← Chapters

အခန်း (၁၈၉၉)

Vol. 136 Ch. 1899

အခန်း (၁၈၉၉)

Vol. 136 Ch. 1899

အပိုင်း(၁၈၉၉)

"စီနီယာ... စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်"

ကင်းစခန်းခေါင်းဆောင်က သူ၏ကိုယ်ပွားကို ထားရစ်ခဲ့ကာ လေထုအလွှာဆီသို့ ပျံတက်လာပြီး ဝေဝူယင်နှင့် တစ်မိုင်အကွာတွင် ရပ်တန့်လိုက်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလောကရှန့်ထိုတွင် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း ဝေဝူယင် သိလိုက်ရ၏။ အားလုံးမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။

"ကျွန်တော်က တောင်ပိုင်း ဟဲလစ်က ဗာဂျန် ပါ... စီနီယာ အလိုရှိမယ်ဆိုရင် ကျွန်တော်မျိုးရဲ့ နိမ့်ကျလှတဲ့ ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံ အတွက် လမ်းပြအဖြစ် အမှုထမ်းပါရစေ"

သူသည် လမ်းပြလုပ်ရန်အတွက် မူလ တာဝန်များကိုပင် စွန့်လွှတ်ရန် အသင့်ဖြစ်နေပုံရသည်။ ဝေဝူယင်မှာ ဘာပြောရမှန်းမသိ ဖြစ်သွားသော်လည်း များစွာသော အချက်များကို တွေးတောနေမိ၏။ ထိုလူ၏ စိတ်လှုပ်ရှားမှုများအရ 'ကံတရား ပြောင်းလဲနိုင်ခြင်း' နှင့် 'ထိုက်တန်သော အကျိုးကျေးဇူး' ဟူသော အတွေးများက သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် ပဲ့တင်ထပ်နေသည်ကို ဝေဝူယင် ခံစားမိနေသည်။

"ကောင်းပြီလေ"

ဝေဝူယင်အဖို့ ဒေသခံတစ်ဦး၏ လမ်းညွှန်မှုကို ငြင်းပယ်ရန် အကြောင်းမရှိပေ။ ကြည့်ရသည်က လောကအဂ္ဂိရတ်ရှန့်ထို တစ်ဦး၏ ဂုဏ်သိက္ခာမှာ ဂလက်ဆီများအကြားတွင်ပင် လျော့ပါးသွားခြင်း မရှိပုံရသည်။

"ဒီလို အခွင့်အရေးပေးတဲ့အတွက် ဂုဏ်ယူမိပါတယ် စီနီယာ... စီနီယာရဲ့ မျှော်လင့်ချက်တွေကို ပျက်ပြားအောင် ကျွန်တော်မျိုး မလုပ်ပါဘူး... ကျွန်တော် ဗာဂျန် ရဲ့ နာမည်နဲ့ ကတိပေးပါတယ်"

ဗာဂျန်၏ စကားလုံးများမှာာ စိတ်အား ထက်သန်မှုများနှင့် ပြည့်နှက်နေပြီး သူ အစွမ်းကုန် ကြိုးစားမည်မှာ သေချာလှသည်။ သို့သော်လည်း... သူ၏ လက်အောက်ငယ်သားများအား အတင်းအကြပ် ချိပ်ပိတ်စေခဲ့သည်ကတော့ အနည်းငယ် ထူးဆန်းနေဆဲပင်။

"စီနီယာ့ကို ဘယ်လို ခေါ်ဆိုရမလဲဆိုတာ သိခွင့်ပြုပါဦး"

ဝေဝူယင်မှာ 'စီနီယာ' ဟု ခေါ်ဆိုခြင်းအပေါ် သဘောမကျသလို ရှိနေသဖြင့် ဗာဂျန်က ရိုသေစွာဖြင့် အခြားခေါ်ဝေါ်နည်းကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။

"အာရုဏ်ဦး"

ဝေဝူယင်က ဆိုလိုက်၏။ အဂ္ဂိရတ် ဘွဲ့နာမည်ကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ အသန့်စင်ဆုံး မြူနှင်းများ၏ အနံ့အသက်မှာ ပိုမိုပြင်းထန်လာခဲ့သည်။

"လောကရှန့်ထို အာရုဏ်ဦး..."

