အခန်း (၁၈၉၈)
Vol. 136 Ch. 1898
အပိုင်း(၁၈၉၈)
ကင်းစခန်းခေါင်းဆောင် တတိယ အကြိမ်မြောက် အမိန့်ကို ထုတ်ပြန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက်...
"ပုံမှန်ဆိုရင်တော့ ဒီကိစ္စကို ငါ့လူတွေကိုပဲ ကိုင်တွယ်ခိုင်းမှာပါ... ဒါပေမဲ့ သူတို့က ခရီးပမ်းဒဏ်ကြောင့် အခြေအနေ မကောင်းကြသေးဘူး ဖြစ်နေတယ်... ဟူး..."
အလွန်ပင် တည်ငြိမ်အေးဆေးပြီး ဘယ်သောအခါမှ မေ့ပျောက်နိုင်မည်မဟုတ်သည့် အသံတစ်ခုသည် သူတို့၏ နားစည်ထဲသို့ တိုးဝင်လာကာ စိတ်ဝိညာဉ်ထဲ အထိ ထိုးဖောက်သွားလေ၏။ အစောင့်တိုင်းမှာ မမြင်ရသည့် အင်အားတစ်ခုက သူတို့၏ နှလုံးသားကို ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရပြီး အသံရှင်ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။
ဟူး... ဟူး...
ဂြိုဟ်၏ လေထုအလွှာ အစွန်းတွင် သေမျိုးတို့ထက် သာလွန်သော အဆင်းရှိသည့် လူငယ်တစ်ဦးသည် အဂ္ဂိရတ် ပညာရှင်နှင့် စစ်သည်တော်ဝတ်စုံကို ထူးခြားစွာ ပေါင်းစပ်ဝတ်ဆင်လျက် လွင့်မျောနေ၏။ သူသည် မည်သည့် လောကနယ်မြေကိုမျှ ထုတ်ဖော်မထားသော်လည်း လောကကြီးကို ငုံ့မိုးကြည့်နေသော နတ်ဘုရားတစ်ပါး၊ ပြိုင်ဘက်ကင်းသည့် ဧကရာဇ်တစ်ဦးအလား ထည်ဝါလှသည်။ လူငယ်၏ ပင်ကိုယ်အရှိန်အဝါမှာ ခန့်ညားထည်ဝါလွန်းလှသဖြင့် အစောင့်များ၏ ရင်ထဲတွင် ဒူးထောက်အညံခံလိုသော စိတ်များ အလိုအလျောက် ပေါ်ပေါက်လာရတော့၏။
လောကရှန့်ထို အဆင့် ကင်းစခန်းခေါင်းဆောင်မှာလည်း အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။
‘သူ... သူ ဘယ်တုန်းက ဒီကို ရောက်လာတာလဲ...’
သူသည် သင်္ဘောကိုသာ အာရုံစိုက်နေခဲ့ပြီး မိုင်ပေါင်းသိန်းချီ လွှမ်းခြုံနိုင်သည့် ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုလူငယ် မိုင်အနည်းငယ်မျှသာ ကွာဝေးသည့် လေထုအလွှာ အစွန်းသို့ ရောက်နေသည်ကို သူ လုံးဝ သတိမထားမိခဲ့ချေ။
ကင်းစခန်းခေါင်းဆောင်သည် စိုးရိမ်စိတ်ကြောင့် တံတွေးကို အသာအယာ မျိုချလိုက်မိ၏။ သူသည် သူစိမ်းများအား မည်သို့တုံ့ပြန်ရမည်ကို ကျွမ်းကျင်စွာ လေ့ကျင့်ထားသော ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ယခုမူ အခြေအနေမှာ ကွဲပြားနေပြီဖြစ်သည်။
"ခင်ဗျားရဲ့ နာမည်နဲ့ ရည်ရွယ်ချက်ကို ပြောစမ်း"
အစောပိုင်းကမူ သူသည် ထိုအဖြူရောင်သင်္ဘောကို ရန်သူကဲ့သို့ ဆက်ဆံကာ တက်ရောက်စစ်ဆေးရန် အမိန့်ပေးခဲ့သော်လည်း၊ ဝေဝူယင်ကို မြင်လိုက်ရရုံမျှဖြင့် သူ၏ စိတ်ဓာတ်များမှာ ပြိုလဲလုနီးပါး ဖြစ်သွားရကာ ပေါ့ပေါ့တန်တန် မဆက်ဆံရဲတော့ပေ။ ဤသည်မှာ သူ၏ ပင်ကိုယ်အသိစိတ်မှ ထွက်ပေါ်လာသော အသက်ရှင်သန်လိုမှုပင် ဖြစ်သည်။
ဝေဝူယင်၏ မျက်ဝန်းများက အရောင် ပြောင်းလဲသွား၏။ သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများကို ဖုံးကွယ်ထားခြင်းမရှိဘဲ ထုတ်ဖော်ပြလိုက်ရာ သက်ရှိအားလုံး၏ အာရုံကို လှုံ့ဆော်ပေးနိုင်သည့် အသန့်စင်ဆုံး မြူနှင်း အနံ့အသက်များ မိုင်သန်းပေါင်း များစွာကို ပျံ့လွင့်သွားလေသည်။
"အဂ္ဂိရတ် ပညာရှင်...”
