← Chapters

အချစ်နှင့်စစ်ပွဲကြားက တဆက်ဆက်တုန်နေသော ယုန်ဖြူနှစ်ကောင် ... ။

Vol. 72 Ch. 864

အချစ်နှင့်စစ်ပွဲကြားက တဆက်ဆက်တုန်နေသော ယုန်ဖြူနှစ်ကောင် ... ။

Vol. 72 Ch. 864

ညစ်ပတ်နေသော မိန်းကလေးက သက်ပြင်းချလျက် စုရီဘေးကျောက်တုံးပေါ်သို့ ခုန်တက်ကာ ထိုင်ချလိုက်၏။ ထို့နောက် အဝေးသို့ ငေးကာ၊  

“ ဒီကမ္ဘာကြီးမှာ ... အစ်ကိုစု သေဆုံးသွားမှာကို အကြောက်ဆုံးလူက ငါပဲ ဆိုတာ အဲဒီကလေးမသိတာ သဘာဝပါပဲ။ ”

-ဟု ညည်းတွားတော့သည်။

ဤတစ်ကြိမ်တွင် ပိုင်ရီနှင့် ယွီလောင်တို့သည် အံ့သြတကြီး အကြည့်ချင်း ဖလှယ်လိုက်ကြတော့၏။

ယင်းသည် သူတို့ဆရာသခင်နှင့် နတ်ဆိုးဘိုးဘေးကြား အချစ်နှင့်စစ်ပွဲပင်လော။ လူတိုင်းအတွက် မယုံကြည်နိုင်လောက်အောင် မနာလိုဖြစ်စေသော သတင်းမျိုးပေပင်။

တစ်ဖက်တွင် ညစ်ပတ်နေသော မိန်းကလေးသည် ပင်းမိုကို ‘အဲဒီကောင်လေး’ဟု ခေါ်ဆိုနေသံကြားပြီးနောက် ထင်းရှူးနီ ဧကရာဇ်မှ မျက်ခုံးပင့်လိုက်သည်။

ဆိုလိုသည်မှာ ထိုမိန်းကလေးသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သော ရှေးဟောင်းသတ္တဝါတစ်ကောင် ဖြစ်နေချေပြီ။ သူမ၏တည်ရှိမှုသည် နတ်ဓားရှင်ထက် မနိမ့်ကျကြောင်း မှန်းဆနိုင်၏။

“ အချစ်အတွက် တိုက်ပွဲလား။ ”

စုရီတစ်ယောက် အေးစက်စက် အပြုံးဖြင့် လှောင်ပြောင်လိုက်သည်။

“ မင်းက တစ်‌ယောက်တည်း မာနကြီးနေတာပဲ ငါတို့ကြားမှာ ဒီလောက်အထိ နီးစပ်တဲ့နှောင်ကြိုးမျိုး ရှိခဲ့ဖူးလို့လား။”

ထို့နောက် မီးပုံဘေးတွင် ခေါင်းငုံ့ကျောပေးကာ နားစွင့်နေကြသော လူအုပ်ထံလှမ်းကြည့်ပြီး မိန်းကလေးကို ‘ငါနဲ့လိုက်ခဲ့’-ဟု ပြောကြားလိုက်၏။

“ အစ်ကိုစု ... ငါတို့ကြားမှာ ရှက်စရာ ဘာမှမရှိဘူး တခြားသူတွေဘာထင်မလဲဆိုတာ ဘာလို့ဂရုစိုက်နေရတာလဲ။ ”

ညစ်ပတ်နေသော မိန်းကလေး၏ အသံသည်နူးညံ့ပြီး ကြည်နူးဖွယ်ကောင်းကာ စုရီနောက်သို့ လိုက်ပါသွားတော့၏။

များမကြာခင် ပုံရိပ်နှစ်ခုသည် ညအမှောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား ခဲ့ချေပြီ။ သို့မှသာပိုင်ရီ၊ ယွီလောင်နှင့် အခြား သူများက စိတ်သက်သာရာရသွားသည်။

“ ဒီလောက် ညစ်ပတ်နေတဲ့ မိန်းကလေးက အရိုင်းမြေကိုးပါးမှာ ကြောက်စရာအကောင်းဆုံး ဖြစ်တည်မှုမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ တကယ် မထင်ထားမိဘူး။ ”

ယွီလောင်မှ တိုးတိုးလေးမှတ်ချက် ပေးလိုက်သည်။ အရိုင်းမြေတွင် ရွှမ်ဟဲအဆင့် ဧကရာဇ်အိုကြီး များစွာရှိ၏။

