← Chapters

အခန်း (၁၈၈၄)

Vol. 135 Ch. 1884

အခန်း (၁၈၈၄)

Vol. 135 Ch. 1884

အပိုင်း(၁၈၈၄)

ဟူး... ဟူး...

ချိပ်ပိတ်နယ်မြေ၏ အလွန်၊ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ အခြားတစ်ဖက်၌... ဟင်းလင်းပြင်ကို ဖောက်ခွင်း၍ မီးလျှံရောင် သင်္ဘောကြီး တစ်စင်း ထွက်ပေါ်လာခဲ့သည်။

အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားကြ၏။ ယွီစွန်းလီမှာ ဝေ့ဝူယင်၏ လက်ကို လက်နှစ်ဖက်လုံးဖြင့် တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ ထိုအခိုက် မိန်းကလေး၏ လှပလှသည့် မျက်ဝန်းများထဲတွင် သူမ အသက်နှင့် တစ်ကိုယ် စိတ်ကူးယဉ်ခဲ့ဖူးသမျှထက် သာလွန်လှသည့် မြင်ကွင်းကြီး ထင်ဟပ်နေလေ၏။

လျူစုယင်၏ အေးစက်စက် မျက်နှာ အမူအရာမှာလည်း ပြိုကွဲသွားကာ စိတ်လှုပ်ရှားမှုများက မျက်နှာပေါ်တွင် အထင်အသား ပေါ်လာသည်။ မိန်းကလေး၏ ပါးပြင်လေးများမှာ အနည်းငယ် နီမြန်းလာကာ အသက်ရှူသံများပင် မြန်လာခဲ့၏။

"ဒါက..."

ချင်ချူးမူကတော့ မျက်တောင်ပင် မခတ်နိုင်တော့ပေ။ သူမ၏ အာမေဍိတ်သံထဲ၌ နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် နာကျင်မှုနှင့် အကျဉ်းချခံရမှုတို့ ကင်းစင်သွားခဲ့ပြီ ဖြစ်သည်။ ထို့အစား... စစ်မှန်သည့် ခံစားချက်များသာ ပါဝင်န်၏။

"ဒါက..."

ချောင်စွေ့ဖုန်းမှာလည်း အားလုံးထက် ပိုမို၍ မျက်လုံးများ ပြူးကျယ်နေ၏။ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ၏ အမှန်တရားကို သိရှိခဲ့ရစဉ်ကတည်းက နှစ်ပေါင်း ထောင်ချီကြာအောင် သူ တောင့်တခဲ့သော ဆန္ဒမှာ ယခု ခဏအတွင်းမှာပင် ပြည့်ဝသွားခဲ့ပြီ ဖြစ်သည်။ မိန်းကလေးမှာ ဖော်ပြ၍ မရနိုင်လောက်အောင် လွတ်လပ်သွားသည့် ခံစားချက်မျိုးကို ရရှိလိုက်၏။

ဝေ့ဝူယင်က အဇူရာမူလ ဂလက်စီဇုန်ကို လက်ညိုးညွှန်ပြရင်း အစီအစဉ် တင်ဆက်သူ တစ်ယောက်လို ပြုံးလိုက်၏။

"ဒါကတော့ ငါ မင်းတို့အတွက် တင်ဆက်ပေးချင်တဲ့... လှောင်အိမ်ရဲ့ အလွန် ကမ္ဘာသစ်ပါပဲ"

...

အဇူရာ မူလ ဂလက်ဆီဇုံ...

ဂလက်ဆီဇုံ ဆိုသည်မှာ သက်ရှိများက အစီအရင်များ၊ ကွန်ရက်များဖြင့် နယ်နိမိတ် ပိုင်းခြားထားကာ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ဟင်းလင်းပြင် လွတ်လပ်နယ်မြေများကို အခြေချ နေထိုင်ရာ နေရာ အဖြစ် ဖန်တီးထားသည့် အလွန်တရာ ကျယ်ပြောလှသော အာကာသ နယ်မြေကြီး ဖြစ်သည်။

