← Chapters

အခန်း (၁၅၈၁-၁၅၈၅)

Vol. 95 Ch. 1581-1585

အခန်း (၁၅၈၁-၁၅၈၅)

Vol. 95 Ch. 1581-1585

အခန်း ၁၅၈၁ အရိပ်ထဲက အကြံအစည်သမား

“ဟူလူမျိုးတွေ စုဝေးလာကြပြီလား... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...”

“ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့တွေ... ဒါ ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့တွေကြောင့်ပဲ...”

“အရှင်ကျန့်ချိုး ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး... ဒီဘေးဒုက္ခကို ခင်ဗျားကိုယ်တိုင်သာ ဖြစ်စေခဲ့တာပါ...”

အားလုံးက ကျန့်ချိုးကျုံးကို စူးစိုက်ကြည့်လိုက်ကြပြီး သူက အားလုံး၏ တိုက်ခိုက်မှုပစ်မှတ် ဖြစ်လာပြန်သည်။

“ကျန့်ချိုးကျုံး မင်းလုပ်ခဲ့တဲ့လုပ်ရပ်ကို ကြည့်စမ်းပါဦး...”

ပထမမင်းသားက မျက်နှာဖြူဖျော့သွားပြီး ကျန့်ချိုးကျုံးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ မဟာထန်မင်းဆက်၏ ရာစုနှစ်သုံးစုစာသမိုင်းတွင် ထိုကဲ့သို့ဖြစ်ရပ်မျိုး တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးပေ။ ဟူလူမျိုးများက ဧကရာဇ်နန်းတော်၏ တံခါးဝများကို ပိတ်ဆို့ထားကြ၏။

ပထမမင်းသားသည် ယခင်ကသာဆိုလျှင် တွေးတောခြင်းမရှိဘဲ သူတို့အား ချက်ချင်း မောင်းထုတ်လိုက်ပြီး ဖြစ်၏။ သို့သော် ယခုအခါ အနေအထားမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ နိုင်ငံရေးတွင် အသေးအဖွဲဟူ၍ မရှိတော့ချေ။ အကယ်၍ ထိုကိစ္စကို မတော်မတရား ကိုင်တွယ်လိုက်ပါက မဟာထန်မင်းဆက်က ယခင်လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက်များအားလုံးကို ပျက်စီးသွားစေနိုင်သည်။ မဟာထန်မင်းဆက်က လေးဘက်လေးတန်မှ စစ်ပွဲများကို ရင်ဆိုင်ရနိုင်သည်။ မင်းမျိုးဆက်ခံသူအနေနှင့် ပထမမင်းသားက ထိုကဲ့သို့ ဖြစ်ပျက်မှုကို လုံးဝ ခွင့်မပြုနိုင်ပေ။

ကျန့်ချိုးကျုံး၏ နှလုံးသားက အောက်ဆုံးသို့ တစ်စစီကျဆင်းသွားပြီး မျက်နှာမှာလည်း ဖြူဖျော့သွားခဲ့သည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...”

ပြဿနာက လာပြီဆိုလျှင် အုံနှင့်ကျင်းနှင့် ဆိုသည့်အတိုင်းပင် ဖြစ်သည်။ ကျန့်ချိုးကျုံးပင်လျှင် ပြည်သူ့စည်းကမ်းရုံး ကိစ္စအပေါ် ထပ်ပြီး ဟူလူမျိုးများက ဒုက္ခပေးရန် ရောက်လာလိမ့်မည်ဟု စိတ်ကူးပင် မရှိခဲ့မိပေ။ ထို့ပြင် အချိန်ကိုက်ကြည့်ရင်း ထိုအရာက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။

ထိုအချိန်တွင် ဧကရာဇ်နန်းတော်၏ တံခါးဝများရှေ့တွင် လူအုပ်ကြီးတစ်ခု ဆူညံစွာ စုဝေးနေသည်။ ထိုင်နေသူများ၊ မတ်တပ်ရပ်နေသူများဖြင့် ထိုလူများက နန်းတော်တံခါးဝများကို လုံးဝပိတ်ဆို့ထားကြသည်။ ထိုထက်ပို၍ အရေးကြီးသည်မှာ ထိုလူများမှာ မျိုးစုံဖြစ်နေကြခြင်းပင်။

တာ့ခ်လူမျိုး၊ ကျန်ကျုတ်လူမျိုး၊ ဂိုဂူလျောလူမျိုး၊ ချာရာစီနီးယန်းလူမျိုး၊ အာရေးဗီးယားလူမျိုး၊ မန့်ရွှေကျောင်းလူမျိုးများလည်း ပါဝင်သည်။ သို့သော် ထိုလူအုပ်ကြီးထဲတွင် ဟန်လူမျိုးတစ်ယောက်မှ မရှိချေ။

“ဟူလူမျိုးတွေကို လွှတ်ပေးစမ်းပါ...”

“ကျန့်ချိုးကျုံးကို အပြစ်ပေးပြီး ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့တွေကို ဖျက်သိမ်းလိုက်ပါ...”

“မဟာထန်က ဟူလူမျိုးတွေကို မလွှတ်ပေးသရွေ့ ငါတို့ ဒီကနေ မထွက်သွားဘူး...”

“ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့တွေကို ကျန့်ချိုးကျုံးနဲ့ မျိုးနွယ်ခြားဘုရင်က ဖွဲ့စည်းခဲ့တာပဲ... မျိုးနွယ်ခြားဘုရင်ကို အပြစ်ပေးစမ်းပါ...”

“မျိုးနွယ်ခြားဘုရင်က လူသတ်ဖို့ပဲ စိတ်ထဲရှိတယ်... မဟာထန်နဲ့ တခြားနိုင်ငံတွေကြား ငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့ ရာဇဝတ်သားတစ်ယောက်ပဲ... အားလုံးက ဒါကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြပြီးပြီ...”

ဟူလူမျိုးများက ကျွမ်းကျင်စွာ လေ့ကျင့်ထားသော ထန်ဘာသာစကားဖြင့် ဆောင်ပုဒ်များကို အော်ဟစ်နေကြသည်။ သူတို့၏ မျက်နှာများနှင့် နားရွက်များမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး သူတို့၏ အော်ဟစ်သံများမှာ ကောင်းကင်ထိ ရောက်လျက်ရှိသည်။ ဧကရာဇ်နန်းတော်တံခါးဝများရှေ့တွင် လူသောင်းနှင့်ချီပြီး တညီတညွတ်တည်း အော်ဟစ်နေကြသည်မှာ တကယ်ကို ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

ဆူညံသံကြောင့် လူထုအုပ်စုများသည် စိတ်ဝင်စားလာကြပြီး အစွန်းတွင် ဝိုင်းကြည့်နေကြသည်။ မြို့တော်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သူများကပင်လျှင် ထိုကဲ့သို့ဖြစ်ရပ်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

ဟူလူမျိုးများ ဆန္ဒပြအော်ဟစ်နေစဉ် ဟူလူမျိုးတစ်ဦးက ရွှီချီးချင်ထံသို့ လှမ်းကြည့်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အရှင် ကျွန်တော်တို့ အောင်မြင်ပါပြီ... ဧကရာဇ်နန်းတော်ရှေ့မှာ လူပေါင်းလေးသောင်းကျော်စုဝေးနေကြပြီး မြို့တော်ထဲမှာ နေထိုင်တဲ့ ဟူလူမျိုးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ပါပဲ... လာနိုင်သမျှအားလုံး ရောက်လာကြပါပြီ... အဲဒါအပြင် မဟာထန်ရဲ့ ပြည်နယ်နဲ့ ခရိုင်တွေက ကျွန်တော်တို့ရဲ့ လူတွေအားလုံးကို မြို့တော်ထဲမှာစုဝေးဖို့ အမိန့်ပေးထားပါတယ်... နောက်ရက်အနည်းငယ်အတွင်းမှာ လူပိုများလာပါလိမ့်မယ်...”

“ဟမ်း... သိပ်ကောင်းတယ်...”

ရွှီချီးချင်က ဝိုင်းကြည့်နေသော လူထုအုပ်စုကြီးနှင့် တံခါးပေါ်တွင် ရပ်နေသော ဧကရာဇ်စစ်တပ်သားများကို လှမ်းကြည့်လိုက်သည်။ သူ့အား သတိပြုမိသူ အနည်းငယ်သာရှိသော်လည်း သူ၏နှုတ်ခမ်းထောင့်တွင် အငွေ့ တလူလူဖြင့် အပြုံးတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။

“မနက်ခင်းတရားရုံးအစည်းအဝေးက မပြီးသေးဘူး... ပထမမင်းသားက ဒါကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ကြတာပေါ့...” ရွှီချီးချင်က မထီမဲ့မြင်ပြုဟန်ဖြင့် ပြောလိုက်သည်။ သူ့မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ဖြင့် တောက်ပနေသည်။

“ဒါပေမဲ့ အရှင် ဒီလိုလုပ်တာ တကယ်ပဲ အဆင်ပြေပါ့မလား... ဒါက မဟာထန်ရဲ့ ဧကရာဇ်နန်းတော်ပဲလေ... ကျွန်တော့စိတ်ထဲမှာ မသက်မသာ ခံစားနေရတယ်... မျိုးနွယ်ခြားဘုရင်ဆိုတဲ့သူက ကျွန်တော်တို့ကို တစ်ခုခုကြံစည်နေတာမဟုတ်လား...”

အာရေးဗီးယားလူမျိုးတစ်ဦးက ထိတ်လန့်စွာ ပြောလိုက်သည်။ အာရေးဗီးယားလူမျိုးများက ဝမ်ချောင်ကို အကြောက်ဆုံး ဖြစ်သည်။ ယခုအချိန်ထိတိုင် ယူဖရေးတီးမြစ်အနောက်ဘက်တွင် သေဆုံးခဲ့သော အာရေးဗီးယားစစ်သားသိန်းချီနီးပါး၏ ရုပ်အလောင်းများကို အားလုံးသင်္ဂြိုဟ်မှုပင် မပြီးစီးသေးပေ။ ပျံဝဲနေသော လင်းတငှက်များက ကောင်းကင်ပေါ်မှ အကြိမ်ကြိမ်ဆင်းလာပြီး ပွင့်ထွက်နေသော အူများနှင့် အသားများကို ကိုက်စားနေသည့် မြင်ကွင်းများက လူ့စိတ်ကို ခြောက်ခြားသွားခဲ့စေသည်။

အာရေးဗီးယားလူမျိုးများက အမြဲတမ်း မိမိကိုယ်ကိုယ် မြင့်မြတ်သူများဟု သတ်မှတ်ထားပြီး အာရဗီဘာသာစကားကို ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံးဘာသာစကားအဖြစ် ယူဆကာ တခြားနိုင်ငံများ၏ ဘာသာစကားနှင့် စကားလုံးများကို သင်ယူရန် မထီမဲ့မြင် ပြုခဲ့ကြသည်။ ယခင်က သူတို့၏ ရည်မှန်းချက်မှာ ကမ္ဘာကို သိမ်းပိုက်ရန်၊ ကုန်းမြေကို သိမ်းပိုက်ရန်နှင့် လူတိုင်းကို အာရဗီဘာသာစကားသင်ယူစေရန် ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ အာရေးဗီးယားလူမျိုးများထဲတွင် အမိုက်မဲဆုံးနှင့် မာနအကြီးဆုံး သူများပင်လျှင် ‘ဝမ်ချောင်’ ဆိုသည့် စကားလုံးကို သိရှိထားကြသည်။ သူတို့က ထန်စကားလုံးများထဲမှ ထိုစကားလုံးနှစ်လုံးကိုပင် အလွတ်ရနေကြပြီဖြစ်သည်။

ထို့ပြင် မဟာထန်မင်းဆက်က နိုင်ငံအသီးသီးတွင် ဖွင့်လှစ်ထားသော ကျောင်းများတွင် အာရေးဗီးယားလူမျိုးများသည် ထန်ဘာသာစကားကို သင်ယူရန် ဆန္ဒအပြင်းပြဆုံးဖြစ်သည်။ ထိုအချက်များ၏ အဓိက အကြောင်းအရင်းမှာ ခိုရာစန်းနှင့် တာလာ့တိုက်ပွဲများပင် ဖြစ်သည်။ အာရေးဗီးယားလူမျိုးအားလုံးက မျိုးနွယ်ခြားဘုရင်ကို အရိုးထဲထိ ကြောက်ရွံ့ထိတ်လန့်နေကြသည်။ အာရေးဗီးယားဧကရာဇ်ပင်လျှင် ထိုအချက်ကို ဝန်ခံရလောက်အောင် ဖြစ်နေသည်။

“ဟိတ် စိတ်အေးအေးထားပါ... ဒီမှာ လူမျိုးခြားနိုင်ငံသား လေးသောင်းကျော်စုဝေးနေတာ... မဟာထန်က သူတို့အားလုံးကို သတ်ပစ်လောက်အောင်တော့ ရဲတင်းမယ်မထင်ဘူး...ပြီးတော့ ဟား... ဟား... ဟား... ငါတို့က ကျန့်ချိုးကျုံးတစ်ယောက်တည်းကိုပဲ ထိပ်တိုက်ရင်ဆိုင်နေတယ်လို့ မင်းက တကယ်ထင်နေတာလား...” ရွှီချီးချင်က ခေါင်းယမ်းလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ဒါဆို အရှင်ဆိုလိုတာက…”

တခြားနိုင်ငံများမှ သူလျှိုခေါင်းဆောင်များက သူ့ကို လှမ်းကြည့်လိုက်ကြသည်။

“ကျန့်ချိုးကျုံးကို ဖယ်ရှားဖို့ လိုအပ်တာပေါ့... ဒါပေမဲ့ ပိုအရေးကြီးတဲ့ ပစ်မှတ်ကတော့ မျိုးနွယ်ခြားဘုရင်ပဲ... သူ့ရဲ့ စစ်ရေးဗျူဟာကျွမ်းကျင်မှုက မင်းတို့အားလုံး သိထားပြီးသားဖြစ်မယ်လို့ ငါထင်တယ်... သူရှိနေသရွေ့ ငါတို့ရဲ့နိုင်ငံတွေက နောက်ကျောမှာ ဓားရှိနေသလို ဖြစ်နေပြီး ဘယ်တော့မှ စိတ်အေးချမ်းသာမှာ မဟုတ်ဘူး... ငါတို့က နန်းတော်တံခါးဝတွေကို ပိတ်ဆို့ထားတာက နန်းတော်ထဲက အဲဒီလူသားနဲ့ အရာရှိအားလုံးကို မြင်စေဖို့ မျိုးနွယ်ခြားဘုရင်ကို ဖိအားပေးဖို့ပဲ...”

“သစ်တောထဲက ထူးခြားထင်ရှားတဲ့ သစ်ပင်တစ်ပင်က လေကြောင့် လဲကျမှာသေချာတယ်... စစ်မြေပြင်မှာ သူ့ကို ဖယ်ရှားလို့မရဘူးဆိုရင် မဟာထန်ရဲ့ အတွင်းရေးပဋိပက္ခတွေကို အသုံးပြုပြီး သူ့ကို သတ်ပစ်ဖို့ကြိုးစားမယ်... အနည်းဆုံးတော့ သူ့ရဲ့ဂုဏ်ပုဒ်တွေကိုဖယ်ရှားပြီး သူဘယ်တော့မှ စစ်တပ်ကို ဦးဆောင်လို့မရအောင် လုပ်ရမယ်... အခုလုပ်ရမှာက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တတ်နိုင်သမျှ ဆူညံအောင်လုပ်ဖို့ပဲ... ဒါဆိုရင် သူ့ရဲ့ရန်သူတွေက တရားရုံးမှာ ငါတို့အတွက် ညစ်ပတ်တဲ့အလုပ်တွေကို လုပ်ပေးလိမ့်မယ်...”

