← Chapters

အခန်း (၁၈၈၈)

Vol. 135 Ch. 1888

အခန်း (၁၈၈၈)

Vol. 135 Ch. 1888

အပိုင်း(၁၈၈၈)

"အာရုဏ်ဦး နေကြတ်ခြင်း လောက ဆေးလုံး..."

ဝေ့ဝူယင် သူ့ လက်ထဲရှိ ဆေးလုံးကို ကြည့်နေမိ၏။ ဤဆေးလုံးသည် သူ့အား သေမျိုး အဂ္ဂိရတ် ရှန့်ထို အဆင့်မှ လွတ်မြောက်စေပြီး မြေကြီး အဂ္ဂိရတ် ရှန့်ထို အဆင့်ကိုပင် ကျော်ခွကာ လောက အဂ္ဂိရတ် ရှန့်ထို အဆင့် နယ်ပယ်ထဲသို့ တိုက်ရိုက် ရောက်ရှိစေခဲ့သည့် ဆေးလုံး ဖြစ်သည်။ ၎င်းမှာ ကျင့်ကြံခြင်း အခြေခံ တိုးတက်မှုများအတွက် ရည်ရွယ်ဖန်တီးထားသည့် အဆင့်နိမ့် 'လျှို့ဝှက်လောက' အဆင့် ဆေးလုံးဖြစ်ပြီး ကျင့်ကြံခြင်းလမ်းစဉ်၏ ရိုးရာစံနှုန်းများကို ရိုက်ချိုးဖျက်ဆီးနိုင်စွမ်း ရှိသည်။

'လျှို့ဝှက်လောက' အဆင့် အဂ္ဂိရတ် ထုတ်ကုန်များသည် များသောအားဖြင့် လောကရှန့်ထိုများ၊ ကောင်းကင် ရှန့်ထိုများ၊ အာဏာရှင် ရှန့်ထိုများနှင့် အစစ်အမှန် သူတော်စင် အဆင့်များ အတွက် ရည်ရွယ်ပေသည်။ သို့သော်လည်း... ထိုဆေးများသည် အဆင့်နိမ့် ကျင့်ကြံသူများအတွက်မူ အဆမတန် ပို၍ ထိရောက်မှု ရှိနေတတ်သည်။

ဥပမာအားဖြင့် 'ဝိညာဉ်ဆေးလုံး' သည် 'လျှို့ဝှက် အာဏာရှင် အဆင့်' အလွန် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူများ အတွက် တိုက်ရိုက် ရည်ရွယ်ထားသည့် ဆေးလုံး ဖြစ်သည်။ ထိုအဆင့် အတွက် အခြေခံအကျဆုံး စွမ်းအင်စုဆောင်းများ ပြုလုပ်ရန် အတွက် အထောက်အကူပြု ဆေးလုံးမျှသာ ဖြစ်သော်လည်း 'အစစ်အမှန် သူတော်စင် အဆင့်’ များ အတွက်မူ သူတို့၏ ကန့်သတ်ချက်များကို ကျော်လွန်စေပြီး ကံကောင်းမှု၊ ပါရမီနှင့် အခွင့်အရေးရှိပါက 'ပဲ့တင်ထပ် ဝိညာဉ်’ အဆင့်သို့ပင် ရောက်ရှိစေနိုင်သည်ဟု ကျော်ကြားလေသည်။

အာရုဏ်ဦး နေကြယ် လောက ဆေးလုံးတွင် ထူးခြားသည့် ဂုဏ်သတ္တိတစ်ခု ရှိသည်။ ၎င်းမှာ နယ်မြေ ချဲ့ထွင်ခြင်း နှင့် အခြေခံ ကျင့်ကြံခြင်း ဟူသော အမျိုးအစား နှစ်ခုစလုံးကို လွှမ်းမိုးခြင်းဖြင့် စံနှုန်းများကို ဖီဆန်ထားသည်။ ပထမအမျိုးအစားမှာ နယ်မြေ မျိုးစေ့များကို ပြုစုပျိုးထောင် အားကောင်းစေပြီး 'လျှို့ဝှက်နယ်မြေများ' ကို ဆက်လက် ကြီးထွားစေခြင်း ဖြစ်ကာ၊ ဒုတိယ အမျိုးအစားမှာမူ ခန္ဓာကိုယ်၊ စိတ်၊ အမတေနှင့် ဝိညာဉ်စွမ်းအင်များကို မြှင့်တင်ပေးခြင်း ဖြစ်သည်။

"နင့်ရဲ့ အဂ္ဂိရတ် ကျွမ်းကျင်မှုက နယ်မြေတွေနဲ့ ပတ်သက်နေတာ ထင်တယ်..."