ဂလက်ဆီတစ်ခုလုံးတွင် လူသူမနီးသည့် နေရာများ၊ နေထိုင်ရန် မသင့်တော်သည့် နေရာများ၊ စွန့်ပစ်နယ်မြေများ၊ တားမြစ်နယ်မြေများနှင့် ပျက်စီးယိုယွင်းနေသည့် နယ်မြေများ အားလုံး ပါဝင်သည်။ ပြောရလျှင် ၎င်းမှာ ဟင်းလင်းပြင်အတွင်း သဘာဝအတိုင်း တည်ရှိနေသော နယ်နိမိတ်တစ်ခုပင်။

ဂလက်ဆီတစ်ခုကို ကြည့်ရှုရန်အတွက် ကြယ်တာရာ ကောင်းကင်ယံကို ငေးကြည့်ရုံနှင့် လုံလောက်သော်လည်း၊ ဂလက်ဆီဇုံ တစ်ခု၏ ခန့်ညားထည်ဝါမှုကို ဖော်ပြရန်မူ စကားလုံးများပင် လုံလောက်လိမ့်မည် မဟုတ်ချေ။ အဇူရာ မူလ ဂလက်ဆီဇုံမှာ ပြောင်မြောက်သော သာဓကတစ်ခုပင်။

ဤနေရာတွင် ကြယ်တာရာ နယ်မြေများ မရှိချေ။

အဇူရာ မူလ ဂလက်ဆီဇုံ တစ်ခုလုံးကို ဤနေရာ၏ အရှင်သခင်များ ဖြစ်ကြသည့် အာဏာရှင် အင်ပါယာကြီး သုံးပါးက သိမ်းပိုက်အခြေချထားပြီး ဖြစ်သည်။ နှစ်သန်းပေါင်းများစွာသော သမိုင်းတစ်လျှောက်တွင် ကျင့်ကြံသူများသည် ဤနယ်မြေကြီးကို အပြည့်အဝ ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။ မစူးစမ်းရသေးသည့် နေရာ၊ မြေပုံမဆွဲရသေးသည့် နယ်မြေဟူ၍ မရှိဘဲ အာကာသ၏ တိုင်းတာမှု အလွှာတိုင်းမှာ ဤဂလက်ဆီဇုံ၏ လက်အောက်တွင် ရှိနေသည်။

"အို... ကောင်းကင်..."

မင်ရှုဖုန်းမှာ ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကာ ခပ်တိုးတိုးလေး ရေရွတ်လိုက်မိ၏။ မိမိကိုယ်မိမိ အသက်ရှင်နေသေးကြောင်းနှင့် ယခု မြင်တွေ့ နေရသည်မှာ အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုရန်အတွက် သူမ ရင်ဘတ်ကို လက်ဖြင့် ဖိထားမိသည်။ မျက်မြင်ကိုယ်တွေ့ ကြုံနေရသော်လည်း မိန်းကလေးမှာ မယုံကြည်နိုင်သေးပေ။

အဇူရာ မူလ ဂလက်ဆီဇုံ တစ်ခုလုံးတွင် မမြင်နိုင်သည့် နယ်နိမိတ်များဖြင့် ပိုင်းခြားထားသည့် ထင်ရှားသော နယ်မြေကြီး သုံးခု ရှိသည်။

ဤနေရာ၌ ဂြိုဟ်များက လွတ်လပ်စွာ လွင့်မျောမနေကြပေ။ အာရုဏ်ဦး ကြယ်တာရာနယ်မြေတွင် ကဲ့သို့ နေမင်းများကို ပတ်၍ လင်းလက်နေသည့် လမင်းများလည်း မရှိပေ။ မျက်စိတစ်ဆုံးတွင် နေမင်းဟူ၍လည်း မမြင်ရပေ။ တကယ်တော့ သူတို့ မြင်တွေ့နေရသည်မှာ သာမန် ဂြိုဟ်၊ လ သို့မဟုတ် ကြယ် တစ်ခုမျှ မဟုတ်ချေ။

သူတို့ မြင်တွေ့နိုင်သမျှက မည်သည့် ဂြိုဟ် သို့မဟုတ် ကြယ်နှင့်မျှ နှိုင်းယှဉ်၍ မရလောက်အောင် ကြီးမားလွန်းလှသည့် နယ်မြေကြီး သုံးခုပင် ဖြစ်သည်။

ပထမနယ်မြေ...