သို့သော် နက်နဲတာအိုနယ်ပယ် ပြီးပြည့်စုံမှုထံ ရောက်ရှိသွားသူများသည် အလွန် ရှားပါးလေသည်။

နတ်ဆိုးဘိုးဘေးမြေ၏ ကောင်းကင် နတ်ဆိုးဧကရာဇ်သည်လည်း ထိုသူများအနက်မှ တစ်ဦးဖြစ်၏။

သူမ၏ အဆင့်အတန်းမျိုးသည် အနောက်ဘက်သုခဘုံမှ ကျောက်တုံး နှလုံးသား ဘုန်းကြီးနှင့် ယှဉ်နိုင်သည်။

“ သူမ အသံကိုကြားရုံနဲ့ ... ငါ့ရဲ့ မယိမ်းမယိုင်တာအိုနှလုံးသားက နုံးချိသွားတာ အံ့သြစရာမရှိတော့ပါဘူး ...။ ”

နွားပြာကြီးက သက်ပြင်းချလျက် မှတ်ချက်ပေးသည်။ ထိုသို့သော သူ့နှလုံးသားကို တင်စားမှုကြောင့် ကျန်နတ်ဆိုးနှစ်ပါးက မျက်ခုံးပင့်လိုက်၏။ ဤနွားပြာကြီးမှာ တဆိတ်အရှက်မဲ့လွန်းချေပြီ။

သို့သော် ပွင့်ပွင့်လင်းလင်း ဝန်ခံရပါမူ သူတို့သည်လည်း တဏှာကြောင့် သေလုနီးပါး ဖြစ်သွားခဲ့၏။ ရှက်စရာပေပင်။

တစ်ဖက်လူ၏ အသံသည် သူတို့၏ နှစ်ပေါင်းများစွာ ငြိမ်သက်နေသော ရမ္မက်ကို နိုးကြားလာစေပြီး သူတို့၏သွေးများအပေါ် ပွက်ပွက်ဆူလာစေသည်။

“ ညီအစ်ကိုတို့၊ ဒီမိန်းကလေးရဲ့ ဇာစ်မြစ်ကို မြင်နိုင်ပြီလား။ ”

အမှောင်တောင်တန်းသခင်က မမေးဘဲ မနေနိုင်တော့ချေ။ ယွီလောင်သည် သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းလျက် လူအများကြားသွား မည်ကို စိုးရိမ်သကဲ့သို့ အသံလှိုင်းဖြင့်သာ ပြန်လည်ဖြေကြားလိုက်၏။

“ သူမက ... အရိုင်းမြေကိုးပါးအနက်က နတ်ဆိုးဘိုးဘေးမြေရဲ့အုပ်စိုးရှင်ပါပဲ နတ်ဆိုး ကျင့်ကြံသူအားလုံးရဲ့ ဘိုးဘေးကြီး။ ”

“ ဟမ့် ... နတ်ဆိုးဘိုးဘေးလား။”

သူ့စကားကြားသောအခါ ထင်းရှူးနီ၊ နွားပြာကြီး၊ အမှောင်တောင်တန်း၊ ဝမ်ကျိုးဖူနှင့် အခြားသူများအားလုံး မိုးကြိုးပစ်ခံလိုက်ရ သကဲ့သို့ ဆွံ့အသွားကြလေသည်။

***

ညကောင်းကင် အောက်တွင် တိုးညှင်းသောစမ်းရေစီးသံများ ညံနေခဲ့သည်။ ကြယ်ရောင်များက ရေပြင်နှာပြင်အနှံ့ လင်းလက်ပြန့်ကျဲနေ၏။

စမ်းချောင်းဘေး တစ်နေရာတွင် စုရီတစ်ယောက် မတ်တပ်ရပ်လျက်ဖြင့် ဝိုင်အိုး မော့သောက်လိုက်သည်။

“ မင်းတိုက်ချင်ရင် အခုစလို့ရပြီ။ ”

စုရီစကားကြောင့် ကောင်းကင် နတ်ဆိုးဧကရာဇ်က နူးညံ့သိမ်မွေ့စွာဖြင့် ပြုံးလိုက်သည်။

“ အစ်ကိုစု၊ မင်းလဲကျနေချိန်မှာ ငါမင်းကိုကန်ထုတ်ဖို့လာတယ်လို့ တကယ်ပဲ ထင်နေတာလား။ ”

“ ဒီမှာ ဘယ်သူမှမရှိဘူး ... ဒါကြောင့် အားနည်းတဲ့ ကောင်မလေးတစ်ယောက်လိုမျိုး မင်းရဲ့အမူအရာတွေနဲ့ ဟန်ဆောင်မနေနဲ့ ...

