← Chapters

အခန်း (၁၈၇၈)

Vol. 135 Ch. 1878

အခန်း (၁၈၇၈)

Vol. 135 Ch. 1878

အပိုင်း(၁၈၇၈)

"အင်ပါယာ တစ်ယောက်ကို သူ အုပ်စိုးတဲ့ နယ်မြေထဲမှာ ဘယ်တော့မှ ရင်မဆိုင်ပါနဲ့..."

လူအိုကြီးသည် အားနည်းစွာဖြင့် ခေါင်းကို ခါယမ်းရင်း ရေရွတ်လိုက်၏။ သူ၏ လေသံက မိမိကိုယ်ကိုယ် ပြန်လည် လှောင်ပြောင်နေသည်မျာ ထင်ရှားလှ၏။

ဤသည်မှာ အတွေ့အကြုံရှိသူတိုင်း နားလည်ထားကြသည့် အခြေခံစည်းမြဉ်းတစ်ခုပင် ဖြစ်သည်။ အင်ပါယာများသည် မိမိတို့ နယ်မြေအတွင်း၌ နတ်ဘုရားများသဖွယ် ဖြစ်သော်လည်း၊ နယ်မြေပြင်ပ၌မူ အဆင့်တူ ကျင့်ကြံသူများထက်ပင် အားနည်းသွားတတ်ကြသည်။

သို့သော်လည်း ၎င်းမှာ နယ်မြေနှင့် တိုင်းသူပြည်သားများ အပေါ် အခြေခံသည့် အင်ပါယာ ဥပဒေသ အမျိုးအစားအား ကျင့်ကြံသူများအတွက်သာ ရည်ရွယ်ခြင်း ဖြစ်၏။

ဖြည်းညင်းစွာပင်... သူ၏ အကြည့်များက ဝေ့ဝူယင်ထံသို့ ကျရောက်သွား၏။ အဖြူရောင် သင်္ဘောပေါ်တွင် ယခင်ကထက်ပင် လူများ ပိုမို ရှိနေကြသည်။

ရွှေရောင်ဆံနွယ်နှင့် ဝိညာဉ်အလှတရားတို့ ကိန်းအောင်းနေသည့် အပြာရောင်မျက်ဝန်းပိုင်ရှင်...

ကောင်းကင်ဘုံအော်ရာများ သိသိသာသာ လွှမ်းခြုံထားသည့် မိန်းမလှလေး တစ်ဦး...

ငွေရောင်ဝတ်ရုံနှင့် အေးစက်သော မျက်နှာထားရှိသည့် မိန်းကလေး တစ်ဦး..

သာမန် မျက်နှာသာ ရှိသော်လည်း ထွားကြိုင်းလှသော ရင်သားများနှင့် အတူ သင်္ဘောလက်ရန်းပေါ်တွင် ပျင်းရိစွာ အပျင်းဆန့်နေသည့် အမျိုးသမီးတစ်ဦး...

ကောင်းကင် နိမိတ်ဖတ် ပညာရှင်များမှာ ကြောက်ရွံ့ဖွယ်ကောင်းလှသော်လည်း သူတို့ ဘယ်တော့မှ မပြောင်းလဲနိုင်သည့် ထူးခြားချက်တစ်ခု ရှိပေသည်။ ၎င်းမှာ သူတို့၏ ထင်ရှားလှသည့် ကောင်းကင်ဘုံ အော်ရာပင် ဖြစ်သည်။

သူတို့သည် မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုအော်ရာကို ဖုံးကွယ်ထား၍ မရနိုင်ဘဲ သာမန်လူသားများပင် တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားသိမြင်နိုင်သည်။

အကယ်၍ လူအိုကြီးသာ ဝေ့ဝူယင်၏ အဖွဲ့ထဲတွင် မင်ရှုဖုန်းကို စောစောစီးစီး မြင်တွေ့ခဲ့ပါက ယခုထက် ပိုမို သတိကြီးစွာဖြင့် စဉ်းစားဆင်ခြင်မိပေလိမ့်မည်။

