← Chapters

မဟာချန် သိုင်းဘုံကျောင်း၏တာဝန်ရှိသူ

Vol. 31 Ch. 307

မဟာချန် သိုင်းဘုံကျောင်း၏တာဝန်ရှိသူ

Vol. 31 Ch. 307

မြက်ခင်းစိမ်းစိမ်းလေးများ၏ရနံ့နှင့် သစ်ကိုင်းနုလေးများ၏ စိမ်းလန်းစိုပြေမှုနှင့်အတူ နူးညံ့သော လေညင်းလေးက ညင်သာစွာ တိုက်ခတ်နေ၏။

ရွာလေးသည် လောကကြီးနှင့် ကင်းကွာနေသော နိဗ္ဗာန်ဘုံလေးတစ်ခုကဲ့သို့ ငြိမ်းချမ်းနေသည်။

ရွှီဝမ်ယွင် ထွက်ခွာသွားလိုစိတ် ပြင်းပြခဲ့သော ဤနေရာသည် ယခုအခါတွင်မူ သူမအတွက် အကြီးမားဆုံးသော လုံခြုံမှုကို ပေးစွမ်းနေလေသည်။

သူမ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်မိ၏။

"ဟူး..."

မကြာမီ တစ်စုံတစ်ယောက်ဝင်ရောက်လာသည်ကို အာရုံခံမိလိုက်သကဲ့သို့၊ရွာထဲမှ ပုံရိပ်ပေါင်းများစွာ အလျင်အမြန်ပြေးထွက်လာကြသည်။

အရပ်ရှည်သူ၊ ပုသူ၊ ဝသူ၊ ပိန်သူ၊ ယောက်ျား၊ မိန်းမ၊ လူကြီး၊လူငယ် စသည်ဖြင့် အမျိုးစုံ ပါဝင်ပြီးအားလုံးသည် ရိုးရှင်းသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြလေ၏။

သူတို့သည် ဤဘက်သို့ စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်ကြပြီး တစ်စုံတစ်ယောက်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

"ဝမ်ယွင် ပြန်လာပြီဟေ့။"

"ရွှီချင်းအာရော... ရွှီချင်းအာပါ ပြန်ပါလာသလား။ လူကြီးတွေ သူ့ကိုကောင်းကောင်း ဆုံးမတာ ခံရတော့မယ် ကြည့်နေ။"

ထိုစကားကို ကြားသောအခါ အားချင်းသည် သူမ၏အဒေါ်ဖြစ်သူ ရင်ခွင်ထဲသို့ အလျင်အမြန် တိုးဝင်လိုက်သည်။

ပြတ်သားသော မျက်နှာထားနှင့် အသက်ကြီးရင့်ပုံရသောအမျိုးသားတစ်ဦးသည် လူအုပ်ကြားမှ ထွက်လာပြီး လက်ကို မြှောက်ကာ အားလုံး၏ ဆူညံသံကို တိတ်သွားစေလိုက်သည်။

သူသည် တူဝရီးနှစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် သူ၏ အကြည့်သည် အင်္ကျီဗလာဖြင့် လူငယ်လေး၏ မျက်နှာပေါ်သို့ ရောက်ရှိသွားလေ၏။

သူသည် လူငယ်လေး၏ လက်မောင်းမှ အနက်ရောင်ကြေးခွံများနှင့် ခန္ဓာကိုယ်ပေါ်ရှိ လတ်ဆတ်သောအနီရောင်အကွက်များကို အထူးအာရုံစိုက်နေသည်။

အခြားသူများလည်း သတိဝင်လာကြပြီး သတိထားစောင့်ကြည့်မှု အရိပ်အယောင်များ ပြသလာကြ၏။

ပြင်ပလူတစ်ယောက် ရွှီမိသားစု ဤနေရာသို့ သီးခြားခွဲထွက်နေထိုင်ခဲ့ကတည်းက ပြင်ပလူတစ်ယောက်ဝင်ရောက်လာခြင်းသည် ဒါဟာ ပထမဆုံးအကြိမ်ပင်။

"ဒေါ်လေး... သမီးကို ဟိုဘက် ခေါ်သွားပေးပါဦး။" အားချင်း တိုးတိုးလေး ပြောလိုက်၏။

"အရိုက်ခံရမှာ မကြောက်ဘူးလား။" စောစောကမှ အနည်းငယ် စိတ်သက်သာရာရသွားသော ရွှီဝမ်ယွင်၏ နှလုံးသားသည် ပြန်လည် တင်းကျပ်လာရပြန်သည်။

သူမသည် အားချင်း၏ဖခင်ဖြစ်သူ သူမ၏ အစ်ကိုကို လှမ်းကြည့်လိုက်၏။

ထို့နောက် အားယူပြီး ပြုံးပြလိုက်သည်။

အနည်းဆုံးတော့ ရွှီမိသားစု၏ မျက်လုံးထဲတွင် သူမသည် စွမ်းအားမြင့်မားပြီး နူးညံ့သိမ်မွေ့ကာ တည်ငြိမ်သော အထွတ်အထိပ်အဆင့်ဟွမ်ယွမ် တစ်ဦး ဖြစ်နေဆဲပင်။

"..."

