← Chapters

အခန်း (၁၅၄၆-၁၅၅၀)

Vol. 93 Ch. 1546-1550

အခန်း (၁၅၄၆-၁၅၅၀)

Vol. 93 Ch. 1546-1550

အပိုင်း(၁၅၄၆)

ဝီဝီဝီ

ဝမ်ချောင်၏ စိတ်က တုန်လှုပ်နေပြီး မျက်နှာက ဖြူဖျော်နေသည်။

မူလအမရအရှင်သည်လည်း ရှင်းလင်းစွာပင် ထိုရွှေရောင်မျိုးစေ့က ကြီးမားသော ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။ ဝမ်ချောင်သည် သိပ်မကြာခင်အချိန်တွင်းမှာပင် သူ၏ ခံစားချက်များကို ကောင်းကောင်း ဖမ်းဆုတ်နိုင်သွားသည်။

“စီနီယာ စိတ်အေးအေးထားပါ။ ဒီဂျူနီယာက နားလည်ပါတယ်။ မျိုးဆက်က ဘာတွေပဲဖြစ်ဖြစ် ဒီဂျူနီယာက ဝန်ထုပ်ဝန်ပိုးကို တောင့်ခံနိုင်ပါတယ်။ ဒီဂျူနီယာကလည်း ဒီမျိုးစေ့ကို မကောင်းတဲ့ လူတွေရဲ့လက်ထဲကို ဘယ်တော့မှ မကျစေရပါဘူး”

အပြစ်ကင်းစင်သောသူဟာ ကျောက်စိမ်းကို အိမ်နံရံတွင်ပင် ဝှက်ထားလျှင်ပင် သူ၏ခေါင်းပေါ်သို့ ကပ်ဘေးကို ဆွဲခေါ်နိုင်လေသည်။ ဝမ်ချောင်သည်လည်း ထိုဆိုရိုးစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကိုကောင်းကောင်း သတိထားမိသည်။ သို့သော် ထိုမျိုးစေ့က သယ်ဆောင်လာပေးနိုင်သည့် မည်သို့သော အန္တရာယ်များရှိနေစေကာမူ ကံကြမ္မကျောက်တုံး၏ အဓိပ္ပာယ်တစ်ခုတည်းကတင် ဝမ်ချောင့်ကို မငြင်းဆန်နိုင်အောင် ဖြစ်စေသည်။

ပို၍ဆိုးသည်မှာ ဝမ်ချောင်သည်လည်း အန္တရာယ်များပြားသည့် အခြေအနေမျိုးကို ကျော်ဖြတ်ခဲပြီးသားဖြစ်ပြီး ဝတ်ဆင်ရန်ထိုက်တန်သော မည်သည့်သရဖူကမဆို လေးလံမည်ဖြစ်ကြောင်း သေချာနေသည်။ ထို့ကြောင့် ထိုမျိုးစေ့ကသာ သူအား အခက်အခဲကို ကျော်လွှားနိုင်ရန် ထောက်ပံ့ကူညီပေးနိုင်မည်ဆိုပါကမူ ဝမ်ချောင်သည်လည်း လက်လွှတ်မခံနိုင်ပေ။

မူလအမရအရှင်သည် ချက်ချင်းလိုလို ခေါင်းကိုညိတ်သည်။

“အခု ငါ့ရဲ့တာဝန်ကပြီးမြောက်သွားပြီ ဒါပေမဲ့ မင်းရဲ့စစ်ဆေးမှုတွေက စတင်ခါစပဲ ရှိသေးတာ၊ ငါမင်းရဲ့အနာဂါတ်ကို မမြင်နိုင်ဘူး။ မင်းကိုဒီနေရာအထိ မြင်နိုင်တာကတင် ငါ့ရဲ့အကန့်အသတ်ဖြစ်နေပြီ။ ဒီအခိုက်အတန့််ထိ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကလည်း အဆုံးအစမဲ့တဲ့ ပြောင်းလဲမှုတွေ ဝရုန်းသုန်းကား အခြေအနေတွေနဲ့ လေးလံနေခဲ့တာ၊ ငါ မင်းရဲ့ဘဝထဲမှာ ဝေဝေဝါးဝါးပဲ အာရုံခံနိုင်ခဲ့တာ၊ အဲဒီအာရုံခံနိုင်ခဲ့တဲ့အရာက မင်း သေစေနိုင်တဲ့ကပ်ဘေး၃ခုနဲ့ ကြုံမယ်ဆိုတာပဲ”

“စီနီယာ…”

ဝမ်ချောင်၏နှလုံးသားက ခုန်လှုပ်သွားသည်။ ရုတ်တရက် ခေါင်းကို မော့သည်။ သူ၏မျက်လုံးထဲတွင် တည်ကြည်သော အကြည့်မျိုးကို မြင်နိုင်သည်။ မူလအမရအရှင်သည် ဂမ္ဘီရပညာတွက်ချက်မှု ဆရာသခင်တစ်ပါးဖြစ်ပြီး အနာဂါတ်ကို ခန့်မှန်းနိုင်သူဖြစ်သည်။ ဝမ်ချောင်ကမူ သူ ပြန်လည်မွေးဖွားလာခဲ့သောကြောင့် ရင်ဆိုင်ရမည့်အန္တရာယ်များကို သိနေခဲ့သည်။

ထို့ကြောင့် ထိုကဲ့သို့သော စွမ်းရည်မျိုးက နတ်များကသာ ပိုင်ဆိုင်သော စွမ်းရည်မျိုးဖြစ်သည်။ မူလအမရအရှင်သည်သာ သူက ကပ်ဘေး၃ခုကို ရင်ဆိုင်ရမည်အား ခန့်မှန်းနိုင်ခဲ့လျှင် ထိုကိစ္စက မှန်ကန်နိုင်လောက်သည်။ ဝမ်ချောင်သည် သတိမလွတ်ရဲပေ။

“ငါမင်းအတွက် ပထမဆုံးကပ်ဘေးကို ရင်ဆိုင်ပေးလို့ရတယ်။ ဒါပေမဲ့ ငါမရှိတော့တဲ့အခါ မင်းအနေနဲ့ မင်းကိုယ်မင်းပဲ မှီခိုရလိမ့်မယ်၊ အခုကစပြီး ငါပြောတဲ့စကားလုံးတိုင်းကို သေချာမှတ်သားထားတော့”

မူလအမရအရှင်၏ စကားလုံးများက ဖျော့တော့သည်။ သို့သော် နက်နဲ၏။ အချိန်နှင့် အာကာသပြင်ကိုပင် တိုက်ရိုက်ချိုးဖောက်ပြီး ဝမ်ချောင့်၏နားအတွင်းသို့ တိုက်ရိုက်ကျပုံပေါ်သည်။

“တတိယမြောက် လူနာလကြတ်တဲ့အချိန်မှာ မင်းရဲ့ဘဝတစ်ခုလုံးက ကြီးမားတဲ့စစ်ဆေးမှုကြီးတစ်ခု ရင်ဆိုင်ရပြီး မင်အတွက် အဖိုးအတန်ဆုံး အရာကို ဆုံးရှုံးရနိုင်ချေရှိတယ်၊ နောက်ပြီး မင်း အကြီးမားဆုံး ခွဲထုတ်ခံရတဲ့ ခံစားချက်ကိုလည်း ခံစားရလိမ့်မယ် မှတ်ထား… အချိန်ကျလာတဲ့အခါ အခြေအနေက ဘယ်လိုပဲဖြစ်နေဖြစ်နေ တောင့်ခံရမယ်။ အနီရောင်ဝတ်စုံဝတ်ထားတဲ့ လူကို စောင့်ကြည့်ထား”

ဝီ…

ဝမ်ချောင်၏စိတ်က တုန်လှုပ်သွားသည်။ သို့သော် မူလမရအရှင်သည် ဆက်ပြောနေသည်။

“နောက်ဆုံးအန္တရာယ်ကတော့ အလင်းအမှောင် ရောနှောသွားတဲ့အချိန်မှာ လာတယ်။ အဲဒီအချိန်မှာ လာတဲ့အခါ ငါမင်းကို ပေးလိုက်မဲ့ အခုဒီအိတ်ကို ဖွင့်ကြည့်လိုက်… ဒါကငါမင်းကိုကူညီပေးနိုင်တဲ့ နောက်ဆုံးအရာပဲ”

ဝမ်ချောင်၏အရှေ့တွင် အလင်းက တစ်ချက်လက်သွားပြီးနောက် နွေဦးနှင့် ဆောင်းဦးခေတ်ကာလက ပိုးအိတ်တစ်အိတ်က ပေါ်လာသည်။ အတွင်းတွင် အနက်ရောင်ရွှမ်းငှက် စည်းတံဆိပ်တစ်ခုက ပေါ်လာသည်။

“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ”

ဝမ်ချောင်သည် ခေါင်းကိုငုံ့လိုက်ပြီးနောက် ပိုးအိတ်ကို ယူသည်။ ပိုးသားအိတ်ကို ဂရုတစိုက်ယူသည်။ မူလအမရအရှင်သည် နှစ်ထောင်ကျော် ရှင်သန်နေထိုင်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ဒဏ္ဍာရီအသွင်နှင့် ပုဂ္ဂိုလ်ကြီးဖြစ်ပြီး ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကိုပင် မြင်နိုင်သူဖြစ်သည်။ သာမန်လူပေါင်းများစွာဆိုလျှင် တစ်ဘဝလုံး ကြိုးစားသည့်တိုင်အောင် ထိုကဲ့သို့သော အတိုင်းအတာသို့ မရောက်ရှိနိုင်ပေ။

သူအနေဖြင့် ကောင်းကင်ဘုံ၏ နတ်လျှို့ဝှက်ချက်များကို တွက်ချက်နိုင်ပြီး သိရှိနိုင်ခြင်းက အခြားသောသူများက တောင်းပန်ရုံနှင့်မရနိုင်သော ထူးခြားသည့် အခွင့်အရေးမျိုးဖြစ်သည်။ ဝမ်ချောင်သည်လည်း ထိုညွှန်ကြားချက်ကို ပေါ့သေးသေး သတိမထားရဲပေ။

“ဒါ့အပြင် မျက်နှာဖုံးတပ်ထားတဲ့ အနက်ရောင်ဝတ်စုံနှင့်လူကို သတိထားရမယ်။ သူတို့က မင်းရဲ့ အကြီးမားဆုံး အနှောင့်အယှက် ဖြစ်လာလိမ့်မယ်”

မူအမရအရှင် ကပြောသည်။

ဘမ်းးးး

ဝမ်ချောင်၏ကိုယ်တွင် အံ့အားသင့်မှုဖြင့် တုန်ယင်သွားသည်။ သူသည် ခေါင်းကို ဆတ်ခနဲမော့လိုက်သည်။ သူ၏မျက်နှာပေါ်တွင် ခြားနားသောအမူအရာမျိုးက ပေါ်နေ၏။

“စီနီယာက အဲဒီအနက်ရောင်ဝတ်စုံနဲလူတွေကို သိတာလား”

ဝမ်ချောင်၏စိတ်က လှုပ်ခတ်နေသည်။ ထိုအနက်ရောင်ဝတ်စုံနှင့် သူများသည် သူ့ကို အချိန်အတန်ကြာအောင် ဒုက္ခပေးနေခဲ့သူများဖြစ်ပြီး သူသည်လည်း သူတို့၏ဇစ်မြစ်ကိုမ သိရသလို ပန်းတိုင်ကိုလည်း မသိရပေ။ သို့သော် ထိုလူများကမူ သူ့အနောက်သို့လိုက်ရန် ဆုံးဖြတ်ချက် ချထားပုံပေါ်သည်။

မူလအမရနန်းတော်က မြေအောက်အတွင်းပိုင်းတွင် ပုန်းအောင်းနေသည့်တိုင်အောင် သူတို့က ခြေရာခံ ကောက်လာသေးသည်။ ပိုဆိုးသည်မှာ သူမြင်ထားသည့်အတိုင်းအတာအရ အနက်ရောင်ဝတ်စုံနှင့်လူများသည်လည်း မူလအမရမျိုးဆက်နှင့် ဆက်စပ်မှုရှိနေသည်။ တစ်ယောက်ယောက်ကသာ သူ၏မေးခွန်းများကို ဖြေပေးနိုင်လျှင် ထိုလူက လွန်ခဲ့တဲ့ နှစ်ထောင်ကျော်ကတည်းက တွက်ချက်မှုပညာတွင် ဆရာတစ်ဆူဖြစ်သော မူလအမရအရှင်သာ ဖြစ်လောက်သည်။

မူလအမရအရှင်သည် အမြဲတစေ တိုင်းတာရန်ခက်ခဲပြီး ကြည်လင်သောအရှိအဝါကို ပေးစွမ်းနိုင်ခဲ့သည်မှာ လောကရှိမည်သည့်အရာကမှ သူ့ကို မနှောင့်ယှက်နိုင်ပုံ ပေါ်သည်။ သို့သော် ဝမ်ချောင်က အနက်ရောင်ဝတ်စုံနှင့် လူများအကြောင်းပြောသောအခါ သူ၏မျက်လုံးထဲတွင် ဝမ်ချောင် ယခင်ကမမြင်ဖူးသော ရှုပ်ထွေးသည့် ခံစားချက်မျိုုးကို မြင်ရသည်။

‘သူတို့ဟာ တစ်ကယ်ကို ဆက်သွယ်မှုရှိနေတာပဲ’

ဝမ်ချောင်၏နှလုံးသားက ခုန်လှုပ်သွားသည်။ မူလအမရအရှင်သည် နောက်ဆုံးတွင် အနက်ရောင်ဝတ်စုံနှင့်လူများ၏ ထောင့်စွန်းနားမှ ရေခဲချွန်ကို ထုတ်ပြသည်။

“ငါနဲ့သူတို့က ဒီလောကမှာ ဘယ်တုန်းကမှ မတည်ရှိသင့်ဘူး”

မူလအမရအရှင်၏မျက်လုံးများက ဝမ်ချောင်၏ စိတ်ကိုပင် မြေငလျှင်လှုပ်ခါသွားစေပြီး မျက်လုံးကိုပြူးသွားစေသည်။

“စီနီယာ စီနီယာပြောတာ---”

မူလအမရအရှင်က ဝမ်ချောင်၏မေးခွန်းကို ခန့်မှန်းမိပုံရပြီး မင်သက်ဖွယ်ကောင်းသော အမှတ်တရားကို ထုတ်ပြသည်။

“မင်းခန့်မှန်းတာမှန်တယ်။ ငါနဲ့သူတို့က ဇစ်မြစ်တူတဲ့ နေရာကလာတာပဲ။ အစပိုင်းမှာကတည်းက ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ”

ဘမ်းးး

ဝမ်ချောင်သည် သူ၏ခန္ဓာကိုယ်အတွင်းမှ တုန်ခါမှုကို မထိန်းနိုင်တော့သလို မျက်နှာပေါ်မှ မယုံကြည်နိုင်မှုကိုလည်း မဖုံးကွယ်နိုင်ပေ။ လက်ခံနိုင်ချေ မရှိဆုံးသောအချက် အဝေဝါးဆုံးကိစ္စရပ်တစ်ခုက နောက်ဆုံးတွင် အတည်ပြုခံလိုက်ရသည်။ ဝမ်ချောင်သည်လည်း သိုင်းပညာလောကမှ ခမ်းနားထည်ဝါလွန်းသော ဒဏ္ဍာရီပုံပြင် လူအိုကြီးတစ်ယောက်က သူ၏နောက်သို့ တောက်လျှောက် လိုက်ဖမ်းနေခဲ့သော အနက်ရောင်ဝတ်စုံနှင့် လူများ၏ အပေါင်းအဖော် တစ်ယောက်ဖြစ်ခဲ့မည်ဟု ကြောက်လန့်တကြား တွေးတော့ကြည့်လိုက်သည်။

