← Chapters

တန်ဖိုးကြီးရတနာအား ခိုးယူခြင်း နှင့် ရှေ့ဆက်စရာလမ်းမရှိတော့ခြင်း ၂

Vol. 31 Ch. 303

တန်ဖိုးကြီးရတနာအား ခိုးယူခြင်း နှင့် ရှေ့ဆက်စရာလမ်းမရှိတော့ခြင်း ၂

Vol. 31 Ch. 303

"သေလိုက်တော့"

ယိုဝေ နတ်ဆိုးဧကရာဇ်သည် ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး သူ့ကိုအာရုံမစိုက်တော့ဘဲ ဂူရှိရာသို့ အမြန်ပျံသန်းသွား၏။

သူ၏အမြီးဟာဆက်နွယ်မှုပြတ်လုနီးပါး ဖြစ်နေပြီ၊ ယခုမှ တစ်ခုခုမှားယွင်းနေမှန်း ခံစားလိုက်ရ၏။

မည်သူက သူတို့၏အငွေ့အသက်ကို ဖုံးကွယ်ပြီး လှည့်စားနေကြောင်း သူ စဉ်းစားနေမိပေ၏။

"မင်း ထွက်ပြေးဖို့ ကြိုးစားနေတာလား"

ယွီချောင်အန်းက သူ၏ အသက်ရှူနှုန်းကို အနည်းငယ်ပြန်ညှိလိုက်ပြီး ဆက်လက် လိုက်ဖမ်းလိုက်လေ၏။

တစ်ခုခု မှားယွင်းနေကြောင်း သူလည်းသတိထားမိလိုက်လေသည်။

သို့သော် ကိစ္စမရှိပေ။ မည်သို့ပင်ဖြစ်စေ သူက နတ်ဆိုးအိုကြီးအား ဒုက္ခပေးဖို့ရောက်လာသည်မဟုတ်လော။ တစ်ဖက်လူ ပိုပြီး စိတ်တိုလေလေ၊သူက ပိုပြီး စိတ်လှုပ်ရှားလေလေပင်။

သူ့လက်နှစ်ဖက်ကို ရိုက်လိုက်လေ၏။

သိုလှောင်ရတနာထဲမှ အနီရောင်ကန့်လန့်ကာနှစ်ခု ထွက်ပေါ်လာပြီးတောက်ပြောင်သော အနီရောင် ပိုးသားကဲ့သို့ လေထဲတွင် လွင့်ပျံကာ နတ်ဆိုးဧကရာဇ်ကို တိုက်ရိုက် ရစ်ပတ်လိုက်ပေသည်။

"ဒီသခင်ကြီး ပျော်လို့ မဝသေးဘူးကွ"

"ငါ့လမ်းက ဖယ်စမ်း"

ယိုဝေ နတ်ဆိုးဧကရာဇ်သည် ဒေါသတကြီး ရုန်းကန်ရင်း တောင်တန်းများဆီသို့ ရှည်လျားသော အော်ဟစ်သံတစ်ချက် ပေးပို့လိုက်ရာ လေပြင်းများတိုက်ခတ်လာပြီး တောင်ထွတ်များ တုန်ခါသွားလေသည်။

ရုတ်တရက်ဝိညာဉ်အလင်းများ လက်ခနဲ ဖြစ်ပေါ်လာပြီး အကာအကွယ်အစီအရင်မြောက်မြားစွာတစ်ပြိုင်နက် အသက်ဝင်လာသော်လည်း နဂါးမြွေကြီး၏ဟိန်းဟောက်သံကြားတွင် လျင်မြန်စွာ ပျက်စီးသွားသည်။

စွေ့သစ်သီးအား စုဆောင်းပြီးခါစဖြစ်သော အားချင်းသည် သွေးတစ်လုတ် အန်ထုတ်လိုက်လေ၏။

သူမ၏ ခန္ဓာကိုယ် နောက်သို့ လွင့်ထွက်သွားပြီး နားနှင့် နှာခေါင်းတို့မှ သွေးများစီးကျလာသည်။

"..."