... ကမ္ဘာကြီးက မင်းရဲ့အကျင့်စရိုက်နဲ့ ရုပ်ရည်ကိုမသိပေမယ့် ငါကတော့သိထားတယ် နတ်ဆိုးလမ်းစဉ်ရဲ့ ဂုဏ်သိက္ခာရှိတဲ့ ဘိုးဘေး တစ်ပါးက ကောင်မလေးတစ်ယောက်လို ...

... သနားစရာကောင်းအောင် အခုလိုလုပ်ပြနေတာ ဘယ်လောက်ရှက်စရာ ကောင်းလိုက်လဲ။ ”

“ ဟားဟားဟား ... အစ်ကိုစု၊ အရင်တုန်းကငါမင်းကို ခုနစ်ကြိမ်တိုင်စိန်ခေါ်ပြီး ခုနစ်ကြိမ်လုံးရှုံးခဲ့တယ် ဒီအတွက် မင်းက ငါ့ရဲ့ လျှို့ဝှက်ချက်တွေကို သိရှိထားတယ်ဆိုတာ ...

... ငါကောင်းကောင်း သိတယ် ... ဒီလောကကြီးမှာ ငါ့အပေါ် အကောင်းဆုံး နားလည်နိုင်တဲ့သူက မင်းပဲရှိတယ်။ ”

ကောင်းကင်နတ်ဆိုးဧကရာဇ်၏ နူးညံ့သောအသံသည် ကောင်းကင်တေးဂီတ ကဲ့သို့ အရိုးများထိတိုင် အရည်ပျော်ကျ စေနိုင်သည်။

သူမ၏စကားများတွင် သိမ်မွေ့သော ချစ်ရည်လူးလိုသည့်ဆန္ဒများကို ပေါင်းထည့် ပေးထား၏။

အခြားသော တစ်စုံတစ်ယောက်သာ ထိုအသံကိုကြားခဲ့သော် သူတို့၏စိတ်နှလုံး ပျံ့လွင့်ကာ စိတ်ကူးယဉ်ဆန်မှုများဖြင့် ပြည့်နှက်သွားပေလိမ့်မည်။

စုရီအတွက်မူ ခေါင်းကိုက်လာပြီး ဒေါသများသာထွက်လာ၏။ ဤအမျိုးသမီးသည် ယခင်ကဲ့သို့ပင် ဖျားယောင်းနိုင်နေဆဲပေပင်။

“ အစ်ကိုစုပြောသလိုပါပဲ ... ငါ့အတွက် အခုအချိန်ဟာ မင်းကိုနှိမ်နင်းဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ”

ရုတ်တရက် ကောင်းကင် နတ်ဆိုး ဧကရာဇ်က အပြုံးပျောက်ကွယ်သွားပြီးနောက် စမ်းချောင်းဆီသို့လျှောက်လှမ်းလာကာ စုရီနှင့် ပခုံးချင်းယှဉ် ရပ်လိုက်သည်။

သူမ၏ ကြယ်ရောင်မျက်လုံးများသည် ရေထဲတွင် အရိပ်ထင်နေသော သူမပုံရိပ်ထံသို့ ပြန်လည်စိုက်ကြည့်လျက်ဖြင့်၊

“ ဒါပေမယ့် စုရွှမ်ကြွယ် ... ငါက ဒုက္ခရောက်နေတဲ့သူကို ဘယ်တော့မှအခွင့်ရေး မယူဘူး အခုချိန်မှာ ... မင်းငါ့ကိုရင်ဆိုင်ဖို့ ...

... ဝှက်ဖဲတွေ ... ရှိကောင်း ရှိနိုင်ပေမယ့် ငါတို့တကယ်တိုက်မယ်ဆိုရင် မင်းငါ့ကို မယှဉ် နိုင်တော့ပါဘူး ဟုတ်တယ်မဟုတ်လား။ ”

-ဟု မေးမြန်းလိုက်၏။

သူမအသံသည် တဖြည်းဖြည်း ပြောင်းလဲသွားပြီး နူးညံ့သိမ်မွေ့မှု မရှိတော့ဘဲ အေးစက်လာကာ ထူးခြားသည့်ဆွဲဆောင်မှုများ သယ်ဆောင်ထားတော့၏။

ပိန်ပိန်ပါးပါး ခန္ဓာကိုယ်သည် ထည်ဝါမှုသောကျက်သရေ အရိပ်အယောင်ကို ထုတ်ဖော်ပြသလာနေသည်။

