စစ်တုရင်ကမ္ဘာအတွင်းမှ ဓားသမား။
Vol. 72 Ch. 857
စုရီ၏ ရဲရင့်သော လုပ်ရပ်သည် ဝမ်ကျိုးဖူအပါအဝင် အခြားသူများအပေါ် အံ့အားသင့်စေသည်။
“ သေလမ်းကို ရှာနေတာပဲ။ ”
“ သူ အရင်က ကောင်းကင်သန့်စင်ခြင်း နတ်ဆိုးဝင်္ကပါကို အလွယ်တကူ ချိုးဖျက်ခဲ့တယ် အဲဒီရွှမ်ယုအဆင့် ဧကရာဇ်တွေတောင် သူ့ကို မယှဉ်နိုင်ဘူး တာအိုမိတ်ဆွေဂရုစိုက်ပါ။ ”
ထင်းရှူးနီနတ်ဆိုးဧကရာဇ်က မျက်လုံးများကိုကျဉ်းမြောင်းသွားပြီး သတိပေး လိုက်လေသည်။ အကြီးအကဲယင်မှ ပြုံးလိုက်ပြီး၊
“ တာအိုမိတ်ဆွေ မင်းမသိလောက်ဘူး ဒါပေမယ့် ဒီကြယ်တာရာသတ်ဖြတ်ခြင်းပုံစံက ငါ့ဂိုဏ်းက လျှို့ဝှက်ရတနာဖြစ်ပြီး ဂိုဏ်းချုပ် ကိုယ်တိုင် ဖန်တီးထားတာ ...
... သူ့အတွင်းမှာ အစွမ်းထက်ဆုံး နိဗ္ဗာန်ဝိညာဉ်ဥပဒေရှိပြီး နားမလည်နိုင်အောင် လျှို့ဝှက်ဆန်းကြယ်ပါတယ်။ ”
သူ စကားပြောနေစဉ် မျက်လုံးများ၌ မာနထောင်လွှားသော အကြည့်တစ်ခုပေါ်လာ တော့၏။
“ ရွှေတောင်ပံဂဠုန်နဲ့ တခြားသူတွေက ဒီစစ်တုရင်ခုံအတွင်းမှာရှိနေသရွေ့ သူတို့တွေရဲ့ ကျင့်ကြံမှုဟာ ဒီရတနာနဲ့ သဟဇာတ ဖြစ်ရုံသာမက နိဗ္ဗာန်ဝိညာဉ်ဥပဒေစွမ်းအားကို ငှားယူနိုင်ပါလိမ့်မယ်။ ”
... ရိုးရိုးသားသားပြောရရင် မင်းလို ရွှမ်ဟဲအဆင့်မှာရှိတဲ့ တစ်စုံတစ်ယောက်တောင် ရှုံးနိမ့်မှာ သေချာပါတယ်။ ”
တစ်ဖက်လူစကားကြောင့် ထင်းရှူးနီနတ်ဆိုးဧကရာဇ်သည် အံ့သြတကြီး ဖြစ်သွားလေသည်။
“ မင်း ဒီလောက်ယုံကြည်မှုရှိနေတာ အံ့သြစရာမရှိပါဘူး တာအိုမိတ်ဆွေ ဒီရတနာက မင်းရဲ့ဂိုဏ်းခေါင်းဆောင် ဖန်တီးထားတဲ့ အမြင့်မြတ်ဆုံး ရှေးဟောင်းပစ္စည်းပဲ။ ”
တစ်ဖက်တွင် စစ်တုရင်ကမ္ဘာအတွင်း ပြေးဝင်လာသော စုရီပုံရိပ်ကြောင့် ရွှေတောင်ပံ ဂဠုန်နှင့် အခြားနတ်ဆိုးဘုရင်များသည် အံ့အားသင့်သွားကြ၏။
ဤလူသည် ကောင်းကင် သန့်စင်ခြင်း နတ်ဆိုးဝင်္ကပါကို ချိုးဖောက်ပြီး ပြိုင်ဘက်ကင်း အဖြစ် ယူဆနေသည်လော။
“ ဟမ့် ... ဒီလောက်မိုက်မဲပြီး ထောင်ချောက်ထဲခုန်ဝင်လာဝံ့တဲ့ လူမျိုးကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ ... ဒါက မီးလျှံဆီ တိုးဝင်နေတဲ့ ပိုးဖလံနဲ့မခြားပါဘူး။ ”
နတ်ဆိုးဘုရင်တစ်ပါးက လှောင်ပြောင်လိုက်သည်။