ရွှီချီးချင်က သူ့လူများအားလုံးကို မျက်လုံးထဲ၌ ထိုးဖောက်မြင်နိုင်အောင် နက်နက်နဲနဲ ပြောပြနေခဲ့သည်။

တရားရုံးအစည်းအဝေးမှသည် ဆန္ဒပြမှုအဆုံး အားလုံးက သူ၏အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဝိုင်းကြည့်နေသော လူထုများလည်း ထိုအစီအစဉ်ထဲတွင် ပါဝင်ကြသည်။ သူက တတ်နိုင်သမျှ လူများများကို ဝိုင်းကြည့်စေလိုခဲ့သည်။ ယခုအခါ သူလိုချင်သည်မှာ မဟာထန်တစ်ခုလုံးနှင့် ကမ္ဘာကြီးတစ်ခုလုံးက ထိုနေရာကို အာရုံစိုက်ကြည့်ရှုစေလိုခြင်းပင် ဖြစ်သည်။ အကယ်၍ သူသာ လုံလောက်အောင် ဆူညံမှုဖြစ်စေနိုင်ခဲ့လျှင် ကျန့်ချိုးကျုံးနှင့် ဝမ်ချောင်နှစ်ဦးစလုံးကို ဖမ်းဆီးနိုင်မည်ဖြစ်သည်။ ဤသည်မှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို ပစ်လိုက်နိုင်မည် ဖြစ်သည်။

သူ၏လိမ္မာပါးနပ်မှုကြောင့်ပင် မျိုးနွယ်ခြားဘုရင်က သူ့၏သားကောင် ဖြစ်စေခဲ့သည်။

ကျန့်ချိုးကျုံးနှင့် ပတ်သက်လျှင် ထိုသူက အနောက်တောင်ပိုင်းတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး တိဘက်လူမျိုးများစွာကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ အင်ပါယာ၏ ကျားဖြူဟူသည့် ဂုဏ်ပုဒ်က တိဘက်လူမျိုး၏ ရုပ်အလောင်းပုံများထဲမှ တည်ဆောက်ထားခြင်း ဖြစ်သည်။

အကယ်၍ သူသည် ကျန့်ချိုးကျုံးကို သတ်ဖြတ်နိုင်ခြင်း မရှိခဲ့လျှင်တောင်မှ ထန်လူမျိုးများကို အသုံးပြုပြီး သူ့ကို နိုင်ငံရေးအာဏာမှ ထာဝရဖယ်ရှားနိုင်ခဲ့လျှင် အနောက်တောင်ပိုင်းတွင် ဆုံးရှုံးခဲ့ရသော တိဘက်စစ်သည်များ၏ အသက်များအတွက် လက်စားချေနိုင်မည်ဖြစ်သည်။ ထိုအတွေးများက သူ့စိတ်ထဲတွင် ဖြတ်သန်းသွားပြီး ရွှီချီးချင်က အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုကို ပြလိုက်သည်။

ဟူလူမျိုးများထံ သတင်းရောက်ရှိလာသည်နှင့်အမျှ လူပိုမိုများပြားလာကြပြီး သူတို့၏ ဆန္ဒပြအော်ဟစ်သံများမှာ ပို၍ပို၍ ကျယ်လောင်လာသည်။ အားလုံးက သူ့ အစီအစဉ်အတိုင်း ဖြစ်ပေါ်နေသည်။

“အရှင် မကောင်းတော့ပါဘူး…”

ထိုအတောအတွင်း မြို့အနောက်ပိုင်းရှိ ဝမ်မိသားစုအိမ်တော်တွင် ကျန်ချီးက ဝမ်ချောင်၏ စာကြည့်ခန်းထဲသို့ အပြေးအလွှား ဝင်ရောက်လာပြီး သူ့မျက်နှာတစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေသည်။

“အရှင် ဟူလူမျိုးတွေ ဧကရာဇ်နန်းတော်တံခါးဝမှာ ဆန္ဒပြဖိအားပေးဖို့ စုဝေးနေတယ်ဆိုတဲ့သတင်း ရလာပါတယ်... နိုင်ငံအသီးသီးရဲ့ သံရုံးတွေအနီးမှာထားထားတဲ့ ကျွန်တော်တို့ရဲ့ သူလျှိုတွေကလည်း ဧကရာဇ်မြို့တော်ထဲကို စာပို့ခိုငှက်တွေ ပျံဝင်နေတာကို သတိပြုမိပါတယ်...။ နိုင်ငံအသီးသီးက စေလွှတ်ထားတဲ့ သံတမန်တွေက ဧကရာဇ်တရားရုံးကို ဖိအားပေးဖို့ ဆုံးဖြတ်ထားကြပြီထင်တယ်... အဲဒါအပြင် ဆရာကြီးကလည်း နိုင်ငံအသီးသီးရဲ့ မင်းသားမင်းသမီးတွေအားလုံးကို ဧကရာဇ်နန်းတော်တံခါးဝဆီ ဦးတည်လာနေကြတယ်လို့ သတင်းပို့ထားပါတယ်... အနေအထားက ပိုပိုဆိုးလာပြီ... အဲဒါအပြင် ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့တွေအားလုံးက အနေအထားကို စောင့်ကြည့်နေကြပြီး အားလုံးက စိတ်မသက်မသာ ဖြစ်နေကြပါတယ်...”

ကျန်ချီး၏ ဆံပင်များမှာ ချွေးများဖြင့် ရွှဲစိုနေပြီး သူပြောနေရင်း နှုတ်ခမ်းများမှာ တုန်ယင်နေသည်။

သူတို့၏အရှင်က တရားရုံးတွင် မရှိသည့်အပြင် အကြံပေးအမတ်ရာထူးကိုလည်း မကြာမီကပင် ဖယ်ရှားခံခဲ့ရသည်။ ထိုက်ဟယ်နန်းဆောင်ထဲတွင် အရာရှိအားလုံးနီးပါးကို လီစီယီနှင့် ကွန်ဖြူးရှပ်ဂိုဏ်း၏ ထောက်ခံသူများဖြင့် အစားထိုးခံထားရသည်။ အဆိုးဆုံးကတော့ ဝမ်ချောင်က အမြဲတမ်း အကြီးမြတ်ဆုံး လေးစားမှုပေးထားသည့် ဧကရာဇ်ပင်လျှင် နန်းတော်အတွင်း အနားယူနေပြီ ဖြစ်သည်။ တရားရုံးနှင့်ပတ်သက်သော အရာအားလုံးနီးပါးကို ဝမ်ချောင်၏ ရန်သူတစ်ဦးဖြစ်သည့် ပထမမင်းသားက ဆုံးဖြတ်နေသည်။ ဟူလူမျိုးများက နောက်ကွယ်မှ တွန်းအားပေးနေသည်နှင့်အတူ ဝမ်ချောင်၏ အနေအထားက ပိုမိုဆိုးရွားလာသည်။

“ငါ သိပြီ...”

ကျန်ချီးက စိုးရိမ်ထိတ်လန့်မှုဖြင့် လောင်ကျွမ်းနေချိန်တွင် တည်ငြိမ်အေးချမ်းသော အသံတစ်ခုက အခန်းတစ်ခုထဲတွင် ပဲ့တင်ထပ်လျက် သူ၏ စိုးရိမ်မှုများကို နူးညံ့သော မိုးစက်များကဲ့သို့ ငြှိမ်းသတ်လိုက်သည်။

“အရှင်...”

ကျန်ချီးက ဝမ်ချောင်ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။ သူ၏အရှင်က အနည်းဆုံးတော့ စိုးရိမ်မှုတစ်စုံတစ်ရာ ပြသလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဝမ်ချောင်၏မျက်နှာက ထိုအရာအားလုံးသည် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်ပေါ်နေသည်ဟု ဖော်ပြသည့်အလား ဖြစ်နေသည်။

“အံ့ဩစရာမရှိပါဘူး... ငါထွက်သွားတာ တစ်လကျော်ပဲရှိသေးတယ်... ဒါပေမဲ့ လမ်းတွေထဲမှာ ဟူလူမျိုးတွေနဲ့ ပြည့်နေပြီ... ဒါတွေအားလုံးက လီစီယီနဲ့ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ ကြိုးပမ်းမှုကြောင့်ပဲလို့ မင်းတကယ်ထင်နေတာလား...”

ဝမ်ချောင်က ပြောနေရင်းပင် လက်ဖက်ရည်တစ်ငုံကို သောက်လိုက်သည်။

“အရှင် ဆိုလိုတာက…”

ကျန်ချီးက ဝမ်ချောင်၏ စကားကြောင့် လုံးဝအံ့အားသင့်သွားခဲ့သည်။ သူတို့၏ ရန်သူများမှာ လီစီယီ၊ ကွန်ဖြူးရှပ်ဂိုဏ်းနှင့် ပထမမင်းသားသာဖြစ်သည်ဟု သူအမြဲ ယုံကြည်ထားခဲ့သည်။

“သားကောင်ဖမ်းဖို့ စိတ်ရှည်သည်းခံမှု လိုအပ်တယ်... အခုဟာက ပိုက်ကွန်ကို ဆွဲသိမ်းရမဲ့ အချိန်ပဲ...”

ဝမ်ချောင်၏ မျက်လုံးများက ကြောက်မက်ဖွယ်ရာ အလင်းရောင်ဖြင့် တောက်ပနေပြီး မထီမဲ့မြင်ပြုဟန်ဖြင့် ပြောလိုက်သည်။ ကွန်ဖြူးရှပ်ဂိုဏ်းက ဖယ်ရှားရမည့် ပြဿနာတစ်ခုဖြစ်သော်လည်း နိုင်ငံခြားမျိုးနွယ်စုများက နောက်ကွယ်မှ တွန်းအားပေးမှု မရှိနိုင်ဟု မဆိုလိုပေ။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့လျှင် ကွန်ဖြူးရှပ်ဂိုဏ်းသည် ထိုအဆင့်သို့ ထိုမျှလျင်မြန်စွာ ရောက်ရှိနိုင်မည် မဟုတ်ချေ။

စစ်သွေးကြွ-ကွန်ဖြူးရှပ်ပဋိပက္ခသည် နိုင်ငံခြားမျိုးနွယ်စုများကို လက်နက်ခဲယမ်းပေးခဲ့ပြီး နန်းတော်တံခါးဝရှိ ဆန္ဒပြမှုများက နောက်ထပ် တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ ထိုအားလုံးက စေ့စပ်သေချာစွာ စီစဉ်မှုဖြင့်သာ ဖြစ်နိုင်သည်။

ဝမ်ချောင်က မြို့တော်အတွင်း နိုင်ငံခြားမျိုးနွယ်စုများ၏ လှုပ်ရှားမှုများကို နောက်ကွယ်မှ ညွှန်ကြားနေသည့် တစ်စုံတစ်ယောက်ရှိသည်ဟုသာ ယခင်က ယူဆခဲ့သော်လည်း ယခုမူ ထိုသူသည် မည်သူဖြစ်ကြောင်း သေချာသိသွားခဲ့ပြီဖြစ်သည်။

ကျန်ချီးက ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသလိုဖြစ်သော်လည်း ထပ်မံတွေးတောရန် အခွင့်မရှိခင် ဝမ်ချောင်က အမိန့်ပေးလိုက်သည်။

“ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ရဲ့ မြင်းတပ်သားအားလုံးကို ဧကရာဇ်နန်းတော်တံခါးဝမှာ ချက်ချင်းစုဝေးဖို့ အမိန့်ပေးလိုက်...”

******

အခန်း ၁၅၈၂ အုပ်စုဖွဲ့ဖမ်းဆီးမှု

"ဒုန်း..."

ကျန်ချီးက အံ့အားသင့်စွာ စိုက်ကြည့်နေရင်း ဝမ်ချောင်က လက်ဖက်ရည်ခွက်ကို ချထားပြီး ထိုင်ရာမှ ထလိုက်သည်။ ခဏအကြာတွင် သူသည် စာကြည့်ခန်းထဲမှ ပျောက်ကွယ်သွားသည်။

"ခွပ်... ခွပ်... ခွပ်..."

ထို့နောက် ခဏအကြာ မြင်းခွာသံများက နန်းတော်တံခါးဝဆီသို့ စုဝေးလာသည်။ ဝမ်ချောင်၏ အမိန့်ဖြင့် ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့များက လှုပ်ရှားလာပြီး ဤနေရာသို့ ချက်ချင်းရောက်ရှိလာကြသည်။

မြို့တော်အထက်တွင် မည်းမှောင်နေသော တိမ်တိုက်များ စုဝေးလာသည်။ မုန်တိုင်းတစ်ခုက ကြီးမားစွာ အားယူနေသည်ပင်...။

တစ်ချိန်တည်းမှာပင် မြို့တော်ထဲ၌ တခြားနေရာတစ်ခုတွင် လူတစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ထိုဖြစ်ပျက်နေသမျှကို မြင့်မားသော နေရာတစ်ခုမှ စောင့်ကြည့်နေသည်။

“သခင်ကြီး ဝမ်ချောင်က လှုပ်ရှားလာပြီ...”

မီးခိုးရောင် ဝတ်ရုံဝတ်ဆင်ထားသော အိမ်တော်ထိန်းကြီးက ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့များ၏ မြင်းခွာသံများမှ အာရုံလွှဲပြီး စုန့်ယွမ်ကျန်းထံ လှည့်ကြည့်လိုက်သည်။ ထိုအဆင့်တွင် အချို့အရာများမှာ အလွန်ထင်ရှားလာသည်။

စုန့်ယွမ်ကျန်းက ရုတ်တရက်ကျင်းပသော တရားရုံးအစည်းအဝေးအတွက် တရားရုံးဝတ်ရုံကို ဝတ်ဆင်ပြီးဖြစ်သော်လည်း တရားရုံးမှ ဆင့်ခေါ်စာကို တစ်ခါမှ မရရှိခဲ့ပေ။ ယခုအခါ တရားရုံးအစည်းအဝေးစတင်ပြီးသည့်နောက်တွင်ပင် စုန့်ယွမ်ကျန်းက ဝင်ရောက်ခွင့် မရခဲ့ပေ။

နန်းတော်ထဲရှိ တစ်ဦးတစ်ယောက်က ယနေ့တရားရုံးအစည်းအဝေးတွင် သူ့ကို မတွေ့လိုကြောင်း ထင်ရှားနေသည်။

“အဲဒီလူငယ်က ဘာပြောလဲ... ဒီလိုကြီးမားတဲ့ ဖြစ်ရပ်မျိုးမှာတောင် ငါ့ကို မလှုပ်ရှားစေချင်သေးဘူးလား...”

စုန့်ယွမ်ကျန်းက ဝေးကွာသော ဧကရာဇ်နန်းတော်၏ အဆောက်အအုံကို စိုက်ကြည့်ရင်း မျက်နှာတွင် အနည်းငယ် စိတ်ပျက်မှုအရိပ်အယောင် ပေါ်လွင်လာသည်။

“မဟုတ်ပါဘူး...”

အိမ်တော်ထိန်းကြီး၏ မျက်လုံးများက တည်ငြိမ်နေသည်။

“တကယ်တော့ ဒီအဘိုးကြီးက မျိုးနွယ်ခြားဘုရင်ရဲ့ အကြံပြုချက်ကို အတော်လေး ဆီလျော်တယ်လို့ တွေ့ရပါတယ်... ဧကရာဇ်တရားရုံးက အခုအခါ ဗရုတ်သုတ်ခဖြစ်နေပြီး အရာရှိအုပ်စုကြီးတွေကို အဆက်မပြတ် အစားထိုးခံနေရပါတယ်... အာဏာနည်းပါးတဲ့ ရာထူးတွေဆီ ‘ရာထူးတိုးမြှင့်ခြင်း’ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်နယ်တွေ၊ ခရိုင်တွေဆီ ပြောင်းရွှေ့ခံရတာပါ... တရားရုံးထဲမှာ ကျန်ရှိနေတာက သခင်ကြီးနဲ့ ကျန့်ချိုးကျုံးပဲ ဖြစ်ပါတယ်...”

“ကျန့်ချိုးမှာ မယ်တော်ကြီးရဲ့ အကာအကွယ်ရှိတာကြောင့် အခုချိန်မှာ ထိလို့မရပါဘူး... ဒါကလည်း အဲဒီလူငယ်က သူ့ဆီ သွားရှာရတဲ့အကြောင်းပါပဲ... ဒါပေမဲ့ အရှင်မင်းကြီးကို တရားရုံးထဲက ထုတ်ပယ်လိုက်ရင် စစ်သူကြီးရုံးနဲ့ နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဗိုလ်ချုပ်တွေဟာ တကယ်ပဲ မျှော်လင့်ချက်ရှိတော့မှာမဟုတ်ပါဘူး...”