ကမ္ဘာကြီးကို လွှမ်းမိုးလိုသော လေထုများဖြန့်ကျက်လျက် စုရီနှလုံးသားအပေါ် ချည်းနင်းဝင်ရောက်တော့၏။ စုရီတစ်ယောက် မသက်မသာ ဖြစ်လာပြီး သက်ပြင်းချသည်။

“ ရွှမ်ယုအဆင့်နဲ့ ... ရွှမ်ဟဲအဆင့်ကြားမှာ ကွာခြားချက်က တကယ်ကြီးမားတာပဲ။ ”

ထို့နောက် ရိုးသားစွာ ဝန်ခံလျက် သူ့ဘေးရှိအမျိုးသမီးထံ ပြန်လှည့်ကြည့်ပြီး၊

“ တစ်ချိန်က ငါ့ရဲ့ကျင့်ကြံမှုဟာ ဧကရာဇ်အထွတ်အထိပ်အဆင့်မှာပဲ ဒါကြောင့် မင်းနဲ့ရင်ဆိုင်ဖို့ဆိုရင် ငါ့ရဲ့အစွမ်းအထက်ဆုံး ဝှက်ဖဲကို ချက်ချင်းသုံးရလိမ့်မယ် ...

... ဒီလိုဆိုရင် ငါတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကတော့ မလွဲမသွေ သေဆုံးရလိမ့်မယ်။ ”

-ဟု အသိပေးလိုက်၏။

ထိုစကားကြောင့် ကောင်းကင် နတ်ဆိုးဧကရာဇ်မှ မျက်ခုံးပင့်ပြီး ကျေနပ်သော အပြုံးမျိုးဖြင့် စုရီထံစိုက်ကြည့်ကာ၊

“ ဒီမတိုင်မီက ... စုရွှမ်ကြွယ် ပြန်ဝင်စားလာတဲ့မင်းကို အခြားလူတစ်ယောက် အဖြစ်ပြန်လာမှာကို ငါအရမ်းစိုးရိမ်နေခဲ့မိတယ် ဒါပေမယ့် အခုတော့ ...

... ငါ စိတ်သက်သာရာရသွားပါပြီ အစ်ကိုစုတကယ်ပဲ မင်းကချစ်ဖို့ အရမ်းကောင်း လွန်းနေတယ်။ ”

စကားဆုံးသည်နှင့် ကောင်းကင်နတ်ဆိုး ဧကရာဇ်တစ်ယောက် သူမအဝတ်အစားများကို ဖြုတ်ပြီး ချွတ်ချပစ်လိုက်တော့သည်။

နှင်းပွင့်များကဲ့သို့ ဖြူဖွေးနေပြီး ထွားကြိုင်းလွန်းသော ကောက်ကြောင်းကြောင့် စုရီခမျာ ငေးခနဲဖြစ်သွားချေပြီ။

ကောင်းကင်နတ်ဆိုးဧကရာဇ်မှ စုရီအကြည့်ကိုဂရုမစိုက်ဟန်ဖြင့် စမ်းချောင်းထဲ လှုပ်လီလှုပ်လဲ့ဖြင့် လျှောက်လှမ်းသွားခဲ့၏။

လေးကိုင်းအသွင် ကွေးညွှတ်နေသော ပခုံးသားများပြေလျော့လျက် ထွာဆိုင်မျှခါးသည် စည်းချက်ညီညီ ယိမ်းထိုးနေသည်။

အပြစ်အနာအဆာကင်းသော ကျောပြင်တလျှောက် ဝင်းမွတ်တောက်ပနေကာ တင်ပါးနှစ်ဖက်သည် လပြည့်ဝန်းအလား ပြည့်လျှံဝိုင်းစက်နေတော့၏။

ကြည့်နေဆဲမှာပင် လမင်းကို တိမ်မြူဖုံးသွားသကဲ့သို့ ရေပြင်ထဲနစ်မြုပ်သွား လေသည်။ ထို့နောက် စုရီထံလှည့်ကြည့်ကာ ရှက်ရွံ့မှုလုံးဝမပြခဲ့ဘဲ၊

“ အစ်ကိုစု၊ ငါနဲ့အတူတူ ရေချိုးမလား။ ”

-ဟု မေးမြန်းလာသည်။

စုရီတစ်ယောက် ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းမှ ပြန်လည်နိုးထလာ၏။

သူ့အကြည့်များသည် တစ်ဖက်လူ၏ ညာလက်မောင်းပေါ် ရောက်ရှိသွားခဲ့ချိန်တွင် မျက်ခုံးပင့်သွားသည်။

