြင်းက ပို၍ပင်လျှို့ဝှက်ဆန်းကြယ်စေသေးသည်။

‘လုံးဝကို ဖော်ပြဖို့တောင် ခက်လွန်တယ်’

ဝမ်ချောင်သည် ရုတ်တရက် သက်ပြင်းချသည်။ အချိန်နှင့်သမိုင်းက ရှည်လျားပြီး အရေမတွက်နိုင်သော လူမျိုးစုများကို သူတို့၏ကျော်ကြားမှု တောက်ပမှုများထံမှ ဖယ်ခွာနိုင်ခဲ့သည်။ သို့သော် သူ၏ကိုယ်ပိုင်မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသောကြောင့်သာ မဟုတ်လျှင် သူသည်လည်း မြေပြင်အောက်ဘက် မီတာ၁သောင်း ၆ထောင်ခန့်နက်သော နေရာမျိုးတွင် ထိုကဲ့သို့သောအရာမျိုး ရှိနေလိမ့်မည်ဟု ယုံနိုင်လိမ့်မည်မဟုတ်ပေ။

‘အထဲမှာဘယ်လို လျှို့ဝှက်ချက်တွေရှိသေးလဲ သိချင်သေးတယ်’

ဝမ်ချောင်က တိတ်တဆိတ်ရေရွတ်သည်။

ချွင်

သူဟာ ထိုသို့နေချိန်တွင်ပင် သတ္ထုမြည်သံမျိုးကို ကြားရသည်။ ထို့ကြောင့် ခေါင်းမော့လိုက်သောအခါ မူလအမရဓါးက ရင်းနှီးကျွမ်းဝင်သောစွမ်းအင်ကို အာရုံကို အာရုံခံမိသည့်အလား စိတ်လှုပ်ရှားစွာ လှုပ်ခါလာသလို ဖြစ်လာကြောင်း မြင်လိုက်ရသည်။

တစ်ခဏခန့် ငေးငိုင်သွားပြီးနောက်တွင် ဝမ်ချောင်သည်လည်း အဖြစ်အပျက်ကို နားလည်သွားပုံရသည်။

တက်ခ်

မူလအမရဓါးကို ကိုင်ထားရင်း သူဟာ အရှေ့ဘက်သို့ ဆက်လျှောက်သည်။

ဝုန်း

လေထဲတွင်မရေမတွက်နိုင်သော အားလှိုင်းများက ထလာသည်။ မရေမတွက်နိုင်သော မနာလိုကြီးပြီး လေးစားစိတ်များအောက်တွင် ဝမ်ချောင်၏ပုံရိပ်ကလည်း အကာအကွယ်အလွှာကို အလွယ်တကူ ကျော်ဖြတ်လိုက်နိုင်သည်။

အကာအကွယ်အလွှာက ရေလှိုင်းများနှင့်တူပြီး ဝမ်ချောင်၏ခန္ဓာကိုယ်ကို ဆေးကြောကာ စုပ်ယူနေသည်၊

“ဘာလဲ ဘယ်လိုဖြစ်ပြီးတော့လဲ။ သူက ဝင်နိုင်သွားတာလဲ”

သိုင်းပညာရှင်များသည်လည်း မေးရိုးများအောက်သို့ပြုက်ကျကာ မျက်လုံးများ ပြူးကျယ်နေကြသည်။ သူတို့အတွက် ကျော်ဖြတ်၍မရနိုင်သော အကာအကွယ်အလွှာကမူ ဝမ်ချောင့်အတွက် တည်ရှိပုံမရပေ။

“သွားပြီ… လောကရဲ့နံပါတ်တစ်သိုင်းက သူ့အပိုင် ဖြစ်သွားတော့မှာ”

အချို့သောရက်စက်သည့် သိုင်းပညာရှင်များက မနာလိုကြီးစိတ်ကို မဖုံးကွယ်ထားပေ။

“ဘေးမှာရပ်နေ”

တစ်စုံတစ်ယောက်က ခပ်ကြမ်းကြမ်းအော်ဟစ်လိုက်သည်။ ထို့နောက်….

ဝုန်း

ဆိုးယုတ်သောစွမ်းအင်များနှင့် ပုံရိပ်တစ်ခုကလည်း ဝမ်ချောင်အခုလေးတင် ကျော်ဖြတ်ခဲ့သည့် အကာအကွယ်အလွှာကို သွားရိုက်သည်။

ဘန်း

ကြီးမားသောပေါက်ကွဲသံက ထွက်ပေါ်လာပြီးနောက်တွင် အရှိအဝါကြီးမြတ်သည့် အားလှိုင်းများက ဖြာထွက်လာသည်။ ထိုပုံရိပ်က ပေ၁၀၀ကျော်ကျောခန့်အထိ လွင့်ထွက်သွားရသည်။ လာရောက်တိုက်ခိုက်ခဲ့ချိန်ကထက် အများကြီး မြန်ဆန်နေသည်။

“ဝေးဝေး”

“မကောင်းတော့ဘူး။ မြန်မြန်လေးသွားပြီး ကူညီလိုက်စမ်း”

ဘိုးဘေး၅ယောက်မဟာမိတ်မှ တပည့်ဂိုဏ်းသားများက ကစဉ့်အလျားဖြစ်ကုန်ပြီး သူတို့သည်လည်း အရှေ့ဘက်သို့ အစောတလျင်ပြေးသွားလိုက်ကြသည်။ သူတို့က အချိန်တစ်ခုကြာအောင် ကြိုးစားအားထုတ်ပြီးမှသာ ယင်နက်ဘိုးဘေးအား ခြောက်ကမ်းပါးထဲသို့ မကျသွားခင် ဆွဲတင်နိုင်ခဲ့သည်။

“မျိုးမစစ်ကောင် ဘာတွေဖြစ်နေတာလဲ”

ယင်နက်ဘိုးဘေးကကျိ န်ဆဲသည်။ သူသည် မြင်ရသည်ထက်ပင် အခြေအနေဆိုးနေသည်။ သူ၏ဘဝတွင်လည်း ထိုမျှအထိ ဒုက္ခမရောက်ခဲ့ဖူးချေ။ သူသည်လည်း မူလအမရနန်းတော်ထဲသို့ ကျန်နေသောနေရာမှ ဝင်ရောက်ချင်ခဲ့သည်။ သို့သော် သူဟာချက်ချင်းလိုလို အတားဆီးခံရပြီး ချောက်ကမ်းပါးထဲသို့ တွန်းချခံရသည်။ ထိုဖြစ်ရပ်ဟာ မယုံနိုင်စရာ ကောင်းလွန်းလေသည်။

ဝမ်ချောင်မူ အနောက်ဘက်မှ အဖြစ်အပျက်ကို မသိသလို သူ၏အပြုအမူကြောင့် ဖြစ်ပေါ်လာခဲ့သော ဝရုန်းသုန်းကား အခြေအနေကိုလည်း နားမလည်ပေ။ သူ၏စိတ်ကမူ အရှေ့ဘက်မှ မြင်ကွင်းထံသို့သာ အာရုံစူးစိုက်လျက်သားရှိနေသည်။

“ထူးဆန်းတဲ့ လှုံ့ဆော်မှုပဲ”

ဝမ်ချောင်က ဘေးဘီကိုကြည့်နေရင်း ခပ်တိုးတိုးရေရွတ်သည်။ ထိုထူးဆန်းသော အလင်းရောင်က အလွန်အမင်း ထည်ဝါလွန်းသည်။ သူ၏လက်ချောင်းများအကြား အရည်တစ်ခုအလား စီးဆင်းနေခဲ့သည်။ ဝမ်ချောင်သည်လည်း သူဟာရွှေရောင် အကာအကွယ်အလွှာကို ကျော်ဖြတ်သွားပြီးသည်နှင့် မူလအမရနန်းတော်သို့ ဝင်ရောက်လိမ့်မည်ဟု ထင်ထားသည်။ သို့သော် ထိုသို့ဟုတ်ပုံမရပေ။

ဝမ်ချောင်သည် ဖော်ပြရန်ခက်ခဲသော စူးစိုက်မှုမျိုးကို ခံစားနေရသည်။ ရွှေရောင်အကာအကွယ်အလွှာက အလွန်ပါးလျလွန်းပုံ ထင်ရသည်။ သို့သော် မည်မျှပင် ထူနေစေကာမူ အကာအကွယ်အလွှာကို ကျော်ဖြတ်ပြီးသည်နှင့် သူသည် နန်းတော်အတွင်းသို့ ရောက်သွားသင့်သည်။ သို့သော်ဝမ်ချောင်သည် နန်းတော်ထဲသို့ မဝင်ရောက်နိုင်သာမဟုတ်လေဘဲ နန်းတော်ကိုပင် မမြင်ရတော့ပေ။ သူမြင်ရသမျှက ရှုပ်ထွေးနေသော နေရာကြီးသာဖြစ်သည်။

ဟစ်!

ဝမ်ချောင်ကအသက်ကို ရှူသွင်းလိုက်သည်။ စိတ်ကိုသေချာစူးစိုက်၍ အရှေ့ဘက်သို့ ဆက်လျှောက်သည်။ မူလအမရရတနာသိုက်သည် အမှန်တကယ် အန္တရာယ်များ ပြည့်နှက်နေသော နေရာမျိုးဖြစ်သည်။ သူသည်လည်း မူလအမရရွာသူကြီးထံမှတစ်ဆင့် အသုံးဝင်သော အချက်အလက်များကို မရရှိနိုင်ခဲ့ပေ။ သူသည် အဖြစ်အပျက်ကို မသိသေးခင်အထိ သတိလက်လွတ်မလုပ်ရဲပေ။

ဝမ်ချောင်က ရွှေရောင်အလင်းတောက်လျှောက် ရှေ့ဆက်သွားသည်။ အချိန်တစ်ခု ကြာပြီးနောက်တွင် အလင်းကတစ်ချက်လက်ကာ လမ်းက ပို၍ပင်ရှင်းလင်းကာ ကျယ်လာသည်။

ဝမ်ချောင်က အဖြစ်အပျက်ကို မြင်လိုက်သောအခါ ကြောင်ကြောင်တောင်တောင် ဖြစ်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှလဲ”

ဝမ်ချောင်သည် မယုံကြည်နိုင်မှုအပြည့်ဖြင့် ရေရွတ်သည်။ သူ၏အရှေ့တွင် သူမျှောလင့်ထားသလိုမျိုး ခမ်းနားထည်ဝါသော မူလအမရနန်းတောကြီးက ရှိမနေခဲ့ပဲ ကျယ်ပြောသော အဖြူရောင်လောကကြီးသာ ရှိနေသည်။ ပင့်တက်လာသော အဖြူရောင်မြူထုများက ထိုလောကကိုလွှမ်းခြုံနေပြီး နေရာတိုင်းကို ပြည်နှက်နေစေသည်။

သူဟာ ခေါင်းကိုငုံ့လိုက်သောအခါ သူ၏ခြေထောက်အောက်မှ ဖြူဖွေးနေသော ကျောက်သားများကိုမြင်ရသည်။ သို့သော် အဝေးတွင်မူ နောက်ထပ် အကန့်အသတ်မဲ့သော ခြောက်ကမ်းပါးများ ရှိနေသေးသည်။

******

အပိုင်း(၁၅၄၃)

‘ဘာတွေဖြစ်နေတာလဲ’

ဝမ်ချောင်၏စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သူသည် သူ၏ပါးစပ်မှပင် စကားလုံးတစ်လုံးမှပင် မပြောနိုင်ဘဲ ထိုရွှေရောင်အကာကကွယ်အလွှာက သူ့ကို မူလအမရနန်းတော်ထဲသို့ တန်းခေါ်ဆောင်သွားလေခြင်း မဟုတ်လေဘဲ အခြားသောနယ်မြေတစ်ခုသို့ ပို့ဆောင်လိုက်မည်ဟု မထင်ထားမိပေ။

