အခန်း (၁၈၇၉)
Vol. 135 Ch. 1879
အပိုင်း(၁၈၇၉)
ယွီစွန်းလီသည် ဝေ့ဝူယင်၏ လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူမ၏ လှပသော မျက်ဝန်းအစုံတွင် လူသတ်လိုသော အငွေ့အသက်များ ဝေ့သီနေ၏။
"ဘာလို့ ကျွန်မကို ဖမ်းချင်ရတာလဲ... ကျွန်မက ဘယ်လို ရတနာမျိုးမို့လို့လဲ"
သူမ၏ အသံက အနည်းငယ် တုန်ယင်နေ၏။ ဝေ့ဝူယင်၏ လက်ကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်ထားမှသာ သူမ အနည်းငယ် စိတ်သက်သာရာ ရသလို ခံစားလိုက်ရ၏။
သူမသည်လည်း လှည့်စားခြင်း အာရုံကို ကြုံတွေ့ခဲ့ရသည်။ ဝေ့ဝူယင်က လူအိုကြီးကို လှည့်စားရန်အတွက် သူမ၏ တုံ့ပြန်မှုများ၊ စိတ်လှုပ်ရှားမှုများကို အတိအကျ ပုံတူကူးယူ ပြသခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ အရာရာကို အပေါက်အလမ်းမရှိ တိကျအောင် ပြုလုပ်ခဲ့သကဲ့သို့ သခင်လေးရှန့်မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။
ထိုကဲ့သို့ ပြုလုပ်ရန် အတွက် ဝေ့ဝူယင်သည် ဝိညာဉ်အင်အားများကို အတော်လေး သုံးခဲ့ရသည်။ စိတ်စွမ်းအင်ကိုသာ အသုံးပြုသည့် သာမန် လှည့်စားခြင်း စိတ်ဝိညာဉ် မန္တန်များနှင့် ခြားနားစွာပင် လှည့်စားခြင်း မျက်လုံးသည် ဝိညာဉ်အင်အားကို စားသုံးပြီး ဝိညာဉ် အဆင့်အတန်းအလိုက် စွမ်းအားက ထွက်ပေါ်လာခြင်း ဖြစ်သည်။
၎င်းသည် ရုပ်ပိုင်းဆိုင်ရာ၊ အမတေနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ အချက်အလက်အားလုံးကို အစစ်အမှန်အတိုင်း ပုံတူကူးယူနိုင်စွမ်း ရှိသဖြင့် သာမန် လှည့်စားခြင်း အာရုံများထက် များစွာ သာလွန်ပြီး ခွဲခြားရန်ပင် မဖြစ်နိုင်ပေ။
ယွီစွန်းလီ၏ လူသတ်လိုသည့် အငွေ့အသက်များကို ဝေ့ဝူယင် ခံစားမိ၏။ သူ၏ မျက်ဝန်းများမှာ အနည်းငယ် နူးညံ့သွားကာ သူမ၏ လက်ကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ ယွီစွန်းလီမှာ ထူးဆန်းသည့် နွေးထွေးမှုကို ခံစားလိုက်ရ၏။ သူမ ဝေ့ဝူယင်ကို မော့ကြည့်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ရာကို သူမ သဘောပေါက်သွားခဲ့၏။
"ရှင် သိနေတာလား... ဘာကြောင့်လဲဆိုတာကို ရှင် သိနေတာလား"
ဝေ့ဝူယင် မဖုံးကွယ်ခဲ့ပေ။ သူ ခေါင်းညိတ်ပြလိုက်သည်။ ဟန်ဟိုဂျူး သူ၏ လက်ထဲသို့ ရောက်ရှိလာစဉ်ကပင် သူ အလုံးစုံကို သိရှိခဲ့ပြီး ဖြစ်သည်။
ထိုအစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်မှာ ယွီစွန်းလီကို အဘယ်ကြောင့် အသည်းအသန် ပြန်လည်ရယူလိုရကြောင်းနှင့် အကျဉ်းသားအဖြစ် ထားရှိကာ သူမ၏ ကျင့်ကြံခြင်း အခြေခံကို အဘယ်ကြောင့် အတင်းအကျပ် မြှင့်တင်ပေးလိုရကြောင်း အချက်အလက်အားလုံးကို ဖွင့်ဟခဲ့ပြီး ဖြစ်သည်။
ယွီစွန်းလီသည် သခင်လေးရှန့်၏ စကားကို ကြားခဲ့ရသည်။ အစစ်အမှန် သူတော်စင် အဆင့် သို့မဟုတ် ထိုထက် ပိုမို မြင့်မားသူများသည်ပင် သူမကို ရယူရန်အတွက် သတ်ဖြတ်မှုများ ပြုလုပ်နိုင်ကြောင်း ပြောခဲ့သည်။
ကျင့်ကြံခြင်းလောကတွင် အလှအပမှာ အလွန် အန္တရာယ် ရှိလှသည်။ အထူးသဖြင့် လှပသည့် အမျိုးသမီးများသည် ပြဿနာများကို ရှောင်ရှားရန် မျက်နှာဖုံးစွပ်ခြင်း၊ ဖုံးကွယ်ခြင်းများကို အဘယ်ကြောင့် ပြုလုပ်ရကြောင်း သူမ နားလည်သည်။
သူမသည် ရတနာတစ်ခု ဖြစ်သည်။ အလွန်အမင်း လှပလွန်းသော ရတနာတစ်ခုပင်။
သို့သော်လည်း... ဝေ့ဝူယင်သည် သူမကို ကြယ်တာရာများဆီသို့ ခေါ်ဆောင်သွားရန် ဝန်မလေးခဲ့ပေ။ ထို့အပြင်... ဝေ့ဝူယင်က သူမအား အကြောင်းမဲ့ ဖုံးကွယ်ထားမည် မဟုတ်ကြောင်း ယွီစွန်းလီ ယုံကြည်သည်။ အရင်တုန်းက ပြန်လည် အဖမ်းခံရမည်ကို သူ စိုးရိမ် ကြောက်လန့်ခဲ့သော်လည်း ဝေ့ဝူယင် ဘေးနား၌ ရှိနေချိန်တွင်မူ ဘေးကင်းလုံခြုံနေသည် ဆိုသည့် ခံစားချက်မျိုးကို သူမ ခံစားရသည်။
"နောက်မှ ငါ ပြောပြမယ်"
"..."
တစ်ချိန်တည်း၌... လက်တစ်ဖက်ပြတ် လူအိုကြီးမှာ ဝေ့ဝူယင်နှင့် ယွီစွန်းလီတို့ကြားမှ စကားများကို ကြားသော်လည်း ထိတ်လန့်ခြင်း မရှိပေ။ သူသည် ဘေးဒုက္ခနှင့် ရင်ဆိုင်နေရသော်လည်း တိတ်ဆိတ်ငြိမ်သက်စွာသာ နေမြဲ တည်ရှိနေသည်။
"ခင်ဗျား ဘာမှ မပြောချင်ဘူးလား... အရာရာကို ရှင်းပြဖို့ ကျုပ် အခွင့်အရေး ပေးမယ်"
ဝေ့ဝူယင်က အေးစက်စက် ဆိုလိုက်ရင်း ယွီစွန်းလီ၏ လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်၏။ မိန်းကလေးမှာ ဝေ့ဝူယင်၏ ကိုယ်မှ ထွက်ပေါ်လာသည့် ပြင်းထန်လှသော ဒေါသနှင့် သတ်ဖြတ်လိုစိတ်များကို ခံစားမိကာ ရင်တုန်သွားခဲ့သည်။ ဝေ့ဝူယင်က သူ၏ ခါးတွင် ချိတ်ဆွဲထားသည့် ဓားအိမ်အတွင်းရှိ ဒြပ်စင် (ဆေဘာ) ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။