ကင်းစခန်းခေါင်းဆောင်မှာ အော်ဟစ်လိုက်မိ၏။ အဂ္ဂိရတ် ကြယ်တာရာများမှ ပါရမီရှင် အဂ္ဂိရတ် ပညာရှင်များနှင့် သက်ဆိုင်သော်လည်း၊ သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများမှာမူ အဂ္ဂိရတ်ရှန့်ထိုများနှင့်သာ သက်ဆိုင်ခြင်း ဖြစ်သည်။
"ကျုပ် နာမည်က ဝေဝူယင် ပါ... ကျုပ်ရဲ့ အဂ္ဂိရတ်တာအိုကို ရှာဖွေရင်းနဲ့ ခရီးနှင်လာခဲ့တာ... အခု ဒီဂလက်ဆီကို ရောက်လာခဲ့တာပဲ... ကျုပ် ဝင်ခွင့်တောင်းပါတယ်”
ဝေဝူယင်က တိုက်ရိုက်ပင် ဆိုလိုက်သည်။ မူလက လော့နင် သို့မဟုတ် ချောင်စွေ့ဖုန်းတို့ တစ်ဦးဦးကို ရှေ့ထွက်ပြောခိုင်းရန် စဉ်းစားထားသော်လည်း လော့နင်မှာ သတိမရသေးသလို ချောင်စွေ့ဖုန်းမှာလည်း မူးဝေနေဆဲ ဖြစ်သည်။
“...”
အစောင့်များမှာ အံ့ဩ မှင်သက် သွားကြ၏။ သူတို့၏ မျက်ဝန်းများတွင်လည်း မကြုံစဖူး ရတနာတစ်ပါးကို တွေ့လိုက်ရသကဲ့သို့ အရောင်များ တောက်ပလာကြသည်။
အဂ္ဂိရတ် ပညာရှင်...
နောက်ပြီး သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ...
ကင်းစခန်းခေါင်းဆောင်သည် အံ့ဩတုန်လှုပ်နေဆဲ ဖြစ်ပြီး သူ၏ စိတ်ထဲတွင်လည်း အတွေးပေါင်းစုံဖြင့် ဖြတ်ပြေးနေခဲ့သည်။ ထို့နောက် သူ၏ လေသံမှာ ချက်ချင်းပင် ရိုသေကိုင်းရှိုင်းမှု အပြည့်ဖြင့် ပြောင်းလဲသွား၏။
"စီနီယာက အဂ္ဂိရတ်တာအိုရဲ့ ဘယ်အဆင့်ကို ပိုင်ဆိုင်ထားပါသလဲဆိုတာ ကျုပ်ကို သိခွင့်ပြုပါဦး..."
ဝေဝူယင် ရင်ထဲတွင် အနည်းငယ် ကသိကအောက် ဖြစ်သွားရသည်။
စီနီယာ...
သူတို့သည် ရုပ်ချင်းတူသယောင် ရှိသော်လည်း အမှန်တရားမှာ အလွန်ကွာခြားလှသည်။ ဝေဝူယင်မှာ အသက်တစ်ရာကျော်သာ ရှိသေးသော်လည်း ဤလူမှာမူ နှစ်ပေါင်း သုံးသောင်းကျော် သက်တမ်းရှိနေပြီ ဖြစ်သည်။ သို့သော်လည်း မလိုအပ်သည့် အထင်သေးမှုများနှင့် ပြဿနာများကို ရှောင်ရှားရန် ဝိညာဉ်အရှိန်အဝါကို ဖုံးကွယ်ထားသဖြင့် ထိုခေါ်ဝေါ်မှုကိုသာ လျစ်လျူရှုထားလိုက်၏။
"ကျုပ်ဟာ အဂ္ဂိရတ်တာအို လမ်းစဉ်မှာ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ပြီး လျှို့ဝှက်လောက အဆင့်ကို ကံကောင်းထောက်မစွာ ရောက်ရှိထားသူပါ... ကျုပ်ကို ဝင်ခွင့်မပြုနိုင်ဘူးလား"
ဝေဝူယင်က ပြုံးလျက် မေးလိုက်၏။ သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများမှာ 'ဝိညာဉ်လွန်ကဲခြင်း အဂ္ဂိရတ်ကြယ်တာရာ' များက သူ၏ 'မြေကြီးအဂ္ဂိရတ်ရှန့်ထို' သို့မဟုတ် 'လောကအဂ္ဂိရတ်ရှန့်ထို' အဆင့်ကို သက်သေပြနေပေလိမ့်မည်။ သူသည် အကြောင်းမဲ့ သူ၏ အရည်အချင်းများကို ဖုံးကွယ်မထားရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
လောကအဂ္ဂိရတ်ရှန့်ထို...
