← Chapters

ကျင့်ကြံခြင်းအဆင့်ဖြင့် ဖိနှိပ်ခြင်း

Vol. 31 Ch. 305

ကျင့်ကြံခြင်းအဆင့်ဖြင့် ဖိနှိပ်ခြင်း

Vol. 31 Ch. 305

ချင်းလင် နတ်ဆိုးဧကရာဇ်သည် လှံထိပ်ဖျားကို ဆုပ်ကိုင်ပြီး အနည်းငယ်ချင်းစီအောက်သို့ ဖိချလိုက်၏။

ဤလှံမှာ ယိုဝေရေနဂါးအိုကြီး၏ရတနာပင်။

မိုးမြေ၏ဝိညာဉ်အမြစ်များဖြင့် အမြဲ အာဟာရဖြည့်တင်းပေးထားပြီး ညင်သာသောရေစီးကြောင်းများဖြင့် သန့်စင်ပေးထားသဖြင့် မိုးကြိုးနတ်ဘုရား၏စွမ်းအားများ ပြည့်ဝနေသည်။

နတ်ဆိုးဧကရာဇ်၏လက်ဖဝါးများ အပိုင်းပိုင်း အစစပေါက်ကွဲသွားပြီး ကျန်ရစ်သော လက်ချောင်းအရိုးများသည် မဲတူးသွား၏။

သို့သော်လည်း မည်သို့ပင်ဖြစ်စေပဲ ၎င်းဟာ နတ်ဘုရားအသွင်ပြောင်းအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်သော နတ်ဆိုးဧကရာဇ်တစ်ပါးဖြစ်နေဆဲပင်။

"ဝေါင်း"

ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ယိုဝေလှံတံသည်နောက်ဆုံးတွင် အောက်သို့ ဖိချခြင်း ခံလိုက်ရပြီး ခေါင်းပိုင်း အများစုလွတ်ထွက်သွား၏။

ရွှေခန္ဓာကိုယ်သည် လက်မောင်းနှစ်ဖက်လုံး ဆုံးရှုံးသွားပြီဖြစ်သော်လည်း အမြင့်မှ ခေါင်းနှင့်တိုးဝင်ကာပြင်းထန်စွာ ဖိချလိုက်၏။

ကြီးမားသောခြေလှမ်းသံကြီးမှာ မိုးချုန်းသကဲ့သို့ ကျရောက်လာသဖြင့် ချင်းလင် နတ်ဆိုးဧကရာဇ် ၏တစ်ကိုယ်လုံး ကွေးညွတ်သွားသည်။ သူ ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်ပြီး အပေါ်ရှိ ရွှေခန္ဓာဓမ္မကိုယ်ထည်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

"မင်း သေလမ်းရှာနေတာပဲ..."

စကားမဆုံးခင်မှာပင် ထန်ယွမ် သည် နောက်ထပ် ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။

သူက ချင်းဖုန်းတာအိုသခင်၏တပည့်ဖြစ်ပြီး ဝူထုံတောင်၏တန်ဖိုးကြီးကျင့်စဉ် သင်ယူထားသူ ဖြစ်ပေသည်။

သူဟာ စစ်မှန်သော ပါရမီရှင်တစ်ယောက်ဖြစ်လေ၏။

ပြင်းထန်သော မီးတောက်များသည် သံကြိုးများအသွင်ပြောင်းလဲကာ ကောင်းကင်မှဆင်းသက်လာပြီး ချင်းလင်နတ်ဆိုးဧကရာဇ်၏ ခြေလက်လေးဖက်လုံးကို လျင်မြန်စွာ ချည်နှောင်လိုက်သည်။

"ငါ့ကို ဆွဲဆုတ်ချင်တာလား။ဒီနေ့ ဒီထန်ယွမ်က မင်းလို ရွံစရာကောင်းတဲ့ သားရဲကောင်ကို အရင် ဆွဲဆုတ်ပြမယ်"

သူ၏ဒေါသတကြီး အော်ဟစ်သံနှင့်အတူ သံကြိုးလေးချောင်းသည် ချက်ချင်းတင်းကျပ်သွားပြီး ချင်းလင်နတ်ဆိုးဧကရာဇ်ကို ဝက်တစ်ကောင်ကဲ့သို့ ဆွဲဆန့်လိုက်၏။

