← Chapters

အခန်း (၁၈၉၄)

Vol. 136 Ch. 1894

အခန်း (၁၈၉၄)

Vol. 136 Ch. 1894

အပိုင်း(၁၈၉၄)

"ဝေ့ဝူယင်..."

"အရှင်မင်းကြီး..."

"အရှင်ဝေ့...”

“ဆရာကြီး...”

ဝေ့ဝူယင် အောက်ထပ်မှ တက်လာသည်နှင့် နှုတ်ဆက်သံများမှာ ဆူညံသွား၏။ ဆူညံသွားသော နှုတ်ဆက်သံများကို ကြားလိုက်ရသည်။ နောက်ဆုံးခေါ်သံမှာ အခြားသူမဟုတ်ဘဲ ထို့ပိဟန်ပင် ဖြစ်သည်။

လူတိုင်းမှာ ထို့ပိဟန်၏ အမည်နာမများအား အမြဲတစေ ပြောင်းလဲခေါ်ဆိုတတ်သည့် အလေ့အကျင့်ကို ရေသောက်မြစ်ကဲ့သို့ ကျင့်သားရနေကြပြီး ရယ်စရာတစ်ခုအဖြစ်ပင် မှတ်ယူထားကြသည်။ အချို့သော နှုတ်ဆက်သံများမှာမူ နူးညံ့ပျော့ပျောင်းလှပြီး နှလုံးသားထဲတွင် ကိန်းအောင်းနေသည့် နွေးထွေးမှုများနှင့် မေ့မရနိုင်သော အမှတ်တရများဖြင့် ပြည့်နှက်နေလေသည်။

ယောင်ဟုန်ရီနှင့် ရွှေဖုန်းပေါင်တို့မှာ သင်္ဘောမောင်းနှင်သူနှင့် စွမ်းအင်ပေးသူအဖြစ် သူတို့၏ တာဝန်များကို ပြန်လည် ထမ်းဆောင်နေကြပြီ ဖြစ်သည်။ သခင်လေးရှန့်မှာမူ သင်္ဘောလက်ရန်းကို မှီကာ ခြေထောက်များကို လွှဲယမ်းရင်း လပ်တစ်ဖက်တွင် အရက်အိုးကို ကိုင်ကာ နှုတ်မှလည်း ကဗျာများကို ရွတ်ဆိုလျက် အမြဲလိုလိုပင် သက်သောင့်သက်သာ ရှိနေသည်။

စုမေ့မှာမူ မင်ရှုဖုန်း၏ နောက်တွင် တင်ပျဉ်ခွေထိုင်ကာ သူမ၏ ကျောပြင်ထဲသို့ တောက်ပသည့် ကြယ် စွမ်းအင်များကို ထည့်သွင်းပေးနေ၏။ မင်ရှုဖုန်း၏ မျက်နှာမှာ သရဲတစ်ကောင်ကဲ့သို့ ဖြူရော်နေကာ အလွန်ပင် အားနည်းနေဟန် ရှိသည်။ ထိုကောင်းကင် နိမိတ်ဖတ် ပညာရှင်မှာ နိမိတ်ဖတ်ရင်း တန်ပြန်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံလိုက်ရခြင်း ဖြစ်ကာ သူမ၏ ဝိညာဉ်နှင့် လျှို့ဝှက်အမြုတေတို့တွင် အက်ကြောင်းများပင် ထင်နေပြီ ဖြစ်သည်။ သူမ နှုတ်ဆက်လိုက်သော အသံမှာပင် အက်ရှကာ အားနည်းနေရှာ၏။

ယွီစွန်းလီက ဝေ့ဝူယင်၏ အနားသို့ လျှောက်လာခဲ့သည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အချိုမြိန်ဆုံး ကိတ်မုန့်တစ်ခုကဲ့သို့ပင် ဆွဲဆောင်မှု ရှိလှပြီး ပြည့်ဖြိုးလှသော ရင်အုံမှာလည်း ရင်သပ် ရှုမောဖွယ် ကောင်းလှသည်။

ထိုအခိုက်၌ မိန်းကလေး ဆင်မြန်းထားသည့် အပြုံးမှာ လောကကြီး တစ်ခုလုံး မှေးမှိန်သွားလောက်အောင်ပင် တောက်ပလွန်းလှသည်။