ရွှီဟုန်တဲသည် ခံစားချက်ကင်းမဲ့နေဆဲဖြစ်ပြီး အရင်အတိုင်းပင် ဂရုမစိုက်သလို နေနေသည်။

တစ်ယောက်က သူ့ညီမ၊ နောက်တစ်ယောက်က သူ့သမီးအရင်း ဖြစ်နေသည့်တိုင်အောင်၊သူတို့သည် မျိုးနွယ်စုစည်းကမ်းများကို ချိုးဖောက်ပြီး မျိုးနွယ်စုဝင်အားလုံးကို အန္တရာယ်ဖြစ်စေခဲ့သည် ဆိုသည့် အချက်ကိုတော့ ပြောင်းလဲ၍ မရပေ။

ရွှီမိသားစုတွင် ဤအရာသည် လုံးဝ သည်းမခံနိုင်သော ကိစ္စဖြစ်သည်။သင့်လျော်သော ရှင်းပြချက်တစ်ခု မရှိလျှင်ပေါ့။

မိသားစုသံယောဇဉ်ကို အသုံးချ၍မရမှန်း သိလိုက်သောအခါ ရွှီဝမ်ယွင်သည် အားချင်းကို ပွေ့ချီပြီး ရှေ့သို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သွားလိုက်ရသည်။

မိသားစုဝင်များအနီးသို့ ရောက်သောအခါ သူတို့ နောက်တစ်ကြိမ် အော်ဟစ်မေးမြန်းကြပြန်လေ၏။

"အားချင်း ဘာဖြစ်တာလဲ။ ဘယ်သူ လုပ်တာလဲ။"

အားချင်းသည် လူအုပ်ကြားမှ ခေါင်းပြူထွက်လာပြီးသနားစရာကောင်းအောင် မဟန်ဆောင်တော့ဘဲ သူမဖခင်၏နားနားသို့ ကပ်၍ လေးလေးနက်နက် တိုးတိုးလေး ပြောလိုက်သည်။

ရွှီဝမ်ယွင်သည် ဘေးတွင် ငြိမ်သက်စွာ ရပ်နေလိုက်၏။

ပြင်းထန်သော သွေးညှီနံ့ကို ရှူရှိုက်မိလိုက်သော ရွှီဟုန်တဲ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

သို့သော် သူမည်သည့် ထူးခြားသော အမူအရာမှ မပြသပေ။

သေချာ နားထောင်ပြီးနောက် သူသည် သူ့သမီးကို အေးစက်စွာ ကြည့်လိုက်၏။

"ဒါဆို... မင်းတို့နှစ်ယောက်တည်းနဲ့ ရွှီမိသားစုအတွက် ဆုံးဖြတ်ချက်ချဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား။"

ထို့နောက် သူ ရွှီဝမ်ယွင်ဘက်သို့ လှည့်လိုက်လေ၏။

"မင်းမှာရော အဲဒီအခွင့်အရေး ရှိလို့လား။"

"..."

ရွှီဝမ်ယွင် မျက်လုံးလှန်ကြည့်လိုက်သည်။ "ကျွန်မက ဘယ်လုပ်ရဲပါ့မလဲ။ မိသားစုခေါင်းဆောင်ကြီး ရွှီရဲ့အာဏာစက်ကို ဘယ်သူက ကျော်လွန်ရဲမှာလဲ..."