ထန်ယွမ် လက်ကို ဝှေ့ယမ်းလိုက်ရာ တောက်ပသောဓားတစ်လက် သူ၏လက်ဖဝါးတွင် ပေါ်လာသည်။

ဓားရိုးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး ချင်းလင်နတ်ဆိုးဧကရာဇ်၏ မျက်နှာထံသို့ ရက်စက်စွာ ထိုးနှက်လိုက်၏။

ဓားသွားက ထိုတစ္ဆေမျက်နှာနှင့် ထိခါနီးအချိန်လေးတွင် ရုတ်တရက် ချင်းလင်နတ်ဆိုးဧကရာဇ်၏ မျက်နှာပေါ်တွင် သွေးရောင်များ လွှမ်းခြုံသွားပြီးမျက်လုံးထောင့်များမှ သွေးများပင် စီးကျလာသည်။

သူ့ဝတ်စုံမှဖွာလန်ကြဲနေသော အမွှေးများသည် မိုးပြာရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီးမျက်တောင်တစ်ခတ်အတွင်း အသစ်အတိုင်း ပြန်ဖြစ်သွား၏။ အမွှေးတစ်ခုချင်းစီသည် ဓားသွားကဲ့သို့ ထက်ရှနေပြီး အားလုံး ပေါက်ကွဲထွက်ပေါ်လာသည်။

ပထမဆုံး၎င်းဟာ ထန်ယွမ်၏လက်ထဲမှ လက်နက်ကို ချေမွပစ်လိုက်ပြီးနောက် ထူထပ်သောအမွှေး အများအပြားသည် သူ၏ခန္ဓာကိုယ်ကို တိုးဝင်ဖောက်ထွင်းသွားသည်။

ဖွတ် ဖွတ် ဖွတ်

ထန်ယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်နေသော အပေါက်များစွာ ချက်ချင်းပေါ်လာပြီး သွေးရည်များသည် ပူပြင်းသောစွမ်းအင်များထဲတွင် အငွေ့ပျံကာ အဖြူရောင်မြူခိုးများ ဖြစ်သွားကြ၏။

သူ ယိုင်နှဲ့သွားပြီး ဒူးထောက်ကျသွား၏။

အနီရောင်အလင်းတန်းခြောက်ခုသည် ဒဏ်ရာများမှ စီးကျလာပြီးမြေပြင်ပေါ်တွင် ကြာစေ့များအသွင်ပြန်လည် စုစည်းသွားကာ မှေးမှိန်သွားသည်။

ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်၏ ကံကြမ္မာသည်လည်း သိပ်မထူးခြားလှပေ။

၎င်းသည်လည်း အမွှေးများကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားသည်။

ကျိုးပဲ့နေသော ရွှေခန္ဓာကိုယ်အပိုင်းအစများ ပြုတ်ကျလာပြီး ပုံသဏ္ဍာန်မဲ့သော အမွှေးတိုင်ယုံကြည်မှုစွမ်းအားအဖြစ် ပျော်ဝင်ကာ ပျောက်ကွယ်သွား၏။

ခန္ဓာကိုယ်တစ်ခုလုံးတစ်ဝက်ခန့် ပြိုကျသွားပြီး မတ်တတ်ရပ်နိုင်ရန် အသည်းအသန် ကြိုးစားနေရသည်။

ကျင့်ကြံခြင်းအဆင့်ကြားက ကွာဟချက်မှာ ဤမျှထိကြောက်မက်ဖွယ်ကောင်းနေလျှင် မည်သည့်ရတနာနှင့်မဆို ပေါင်းကူးဖို့ခက်လိမ့်မည်။

ကမ္ဘာလောကကြီးတစ်ခုလုံးတွင် ယခင်အတိုင်း ကျန်ရစ်ခဲ့သောအရာဟူ၍ ပုံရိပ်နှစ်ခုသာ ရှိလေ၏။