ဗာဂျန်က လက်သီးကို ဆုပ်လျက် ဝေဝူယင်၏ ရင်ဘတ်ဆီသို့ ညွှန်ပြကာ ထူးခြားသော ဂါရဝပြုဟန်ဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်လေသည်။

ဗာဂျန်၏ အတွေးများမှာ ပြတ်သားလှသလို ပြင်းပြမှုလည်း ရှိနေသည်။ ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံမှ လူသား မျိုးနွယ် လောကရှန့်ထို ဧကရာဇ်မှာ ဝေဝူယင်၏ မျက်နှာသာပေးမှုကို ရရှိရန် စိတ်အားထက်သန်စွာပင် အာရုံစိုက်နေခဲ့သည်။ ဤအချက်က ကိစ္စရပ်များကို ပိုမိုလွယ်ကူစေသဖြင့် ဝေဝူယင်မှာ ဒေသဆိုင်ရာ ထုံးတမ်းစဉ်လာ ဂါရဝပြုမှုများကို ငြင်းပယ်ခြင်းမပြုဘဲ လက်ခံလိုက်သည်။

"လောကရှန့်ထို အာရုဏ်ဦး... ခဏလောက် စောင့်ပေးမယ်ဆိုရင် ကျွန်တော့်ရဲ့ ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံဆီကို အနှောင့်အယှက်မရှိတဲ့ လမ်းကြောင်းတစ်ခု ဖော်ဆောင်ပေးပါ့မယ်... ခရီးပန်းလာတဲ့ စီနီယာတို့အတွက် နားခိုရာနေရာကိုလည်း စီစဉ်ပေးပါ့မယ်..."

ဗာဂျန်မှာ တည်ငြိမ်အောင် ကြိုးစားနေသော်လည်း သူ၏ လေသံထဲတွင် စိုးရိမ်စိတ်များ လျှံထွက်နေ၏။ ဝေဝူယင်မှာ စိတ်မရှည်သူ သို့မဟုတ် အကျိုးအကြောင်းမသင့်သူမျိုး ဖြစ်နေမည်ကို သူ အလွန်အမင်း ကြောက်လန့်နေပုံရသည်။

"ကိစ္စမရှိပါဘူး... ခင်ဗျား လုပ်စရာရှိတာတွေကို အေးအေးဆေးဆေး လုပ်ပါ... ကျုပ်လည်း ကျုပ် သင်္ဘောပေါ်မှာ လုပ်စရာရှိတာလေးတွေ ရှိသေးတယ်... ခင်ဗျား အသင့်ဖြစ်ပြီဆိုရင် ကျုပ်ကို အကြောင်းကြားလိုက်ပါ တောင်ပိုင်းဟဲလစ်က ဗာဂျန်"

ဝေဝူယင်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။ ထို့နောက် သူ၏ ဟင်းလင်းပြင်ပုံရိပ်မှာ လေတိုက်၍ ငြိမ်းသွားသည့် ဖယောင်းတိုင်မီးပမာ ကွယ်ပျောက်သွား၏။ ထိုမြင်ကွင်းကြောင့် ဗာဂျန်မှာ အံ့ဩလွန်း၍ မျက်လုံးအဝိုင်းသား ဖြစ်သွားရပြန်သည်။

‘သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာတွေကို ပိုင်ဆိုင်ထားတဲ့ လောကရှန့်ထို တစ်ယောက်ပဲ... ဒါက အဂ္ဂိရတ်တာအိုရဲ့ ဒဏ္ဍာရီလာ အဆင့်အတန်းပဲ... ဗာဂျန်... မင်း ဒါကို လုံးဝ လွဲချော်ခံလို့ မရဘူးနော်’

ဗာဂျန်က မိမိကိုယ်ကို ထပ်မံသတိပေးပြီးနောက် ရွှေရောင် ခေါင်းလောင်းလေးတစ်ခုကို အမြန်ထုတ်ကာ တိုးညှင်းစွာ စကားပြောလိုက်သည်။ ထိုခေါင်းလောင်းလေးမှာ ဝိညာဉ်အင်အား အရှိန်အဝါနှင့်အတူ ရွှေရောင်အလင်းတန်းများ မှိန်ပျပျ တုန်ခါထွက်ပေါ်လာ၏။

အမှန်စင်စစ် ဝေဝူယင်သည် အီစီလီယံ အသေးစား သင်္ဘောပေါ်မှ ကိုယ်တိုင် ထွက်ခွာသွားခြင်း မရှိချေ။ ယွီစွန်းလီမှာ မူးဝေနေဆဲ ဖြစ်သဖြင့် သူ့ကို အားကိုးတကြီး မှီတွယ်ထားပြီး၊ မိန်းကလေး၏ ရင်သားများက သူ့ ခန္ဓာကိုယ်ကို ထိကပ်ထားရာ မည်သည့် သွေးသားဆူဖြိုးသည့် အမျိုးသားကိုမဆို စိတ်လှုပ်ရှားသွားစေနိုင်သော အနေအထားတွင် ရှိနေသည်။

မိန်းကလေးမှာ အာကာသမူးဝေခြင်းဒဏ်ကို ခံစားနေရသည်မှာ မှန်သော်လည်း၊ သူမ၏ ခန္ဓာကိုယ် အထားအသိုမှာမူ ရည်ရွယ်ချက်ရှိရှိ ပြုမူထားခြင်း ဖြစ်ကြောင်း သိသာလှ၏။

