← Chapters

အခန်း (၁၈၈၂)

Vol. 135 Ch. 1882

အခန်း (၁၈၈၂)

Vol. 135 Ch. 1882

အပိုင်း(၁၈၈၂)

"ကျေးဇူးဆပ်ဖို့ ဟုတ်လား"

ချောင်စွေ့ဖုန်းမှာ ထိုစကားကို ကြားသောအခါ လှောင်ပြုံး ပြုံးလိုက်၏။ သခင်လေးရှန့် ပထမဆုံး လုပ်ခဲ့သည့်အရာက ဝေ့ဝူယင်ကို တိုက်ခိုက်ရန် စိန်ခေါ်ခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလား။ ၎င်းက ကျေးဇူးဆပ်ခြင်း ဖြစ်နိုင်ပါမည်လော။

သခင်လေးရှန့်မှာ မိန်းကလေး၏ အထင်အမြင်သေးသည့် အကြည့်ကို မြင်သော်လည်း သိပ်ဂရုမစိုက်ချေ။ သူက "ခင်ဗျား မကြာခင် နားလည်သွားမှာပါ" ဟု ပြောနေသည့်အလား ကူရာကယ်ရာမဲ့ မျက်နှာထားဖြင့် ဆက်လက် ရှင်းပြလေသည်။

သခင်လေးရှန့်က ကောင်းချီးခံ ရီအင်ပါယာ၏ အစစ်အမှန် အခြေအနေများနှင့် ဝေ့ဝူယင်၏ တည်ရှိမှုအပေါ် သူတို့၏ သဘောထားများကို ရှင်းပြလိုက်သောအခါ သင်္ဘောပေါ်ရှိ လူတိုင်း၏ မျက်နှာအမူအရာနှင့် စိတ်ခံစားမှုများမှာ ရုတ်ချည်း ပြောင်းလဲသွားကြတော့သည်။

ဝေ့ဝူယင်က တတိယ သခင်မလေးအား ရှေးဟောင်း အပျက်အစီး နယ်မြေတွင် ကယ်တင်ခဲ့သည့် ကိစ္စ အပေါ် လူအများက ချီးကျူးဂုဏ်ပြုကြသည့် အောင်မြင်မှုတစ်ခုဖြစ်ပြီး 'ကြီးကျယ်သည့်' ဆုလာဘ်များ ရရှိသင့်သည်ဟု ထင်မြင်ခဲ့ကြသည်။

အထက်တန်းလွှာအချို့က သူ့ကို တတိယသခင်မလေး၏ တာအို အစေခံ အဖြစ် ခန့်အပ်ရန် အကြံပြုကြပြီး၊ အချို့ကလည်း ဝေ့ဝူယင်ကို အဆင့်နိမ့် လျှို့ဝှက် လောက အဆင့် ထုတ်ကုန် သုံးမျိုး လက်နက် သို့မဟုတ် ကိရိယာတစ်ခု ပေးလိုက်လျှင်ပင် လုံလောက်ပြီဟု ယူဆကြသည်။ အခြားသူများကမူ သူ့အား ကောင်းချီးခံ ရီအင်ပါယာအတွက် တိုက်ပွဲဝင်ပေးမည့် စစ်တပ်အတွင်းသို့ အင်အားတစ်ရပ်အဖြစ် အဓမ္မ စုဆောင်းသင့်သည်ဟု ထင်မြင်ကြသည်။

သူတို့ သတ်မှတ်ထားသော 'ဆုလာဘ်' များကို နားထောင်ရင်း ဝေ့ဝူယင်ပင်လျှင် မျက်မှောင်ကြုတ်မိသွားသည်။ ဤအရာများက ဆုလာဘ်များလော။

အစေခံတစ်ဦး ဖြစ်ရခြင်း၊ လျှို့ဝှက် လောက အဆင့် ပစ္စည်းသုံးမျိုး ရရှိခြင်း သို့မဟုတ် သူတို့အတွက် တိုက်ပွဲဝင်ပေးရမည့် စစ်သားတစ်ဦး ဖြစ်လာရခြင်း...