ရှန်းယီသည် လှံတံကို ကိုင်ထားပြီး သူ၏ညာလက်မောင်းရှိ အနက်ရောင်အကြေးခွံများကြားမှ မှိန်ဖျဖျအလင်းရောင်တစ်ခု တောက်ပနေကာ အမွှေးအားလုံးကို တားဆီးထားသည်။

သူ့အနေဖြင့် ယခုလိုကြောက်မက်ဖွယ်ကောင်းသောနည်းလမ်းကို ဂရုမစိုက်ရသည့် အကြောင်းရင်းမှာ ရိုးရှင်းပါသည်။

ထိုအရာက ကျင့်ကြံခြင်းအဆင့်ဖြင့် ဖိနှိပ်ခြင်းပင်။

ထို့သော် ချင်းလင်နတ်ဆိုးဧကရာဇ်ကို ဖိနှိပ်နေသည်မှာ ရှန်းယီကိုယ်တိုင် မဟုတ်ဘဲ ဤလှံတံကြီး ဖြစ်နေခဲ့သည်။

၎င်းသည် သက်ရှိသတ္တဝါတစ်ကောင်ဖြစ်ပြီး ယိုဝေ နတ်ဆိုးဧကရာဇ်၏ အစိတ်အပိုင်းတစ်ခုပင်။

ယခုအချိန်တွင် ရှန်းယီသည် ဤအမြီးရိုး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ချင်းလင်းနတ်ဆိုးဧကရာဇ်သည် သူ၏မူလသွေးနှင့် ခွန်အားအကုန် ထုတ်သုံးလိုက်လျှင်ပင် လှံတံအားအနည်းငယ်မျှ လှုပ်ခါနိုင်ခြင်း မရှိကြောင်း သတိထားမိလိုက်၏။

ထိတ်လန့်တကြားဖြင့် သူ နောက်ပြန်လှည့်ကြည့်လိုက်သည်။ ချောမောသော လူငယ်လေး၏ မေးရိုးအောက်ပိုင်းတစ်ခုလုံးကို အနက်ရောင်အကြေးခွံများ ဖုံးလွှမ်းထားပြီး အနီရောင်မြူခိုးများ ထွက်ပေါ်နေသောမျက်လုံးများက အလွန်ကြမ်းကြုတ်နေသည်ကို တွေ့လိုက်ရလေ၏။

သူ ရင်ဆိုင်နေရသည်မှာ ဟွမ်ယွမ် အရှင်သခင်လော၊ သို့မဟုတ် ၁၆ ခုမြောက် နတ်ဆိုးဧကရာဇ်နှင့်တကယ် တိုက်ခိုက်နေသည်လော။

"ရှန်း... တာအိုရောင်းရင်းရှန်း"

ထန်ယွမ်ကြောက်ရွံ့စွာ မော့ကြည့်လိုက်၏။ သူလည်း ထိုလွှမ်းမိုးထားသောနတ်ဆိုးစွမ်းအားကို ခံစားနေရသည်။

တစ်ဖက်လူကို ကျင့်ကြံသူတစ်ယောက်ဟု သတ်မှတ်နိုင်သေးသည်လော သူတကယ် မသိတော့ပေ။

ရှန်းယီ နောက်တစ်ကြိမ် လှုပ်ရှားလိုက်၏။ ရုတ်တရက်လှံတံကို ဆွဲထုတ်ပြီး ပြင်းထန်စွာရိုက်ချလိုက်၏။

ရေနဂါးကဲ့သို့ပင် လှံတံသည် ဒေါက်ခနဲ မြည်သံနှင့်အတူ ချင်းလင်နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ် တစ်ဝက်ကို ရိုက်ချိုးလိုက်သည်။

"ဝုန်း"

ချင်းလင်နတ်ဆိုးဧကရာဇ်သည် အမွှေးနှုတ်ခံထားရသော ကြက်တစ်ကောင်ကဲ့သို့ ရိုက်နှက်ခံလိုက်ရပြီး လွင့်စင်သွား၏။

သွေးစွန်းနေသောလှပသည့် အမွှေးများသည် ကောင်းကင်အနှံ့ ပြန့်ကျဲသွားလေ၏။

၎င်း မြေကြီးနှင့်မထိမီမှာပင် လူငယ်စစ်သည်တော်သည် လေထဲမှ ရဲဝံ့စွာခုန်ချလိုက်ပြီး စူးရှသော လှံထိပ်ဖျားဖြင့် ၎င်း၏ဘယ်ဘက်ပခုံးကို ထိုးဖောက်လိုက်သည်။

