မင်း ... အနားယူနိုင်ပြီ။
Vol. 72 Ch. 862
ဝမ်ကျော့ဖူခမျာ တစ်ခဏအတွင်း အိုမင်းရင့်ရော်သွားသလိုမျိုး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိလေသည်။
“ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းက မျိုးနွယ်စုခေါင်းဆောင်ကနေ … ငါ့ကိုသီးသန့် ခေါ်တွေ့ပြီး ဝမ်မျိုးနွယ်စုကို …
… ရွှမ်ကြွယ်မဟာမိတ်အဖွဲ့ထဲ ... ဝင်ဖို့အတွက်ပြောခဲ့ဖူးတယ် အဲဒီလိုဝင်လိုက်ရင် ရွှမ်ကြွယ်မဟာမိတ်ရဲ့ အကာအကွယ်ကို ရပြီး အင်အားကြီးထွားနိုင်မယ်လို့ ပြောခဲ့တယ် ...
... အဲ့ဒီတုန်းက ငါ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တယ် ဒါပေမယ့် အခုကြည့်ရတာတော့ ခေါင်းဆောင်အပါအဝင် အကြီးအကဲအများစုက ငါ့ကွယ်ရာမှာ ပင်းမိုနဲ့ ပူးပေါင်းခဲ့ပုံပဲ။ ”
ဝမ်ကျိုးဖူးအသံတွင် အားကိုးရာမဲ့မှုနှင့် ဝမ်းနည်းရိပ်များ အထင်အသား ပေါ်လွင်နေ၏။ ဤသတင်းကို ကြားလိုက်ရချိန်တွင် စုရီမှ အရာအားလုံးအပေါ် နားလည်သွားသည်။
“ ဒါဆို ဒီတစ်ခေါက် မင်းကို သူတို့လွှတ်လိုက်တာက မင်းဘာမှမသိတာကို အသုံးချပြီး ငါ့ရဲ့ယုံကြည်မှုကို ရယူဖို့ပဲပေါ့ ...
... အဲ့ဒီကနေတစ်ဆင့် ဝမ်မျိုးနွယ်စုဝင် ဒီအဖိုးကြီးသုံးယောက်ကို ငါ့နားကပ်နိုင်အောင် အကွက်ချခဲ့ကြတာပဲ။ ”
ဝမ်ကျိုးဖူမှ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။ မျိုးနွယ်စုကိုယ်တိုင် သူ့ကို နယ်ရုပ်အဖြစ် အသုံးချနေခဲ့သည့်အပေါ် သိရှိ ပြီးနောက် ခံစားချက်သည် အလွန်ပင် ခါးသီးလှပေ၏။
“ စီနီယာစု ... မင်းငါတို့ကိုဖမ်းပြီး ဝမ်မျိုးနွယ်စုအပေါ် အကျပ်ကိုင်ခံရလို့ ရပါတယ်။ ”
မြေပြင်ပေါ်တွင် အဖမ်းခံထားရသည့် ဝမ်မျိုးနွယ်စုအဖိုးကြီးတစ်ဦးက အသည်းအသန် အကြံပြုလာ၏။
“ မှန်ပါတယ် ... ပင်းမိုက ငါတို့ကို ခြိမ်းခြောက်အသုံးချခဲ့တာပါ ... သူတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ရန်သူအဖြစ် သတ်မှတ်မယ်လို့ ကြေငြာခဲ့ပါတယ်။ ”
သို့သော် စုရီက သူတို့စကားကို စိတ်မဝင်စားဘဲ လက်ကာပြလိုက်ပြီး၊
“ စကားအများကြီး ပြောမနေနဲ့ ... နိုင်သူဘုရင် ... ရှုံးသူဓားပြပဲ အမှားအမှန်ကို ငါ စိတ်မဝင်စားဘူး ... ငါသိတာက ...