"ဘာတွေလဲကွာ... ဒါက ဘယ်လိုမျိုး ခေတ်နောက်ကျနေတဲ့ ဆုလာဘ်တွေလဲ"

ရွှေဖုန်းပေါင်မှာ သူ့ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်လိုက်မိ၏။ ထိုအကြောင်းကို တွေးရုံနှင့်ပင် သူ ဒေါသထွက်နေမိသည်။

သခင်လေးရှန့်ကလည်း ထိုအချက်ကို သဘောတူသည်။ တာအို အစေခံ အဖြစ် ထားရန်နှင့် စစ်သား အဖြစ် စုဆောင်းခြင်းတို့မှာ လက်ရှိတွင် ထောက်ခံမှု အများဆုံး ရရှိနေသည့် အစီအစဉ်များ ဖြစ်ကြောင်း သူက ဆက်လက်၍ ရှင်ူပြသည်။ ထိုစကားလုံးများကို ကြားသော အခါတွင်တော့ စုမေ့ပင်လျှင် သူမ၏ ဆေဘာကို ဆွဲထုတ်ကာ အားလုံးကို တိုက်ခိုက်ပစ်ချင်သည့်စိတ်များ ဖြစ်ပေါ်လာတော့သည်။

သို့သော်လည်း... တတိယသခင်မလေးက ထို 'မျက်မမြင်' လူငယ်နှင့် ပတ်သက်သည့် သူမ၏ ဆုံးဖြတ်ချက်များကို ကြေညာလိုက်ပြီး နောက်တွင်တော့ ထိုရွေးချယ်စရာ အားလုံးမှာ ပျောက်ကွယ်သွားခဲ့သည်။ ဆုလာဘ်များ ပေးရန်မှာ မဖြစ်နိုင်တော့ချေ။ ယခုအခါ ထိုလူငယ်ကို သတ်ဖြတ်ပစ်ရမည်လား၊ ဖမ်းဆီးပြီး ဒုက္ခိတဖြစ်အောင် လုပ်ရမည်လား သို့မဟုတ် ဒီအတိုင်း လွှတ်ထားရမည်လား ဆိုသည်ကို သူတို့ ဆွေးနွေးနေကြပြီ ဖြစ်သည်။ ကောင်းချီးခံ ရီအင်ပါယာ၏ ဧကရီက တတိယသခင်မလေးကို ကျင့်ကြံရန်နှင့် ဆုံးရှုံးသွားသော နှစ်များအတွက် ပြန်လည် အစားထိုးနိုင်ရန် အတင်းအကျပ် တံခါးပိတ် ကျင့်ကြံစေပြီးနောက် သက်ဆိုင်ရာ ဂလက်ဆီဇုံများ၏ အစစ်အမှန် ခေါင်းဆောင်များနှင့် ထိုအခြေအနေကို ဆွေးနွေးနေလေပြီ ဖြစ်သည်။

ဆွေးနွေးမှုများမှာ ယခုတိုင် အဖြေမထွက်သေးပေ။

"ကျုပ်တော်တို့ ကောင်းချီးခံ ရီအင်ပါယာက အဲဒီအရူးတွေကိုတော့ ဂရုမစိုက်ပါနဲ့... သူတို့က လောဘကြီးပြီး မျက်နှာနှစ်မျိုးနဲ့ မြေခွေးအိုကြီးတွေ... အများစုက နိမိတ်ဖတ်ချက်တွေရဲ့ အသေးစိတ်ကိုတောင် မသိကြပါဘူး... ဒါပေမဲ့ သူတို့ သဘောထားတွေ အဲဒီလောက် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားရတဲ့ အကြောင်းရင်းကတော့ ကျုပ် အစ်မ ပြန်ရောက်လာပြီးတဲ့နောက် ခင်ဗျားရဲ့ တည်ရှိမှုကြောင့် သူတို့ ရရှိမယ့် အကျိုးအမြတ်ရှိမယ့် အစီအစဉ်တစ်ခု ရပ်တန့်သွားလို့ပါပဲ"

"ဝေ့ဝူယင်နဲ့ လက်ထပ်မယ်လို့ သူက ပြောတာလား...”