"အာား"

သွေးပျက်ဖွယ်ရာ အော်ဟစ်သံနှင့်အတူ ချင်းလင်နတ်ဆိုးဧကရာဇ်သည် တစ်ခဏမျှတွန့်ဆုတ်ခြင်း မရှိဘဲ သူ၏ပခုံးတစ်ခုလုံးနှင့်တကွ ဘယ်ဘက်လက်မောင်းကိုပါ ဆွဲဆုတ်ပစ်လိုက်လေသည်။

ထို့နောက် သူ၏ညာလက်မောင်းသည် သေးသွယ်သောအတောင်ပံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဒေါသတကြီးဖြင့် ကောင်းကင်သို့ ပျံတက်သွားပေ၏။

သူသည် ယိုဝေနတ်ဆိုးဧကရာဇ်၏ ပြိုင်ဘက် မဟုတ်ပေ။ ၎င်း၏အမြီးရိုး တစ်ချောင်းတည်းကပင် သူ့အသက်ကို လွယ်ကူစွာ နှုတ်ယူသွားနိုင်သည်။

သို့သော် သူနားမလည်နိုင်သေးပေ။ ယိုဝေလှံတံသာထိန်းချုပ်ထားသည်ဆိုပါက အဘယ်ကြောင့်သူ့ကိုသာလျှင် မညှာမတာတိုက်ခိုက်နေရသနည်း။

အောက်မှ ကျင့်ကြံသူအုပ်စုကို မမြင်ဘူးလော။

သို့မဟုတ် ဟွမ်ယွမ်အရှင်သခင် တစ်ယောက်တည်းဖြင့် ကောင်းကင်ကိုအာခံကာ ယိုဝေလှံတံကို ထိန်းချုပ်ထားနိုင်ခြင်းလော။

"မင်းသေချင်ရင်လည်း ငါ့ကိုပါဆွဲမခေါ်နဲ့"

ဒေါသထွက်နေသော ချင်းလင်နတ်ဆိုးဧကရာဇ်သည် ကျိန်ဆဲလိုက်ပြီးနောက်ပြန်မကြည့်ဘဲ နတ်ဆိုးတစ်ထောင်ဂူထဲသို့ ပြန်လည် ထွက်ပြေးရန် ကြိုးစားလိုက်၏။

သူ့အမြန်နှုန်းဖြင့်ဆိုလျှင် ဤလူအုပ်စုက သူ့ကို ဤနေရာတွင် ဆက်မထိန်းထားနိုင်တော့ပေ။

ထိုကြောင့်လည်း အစောပိုင်းက မည်မျှပင်ဒဏ်ရာရခဲ့ပါစေ၊သူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေနိုင်ခဲ့ခြင်း ဖြစ်လေ၏။

ထိုအချိန်တွင် သတိမထားမိသော ထောင့်တစ်နေရာ၌၊ မဟာချန် အရှင်သခင်များ၏ကာကွယ်မှုအောက်တွင် ရွှီဝမ်ယွင်သည် အားချင်းကို ပွေ့ဖက်ထားပေ၏။အားချင်းသည် မျက်လုံးဖွင့်ရန် အသည်းအသန်ကြိုးစားရင်း တုန်ရီစွာဖြင့် အစီအရင်ပြား တစ်ခုကိုကိုင်တွယ် ကစားနေသည်။

မရေမတွက်နိုင်သော ဝိညာဉ်ပုံရိပ်ယောင်များသည် ပေါက်ကွဲထွက်ပေါ်လာပြီး ချင်းလင်တစ္ဆေမျက်နှာ သိမ်းငှက်၏ ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်ကာ ၎င်း၏နတ်ဝိညာဉ်ကို ရူးသွပ်စွာ ဝါးမြိုရန်ကြိုးစားလိုက်ကြ၏။