၎င်းမှာ စက်ဝိုင်းပုံစံရှိပြီး မျက်နှာပြင် မညီညာသည့် မြေပြန့်ချပ်ကြီးတစ်ခု ဖြစ်သည်။ ၎င်းမှာ မိုင်ပေါင်း ထရီလီယံ ရာနှင့်ချီ၍ ကျယ်ပြန့်လှသည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရွှေဝါရောင်သမ်းနေသည့် မြူတိမ်များ ဖုံးလွှမ်းနေသဖြင့် အစပိုင်းတွင် ခွဲခြားရန် ခက်ခဲသော်လည်း၊ ထိုဧရာမ တိုက်ကြီးကို မရေမတွက်နိုင်သော လေထုအလွှာများက ကာကွယ်ထားသည့်အလား ထင်ရသည်။

၎င်းမှာ ရှေးဟောင်း ချိပ်ပိတ်နယ်မြေသားများ မြင်ဖူးသမျှထဲတွင် အကြီးမားဆုံးသော ကုန်းမြေတိုက်ပြီးပင် ဖြစ်၏။ အမှန်စင်စစ်... ၎င်းမှာ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ တစ်ခုလုံးထက်ပင် အဆပေါင်း ဒါဇင်နှင့်ချီ၍ ပိုမို ကြီးမားလေသည်။

ထိုကုန်းမြေတိုက်ကြီး၏ အနားသတ်များတွင် အဆုံးမဲ့ ကြယ်တာရာများ ကိန်းအောင်းနေသည့် နို့နှစ်ရောင် ရွှေရည်များကို မှုတ်ထုတ်နေသော အပေါက်များ ရှိသည်။ ထိုအရည်များသည် ရေတံခွန်ကြီးများအလား တိုက်ကြီး၏ အောက်ခြေသို့ စီးဆင်းသွားပြီးနောက်၊ ယဉ်ပါးသွားသေည့် နဂါးများ အလား တိုက်ကြီး၏ အောက်ဘက်မှတစ်ဆင့် အလယ်ဗဟိုသို့ ပြန်လည် စီးဝင်သွားကြသည်။ ထိုနေရာတွင် ရွှေစင်ဖြင့် ပြုလုပ်ထားသည့်အလား ထင်ရသော ဂြိုဟ်အမြုတေ တစ်ခု ရှိနေသည်။

အကယ်၍ ထိုကုန်းမြေတိုက်ကြီးပေါ်ရှိ မိနစ်တိုင်း၏ အပြောင်းအလဲကို သေချာ စောင့်ကြည့်ပါက... ၎င်းမှာ အမြဲတမ်း ပြန့်ကားနေပြီး ကြီးထွားနေကာ အပျက်အစီး မန်နာများနှင့် ဟန်ချက်ညီနေသည်ကို တွေ့ရလိမ့်မည် ဖြစ်သည်။ တိုက်ကြီး၏ အနားသတ်များမှာ တစ်စက္ကန့်တိုင်းတွင် လက်မအနည်းငယ်စီ တိုးထွက်နေပြီး ကုန်းမြေသစ်များနှင့် ပင်လယ်သစ်များကို ဖန်တီးပေးနေ၏။

အထက်ကမ္ဘာမှ စိမ့်ထွက်လာသည့် အရာများက အောက်ခြေရှိ အမြုတေကို အားဖြည့်ပေးပြီး၊ ထိုအမြုတေက တစ်ဖန် အထက်ကမ္ဘာကို ပိုမို ကျယ်ပြန့်အောင် ပြုလုပ်ပေးနေသည့်အလားပင်...။

၎င်းက ဖော်ပြရန် ခက်ခဲလှသည့် အဆုံးမဲ့ သံသရာ အလားပင်။

"အထွတ်အမြတ် နိုင်ငံတော်ရဲ့ တစ်သားတည်းသော ဝိညာဉ် ကုန်းမြေတိုက်ကြီး...”