“အဲဒီလူငယ်က အရှင်မင်းကြီးကို ကာကွယ်ဖို့ မျှော်လင့်ထားတာကြောင့် လစဉ်အနားယူတဲ့အချိန်မှာ သူ့ရဲ့စစ်ဆင်ရေးကို စတင်ဖို့ရွေးချယ်ခဲ့တာပါ... ပြီးတော့ ကျွန်တော်တို့ရဲ့တုံ့ပြန်မှုက သူ့ရဲ့ မျှော်လင့်ချက်ထဲမှာ ပါဝင်နေပြီးသားပါ...” အိမ်တော်ထိန်းကြီးက ဖြည်းဖြည်းချင်း အကြံပြုလိုက်သည်။

ထိုလူငယ်သာလျှင် စုန့်ယွမ်ကျန်းနှင့် ကျန့်ချိုးကျုံးနှစ်ဦးစလုံးကို အသုံးပြုရန် ရဲတင်းသူဖြစ်ပြီး ကျန့်ချိုးကျုံးကို သူ့အတွက် အပြစ်ခံစေခဲ့သည်။ သို့သော် သူတို့နှစ်ဦးစလုံးက ဝမ်ချောင်၏ အသုံးပြုချခြင်းခံရန် လိုလားသူများ ဖြစ်ကြသည်။

ဝမ်ချောင်က မဟာထန်မင်းဆက်တွင် ကွန်ဖြူးရှပ်ဂိုဏ်းကို တန်ပြန်တိုက်ခိုက်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ဝမ်ချောင်သာလျှင် ရေစီးကို ပြောင်းပြန်လှန်ပြီး အားလုံးကို ပြောင်းလဲနိုင်သူဖြစ်သည်။

ဤသည်မှာ စစ်သူကြီးရုံးနှင့် နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့များ၏ အဖွဲ့ဝင်အားလုံးက နားလည်ထားသည့်အရာ ဖြစ်သည်။

“ဟား… ဟား... ဟား...”

အိမ်တော်ထိန်းကြီး၏ စကားကို ကြားလိုက်ရသည့်အခါ စုန့်ယွမ်ကျန်းက သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

“သခင်ကြီး စိတ်အေးအေးထားပါ။ အဲဒီလူငယ်က သူသေချာမသိပဲ ဘာမှမလုပ်တတ်ပါဘူး။ အရှင်မင်းကြီးက သူ့ကို စိတ်ချလက်ချ လှုပ်ရှားခွင့်ပေးသင့်ပါတယ်။ ပြီးတော့ အရှင်မင်းကြီးက အဲဒီလူငယ်ရဲ့ စွမ်းရည်တွေကို မမြင်ဖူးသေးဘူးလား...” အိမ်တော်ထိန်းကြီးက မှတ်ချက်ပြုလိုက်သည်။

စုန့်ယွမ်ကျန်းက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် စိုးရိမ်မှုကို ဖုံးကွယ်ရန် ခက်ခဲနေဆဲပင် ဖြစ်သည်။

အရာအားလုံးက အလွန်ရိုးရှင်းသည့်အလား ထင်ရသော်လည်း ဝမ်ချောင်က ဒေါသထွက်နေသော ပထမမင်းသားနှင့် ကွန်ဖြူးရှပ်ဂိုဏ်းတစ်ခုလုံးကို ဆန့်ကျင်နေသည်။ သူမည်မျှ ပြင်ဆင်ထားသည်ဖြစ်စေ ဖြစ်နိုင်သမျှ အလုံးစုံကို ထည့်တွက်ထားနိုင်မည် မဟုတ်ပေ။

သို့သော် စုန့်ယွမ်ကျန်းက တိတ်ဆိတ်နေခဲ့သည်။

ထိုအတောအတွင်း ဧကရာဇ်နန်းတော်အတွင်းတွင် ဆန္ဒပြဟူလူမျိုးများ၏ သတင်းသည် ထိုက်ဟယ်နန်းဆောင်သို့ ရောက်ရှိပြီး မကြာမီတွင် ခြေသံများ ထပ်မံကြားရပြန်သည်။

“အစီရင်ခံပါတယ်...”

တံခါးဝမှ အစောင့်တစ်ဦးက ဒူးထောက်လျက် ကျယ်လောင်စွာ ကြေညာလိုက်သည်။

“မျိုးနွယ်ခြားဘုရင်က ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့တွေကို ဦးဆောင်ပြီး နန်းတော်တံခါးဝမှာ ရုတ်တရက်ပေါ်လာကာ တံခါးဝမှာရှိတဲ့ ဟူလူမျိုးအားလုံးကို ဖမ်းဆီးနေပါတယ်...”

ဤသတင်းက ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ကျသွားသည့်အလား စုဝေးနေသော အရာရှိများထဲတွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်စေသည်။

“မျိုးနွယ်ခြားဘုရင်တဲ့လား... ဘယ်လိုလုပ် မျိုးနွယ်ခြားဘုရင်ဖြစ်နိုင်မှာလဲ...”

“အပြင်မှာ ဟူလူမျိုးလေးသောင်းကနေ ငါးသောင်းလောက်ရှိတယ်... သူ ဘာကြံစည်နေတာလဲ...”

“သူ ရူးသွားပြီလား... သူက ခုနှစ်ထောင်ကနေ ရှစ်ထောင်လောက်ကို ဖမ်းဆီးထားပြီးပြီ... အဲဒီလောက်နဲ့ မလုံလောက်ဘူးလို့ထင်ပြီး ဟူလူမျိုးတွေ မရှိတော့တဲ့အထိ ဖမ်းဆီးမလို့လား... ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ အတူယှဉ်တွဲနေထိုင်ပြီး တစ်ဦးနှင့်တစ်ဦး အားနည်းချက်တွေကို ဖြည့်ဆည်းပေးဖို့ဆိုတာ ဧကရာဇ်ရဲ့ လမ်းညွှန်မူဝါဒတစ်ခုပဲ... ဒီလိုလုပ်ရင် ဧကရာဇ်ကတောင် သူ့ကို ခွင့်လွှတ်မှာမဟုတ်ဘူး... အဲဒီလူအုပ်ကြီးထဲမှာ တခြားနိုင်ငံတွေက မင်းသားတွေလည်း ရှိနေတယ်လေ...”

အရာရှိများ၏ မျက်လုံးများက ယခင်က မရှိဖူးသော အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားသည်။

ထို့နောက် လှိုင်းတစ်ခုမပြယ်မီ နောက်တစ်ခုက အဆင်သင့် ရောက်လာသည်။ တစ်နေ့တည်းမှာပင် သူတို့ခံနိုင်ရည်ထက် အလွန်များပြားသော ထိတ်လန့်မှုများကို ရရှိခဲ့သည်။

ပထမမင်းသားက ဟူလူမျိုးများစွာ ဖမ်းဆီးခံရသည့်အတွက် ဒေါသထွက်နေပြီးဖြစ်သော်လည်း ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့များက သူတို့၏ လုပ်ရပ်များကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရတော့မည့်အစား အားထုတ်မှုကို နှစ်ဆတိုးလုပ်ဆောင်ခဲ့သည်။ ကမ္ဘာတစ်ခုလုံး ဗရုတ်သုတ်ခ ဖြစ်နေသည်။

ဤသည်မှာ မည်သည့်ဘေးအန္တရာယ်မျိုးကို ဖြစ်ပေါ်စေမည်နည်း။

“ဆိုးရွားလိုက်တဲ့ကောင်.. ဘယ်သူက သူ့ကို ဒီလောက်ရဲတင်းအောင် လုပ်ပေးခဲ့တာလဲ...”

ခန်းမထိပ်ပိုင်းမှ မိုးကြိုးသံတစ်ခုကဲ့သို့ အော်ဟစ်သံတစ်ခုက ထိုက်ဟယ်နန်းဆောင်တစ်ခုလုံးကို တုန်ခါသွားစေသည်။ ပထမမင်းသားက ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်အလား ဖြစ်သွားပြီး သူ၏မျက်နှာက ဒေါသတကြီးဖြင့် တွန့်လိမ်နေသည်။ ကျန့်ချိုးကျုံးက သူ့ကို မိမိကိုယ်ကိုသတ်သေမှုဖြင့် ခြိမ်းခြောက်သည်က တစ်ကြိမ်ဖြစ်သော်လည်း ယခုအခါ ဝမ်ချောင်က ထပ်ပေါ်လာသည်။

သူက ကျန့်ချိုးကျုံးကို ဆင့်ခေါ်ပြီးနောက် ဝမ်ချောင်သည် ထိန်းသိမ်းမှုပြသမည်ဟု ထင်ခဲ့သော်လည်း ဒါဟာ ဝမ်ချောင်၏ ရဲတင်းမှုကို ပိုမိုတိုးပွားစေသည့်အလား ဖြစ်သွားသည်။

“အရှင်မင်းသား စိတ်အေးအေးထားပါ...”

ပထမမင်းသား၏ ဒေါသတကြီးဖြစ်မှုကြောင့် အရာရှိအားလုံး ထိတ်လန့်သွားကြသည်။ သူတို့က သူ့ကို ထိုမျှဒေါသထွက်နေသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ ကျန့်ချိုးကျုံးက ထိတ်လန့်သွားသော်လည်း ပထမမင်းသားကို ကြည့်ရင်း အခြားတစ်ခုကြောင့် အံ့အားသင့်သွားသည်။

သူသည် ပထမမင်းသားတွင် ဤမျှမြင့်မားသော ကျင့်စဉ်အဆင့်ရှိသည်ကို တစ်ခါမှ မသိခဲ့သလို သတိပြုမိခဲ့ခြင်း မရှိပေ။

“အရှင်မင်းသား... ဒီကိစ္စအတွက် ဒီအမတ်လေးကို ကိုင်တွယ်ခွင့်ပေးပါ”

ပထမမင်းသား၏ ဒေါသအလယ်တွင် တည်ငြိမ်သော အသံတစ်ခုက ခန်းမထဲတွင် ပဲ့တင်ထပ်လျက် ရှိသည်။

အရာရှိများက ချက်ချင်း တိတ်ဆိတ်သွားပြီး ပထမမင်းသားပင်လျှင် ထိုအသံ၏ ပိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။

“လီစီယီ...”

ကျန့်ချိုးကျုံး၏ နှလုံးသားမှာ တစ်စစီကျဆင်းသွားသည်။ တရားရုံးတွင် စုဝေးနေသော ထိုမျှဂုဏ်ရှိန်ကြီးမားသည့် အရာရှိများကို တိတ်ဆိတ်စေကာ ပထမမင်းသား၏ အာရုံကိုပင် ဆွဲဆောင်နိုင်သူမှာ မကြာခဏ တိတ်ဆိတ်နေတတ်သော လီစီယီသာဖြစ်သည်။

ဆရာကြီးကျူးပေါ်လာပြီးနောက် လီစီယီနှင့် ဝမ်ချောင်၏ ဆက်ဆံရေးကို အားလုံးက သိရှိထားကြသည်။

“အရှင်မင်းသား ဒီအမတ်လေးဟာ မဟာထန်နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အမြဲတမ်း ထောက်ခံလာခဲ့ပါတယ်... အဲဒီမင်းသားမင်းသမီးတွေလည်း ဒီအမတ်လေးရဲ့ ဖိတ်ကြားမှုနဲ့ပဲ လာခဲ့ကြတာပါ... အခုလို ဖြစ်ရပ်မျိုးဖြစ်လာတော့ ဒီကိစ္စကို ဒီအမတ်လေးကို ကိုင်တွယ်ခွင့်ပေးပါ...”

လီစီယီက အေးစက်စွာ ပြောလိုက်သည်။ သူ၏ မျက်နှာအမူအရာက အလွန်တည်ငြိမ်နေသော်လည်း ထိုနေရာရှိ မည်သူထက်မဆို သူက ဒေါသထွက်နေကြောင်း အားလုံးက သိရှိထားကြသည်။

ပထမမင်းသားက ခဏမျှ တိတ်ဆိတ်နေပြီးနောက် ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

“ဒါဆို သွားလိုက်ပါ...”

“အရှင်မင်းသားကို ကျေးဇူးအများကြီးတင်ပါတယ်...” ထိုစကားကို ပြောလိုက်ပြီးနောက် လီစီယီက လှည့်ထွက်သွားသည်။

"ဒါက ပြဿနာပဲ..."

ကျန့်ချိုးကျုံးက လီစီယီထွက်သွားသည်ကို စိုးရိမ်စွာ ကြည့်နေသည်။

ကွန်ဖြူးရှပ်ဂိုဏ်းက သာမန်ဂိုဏ်းတစ်ခု မဟုတ်ပေ။ လီစီယီသည်လည်း အလွန်ထက်မြက်သောသူ ဖြစ်သည်။ ဝမ်ချောင်က ထိုအချက်ကို ထည့်တွက်ထားသည်ဟု ကျန့်ချိုးကျုံးက ဗီဇအရ ယုံကြည်ထားသော်လည်း ဝမ်ချောင်က သူ့ကို မည်သို့ ကိုင်တွယ်မည်ကို သူအတိအကျ မသိရှိပေ။

"ဖောက်... ဖောက်..."

ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ မြင်းတပ်သားထောင်ပေါင်းများစွာက သူတို့၏ နီရဲသော သံချပ်ကာများကို ဝတ်ဆင်ထားပြီး ဆန္ဒပြဟူလူမျိုးများ၏ လူအုပ်ကြီးကို ဝိုင်းရံလိုက်သည်။ ထိုသူများက အားလုံးက ထိတ်လန့်သွားစေသည်။

“ဘာဖြစ်နေတာလဲ... ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့တွေ ဘာလို့ ဒီကိုရောက်လာကြတာလဲ...”

ဤစစ်သားများ၏ ရုတ်တရက် ပေါ်လာမှုက ဟူလူမျိုးအားလုံးကို ထိတ်လန့်သွားစေသည်။ လူအုပ်ကြီးထဲတွင် ပုန်းရှောင်နေသော ရွှီချီးချင်ပင်လျှင် ထိတ်လန့်စွာ ထရပ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

မန့်ရွှေကျောင်းမှ သူလျှိုခေါင်းဆောင်တစ်ဦးက ရွှီချီးချင်ထံ လှည့်ကြည့်ပြီး ထိတ်လန့်စွာ မေးလိုက်သည်။

“အရှင် ဘာဖြစ်နေတာလဲ... ဒီလိုအချိန်မျိုးမှာ ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့တွေက လူတွေကို ဖမ်းဆီးရဲသေးတယ်လား...”

ရွှီချီးချင်က တခဏမျှ တွေးတောနေပြီးနောက် တည်ငြိမ်သွားခဲ့သည်။

“စိတ်အေးအေးထားပါ... သူက အဲဒီလောက်ရဲတင်းမှာ မဟုတ်ဘူး...”

“နန်းတော်ထဲမှာ မဟာထန်ရဲ့အရာရှိတွေက ‘ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့တွေက ဟူလူမျိုးတွေကို ဖမ်းဆီးနေတဲ့ကိစ္စ’ကို ဆွေးနွေးဖို့ စုဝေးနေကြတာပဲ... အဲဒီလူက ဒီလိုအချိန်မျိုးမှာ တရားရုံးကို ဆန့်ကျင်ဖို့ အဲဒီလောက် အသိဉာဏ်မဲ့သွားမှာ မဟုတ်ဘူး...”

ပထမမင်းသားက ဝမ်ချောင်ကို ဖမ်းဆီးရန် နည်းလမ်းတစ်ခုကို တွေးတောနေစဉ်အတွင်း ရွှီချီးချင်ကို ဝမ်ချောင်က သူ၏ လုပ်ရပ်များ၏ ဆိုးရွားမှုကို နားလည်ထားသည်ဟု ယုံကြည်ခဲ့သည်။ ထိုလုပ်ရပ်များက မိမိကိုယ်ကို သတ်သေခြင်းမျှသာ ဖြစ်သည်။

“အဲဒါအပြင် သူတို့ထင်နေတာက သူတို့ရဲ့ထောင်ဂဏန်းလောက်ရှိတဲ့ လူအင်အားလောက်နဲ့ ငါတို့ရဲ့သောင်းနဲ့ချီတဲ့လူအုပ်ကြီးကို ဖမ်းဆီးနိုင်မယ်လို့ ထင်နေတာလား...”

ရွှီချီးချင်က ပြင်းထန်စွာ ပြောလိုက်သည်။

ရွှီချီးချင်၏စကားကို ကြားလိုက်ရသည့်အခါ ထိတ်လန့်နေသော ဟူလူမျိုးများက တည်ငြိမ်သွားကြသည်။ ထိုသူက ရူယွင်စန်းမှ ဒဏ္ဍာရီလာ ဧကရာဇ်အမတ်ကြီး၏ မြင့်မားသော အသိအမှတ်ပြုမှုကို ရရှိထားသူ ဖြစ်သည်။ သူ၏ စကားများထဲတွင် အကြောင်းပြချက်တစ်ခုခုရှိသည်မှာ သေချာသည်။

သို့သော် ခဏအကြာတွင်…

"ဟီး... ဟီး... ဟီး..."