ယွီစွန်းလီက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။

"အဲဒီလိုမျိုးပါပဲ"

သခင်လေးရှန့်က ဝေ့ဝူယင်ကို အားနာစွာ ကြည့်ရင်း ပခုံးတွန့်ပြလိုက်သည်။

"အဲဒီလိုပဲ ခေါ်လို့ရပါတယ်... ဘယ်လိုပြောရမလဲ...”

သခင်လေးရှန့်မှာ စကားလုံး ရှာမတွေ့သကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း... သူ၏ လေသံကပင် ထိုအခြေအနေမှာ မည်မျှအထိ ရှုပ်ထွေးနေကြောင်း ဖော်ပြနေ၏။ ထိုကိစ္စတစ်ခုလုံးမှာ အမျိုးမျိုးသော သပွတ်အူများ ရောယှက်နေသဖြင့် ဖြေရှင်းရန် ခက်ခဲလှပေသည်။

"ဘာပဲဖြစ်ဖြစ် ထားပါ... ကျုပ်ရဲ့ ပထမ အစီအစဉ်က ခင်ဗျားကို တိုက်ခိုက်အနိုင်ယူပြီး ခင်ဗျားရဲ့ အသက်အတွက် ကောင်းကင်ဘုံ ကျိန်စာဆိုခိုင်းဖို့ပဲ... ခင်ဗျားနဲ့ အစ်မကို ဘယ်တော့မှ ပြန်မဆုံအောင် တားဆီးပြီး ဒီပြဿနာအားလုံးကို အဆုံးသတ်ပစ်ဖို့ပေါ့... ဒါက အကောင်းဆုံး အစီအစဉ် မဟုတ်ခဲ့တာတော့ ကျုပ် ဝန်ခံပါတယ်... တကယ်တော့ ဖြစ်နိုင်ခြေလည်း အတော်နည်းသလို တချို့ကတောင် ဒါကို အရူးအလုပ်လို့တောင် ခေါ်ကြဦးမှာပဲ... ဟူး..."

"ဒါပေမဲ့ ခင်ဗျားဆီက အင်ပါယာ ဥပဒေသ အော်ရာ ကို သတိထားမိလိုက်တယ်... ခင်ဗျားက အဲဒီဥပဒေသကို ပိုပြီး ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ပုံဖော်ကျင့်ကြံထားတာ သိလိုက်ရတော့ ဒါက မဖြစ်နိုင်ဘူးဆိုတာ ကျုပ် ချက်ချင်း နားလည်လိုက်တယ်... ဒါတောင်မှ ကျုပ် ကြိုးစားကြည့်ခဲ့တယ်"

“ဘာပဲဖြစ်ဖြစ် ကျုပ် ရှုံးနိမ့်သွားတယ်ဆိုကတည်းက ကျုပ် ဒီကို လာခဲ့တာတွေဟာ အချည်းနှီး ဖြစ်သွားခဲ့ပါပြီ... ကျုပ်ကတော့ ပြန်ဖို့ပဲ စဉ်းစားထားတာ... ဒါပေမဲ့ ခင်ဗျားက ကိုယ့်အစီအစဉ်နဲ့ကိုယ် ကောင်းချီးခံ ရီအင်ပါယာကို လာတော့မယ်လို့ ကြားလိုက်ရတော့ ကျုပ် တကယ် အံ့ဩသွားခဲ့ရတယ်... နောက် ကျုပ် သူ့ကို မြင်လိုက်ရတော့မှ..."

သခင်လေးရှန့်က ယွီစွန်းလီကို ညွှန်ပြလိုက်၏။

"ထိန်ကျန့်ဝမ်က ခင်ဗျားကို ရန်မူလိမ့်မယ်ဆိုတာ ကျုပ် ရိပ်မိလိုက်တာပါ... သူက သတ်ပစ်တဲ့ အထိ လုပ်လိမ့်မယ်လို့တော့ ကျုပ် မထင်ခဲ့မိဘူး..."