ရှန်းယီ ရင်ဘတ်ထဲတွင်လေးလံမှုကို ခံစားလိုက်ရပေသည်။ တုန်ခါနေသော သူ့၏နတ်ဝိညာဉ်ကို အတင်းအကျပ် တည်ငြိမ်အောင် လုပ်ပြီး မသိစိတ်ဖြင့် အားချင်းကို လှမ်းဖမ်းလိုက်၏။

သို့သော် သူ့အကြည့်ကတော့ ရှေ့ရှိ ရေကန်နက်ကြီးပေါ်တွင် စူးစိုက်ထားဆဲပင်။ သူသည် ညာလက်ဖြင့် နဂါးငါးကြီးကို တင်းကျပ်စွာဆုပ်ကိုင်ထားရာအရည်ပျော်နေသော အသီးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး သူ့လက်ဖဝါးထဲသို့ ကျရောက်လာသည်။

တစ်ဖက်တွင်ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် လက်တစ်ဖက်ဖြင့် လှံတံကို ဆုပ်ကိုင်ထားပြီး ကျန်ရှိနေသောစုတ်ပြတ်နေသည့် လက်မောင်းတစ်ဖက်ဖြင့် သိန်းငှက်ဖြူကို အသည်းအသန် ဖမ်းဆုပ်ထားပေ၏။ တောက်ပသော ရွှေရောင်ခန္ဓာကိုယ်သည် မိုးကြိုးလျှပ်စီးများဖြင့် ဖုံးလွှမ်းနေသဖြင့် လှုပ်ရှားမှုတိုင်းသည် အလွန်ခက်ခဲနေသည်။

နောက်ဆုံးတွင် သိန်းငှက်ဖြူသည် ချွန်ထက်သော အစွန်းများပါသည့် အဖိုးတန်ကျောက်စိမ်းတုံးအဖြစ် ပြောင်းလဲသွားသည်။

"သွားစို့"

ရှန်းယီက အားချင်းကို ရွှေရောင်ခန္ဓာကိုယ်ပေါ်သို့ ပစ်တင်လိုက်၏။ မည်သည့် အငွေ့အသက်ကိုမှ ဖုံးကွယ်ဖို့ကြိုးစားမနေဘဲ ကြက်သွေးရောင် တာအိုဝိညာဉ်သည် လွှမ်းမိုးနိုင်သောနတ်ဆိုးအငွေ့အသက်များကို ထုတ်လွှတ်ကာ နောက်ပြန်လှည့်မကြည့်ဘဲ ပြေးထွက်လိုက်သည်။

အစောပိုင်းက ကြားလိုက်ရ‌သော ရှည်လျားသည့် အော်ဟစ်သံနှင့် အနောက်ဘက်မှ လိုက်လာသော အငွေ့အသက်များကိုပေါင်းစပ်လိုက်တဲ့အခါ အစစ်မှန်အန္တရာယ်ကို သူ သတိပြုမိလိုက်၏။ ဒေါင်း၏အနီအလင်းပင် သူ့အား မကယ်တင်နိုင်‌သော အခြေအနေမျိုးပင်။

"ဒီ ဧကရာဇ်အတွက် အဲဒါကို ထားခဲ့စမ်း"

ယိုဝေ နတ်ဆိုးဧကရာဇ်သည် ခေါင်းပြတ်နေသော ယင်ကောင်တစ်ကောင်ကဲ့သို့ အနီရောင်စခန်းထဲတွင်ရိုင်းစိုင်းစွာ တိုးဝင်တိုက်ခိုက်နေရင်း ယိုဝေလှံတံ၏ အငွေ့အသက် ဝေးကွာသွားသည်ကို ခံစားလိုက်ရလေ၏။ သူသည် အနီရောင်အထည်စကို ဆွဲယူလိုက်ပြီး ယွီချောင်အန်း အံ့သြသွားအောင် ထိုအနီရောင်ပိုးသား အဖိုးတန်လက်နက်ကို ထက်ခြမ်းကွဲအောင် ဆွဲဆုတ်ပစ်လိုက်သည်။

