← Chapters

သူတို့ကို မင်းမုန်းတာထက် ငါပိုမုန်းတယ်

Vol. 42 Ch. 621

သူတို့ကို မင်းမုန်းတာထက် ငါပိုမုန်းတယ်

Vol. 42 Ch. 621

နေရာတိုင်းတွင် ကျိန်စာများ၏ ခြေရာလက်ရာများ ရှိနေသည်။ ကျန်းမင်လီသည် အိပ်မက်ချိုးဖျက်မြို့အတွင်း ပိတ်မိနေစဉ်အတွင်း ငြိမ်နေခဲ့သည်မဟုတ်ပေ။ သူသည် နည်းလမ်းအမျိုးမျိုးဖြင့် ကျိန်စာများကို ဖြန့်ကျက်ထားခဲ့သည်။ သူသည် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

“ခင်ဗျားရဲ့ အစီအစဉ်က ဘာလဲ”

ကျန်းမင်လီကို စိုက်ကြည့်နေသော ကောင်းမင်၏ မျက်နှာပေါ်မှ အပြုံးမှာ မှေးမှိန်သွားသည်။

“ငါ မင်းရဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ဝန်ခံပါတယ်၊ အိပ်မက်ချိုးဖျက်မြို့က အရင်းအမြစ်တွေက မပြောသင့်သူတစ်ဦးစာအတွက်တောင် မနည်းရုန်းကန်ရတာ၊ မင်းက အိပ်မက်ရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီးပြီ ၊ မင်းက မပြောသင့်သူအဆင့် သရဲတွေရဲ့ အဆင့်အတန်းနဲ့ အရမ်းနီးစပ်နေပြီ”

ကျန်းမင်လီသည် သေရမည်ကို မကြောက်ပေ။သူသည် မသေဆေးကုမ္ပဏီ၏ ဆယ်စုနှစ်ပေါင်းများစွာ နှိပ်စက်မှုခံခဲ့ရသည့်တိုင် အညံ့မခံခဲ့ချေ။ သူသည် ခေါင်းမာသော လူတစ်ယောက် ဖြစ်သည်။

“မင်းက မသေဆေးကုမ္ပဏီက ပို့လိုက်တဲ့ တခြားစမ်းသပ်သူတွေနဲ့ မတူဘူးဆိုတာ ငါသိပါတယ် ၊ ငါရှုံးတာ ဝန်ခံပါတယ်၊ ဒါပေမဲ့ မင်းတစ်ခုတော့ နားလည်ပေးဖို့ မျှော်လင့်တယ်”

“ပြောပါဦး”

ကောင်းမင်က ကျိန်စာများကို အကဲခတ်လိုက်သည်။ ၎င်းတို့သည် ဟန်ဟိုင်းမှ ကျိန်စာများနှင့် မတူပေ။ ၎င်းတို့မှာ ပို၍ မိစ္ဆာဆန်ပြီး ကောက်ကျစ်သည်။ ၎င်းတို့သည် ဆူပွက်နေသော သွေးပင်လယ်ကြီးတစ်စင်းနှင့် တူသည်။

“မသေဆေးကုမ္ပဏီက အထက်လူကြီးတွေက ရူးနေကြပြီ၊ သူတို့ဟာ ‘အိပ်မက်’က ဘယ်လောက် ကြောက်ဖို့ကောင်းတယ်ဆိုတာ မသိကြဘူး၊ သူတို့က ဒီနေရာကို ချောက်ကမ်းပါးဆီ တွန်းပို့နေကြတာပဲ၊ မကြာခင် ချောက်နက်ထဲ ကျဆင်းသွားတော့မယ်၊ ဒီမှာရှိတဲ့ လူတိုင်း စတေးခံရလိမ့်မယ်”

ကျန်းမင်လီက ရိုးသားစွာဖြင့် အလေးအနက်ပြော နေသည်။ သူသည် သူကိုယ်တိုင်အတွက် အသနားခံနေခြင်း မဟုတ်ပေ။