သူ စိတ်လျှော့သည့် သက်ပြင်းကို နောက်တစ်ကြိမ် လေးလံစွာ ချလိုက်ပြန်၏။ သူ၏ အတွေးထဲတွင် မင်ရှုဖုန်း သို့မဟုတ် သူမ၏ ဆရာဖြစ်သူက အနာဂတ်နှင့် ပတ်သက်သည့် တစ်စုံတစ်ရာကို ပေါက်ကြားစေခဲ့ပြီး ထိုအချက်ကပင် သူ့ကို ပေါ့ဆသွားစေကာ ယခုကဲ့သို့ အဆုံးသတ်သွားစေခဲ့သည်ဟု ယူဆလိုက်မိသည်။

သခင်လေးရှန့်၏ အခြေအနေမှာလည်း သူထက် မသာပေ။ ထိုအရက်သမား လူငယ်မှာ သင်္ဘောလက်ရန်းတွင် အချည်ခံထားရပြီး အလုံးစုံ ဖိနှိပ် ချုပ်နှောင်ခြင်း ခံထားရသည်။ သို့သော်လည်း... ထို့ပိဟန်က စေတနာ ထက်သန်စွာပင် သားရေဘူးထဲမှ ဘယ်တော့မှ မကုန်ခမ်းနိုင်သည့် ဝိုင်များကို နှုတ်ခမ်းဝဆီ တည့်၍ တိုက်ကျွေးနေသည်။

ထိုသခင်လေးမှာ ယခင်ကထက်ပင် တည်ငြိမ်နေပြီး နောက်ဆုံး အကြိမ် သောက်ရတော့မည့်အလား တစ်ငုံချင်းစီကို အရသာခံ သောက်နေလေသည်။

တိမ်တိုက်များပေါ်တွင် လွင့်မျောနေသည့် တန်ခိုးရှင် အရက်သမား တစ်ဦး အလား လွတ်လပ်ပေါ့ပါးသည့် ထိုစိတ်ဓာတ်မှာ တစ်နည်းအားဖြင့် ချီးကျူးဖွယ်ရာပင် ဖြစ်သည်။

"ခင်ဗျား ပြောတာ မှန်တယ်"

ဝေ့ဝူယင်က ရှေ့သို့ တစ်လှမ်း တိုးလာ၏။ လူငယ်’ အော်ရာမှာ အင်ပါယာ ဥပဒေသ၏ တောက်ပမှုများနှင့် လွှမ်းခြုံထားကာ ခေတ်အဆက်ဆက် မည်သူမျှ မေးခွန်းထုတ်၍ မရနိုင်သည့် ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ပါး အလား လောကအပေါ် အာဏာစက် ထုတ်ဖော်နေလေသည်။

"ဘယ်တုန်းကလဲ..."

လူအိုကြီးက ဖြည်းညှင်းစွာ တင်ပလ္လင်ခွေ ထိုင်လိုက်၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ချုပ်နှောင်ခံထားရသော်လည်း ခန္ဓာကိုယ် အနေအထားကိုမူ အနည်းငယ် ပြောင်းလဲနိုင်စွမ်း ရှိသေးသည်။ သူ၏ လေသံမှာ အရှုံးပေးခြင်း မဟုတ်ဘဲ လက်ခံလိုက်ခြင်းသာ ဖြစ်၏။

နှစ်ပေါင်း တစ်သိန်းကျော်တိုင်အောင် သေမျိုးတာအို နှင့် လျှို့ဝှက်တာအို လမ်းစဉ်ကို လျှောက်လှမ်းခဲ့သည့် ကျင့်ကြံသူတစ်ဦးအနေဖြင့် လောက၏ အနိမ့်အမြင့်၊ အတက်အကျပေါင်းများစွာကို သူ မည်ကဲ့သို့ မကြုံဖူးဘဲ နေပါမည်နည်း။

"ဘာကြောင့်လဲဆိုတာကိုရော ခင်ဗျား ပြောပြမှာလား"

ဝေ့ဝူယင်က ပြန်လည် မေးခွန်းထုတ်လိုက်၏။

"..."

လူအိုကြီးမှာ မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး တရားထိုင်နေလေတော့သည်။

"သူ့ကို နှိပ်စက်ချင်တယ်ဆိုရင်တော့ အခုကတည်းက ပြောပြထားမယ်... သူ့ဆီကနေ သတင်းအချက်အလက် တစ်ခုခု ရဖို့ဆိုတာ သုညပဲ... မဟုတ်ဘူး... သုညအောက် အနုတ်ကိုတောင် ရောက်သွားလိမ့်မယ် ထင်တယ်... ခင်ဗျား မသိလိုက်ဘဲနဲ့ သတင်းအမှားတွေကိုပဲ ရသွားလိမ့်မယ်"

သခင်လေးရှန့်က သတိပေးလိုက်၏။ ထို့နောက်... သူက ထို့ပိဟန်ကို တစ်ခုခု မျှော်လင့်နေသကဲ့သို့ ကြည့်လိုက်ရာ အဘိုးကြီးက ဝိုင်နောက်တစ်ငုံ ထပ်တိုက်လိုက်ပြန်သည်။

"..."