ဗြိ

ယွီချောင်အန်းသည် သူ့၏အနီရောင် ပိုးသားအတွက် နှမြောတသဖြစ်သွားသည်။

ဒီနတ်ဆိုးကောင်တွေ ဘာစားပြီး ကြီးပြင်းလာတာလဲ။အဖိုးတန်လက်နက်တစ်ခုကို လက်ဗလာသက်သက်နဲ့ ဆုတ်ဖြဲနိုင်လောက်အောင် စွမ်းအားကြီးတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲ။

"ဘာလဲဟ... သူတို့ တကယ်ကြီး ယိုဝေလှံတံကို ခိုးသွားတာလား"

ထိုအတွေးဖြင့် သူအလျင်အမြန်အကွာအဝေးတစ်ခုခြားလိုက်ပြီး အဝေးမှ တောက်ပနေသော ရွှေရောင်ခန္ဓာကိုယ်အား လှည့်ကြည့်လိုက်လေ၏။ ဘေးနားတွင် အမည်းရောင်ဝတ်ရုံဖြင့် လူငယ်လေးကိုလည်း သတိထားမိလိုက်ပေသည်။

ဟမ်၊ ဒါ ဝူထုံတောင်နဲ့ ဘာမှမဆိုင်ဘူးပဲ။

ဒီကိစ္စထဲကို ဝင်ပါရဲတဲ့ကောင်ကတော့ ဒီနတ်ဆိုးသားရဲအိုကြီးနဲ့ အသက်လုတိုက်ပွဲ ဆင်နွှဲရတော့မှာပဲ။

နေဦး...

ထူးဆန်းတဲ့ အမူအရာတစ်ခု ယွီချောင်အန်းမျက်နှာပေါ် ရုတ်တရက် ပေါ်လာပေ၏။

ယခု နတ်ဆိုးသားရဲအိုကြီး၏နတ်လှံတံ ပျောက်သွားပြီဖြစ်ပြီး ထိုကိုလိုက်ဖမ်းရန် သူက အသည်းအသန် ဖြစ်နေလေသည်။

ဒါဆိုရင် ငါ့သဘောအတိုင်းတိုက်ချင်တိုက်၊ ထွက်ပြေးချင်ပြေး လွတ်လပ်သွားပြီမဟုတ်လား။

ဒီနေ့တော့ ၁၆ ခုမြောက် ဂူက နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ဖို့ အခွင့်အရေးရတဲ့နေ့များ ဖြစ်နေမလား။

"ရွှံ့ငါးရှဉ့်လေး... ဒီသခင်ကြီးနဲ့ သိုင်းကွက်အနည်းငယ်လောက် ထပ်ဖလှယ်ကြတာပေါ့"

သူက အားရပါးရ ရယ်မောလိုက်ပြီး ညာလက်ဖြင့် မန္တန်ကိုလျင်မြန်စွာ ရွတ်ဆိုလိုက်ရာ တောင်တန်းများသည် ကြီးမားသော အတားအဆီးတစ်ခုအဖြစ် ချက်ချင်း စုစည်းသွားလေ၏။

ယိုဝေ နတ်ဆိုးဧကရာဇ် လွတ်မြောက်လာသည်နှင့် တောင်တန်းများဖြင့် ဝန်းရံပိတ်ဆို့ခြင်း ခံလိုက်ရပြန်သည်။

သူ ဖောက်ထွက်ရန် ကြိုးစားသည့် ဘက်တိုင်းတွင် တောင်တန်းများ ရုတ်တရက် မြင့်တက်လာပြီး သူ့ကို ပြင်းထန်စွာပြန်လည် ရိုက်ထုတ်လိုက်၏။

သူသည်လေထဲတွင် အသည်းအသန် ပြေးလွှားနေရင်း နောက်ဘက်မှ ကြီးမားသော ကျောက်တောင်ထွတ်တစ်ခု ပြိုကျလာသည့်အတွက် အော်ဟစ်ခြင်းမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

"မင်းတို့ရဲ့ဧကရာဇ် အမိန့်အတိုင်း သူတို့ကို တားဆီးကြ အညှာအတာမရှိ သတ်ဖြတ်ကြ"