မိန်းကလေး၏ အမူအရာက ဝေ့ဝူယင်ကို အလွန် လွမ်းဆွတ်နေပုံ မရချေ။ အမှန်စင်စစ် ဝေ့ဝူယင်သည် သူမတို့ တစ်ဦးချင်းစီအတွက် 'လေပွေဇုံ' ကို ဖြတ်သန်းနိုင်သည့် ဆက်သွယ်ရေး လမ်းကြောင်းများ စီစဉ်ပေးထားထားပေသည်။ ထို့အပြင်... သူသည် ဟင်းလင်းပြင် ပုံရိပ်ယောင် တစ်ခုကို ဖန်တီး၍ သူမ၏ ပန်းချီဆွဲနေမှုကိုပင် အနီးကပ် စောင့်ကြည့်ပေးနိုင်ခဲ့သည်။

ဝေ့ဝူယင် အနေဖြင့် ဆေးဖော်စပ်ချိန်မှလွဲ၍ ကျင့်ကြံခြင်းတွင် အာရုံအားလုံးကို စိုက်ထားရန် မလိုသဖြင့် ဤကဲ့သို့ အချိန်ပေးနိုင်ခြင်း ဖြစ်သည်။

ဝေ့ဝူယင် ထွက်လာချိန်၌ ဝေ့စီမှာမူ ချင်ချူးမူ၏ ပန်းချီစင်ဘေးတွင် အိပ်မောကျနေ၏။ ထိုထွားကျိုင်းလှသော လူသန်ကြီးမှာ အန္တရာယ်ကို အနည်းငယ်မျှပင် မသိသည့် ကလေးငယ်တစ်ဦးကဲ့သို့ပင်။

ယွီစွန်းလီက ဝေ့ဝူယင်ကို ဆီးကြိုကာ ပွေ့ဖက်လိုက်၏။ မိန်းကလေးမှာ ရှက်သွေးဖြာနေသော်လည်း ဝေ့ဝူယင်က သူမ၏ သွယ်လျလျ ခါးလေးကို ဆွဲဖက်ရင်း သူ့ရင်ခွင်ထဲသို့ ထည့်လိုက်သည့် အခါ သူမ ရုန်းမထွက်ခဲ့ချေ။ ဝေ့ဝူယင်မျာ သူမကို မိမိပိုင်ဆိုင်ကြောင်း လောကကြီးထံ၌ ပြသရန် မည်သည့်အခါမျှ ဝန်မလေးခဲ့ချေ။ ချက်ချင်းပင် မိန်းကလေး၏ နှလုံးသားမှာ နွေးထွေးမှုများနှင့် ပြည့်နှက် သွားခဲ့လေ၏။

ချင်ချူးမူက ထိုမြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ သူမ၏ အတွေးများကို သူမနှင့် ဝေ့ဝူယင်သာ သိပေလိမ့်မည်။ ဝေ့ဝူယင်က လှမ်းကြည့်ကာ ပြုံးပြလိုက်ရာ သူမ၏ မြစိမ်းရောင် မျက်ဝန်းများမှာ ခဏတာ တောက်ပသွား၏။ ထို့နောက်... သူမက ပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ခပ်တိုးတိုး ရယ်မောလိုက်ရာ မိန်းကလေး၏ အပြုံးမှာ ကြယ်တာရာများ၏ အရောင်အဝါကိုပင် လုယူသွားသကဲ့သို့ ရှိနေတော့သည်။

ဝေ့ဝူယင်သည် ချောင်စွေ့ဖုန်း၊ လျူစုယင်နှင့် ထို့ပိဟန်တို့ကို ခဏတာမျှ စကားပြောပြီးနောက် ယွီစွန်းလီ၏ လက်ကို ဆွဲကာ စုမေ့နှင့် မင်ရှုဖုန်းတို့ အနီးသို့ ရောက်လာခဲ့သည်။

"သူက ဒီနယ်မြေထဲမှာ ရှိတဲ့ အထွတ်အထိပ် အဆင့် ကံကောင်းမှုတစ်ခုကို နမိတ်ဖတ်ဖို့ ကြိုးစားခဲ့တာ..."

စုမေ့က တိုက်ရိုက်ပင် ပြောလိုက်သည်။ သူမသည် အထွတ်အထိပ် အဆင့် ဆိုသော စကားလုံးကို အလေးပေး ပြောကြားလိုက်ခြင်း ဖြစ်ပြီး မင်ရှုဖုန်း၏ ဝိညာဉ်အထိ နက်ရှိုင်းသွားသည့် ဒဏ်ရာများကို ကုသရန် ဆက်လက် ကြိုးပမ်းနေသည်။