မြင်းဟီးသံတစ်ခုက သူတို့အားလုံး၏ နားထဲတွင် ပဲ့တင်ထပ်လျက်ရှိပြီး ကျယ်လောင်သော အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာသည်။

“အားလုံးနားထောင်... ဒီဟူလူမျိုးတွေအားလုံးကို ချက်ချင်းဖမ်း...”

ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ အရှေ့ဆုံးမှ လူငယ်အရာရှိတစ်ဦးက သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး ထိုငွေရောင်ဓားဖျားသည် ဟူလူမျိုးများ၏ သိပ်သည်းသော လူအုပ်ကြီးကို ဖြောင့်ဖြောင့်မတ်မတ် ညွှန်ပြနေသည်။

"ဘုန်း..."

မြေကြီးသည် တုန်ခါလျက်ရှိပြီး ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ မြင်းတပ်သား ထောင်ပေါင်းများစွာက သတ်ဖြတ်လိုစိတ်ဖြင့် ဟူလူမျိုးများဆီသို့ အားသွင်းလာကြသည်။ မြင်းတပ်သားများက မြင်းပေါ်မှ ဆင်းလာကြပြီး ခိုင်ခံ့သော ကြိုးများနှင့် ချိန်းကြိုးများကို ကိုင်ဆောင်ကာ ဟူလူမျိုးများကို ကျွမ်းကျင်စွာ တုတ်နှောင်လာကြသည်။

“အား…”

“ဖယ်စမ်း ဖယ်စမ်း သူတို့ တကယ်ဖမ်းဆီးနေပြီ... ပြေးကြစမ်း...”

ဟူလူမျိုးများက အော်ဟစ်ဆန္ဒပြနေကြရင်းမှ ချက်ချင်းပင် ထိတ်လန့်မှုထဲသို့ ကျရောက်သွားကြသည်။

“သူတို့က ဘယ်လိုလုပ် ရဲရဲတင်းတင်းနဲ့ လုပ်ရဲတာလဲ...”

ရွှီချီးချင်က အံကို တင်းတင်းကျပ်ကျပ်ကြိတ်ထားပြီး မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသော်လည်း ပိုမိုထိတ်လန့်ဖွယ်ရာ ဖြစ်ပေါ်မှုများက သူ့ကို စောင့်ကြိုနေသည်။

"ခွပ်... ခွပ်... ခွပ်..."

မြင်းခွာသံများက ခဏအကြာတွင် ထပ်မံကျရောက်ရှိပြီး မြေကြီးက ထိုစစ်တပ်သစ်များ၏ စည်းကမ်းတကျ ချီတက်လာမှုအောက်တွင် ပြင်းထန်စွာ တုန်ခါနေသည်။ မယုံကြည်နိုင်သော ဟူလူမျိုးများက ကြည့်နေရင်းပင် ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ မြင်းတပ်သားများ ထပ်မံရောက်ရှိလာပြီး နန်းတော်တံခါးဝပြင်ပတွင် ဆန္ဒပြသော ဟူလူမျိုးများကို ဝိုင်းရံလျက် လျင်မြန်စွာ ရှည်လျားသော တံတောင်ပုံစံဖွဲ့စည်းလိုက်သည်။

မြင်းခွာသံများကို ခန့်မှန်းကြည့်လျှင် ထိုဒုတိယအုပ်စုတွင် အနည်းဆုံး မြင်းတပ်သားခြောက်ထောင်ခန့် ရှိနေသည်။

******

အခန်း ၁၅၈၃ ဖူးဆန်ထွိုးရဲ

"ဘုန်း..."

“အားလုံးနားထောင်... ဟူလူမျိုးတစ်ယောက်မှ ထွက်မပြေးစေနဲ့... အရှင်က ဒီလူအုပ်ကြီးထဲမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိတယ်လို့ ပြောထားတယ်... တကယ်လို့ သူထွက်ပြေးသွားရင် မင်းတို့အားလုံးရဲ့ တာဝန်ပဲ...”

ရွှီခဲ့ယွီက ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ မြင်းတပ်သားများအလယ်တွင် မတ်တပ်ရပ်နေပြီး သူ၏မျက်လုံးများက ရေခဲပုတီးစေ့များနှယ် အေးစက်နေသည်။

“ဟုတ်ကဲ့ အရှင်...”

မြင်းတပ်သားများက မိုးကြိုးသံတစ်ခုကဲ့သို့ သံပြိုင် တုံ့ပြန်လိုက်သည်။

ရွှီခဲ့ယွီက ဖြစ်ပျက်နေသော ဗရုတ်သုတ်ခမှုကို စိုက်ကြည့်ရင်း အော်ဟစ်ငိုကြွေးနေသော ဟူလူမျိုးများ၏အသံကို နားထောင်နေရင်း သူ၏ မျက်နှာက အေးစက်သွားသည်။

သူက ဝမ်ချောင်နှင့်အတူ စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့စဉ် ဟူစစ်သားများကို လိုက်လံဖမ်းဆီးပြီး သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ရာ ရုပ်အလောင်းများက မိုးကုပ်စက်ဝိုင်းထိ ဆန့်ထွက်နေခဲ့သည်။

သူတို့ရှေ့ရှိ ဟူလူမျိုးအားလုံးက ကြောက်ရွံ့ထိတ်လန့်မှုဖြင့် ပြည့်နှက်နေကြသည်။ သို့သော် ယခုအခါ အဓိပ္ပာယ်မဲ့သော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကြောင့် ဟူလူမျိုးများသည် ၎င်းတို့၏ လူအုပ်ကြီးကို အသုံးပြုပြီး နန်းတော်တံခါးဝကို ပိတ်ဆို့လိုက်သည်အထိ ရဲတင်းလာကြသည်။

"ဘုန်း..."

မြေကြီးက တုန်ခါလျက်ရှိပြီး ရွှီခဲ့ယွီ၏ ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးမြင်းတပ်သည် ကျန်တပ်ဖွဲ့များနှင့်အတူ ဟူလူမျိုးများ၏ လူအုပ်ကြီးထဲသို့ အားမာန်အပြည့်ဖြင့် ဝင်ရောက်လာသည်။

"ဟီး... ဟီး... ဟီး..."

ရွှီခဲ့ယွီ၏ တပ်ဖွဲ့များ ရောက်ရှိပြီးမကြာမီတွင် မြို့အနောက်ပိုင်းမှ နောက်ထပ် တပ်ဖွဲ့တစ်ခု ထွက်ခွာလာပြန်သည်။

ငြိမ်းချမ်းရေးသဘောတူညီချက်များအတွက် ကွန်ဖြူးရှပ်ဂိုဏ်းက စစ်သည်များစွာကို ဖျက်သိမ်းခဲ့သည်။ ဝမ်ချောင်က ထိုဖျက်သိမ်းခံရသော စစ်သည်များကို စစ်သူကြီးရုံး၏ နာမည်ဖြင့် စုဆောင်းကာ ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ထိုအချိန်တွင် နန်းတော်တံခါးဝရှိ ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ မြင်းတပ်သားများက အရေအတွက်သည် တစ်သောင်းနီးပါးသို့ ရောက်ရှိသွားသည်။

“ဘာဖြစ်နေတာလဲ... သခင်လေးက ဘာလို့ မထွက်လာသေးတာလဲ...”

လူအုပ်ကြီး၏အစွန်းတွင် ကွန်ဖြူးရှပ်ဂိုဏ်း၏ ကျွမ်းကျင်သူများက ဒေါသတကြီးဖြင့် ကြည့်ရှုနေရရုံသာ ရှိသည်။

ဤသည်မှာ အလွန်ထိခိုက်လွယ်သော အချိန်ဖြစ်ပြီး ဝမ်ချောင်က သူတို့၏ အကြီးမားဆုံးရန်သူ ဖြစ်သည်။ ထိုအရေးကြီးသောအချိန်တွင် ဝမ်ချောင်၏ ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့များနှင့် ဟူလူမျိုးများ၏ လှုပ်ရှားမှုများကို သူတို့မစောင့်ကြည့်နိုင်ပေ။ အကယ်၍ ဟူလူမျိုးများ စုဝေးလာသည့်အချိန်မှစ၍ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာမည်ကို သူတို့က သိရှိခဲ့ကြသည်။

သို့သော် သူတို့က ထိုဖြစ်ရပ်ကို ခန့်မှန်းခဲ့သော်လည်း ဝမ်ချောင်၏ တုံ့ပြန်မှုက ထိုမျှလျင်မြန်ပြီး ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

“အခုဆိုရင် တရားရုံးအစည်းအဝေးကျင်းပနေတာ သခင်လေးက အတိုင်ပင်ခံအမတ် ဖြစ်နေတော့ ထွက်လာလို့မရဘူး...” စုံစမ်းရေးတာဝန်ခံသူ ကွန်ဖြူးရှပ်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဝါးမှန်က စိုးရိမ်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဒီလိုပဲ ကြည့်နေရမှာလား...”

တစ္ဆေဓားသမားက အလွန်မလိုလားစွာ ပြောလိုက်သည်။ သူတို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အရေးကြီးသော အချိန်တွင်ရှိနေသော်လည်း ရိုင်းစိုင်းသော စစ်သည်များကြောင့် အားလုံးပျက်စီးတော့မည် ဖြစ်သည်။ ဤသည်မှာ သူ့ကို ဒေါသထွက်စေသည်။

ထိုအချိန်တွင် အကြီးအကဲဆောင်းက နောက်ဆုံးတွင် စကားပြောလိုက်သည်။ သူ၏မျက်လုံးများက ဉာဏ်ပညာနှင့် အမြဲတစ်စေ တည်ငြိမ်နေသည်။

“စိတ်အေးအေးထားပါ... အခုဟာက စိတ်ခံစားမှုနဲ့ ဆုံးဖြတ်ရမဲ့အချိန် မဟုတ်ဘူး... သူတို့က စစ်သူကြီးရုံးရဲ့ ပုံမှန်စစ်သားတွေပဲ... အခုဆိုရင် ကျွန်တော်တို့က သူတို့ကို ဘယ်လိုအကြောင်းပြချက်နဲ့ တိုက်လိုက်ရမလဲ... ဧကရာဇ်တရားရုံးကို ဆန့်ကျင်တယ်ဆိုပြီး ပြစ်တင်ခံရမှာလား... အခုချိန်က ကျွန်တော်တို့မှာ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘူး... ပြီးတော့ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့အဖွဲ့ဝင်တွေက တစ်သောင်းနီးပါးလောက်ရှိတဲ့ လူအုပ်ကြီးကို တကယ်ပဲကိုင်တွယ်နိုင်မှာလား...”

သူက ကွန်ဖြူးရှပ်ဂိုဏ်းသားများ၏ အလယ်ရှိ ဤလူအုပ်ထဲတွင် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။

“အဲဒါကို ကြည့်စမ်း...”

မျက်နှာနီရဲနေသော ဂိုဏ်းသားများက ငြင်းခုံတွေဝေနေချိန်တွင် လူအုပ်ထဲတွင် ရုတ်ရုတ်သဲသဲ ပေါ်ပေါက်လာသည်။ လူထုအားလုံးက ဝိုင်းကြည့်နေကြစဉ် ရုတ်တရက် တစ်ဖက်သို့ လှည့်ကြည့်လိုက်ကြသည်။

ကွန်ဖြူးရှပ်ဂိုဏ်းသားများကလည်း ထိုဖြစ်ပေါ်မှုသစ်ကို သတိပြုမိသွားသည်။

“သူပဲ...”

လူအုပ်ကြီး၏ အကြည့်များရှိရာကို အနောက်ဘက်သို့ လိုက်ကြည့်လိုက်ရာ ရွှေရောင်သရဖူဆောင်းထားပြီး နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ဖြူစင်သော မြင်းဖြူတစ်ကောင်ပေါ်တွင် စီးနင်းလာနေသည်ကို တွေ့လိုက်ရသည်။ လူအုပ်ကြီးက ဝိုင်းရံထားသော်လည်း သူက အရှေ့ဘက်မှ ထွက်ပေါ်လာသော နံနက်ခင်းနေမင်းကြီးကဲ့သို့ စီးနင်းလာသည်။

ထိုလူငယ်က ငယ်ရွယ်သော်လည်း သူ၏လှုပ်ရှားမှုတိုင်းက ထူးကဲသော ဂုဏ်သိက္ခာနှင့် ကျက်သရေရှိမှုကို ထုတ်ဖော်ပြသနေသည်။ သို့သော် လူများအားလုံးကို အထင်ကြီးစေသည်မှာ မည်သူနှင့်မှ မယှဉ်နိုင်သော အရောင်အဝါမျိုး တောက်ပနေသည်။

“မျိုးနွယ်ခြားဘုရင် မျိုးနွယ်ခြားဘုရင်ပဲ...”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။ နန်းတော်တံခါးဝရှိ ဝိုင်းကြည့်နေသော လူအုပ်ကြီးက ချက်ချင်းပင် ထိတ်လန့်အော်ဟစ်သံများဖြင့် ပေါက်ကွဲသွားသည်။

လူတစ်ဦး၏နာမည်က သစ်ပင်တစ်ပင်၏ အရိပ်နှင့်တူသည်။

ဝမ်ချောင်၏ ‘အင်အားကြီးမားမှုသည် မဖြစ်မနေ’ ဆိုသည့် အယူအဆက ဆရာကြီးကျူးထံမှ ဝေဖန်မှုခံရပြီး အယူဝါဒအဖြစ် သတ်မှတ်ခံရသော်လည်း တရားရုံးတွင် သူ၏ဩဇာအာဏာကို ယှဉ်နိုင်သည့် အရာရှိအနည်းငယ်သာ ရှိသည်။

လီစီယီက ထက်ထက်မြက်မြက်နှင့် တိကျသော စကားကို ပြောနိုင်စွမ်း ရှိသည်။ နိုင်ငံအသီးသီးမှ သန်းပေါင်းများစွာသော စစ်သားများကို ဖျက်သိမ်းစေနိုင်ခဲ့သည့်အတွက် နာမည်ကျော်ကြားလာသည်။

သို့သော်လည်း မျိုးနွယ်ခြားဘုရင်၏ ဩဇာအာဏာက သူတို့နှင့် ဝေးကွာမှု မရှိပေ။

ဝမ်ချောင်က ဝန်ကြီးများနှင့် ဗိုလ်ချုပ်များ၏ မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး ဂျိုးကျိုးစ်၏မြေး ဖြစ်သည်။ သူက ထောင်ပေါင်းများစွာသော စစ်သားများကို ဦးဆောင်ကာ သိန်းပေါင်းများစွာသော စစ်တပ်များကို အနိုင်ယူခဲ့သည်။

စစ်တပ်အင်အား သိန်းတစ်ရာကျော်ဖြင့် အနောက်နယ်မြေများကို တည်ငြိမ်စေပြီး အာရေဗီးယန်းစစ်သား တစ်သန်းကျော်ကို သတ်ဖြတ်ကာ အနောက်အင်အားကြီးနိုင်ငံ၏ မာန်နှင့် ရည်မှန်းချက်များကို အဆုံးသတ်ခဲ့သည်။

ထို့ပြင် ဝမ်ချောင်က သန္နိဋ္ဌာန်ဧကရာဇ်ကိုယ်တိုင် သရဖူဆောင်းပေးခဲ့သော ဘုရင်တစ်ပါးဖြစ်ပြီး ကောင်းကင်ဧကရာဇ်၏ တပည့်လည်း ဖြစ်သည်။

ဤအချက်များတွင် လီစီယီသည် မည်သည့်အရာမှ ယှဉ်နိုင်ခြင်း မရှိပေ။

သူက တစ်လကျော်ကြာ ပျောက်ဆုံးနေခဲ့ပြီး စစ်သွေးကြွ-ကွန်ဖြူးရှပ်ပဋိပက္ခတွင် ရှုံးနိမ့်ခဲ့သော်လည်း ယခုအခါ ပြန်လည်ပေါ်ထွက်လာသည့်အခါ မြို့တော်တွင် အတောက်ပဆုံးသော တည်ရှိမှုဖြစ်လာပြီး အာရုံစူးစိုက်မှု ဗဟိုချက်ဖြစ်လာသည်။

ကွန်ဖြူးရှပ်ဂိုဏ်းက သူ့ကို ‘သတ်ဖြတ်မှု၏ နတ်ဆိုးဘုရင်’ အဖြစ် တံဆိပ်ကပ်ရန် ကြိုးစားခဲ့သော်လည်း သူသည် သူ၏ဂုဏ်သတင်းနှင့် နာမည်ကို ပိုမိုမြှင့်တင်ပေးခဲ့သည်။

ကွန်ဖြူးရှပ်ဂိုဏ်းက သူတို့၏ ဆန္ဒများနှင့် ဆန့်ကျင်ဘက် ဖြစ်သွားခဲ့သည်။

“မိုက်မဲလိုက်တာ... သူ ရောက်လာပြီ...”