"တော်စမ်း။"

ရွှီဟုန်တဲ၏ မျက်လုံးများထဲတွင် နောက်ဆုံး၌ စိတ်ပျက်ဒေါသထွက်မှု အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားလေ၏။

နုံအတဲ့ ကောင်မလေးနှစ်ယောက်၊ ရွှီမိသားစု ကိုယ်စား ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်ချရန် သူတို့ထံတွင် အမြော်အမြင် မရှိပေ။

"အဖေ"

အားချင်းသည် သနားစရာကောင်းအောင် မျက်ရည်ညှစ်ထုတ်ရန် ကြိုးစားသော်လည်း ပါးစပ်ထောင့်မှတံတွေးများသာ စီးကျလာသဖြင့် အမြန် သုတ်လိုက်ရလေ၏။

သူမ အသံကိုမြှင့်ပြီး ပြောလိုက်ရသည်။ "စမ်းကြည့်တာ ဘာမှားလို့လဲ။"

"စမ်းကြည့်တယ်"

ရွှီဟုန်တဲသည် ရှန်းယီကို တစ်ချက်ကြည့်ပြီး လေသံမာမာဖြင့် ပြောလိုက်လေ၏။

"မိတ်ဆွေရှန်းက ကျုပ်သမီးကို တော်တော်လေး ယုံကြည်မှုပေးထားပုံရတယ်။"

ထိုစကားကို ကြားသောအခါ ငြိမ်သက်နေသော လူငယ်လေးသည် နောက်ဆုံးတွင် ရှေ့သို့ခြေတစ်လှမ်း တိုးလာသည်။

သူ၏ အကြည့်က လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်၏။

"ရှန်းယီက ဒုက္ခရောက်နေလို့ ခင်ဗျားတို့ရဲ့နယ်မြေမှာ ခဏလောက် အနားယူဖို့ လာခဲ့တာပါ။အန္တရာယ်ကင်းသွားပြီဆိုတာနဲ့ သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်။"

"လေလုံးထွားတာတွေ၊ ဘယ်သူက ယုံမှာလဲ။"

ရွှီမိသားစုဝင်များ၏မျက်နှာများမှာ ယခင်အတိုင်းပင် သတိထားနေဆဲ ဖြစ်သည်။

ရွှီဟုန်တဲသည် လက်ဝါးကို မြှောက်ပြီး ပတ်ဝန်းကျင်မှ ဆူညံသံများကို တိတ်ဆိတ်စေလိုက်၏။

သူသည် တစ်ဖက်လူ၏မျက်နှာကို အတတ်နိုင်ဆုံး ထောက်ထားပေးရန် ကြိုးစားနေသည်။

"ရှန်းယီ... ချင်းအာက မင်းကို ဘာလုပ်စေချင်လဲဆိုတာ မင်းသိမှာပါ။ ဒါပေမဲ့ လွတ်လပ်ကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်း လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေသင့်တယ်။ ဒီလို နားမလည်နိုင်တဲ့ အရှုပ်အထွေးတွေထဲ ဝင်ပါစရာ မလိုပါဘူး။"

"အလားတူပဲ... ရွှီမိသားစုကလည်း ညီအစ်ကိုရှန်းနဲ့ ဘာအငြင်းပွားမှုမှ မဖြစ်ချင်ပါဘူး။"

ထိုစကားကို ကြားသောအခါ ရွှီဝမ်ယွင်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားစ။ ရှန်းယီ ဝင်လာပြီးပြီဖြစ်၍ သူ့အစ်ကိုက အခွင့်ကောင်းယူပြီး ဒေါသဖြေနေခြင်း ဖြစ်မည်ဟု သူမ ထင်မှတ်ခဲ့သည်။

ယခု ထိုစကားများကို ကြားလိုက်ရသောအခါ တစ်ဖက်လူက တကယ်ပဲ မောင်းထုတ်ချင်နေမှန်း သူမ သဘောပေါက်လိုက်လေ၏။

သူမ အလျင်အမြန်ပင် ဝင်ပြောလိုက်သည်။

"လွတ်လပ်ကျင့်ကြံသူ ဖြစ်တော့ ဘာဖြစ်လဲ။ ဘယ်အင်အားစုမဆို လွတ်လပ်ကျင့်ကြံသူတွေကနေပဲ စဖြစ်လာတာ မဟုတ်ဘူးလား။"

"အဲဒါက သူ ကြီးပွားလာမှ ပြော..." လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ရေရွတ်လိုက်သော်လည်း ရွှီဝမ်ယွင်၏စူးရှသော အကြည့်ကြောင့် ချက်ချင်း တိတ်ဆိတ်သွားသည်။

အားချင်းသည်လည်း သူ့အဒေါ်၏ ရင်ခွင်ထဲမှ ရုန်းထွက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်လေ၏။

သို့သော် ရုတ်တရက် အစ်ကိုကြီးရှန်း၏ အသံကို ကြားလိုက်ရသည်။

"မျှတတဲ့ အချက်ပဲ။"