“မင်းက ဘယ်ဘက်က ရပ်တည်လဲဆိုတာ ငါမသိဘူး၊ မင်းရဲ့ အတိတ်နဲ့လည်း ငါမရင်းနှီးဘူး။ ဒါပေမဲ့ မင်းဟာ မြို့သေတစ်မြို့ရဲ့ မျှော်လင့်ချက်ကို သယ်ဆောင်ထားတဲ့သူဖြစ်လို့ ငါ့ ရှုထောင့်ကို နားလည်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်၊ ငါတို့သာ မသေဆေးကုမ္ပဏီကို မတားဆီးနိုင်ရင် ရှင်းလုမြို့ဟာ နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမယ့် မြို့တစ်မြို့ ဖြစ်လာလိမ့်မယ်”

“ခင်ဗျားကို ကူညီစေချင်တာလား”

“ငါ မင်းကို သက်သေပြပါ့မယ်”

ကျန်းမင်လီက သားစားကြူးနတ်ဘုရားကို မော့ကြည့်သည်။

“အနည်းဆုံးတော့ ငါမင်းကို မဖျောင်းဖျနိုင်ခင်အထိ မင်းအနေနဲ့ ကြားနေအဖြစ် ရှိနေပေးဖို့ မျှော်လင့်ပါတယ်”

ကောင်းမင်က မေးစေ့ကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူသည် သူ၏အနက်ရောင်လက်ပတ်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ချွတ်၍ ဖျက်ဆီးပစ်လိုက်သည်။ ဤရုတ်တရက် လုပ်ဆောင်ချက်ကြောင့် ကျန်းမင်လီမှာ ထိတ်လန့်သွားသည်။

“ခင်ဗျား ကျုပ်ကို နားလည်မှုလွဲနေပြီ ထင်တယ်”

ကောင်းမင်သည် လက်ပတ်ကို လွှင့်ပစ်လိုက်၏။

“ကျုပ်က ‘ပြီးပြည့်စုံသောဘဝ’ဂိမ်းထဲက ကစားသမားတွေရဲ့ တောင်းဆိုချက်ကို လက်ခံခဲ့တာ၊ ကျုပ် ဒီကိုလာရတဲ့ အဓိကအကြောင်းရင်းက ခင်ဗျားကို ကယ်ဖို့ပဲ”

“ငါ့ကို ကယ်ဖို့ ဟုတ်လား”

ကျန်းမင်လီသည် သတိလက်လွှတ်မနေသေးပေ။ ကောင်းမင်က ကျိန်စာများကို ဖြေဖျောက်ရန်အတွက် သူ့ကို လှည့်စားနေမည်ကို စိုးရိမ်သည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး သိကျွမ်းခဲ့သည်မှာ မကြာသေးသော်လည်း ထိုညတစ်ညတည်းကပင် ကောင်းမင်သည် ကျန်းမင်လီအပေါ် နက်ရှိုင်းသော အထင်အမြင်များ ချန်ထားရစ်ခဲ့သည်။ ကောက်ကျစ်ခြင်း၊ ရက်စက်ခြင်း၊ စက်ဆုပ်ဖွယ်ကောင်းခြင်း၊ ယုတ်မာခြင်းနှင့် အကွက်ချစီစဉ်တတ်ခြင်း… ယင်းတို့က ကောင်းသောဖော်ပြချက်တစ်ခုမှ မဟုတ်ပေ။

“ဆရာကျန်းဟာ နူးညံ့ပြီး ကြင်နာတတ်တယ် ၊ ခင်ဗျားရဲ့ မိတ်ဆွေတွေနဲ့ ရှင်းလုမြို့ကို ခင်ဗျားနှလုံးသားထဲမှာ အမြဲသယ်ဆောင်ထားတယ်၊ ကပ်ဆိုးကြီး ရောက်လာတဲ့အခါ ခင်ဗျားဟာ တားမြစ်ဂိမ်းကစားသမားတွေကို ကယ်ဖို့ ကိုယ့်ကိုယ်ကိုယ် အစတေးခဲ့တယ်၊ သူတို့က အခုထိ ခင်ဗျားကို စိုးရိမ်နေကြတုန်းပဲ”