ကောင်းကင်စစ်ဝိညာဉ်က ခပ်ပေါ့ပေါ့ မှတ်ချက်ပေးလိုက်၏။ ဝေ့ဝူယင်သည် 'အာရုဏ်ဦး နေမီးတောက် ဆေးလုံး' ကို တီထွင်ခဲ့ဖူးသည်။ ထိုဆေးလုံးသည် ဝိညာဉ်ဆင်းတု အဆင့်ရှိ ကျင့်ကြံသူများကို လောကနယ်မြေ အဆင့်'ရောက်မှ ရရှိနိုင်သည့် 'လောကနယ်မြေ' ကို ကြိုတင်ပိုင်ဆိုင်ခွင့် ပေးထားသည်။ ၎င်းမှာ အဆင့်လေးဆင့်ကို ကျော်ခွလိုက်ခြင်းဖြစ်ပြီး ကျင့်ကြံခြင်း တိုးတက်မှုကိုလည်း ပုံမှန်ထက် များစွာ သာလွန်စေခဲ့သည်။

"ဒါက နယ်မြေအတွက် သီးသန့်ဆေးလုံးတော့ မဟုတ်ဘူး..."

ပိုင်ရှုက ပြောရင်း အာရုဏ်ဦး နေကြယ် လောက ဆေးလုံးကို ညင်သာစွာဖြင့် ထိတွေ့လိုက်သည်။

"ကြယ်တာရာ အမြုတေ အဆင့်သို့ တက်လှမ်းပြီးတဲ့နောက်မှာ နယ်မြေမျိုးစေ့ဟာ ကြယ်တာရာ အမြုတေနဲ့ ပေါင်းစည်းသွားတယ်... ကြယ်တာရာ အမြုတေဟာ နယ်မြေမျိုးစေ့ ဖြစ်လာပြီး လောကချည်နှောင် ကြယ်တာရာ နယ်မြေနဲ့ ချိတ်ဆက်ပေးတဲ့ အရာ ဖြစ်လာတယ်... အဲဒါက သေမျိုးတာအိုရဲ့ နေကြယ်ကို ကျင့်ကြံသူနဲ့ ချောမွေ့စွာ ပေါင်းစည်းပေးလိုက်တာပဲ"

"ဒါကြောင့် ဒီဆေးလုံးဟာ နယ်မြေကိုတင် တိုးတက်စေတာ မဟုတ်ဘူး၊ ကြယ်တာရာ အမြုတေရဲ့ အခြေခံကိုပါ မြှင့်တင်ပေးတယ်... ပြီးတော့ ကြယ်တာရာ အမြုတေရဲ့ 'ကြယ်တာရာ ဝိညာဉ်' နဲ့ 'လောကချည်နှောင် ကြယ်တာရာ နယ်မြေ' ကြားက အင်အား၊ ချိတ်ဆက်မှုနဲ့ ထိန်းချုပ်နိုင်စွမ်းကိုပါ သက်ရောက်မှု ရှိစေတယ်"

ကောင်းကင်စစ်ဝိညာဉ်၏ ရွှေရောင်ကိုယ်ထည်မှာ အနည်းငယ် တုန်ခါသွား၏။ သူမသည် အဂ္ဂိရတ် တာအိုတွင် ဗဟုသုတ နှံ့စပ်လှသူ မဟုတ်ချေ။ သူမက စစ်ပွဲနှင့် သက်ဆိုင်သည့် တာအိုဝိညာဉ် ဖြစ်ပြီး ပိုင်ရှုကသာ အဂ္ဂိရတ်ဆိုင်ရာ တာအိုဝိညာဉ် ဖြစ်ပေသည်။