“ ဒီကောင်လေးက အရင်လူ မဟုတ်တော့ဘူး ... ဒါပေမယ့် သူက အရင်လူလို မာနထောင်လွှားနေတုန်းပဲ ... ။ ”
ရွှေတောင်ပံဂဠုန်မှ အံ့အားသင့်သွား၏။ ဤအချိန်တွင် စုရီသည် စစ်တုရင်ကမ္ဘာအတွင်း ဝင်ရောက်လာပြီဖြစ်သည်။
ထိုအခါမှသာ ဤကောင်လေးသည် အမှန်တကယ် မကြောက်မရွံ့ဖြစ်နေကြောင်း နားလည်လိုက်ကြသည်။
“ သူ့ကို မြန်မြန်သတ်ရအောင်။ ”
ရွှေတောင်ပံဂဠုန်မှ အမိန့်ပေးလျက် လက်ဝှေ့ရမ်းလိုက်သည်။ စစ်တုရင်ကမ္ဘာကြီး တစ်ခုလုံး မီးလျှံများ ထွက်ပေါ်လျက် တာအို အလင်းများ ရောယှက်သွား၏။
ရွှေတောင်ပံဂဠုန်သည် ပထမဦးစွာ လှမ်းတက်လျက် ချွန်ထက်သောလက်သည်းဖြင့် စုရီကို ကုပ်ဆွဲချလိုက်၏။
လက်ချောင်းများကြားတွင် နိဗ္ဗာန်ဝိညာဉ်ဥပဒေများသည် လှည့်ပတ်နေပြီး မီးခိုးများ ပေါက်ကွဲထွက်လာသည်။
ကျင့်ကြံမှုသည် ကြယ်တာရာ သတ်ဖြတ်ခြင်းပုံစံနှင့် လုံးဝပေါင်းစပ်နေပြီး ထိန်းချုပ်နိုင်သော စွမ်းအားသည် အတိုင်းအဆ မရှိ မြင့်တက်လာ၏။
ထိုခံစားချက်သည် သူ့ကိုပင် အံ့အားသင့်တုန်ခါစေသည်။ မာနထောင်လွှားမှု၊ ယုံကြည်မှု အစရှိသည်တို့ အလိုအလျောက် ဝင်ရောက်လာ၏။
လက်ရှိအချိန်တွင် ရွှမ်ဟဲဧကရာဇ် တစ်ပါးဖြင့် ရင်ဆိုင်ရလျှင်ပင် ကြောက်စရာ မရှိဟု ခံစားလာရသည်။
“ တစ်နေ့ကျရင် ဒီစွမ်းအားကို ငါကိုယ်တိုင်ပိုင်ဆိုင်ခွင့်ရပြီး ကောင်းကင်ပေါ် ပျံတက်မယ် ... ကမ္ဘာကြီးကို လွှမ်းမိုးမယ်။ ”
ရွှေတောင်ပံဂဠုန်မှ တစ်ယောက်တည်း ကျေနပ်စွာ ပြုံးလိုက်သည်။ အရိုင်းမြေကိုးပါး၌ ထိုဘီလူးအိုကြီးများမှတပါး မည်သူမျှ ဤစွမ်းအားအပေါ် မခံနိုင်ချေ။
ထို့ကြောင့် စုရီသည် သူ့လက်တွင် သေရမည်ဖြစ်၏။ သို့သော် ကျယ်လောင်သော ပေါက်ကွဲမှုနှင့်အတူ သူ့လက်သည်းကြီးသည် စက္ကူတစ်စလိုကွဲအက်သွားပြီး နောက်ပြန် လွင့်သွားတော့သည်။
အရိုးများကျိုးလျက် သက်ရောက်မှု လှိုင်းများကြောင့် သွေးအန်လုနီးပါးဖြစ်သွား၏။ မျက်နှာချက်ချင်းဖြူဖျော့လျက်၊
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
-ဟု အော်ဟစ်လိုက်သည်။
ဤသည်မှာ နိဗ္ဗာန်ဝိညာဉ်ဥပဒေပေပင်။ နှလုံးသားပြခန်းဂိုဏ်း၏ အုတ်မြစ်ကြီးဖြစ်သော အစွမ်းထက်ဆုံး ကြယ်အဆင့် နိယာမဖြစ်၏။