လျူစုယင်က အော်ဟစ်လိုက်၏။ အထွတ်အမြတ် နိုင်ငံတော်၏ အကြောင်းကို သူမ အဆုံးမဲ့ ခရီးသွား နယ်မြေရှိ စာအုပ်များထဲတွင် ဖတ်ဖူးသည်။

၎င်းမှာ သေမျိုးတို့၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေသည့် ဧရာမ ကုန်းမြေတိုက်ကြီးတစ်ခု ဖြစ်သည်။ သမိုင်းစာအုပ်များထဲတွင်ပင် ဒဏ္ဍာရီလာအဖြစ် ဖော်ပြထားသည့် ဤနိုင်ငံတော်ကြီးကို မြင်လိုက်ရသော အခါ သူမ မည်ကဲ့သို့ မအံ့ဩပဲ နေနိုင်ပါမည်နည်း။ ၎င်းကို ပြည်သူပြည်သားများ၏ မပြိုကွဲနိုင်သော ညီညွတ်မှု၊ မသေဆုံးနိုင်သည့် ဝိညာဉ်တို့ကို ထင်ဟပ်စေရန် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

သူတို့သည် ခေတ်အဆက်ဆက် အတူတကွ တိုးတက်ပြီး အတူတကွ ဆင်းရဲဒုက္ခခံကြမည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်။ ထိုကဲ့သို့ မြင့်မြတ်လှသည့် စိတ်ဓာတ်မှာ အထွတ်အမြတ် နိုင်ငံတော်၏ မင်းဆက်နှင့် ယုံကြည်ချက်တို့၏ ကျောရိုးပင် ဖြစ်၏။

တစ်သားတည်းသော ဝိညာဉ် ကုန်းမြေတိုက်ကြီး တစ်ခုလုံးအတွက် နေမင်းဟူ၍ မရှိပေ။ ယင်းအစား ကုန်းမြေတိုက်ကြီး၏ လေထု အလွှာအတွင်း၌ပင် အုပ်ချုပ်သူများ ဖန်တီးထားသည့် အမြဲတမ်း ပြောင်းလဲနေသော နေမင်းများ ရှိနေကြသည်။ ၎င်းတို့မှာ လောကချည်နှောင် ကြယ်တာရာ နယ်မြေများ ဖြစ်ကြပြီး၊ ပြည်သူပြည်သားများနှင့် သက်ရှိအားလုံးမှာ ထိုနေကြယ်များ၏ အရည်အသွေး ပိုမိုကောင်းမွန်လာစေရန် နှစ်စဉ် ပူဇော်သက္ကာများ ဆက်သကြရသည်။ ထိုနည်းဖြင့်.. လောကတွင် အံ့မခန်းဆုံးသော နေမင်းများကို ဖြစ်ပေါ်စေသည်ဟု ဆိုကြသည်။

"ဒါက ဘယ်လိုလုပ် အစစ်အမှန် ဖြစ်နိုင်မှာလဲ"

ရွှေဖုန်းပေါင်က မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။

ဒုတိယနယ်မြေ...

၎င်းမှာလည်း တစ်သားတည်းသော ဝိညာဉ် ကုန်းမြေတိုက်ကြီး ကဲ့သို့ပင် ကြီးမားလှသည်။ ၎င်းမှာ စိန်ပုံစံ ရှိသည်။ အထက်နှင့် အောက် မျက်နှာပြင် မညီညာဘဲ၊ လျှို့ဝှက် အလင်းရောင်ခြည်များနှင့် တူသည့် စက်ဝိုင်းပုံ ကွင်းရှစ်ကွင်းဖြင့် ပိုင်းခြားထားသည်။

"တောင်တန်းတွေလား..."

