← Chapters

အခန်း (၁၈၈၇)

Vol. 135 Ch. 1887

အခန်း (၁၈၈၇)

Vol. 135 Ch. 1887

အပိုင်း(၁၈၈၇)

သင်္ဘောထက်ရှိ လျှို့ဝှက်ခန်း တစ်ခုထဲတွင်တော့ ဝေ့ဝူယင်သည် အဂ္ဂိရတ် ဝတ်စုံကို အပြည့်အဝ ဝတ်ဆင်ကာ သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများနှင့် ကောင်းကင်ဘုံ နတ်မျက်လုံးတို့ကို ဖွင့်လျှက် စားပွဲတစ်ခု ရှေ့တွင် ရပ်နေခဲ့သည်။

စားပွဲပေါ်ရှိ အာရုဏ်ဦး ခြေချခြင်း မှော်ဆေးအိုးမှ ထွက်ပေါ်လာသည့် ထူထဲလှသော အဂ္ဂိရတ် အော်ရာများမှာ မည်သည့် အဂ္ဂိရတ် ပညာရှင်၏ စိတ်ကို မဆို လန်းဆန်း တက်ကြွသွားစေနိုင်သည်။ ထိုအဂ္ဂိရတ် အခန်းတစ်ခုလုံးကို ပုံမှန်မဟုတ်သည့် အချိန်စီးဆင်းမှုရှိသော နယ်မြေတစ်ခုက ဝန်းရံထားသည်။

၎င်းမှာ လေပွေဇုန်ပင် ဖြစ်၏။

မှော်ဆေးအိုးအတွင်း၌ ဝိညာဉ်ကို နှိုးဆွပေးနိုင်သည့် သင်းရနံ့များ ထွက်ပေါ်နေသော ဆေးလုံးတစ်လုံး လွင့်မျောနေသည်။ အသန့်စင်ဆုံး မြူနှင်းများမှာ ၎င်းကို ဝန်းရံလျက် လှပစွာ လည်ပတ် ကခုန်နေကြသည်။

၎င်းမှာ ဝိညာဉ်ဆေးလုံး ဖြစ်သည်။ လျှို့ဝှက်-ကောင်းကင် အဆင့် ထုတ်ကုန်တစ်ခုပင်...။

၎င်းမှာ အနိမ့်ဆုံး အရည်အသွေးရှိသည့် အဆင့်နိမ့် ဆေးလုံးသာ ဖြစ်သော်လည်း၊ ပဲ့တင်သံ ဝိညာဉ် အဆင့် ပုဂ္ဂိုလ်များအတွက် ရည်ရွယ်ထားသည့် ထူးကဲလှသော ထုတ်ကုန်တစ်ခု ဖြစ်သည်။ သူတော်စင်များထက် ကျော်လွန်သည့် အဆင့်ပင် ဖြစ်၏။ သို့သော်လည်း ၎င်းမှာ အစစ်အမှန် သူတော်စင် အဆင့်များအဆင့်များကို အစစ်အမှန် ဝိညာဉ် အဆင့်သို့ ဝင်ရောက်စေပြီး ပဲ့တင်သံ ဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက်ပါ အခွင့်အရေး အနည်းငယ် ပေးစွမ်းနိုင်သောကြောင့် အလွန်ပင် အဖိုးတန်လှသည်။

"ဒါက မသန့်စင်တဲ့ ဆေးလုံးဆိုတာ သေချာပါတယ် ဆရာ..."