တစ္ဆေဓားသမား၊ ဝါးမှန်နှင့် ဝတ်ရုံဖြူဝတ်ထားသော မိန်းလူငယ်တို့က ထိုရင်းနှီးသော ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရသည့်အခါ မျက်နှာများ ဖြူဖျော့သွားကြသည်။ အကြီးအကဲဆောင်းလည်း ထိုနည်းတူပင် ဖြစ်သည်။

သူတို့၏နှလုံးသားများက တစစီကျဆင်းသွားပြီး ပခုံးပေါ်တွင် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သို့သော် လေးနက်သော ကြောက်ရွံ့မှုနှင့် မုန်းတီးမှုလည်း ရှိနေသည်။

ထိုလူငယ်၏ ထက်မြက်မှုက အလွန်ပြင်းထန်လွန်းသည်။ ယခင်က ကျရှုံးမှုကြုံခဲ့ရသော်လည်း ဝမ်ချောင်သည် လုံးဝစိတ်ဓာတ်ကျပုံမပေါ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏စမ်းသပ်မှုများ ပြီးဆုံးသွားပြီးနောက် ပို၍ရင့်ကျက်လာသည့်အလား ဖြစ်နေသည်။

အကြီးအကဲဆောင်းပင်လျှင် ဝမ်ချောင်၏ဟန်ပန်ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားခဲ့သည်။

ထိုလူက သူတို့ထင်မြင်ထားသည်ထက် ကိုင်တွယ်ရန် များစွာခက်ခဲသည်။

“ဝမ်ချောင်...”

လူထုအားလုံး၊ ကွန်ဖြူးရှပ်ဂိုဏ်းနှင့် နန်းတော်တံခါးဝရှိ ဧကရာဇ်စစ်သားများပင်လျှင် ဝမ်ချောင်ကို ကြည့်နေစဉ် တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လူအုပ်ကြီး၏ အာရုံကို ဆွဲဆောင်လိုက်သည်။

ဝမ်ချောင်က ခမ်းနားစွာ ဝတ်စားထားပြီး ဟူလူမျိုးလူငယ်များ၏ လူအုပ်ကြီးအလယ်မှ ထွက်ပေါ်လာသော ဝမ်ချောင်ကို ဟူလူမျိုးလူငယ်များက ရင်ဆိုင်ရန် လာနေကြသည်။

တခြားဟူလူမျိုးများအားလုံး ကြောက်ရွံ့ထိတ်လန့်နေချိန်တွင် ထိုမြင့်မြတ်သော ဟူလူမျိုးများက ကြောက်ရွံ့မှုဖြင့် ရှောင်တိမ်းမှုကို မပြသခဲ့ပေ။ ဝမ်ချောင်ထံသို့ သူတို့၏ ယုံကြည်မှုအပြည့်ဖြင့် ချီတက်လာသည့် အမူအရာက လူအုပ်ကြီးထဲတွင် ထင်ရှားပေါ်လွင်စေသည်။

“မကောင်းတော့ဘူး... နိုင်ငံခြားမင်းသားတွေပဲ... ဒါကပြဿနာပဲ... ဖူးဆန်ထွိုးရဲက အသစ်ရောက်လာသူဖြစ်ပြီး ဝမ်ချောင်က ဘယ်လောက် ကြောက်မက်ဖွယ် ကောင်းလဲဆိုတာ မသိဘူး... ဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာနိုင်တယ်...”

အကြီးအကဲဆောင်း၏ တည်ငြိမ်မှုက နောက်ဆုံးတွင် ပြိုကွဲသွားခဲ့သည်။

ဖူးဆန်ထွိုးရဲနှင့် ‘အရှိနား’ အမည်ရှိသူတစ်ဦးက တာ့ခ်မင်းမျိုး ဖြစ်သည်။

မဟာထန်၏ မူဝါဒများနှင့် ကရုဏာကို နားလည်ရန် နိုင်ငံအသီးသီးမှ ဟူလူမျိုးများကို ဖိတ်ခေါ်ခြင်းအပြင် ကွန်ဖြူးရှပ်ဂိုဏ်းက မဟာထန်၏ ယဉ်ကျေးမှုကို ခံစားနိုင်ရန် နိုင်ငံခြားမင်းသား မင်းသမီးများကို ဦးစားပေးဖိတ်ကြားခဲ့ပြီး သူတို့က မဟာထန်ကို ဖော်ရွေသော အမြင်ထားကာ ရေရှည်ငြိမ်းချမ်းရေးကို ထောက်ခံလာစေရန် မျှော်လင့်ခဲ့သည်။

ထိုနိုင်ငံခြားမင်းမျိုးများထဲတွင် ဖူးဆန်ထွိုးရဲက အထူးအခြေအနေဖြင့် ထင်ရှားသူ ဖြစ်သည်။ သူက မြို့တော်သို့ နောက်ဆုံးရောက်ရှိလာသူဖြစ်သော်လည်း တခြားမင်းမျိုးများက ယုံကြည်အားကိုးပြီး ဦးဆောင်သူအဖြစ် မှတ်ယူထားသည်။

ထို့ပြင် တခြားနိုင်ငံခြားမင်းမျိုးများနှင့်မတူဘဲ ဖူးဆန်ထွိုးရဲသည် ထီးနန်းဆက်ခံမှုတွင် အဆင့်မြင့်မားစွာ ရပ်တည်နေသူ ဖြစ်သည်။ ထို့ကြောင့် ကွန်ဖြူးရှပ်ဂိုဏ်းက သူ့ကို အမြဲတစ်စေ ဂရုတစိုက်ထားခဲ့သည်။ သို့သော် အကြီးအကဲဆောင်းနှင့် တစ္ဆေဓားသမားတို့က ထိုအရေးကြီးသောအချိန်တွင် ဖူးဆန်ထွိုးရဲက ဆန္ဒပြဟူလူမျိုးများထဲတွင် ပေါ်ထွက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဝမ်ချောင်သည် သူ၏မြင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ အရာအားလုံးက သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်နေသည်။

သို့သော် ဝမ်ချောင်က ထူးခြားသော ဟူလူမျိုးအုပ်စုတစ်ခုကို ချက်ချင်း သတိပြုမိသွားသည်။

လူအုပ်ကြီးကို ဦးဆောင်နေသော ဟူလူမျိုးလူငယ်က ရုတ်တရက် ပြောလိုက်သည်။

“ကျွန်ုပ်က ဖူးဆန်ထွိုးရဲပါ... အရှေ့တာ့ခ်ခါဂန်နိတ်ရဲ့ သတ္တမသားတော်ဖြစ်ပါတယ်... မျိုးနွယ်ခြားဘုရင်ထံ ဂါရဝပြုခွင့်ရှိပါသလား...”

တစ်ချိန်တည်းမှာပင် သူသည် သူ၏လမ်းကို ပိတ်ဆို့ထားသော ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့များကို လှမ်းကြည့်လိုက်သည်။ သူ၏မျက်နှာက အားမာန်အပြည့်ဖြစ်နေပြီး သူ၏ရာထူးအဆင့်အတန်းကို မြင့်မားစွာ ထင်မြင်ထားကြောင်း ထင်ရှားသည်။

“သူတို့ကို လာခွင့်ပြုလိုက်ပါ...”

ဝမ်ချောင်က ပြုံးလိုက်သည်။ သူ၏မြင်းကို ဦးဆောင်လာရင်း အမူအရာတစ်ခု ပြုလိုက်သည်။ ထို့နောက် ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့များက ဖူးဆန်ထွိုးရဲအတွက် လမ်းဖွင့်ပေးလိုက်သည်။

ဖူးဆန်ထွိုးရဲ၏ မျက်နှာက ကြောက်ရွံ့မှုမရှိသော အမူအရာဖြင့် နိုင်ငံခြားမင်းမျိုးများနှင့် သံတမန်များကို ဝမ်ချောင်ထံသို့ ဦးဆောင်လာသည်။ သူ၏ခေါင်းကို မော့ထားပြီး ‘သတ်ဖြတ်မှု၏ နတ်ဆိုးဘုရင်’ ရှေ့တွင်ပင် မဆုတ်မနစ် ဖြစ်နေသည်။

ဖူးဆန်ထွိုးရဲက ဝမ်ချောင်ကိုကြည့်ပြီး ကျယ်လောင်စွာ မေးလိုက်သည်။

“အရှင်က ဉာဏ်ပညာနဲ့ အတွေ့အကြုံရှိသူဖြစ်ပြီး မဟာထန်မှာ ဉာဏ်ပညာအရှိဆုံးသူတစ်ဦးဖြစ်တယ်လို့ ကျွန်ုပ်ကြားဖူးပါတယ်... အရှင် မဟာထန်က မြစ်တွေနဲ့ပင်လယ်တွေအနက် ဘယ်အရာက ပိုကြီးပါသလဲ...”

ဝမ်ချောင်က ပြုံးလိုက်သည်။ ဖူးဆန်ထွိုးရဲ၏ ရည်ရွယ်ချက်ကို သူသိရှိထားသော်လည်း သူက ထိုအတိုင်း ဆက်လက်လိုက်လျောပေးရန် ဆုံးဖြတ်လိုက်သည်။

“ပင်လယ်တွေကသာ ပိုကြီးတယ်ဆိုတာ သိသာပါတယ်” ဝမ်ချောင်က ချက်ချင်း ဖြေကြားလိုက်သည်။

ဖူးဆန်ထွိုးရဲက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။

“ဒါဆိုရင် အရှင့်ကို ထပ်မေးပါရစေ... မဟာထန်မှာ နေနဲ့လ ကြယ်တွေအနက် ဘယ်အရာက ပိုကြီးပါသလဲ...”

“နေနဲ့လကသာ ပိုကြီးတာပေါ့...”

ဝမ်ချောင်က နှုတ်ခမ်းထောင့်တွင် ပြုံးယောင်သမ်းလျက် ဖြေကြားလိုက်သည်။

“ဒါဆိုရင် အရှင့်ကို ထပ်မေးပါရစေ... မဟာထန်မှာအရှင်က ပိုကြီးသလား... ဧကရာဇ်က ပိုကြီးသလား...”

ဖူးဆန်ထွိုးရဲက နောက်ဆုံးတွင် သူ၏စစ်မှန်သော ရည်ရွယ်ချက်ကို ဖော်ထုတ်လိုက်သည်။

ဝမ်ချောင်က မည်သည့်တုံ့ပြန်မှုမျှ မပြသခဲ့သော်လည်း ဆူးရှီးရွှမ်း၊ ချန်ဆန်းယွမ်နှင့် အဟောင်းလင်းယုန်တို့က ချက်ချင်း မျက်နှာများ ဖြူဖျော့သွားသည်။ ထိုတာ့ခ်မင်းသားက ထိုမေးခွန်းက မည်သည့်အရာကို ဦးတည်နေသလဲဆိုတာ သူတို့အားလုံး သိနေခဲ့၏။

ဖူးဆန်ထွိုးရဲ၏ ထိုမေးခွန်းတွင် နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိပြီး ဝမ်ချောင်ကို ဧကရာဇ်ပင်လျှင် ထိန်းချုပ်နိုင်စွမ်းမရှိဟု ဆိုလိုကာ သူ၏လုပ်ရပ်များကို သံသယဖြစ်စေရန် ရည်ရွယ်ထားသည်မှာ ထင်ရှားနေသည်။

******

အခန်း ၁၅၈၄ ရှောင်းဂီတအက

“ဧကရာဇ်ကသာလျှင် ပိုကြီးမြတ်တာပေါ့...”

ဝမ်ချောင်က ဘာမှမသိသလို ပြုံးပြီး ဖြေလိုက်သည်။

“ကောင်းပြီ... အရှင်က ဒါကိုသိရင် ဘာလို့ဧကရာဇ်ကို ဂရုမစိုက်တဲ့လုပ်ရပ်တွေ လုပ်နေတာလဲ... ကျွန်တော်တို့အားလုံးက မဟာထန်မင်းဆက်နဲ့ ကောင်းကင်သားတော်ရဲ့ ဖိတ်ကြားမှုအရရောက်လာတဲ့ ဧည့်သည်တွေပါ... ဒါပေမဲ့ အရှင်က ဒီဧည့်သည်တွေကို ဘာလုပ်ခဲ့သလဲ... ကျွန်တော်တို့အားလုံးကို ဖမ်းဆီးမလို့လား... ဒါက မဟာထန်မင်းဆက်ရဲ့ ဧည့်သည်တွေကို ဆက်ဆံတဲ့ပုံစံလား... ဒါမှမဟုတ် ကောင်းကင်သားတော်ရဲ့ စကားတွေက အရှင်အပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှ မရှိဘူးလား...”

“အရှေ့တာ့ခ်လူမျိုးတွေထဲမှာ သခင်တစ်ယောက်က ဧည့်သည်ရှိပေမဲ့ ကျွန်တစ်ယောက်က သခင်ရဲ့အမိန့်ကို လျစ်လျူရှုပြီး ဧည့်သည်ရဲ့ ခွက်တွေ ပန်းကန်တွေနဲ့ တူရိယာတွေကို ဖျက်ဆီးတယ်ဆိုရင် သူတို့က သခင်ကို လုံးဝဂရုမစိုက်တာပဲ... အရှေ့တာ့ခ်လူမျိုးတွေက ဒီလိုကျွန်တွေကို ကွပ်မျက်ပါတယ်... အရှင်က ဒီလိုကျွန်မျိုးလား... ဒါမှမဟုတ် ဧကရာဇ်ကို ဂရုမစိုက်ဘဲ အထက်လူကြီးတွေကို တိုက်ခိုက်တဲ့ တခြားကျွန်မျိုးလား...”

ပူဆန်ထွိုယဲက လေးနက်စွာ ပြောလိုက်သည်။

သူ့နောက်မှ တိုင်းခြားမင်းသားများနှင့် မင်းသမီးများက သူ့စကားတွေကြောင့် မျက်နှာများ လင်းလက်လာကြပြီး စိတ်ထဲမှ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

ပူဆန်ထွိုယဲက မြို့တော်ထဲမှ တိုင်းခြားမင်းမျိုးမင်းနွယ်များ၏ ခေါင်းဆောင်အဖြစ် လျင်မြန်စွာ ဖြစ်လာရသည့် အကြောင်းပြချက်များ ရှိခဲ့သည်။ အမူအရာနှင့ ဉာဏ်ရည်ပိုင်းတွင် သူ့က ဘယ်သူနှင့်မှ ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ပေ။

ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ မြင်းတပ်သားများက အုံးအုံးကျက်ကျက် မကြည့်နေခဲ့လျှင် သူတို့က ကျယ်လောင်စွာ အော်ဟစ်ချီးကျူးမိမည် ဖြစ်သည်။ သို့သော် ပူဆန်ထွိုယဲက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝံ့ဝါးနေချိန်မှာပင် ဝမ်ချောင်က ပြုံးလိုက်ပြီး သူ၏တုံ့ပြန်မှုကို ပေးလိုက်သည်။

“ထင်ထားတဲ့အတိုင်းပဲ ရိုင်းစိုင်းတဲ့နိုင်ငံတွေသာ... ဒီလိုမျိုးလုပ်တတ်ကြတာ...”