‘ဘယ်လိုဖြစ်နိုင်မှာလဲ’

ဝမ်ချောင်သည်ပင် ခံစားချက်များကိုပင် ထိန်းချုပ်နိုင်ရန် ကြိုးစား ရုန်းကန်နေရသည်။

‘ဒါက အံ့အားသင့်စရာကောင်းလွန်းတယ်’

မူလအမရမျိုးဆက်သည် အနက်ရောင်ဝတ်စုံနှင့်လူများက အချင်းချင်း ရန်လိုလွန်းနေသောကြောင့်သာ မဟုတ်လျှင်၊ အနက်ရောင်ဝတ်စုံနှင့် လူများက မူလအမရမျိုးဆက်မှ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သောကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်သည်လည်း ဒီအတိုင်းထားပြီး ထွက်သွားလောက်လေသည်။

“တကယ်ပဲ သူတို့ ကဘယ်သူလဲ။ နောက်ပြီး ဘာလို့အဲဒီမျက်နှာဖုံးနှင့် လူတွေက ငါ့ကို အမဲလိုက်သလို လိုက်ဖမ်းနေရတာလဲ။ သူတို့က ဘာလိုချင်တာလဲ။ စီနီယာပြောတော့ သူတို့နဲဇစ်မြစ်တူတယ်ဆိုလျှင် တကယ်ပဲ သူတို့ကဘာလို့… ဒီနေရာကို ရောက်နေတာလဲ။ မူလအမရသိုင်းကြောင့်လည်း မဟုတ်နိုင်ဘူး ဟုတ်တယ်မလား”

ဝမ်ချောင်က မေးခွန်းထုတ်သည်။ သူသည်လည်း အံအားသင့်မှုအား အတော်လေး ထိန်းချုပ်နေရ၏။

ဝမ်ချောင့်တွင် မေးစရာအများကြီးရှိနေသည်။ သူသည်လည်း မူလအမရအရှင်ထံမှ အဖြေများအကုန်ရနိုင်ရန် မျှော်လင့်သည်။

“ငါမင်းကိုအရာအားလုံး ပြောပြသင့်တယ်။ ဒါပေမဲ့ မင်းက အားနည်းလွန်တယ်၊ အများကြီးသိတာက မင်းအတွက် အကျိုးအမြတ်အမျာကြီးမရှိဘဲ ထိခိုက်စေမှာ၊ နောက်ပြီး အနာဂါတ်မှာ မရေအတွက်နိုင်တဲ့ အပြောင်းအလဲတွေ အများကြီးကိုလည်း အများကြီးဖြစ်နိုင်သေးတယ်၊ ဒါကြောင့် သမိုင်းကို မှတ်တမ်းတင် ခေတ်ကတည်းက သူတို့က တည်ရှိနေခဲ့တယ်လို့ပဲ ပြောပြနိုင်မယ်၊ မင်းဆက်တစ်ဆက် တည်ထောင်ချိန်တိုင်းလိုလို သူတို့ရဲ့ဓလေ့ကို ချန်ထားခဲ့တာ၊ မင်းက အနာဂါတ်မှာ ကိုင်တွယ်ရနိုင်တာက ကျရောက်လာမဲ့ကပ်ဘေးတင် မဟုတ်လောက်ပဲ အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ ရန်သူတွေလည်း ပါနိုင်တယ်။ ငါ မင်းကို ပေးထားတဲ့ အဲဒီမျိုးစေ့ကို ကာကွယ်။ အနာဂါတ်မှာ မင်းမျှော်လင့်ထားတက်ထက်ကို အသုံးဝင်လာလိမ့်မယ်”

ဝမ်ချောင်သည် မူလအမရအရှင်၏ အပေါ်ယံဆန််သော ပြောစကားကြောင့် အတော်လေးကို မကျေမနပ် ဖြစ်သွားသည်။

သူက နောက်ဆုံးမှာ သူရဲ့မေးခွန်းတွေကို ဖြေပေးနိုင်မဲ့သူကို ရှာတွေ့တာ ဒါကို ဘာကိုလွှတ်ထားရမှာလဲ

တစ်ခဏခန့်ကြာပြီးနောက် ဝမ်ချောင်က သူ၏ဝမ်းဗိုက်အတွင်းမှ အနက်ရောင်ရုတ်ထုတစ်ခုကို ထုတ်လိုက်သည်။

“စီနီယာက မပြောချင်ဘူးဆိုရင် ဒီဂျူနီယာက တွန်းအားမပေးတော့ဘူး။ ဒါပေမဲ့ ဒီဂျူနီယာက မေးခွန်းတစ်ခုရှီသေးတယ်။ မူလအမရ ဝင်္ကမ္ဘာပေါ်က သားရဲတံဆိပ်က ဘာကိုဆိုလိုတာလဲ။ ဒီကပ်ဘေးနဲ့ ဘယ်လိုဆက်စပ်မှုရှိနေတာလဲ”

မူလအမရ အရှင်ကလည်း ရုပ်ထုထွက်လာကြောင်း မြင်သောအခါ အံ့အားသင့်မှုကို ပြသသည်။ သို့သော် ဝမ်ချောင်၏ မေးခွန်းက ကပ်ဘေးနှင့်ဆက်စပ်ကြောင်း ကြားသည်နှင့် သူ၏ခန္ဓာကိုယ်က အံ့ဩတကြီး လှုပ်ခါသွားသည်။ ဝမ်ချောင်သည်လည်း မူလအမရအရှင်၏ မျက်လုံးထဲမှ အံအားသင့်မှုကို လှမ်းမြင်လိုက်သည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် အသက်မရှူနိုင်လောက်အောင် မင်သက်သွားသည်။

အနက်ရောင်သားရဲသင်္ကေတသည် ထိုကပ်ဘေး ယစ်ပုလ္လင်ဆိုသည့် လောက၏သေဆုံးမှုကို ဦးဆောင်ပေးနိုင်သော အဓိက အစိတ်အပိုင်းများထဲက တစ်ခုကို ကိုယ်စားပြုသည့် သော့ချက် ၇ခုထဲမှ တစ်ခုဖြစ်သည်။ မူလအမရအရှင်သည် အခြားသော မေးခွန်းမျာကို တိတ်ဆိတ်နေနိုင်လျှင် ဝမ်ချောင်ကမူ ဒီတစ်ခုကို အဖြေကိုလိုချင်သည်။

ဘမ်း

မူလအမရအရှင်းက ပါးစပ်ကို ဖွင့်ပြီး ကပ်ဘေးသင်္ကေတအကြောင်းကို ပြောပြတော့မည့်အချိန်တွင် ‘ဝှီ’

မြေကမ္ဘာကြီးက လှုပ်ခါလာပြီးနောက်တွင် သိပ်သည်းသော စိတ်စွမ်းအင် အားလှိုင်းကြီးတစ်ခုက နန်းတော်အတွင်းသို့ ဝင်ရောက်လာသည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း ပြင်းထန်သိပ်သည်းသော စိတ်စွမ်းအင်က ထိတွေ့ကိုင်တွယ်၍ရသော အဆင့်တွင်ရှိနေသည်။ ပြင်းထန်သိပ်သည်းသောစိတ်စွမ်းအင်များကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သို့သော် ထိုစိတ်စွမ်းအင်ကမူ သူနှင့် အဆင့်တူသည်။ အချို့သောဘက်လောက်မှကြည့်သော် ပို၍ပင်ကြမ်းတမ်းပြီး အင်အားကြီးမားကာ သက်တမ်းရင့်သည်။

“ဟားဟားဟား မူလအမရအရှင် မင်း တကယ်ကို အသက်ရှင်နေသေးတာပဲ”

ရုတ်ရင်းကြမ်းတမ်းမှုများ တွန်းအားများပြည့်နှက်နေသော ရက်စက်ကာ မင်းမူလွန်းသောအသံက နန်းတော်အတွင်းမှာ ဟိန်းထွက်သွားသည်။

ဂျိန်း

ဝမ်ချောင်က အံ့ဩတကြီး စိုက်ကြည့်နေချိန်တွင် နန်းတော်ကြီးတစ်ခုလုံက လှုပ်ခါလာသည်။ ကြားခံနယ်မြေများကပင် လှုပ်ခါသွားကုန်၏

ဝမ်ချောင်က မူလအမရရှင်ကို ကြည့်လိုက်သောအခါ မူလအမရအရှင်၏မျက်နှာက ဖျော့တော့နေကြောင်း မြင်ရသည်။

“လာရမဲ့အချိန်က လာတာပဲ”

မူလအမရရှင်၏မျက်လုံးကတင်းမာသွားသည်။

---

“ဘာတွေဖြစ်နေတာလဲ”

“ဘာဖြစ်တာလဲ မြေငလျင်လှုပ်တာလား”

“အားလုံးပဲ သတိထား”

“အား”

အပြင်ဘက်တွင် သိပ်သည်းလွန်းသော စွမ်းအင်များ၏ ပေါ်ပေါက်မှုက အဓိကနယ်မြေဂူတစ်ခုလုံးကို လှုပ်ခါသွားစေသည်။ အမျိုးမျိုးသော သိုင်းပညာရှင်များကလည်း ပတ်ဝန်းကျင်ကို အံ့ဩသင့်နေသော မျက်နှာများဖြင့် မသက်မသာဖြစ်စွာ ကြည့်လိုက်ကြသည်။ ထိုနေရာသည် အလွန်ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်မျိုးနှင့် ဖြစ်သည်။ မြေကမ္ဘာကြီး၏ ကြီးမားသော ပြောင်းလဲမှုကြီးက သူတို့အားလုံးကို ထိုနေရာတွင် မြှုပ်ပစ်နိုင်စွမ်း ရှိသည်။

သိုင်းပညာရှင်အများစုက မြေကမ္ဘာကငလျှင်လှုပ်သည်ဟု တွေးတောနေကြချိန်တွင် တုအရှင်ရှန့်ကွမ်းထင်က မျက်မှောင် ကြုတ်သည်။ သူသည် လူများအုံနေသော မူလအမရနန်းတော်ကို လှမ်းကြည့်သည်။

“ ယွမ်ယွီ တစ်ခုခု မှားနေပြီ”

အချို့သောအကြောင်းပြချက်များကြောင့် ဝမ်ချောင်က မူလအမရနန်းတော်ထဲ ဝင်ရောက်သွာပြီးသောအခါ လုံးဝပျောက်သွားသည်။ အိမ်တံခါး ပွင့်သွားသော မြင်ကွင်းကို မည်သူကမှ မမြင်ခဲ့ရပေ။ ဝမ်ချောင်က တစ်စုံတစ်ရာကို ကြုံတွေ့ခြင်းဖြစ်စေ တစ်စုံတစ်ရာဖြစ်ပျက်သွားသည်ဖြစ်စေ မသိနိုင်တော့ပေ။ သို့သော် ဝမ်ချောင်က အတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် မြေငလျှင်က လှုပ်လာခဲ့သည်မှာလည်း မှန်ကန်သည်။

******

အပိုင်း(၁၅၄၇)

“မင်းလည်း အာရုံခံမိတာလား”

ဝရုန်းသုန်းကား အခြေအနေများကြားမှ စုန့်ယွမ်ယွီ၏အသံက ရှန့်ကွမ်းထင်၏စိတ်အတွင်း ပဲ့တင်ထပ်လာသည်။

“မျက်နှာဖုံးနဲ့လူ၃ယောက်ထဲက ခေါင်းဆောင်ပြောတဲ့စကားတွေကို မှတ်မိသေးလား”

ဝီ

ရှန့်ကွမ်းထင်က စုန့်ယွမ်ယွီ၏စကားလုံးများကြောင့် မျက်နှာဖြူဖျော့သွားသည်။

တိုက်ပွဲကြီးတစ်ခုလုံးတွင် ဝမ်ချောင်သည် မိုးကြိုးစွမ်းအား၏ ပြိုင်ဘက်ကင်းသောစွမ်းအားများကို အသုံးပြုကာ အနက်ရောင်ဝတ်စုံနှင့်လူများထဲမှ အင်အားအကြီးဆုံး လူ၃ယောက်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် သိုင်းပညာရှင်အနည်းစုကသာ ကျားအမရ သေခါနီးပြောသွားသော စကားလုံးများကို မှတ်မိနေကြသည်။

“ယွမ်ယွီ ဘာကိုဆိုလိုတာလဲ”

ရှန့်ကွမ်းထင်က စုန့်ယွမ်ယွီကို ကြည့်သည်။ စုန့်ယွမ်ယွီ၏အမူအရာက တင်းမာနေသည်။

“ငါ မှားဖို့မျှော်လင့်တယ် အခုပဲ ငါ့ရဲ့အမြင်ကို ထုတ်လိုက် အားလုံးကို အသင့်ပြင်ဖို့ပြောလိုက်ပါ”

စုန့်ယွမ်ယွီက မပြောဘဲထားသည့် စကားတစ်ခွန်းရှိသေးသည်။ ထိုအခြေအနေကသာ သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာပါက အခုရောက်လာမည့်လူသစ်သည် ကျားအမရထက်ပင် အင်အားကြီးမားပြီး ကြောက်စရာကောင်းလွန်းသူ ဖြစ်နိုင်သည်။ ထိုသို့ဖြစ်နေပါက သူတို့သည် ထွက်ပြေးရန်အခွင့်အရေးပင် ရှိလိမ့်မည်မဟုတ်ပေ။

“တစ်ခုခုတော့ ဖြစ်နေပြီ”

အရိုးနတ်ဆိုးဘိုးဘေးကလည်း တစ်ချိန်တည်းလိုလို ရုတ်တရက်ဆိုသလို ထပြောသည်။ သူ၏မျက်ခုံးက ပင့်တက်သွားပြီးနောက်တွင် အလွန်အမင်း စိုးရိမ်ကာ မသက်မသာဖြစ်သွားသည်။

“ငါ့မှာ မကောင်းတဲ့ခံစားချက် ရနေပြီ။ ငါတို့ဒုက္ခရောက်တော့မယ်”

“ဘိုးဘေး အဲဒီကောင်စုတ်လေးက အထဲကနေ ပြဿနာရှာနေတာလား”

စုန်လုယွမ်ကို တစ်ချိန်က ပိုးပန်းခဲ့ဖူးသူ ဝေ့ချန်းထင်က အရိုးနတ်ဆိုးဘိုးဘေး အနောက်ဘက်မှ ရုတ်တရက် စပြီးမေးသည်။

“မဟုတ်ဘူး သူမဟုတ်လောက်ဘူး”

ဒဏ္ဍာရီလာတစ္ဆေဘိုးဘေးက ပြောသည်။ သူသည်လည်း မျက်မှောင် ကြုတ်နေသည်။

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးနှင့် အထီးကျန်တိတ်ဆိတ်ဘိုးဘေးတို့ကလည်း တစ်ချိန်တည်းလိုလို စိုးရိမ်ပူပန်မှု အပြည့်ဖြင့် တစ်ချိန်တည်း မျက်ခုံးပင့်ကြသည်။