သည့်ပြင် ကြယ်တာရာ သတ်ဖြတ်ခြင်း ပုံစံစွမ်းအားနှင့် ပေါင်းစပ်မှုကြောင့် ရွှမ်ဟဲအဆင့် ဧကရာဇ်ကို ရင်ဆိုင်ရန် လုံလောက်သည်။
သို့သော် တိုက်ပွဲအစမှာပင် အင်္ကျီလက်တစ်ချက်လှုပ်ရုံနှင့် လွင့်စင်ကွဲကျေ သွားလိမ့်မယ်ဟု မည်သူထင်မည်နည်း။
ဤမြင်ကွင်းကြောင့် အပြာရောင် နွားမိစ္ဆာဧကရာဇ်နှင့် နတ်ဆိုးဘုရင်များသည် မယုံကြည်နိုင်စွာ မျက်လုံးပြူးကျယ်သွား၏။
“ ဘာလို့ ... ဘာလို့ဒီလိုဖြစ်ရတာလဲ။ ”
အဝေးမှ တိုက်ပွဲကို ကြည့်ရှုနေသော အကြီးအကဲယင်ခမျာ မျက်မှောင်ကြုတ်လိုက် တော့သည်။ ထင်းရှူးနီ နတ်ဆိုးဧကရာဇ် သည်လည်း အံ့အားသင့်သွား၏။
“ မင်းကိုနောက်မှ ငါကောင်းကောင်း ကိုင်တွယ်မယ် ကောင်လေး။ ”
စစ်တုရင်ကမ္ဘာထဲရှိ စုရီမှ ရွှေတောင်ပံဂဠုန်ကိုကြည့်လိုက်ပြီး သူ့ပုံရိပ်က ဖျပ်ခနဲ ရှေ့တိုးသွား၏။ ဦးတည်ရာသည် တစ္ဆေမြွေခွေးနတ်ဆိုးထံဖြစ်သည်။
“ သေစမ်း ... ။ ”
တစ္ဆေမြေခွေးနတ်ဆိုးဧကရာဇ်ခမျာ ထိတ်လန့်သွားပြီး လှုပ်ရှားမှုတစ်ခု ပြုလုပ် တော့၏။
နိဗ္ဗာန်ဝိညာဉ်စည်မျဉ်းဥပဒေဖြင့် ဖွဲ့စည်းထားသောဓားတစ်လက် သူ့လက်တွင် ပေါ်လာပြီး ပြေးဝင်လာသည့် စုရီထံသို့ ဒေါသတကြီးခုတ်ချပစ်လိုက်သည်။
“ ရွှပ် ... ။ ”
သူ့ကျင့်ကြံမှုသည် ရွှေတောင်ပံဂဠုန် ကျင့်ကြံမှုကဲ့သို့ သိသိသာသာတိုးတက်လာ တော့သည်။ သို့တိုင်စုရီသည် သူ့ကိုမကြည့်ဘဲ လရိပ်ဓားဖြင့် ထိပ်တိုက်ခုတ်ပိုင်းလိုက်၏။
နိဗ္ဗာန်ဝိညာဉ်ဥပဒေ စည်းမျဉ်းဖြင့် ဖွဲ့စည်းထားခဲ့သောဓားသည် ချက်ချင်းကျိုးပဲ့ပြီး လရိပ်ဓားအဟုန်မှာ လျော့မသွားဘဲ ဆက်လက် တိုးဝင်လာခဲ့သည်။
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
တစ္ဆေမြေခွေးနတ်ဆိုးဧကရာဇ်ခမျာ ခုခံကာကွယ်မှုအလွှာများ တိုက်ရိုက်ပျက်စီး ချေမှုန်းခံလိုက်ရပြီး နဖူးမှသည်ခြေဖျားသို့ နှစ်ခြမ်းကွဲထွက်သွားတော့၏။
ကြောက်မက်ဖွယ်ကောင်းသော ဓားရည်ရွယ်ချက်များ ပေါက်ကွဲထွက်လာကာ ပြတ်တောက်နေသော ခန္ဓာကိုယ်နှစ်ခုသည် ကြေမွသွားလေသည်။
တစ္ဆေမြေခွေးနတ်ဆိုးဧကရာဇ်၏ မူလဝိညာဉ်ခမျာ လုံးဝကြေမွလျက် ပျက်စီး သွားတော့၏။
ဓားတစ်ချက်တည်းဖြင့် လွှမ်းမိုးနိုင်လွန်းသော ထိုမြင်ကွင်းကြောင့် အခြားသောနတ်ဆိုးဧကရာဇ်များသည် အန္တရာယ်ကို သဘောပေါက်ကာ အရောင် ပြောင်းလဲသွားကြသည်။