"မင်း ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ ဒုတိယအဆင့်ကို ကျော်ပြီး ဒီနေရာမှာတင် ပေါင်းစည်းခြင်း အဆင့်ကို ချက်ချင်း လုပ်မိတော့မယ်နော်"

ဝေဝူယင်က စိတ်ချင်းဆက်သွယ်၍ သတိပေးလိုက်၏။ မိန်းကလေးမှာ ဝေဝူယင်ကို အနည်းငယ် ပို၍ တိုးကာ ဖိကပ်လိုက်ပြီးနောက် ရှက်သွေးဖြာကာ မျက်နှာလေး နီမြန်းသွားပြီး လူငယ်၏ အကူအညီဖြင့်ပင် မတ်မတ်ရပ်လိုက်တော့သည်။

သင်္ဘောပေါ်ရှိ ကျန်လူများမှာလည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် အချိန်အနည်းငယ် ယူလိုက်ရ၏။ စုမေ့မှာ အာကာသမူးဝေခြင်းဒဏ်ကို ပထမဆုံး ကျော်လွှားနိုင်သူ ဖြစ်ပြီး ဟန်ချက်ညီမှုကို ပြန်လည်ရရှိသွား၏။ သူမက ချောင်းအနည်းငယ် ဟန့်လိုက်ပြီးနောက် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ ဗဟိုချက်ကို စိုက်ကြည့်နေခဲ့သည်။

မိန်းကလေး၏ နက်မှောင်သည့် မျက်ဝန်းများတွင် အံ့ဩမှုများ တောက်ပနေပြီး မျက်နှာထက်တွင် စွန့်စားလိုစိတ်၊ ရှာဖွေလိုစိတ်နှင့် အံ့ဩကြည်နူးမှုတို့ ရောယှက်နေသည့် အပြုံးလေးတစ်ခု ထင်ဟပ်နေ၏။

ဤခရီးစဉ်တွင် သူမ၏ တာဝန်မှာ ရှုခင်းကြည့်ရှုဖို့ သက်သက် မဟုတ်သော်လည်း စုမေ့မှာ အပြောကျယ်လှသည့် လောကကြီးအကြောင်း အတွေ့အကြုံ နည်းပါးသေးသည့် သေမျိုးတစ်ဦးသာ ဖြစ်သည်။ လွန်ခဲ့သည့် လအနည်းခန့် အထိ အခြားဂလက်ဆီတစ်ခုသို့ ခရီးသွားရန် ဆိုသည်မှာ သူမအဖို့ စိတ်ကူးပင် မယဉ်ဝံ့သော ကိစ္စဖြစ်သည်။

သို့သော်လည်း ယခုမူ... သူမသည် လုံးဝခြားနားသည့် ဂလက်ဆီတစ်ခုသို့ ရောက်ရှိနေပြီး ၎င်း၏ ထူးခြား ခမ်းနားမှုများကို ကိုယ်တိုင်မြင်တွေ့နေရပြီ ဖြစ်သည်။

ဤမျှ ပြင်းထန်သည့် ခံစားချက်များကို သူမ မည်သို့လျှင် မခံစားဘဲ နေနိုင်ပါမည်နည်း။ တစ်နာရီခန့် ကြာပြီးနောက် အားလုံးမှာ အနည်းဆုံး လှုပ်ရှားနိုင်သည့် အခြေအနေသို့ ရောက်ရှိလာကြသည်။ သင်္ဘောအောက်ထပ်တွင် ရှိနေသည့် လော့နင်ပင်လျှင် နိုးလာပြီး ကုန်းပတ်ပေါ်သို့ တက်လာခဲ့၏။ ခွေးသေ တစ်ကောင်လို ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ် လဲနေခဲ့သည့် သူမအား တစ်စုံတစ်ယောက် မြင်သွားမလားဟု တွေးကာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံရသည်။

ဝေ့စီမှာမူ တစ်လမ်းလုံး အိပ်ပျော်လာခဲ့ပြီး ဝေဝူယင် နှိုးလိုက်မှသာ နိုးလာခြင်း ဖြစ်သည်။ ဝေ့စီတွင် အာကာသမူးဝေခြင်းကို အန်တုနိုင်သော ထူးခြားသည့် ခံနိုင်ရည်ရှိသည်ဟု ထင်မှတ်ကာ ဝေ့ဝူယင် အထင်ကြီးသွားမိသေး၏။

သို့သော်လည်း... ထိုအထင်ကြီးမှုမှာ ခဏတာသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုးလာပြီးနောက် ဝေ့စီမှာ သင်္ဘောပေါ်တွင် မိနစ် အတော်ကြာအောင် ဝေါခနဲ အန်ချလိုက်သောကြောင့် ဖြစ်သည်။ သူ၏ အန်သံမှာ အစာအိမ်တစ်ခုလုံး ထွက်ကျလာမတတ် သနားစဖွယ် ကောင်းလှ၏။