“တစ်ခုခုကတော့ မမှန်တော့ဘူး။ ဒီလှုပ်ခါတာက ပုံမှန်မဟုတ်ဘူး။ ချောင်အာ အဆင်ပြေရဲ့လား”

ဝူရှန်းရွာသူကြီးသည်လည်း မြူထဲမှ တောက်ပလွန်းသော မူလအမရနန်းတော်ကို စိုးရိမ်တကြီး ကြည့်သည်။

“စောင့်ကြည့်ရအောင်။ ချောင်အာကသာ ထွက်မလာသေးဘူးဆိုရင် ငါ့တို့ပဲ အတတ်နိုင်ဆိုး ဖောက်ဝင်ရမှာပဲ”

လူအိုကြီးမာန်က တင်းမာစွာပြောသည်။ ထိုအချိန်တွင် မူလအမရနန်းတော်အတွင်းရှိ လေထုက တင်းကြပ်နေသည်။ အပြောင်းအလဲက ရုတ်ချဉ်းဆန်စွာ ဖြစ်ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော အသံထဲတွင် ပါဝင်သော မူလအမရရှင်ကို ရည်ရွှယ်သည့်စကားလုံးများ၏ အဓိပ္ပာယ်က ဝမ်ချောင်ကို မင်သက်သွားစေသည်။

“စီနီယာ အဲဒီသူက ဘယ်သူလဲ ဘာဖြစ်နေတာလဲ”

ဝမ်ချောင်က တင်းမာစွာ မေးသည်။ သူသည်ပင် မကောင်းသော ခံစားချက်ရလေသည်။

“အဲဒီအခိုက်အတန့်က နောက်ဆုံးတော့ ပြန်ရောက်လာတာပဲ”

တစ်စက္ကန့်က ခေတ်ပေါင်း မရေမတွက်နိုင်အောင် ကုန်လွန်ခဲ့သလိုမျိုး ကြာညောင်းပြီးနောက်တွင် မူလအမရရှင်က နောက်ဆုံးအနေဖြင့် ပြောသည်။

“ငါမင်းကို ဘာပြောခဲ့သေးလဲ မှတ်မိသေးတယ်မလား။ မင်းရဲ့ဘဝမှာ ကပ်ဘေးသုံးခု ကြုံတွေ့ရမယ်ဆိုတာလေ။ ပထမတစ်ခုက အခုလာပြီ’’

ဝမ်ချောင်၏ မျက်လုံးက ဆက်ခနဲပြူးသွားသည်။ မူလအမရရှင်၏ ပြောကြားပေးခဲ့သော စကားလုံးများကိုလည်း သူဟာ မှတ်မိနေသေးသည်။ သို့သော်

ဒါပေမဲ့ ဒါက ဒါက အရမ်းမြန်လွန်တယ်။ နောက်ပြီး ရုတ်တရက်ကြီး…

“အချိန်က အကန့်အသတ်နဲ့ဖြစ်နေပြီ။ အခုကပဲ စတင်လိုက်ရအောင်။ ငါပြောမဲ့စကားလုံးတိုင်းကို မှတ်ထား။ အဲဒီရုပ်ထုက ငါ့ရဲ့အဆောင်ပဲ နောက်ပြီး ဒီလောကအတွက် အရမ်းကို အရေးကြီးတဲ့ ပစ္စည်းတစ်ခုဖြစ်တယ်။ မင်း အခုကပြောတဲ့ အနက်ရောင်ဝတ်စုံနဲ့သူတွေကလည်း အဲဒီအရုပ်အတွက် လာကြတာ”

“ငါဒီဂူတွေကို ဆောက်ပြီး ဒီဟာကို အထူးတလည်အဖြစ် မြုပ်ထားတာက မင်းကို စောင့်ချင်လို့ပဲ။ နောက်ပြီး သူတို့ကိုလည်း အဲဒီအရုပ်ကို မရအောင်တားဖို့၊ ဒီအရုပ်ကို ကာကွယ်ဖို့လည်းပါတယ်။ နှစ်၁၀၀၀ ကျော်ကျော် ကုန်လွန်သွားပြီ ငါနောက်ထပ် ကြိုးစားပြီး ပုန်းနေသေးတယ်။ ဒါပေမဲ့ သူတို့က ငါ့ကို လာရှာနိုင်တုန်းပဲ”

ဝမ်ချောင်က ရုတ်တရက် ထရပ်ပြီးတင်းမာစွာပြောသည်။

“ဒါက ဘာလဲစီနီယာရဲ့စွမ်းရည်မျိုးနဲ့ဆိုရင် ဒါကို ဘာလို့ မဖျက်ဆီးပစ်တာလဲ”

“အဲဒီလောက် မရိုးရှင်းဘူး။ ဒီအဆောင်က အထူးခြားဆုံးပစ္စည်းတွေသုံးပြီး ဖန်တီးထားတာ။ ဒီလောကက ဘာနဲ့မှ ဖျက်ဆီးလို့ မရဘူး။ ငါကတောင် မရဘူး။ နောက်ပြီး ငါ အခြားသူတွေကိုလည်း ဒီအတိုင်း မပေးလိုက်နိုင်ဘူး။ မင်း အပါအဝင်ပဲ။ မှတ်ထား မင်းဒီနေရာက ထွက်သွားပြီးတာနဲ့ ငါမင်းကို ပေးလိုက်တဲ့ အဲဒီမျိုးစေ့ကို မင်း ကြီးထွားလာအောင် လုပ်တဲ့အခါ အဲဒီလိုမျိုး အဆောင်၇ခုကိုလည်း နည်းလမ်းရအောင်ရှာပြီး စုဆောင်းရလိမ့်မယ်။ ဒါတွေက အဲဒီရောက်လာမည့် ကပ်ဘေးအတွက် အရမ်းကို အရေးကြီးတဲ့ အရာတွေပဲ”

တင်းကြပ်နေသော လေထုထဲမှ မူလအမရရှင်၏ စကားလုံးများက ဝမ်ချောင်ကို ပို၍ပင် မသက်မသာဖြစ်လာသည်။ အမရရှင်သည် ဝမ်ချောင်သိသားသိ အင်အားအကြီးဆုံးပုဂ္ဂိုလ် ဖြစ်သည်။ သို့သော် သူ၏လေသံက သူကိုယ်တိုင်ကပင် ဒီရန်သူအသစ်ကို မသက်နိုင်မည်ကို သေချာနေပုံရသည်။ ဝမ်ချောင်၏ မျက်နှာက တင်းမာသွားသည်။

မူလအမရရှင်သည်လည်း ဝမ်ချောင်ကို အများကြီး ပြောချင်သေးသည်။ သို့သော် သူ၏ မျက်နှာက ချက်ချင်းလိုလို တင်းမာသွားပြီးနောက် မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးက အမိုးခုံး၏ ခေါင်မိုးကို ထိုးဖောက်နိုင်ပုံရသည်။

“အချိန်မရှိတော့ဘူး”

“သူလာပြီ”

သူ၏မျက်လုံးများသည် မြေကမ္ဘာနှင့် အာကာသပြင်ကို ထိုးဖောက်ပြီးနောက် အပေါ်ယံသို့ လှမ်းကြည့်သည်။

ဂျိန်း

တစ်ချိန်တည်းတွင်ပင် ကျောက်အရိုင်းသွေးကြောများ၏ အပေါ်ဆုံအထပ်က ကျောက်သွားအလွှာမှ ဖုန်များကို ကျော်ဖြတ်ကာ ကြည့်လိုက်သည်။ မီတာ ၁၀၀၀၀ အထက်သို့ ကြည့်လိုက်မည်ဆိုလျှင်---

ကြမ်းတမ်းသော လေပြင်းတစ်ခုက ထိုမြေကြီးတစ်ခုလုံးကို ဖြတ်တိုက်ပြီးနောက် ကောင်းကင်ဘုံကိုပင် ခုက်ထွင်နိုင်သောစွမ်းအားကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်က မူလအမရ ရတနာသိုက်၏ ဝင်ပေါက်တွင် ပေါ်လာသည်။ ထိုအမျိုးသားသည် ရွှေရောင်အလင်းတန်း လွှမ်းခြုံထားသည်။ သူ၏ ၃ ပေအကွာတွင် ရွှေရောင်အလင်းများ လင်းထိန်နေသည်။ အေးစက်သော မျက်ဝန်းတစ်စုံကလွှဲ၍ ဘာမှ မမြင်နိုင်ပေ။

ဟုစ်

လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်က ငှက်မျာကပင် ပျံသန်းနိုင်၍ မရှိလောက်သော အကန့်အသတ်မဲ့သည့် အမှောင်ထုကို ကြည့်ပြီး နှာခေါင်းရှုံသည်။

ဘုန်း

ထိုသူသည် ပေါ်ကွဲပြင်းစွမ်းအားနှင့် အရှေ့ဘက်သို့ ခုန်တက်ပြီးနောက် အပေါ်ယံမှ နေရင်း ပျောက်ကွယ်သွားသည်။ မြေအောက်အတွင်းပိုင်းတွင် ရှိနေသော နဂါးသားရဲများသည် အဓိကနယ်မြေသို့ ဝင်ရောက်ခွင့် မရှိသော ကင်းလှည့်နေသည့် နဂါးသားရဲများက ရုတ်တရက် တုန်လှုပ်သွားသည်။ သူတို့သည် တွင်းပေါက်ဘက်သို့ ကြည့်ကာ စတင်၍ အော်ဟစ် ဟိန်းဟောက်သည်။

တစ်ခဏခန့်ကြာပြီးနောက် ရွှေရောင်အလင်းက ဖြတ်ခနဲလက်ပြီး ထိုမြေအောက်ဂူများထဲတွင် ရွှေရောင်ပုံရိပ်တစ်ခုက ပေါ်လာသည်။

ထိုပုံရိပ်ပေါ်လာသည့် မြင်ကွင်းက သံမဏိခန္ဓာကိုယ်နှင့် စွမ်းအားများကို တွန်းလှန်နိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည့် သားရဲများကို ကြောက်ရွံ့တုန်လှုပ်စေပြီး သူတို့၏ မျက်ဝန်းများတွင် ခြောက်ခြားမှုများပေါ်လာသည်။

အင်အားကြီးမားသော နဂါးသားရဲတစ်ကောင်က ဦးညွှတ်ပြီး မြေပြင်တွင် ကိုယ်ကိုကပ်လိုက်ကာ တစ်ကိုယ်လုံးက တုန်ယင်နေလေသည်။ နဂါးများရဲများသည် လူသားများလောက် ဦးနှောက်မရှိပေ။ သို့သော် သူတို့သည်လည်း လေးစာဖွယ်ကောင်းသော သားရဲသိစိတ်ကို ပိုင်ဆိုင်ထားသည်။ ကြောက်လန့်မဲ့စွာ ရက်စက်သည့် နဂါးသားရဲများသည် ယခုအခါ သူတို့၏ ဝိဉာဉ်အတွင်းဘက်မှလာသည့် ခြောက်ခြားမှုကို ခံစားနေရသည်။

အာဝူး

သို့သော် ရုတ်တရက် နဂါးသားလေးကောင်ထဲမှ တစ်ကောင်က ကြောက်လန့်စိတ်ကြောင့် လှုပ်ခါသွားပြီးနောက်တွင် ကျောက်တံခါးထံ ခုန်ဝင်သည်။

“ဆိုးယုတ်တဲ့သားရဲကောင်”

ထိုအမျိုးသား၏ အေးစက်သော မျက်လုံးက ထိုသားရဲပေါ် ရောက်လာပြီးနောက် ကျိန်ဆဲလိုက်သည်။ တစ်ခဏခန့်ကြာပြီးနောက် သားရဲသည်လည်း ပြင်းထန်သော ထိုးနှက်ချက်ကို ခံစားလိုက်ရပုံပေါ်သည်? သူသည်ပင် ပေ၁၀ ကျော်အကွာသို့ လွင့်ထွက်သွာပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ ထို့နောက် နဂါးက သေသွားသည်။

ကျိန်ဆဲသံတစ်ခုကပင် နဂါးသားရဲ၏ အသက်ကို အဆုံးသတ်ပေးနိုင်သည်။

နောက်ထပ်အလင်းက တစ်ချက်လက်သည်။ အမျိုးသားသည် အခြားသော နဂါးသားရဲ သုံးကောင်၏ နံဘေးတွင်ပေါ်လာသည်။

ထိုအမျိုးသားက လက်ညှိုးတစ်ချောင်းညွှန်လိုက်ပြီး နဂါးသားရဲများအပေါ်သို့ အသာအယာ ပုတ်လိုက်ရုံဖြင့် ထိုအကောင်များသည် ခွေးလေးများအသွင် လိမ္မာသွားသည်။ ထိုအမျိုးသား၏ နောက်မှ လိုက်ကာ ဂူထဲသို့ ခေါ်ဆောင်လာခဲ့သည်။

ဘုန်း

ထိုအမျိုးသားက အရှေ့သို့ ခြေဖနော့င်တစ်ချက်ပေါက်သောအခါ ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ထို့နောက် သူဟာ ပျောက်သွားလေသည်။ ထိုအမျိုးသား၏ အနောက်ဘက်မှ နဂါးသားရဲသုံးကောင်က လည်း အော်ဟစ်ပြီး နောက်မှ လိုက်ကြသည်။

ဝှီး

စက္ကန့်အနည်းငယ်ခန့်သာ ကုန်လွန်သွားသေးသည်။ ကြီးမားကာ ကြောက်စရာကောင်းလွန်းသော စွမ်းအားက မူလအမရ ရတနာသိုက်အတွင်းသို့ ဖိချလာပြီး တောင်တန်းတစ်လုံးအလား လေးလံလာလေသည်။

ဘမ်း

မည်သူကမှ မတုန့်ပြန်နိုင်သေးခင်တွင် မည်းမှောင်သော လျှော်လမ်းထဲမှ ရွှေရောင်ပိုးသား ဘွတ်ဖိနပ်တစ်ဖက်က ထွက်လာသည်။ မြေထုကိုပင် စတင်ကာ လှုပ်ခါစေသည်။

ကြမ်းတမ်းသော လေပြင်းက ထိုအဓိက နယ်မြေကြီးတစ်ခုလုံးကို ကြမ်းတမ်းစွာတိုက်ခက်နေသည်။ ကျောက်တံတားပေါ်တွင် ထွန်းထားသော မီးအိမ်မားကလည်း မှိတ်တုတ် မှိတ်တုတ်လင်းလက် လာလေပြီး ယမ်းခါနေလေသည်။

စုန့်ယွမ်ယွီ၊ ရှန့်ကွမ်းထင်၊ ယင်နက်ဘိုးဘေး အရိုးမိစ္ဆာဘိုးဘေးနှင့် အခြားသောသိုင်းပညာရှင်များအာလုံးက ကြောက်စရာကောင်းသော ဖိအားကို ခံစားနေရသည်။ ထိုဘွတ်ဖိနပ်က လေထုကို နင်းတက်လိုက်ခြင်းမဟုတ်ဘဲ သူတို့၏ ပုခုံးကို တိုက်ရိုက်နင်းလိုက်သလို ခံစားနေရသည်။

“ဘာတွေဖြစ်နေတာလဲ”

“ဘာလို့ ငါလှုပ်လို့ မရတော့တာလဲ”

