တန်ဖိုးကြီးရတနာအား ခိုးယူခြင်း နှင့် ရှေ့ဆက်စရာလမ်းမရှိတော့ခြင်း
Vol. 31 Ch. 302
နတ်ဆိုးတစ်ထောင်ဂူရှိ ရေတံခွန်သည် ပိုးသားအဖြူရောင်စကဲ့သို့ ဖြူဖွေးနေပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာဟိန်းဟောက်စီးဆင်းနေသည်။
ရုတ်တရက် ရေစီးဆင်းမှု ရပ်တန့်သွား၏။
ကြီးမားသော ကျောက်ကမ်းပါးကြီးများသည် မြေကြီးထဲမှ တိုးထွက်လာပြီး ကမ္ဘာမြေကြီး တုန်ခါသွားကာတောင်တန်းတစ်ခုလုံး တုန်လှုပ်သွားသည်။
တောင်ထွတ်တစ်ခုလုံးသည် ဓားသွားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နေနှင့် ကောင်းကင်ကို ဖုံးကွယ်ကာ အောက်ဘက်သို့ပြင်းထန်စွာပြိုကျလာတော့သည်။
"ဝုန်း"
ခန္ဓာကိုယ်မှမှိန်ဖျဖျ အလင်းရောင် ထွက်ပေါ်နေသော ရေနဂါးတစ်ကောင်သည် ရုတ်တရက် အမြီးကိုလွှဲရိုက်လိုက်ပြီး ကျောက်ကမ်းပါးမျက်နှာပြင်ကို ရိုက်ချလိုက်၏။ လွှမ်းမိုးနိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကြီးမားလှသော တောင်ကြီးကို ဖုန်မှုန့်အဖြစ် ကြေမွသွားစေသည်။
ကျောက်တုံးများသည် နတ်ဆိုးခန္ဓာကိုယ်ပေါ်သို့ မိုးသီးမိုးပေါက်များကဲ့သို့ ပြိုကျလာပြီး အသံအက်အက်များထွက်ပေါ်လာသော်လည်း ၎င်းကို အနည်းငယ်မျှပင် ဒဏ်ရာရအောင် မလုပ်နိုင်ပေ။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ အရိပ်မည်း ရေနဂါးကြီးသည် ခေါင်းမော့၍ ကောင်းကင်ကို ကြည့်လိုက်၏။၎င်း၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်ပြီး အဆိပ်ပြင်းသော အကြည့်များဖြင့် ပြည့်နှက်နေသည်။
"မင်းတို့ကောင်တွေ အခု ဘာတွေ ရူးနေကြတာလဲ"
၎င်း၏စူးစမ်းကြည့်ရှုနေသော အကြည့်အောက်တွင်...
လေထဲ၌ တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခု ရှိနေသည်။ အရပ် ရှစ်ပေခန့် ရှိပြီး ကျင့်ကြံသူများကြားတွင် အတော်လေးတောင့်တင်းခိုင်မာသည်ဟု ဆိုနိုင်သော်လည်း၊ ယခု ပျက်စီးသွားသော ကျောက်ကမ်းပါးသို့မဟုတ် ကျန်းပေါင်းရာချီ ရှည်လျားသော ရေးနဂါးကြီး၏ ရှေ့တွင်မူ ထိုသူသည် အလွန်သေးကွေးနေပုံ ရ၏။
သူ၏ဆံပင်နှင့် မုတ်ဆိတ်မွေးများသည် သံမဏိစုတ်တံများကဲ့သို့ ထောင်နေပြီး အနည်းငယ် ဖြူနေသည်။
မျက်နှာထားက ပီပြင်ပြတ်သားပြီး ထောင့်စွန်းများ ထင်ရှားကာသက်လတ်ပိုင်းအရွယ် ပုံစံရှိသည်။
ထိုလူ၏ ဘယ်ဘက်လက်သည် မှော်လက်ကွက်တစ်ခု ပုံဖော်ထားပြီး တောင်များကို ရွှေ့ပြောင်းနိုင်သော အံ့မခန်းစွမ်းရည်သည် သူ့လက်ချက်ဖြစ်ကြောင်း ထင်ရှားနေ၏။
သူသည် ခံစားချက်မဲ့သော မျက်နှာဖြင့် အောက်သို့ ငုံ့ကြည့်ကာ ပြောလိုက်၏။