ကောင်းမင်သည် ကျန်းမင်လီနှင့် မိတ်ဆွေဖွဲ့ချင်နေခြင်း ဖြစ်သည်။ သူသည် ခန္ဓာကိုယ်ပြည့်စုံသွားပြီးနောက် သူပထမဆုံးလုပ်သည့်အလုပ်မှာ ကျောက်တုံးကြီးထဲတွင် ပိတ်မိနေသော စမ်းသပ်သူများကို ကယ်တင်ခြင်း ဖြစ်သည်။ယင်းက ကျန်းမင်လီ မည်မျှကြင်နာတတ်သည်ကို ပြသနေသည်။

ကျန်းမင်လီ၏ မျက်နှာက ရှုံ့မဲ့သွားသည်။ ကောင်းမင်၏ စကားများကို ကြားပြီးနောက် သူသည် ပို၍ပင် သတိထားလာမိသည်။

“ငါ ဘယ်လိုလူမျိုးလဲဆိုတာ ငါသိပါတယ်၊ မင်း ငါ့ကို လှောင်ပြောင်နေစရာ မလိုပါဘူး”

ကောင်းမင် လေမဖြုန်းတော့ပေ။ သူသည် အိပ်မက်ချိုးဖျက်မြို့ အပြင်ဘက်ရှိ တောအုပ်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။ ရွာအပြင်ဘက်ရှိ လမ်းသည် ဧရာမသွေးကြောကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သွေးများကို သတ်မှတ်ထားသော အထူးနေရာတစ်ခုဆီသို့ ပို့ဆောင်နေ၏။ မီတာထောင်ပေါင်းများစွာ ဝေးကွာနေသော်လည်း အိပ်မက်ချိုးဖျက်မြို့ရှိ နတ်ဘုရားသရဲများသည် ဝမ်းမြောက်ခြင်း အငွေ့အသက်တစ်ခုကို အာရုံခံမိကြသည်။ သွေးရောင်သစ်ရွက်များမှာ တုန်ခါလာ၏။ အသားနံ့များ ထွက်ပေါ်နေသော ဧရာမသစ်ပင်ကြီးတစ်ပင်သည် ရှီနတ်ဘုရားကျောင်း၏ အပျက်အစီးများအတွင်းမှ ပေါက်ထွက်လာတော့သည်။

“ဒါကရော ဘာကြီးလဲဟ”

အိပ်မက်ဘုန်းတော်ကြီး ဤရွာလေးကို မမှတ်မိတော့ပေ။ သူ ထွက်ပြေးချင်သော်လည်း သူ့ခြေထောက်များသည် နောက်ကျိသော ရေလုံးများကြားတွင် ချုပ်နှောင်ခံထားရသည်။ ကျန်းတင်းက ဘုန်းတော်ကြီးဝတ်ဆင်ထားသော လူသားအရေခွံကို ကြည့်၍ ပြုံးနေ၏။

ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့၏ အကူအညီဖြင့် နက်ရှိုင်းအဆင့် အိပ်မက်ဆိုးသည် အသားသစ်ပင်အပေါ် ဖိနှိပ်ထားမှုများကို ရပ်တန့်လိုက်ပြီး ၎င်းအား လွတ်လပ်စွာ ကြီးထွားခွင့် ပေးလိုက်ရသည်။ မြေအောက်မှ ကျယ်လောင်သော တုန်ဟည်းသံများ ထွက်ပေါ်လာလေသည်။ အိပ်မက်ချိုးဖျက်မြို့၏ မြေပထဝီအနေအထားမှာ ပြောင်းလဲသွားသည်။ ဧရာမသစ်ပင်ကြီး ပြန့်ကားလာသည်နှင့်အမျှ ကျန်းမင်လီသည် အိပ်မက်ချိုးဖျက်မြို့အပေါ် သူ၏လွှမ်းမိုးမှု လျော့နည်းလာသည်ကို သတိပြုမိလိုက်သည်။

ကြောက်ရွံ့မှုကို ကိုယ်စားပြုသော သစ်ပင်အုပ်ကြီးမှာ ညကောင်းကင်၏ လေးပုံတစ်ပုံကို ဖုံးလွှမ်းသွားသည်။ အမြစ်များက မြေအောက်မြစ်ထဲသို့ နက်ရှိုင်းစွာ ထိုးဝင်သွားကြ၏။ မကောင်းဆိုးဝါးတစ်ကောင်နှင့် အပင်တစ်ပင်ကြားတွင် ရှိနေသော ဤအရာသည် အမြဲတမ်း ဆာလောင်နေတတ်သည်။ ၎င်းသည် ကျန်းမင်လီ အပြင်ဘက်နံရံများတွင် ဖြန့်ကျဲထားသော ကျိန်စာများကိုပင် မြည်းစမ်းကြည့်ချင်နေလေသည်။