လေးနာရီခန့် စစ်ဆေးပြီးနောက် ပိုင်ရှုက ထိုဆေးလုံးတွင် အညစ်အကြေးများ ပါဝင်နေကြောင်း အတည်ပြုလိုက်၏။

"ပထမကြည့်လိုက်ရင်တော့ ခွဲခြားရခက်ပေမဲ့ ဆရာထင်တာ မှန်ပါတယ်... ဆေးလုံးက အရည်အသွေနိမ့်လို့ ထင်ရပေမဲ့ အညစ်အကြေးတွေ အတော်လေးကို ပုန်းကွယ်နေတာ... ဒီဆေးလုံးမှာ ချို့ယွင်းချက်တွေ ရှိနေတယ်... အဲဒီချို့ယွင်းချက်တွေကလည်း သေးသေးမွှားမွှား မဟုတ်ဘူး"

ပိုင်ရှုသည် အဂ္ဂိရတ်ထုတ်ကုန်များ၏ အညစ်အကြေး နိယာမကို ကောင်းစွာ သိရှိထား၏။ ထုတ်ကုန်တစ်ခု၏ အဆင့် ပိုမို မြင့်မားလေလေ၊ ထိုအတွင်းရှိ အညစ်အကြေးများများမှာလည်း ပိုမို ထူထပ်ပြီး ကြောက်စရာ ကောင်းလေလေ ဖြစ်သည်။ ထိုအညစ်အကြေးများမှာ ကြောက်မက်ဖွယ်ကောင်းသည့် ဆေးဖော်စပ်မှု ဖြစ်စဉ်အတွင်း၌ပင် ပျက်စီးမသွားဘဲ ကျန်ရစ်ခဲ့ကြခြင်း ဖြစ်သည်။

စျေးကွက်အတွင်းရှိ ထုတ်ကုန်အများစုမှာ အညစ်အကြေးများ ပါဝင်နေကြသည်သာ ဖြစ်သည်။ အမှန်စင်စစ် အညစ်အကြေး လုံးဝမရှိဘဲ ဆိုးကျိုးကင်းစင်သည့် အဆင့်နိမ့်၊ အရည်အသွေးနိမ့် ထုတ်ကုန်တစ်ခုကို ဖော်စပ်နိုင်ခြင်းကပင် အဂ္ဂိရတ် ပညာရှင် တစ်ဦးအတွက် ထူးကဲသော စွမ်းဆောင်ရည် ဖြစ်သည်။

တစ်ချိန်တုန်က စန်းယွန်းလီသည် သူမ၏ အဆုံးမဲ့ နိုးထခြင်း မှော်သန့်စင် ဆေးအိုးကို အသုံးပြုကာ အညစ်အကြေးများကို သန့်စင်ခဲ့ပြီးနောက် သေမျိုးဘဝတွင်ပင် ကောင်းကင် ရှန့်ထို တစ်ဦး၏ အဆီအနှစ်သွေးကို သောက်သုံးနိုင်လောက်အောင် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ခဲ့ဖူးသည်။

ဝေ့ဝူယင်၏ အဆင့်အတန်းမြင့်မားလှသော ထုတ်ကုန်များကြောင့် အာဏာရှင်များပင်လျှင် မသန့်စင်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ၏ တန်ဖိုးကို မေ့လျော့နေကြသည်။ မသန့်စင်ခြင်း အဆင့် ဆေးလုံးများမှာ အကျိုးသက်ရောက်မှု ရှိစေဦးတော့၊ ယင်းအတွင်းရှိ အညစ်အကြေးများမှာ ကျင့်ကြံခြင်း အရှိန်၊ တိုက်ခိုက်ရေးစွမ်းအား၊ စွမ်းအင်စီးဆင်းမှု၊ ကျန်းမာရေးနှင့် သက်တမ်းတို့ကိုပင် ထိခိုက်စေနိုင်သည်။

ဝေ့ဝူယင် သက်ပြင်းချလိုက်၏။ ထိန်ကျန့်ဝမ် ကဲ့သို့သော သူများအတွက် ဤဆေးလုံးမှာ ကောင်းကင်ဘုံ၏ ကောင်းချီးဖြစ်သော်လည်း၊ သူ့ အတွက်မူ ၎င်းမှာ အမှိုက်တစ်ခုသာ ဖြစ်နေသေးသည်။

"အဋ္ဌမမြောက် ရင်းမြစ် အသွင်ပြောင်းလဲခြင်း အစီအရင်ကို သုံးပြီး ငါ ဒါကို သန့်စင်မယ်..."

ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။

"ဒါဆိုရင် လိုအပ်မယ့် အသန့်စင်ဆုံး မြူနှင်း ပမာဏက ကြောက်စရာကောင်းလောက်အောင် များလိမ့်မယ် ဆရာ... ဆယ်စုနှစ်ချီပြီးတောင် ကြာနိုင်ပါတယ်"

ပိုင်ရှုက တွက်ချက်ပြလိုက်သည်။ ထို့အပြင် သူမသည် ထိုမြူနှင်းများကို စားသုံး၍ ကျင့်ကြံရသူ ဖြစ်သဖြင့် သူမ၏ စားနပ်ရိက္ခာ လျော့နည်းသွားမည်ကိုလည်း စိုးရိမ်နေမိသည်။

"ဟုတ်တော့ ဟုတ်ပါတယ်..."

ဝေ့ဝူယင်လည်း သူမပြောသည်မှာ မှန်ကြောင်း သိပေသည်။ သူ ဖန်တီးထားသည့် ထိုအစီအရင်မှာ ဆေးဖော်စပ်ပြီးနောက်ပိုင်း အရည်အသွေးမြှင့်တင်နိုင်သော်လည်း အသန့်စင်ဆုံး မြူနှင်း စားသုံးမှုမှာ အလွန်များပြားလှသည်။

"ကြည့်ကြသေးတာပေါ့"

ဝေ့ဝူယင်က ဆေးလုံးကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက် အလွန်လှပသည့် ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူကာ ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ဟူး... ဟူး...

ချက်ချင်းပင် အခန်းတစ်ခုလုံကို အလွန် ထူထပ် များပြားလှသည့် အော်ရာများက ဖုံးလွှမ်းသွားတော့သည်။

“အာရုဏ်ဦး နေကြယ်ခြင်း လောက ဆေးလုံး...”

ပိုင်ရှုက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ နောက်ဆုံးတော့ အချိန်ကျရောက်လာခဲ့ချေပြီ ဖြစ်သည်။

“...”

ဝေ့ဝူယင်က တိတ်တဆိတ်ပင် သူ၏ အနာဂတ် ကျင့်ကြံခြင်း အတွက် မရှိမဖြစ်လိုအပ်သည့် အဓိက ထုတ်ကုန်သုံးမျိုးထဲမှ တစ်ခုသော အဆင့်နိမ့် လျှို့ဝှက် အဆင့် ဆေးလုံးကို စိုက်ကြည့်လိုက်သည်။

သေမျိုးဘဝဖြင့် လျှို့ဝှက် လောက အဆင့် ထုတ်ကုန်များကို အသုံးပြု၍ ကျင့်ကြံမည့် ကောင်းကင်ကို အံတုသော မကြုံစဖူး ခရီးစဉ်ကြီးမှာ ယခုတွင် အစပြုတော့မည် ဖြစ်သည်။

…

ရွှေဖုန်းပေါင်သည် ကြယ်တာရာ နက္ခတ်များ စုံလင်နေသည့် အဆုံးအစမဲ့ ဟင်းလင်းပြင်ကြီးကို ငေးမောကြည့်ရှုနေမိသည်။ ဤသည်က ကြယ်တာရာ အလင်းတန်းများ၊ အံ့ဖွယ် ဖြစ်တည်မှုများနှင့် အဆုံးအစမဲ့ မှောင်မိုက်မှုတို့ ရောယှက်နေသည့် ကမ္ဘာတစ်ခုပင်။

ရွှေဖုန်းပေါင်၏ မီးဥပဒေသနှင့် တသားတည်း ကျနေပြီဖြစ်သည့် အီလီဆီယံ အသေးစား သင်္ဘောကြီးမှာ မီးလျှံအဆင်းရှိသည့် အနီရောင် ဒီဇိုင်းဖြင့် တောက်ပနေ၏။ သင်္ဘောကိုယ်ထည် ပတ်ပတ်လည်တွင် ကခုန်နေသည့် မီးလျှံများမှာ သက်ဝင်လှုပ်ရှားနေသည့် ပန်းချီကားတစ်ချပ်နှယ်ပင်။ သင်္ဘောဝမ်းဗိုက်အောက်တွင်မူ သက်တံရောင် အလင်း တံတားတစ်ခုက အီလီဆီယံ အသေးစားကို အမှောင်ဟင်းလင်းပြင်အတွင်းသို့ ပို့ဆောင်ပေးနေလေ၏။

"လမ်းမှာ ကျုပ်တို့ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်လားဗျ..."