... မင်းတို့ ဝမ်မျိုးနွယ်စုဟာ ပင်းမိုကို ကူညီဖို့အတွက် ဝမ်ချွယ်အသက်ကို အသုံးချပြီး ငါ့ကိုထောင်ချောက်ဆင်တယ် ဒါပဲ ... ။ ”
-ဟု စကားဖြတ်ပြောလိုက်၏။ ထို့နောက် ယွီလောင်ထံလှည့်ကာ၊
“ ယွီလောင် ... သူတို့ကိုဖမ်းထားပါ ဝမ်မျိုးနွယ်စုဆီသွားတဲ့အခါ ခေါ်သွားရမယ် ဝမ်ချွယ်သာ တစ်ခုခုဖြစ်ခဲ့ရင်တော့ ဝမ်မျိုးနွယ်စု တစ်ခုလုံး အဖိုးအခပြန်ပေးစေရမယ်။ ”
-ဟု အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”
သည့်နောက် စုရီက နှလုံးသားပြခန်းမှ အဖိုးကြီးထံ လှည့်ကြည့်ကာ၊
“ မင်း အသင့်ဖြစ်ပြီလား ... ။ ”
-ဟု မေးမြန်းလိုက်၏။ အကြီးအကဲယင် တစ်ယောက် အံကြိတ်လျက် အသက်ဝိညာဉ်ကို လောင်မြိုက်စေပြီး ဂိုဏ်းချုပ်၏ ဆန္ဒဝိညာဉ် အပေါ် ဖွင့်ထုတ်ပစ်လိုက်တော့သည်။
“ ဝမ် ... ။ ”
“ ဘိုးဘေး ... ။ ”
နတ်ဆိုးတစ်သောင်းတောင်တန်းကြီး တစ်ခုလုံးတုန်ဟည်းလျက် ဖြူလွလွဝတ်လုံနှင့် ခန့်ညားထည်ဝါလှသော ပုံရိပ်တစ်ခု ချက်ချင်း ပေါ်ထွက်လာ၏။
“ ဘိုးဘေး ... ဒီတပည့်က ညံ့ဖျင်းလွန်းပါတယ် ရန်သူကိုသတ်ဖို့အတွက် ဘိုးဘေးဆီ အကူအညီတောင်းခံပါတယ်။ ”
ဤသည်မှာ ပန်းချီဆရာဖြစ်သည်။ ပန်းချီဆရာမှ ထည်ဝါသောအသွင်အပြင်မျိုးဖြင့် ပတ်ဝန်းကျင်ထံ ဝေ့ကြည့်လျက် အံအားသင့် သွားတော့၏။
“ ဒီအရိုင်းမြေမှာ မင်းကျင့်ကြံမှုကို လောင်ကျွမ်းပြီး ငါ့ကိုဆင့်ခေါ်ရတဲ့အထိတောင် ဖိအားပေးနိုင်တဲ့သူ တကယ်ရှိနေတာလား။ ”
စကားသံဆုံးသည်နှင့် ရောင်ဝါသည် ပို၍ပြင်းထန်လာကာ လူတိုင်းအပေါ် အသက်ရှူ ကျပ်သွားစေတော့၏။ ထို့နောက် ပန်းချီဆရာမှ စုရီကိုမြင်ချိန်တွင်၊
“ ငါ့ရဲ့ နှလုံးသားသားပြခန်းက တပည့်တစ်ယောက်ဝိညာဉ်အပေါ် ဖိအားပေးပြီး အနိုင်ကျင့်တာ မင်းလား ... မိုက်မဲလိုက်တာ ... ။ ”
-ဟု စကားပြောရန်ကြိုးစားတော့၏။
“ ချွင် ... ။ ”
“ ငါသိတယ် ... ကြယ်တွေပြည့်နှက်နေတဲ့ ကောင်းကင်ကြီးရဲ့ဗဟိုဒေသကြီးမှာ လူတိုင်းက မင်းကိုပန်းချီဆရာလို့ ခေါ်ကြတယ် ...