ကင်းစခန်းခေါင်းဆောင်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့၏။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ လှုပ်ရှားလိုက်သော်လည်း မူမမှန်စွာ ပြန်လည်ရပ်တန့်သွား၏။
"စီနီယာ... ခဏလောက် စောင့်ပေးပါဦး"
သူက ယဉ်ကျေးစွာ ဆိုပြီးနောက် ပျောက်ကွယ်သွား၏။ နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ကင်းစခန်းခေါင်းဆောင် ပြန်လည်ရောက်ရှိလာပြီး ကျန်ရှိသောအစောင့်များကို ကြည့်လိုက်သောအခါ သူတို့၏ မျက်နှာများမှာ ချက်ချင်း ပျက်သွားကြသည်။
သူတို့အားလုံး၏ အမူအရာများမှာ တင်းမာသွားကြကာ လျှို့ဝှက် အော်ရာများကို လှည့်ပတ် လိုက်ကြသည်။ ကင်းစခန်းခေါင်းဆောင်မှအပ အင်အားအကြီးဆုံး အစောင့်မှာ 'သေမျိုးတစ်ပိုင်းအရှင် အဆင့်' သာ ရှိသဖြင့် ကွာဟချက်မှာ အလွန်ကြီးမားလှသည်။
ထို့ပြင် သူတို့သည် တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး အချို့မှာ အံကို ကြိတ်ကာ ရန်လိုသောအကြည့်၊ နာကျည်းသောအကြည့်များဖြင့် စိုက်ကြည့်နေကြ၏။ သူတို့သည် တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်နေကြသကဲ့သို့ပင်။
"ငါကိုယ်တိုင် လုပ်ရမလား... ဒါမှမဟုတ် မင်းတို့ဘာသာ မင်းတို့ လုပ်ကြမလား"
ကင်းစခန်းခေါင်းဆောင်က အေးစက်စွာ ပြောလိုက်သည်။
"အမ်..."
ဝေဝူယင်မှာ ထိုဖြစ်ရပ်ကြောင့် အံ့အားသင့်သွားခဲ့၏။
"ခင်ဗျား... ခင်ဗျား ဒီလို မလုပ်သင့်ဘူး..."
အစောင့်တစ်ဦးက တွန့်ဆုတ်စွာ ပြောလိုက်သည်။
"ငါ မင်းတို့ကို နှစ်ပေါင်း ရာချီလောက်ပဲ ချိပ်ပိတ်ထားမှာပါ"
ကင်းစခန်းခေါင်းဆောင်က ထိုကဲ့သို့ ဆိုလိုက်သောအခါမှသာ အခြားသူများမှာ အနည်းငယ် စိတ်အေးသွားပုံရသည်။ ထို့နောက် သူတို့မှာ မိမိတို့၏ အသိစိတ် ပင်လယ်နှင့် လျှို့ဝှက်အမြုတေများကို ကိုယ်တိုင် ချိပ်ပိတ်လိုက်ကြသဖြင့် တစ်ဦးပြီး တစ်ဦး သတိမေ့ကာ လဲကျသွားကြတော့၏။ မိမိဘာသာ လုပ်ဆောင်ခြင်းဖြင့် သူတို့၏ ဝိညာဉ်နှင့် ကျင့်ကြံခြင်း အခြေခံကို ထိခိုက်မှု မရှိစေရန် ကာကွယ်ခြင်းပင် ဖြစ်ပေသည်။ လျှို့ဝှက်အာဏာရှင် အဆင့်များအဖို့မူ နှစ်ပေါင်းရာချီဟူသည်မှာ ဘာမျှမဟုတ်ချေ။
ကင်းစခန်းခေါင်းဆောင်က ထိုလူများကို သူ၏ 'အတွင်းလောက' ထဲသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ထိုဂြိုဟ်ကို ကြည့်ရင်း သိသိသာသာ တုန်ရင်လာ၏။ သူ၏ ခန္ဓာကိုယ်မှာ ဆဲလ်များ ပွားများခြင်း ဖြစ်စဉ်ကို လုပ်ဆောင်နေသကဲ့သို့ တဖြည်းဖြည်း ပြောင်းလဲလာ၏။ သူ၏ အရေပြားနှင့် သံချပ်ကာများမှာ ဆွဲဆန့်ခံထားရသကဲ့သို့ ရှိနေပြီး အရှိန်အဝါမှာလည်း ပုံပျက်လာသည်။
ခဏအကြာတွင် တောင်ထိပ်ပေါ်၌ သူနှင့် လုံးဝ တူညီသည့် ပုံတူနှစ်ခု ရပ်နေသည်ကို တွေ့ရ၏။ သာမန်နည်းလမ်းဖြင့် ခွဲခြား၍ မရနိုင်ချေ။ ပထမတစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာ ပုံတူ ပွားထားသည့ 'ကိုယ်ပွား' တစ်ခု ဖြစ်ကြောင်း ဝေဝူယင် သိလိုက်သည်။ ဤသည်မှာ အမှန်တကယ်ပင် ထူးခြားလှသော နည်းစနစ်တစ်ခုပင်။
***