ရွှေဖုန်းပေါင်က ယောင်ဟုန်ရီကို လှမ်းမေးလိုက်၏။ လေးသည်တော်မှာ သင်္ဘောကို ထိန်းကျောင်းမောင်းနှင်ရင်း အာကာသနှင့် မီးစွမ်းအင်များကို အချိန်ကိုက် ထုတ်လွှတ်ကာ လမ်းကြောင်းပေါ်ရှိ မြေသားအကျိုးအပဲ့များနှင့် အန္တရာယ်ရှိသည့် အရာဝတ္ထုများကို ဖယ်ရှားပေးနေသူဖြစ်သည်။ သူက အချို့သော အတားအဆီးများကိုတော့ ဖောက်ခွဲပစ်၍ အချို့ကိုတော့ ရှောင်ကွင်း သွားသည်။

ထိန်ကျန်းဝမ်နှင့် ခြားနားစွာပင် ယောင်ဟုန်ရီမှာ သေမျိုး တစ်ဦးသာ ဖြစ်သည်။ ကျင့်ကြံခြင်း အဆင့်အတန်းနှင့် အခြေခံမှာ ထူးချွန်သော်လည်း သူ၏ ဝိညာဉ်အာရုံမှာ သူတော်စင် တစ်ဦးကဲ့သို့ အရှိန်အပြည့်ဖြင့် သွားနေစဉ် အသေးစိတ် ပြောင်းလဲမှုများကို ထိန်ကျမ်းဝမ်လောက် တိကျစွာ မလုပ်ဆောင်နိုင်ပေ။ သို့သော်လည်း... ဤအချက်က သူတို့ လျာထားသော ခရီးစဉ်ရောက်ရှိချိန်ကို များစွာ နောက်ကျသွားစေလိမ့်မည်တော့ မဟုတ်ပါချေ။

"သေချာပေါက် တွေ့မှာပေါ့"

ယောင်ဟုန်ရီက ပြန်ဖြေ၏။ သူ၏ လေသံမှာ အေးစက်တည်ငြိမ်နေပြီး မည်သည့် ခံစားချက်မျှ ပါဝင်နေခြင်း မရှိပေ။

"အရမ်းကြီး ခေါင်းစားမနေပါနဲ့"

စုမေ့က သင်္ဘောဦးပိုင်းဆီသို့ လျှောက်လာရင်း ပြောလိုက်ရာ ရွှေဖုန်းပေါင် အနည်းငယ် လန့်သွား၏။

"အရှင်ဝေ့သာ ဆန္ဒရှိရင် အချိန်တစ်ခုပေးရုံနဲ့ ကြယ်စင်စုတွေကို ဖြတ်သန်းပြီး ဟင်းလင်းပြင် ပေါ်တယ်တွေ စိတ်ကြိုက် ဖန်တီးနိုင်တယ်... အဲဒါဆိုရင် ငါတို့ ခရီးစဉ်က အများကြီး မြန်သွားမှာပဲ... ဒါပေမဲ့... သူ အခုချက်ချင်း အဲဒီလို လုပ်မှာ မဟုတ်ဘူး... ပြီးတော့ မင်း မေးတဲ့ကိစ္စ... ဟုတ်တယ်၊ ငါတို့ ပြဿနာတွေနဲ့ ရင်ဆိုင်ရမှာပဲ... ကျင့်ကြံခြင်း လောကဆိုတာ အရင်းအမြစ်တွေ၊ ဂုဏ်သိက္ခာတွေနဲ့ ပိုင်ဆိုင်မှုတွေအတွက် အမြဲတမ်း တိုက်ခိုက်နေကြရတဲ့ နေရာပဲလေ... အညှာတာကင်းမဲ့ပြီး ခွင့်လွှတ်မှု မရှိတဲ့ နေရာပေါ့... ဘယ်နေရာကိုပဲ သွားသွား ဒါမျိုးတွေ ကြုံရမှာပဲ၊ အဲဒါကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ"