ဝိညာဉ်တစ်ရာတည်ငြိမ်ခြင်းအစီအရင်

ချင်းလင်းနတ်ဆိုးဧကရာဇ်၏ အမြင်အာရုံသည် တစ်ခဏမျှဝါးသွားပြီး ပြန်လည်ကြည်လင်လာသောအခါ ဆိုးယုတ်သောအလင်းရောင် တောက်ပနေသောလှံထိပ်ဖျားနှင့် လှံကို ကိုင်ထားသူ၏ဂရုမစိုက်သော မျက်နှာကိုသာ တွေ့လိုက်ရပေ၏။

ဖြောင့်တန်းသောလှံတံသည် ချင်းလင်နတ်ဆိုးဧကရာဇ်၏ ဦးခေါင်းထိပ်မှ ဝင်ရောက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွင်းသွားသည်။

ကျော်ကြားလှသော အစွမ်းထက်သည့် နတ်ဆိုးဧကရာဇ်သည် ယခုအခါ လှံပေါ်တွင် သူ၏မူလပုံစံ ပေါ်လာပြီး ကျန်ရှိနေသော တစ်ဖက်တည်းသော အတောင်ပံသည် သက်မဲ့ကာတွဲလောင်းကျနေကာ မိုးပြာရောင်အမွှေးများသည်အရောင်မှိန်သွားသည်။

ရှန်းယီသည် လှံတံကို စောင်း၍ ကိုင်ထား၏။ ခရမ်းရောင်မီးတောက်များက သူ့ဘေးတွင် ဝန်းရံနေပြီးလက်မောင်းကို အနက်ရောင်အကြေးခွံများ ဖုံးလွှမ်းထားသည်။ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသောနတ်ဆိုးအရှိန်အဝါသည် ချင်းလင် တစ္ဆေမျက်နှာသိမ်းငှက်ထက် လုံးဝ လျော့နည်းခြင်း မရှိပေ။

နတ်ဆိုးတစ်ထောင်ဂူ၏ဧကရာဇ်သစ် မွေးဖွားလာသကဲ့သို့ပင်။ ထန်ယွမ် ရုန်းကန်ထလိုက်ပြီး ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်၏နောက်သို့ ယိုင်နဲ့စွာ သွားကာ တီးတိုးမေးလိုက်၏။

"သူ နတ်ဆိုးအဖြစ် ပြောင်းသွားတာလား"

ချင်းဟွာသူ့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်လွှာချလျက်...ကျိုးပဲ့နေသော ခြေထောက်ဖြင့် သူ့ကို ကန်ထုတ်လိုက်သည်။

"ဒေါ်လေး..."

အားချင်း၏အသံသည် သေခါနီး အသက်ရှူသံကဲ့သို့ဖျော့တော့နေပြီး ဒဏ်ရာပြင်းထန်စွာ ရထားသော ကြောင်ပေါက်လေး တစ်ကောင်နှင့် တူနေ၏။

"သမီးတို့ကို အိမ်ပြန်ပို့ပေးပါ"

ရွှီဝမ်ယွင် သူမ၏တူမလေးကို ပွေ့ဖက်လိုက်ပြီး မျက်ရည်များ ပြည့်လျှံလာသည်။

"သမီး... သမီးတို့ အကုန်လုံးလား"

သူမ ကောင်းကင်ကို မော့ကြည့်ရင်း ထိတ်လန့်သွားလေ၏။ ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါအား ရွှီမိသားစုသို့ ပြန်ခေါ်သွားရမည်လော။

ရုတ်တရက် သူမ၏လက်အင်္ကျီစကို အားချင်း ညင်သာစွာ ဆွဲလိုက်သည်ကို သတိပြုမိပြီး ပြန်လှည့်ကြည့်လိုက်ရာ တူမလေးက သူမကိုသနားစဖွယ် မော့ကြည့်နေသည်ကို တွေ့လိုက်ရပေ၏။

မျက်လုံးများထဲတွင် တောင့်တမှုများ ပြည့်နှက်နေပြီးပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။ သူမ၏အသံသည်ပင် ခြင်တစ်ကောင် ညည်းသံကဲ့သို့ အလွန် တိုးညှင်းနေ၏။

"ဒေါ်လေး... သမီးအိမ်ပြန်ချင်တယ်"

