← Chapters

အခန်း (၁၈၉၀)

Vol. 135 Ch. 1890

အခန်း (၁၈၉၀)

Vol. 135 Ch. 1890

အပိုင်း(၁၈၉၀)

ဂလက်ဆီများအကြားရှိ ဟင်းလင်းပြင် နေရာလွတ်၏ အန္တရာယ်နှင့် ကြောက်မက်ဖွယ်ရာများ အကြောင်းပကို သိရှိပြီးနောက်တွင်ပင် သင်္ဘောကုန်းပတ်ပေါ်ရှိ လူစုမှာ ထူးဆန်းစွာပင် တည်ငြိမ်အေးဆေးလျက် ရှိနေကြသည်။

ချင်ကူးယဉ်၊ ယွီစွန်းလီနှင့် ဝေ့စီတို့မှာ အချင်းချင်း စကားစမြည်ပြောရင်း ရင်းနှီးကျွမ်းဝင်လာကြသည်။ အထူးသဖြင့် ချင်ကူးယဉ်နှင့် ယွီစွန်းလီတို့မှာ သူတို့၏ အနုပညာလက်ရာများကို ပုံဖော်နေကြပြီး ချင်ကူးယဉ်က စိတ်နှလုံးထဲမှ ခံစားချက်များအား ပန်းချီကားချပ်ပေါ်သို့ မည်သို့ လွတ်လပ်တည်ငြိမ်စွာ ပုံဖော်ရမည်ကို အကြံဉာဏ်တောင်းခံနေလေသည်။

တစ်ဖက်တွင်လည်း ဝေ့စီမှာ ကလေးငယ်တစ်ဦးကဲ့သို့ပင် စူးစမ်းလိုစိတ်ဖြင့် လှည့်လည်သွားလာနေပြီး ချင်ကူးယဉ်နှင့် အဖော်ပြုပေး နေလေသည်။ သူမ ခိုင်းသမျှကိုလည်း မငြင်းမဆန်ဘဲ လုပ်ဆောင်ပေးလေသည်။

ခရီးစဉ် တဖြည်းဖြည်း ကြာမြင့်လာသည်နှင့် အမျှ ချောင်စွေ့ဖုန်းသည် အီလီဆီယံ အသေးစား ပေါ်၌ စုမေ့၏ ဩဇာအာဏာ မည်မျှ သက်ရောက်နေကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူမကိုယ်တိုင်လည်း ဝေ့ဝူယင်၏ ခရီးဖော်တစ်ဦးအဖြစ်သာ အတွေ့အကြုံများကို ပျော်ရွှင်စွာ ခံစားရန် လက်ခံလိုက်တော့သည်။ သူမက သင်္ဘောပေါ်ရှိ အဝေးကြည့် အစီအရင်များကို အသုံးပြုကာ ဝေးကွာလှသည့် ကြယ်တာရာများ အပါအဝင် အာကာသ၏ အခြားသော ဒိုင်မန်းရှင်းများအတွင်းရှိ ဖြစ်တည်မှုများကို စူးစမ်းလေ့လာနေတော့သည်။

ဤအယ်နီယာ အဂ္ဂိရတ်ရှန့်ထိုမှာ ဟင်းလင်းပြင်သတ္တဝါများကို အလွန်ပင် စိတ်ဝင်စားနေခဲ့သည်။ ထိုသတ္တဝါကြီးများ၏ ကာကူး စားသောာက်သူ ဆိုသည့် အမည်မှာ... ၎င်းတို့ ကြီးမားခြောက်သွေ့နေသည့် နှုတ်ခမ်းလွှာများကို ဖွင့်ကာ ထက်မြက်လှသော သွားများဖြင့် ကိုက်ခဲဝါးမြိုလိုက်တိုင်း ထွက်ပေါ်လာသည့် 'ကာ-ကူး' ဆိုသော အသံကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း သူမ သိရှိခဲ့ရသည်။

ထိုသတ္တဝါများမှာ အခြားသော ဟင်းလင်းပြင် သတ္တဝါငယ်လေးများကို ဖမ်းယူစားသုံးကာ ထိုသတ္တဝါလေးများ၏ ကုန်ခမ်းလုနီးပါး သက်တမ်းနှင့် ဝိညာဉ်သက်တမ်းတို့ကို စုပ်ယူခြင်းဖြင့် အသက်ဆက်ကြခြင်း ဖြစ်သည်။