"အတိုချုပ် ပြောရရင်တော့ ကဏ္ဍနှစ်ခုကို ဆေးလုံးတစ်လုံးတည်းမှာ ပေါင်းစည်းထားတာပေါ့"

ပိုင်ရှုက ပြုံး၍ ရှင်းပြသည်။

"ဒါဆို... ဒီဆေးလုံးက ကြယ်တာရာ အမြုတေရဲ့ အခြေခံကိုပါ သက်ရောက်မှု ရှိတယ်လို့ ပြောတာလား"

ကောင်းကင် စစ်ဝိညာဉ်က မေးလိုက်၏။ ဤသည်မှာ ကြယ်တာရာ ပဲ့တင်ထပ် ဆေးလုံးပင် မတတ်နိုင်သော အရာဖြစ်သည်။ ထိုဆေးလုံးမှာ ကြယ်တာရာ အမြုတေကို အားဖြည့်၍ ချဲ့ထွင်ပေးနိုင်သော်လည်း အခြေခံအား မြှင့်တင်ပေးခြင်းနှင့်မူ လုံးဝ ကွာခြားသည်။

နေကြယ် တစ်စင်း၏ အသုံးအနှုန်းဖြင့် ဆိုရသော် နေကြယ်၏ အရည်အသွေး၊ အလင်းတန်းတို့၏ အပူချိန်၊ အလင်း၏ ပြင်းအားနှင့် အမြုတေ၏ သိပ်သည်းဆတို့အားလုံးကို မြှင့်တင်ပေးခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ကြယ်တစ်လုံး၏ အရွယ်အစားကို ကြီးမားအောင် လုပ်ခြင်းမှာ ၎င်း၏ ဆွဲငင်အားနှင့် အလင်းတန်း ရောက်ရှိနိုင်သည့် အကွာအဝေးကိုသာ ပြောင်းလဲစေခြင်း ဖြစ်သော်လည်း၊ ကြယ်တာရာ အမြုတေ၏ အခြေခံအား မြှင့်တင်ခြင်းမှာမူ မူလအလင်းရင်းမြစ်၊ ဆွဲငင်အား ထုတ်လွှတ်မှု၊ ဟင်းလင်းပြင် ပဲ့တင်ထပ်မှု၊ ဝိညာဉ်ဆင်းတုနှင့် အခြားသော အရာအားလုံးကို အဆင့်မြှင့်တင်ပေးခြင်းပင် ဖြစ်ပေသည်။

"ဒီဆေးလုံးက လျှို့ဝှက်အာဏာရှင်အဆင့်ကို တက်လှမ်းပြီးသွားတဲ့နောက်မှာတောင် ချို့ယွင်းချက်ရှိခဲ့တဲ့ အခြေခံတွေကို ပြန်ပြီးပြုပြင်ပေးနိုင်တာလား"

ကောင်းကင်စစ်ဝိညာဉ်မှာ ဆက်၍ တည်ငြိမ်မနေနိုင်တော့ချေ။ ဝေ့ဝူယင်က ဆေးလုံးနှင့်ပတ်သက်၍ သူမအား အသေးစိတ် ရှင်းပြထားခြင်းမရှိသလို၊ သူမကိုယ်တိုင်ကလည်း အဂ္ဂိရတ်ပညာရပ်ဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မေးမြန်းလေ့မရှိပေ။

ထို့အပြင်... ဝေ့ဝူယင်မှာ တစ်ကိုယ်တည်း ရေရွတ်တတ်သည့် အလေ့အထမရှိသဖြင့် သူမအနေဖြင့် ခန့်မှန်းရုံ သို့မဟုတ် တိုက်ရိုက်မေးမြန်းရုံသာ တတ်နိုင်သည်။ သို့သော်လည်း... အဂ္ဂိရတ်တာအိုနှင့် ပတ်သက်လျှင်မူ သူမသည် တိုက်ရိုက်မေးမြန်းရန် အလွန်ပင် ဝန်လေးနေတတ်သည်။

"ဖြစ်နိုင်ခြေ ရှိတာပေါ့"

ပိုင်ရှုက ခေါင်းညိတ်၍ အတည်ပြုပေးလိုက်၏။ ကျင့်ကြံခြင်း တာအို၏ အချို့သော ကဏ္ဍရပ်များသည် နက်နဲဆန်းပြားလှသကဲ့သို့ပင် အံ့ဩတုန်လှုပ်ဖွယ်ရာလည်း ကောင်းလှပေသည်။

"အဲဒါတင် မကဘူး..."