ဝေ့ဝူယင်က ဖြူရော်နေသည့် မင်ရှုဖုန်းကို ကြည့်ကာ အရည်အနည်းငယ်ပါသည့် ပုလင်းငယ်လေးတစ်လုံးကို ထုတ်ပေးလိုက်၏။ ရွှေရောင် လျှို့ဝှက်သင်္ကေတများမှာ ဆေးရည်အတွင်း ကူးခတ်နေကြပြီး ၎င်းမှာ ဝိညာဉ်နှင့် အသက် စွမ်းအားတို့၏ တက်ကြွလှသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

"ဒါကို သောက်လိုက်"

မင်ရှုဖုန်း၏ မျက်ဝန်းများမှာ တောက်ပသွား၏။ ၎င်းမှာ အဆင့်မြင့် လျှို့ဝှက်မြေကြီး အဆင့် ဆေးရည်ဖြစ်ပြီး ပြီးပြည့်စုံသည့် သင်္ကေတ ကိုးမျိုး လူးလာ ကူးခပ်နေသည်။ မိန်းကလေးမှာ တံတွေးကို မြိုချလိုက်ပြီး လက်နှစ်ဖက်ဖြင့် ရိုသေစွာ လက်ခံလိုက်၏။ ထို့နောက် ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဝေ့ဝူယင် မိန်းကလေး၏ ကျေးဇူးတင်စကားကို လက်ခံလိုက်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း၌ မိန်းကလေး၏ ကြိုးစားအားထုတ်မှုနှင့် ထိခိုက်မှုများ ရှိလျှင်ပင် အစွမ်းကုန် လုပ်ဆောင်လိုသည့် စိတ်ဓာတ်ကို မြင်ရသဖြင့် သူမအား ဝမ်မင်ယာ၏ နမိတ်ဖတ်ခြင်း နည်းလမ်းအသစ်ကို ပေးရန် ဆုံးဖြတ်လိုက်သည်။

"အရှင်မင်းကြီး... ကျွန်မ..."

မင်ရှုဖုန်းမှာ ပြောဖို့ကို အနည်းငယ် တုန့်ဆိုင်းနေဟန် ရ၏။

"လွတ်လွတ်လပ်လပ် ပြောပါ..."

"ကျွန်မ ဝေဝါးတဲ့ အချက်အလက် အနည်းငယ်ကိုပဲ သိခဲ့ရပါတယ်... အရှင် နားထောင်ချင်လားလို့ပါ"

"ပြောပါ"

မင်ရှုဖုန်းက အားနည်းစွာ ခေါင်းညိတ်၍ သူမ သိရှိခဲ့သမျှကို ပြောပြလိုက်၏။ အနီးအနား တစ်နေရာတွင် အချိန်အကန့်အသတ်ရှိသည့် အထွတ်အထိပ် ကံကောင်းမှုတစ်ခု ရှိနေသော်လည်း ၎င်းမှာ အခြားနေရာသို့ ပြောင်းရွှေ့တော့မည့် အခြေအနေတွင် ရှိနေသည်။ သူမ၏ ခန့်မှန်းချက်အရ ထိုရတနာမှာ ကောင်းကင်ဘုံက အခြားတစ်ဦးအတွက် သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

၎င်းမှာ မည်သူ့အတွက် ဖြစ်သည်၊ အဘယ်ကြောင့် စောင့်ဆိုင်းနေရသည်ကို သူမ မသိသော်လည်း ၎င်းမှာ မြေကြီးရှန့်ထို အဆင့် ကျင့်ကြံခြင်းအတွက် မရှိမဖြစ် လိုအပ်သည့် အရာ ဖြစ်ကြောင်းကတော့ သေချာပေသည်။ ထို့ထက်ပို၍ သိရန် ကြိုးစားခဲ့သောကြောင့်သာ သူမ ဤကဲ့သို့ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

"ဥပဒေသတွေလား... ဒါမှမဟုတ် မူလ အဆင့်လား...”

ဝေ့ဝူယင်၏ အတွေးများမှာ လှုပ်ရှားသွား၏။ ဝမ်မင်ယာသာဆိုလျှင် ကောင်းကင်တာအို၏ ရည်ရွယ်ချက်များကို ပို၍ တိကျစွာ သိနိုင်လိမ့်မည်ဟု သူ ခံစားရသော်လည်း ထိုအပေါ် အာရုံမများတော့ချေ။

ယောင်ဟုန်ရီမှာ စုမေ့၏ အမိန့်အရ သင်္ဘောကို စက်ဝိုင်းပုံစံ မောင်းနှင်နေခဲ့သည်မှာ ကြာပြီဖြစ်ရာသည်။ သူတို့သည် လောလောဆယ်တွင် ထိုကံကောင်းမှုရှိရာ နယ်မြေ၏ မိုင်ပေါင်း ဘီလီယံတစ်ရာ ပတ်လည်အတွင်း ရောက်ရှိနေကြပြီ ဖြစ်သည်။