ဤဟင်းလင်းပြင် နေရာလွတ်ကြီးမှာ ဂြိုဟ်တစ်ခုပေါ်ရှိ ကျယ်ပြောလှသော သမုဒ္ဒရာကြီးနှင့် တူလှပေသည်။ ထူးဆန်းသည့် ပုံသဏ္ဌာန်နှင့် စွမ်းရည်များရှိသည့် သက်ရှိသတ္တဝါပေါင်းများစွာ ထိုနေရာတွင် တည်ရှိနေကြသည်။

လျူစုယင်မှာလည်း ချောင်စွေ့ဖုန်းနှင့် အတူ ရှိနေ၏။ သူမသည် ဟင်းလင်းပြင် သတ္တဝါတိုင်းကို ချောင်စွေ့ဖုန်းကဲ့သို့ စိတ်မဝင်စားသော်လည်း၊ ၎င်းတို့ကို စောင့်ကြည့်လေ့လာခြင်းဖြင့် မိမိ၏ ကျင့်ကြံခြင်းအတွက် အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချနေသည်။

ထို့ပိဟန်မှာမူ အခါအားလျော်စွာ အောက်ထပ်သို့ ဆင်းလိုက်၊ အပေါ်သို့ တက်လာလိုက် လုပ်နေဆဲပင်။ တစ်ကြိမ် တက်လာတိုင်း သူ၏ ရုပ်သွင်မှာ ရက်သတ္တပတ်ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာ အသက်ကြီးသွား သကဲ့သို့ ရှိသော်လည်း အရှိန်အဝါမှာ ပို၍ပင် တည်ငြိမ်လာလေသည်။ သူက အကျိုးကျေးဇူး များလှသည့် ထပ်တလဲလဲ ကျင့်ကြံခြင်း နည်းလမ်းတစ်ခုကို လုပ်ဆောင်နေဟန် ရှိသည်။

ယောင်ဟုန်ရီနှင့် ရွှေဖုန်းပေါင်တို့မှာမူ သင်္ဘောဦးပိုင်းတွင်ပင် တာဝန်ကျဆဲ ဖြစ်သည်။ တစ်ဦးက သင်္ဘောကို ထိန်းကျောင်းပြီး ကျန်တစ်ဦးကမူ သတ္တဝါများကို မောင်းထုတ်ရန် သို့မဟုတ် အကျိုးအပဲ့များကို ချေဖျက်ရန် လိုအပ်သည့် 'ဥပဒေသ' အရှိန်အဝါများကို ပံ့ပိုးပေးနေသည်။ သူတို့၏ လက်တွဲလုပ်ဆောင်မှုမှာ အလွန်ပင် ကောင်းမွန်လှပေသည်။

မင်ရှုဖုန်းမှာမူ အချိန်ကိုက် သတင်းအချက်အလက်များကို ပေးပို့ခြင်းဖြင့် သူတော်စင် တစ်ဦး မရှိဘဲ မောင်းနှင်နေရသည့် အီလီဆီယံ အသေးအဖို့ အလွန်အန္တရာယ်ကြီးမားသည့် သတ္တဝါများကို ရှောင်ကွင်းနိုင်ရန် ကူညီပေးနေသည်။ သင်္ဘောတစ်ခုလုံး၌ သူမ၏ အကူအညီမှာ အရေးအကြီးဆုံး ဖြစ်နေတော့သည်။ ဤခရီးတစ်ခုတည်းနှင့်ပင် သင်္ဘောထက်၌ ပါသည့် လူအားလုံးမှာ ကျွမ်းကျင်သည့် 'ကောင်းကင် နိမိတ်ဖတ် ပညာရှင်’ တစ်ဦး၏ အရေးပါပုံကို တဖြည်းဖြည်း နားလည်လာကြသည်။

မိန်းကလေးမှာ ရတနာများ သို့မဟုတ် ကံကောင်းမှုများကို ရှာဖွေပေးခြင်း မရှိသော်လည်း၊ ဘေးကင်းလုံခြုံစွာ ခရီးနှင်နိုင်ခြင်းကပင် လူတိုင်းအတွက် လုံလောက်နေပြီ ဖြစ်သည်။

တစ်ခါတစ်ရံတွင်မူ သူမသည် ချောင်စွေ့ဖုန်းအား ထူးခြားသော မြင်ကွင်းများကို ညွှန်ပြပေးတတ်ပြီး ယွီစွန်းလီအားလည်း သူမ၏ ပန်းချီကားများနှင့် ပတ်သက်သော ဗဟုသုတများကို ရှင်းပြပေးတတ်သည်။ ကောင်းကင် နိမိတ်ဖတ် ပညာရှင် တစ်ဦး အနေဖြင့် သူမ သင်ယူခဲ့ရသည့် ဗဟုသုတများမှာ အခြားလူများ သင်ယူခဲ့ရသည်နှင့် ခြားနားပေသည်။