သူ၏ရှေ့မှထိုလောကက အဆုံးအစမဲ့နေပုံရပြီး လျှို့ဝှက်ဆန်းကြယ်မှုများနှင့် တောက်လောင်နေလေသည်။ ဝမ်ချောင်သည်လည်း သူ၏စိတ်စွမ်းအင်ကို ဖြန့်ကျက်ကြည့်လိုက်သည်။ သို့သော် သူသည်လည်း ထူးဆန်းမှုများကို သတိမထားနိုင်စွမ်းရည် မရှိခဲ့ချေ။

သူဟာ တစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါ ရွှေရောင်အလင်းက ပျောက်ကွယ်သွားကြောင်း မြင်ရသည်။ ထိုကြောင့် အဖြူရောင်မြူများကိုသာ တွေ့ရတော့လေသည်။ ဝမ်ချောင်သည် မျက်မှောင်ကို နက်ရှိုင်းစွာ ကြုတ်နေသည်။အရာအားလုံးက သူ မျှော်လင့်ထားသော အခြေအနေနှင့် လုံးဝခြားနားသည်။

ဝုန်း

သူ၏လက်ဖဝါးထဲတွင် ဆုတ်ကိုင်ထားသော မူလအမရဓါးက တစ်ဖန်ထပ်ပြီး တုန်ယင်လာချိန်တွင် ခပ်သဲ့သဲ့ပူလာသည်။

‘ကြည့်ရတာ ဒီနေရာဖြစ်လောက်တယ်’

ဝမ်ချောင်ကရေရွတ်သည်။ သူဟာယခု ဒီနေရာတွင် ရောက်ရှိနေပြီဖြစ်သည်။ သူသည်လည်း ဒီနေရာထံမှ အတည်ပြုမူကိုရရှိပြီးကတည်းက ထိတ်လန့်တကြား ဖြစ်မနေတော့ပေ။

ဝှစ်

ဝမ်ချောင်သည် ချိန်းကြိုးများ၏ ရမ်းခါသံကို ကြားရသည်။ အခြားသောတိတ်ဆိတ်သည့် လောကအတွင်းတွင် ကျယ်လောင်စွာ မြည်ဟည်းနေလေသည်။ ဝမ်ချောင်က အသံလာရာအရင်းအမြစ်ဘက်သို့ ကြည့်လိုက်သောအခါ မြူအတွင်းတွင် ရမ်းခါနေသော ဝေဝါးနေသည့်ပစ္စည်းနှစ်ခုကို မြင်ရသည်။ တစ်ခဏခန့်ကြာပြီးမှသာ ထိုအရာနှစ်ခု၏အသွင်အပြင်က ပေါ်လာသည်။

‘ချိန်းကြိုးတွေ’

ဝမ်ချောင်သည် ချက်ချင်းလိုလို လက်ကို တစ်ချက်ယမ်းလိုက်ပြီး ကြယ်တာရာစွမ်းအင်များကို ကြမ်းတမ်းသောလေပြင်တစ်ခုအသွင် ပြောင်းလဲစေပြီး မြူများကိုဖယ်ရှား လိုက်သည်။ သူနှင့် သိပ်မဝေးသောတစ်နေရာတွင် လက်မောင်အလား တုတ်ခိုင်လွန်းသော ချိန်းကြိုးနှစ်ချောင်းက အောက်ဘက်သို့ ဆင်းကျလျက်ရှိပြီး လေထဲတွင်ဆန့်တန်းလျက် အထက်သို့မြင့်တက်သွားနေကြောင်း မြင်ရသည်။

လေပြင်းက ရုတ်တရက် တိုးဝင်ကာ ဖြတ်သန်းသွားပြီးနောက် ချိန်းကြိုးတစ်ခုက ခပ်ကြမ်းကြမ်းလှုပ်ခါသည်။ ဝမ်ချောင်က တစ်ခဏခန့် တွေးတောသည်။ ထို့နောက် သူသည် အထက်သို့ဆက်လက်ပြီး ပျံသန်းလိုက်ကာလေပေါ်တွင် စီးနင်းနေသော သစ်ရွက်တစ်ခုအလား ချိန်းကြိုးတောက်လျှောက်တက်သည်။

“အရမ်းအေးတာပဲ။ ဒါကဥက္ကာပျံသတ္ထုသားဖြစ်မယ်”

သူ၏ခြေထောက်ကချိန်းကြိုးပေါ် ထိလိုက်သည့်အချိန်တွင်ပင် ဥက္ကာပျံသတ္ထုသားဖြင့် လုပ်ထားကြောင်း မှတ်မိလိုက်သည်။ သို့သော် သူက စုဆောင်းထား‌သော ဥက္ကာပျံသတ္ထုသားများနှင့် အတူညီစွာပင် ထိုချိန်းကြိုး၏ သတ္ထုသားက ပို၍ပင်သက်တမ်းရင့်ပြီး ပို၍ပင်အေးစက်သည်။

ဝမ်ချောင်က ကြယ်တာရာစွမ်းအင်များကို သေချာစွာလှည့်ပတ်လိုက်ပြီး သူ၏ခြေထောက်အား ချိန်းကြိုးပေါ်သို့ အင်အားအပြည့်ထုတ်ကာ ထိုချိန်းကြိုးတောက်လျှောက် အပေါ်ဘက်သို့လျှင်မြန်စွာ တက်နိုင်စေလေသည်။

ပေ၁ရာ ပေ၁ထောင် ပေ၁သောင်း---

ဝမ်ချောင်သည် ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့်အရှိန်နှုန်းနှင့်အတူ ချိန်းကြိုးတောက်လျှောက် ရွေ့လျားနေစေသည်။ သူသည်လည်း မြေပြင်အထက်သို့ တက်သည်ထက်တက် တက်သွားရင်း သိပ်မကြာခင်အချိန်တွင် ပတ်ဝန်းကျင်မှအရာများကို မမှတ်မိနိုင်လောက်အောင် ကြာသွားသည်။ ထို့နောက် ချိန်းကြိုးနှစ်ခုကမူ ရှေ့သို့ ဆက်လက်လမ်းပြနေသည်။

ဝမ်ချောင်သည်လည်း ဒါဟာမည်သည့်နေရာဖြစ်ကြောင်း ချိန်းကြိုးတစ်ခုက မည်သည့်နေရာသို့ ဦးဆောင်ပေးနိုင်ကြောင်း အသိသေးပေ။ အရာအားလုံးက လျှို့ဝှက်ဆန်းကြယ်ကာ မြူလွှာများနှင့် အုံ့ဆိုင်းနေလေသည်။

ဝမ်ချောင်က ချိန်းကြိုးတောက်လျှောက် အထက်သို့ဆက်တက်ပြီး ပျံတက်သည်။ ၁၅မိနစ်၊ မိနစ်၃၀မှ စတင်းကာ၂နာရီ၊ ၄နာရီ။ ၆နာရီအထိဖြစ်သွားသည်။ ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်များကလည်း ဆက်တိုက်ဆိုသလို ကုန်ဆုံးလာသည်။ သို့သော် ချိန်းကြိုးကမူ အဆူံးအစမဲ့နေသေးပုံရသည်။

ထို့ကြောင့် ဝမ်ချောင်သည် တဖြည်းဖြည်းချင်းဆိုသလိုပင် တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်သည်။

‘ငါ့ရဲ့လက်ရှိအင်အားမျိုးနဲ့ဆိုရင် မီတာ၁သောင်းကိုသွားလာဖို့ ၂နာရီတောင် ကုန်မှာမဟုတ်ဘူး။ ဒါပေမဲ့ အခု၆နာရီကနေ ၈နာရီအထိတောင် ဖြစ်နေပြီ ဆိုတော့ဒီနေရာက မြေအောက်လောကလောက် ကျယ်နေတာလား’

ဝမ်ချောင်သည် စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်သည်။ သို့သော် ထိုအချိန်တွင်ပင် ဒါဟာအပြန်လမ်းမရှိဘဲ အတက်လမ်းသာရှိလောက်ကြောင်း သိလိုက်သည်။

ဆွစ်

ဝမ်ချောင်က ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရသည်။ ဝမ်ချောင်သည် ထူးဆန်းသောလှုံဆော်မှုတစ်ရပ်ကို ရလိုက်သည်။ သူဟာ တစ်ချက်ရပ်တန့်ပြီးနောက် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမြင်လိုက်ရသည်မှာ မနီးမဝေးရှိနေရာတွင် ဖြန့်ကျက်လျက်သားရှိနေသော ရမ်းခါနေသည့် ချိန်းကြိုးကြီးဖြစ်သည်။

ထိုချိန်းကြိုးသည်လည်း လုံးဝမတူညီသော ဦးတည်ရာဘက်မှာလာသည်။ သို့သော် ဝမ်ချောင်၏ချိန်းကြိုးနှင့် တူညီသောဘက်သို့ သွားလာနိုင်ပုံရသည်။

“နေဦ အဲဒါက ဘာလဲ”

ဝမ်ချောင်က ချိန်းကြိုးကို တွယ်ကပ်လိုက်ပြီးနောက် တစ်စုံတစ်ရာက ထူးဆန်းမှန်းသိလိုက်သည်။ သူက အင်္ကျီလက်ကို တစ်ချက်ခါရမ်းပြီး နောက်ထပ်ကြယ်တာရာစွမ်းအင်တန်းကို သုံး၍ မြူထုကို ဖယ်ရှားလိုက်သည်။ ထိုအခါ ချိန်းကြိုးပေါ်မှာအရာကို မြင်လိုက်ရသည်။

ထိုအပေါ်တွင် တွဲလောင်းဆွဲနေသော အဖြူရောင်အရိုးစုရှိသည်။ ချိန်းကြိုးနှင့်အတူ ဘယ်ပြန်ညာပြန် ဝဲခါနေ၏။ ထိုအရိုးစုကိုမြင်လိုက်သောအခါ ဝမ်ချောင်သည် ဖော်ပြရန် ခက်ခဲလောက်သော စိတ်ရှုပ်ထွေးမှုများကို ခံစားလိုက်ရသည်။ သူ တစ်ယောက်ထဲကသာ ရွှေရောင်အကာအကွယ်အလွှာကို ကျော်ဖြတ်ပြီး ဒီနေရာသို့ရောက်ရှိနိုင်ခဲ့သည်။ သူကလွဲပြီး အခြားသူများ မရှိသင့်ပေ။

ထိုတတိယမြောက်ချိန်းကြိုး ပေါ်ပေါက်လာမှုက အလွန်အမင်းထူးဆန်းသည်။ ထို့အပေါ်တွင် တွဲလောင်းဆွဲနေသော အရိုးစုကလည်း ထူးဆန်းမှုကိုအမြင့်ဆုံးအဆင့်သို့ ရောက်သွားစေသည်။

“ဘာတွေဖြစ်နေတာလဲ။ အရင်ကတစ်ယောက်ယောက် ရောက်လာခဲ့ဖူးတာလား ဒါမှမဟုတ် ဒီနေရာကို ရောက်လာနိုင်တဲ့ အခြားလမ်းကြောင်းတွေ ရှိနေတာလား”

ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်သွားသည်။ သူသည်လည်း အပေါ်သို့ဆက်တက်လေလေ ပို၍များပြားသော ချိန်းကြိုးများကို တွေ့ရလေလေဖြစ်သည်။ ထို့အပြင် အပေါ်မှ ဖြတ်သန်းရန် ကြိုးစားနေသော အဖြူရောင်အရိုးစုများကိုလည်း မြင်ရသည်။ အားလုံးကဖော်ပြရန် ခက်ခဲလောက်အောင် အဓိပ္ပါယ်နက်နဲကာ ရှုပ်ထွေးဖွယ်ရာ ဖြစ်နေသည်။