သို့သော်လည်း... မီးခိုးရောင် တောက်နေသည့် အီလီဆီယံ အသေးစား ပေါ်မှ ကြည့်လျှင် မည်သည့်အရာကိုမျှ မမြင်ရချေ။ မိုင်ပေါင်း ဘီလီယံတစ်ရာဆိုသည်မှာ အလွန်ပင် ကျယ်ပြောလှသော်လည့် မင်ရှုဖုန်းအနေဖြင့် ဤသည်မှာ သူမ အစွမ်းကုန် ရှာဖွေပေးနိုင်သော နယ်မြေအကျယ်အဝန်းပင် ဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ သူမ၏ ကျင့်ကြံခြင်း အဆင့်ထက် များစွာ သာလွန်နေသည် မဟုတ်ပါလား။

လက်ရှိတွင် သူတို့သည် ဂလက်ဆီများကြားရှိ ဟင်းလင်းပြင် နေရာလွတ်ထဲ၌ ရှိနေကြခြင်း ဖြစ်သည်။ တစ်နယ်မြေလုံးမှာ သူတော်စင် အဆင့်များကိုပင် သတ်ပစ်နိုင်သည့် မရေရာသော အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။

ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ လောကကို သုံးစက္ကန့်မျှ ဝေ့ကြည့်လိုက်၏။

"တွေ့ပြီ..."

ဝေ့ဝူယင်၏ ပေါ့ပေါ့ပါးပါး စကားသံကြောင့် မင်ရှုဖုန်းမှာ မှင်တက်သွားရ၏။ စုမေ့၏ နက်မှောင်သော မျက်ဝန်းများတွင်တော့ မည်သည့် အံ့ဩမှုမျှ မရှိချေ။ ဝေ့ဝူယင်က ယွီစွန်းလီကို ပြန်ကြည့်လိုက်ရာ သူမက ရှက်ကိုးရှက်ကန်းဖြင့် သူ၏ လက်ကို လွှတ်ပေးလိုက်သည်။ သို့သော်လည်း... သူမ၏ မျက်ဝန်းများမှာမူ ချက်ချင်း ပြန်လာရန် တောင်းဆိုနေသကဲ့သို့ ရှိနေပေသည်။

ဝေ့ဝူယင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။ ချောင်စွေ့ဖုန်းနှင့် ချင်ချူးမူတို့၏ စူးစမ်းသော အကြည့်များမှာ သူ၏ ပုံရိပ်ပေါ်တွင် တည်ရှိနေကြသည်။ မိန်းကလေးများမှာ သူ၏ ဘေးကင်းမှုအတွက် စိုးရိမ်ခြင်း မရှိဘဲ သူ မည်သည့် အရာအား ရှာတွေ့မလဲဆိုသည်ကိုသာ စိတ်ဝင်စားနေကြသည်။ ဂလက်ဆီကြား ဟင်းလင်းပြင်၏ အန္တရာယ်များကို သိထားကြသော်လည်း ထိုတုန့်ပြန်ပုံများက ဝေ့ဝူယင်အပေါ် သူတို့ ထားရှိသော ယုံကြည်မှုနှင့် ချစ်မြတ်နိုးမှုကို ဖော်ပြနေခြင်း ဖြစ်ပေသည်။

"ခဏနေရင် ပြန်လာခဲ့မယ်"

ဝေဝူယင်က ထိုသို့ဆိုကာ ဟင်းလင်းပြင်သင်္ဘောပေါ်မှ လှမ်းဆင်းလိုက်လေ၏။ ကောင်းကင်ယံမှ ပစ်ချလိုက်သည့် ကျောက်ဆူးတစ်ခုပမာ သူ၏ ခန္ဓာကိုယ်မှာ အောက်ဘက်သို့ ဒေါင်လိုက်အရှိန်ဖြင့် ထိုးဆင်းသွားသည်။

ဟူး... ဟူး...

လျှို့ဝှက်အာဏာရှင်တစ်ဦး၏ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သင်္ဘောတည်ရှိရာ အမြင့်မှ မိုင်ပေါင်းထောင်ချီသည့် အကွာအဝေးသို့ သူ ရောက်ရှိသွားခဲ့လေ၏။ ထို့နောက်တွင်တော့

အဆုံးမဲ့ဟင်းလင်းပြင် အတောင်ပံများမှာ ကျောပြင်၌ ဖြန့်ကားထွက်လာပြီး မိုင်ပေါင်းသိန်းချီသော အကွာအဝေးအထိ လွှမ်းခြုံသွားလေတော့သည်။

***

All Chapters