“ ဒီကြယ်တာရာသတ်ဖြတ်ခြင်းပုံစံနဲ့ နိဗ္ဗာန်ဝိညာဉ်ဥပဒေစွမ်းအားက အဲဒီစုရီအပေါ် လုံးဝထိန်းချုပ်လို့မရဘူး။ ”
ကြယ်လိပ်ပြာဧကရာဇ်၏ လှပသောမျက်နှာသည်ပင် ပြောင်းလဲသွားပြီး ခပ်တိုးတိုး မှတ်ချက်ပြုလိုက်၏။
“ အတူတူ တိုက်ကြ ... ။ ”
ဘီလူးအိုတစ်ကောင်က အော်ဟစ် လိုက်လေသည်။ စစ်တုရင်ကမ္ဘာ အတွင်းရှိ ပြန့်ကျဲနေသော ဧကရာဇ်များစွာသည် အံကြိတ်ကာ ပြေးဝင်လိုက်ကြ၏။
ဖြစ်စဉ်များ ချက်ချင်းရောယှက်ကုန်သည်။ ကြယ်လိပ်ပြာဧကရာဇ်သည် ပန်းပွင့်မိုးရေများ ဝန်းရံထားပြီး တောက်ပသော ငွေကြာပွတ်ကို ကိုင်ဆောင်လျက် ရိုက်ချလိုက်၏။
ထို့ပြင် မီးနတ်ဆိုး၊ လေနတ်ဆိုး၊ သတ္ထုနတ်ဆိုးဧကရာဇ်နှင့် အခြားရှေးဟောင်း ဘီလူးအုပ်စုတစ်စုသည် ရတနာအမျိုးမျိုးကို ထုတ်ဖော်ကာ အရပ်မျက်နှာ အသီးသီးမှ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
“ ဝုန်း ... ။ ”
စစ်တုရင်ကမ္ဘာသည် ပြင်းစွာ တုန်လှုပ်သွားပြီး အလင်းများ ထွက်ပေါ်လျက် အမြင်အာရုံကို အနှောင်အယှက်ပေးချေပြီ။
ဤရှေးဘီလူးများ အားလုံးသည် အရိုးမြေကိုးပါးသို့တိုင် ကျော်ကြားလွန်းသော ပြိုင်ဘက်ကင်းသတ္တဝါများဖြစ်သည်။
သူတို့တစ်ဦးစီတွင် ထူးခြားသည့် နောက်ခံများရှိနေပြီး အနိမ့်ဆုံးကျင့်ကြံမှုသည် ရွှမ်ယုအလယ်အလတ်အဆင့် ဖြစ်၏။
ဤသို့ ပေါင်းစပ်တိုက်ခိုက်မှုသည် ကြောက်စရာကောင်းလှလေသည်။ သို့သော် ထိုဖြစ်စဉ်များကို ရင်ဆိုင်ရသောအခါတွင် စုရီက ရှောင်တိမ်းခြင်းမရှိဘဲ သူ့ခွန်အားအပြည့်အဝကို ထုတ်လွှတ်ပေးခဲ့၏။
“ ချိုးဖြတ် ... ။ ”
အင်္ကျီလက်များ တွန့်လိမ်သွားပြီး လရိပ်ဓားသည် ဆူနာမီကဲ့သို့သော ဓားရောင်ဝါ မုန်တိုင်းကြီးကို ထုတ်လွှတ်လာ၏။
အတုမဲ့ ဓားရောင်ဝါမုန်တိုင်းများ ပျံ့နှံ့သွားပြီးနောက် လျှို့ဝှက်နည်းစနစ်များနှင့် ဖြစ်စဉ်များပျက်စီးကုန်ကာ ရတနာများထံမှ အော်ဟစ်ငိုကြွေးသံများ ညံနေတော့သည်။
“ မကောင်းတော့ဘူး ... ။ ”
“ သေစမ်း ... ။ ”
ဓားတစ်ချက်တည်း၏ စွမ်းအားသည် ဝိုင်းရံပိတ်ဆို့ထားမှုကို ဖျက်ဆီးပစ်လိုက်ချေပြီ။ စစ်တုရင်ကမ္ဘာအတွင်း ထိတ်လန့်သံများ ညံကုန်၏။