အချိန်ကကြာလာသည်နှင့်အမျှ ဝမ်ချောင်သည်လည်း သူဟာ ဒီနေရာတွင် အချိန်မည်မျှကြာအောင် နေခဲ့မိမှန်းမသိတော့ချေ။ သူဟာ အကွာအဝေးမည်မျှကိုပင် သွားခဲ့မှန်း မသိတော့ချေ။ သူသိသည်မှာ သူသည်လည်း အလားတူသော ချိန်းကြိုးနှစ်ခု ၃ခုမှ ၇ခု၊ ၈ခုအထိ။ ထို့နောက် ၁၀ခုအထိ။ ထို့နောက် ၁၀ခုကျော်ကျော်အထိ တွေ့မြင်နေကြောင်းကိုသာ သတိထားမိတော့သည်။

ထိုအချိန်းကြိုးက ပင့်ကူမျှင်များအလား ဦးတည်ရာဘက်သို့ ပို့ဆောင်နေသည့်အလား။ နောက်ဆုံးတွင် လမ်းတောက်လျှောက် တွေ့ရသမျှ ချိန်းကြိုးများနှင့်အတူ ထာဝရတမျှ ကြာညောင်းလောက်အောင် သွားလာပြီး နောက်ဆုံးတွင် ချိန်းကြိုး၏ဟိုးအစွန်းတစ်နေရာမှ အလင်းတံခါးပေါက် တစ်ခုကိုမြင်ရသည်။ ထိုအလင်းတံခါးပေါက်က တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသလိုမျိုး မှေးမှိန်သောအလင်းကို လွှတ်ထုတ်ထားသည်။

ဝုန်း

ထိုအခိုက်အတန့်တွင် ကြာရှည်စွာတိတ်ဆိတ်နေသာ မူလအမရဓါးက လှုပ်ခပ်ပြီး တုန်ယင်လာကာ တဝူးဝူးမြည်သံကို ထုတ်လာသည်။ ဓါးထံမှလာသော အပူချိန်ကလည်း ဝမ်ချောင့်ကိုချက်ချင်းလိုလို အသိဝင်သွားစေပြီး အာရုံပြန်စိုက်မိစေသည်။ သူ၏ခန္ဓာကိုယ်က လေးကြိုးမှပစ်လိုက်သော မြှားတစ်စင်းကဲ့သို့ ထိုအလင်းတံခါးပေါက်ထဲသို့ ခုန်ဝင်သွားသည်။

အဆုံးအစမဲ့သော အလင်းများက သူ့ကိုကြိုဆိုသည်။ နေရောင်ထက်ပင် တောက်ပနေပြီး မျက်စိကျိန်းစေသည်။ သူသည်မျက်လုံးကို မဖွင့်နိုင်တော့ပေ။ နောက်ဆုံးတွင်----

အလင်းစတင်ကာ မှေးမှိန်သွားပြီး ဝမ်ချောင်အား မျက်လုံးပြန်ဖွင့်နိုင်စေသည်။ သူ ပထမဦးဆုံး အာရုံခံမိသည်မှာ သူ၏ခြေထောက်အောက်မှ မာကြောသော မြေပြင်ဖြစ်သည်။ သူက မျက်လုံးကို လုံးဝဖွင့်လိုက်ပြီးသောအခါ ကျယ်ပြောသော အဖြူရောင်နယ်မြေကြီးက ပျောက်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

သူသည် အလင်းတံခါးအနောက်ဘက်မှ အရာကိုမြင်လိုက်သောအခါ သူ၏ငယ်ရွယ်ပြီး ဆုံးဖြတ်ချက်ပြတ်သားသော မျက်နှာတွင် အံအားသင့်မှုသာ ပြည့်နှက်နေသည်။ ဝမ်ချောင်သည်လည်း အလင်းတံခါး၏ အနောက်ဘက်တွင် ပုန်းကယ်နေသော နောက်ထပ်ထူးဆန်းသော လောကတစ်ခုရှိမည်ဟု ထင်ထားသည်။ သို့သော် သူသည်လည်း ငြင်သာပြီး နူးညံသောအလင်းများကို လွှတ်ထုတ်ထားသည့် ခမ်းနားထည်ဝါသော ခန်းမကြီးကိုသာ မြင်လိုက်ရသည်။

ထိုခန်းမသည် ရှေးဟောင်းပုံစံဖြင့် အလှဆင်ထားကာ ထွင်းထုထားသော တံစက်မြိတ်များ ဆေးခြယ်ထားသော အဆင်တန်ဆာများကို မြင်ရသည်။ ဘေးဘက်နံရံများတွင် ချိတ်ဆွဲထားသော အလံများကလည်း ကြမ်းပြင်အထိဆင်းကျနေသည်။ နံရံများကိုယ်တိုင်ကပင် ငှက်များ၊ ပိုးကောင်များ၊ ငါးများနှင့် ရှေးဟောင်းသတ္တဝါများ၏ ပုံများကိုအသက်ဝင်စွာ ထွင်းထုထားလေသည်။ အရာအားလုံးကလည်း တိတ်ဆိတ်ငြိမ်အေးသော အရှိန်အဝါကို ပေါင်းစပ်၍ ဖန်တီးထားသည်။

“ဒါက---”

ဝမ်ချောင်က မယုံကြည်နိုင်မှုအပြည့်ဖြင့် မျက်လုံးကို ဆတ်ခနဲဖွင့်လိုက်သည်။ သူသည် ယခင်ကဒီနေရာကို မရောက်ဖူးသော်လည်း စိမ်းသက်မှုကို မခံစားရပေ။ အကြောင်းမူကား အတွင်းပိုင်းက မူလအမရနန်းတော်ဖြစ်လေသည်။

ဝမ်ချောင်သည် ဖြူဖွေးသောကြားခံနယ်မြေကို ကျော်ဖြတ်ပြီး အတွင်းတံခါးသို့ဝင်ရောက်ရန် အချိန်အများကြီး အသုံးပြုခဲ့ပြီးနောက်တွင် မူလအမရနန်းတော် အတွင်းဘက်သို့ ရောက်သွားမည်ဟု မထင်ထားမိပေ။ သူ၏စိတ်တွင် မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ အရာအားလုံးက ဆိုရိုးစကားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“တိုတောင်းသောအကွာအဝေးက ဝင်ရိုးစွန်းတွေအားလုံးကို ကျော်ဖြတ်ပစ်နိုင်တယ်”

အပြင်ဘက်မှနေ၍ ရွှေရောင်အကာအကွယ်အလွှာနှင့် မူလအမရနန်းတော်ကြားမှ အကွာအဝေးက ပေအနည်းငယ်သာရှိသည်။ သို့သော် ဝမ်ချောင်အတွက်မူ ထိုအကွာအဝေးက ကြားခံနယ်တစ်ခုလုံးစာ ဖြစ်သည်။ ဝမ်ချောင့်၏စိတ်ထဲတွင် ဖော်ပြရန်ခက်ခဲသော လေးစားမှုက ပေါ်ထွက်လာသည်။ အရာအားလုံးက သိုင်းပညာလောက၏ အတိုင်းအတာကို ကျော်လွန်နေခဲ့ပြီး သိုင်းပညာရှင်များက ဘယ်သောအခါမှ စိတ်ကူးယဉ်နိုင်ခြင်းမရှိသော၊ လက်လှမ်းမမှီနိုင်သော အဆင့်ရှိစွမ်းအားမျိုးများ ပါဝင်ပတ်သက်နေလေသည်။

ဝမ်ချောင်က ခပ်မြန်မြန် စိတ်ငြိမ်သွားပြီး နောက် အာရုံစူးစိုက်လိုက်သည်။ ပေအနည်းငယ်ခန့်အကွာတွင် ကြေးနီရောင်အမွှေးနံ့သာခွက်ကြီး ၂ခုက ဘယ်တစ်ဖက်ညာတစ်ဖက် ရှိနေသည်။ ထိုအမွှေးနံ့သာခွက်များသည် ခြေတစ်ဖက်ထောက်ပြီး မတ်တပ်ရပ်နေသော ကြိုးကြာပုံစံမျိုးကို ဖန်တီးထားလေပြီး သူတို့၏နှုတ်သီးဝမှနေ၍ မီးခိုးများကို မြောက်တက်ကာ ထွက်နေပြီး လေထုထဲသို့ သင်းပျံ့သော မွှေးရနံ့ကို ထုတ်လွှတ်ထားသည်။

ကြိုးကြာများ၏အနောက်ဘက်တွင် ရှေးကျကာ လုံးဝိုင်းသောစင်ကြီးတစ်ခု ရှိနေသည်။ ထိုစင်ကြီးပေါ်တွင် မူလအမရသင်္ကေတရှိသည်။ ထိုစင်ကြီး၏အလယ်ဗဟိုနေရာတွင် အိုးဟောင်းနေသော ရှေးကျသည့် ဆုတောင်းစာတစ်ချပ်ရှိသည်။ နွေဦးနှင့် ဆောင်းဦးခေတ်ကာလမှ ကြိုးကြာငှက်မွှေး ဝတ်ရုံမျိုးကိုခြုံကာ ဝတ်ဆင်ထားသည့် ပိန်ပါးသည့်လူအိုကြီး တစ်ယောက်က ထိုင်နေသည်။ မြောက်မြားလှစွာသော အဖြူရောင်ဆံထိုးများကလည်း သူ၏ဆံပင်များထဲတွင် ထိုးစိုက်လျက်သားရှိနေ၏။ သူသည် ထိုနေရာတွင် လှုပ်ရှားမှုကင်းမဲ့စွာထိုင်ပြီး ကျင့်ကြံနေသည်။

သူ၏ခေါင်းက အရှေ့ဘက်သို့ အနည်းငယ်စောင်းနေပြီး ခန္ဓာကိုယ်ကလည်း ဆွေးမြေ့သည့် အရှိန်အဝါကို လွှတ်ထုတ်ထားသည်။ ပေါ်နေသော ပြာနှမ်းနေသည့် အဖြူရောင်အသားအရည်ကတစ်ဆင့် ထိုလူသည်သေပြီးသည်မှာ ကြာနေပြီဖြစ်ကြောင်း သိနိုင်၏။ ခန်းမတစ်ခုလုံးက တိတ်နေသည်။

‘ဒါကမူလအမရ အရှင်ဖြစ်မယ်’

ဝမ်ချောင်ကလည်း အကြီးအကဲဝတ်စုံပေါ်မှ မူလအမရအမှတ်အသားကို လှမ်းမြင်လိုက်သည်။ သူသည် သေလွန်ပြီးသည်မှာ အချိန်အတော် ကြာပြီးဖြစ်သည့်တိုင်အောင် မူလအမရအရှင်သခင်ထံမှ ငြိမ်ချမ်းတိတ်ဆိတ်သော အရှိန်အဝါနှင့် ဖောက်မြင်နိုင်သောအရှိန်အဝါများကို လွှတ်ထုတ်ထားသည်။ သူဟာ အသက်ရှင်နေသောအခါတွင်လည်း ကောင်ကင်ဘုံဖြစ်တည်မှုတစ်ခုအလား ခမ်းနားထည်ဝါလွန်းသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသော ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်ခဲ့သည်မှာ သံသယ်မဝင်စရာမရှိပေ။

ဝမ်ချောင်က တစ်ခဏခန့် တွေးတောပြီးနောက် အနားသို့လျှောက်သွားကာ အကြီးအကဲ၏အရှေ့တွင် ဒူးထောက်ပြီး ဦးညွှတ်သည်။

“ဂျူနီယာဝမ်ချောင်က စီနီယာမူလအမရအရှင်ကို ဂါရဝပြုပါတယ် နန်းတော်ထဲကို ဝင်ရောက်ကျူးကျော်ပြီး ရန်စမိတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ဝမ်ချောင်က သူ၏ခေါင်းကို ကြမ်းပြင်နှင့် ဦးတိုက်သည်။ စံအိမ်သခင်ဖြစ်သူ၏ အခန်းထဲသို့ ဝင်ရောက်လာသော ဧည့်သည်တစ်ယောက်အနေဖြင့် သူသည် လေးစားမှုအချို့ ပြသရန်လိုအပ်သည်။ ဒါဟာ ဝမ်ချောင်၏ ကိစ္စများကိုပြုမူနေကျ ပုံစံဖြစ်သည်။

သူက ခေါင်းပြန်မော့လိုက်သောအခါ ရုတ်တရက်ထူးဆန်းသော ခံစားချက်ကို ရလိုက်သည်။ မူလအမရအရှင်၏ အနောက်ဘက်နှင့် အထက်တွင်ရှိသော နံရံပေါ်မှ ထွင်းထုထားသော လိပ်ပြာများထဲမှတစ်ကောင်က ရုတ်တရက် စတင်ကာလှုပ်လာ၏။

သူ၏ကိုယ်ကတစ်ဖျတ်ဖျတ် တုန်ယင်သွားပြီးနောက်တွင် အပြာရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်လာသည်။ ထို့နောက် အပြာရောင်အလင်းက တောက်ပသည်ထက် တောက်ပလာသည်။ တစ်ခဏခန့်ကြာပြီးနောက် နံရံမှထွက်၍ လွတ်မြောက်လာလေသည်။

“!!!”