... မင်းရဲ့ဆန္ဒ ဝိညာဉ်အကြွင်းအကျန် အောက်မှာ သေခွင့်ရဖို့ဆိုတာ ... ရှစ်ဘဝတိုင် ကံကောင်းခြင်းပဲ ... မင်းဒီလိုစကားမျိုး အရင် နှစ်ကြိမ်တုန်းကလည်း ငါနဲ့ပြောခဲ့ဖူးတယ်။ ”
ထို့နောက် စုရီမှဓားဆွဲကာ ပန်းချီဆရာကို စကားပြောခွင့်မပေးဘဲ ပိုင်းချလိုက်တော့သည်။ ပန်းချီဆရာမှ မျက်ခုံးပင့်လိုက်ပြီး၊
“ မင်းမှာ ယဉ်ကျေးမှုမရှိဘူး ... ရိုင်းလိုက်တာ ... ။ ”
-ဟုဒေါသတကြီး ဟိန်းဟောက်လျက် ချက်ချင်းပင်လက်ဖဝါးဖြင့် ပြန်လည်တိုက်ခိုက် လိုက်၏။
“ ဝှစ် ... ။ ”
“ ဝုန်း ... ။ ”
သို့သော် လက်ဖဝါးကြီးသည် ဓားအလင်းနှင့်အတူ စက္ကန့်ပိုင်းအတွင်းမှာပင် ပြိုကျသွားလေသည်။
ပန်းချီဆရာတစ်ယောက် မျက်နှာ ပျက်ယွင်းသွားတော့၏။ တစ်ဖက်လူ၏ ထူးခြား ဆန်းပြားသည့် လျှို့ဝှက်စွမ်းအင်သည် နိဗ္ဗာန် ဝိညာဉ်ဥပဒေကို ချေဖျက်နိုင်ချေပြီ။
“ မင်းမှာ နိဗ္ဗာန်ဝိညာဉ်ဥပဒေကို ရင်ဆိုင်နိုင်တဲ့ တစ်စုံတစ်ရာ ရှိနေတာလား။ ”
“ ဘိုးဘေး ... သူက စုရွှမ်ကြွယ် ပြန်လည်ဝင်စားပြီး ဖန်းကျိနဲ့ ဂျူနီယာညီလေး ဖေးယွမ်ကိုသတ်ခဲ့တဲ့သူပါ ... သူ့မှာထူးဆန်းတာ တစ်ခုခုရှိနေတယ် ပေါ့ဆမနေသင့်ဘူး။ ”
အဖိုးကဲကြီးယင်က ချက်ချင်း အော်ဟစ် သတိပေးလေသည်။ သူ့သတိပေးစကားကြောင့် ပန်းချီဆရာ၏ မျက်နှာအမူအရာသည် များစွာ လေးနက်လာတော့၏။
“ ဟမ့် ... ။ ”
ဖုန်းကျိနှင့် ဖေယွမ်တို့သည်ပင် သေဆုံးသွားသည့်နောက် ရွှမ်ကျောက်အဆင့် ဤလူငယ်သည် သူ့ကိုဖျက်ဆီးနိုင်ကြောင်း နားလည်လိုက်သည်။
“ မင်းသေလိုက်တော့ ... ။ ”
ထို့ကြောင့် တွန့်ဆုတ်မနေတော့ဘဲ သူ့ကျင့်ကြံမှုအားလုံးကို ထုတ်ဖော်အသုံးပြုပြီး စုရီကိုဖျက်ဆီးရန် ကြံရွယ်လိုက်တော့၏။
“ ရွှပ် ... ။ ”
သို့သော် သူ့စကားမဆုံးမီ ဓားအလင်းတန်းတစ်လက် ကောင်းကင်ယံမှ ကျဆင်းလာကာ ဆန္ဒဝိညာဉ်အပေါ် တစ်စစီ ခြေမွပစ်လိုက်လေသည်။
“ စိတ်ဝင်စားစရာပဲ ... ။ ”
နောက်ဆုံးအကြိမ်အဖြစ် ပန်းချီဆရာမှ စုရီကို စိတ်ဝင်တစား ပြန်ကြည့်လိုက်ပြီးနောက် ပျောက်ကွယ်သွားတော့၏။ ထိုမြင်ကွင်းသည် အဖိုးအိုကို ကူကယ်ရာမဲ့သွားစေသည်။
နှလုံးသားပြခန်း၏ ဘိုးဘေး ဆန္ဒဝိညာဉ်သည်ပင် မျက်စိတမှိတ်အတွင်း၌ သတ်ပစ်ခံခဲ့ရ၏။ သူ့အတွက် လွတ်မြောက်ရန် နည်းလမ်းမရှိတော့ချေ။ ထိုစဉ် စုရီက ဓားကိုလွှဲရမ်းလျက်၊
“ မင်းအခု အနားယူနိုင်ပြီ။ ”
-ဟု ပြောကြားလာ၏။
“ စုရွှမ်ကြွယ် သတိရပါ ... မင်းဟာ ကောင်းကင်ဗဟိုဒေသကြီးရဲ့ ကြယ်အဆင့် အင်အားစုကြီးတွေရဲ့ ဘုံရန်သူပဲ ဒီနေ့မင်း ငါ့ကို သတ်နိုင်ပေမယ့် ဒါမပြီးသေးဘူး။ ”