“ အခြေအနေက အရမ်းဆိုးရွားတယ်။ ”
ထိုမြင်ကွင်းကြောင့် အကြီးအကဲယင်မှ မျက်နှာအမူအရာပြောင်းလဲသွားပြီး အံ့အားသင့် သွားလေသည်။
“ အဲဒီ ... စုမျိုးရိုးအမည်နဲ့ ကောင်လေးအပေါ် နိဗ္ဗာန်ဝိညာဉ်ဥပဒေရဲ့ စွမ်းအားက သက်ရောက်မှု နည်းပုံရတယ်။ ”
ထင်းရှူးနီနတ်ဆိုးဧကရာဇ်က တိုးတိုးလေးထပ်ပြောသည်။
“ တကယ်လို့ ... တစ်ဖက်လူက စုရွှမ်ကြွယ်ပြန်ဝင်စားသူဆိုရင် မယုံကြည်စရာ အကောင်းဆုံးအရာတွေတောင် နားလည်ရ လွယ်ကူလိမ့်မယ် ... ။ ”
နှစ်ယောက်သား စကားပြောကြားနေစဉ် စုရီသည် ပိတ်ဆို့ဝိုင်းရံမှုများကို ဖြတ်ကျော်ကာ နှောင့်နှေးခြင်းမရှိဘဲ တန်ပြန်တိုက်ခိုက်မှုများ စတင်လိုက်သည်။
ခန္ဓာကိုယ်အပေါ် တောက်ပသော အလင်းရောင်များဝန်းရံလျက် လရိပ်ဓားသည် စိတ်လှုပ်ရှားစရာကောင်းသော အော်မြည်သံကို ဖြစ်ပေါ်လာစေခဲ့သည်။
အတုမဲ့ဓားစွမ်းအင်များသည် စစ်တုရင်ကမ္ဘာကြီးကို ဖျက်ဆီးတော့မည့် အသွင် ပြသနေ၏။
“ မလုပ်နဲ့ ... ။ ”
မီးနတ်ဆိုးဧကရာဇ်သည် စူးရှသော အော်မြည်သံထွက်ပေါ်လာပြီး တောက်ပသည့် ဓားမိုးရေစက်များနှင့်အတူ သေဆုံးသွားသည်။
“ သေလိုက်တော့ ... ။ ”
“ ခွမ်း ... ။ ”
တစ်ဆက်တည်းမှာပင် ဧရာမ ပေါင်တူကြီးတစ်ချောင်း အပိုင်းပိုင်းကွဲသွားပြီး လေနတ်ဆိုးဧကရာဇ်ပုံရိပ်တွင် ရှည်လျားသော သွေးကြိုးတစ်ချောင်းပေါ်လာကာ အပိုင်းပိုင်း ပေါက်ကွဲလျက် ဝိညာဉ်ကွဲကြေသွား၏။
စစ်တုရင်ကမ္ဘာအတွင်း သွေးထွက်သံယို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စတင်နေပြီ ဖြစ်သည်။
စုရီ၏ သတ်ဖြတ်မှုပုံစံသည် အလွန်အမင်း လွှမ်းမိုးလျက် ပြိုင်ဘက်ကင်းကာ ဓားတစ်ချက် နတ်ဆိုးတစ်ကောင်ဖြစ်နေ၏။
“ စွပ် ... ။ ”
“ တာအိုမိတ်ဆွေ ... ငါ့ကို။ ”
နတ်ဆိုးဧကရာဇ်ဘုရင်များသည် ကြက်နှင့်ခွေးများအလား သတ်ဖြတ်ခြင်းအပေါ် လည်စင်းခံနေရသည်။ ကြောက်လန့်နေခဲ့သော သတ္ထုနတ်ဆိုးဧကရာဇ်သည် နဖူးကို ဓားဖြင့် ထိုးဖောက်ခြင်းခံလိုက်ရ၏။
ကရုဏာကို တောင်းခံလိုသော်လည်း စကားသံမထွက်မီ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ပျက်စီးသွားတော့၏။
လက်ဖျစ်ငါးတွတ်ချိန်အတွင်း ကြယ်တာရာလိပ်ပြာနတ်ဆိုး၊ အပြာရောင် နွားမိစ္ဆာ၊ အမှောင်တောင်တန်းနတ်ဆိုးစသည့် တို့သည်သာ ကျန်ရစ်လေသည်။