ဝေ့ဝူယင် လက်တစ်ဖက်ပြတ် လူအိုကြီးကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ အတော်ကြာပြီးနောက်တွင်မှ သူက သခင်လေးရှန့်ဘက်သို့ လှည့်ကာ မေးခွန်းတစ်ခု မေးလိုက်သည်။

"မင်းတို့ ဒီကို ဘာလာလုပ်တာလဲ"

"မင်းကို လာရှာတာပေါ့..."

သခင်လေးရှန့်က မဆိုင်းမတွပင် ပြောလိုက်၏။

"မင်းကို ပြန်ခေါ်သွားဖို့ပဲ"

"ရှင်အရင်က ပြောပြခဲ့တဲ့ ပုံပြင်တွေက အမှန်တွေပဲလား"

ချောင်စွေ့ဖုန်းက ဝင်ရောက်၍ မေးလိုက်သည်။ ပထမဆုံး ဆုံတွေ့ခဲ့စဉ် ကတည်းကပင် ဝေ့ဝူယင်သည် ထိုရဲတင်းလွန်းသော သခင်လေးရှန့်ကို တစ်ဖက်သတ် နှိမ်နင်းခဲ့သည်။

ထိုစဉ်တုန်းက... သခင်လေးရှန့် ကြွေးကြော်ခဲ့သည့် စကားကို သူမ မှတ်မိနေသေးသည်။ ဝေ့ဝူယင်သာ သူ့ တိုက်ကွက်သုံးကွက်ကို ခံနိုင်ရည်ရှိပါက အသက်ချမ်းသာပေးပြီး အကြွေးကို ကျေအေးပေးမည် ဟူ၍...။ သို့သော်လည်း... သူသာလျှင် ဝေ့ဝူယင်ထံတွင် တစ်ကွက်တည်းဖြင့် အလဲထိုးခံလိုက်ရသည်။ ထို့နောက်တွင်တော့ သခင်လေးရှန့်၏ သဘောထားမှာ လုံးဝပြောင်းလဲသွားကာ အနာဂတ်နှင့် ပတ်သက်၍ အေးအေးလူလူပင် ဖြစ်သွားတော့သည်။

လူအိုကြီးသည်လည်း ကောင်းချီးခံ ရီအင်ပါယာ၏ အခြေအနေများကို ရှင်းပြခဲ့ပြီး၊ သူတို့၏ သခင်မလေး ဆက်စပ်မှု စစ်မြေပြင်တွင် ပေးခဲ့သော ကတိကဝတ်မှာ ပြဿနာများ ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် အချို့သော နိမိတ်ဖတ်ချက်များကြောင့် ဂလက်ဆီ အချင်းချင်း စစ်ပွဲကြီးပင် ဖြစ်ပွားနိုင်ကြောင်း ပြောပြခဲ့ဖူးသည်။

"ကျုပ်ပြောခဲ့တာတွေက အမှန်တွေပါ"

သခင်လေးရှန့်က ပြန်လည် ဖြေကြားသည်။

"ဒါပေမဲ့ အားလုံးကို အသေးစိတ် တိတိကျကျ ရှင်းပြခဲ့တာတော့ မဟုတ်ဘူးပေါ့... တကယ်တော့ ခင်ဗျားတို့က ဘာမေးခွန်းမှ ထပ်မမေးဘဲ ဒီအတိုင်း တန်းသဘောတူလိုက်လိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး...”

သူက ဝေ့ဝူယင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဒါပေမဲ့ အဲဒီ ဆုံးဖြတ်ချက်ကလည်း ခင်ဗျားရဲ့ အင်ပါယာ ဥပဒေသကို နားလည်ထားမှုနဲ့ မွေးရာပါ မာနထောင်လွှားတဲ့ အပြုအမူတွေနဲ့ ကိုက်ညီနေတာပဲ... ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်း ဆိုတဲ့ အသိက တကယ့်ကို ပြင်းထန်တဲ့ မူးယစ်ဆေးတစ်ခွက်ပဲလေ... အဲဒါက အမှားကြီး တစ်ခု ဆိုတာတော့ ကျုပ်တို့ သိတာပေါ့...”