အင်အားကြီးမားသော နဂါးဟိန်းသံသည် နတ်ဆိုးတစ်ထောင်လိုဏ်ဂူ တစ်ခုလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားပေ၏။

ထို့နောက် ယိုဝေ နတ်ဆိုးဧကရာဇ်သည် ရက်စက်စွာပြန်လှည့်ကြည့်ပြီး ကျောက်တောင်ထွတ်ကို တစ်စစီ ကြေမွအောင် ဖျက်ဆီးပစ်လိုက်သည်။

ဝူထုံတောင်က ကောင်စုတ် မည်ကဲ့သို့တွေးနေကြောင်း သူကောင်းကောင်းသိသည်။ ယခု သူသည်ဒေါသကို ထိန်းချုပ်လိုက်ပြီး အက်ကွဲသောအသံဖြင့် ပြောလိုက်ပေ၏။

"မင်း ကစားချင်တယ်ပေါ့လေ... ဟုတ်လား။ ဒီ ဧကရာဇ်က အဖော်ပြုပေးရတာပေါ့"

...

ကောင်းကင်ယံမှ နဂါးဟိန်းသံသည် ကြီးမားသော ခေါင်းလောင်းထိုးသံကဲ့သို့ အဆုံးမရှိ ပဲ့တင်ထပ်နေသည်။

အမွေးဖြူနတ်ဆိုးဧကရာဇ်၏ မမြင်ရသော နတ်ဆိုးဝိညာဉ်သည် ပြိုကွဲလုနီးပါး ဖြစ်၏။

ရှန်းယီ ခံစားချက်မဲ့စွာဖြင့် ရှေ့သို့ တိုးသွားလေ၏။

ရွှေရောင်ခန္ဓာကိုယ်သည် လှံတံနှင့် မိုးကြိုးကျောက်စိမ်းကိုသူ့ထံ ပေးအပ်ပြီးနောက် အရှိန်လျှော့ကာ ကြားဖြတ်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

"သူမကို ခေါ်သွားလိုက်"

ရှန်းယီက လှည့်မကြည့်ဘဲ စိတ်ထဲမှ အမိန့်ပေးလိုက်ပေသည်။

"ဒါပေမဲ့ သခင်ကြီးရဲ့ဘေးကင်းရေးက ပိုအရေးကြီးပါတယ်"

ချင်းဟွာသည် သူမလက်ထဲမှ မိန်းကလေးကို ကြည့်လိုက်သော်လည်းရှန်းယီနောက်မှ လှည့်ထွက်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။ ဝိညာဉ်ကျွန်တစ်ဦးအနေဖြင့် သူမသည် သူ့အမိန့်ကို ဖီဆန်နိုင်စွမ်း မရှိချေ။

"ငါ သူမကို လိုအပ်တယ်"

ရှန်းယီ သူ့လက်ဖဝါးထဲရှိ လှံတံ၏အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရပေသည်။

သူ မိုက်မဲသူ မဟုတ်ပေ။ ဤပစ္စည်းကို ယူလိုက်လျှင် မည်သည့်အရာများဆက်ဖြစ်မှာကို သူ ကောင်းကောင်း သိသည်။

သို့သော်လည်း လှံတံကို မယူခဲ့လျှင်ပင် အစောပိုင်းက ခဏတာထိတွေ့လိုက်ရုံဖြင့် ယိုဝေ နတ်ဆိုးဧကရာဇ်၏အငွေ့အသက်တွေ ကျန်ရစ်ခဲ့လေပြီ။

ရန်ငြိုးပြေပျောက်ရန်တွက် ထိုဝိညာဉ်အမြစ်နှစ်ခုကို လွှင့်ပစ်လိုက်ဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထိုသို့လုပ်လျှင် သူ ဤနေရာသို့ အဘယ်ကြောင့် လာနေဦးမည်နည်း။

နတ်ဆိုးဧကရာဇ်၏လိုက်လံဖမ်းဆီးမှုကို ရှောင်တိမ်ရန်မှာ မဖြစ်နိုင်သလောက်ခက်ခဲသော အလုပ်တစ်ခုပင်။