“ မြန်မြန် ... ။ ”
“ ဒီလူက တကယ်ပဲ ဘီးလူးစုပဲ ... ။ ”
ထို့ကြောင့် သုံးကောင်သား နောက်ထပ် တွန့်ဆုတ်မနေဝံ့တော့ဘဲ စစ်တုရင်ကမ္ဘာကြီး အတွင်းမှ ချက်ချင်း ပြေးထွက်တော့၏။
မျက်စိတစ်မှိတ်အတွင်း သူတို့အဖော် နတ်ဆိုးဧကရာဇ်ဘုရင် ငါးပါးသေဆုံးသွားခဲ့ပြီး လက်အောက်ငယ်သား ရွှမ်ယုအဆင့် နယ်ရုပ် အားလုံး သေဆုံးကုန်သည်။
အစမှအဆုံးတိုင် တစ်ဖက်လူ၏ ဓားချက်များကို ယှဉ်ပြိုင်ဟန့်တားနိုင်သူမရှိချေ။ ဤတိုက်ပွဲသည် တစ်ဖက်သတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲပေပင်။
ယွီလောင်သည်ပင် သူ့ဆရာသည် ပြန်လည်မွေးဖွားလာပြီးနောက် ဤမျှစွာသော သန်မာမှုရှိနေမည်ဟု မထင်ထားချေ။
သည်နတ်ဆိုးဧကရာဇ် ဘုရင်များသည် ရက်စက်ကြမ်းကြုတ်ပြီး မရေမတွက်နိုင်သော နှစ်များစွာ ရှင်သန်နေထိုင်ခဲ့ကြသူများဖြစ်၏။
အရိုင်းမြေကိုးပါးရှိ အချို့သော ထိပ်တန်းအင်အားစုများသည် ထိုနတ်ဆိုးများ၏ လက်ချက်ကြောင့် ကွယ်သွားခဲ့ကြသည်ကို မည်သူမဆိုသိရှိထားသည်။
သို့သော် ယခုမူ ဖရဲသီးနှင့် ဟင်းသီးဟင်းရွက်များ လှီးဖြတ်ခံလိုက်ရသလို အလွယ်တကူ ဖျက်ဆီးခြင်းခံနေရ၏။
မြန်ဆန်ပြီး ရပ်တန့်၍မရသော သတ်ဖြတ်မှု မြင်ကွင်းများသည် ယွီလောင်ကို တုန်လှုပ်လျက် အံ့အားသင့်စေခဲ့သည်။ စုရီက သူ့ပြိုင်ဘက်များ ထွက်ပြေးတော့မည်ကို မြင်ချိန်တွင်၊
“ မင်းတို့ ထွက်ပြေးနိုင်မယ်ထင်လား။ ”
-ဟု လှောင်ပြုံးဖြင့် မေးမြန်းလိုက်၏။
ထို့နောက် လေထုအလယ်ရပ်တန့်ပြီး လရိပ်ဓားဖြင့် စစ်တုရင်ကမ္ဘာ၏ အလယ်ဗဟိုသို့ ချိန်ရွယ်လျက် လက်ကောက်ဝတ်ကို လှုပ်ခါခဲ့ရာ ပြင်းပြသောစွမ်းအားများ ပြေးထွက်သွားသည်။
“ ဝူး ... ။ ”
စစ်တုရင်ကမ္ဘာကြီးသည် ပြင်းစွာ တုန်ခါလျက် လျှို့ဝှက်ဆန်းကြယ်လွန်းသော စွမ်းအားများသည် နိဗ္ဗာန်ဝိညာဉ်ဥပဒေကို လုံးဝနှိမ်နင်းလိုက်တော့၏။
ဤအချိန်တွင် ဓားတစ်လက်သည် ကမ္ဘာကြီးတစ်ခုလုံးကို နှိမ်နင်းပစ်လိုက်သလို ပေပင်။
ရွှေတောင်ပံဂဠုန်နှင့် ကျန်ရှိနေသော နတ်ဆိုးဘုရင်များသည် မယုံနိုင်လောက်အောင် တောင့်တင်းသွားကြ၏။
“ ဘာစွမ်းအားကြီးလဲ ... ။ ”
***