ရှန်းယီသည် တည်ငြိမ်စွာပင် သူ့ခါးကိုပွတ်သပ်လိုက်ရာ အစိမ်းရောင်ဝတ်ရုံတစ်ထည်သည် သူ့ကိုယ်ပေါ်တွင် တိတ်တဆိတ်လွှမ်းခြုံသွားလေ၏။

ချက်ချင်းပင် ပညာရှင်ဆန်သောကျက်သရေရှိမှုတစ်ခု သူ့ထံမှ ထွက်ပေါ်လာသည်။

သူ အနည်းငယ် ဦးညွှတ်လိုက်၏။ "မဟာချန် သိုင်းဘုံကျောင်းက တာဝန်ရှိသူ ရှန်းယီ... ရွှီမိသားစုဝင်များကို နှုတ်ဆက်ပါတယ်။"

တည်ငြိမ်သော စကားလုံးများသည် လူတိုင်း၏ နားထဲသို့ ရောက်ရှိသွား၏။

ဤတစ်ကြိမ်တွင် အားချင်းနှင့် ရွှီဝမ်ယွင်တို့ပါ မှင်သက်သွားကြသည်။

မဟာချန်သည် မဟာမိတ် အင်အားစုကြီး သုံးခုအနက်မှတစ်ခုဖြစ်ပြီး လွှမ်းမိုးမှုကြီးမားသော အထွတ်အထိပ် အင်အားစုကြီး ဖြစ်သည်။

သိုင်းဘုံကျောင်းအတွင်းတွင် ကျောင်းတော်ထိန်းများသည် ဂုဏ်သိက္ခာ အကြီးမားဆုံးသော သူများ ဖြစ်ကြသည်။

အားလုံးသည် ရွှေရောင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး မြင့်မားသော ပလ္လင်များပေါ်တွင် ထိုင်နိုင်သည့် သာလွန်ထူးကဲသော ကျင့်ကြံသူများဖြစ်ကြ၏။

ကျန်ရှိသော မိသားစုဝင်များသည်လည်း ကြောက်ရွံ့မှုအမူအရာများ ပြသလာကြပြီး သူတို့၏ မျက်လုံးထဲတွင် လူငယ်လေး၏အဆင့်အတန်းသည် ပိုမို ကြီးမားခမ်းနားလာသည်။

ရွှီမိသားစု၏ သမိုင်းမှတ်တမ်းများတွင် မဟာချန်သည် ကျော်ဖြတ်၍မရသော တောင်ကြီးတစ်လုံးပင်။

သက်ရှိသတ္တဝါများသည် စစ်တုရင်ရုပ်များသာ ဖြစ်ကြသည်။ သိုင်းဘုံကျောင်းသည် မဟာမိတ်သုံးခုအနက် အားအနည်းဆုံး ဖြစ်နေလျှင်ပင် စစ်တုရင်ကစားသူ ဖြစ်နေဆဲပင်။

အခြားအင်အားစုများနှင့် လုံးဝကွာခြားသော အဆင့်အတန်းတစ်ခုတွင် တည်ရှိနေသည်။

"ရွှီမိသားစုခေါင်းဆောင် လိုချင်တာမှန်သမျှ ကျုပ် ပေးနိုင်ပါတယ်။" ရှန်းယီက ရွှီဟုန်တဲကို ကြည့်ပြီး နူးညံ့သောအသံဖြင့် ပြောလိုက်၏။

"ပြီးတော့ ဒါကို ပေးနိုင်တဲ့သူက ကျုပ်တစ်ယောက်တည်း ရှိပါတယ်။"

အခြားသူတစ်ယောက်သာ ထိုစကားကို ပြောပါက ရွှီဟုန်တဲ လှောင်ရယ်မိပေလိမ့်မည်။ သို့သော် တစ်ဖက်လူ ဝတ်ဆင်ထားသောအစိမ်းရောင် ဝတ်ရုံကို မြင်လိုက်ရသောအခါ သူ တိတ်ဆိတ်သွားပြန်သည်။

ရွှမ်ကွမ်းကူကို ယှဉ်ပြိုင်နိုင်သည်မှာ မဟာချန် သိုင်းဘုံကျောင်း၊ ဝူထုံတောင် နှင့် နတ်ဆိုးတစ်ထောင်ဂူ တို့သာ ရှိလေ၏။

ဝူထုံတောင်သည် မသေမျိုးဂိုဏ်းဖြစ်သောကြောင့် လောကီအရေးကိစ္စများတွင် ဝင်မစွက်ဖက်ပေ။ နတ်ဆိုးများနှင့် မဟာမိတ်ဖွဲ့ရန်မှာလည်း မဖြစ်နိုင်ပေ။