"ငါ တောင်ပေါ်မှာ အနားယူနေတာ တော်တော်ကြာပြီဆိုတော့ နည်းနည်း ပျင်းလာတာနဲ့ မင်းကို လာစနောက်တာလေ... မရဘူးလား"
ထိုစကားကို ကြားသောအခါ ရေနဂါးကြီးက လက်သည်းများကို ထုတ်ဖော်လိုက်၏။
"မင်း အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မယ်လို့ သေချာနေလား"
ထိုသူအသံနေအသံထားက သူကိုယ်သူ ဝူထုံတောင်မှ ဘိုးဘေးဖြစ်သည့်အလားပင်။ ညီအစ်ကိုများထဲမှ အောက်ဆုံးအဆင့်လောက်သာရှိသော ယွီချောင်အန်းသည် ယခုလောက်ထိ ရဲတင်းနေသည်လော။
"ငါတစ်ယောက်တည်း လာတာ မဟုတ်ဘူး"
ယွီချောင်အန်းက မျက်ခုံးပင့်ကာ ဂရုမစိုက်သလို ပြောလိုက်၏။
"မင်း အကူအညီ လှမ်းခေါ်ချင်ရင် ခေါ်လိုက်လေ၊ ဘယ်သူက မင်းကို ဂရုစိုက်မလဲ ကြည့်ရသေးတာပေါ့"
ရေနဂါးကြီးသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။
ယခုလိုအဆင့်များ၏ထိပ်တိုက်တွေ့ဆုံမှုကြောင့် တခြား နတ်ဆိုးဧကရာဇ်များ ယခုလောက်ဆို သတိထားမိသင့်နေလေပြီဖြစ်သည်။
ထိုအရာကိုမြင်လျှင် ယွီချောင်အန်းက ရယ်မောလိုက်၏။
"မင်းရဲ့အမြီးရိုး ပါမလာဘူး မဟုတ်လား။ ပုံမှန်ရက်တွေမှာလည်း မိတ်ဆွေ သိပ်မရှိဘူးလေ... ဟုတ်တယ်မလား။ အပြင်မှာ တစ်ကောင်တည်း စိမ်ပြေနပြေနေရတာ ပျော်ရဲ့လား။ ကောင်းတာပေါ့... ဒီနေ့ ဒီတာအိုဆရာက မင်းကိုမှ ကွက်ပြီး ရိုက်နှက်ပြမယ်"
"အရှက်မရှိတဲ့ ဂျူနီယာကောင်"
ရေနဂါးကြီးသည် ဒေါသတကြီးဖြင့် အမြီးကို လွှဲရိုက်လိုက်ရာ ထိုနေရာတွင် အပေါက်တစ်ခု ဖြစ်နေပြီးအပိုင်းအစတစ်ခု ပျောက်ဆုံးနေကြောင်း ထင်ရှားစွာ မြင်လိုက်ရလေ၏။
ဒီ ဝူထုံတောင်က အောက်တန်းကျတဲ့လူအုပ်စု ဘာကိစ္စကြောင့် ဒီနေ့မှဒီကိုရောက်လာရတာလဲ။
၎င်း၏အတွေးကို သိသွားသကဲ့သို့ ယွီချောင်အန်းက မတ်တတ်ထရပ်လိုက်ပြီး တာအိုဝတ်ရုံများ တဖျပ်ဖျပ် လွင့်ပျံနေ၏။
"ဒီနေ့လာတာ တခြားကိစ္စကြောင့် မဟုတ်ဘူး... လွန်ခဲ့တဲ့ နှစ်တစ်ထောင်လုံး ငါတို့တွေ ရေချိုးဖို့ အချိန်မရခဲ့ဘူး ဆိုတာကို မင်းကိုလာသတိပေးတာ"
သူက လက်ညှိုးထောင်ပြီး ယမ်းပြလိုက်၏။
"ခေတ်ကာလတွေ ပြောင်းသွားပြီ... နတ်ဆိုးဧကရာဇ်"
သူ့စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ တောင်တန်းများ ရုတ်တရက်တုန်ခါသွားပြီး ကျောက်တုံးမြောက်မြားစွာ ကောင်းကင်သို့ ပျံတက်သွားကာ ကြီးမားသော ကျောက်လက်ဝါးကြီး တစ်ခုအဖြစ် စုစည်းသွား၏။ ထိုလက်ဝါးကြီး၏ ရှေ့တွင် ကျန့်ပေါင်းရာချီ ရှည်လျားသော ရေနဂါးကြီးသည် ငါးရှဉ့်ကောင်လေး တစ်ကောင်ကဲ့သို့ သေးငယ်သွားသည်။
ကျောက်တုံးများ ပြုတ်ကျသံများနှင့်အတူ လက်ဝါးကြီးသည် နတ်ဆိုးဧကရာဇ်အပေါ်သို့ ဒေါသတကြီး ရိုက်ချလိုက်တော့သည်။
"ဂါးးး..."