ရွှီဝမ်ယွင်၏နှလုံးသား တစ်ခဏမျှ တုန်လှုပ်သွား၏။

"ကောင်းပြီ"

သူမ စကားဆုံးသည်နှင့် ကောင်းကင်မှ ပုံရိပ်သည် ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

ရှန်းယီ လူအုပ်စုဘက်သို့ ကြည့်လိုက်၏။

အမျိုးသမီးနှစ်ဦး မတုံ့ပြန်နိုင်မီ မဟာချန် အရှင်သခင် အများအပြားသည် အသက်ရှူကျပ်သလို ခံစားလိုက်ရပေ၏။

မျက်နှာလိုမျက်နှာရလုပ်မည်ဆိုလျှင်လည်း တစ်ခုခုမှားနေသလိုပင်၊ သတိထားနေမည်ဆိုလည်း မသင့်လျော်သလိုဖြစ်နေသဖြင့် သူတို့ ခေတ္တမျှနေရာတွင် အေးခဲသွား၏။

"ကျုပ်ကို လမ်းဖယ်ပေးကြပါ"

ရှန်းယီသည် လူအုပ်ကြားမှ ဖြတ်ပြီး အားချင်းဆီသို့သွားကာ သူမထံ လက်ကမ်းပေးလိုက်၏။

အစောပိုင်းတွင် စကားအနိုင်နိုင်ပြောနေရသော အားချင်းသည် သူမကိုယ်သူမအလျင်အမြန် ရှာဖွေပြီး အနက်ရောင်သစ်သီးတစ်ဆုပ်ကို ထုတ်ယူလိုက်၏။

‌ဤအသီးများကို ခူးဆွတ်စဉ် ရေနဂါးအိုကြီး၏ ဟိန်းဟောက်သံကြောင့် သူမ ဒဏ်ရာရခြင်းဖြစ်ပေသည်။

"ရော့... အစ်ကိုကြီးရှန်း"

"သွေးတွေကို ထွေးထုတ်လိုက်စမ်းပါ၊ သူ့ကို အလကားသက်သက် မခြောက်နဲ့"

ရှန်းယီ အသီးများကို ယူလိုက်ပြီး ကောင်မလေးကို စိတ်ပျက်လက်ပျက် ကြည့်လိုက်၏။

"ဟုတ်"

အားချင်းလိမ္မာစွာဖြင့် ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်၏။ သူမ အမှန်တကယ် ဒဏ်ရာပြင်းထန်စွာရထားသော်လည်း သေလုမျောပါး ဖြစ်လောက်အောင် မဟုတ်ပေ။

နောက်တစ်ခဏတွင် ရွှီဝမ်ယွင်သည် တူမဖြစ်သူ၏ပါးကို ရုတ်တရက် ဆွဲညစ်လိုက်ပြီး ဒေါသတကြီးဆူပူလိုက်၏။

"နင့်ကို သေချင်ယောင်ဆောင်တတ်အောင် ဘယ်သူသင်ပေးထားတာလဲ၊ ကိုယ်အဒေါ်ကိုတောင် လိမ်ရဲတယ်ပေါ့"

သူမ စိတ်ဆိုးနေသော်လည်း ရှန်းယီ၏စကားများမှတဆင့် သူမလည်း တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

ထိုဆိုးရွားသော လှံတံ၏လွှမ်းမိုးမှုအောက်တွင် ရှန်းယီသည် သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်သည်မှာ ထင်ရှား၏။ နတ်ဆိုး၏ထိန်းချုပ်မှုကို ခံရသည့် လက္ခဏာ လုံးဝ မရှိပေ။

ထိုအရာကပင် လွန်စွာကြောက်မက်ဖွယ်ရာ ကောင်းနေလေ၏။

ကျင့်ကြံသူတစ်ဦးအတွက် ကိုယ်ထိန်းချုပ်နိုင်သော မည်သည့်စွမ်းအားမဆို မိမိ၏ကိုယ်ပိုင် အင်အားဟု သတ်မှတ်နိုင်သည်။

ရှန်းယီသည် ယခုအခါ ချင်းလင်နတ်ဆိုးဧကရာဇ်အား သတ်ဖြတ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။

All Chapters