ပိုင်ရှုက သူမ၏ မျက်ဝန်းများထဲတွင် စိတ်အားထက်သန်သည့် အရောင်အဝါများဖြင့် ပြောလိုက်၏။ သူမက ထပ်မံ၍ ရှင်းမပြတော့သော်လည်း အဓိပ္ပာယ်မှာ ထင်ရှားပြီးသားပင်။ အကြောင်းကား ဤဆေးလုံးကို 'အာရုဏ်ဦး နေမီးတောက် ဆေးလုံး' အား အစွဲပြု၍ 'အာရုဏ်ဦး နေကြယ် လောက ဆေးလုံး' ဟု အမည်ပေးထားခြင်းကြောင့်ဖြစ်သည်။ ၎င်းမှာ 'နယ်မြေမျိုးစေ့' များကို ပျိုးထောင်ပေးရုံသာမက 'လျှို့ဝှက်နယ်မြေ' တစ်ခု၏ အခြေခံအုတ်မြစ် အဖြစ်ပင် လုပ်ဆောင်ပေးနိုင်စွမ်း ရှိပေသည်။

ထို့ကြောင့်ပင်... ဤဆေးလုံး၏ တန်ဖိုးမှာ သာမန် 'လျှို့ဝှက်လောက' အဆင့်၊ အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များထက်ပင် သာလွန်နေတော့သည်။ ထို့အပြင်... ၎င်းမှာ အဆင့်နိမ့် အဆင့်မျှသာ ရှိသဖြင့် အသုံးပြုထားသည့် ဆေးဖက်ဝင်ပစ္စည်းများမှာလည်း အလွန်အမင်း ဈေးမကြီးလှချေ။ သို့သော်လည်း... ၎င်းအား ဖော်စပ်ရသည့် နည်းလမ်းမျာမူ အလွန်ပင် ခက်ခဲနက်နဲလှသည်။ ထို့ကြောင့်ပင်... ဤဆေးလုံးတစ်လုံး၏ တန်ဖိုးကို သာမန်စံနှုန်းများဖြင့် တန်ဖိုးဖြတ်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

"ဒါကို ကြယ်တာရာ အမြုတေ အဆင့်တွေ သုံးလို့ ရတယ်...”

ဝေ့ဝူယင်မှာ စိတ်လှုပ်ရှာစွာဖြင့် စကားဝိုင်း အတွင်း ပါဝင်လာ၏။ ဤဆေးလုံးကို သူ အစမှအဆုံး ကိုယ်တိုင် စိတ်ကူးပုံဖော်၍ ဖော်စပ်ခဲ့သော်လည်း ၎င်း၏ ထူးခြားဆန်းပြားမှုကို မြင်ရသောအခါ ကိုယ်တိုင်ပင် အနည်းငယ် တုန်လှုပ်မိသွားသည်။

အိပ်မက်တစ်ခုနှယ်ပင်။

သူ၏ အသိပညာဗဟုသုတအားလုံးနှင့် ကျွမ်းကျင်မှုအားလုံးကို ဤထုတ်ကုန်တစ်ခုတည်းတွင် စုစည်းထားခြင်းဖြစ်သည်။ ဤသည်မှာ သူ၏ ဘဝကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည့် လက်ရာမွန် တစ်ခုအဖြစ် သတ်မှတ်ရန် လုံလောက်သော်လည်း... တစ်ခု သတိထားရမည့် အချက်က ဝေ့ဝူယင်မှာ အသက်တစ်ရာပင် မပြည့်သေးသည့် လူငယ်တစ်ဦးသာ ဖြစ်နေသေးခြင်း ဖြစ်သည်။

မည်သို့ပင် ဆိုစေ... ဤသည်မှာ လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက် အဖြစ် အဂ္ဂိရတ်တာအို စင်မြင့်ပေါ်သို့ တက်လှမ်းရန် အကောင်းဆုံးသော ဆေးလုံးပင် ဖြစ်သည်။ ထို့ပြင် အဂ္ဂိရတ်တာအို၏ အသိအမှတ်ပြုမှုကို ရယူရန်လည်း လုံလောက်လှပေသည်။