“မင်း တော်လောက်ပြီ”

ကောင်းမင်က သူ့လက်ဖဝါးကို နှိမ့်လိုက်သည်။ သစ်ပင်အုပ်ကြီးက အသာအယာ တုန်ခါသွား၏။ ဆုံးရှုံးသွားသော အသက်များအတွက် အမှတ်တရတစ်ခုအဖြစ် သစ်ရွက်များသည် မိုးပေါက်များကဲ့သို့ ကျဆင်းလာကြသည်။

သစ်ရွက်များမှာ စုပုံလာလေသည်။ သစ်ပင်ပင်စည်၏ မထင်မရှားထောင့်တစ်ခုတွင် အက်ကွဲကြောင်းတစ်ခု ပွင့်လာပြီး လူပုံရိပ်အချို့ ထွက်ပေါ်လာကြသည်။ ၎င်းတို့အနက် အများစုသည် ကုသမရသော ဒဏ်ရာများကို သယ်ဆောင်ထားကြသည်။ အချို့မှာ မသန်မစွမ်း ဖြစ်နေကြသည်။ သို့သော်လည်း သူတို့၏ အရှိန်အဝါသည် မသေဆေးကုမ္ပဏီမှ စမ်းသပ်သူများထက် ပိုသန်မာပေသည်။

“အစ်ကိုချုံ… ကျုပ်တို့တော့ ကောင်းမင်ကို အများကြီး ယုံကြည်မိသွားပြီ ထင်တယ်”

မုတ်ဆိတ်မွေးနှင့်လူ ကွမ်းလီက ဆိုသည်။ သူ့ဘေးတွင် ကြွက်သားအမြောင်းမြောင်းဖြင့် ထိပ်ပြောင်လူတစ်ယောက်နှင့် ချပ်ဝတ်တန်ဆာအများအပြား ဝတ်ထားသော လူဝကြီးတစ်ယောက် ရှိနေသည်။ ထိုသုံးဦးသည် အရည်ဖျော်မီးတောက်အမှိုက်စီမံခန့်ခွဲရေးကုမ္ပဏီမှ အလုပ်သမားများ ဖြစ်ကြသည်။ သူတို့သည် ယခင်က မသေဆေးကုမ္ပဏီ၏ အတွင်းပိုင်းလုံခြုံရေးများ ဖြစ်ခဲ့ကြဖူးသည်။ သူတို့ အသုံးမကျတော့သဖြင့် စွန့်ပစ်ခံရပြီးနောက် သူတို့သည် အစ်ကိုချုံကဲ့သို့ ခြောက်ခြားဂိမ်း ကစားသမားများ ဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။

“မှန်တင်ခုံက မရဏ အဆောက်အအုံရဲ့ ပင်မပဲ၊ ကောင်းမင်ရဲ့ သရဲက အဲ့ဒီမှာ ကပ်တွယ်နေတာ ၊ အဲ့ဒီသရဲကို မနှိမ်နင်းနိုင်ခင်အထိ ကောင်းမင်ကို စိန်ခေါ်ဖို့ မလိုဘူး”

ထိပ်ပြောင်လူ၏ အမည်မှာ ချောင်လုဖြစ်သည်။ သို့သော်လည်း သူကစားသမား ဖြစ်လာပြီးနောက် ထိုနာမည်ကို မှတ်မိသူ သိပ်မရှိတော့ပေ။ ထိုလူသုံးဦး၏ရှေ့တွင် တစ်ကိုယ်လုံး ပတ်တီးများဖုံးလွှမ်းနေသော ပိန်ပိန်ပါးပါး လူတစ်ယောက် ရှိနေသည်။ သူသည် လမ်းလျှောက်တုတ်ကို အသုံးပြု၍ သစ်ရွက်ကော်ဇောပေါ်တွင် ယိုင်တိုင်တိုင် လျှောက်လာ၏။ သူသည် ဧရာမသစ်ပင်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“ငါတို့က အရမ်း အားနည်းနေသေးတာပဲ”