ယွီစွန်းလီအား အဘယ်ကြောင့် ပစ်မှတ်ထားသနည်းဟူသော အချက်ကို သူ သိပြီးသား ဖြစ်သည်။ သူတို့၏ မူလရည်ရွယ်ချက်မှာ သူ့ကို ပြန်ခေါ်သွားရန် ဖြစ်သော်လည်း၊ လူအိုကြီး ရရှိထားသည့် အမိန့်မှာ သခင်လေးရှန့်၏ ရည်ရွယ်ချက်နှင့် ကွဲပြားနေကြောင်း သူ သိသည်။
ထိုအဘိုးအိုသည် ပစ်မှတ်က သာမန် ကျင့်ကြံသူ တစ်ဦးထက် များစွာ ပိုမို အစွမ်းထက်နေသည်ကို သိမြင်သွားမှသာ နည်းလမ်းပြောင်းခဲ့ခြင်း ဖြစ်သည်။
သခင်လေးရှန့်က သူ့ကို တိုက်ခိုက်ဖို့ စိန်ခေါ်ခဲ့ခြင်းမှာ သူ၏ အစ်မဖြစ်သူ ရွေးချယ်ထားသည့် အမျိုးသား၏ အရည်အချင်းကို စမ်းသပ်လို၍ ဖြစ်သည်။ ဤသည်မှာ မျှော်လင့်ထားပြီးသား ကိစ္စ ဖြစ်သော်လည်း၊ ရှုံးနိမ့်သွားပြီးနောက် သခင်လေးရှန့်၏ စိတ်အာရုံက လုံးဝ အေးအေးချမ်းချမ်း ဖြစ်သွားခြင်းမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။
သို့သော်လည်း ကိုယ်တိုင် ဝေ့ဝူယင်ကို အတင်းအကြပ် မခေါ်ဆောင်နိုင်မှတော့ အခြေအနေအတွက် အပူတပြင်း ဖြစ်မနေတော့ခြင်းမှာလည်း မဆန်းပေ။
ထို့ကြောင့်ပင် ဝေ့ဝူယင်သည် အစပိုင်းတွင် သံသယ မဝင်ခဲ့ခြင်း ဖြစ်သည်။ သူတို့နှင့်အတူ လိုက်ပါရန် သဘောတူပြီးနောက်ပိုင်းတွင်မှ သူတို့၏ သဘောထားမှာ ပြောင်းလဲသွားသဖြင့် သူ သံသယဝင်လာခြင်း ဖြစ်၏။ ဝေ့ဝူယင်၏ စွမ်းဆောင်ရည်ကို မြင်တွေ့ရသော်လည်း သူတို့တွင် ပျော်ရွှင်သည့် လက္ခဏာ မရှိပေ။
တကယ်တော့ လူအိုကြီးမှာ ပူပန်နေပုံပင် ရပြီး သူ၏ စိတ်ထဲ၌ အကြံအစည် အမျိုးမျိုးကို ထပ်ကာထပ်ကာ စဉ်းစားနေပုံရသည်။ ဤသည်မှာ ပရိယာယ် ကြွယ်ဝသူတစ်ဦး၏ လက္ခဏာပင်။
ထို့အပြင် အစစ်အမှန် မွေးဖွားခြင်းကို တိုက်ခိုက်ပြီးနောက် ယွီစွန်းလီကို ကြည့်သည့် သူ၏ အကြည့်များမှာ လောဘရိပ်များ ပိုမို ထင်ဟပ်လာသည်။ ၎င်းမှာ တဏှာလောဘ မဟုတ်ဘဲ၊ ကြီးမားလျသည့် ကံကောင်းခြင်း တစ်ရပ်ကို ရရှိလိုက်သည့်အတွက် ထိန်းမနိုင်သိမ်းမရ ဖြစ်ပေါ်လာသော အလိုရမ္မက် လောဘသာ ဖြစ်၏။
ဝေ့ဝူယင် သိရှိထားသလောက် ထိုအဖြူရောင် သင်္ဘောသည် ရောက်ရှိလာသည်နှင့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေဆီသို့ တန်းတန်းမတ်မတ် သွားရောက်ကာ ချောင်စွေ့ဖုန်းနှင့် တွေ့ဆုံခဲ့သည်။ ထိုမတိုင်ခင် အထိ အခြားကိစ္စရပ်များကို လုပ်ဆောင်ရန် အချိန်သိပ်မရှိခဲ့ပေ။