သူ့မျက်ဝန်းထဲ အမုန်းတရားများ တောက်လောင်လာပြီး အော်ဟစ်ကျိန်ဆဲကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ပြာမှုန်အဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားတော့၏။
ပတ်ဝန်းကျင် တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားလေသည်။ ပန်းချီဆရာသည် ဧကရာဇ်အဆင့်ကို ကျော်လွန်နေသူဖြစ်၏။ ထို့ကြောင့် သူ့ဆန္ဒဝိညာဉ်လေးသည်ပင် မည်မျှ ကြောက်စရာကောင်းမည်ကို မှန်းဆနိုင်မည်။
သို့သော် ဤမျှသောခဏတိုအတွင်း အမှုန့်ခြေခံလိုက်ရလိမ့်မည်ဟု မည်သူမျှ မထင်ထားချေ။ အထူးသဖြင့် အဖိုးကြီးယင် ဖြစ်သည်။
သူ့အတွက် နောက်ဆုံးသော အားကိုးရာကြီးသည် ဓားတစ်ချက်တည်းဖြင့် ပျက်စီးသွားရချေပြီ။
“ နှစ်ပေါင်း ငါးရာကြာပြီးတဲ့နောက်မှာ လောကကြီးတစ်ခုလုံးကို အုပ်စိုးခဲ့တဲ့ဒဏ္ဍာရီ ပြန်လာပြီ။ ”
ကြီးစိုးသော အသွင်ဖြင့် ရပ်နေသောစုရီပုံရိပ်ကိုကြည့်ကာ ထင်းရှူးနီ နတ်ဆိုးဘုရင်က ညည်းတွားလိုက်တော့သည်။
သူ့စကားသည် လူတိုင်းရင်ထဲသို့ မိုးကြိုးပစ်ချလိုက်သလိုမျိုး လှုပ်ခတ်သွားစေ၏။ မည်သူသည် စုရွှမ်ကြွယ်ဓားအကြောင်း မသိ နေမည်နည်း။
လွန်ခဲ့သော နှစ်ပေါင်းငါးရာက စုရွှမ်ကြွယ်ကွယ်လွန်သွားချိန်တွင် အရိုင်းမြေ တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ခဲ့ရသည်။
အချို့သော ဘီလူးအိုကြီးများသည် စုရွှမ်ကြွယ်ခေတ်ကုန်သွားပြီဟု ကောလဟာလ သတင်းများ လွှင့်ကာထကြွလာကြ၏။
ယခုမူ ထိုဒဏ္ဍာရီသည် ဖီးနစ်ကဲ့သို့ ပြန်လည်မွေးဖွားလာပြီး အရိုင်းမြေကိုးပါးထံ တဖန်ရောက်ရှိလာပြီဖြစ်သည်။ ဝမ်ကျိုးဖူနှင့် နွားပြာကြီးမှာ ဆိုဖွယ်မရှိတော့ချေ။
ပိုင်ရီနှင့် ယွီလောင်သည် သူ့ဆရာထံ ဂုဏ်ယူဝင့်ကြွားစွာဖြင့် မော့ကြည့်နေမိသည်။ ဤသည်မှာ အရိုင်းမြေကိုးပါး ဘုရင်ဖြစ်၏။
ယင်းသို့ ကြီးစိုးလွန်းသည့် စစ်မှန်သော ကျက်သရေမျိုး ဆရာသခင်မှတပါး မည်သူမျှ မပိုင်ဆိုင်နိုင်ချေ။
စုရီအတွက်မူ ဤသည်မှာ ပန်းချီဆရာကို သုံးကြိမ်မြောက် သတ်ခြင်းပေပင်။ ပန်းချီဆရာ အနေဖြင့် သူ့ကိုမသိသောကြောင့် အကြိမ်တိုင်း မူလနှင့်ခွန်အားအပေါ် ဆန်းစစ်နေခဲ့သည်။
ယင်းသည် တိုက်ပွဲတွင် အားသာချက် ကျဆင်းသွားစေ၏။ တစ်ဖက်တွင် စုရီအတွက်မူ ပန်းချီဆရာ၏ခွန်အားကို တွက်ဆနိုင်သဖြင့် များစွာအားသာချက်ရှိနေသည်။
ယင်းကြောင့် လျင်မြန်ကြီးစိုးစွာ အနိုင်ယူနိုင်ခြင်းဖြစ်သည်။ မဟုတ်သော် ဤမျှ လွယ်ကူစွာအနိုင်ယူနိုင်မည် မဟုတ်ချေ။
***