"ငါဖော်စပ်မယ့် ထုတ်ကုန် သုံးမျိုးထဲက ဒါက တစ်မျိုးပဲ ရှိသေးတယ်"

ဝေ့ဝူယင်က ဆိုကာ သူ၏ ရှန့်ထိုလက်စွပ်အတွင်းမှ လိပ်စာရွက် နှစ်ခုကို ထုတ်ယူလိုက်၏။ ထိုလိပ်စာရွက်များထံမှ အဂ္ဂိရတ် အော်ရာနှင့် ဉာဏ်အလင်း အော်ရာတို့မှာ သဘာဝအလျောက် ရောယှက်ကာ ထွက်ပေါ်နေသည်။ ၎င်းတို့ထဲတွင် အထွတ်အထိပ် အဆင့် လျှို့ဝှက်မြေကြီး အဆင့် ထုတ်ကုန်များ ဖြစ်သည့် ဆေးရည်တစ်မျိုးနှင့် ဆေးနှစ် တစ်မျိုး ပါဝင်နေသည်။

ပိုင်ရှု၏ မျက်ဝန်းများမှာ တောက်ပလာ၏။ သူမ၏ ဝတ်စုံစလေးများမှာ လေမတိုက်ဘဲ လှုပ်ရှားသွားပြီး လိပ်စာရွက်များအနီးသို့ တိုးကပ်သွားသည်။

"ဒါတွေက အာရုဏ်ဦး တာအိုနှစ်သွယ် ဆေးရည် နဲ့ အာရုဏ်ဦး သွေးဟောက်သံ ဆေးအနှစ် တွေလား"

ကောင်းကင်စစ်ဝိညာဉ်က မေးလိုက်သည်။

ဝေ့ဝူယင်က ခေါင်းညိတ်၍ အတည်ပြုလိုက်၏။

"ပထမတစ်ခုက ကြယ်တာရာ ခန္ဓာနဲ့ လျှို့ဝှက်ခန္ဓာ နှစ်ခုလုံးကို ပြုစုပျိုးထောင်ပေးဖို့ ဒီဇိုင်းထုတ်ထားတဲ့ ခန္ဓာကိုယ် အဆင့်မြှင့် ဆေးရည်ပဲ... ဒုတိယတစ်ခုကတော့ ငါ့ရဲ့ အစစ်အမှန် ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်ကို အခြေခံအဆင့်ကနေ တိုးတက်စေမယ့် အာနိသင်ရှိတယ်... လုံလောက်တဲ့ ပမာဏသာ ရှိမယ်ဆိုရင် ငါ့ရဲ့သွေးမျိုးဆက်ကို လျှို့ဝှက် ဒဏ္ဍာရီ အမှတ်အသားရဲ့ ကနဦးအဆင့်ကနေ ပထမအဆင့်နဲ့ အထက်ကို မြှင့်တင်နိုင်လိမ့်မယ်... ငါ့ရဲ့ ရည်ရွယ်ချက်က ဒီဆေးသုံးမျိုးလုံးကို သုံးပြီး ကြယ်တာရာ အမြုတေ အဆင့်ရဲ့ အထွတ်အထိပ်ကို တက်လှမ်းဖို့ ဆိုပါတော့”

အစစ်အမှန် ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်ကို အဆင့် ၃ မျိုးနှင့် အဆင့်ခွဲ ၇ ဆင့် ခွဲခြားထားသည်။ အဆင့် (၃) မျိုးမှာ သေမျိုး ဒဏ္ဍာရီ၊ လျှို့ဝှက် ဒဏ္ဍာရီ နှင့် တန်ခိုးရှင် ဒဏ္ဍာရီ တို့ဖြစ်သည်။ ၎င်းတို့သည် သူ၏ သွေးမျိုးဆက် သန့်စင်မှုနှင့် အရည်အသွေးအပေါ် မူတည်သည်။ အဆင့်များမှာမူ 'ဟင်းလင်းပြင် ကျောက်ဆူး'၊ 'အဆုံးမဲ့ ဟင်းလင်းပြင် အတောင်ပံ'၊ 'ဟင်းလင်းပြင် ပုံရိပ်'၊ 'နဂါးအသက်ရှူသံ - ဟင်းလင်းပြင် မီးလျှံ' နှင့် 'ဟင်းလင်းပြင် ပုံဆောင်ခဲ ဖြစ်တည်ခြင်း' ကဲ့သို့သော သွေးမျိုးဆက် စွမ်းရည်များကို နိုးထစေခြင်းနှင့် ဆက်စပ်နေသည်။