ဝမ်ချောင်သည်ပင် အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် ကြောင်သွားသည်။ ထိုလိပ်ပြာက သူ၏တောင်ပံကို ဆန့်ထုတ်ကာ ခတ်ကြည့်သည်။ ထို့နောက် စတင်ကာပျံသန်းလာပြီး လေထုထဲသို့ ထိုးဖောက်ဝင်ရောက်ပြီးနောက် မူလအမရအရှင်၏ နဖူးပေါ်သို့ ဆင်းသက်လိုက်သည်။ ထိုလိပ်ပြာက တောင်ပံကို ခတ်ပြီးနောက် မူလအမရအရှင်၏ အလောင်းပေါ်မှ ဆွေးမြေ့ကာ ခြောက်ကပ်နေသော အခွံကြီးကစတင်ကာ မယုံနိုင်သောပုံစံမျိုးနှင့် ပြောင်းလဲလာသည်။

ဝမ်ချောင်သည်လည်း မူလအမရအရှင်၏ အနက်ရှိုင်းဆုံးအတွင်းပိုင်းမှလာသော အသက်စွမ်းအင်ရှိနေကြောင်း ခံစားမိနိုင်သည်။ ထိုနေရာမှ စတင်ရုံစတင်ပြီးနောက် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော မီးတောက်က တစ်ခဏခန့်ကြာပြီးရုံနှင့် မုန်တိုင်းတစ်ခုအသွင် ပေါက်ကွဲသည်။

မူလအမရအရှင်၏ အရေပြားနဲ့အသေကောင်တစ်ခုအလား ဖြူစုပ်နေသော အသားအရည်သည် လျှင်မြန်စွာဖြင့် သွေးရောင်လွှမ်းလာလေပြီး နဂိုအသားအရာင်အတိုင်း ပြန်ပြောင်းလာသည်။ ခြောက်ကပ်နေသော အရေးအကြောင်းများကလည်း အသားပြန်ပြည့်သွားသည့်အလား ဆန့်ထွက်လာသည်။

ဝမ်ချောင်သည် တစ်စုံတစ်ရာကို နားလည်သွားပုံရသည်။ သူသည် မူလအမရအရှင်အား အံ့အားသင့်မှုအပြည့်ဖြင့် စိုက်ကြည့်သည်။

“ဘယ်---ဘယ်လိုဖြစ်နိုင်မှာလဲ”

အဖြစ်အပျက်က သူ၏မျက်စိရှေ့တွင် ဖြစ်နေခဲ့သောကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်သည်ပင် ထိုကဲ့သို့သောအရာမျိုးကို ဖြစ်နိုင်သည်ဟု မယုံကြည့်နိုင်ရဲပေ။ သူ၏ခန့်မှန်းချက်ကို တုန့်ပြန်နေလာမသိ မူလအမရအရှင်၏ ခန္ဓာကိုယ်က အသာအယာ တုန်သွားသည်။ ထို့နောက် ဝမ်ချောင်၏စိတ်အတွင်းတွင်မူ ငလျှင်လှုပ်သကဲ့သို့သော လှုပ်ရှားမှုမျိုးတစ်ခု ဖြစ်သွားလေသည်။

“မင်းနောက်ဆုံးတော့ ရောက်လာပြီ”

ဝမ်ချောင်၏စိတ်အတွင်းတွင် ရှည်လွန်သောသက်ပြင်းချသံကြီးက ဟိန်းထွက်လာသည်။ ထိုအသံက ပြောလိုက်သည်နှင့် ဝမ်ချောင်သည်လည်း မူလအမရအရှင်၏ မျက်ခွံကတုန်ယင်ပြီး ပွင့်လာကြောင်း မြင်လိုက်ရသည်။

******

အပိုင်း(၁၅၄၄)

ထိုလူ၏မျက်လုံးထဲတွင် မျက်စိကျိန်းစေသောအလင်းက ပေါ်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်သည်ပင် သူဟာ မျက်လုံးတစ်စုံကို မြင်လိုက်ရခြင်း မဟုတ်လေဘဲ ကျယ်ပြောသောကြယ်ကောင်းကင်ကြီးကို ကြည့်နေရသလို ခံစားလိုက်ရသည်။

“!!!”

ဝမ်ချောင်၏ခန္ဓာကိုယ်က အံအားသင့်မှုကြောင့် တုန်လှုပ်သွားသည်။ မူလအမရအရှင်၏ ပုံစံကယခုအခါ အလွန်အမင်း အသက်ဝင်သွားပြီဖြစ်ပြီး အသက်စွမ်းအင်များနှင့် ပြည့်နှက်နေသေးကာ ဝမ်ချောင်၏စိတ်ကို နားလည်ရခက်စေသည့် ထိုးနှက်ချက်တစ်မျိုး ပေးနိုင်သည်။ သူသည်ပင် အရာအားလုံးက အစစ်အမှန်မဟုတ်ဟု ခံစားမိလာ၏။

‘မူလအမရအရှင်က အသက်ရှင်နေသေးတယ်’

ဝမ်ချောင်သည်လည်း မူလအမရမျိုးဆက်၏ ဖန်တီးသူ၊ ဗဟိုပြင်ကျယ်မှ လွန်ခဲ့သောနှစ်ထောင်ကျော်ကတည်းက တည်ရှိခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီက ယခုအချိန်အထိ တည်ရှိနေမည်ဟု လုံးဝမတွေးဖူးပေ။ ထို့အပြင် တစ်ဖက်သူက အမှန်တကယ်တည်ရှိနေလျက် သူ၏မျက်စိရှေ့တွင်ပင်ရှိနေကာ သူ့ကိုကြည့်နေသည်။ ဝမ်ချောင်သည်လည်း အိပ်မက်မက်နေသလို ခံစားနေရ၏။

“ငါမင်းကိုစောင့်နေတာ တော်တော်လေးကို ကြာပြီ။ ကံကြမ္မာဆက်ခံသူ”

မူလအမရအရှင်၏စကားက ဝမ်ချောင်၏စိတ်အတွင်း ဟိန်းထွက်သွားသည်။ သို့သော် ထိုအသံက အံအားသင်စရာကောင်းလောက်အောင် နူးညံ့ကာငြင်သာသည်။ ကြယ်မျက်လုံးများ၏ အကြည့်က နူးညံ့လာပြီးနောက်တွင် မည်သည့်အမုန်းရန်ငြိုးမှ စွန်းထင်းနေခြင်းမရှိသော ချစ်ခြင်းနှင့်ကောင်းမွန်သည့် စိတ်ဆန္ဒများကို ဖော်ပြကာ ရင်းနှီးသော ခံစားချက်ကိုလည်းရစေသည်။

ဝမ်ချောင်သည် ဘာစကားမျှမဆိုပေ။ သို့သော် သူ၏မျက်လုံးကမူ ဆက်လက်ပြီး တည်ငြိမ်နေချိန်တွင် စိတ်ကမူ ဝရုန်းသုန်းကားဖြစ်နေပြီဖြစ်သည်။ ယခင်ကသာဆိုလျှင် မူလအမရအရှင်သည် လွန်ခဲ့သောနှုစ်ထောင်ကျော်ခန့်က ဒဏ္ဍာရီဆန်သောပုဂ္ဂိုလ်ကြီး တစ်ယောက်သာဖြစ်သည်။ ဝမ်ချောင်သည်လည်း တစ်ဖက်သူကိုမသိသလို တစ်ဖက်သူနှင့် မဆုံဖူးမှန်းလည်း သေချာနေသည်။ သို့သော် ထိုအလှည့်အပြောင်းက ယခုလိုပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားမိပေ။

မူလအမရအရှင်က စကားနှစ်ခွန်းသာ ပြောရသေးသည်။ သို့သော် ဝမ်ချောင်ကမူ တစ်ဖက်သူသည် သူဟာဒီနေရာသို့ ရောက်ရှိလာမည်ဟု ကြိုမြင်နေခဲ့သလိုမျိုး ခံစားလိုက်ရသည်။

“ခင်ဗျားက ငါ့ကို သိတာလား”

ဝမ်ချောင်က ဝေဝေဝါးဝါးပြောလိုက်သည်။

“ဟမ်း”

မူအမရအရှင်က ခေါင်းခါသည်။

“ငါက နှစ်ထောင်ကျော်ကြာပြီးတဲ့နောက်မှာ ဒီဓါးကိုကိုင်လို့ ငါ့ရှေ့မှာ ပေါ်လာမဲ့လူဆိုတာကိုပဲ စောင့်နေတာ မင်းက ငါ့ရဲ့ဒီနေရာမှာ ပထမဦးဆုံးပေါ်လာတဲ့သူပဲ ဆိုတော့… မင်းက ငါစောင့်နေတဲ့သူပေါ့”

မူလအမရအရှင်သည် သူ၏နွေးထွေသော မျက်လုံးများနှင့် မူလအမရဓါးကိုကြည့်သည်။ ဝမ်ချောင်၏မျက်နှာက တောင့်ခဲသွားသည်။ ကံကြမ္မာများသည် အမျိုးမျိုးသောအလှည့်အပြောင်းများကို သယ်ဆောင်ထားသည်။ သို့သော် မူလအမရအရှင်ကပင် ဝမ်ချောင်က သူ စောင့်နေသောသူဖြစ်မှန်း လုံးဝသေချာနေသည်။

“စီနီယာက ပြောတယ်နော်။ ငါက ကံကြမ္မာဆက်ခံသူဆိုတာ ဘာကိုဆိုလိုတာလဲ”

ဝမ်ချောင်က ရုတ်တရက် မေးလိုက်သည်။ သူသည်လည်း သူဟာ မူလအမရအရှင်စောင့်နေသည့်သူ ဟုတ်မဟုတ်ဆိုသည့် ကိစ္စအပေါ် ပတ်သက်ပြီး စိုးရိမ်နေရန်အတွက် အချိန်အများကြီး သုံးမနေတော့ပေ။ သူ့တွင် မေးခွန်းများအများကြီးရှိသည်။ ထို့ကြောင့် မူလအမရအရှင်စောင့်နေသောသူ ဟုတ်မဟုတ် သူသည်လည်း မေးခွန်းအနည်းငယ် ရအောင် မေးရပေလိမ့်မည်။

“ဟမ်း ဒီမေးခွန်းက တကယ်တော့ မင်းပဲ ဖြေနိုင်မဲ့အရာပဲ”

မူလအမရအရှင်က လူငယ်ကို ကြည့်ပြီးရယ်သည်။

“ဒီလူငယ်က တုံးအပါတယ်။ ကျေးဇူးပြုပြီး စီနီယာကပဲ ညွှန်ကြားပေးတော်မူပါ”

ဝမ်ချောင်သည် ချက်ချင်းဆိုသလို ဦ်းညွှတ်လိုက်ပြီးနောက် ညွှန်ကြားချက်ကို တောင်းခံသည်။