သခင်လေးရှန့်က သက်ပြင်းရှည် တစ်ချက်ကို ချလိုက်သည်။ ထိန်ကျန့်ဝမ်သည် ယွီစွန်းလီကို ရယူရန်အတွက် မည်သည့် ထူးခြားသည့် အဖြစ်အပျက်မျှ မရှိဘဲ ကတိကဝတ်ကို ပြတ်ပြတ်သားသား ဖောက်ဖျက်ခဲ့ခြင်း ဖြစ်သည်။

အစောင့်အရှောက်အဖြစ် လေလွင့်ကျင့်ကြံသူများကို နောက်နောင်တွင် မငှားရမ်းရန် သခင်လေးရှန့် ဆုံးဖြတ်လိုက်သည်။ ထိုလူများမှာ ခန့်မှန်းရ ခက်ခဲလွန်းလှသည်။ ကံဆိုးစွာပင်... အမှောင် ဟင်းလင်းပြင်ရှိ အန္တရာယ်များစွာကို ရင်ဆိုင်ရန်အတွက် အစွမ်းထက် ကျင့်ကြံသူများ လိုအပ်သည်။ မည်သူမျှ သတိမပြုမိစေဘဲ ဝေ့ဝူယင်ကို ရှာဖွေဖို့ ခရီးနှင်နိုင်ရန် အတွက်လည်း လိုအပ်ခဲ့သည်။

"သိပြီ..."

ဝေ့ဝူယင်က အသာအယာ ဆိုရင်း အသေးစိတ် အချက်အလက်အချို့ကို ထပ်မံ မေးမြန်းကာ စဉ်းစားနေလေ၏။

"ဝေ့ဝူယင်... အခု ရှင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

ချောင်စွေ့ဖုန်းက စိုးရိမ်စွာဖြင့် မေးလိုက်၏။ အမျိုးသမီးတစ်ဦး၏ အတ္တကြောင့် အလွန် ဝေးလံလှသည့် နေရာမှ အင်အားကြီး ပုဂ္ဂိုလ်များမှာ ဝေ့ဝူယင်၏ ကံကြမ္မာကို ဆုံးဖြတ်နေကြပြီ ဖြစ်သည်။ သူတို့က မည်သည့် အချိန်တွင် ရောက်လာမည်နည်း။ တကယ်ပဲ ရောက်လာမည်လော။ သူတို့က ဘာကို ဆုံးဖြတ်ကြမည်နည်း။

ဤသည်က ပေါက်ကွဲရန် အချိန်မှတ်ထားသည့် ဗုံးတစ်လုံးနှင့် မခြားပေ။ မည်သည့် ဆိုးကျိုးများ ယူဆောင်လာမည်ကို မသိနိုင်သည့် ကပ်ဘေးတစ်ခုပင်။

ကံကောင်းသည်က... ဝေ့ဝူယင်မှာ ထိုသို့သော အရာမျိုးများနှင့် အလွန် ရင်းနှီးကျွမ်းဝင်နေခြင်း ဖြစ်၏။

လူငယ်၏ ငွေရောင် မျက်ဝန်းများမှာ ကျယ်ပြောလှသည့် ကြယ်တာရာများကို ကြည့်ရင်း တိတ်တဆိတ်ပင် တဖျပ်ဖျပ် လင်းလက် တောက်ပသွားသည်။

"ဘာမှ မပြောင်းလဲပါဘူး... ငါတို့ ဒီနေ့ပဲ ထွက်ခွာကြမယ်"

ဝေ့ဝူယင်၏ ဆုံးဖြတ်ချက်အပေါ် အာဏာရှင်များထဲမှ တစ်ဦးမျှ အံ့ဩခြင်း မရှိကြပေ။

"ယောင်ဟုန်ရီ... ပဲ့ကိုင်နေရာကို ယူလိုက်"