ဝမ်ချောင်၏တုံ့ပြန်မှုက တိုင်းခြားမင်းမျိုးမင်းနွယ်များ၏ မျက်နှာများကို ချက်ချင်း အေးခဲသွားစေခဲ့သည်။

“မဟာထန်မင်းဆက်က ‘ယဉ်ကျေးမှု’ ရှိတဲ့ နိုင်ငံတစ်ခုပါ... သခင်တစ်ယောက်က ဧည့်သည်ကို ယဉ်ယှဥ်ကျေးကျေး ဆက်ဆံတဲ့အခါ ဧည့်သည်ကလည်း အပြန်အလှန် ယဉ်ကျေးမှုရှိရမယ်... ဧည့်သည်ရောက်လာတဲ့အခါ သခင်က သူတို့ကို ကောင်းမွန်တဲ့ဝိုင်နဲ့ အရသာရှိတဲ့ အစားအသောက်တွေနဲ့ ဧည့်ခံပြီး ဧည့်သည်က စားသောက်ပြီးတဲ့အခါ သခင်ရဲ့ ရက်ရောတဲ့ ဧည့်ဝတ်ကျေမှုအတွက် ကျေးဇူးတင်ပြီး အေးအေးဆေးဆေး ထွက်ခွာသွားရကြတယ်... မင်းသားက အတွေ့အကြုံနည်းလို့လား.။ ဒါမှမဟုတ် ဒါက အရှေ့တာ့ခ်လူမျိုးတွေရဲ့ ဓလေ့လားတော့ မသိပေမဲ့ အရှေ့တာ့ခ်လူမျိုးတွေရဲ့နယ်မြေမှာ ဧည့်သည်တွေက သခင်ရဲ့ အိမ်ကိုသွားတဲ့အခါ သခင်ရဲ့ဧည့်ဝတ်ကျေမှုအတွက် ကျေးဇူးမတင်ဘဲ ဆူညံပွက်လောရိုက်ပြီး သခင်ရဲ့အိမ်ရှေ့တံခါးကို ပိတ်ဆို့ထားကြတာလား...”

ဝမ်ချောင်က ခေါင်းမော့လိုက်ပြီး ခမ်းနားထည်ဝါသော ဧကရာဇ်နန်းတော်ကို တစ်ချက်ကြည့်လိုက်သည်။ ပူဆန်ထွိုယဲနှင့် တခြားနိုင်ငံခြားမင်းမျိုးမင်းနွယ်များက ချက်ချင်း နားလည်သွားပြီး သူတို့၏ မျက်နှာများနှင့် နားရွက်များက နီရဲသွားကြသည်။

ဝမ်ချောင်က သူတို့၏ နန်းတော်တံခါးဝကို ပိတ်ဆို့ထားပြီး ကျေးဇူးတင်စိတ် လုံးဝမရှိဟု ပြောင်ပြောင်တင်းတင်း ပြောင်လှောင်လိုက်ခြင်းပင်။

ထိုနေရာက မဟာထန်မင်းဆက်၏ မြို့တော်ဖြစ်ပြီး အင်ပါယာ၏ နှလုံးသားလည်း ဖြစ်သည်။ ဧကရာဇ်နန်းတော်၏ ဧကရာဇ်က သူ၏အရာရှိများနှင့် နိုင်ငံရေးကိစ္စများကို ဆွေးနွေးတတ်သောအလွန်အရေးကြီးသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ဟူလူမျိုးလေးသောင်းကျော်က ထိုနေရာတွင် စုဝေးကြပြီး တံခါးဝသို့ ရေတစ်စက်ပင် မဝင်နိုင်လောက်အောင် တင်းကျပ်စွာ ပိတ်ဆို့ထားသည်မှာ အနည်းငယ် လွန်ကဲလွန်းနေသည်။

ဟူလူမျိုးများကလည်း ထိုအရာက အနည်းငယ် မဖြစ်မနေ မလိုအပ်ကြောင်း တွေးထင်ခဲ့ကြသော်လည်း လူအုပ်ကြီး၏ အကာအကွယ်ကိုယူထားပြီး မဟာထန်မင်းဆက်က သူတို့အားလုံးကို ဖမ်းဆီးနိုင်မည် မဟုတ်ကြောင်း ယူဆခဲ့ကြသည်။ ထို့နောက် ကွန်ဖြူးရှပ်ဂိုဏ်း၏ ထောက်ခံမှုလည်း ရှိထားသည့်အတွက် ပြဿနာမရှိဟု ယူဆခဲ့ကြသည်။

သို့သော် ဤဖြစ်ရပ်မျိုး ဖြစ်ပေါ်လာလိမ့်မယ်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြပေ။ ထိုအရာတွင်မကပဲ သူတို့က မဟာမာရ်နတ်ဖြစ်သည့် မျိုးနွယ်ခြားဘုရင်ကိုပါ လှုံ့ဆော်မိခဲ့ကြသည်။

“ဖမ်းလိုက်ကြစမ်း...”

ဝမ်ချောင်က ပူဆန်ထွိုယဲနှင့် စကားစမြည် ပြောဆိုမှုကို အဆုံးသတ်ပြီး သူ့၏လက်ကို ဝှေ့ရမ်းလိုက်သည်။

စုရွှတ်ရွှမ်းက ချက်ချင်း မြင်းပေါ်က ဆင်းလာပြီး ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တစ်စုကို ဦးဆောင်ကာ ပူဆန်ထွိုယဲ၏အုပ်စုကို တုတ်နှောင်ဖမ်းဆီးရန် ပြင်လိုက်ကြသည်။

“လွှတ်စမ်း... အခုချက်ချင်း လွှတ်ပေးစမ်း... ငါက အရှေ့တာ့ခ်ရဲ့ မင်းသားတစ်ပါးပဲ... မျိုးနွယ်ခြားဘုရင် မင်းက ငါ့ကိုတောင် ဖမ်းဆီးရဲတယ်လား... ဒါက ကြီးမားတဲ့ ဖြစ်ရပ်တစ်ခုကို ဖြစ်ပေါ်စေမယ်ဆိုတာ မင်းမသိဘူးလား”

ပူဆန်ထွိုယဲက နောက်ဆုံးတွင် ထိတ်လန့်သွားပြီး ရုန်းကန်လှုပ်ရှားလာခဲ့သည်။

“ဟမ်... ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာတဲ့အချိန်ကို ငါစောင့်နေမယ်...”

စစ်ပွဲများစွာကို ဖြတ်သန်းလာပြီးနောက် ပူဆန်ထွိုယဲပြောသော‘ကြီးမားတဲ့ ဖြစ်ရပ်’ ကို သူက ဘာအတွက်ကြောင့် ကြောက်လန့်ရနေရမည်နည်း။ အရှေ့တာ့ခ်မင်းသားသည် သူမည်သူနှင့် စကားပြောနေသနည်းဆိုသည်ကို လုံးဝမသိခဲ့ပေ။

“အရှင် ဘယ်လိုလုပ်ရမလဲ...”

ဝမ်ချောင်က ပူဆန်ထွိုယဲနှင့် စကားအနည်းငယ်သာ ပြောခဲ့ပြီးနောက် ဖမ်းဆီးရန် လူများစေလွှတ်ခြင်းကို မြင်လိုက်ရသည့်အခါ နိုင်ငံခြားသူလျှိုခေါင်းဆောင်များက မျက်နှာများ ဖြူဖျော့သွားကြပြီး ချွေးစေးများ ထွက်လာခဲ့ကြသည်။

“မင်းမျိုးမင်းနွယ်တွေ အကျဉ်းချခံရရင် ကျွန်တော်တို့အားလုံးက ပေးထားတဲ့တာဝန်တွေကို မထမ်းဆောင်နိုင်လို့ အပြစ်ပေးခံရမယ်... တစ်ခုခု မတော်မတရားဖြစ်သွားခဲ့ရင် ကွပ်မျက်တာပါ ခံရနိုင်တယ်...”

သူတို့က နောင်တအပြည့်နှင့် ဖြစ်နေခဲ့သည်။ မျိုးနွယ်ခြားဘုရင်က သံမဏိလက်သီးနှင့် ရက်စက်ကြမ်းကြုတ်ကြောင်း သိထားခဲ့ပါက မိုချီကျန်းရန်၏ စကားကိုနားထောင်ပြီး မင်းမျိုးမင်းနွယ်များကို ဖိတ်ကြားမိမည် မဟုတ်ပေ။

မိုချီကျန်းရန်က အားလုံးထက်ပို၍ ထိတ်လန့်နေခဲ့သည်။ သူက ဆန္ဒပြမှုများမှတစ်ဆင့် မဟာထန်မင်းဆက်၏ ဧကရာဇ်မိသားစုကို ဖိအားပေးရန်သာ လိုလားခဲ့သော်လည်း ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့များ ဝင်ရောက်လာသည့်အချိန်တွင် အခြေအနေတစ်ခုလုံးက လုံးဝထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့သည်။

ဝမ်ချောင်၏ လုပ်ရပ်များစွာကို သူက ကြားခဲ့ဖူးသော်လည်း အမှန်တကယ် သူနှင့် ထိပ်တိုက်တွေ့ဆုံပြီးမှသာ မိုချီကျန်းရန်က အသက် ၁၈ နှစ်အရွယ်ရှိ မဟာထန်စစ်နတ်ဘုရားကို အလွန်အမင်း လျှော့တွက်မိခဲ့မှန်း သိရှိသွားသည်။ သူ၏အပြုအမူက စည်းမျဉ်းစည်းကမ်းမရှိဘဲ မိုချီကျန်းရန်၏ သာမန်လူများအပေါ်တွင် အလုပ်လုပ်မည့် ခန့်မှန်းချက်များနှင့် အစီအစဉ်များက ဝမ်ချောင်ကို ဆန့်ကျင်ရာတွင် လုံးဝ အသုံးမဝင်ခဲ့ပေ။ ဝမ်ချောင်က ကြောက်ရွံ့မှုကင်းမဲ့ပြီး ထိန်းချုပ်မရသော လူတစ်ယောက် ဖြစ်သည်။

မဟာအမတ်ကြီးက သူ ထွက်ခွာချိန်တွင် သတိထားရန်ပြောခဲ့ပြီး မျိုးနွယ်ခြားဘုရင်ကို သွားမထိရန် သတိပေးခဲ့ခြင်းမှာ မထူးဆန်းတော့ပေ။

"ငါက အတွက် မှားခဲ့မိတာပဲ..."

မိုချီကျန်းရန်၏ နှလုံးသားထဲတွင် ခါးသီးမှုတစ်ခု ခံစားလိုက်ရသည်။

ဝမ်ချောင်၏ အင်အားသုံးဖမ်းဆီးမှုများ အရှေ့တွင် မည်သည့် အငြင်းအခုံမဆို အားနည်းပြီး အသုံးမဝင်သလို ခံစားရသည်။ မိုချီကျန်းရန်၏ မျက်နှာက ဖြူဖျော့သွားပြီး သူက ဆုတ်ခွာသင့်မသင့် စဉ်းစားနေမိသည်။

“ဘာလုပ်ရမလဲ... ဆရာသခင်ငယ်လေးက အခုထိ မပေါ်လာသေးဘူး။ ဒီလိုသာဆက်သွားနေရင် ပူဆန်ထွိုယဲ၊ တခြားတိုင်းခြားမင်းမျိုးမင်းနွယ်တွေနဲ့ တံခါးဝမှာစုဝေးနေတဲ့ ဟူလူမျိုးတွေအားလုံးက ဖမ်းဆီးခံရတော့မယ်... ဆရာသခင်ငယ်လေးက ရောက်လာရင်တောင် နှောင်းသွားနိုင်တယ်...”

ဗမ်ဘူးမီရာနှင့် တခြားကွန်ဖြူးရှပ်ဂိုဏ်းများ၏ ကျွမ်းကျင်သူများက ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများကို ကြည့်ရှုနေရင်း စိုးရိမ်လာကြသည်။ သူတို့၏ဆရာသခင်ငယ်လေးက ခရိုင်တပ်ဖွဲ့များကို ဖျက်သိမ်းခဲ့ပြီး စစ်သည်တော်များကို ဖိနှိပ်ခဲ့ပြီးနောက် မျိုးနွယ်ခြားဘုရင်က ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့များကို ဖွဲ့စည်းပြီး နိုင်ငံခြားမင်းမျိုးမင်းနွယ်များနှင့် ဟူလူမျိုးတစ်သောင်းကျော်ကို ဖမ်းဆီးခဲ့သည်။ ထိုကဲ့သို့ ကြီးမားသော ဖြစ်ရပ်က ကွန်ဖြူးရှပ်ဂိုဏ်း၏ လိုလားနေသော သဟဇာတကမ္ဘာကို ကြီးမားသော ထိခိုက်မှုတစ်ခု ကျရောက်စေနိုင်သည်။

“ဘာမှလုပ်လို့မရဘူးတော့... သူ့ကို ဖြေရှင်းလို့မရဘူး... ဆရာသခင်ငယ်လေး ရောက်လာတဲ့အထိ စောင့်ရမယ်...”

ဆရာကြီးစုန့်၏မျက်နှာတွင် ဆိုးရွားသော မဲ့ပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုဖြစ်ရပ်များ၏ အကျိုးဆက်ကို သူသိနေသော်လည်း အခြေအနေက မည်မျှပင် မခံမရပ်နိုင်အောင် ဖြစ်နေပါစေ သူတို့က သည်းခံနရမည် ဖြစ်၏။

“လူတိုင်း ငါပြောတဲ့စကားကိုနားထောင်... ဘာပဲဖြစ်ဖြစ် သည်းခံရမယ်... စိတ်ခံစားမှုနဲ့ ဆုံးဖြတ်ချက်မချနဲ့...”

ဆရာကြီးစုန့်၏ အကြီးမားဆုံး စိုးရိမ်မှုက ထိုမြင်ကွင်းကြောင့် လူတိုင်း ဝမ်ချောင်နှင့် ပဋိပက္ခဖြစ်ရန် လှုံ့ဆော်ခံရမည် ဖြစ်သည်။ ထိုအရာက တကယ့်ဘေးအန္တရာယ် ဖြစ်လာလိမ့်မည်။ သို့သော် ဆရာကြီးစုန့် စကားပြောပြီးပြီးချင်း သူ၏အဆိုးဆုံး စိုးရိမ်မှုများက အမှန်တကယ် ဖြစ်လာခဲ့သည်။

“မရဘူး... ငါ မသည်းခံနိုင်တော့ဘူး... ဘာပဲဖြစ်ဖြစ် ပူဆန်ထွိုယဲနဲ့ တခြားသူတွေကို သူ့လက်ထဲ လုယူသွားခွင့်ပေးလို့ မဖြစ်ဘူး...”

တစ္ဆေဓားသမားက အံကြိတ်လိုက်ပြီး ရှေ့သို့ ပြေးထွက်သွားခဲ့သည်။

ဆရာကြီးစုန့်၏မျက်နှာက ဖြူဖျော့သွားပြီး ချက်ချင်း အော်ခေါ်လိုက်သည်။

“တစ္ဆေဓားသမား ပြန်လာခဲ့စမ်း...”

သို့သော် တစ္ဆေဓားသမားက အလွန်အမင်း စိတ်လှုပ်ရှားနေပြီး လျှပ်စီးတစ်ခုပမာ လူအုပ်ကြီးထဲသို့ ခုန်ဝင်သွားခဲ့သည်။

“ဝမ်ချောင် ရပ်လိုက်...”

ဒေါသတကြီး အော်ဟစ်သံတစ်ခုက ဧကရာဇ်နန်းတော်တံခါးဝပေါ်တွင် ထွက်ပေါ်လာပြီး တစ္ဆေဓားသမားက ကြောက်ရွံ့မှုကင်းမဲ့စွာ ဝမ်ချောင်ဆီသို့ တိုက်စစ်ဆင်လာသည်။

“သူ့ကို တားလိုက်...”

ရွှီခဲ့ယွီနှင့် တခြားသူများက ဟူလူမျိုးများကို ဖမ်းဆီးနေချိန်တွင် တစ္ဆေဓားသမား၏ တိုက်စစ်ဆင်လာမှုကို မြင်လိုက်ရသည့်အခါ ချက်ချင်း တားဆီးရန် လှုပ်ရှားလိုက်ကြသည်။

"ဘုန်း... ဘုန်း... ဘုန်း..."

ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များက အနားသို့ မရောက်ခင်မှာပင် စွမ်းအင်လှိုင်းတစ်ခုက သူတို့ကို မြင်းများနှင့်အတူ လွင့်ထွက်သွားစေခဲ့သည်။

“ရဲတင်းလွန်းတယ်...”

စုရွှတ်ရွှမ်း၏မျက်နှာက မည်းမှောင်သွားပြီး သူ၏ဝူးစ်သံမဏိဓားကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး တစ္ဆေဓားသမားကို တားဆီးရန် သွားလိုက်သည်။ သို့သော် ဝမ်ချောင်က သူ့ကို မကြာခင်မှာပင် တားဆီးလိုက်သည်။

“သူ့ကို လာခွင့်ပေးလိုက်...”