ယောင်ဟုန်ရီပင်လျှင် တည်ငြိမ်အောင် မထိန်းနိုင်တော့ပေ။ သူ၏ ရှေ့မှ မြင်ကွင်းမှာ တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။

စိန်ပုံစံ နယ်မြေ၏ အပေါ်ဘက်ခြမ်းကို ကြည့်ရပါက အလယ်တွင် ဟာလာဟင်းလင်း ဖြစ်နေ၏။ ၎င်းမှာ မီးလျှံရောင်သန်းသည့် မီးခိုးများကို မှုတ်ထုတ်နေသော တောင်ကြီးတစ်လုံး ဖြစ်သည်။ ပိုမို တိကျစွာ ဆိုရပါက မီးတောင်ကြီးတစ်ခုပင်...။

အောက်ဘက်ခြမ်းတွင်မူ တစ်ခုနှင့်တစ်ခု ကပ်နေသည့် တောင်နှစ်လုံး ရှိပြီး တစ်လုံးက အခြားတစ်လုံးထက် ပိုကြီးသည်။ ပို၍ သေးငယ်သော တောင်မှာ အနားသတ်များ၌ စူးရှလှပြီး မိစ္ဆာသွားများ ပါရှိသည့် တန်ခိုးရှင် ဓားတစ်လက်နှင့် တူသည်။

၄၀ ရာခိုင်နှုန်းခန့် ပိုမို ထွားကြိုင်း၊ ရှည်လျားပြီး မြင့်မားသည့် ဧရာမ တောင်ကြီးမှာမူ ပို၍ ချောမွေ့ကာ ထိပ်ပိုင်း၌ ဓားဖြင့် လှီးဖြတ်ထားသည့်အလား ပြန့်ပြူးနေသည်။ ထိုတောင်ကြီး သုံးခုမှာ တောင်တန်း တစ်ခုသဖွယ် အတူတကွ တည်ရှိနေကြသည်။

ထိုလောကကြီး၏ အရွယ်အစားမှာလည်း မိုင်ပေါင်း ထရီလီယံ ရာနှင့်ချီ၍ ကျယ်ပြန့်လှသည်။ မီးတောင်မှ ထွက်ပေါ်လာသည့် အနက်ရောင် မီးခိုးများကို ကွင်းရှစ်ကွင်းက ဗိုက်ဆာနေသည့် ငါးမန်းများအလား ဝါးမျိုနေကြပြီး အဆိုပါ ဧရာမ ကမ္ဘာကြီးအတွင်းသို့ မည်သူမျှ ချောင်းကြည့်၍ မရနိုင်အောင် လေထုအလွှာတစ်ခုအဖြစ် ဖန်တီးကာ လည်ပတ်နေကြသည်။

"ငရဲဘုံရဲ့ လက်ဆောင်၊ သုံးပါးတစ်ဆူ ထိပ်သီး..."

ချောင်စွေ့ဖုန်းမှာ ထိုမြင်ကွင်းကို ကြည့်ရုံနှင့်ပင် ရင်ခုန်သံများ မြန်လာခဲ့သည်။ ငရဲဘုံအရှင်သခင်၏ နယ်မြေဖြစ်သည့် ဤနေရာကို တာတာရပ်စ် ဟုလည်း ခေါ်ဆိုကြသည်။

၎င်းမှာ တိုက်တန်တို့၏ မိခင် နယ်မြေပင် ဖြစ်လေသည်။

လျှို့ဝှက် အလင်းရောင်ခြည်တန်း ကွင်းရှစ်ကွင်းသည် အရိုးပြာရောင် အလင်းတန်းများကို ထုတ်လွှတ်နေ၏။ ဝေ့ဝူယင်၏ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားကာ မျက်ဝန်းများအတွင်း၌ ပြင်းထန်သည့် ခံစားချက် တစ်ခု ပေါ်ထွက်လာ၏။ သူ၏ သွေး၊ ဆဲလ်နှင့် ဝိညာဉ်တို့အတွင်း ကိန်းအောင်းနေသည့် ထာဝရအော်ရာနှင့် မသေမျိုးမျက်လုံး အတွင်းရှိ ထာဝရအော်ရာတို့မှာ... ထိုကွင်းများအတွင်းမှ တစ်စုံတစ်ခုကို အာရုံခံမိနေကြသည်။

"ဟိုဟာတွေက နေတွေလား"

ချင်ချူးမူ၏ မြရောင် မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှု၊ ရှာဖွေလိုစိတ်၊ သိလိုစိတ်တို့နှင့် အတူ နောက်ဆုံးကျန်ရှိနေသည့် နယ်မြေဆီသို့ အာရုံစိုက်လိုက်လေတော့သည်။

***

All Chapters