“တစ်ဆုပ်သောက်တိုင်း တစ်ကိုက်ကိုက်တိုင်း ကံကြမ္မာကကြိုတင် အစီအစဉ်ချပြီးသားတွေပဲ။ ကံကောင်းတဲ့အစတွေ ရှုပ်ထွေးမှုတွေ အဆုံးသတ်တွေအားလုံးမှာ ကိုယ်ပိုင်အကြောင်းပြချက်တွေရှိတယ်။ တကယ်လို့ မင်းကသာ မသိသေးဘူးဆိုရင်တော့ သဘာဝကျကျပဲ အချိန်မကျသေးဘူးဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ နောက်ပြီးအချိန်ကျလာတဲ့ အချိန်မှာ မင်းနားလည်သွားမှာပဲ”

မူလအမရအရှင်က တည်ငြိမ်စွာပြောသည်။ သူသည်လည်း ဆက်လက်ပြီး ရှင်းပြလိုစိတ် မရှိပေ။ ဝမ်ချောင်သည်လည်း ရိုးရှင်းသော မေးခွန်းတစ်ခုကိုသာ မေးရန်ဆုံးဖြတ်လိုက်သည်။

“ဒါကဘယ်နေရာလဲ”

“မူလအမရနန်းတော်”

မူလအမရအရှင်က ပြုံးသည်။ ဝမ်ချောင်သည်လည်း သူ၏အတွေးက အတည်ပြုခံလိုက်ရသည့်အတွက် အနည်းနှင့်အများ ကြောင်သွားသည်။ အဖြူရောင်လောကကို ကျော်ဖြတ်သွားလာပြီး နောက်ဆုံးတွင်သူဟာ မူလအမရနန်းတော်သို့ အမှတ်တကယ် ဝင်ရောက်နိုင်သွားခဲ့သည်။

“အပြင်ဘက်မှ ဒီဂျူနီယာက ပထမျိုးဆက်ဆက်ခံသူနဲ့ မူလအမရရွာသားတွေရဲ့ အမျိုးသမီး ခေါင်းဆောင်ရွာသူကြီးကို တွေ့ခဲ့တယ်။ အဲဒီနောက် ငါစီ နီယာနဲ့ဆုံတာပဲ။ စီနီယာနဲ့ပထမမျိုးဆက် ဆက်ခံသူတို့ကလည်း ငါ့ကို စောင့်နေတယ်ဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ ဒီဂျူနီယာက ဗဟိုပြင်ကျယ်က ဒီအတိုင်း အဟာထန်ခုံရုံးက ဗိုလ်ချုပ်တစ်ယောက်ပါပဲ။ သိုင်းပညာလောကက အဖွဲ့ဝင်တစ်ယောက်တောင် မဟုတ်ဘူး။ ဒီဂျူနီယာက ဘာတွေများထူးခြားနေလို့ ဒီကနှစ်ယောက်ကို စောင့်စေတာလဲ”

“နောက်ပြီးစီနီယာက ဘယ်လိုအကြောင်းပြချက်တွေကြောင့် ဒီလိုအရာတွေကို စီစဉ်ထားတာပါလဲ။ နှစ်တစ်ထောင်တောင် ကြာသွားပြီ။ ကောင်းကင်နဲ့မြေပြင်က ပြောင်းလဲကုန်ပြီ၊ မင်းဆက်တွေကလည်း တစ်ခုပြီးတစ်ခု အစားထိုးသွားတယ် စီနီယာအနေနဲ့ လူမှားပြီးစောင့်နေမိတာကို မကြောက်ဘူးလား”

ဝမ်ချောင်က မေးလိုက်သည်။ မူလအမအရှင်သည် ဝမ်ချောင့်ကို ပြောသမျှစကားလုံးတိုင်းက စစ်မှန်ခြင်းမရှိချေ။ မွေးဖွားခြင်းမရှိသေးသော လူတစ်ယောက်ကို နှစ်တစ်ထောင်ကျော်လုံး စောင့်ဆိုင်းနေသည်ဆိုသော ကိစ္စက နားလည်ရပင်ခက်သည်။ ထို့အပြင် ပါဝင်ပတ်သက်နေသူကလည်း ဒဏ္ဍာရီဆိုသောပုဂ္ဂိုလ်ဖြစ်သည့် မူလအမရအရှင်ဖြစ်သည်။

အနာဂါတ်တွင် အမျိုးအမျိုးသော အပြောင်းအလဲပေါင်းမျာစွာကို သယ်ဆောင်ထားပြီး ခန့်မှန်း၍ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် မူလအမရအရှင်က မည်မျှပင်ကြိုတင်မြင်နိုင်သည်၊ တွက်ချက်နိုင်သည်ဆိုဆို ဒါဟာ မယုံကြည်နိုင်စရာ ကောင်းလွန်းနေစေသည်။

“ဟမ်း”

မူအအရအရှင်က ရုတ်တရက် ပြုံးပြန်သည်။

“မင်းကိုမင်း သံသယဝင်နေတာလား”

“ဟုတ်ပါတယ်”

ဝမ်ချောင်က ခိုင်မာစွာ ခေါင်းညိတ်သည်။

“လောကက အရာအလားလုံးက ကံကြမ္မာရှိတယ် ဆောင်းမှာစိုက်တယ်။ နွေရာသီမှာကြီးထွားတယ်။ ဆောင်းဦးရာသီမှာ ရိတ်သိမ်းရတယ်။ ဆောင်းရာသီမှာ ပြန်ပြီးတော့ သိုလှောင်တာပေါ့။ ဒါတွေအားလုံးက ကြိုတင်တွက်ချက်ထားတာတွေ မဟုတ်ဘူး။ နိယာမပဲ… ရွက်ကြွေတစ်ရွက် ကျလာတာက ဆောင်းဦးရာသီရောက်ကြောင်း ဖော်ပြနိုင်တယ်၊ ကြည်လင်တဲ့ ရေတစ်ချက်လှုပ်တာကလဲ မြစ်က သန့်စင်တယ် မသန့်စင်ဘူး ကြည့်ရှုနိုင်တာပဲ။ မင်းပြောတဲ့ အကြောင်းအရာတွေအားလုံးက ငါ့အတွက် သဘာဝလိုပဲ ရိုးရှင်းတယ်”

မူလအမရအရှင်က ဝမ်ချောင့်ကို ရယ်ပြသည်။ ဝမ်ချောင်က မျက်မှောင် ကြုတ်လိုက်သည်။

“မူကြမ်းရဲ့ဆက်ခံသူတွေမှာ ကိုယ်ပိုင်တာဝန်တွေ အဆုံးသတ်သွားပြီ။ ရွမ်ဖုန်းကလည်း သူရဲ့ကတိကို အောင်အောင်မြင်မြင်နဲ့ လုပ်လိုက်နိုင်ပြီ လူတစ်ယောက်ချင်းစီရဲ့ တည်ရှိမူတွေမှာ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိနေတယ်၊ မင်းယုံချင်ယုံမယုံချင်နေ… မင်းဒီမှာပေါ်လာပြီး ငါ့ရဲ့အရှေ့မှာ ရပ်လာတာနဲ့ ကံကြမ္မာလှည်းဘီးက စတင်ပြီး လှည့်ပြီပဲ”

မူအမရအရှင်က ထိုသို့ပြောသည်။ (a/n::မူလအမရ တစ်ဖက်သူပြောတဲ့ မူကြမ်းရဲ့ဆက်ခံသူဆိုတာက မူလအမရရွာသားတွေဖြစ်ပြီး ရွမ်ဖုန်းကတော့ ပထမမျိုးဆက်ဆက်ခံသူပါ)

ဝမ်ချောင်က တိတ်သွားသည်။ သူ၏စိတ်ထဲမှ စိတ်ရှုပ်ထွေးနေစေသော မြူထုကပို၍ပင် သိပ်သည်းသည်ထက် သိပ်သည်းလာသည်။ သူသည် မူလအမရအရှင် မျက်လုံးကို စိုက်ကြည့်လိုက်သည်။ ထိုမျက်လုံးက ဉာဏ်ပညာရှိသော မျက်လုံးများဖြင့် တောက်ပနေသည်။ အချိန်နှင့် အာကာသကို ကျော်ဖြတ်၍ လောက၏လျှိ့ဝှက်ချက်တိုင်းကို မြင်နိုင်ပုံပေါ်သည်။

ဝမ်ချောင်ကမင်သက်သွားပြီး ယာယီအားဖြင့် ဆွံအသွားသည်။ ထိုအခိုက်အတန့်တွင် သူသည် အင်အားကြီးမားလွန်းသော ပြိုင်ဘက်ကင်း မူလအမရအရှင်၏ အရှေ့မှဘာကိုမှ မသိနားမလည်သော ကလေးတစ်ယောက်ထက် မပိုတော့ကြောင်း သိလိုက်သည်။ အချိန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် မေးလိုက်သည်။

“စီနီယာက ဘာကိုစောင့်နေတာလဲ”

“ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့သူတစ်ယောက်”

မူလအမရအရှင်က ကြုံးဝါးသည်။

“ဘာကံကြမ္မာလဲ”

ဝမ်ချောင်က မေးခွန်းတစ်ခု ဆက်မေးသည်။ သူ၏မျက်မှောင်က ကြုတ်သည်ထက် ကြုတ်လာ၏။

“ကပ်ဘေးကြီးတစ်ခု ကပ်ဆိုးကြီးတစ်ခု လောကကအရာအားလုံးကို ခုတ်ထွင်သွားစေနိုင်တဲ့ ကပ်ဘေးကြီးပေါ့။ အဲဒီလူကပဲ အဲဒီလိုအရာတွေအားလုံးကို ပြောင်းနိုင်တယ်”

မူလမရအရှင်၏အသံက ဝမ်ချောင်၏စိတ်အတွင်းတွင် မိုးချိန်းသံကဲ့သို့ကျ ယ်လောင်သွားသည်။ ထိုကပ်ဘေးဆိုသောစကားလုံးက ဝမ်ချောင်၏ခန္ဓာကိုယ်ကို မိုးကြိုးပစ်သလို တုန်ယင်သွားစေသည်။ သူဟာ မူအမရအရှင်ကို စိုက်ကြည့်မိသွားသည်။

“လောကကအရာအားလုံးက အစရှိတယ်နောက်ပြီး ဆုံးရတယ်၊ မြင့်သွားသလို နိမ့်ရသေးတယ် ကပ်ဘေးရောက်လာတဲ့အချိန်ကို ဘယ်သူမမှမလွတ်နိုင်ဘူး၊ ငါက ကောင်းကင်ဘုံက ဒီကပ်ဘေးကို ကြိုမြင်နိုင်လောက်အောင် အင်အားကြီးမားလွန်းတဲ့ စွမ်းအင်ကို ပိုင်ဆိုင်ထားပေမဲ့လည်း တားဖို့တောင် အားအင်မဲ့ရတယ်၊ မဟာတာအိုနဲ့ နီးကပ်လွန်းနဲ့ဘယ်သူကမဆို ဒီကံကြမ္မာအတွင်းမှာ ရှိနေသေးလို့ ဒါကိုမပြောင်းလဲနိုင်ဘူး လွတ်လည်း မလွတ်နိုင်ဘူး”

“ဒါကြောင့် လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်ကျော် စတင်ပိုင်းကတည်းက ငါက လူတစ်ယောက်ကို စစောင့်ခဲ့တယ်၊ ကံကြမ္မာရဲ့အပြင်ဘက်က လူတစ်ယောက်ပေါ့။ သူက မျှော်လင့်ချက်လုံးဝမရှိတဲ့ ဒီလောကကို လုံးဝဆင်းသက်လာတဲ့အချိန်မှပဲ ဒီဖျက်ဆီးခြင်းကံကြမ္မာကို အဆုံးသတ်ဖို့ အခွင့်အရေးရနိုင်မယ်၊ အဲဒီခေတ်မှာ သူက အဲဒီလောကကအထူးချွန်ဆုံး လူဖြစ်မယ်၊ ငါက သူ့ကို ငါတတ်နိုင်သမျှ ညွှန်ကြားချက်တိုင်းကို ပေးပြီး တတ်နိုင်သမျှ ထောက်ပံ့မှုတိုင်း ပေးရင်းနဲ့ ဒီတာဝန်ကို ပြီးမြောက်စေမယ် ဒါက ငါ့ရဲ့တာဝန်ပဲ”