“အမှန်ပဲ”

သစ်ခေါင်းထဲမှ ကြမ်းရှရှ အသံတစ်ခု ထွက်ပေါ်လာသည်။ ကစားသမားများသည် လူတစ်ယောက်အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ ထိုလူသည် ငယ်ရွယ်ပုံရပြီး ရယ်စရာကောင်းသော ဂိမ်းအမည်တစ်ခု ရှိသည်။ ၎င်းမှာ ‘အတန်းပိုင်ဆရာကို ဘေးကပ်ဆိုးထဲ လှူလိုက်ပါ’ ဟူ၏။

မရဏ အဆောက်အအုံရှိ သတင်းအချက်အလက်ဖလှယ်ရေးဗဟိုဌာန၏ မန်နေဂျာတစ်ဦးအနေဖြင့် ထိုလူငယ်သည် နားလည်ရခက်လောက်အောင် သန်မာလှသည်။ ယခုတစ်ကြိမ်တွင် သူတို့သည် မှန်တင်ခုံ၌ တစ်ခုခုမှားယွင်းနေသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မှန်တင်ခုံ၏ အခြားတစ်ဖက်ကို စစ်ဆေးရန် အဖွဲ့ကို ဦးဆောင်ခဲ့သူမှာလည်း ထိုလူငယ်ပင် ဖြစ်သည်။ လူတိုင်းမှာ မထွက်ခွာမီ ကြိုတင်ပြင်ဆင်ထားခဲ့သည်။သို့သော်လည်း အကန့်အသတ်ကို ဖြတ်ကျော်ပြီးနောက် မြင်တွေ့လိုက်ရသော အရာများကြောင့် အံ့အားသင့်နေကြဆဲ ဖြစ်သည်။

“ဒါ မသေဆေးကုမ္ပဏီက ဒီဇိုင်းဆွဲထားတဲ့ ဦးနှောက်နယ်ပယ် ဂိမ်းလား”

“သူတို့က မပြောသင့်သူတစ်ယောက်ကို ဖန်တီးချင်နေကြတာပဲ”

လူငယ်သည် အိပ်မက်ချိုးဖျက်မြို့ အလယ်ရှိ နတ်ဘုရားသရဲကို အကဲခတ်လိုက်သည်။

“အဆိုးဆုံးကတော့ သူတို့အောင်မြင်သွားတာပဲ”

“ဒါက အဆိုးဆုံး မဟုတ်သေးဘူး၊ ဘာလို့လဲဆိုတော့ ငါတို့က ဒီထက်ပိုဆိုးတာကို ကြုံရတော့မှာမလို့ပဲ”

အစ်ကိုချုံက လမ်းလျှောက်တုတ်ကို ဆုပ်ကိုင်လိုက်ရာ သူ၏ပတ်တီးများကြားမှ သွေးများ ယိုစီးကျလာသည်။

“နတ်ဘုရားသရဲက ငါတို့ဆီ လာနေပြီ”

သရဲ၏ စွမ်းအားသည် သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ကောင်းမင်၏ အိပ်မက်ဆိုးအတွင်းသို့ ဆွဲခေါ်ခံလိုက်ရခြင်းဖြစ်သည်။ သူတို့သည် အနီရောင်အဆောက်အဦးများ ဝန်းရံထားသော အိပ်မက်ချိုးဖျက်မြို့၏ အလယ်ဗဟို၌ ပေါ်ထွက်လာကြတော့သည်။

“အခု ကျုပ်ကို ယုံပြီလား”

ကောင်းမင်သည် ဧရာမသစ်ပင်ကြီးထဲမှ ထွက်လာသော တားမြစ်ဂိမ်းကစားသမားများကို ညွှန်ပြလိုက်သည်။ သူသည် ကျန်းမင်လီ၏ မျက်နှာပေါ်မှ အကြီးအကျယ်အံ့အားသင့်နေသော အမူအရာကို ကျေနပ်စွာ ကြည့်လိုက်သည်။

All Chapters