သို့သော်လည်း... ဝေ့ဝူယင်ကိုယ်တိုင် လိုက်ပါရန် သဘောတူပြီးသည့် နောက်မှ အဘယ်ကြောင့် လူအိုကြီးက ပူပန်နေရသနည်း။
မင်ရှုဖုန်းက သူ့အား နိမိတ်မကောင်းကြောင်း သတိပေးရန် ကြိုးစားခဲ့သော်လည်း၊ ထိုသတိပေးချက်မှာ ဝေ့ဝူယင်အတွက် မလိုအပ်ပေ။
လူအိုကြီးမှာ အစကတည်းက မရိုးသားကြောင်း သူ သိရှိခဲ့ပြီး ဖြစ်သည်။ သူ့ကို ကောင်းချီးခံ ရီအင်ပါယာ ဆီသို့ အေးအေးချမ်းချမ်း ခေါ်ဆောင်သွားရန် အစီအစဉ် မရှိခဲ့သည်မှာလည်း ထင်ရှားလှသည်။
သို့သော်လည်း ဝေ့ဝူယင်သည် ထိုလူအိုကြီးကို နောက်မှ မဟုတ်ဘဲ ယခုပင် ရှင်းပြရန် အခွင့်အရေး ပေးလိုသေးသည်။
အဘယ်ကြောင့် သူ့ကို စောစောစီးစီ ရှင်းပစ်ဖို့ ကြိုးစားရသနည်း။ အဘယ်ကြောင့် နောက်မှ မလုပ်ဆောင်သနည်း။
"..."
လူအိုကြီးမှာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ကြည့်ရသည်က သူသည် စကားတစ်လုံးမျှ ဟလိမ့်မည် မဟုတ်ပေ။
ဝေ့ဝူယင်က လက်ခံသည့်သဘောဖြင့် အသာအယာ ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင်လည်း ပြီးတာပဲ..."
သူက ဆေဘာဓားရိုးကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။
"ဘာလို့ အလဟဿ ကြိုးစားနေတာလဲ... မင်းလုပ်နိုင်လှရင် သူ့ကို ဒုက္ခိတဖြစ်အောင်ပဲ လုပ်နိုင်လိမ့်မယ်... ကျင့်ကြံခြင်း အခြေခံက ပဲ့တင်သံ ဝိညာဉ် အဆင့်ကို မရောက်သေးဘူးဆိုရင် သူ့ကို သတ်ဖို့ဆိုတာက..."
သခင်လေးရှန့်က ဝေ့ဝူယင်ကို သတိပေးရန် ကြိုးစားလိုက်သည်။ ထိုမျှ မြင့်မားလှသည့် အဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန် ကြိုးစားခြင်းပါက တန်ပြန်သက်ရောက်မှုဒဏ်ကို ခံရမည် ဖြစ်သည်။ ဝေ့ဝူယင်ကဲ့သို့ သေမျိုးတစ်ဦးအတွက် သူ၏ ဝိညာဉ်ကို အင်ပါယာ ဥပဒေသ က ကာကွယ်ပေးထားစေဦးတော့ တန်ပြန်မှုကို တားဆီးရန် မလွယ်ချေ။
သို့သော်လည်း သူ၏ စကားလုံးများ အဆုံးမသတ်ခင်မှာပင် ဝေ့ဝူယင်၏ အော်ရာမှာ အရာခပ်သိမ်းတို့၏ နိဂုံးချုပ်ခြင်း အလား ပေါက်ကွဲထွက်ပေါ်လာ၏။ ဝေ့ဝူယင်သည် ဒြပ်စင်ကို လေးပုံတစ်ပုံခန့် ဆွဲထုတ်ခဲ့ပြီး ဖြစ်သည်။
***