မူလအမရအရှင်က ဝမ်ချောင့်ကို ထက်ရှသောအကြည့်မျိုးနှင့် စိုက်ကြည့်သည်။ အဓိပ္ပါယ်ကိုရှင်းလင်းစွာ ထုတ်ပြောသည်။ မူလအမရအရှင်သည်လည်း ဝမ်ချောင်ဟာ ထိုလူဖြစ်ကြောင်း သံသယမရှိပုံရသည်။

ဘမ်းးးး

ဝမ်ချောင်၏ခန္ဓာကိုယ်က အလုပ်မလုပ်တော့ပေ။ သူ၏စိတ်ကမူ အတွင်းမှပြင်ထန်သော အားလှိုင်းလုံးများအလား ရုန်းကန်နေရသည်။

‘ကံကြမ္မာ’

‘ကံကြမ္မအပြင်ဘက်ကလူ’

ဝမ်ချောင်၏ကိုယ်အတွင်းတွင် ဖော်ပြရန်ခက်ခဲသော ခံစားချက်ကပေါ်လာသည်။ သို့သော် သူသည် ခပ်မြန်မြန် ဖိနှိပ်လိုက်သည်။

“ဒီဂျူနီယာက တုံးအတယ်။ တကယ်ပဲ ဒီကံကြမ္မာက ဘာလဲ”

ဝမ်ချောင်က သတိထားပြီး မေးလိုက်သည်။ သို့သော် မူလအမရအရှင်ထံမှ အဖြေမရတော့ပေ။ သူသည် ဝမ်ချောင့်ကို အဓိပ္ပါယ်နက်နဲစွာကြည့်သည်။ ဝမ်ချောင်ကပင် မတုန့်ပြန်နိုင်သေးခင် ဝမ်ချောင့်၏နဖူးထံသို့ လက်ညှိုးတစ်ချောင်းဖြင့် လာဖိကပ်သည်။

ဝုန်းးး

မူလအမရအရှင်၏ လက်ညှိုးကဖိချလာသည်နှင့် ဝမ်ချောင်၏စိတ်ကလည်း အခြားသေမျိုးလောကအတွင်းသို့ ဆွဲသွင်းခံရသည်။ ခမ်းနားထည်ဝါသော ခန်းမနှင့် မူလအမအရအရှင်တို့အားလုံး ပျောက်သွားပြီး သိပ်သည်းသောမီးတောက်က အစားထိုးလာသည်။

စူရှသောအော်ဟစ်သံများက ဝမ်ချောင်၏နှလုံးသားအား တုန်ယင်စေသည်။ ထိုအသံက သူ၏နားထဲတွင် ပြည့်နှက်နေသည်။ ထိုမီးတောက်ထဲတွင် ဝမ်ချောင်သည်လည်း ကလေးတစ်ယောက်ကိုပွေ့ထားသော အိုမင်းနေသည့် အမျိုးသမီးကြီးတစ်ယောက်က စိတ်ပျက်အားငယ်စွာနှင့် ဒူးထောက်ထိုင်ကာ ကောင်းကင်ကို မော့ကြည့်နေကြောင်း မြင်ရသည်။ ထိုအမျိုးသမီးကြီးက ပြိုလဲကျပြီးသွားချိန်တွင် လောကကြီးက တစ်ချက်လည်ထွက်သည်။ ထို့နောက် တစ်ဖန်ပြန်လည်ပြီး ပြောင်းလဲသွားသည်။ ဝမ်ချောင်သည်လည်း ကျယ်ပြောလွန်းသော ကုန်မြေကြီးတစ်ခုလုံအနှံ့ မီးတောက်က တောက်လောင်နေကြောင်း မြင်ရသည်။

‘ဗဟိုပြင်ကျယ်!’

ထိုဓါးကိုင်ထားသော ဝမ်ချောင်၏ခန္ဓာကိုယ်ကပင် တုန်သွားသည်။

ခရက်..

ဗုန်း

မည်းတူးနေသော ကုန်းမြေကြီးတစ်ခုလုံးက ရုတ်တရက် နှစ်ခြမ်းကွဲသွားသည်။ ဖုန်မှုန့်များ အနက်ရောင်မီးခိုးများကလည်း ကောင်းကင်သို့ တောက်လျှောက်တက်သည်။ ဝမ်ချောင်သည်လည်း ကြေမွသွားသော ကုန်းမြေကြီးကိုသာ ကြည့်နေလိုက်ရသည်။

မီးတောက်ကသွေးနီရောင်မှ ပိန်းပိတ်အောင်မည်းမှောင်သည်အထိ ပြောင်းလဲသွားသည်။ မီးတောက်၏အတွင်း အနက်ရှိုင်းဆုံးအပိုင်း အတွင်းတွင် ဝမ်ချောင်သည် ညည်းငြူသံများကြားသည်။ မရေမတွက်နိုင်သော အနက်ရောင်နှင့် မိစ္ဆာပုံရိပ်များကို မြင်ရသည်။ သူတို့၏မျက်လုံးကလည်း အေးစိမ့်သောလေအေးများကို လွှတ်ထုတ်နေသည်။ သူတို့သည် အဝေးမှနေရင်း ဝမ်ချောင့်ကို လှမ်းကြည့်သည်။ သူတို့၏မျက်လုံးများက ဖျက်ဆီးလိုစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ဝုန်းးး

ထိုမြင်ကွင်းများက ဝမ်ချောင်၏မှန်ဉာဏ်အတွင်းမှ အမှောင်မိုက်ဆုံး အနာကျင်ဆုံး အခိုက်အတန့်နှင့် ပေါင်းစည်းသွားပြီး သူ၏နှလုံးသားသည်လည်း ကြောက်ရွံ့မှုဖြင့် ခုန်လှုပ်နေသည်။ ခန္ဓာကိုယ်ကလည်း အေးစက်နေသည်။

‘လောက၏ ပျက်စီခြင်း’

‘အခြားသောလောကသားတွေ ကျူးကျော်လာတာ’

ဝေဝါးနေသော ပုံမှန်မဟုတ်သည့် ထိုပုံရိပ်များက သူအကြိမ်ရေမည်မျှမွေးဖွားစေကာမူ မမေ့နိုင်သော အရာများဖြစ်နေသည်။ လောင်ကျွမ်းသွားသောမြင်ကွင်း ပျက်ဆီးသွားသောလောကကြီးက သူ၏စိတ်ထဲတွင် ထာဝရစွဲမြဲနေပေလိမ့်မည်။ (ကြည့်ရတာ သူ့အရင်ဘဝက ပါဝင်တဲ့ မိစ္ဆာတွေ ထင်တယ်)

ဝုန်း

ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏ခန္ဓာကိုယ်က အစားထိုးရန်ခက်သော သတ်ဖြတ်လိုစိတ်ဆန္ဒနှင့် နာကျင်မှုများဖြင့် ပေါက်ကွဲထွက်လာသည်။

“ဆိုတော့ မင်းသိပြီပေါ”

မူလအမရအရှင်က စကားထပ်ပြောသည်။ ပုံရိပ်ယောင်မြင်ကွင်းတိုင်းက ပျောက်သွားသည်။ မူလအမရအရှင်၏ ဝမ်ချောင်၏ဖရိုဖရဲဖြစ်နေသော ဆံပင်နှင့်တုန်ယင်သော ပခုံးကို သွေးနီရောင်မျက်လုံးဖြင့်ကြည့်ကာ သက်ပြင်းချသည်။

******

အပိုင်း(၁၅၄၅)

အတိတ်တွင်မူ မူလအမရအရှင်သည်လည်း သူ၏တွက်ချက်မူကတစ်ဆင့် အမျိုးမျိုးသောတွက်ချက်မူများ အပြုအမူများအားလုံးကို ရရှိထားပြီးသားဖြစ်သော်လည်း ဝမ်ချောင်၏တု့န့်ပြန်မှုကတစ်ဆင့် သူသည် ပို၍ပင်သေချာသွားသည်။

ဝမ်ချောင်သည် ဘာစကားမှ မဆိုပေ။ သူသည် ခေါင်းကိုသာ ဆက်ငုံ့ထားသည်။ သူ၏လက်ကလည်း လှုပ်ခါနေပြီး သူ၏အသက်ရှူသွင်း ရှူထုတ်သံနှင့်သာ ပြည့်နှက်နေသည်။ သူသည် အဆိုးရွားဆုံးသော အိမ်မက်ဆိုးထဲတွင် ပိတ်မိသွားသလိုမျိုး ထင်ရသည်။ သူ၏မျက်လုံးထဲမှ မျက်ရည်များပင် စကျလာသည်။

‘သူ ဘယ်လိုမေ့နိုင်မှာလဲ။ သူ ဘယ်လိုများ မေ့နိုင်မှာလဲ…’

သူသည် ခံစားချက်မရှိသလိုမျိုး ပြုမူနိုင်လာသည်။ ကိစ္စများကို သူ၏ခန္ဓာကိုယ် ဟိုးအတွင်းပိုင်တွင် ဖုံးကွယ်ထားနိုင်လာသည်ဟု ထင်ထားသည်။ သို့သော် ထိုမှတ်ဉာဏ်များက ပြန်ပေါ်လာသည်နှင့် သူ၏အရိုးကိုပင်ခွဲပြီး ဝိဉာဉ်ကိုပင် ငိုစေလောက်အောင် နာကျင်ခဲ့ရသည်။

“ဘာဖြစ်တာလဲ။ ခင်ဗျားက ဒါတွေကိုဘယ်လိုသိတာလဲ”

ဝမ်ချောင်က ဩရှသောအသံနှင့် အော်မေးလိုက်သည်။

“မင်းအခုမြင်လိုက်ရတာက လွန်ခဲ့တဲ့နှစ်ထောင်ကျော်က ငါတစ်ညမှာ ကြယ်စင်တွေကို လေ့လာနေရင်းနဲ့ မြင်ခဲ့ရတဲ့မြင်ကွင်းပဲ။ ယဉ်ကျေးမှုတွေက တိုးတက်လာတယ်။ အဲဒီနောက် ပျောက်သွားတယ်။ မင်းဆက်တစ်ခုပြီးတစ်ခု အစားထိုးသွားတယ်။ ဒါကလူသားသမိုင်းပဲ ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ ခြားနားသွားလိမ့်မယ်။ အစားထိုးလို့ မရဘူးဆိုတာမျိုး မရှိသလို အမြဲတစေ ဆက်ဖြစ်နေမယ်ဆိုတာလဲ မရှိဘူး။ နောက်ပြီး အခြားယဉ်ကျေးမူတွေက ဒီကုန်မြေမှာ ထာဝရပျောက်ကွယ်သွားပြီးနောက် ဒီမြေကမ္ဘာကြီးကိုယ်တိုင်ကတောင် လုံးဝမရှိတော့တဲ့အထိ ကြေမွသွားပြီး ဖျက်ဆီးခံရလိမ့်မယ်။ ဒါက နောက်ဆုံးသောကပ်ဘေးပဲ”

မူလအမရအရှင်၏အသံက အလွန်ဝေးကွာသော နေရာမှထွက်လာသည်။ ဖော်ပြရန်ခက်ခဲသော အားနည်းမှုများနှင့် ဆုံတွေ့ခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ၏ပတ်ဝန်းကျင်မှ အလင်းကပင် လိမ်တွန်လာပုံပေါ်သည်။

“ငါက ငါတတ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ဒီအန္တရာယ်ကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကိုတောင် မရှာနိုင်ခဲ့ဘူး။ ဒါကြောင့်ကောင်ကင်ဘုံရဲ့ ဒီလျှို့ဝှက်ချက်ကိုဆက်ပြီး ကြည့်ရှူတယ်။ ငါ့ရဲ့ဝိဉာဉ်တောင် ညှိုးနွမ်းလာရတယ်။ နောက်ဆုံးအခိုက်အတန့်မှာမှ ငါ့မျှော်လင့်ချက် အလင်းတန်းလေးကို တွေ့ခဲတာ”