ယောင်ဟုန်ရီက အနည်းငယ် ခေါင်းညိတ်၏။ ရွှေဖုန်းပေါင်ကတော့ စိတ်လှုပ်ရှားမှုများကြောင့် မျက်လုံးများ တဖျပ်ဖျပ် လင်းလက် လာခဲ့သည်။

စုမေ့က အပြောကျယ်လှသည့် အမှောင် ဟင်းလင်းပြင်ကို ငေးမောကြည့်လိုက်၏။

"အရှင်ဝေ့က အားလုံးကို ကိုယ်တိုင် ဖြေရှင်းပေးလိမ့်မယ်လို့ မထင်နဲ့... ငါတို့ ဒီမှာ ရှိနေတာက သူ့အမိန့်အရ သင်္ဘောမောင်းဖို့၊ စီမံကိန်းဆွဲဖို့၊ ကင်းစောင့်ဖို့တင် မဟုတ်ဘူး... အာဏာရှင်တွေ အနေနဲ့ ဒီကမ္ဘာသစ်မှာ လေ့ကျင့်မှုတွေ၊ အတွေ့အကြုံတွေ ရဖို့အတွက်လည်း ပါဝင်တယ်... နောက်ပြီး သူတန်ဖိုးထားရတဲ့ သူတွေကိုလည်း ဒီကမ္ဘာသစ်ရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေစွန့်စားတဲ့ အတွေ့အကြုံ အပြည့်အဝ ရစေချင်တာ"

ယောင်ဟုန်ရီက ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် သူက ရွှေဖုန်းပေါင်ဘက်သို့ လှည့်လိုက်ရင်း...

"ညီလေး... ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်က နိမ့်ကောင်း နိမ့်နိုင်လိမ့်မယ်... ဒါပေမဲ့ ငါတို့က အရှင်ဝေ့ရဲ့ အပြည့်အဝ ပြုစုပျိုးထောင်မှုကို ရထားကြတဲ့သူတွေ... သူ့ကို စိတ်ပျက်အောင် မလုပ်နဲ့"

ဝေ့ဝူယင်၏ မူလ အာဏာရှင်များအပေါ် ထားရှိသည့် ပြုစုပျိုးထောင်မှု၏ အတိမ်အနက်ကို လူနည်းစုသာ သိရှိနားလည်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင်... သူ၏ ထောက်ပံ့မှုများမှာ အလွန်အကျွံ ဖြစ်ပြီး တစ်ချိန်တည်း၌လည်း အလွန် ရက်စက်ကြမ်းကြုတ်လှသည်။

သူတို့သည် 'အထွတ်အထိပ် အဆင့်' အောက် မည်သည့် ဆေးဝါးကိုမျှ သုံးစွဲခွင့် မရှိသလို တစ်ဖက်တွင်လည်း... သူတို့ လေ့ကျင့်ရသည့် လေ့ကျင့်ခန်းများမှာ အချိန်မရွေး အသက် ဆုံးရှုံးသွားနိုင်သည် အထိ ကြောက်မက်ဖွယ် ကောင်းလှသည်။

ဥပမာအားဖြင့် ယောင်ဟုန်ရီ ဆိုလျှင် လောကသခင် အဆင့်၌ ရှိနေစဉ်ကပင် လျှို့ဝှက် ဝိညာဉ် အဆင့် သုံးဦးနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ရသည်။ ထိုတိုက်ပွဲများမှာ သေခြင်းရှင်ခြင်း တိုက်ပွဲများ ဖြစ်သည်။ ဤသည်က အလွန် ခက်ခဲ ကြမ်းတမ်းလှသည့် စံနှုန်များပင်။ ထို့အပြင်.. သူတို့သည် 'မြေကြီးရှန့်ထိုများ' နှင့် 'လောကရှန့်ထိုများ' ၏ ကြောက်မက်ဖွယ် ဖိအားများကိုပင် ကြံ့ကြံ့ခံခဲ့ကြရသည်။