ဝေ့ဝူယင်သည် 'လျှို့ဝှက် ဒဏ္ဍာရီ' အဆင့်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ရောက်ရှိခဲ့သော်လည်း အခြေခံကိုမူ လုံးဝ ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ချေ။ တစ်နည်းဆိုရသော် သူသည် 'လျှို့ဝှက် ဒဏ္ဍာရီ' အဆင့်ရှိ 'အစစ်အမှန် ဟင်းလင်းပြင် နဂါး' တစ်ကောင်၏ စွမ်းအားကို အပြည့်အဝ မရှာဖွေနိုင်သေးဘဲ အပေါ်ယံမျှသာ ထိတွေ့နိုင်သေးသည်။

သို့သော်လည်း... ဤအဂ္ဂိရတ် ထုတ်ကုန် သုံးမျိုး၏ အကူအညီနှင့် ဆိုလျှင် ဝေ့ဝူယင်သည် သူ၏ ကြယ်တာရာ ပါရဂွန် ခန္ဓာ၊ ကြယ်တာရာ အမြုတေနှင့် သွေးမျိုးဆက်တို့ကို လက်ရှိ ရောက်ရှိနေသည့် အဆင့်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိစေရန် ယုံကြည်မှု အပြည့်အဝ ရှိနေသည်။ နှစ်ပေါင်းများစွာ လေ့လာဆည်းပူးမှုနှင့် ဗဟုသုတများကို စနစ်တကျ စုစည်းပြီးနောက် သူသည် အထွတ်အထိပ်သို့ ရောက်မည့် လမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။

"စကြမယ်..."

ဝေ့ဝူယင်က 'အာရုဏ်ဦး လေပွေဇုံ' ၏ တည်ငြိမ်မှုကို တစ်ချက် စစ်ဆေးလိုက်သည်။ ၎င်းမှာ လျှို့ဝှက်မြေကြီး အဆင့် အမျိုးအစားဖြစ်ပြီး အချိန်စီးဆင်းမှုကို ပုံမှန်ထက် များစွာ မြန်ဆန်စေကာ ထူးခြားသော အာနိသင်များစွာကို ပေးစွမ်းနိုင်သည်။ ဤဇုံအတွင်းရှိ တစ်ရက်မှာ ပြင်ပကမ္ဘာ၏ နှစ်လနှင့် ညီမျှလေသည်။

ယနေ့တွင် ဝေ့ဝူယင်၏ အသက်မှာ ကိုးဆယ့်ရှစ်နှစ် ရှိပြီဖြစ်သည်။

[ညာဘက်လက်မောင်း]

ကမ္မတန်ဖိုး - ၂၁၂,၅၃၀.၅...

ပထမကပ်ဘေး - ကျော်လွန်ခြင်း (၇/၇)

ဒုတိယကပ်ဘေး - အောင်မြင်ခြင်း (၁/၁)

တတိယကပ်ဘေး - အောင်မြင်ခြင်း (၃/၃)

စတုတ္ထကပ်ဘေး - တားဆီးခြင်း (၁၈ နှစ်)

[ဘယ်ဘက်လက်မောင်း]

ကမ္မ တန်ဖိုး - ချိတ်ပိတ်ထားဆဲ၊ သွေးမျိုးဆက်ကို ရှာဖွေနေဆဲ

ပထမကပ်ဘေး - ...

သူ့တွင် ၁၈ နှစ် ကျန်ရှိသေးသည်။ ဝေ့ဝူယင်သည် ထိုအချိန်များထဲမှ ၁၇ နှစ်ခန့်ကို အသုံးပြုရန် ရည်ရွယ်ထားပေသည်။

***

All Chapters