မကြာမီပင် ရှစ်ရက်တာ ကာလ ကုန်လွန်သွားခဲ့သည်။ ရှည်လျားလှသည့် ခရီးစဉ်အတွင်း သူတို့သည် ကျင့်ကြံသူတစ်ဦး သို့မဟုတ် ယဉ်ကျေးမှု တစ်ခု၏ အရိပ်အယောင် တစ်ခုမျှပင် မတွေ့ရှိခဲ့ကြချေ။

"အနီးဆုံး ဂလက်ဆီကို ရောက်ဖို့ ဘယ်လောက် လိုသေးလဲ"

ချောင်စွေ့ဖုန်းက စုမေ့ကို မေးလိုက်၏။ သူမသည် ရွှေဖုန်းပေါင်ကို ကြည့်လိုက်ရာ လူငယ်လေး၏ မျက်နှာမှာ ဖြူရော်နေကာ ရဲရဲတောက်နေတတ်သည့် မျက်ဝန်းများမှာလည်း မှေးမှိန်နေသည်ကို တွေ့ရသည်။ ထိုလူငယ်မှာ အတော်လေးကို မောပန်းနွမ်းနယ်နေဟန် ရှိသည်။

ဥပဒေသ အော်ရာကို ထုတ်လွှတ်ခြင်းမှာ လွယ်ကူသော အရာမဟုတ်ချေ။ ၎င်းမှာ စိတ်၊ ရုပ်၊ ဝိညာဉ် စွမ်းအား သုံးခုလုံးကို တစ်ပြိုင်နက် ကုန်ခမ်းစေသည်။ ရွှေဖုန်းပေါင် ရှစ်ရက်တိုင်တိုင် ကြံ့ကြံ့ခံနိုင်ခြင်းမှာ သူ၏ ထူးခြားလှသည့် အခြေခံစွမ်းအားကြောင့်ပင် ဖြစ်သည်။

ယောင်ဟုန်ရီမှာလည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနေပုံ ပေါ်သည်။ အီလီဆီယံ အသေးစား ပေါ်ရှိ များစွာလှသော အစီအရင်များကို ထိန်းချုပ်ရင်း အမြဲတစေ သတိထားနေရခြင်းမှာ မလွယ်ကူလှပေ။ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များ မကုန်ခမ်းသေးသော်လည်း စိတ်နှင့် ဝိညာဉ်အင်အားတို့မှာ တစ်စက္ကန့်ချင်းစီ၌ ကုန်ဆုံးနေလေသည်။

ချောင်စွေ့ဖုန်းမှာ သူတို့နှစ်ဦးအတွက် စိုးရိမ်လာပြီး ယောင်ဟုန်ရီ၏ နေရာတွင် ဝင်ရောက် လုပ်ကိုင်ပေးရန်ပင် စဉ်းစားမိသည်။ သို့သော်လည်း... ရွှေဖုန်းပေါင်၏ တာဝန် အတွက်မူ ဥပဒေသများကို နားမလည်သည့် သူမအနေဖြင့် ကူညီရန် မစွမ်းသာချေ။

စုမေ့ ခရီးစဉ်လမ်းကြောင်းကို တိတ်တဆိတ် စစ်ဆေးလိုက်၏။ လမ်းကြောင်းလွဲခဲ့မှုများကြောင့် သူတို့ အတော်လေး နောက်ကျနေပြီ ဖြစ်သည်။

ခဏတာ တွက်ချက်ပြီးနောက်တွင်တော့ သူမက အဖြေပေးလိုက်၏။

"အခု သွားနေတဲ့ အရှိန်နဲ့ဆိုရင် သုံးနှစ်၊ ခုနစ်လနဲ့ တစ်ဆယ့်ရှစ်ရက် ကြာဦးမယ်... အဲဒီကျမှ အဖြူရောင် အဘိဿဲလ် ဂလက်စီရဲ့ ပြင်ပနယ်နိမိတ်ကို ရောက်မှာ"

"သုံး... သုံးနှစ်..."