ဝေ့စီမှာ တစ်လမ်းလုံး အိပ်ပျော်လာခြင်း မဟုတ်ဘဲ အာကာသ ကူးပြောင်းမှု ဒဏ်ကြောင့် ချက်ချင်းပင် သတိမေ့သွားခြင်း ဖြစ်ပေသည်။ သူ၏ ခံနိုင်ရည်မှာ အလိမ်အညာမျှသာ ဖြစ်သဖြင့် ဝေဝူယင်သည်ပင် အနည်းငယ် စိတ်သက်သာရာ ရသွားမိသေးသည်။

ဝေဝူယင်က ချင်ချူးမူအား ဝေ့စီကို ကူညီရန် အကြည့်ဖြင့် အချက်ပြလိုက်ရာ၊ မိန်းကလေးက ဝေ့စီ၏ ကျောကို အသာအယာ ပွတ်သပ်ပေးရင်း အားပေးစကား ဆိုပေးရှာ၏။ ထိုလူသန်ကြီးမှာ အားလုံးထဲတွင် အခြေအနေ အဆိုးဆုံး ဖြစ်နေတော့သည်။

"ကျွန်မတို့ အဖြူရောင် အဘိဿဲလ် ဂလက်ဆီကို ရောက်လာတာလား"

မင်ရှုဖုန်းက သူမ၏ နှုတ်ခမ်းဘေးမှ စီးကျနေသည့် တံတွေးများကို သုတ်ရင်း မေးလိုက်သည်။ အာကာသမူးဝေခြင်း ဒဏ်ကြောင့် သူမ၏ ပါးစပ်မှာ ထုံနေပြီး သွားရည်ယိုခြင်းကို မထိန်းချုပ်နိုင်အောင် ဖြစ်နေခဲ့သည်။ အာကာသမူးဝေခြင်း၏ လက္ခဏာများမှာ ခန့်မှန်းရခက်ပြီး လူတစ်ဦးနှင့်တစ်ဦး မတူညီဘဲ အမျိုးမျိုး ကွဲပြားတတ်သည်။

"အင်း..."

ဝေဝူယင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။ ထိုအဖြေက မိန်းကလေး၏ နှလုံးသားကို ပြင်းထန်စွာ ခုန်သွားစေခဲ့၏။

ယောင်ဟုန်ရီနှင့် စုမေ့တို့မှာ ဤဂလက်ဆီနှင့် ဝေးရာသို့သာ ဦးတည်မောင်းနှင်နေခဲ့ကြသည်ကို သူမ ကောင်းစွာ သိရှိနေခဲ့သည်။ ကံကောင်းမှုများနောက်ကို လိုက်ရင်း သူမတို့ ဦးတည်ရာ ပြောင်းခဲ့ခြင်း ဖြစ်သည်။

ယခု ဘယ်လိုလုပ်ပြီး ဒီလောက် အမြန်ကြီး ရောက်လာရသနည်း။

ဝေ့ဝူယင် ဟင်းလင်းပြင် တံခါးပေါက် ဖွင့်လိုက်ကြောင်း သူမ သိသော်လည်း မိုင်ပေါင်း ကုဋေကုဋာ ချီကို တမုဟုတ်ချင်း ဖြတ်ကျော်နိုင်လိမ့်မည်ဟုတော့ လုံးဝ မျှော်လင့် မထားခဲ့ပါချေ။

ဝေ့ဝူယင်က မင်ရှုဖုန်း၏ အံ့အားသင့်မှုများကို လျစ်လျူရင်း လော့နင်ကို အနားသို့ ခေါ်လိုက်သည်။

"နောက်ကို ငါ့ရဲ့ လက်ထောက် အနေနဲ့ တာဝန်ယူပါ... မင်းရဲ့ အဂ္ဂိရတ်ကြယ်တာရာတွေကို အမြဲတမ်း ဖွင့်ထားပါ..."

လော့နင်က စိတ်အားထက်သန်သည့် အကြည့်များဖြင့် ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်၏။ သူမ၏ မျက်ဝန်းများက ချက်ချင်းပင် အသွင် ပြောင်းလဲသွား၏။ သာလွန် ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာ များသည် အဂ္ဂိရတ်စွမ်းအင်၊ သေမျိုးစွမ်းအင်၊ လျှို့ဝှက် ‌စွမ်းအင်များနှင့် အတူ ရောယှက်ကာ ထွက်ပေါ်လာခဲ့တော့သည်။ သူမသည် အဂ္ဂိရတ် ကြယ်တာရာများ၏ ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။

***

All Chapters