ငယ်ရွယ်သော သိုင်းပညာရှင်တစ်ယောက်က ထစ်ထစ်အအ ပြောသည်။ သူ၏ မျက်နှာတင်လည်း နှာဖူးမှ ချွေးများစီးကျနေသည်။ သူဟာ ရုတ်တရက် သူ၏ အနက်ရှိုင်းဆုံးမှလာသော ခြောက်ချားမှုကို ခံစားရသည်။ ကြွက်တစ်ကောင်းက ကြောင်ကို တွေ့သလို့ ဖားတစ်ကောင်က မြွေကိုတွေ့ရသလိုမျိုး ခံစားချက်မျိုးဖြစ်သည်။ ထိုလူငယ်သည် သိုင်းပညာရှင်လောကမှ သေရေးရှင်ရေး အခြေအနေပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးနောက် တောက်ပလာသော ကြယ်စင်တစ်ပွင့် ဖြစ်သည်။

သို့သော် သူသည် ယခင်က ထိုမျှအတိုင်းအတာ အထိ မကြောက်ရွံ့ခဲ့ဖူးချေ။ ရန်သူက မည်မျှပင် အင်အားကြီးမားနေစေကာမူ သိုင်းပညာရှင်ဆိုသော နယ်ပြေအတွင်းတွင် ကန့်သတ်ချက်များကို သူကျော်ဖြတ်နိုင်သေးသည်။ သို့သော် မည်သည့် တိုက်ခိုက်မှုမှ မရှိသေးလေဘဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝိဉာည်ကို အကျည်းချခံရသလို ခံစားချက်မျိုးကို ရနေသည်။ ထိုလှုံ့ဆော်သည့်ခံစားချက်မျိုးက သေသည်ထက်ပင် ကြောက်စရာကောင်းလေသည်။

“သတိထား”

ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်အရှင်စုန့်ယွမ်ယွီသည်လည်း ခြောက်ခြားဖွယ် ကောင်းလွန်းသော ဖိအားကြောင့် မျက်နှာ ဖြူဖျော့သွားသည်။

ဝီ

သူ၏ခန္ဓာကိုယ်အတွင်းမှ မာကျောကာ ထိတွေ့ကိုင်တွယ်၍ ရလုနီးပါးဖြစ်နေသော ကြယ်တာရာစွမ်းအင်များက စီးထွက်လာလေသည်။ ဖြောက်မတ်မှန်ကန်ခြင်းမဟာမိတ် တပည့်ဂိုဏ်းသားတိုင်းကို လျှင်မြန်စွာ တောင့်လိုက်ကာ ဖိအားကို တောင့်ခံဖယ်ရှားလေသည်။

ရှမ့်ကွမ်းထင်၊ယင်နက်ဘိုးဘေး၊ ဒဏ္ဍာရီလာတစ္ဆေဘိုးဘေး၊ အရိုးနတ်ဆိုးဘိုးဘေး၊ အထီးကျန်တိတ်ဆိတ်ဘိုးဘေးနှင့် လူအိုကြီး မာန်၊ ဝူရှန်းရွာသူကြီးတို့ကပင် သူတို့၏ ကြယ်တာရာစွမ်းအင်ကို ထုတ်ကာ ကာကွယ်လိုက်ကြသည်။ အရိုးနတ်ဆိုးဘိုးဘေးက ဟိန်းဟောက်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်က အနက်ရောင်စွမ်အင်များက ဖော်ထွက်လာပြီး သူ့ကို ကြမ်းတမ်းကာ ကြောက်စရာကောင်းသည့် အရိုးနတ်ဆိုးအသွင် ပြောင်းလဲပစ်လိုက်သည်။

အရိုးစု၏ ကြီးမားသော မျက်ဝန်းတစ်စုံက တစ္ဆေမီးတောက်များဖြင့် တောက်လောင်နေရင်း လျှောက်လမ်းထဲမှ ထွက်လာသည့် ရွှေရောင်ပိုးသား ဘွတ်ဖိနပ်ကို ကြည့်နေသည်။

******

အပိုင်း(၁၅၄၈)

“ဘာတွေဖြစ်နေတာလဲ။ အဲဒီလူကဘယ်သူလဲ”

အရိုးနတ်ဆိုးဘိုးဘေးသည်လည်း စိတ်ထဲတွင်အော်ဟစ်ပြီး အလိုလျောက်ပင် အနောက်ဘက်သို့ ခြေနှစ်လမ်း ဆုတ်လိုက်သည်။ မိစ္ဆာလမ်းကြောင်းလျှောက်သည့် ခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အပြင် ကျော်ကြားသော သူတစ်ယောက်အနေနှင့် အရိုးနတ်ဆိုးဘိုးဘေးသည် အင်အားကြီးမားသော လူတော်ပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးသည်။ သို့သော်မည်သူကမှ သူ့အား ထိုအတိုင်းအတာအထိရောက်အောင် တွန်းအားမပေးနိုင်ပေ။ သူသည်ရန်သူကို အပြည့်အဝမြင်ရသည်။ သို့သော် အရိုးနတ်ဆိုးဘိုးဘေးကဲ့သို့သူမျိုးကိုပင် သူ၏အင်အားကြီးမားလွန်းသော မိစ္ဆာအသွင်သို့ပြောင်းလဲရန် ဖိအားပေးနိုင်သည်။

အရိုးနတ်ဆိုးဘိုးဘေးသည်သာ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရခြင်း မဟုတ်ဘူးဆိုလျှင် တစ်စုံတစ်ယောက်က ထိုမျှအတိုင်းအတာထိ ဖိအားပေးနိုင်မည်ဟု မထင်ထားမိပေ။ အရိုးနတ်ဆိုးဘိုးဘေးက ပို၍ပင်ခြောက်ခြားဖွယ်စရာ ကောင်းသည်မှာ သူသည် အင်အားကြီးမားသောပုံစံမျိုးနှင့် ဖြစ်သည်။

ထို့အပြင် ဘိုးဘေး၅ယောက်မဟာမိတ်ဘက်မှ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်ပေါင်းများစွာကလည်း အနားတွင်ရှိနေသေး၏။ ထို့အပြင် သူနှင့်သက်တူရွယ်တူ ယင်နက်ဘိုးဘေးနှင့် ဒဏ္ဍာရီလာတစ္ဆေဘိုးဘေးကလည်း ရှိနေသေးသည့်တိုင်အောင် သူသည် ကြောက်ရွံ့မှုနှင့် မသက်မသာဖြစ်မှုကို ခံစားနေရခြင်းဖြစ်သည်။

“သတိထား ဒါက---”

အထီးကျန်တိတ်ဆိတ်ဘိုးဘေးက လူအိုကြီးမာန်၊ ဝူရှန်းရွာသူကြီးတို့အား တစ်စုံတစ်ရာ သတိပေးတော့မည့်အချိန်တွင် သူ၏စကားက လမ်းတစ်ဝက်တွင် ရပ်သွားသည်။ အားလုံးထဲမှ ကြောက်စရာကောင်းသောတည်ရှိမှုက စွမ်းအားများဖြင့် ရုတ်ချည်းပေါက်ကွဲသွားသည်။ ဝမ်ချောင်၏ကိုယ်ပေါ်သို့ ကျလာသောဖိအားသည် ပြင်းထန်သောကြောင့် အသက်မရှုနိုင်အောင် ဖြစ်စေသည်။

‘ဘာလို့တစ်စုံတစ်ယောက်က ဒီလောက်အထိ ကြောက်စရာကောင်းနေရတာလဲ’

အထီးကျန်တိတ်ဆိတ်ဘိုးဘေးကပင် အလွန်အမင်း အံ့ဩသွားသည်။ သူသည် အနောက်တောင်ပိုင်းသို့လာသော ခရီးတစ်ခေါက်ထဲကတင် သူ၏တစ်ဘဝလုံးစာ အတွေ့အကြုံပေါင်းများစွာ ပေါင်းစည်းနိုင်သည်ထက်ပင် သာလွန်သောအံ့အားသင့်မှုများကို မြင်တွေ့နေရသည်။ ထူးဆန်းသော အလှည့်အပြောင်းများ၊ အဖွဲ့အစည်းများ၊ ရန်သူများက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။

မြေအောက်နန်းတော်ထဲမှ လမ်းလျှောက်အလောင်းကောင် ၆ကောင်ကပင် အလွန်အမင်း အင်အားကြီးမားလွန်းနေခဲ့ပြီ ဖြစ်သည်။ သို့သော် မျက်နှာဖုံးနှင့်လူ၃ယောက်ကမူ ပို၍ပင်အင်အားကြီးသေးသည်။ လျှောက်လမ်းထဲမှ အင်အားကြီးလွန်းသော ဖြစ်တည်မှုအတွက်ကမူ အထီးကျန် တိတ်ဆိတ်ဘိုးဘေးအနေနှင့် သူ၏ အာရုံခံနိုင်စွမ်းအားအရာ ကျားအမရထက် အဆပေါင်းများစွာ အင်အားကြီးမားကြောင်း သိလိုက်သည်။

ရုတ်တရက်---

ဗုန်းးးး

ကောင်းကင်ကိုပင်လှုပ်ခါစေသော အင်အားမျိုးနှင့်အတူ လျှောက်လမ်းထဲမှ ရွှေရောင်ပိုးသား ဘွတ်ဖိနပ်တစ်ဖက်က ထွက်လာပြီး လေထုကို ဖနောင့်ဖြင့်ပေါက်သည်။ တစ်ခဏခန့်ကြာပြီးနောက် ထိုရွှေရောင်ပုံရိပ်ဟာ လျှောက်လမ်းထဲမှ ထွက်လာပြီဖြစ်သည်၊

အေးစက်ကာ အာဏာရှင်ဆန်သည့် မျက်ဝန်းတစ်စုံ၊ ဖြောင့်မတ်သော ဟန်အမူအရာနှင့် သူ၏ခန္ဓာကိုယ်ထဲမှ လှိမ့်ထွက်နေသော အဆုံးအစမဲ့သည့် ဖျက်ဆီးခြင်းစွမ်းအင်များက ကျွမ်းကျင်ပညာရှင်တိုင်းကို မင်သက်စေသည်။ ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားကို ရင်ဆိုင်ရသည့်အခါ အားလုံးသည်လည်း သူတို့ဟာ ပုရွက်ဆိတ်သာသာ ဖြစ်ကြောင်း ခံစားမိလိုက်သည်။

ထိုနေရာရှိလူတိုင်းသည် သိုင်းပညာရှင်လောကမှ အလွန်ထူးချွန်သော ပါရမီရှင်များဖြစ်ကြပြီး သူတို့၏လက်မောင်းများ ခြေထောက်များကိုအသာ ယမ်းရုံနှင့် တောင်များကို ကြွေမွကာ ဒယ်စောက်အိုးကြီးများကိုပင် မနိုင်သောသူများဖြစ်သည်။ သို့သော် သူတို့သည် ထိုပုံရိပ်နှင့်ယှဉ်သော် လမင်းကို မနာလိုကြီးနေသော ပိုးစုန်းကျူးများသာသာ ဖြစ်သွားသည်။ သူတို့ကြားမှကွာဟချက်က အရေအတွက်ဖြင့်ပင် တွက်ချက် မရပေ။

ဘမ်းးး

ထိုအမျိုးသားဟာ နတ်ဘုရားဖြစ်သည်။ သူသည် သူတို့ထံသို့ လေထုပေါ်တွင် တက်နင်း၍ လျှောက်လှမ်းကာ ချည်းကပ်လာသည်။ ထိုလေဟာနယ်သည် သူ၏ခြေထောက်အောက်တွင် မြေထုအမာဖြစ်သွားပုံဖြစ်ပြီး ထိုသူက ထုတ်လွှတ်ထားသော ဖိအားက သန်မာသည်ထက် သန်မာလာသည်။

“မကောင်းတော့ဘူး”

အဓိကနယ်မြေအတွင်း အလင်းများလက်နေသည့် သိုင်းပညာရှင်များအားလုံးက သူတို့၏ခန္ဓာကိုယ်ပေါ်မှ ကြယ်တာရာစွမ်းအင်များကို အကန့်အသတ်သို့ တွန်းပိုလိုက်ကြရသည်။ သူတို့၏မျက်နှာများကလည်း ပြင်းထန်သောခံစားချက်များကို ထုတ်ပြနေသည်။

ဖွစ်

သိုင်းပညာရှင်များက ရုတ်တရက် သွေးအန်သည်။ သူတို့သည် အရင်ဦးဆုံး ဖိအားဒဏ်ကို တောင့်မခံနိုင်သော သူများဖြစ်သည်။ လေရှုံ့သွားသော လည်သာအိပ်တစ်ခုအလား သူသည်လည်း မြေပြင်ပေါ်သို့ ဒယိမ်းဒယိုင်ပြုက်ကျပြီးနောက် လျှင်မြန်စွာ အေးစက်လာသည်။

တစ်ခဏခန့်ကြာပြီးနောက် အခြားသောသိုင်ပညာရှင်များက အလားတူလိုက်ပါကာ ပြုက်ကျကြပြီး ဖိအားကြောင့်ပင် ကြေမွသွားကြသည်။ စုန့်ယွမ်ယွီနှင့် ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များသည် လျှောက်လက်နှင့် အနီးဆုံးဖြစ်သည်။ သူတို့သည် ပြင်းထန်သော ဖိအားများကိုခံစားရသည်။

ခရက် ခရက်

စုန့်ယွမ်ယွီကို ကာထားသော ထာဝရနွေဦးမာန်တျာစွမ်းအင်ထံမှ ပဲစေ့များကွဲကြေသလို ကွဲအက်သံလိုအသံမျိုး ခပ်တိုးတိုးထွက်လာသည်။ သိုင်းပညာလောကတွင် စုန့်ယွမ်ယွီ၏ ကြယ်တာရာစွမ်းအင်းသည် ခုခံမှုတွင် အကောင်းဆုံးဖြစ်သည်။ ပြင်းထန်သော အသက်စွမ်းအင်များကို ပိုင်ဆိုင်ထားပြီး ကုစားနိုင်စွမ်းရည်များက စုန့်ယွမ်ယွီဟာ အလွန်အမင်း မြန်ဆန်စွာကုစားနိုင်စေသည်။ ထို့ကြောင့် ယခုအချိန်အထိ မည်သူကမှ စုန့်ယွမ်ယွီ၏ ကြယ်တာရာစွမ်းအင်ကို မချိုးဖောက်နိုင်ခဲ့ဖူးသေးချေ။

သို့သော် တစ်ခဏခန့်ကြာပြီးနောက်---

ဗုန်းးး

စုန့်ယွမ်ယွီ၏ကြယ်တာရာစွမ်းအင်က အကန့်အသတ်သို့ ရောက်ရှိသွားသလိုမျိုး ပေါက်ကွဲသွားသည်။

ဖွက်

စုန့်ယွမ်ယွီ၏မျက်နှာက ဖြူဖျော့ပြီး သွေးအန်လိုက်ရသည်။

“မဟာမိတ်အရှင်”

ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်မှ ကျွမ်းကျင်ပညာရှင်များအားလုံး၏မျက်နှာက ဖြူဖျော့ကုန်သည်။ သူတို့သည်လည်း တူညီသောဖိအားကို ခံစားရတော့မည်ဟု ထင်နေချိန်တွင် ရုတ်တရက် လက်တစ်ဖက်က ထွက်လာပြီး စုန့်ယွမ်ယွီကို လှမ်းဆွဲသည်။ တစ်ချိန်တည်းတွင်ပင် စစ်ဖုန်းယွမ်ချန်း၊ အော့ယွမ်ချန်းဟန်နှင့် အခြားသောကျွမ်းကျင်ပညာရှင်များသည်လည်း အင်အားများကို အတူစုစည်းလိုက်ပြီး ထိုဖိအားကို အတူတောင့်ခံကြသည်။

“နောက်ဆုတ် ငါတို့ သူ့ကိုမယှဉ်နိုင်ဘူး”

ရှန့်ကွမ်းထင်၏စကားက လူတိုင်း၏နားအတွင်းတွင် ထွက်လာသည်။ ထိုအမျိုးသား၏ အင်အားက လွန်ကဲစွာပင် ကြောက်စရာကောင်းလွန်းသည်။ ရှန့်ကွမ်းထင်နှင့် သူ၏ စကြဝဠာခုတ်ထွင်ခြင်းသိုင်းက ကြယ်တာရာစွမ်းအင်းချိုးဖောက်မှုကို အသားပေးသည့်တိုင်အောင် သူသည်လည်း မည်သည့်တွန်းလှန်မှုကိုမှ မလုပ်နိုင်ပေ။

ထိုအမျိုးသားသည် သိသာစွာပင် အင်အားကြီးမားလွန်းနေသည်။ သူတို့၏တောင့်ခံနိုင်စွမ်းအားကိုလည်း ကျော်လွန်နေ၏။ စုန့်ယွမ်ယွီနှင့် ရှန့်ကွမ်းထင်တို့ကပင် ဖုန်ဖြစ်သွားနိုင်သည်။

ဖြောင့်မတ်မှန်ကန်ခြင်းမဟာမိတ်မှ ကျွမ်းကျင်ပညာရှင်တိုင်းက အလန့်တကြား နောက်ဆုတ်ကြသည်။ သို့သော် ထို့အချိန်တွင် ထိုအမျိုးသားက အနားရှိနေရင်လည်း ဂရုမစိုက်ပေ။ သူက လျှောက်လမ်းထဲမှ ထွက်လာပြီးသည်နှင့် သူ၏ထောင်လွှားသောအကြည့်က မျက်စိကျိန်းဖွယ်တောက်ပသော မူလအမရနန်းတော်ကိုသာ ကြည့်သည်။

“ဟမ့် မင်းက အတော်လေးကောင်းတဲ့နေရာကို ရှာထားတာပဲ”

ထိုအမျိုးသားက နက်နဲစွာစိုက်ကြည့်ရင်း အေးစက်သောရယ်သံကို ထုတ်သည်။ ထို့နောက် သူ၏မျက်လုံးအား နံဘေးဘက်ရှိ ဆိတ်အမရ၊သမင်အမရနှင့် ကျားအမရတို့၏ အလောင်းများကို လှမ်းကြည့်လိုက်သည်။

ဝမ်ချောင်သည်လည်း မူလအမရဓါးကို အသုံးပြုကာ ထိုလူ၃ယောက်ကို တစ်ချက်တည်းနှင့် ခုတ်သတ်ခဲ့သည်။ ကျားအမရသည် အဝေးဆုံးပြေးနိုင်သူ ဖြစ်သည်။ သို့သော် သူသည်လည်း လျှောက်လမ်းနှင့် သိပ်မဝေးသောနေရာတွင် သေသွားခဲ့သည်။

ဝုန်းးးး

ထိုအမျိုးသားက သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတစ်မျှင်ကို ရုန်ချည်းလိုလို ထုတ်လွှတ်လိုက်ပြီးနောက်တွင် အမျိုးမျိုးသောထူးဆန်းသည့် သင်္ကေတပေါင်းများစွာက ပေါ်ထွက်လာသည်။ တစ်ခဏခန့်ကြာပြီးနောက် ထိုစွမ်းအင်က လျှင်မြန်စွာပြောင်းလဲ၍ သင်္ကေတအဖြစ် ဝေဝါးစွာပြောင်းလဲသွားသည်။

“သူက ဘာလုပ်နေတာလဲ”

ထိုမြင်ကွင်းက အားလုံးအားမကောင်းလွန်းသော ခံစားချက်များကို ရစေသည်။ သို့သော် သူက မည်သို့လုပ်နေမှန်း မည်သူကမှမသိကြပေ။ သူတို့သည်လည်း ထိုစွမ်းအင်အတွင်းတွင် ဝေဝါးသော လူသားပုံစံပုံရိပ်များက လှုပ်နေကြောင်းကို မြင်ရသည်။

“ဒါက အနက်ရောင်ဝတ်စုံနဲ့လူတွေ သူက ဒီနေရာက အဖြစ်အပျက်တွေကို ကြည့်နေတာ”

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏ စကားက လူအုပ်၏အနောက်ဘက်မှ ထွက်လာသည်။ သူ၏မျက်လုံးကလည်း လေးနက်နေပြီး အံ့အားသင့်မှုများက ပြည့်နှက်နေသည်။ လူအိုကြီးမာန်သည်သာ လောက၏စွမ်းအင်လောကထဲသို့ ဝင်‌ရောက်ပြီး လောက၏အပြောင်းအလဲများကို စောင့်ကြည့်နိုင်သူဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ထိုအမျိုးသား၏ လုပ်ရပ်ကို နားလည်နိုင်သည်။

ထိုမရေမတွက်နိုင်သော ဝါးနေသည့်ပုံရိပ်များက ယခုလေးတင်ဒီနေရာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲပုံရိပ်ဖြစ်သည်။ အချို့သောလွန်ကဲလွန်းကာ နက်နဲလွန်းသည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီးသည် ဒီနေရာတစ်ခုလုံး၏ အဖြစ်အပျက်များအားလုံးကို ကြည့်ရှုနေသည်။ သို့သော် ကြည့်ရှုသည့်အရှိန်နှုန်းကိုမူ အခြားသောသူများက မမြင်နိုင်ပေ။

လူအိုကြီးမာန်သည် သိုင်းပညာလောကမှ ဆရာဘိုးဘေးကြီးဖြစ်သည်။ သူကပင် ထိုကဲ့သို့သောသိုင်းမျိုးကို မသိပါပေ။ လူအိုကြီးမာန်က တစ်ဖက်သူဟာ စွမ်းအင်လောကကို ကြည့်ရှူနေကြောင်း သိလိုက်ချိန်တွင် ရွှေရောင်လူသည်လည်း တစ်စုံတစ်ရာကို ခံစားမိသလို မိစ္ဆာဧကရာဇ်လူအိုကြီးမာန်ကို အေးစက်သောအကြည်မျိုးဖြင့် စိုက်ကြည့်လာသည်။

ဂျိမ်းးးး

လူအိုကြီးမာန်၏စိတ်က ဖြန်းခနဲအရိုက်ခံရသည်။ သူ၏မျက်နှာက တစ်ဖက်သို့ လှည့်သွားပြီးနောက် အနာက်ဘက်သို့ ယိုင်သွားသည်။

“အားးးး”

ဘေးဘက်မှ အလန်တကြားအော်သံက ထွက်လာသည်။ အထီးကျန်တိတ်ဆိတ်ဘိုးဘေးနှင့် ဝူရှန်းရွာသူကြီးတို့သည် မိစ္ဆာဧကရာဇ်လူအိုကြီးမာန်က မည်မျှသန်မာကြောင်း ကောင်းကောင်းနားလည်သည်။ မိစ္ဆလမ်းကြောင်းမှ ယခင်နံပါတ်တစ်ပုဂ္ဂိုလ်တစ်ယောက်အနေနှင့် လူအိုကြီးမာန်သည်လည်း သိုင်းပညာလောကအတွင်းတွင် အင်အားကြီးမားလွန်းသည်။ သူ၏နာမည်ကို ထုတ်ပြောရုံဖြင့် မျက်နှာဖြူဖျော့ရလောက်အောင် အင်အားကြီးမားသူ ဖြစ်သည်။

ထိုနောက် သိုင်းပညာပင်ဖြစ်စေ၊ စိတ်စွမ်းအင်ပင်ဖြစ်စေ သူသည်လည်း မယုံနိုင်စရာကောင်းသော အတိုင်းအတာအထိ ကျင့်ကြံပြီး ခိုင်မာသောအဆင့်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သို့သော် တစ်ဖက်သူ၏ အကြည့်တစ်ချက်ကတင် လူအိုကြီးမာန်၏ စိတ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေလေပြီး ကြယ်တာရာစွမ်းအင်များကိုလည်း မတည်မငြိမ်ဖြစ်သွားစေသည်။ ထိုကဲ့သို့သော အဆင့်မျိုးရှိသော စွမ်းအားမျိုးက ကြောက်စရာကောင်းလွန်းသည်။

ဝူရှန်းရွာသူကြီးနှင့် အခြားသောသူများသည်လည်း လျှို့ဝှက်ဆန်းကြယ်သော လူသစ်ကို ခြောက်ခြားသွားကြသည်။

“ဟွန်း ကိုယ့်အင်အားကို မသိတာ”

ထိုလူကလှောင်သည် သူကလူအိုကြီးမာန်ကို စွမ်းအင်လောကထဲမှ တွန်းထုတ်လိုက်ပြီးသည်နှင့် သူ၏အာရုံကို သူ၏အရှေ့မှ အချိန်နောက်ပြန်ရစ်ထားသည့် ပုံရိပ်များကို ပြန်ကြည့်နေသည်။

“ဒီလူက လူလား နတ်လား”

သိုင်းပညာရှင်များအားလုံးက မင်သက်နေကြသည်။ ထိုလူသည် တည်ရှိနေရုံကလွဲပြီး အခြားဘာကိုမှ လုပ်နေခဲ့သည်ဟု မထင်ရပေ။ သို့သော် ထိုသို့တည်ရှိရုံကတင် စုန့်ယွမ်ယွီ၊ လူအိုကြီးမာန်တို့ကဲ့သို့သော လူမျိုးကိုပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်သည်။

သူတို့၏နှလုံးသားများက ကြောက်ရွံမှုများ ပြည့်လာသည်။ သူတို့သည်လည်း စဉ်းစီတုံးပေါ် တင်ခံရသောငါးများကဲ့သို့ ခံစားနေကြရသည်။ စက္ကအနည်းငယ်ကြာပြီးနောက် ထိုလူက ကိစ္စများကို ပြန်လည်ကြည့်ရှူ၍ ပြီးသွားသည်။ သူသည်လည်း ဝမ်ချောင်က မူလအမရဓါးကိုသုံးပြီး ဆိတ်,သမင်နှင့် ကျားအမရများကို သတ်ခဲ့ကြောင်းမြင်လိုက်သည်။

“အသုံးမကျတဲ့အမှိုက်တစ်သိုက် ဒီလိုမျိုး အသေးစားတာဝန်လေးကိုတောင် ပြီးအောင် မလုပ်နိုင်ဘူး”

ရွှေရောင်ပုံရိပ်နှင့် လူရှေ့မှပုံရိပ်များက ပျက်ပြယ်သွားပြီးနောက်တွင် ထိုလူ၏ စွမ်းအားအမျှင်က သူ၏ခန္ဓာကိုယ်ထဲသို့ ငှက်ကောင်များ တောအုပ်ထဲသို့ပြန်သည့်အလား ပြန်ဝင်သွားသည်။

သူ၏မျက်လုံးထဲက ဒေါသအပြည့်နှင့်အတူ အသက်မဲ့နေသော အလောင်းတစ်လောက်ကို စိုက်ကြည့်သည်။

“ဒါပေမဲ့ မင်းတို့က ဒီလူရမ်းကားအိုကြီး ပုန်းနေတဲ့နေရာကို ရှာတွေ့တယ်ဆိုကတည်းက အသုံးနည်းနည်းတော့ ဝင်သားပဲ။ ဒီလိုဆိုမှတော့လဲ ငါမင်းတို့ကို အခွင့်အရေးတစ်ခုပေးလိုက်မယ်”

ထိုအမျိုးသားက အရှေ့ဘက်သို့ လက်ဖဝါးတစ်ချက် တွန်းလိုက်သည်။

ဟည်း…

ထိုမြေကတစ္ဆေငိုညည်းသံများနှင့် ပြည့်နှက်သွားပြီး စူရှစွာအော်ဟစ်သည်။ သိုင်းပညာရှင်များက အံဩတကြီးကြည့်နေချိန်တွင် သေလွန်ပြီးသား အမရ၃ပါး၏ခေါင်းထဲမှ အနက်ရောင်မီးခိုးများ ထွက်လာပြီးနောက် စူးရှသော အော်ဟစ်သံများက ကပ်ပါလာသည်။

ဂရုတစိုက်ကြည့်ရှုမည်ဆိုပါက ထိုမီးခိုး၃တန်းထဲမှ အမရ၃ပါး၏ ရုန်းကန်မှုကို မြင်ရသည်။ ထိုလူများသည်လည်း အမရ၃ပါးနှင့် ပုံစံတူသည်။ သူသည် တစ်ဖက်သူများ၏ဝိဉာဉ်ကို ဆွဲထုတ်နေခြင်းဖြစ်သည်။

အားလုံးကလည်း တအံ့တဩနောက်ဆုတ်နေကြရင်း ထိုရွှေရောင်လူသားအား လောကမှအကောက်ကျစ်ဆုံးသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြည့်နေသည်။

******

အပိုင်း(၁၅၄၉)

‘ဝိဉာည်တွေ’

ဒါဟာ သိုင်းပညာရှင်များအတွက် ဝိဉာည်နယ်မြေကဲ့သို့ ဖြစ်သည်။ လူသားအားလုံး၏ တားမြစ်နယ်မြေဖြစ်သည်။ အင်အားကြီးမားသော သိုင်းပညာရှင်ပင် လူတစ်ယောက်ဝိဉာဉ်ကို မဆွဲထုတ်နိုင်ပေ။

ထိူအရာပင် မကသေးပေ။ ဆိတ်၊ သမင်၊ ကျားအမရတို့သည်လည်း သေလွန်ပြီဖြစ်သည်။ သို့သော် ထိုရွှေရောင်လူသားကမူ သူတို့၏ခန္ဓာကိုယ်ကို ဆွဲထုတ်နိုင်သေးသည်။ ထိုဖြစ်ရပ်က သိုင်းပညာတစ်မျိုးဟု သတ်မှတ်၍ မရတော့ပေ။ ပို၍ဆိုးသည်မှာ လူတစ်ယောက်၏ ဝိဉာည်ကို အခြိမ်းခြောက်ခံရလျှင် ပြန်လည် မွေးဖွားနိုင်မည်မဟုတ်ပေ။

ဒဏ္ဍာရီလာတစ္ဆေဘိုးဘေး၊ အရိုးနတ်ဆိုးဘိုးဘေးနှင့် ယင်နက်ဘိုးဘေးတို့ကဲ့သို့သော မိစ္ဆာလမ်းကြောင်းလျှောက်သော ခေါင်းဆောင်များကပင် ကြောက်ရွံ့မှုဖြင့် မျက်နှာဖြူဖျော့ပြီး နောက်ဆုတ်သွားကြသည်။

သူတို့သည် သူတို့ကိုသူတို့ သိုင်းပညာလောကမှ မိစ္ဆာလမ်းကြောင်းလျှောက်သူများအဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်ကြသည်။ မျက်တောင်မခပ်ဘဲ သတ်ဖြတ်နိုင်သူများဖြစ်ကြသည်။ သူတို့၏လက်များက မရေမတွက်နိုင်သော သွေးများစွန်းထင်းနေပြီးဖြစ်သည်။