ရွှေဖုန်းပေါင်က ခိုင်မာစွာ ခေါင်းညိတ်လိုက်၏။ သူ၏ မီးလျှံမျက်ဝန်းများအတွင်း၌ လေ့ကျင့်မှုများမှ ရရှိလာသည့် ရက်စက်မှု အစအနလေးများ ယှက်သန်းသွားသည်။ ထိုလူငယ်၏ မျက်နှာမှာ ရိုးသားဖြူစင်ဟန် ရှိသော်လည်း ယောင်ဟုန်ရီကဲ့သို့ လေ့ကျင့်မှု အတွေ့အကြုံများကို ဖြတ်သန်းခဲ့ရသူဖြစ်ရာ အခြားသူများနှင့် မူလ အာဏာရှင်များကြားရှိ ကွာခြားချက်ကို အပြည့်အဝ နားလည်ထားသည်။

သူ မမြင်ရသည့် အောက်ထပ်ကို ငုံ့ကြည့်လိုက်မိ၏။ ဝေ့ဝူယင်အတွက် ဤခရီးစဉ်မှာ သူချစ်မြတ်နိုးရသူများနှင့် အတူ မျှဝေခံစားနေသည့် အတွေ့အကြုံတစ်ခု ဖြစ်သည်။ ကမ္ဘာသစ်များ၏ တောက်ပမှုကို ရှုစားရမည့် လှပသော အတွေ့အကြုံတစ်ခု ဖြစ်ပြီး အန္တရာယ်နှင့် အသက်ဘေးအတွက် စိုးရိမ်ရန် မလိုပေ။

သို့သော်လည်း... မူလ အာဏာရှင်များအတွက်မူ ဤသည်မှာ 'ဂလက်ဆီ' အဆင့် လေ့ကျင့်မှု၏ အစပျိုး အဆင့်သာ ဖြစ်သည်။ ၎င်းက မိမိတို့ကမ္ဘာပြင်ပမှ သတ္တဝါများနှင့် ရင်ဆိုင်ရမည့် ရက်စက်ကြမ်းကြုတ်သော အတွေ့အကြုံဖြစ်ပြီး ပြဿနာရှာဝံ့သူမှန်သမျှ၏ သွေးဖြင့် ရေချိုးရမည့် ခရီးစဉ်လည်း ဖြစ်သည်။ လိုအပ်လာပါက အရှင်ဝေ့၏ ရည်မှန်းချက်များအတွက် သူတို့၏ အသက်ကို မြေစာပင်ပြု၍ တိုက်ခိုက်သွားကြမည်သာ။

ရတနာ ချိုင့်ဝှမ်း ဂလက်ဆီနှင့် ကောင်းချီးခံ ရီအင်ပါယာ ကိစ္စများကို ဖြေရှင်းရန်ကတော့ သူတို့ အလုပ်မဟုတ်ပေ။ သို့သော်လည်း လမ်းခရီးတစ်လျှောက်၌ ထိပ်သီး အဆင့် စွမ်းဆောင်ရည်ကိုသာ ထုတ်ပြနိုင်မည်ဆိုလျှင် ထိုကိစ္စများတွင် ပါဝင်ခွင့် ရကောင်း ရနိုင်လိမ့်မည်။

မူလ အာဏာရှင်များ၏ နှလုံးသားထဲတွင် ရှေ့ဆက်ကြုံတွေ့ရမည့် အရာများအတွက် တောင့်တမှုနှင့် မျှော်လင့်ချက်တို့မှာ မီးလျှံကဲ့သို့ တောက်လောင်လာတော့၏။

***

All Chapters