အကယ်၍ ပြောင်းလဲနိုင်သော အခြေအနေ တစ်ခုခုကျန်ရှိနေသေးပါက ထိုအရာမှာ ရွှီမိသားစုပဲ ဖြစ်လိမ့်မည်။

ထိုအစီအရင်ဆရာသခင်များ ထိန်းချုပ်ထားနေရာမှာ ရွှမ်ကွမ်းဂူပင် ရှာမတွေ့နိုင်သော ပုန်းခိုရာနေရာတစ်ဖြစ်လေ၏။ နတ်ဆိုးတစ်ကောင်အနေဖြင့် ပို၍ပင် မဖြစ်နိုင်တော့ပေ။

"..."

ချင်းဟွာသည် သူမလက်ဖဝါးထဲမှ မိန်းကလေးငယ်ကို ဂရုမစိုက်သလို ကြည့်လိုက်၏။

နဂါးဟိန်းသံကြောင့် မိန်းကလေးငယ်၏ ခန္ဓာကိုယ်သည် ကြေမွလုနီးပါး ဖြစ်သွားကြောင်း သူမ မြင်နိုင်သည်။

ယခုလိုပြင်းထန်သည့် ဒဏ်ရာမျိုးက အိမ်ပြန်ပို့ပေးရန်လိုအပ်သည်မှာ ငြင်း၍မရသောအမှန်တရားပင်။

ထိုအတူ သခင်ကြီးကလည်း ရွှီမိသားစု၏အခြားအမျိုးသမီးကို ကြိုတင်လွှတ်ပေးခဲ့ပြီး ရွှီဝမ်ယွင်၏လုံခြုံရေးကို အာမခံပေးထားပြီးလေပြီ။ အဒေါ်တစ်ယောက်အနေဖြင့် သူမ၏တူမလေး ဒုက္ခရောက်နေသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

ရွှီမိသားစုထဲသို့ ဝင်ရောက်ရန်မှာ အလွန်ခက်ခဲခြင်းမရှိပေ။

သခင်ကြီးမှာ နတ်ဆိုးတစ်ထောင်ဂူအား ဆက်လက်စူးစမ်းရန် မဆုံးဖြတ်ခင်ကတည်းက ထွက်ပြေးမည့်လမ်းကြောင်းကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်နေ၏။

ထိုအတွေးဖြင့် ချင်းဟွာသည် အားချင်းကို ညင်သာစွာ ကာကွယ်ပေးလိုက်၏။

"ရှေ့ကနေ သွားကြည့်ပေး"

ထို့နောက် ရှန်းယီက အမွေးဖြူဘက်သို့ အကြည့်လွှဲလိုက်၏။

"တကယ်လို့ မယှဉ်နိုင်တဲ့ ရန်သူနဲ့ တွေ့ရင် ငါ့ကို ချက်ချင်း အသိပေး"

ယိုဝေ နတ်ဆိုးဧကရာဇ်၏အမိန့်သည် နေရာအနှံ့သို့ ပျံ့နှံ့သွားပြီဖြစ်ပေသည်။

တစ်ဖက်လူက နောက်ထပ်နတ်ဆိုးများ မည်မျှထိ ဆင့်ခေါ်နိုင်မည်ဆိုတာမသေချာပေမဲ့ ကြိုတင်ပြင်ဆင်ထားခြင်းက မမှားယွင်းနိုင်ပေ။

"အမွေးဖြူ အမိန့်အတိုင်း နာခံပါ့မယ်"

အမွေးဖြူနတ်ဆိုးဧကရာဇ်သည် ရှန်းယီအတွက် လမ်းပြရန် ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားလေ၏။

ထိုအချိန်၌ဘေးဘက်မှ ပုံရိပ်နှစ်ခု ရုတ်တရက် ခုန်ထွက်လာသည်။

နတ်ဆိုးများသည် စကားအပို မပြောသလို ရွှေရောင်ခန္ဓာကိုယ်ကိုလည်း လှည့်မကြည့်ကြပေ။

သူတို့၏ ပစ်မှတ်မှာ အလွန် ရှင်းလင်းလေ၏။

ဟွမ်ယွမ်အဆင့်ရှိ ရှန်းယီနှင့် သူ့လက်ထဲမှ လှံတံပင်။

ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ခြေထောက်ဖြင့် ရိုက်ချလိုက်၏။