သူက အနည်းငယ် ပြုံးလိုက်၏။

"အင်ပါယာ ဥပဒေသဟာ အားကောင်းတယ်ဆိုပေမဲ့ အထူးသဖြင့် နယ်မြေ၊ ယုံကြည်မှုနဲ့ လူဦးရေအပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဥပဒေသ တစ်ခုပဲ... နားလည်သဘောပေါက်ဖို့ အလွယ်ကူဆုံး ဥပဒေသတွေထဲမှာ ပါဝင်တယ်... ဒါပေမဲ့ ကိုယ်ပိုင်နယ်မြေပြင်ပမှာတော့ အားအနည်းဆုံးပဲ ဖြစ်သွားတတ်တယ်... တကယ်တော့ အဲဒါက ဆိုးကျိုးတောင် ပေးနိုင်သေးတယ်..."

"အင်ပါယာ ဥပဒေသနဲ့ ထိတွေ့မှုရှိပြီး အဲဒါကိုပဲ အခြေခံလို့ လျှို့ဝှက် အာဏာရှင်အဆင့်ကို တက်လှမ်းခဲ့တဲ့ ကျင့်ကြံသူတွေဟာ သတ်ပစ်ဖို့ အလွယ်ဆုံးသူတွေပဲ... သူတို့ကို သူတို့ရဲ့ နယ်မြေထဲကနေ ဆွဲထုတ်လိုက်ရုံပဲလေ... အစစ်အမှန် သူတော်စင် အဆင့်မှာတောင် ဒီလိုပဲ ဖြစ်နေတာ... ကျင့်ကြံခြင်း သွေဖီမှုကြောင့် ဒဏ်ရာအပြင်းအထန် ရပြီးရင်လည်း သေဖို့ အမြန်ဆုံးလူတွေပဲ... ဧကရာဇ် ဆိုတာ ပြည်သူတွေနဲ့အတူ သေဆုံးရတယ် လို့ ပြောကြတယ် မဟုတ်လား"

သခင်လေးရှန့်သည် ဝေ့ဝူယင်၏ မေးခွန်းကို ဖြေပြီးရင်း ဆက်လက် ပြောနေခဲ့ကာ စကားလမ်းကြောင်း အနည်းငယ် သွေဖည်သွားခဲ့သည်။

လူအိုကြီးမှာ တိတ်ဆိတ်နေ၏။ ဝေ့ဝူယင်မှာ အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာကို ပိုင်ဆိုင်ထားကြောင်း သူ အစောတည်းက သိသည်။ ထိုအချက်က သူ့ကို သတိကြီးစွာ ထားစေခဲ့သည်။ အစစ်အမှန် မွေးဖွားခြင်းကို တိုက်ခိုက်ခဲ့ခြင်းမှာလည်း မတတ်သာ၍သာ ဖြစ်ပြီး၊ ပြင်းထန်လှသော လှုပ်ရှားမှုများကြားတွင် တစ်ဦးတစ်ယောက်ကိုမျှ အသက်မသေစေခဲ့ပေ။ ဝေ့ဝူယင် တုံ့ပြန်မှု မရှိသည်ကို မြင်ရမှသာ သူက လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ သူသည် ဝေ့ဝူယင်အပေါ်တွင် အမြင့်ဆုံးသော ရိုသေမှုကို ပြသခဲ့သည်။

စုနန်ကျူး နှင့် ကျန့်ယန် တို့သည်လည်း ဟန်ဟိုဂျူးကို ဖမ်းဆီးပြီး အာဏာရှင် အင်ပါယာကို တွေ့လိုကြောင်း ကြေညာစဉ်က ထိုနည်းအတိုင်းပင် ပြုမူခဲ့ကြသည်။ အင်ပါယာ ဥပဒေသကို အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားသူတိုင်းသည် မိမိတို့၏ နယ်မြေအတွင်း၌ နတ်ဘုရားကဲ့သို့ သိမြင်နိုင်စွမ်း ရှိသည်ကို သူတို့ သိကြသည်။ ဝေ့ဝူယင် တစ်စုံတစ်ရာ မတုံ့ပြန်သည့်အခါမှသာ သူမကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပေသည်။

***

All Chapters