ထိုလူ၏ မျက်ဝန်းတစ်စုံက ခြင်္သေ့ရှေ့မှ ကြောင်ပေါက်များကဲ့သို့ဖြစ်သွားသည်။ အင်အားကွာဟချက်က တိုင်းတာ၍ မရလောက်အောင် ကျယ်ပြောသည်။ လေထဲတွင်ရပ်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ တည်ရှိမှုက ပတ်ဝန်းကျင်မှ သူများ၏ တုန့်ပြန်မှုများကို အနည်းငယ်မှ သောက်ဂရုမစိုက်ပေ။ သူတို့များကို မတည်ရှိသလိုသာ သတ်မှတ်ထားသည်။

ထိုသူက သူ၏ လက်များကို ဆုပ်ညှစ်လိုက်ပြီးနောက် စူးရှသောအော်သံများက နားကွဲမတတ် ထွက်လာသည်။ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ထားသော ဝိဉာဉ်များကို အတူတကွပူးကာ ဆွဲညှစ်ခံရသည်။

“အား”

သိုင်းပညာရှင်တစ်ယောက်က ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသည်။ သူ၏တစ်ကိုယ်လုံးတွင် ချွေးစီးများရွဲနေသည်။

သူ၏ဘဝမှာ ကြောက်စရာကောင်းလွန်းသော အခြေအနေမျိုးတွင် အခု စက္ကန့်အနည်းငယ်အတွင်း မြင်ရသလောက် အံ့အားသင့်စရာမကောင်းပေ။

‘ဒါကဘယ်လိုဖြစ်နိင်မှာလဲ’

မရေမတွက်နိုင်သော သိုင်းပညာရှင်များသည်လည်း မျက်လုံးပြူးသွားကြသည်။

တစ်ခဏခန့်ကြာပြီးနောက် ထိုရွှေရောင်လူ၏ လုပ်ဆောင်မှုက ပြီးဆုံးသွားသည်။ အနက်ရောင် မီးခိုးများနှင့် အတူ သူ၏လက်အတွင်း ဝိဉာဉ်တစ်ခုကပေါ်လာသည်။ သူ၏လက်ပေါ်တွင် သားရဲတစ်ကောင်က ဟိန်းဟောက်နေသည်။ သူက အင်အားကြီးမားပုံပေါ်သည်။ သို့သော် သူ၏ဖမ်းဆုပ်မှုအောက် မလွတ်နိုင်အောင်ဖြစ်နေကာ အင်အားမဲ့နေလေသည်။

ထိုလူ၏ အေးစက်သောမျက်ဝန်းက အနားမှ သိုင်းပညာရှင်များကို တစ်ချက်မှပင် မကြည့်ခဲ့ချေ။ ပတ်ဝန်းကျင်ကို တစ်ချက်အကဲခက်ပြီးနောက်တွင် အနီးနားမှ ဝါးဦးထုပ်နှင့် ခေါင်းဆောင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

“နိမ့်ကျတဲ့စစ်သည်တော်ကလွဲပြီး ဘာမှမဟုတ်ဘူးဘဲ။ ဒါက မင်းအတွက် ကြီးမားတဲ့မျက်နှာသာပေးတာပဲ”

ထိုအမျိုးသား၏အသံက လေထဲတွင် ဟိန်းထွက်သွားသည်။ သူသည် ပျောက်ကွယ်သွားသည်ထို့နောက် ဝါးဦးထုပ်နှင့် ခေါင်းဆောင်၏ ခန္ဓာကိုယ်ထက်တွင် ပြန်ပေါ်လာသည်။ သူဟာ ညာလက်ကို ဖွင့်လိုက်ပြီး အမရသုံးပါး၏ ဝိဉာဉ်ကို ပေါင်းစပ်ကာ ထုတ်ဖော်ထားသည့် ဝိဉာဉ်အသစ်ကို ဝါးဦးထုပ်နှင့် လူခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲတွင် ထည့်ပေးလိုက်သည်။

ဝါးဦးထုပ်နှင့် ခေါင်းဆောင်၏ ခန္ဓာကိုယ်က စတင်ကာလှုပ်ရှား၍ ဖောင်းကားလာသည်။ အရိုးကွဲသံများ ငြီးငြူသံများ ထွက်လာသည်။ အချို့သော အဆင့်လွန်သားရဲကြီးတစ်ကောင်က ထိုခန္ဓာကိုယ်အတွင်းတွင် ပုန်းအောင်းနေသလား ထင်ရသည်။

ဝေါင်းဟောင်းး

ဝါးဦးထုပ်ခေါင်းဆောင်၏ပါးစပ်ထဲမှ ကောင်းကင်ကို လှုပ်ခါနိုင်သော ဟိန်းဟောက်သံကြီးက ထွက်လာသည်။ လူတိုင်း၏ အံ့အားသင့်သော အကြည့်အောက်တွင်ပင် ဝါးဦးထုပ်နှင့်လူက ဆက်ခနဲနှင့် ထရပ်သည်။ ထိုသူ၏ခန္ဓာကိုယ်သည် အစပိုင်းကတည်းက အလွန်အမင်းကြီးပြီး သူ၏ခန္ဓာကိုကလည်း ကြွက်သားများကလည်း တောင့်တင်းပြီးသားဖြစ်သည်။ သို့သော် ရွှေရောင်လူ၏ လှုံဆော်မှုအောက်တွင်သူ၏ အရပ်၂.၇ မီတာအထိ မြင့်တက်သွားသည်။ သူ၏ ခြေလက်ကြွက်သားများအားလုံကလည်း လျှင်ပြန်စွာတုတ်ခိုင်သွားသည်။ သူသည်လည်း လူအုပ်ထဲတွင်ရပ်နေသည်မှာ ကြက်အုက်ထဲမှ ကြိုကြာတစ်ကောင်ကဲ့သို့ထင်ရသည်။ အစစ်အမှန်လူထွားကြီးဖြစ်သွားသည်။ လူအများစုကပင်သူ၏ အရပ်တစ်ဝက်ပင် မရှိကြပေ။

ခရက်ခရက်

ထိုကြီးမားသော လူကြီးက လူအုပ်ကို လှည့်ကြည့်သည်။

လူတိုင်းသည်လည်း သူ၏မျက်လုံးများက နီရဲသော သွေးနီရောင်အလင်းတန်းများတောက်ပနေပြီး ကတင့်ကလျားစိတ်များ စွမ်းအင်များ ပြည့်နှက်နေကြောင်းမြင်ရသည်။ သူ၏အတွက် ဆာလောင်စိတ်၊ အသားစားလိုစိတ်က ပြင်းထန်နေသည်။ တစ်ဖက်သူက လူသားပုံစံရှိနေသော သားရဲနှင့် မခြားပါပေ။

“ဒီအရှင်ကမင်းကိုပေးတဲ့နောက်ဆုံးအခွင့်အရေးပဲ ဒီနေရာက ပုရွက်ဆိတ်အားလုံးကို သတ်လိုက် တစ်ကောင်မှမချန်ထားနဲ့ မင်းငါ့ကိုစိတ်မပျက်စေဖို့ မျော်လင့်တယ်”

ရွှေရောင်လူသားက ပြောသည်။ ထိုစကားလုံးများက သိုင်းပညာရှင်များအတွက် မဟုတ်ဘဲ သူ၏အရှေ့တွင် ရပ်နေသော ဝါးဦးထုပ်ခေါင်းဆောင်အတွက် ဖြစ်သည်။ သူသည်လည်း သူ၏အောက်မှ အခြားသောသိုင်းပညာရှင်များကို တိုက်ခိုက်အောင်လုပ်ခြင်းက သူ၏ဂုဏ်အဆင့်အတန်းကို ထိုခိုက်စေသည့်အလားပါပေ။

ဝေါင်းးး

ဝါးဦးထုပ်နှင့်ခေါင်းဆောင်က ကြမ်းတမ်သော ဟိန်းဟောက်သံကြီးကို ပြုသည်။ အားလုံးက အလန့်တကြားဖြစ်ပြီး အခြေအနေကို ကြိုးစားနေသည့်အချိန်တွင် လေထုကပေါက်ကွဲသည်။ အလင်းက တစ်ချက်လက်ပြီးနောက် ရွှေရောင်လူက တစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်သွားသည်။ သူသည် ဝါးဦးထုပ်နှင့် လူခေါင်းဆောင်ကို ချန်ထားရစ်ခဲ့သည်။ ထိုဝါးဦးထုပ်ခေါင်းဆောင်သည် သူ၏အင်အားအကြီးမားဆုံး စွမ်းရည်ကိုတစ်ချိန်က အသုံးပြုခဲ့ချိန်က မြေကမ္ဘာကိုတုန်လှုပ်စေသည့် အဝါရောင်မာဖလာ စစ်သည်တော်ဖြစ်သည်။ တစ်ချိန်ချိန်တွင်မူ ထိုအဝါရောင်မာဖလာ စစ်သည်တော်က ပို၍ပင်အရပ်ရှည်ပြီး ပို၍ပင် ကြောက်စရာကောင်းလေသည်။

ဝုန်းးး

ပြင်းထန်သိပ်သည်းသော လက်သီးတစ်လုံးက လေထုကိုထိုးခွဲသွားပြီးနောက်တွင် အော်ဟစ်သံများပြည့်နှက်ကာ ထိုနေရာတစ်ခုလုံးကို ပွက်လောရိုက်သွားစေသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုကမူ ဝမ်ချောင်အခုလေးတင် ဝင်ရောက်သွားသော အဖြူရောင်နယ်မြေကို ကျော်ဖြတ်ပြီး ချက်ချင်းဆိုသလိုပင် မူအလအမရနန်းတော်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ဗုန်း

နောက်ထပ်အလင်းက တစ်ချက်လက်သည်။ မူလအမရနန်းတော်ထဲသို့ ခြေထောက်တစ်ဖက်က ဆောင့်ဝင်လိုက်သည်။ နန်းတော်ကြီး တစ်ခုလုံးက တုန်ခါသွားသည်။ တစ်လောကလုံးကပင် တုန်ယင်သွားပုံပေါ်သည်။

“ငါတို့နောက်ဆုံးတော့ ထပ်တွေ့ကျပြန်ပြီ။ အချိန်ပေါင်းမျာစွာကြာပြီးတဲ့နောက်မှာ လူတိုင်းက မင်းကို သေပြီလို့ ထင်နေတာ။ မင်းက နောက်ဆုံး ဝင်သက်ရှိနေသေးတယ်လို့ထင်တယ်၊ လက်စသတ်တော့ မင်းက ငါ လာပြီးအလောင်းကောက်မှာကို စောင့်နေတာပဲ”

အေစက်သောအသံက နန်းတော်တစ်ခုလုံးအနှံ့ ဟိန်းထွက်သွားသည်။ ထိုရွှေရောင်အမျိုးသားက ဝမ်ချောင့်ကို လစ်လျူရှုပြီးနောက် တင်ပုလ္လင်ခွေထိုင်နေသော မူလအမရအရှင်ကို အာရုံစိုက်ကြည့်သည်။

“ဟား အချိန်မရှိတော့ဘူး”

မူလအမရအရှင်၏အသံက ဝမ်ချောင်၏စိတ်ထဲသို့ ဟိန်းထွက်သွားသည်။ သူသည်လည်း အလွန်လေးလံစွာ သက်ပြင်းချနေသည်။ သူသည် ဝမ်ချောင့်အား စက္ကန့်အနည်းငယ်ထပ်ပြီး ပြောလိုသေးသည်။ သို့သော် သူ၏ရန်သူကမူ မျှော်လင့်ထားသည်ထက် မြန်ဆန်လွန်းစွာ ရောက်လာလိမ့်မည်ဟု မထင်ထားပေ။

“အစစ်အမှန်အရှင် အဝါရောင်နဂါး နှစ်ပေါင်းများစွာပုန်းကွယ်နေခဲ့တာ မင်း ကငါ့ကိုလာရှာနိုင်သေးတယ်လို့ မထင်ထားဘူး”

မူလအမရအရှင်သည် သက်ပြင်းကိုချရင်း ထိုရွှေရောင်လူကို လှည့်ကြည့်လိုက်သည်။ မူလအမရအရှင်က စကားအဆုံးသတ်သွားသောအခါ ဝမ်ချောင်သည်လည်း ထိုလူကို ဝိုင်းထားသည့် ရွှေရောင်အလင်းက ပျက်ပြယ်သွားကာ အစစ်အမှန်မျက်နှာက ပေါ်လာကြောင်း မြင်ရသည်။ အသက်၆၀၊ ၇၀ခန့်ရှိသော လူအိုကြီးတစ်ယောက် ဖြစ်သည်။ သို့သော် သူ၏အသားအရည်က သွေးရောင်လွှမ်းပြီး နဖူးကလည်း ချောမွေ့နေကာ ထိုအိုမင်းသော အသက်အရွယ်မှ လူတစ်ယောက်နှင့်လည်း မတူပေ။

သူသည် ကျောဘက်သို့ လက်များအားလုံး ပစ်ထားသည်။ အဝါရောင်နဂါးဝတ်စုံကိုလည်း ဝတ်ဆင်ထားပြီး အသက်ဝင်လွန်သော ကြမ်းတမ်းသည့်နဂါးများက အဝတ်ထဲမှ ခုန်ထွက်တော့မည့်ပုံပေါ်နေလေသည်။

ဗဟိုပြင်ကျယ်တွင်နဂါးဝတ်စုံဝတ်သော သူတိုင်းက ပြင်းထန်လွန်းသော မလေးစားရာကျသည့်အတွက် သူတို့၏ကလန်တစ်ခုလုံးက သတ်ဖြတ်ခံရနိုင်သည်။ သို့သော် ထိုလူကမူ ဂရုစိုက်ပုံမရပေ။

ဂရုတစိုက်ကြည့်ရှုမည်ဆိုပါက ထိုလူ၏နဂါးဝတ်စုံသည် ကောင်းကင်ဘုံ၏သားတော် သို့မဟုတ် တော်ဝင်မင်းသားများ ဝတ်တတ်သောပုံစံမျိုးနှင့် အလွန်အမင်း ခြားနားကြောင်း မြင်ရသည်။ ထိုနဂါးများသည်လည်း ရှေးဟောင်းခေတ်မှ ပုံစံများအလား အလွန်အမင်း ထူးခြားလွန်းနေလေပြီး ဝမ်ချောင်မြင်ဖူးသော အရာများအားလုံးနှင် လုံးဝခြားနားလေသည်.။

သို့သော် သူ၏အာရုံကိုအဆွဲဆောင်ဆုံးက နဂါးဝတ်စုံပေါ်မှ ချဲ့ကားကာလွန်းသော သူ၏နဂါးဝတ်စုံမဟုတ်ဘဲ သူ၏ မုတ်ဆိတ်မွှေးဖြစ်သည်။ ထိုမုန်ဆိတ်မွှေးက တောက်တောက်ပပ ထိန်လင်းနေသော ရွှေရောင်မုတ်ဆိတ်မွှေးဖြစ်ပြီး သူ၏နှုတ်ခမ်း ဘေးတစ်ဖက်တစ်ချက်စီမှနေ၍ ဆံချည်မျှင်တမျှပါးလျသည့် ပုံစံမျိုးနှင့် စင်းကျနေသည့် အချောင်းနှစ်ချောင်းမျိုး ဖြစ်နေသည်။ ထို့ကြောင့် အစစ်အမှန် နဂါးမွှေးနှင့်တူပြီး ထိုလူကို အဝါရောင်နဂါးတစ်ကောင်ကဲ့သို့ ခံစားရစေသည်။