ကျားသစ်နှင့်တူသော သတ္တဝါသည် ရွှေရောင်ခန္ဓာကိုယ်၏အမြန်နှုန်းကို လုံးဝ အသင့်မပြင်ထားသဖြင့် ကြောက်ရွံ့ထိတ်လန့်သွားသည်။

ဝမ်းဗိုက်ကို မတော်တဆထိမှန်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်ရင်း တစ်စစီ ဖြစ်သွားတော့သည်။

သတ္တဝါမသေဆုံးသေးသည်ကို မြင်သောအခါ...

ရွှေရောင်ခန္ဓာကိုယ်သည် ဘေးသို့ စောင်းငဲ့ကြည့်လိုက်သည်။

သူ့၏တိုက်ခိုက်မှု တစ်ချက်ကို ခုခံနိုင်ရန်အတွက် အနည်းဆုံးတော့ အထွတ်အထိပ်အဆင့်ရှိသော မဟာနတ်ဆိုးဘုရင် ဖြစ်ရပေမည်။

တုံ့ဆိုင်းမနေဘဲ သူသည် လက်ကို ဆန့်ထုတ်ကာ လက်မောင်းပေါ်ရှိ ရွှေနဂါးကိုလွှတ်ပေးလိုက်၏။

ရွှေနဂါးသည် လက်သည်းများကို ထုတ်ဖော်ကာ သွားများတဖျပ်ဖျပ် လက်လျက် ရက်စက်စွာ ခုန်အုပ်လိုက်သည်။

ပြင်းထန်သောတုန်ခါမှုကြောင့် မူးဝေနေသော အားချင်းသည် ရွှေရောင်တောက်ပနေသော လက်ချောင်းများကြားမှ မျက်လုံးကို ဖွင့်ကြည့်လိုက်၏။ သွေးများ ဖုံးလွှမ်းနေသော မှုန်ဝါးဝါး မြင်ကွင်းထဲတွင် အဝေးမှချောမောသော လူငယ်လေး၏အေးစက်သော ဘေးတိုက်မျက်နှာကို သူမ မြင်လိုက်ရသည်။

ကုလားအုတ်နှင့် သမင်ကို ပေါင်းစပ်ထားသော ခေါင်းပုံစံရှိသည့် နတ်ဆိုးသည် ရှန်းယီထံသို့ ရှည်လျားသော ဦးချိုများဖြင့် ရက်စက်စွာ တိုးဝင်တိုက်ခိုက်သည်ကို သူမ မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် လှံတံကို လုယူရန် လက်ဝါးနှစ်ဖက်လုံးကို ပြင်ဆင်ထားပြီး ဖြစ်သည်။

ရှန်းယီက ၎င်းကို ဒုတိယအကြိမ် ပြန်မကြည့်ပေ။ သူ့မျက်လုံးများထဲမှ အနီရောင်မြူခိုးများသည် ခရမ်းရွှေရောင်သို့ ပြောင်းလဲသွားပြီး ပြင်းထန်သော မီးတောက်များ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

လက်မောင်းတစ်ဝိုက် ရစ်ပတ်တက်လာပြီးနောက် သူ့လက်ချောင်းများဖြင့် ပြင်းထန်စွာ ဖိချလိုက်ပေ၏။

မာကျောသောဦးချိုများသည် တို့ဟူးတုံးကဲ့သို့ သူ့လက်ချောင်းများအောက်တွင် ကြေမွသွား၏။

ချက်ချင်းဆိုသလို ပြတ်ပြတ်သားသား ချေမှုန်းပစ်လိုက်သည်။

ဦးချိုများသာမက နတ်ဆိုး၏ကြီးမားသော ခေါင်းကြီးကိုပါ သူ့၏ဖြူဖျော့ဖျော့ လက်ချောင်းများက ဖောက်ထွင်းလိုက်ပြီး ခေါင်းခွံအတွင်း၌ ခရမ်းရွှေရောင် မီးတောက်များ ပေါက်ကွဲသွားသည်။