ချောင်စွေ့ဖုန်းမှာ အလွန်အမင်း အံ့အားသင့်သွားသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

သခင်လေးရှန့်ကတော့ မအံ့ဩချေ။ ဂလက်ဆီ လေးခုကို လေးနှစ်ဖြင့် ဖြတ်သန်းနိုင်ခဲ့ခြင်းမှာ သူတော်စင် တစ်ဦး၏ ဦးဆောင်မှုအောက်တွင် ရှိနေသောကြောင့် ဖြစ်သည်။ သူတော်စင် တစ်ဦး၏ ဥပဒေသများကို နားလည်မှုမှာ ကျင့်ကြံခြင်း အခြေခံနှင့် ရောယှက်နေသဖြင့် ကြယ်တာရာ ရွှေ့ပြောင်းခြင်း အစီအရင်၏ အမြင့်ဆုံးအရှိန်ကို အသုံးချနိုင်ရုံသာမက မင်ရှုဖုန်း ရှောင်ရှားနေရသည့် အန္တရာယ်များကိုလည်း လျစ်လျူရှုနိုင်ပေသည်။

"နေပါဦး... အဲဒါတောင် ပြင်ပနယ်နိမိတ်ပဲ ရှိသေးတာလား... ငါတို့တွေ အဲဒီ ဂလက်ဆီတစ်ခုလုံးကို ဖြတ်ကျော်ရဦးမယ်၊ ပြီးတော့ နောက်ထပ် ဂလက်ဆီ သုံးခု၊ ဟင်းလင်းပြင် နေရာလွတ် သုံးခု... အဲဒါတွေအားလုံးဆိုရင် ဘယ်လောက်တောင် ကြာမှာလဲ"

ချောင်စွေ့ဖုန်းမှာ မယုံနိုင်အောင် ဖြစ်နေခဲ့၏။

စုမေ့က အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။

"အနှောင့်အယှက် မရှိဘူးဆိုရင်တော့ ကိုးဆယ့်ခြောက်နှစ်လောက် ကြာလိမ့်မယ်..."

ရာစုနှစ် တစ်ခုနီးပါးပင်။

စုမေ့၏ စကားက မဆုံးသေးချေ။

"အဲဒါက ရတနာ ချိုင့်ဝှမ်း ဂလက်ဆီရဲ့ ပြင်ပနယ်နိမိတ်ကို ရောက်ဖို့အတွက် ပြောတာပါ"

“...”

ချောင်စွေ့ဖုန်း ဘာပြောရမှန်းပင် မသိတော့ချေ။ စုမေ့၏ စကားလုံးများ သူမ အတွက် အပြောကျယ်လှသော လောကကြီးအကြောင်း ထပ်မံ သတိပေးလိုက်သကဲ့သို့ပင်။ မိန်းကလေးမှာ မိမိကိုယ်မိမိ ကမ်းခြေပေါ်မှ သဲတစ်ပွင့် အဖြစ် ခံစားလိုက်ရပြီး သိမ်ငယ်စိတ်များပင် ဖြစ်ပေါ်လာခဲ့သည်။

စုမေ့က ချောင်စွေ့ဖုန်း၏ အမူအရာကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။

"အရှင်ဝေ့ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာရင်တော့ အချိန်အများကြီး လျော့သွားမှာပါ... အခု သူက ရှင်တို့ကို လမ်းခရီးမှာ ဂလက်ဆီတွေရဲ့ အလှတရားနဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို မြင်တွေ့နိုင်ဖို့ အချိန်ပေးထာတဲ့ သဘောပဲ”

သူမက ခေတ္တမျှရပ်လိုက်ပြီနောက် ထပ်မံ ဖြည့်စွက်လိုက်သည်။

“ရှင်တို့အတွက် ဒီလောကကြီးရဲ့ ကျယ်ပြောမှုဆိုတာ သူ့အတွက်တော့ သူ့ရဲ့ လက်ဖဝါးထဲမှာတင် ရှိနေတာပါ"

စုမေ့၏ နှစ်သိမ့်စကားမှာ ထူးဆန်းစွာပင် ထိရောက်လှပေသည်။ ချောင်စွေ့ဖုန်း၏ အကြည့်များမှာ အောက်ထပ်သို့ ဦးတည်နေသည့် တံခါးဆီသို့ ရောက်ရှိသွားပြီး သိမ်ငယ်နေသည့် ခံစားချက်များမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဝေ့ဝူယင်သည် ဟင်းလင်းပြင် ဝိညာဉ်တံခါးများကို စိတ်ကြိုက် ဖန်တီးနိုင်ပြီး လောကကြီးတစ်ခုလုံးကို သူ၏ အမြင်အောက်တွင် ထားရှိနိုင်ကြောင်း သူမ ခဏတာ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူက 'ကောင်းချီးခံရီ အင်ပါယာ' သို့ တစ်နှစ်အတွင်း ရောက်ရှိမည်ဟု ပြောထားခဲ့သည် မဟုတ်ပါလား။