ဝမ်ချောင်က ဂရုမစိုက်သလို လေသံနှင့် ပြောလိုက်သည်။

ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များက ချက်ချင်း ပြန်လည်ဆုတ်ခွာလိုက်ကြသော်လည်း တစ္ဆေဓားသမားက ဂရုမစိုက်ဘဲ ဝမ်ချောင်ဆီသို့ တည့်တည့်ပြေးဝင်လာသည်။

“ဝမ်ချောင် မင်းက ဘာတွေတွေးနေတာလဲ... မင်းက မဟာထန်မင်းဆက်နဲ့ တခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးကို တမင်တကာဖျက်ဆီးပြီး ငါတို့ ကွန်ဖြူးရှပ်ဂိုဏ်းကို လက်စားချေဖို့ ကြံစည်နေတာလား...”

တစ္ဆေဓားသမားက ဝမ်ချောင်နှင့် ခြောက်ပေအကွာတွင် ရပ်တန့်လိုက်ပြီး သူ့၏မျက်လုံးများတွင် ဝမ်ချောင်ကို သတ်ဖြတ်လိုစိတ်များ ဒေါသအလျှောက် တောက်လောင်စွာ ထွက်ပေါ်နေသည်။ တစ္ဆေဓားသမားက ဝမ်ချောင်အား မြင်တွေ့ရသည်မှာ ရိုးလာပြီဖြစ်သည်။ သူတို့၏ ပထမဆုံးတွေ့ဆုံမှုက မူးယစ်လမင်းပြည်က သူ့အပေါ် မကောင်းသော အမြင်ရှိခဲ့ပြီး ကွန်ဖြူးရှပ်ဂိုဏ်း၏ အစီအစဉ်များအတွက် အဓိက အတားအဆီးကို ပိုမိုရက်စက်စွာ ဖယ်ရှားနိုင်ရန် အကြိမ်ပေါင်းများစွာ အဆိုပြုခဲ့ကြသည်။ သို့သော် သူ့၏ဆရာသခင်ငယ်လေးနှင့် ဆရာကြီးစုန့်တို့က နားမထောင်ခဲ့ဘဲ ဆိုးရွားသော အကျိုးဆက်ကို ဖြစ်ပေါ်စေခဲ့သည်။

တိုင်းတပါးသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် မျိုးနွယ်ခြားဘုရင်၏ လက်ထဲတွင် ပျက်စီးသွားတော့မည်ဟု ထင်ရသည်။

"မင်းက နောက်ဆုံးမှာ မထိန်းနိုင်တော့ဘူးလား..."

ဝမ်ချောင်က တစ္ဆေဓားသမားကို ချက်ချင်း မှတ်မိသွားသည်။ ထိုလူနှင့် မူးယစ်လမင်းပြည်မှ သူ၏ဓားပညာက ဝမ်ချောင်အပေါ် အလွန်လေးနက် အထင်ကြီးမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

"သူဒီမှာရှိရင် တခြားကွန်ဖြူးရှပ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေလည်း သိပ်ဝေးမှာ မဟုတ်ဘူး..."

ဝမ်ချောင်က ဝေးကွာသော အကွာအဝေးကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု ရုတ်တရက် လက်သွားသည်။ ထိုမျှကြီးမားသော ဆူပူမှုများကို ကွန်ဖြူးရှပ်ဂိုဏ်းက လုံးဝမသိဘဲ နေမည်ဆိုလျှင် ပို၍ထူးဆန်းမည် ဖြစ်သည်။

“ဒီအရေးမပါတဲ့ကောင်က ဘယ်ကရောက်လာတာလဲ။ ငါ့ရှေ့မှာ ဒီလောက်ရဲရဲတင်းတင်း ပြုမူရဲသေးတယ်လား...” ဝမ်ချောင်က အေးစက်စွာ မေးလိုက်သည်။

“လူယုတ်မာ...”

တစ္ဆေဓားသမား၏ မျက်လုံးများက ဒေါသကြောင့် နီရဲလာခဲ့သည်။

"ဘုန်း..."

အလင်းရောင်တစ်ခုက သူဓားကို ဆွဲထုတ်လိုက်ပြီး ချက်ချင်း လေထုထဲတွင် ပျောက်ကွယ်သွားသည်။

“ရှောင်းဂီတအက...”

ခေါင်းလောင်းသံများနှင့်အတူ ရှေးဟောင်းအသံတစ်ခုက လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

ဝမ်ချောင်၊ ပတ်ဝန်းကျင်တွင်ရှိနေသော ပြည်သူ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့၏ မြင်းတပ်သားများ၊ စုရွှတ်ရွှမ်းအပါအဝင် ထိုအသံကြောင့် ချက်ချင်း မူးမေ့သွားကြသည်။ သူတို့၏ဝိညာဉ်များက တခြားကမ္ဘာတစ်ခုထဲသို့ ဆွဲယူခံလိုက်ရသလို ဖြစ်သွားခဲ့ပြီး သူတို့၏မျက်လုံးများထဲတွင် မူးယစ်မှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

ရှောင်းဂီတသည် ဧကရာဇ်ရှူန်းမှ ဖန်တီးထားခဲ့သော ဂီတဖြစ်ပြီး ပညာရှိများ၏ဂီတလည်း ဖြစ်သည်။ သို့သော် ရှောင်းဂီတအကသည် နွေဦးနှင့် ဆောင်းဦးခေတ်၏ ထိပ်တန်းလုပ်ကြံသတ်ဖြတ်နည်းပညာ ဆယ်ခုထဲမှတစ်ခု ဖြစ်သည်။ ထိုခေတ်၏ ထိပ်တန်းကျင့်စဉ်သမားတစ်ဦးဖြစ်ပြီး လုပ်ကြံသူအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးက ကွန်ဖြူးရှပ်ဂိုဏ်းထဲသို့ ဝင်ရောက်လာပြီးနောက် ရှောင်းဂီတမှ ထိုနည်းပညာကို တတ်မြောက်လာခဲ့သည်။

ရှောင်းဂီတအကသည် ဓားတစ်ချက်ထိုးတိုင်း ဂီတမှတ်စုတစ်ခုကို တီးခတ်သလိုဖြစ်ပြီး ဂီတမှတ်စုတစ်ခုချင်းစီက ဓားနည်းပညာတစ်ခု ဖြစ်သည်။ ထိုဓားအနုပညာက ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို တပြိုင်နက်တည်း တိုက်ခိုက်နိုင်သည်။ စိတ်ဓာတ်ခိုင်မာပြီး စိန့်ကျင့်စဉ်အဆင့်ထိ ရောက်ရှိထားသောကျွမ်းကျင်သူကပင် ရှောင်းဂီတ၏ အကျိုးသက်ရောက်မှုကို ခံစားရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရှောင်းဂီတက လူထု၏နှလုံးသားကို ဖော်ညွှန်းသော ဂီတတစ်ခုပင် ဖြစ်သည်။

******

အခန်း ၁၅၈၅ ပြတ်သားလာမည့်ပဋိပက္ခ

"ဒိန်း... ဒိန်း... ဒိန်း..."

ဓားချီအလင်းတန်းများစွာက ဂီတမှတ်စုများသဖွယ် အဆုံးမရှိ ထွက်ပေါ်လာပြီး ဝမ်ချောင်ဆီသို့ ပေါက်ကွဲထွက်လာသည်။

ကုန်း၊ ရှန့်၊ ကျွတ်၊ ကျိ၊ ယူး၊ ကွန်ဖြူးရှပ်ဂိုဏ်းတွင် အမှန်တကယ် ထူးချွန်သောအရာများ ရှိနေသည်။

မြင်းပေါ်တွင်ထိုင်နေသော ဝမ်ချောင်က မျက်လုံးများကို မှေးကျဉ်းထားပြီး ရှောင်းဂီတကြောင့် လုံးဝထိခိုက်မှု မရှိခဲ့ပေ။ သူ၏ လက်ရှိစိတ်စွမ်းအားအဆင့်ဖြင့် သူ့ကို ထိခိုက်နိုင်သည့် အရာများက ရှားပါးလှပြီး ရှောင်းဂီတသည် ထိုအထဲတွင် မပါဝင်ခဲ့ပေ။

ကောင်းမွန်သော သိုင်းပညာပင် ဖြစ်လင့်ကစား အသုံးပြုသူ၏ သိုင်းပညာအဆင့်က အားနည်းလွန်းနေသည်။ ထိုအရာကို လျစ်လျူရှုလိုက်ပြီး ဝမ်ချောင်က မျက်လုံးများကို ဖွင့်လိုက်ပြီး ညာဘက်လက်ဖြင့် လျင်မြန်စွာ လေထဲသို့ လှမ်းဆွဲလိုက်သည်။

"ဂျိမ်း..."

မိုးကြိုးသံတစ်ခုက ထွက်ပေါ်လာပြီး ခဏအကြာ လူတိုင်းက ဝမ်ချောင်၏ လက်ဖဝါးက လေထဲမှ ငွေရောင်ဖြူဖျော့ဓားတစ်လက်ကို ဖမ်းဆုပ်ထားသည်ကို မြင်လိုက်ရသည်။

ထို ထက်သန်သော ဓားက ဝမ်ချောင်၏ လက်ထဲတွင် သစ်သားတုတ်တစ်ချောင်းသဖွယ်ဖြစ်နေပြီး လေထဲတွင် လုံးဝရပ်တန့်နေသည်။ ဓားကိုင်ထားသော တစ္ဆေဓားသမားသည်လည်း ထူးဆန်းသောပုံစံဖြင့် အေးခဲလျက် ခေါင်းအောက်သို့ ဦးတည်ပြီး ခြေထောက်များက အထက်သို့ ဦးတည်ကာ တည်နေရာတွင် သံမှိုနှင့် တွယ်ထားသလို ဖြစ်နေသည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...”

တစ္ဆေဓားသမား၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုတစ်ခုက ဖြတ်သန်းသွားပြီး မြင်းပေါ်မှ ငယ်ရွယ်သော မျိုနွယ်ခြားဘုရင်ကို စိုက်ကြည့်နေသည်။

သူက အပြင်းထန်ဆုံး ဓားချီများကို အသုံးပြုခဲ့ပြီး သံမဏိပင်လျှင် ထိုထိုးနှက်မှုကို ခံနိုင်မည် မဟုတ်ပေ။

သို့သော် ဝမ်ချောင်က သူ၏ဓားအား လင်းယုန်ငှက်က ကြက်ငယ်တစ်ကောင်ကို ဖမ်းဆီးသည့်နှယ် ဖမ်းဆုပ်လိုက်သည်။

တစ္ဆေဓားသမားသည် ရုတ်တရက် လုပ်ကြံသတ်ဖြတ်နိုင်သော ဤသိုင်းပညာက ပေါက်ကွဲထွက်နိုင်သော ကြယ်တာရာစွမ်းအင်များဖြင့် ပြည့်နှက်နေသည်ကို သိထားသောကြောင့် ပိုမိုထိတ်လန့်သွားခဲ့သည်။

ဝမ်ချောင်က လက်ဗလာဖြင့် ဓားကို ဖမ်းဆုပ်လိုက်ခြင်းသည် မယုံကြည်နိုင်လောက်အောင် မိုက်မဲသော လုပ်ရပ်တစ်ခု ဖြစ်သည်။ သို့သော် ယခု တစ္ဆေဓားသမားက သူ၏ရှောင်းဂီတဓားချီသည် ဝမ်ချောင်နှင့် ထိပ်တိုက်ရင်ဆိုင်သောအခါ ကြယ်တာရာစွမ်းအင်အားလုံးကို ဝါးမျိုခံလိုက်ရပြီး အနည်းငယ်မျှပင် လှိုင်းမထနိုင်ခဲ့မှန်း သဘောပေါက်သွားသည်။

ဝမ်ချောင်၏ ခန္ဓာကိုယ်က အလေးအနက် မဖြစ်နိုင်သည့် ပေါက်ပေါက်တစ်ခုသဖွယ် ဖြစ်နေသည်။ ထိုအရာသည် ပုံမှန်မဟုတ်သလို ကွန်ဖြူးရှပ်ဂိုဏ်းအတွင်းမှာပင် တစ္ဆေဓားသမားက ထိုမျှထူးဆန်းသောအရာကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။

တစ်ခုတည်းသော ရှင်းပြချက်မှာ…

ဝမ်ချောင်က သူ့ထက် အဆပေါင်းများစွာ သာလွန်၍ အားကောင်းနေခဲ့သည်။ တစ္ဆေဓားသမား၏ နှလုံးသားက ကျောက်ခဲတစ်လုံးသဖွယ် အေးခဲသွားသည်။ ထိုလူငယ်ကို ကြည့်နေရင်း တစ္ဆေဓားသမားက ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ သူက မဟာထန်မင်းဆက်၏ ထနုမင်းမျိုးမင်းနွယ်ကို မည်သည့်အခါမှ အလေးမထားခဲ့ဖူးသလို ဝမ်ချောင်ကို သူယှဉ်နိုင်မည်မဟုတ်ဟု တစ်ခါမျှ မယုံကြည်ခဲ့ဖူးပေ။ ထို့ကြောင့် သူက စိတ်လှုပ်ရှားမှုဖြင့် ပြေးဝင်လာခဲ့သည်။

“မကောင်းတော့ဘူး... နောက်ဆုတ်ကြတော့...”

“မကောင်းတော့ဘူး... တစ္ဆေဓားသမား ဒုက္ခရောက်နေပြီ...”

ဆရာကြီးစုန့်နှင့် ဗမ်ဘူးမီရာတို့၏ မျက်နှာများက ဖြူဖျော့သွားခဲ့သည်။ တစ္ဆေဓားသမားက ရှေ့သို့ ပြေးထွက်သွားချိန်တွင် သူတို့က တားဆီးရန် ကြိုးစားခဲ့သော်လည်း တစ္ဆေဓားသမားက အလွန်လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်။ ပို၍ ဆိုးရွားသည်မှာ တစ္ဆေဓားသမား၏ အလောတကြီး လုပ်ဆောင်တတ်‌သောအကျင့်စရိုက်က သူရင်ဆိုင်နေရသူမှာ မည်သူမည်ဝါဖြစ်သည်ကို လုံးဝမသိခဲ့ပေ။

“သူ့ကို တားလိုက်...”

ဆရာကြီးစုန့်နှင့် အခြားသူများက သူတို့၏ စိုးရိမ်မှုများကို ဘေးဖယ်ထားပြီး ဝမ်ချောင်ဆီသို့ လူအုပ်ကြီးထဲမှ ရုတ်တရက် ပြေးထွက်လာကြသည်။

တစ္ဆေဓားသမားက အစပိုင်းတွင် ဒေါသများနှင့် စိတ်လှုပ်ရှားမှုများက အရာအားလုံးကို လုံးဝပျောက်ကွယ်သွားခဲ့သည်။ တစ္ဆေဓားသမား၏မျက်နှာက ဖြူဖျော့သွားပြီး သူ၏ စိတ်ထဲတွင် ထိုတစ်ခုတည်းသော အတွေးသာ ကျန်ရှိတော့သည်။ သူက ဓားကို လွှတ်ချလိုက်ပြီး နောက်သို့ ပြန်ပြေးရန် ကြိုးစားလိုက်သည်။

“ဟမ့်... လုပ်ချင်ရာ လုပ်ခဲ့ပြီးမှ ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ ထင်နေသလား...”

ဝမ်ချောင်က အေးစက်စွာ ပြုံးလိုက်သည်။ သူက သိမ်မွေ့နယ်မြေအဆင့်ရှိ ကျားမင်းကိုပင် တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ဖူးသူဖြစ်ပြီး တစ္ဆေဓားသမားက သိမ်မွေ့နယ်မြေအဆင့်သို့ မရောက်ရှိသေးပေ။

"ဟူး..."

တစ္ဆေဓားသမားက ဆုတ်ခွာနေစဉ် ဝမ်ချောင်က ချက်ချင်း တိုက်ခိုက်လိုက်သည်။

“မျိုးနွယ်ခြားဘုရင် သနားညှာတာပေးပါ...”

အေးစက်ပြီး မာနကြီးသော အသံတစ်ခုက နန်းတော်တံခါးဝဘက်မှ ထွက်ပေါ်လာပြီး ထိုအသံ၏ပိုင်ရှင်က လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ဝမ်ချောင်နှင့် တစ္ဆေဓားသမားဆီသို့ ပြေးဝင်လာခဲ့သည်။

“ဆရာသခင်ငယ်လေး...”

“ဆရာသခင်ငယ်လေး ရောက်လာပြီလား...”