သွေးများ ပန်းထွက်လာချိန်တွင် ရှန်းယီသည် အလောင်းကို သိမ်းဆည်းပြီးဖြစ်ကာ ပေဒါဇင်ပေါင်းများစွာ အကွာတွင် ပြန်လည် ပေါ်လာလေ၏။

"အစ်ကိုကြီးရှန်း... ကျွန်မ... "

အားချင်းသည် ခန္ဓာကိုယ်ကွဲထွက်လုမတတ် နာကျင်မှုကို ခံစားလိုက်ရပြီးထိတ်လန့်မှုကို ဖုံးကွယ်ရန် ကြိုးစားရင်း အမောတကော အသက်ရှူနေရသည်။

ရှန်းယီ လှည့်ကြည့်လိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြောလေစ။

"ခဏလောက် အိပ်လိုက်ပါ၊ မကြာခင် သက်သာသွားမှာပါ"

ဤကမ္ဘာသို့ ရောက်လာကတည်းက မည်သို့ပင်ဖြစ်စေ အန္တရာယ်လျှော့ချနိုင်ရန်ပိုကောင်းသော နည်းလမ်းရှိစမြဲဟု သူအမြဲယုံကြည်ခဲ့၏။

ယခုအချိန်ထိ သူတွေ့ရှိသည့်အရာအားလုံးက သူ့အား စဉ်းစားဖို့နှင့် ပြင်ဆင်ဖို့ အချိန်ပေးမည် မဟုတ်ကြောင်းသေချာနေ၏။ လုံးဝ စိတ်ချရသော အခြေအနေမှာ အလွန်ရှားပါးလေ၏။

အစောပိုင်းက ရုတ်တရက်ထွက်ပေါ်လာသော အင်အားကြီးကျင့်ကြံသူသာ မရှိခဲ့လျှင်၊သူကိုယ်တိုင် ယခုလောက်ဆို အလောင်းကောင် ဖြစ်နေလောက်လေပြီဖြစ်၏။

ကံတရားကလည်း အလွန်အရေးကြီးပေသည်။

ယခု သူလုပ်ရမည့်အရာမှာ ဤခက်ခက်ခဲခဲရလာသောကံတရားကို အစွမ်းကုန်ဆုပ်ကိုင်ထားဖို့ပင်။

"သခင်ကြီးကို တင်ပြပါတယ်။ ရှေ့မှာ မဟာနတ်ဆိုးတစ်ကောင် ရှိနေပါတယ်" ဟု အမွေးဖြူနတ်ဆိုးဧကရာဇ်က စိတ်ချင်းဆက်သွယ်ပြီး အသိပေးလာလေ၏။

"ဘယ်လို ရှောင်ရမလဲ" ရှန်းယီ အသက်ပြင်းပြင်း ရှူလိုက်သည်။

"..."

အမွေးဖြူနတ်ဆိုးဧကရာဇ် ခဏ ရပ်တန့်သွား၏။

"ရှောင်လို့ မရပါဘူး။ သုံးဆယ့်ရှစ်ခုမြောက် ဂူက တစ္ဆေမျက်နှာချင်းလင်သိန်းငှက် ပါ။ ဧည့်ကြိုခန်းမမှာ တည့်တည့်ကြီးရှိနေတာပါ"

ထိုသတင်းကို ကြားလျှင် ရှန်းယီ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်လေ၏။

လေးဆယ်မြောက်ဂူဆိုသည်မှာ မနိမ့်သောအဆင့်တစ်ခုပင် ထိုအထက်မှာတော့ ဝိညာဉ်သာလွန်ထူးကဲအဆင့် အလယ်အလတ်အဆင့်ရှိသော အစစ်အမှန်သတ္တဝါကြီးများရှိကြလေ၏။

ဆိုလိုသည်မှာ ထိုအဆင့်တွင်ရှိသော နတ်ဆိုးဧကရာဇ်မှည သိုင်းဘုံကျောင်း ဘိုးဘေးနှင့် တူညီသော အဆင့်မှဖြစ်သည်ဟူ၏။

All Chapters