ထိုအမျိုးသားတွင် ထူးဆန်းသောပုံစံမျိုးရှိနေချိန်တွင် ဝမ်ချောင်သည် တစ်ဖက်သူကို အထင်မသေးရဲသလို လှောင်လည်း မလှောင်သင့်ပါပေ။

‘အင်အားကြီးတယ်။ အရမ်းကို အင်အားကြီးတယ်’

ထိုအမျိုးသားပေါ်လာသည့် အခိုက်အတန့်တွင်ပင် ဝမ်ချောင်သည် သူ၏အရိုးက ခဲသွားသလို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှ ခေါင်းလောင်းသံများ မြည်လာသည်။ သူသည် သေရပေလိမ့်မည်။ ဒါဟာဝမ်ချောင်၏ အသိစိတ်ကပေါင်းပြီး အကဲဖြတ်ပေးသည့် အမှန်တရားဖြစ်သည်။

ဝမ်ချောင်သည်လည်း ထိုမျှအင်အားကြီးများလွန်းသောသူကို မဆုံဖူးချေ။ သူသည် ဆိတ်၊ သမင်၊ကျားအမရများကို သတ်ခဲ့သောသူဖြစ်သည်။ သို့သော် ထိုလျှို့ဝှက်ဆန်းကြယ်သော ‘အစစ်အမှန်အရှင်နဂါးဝါ’၏ အရှေ့သို့ ဝမ်ချောင်၏အသက်က အပ်ချည်မျှင်လေးဖြင့် တွဲလောင်းဆွဲထားသလို ခံစားရသည်။ သူသည်လည်း တိုက်ခိုက်လိုက်သည့် ဆန္ဒကိုပင် စုစည်း၍မရနိုင်ပေ။ အမှန်တစ်ကယ် တိုက်ခိုက်ရန်ဆိုလျှင် ပို၍ပင်ဝေးကွာသေးသည်။ သူ၏ ခန္ဓာကိုယ်မှ ဆဲလ်တိုင်းကလည်း သူသည် ထိုလူကို မနိုင်ကြောင်း ပြောနေသည်။

ဝမ်ချောင်သည် ထိုကဲ့သို့သောခံစားချက်မျိုးနှင့် ရင်းနှီးသည်။ သူ၏ မသိစိတ်မှ တုန့်ပြန်မှုက သူနှင့် ရန်သူအကြားမှ ကွာခြားချက်ကို သိသာစေနိုင်သည်။

မေးခွန်ထုတ်စရာပင်မလိုစွာပင် ထိုသူသည် သူ၏ ခွန်အားအဆင့်ကို သာလွန်လွန်းပြီး ယဉ်ပြိုင်တိုက်ခိုက်နိုင်သော သူမဟုတ်ပေ။

“ဟွန့်”

ဝမ်ချောင်၏ နားတွင် နားခေါင်းရှုံ့သံက ပေါ်လာသည်။

သူဟာ ခေါင်းမော့လိုက်သောအခါ အစစ်အမှန်အရှင်အဝါရောင်နဂါး၏ မျက်လုံးထဲတွင် ကြမ်းတမ်းသော အလင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ အစစ်အမှန်အရှင်အဝါရောင်နဂါးသည် သာယာနာပျော်ဖွယ်စကားများကို ဖလှယ်ရမည့် အခြေအနေကို လက်လျော့ပြီး အခြေအနေကို ချက်ချင်းလိုလို တိုက်ခိုက်လိုက်သည်။

ရွှေရောင်အလင်က လေထုကို ဟိန်းဟောက်ပြီးနောက်တွင် မူလအမရအရှင်နှင့် ဝမ်ချောင်ကို လွှမ်းခြုံလာသည်။ သို့သော် အစစ်အမှန် အရှင်နဂါးဝါက မတိုက်ခိုက်ခင်ကတည်းက မူလအမရအရှင်သည်လည်း သူ၏ညာဘက်လက်ကို လှုပ်လိုက်ပြီး ဝမ်ချောင်ပုခုံးပေါ်သို့ လက်ညှိုးတစ်ချောင်းကို လာတင်ပြီးသားဖြစ်သည်။

“သတိထား ဒီတိုက်ပွဲက မင်းဝင်ပါနိုင်တဲ့ တိုက်ပွဲမျိုးမဟုတ်ဘူး။ ဒီလက်က မင်းကို ကူညီနိုင်သမျှထဲက နောက်ဆုံးအရာပဲ”

မူလအမရအရှင်၏ အသံက ဝမ်ချောင်၏ စိတ်အတွင်း မိုးချိန်းသံကဲ့သို့ ကျယ်လောင်သွားပြီး တစ်ခဏခန့်ကြာပြီး နောက်တွင် ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်း ကြမ်းတမ်းသောစွမ်းအင်များက ဝင်ရောက်သွားသည်။

“စီနီယာ”

ဝမ်ချောင်သည် ထိုစကားလုံးတစ်လုံးကိုသာ ရွတ်ရသေးသည်။ သူ၏ ပတ်ဝန်းကျင်ရှိလောကကလည်း ထွက်သွားသည်။ ထို့နောက် ထိုသိပ်သည်းသော စွမ်းအားများက သူ့အား မူလအမရ နန်းတော်အပြင်ဘက်သို့ ပိုလွှတ်လိုက်သည်။ တစ်ချိန်တည်းတွင်ပင်---

ဂျိန်း

မူလအမရနန်းတော်တွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို သယ်ဆောင်ထားသည့် လောကမှ သက်ရှိဖြစ်တည်မှုတိုင်းက လွှဲပြောင်းပေး၍ရသော ကြောက်စရာကောင်းလွန်းသောစွမ်းအားများကို ပိုင်ဆိုင်ထားသည့် ပုံရိပ်နှစ်ခု တိုက်ခိုက်နေကြသည်။ ခမ်းနားကျယ်လောင်လွန်းသော ပေါက်ကွဲသံများကြားတွင် နဂိုကတခန်းတနား တည်ဆောက်ထားသော မူလအမရနန်းတော်နှင့် အကာအကွယ်လွှာ တစ်ခုလုံးက ပေါက်ကွဲသွားသည်။

အကာအကွယ်လွှာကို ကျော်ဖြတ်ရန် ကြိုးစားနေသေးသော သိုင်းပညာရှင်များကလည်း ချက်ချင်းလိုလို သုတ်သင်ခံရသည်။ တစ်ခဏခန့် ကြာပြီးနောက်တွင် နေမင်းထက် အဆတစ်သောင်းမက ခမ်းနားထည်ဝါလွန်းသော အလင်းတန်းက မရပ်တန့်နိုင်သော အရှိန်နှုန်းနှင့်အတူ အပြင်ဘက်သို့ ပေါက်ထွက်လာသည်။

အဓိကနယ်မြေကို ဝိုင်းထားသော မြူထုကလည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် လုံးဝ မရှိတော့သည်အထိ ယိုယွင်းပျောက်ကွယ်သွားလေသည်။

******

အပိုင်း(၁၅၅၀)

ခရက်

မာကျောလွန်းသော ကျောက်တံတားကြီးက လျှင်မြန်စွာ ပြိုကျပြီးနောက်တွင် မရေမတွက်နိုင်သော ကျောက်သားအပိုင်းအစများကလည်း မီးအိမ်များနှင့်အတူ ချောက်ကမ်းပါးထဲသို့ ပြုက်ကျသည်။ သူတို့နှင့်အတူ လေးလံသော ချိန်းကြိုးကြီးနှစ်ခုကလည်း ပြတ်ကျသွားသည်။

အမှတ်တကယ် အချိန်အတွင်းတွင်ပင် သိုင်းပညာရှင်များ ရပ်နေသော မြေကြီးက ရွှေရောင်အလင်း၏ဖျက်ဆီးမှုကို ခံရသည်။ အစွန်နားတွင်ရပ်နေသော သိုင်းပညာရှင်များသည် ညည်းညူချိန်၊ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ‌ချောက်ကမ်းပါးထဲသို့ ပြုက်ကျသည်။

“အားးးး”

“နေပါဦး ဘာတွေဖြစ်နေတာလဲ”

“သတိထား”

“ငါ မသေချင်သေးဘူး”

ကြမ်းတမ်းသောပေါက်ကွဲသံက သိုင်းပညာရှင်များ ရပ်နိုင်သော တစ်ခုတည်းသောနေရာကို ပြိုကျစေသည့် ခြိမ်းခြောက်မှုကို ပေးစွမ်းသည်။

“ပြေး…ပြေးတော့”

ကြောက်လန့်သွား‌သော သိုင်းပညာရှင်များက လျှောက်လမ်းဘက်သို့ လှည့်ဝင်ကာ ပြေးသည်။ သို့သော် တစ်ခဏခန့်ကြာပြီးနောက် အလင်းက တစ်ချက်လက်ပြီးနောက်တွင် ရှေးဟောင်းသင်္ကေတများ ပြည့်နေသော စည်းတံဆိပ်က သူတို့၏လမ်းကို လာပိတ်ခြင်းအားဖြင့် သိုင်းပညာရှင်တိုင်းကို လွင့်ထွက်သွားစေသည်။

အချို့သောသိုင်းပညာရှင်များ၏ အရိုးများက ကွဲကြေသွားသည်။ ကြယ်တာရာစွမ်းအင်များက ဖျက်ဆီးခံလိုက်ရကာ စည်းတံဆိပ်အတွင်းမှ ပြင်းထန်သော တန်ပြန်အားတစ်ခုဖြင့် အသက်ဆုံးရှုံးသွားကြစေသည်။

အခြားသော သိုင်းပညာရှင်များသည်လည်း ထိုကံကြမ္မာကို ရှောင်သာရှောင်နိုင်ခဲ့သည်။ သို့သော် စည်းတံဆိပ်သည် ဖျက်ဆီးခြင်းစွမ်းအင်က သူတို့၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်နေပြီး သူတို့၏သွေးကြောများအား တောမီးကဲ့သို့ လောင်ကျွမ်း တိုက်စားလေသည်။ ထိုသိုင်းပညာရှင်များသည် လောကမှ အတော်ဆုံးများထဲမှ ဖြစ်သည်။ သို့သော် ထိုစည်းတံဆိပ်၏ အရှေ့တွင်မူ သူတို့သည်လည်း အသတ်ဖြတ်ခံရန် စောင့်နေသော သိုးများထက် မပိုပါပေ။

“အဲဒီမျိုးမစစ်ပဲ”

သိုင်းပညာရှင်များသည်လည်း အဖြစ်အပျက်ကို ချက်ချင်းသိသွာသည်။ လျှို့ဝှက်ဆန်းကြယ်သော ထိုရွှေရောင်လူက ဒီလမ်းကြောင်းကို ပိတ်သည့် စည်းတံဆိပ်ကို ချပေးထားခြင်းဖြစ်ကြောင်း သံသယဝင်စရာမရှိပေ။ သူသည် အင်အားကြီးမားလွန်းသည်။ သူသည် အင်အားကြီးမားလွန်းသဖြင့် သိုင်းပညာရှင်များကပင် သူဟာ စည်းတံဆိပ်ကို မည်သို့ချသွားမှန်း မသိလိုက်ပေ။

“ဒီမျိုးမစစ်က ငါတို့အားလုံးကို သေစေချင်နေတာ!”

သိုင်းပညာရှင်တစ်ယောက်က စိတ်ပျက်အားငယ်စွာ အော်သည်။ သို့သော် ဒါဟာ သူတို့၏ စိုးရိမ်မှုတစ်ခုတည်းမဟုတ်ပေ။ အကြောင်းမူကား မီတာ၅၀မှ ၆၀နီးပါးခန့် မြင့်မားသော မြေကမ္ဘာသို့ ဆင်းသက်လာပုံရသည့် မိစ္ဆာနတ်ဆိုးကြီးတစ်ကောင်က ရှိနေသည်။ သူသည်လည်း မင်းမူလွန်းကာ ကြမ်းတမ်းသောစွမ်းအားများကို လွှတ်ထုတ်ထားပြီး လူအုပ်ဆီကို အပြေးလာနေလျက် သူ၏ကြီးမားသော အနက်ရောင်လက်သီးကြီးကိုသုံးကာ သိုင်းပညာရှင်များကို လာထိုးနေသည်။

ကြမ်းတမ်းသောဖောက်ခွဲမှု စွမ်းအားလှိုင်းကြောင့် သိုင်းပညာရှင်များက လွင့်ထွက်သွားလေသည်။ ထိုဝါးဦးထုပ်နှင့်ခေါင်းဆောင်ကို အဝါရောင်နဂါးမင်းက ပေးစွမ်းသော ဝိဉာဉ်စွမ်းအားကတစ်ဆင့် တစ်ဖက်သူအား မျှော်လင့်နိုင်စွမ်းအားကို ကျော်လွန်သည့် အတိုင်းအတာအထိ အင်အားကြီးမားသွားလေသည်။

ဗုန်းးး

ကြီးမားသော အဝါရောင်မာဖလာစစ်သည်တော်ကြီးသည် လက်သီးတစ်ဖက်ကထိုးပြီး တစ်ခြားလက်တစ်ဖက်က အနက်ရောင်မီးတောက်များ တောက်လောင်လျက် အောက်ဘက်သို့ ရောက်ရှိလာသည်။

“အားးးး”

ဝရုန်းသုန်းကား အော်သံမျာအကြားတွင် သိုင်းပညာရှင် ၁၀ယောက်ကျော်ကျော်ခန့်က လွင့်ထွက်သွားသည်။ ရပ်နေနိုင်သော နေရာက အနည်းငယ်သာလျှင်ရှိပြီး တစ်ဖက်သူကလည်း ထိုကဲ့သို့ကြမ်းတမ်းသော တိုက်ကွက်မျိုးကို လွှတ်ထုတ်နေသေးကာ အားလုံးကို အောက်ဘက်သို့ ပြုက်ကျစေသည်။

“သတိထား”

ဝမ်ချောင်၏ဆရာသခင် လူအိုကြီးမာန်သည်လည်း ထိုလူအုပ်ထဲတွင် ရှိသည်။ ထို့ကြောင့် သူသည်လည်း ရုတ်တရက် လှုပ်ရှားလိုက်ရသည်။

သူတို့ ရပ်နေသောနေရာကသာ ဖျက်ဆီးခံလိုက်ရသောအခါ လူအိုကြီးမာန်ကဲသို့သော လူမျိုးက ကိုယ့်ကိုယ်ကိုယ် ကိုင်တွယ်ရန် ခက်ခဲနေသည်။ သူသည် အနောက်ဘက်သို တုန်ယင်သွား၏။ ချောက်ကမ်းပါထဲမှ ပြင်းထန်သောစွမ်းအားကလည်း လူတိုင်းကို အောက်ထဲသို့ ဆွဲချနေသည်။