ယိုဝေနတ်ဆိုးဧကရာဇ်သည် တုံ့ဆိုင်းမနေဘဲ လက်ဝါးကြားရှိ နေရာလွတ်များမှတစ်ဆင့် လျှောထွက်သွားသည်။
လွန်ခဲ့သောနှစ်များစွာက ယွီအမည်ရှိသော ထိုကောင်သည် နီကျွင်း၏နောက်တွင် တုန်တုန်ယင်ယင်ဖြင့် ပုန်းနေခဲ့သော ဂျူနီယာလေး တစ်ယောက်သာ ဖြစ်ကြောင်း ၎င်း မှတ်မိနေသည်။
ယခုတော့ သူ့ကိုပင် ထိပါးရဲလာသည်အထိ သတ္တိရှိနေပြီလော။
ကျောက်လက်ဝါးကြီးက ၎င်း၏တောင့်တင်းသော ခန္ဓာကိုယ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။
ရေနဂါးကြီးသည် ချွန်ထက်သော လျှာကိုထုတ်ကာ စူးရှသော အသံဖြင့်အော်ဟစ်လိုက်ပြီး ကိုယ်ကို ပြင်းထန်စွာ ရုန်းကန်လိုက်ရာ ကျောက်တုံးများ တစ်စစီ ကြေမွသွားသည်။
ကျောက်လက်ဝါးကြီးသည် အပိုင်းအစများအဖြစ် ကြေမွသွား၏။
ကျောင်နဂါးကြီး လွတ်မြောက်သွားသော်လည်း ကျန်ရှိနေသော အပိုင်းအစများသည် သေးငယ်သောလက်ဝါးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၎င်း၏မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"..."
ယိုဝေနတ်ဆိုးဧကရာဇ်သည် ကြီးမားသော အရှိန်ကြောင့် လွင့်ထွက်သွားသည်။ ယခုလို လှည့်ကွက်မျိုးက သူ့ကိုဒဏ်ရာမရစေနိုင်သော်လည်း စော်ကားခံရခြင်းကတော့ အတော်လေး ကြီးမား၏။
သူက ခေါင်းကိုပြင်းထန်စွာ ခါလိုက်ပြီး အဆိပ်ပြင်းသောမျက်လုံးများတွင် ဒေါသအရှိန်အဟုန် မြင့်တက်လာကာ အေးစက်စွာ ပြောလိုက်၏။
"မင်း စောင့်နေလိုက်"
ထိုသို့ပြောပြီးနောက် ၎င်းသည် ရုတ်တရက် လူသားပုံသဏ္ဌာန် ပြောင်းလဲကာ တစ်နေရာသို့ ဦးတည်ပြေးထွက်သွားသည်။
"ငါ မစောင့်နိုင်ဘူး"
ယွီချောင်အန်းက ခြေလှမ်းလှမ်းလိုက်ပြီး သူ့ပုံရိပ်သည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။
နတ်ဆိုးအိုကြီး မည်သည့်အရာလုပ်ရန် ကြံရွယ်နေကြောင်း သူ သေချာပေါက် သိသည်။
တစ်ဖက်လူသည် မိုးမြေ၏အနှစ်သာရ အများဆုံး အစိတ်အပိုင်းကို နတ်လက်နက်တစ်ခုအဖြစ် သန့်စင်ထားပြီး၊ ၎င်းသည် အဖိုးတန်ရတနာများစွာ အကုန်အကျခံကာ ခေတ်အဆက်ဆက်ပျိုးထောင်လာခဲ့သော လှံတံတစ်ချောင်း ဖြစ်သည်။
၎င်း၏ စွမ်းအား ထက်ဝက်ခန့်သည် ထိုလှံတံထဲတွင် ရှိနေ၏။
ဂိုဏ်းမှ ပေးအပ်လိုက်သောတာဝန်မှာ စီနီယာနီ သည် ဤတစ်ခေါက် အနည်းငယ် လက်လွန်သွားသည့်အတွက်၊နတ်ဆိုးအုပ်စုကို သတိပေးရန်ဖြစ်သည်။
ဝူထုံတောင်၏ အင်အားသည် အတိတ်ကနှင့် မတူတော့ကြောင်း၊စိတ်ကြိုက် အနိုင်ကျင့်နိုင်သော အဖွဲ့အစည်းမဟုတ်တော့ကြောင်း နားလည်စေရန် ဖြစ်သည်။
ဤနတ်ဆိုးများကို နတ်ဆိုးတစ်ထောင်လိုဏ်ဂူထဲမှာသာ ငြိမ်သက်စွာနေစေချင်ပြီး အပြင်ထွက် ပြဿနာ မရှာစေချင်ခြင်းဖြစ်လေ၏။
သို့သော်လည်း အခွင့်အရေးရတုန်း နတ်ဆိုးဧကရာဇ်တစ်ပါးကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင်လုပ်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်မှာ သေချာသည်။
တောင်ထွတ်တစ်ခုပြီးတစ်ခုကို ယွီချောင်အန်းက မန္တန်စွမ်းအားဖြင့် မ လိုက်ပြီး ယိုဝေနတ်ဆိုးဧကရာဇ်ထံ ပစ်ပေါက်လိုက်သည်။ ဗုံးကြဲတိုက်ခိုက်ရသည်မှာ အလွန်ပင်ကျေနပ်စရာ ကောင်းလှ၏။
သေချာပေါ့... သူသည် အကွာအဝေးအား အမြဲတစေတွက်ချက်နေပြီး အချိန်မရွေး ဆုတ်ခွာဖို့ အဆင်သင့် ပြင်ထားသည်။
နတ်ဆိုးအိုကြီးသည် သူ့ကို သတ်ရန်လှံတံကို ပြန်ယူဖို့သာ အာရုံစိုက်နေပြီး ပြန်လည် တိုက်ခိုက်မည့် အရိပ်အယောင်လုံးဝ မပြသဘဲ ဒေါသအဆုံးစွန်ထိထွက်နေပုံပင်။
ယွီချောင်အန်း၏ တိုက်ခိုက်မှုများ ပိုမို ရက်စက်ကြမ်းကြုတ်လာချိန်တွင်...