“နှစ်တစ်ထောင်ကျော် ကြာပြီးတဲ့နောက်မှာ လူသားတစ်ယောက် မွေးဖွားလာမယ်ဆိုတာ ငါမြင်ခဲ့ရတယ်၊ သူရဲ့ကံကြမ္မာက အခြားသောလူတိုင်းနဲ့ ခြားနားလိမ့်မယ်၊ သူက အခြေပြုစွမ်းအား ၅မျိုးထဲမှာ မရှိဘူး၊ ဒါမှမဟုတ် ဘယ်မူလဇစ်မြစ် ကံကြမ္မာတွက်ချက်မှု ထဲမှာတောင်မှ မပါဝင်နေခဲ့ဘူး၊ ဒါကြောင့် ငါ့ရဲ့တွက်ချက်မှုကနေတစ်ဆင့် ငါ သူနဲ့ပက်သက်တဲ့ အခြားအချက်အလက်တွေကို မရရှိနိုင်ခဲ့ဘူး၊ ငါ လုံးဝသေချာနေတာက အဲဒီအချိန်ကစ နှစ်ထောင်ကျော်ကြာပြီးတဲ့ တစ်ရက်မှာပေါ့… သူက ဓါးတစ်လက်ကို ဆွဲထုတ်ပြီး လူသားတစ်လောကလုံးကို ဦးဆောင်လို့ နောက်ဆုံးမျှော်လင့်ချက် အလင်းတန်းအတွက်နဲ့ တိုက်ခိုက်မယ်ဆိုတာပဲ သေချာနိုင်ခဲ့တယ်”

“အဲဒါကြောင့် ငါ အဲဒီအခိုက်အတန့်ကစတင်ပြီး တစ်လောကလုံးအနှံ့ စသွားတယ်။ တောင်ကုန်းတိုင်း တောင်တန်းတိုင်းကို စစ်ဆေးကြည့်တယ်၊ နှစ်၃၀ကြာသွားပြီးတဲ့နောက်မှာ ငါ အဲဒီဓါးကို တွေ့ခဲ့ရတယ် ၊အဲဒီနောက် ငါမူလအမရဂိုဏ်းကို ထောင်တယ်၊ ရွမ်ဖုန်းကိုလည်း မြေအောက်အတွင်းပိုင်းက မူလအမရဂူကို တူးဖို့ ညွှန်ကြားခဲ့တယ်၊ အဲသည်လိုနဲ့ ငါ အဲဒီဓါးကို ထားခဲ့တာပဲ”

‘မူလအမရဓါး’

ဝမ်ချောင်သည် သူကိုင်ထားသောဓါးကို ရုတ်တရက် တွေးမိသွားသည်။ အခြေအနေကို နားလည်လိုက်ခြင်းက သူ့ကိုမင်သက်သွားစေသည်။ မူလအမရအရှင်သည်လည်း တစ်ချိန်လုံး သူ့ကို စောင့်နေခဲ့သည်ဟု ပြောသည်။ သို့သော် ဝမ်ချောင်ကမူ သူဟာမူလအမရဂိုဏ်းကို တည်ထောင်ခြင်း မြေအောက်နန်းတော်ကို တည်ဆောက်ခြင်းနှင့် မူလအမရဓါးကိုရှာခဲ့သည့် အတိုင်းအတာအထိ မတွေးခဲ့ဖူးပေ။

အရာအားလုံးက သူရောက်ရှိလာရန်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။ ထို့အခြေအနေက မယုံနိုင်စရာ ကောင်းလွန်းနေသည်။ ဝမ်ချောင်သည်ပင် စိတ်မငြိမ်နိုင်တော့ပေ။

“ကံကြမ္မာရဲ့လျှို့ဝှက်ဆန်းကြယ်မူက ငါ့ကို နှစ်ထောင်ကျော် စောင့်ဆိုင်းစေခဲ့တယ်၊ ဒါပေမဲ့ အဆုံးသတ်မှာတော့ တကယ်ကို မင်းနဲ့တွေ့ရတယ်၊ အခုငါမင်းကို အဲဒီပစ္စည်း ပေးနိုင်ပြီ”

မူလအမရအရှင်က သက်ပြင်းအရှည်ကြီးကို ချသည်။ သူသည် စိတ်အေးသွားပုံရသည်။ ဝမ်ချောင်၏နှလုံးသားက ရုတ်တရက်ခုန်လှုပ်သည်။ သူသည်လည်း တစ်ဖက်သူကို တစ်အံ့တဩ မော့ကြည့်လိုက်သည်။

“ပစ္စည်းဟုတ်လား”

“ဘာပစ္စည်းလဲ”

ဝမ်ချောင်၏စိတ်အတွင်းတွင် မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ မူလအမရအရှင်သည် ရွှေရောင်အလင်းတန်းကို လွှတ်ထုတ်လာပြီးနောက်တွင် သူ၏လက်ညှိုးထိပ်တွင် သိမ်မွေ့နယ်မြေမှ ထိတွေ့ကိုင်တွယ်၍ ရလုနီးပါးဖြစ်နေသော စွမ်းအင်များကို စုစည်းလာစေလိုက်သည်။

ထို့နောက် သိပ်မကြာခင်အချိန်တွင် လက်သည်းခွံသာသာ အရွယ်အစားခန့်သာရှိသော်လည်း နေရောင်ထက်ပင် တောက်ပလွန်းသည့် ရွှေရောင်အစေ့လေးတစ်စေ့က သူ၏လက်ချောင်းထိပ်တွင် ပေါ်လာသည်။ ဂရုစိုက်ကြည့်ရှုမည်ဆိုပါက ထိုအစေ့လေးသည် အပေါ်ယံမျက်နှာပေါ်တွင် ထူးဆန်းသောပုံများကို သယ်ဆောင်ထားကြောင်း မြင်ရမည်ဖြစ်သည်။ ထိုပုံစံများက ကိုယ်ပိုင်အသက်ရှိနေသကဲ့သို့ အားလှိုင်းများအလား ထိုအစေ့မျက်နှာပြင်ပေါ်သို့ ကူးလူးသွားလာနေလေသည်။

“!!!”

ဝမ်ချောင်၏မျက်လုံးက ပြူးသွားသည်။ ထိုအစေ့ပေါ်ပေါက်လာခြင်းက အထူးတလည် လေးစားစရာ မကောင်းလောက်သော်လည်း အတွင်းမှ အကန့်အသတ်မဲ့သော စွမ်းအင်များကို ခံစားမိသည်။ သူခံစားမိသည်မှာ ထိုစွမ်းအားများ၏ သေးငယ်သော တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ သို့သော် ထိုပမာဏကပင် ဝမ်ချောင့်ကို အံ့ဩသွားစေရန် လုံလောက်သည်။

“ဒါက အရမ်းကိုအရေးကြီးတဲ့ပစ္စည်းပဲ လောကရဲ့မျိုးစေ့လို့ခေါ်တယ်၊ ငါ့ရဲ့တစ်ဘဝလုံးစာ ကြိုးစားအားထုတ်မှုတွေကို သုံးပြီး နှစ်တစ်ထောင်ကျော်လုံးလုံး လမ်းညွှန်ပြသခဲ့ပြီးနောက်မှာမှ ရရှိလာတဲ့မျိုးစေ့ပေါ့… တည်ငြိမ်တဲ့လောကကြီးနဲ့ အပေါ်ယံ မျက်နှာပြင်အောက်ဘက်မှာ… ကြီးမားတဲ့ကပ်ဘေးကြီးက ချောင်းမြောင်းနေတာကို ငါသိလိုက်ပြီးတဲ့ အခိုက်အတန့်မှာပဲ၊ ငါရသမျှနည်းလမ်းတိုင်းကို သုံးပြီး လောကကို ကယ်တင်ဖို့ ကြိုးစားခဲ့တယ်၊ အဆုံးသတ်မှာ ငါ ဒီမျိုးစေ့ကို သိပ်သည်းအောင်လုပ်နိုင်ခဲ့တယ်။ ဒီမျိုးစေ့က လောကကြီးရဲ့ မျှော်လင့်ချက်မျိုးစေ့လို့ ပြောလို့လည်းရတယ်”

“ဒီမျိုးစေ့က မပြီးပြည့်စုံသေးဘူး။ ငါရဲ့ကြိုးစားအားထုတ်မှုတွေက လောကရဲ့လျှို့ဝှက်ချက်အများကြီးကို ပေါက်ကြားသွားစေခဲ့လို့ ငါ့ရဲ့အဆီအနှစ် သွေးစက်အများကြီး ကုန်ဆုံးသွားစေပြီး ငါ့ရဲ့စိတ်ဝိဉာည်ရဲ့ သွေးစက်တွေတောင် ပါသွားသေးတယ်၊ ဒါကြောင့် ငါ ဒီမျိုးစေ့ကို ပြီးမြောက်အောင်လုပ်ဖို့အတွက် ငါက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက် အများကြီးကိုလည်း ကြည့်ရှုခဲ့ရတယ်။ နောက်ပြီး ငါ့ရဲ့အဆီအနှစ်သွေးနဲ့ ဝိဉာဉ်စွမ်းအားအများစုကိုလည်း အသုံးပြုလိုက်ရတာကြောင့် ငါ ကျန်တဲ့တာဝန်ကိုတော့ မင်းကိုပဲ ထား,ထားပေးခဲ့တော့မယ်၊ မင်းမှာငါ့ မှာမရှိတာတွေ ရှိတယ်။ ဒီတော့ မင်းကတော့ ငါ မလုပ်နိုင်တာကို ပြီးအောင် လုပ်နိုင်မှာပဲ”

မူလအမရအရှင်က ထိုရွှေရောင်မျိုးစေ့လေးအား ဝမ်ချောင့်ကိုကမ်းပေးသည်။ ဝမ်ချောင်သည်လည်း မူလအမရအရှင်ကို ကြည့်သည်။ သူ၏မျက်နှာပေါ်တွင် အဓိပ္ပာယ်ဖော်ရခက်သည့် တည်ငြိမ်မှုမျိုးက ရှိနေ၏။ သိသာစွာပင် ထိုမျိုးစေ့က မူလအမရအရှင်၏ အစေ့အတွင်း တိုင်းတာရခက်ခဲသော အရေးပါသော တစ်နေရာကို သယ်ဆောင်ထားပုံရသည်။

ထိုမျိုးစေ့၏အလေးချိန်ကို အာရုံခံမိသည့်တိုင်အောင် ဝမ်ချောင်၏မျက်နှာကလည်း တည်ငြိမ်သွားသည်။

“စီနီယာ--- စီနီယာမြင်ခဲ့တဲ့ အဲဒီမြင်ကွင်းက ဗဟိုပြင်ကျယ်အနေနဲ့အသက်ရှင်ဖို့ မျှော်လင့်ချက် ဘယ်လောက်ရှိလဲ”

ဝမ်ချောင်သည် မူလအမရအရှင်၏မျိုးစေ့ကိုချက်ချင်းယူပြီး---

“ဗဟိုပြင်ကျယ်ရဲ့မျှော်လင့်ချက်က ငါ့အပေါ်မှာ မူတည်တာမဟုတ်ဘူး။ မင်းအပေါ်မှာ မူတည်နေတာ အနာဂါတ်ကို မည်သူကမှ မသေချာနိုင်ရင်တောင် ငါလုပ်နိုင်သမျှက အင်အားအကုန်သုံးပြီး ရုန်းကန်တာပဲ”