ဗုန်းးးး

မိစ္ဆာဧကရာဇ်လူအိုကြီးမာန်၏ ကြယ်တာရာစွမ်းအင်များဖြင့် ပေါက်ကွဲလာပြီးနောက်တွင် သူ၏ဒဏ္ဍာရီဝိဉာည်ပင်လယ်သိုင်းကို အဆုံးအစွန်သို့သုံးကာ ကြယ်တာရာစွမ်းအင်များကို ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စုစည်းလာပြီး လူကြီးမာန်အား အောက်ဘက်သို့ ဖြေးဖြေးချင်း ဆင်းသက်နိုင်ရန် လမ်းညွှန်ပေးလေသည်။

ခရက်

အထက်မှ ကျောက်တောင်ခန့် အရွယ်အစားခန့်ရှိသော ကျောက်တုံးကြီးတစ်တုံးက လိမ့်ဆင်းလာသည်။ လူအိုကြီးမာန်သည် ထိုကျောက်တုံးပေါ်သို့ ဖနောင့်ပေါက်လိုက်ပြီး ကျောက်တုံးက ဆင်းသက်မှုကို မြန်ဆန်သွားစေချိန်တွင် လူအိုကြီးမာန်သည်လည်း ရှင်းလင်းစွာပင် အရှိန်နှုန်းနှေးကွေးသွားလေသည်။

ယခုလိုအန္တရာယ်များသော အခြေအနေမျိုးတွင်ပင် လူအိုကြီးမာန်သည် ဆက်လက်ပြီး တည်ငြိမ်နေသေးသည်။

ဘမ်းးး

ကြယ်တာရာစွမ်းအင်က ပေါက်ထွက်လာပြီးနောက်တွင် လူအိုကြီးမာန်က အင်္ကျီလက်ကို ယမ်းလိုက်သည်။ ထိုကြယ်တာရာစွမ်းအင်က အထက်မှ ဝူရှန်းရွာသူကြီးထံသို့ သွားပြီး ဆင်းသက်မှုကို နှေးကွေးသွားစေ၍ အသက်ရှုချောင်ချိန် ရသွားစေသည်။

ထိုအကူအညီကြောင့် ဝူရှန်းရွာသူကြီးသည်လည်း သူ၏ကြယ်တာရာစွမ်းအင်များကို လှည့်ပတ်၍ကျောက်တုံးတစ်ခုပေါ်တွင် နင်းတက်လိုက်နိုင်သည်။ ထိုသို့ဖြင့် ယာယီအားဖြင့် ချောက်ကမ်းပါးထဲသို့ လျှင်မြန်စွာပြုက်ကျမည့် ကံကြမ္မာမှ ကယ်တင်လိုက်နိုင်သည်။

စုန့်ယွမ်ယွီ၊ရှန့်ကွမ်းထင် ယင်နက်ဘိုးဘေး၊ ဒဏ္ဍာရီလာတစ္ဆေဘိုးဘေးနှင့် အခြားသောသူများသည် အလားတူသိုင်းများကိုသုံးကာ ရုတ်တရက် ကပ်ဘေးကို ရင်ဆိုင်လိုက်ရသည်။

ဝုန်း

ဝီ…

အားလုံးက အောက်ဘက်သို့ ပြုက်ကျသွားချိန်တွင် နောက်ထပ်ပုံရိပ်တစ်ခုကလည်း အလင်းတစ်ချက်လက်လျက် ပါဝင်လာသည်။

“ဒါက ဘယ်လိုဖြစ်တာလဲ”

ပတ်ဝန်းကျင်မှ မြင်ကွင်းနှင့် ပြုက်ကျလာသော ကျောက်သားများ ပြင်းထန်သော ချောက်ကမ်းပါး၏ ဆွဲစုပ်မှုကိုမြင်သောအခါ ဝမ်ချောင်သည်ပင် အလန့်တကြား ဖြစ်သွားသည်။ သူသည် အပြင်ဘက်တွင် တစ်စုံတစ်ရာဖြစ်နေမှန်း သိသည်။ သို့သော် ယခုလောက်အထိ ဆိုးနေလိမ့်မည်ဟု မထင်ထားပေ။

အဓိကနယ်မြေမှ မြင်ကွင်းက ကြီးမားသည့်ဖျက်ဆီးမှုဟုပင် ဖော်ပြရတော့ပေမည်။ သို့သော် သူတွင်လည်း တွေးတောရန် အချိန်အများကြီး မရှိပေ။ ချောက်ကမ်းပါးမှဆွဲအားက ဝမ်ချောင့်ကိုလည်း အခြားသောသူများနည်းတူ အောက်ဘက်သို့ ဆွဲချနေသည်။

သို့သော် ဝမ်ချောင်ကလျှင်မြန်စွာ တုံ့ပြန်နိုင်လိုက်လေသည်။

ဂျိမ်းးး

သူမြောက်မြားလှစွာသော ကြယ်တာရာစွမ်းအင်မုန်တိုင်းက ပတ်ဝန်းကျင်တစ်ခုလုံးအနှံ့ လှည့်လည်လိုက်သည်။

‘မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်း’

ဝမ်ချောင်က ထိုသိုင်းကို တုံ့ဆိုင်းမနေဘဲ ထုတ်သုံးလိုက်သည်။ ရှင်းလင်းသောနယ်မြေတွင် ကိုင်စရာမရှိပေ။ သို့သော် မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းကမူ အောက်ဘက်သို့ ထိုးကျသည့်အရှိန်နှုန်းကို နှေးသွားစေသည်။

“လူငယ်ခေါင်းဆောင်”

ဝမ်ချောင်သည် သူ၏အောက်ဘက် ပေ၁၀၀ခန့်အကွာတွင် သူ့ကို သတိထားမိသောပုံရိပ်တစ်ခု၏ မျက်နှာက ဖျော့တော့သွားမှန်း သတိမထားမိပေ။

“စိတ်မပူနဲ့”

မူလအမရရွာသူကြီးက လေချွန်လိုက်သည်။

ရွှီး… ဝှစ်

မြေပြင်အထက်မီတာရာပေါင်းများစွာအကွာမှ ငွေဖြူရောင်ပင့်ကူတစ်ကောင်၏ ပင့်ကူတစ်မျှင်က အောက်ဘက်သို့ ဆင်းသက်လာသည်။ ထိုပင့်ကူမျှင်သည် နေရာကြီးတစ်ခုလုံးကို ဖြတ်သန်းသွားသည်။ သို့သော် ထိုပင့်ကူမျှင်က ဆံချည်မျှင်တစ်မျှ ပါးလျလွန်းသော်လည်း ထက်ရှလွန်းသော လက်နက်များကိုပင် ဖြတ်တောက်နိုင်လောက်အောင် ထက်ရှသည်။

ထိုပင့်ကူမျှင်က သူတို့ကို ဖြတ်သန်းသွားသောအခါ သိုင်းပညာရှင်များ၏မျက်နှာက ဖြူဖျော့သွားသည်။ သို့သော် မူလအမရရွာသူကြီးကမူ ဂရုစိုက်ပုံမရပေ။ သူမက ကျောက်တုံးတစ်ခုပေါ်သို့ တက်နင်းပြီးသည်နှင့် ကြောင်တစ်ကောင်ကဲ့သို့ ခုန်တက်လိုက်သည်။ ထိုသို့ခုန်ပြီးသည်နှင့် သူမ၏လက်ပေါ်တွင် အနက်ရောင် လက်အိတ်တစ်စုံကို ကောက်ထုတ်ကာ ဝတ်လိုက်သည်။ ထိုပင့်ကူမျှင်ကို လှမ်းဖမ်းပြီးသည်နှင့် ပင့်ကူမျှင်ကတစ်ဆင့် ကျောက်နံရံပေါ်သို့ တက်သည်။

ဘမ်းးးး

သူမက လက်ဝါးတစ်ချက်ရိုက်ပြီး ထိုကျောက်သားကို ကွဲကြေသွားစေလောက်ချိန်တွင် ထိုကျောက်သားပေါ်တွင် မူလအမရသင်္ကေတကို သေးငယ်သောကြေးနီရောင် အတုံးတစ်တုံးဖြင့် ထွင်းထုလိုက်သည်။ ထို့နောက် အတွင်းဘက်သို့ ရိုက်ချလိုက်၏။

ခရက်

ကျောက်သားနံရံထဲမှ စက်ကြီးက တစ်ဝုန်းဝုန်းမြည်သံနှင့်အတူ လည်ထွက်သွားလေပြီး ချောက်ကမ်းပါးအလယ်အတွင်း မိုးကြိုးမုန်တိုင်းအလား ကျယ်လောင်လွန်းသော အသံကြီးကို ထွက်ပေါ်လာစေသည်။ ထို့နောက် ကြီးမားလွန်းသော စက်ကြီးတစ်ခုက စတင်ကာ လည်ပတ်သည်။

ခရက် ဂျစ်

မယုံနိုင်စရာကောင်းသော အရာတစ်ခုက ဖြစ်လာသည်။ ထို့နောက် ကျောက်သားနံရံက ကွဲကြေသွားပြီးနောက်တွင် ထိုကျောက်သားထဲမှနေ၍ ကြီးမားသောကြေးနီရောင် ကျောက်သားတုံးများက စတင်ကာထွက်လာသည်။ ကျောက်တုံး ၁တုံး ၂တုံး ၃တုံး… ၄တုံး…

‘ထိပ်ဆုံးမှအပေါ်ဆုံးသို့ ဘယ်မှညာ’

ထိုသို့ဖြင့် ကျောက်သားတုံးများ မျိုးစုံအရွယ်အစားရှိသော ကျောက်သားတုံးများက ထိုကျောက်နံရံတွင် တစ်လွှာပြီးတစ်လွှာပေါ်လာကာ အဓိကနယ်မြေတစ်ခုလုံးအနှုံ ပြန့်သွားသည်။

အဝေးမှ ကြည့်ရှုမည်ဆိုပါကာ ချောက်ကမ်းပါးအတွင်းမှ ထိုကျောက်တုံးများက ခမ်းနားသောမြင်ကွင်းမျိုးအဖြစ် မြင်ရမည်ဖြစ်သည်။ အားလုံးကလည်း အောက်ဘက်သို့ ထိုးကျနေသည်။ သို့သော် ထိုကျောက်နံရံများကမူ အရေးကြီးသော အသက်ကယ်အဆောင်ကဲ့သို့ ဖြစ်နေသည်။

“ဘာတွေဖြစ်နေတာလဲ!”

“မေ့လိုက်တော့ ကိုင်ထားလိုက်!”

သိုင်းပညာရှင်တစ်ယောက်က လက်တံရှည်သော မျောက်လွှဲကျော်ကြီးကဲ့သို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျောက်သားတုံးတစ်ခုကို လှမ်းကိုင်သည်။

ဗုန်းးး

အထက်မှ ကျောက်တုံးကြီးတစ်တုံးက ပြုက်ကျလာကာထိုကျောက်တုံးကို ထိမှန်သည်။ ထိုသို့ဖြင့် ထိုကျောက်တုံးကို တုန်ခါသွားစေပြီးနောက်တွင် သိုင်းပညာရှင်ကိုလည်း ချွေးစေးများ ပြန်သွားစေသည်။ သို့သော် သူသည် ကံကောင်းသွားသည်ဟု ခံစားနေရသည်။

အခြားသော သိုင်းပညာရှင်များသည်လည်း အမျိုးမျိုးသော သိုင်းများကိုထုတ်သုံးပြီး ထိုကျောက်တုံးများပေါ်သို့ ခုန်တက်လိုက်ကြသည်။

မူလအမရရွာသူကြီးသည် ထိုအဖြစ်အပျက်ကို ဂရုမစိုက်ပေ။ သူမ၏တောက်ပသော မျက်ဝန်းက အထက်ဘက်သို့သာ ကြည့်နေသည်။ အထူးသဖြင့် ဝမ်ချောင်၏လက်သည်းတမျှ သေးငယ်သော အရွယ်အစားကိုသာ အာရုံစိုက်ထားသည်။

ဗုန်းးးး

ဝမ်ချောင်သည် မီတာရာကျော်ခန့်အထိ ဆင်းသက်လာပြီးနောက်တွင် မူလအမရရွာသူကြီးက သူ့မ၏လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး သူမ၏ ကြယ်တာရာစွမ်းအင်များကို ထုတ်လွှတ်ကာ လက်ဖဝါးခန့်အရွယ်အစားရှိသော သံလိုက်အိမ်မြောင်တုံးတစ်ခုကို နံရံထဲသို့ကပ်လိုက်သည်။

ထို့နောက် ကျယ်လောင်သောအသံက ထွက်ပေါ်လာပြီးနောက်တွင် ကျောက်တုံးကျောက်သားများအတွင်းမှ ကြီးမားသော ကြေးနီရောင် အပြားကြီးတစ်ပြားက ထွက်လာပြီး ဝမ်ချောင်၏အောက်ဘက်တွင် ကွက်တိ ပေါ်လာသည်။ ထိုရုတ်တရက် အပြားပေါ်လာခြင်းက ဝမ်ချောင့်ကို မှင်သက်သွားစေသည်။

“ လူငယ်ခေါင်းဆောင် မြန်မြန်လေး!”

မူလအမရရွာသူကြီးက စိုးရိမ်တကြီး အော်သည်။ ဝမ်ချောင်သည်လည်း ပြင်းထန်သောအားကို ချက်ချင်းလိုလို ဆွဲထုတ်၍ ထိုကျောက်ပြားကို လှမ်းကိုင်ရင်း နံရံဘက်သို့ သွားလိုက်သည်။

ဗုန်းးးး

ထိုကျောက်ပြားက ဖုန်များကို ပေါက်ကွဲသွားစေလျက် ပြင်းထန်သော ကျောက်နံရံဘက်သို့ ဝင်တိုက်သည်။ ထိုအခိုက်အတန့်တွင်ပင် ဝမ်ချောင်ဟာ လေထဲသို့ ခုန်တက်ကာပျံသန်းရင်း တည်ငြိမ်စွာ ရပ်လိုက်နိုင်သည်။

ဂျိမ်းးး

သို့သော် သူကပင် အသက်ရှုမချောင်သေးခင် အချိန်တွင်ပင် အထက်မှ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်လာပြန်သည်။ ဝမ်ချောင်က အလန့်တကြား မော့ကြည့်လိုက်သည်။ အားလုံး၏အထက် မီတာ၃ထောင်၊ ၄ထောင်ခန့်အကွာတွင် တောက်ပလွန်းသောနေမင်းကြီးက မျောလွင့်နေသည်။ ထိုနေမင်းအတွင်းတွင် ခြောက်ခြားဖွယ်ကောင်းလွန်းသော စွမ်းအင်နှစ်ခုက ကြမ်းတမ်းသောတိုက်ပွဲကို ရင်ဆိုင်နေကြကာ အောက်ဘက်တွင် ကြမ်းတမ်းသောလေများကို ဟိန်းဟောက်နေစေသည်။

သိုင်းပညာရှင်တိုင်းက အပေါ်ဘက်သို့ အလန့်တကြား မော့ကြည့်လာသည်။

“မူလအမရအရှင် အဲဒီပစ္စည်းကို ငါ့လက်ကိုအပ်။ ဒါဆိုရင် ငါမင်းရဲ့အသက်ကို ချမ်းသာပေးမယ်”

တောက်ပသောနေမင်းထဲမှ အေးစက်ကာ ထောင်လွှားလွန်းသော အသံက ထွက်လာသည်။ ထိုအသံကပင် လူတိုင်းကိုအရိုးစိမ့်မတတ် ကြောက်ရွံ့သွားစေလေသည်။

******

All Chapters