ဆင်စွယ်ရောင် လက်မောင်းပေါ်တွင် ပိုးချည်လိုပါးလွှာသော အနက်ရောင်မျော့ကြိုး (၁၃)ချောင်း ရစ်ပတ်ထားချေပြီ။

ဤသည်မှာ တားမြစ်နတ်ဆိုးသံကွင်း ဖြစ်လေသည်။ တစ်စုံတစ်ဦး၏ ကျင့်ကြံမှုအပေါ် ဖိနှိပ်ထားနိုင်၏။

“ နှစ်အနည်းငယ်ပဲရှိသေးတယ် မင်းက တားမြစ်နတ်ဆိုးသံကွင်း လေးချောင်း ထပ်ဖြည့် ထားရတာလား ... မင်းရဲ့ကျင့်စဉ်က မထိန်းချုပ် နိုင်လောက်အောင် ဖြစ်နေပြီလား။ ”

စုရီက စိတ်ဝင်တစား မေးမြန်းလိုက်၏။ ကောင်းကင်နတ်ဆိုးဧကရာဇ်မှ စိတ်ပျက်သွား ပြီးနောက် နှုတ်ခမ်းများကိုက်လျက်ဖြင့် အပြစ်တင်သည့် လေသံနှင့်၊

“ ငါ့မှာ ဒီလိုမက်မောစရာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေရှိပေမယ့် မင်းကအားလုံးကို လျစ်လျူရှုပြီး ... ကျင့်ကြံမှုကိုပဲ ဘာလို့များ ဒီလောက်စိတ်ဝင်စားနေရတာလဲ။ ”

-ဟု ရေရွတ်လိုက်သည်။ သူမစကားကြောင့် စုရီတစ်ယောက် နှာခေါင်းကိုပွတ်သပ်လိုက်ပြီး၊

“ ဒါဆို ငါဂရုမစိုက်တော့ဘူး။”

-ဟု တုန့်ပြန်ကာ လှည့်ထွက်လိုက်တော့၏။ ယင်းကြောင့် ကောင်းကင်နတ်ဆိုးဧကရာဇ်က ဒေါသထွက်လာပြီး၊

“ စုရွှမ်ကြွယ် ... မင်းထွက်သွားရဲရင် မင်းကိုအနိုင်ယူပြီး ငါ့အိပ်ယာကိုနွေးလာအောင် လုပ်ယူပစ်မယ်။ ”

-ဟု အော်ဟစ်လိုက်၏။

“ မင်းအိပ်ယာကိုနွေးအောင် လုပ်မှာလား။ ”

သို့သော် စုရီမှလှောင်ပြုံးဖြင့် ရပ်တန့်ခြင်းမရှိဘဲ ဆက်၍ထွက်ခွာလိုက်သည်။ ဤသို့သော ခြိမ်းခြောက်မှုမျိုးကို မည်သည့် အခါမှ သူ ဂရုမစိုက်ချေ။

သို့သော် ခြေလှမ်းတစ်ဝက်မှာပင် ကောင်းကင်နတ်ဆိုးဧကရာဇ်၏ အသံက ထပ်မံထွက်ပေါ်လာသည်။

“ ကောင်းပြီ ... ကောင်းပြီ ... စုရွှမ်ကြွယ် မင်းကအစွမ်းထက်ဆုံးပဲ ဒီနေ့မှာရှုံးနိမ့်ကြောင်း ငါဝန်ခံတယ် ငါမင်းကို နောက်ထပ်စနောက် မနေတော့ဘူး အဆင်ပြေလား။ ”

သူမအသံတွင် အကူအညီမဲ့မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုများ ရောနှောနေ တော့သည်။

ထိုတုန့်ပြန်မှုကြောင့် စုရီကပြုံးလျက် လှည့်ကြည့်လိုက်ချိန်တွင် ကောင်းကင်နတ်ဆိုး ဧကရာဇ်သည် ဒေါသတကြီးထရပ်လာသဖြင့် အာခေါင်များ ချက်ချင်းခြောက်ကပ်သွားခဲ့၏။

ဤမြင်ကွင်းသည် မည်သို့သော အမျိုးသားကိုမဆို ရူးသွပ်စေပေမည်။ ‌‌ငွေရောင် လရောင်ခြည်များက တဆက်ဆက်ခုန်နေသည့် ဖြူမို့မို့ယုန်ဖြူနှစ်ကောင်အပေါ် ကျဆင်းကာ ရွှန်းစိုတောက်ပနေချေပြီ။

***

All Chapters