စဉ်းစားကြည့်လျှင် ရွှီမိသားစု အလင်းရောင်ပြန်မြင်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမှာ သိုင်းဘုံကျောင်းအတွင်းရှိ ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ပိုင်ရှင် ဆယ်ယောက်ကျော်အနက် တစ်ယောက်ယောက်က သဘောတူခေါင်းညိတ်မှသာ ဖြစ်နိုင်သည်။

"ကျုပ် ခင်ဗျားကို ဘာကြောင့် ယုံရမှာလဲ။" ရွှီဟုန်တဲ၏အသံတွင် အနည်းငယ် တုန်ရီမှု ပါဝင်နေ၏။

ရှန်းယီ ပြန်မဖြေမီ ရွှီဝမ်ယွင်က စိုးရိမ်တကြီး ဝင်ပြောလိုက်၏။ "သူ့မှာ ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည် တကယ် ပါလာတယ်... ဟာ၊ ရွှေရောင်ခန္ဓာကိုယ် ဘယ်ရောက်သွားပါလိမ့်။"

ရွှေရောင်ခန္ဓာကိုယ်အား မည်သည့်နေရာမှ မတွေ့ရကြောင်း သူမ ရုတ်တရက်သတိထားမိလိုက်၏။

ရှန်းယီသည် ရွှေရောင်ခန္ဓာကိုယ်ကို မဆင့်ခေါ်ဘဲ ရွှီဟုန်တဲကိုသာ ဆက်လက် ကြည့်ရှုနေသည်။

သိုင်းဘုံကျောင်း တာဝန်ရှိသူတစ်ဦးအနေဖြင့် သူသည် ရွှီမိသားစုအပေါ် လုံလောက်သော ရိုးသားမှု ပြသပြီး ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် သက်သေပြရန် အသည်းအသန် ကြိုးစားနေစရာ မလိုပေ။

အမှန်တကယ်ပင်၊ ရှန်းယီ၏ အမူအရာကို မြင်သောအခါ ရွှီဟုန်တဲ၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာ၏။

"အရာရှိရှန်းရဲ့ ဒီစကားကို စောစောကတည်းက ကြားခဲ့ရရင် ရွှီမိသားစု ဒီလိုအခြေအနေမျိုးရောက်ခဲ့မှာ မဟုတ်ဘူး။"

သူ သက်ပြင်းချလိုက်ပြီး လူအုပ်ကို လူစုခွဲရန် လက်ဝှေ့ယမ်းလိုက်၏။

ထို့နောက် ရှန်းယီကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

"အရာရှိရှန်း... ဒီဘက်ကို ကြွပါ။"

တစ်ဖက်လူ၏ စကား မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊အနည်းဆုံးတော့ သူ့ညီမက ရွှေရောင်ခန္ဓာကိုယ်ကို မြင်ဖူးသည်။ ချင်းအာကလည်း ဤလူငယ်လေးဟာ ရွှမ်ကွမ်းကူက အစစ်အမှန်ပုဂ္ဂိုလ်တစ်ယောက်ကို သတ်ခဲ့ကြောင်း ပြောထားသည်။

ထို့အတူ ဤဝတ်ရုံလည်း ရှိနေသေး၏။

ဤအချက်သုံးချက်ကို ပေါင်းစပ်လိုက်လျှင် ခေတ္တခိုလှုံခွင့်အတွက် လဲလှယ်ရန် ပြဿနာ မရှိနိုင်ပေ။

အားချင်းသည် ပါးဖောင်းဖောင်းလေး လုပ်ကာ အစ်ကိုကြီးရှန်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

"..."

လွတ်လပ်ကျင့်ကြံသူ ရှန်းယီတဲ့၊ အခုကျတော့ မဟာချန်က ရှန်းယီတဲ့။ နောက်တစ်ခါကျရင် ဝူထုံတောင်က ရှန်းယီပါ ဖြစ်လာဦးမလား။ သူများကိုတောင် လှည့်စားရက်တယ်၊ အရမ်းလွန်လွန်းတယ်။

ရွှီဝမ်ယွင် ချောင်းနှစ်ချက်ဟန့်လိုက်ပြီး အပြစ်ရှိသလို ခေါင်းငုံ့ထားလိုက်၏။

ဘာ သိုင်းကျောင်းတော် အရာရှိလဲ။အရင်တုန်းက ချင်းလင်နတ်ဆိုးဧကရာဇ်ကို သတ်တုန်းက ဟို မဟာချန်က အရှင်သခင်ကြီးတွေ ရှန်းယီကို လုံးဝ မသိကြပါဘူး။

All Chapters