ဝေ့ဝူယင်က အမိန့်ပေးလိုက်၏။ အာဏာရှင် အဖွဲ့၏ လေးသည်တော်သည် ချက်ချင်းပင် အဖြူရောင်သင်္ဘော၏ ပဲ့ကိုင်နေရာသို့ လျှောက်လှမ်းသွားပြီး ဟင်းလင်းပြင်သင်္ဘောကို တိုက်ရိုက် ထိန်းချုပ်လိုက်သည်။ ပဲ့ကိုင်ကို ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် စိတ်စွမ်းအင်များမှာ လက်များမှ တစ်ဆင့် စီးဆင်း ဝင်ရောက် သွားသည်။ ထို့နောက် သူ ရင်းနှီးပြီးသား ဖြစ်သည့် အဂ္ဂိရတ် အော်ရာများ လွှမ်းခြုံထားသည့် ဝိညာဉ် စွမ်းအား တစ်ခုနှင့် ဆက်သွယ်မိသွား၏။ ၎င်းမှာ သူ၏ အရှင်သခင် ဝေ့ဝူယင်၏ စွမ်းအားပင် ဖြစ်လေသည်။

ဟင်းလင်းပြင် သင်္ဘောအား ထိန်းချုပ်နိုင်စွမ်းကို ရရှိသွားပြီးနောက်၊ ယောင်ဟုန်ရီသည် သင်္ဘော၏ လုပ်ဆောင်ချက်များ၊ အစီအရင်များနှင့် ကွန်ရက်များကို ရင်းနှီးကျွမ်းဝင်စေဖို့ အချိန်ယူလိုက်သည်။

"မင်းသွားပြီး ကူညီပေးလိုက်"

ဝေ့ဝူယင်က ရွှေဖုန်းပေါင်အား ညွှန်ကြားလိုက်ရာ သူက ယောင်ဟုန်ရီ၏ နောက်သို့ သွားရပ်လိုက်သည်။ ထို့နောက်... မီးဥပဒေသ အော်ရာကို အသုံးပြုကာ ကူညီပေးလိုက်သည်။

သင်္ဘော၏ အဓိက လုပ်ဆောင်ချက်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် ဥပဒေသအော်ရာများ လိုအပ်ကြောင်း မကြာမီမှာပင် ယောင်ဟုန်ရီက နားလည်သွားသည်။ သူက ကိုယ်ပိုင် ဝိညာဉ်အင်အားဖြင့် လမ်းညွှန်ကာ ရွှေဖုန်းပေါင်၏ မီးဥပဒေသအော်ရာများကို သူ့ ခန္ဓာကိုယ်မှတစ်ဆင့် စီးဆင်းခွင့်ပြုလိုက်သည်။

ဟူး... ဟူး...

အဖြူရောင်သင်္ဘော၏ ကိုယ်ထည်၊ အလံနှင့် ကုန်းပတ်တို့မှာ အရောင်များ စတင်ပြောင်းလဲလာပြီး မီးလျှံကဲ့သို့ နီရဲသောအရောင် ဖြစ်လာ၏။ သင်္ဘော၏ တွန်းကန်အား အစီအရင်များသည်လည်း မီးလျှံပေါက်ကွဲအားများအဖြစ်သို့ အသွင်ပြောင်းသွားသည်။ လူအိုကြီး၏ အဟုန် ဥပဒေသများမှာ တိုက်ရိုက် အစားထိုးခံလိုက်ရပြီ ဖြစ်လေသည်။ ယောင်ဟုန်ရီနှင့် ရွှေဖုန်းပေါင်တို့သည် ယခုအခါ မီးလျှံရောင် သင်္ဘော၏ ကပ္ပတိန်နှင့် ဒု-ကပ္ပတိန်များ ဖြစ်လာကြချေပြီ။

ချောင်စွေ့ဖုန်း၊ ယွီစွန်းလီ၊ လျူစုယင် နှင့် မင်ရှုဖုန်းတို့မှာ ထိုအပြောင်းအလဲကြောင့် အံ့ဩတကြီးဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေမိကြ၏။

ဥပဒေကို လိုက်၍ ပြောင်းလဲခြင်း...

တကယ့်ကို ထူးဆန်းလှသော သင်္ဘောပင်...။

***

All Chapters