မူလအမရအရှင်က တင်းမာစွာပြောသည်။ သူ၏မျက်လုံးက တောက်ပမှုနှင့် ထိန်လင်းလာသည်။ ဝမ်ချောင်က တိတ်သွားသည်။ သူ၏မျက်ဝန်းထဲတွင် တစ်စုံတစ်ရာကို တွေးမိသလို အကြည့်မျိုးက ပေါ်လာ၏။ တစ်ခဏခန့်ကြာပြီးမှသာ သို့မဟုတ် အချိန်အတန်ကြာပြီးမှသာ သူဟာ လက်ကိုဆန့်ပြီး ရွှေရောင်မျိုးစေ့ကို ယူသည်။

ဝုန်းးးး

သူသည်လည်း သူ၏လက်ချောင်းထိပ်က အပ်ချောင်းဖြင့် အထိုးခံလိုက်ရသလိုမျိုုး ရုတ်တရက်စိမ့်တက်သွားသည့် ခံစားချက်ကို ချက်ချင်းရလိုက်သည်။ သို့သော် ထိုတခဏခန့်ကြာပြီးနောက်တွင် ဝမ်ချောင်သည် ဒါဟာ ထင်ယောင်ထင်မှား ဖြစ်နေခြင်းမဟုတ်ကြောင်း သေချာသွားသည်။ အကြောင်းမူကား ထိုရွှေရောင်မျိုးစေ့လေးက သူ၏လက်ညှိုးပေါ် အမှန်တစ်ကယ် ထိုးစိုက်ပြီးနောက် သူ၏သွေးစက်ကိုအမှန်တစ်ကယ် စုပ်ယူလိုက်ခြင်းဖြစ်သည်။

ထိုရွှေရောင်မျိုးစေ့သည် ချက်ချင်းဆိုသလို ထိတွေ့ကိုင်တွယ်၍မရသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားကာ အလင်းတန်းအဖြစ် ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

“ဒါ…”

ဝမ်ချောင်၏မျက်နှာကပင် အံ့အားသင့်မှုဖြင့် တောင့်ခဲသွားသည်။ ထိုအခိုက်အတန့်တွင် ရွှေရောင်မျိုးစေ့သည် လုံးဝပျောက်ကွယ်သွားပုံ ပေါ်သည်။ သို့သော်သူသည် ထူးဆန်းသော လှုံ့ဆော်မှုတစ်ရပ်ကို ရလိုက်ပြန်သည်။ အလင်းက တစ်ချက်လက်ပြီးနောက် သူ၏စိတ်ထဲတွင် ရွှေရောင်မျိုးစေ့ပုံစံလေးက ပေါ်လာသည်။ ထို့နောက် ထိုအရာလေးက တဖြေးဖြေးချင်းစီ လှည့်ပတ်နေသည်။ ဝမ်ချောင်ကပင် မတုန့်ပြန်နိုင်သေခင် ရွှေရောင်မျိုးစေ့ထံမှ ဒီရေအလားလှိမ့်ကာဝင်လာသည့် သတင်းအချက်အလက် အမြောက်အမြားကို ရလိုက်သည်။

“ဒါကမူလအမရသိုင်းပဲ”

ဝမ်ချောင်ကပင် အချက်အလက်များကို သေချာကြည့်ရှူပြီးနောက် မှင်သက်သွားရသည်။ ထိုအရာဟာ ခက်ခဲပြီး နက်နဲလွန်းသော မန်ဒြာဖြစ်သည့်သူနှင့် မိစ္ဆဧကရာဇ်လူအိုကြီးမာန်တို့က အင်တိုက်အားတိုက်ကြိုးစားကာ ရှာဖွေခဲ့သော မူလအမရသိုင်းဖြစ်သည်။

ဝမ်ချောင်နှင့် ဆရာဖြစ်သူတို့သည် ပထမမျိုးဆက် ဆက်ခံသူနှင့် ပါးကုရှီတုတို့ကို ယှဉ်ပြိုင်နိုင်ရန် ပြင်းထန်သော အင်အားများကို အသုံးပြုရသည့်တိုင်အောင် မူလအမရ သိုင်းကို မရနိုင်ခဲ့ပေ။

သူသည်လည်း လောနံပါတ်၁သိုင်းကို ဒီလိုပုံစံမျိုးဖြင့် ရလိမ့်မည်ဟု မထင်ထားမိပေ။ ဝမ်ချောင်၏သွေးများက ခေါင်းဘက်သို့ ထိုးဆင်းသွားပြီး စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ ထိုသိုင်းက ပြီးပြည့်စုံသည်။ ထိုထဲတွင် နောက်ဘက်မှ အထပ်ပေါင်းများစွာပါသော ကောင်းကင်ကို ထုဆစ်သည့် သိုင်းမျိုးပင်ပါဝင်သည်။ နံပါတ်၁ သိုင်းနှင့်ဆိုလျှင် ဝမ်ချောင်သည်လည်း မဟာယန်ကောင်းကင် ဖန်တီးခြင်းသိုင်းမှ ပြစ်ချက်တိုင်းကို တစ်သုတ်ထဲမှာ ဖြေရှင်းနိင်မည်ဖြစ်သည်။

“သတိပေးချက် : အမည်မသိတဲ့ အရာတစ်ခုက အသုံးပြုတဲ့ခန္ဓာကိုယ်ထဲမှာ ရောက်ရှိနေကြောင်း တွေ့ရှိနေပါတယ် စစ်ဆေးနေပါတယ်”

ကံကြမ္မာကျောက်တုံးက ဝမ်ချောင်၏ စိတ်ထဲတွင် ပေါ်ထွက်လာသည်။

“အမည်မသိရတဲ့ စွမ်းအင်တစ်မျိုးကို ရှာဖွေတွေ့ရှိပါတယ် ဒီစွမ်းအင်က အသုံးပြုသူရဲ့ တာဝန်နဲ့ဆက်စပ်နေပါတယ် သတိပေးချက် : ကြာကြာအသုံးပြုသူက မမျော်လင့်ထားတဲ့ အရေးကြီးတဲ့ပစ္စည်းတစ်ခုကို ရလိုက်တယ်။ ထိုပစ္စည်းက လောကရဲ့ပြောင်းလဲမှုတွေကို ပြောင်းလဲဖို့ဦးဆောင်ပေးနိုင်ပြီး အသုံးပြုသူရဲ့တာဝန်ကိုလည်း အထွဋ်အထိပ်ကို ရောက်ရှိအောင် ကူညီနိုင်ပါတယ်”

“အထူးဖြစ်ရပ် အသုံးပြုသူရဲ့ ဆုလဒ်ရဲ့ ပြစ်ဒဏ်တွေကို မသိရသေးပါဘူး။ ခွဲခြမ်းစိတ်ဖြာနေပါတယ်---”

“အစောပိုင်း ခွဲခြမ်းစိတ်ဖြာချက်: မျိုးစေ့ (အမည်မသိရ)၊ အသုံးပြုသူက ကံကြမ္မာစွမ်းအမှတ် ၃၀၀၀၀၀ ကို ဆုလဒ်အဖြစ် ချီးမြှင့်ခံရပါမယ်၊ သတိပေးချက်: နောက်ဆုံးသော စီရင်ချက်ကို မဆုံးဖြတ်ရသေးပါဘူး၊ နောက်ဆုံးသောအနေနှင့် ကြီးမားတဲ့ ပြစ်ဒဏ်ကို ကံစမ်းရနိုင်ချေရှိပါတယ်၊ ရလဒ်အနေနဲ့ ကံကြမ္မာစွမ်းရည် အမြောက်အများ အနှုတ်ခံနိုင်သေးတယ်၊ သတိပေးချက်: အသုံးပြုသူက အထူးဖြစ်ရပ်တစ်ခုကို ရရှိလာတာဖြစ်တာကြောင့် ကံကြမ္မာကျောက်တုံးအနေနဲ့ အထူးစွမ်းအင် တစ်မျိုးကိုလည်း ဖွင့်ပေးလိုက်ပါတယ်။ အချိန်ကို ဖွင့်ခြင်း: အမည်မသိရ”

ဝမ်ချောင်၏စိတ်အတွင်းထူးခြားသော သတင်းများက အတန်းလိုက်ပေါ်လာသည်။

‘ဘယ်လိုဖြစ်နိုင်မှာလဲ’

ဝမ်ချောင်က မင်သက်သွားသည်။ ယခုလို ဖြစ်ပျက်မျိုးက ပထမဦးဆုံးအကြိမ် ပေါ်ပေါက်ခြင်းဖြစ်သည်။ ကံကြမ္မာကျောက်တုံးကလည်း ထိုအရာဟာ မည်သည့် အရာဖြစ်ကြောင်း မဆုံးဖြတ်နိုင်သည့် ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ပို၍ဆိုးသည်မှာ ထိုမျိုးစေ့သည် ကံကြမ္မာကျောက်တုံး၏ စွမ်းရည်အသစ်ကိုပင် ရရှိစေနိုင်သေးသည်။ တစ်ချိန်တည်းတွင်ပင် ထိုစွမ်းရည်အဖြစ် ပြောင်းလဲနိုင်သောကြောင့် ကြာချိန်ကိုလည်း အမည်မသိရသေးပေ။

ထိုအခိုက်အတန့်တွင် မူလအမရအရှင်က တော်လေးနွမ်းနယ်နေသော အသံမျိုးဖြင့် ဆက်ပြောသည်။

“မူလအမရသိုင်းက မင်းခန္ဓာကိုယ်ထဲက ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်၊ မျိုးစေ့ကိုယ်တိုင်အတွက်ကတော့ ဒီလောကရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ ဒါက ဖျက်ဆီးခြင်းကံကြမ္မာကနေ လောကကို ကယ်တင်တဲ့ မင်းကို ကူညီထောက်ပံ့ပေးနိုင်ဖို့ ငါ မျှော်လင့်တယ်၊ ငါဒီလောက်ပဲ မင်းကို ကူညီနိုင်မယ်”

မူလအမရအရှင်က ဝမ်ချောင်ကို ကြည့်ပြီး သူ၏ ယုံကြည်မှုများကို အကြည့်တစ်ချက်တည်းနှင့် အပ်နှံလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်။ အဆင်ပြေပါတယ်”

ဝမ်ချောင်သည်လည်း မူလအမရအရှင်းကို နက်ရှိုင်းစွာဦးညွှတ်လိုက်သည်။ သူ၏ ဒီခရီးမှ အကျိုးအမြတ်များက မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။

မူလအမရအရှင်၏ မျှော်လင့်ချက်များအတွက် ဒါဟာ ဝမ်ချောင် အမြဲတစေလုပ်ချင်သော အရာများဖြစ်သည်။ သူသည်လည်း မူလအမရအရှင်က တောင်းဆိုချက်မရှိလည်း လုပ်မည်ဖြစ်သည်။

“ကပ်ဆိုးတွေက ကောင်းချီးတွေနဲ့ တွဲနေပြီး ကောင်းချီးတွေကလည်း ကပ်ဆိုးတွေရဲ့ ဖုံးကွယ်ထားတဲ့ အရာမျိုးဖြစ်နေတယ်။ ဒီမျိုးစေ့က အရမ်းကို အရေးကြီးတယ်၊ ဒါက မင်းကို အကျိုးအမြတ်တွေ အတိုင်းအတာတစ်ခုအထိထုတ်ပေးနိုင်လို့ ကံဆိုးမှုတွေလည်း ဆောင်ကျဉ်းပေးနိုင်သေးတယ်။ အတိတ်ကသာဆိုရင် မရေမတွက်နိုင်တဲ့ လူပေါင်းများစွာက လိုချင်တက်မက်စိတ် ရှိကြတယ်။ ငါက သူတို့ကို အလဲထိုးပြီး တွန်းထုတ်နိုင်ခဲ့ပေမဲ့လည်း ဒီကိစ္စက အရေးကြီးလွန်းတယ် မှတ်ထား… မင်းမှာ ဒီမျိုးစေ့ရထားတဲ့အကြောင်းကို မင်းဘယ်သူ့ကိုမှ မသိစေနဲ့။ မင်းရဲ့ အနီးစပ်ဆုံးသူတွေတောင် ပါတယ်”

မူလအမရရှင်က တင်းမာစွာသတိပေးသည်။

******

All Chapters