စုမေ့၏ စကားလုံးများကို ပြန်လည် တွေးတောရင်း ချောင်စွေ့ဖုန်း၏ နှလုံးသားထဲတွင် တောင့်တမှု တစ်ခု ဖြစ်ပေါ်လာသည်။ အပြောကျယ်လှသော လောကကြီးကို မိမိ၏ လက်လှမ်းမီရာအတွင်း ရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်သည့် အမျိုးသားတစ်ဦးကို မည်သည့်အမျိုးသမီးကမှ မတောင့်တဘဲ နေပါမည်နည်း။ ဝေ့ဝူယင်မှာ လျှို့ဝှက် အာဏာရှင် အဆင့်များပင် ရူးသွပ်သွားစေလောက်သည့် အကာအဝေးကို အသေးအဖွဲကိစ္စမျှသာ ဖြစ်အောင် လုပ်ဆောင်နိုင်သူ ဖြစ်ပေသည်။

စုမေ့မှာ ချောင်စွေ့ဖုန်း၏ မျက်ဝန်းအစုံမှ တောက်ပလာသော အရိပ်အယောင်ကို မြင်လိုက်ရသည်။

"အောက်ထပ်ကို ဆင်းသွားလို့ရတယ်"

သူမက ဝိညာဉ်အာရုံဖြင့် လှမ်းပြောလိုက်၏။

"အမ်... ဘာပြောတယ်"

ချောင်စွေ့ဖုန်း အံ့အားသင့်သွားခဲ့၏။

"အောက်ထပ်ကို ဆင်းရမယ် ဟုတ်လား"

စုမေ့က ခေါင်းညိတ်ပြပြီး ကုန်းပတ်အောက်ခြေဆီသို့ လက်ညှိုးညွှန်ပြသည်။ ထို့နောက်... သူမက ရှည်ရှည်ဝေးဝေး ရှင်းမပြတော့ဘဲ ရွှေဖုန်းပေါင်နှင့် ယောင်ဟုန်ရီတို့၏ အခြေအနေကိုသာ သွားရောက်စစ်ဆေးတော့သည်။

"အနားယူကြတော့"

သူမက အမိန့်ပေးလိုက်ရာ ထိုနှစ်ဦးမှာ ခေါင်းညိတ်၏။ ရွှေဖုန်းပေါင်က သူ၏ မီးဥပဒေသ အော်ရာကို ဖြည်းည်းချင်း ရုပ်သိမ်းလိုက်သည်။ ထို့နောက်တွင်တော့ အဆုံးမဲ့ ညဉ့်နက် အလား မှောင်မိုက်သည့် အရိပ်အယောင်များက သင်္ဘောတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

စုမေ့သည် ကိုယ်တိုင် သင်္ဘောကို ထိန်းကျောင်းလိုက်ပြီး သူမ၏ အရိပ်မှာလည်း သတိမထားမိနိုင်လောက်အောင် လှုပ်ရှားသွားသည်။ ယောင်ဟုန်ရီတို့ နှစ်ဦးမှာမူ 'အချိန် လေပွေဇုံ' အတွင်းသို့ ဝင်ရောက်ကာ ကုန်ခမ်းသွားသည့် စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်နှင့် ကျင့်ကြံရန် အောက်ထပ်သို့ ဆင်းသွားကြပြီ ဖြစ်သည်။

ချောင်စွေ့ဖုန်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်သော်လည်း အောက်ထပ်သို့ ဆင်းသွားသောအခါ ဟင်းလင်းပြင် ဝိညာဉ်တံခါး တစ်ခုကို ဖြတ်သန်းလိုက်ရသကဲ့သို့ ဝေ့ဝူယင်၏ အခန်းရှေ့သို့ တိုက်ရိုက် ရောက်ရှိသွား၏။ ထိုခံစားချက်မှာ အလွန်ပင် သဘာဝကျလှပေသည်။

"ဟမ်..."

သူမ၏ မျက်ဝန်းများ တောက်ပသွားကာ ပါးပြင်လေးများမှာလည်း နီမြန်းလာသည်။ အခန်းတံခါးက သူမအား အဆင်သင့် ဆီးကြိုဆို နေသကဲ့သို့ အနည်းငယ် ပွင့်ဩသွားသောအခါ သူမ အရာအားလုံးကို နားလည်သွားတော့၏။ မိန်းကလေး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နွေးထွေးလာကာ အခန်းတွင်းသို့ လှမ်းဝင်လိုက်လေတော့သည်။

***

All Chapters