ဆရာကြီးစုန့်နှင့် အခြားသူများက ထိုအသံကို ကြားလိုက်ရသည့်အခါ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ယခုအခါ စိုးရိမ်မှုမရှိဘဲ ဝမ်ချောင်ဆီသို့ ပြေးဝင်လာကြသည်။

“ဟမ်... မင်းရောက်လာရင်ရော ဘာဖြစ်မှာလဲ...”

ဝမ်ချောင်က လီကျွင်းရှန်း ပေါ်လာသည့်အချိန်တွင် သတိထားမိခဲ့သော်လည်း တစ္ဆေဓားသမားကို ကယ်တင်ခွင့်ပေးနိုင်စရာ အကြောင်းမရှိပေ။

“အား...”

ရွှေရောင်အလင်းတန်းတစ်ခုထဲတွင် ဝမ်ချောင်က လက်ဖဝါးကို မြေပြင်သို့ ဖိချလိုက်သည်။

အဆုံးမရှိသော ကြယ်တာရာစွမ်းအင်က ဆင်းသက်လာပြီး ဆုတ်ခွာနေသော တစ္ဆေဓားသမားကို လေထဲမှ ရိုက်ချလိုက်ပြီး မြေပြင်ထဲသို့ ဖိမိစေကာ ကြောက်ရွံ့မှုဖြင့် အော်ဟစ်စေခဲ့သည်။

"‌‌‌‌‌‌‌အား..."

ထိုအချိန်တွင် အဖြူရောင် ကြယ်တာရာစွမ်းအင်တစ်ခုက အလင်းတန်းတစ်ခုသဖွယ် ဝမ်ချောင်ဆီသို့ ပြေးဝင်လာသည်။

ဝမ်ချောင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီး သူ၏ ဘယ်ဘက်လက်ဖဝါးကို ထိုးထုတ်လိုက်သည်။ ရွှေရောင်ကြယ်တာရာစွမ်းအင်က ဟောက်သံဖြင့် ထွက်ပေါ်လာပြီး အဖြူရောင် ကြယ်တာရာစွမ်းအင်နှင့် ထိပ်တိုက် ရင်ဆိုင်သွားခဲ့သည်။

“ဘုန်း...”

နောက်ထပ်ကြီးမားသော မိုးကြိုးသံတစ်ခုက ထွက်ပေါ်လာသည်။ ဝမ်ချောင်က သူ၏ ဖြူဖွေးပြီး ရင်အုံကျယ်သော မြင်းပေါ်တွင် တောင်တစ်လုံးသဖွယ် ခိုင်မြဲစွာ ရပ်တည်နေပြီး ဝေးကွာသော လီကျွင်းရှန်းသည်လည်း မျက်နှာက အေးစက်နေပြီး မာနကြီးစွာ ရပ်တန့်သွားခဲ့သည်။

တစ္ဆေဓားသမားအတွက်တော့ ဝမ်ချောင်က လက်လှမ်းလိုက်ပြီး သူ့ကို လက်ထဲသို့ ဆွဲယူလိုက်သည်။ တစ္ဆေဓားသမားက ယခုအခါ သူ၏ အကျဉ်းသားဖြစ်သွားပြီး သူ၏ သွေးကြောများနှင့် ကြယ်တာရာစွမ်းအင်အားလုံးကို ချိတ်ပိတ်ခံထားရသည်။

ကွန်ဖြူးရှပ်ဂိုဏ်းအဖွဲ့ဝင်များအားလုံး၏ နှလုံးသားများက အေးစက်သွားပြီး စဉ်းစားရန်ပင် အချိန်မရှိဘဲ လီကျွင်းရှန်း၏ အနားသို့ အလျင်အမြန် ပြေးဝင်လာကြသည်။

“ဝမ်ချောင် ငါ့လက်အောက်ငယ်သားကို လွှတ်ပေးစမ်း...”

အမတ်ဝတ်စုံဖြင့် လီကျွင်းရှန်းက ဝမ်ချောင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“အတွင်းရေးအကြံပေးလား...”

လူအုပ်ကြီးက ပိုမိုဆူညံလာခဲ့သည်။ မရေမတွက်နိုင်သော မျက်လုံးများက လက်ရှိဧကရာဇ်နန်းရင်းအတွင်းရှိ အာဏာရှိသူတစ်ဦးဖြစ်သော အတွင်းရေးအကြံပေးမှူးကို ချက်ချင်း မှတ်မိသွားသည်။

စစ်ရေးနှင့် ကွန်ဖြူးရှပ်ဂိုဏ်း၏ ပဋိပက္ခသည် အတွင်းရေးအကြံပေးမှူးအဖြစ် လီကျွင်းရှန်းနှင့် ဝမ်ချောင်တို့အကြား ဖြစ်ပွားခဲ့ပြီး ယခုအခါ ထိုသူနှစ်ဦးက ဧကရာဇ်နန်းတော် တံခါးဝအပြင်ဘက်တွင် ထပ်မံထိပ်တိုက် ရင်ဆိုင်နေကြရသည်။

အခြေအနေက ချက်ချင်း တင်းမာလာပြီး ဝမ်ချောင်နှင့် သူ့ဆီသို့ ဖြည်းဖြည်းချင်း လှမ်းလာနေသော လီကျွင်းရှန်းတို့အပေါ် လူအုပ်ကြီး၏ အာရုံစူးစိုက်မှုက ရောက်ရှိသွားခဲ့သည်။

ထိတ်လန့်နေသော ဟူလူမျိုးများနှင့် တိုင်းခြားသူလျှိုခေါင်းဆောင်များကပင် လေထုထဲတွင် ပြောင်းလဲမှုကို ခံစားမိပြီး လှည့်ကြည့်လိုက်ကြသည်။

"နောက်ဆုံးတော့ သူပေါ်လာပြီ..."

ဟူလူမျိုးအုပ်စုထဲတွင် မိုချီကျန်းရန်က သက်ပြင်းချလိုက်သည်။ ဝမ်ချောင်က အမှန်တကယ် အလွန်အာဏာရှိလွန်းပြီး တားဆီး၍ မရနိုင်သလို ထင်မှတ်ရသည်။ ထိုပြည်ထောင်စုတစ်ခုလုံးတွင် လီကျွင်းရှန်းတစ်ဦးတည်းကသာ သူနှင့် ယှဉ်ပြိုင်နိုင်သည်။

ဝမ်ချောင်က အခြားသူများကို လျစ်လျူရှုထားပြီး သူ၏မျက်လုံးများက လီကျွင်းရှန်းအပေါ်တွင်သာ စူးစိုက်ထားသည်။ အထူးဖြစ်ရပ်တစ်ခုမရှိပါက နန်းတွင်းအစည်းအဝေးတွင် ပါဝင်နေသော အရာရှိများက ထွက်ခွာခွင့် မရှိပေ။ ပုံမှန်အားဖြင့် လီကျွင်းရှန်းက ထိုနေရာတွင် မည်သည့်အခါမှ ပေါ်လာရန် မဖြစ်နိုင်သော်လည်း ဝမ်ချောင်က ထိုဖြစ်ပေါ်မှုအတွက် အံ့ဩနေခဲ့ခြင်း မရှိခဲ့ပေ။

ကွန်ဖြူးရှပ်ဂိုဏ်းက ဧကရာဇ်နန်းရင်းအတွင်း၌ ထင်ထားသလောက် ထိန်းချုပ်မှုများစွာရှိနေပြီး သူ့အား စောစီးစွာ ထွက်ခွာခွင့်ပြုခြင်းက ထူးဆန်းသည့်အရာ မဟုတ်ပေ။

လီကျွင်းရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်ချောင်က ဂရုမစိုက်သလို မေးလိုက်သည်။

“မင်းပြောတာက အထက်လူကြီးကို ဆန့်ကျင်တဲ့ဒီလူက မင်းရဲ့လက်အောက်ငယ်သားတဲ့လား...”

“လူယုတ်မာ... မင်းက ဘယ်သူ့ကို အထက်လူကြီးကို ဆန့်ကျင်တယ်လို့ ပြောနေတာလဲ...”

တစ္ဆေဓားသမားက ထိုစကားများကြောင့် ဒေါသထွက်သွားခဲ့သည်။

ဝမ်ချောင်က သူ၏ကြယ်တာရာစွမ်းအင်ကို တံဆိပ်ခတ်ထားသော်လည်း စကားပြောနိုင်စွမ်းကို မဖယ်ရှားခဲ့ပေ။

“ဟမ်... ငါက မဟာထန်မင်းဆက်ရဲ့ အဆင့်တစ်မင်းမျိုးမင်းနွယ်ပဲ... မင်းကိုယ်မင်း ဘာလဲဆိုတာရောသိလား... ဒါတောင် ငါ့ကိုတိုက်ခိုက်ရဲတယ်လား...”

ဝမ်ချောင်က တစ္ဆေဓားသမားကို တစ်ချက်မျှပင် မကြည့်ဘဲ သူ၏စကားများက တစ္ဆေဓားသမား၏ မျက်နှာအမူအရာကို ချက်ချင်း အေးခဲသွားစေသည်။

ကွန်ဖြူးရှပ်ဂိုဏ်းသည် ဧကရာဇ်နန်းရင်းအတွင်း လက်လှမ်းမမီသော ဂိုဏ်းတစ်ခုဖြစ်ပြီး အာဏာပိုင်များက မည်သည့်အခါမှ ထိန်းချုပ်မထားခဲ့သော်လည်း ထိုနေရာက မဟာထန်မင်းဆက်၏မြို့တော် ဖြစ်သည်။ ဝမ်ချောင်က မဟာထန်မင်းဆက်၏ ဘုရင်တစ်ပါးဖြစ်ပြီး သူ၏အဆင့်အတန်းက သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည်။

စုရွှတ်ရွှမ်းက ရုတ်တရက် ရှေ့သို့လှမ်းလာပြီး ပြင်းထန်စွာ ပြောလိုက်သည်။

“အရှင် ဒီလူက အရှင့်ကိုလုပ်ကြံဖို့ စေလွှတ်ခံရတဲ့ လုပ်ကြံသူတစ်ဦးဖြစ်တယ်လို့ ဒီလက်အောက်ငယ်သားက ပြောချင်ပါတယ်... သူ့ရဲ့နောက်ခံအကြောင်းကို စုံစမ်းလိုက်ရင် သူ့ကိုငှားရမ်းတဲ့သူ ဘယ်သူဖြစ်မယ်ဆိုတာ သဲလွန်စရနိုင်ပါတယ်...”

"ဟင်း..."

တစ္ဆေဓားသမားနှင့် လီကျွင်းရှန်းတို့၏ မျက်နှာများက ဖြူဖျော့သွားပြီး ဝမ်ချောင်က အေးစက်စွာ ပြုံးလိုက်သည်။ အတိတ်ကာလတွင် လီကျွင်းရှန်းက ဝမ်ချောင်ကို ဖြေရှင်းရန် သူ၏လက်အောက်ငယ်သားများကို တိုက်ရိုက် လှုပ်ရှားစေခဲ့ပြီး သူတို့ထဲမှ တချို့ကို အကျဉ်းချခဲ့သည်။ ဝမ်ချောင်က ထိုအကြွေးကို ပြန်ပေးဆပ်ရုံသာမက လီကျွင်းရှန်းအား သူ၏လက်အောက်ငယ်သားများကို အကျဉ်းချခံရခြင်း၏ ခံစားချက်ကို သိစေလိုခဲ့ခြင်း ဖြစ်သည်။

“ဝမ်ချောင်၊ မင်းက တကယ်ဆိုးရွားတဲ့ကောင်ပဲ...။ ဒါကို ငါလုပ်ခဲ့တာ... ဆရာသခင်ငယ်လေးနဲ့ ဘာမှမဆိုင်ဘူး။ မင်းက အပြစ်တင်ချင်တယ်ဆိုရင် ငါ့ကိုပဲ အပြစ်တင်လိုက်စမ်းပါ...”

တစ္ဆေဓားသမားက အော်ဟစ်၍ ပြောလိုက်သည်။

ဝမ်ချောင်က သူ့ကို ဆက်လက် လျစ်လျူရှုထားပြီး တစ္ဆေဓားသမားကို စုရွှတ်ရွှမ်းထံ လွှဲပြောင်းပေးလိုက်သည်။

“လာ... ဒီလူကို ခေါ်သွားလိုက်...”

တစ်ဖက်တွင် လီကျွင်းရှန်းက မျက်မှောင် ကြုတ်လိုက်သည်။

“မျိုးနွယ်ခြားဘုရင်က အမှန်တကယ် လှည့်ဖျားတတ်သူပဲ... ဒါဆို မင်းကလက်စားချေဖို့ ရောက်လာတာလား...”

လီကျွင်းရှန်းက အေးစက်စွာ မေးလိုက်သည်။

“သူက ငါ့ကိုလုပ်ကြံဖို့ ကြိုးစားခဲ့တာ... ဒါမှမဟုတ်ရင် ငါက သူ့ကို မဟုတ်မမှန် စွပ်စွဲလိုက်တာလား... အတွင်းရေးအကြံပေးမှူး မင်းက နန်းရင်းအတွင်းမှာ အရေးကြီးတဲ့ အရာရှိတစ်ဦးအနေနဲ့ မဟာထန်မင်းဆက်ရဲ့ဥပဒေတွေကို နားမလည်ဘူးလား...”

ဝမ်ချောင်က ပြန်လည် တုံ့ပြန်လိုက်သည်။

လီကျွင်းရှန်း၏ မျက်နှာက ပို၍ တင်းမာသွားခဲ့သည်။ တစ္ဆေဓားသမားက ဝမ်ချောင်ကို လုပ်ကြံရန် ကြိုးစားခဲ့သည်မှာ လီကျွင်းရှန်းပင်လျှင် ငြင်းဆိုနိုင်စရာ မရှိပေ။

“အတွင်းရေးအကြံပေးမှူး... အတွင်းရေးအကြံပေးမှူး... ကျွန်တော်တို့ကိုကယ်ပါ...”

ဟူလူမျိုး၏အသံဖြင့် အကူအညီ တောင်းသံတစ်ခုက အနီးအနားမှ ထွက်ပေါ်လာသည်။

ဝမ်ချောင် ဖမ်းဆီးထားသော ပူဆန်ထွိုယဲနှင့် အခြားတိုင်းခြားမင်းမျိုးမင်းနွယ်များက လီကျွင်းရှန်းထံသို့ အကူအညီတောင်းရန် အော်ခေါ်နေကြသည်။ သူတို့က တစ္ဆေဓားသမားကို မမှတ်မိသော်လည်း လီကျွင်းရှန်းကို မှတ်မိနေပြီး ထိုအချိန်တွင် သူတို့ကို ကယ်တင်နိုင်သူမှာ ထိုလူတစ်ဦးတည်းသာ ရှိတော့သည်။

“မျိုးနွယ်ခြားဘုရင် ဒီကိစ္စကို ယာယီဘေးဖယ်ထားပြီး ပူဆန်ထွိုယဲနဲ့ အခြားသူတွေကို ချက်ချင်း လွှတ်ပေးရမယ်... လာခဲ့ကြစမ်း... မင်းသားတွေနဲ့ မင်းသမီးတွေကို ကြိုးဖြည်ပေးလိုက်ကြစမ်း...”

လီကျွင်းရှန်းက တိုင်းခြားမင်းမျိုးမင်းနွယ်များ ချည်နှောင်ခံထားရသည်ကို မြင်လိုက်ရသည့်အခါ ဒေါသထွက်သွားပြီး သူ၏လက်ကို ဝှေ့ရမ်းလိုက်သည်။

ဆရာကြီးစုန့်နှင့် ဗမ်ဘူးမီရာတို့က ချက်ချင်း ကွန်ဖြူးရှပ်ဂိုဏ်းအဖွဲ့ဝင်များကို ဦးဆောင်ကာ ပူဆန်ထွိုယဲနှင့် အခြားသူများကို ကြိုးဖြည်ပေးရန် လှုပ်ရှားလိုက်ကြသည်။

“ဟေ့... ဘယ်သူက ရဲတင်းရဲတာလဲ...”

ဝမ်ချောင်၏ မျက်လုံးများက အေးစက်သွားပြီး ချက်ချင်း လက်ချောင်းများကို လှည့်လိုက်သည်။

"ဗျောင်း..."

စူးရှပြီး ဖြူ‌ဖွေးနေသော ဓားချီတစ်ခုက လေထဲသို့ ပြေးဝင်သွားပြီး မြေပြင်တွင် လက်မပေါင်းများစွာ နက်ရှိုင်းသော မျဉ်းတစ်ကြောင်းကို ပေါ်ထွက်စေလိုက်သည်။

******

All Chapters