ခေါင်းငုံ့ပြေးနေသော ယိုဝေ နတ်ဆိုးဧကရာဇ်သည် ရုတ်တရက်လေထဲတွင် ရပ်တန့်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"ဝူထုံတောင်က သူခိုးတွေ ငါ့ရဲ့ယိုဝေလှံတံကို ထိရဲတယ်ပေါ့"
ထို့ချိန်တွင်ပင် ယခင်ကနှင့်ဆင်တူသော ကျောက်လက်ဝါးကြီးတစ်ခု သူ့ဆီသို့ ဝင်ရောက်လာ၏။
ဤတစ်ကြိမ်တွင်တော့ ယိုဝေနတ်ဆိုးဧကရာဇ်သည် ရှောင်တိမ်းခြင်း မပြုဘဲ လက်ဝါးကို ရှေ့သို့ ရိုက်ထုတ်လိုက်သည်။
သူ့လက်မောင်းသည် ကောင်းကင်ယံတွင် ဆန့်တန်းထားသောကြွက်သားအပြည့်နှင့် ရေးနဂါး လက်သည်းအဖြစ် ပြောင်းလဲသွား၏။
မည်းနက်သော ကြေးခွံများသည် သန့်စင်ထားသော သံမဏိကဲ့သို့ဖြစ်ပြီး လက်သည်းများသည် နတ်လက်နက်ကဲ့သို့ ထက်ရှလှနေပေသညါ။
၎င်းသည် ကျောက်လက်ဝါးကြီးကို တားဆီးမရနိုင်သောအရှိန်ဖြင့် ရိုက်ချိုးလိုက်ပြီး ယွီချောင်အန်းထံသို့ ခုန်အုပ်လိုက်လေ၏။
လှောင်အိမ်တစ်ခုကဲ့သို့ချွန်ထက်သော လက်သည်း လေးချောင်းသည် လူသားအပေါ်သို့ မိုးကျလာသည်။
ကလစ် ကလစ်...
ရွှံ့နှင့် ကျောက်တုံးများ ပေါင်းစည်းကာ မိုးမျှော်တိုက်သမျှမြင့်မားသော မြေကမ္ဘာဝိညာဉ်အဖြစ် ပြောင်းလဲပြီး ရေနဂါး၏လက်သည်းကို ခုခံလိုက်သည်။
သို့သော် ၎င်းသည် တစ်ခဏမျှပင် တောင့်မခံနိုင်ဘဲ ချက်ချင်းကြေမွသွားပေ၏။
ကံကောင်းထောက်မစွာဖြင့် ယွီချောင်အန်းသည် အခွင့်ကောင်းယူပြီး ကျန်းတစ်ရာအကွာသို့ ရှောင်ထွက်လိုက်၏။ သူသည် အမောတကြီး အသက်ရှူရင်း ဟန်ကိုယ့်ဖို့လုပ်ကာ နောက်ပြောင်လိုက်ပေသည်။
"ဝိုး... အလျင်လိုနေပါလား"
ဤငါးရှဉ့်စုတ်... သူ့မှာ တကယ်ပဲ စွမ်းရည်အချို့ ရှိတာပဲ။
ယွီချောင်အန်းအနေဖြင့် ကျင့်ကြံခြင်းအဆင့် သိသိသာသာတိုးတက်လာခဲ့သော်လည်း ယခုထိ ထိုနတ်ဆိုးကြီးကို ယှဉ်နိုင်စွမ်း မရှိသေးပေ။